အချစ်ရပ်ဝန်းဆီသို့( to the lo...

By ShinYooneain5

1.6K 48 1

မိုးထိမြင့်မား ❤️ ရွှေတယောညို More

ep-1 uni & zawgyi
ep-2 uni&zawgyi
ep-3 uni&zawgyi
ep-4 uni&zawgyi
ep-5 uni& zawgyi
ep-6 uni& zawgyi
ep 7 uni & zawgyi
ep 9 uni & zawgyi
ep 10 uni & zawgyi

ep 8 uni & zawgyi

80 4 0
By ShinYooneain5

*unicode*
💠အချစ်ရပ်ဝန်းဆီသို့.....💠

          💘p=8💘

'''''ဒါ....ဘယ်ကပြန်လာတာလဲ.... ´´´´

ဧကရီ  အိမ်ထဲသို့လှမ်းဝင်လိုက်စဉ်
  အနောက်ဘက်
မှမေးလိုက်သည့်မာကျောသော
လေသံကြောင့်
လှမ်းလက်စခြေလှမ်းတို့တုံ့ခနဲရပ်တန့်သွားရသည်။

သူမ အနောက်သို့လှည့်ကြည့်လိုက်
တော့ သူမကို
ခါးထောက်လျှက် စူးစူးကြီးစိုက်ကြည့်
နေသည့်
ဦးမိုးကျော်၏မျက်ဝန်းတွေဖြင့်ရင်ဆိုင်လိုက်ရသည်။

'''''ဧကရီ.....ကိစ္စရှိလို့အပြင်ခဏသွားတာရှင့်....´´´´

သူမအရဲစွန့်ကာ ခပ်တင်းတင်းပြန်ပြောလိုက်သည်
ကိုမကျေနပ်သည့်အလား ဦးမိုးကျော်၏မျက်နှာ
မဲ့ခနဲကွေးကျသွားရပြီး သူမအနားသို့လျှောက်လာ၍.....

'''''ဒီမှာမိန်းကလေး.....မင်းသွားချင်တိုင်းသွားနေဖို့အတွက်ငါ့အိမ်ကသာလယံဇရပ်မဟုတ်ဘူးနားလည်လား....မင်းကိုဒီမှာထားတယ်ဆိုတာ....မင်းရဲ့စကားတွေကြောင့်ငါ့သားရဲ့ဂုဏ်သိက္ခာကျမှာစိုးလို့လက်ခံထားတာ.....ဒါကြောင့် မင်းအိမ်လိုပေါက်လွှတ်ပဲစားနေတတ်တဲ့အကျင့်တွေကိုပြင်ထားလိုက်  .... ´´´´

''''အို.....´´´´

သူမအားရင့်သီးစွာ လက်ညိုးထိုးငေါက်ငေါက်ထိုး
ကာပြောဆိုဆက်ဆံလိုက်သည့် ဦးမိုး
ကျော်၏
စကားလုံးတွေကြောင့် သူမစိတ်ထဲရှက်ရွံ့ခံပြင်း
စိတ်လေးဖြစ်သွားရကာ အောက်နှုတ်ခမ်းလေး
ကိုကိုက်၍   အံကြိတ်ထားမိလေသည်။

''''ဟင်း.....ပြောထားဦးပေါ့....နောင်တစ်ချိန်ကြမှ....ဧကရီဘာလဲဆိုတာသိစေရမယ်....ရှင်တို့အခုလိုပြောတဲ့အကျိုးဆက်ကိုနင့်နင့်နဲနဲပြန်ခံစားစေရမယ်.....´´´´

သူမစိတ်ထဲ ဦးမိုးကျော်အားအမြင်မကြည်စွာ
ကျိန်းဝါးနေမိသည်။သူမရဲ့ အစီအစဉ်ကိုအမြန်
အကောင်အထည်ဖော်ရမည်။ဒါမှ ဒီအိမ်ကြီးမှာ
သူမသိပ်မကြာခင်ကြီးစိုးခွင့်ရတော့မှာမဟုတ်လား။

