၂၀၂၂ခုနှစ်၊ မေလ
"သမီးရေ။ မေမေသွားပြီနော်"
"တစ်ခုခုရင် ဖုန်းဆက်လိုက်အုံး"
"ဟုတ်ကဲ့ပါမေမေ။ မေမေ ကလည်း ဒါက ပထမဆုံးအခေါက်မှ မဟုတ်တာကို။"
"အခေါက်တိုင်း ဒါတွေပဲ မှာမှာနေတော့ သမီး အကုန်အလွတ်ရနေပါပြီ"
"ဟုတ်ပါပြီရှင်။ ဒါဆို မေမေစိတ်ချမယ်နော်။ သွားပြီ"
နုငယ် ရတီလေးကို မှာစရာရှိတာ မှာပြီး ကားဆီ အပြေးလေး သွားနှင့်လေပြီ။
နုငယ် ကားကို ကိုယ်တိုင်မောင်းကာ နယ်မြို့ဆီသို့ ဦးတည်လာခဲ့သည်။
ကားပေါ်မှာ နုငယ် ဖွင့်ထားသော သံချင်းသံက ပျံ့လွင့်လွင့်။
"🎶🎶🎶Country roads, take me home
To the place I belong
West Virginia, mountain mama
Take me home, country roads🎶🎶🎶"
နုငယ် သီချင်းလေးတငြီးငြီးနှင့် မောင်းနေသည်။
ကားက မြို့ပြင်သို့ရောက်စပြုလာသည်။
စိတ်ကကားမောင်းနေပေမဲ့ အတွေးဆီသို့လည်း တချက်ပျံ့လွင့်သွားပြန်သည်။
စည်သူဆုံးပြီး (၉)နှစ်ကျော် (၁၀)နှစ်နီးပါးကာလမှာ အားလုံးဟာ သူ့ဟာနဲ့သူ နေသားတကျဖြစ်နေပြီ။
စည်သူဆုံးပါးသွားသေည်လည်း နုငယ်က အခြေအနေ မယိုင်နဲ့သွား။
လုပ်နေကျ ပိုးထည်တိုက်ကိုပဲ ဆက်လုပ်သည်။
စိတ်အနှောင့်အယှက်ကင်းကင်း လုပ်ရတော့ လုပ်ငန်းက ပိုပိုအောင်မြင်လာသည်။
နုငယ် အဖေကတော့ လွန်ခဲ့သော (၃)နှစ်ခန့်က ဆုံးပါးသွားခဲ့သည်။
နုငယ် ကျန်ခဲ့သော အမေကို ရန်ကုန်ကို ခေါ်ပြီး အတူတူနေရန် ပြောသော်လည်း အမေက လက်မခံ။
အမေ က သူ့နဲ့ဆွေမျိုးနီးစပ် အဒေါ်ကြီး(၂)ယောက်နဲ့ အတူတူနေပြီး နယ်မြို့က ပိုးထည်ဆိုင်ကို ဆက်လုပ်နေသည်။
နုငယ်က စည်သူနဲ့ အတူတူနေခဲ့သော အိမ်မှာပဲ ဆက်နေနေသည်။
လူသေသွားသဖြင့် ကြောက်တတ်သောစိတ်တွေ သူမမှာ သိပ်မရှိ။
ရန်ကုန်မှာက သူမနဲ့ သမီးလေး နှစ်ယောက် တည်းနေသော အမေက စိတ်မချတာနဲ့ သူ့ရွာက လူရင်းလင်မယား(၂)ယောက်ကို ရန်ကုန်အိမ်သို့ပို့ပေးထားသည်။
"ဦးလေးညို" နဲ့ "ဒေါ်ကြီးမေ" ပင်။
ဦလေးကြီးကို ခြံစောင့်အနေနဲ့ထားပြီး အဒေါ်ကြီးက အိမ်မှုကိစ္စတွေ လုပ်ပေးနေသည်။
နုငယ်တို့ ခြံနောက်မှာ နေရာပို့လေးရှိတော့ အိမ်အသေးလေးတစ်လုံးဆောင်ပြီး လင်မယားနှစ်ယောက်နေကြသည်။
အိမ်ကြီးပေါ်မှာက နုငယ်နဲ့ သမီး နှစ်ယောက်တည်းနေသည်။