ဧကရီ အပေါ်ထပ်သို့ဆောင့်အောင့်ကာတက်သွား
သည်။ ဒေါ်ခက်ခက် ထိုအခြင်းအရာကိုကြည့်၍
ကြိတ်၍သက်ပြင်းချမိသည်။ဦးမိုးကျော်မနှစ်မြို့လဲ
မနှစ်မြို့ချင်စရာပေ။ဧကရီပုံစံက သူမတို့နှစ်သက်
တဲ့နေထိုင်မှူမျိုးမဟုတ်တာတော့အမှန်ပင်ဖြစ်သည်။

'''''အစ်ကို....လာပါ...စိတ်လျှော့လိုက်နော်...ကိုယ့်သားသမီးမှမဟုတ်ဘဲအစ်ကိုရယ်....ခက်တို့သားလေးပြန်ရောက်တဲ့အခါအားလုံးအဆင်ပြေသွားမှာပါ....´´´´

ဒေါ်ခက်ခက် ခင်ပွန်းဖြစ်သူကိုတရားချနေရင်း
သားပြန်အလာကိုမျှော်လင့်နေမိလေသည်။
ဘယ်သူတွေ ဘာပြောပြော သူမရဲ့သားလေး
တစ်နေရာရာမှာတော့အသက်ရှင်လျှက်ရှိသေးတယ်
ဆိုတာကို သူမအလိုလိုသ်ိနေသည်။

နှစ်ဦးသားသက်ပြင်းကိုယ်စီချကာ
အခန်းထဲ
ဝင်လိုက်ပြီး မိုးထိဓာတ်ပုံအားငေး၍
ဒေါ်ခက်ခက်
ရစ်ဝဲလာသည့်မျက်ရည်တွေကိုတိတ်တဆိတ်
သုတ်နေမိလေတော့သည်။

            🍷🍷🍷🍷🍷🍷

''''မိန်းမရေ.....မိန်းမ....အစ်ကိုပြန်လာပြီလေ....´´´´´

'''''ဟယ်.....အစ်ကုိ့ဒီနေ့အစောကြီးပြန်လာတယ်ဟုတ်လား....လက်ထဲမှာလဲအထုတ်တွေကများလှချည်လား...ဘာတွေများလဲဟင်....´´´´

သူမရဲ့အမေးကိုမဖြေသေးဘဲ နှုတ်ခမ်းလေးတွေ
တွန့်ကွေးသွားလောက်အောင်ပြုံးပြီး
သူမရဲ့ခါးသွယ်
သွယ်လေးကို မိုးထိဆွဲပွေ့ကာဖက်လိုက်လေသည်။

'''''အို.....အစ်ကိုလုပ်ပြန်ပြီ....ဒေါ်လေးမြင်သွားဦးမယ်တော်ကြာ...´´´´

''''အဟွန်း....ဘာလို့လဲအစ်ကို့နတ်သမီးလေးရဲ့မြင်ပါစေပေါ့....ဒါမှခင်ဗျားလေးကိုအစ်ကိုဘယ်လောက်တောင်ချစ်လဲ....တစ်ခြားသူတွေသြချရလောက်တဲ့အထိကိုယ်သက်သေပြနိူင်မှာလေ.....´´´´´

''''လာ....အခန်းထဲသွားမယ်....အစ်ကိုပေးစရာရှိတယ်.....´´´´

သူမလက်ကလေးကိုဆွဲလျှက် သူခေါ်လာခဲ့သည်။
အခန်းထဲရောက်သည်နှင့် လက်ထဲတွင်အသင့်ပါ
လာသည့် လက်ဆွဲအိတ်တို့ကိုချကာသူမခါး
လေးအားခပ်တင်းတင်းပွေ့ဖက်လျှက်သူမ၏
ပါးပြင်နုနုလေးကိုဘယ်ပြန်ညာပြန်နမ်းရိူက်ပစ်လိုက်သည်။

''''ဟင်....´´´´

သူမ လန့်ဖြန့်ကာသူ့ရင်ဘတ်လေးကို
လက်နှစ်ဖက်
ဖြင့်တွန်းထားပေမယ့် မိုးထိရဲ့ပြင်းပြတဲ့အနမ်း
နယ်နမိတ်ကိုမတွန်းလှန်န်ိုင်ပေ။သူ သူမ၏
ပါးပြင်လေးထက်အနမ်းတွေခြွေနေရာမှတစ်ဆင့်
တက်ကာ သူမနှုတ်ခမ်းအစုံကိုစုပ်ယူနမ်းရိူက်နေလေ၏။

''''အစ်ကို့.....နေပါဦးဆို.....အဟင့်...ဘယ်လိုဖြစ်နေတာလဲအိမ်ဂျယ်ကိုပေးစရာရှိတယ်ဆ်ိုပြီးတော့အတင်းနမ်းနေတာပဲ.....ဟွန့်.....´´´´´

'''''အဟွန်း....မိန်းမကလည်းကွာ....ကိုယ်ကချစ်လို့ပါ.....´´´´

'''''အစ်ကိုနော်ဒီလောက်တောင်ကဲနေရင်တော့....တစ်နေ့နေ့ကြရင်အိမ်ဂျယ်ကိုပစ်သွားမှာလားဟင်....´´´´

'''''မဟုတ်တာကွာ.....ကိုယ်ဘယ်တော့မှအိမ်ဂျယ်ကိုပစ်ထားခဲ့မှာမဟုတ်ဘူး....နောက်ကိုအဲ့ဒီလိုစကားမျိုးလုံးဝမပြောနဲ့နော်....´´´´´

'''''လာ....ကိုယ်ပေးစရာရှိတယ်....ဒီမှာကြည့်....´´´´

သူမ မိုးထိလက်ထဲက ဘူးလှလှလေးကိုကြည့်လိုက်
သည်။မိုးထိသူမရဲ့လှပတဲ့ဆံနွယ်ရှည်လေးတွေ
ဖွဖွလေးကိုင်လိုက်ပြီး သူ့လက်ထဲကဘူးလေးကို
ဖွင့်လိုက်လေသည်။ဘူးထဲမှအရောင်တွေတလက်လက်
လှပနေသည့်ကျောက်ကလစ်လေးအားထုတ်ယူ
လိုက်ပြီးသူမခေါင်းထက်မှပန်ဆင်ပေးလိုက်သည်။

'''''အဟွန်း....အရမ်းလှတယ်....ကိုယ့်ရဲ့မိန်းမလေးက....´´´´

သူမအံ့သြစွာငေးကြည့်ရင်း နှုတ်ခမ်းတို့ကဆွံအ
နေမိသည်။သူမအတွက် အခုလောက်လှပတဲ့
ကလစ်မျိူးလေး အရင်ကပန်ခဲ့ဖူးလားမသိပေမယ့်
ကိုယ်ချစ်ရတဲ့သူက အမြတ်တနိုးရည်ရွယ်ပြီးဝယ်ပေး
ခဲ့တဲ့ဒီပစ္စည်းလေးကသူမရဲ့အမြတ်နိုးဆုံးအရာ
ဖြစ်လာမှာမလွဲမသွေပင်ဖြစ်သည်။

'''''အရမ်းလှတာပဲအစ်ကို.....ဒီလောက်လှရင်စျေးလည်းကြီးမှာဘဲ ဘာလို့ဝယ်ခဲ့ရတာလဲအစ်ကိုရယ်.....´´´´´

'''''အဟွန်း....ကြီးပါစေပေါ့....ဘယ်ပစ္စည်းကဘယ်လောက်တန်ဖိုးကြီးကြီး.....ခင်ဗျားလေးကသာ ကိုယ့်အတွက်တော့တန်ဖိုးဖြတ်မရတဲ့ဆုလာဘ်ပဲ.....´´´´