ဦးလေး လင်မယားနှစ်ယောက်စလုံးက မနက်(၉)နာရီမှ ညနေ(၆)နာရီထိပဲ အိမ်ကြီးဆီလာသည်။
ပြီးရင် သူတို့အိမ်လေးရှိရာပြန်ကြသည်။
နုငယ်ကို ရံဖန်ရံခါ အမေက နောက်အိမ်ထောင်ပြုရန်ပြောပြောတတ်သည်။
ပြောလည်း ပြောချင်စရာပေ။
နုငယ်က အသက်ကြီးလာလေ ပိုလှလေပင်။
အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတယောက်မှာရှိသော ကျက်သရေအဖြာဖြာနှင့်ပြည့်စုံနေသည်။
စိတ်ဆင်းရဲခြင်းတွေလည်း မရှိ၊ ခေတ်ကာလနှင့်အညီ ဝတ်တတ်စားတတ်တော့ နုငယ်၏ အလှတွေက ပုရိသတို့သရေကျချင်စရာဖြစ်နေသေည်။
နုငယ်က အသက်ကြီးလာပေမဲ့ သိပ်မဝလာပေ။
အနည်းငယ် ပြည့်လာသည်ဆိုရုံလေးမျှပင်။
ရင်သားတွေ၊ တင်ပါးတွေကတော့ ငယ်ငယ်တုန်းကနှင့်စာပါက ပိုထွားလာသည်။
ပိုးထည်ပိုင်ရှင်ဆိုတော့ မြန်မာဝတ်စုံလေးတွေ ဝတ်ပါက အလှတရားတွေက မဖုံးနိုင် မဖိနိုင် ငွါးငွါးစွင့်စွင့်။
သွေးသားဆူဖြိုးတုန်းအရွယ်ဆိုတော့ တခါတလေ အထီးကျန်ပြီး လိင်ဆန္ဒတော့ ထကြွတတ်သည်။
သို့သော် သူမ ယောကျ်ားတယောက်ကို ယူပါက သမီးမျက်နှာကို ကြည့်ရအုံးမည်။
ထို့အပြင် စည်သူလို ယောကျ်ားနှင့် ထပ်ညားပါက သူမ ငါးပါးမှောက်မည်။
မုဆိုးမ၊ တခုလပ်ဆိူတော့ အကဲစမ်းချင်သည့် ယောကျ်ားသားတချို့တော့ရှိသည်။
သူမ နေထိုင်ပုံ မှန်သဖြင့် ရှိန်ပြီး ရှေ့ဆက်မတိုးလာကြ။
သူမ နောက်အိမ်ထောင်ပြုရန် အခုထိတော့ စိတ်ကူးထဲမရှိ။
ထိုင်နေလျှင် အကောင်းသား။
ထသွားမှ ကျိုးမှန်းသိနေလျှင် ခက်ရော့မည်။
နုငယ် ဟိုတွေး၊ ဒီတွေးရင် ကားက အမြန်လမ်းပေါ်ရောက်လာသည်။
နယ်က အမေဆီ ခဏပြန်ပြီး အထည်ကိစ္စပြောရန် (၂)ညအိပ် ခရီးတကိုယ်တော် ထွက်လာခြင်းဖြစ်သည်။
အမေတို့ရှိသော နယ်မြို့နဲ့သိပ်မဝေးတော့ ကားနဲ့ (၃)နာရီကျော်ကျော်သာ မောင်းရသည်။
"ဖွတ်.......ဖွတ်.......ဖွတ်"
"ဟင်"
ကားက မောင်းနေရင် အရှိန်လျော့လာက တဖြည်းဖြည်းထိုးရပ်သွားသည်။
နုငယ် ကားကို လမ်းနံဘေးဆီ ကျန်နေသော အရှိန်လေးနှင့် ထိန်းမောင်းလိုက်ကာ နားလိုက်သည်။
"ဖွတ်.......ဖွတ်.......ဖွတ်"
"ဟင်"
ကားက မောင်းနေရင် အရှိန်လျော့လာက တဖြည်းဖြည်းထိုးရပ်သွားသည်။
နုငယ် ကားကို လမ်းနံဘေးဆီ ကျန်နေသော အရှိန်လေးနှင့် ထိန်းမောင်းလိုက်ကာ နားလိုက်သည်။