'''''အိမ်ဂျယ်......ကိုယ်မင်းကိုသိပ်ချစ်တယ်နော်....မင်းကိုချစ်တဲ့အချစ်မျိုးနဲ့နက်နက်ရိူင်းရိူင်းဘယ်သူ့ကိုမှကိုယ်မချစ်ဖူးသေးဘူး.....´´´´

သူမ မေးဖျားလေးကိုဆွဲကိုင်၍လှူပ်ခတ်ရင်း
သူ လေးလေးနက်နက်ပြောလိုက်သည့်စကားတွေ
ကသူမနှလုံးသားထဲထိ စီးဝင်ပျံ့နှံ့သွားသလို
ခံစားလိုက်ရသည်။ဒီစကားတွေက သူ့ရင်ရဲ့
အနက်ရိူင်းဆုံးအရာကဖြစ်တည်လာမှန်းသူမယုံကြည်၏။

'''''ကိုယ်....မင်းကိုဘယ်တော့မှထားမသွားဘူး....အကယ်၍ကိုယ်မင်းကိုမမှတ်မိခဲ့တာမျိုးရှိတဲ့အခါ....ကိုယ်တ်ို့ရဲ့အမှတ်တရတွေကို...ကိုယ်သတိ့ရလာအောင်ပြောပေးပေါ့......ကိုယ့်ကို အိမ်ဂျယ်မမှတ်မိတော့တဲ့တစ်နေ့ကြရင်ကိုယ်လဲ....အဲ့ဒီလိုပဲလုပ်မယ်နော်....´´´´

''''လူတွေကရင်းနှီးဖို့ခဲယဉ်းတယ်ဆိုရင်တောင်....နှလုံးသားခြင်းနီးစပ်ကျရင် ....ကိုယ်တို့မဝေးလောက်ပါဘူး....´´´´´

သူမ ပါးပြင်လေးကိုပါးခြင်းယှဉ်ကာကပ်ရင်းသူဆို
လိုက်တော့ သူမပါးပြင်မှမျက်ရည်စီးကြောင်းပါးပါး
လေးက သူ့ရဲ့ပါးပြင်သို့ရောထွေးစိုစွတ်သွား၏။
သူအံ့သြစွာ သူမမျက်နှာကိုပြန်ငဲ့ကြည့်လိုက်တော့

သူမက သူ့လည်ပင်းကိုခပ်တင်းတင်းပွေ့ဖက်ရင်း
သူမ နှုတ်ခမ်းလေးတွေက သူ့နှုတ်ခမ်းဆီသို့ထိတွေ့
နမ်းရိူက်လိုက်သည်။ သူမရဲ့တုံ့ပြန်မှူကသူ့ရင်ကို
လှိူင်းထန်စေသည်။သူမနှုတ်ခမ်းလွှာလေးအားလွတ်ထွက်
သွားမှာစိုးသည့်အလား သူစုပ်ယူနမ်းရိူက်နေမိသည်။

ထိုမှတစ်ဆင့် တက်ကာ သူမခါးလေးကိုပွေ့ဖက်ကာ
သူမမျက်နှာနုနုလေးသို့မလွတ်တမ်းအနမ်းမိုးတွေက
အဆတ်မပြတ်ဆိုသလိုကျရောက်လာ၏။

'''''အို့....အစ်ကိုလွှတ်ပါဦး.....´´´´

''''ဟင့်အင်း......ချစ်တယ်.....မလွှတ်ချင်ဘူးအိမ်ဂျယ်....ကိုယ့်အချစ်တွေကိုမငြင်းဆန်ပါနဲ့လား.....´´´´

''''အေမ့....´´´´

သူမ ခန္ဓာကိုယ်လေး လေပေါ်သို့မြောက်တက်သွား
ရပြီး အိပ်ယာထက်သို့ညင်သာစွာပြန်၍ချပေးလိုက်
ပြီး သူမကိုယ်လေးအားပွတ်သပ်ကာခန္ဓာကိုယ်
အနှံ့နမ်းရိူက်နေမိလေတော့သည်။

သူမ ညင်သာနူးညံ့၍သိမ်မွေ့လွန်းသည့်ယစ်မူး
မှူတွေကြားတိုးဝှေ့လာသည့်အနမ်းရိုင်းတွေကို
ပျော်ဝင်နေမိသည်။ခန္ဓာကိုယ်နှစ်ခုက လွတ်ထွက်သွား
မှာစိုးသည့်အလားတင်းကျပ်နေအောင်ဖက်တွယ်ထားမိသည်။

သူမရဲ့လက်သည်းချွန်လေးတွေက
သူ့ကျောပြင်ထက်စူးခနဲ ထိုနာကျင်ခြင်းကိုမမှူနိူင်
လောက်အောင် အချစ်ကကြည်နူးခြင်းတွေကို
မွေးဖွားပေးသည့်အလားသူဆီမှာ နက်ရိူင်းသော
ချစ်ခြင်းတွေသာကြီးစိုးလို့နေရဲ့။

        💠💠💠💠💠💠

'''''တူ....တူ....တူ.....´´´´

ဦးရွှေသိုး တစ်ယောက် သတင်းမကြားဘာမကြား
ဖြင့် ပျောက်ခြင်းမလှပျောက်သွားရရှာသည့်
သမီးလေးကို သတိ့ရလွမ်းဆွတ်စွာဖြင့်တွေဝေ
ငေးမောနေသည်မို့ သူ့နံဘေးတွင်ချထားသည့်
ဖုန်းမြည်သံကိုမကြားပေ။

'''''ကိုရွှေသိုး.....ဖုန်းလာနေတယ်လေ....မကြားဘူးလားတော်...´´´´

ဦးရွှေသိုး မျက်ဝန်းအိမ်မှမျက်ရည်စတ်ုိ့ကိုဇနီးဖြစ်သူ
မမြင်အောင်တိတ်တဆိတ်သုတ်လိုက်ရလေသည်။
တော်ကြာသူ့ဝမ်းနည်းမှူတွေက သမီးကိုသိပ်ချစ်လွန်း
ရှာသည့် ဇနီးဆီသို့မကူးစက်သွားစေချင်ပေ။
သူမရဲ့မျက်ရည်တွေကိုထပ်မမြင်ချင်တော့ပါချေ။

''''အေး.....ငါမကြားလိုက်ဘူးကွာ....´´´´´

ဒေါ်မေလင်းညို  အနားတွင်အဆက်မပြတ်မြည်နေ
သည့်ဖုန်းကိုကောက်ယူကာနားထောင်လိုက်လေသည်။
တစ်ဖက်မှအသံကိုကြားလိုက်ရတော့မှဦးရွှေသိုး
လက်ထဲသို့ဖုန်းကိုထည့်ပေးလုိက်၏။

''''ဟယ်လို....´´´´

'''''ရွှေသိုး....ငါပါကွ....မိုးကျော်....မင်းနဲ့နှစ်ယောက်ထဲတိုင်ပင်စရာရှိတယ်ကွာ....မင်းရန်ကုန်ကိုတက်လာခဲ့ပါလား.....´´´´

''''အေး....ကောင်းပြီလေ.....ငါတက်ခဲ့မယ်နော်....´´´´

'''''အေးကုမ္မဏီကိုပဲလာခဲ့ကွာ....အိမ်ကိုမလာနဲ့....ငါဘယ်သူ့ကုိမှမသိစေချင်ဘူး...တို့နှစ်ယောက်ပဲသိထားစေချင်တယ်.....´´´´

ဦးရွှေသိုး  ဦးမိုးကျော်၏စကားအဆုံးဖုန်းကိုချထား
ပြီးခေတ္တငိုင်နေမိသည်။ သူငယ်ချင်းဖြစ်သူအသံ
ကိုကြားလိုက်ရတော့ ဘဝတူခြင်းမို့သမီးလေးကို
ပိုသတိရမိသည်။သမီးလေးနဲ့အတူ မိုးထိမြင့်မား
ပါပျောက်သွားခဲ့ရခြင်းအကြောင်းကဘာများဖြစ်မလဲ။

''''ဒေါက်...ဒေါက်....ဒေါက်...´´´

''''အေး....ဝင်ခဲ့.....´´´´

ကျယ်လောင်သောတံခါးခေါက်သံကြောင့်ဦးမိုးကျော်
ဖုန်းကိုချအပြီး အခန်းထဲသို့ဝင်ခဲ့ရန်ပြောလိုကိသည်။
ထိုစဉ်တံခါးအားတွန်းဖွင့်ကာဝင်လာသူက သူ့ရဲ့
စိတ်အချရဆုံးလူယုံတော် သက်ဦးဖြစ်နေလေ၏။

'''''ဘာထူးခြားလဲ....သက်ဦး....´´´´

''''ထူးခြားပါတယ်ဆရာ....ဆရာစုံစမ်းခိုင်းထားတဲ့သတင်းသဲ့သဲ့လေးတော့ရပါပြီ.....´´´´

'''''ဟင်....ဟုတ်လား....ဘာတဲ့လဲပြောစမ်းကွာမြန်မြန်ငါအခုသိချင်လာပြီ....´´´´

''''ဆရာစုံစမ်းခိုင်းထားတဲ့ ပုံပန်းသဏ္ဍာန်နဲ့လူတစ်ယောက်ကို...ကျွန်တော့်တပည့်တွေကတွေ့ခဲ့တယ်လို့ပြောပါတယ်.....´´´´

''''ဟုတ်ကဲ့..... ရပ်ကွက်လေးတစ်ခုမှာပဲ....သေချာသိရဖို့ထပ်စုံစမ်းခိုင်းထားပါတယ်ဆရာ....နောက်ပြီး.....ကြားသိရသလောက်တော့သူ့မှာအိမ်ထောင်ရှိတယ်လို့သိရတယ်....ဆရာ့သားမဟုတ်လောက်ဘူးထင်တယ်....´´´´´

'''''ဘယ်လိုဖြစ်ဖြစ်....သူ့အကြောင်းကိုအတ်ိအကျထပ်စုံစမ်းပေး....´´´´

''''ဟုတ်ကဲ့....နောက်တစ်ခုသိရသေးတယ်ဆရာ....အဲ့ဒါက.....´´´´

သက်ဦး ပြောလက်စ စကားကိုတစ်ပိုင်းတစ်စဖြင့်
ရပ်တန့်သွားရပြီး ဦးမိုးကျော်၏မျက်နှာကို
မရဲတရဲကြည့်လိုက်လေသည်။ထိုအခြင်းအရာ
ကိုမြင်လိုက်သော ဦးမိုးကျော်ကအကင်းပါးသူပီပီ
ခေါင်းကိုဆတ်ခနဲညိတ်ပြလျှက်....

'''''ပြောပါ.....ပြောချင်တာကိုရဲရဲပြော....´´´´

''''အဲ့ဒါ......´´´´´

''''{.......}´´´´

'''''ဟင်.....ဘာပြောတယ်....´´´´

အခန်းထဲတွင် နှစ်ယောက်ထဲပဲရှိပေမယ့်လည်း
မလုံလဲစွာဦးမိုးကျော်၏အနားသို့တိုးကပ်ကာ
ခပ်တိုးတိုးပြောစကားကြောင့် အံ့သြကာမျက်လုံး
ကြီးပြူးသွားရလေတော့သည်။

             ☯☯☯☯☯☯

'''''ဟိတ်.....ဘာလုပ်နေတာလဲ....´´´´

''''အေမ့....´´´´

အနောက်ဘက်မှ သူမခါးသွယ်သွယ်လေးကိုပွေ့ဖက်
လျှက် ပခုံးသားလေးကိုနမ်းရိူက်နေပြန်သည်။
သူမ ဟင်းချက်ရန်အသီးအနှံတွေလှီးနေရာမှ
မိုးထိကိုလှည့်ကြည့်ကာပြုံးလိုက်ပြီး..

'''''အဟင်း....ဖယ်ပါဦးအစ်ကိုရယ်......အစ်ကိုဘာကြိုက်တတ်လဲဟင်...အိမ်ဂျယ်ချက်ပေးမယ်လေ....ဘာစားချင်သေးလဲ.....´´´´

သူမ အမေးကြောင့် သူ့မျက်နှာရယ်ဖြဲဖြဲလေးဖြစ်
သွားရပြီး သူမပခုံးလေးကိုဆွဲကိုင်ကာသူ့ဘက်သို့
မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်လေသည်။သူမမျက်လုံး
တွေအား စိုက်ကြည့်လိုက်ပြီး....

''''အစ်ကိုစားချင်တာက.....အစ်ကို့ရှေ့ကကောင်မလေးကိုလေ....ဘယ်လိုလဲ....စားလို့ရမလား...´´´´

'''''ဟာ....ဒီလူညစ်တော့....အဟင်းဟင်း....ဘာမှန်းလဲမသိဘူး....´´´´

သူမ ရှက်ရွံ့စွာမျက်နှာလေးတစ်ခုလုံးပန်းသွေးရောင်
ထသွားရပြီး ခေါင်းလေးငုံ့ကာပြုံးနေမိလေသည်။
သူမရဲ့ ရှက်သွားတဲ့ မျက်နှာလေးကို သူငုံ့ကြည့်
ရင်း သူမနားနားသို့တ်ိုးတ်ိုးလေးကပ်ကာပြော
လိုက်တဲ့စကားကြောင့် သူမမျက်နှာလေးပို၍
ရဲတွတ်သွားရလေတော့သည်။

'''''အခုလိုရှက်နေတာလေးကသိပ်ချစ်ဖို့ကောင်းတာပဲ....ကိုယ့်ကိုလေသိပ်ချစ်ဖို့ကောင်းတဲ့သမီးလေးတစ်ယောက်လောက်မွေးပေးမလားဟင်....´´´´´

''''အဟင့်..... အစ်ကိုနော်.... ´´´

သူမရှက်လွန်းစွာမျက်နှာလေးမထားတတ်အောင်
ဖြစ်နေတော့သည်။ သုိ့ပေမယ့်လည်း သူမကိုယ်တ်ိုင်
ချစ်ရတဲ့အစ်ကိုနဲ့ ချွတ်စွပ်တူတဲ့ သမီးလေးတစ်ယောက်
လောက်လိုချင်မိတာတော့အမှန်ပင်။

'''''တကယ်လို့....အိမ်ဂျယ်ကအဲ့လိုကလေးမျိုးလေးမွေးပေးခဲ့ရင်အစ်ကိုကချစ်မှာလားဟင်....´´´´

'''''အဟွန်း...ဘယ်လိုမေးလိုက်တာလဲ....သိပ်ကိုချစ်မှာပေါ့....ကိုယ့်ရဲ့ချစ်မိန်းမလေးရယ်....ကဲဒါဆ်ိုသမီးလေးအမြန်ရလာဖို့အခုပဲကြိုးစားလိုက်ကြတော့မလား.....´´´´´

'''''အို့.....အစ်ကို.....´´´´

သူမကိုယ်လေးအားဆွေ့ခနဲပွေ့ချီလိုက်တာကြောင့်
သူမလန့်ကာ သူ့လည်ပင်းကိုသိုင်းဖက်လိုက်မိ
ကာ သူတို့နှစ်ဦးစလုံးမျက်နှာခြင်းနီးကပ်သွားရလေ၏။

မိုးထိ ဆီမှအသက်ရှူလိုက်သည့်လေငွေ့လေးက
သူမမျက်နှာလေးထက် ညင်သာစွာဖြတ်တိုး
သွားလေသည်။ သူမ. ချောမောခန့်ငြားလွန်းသည့်
မိုးထိမျက်နှာချောချောအားငေးမောရင်းမေးဖျား
လေးကို နမ်းရိူက်လိုက်လေ၏။သူကြည်နုးစွာ
ပြုံးသွားရပြီး  သူမနဖူးလေးအားနမ်းလိုက်လေ၏။

.....

'''''မင်းဘာပြောလိုက်တယ်.....´´´´

ဦးရွှေသိုး  ရုတ်တရက်ကြားလိုက်ရသည့်စကား
တို့ကြောင့်အံ့သြသွားကာပြန်မေးလိုက်၏။
သူကြားလိုက်ရတဲ့စကားကို သူကိုယ်တိုင်ပင်
မယုံနိုင်လောက်အောင်ဖြစ်ရ၏။

ဦးမိုးကျော်ဆီက အကြောင်းထူးတစ်ခုခုမရှိဘဲ
နဲ့တော့ ဒီအစီအစဉ်ဖြစ်မြောက်လာမည်မထင်ပေ။
အခုတော့ အသက်ရှင်လျှက်ရှိသေးရဲ့လားတောင်
မသေချာသည့် သမီးလေးကို မိုးထိမြင့်မားပိုင်ဆိုင်
လာမည့်စည်းစိမ်ဥစ္စာနဲ့ပိုင်ဆိုင်မှူအားလုံးကို
ရှေ့နေနဲ့ တရားဝင်လွှဲပြောင်းပေးမည်တဲ့။

ဒါကို သူလက်ခံသင့်ရဲ့လား။
သမီးလေးက
ဘယ်ဆီမှာမှန်းမသိရသလို။မိုးထိမြင့်မားကရော
အကယ်၍တစ်နေရာမှာအသက်ရှင်လျှက်ရှိ
နေခဲ့ရင် ယခုကိစ္စကိုလက်ခံမည်မထင်။

'''''မိုးကျော်....ဒါကအဓိပ္ပါယ်မရှိဘူးလို့ငါထင်တယ်မဖြစ်နိုင်ပါဘူး....´´´´

'''''ကျေးဇူးပြုပြီးမငြင်းပါနဲ့လားသူငယ်ချင်းရာ....မင်းငါ့အခက်အခဲကိုကူညီမှဖြစ်မှာမို့ပါ....´´´´

ဦးမိုးကျော်၏ တောင်းဆိုမှူကြောင့် မတတ်သာတဲ့
အဆုံး ဦးရွှေသိုးလက်ခံလိုက်ရလေ၏။ချက်ချင်း
ဆိုသလိုရှေ့နေကိုခေါ်ယူကာသူ့ရဲ့ပိုင်ဆိုင်မှူအား
လုံးကို သားဖြစ်သူမိုးထိအစား ရွှေတယောညိုကို
လွှဲပေးလိုက်ရသည်ကဦးမိုးကျာ်၏တိတ်တဆိတ်
အကြံအစည်တစ်ခုပင်ဖြစ်လေသည်။

        စာဖတ်သူလေးတို့အားအစဉ်လေးစားလျှက်။

       💘p=9💘မျှော်

#သျှင်ယွန်းအိမ်

*zawgyi*💠အခ်စ္ရပ္ဝန္းဆီသို႔.....💠

          💘p=8💘

'''''ဒါ....ဘယ္ကျပန္လာတာလဲ.... ´´´´

ဧကရီ  အိမ္ထဲသို႔လွမ္းဝင္လိုက္စဥ္
  အေနာက္ဘက္
မွေမးလိုက္သည့္မာေက်ာေသာ
ေလသံေၾကာင့္
လွမ္းလက္စေျခလွမ္းတို႔တုံ႕ခနဲရပ္တန့္သြားရသည္။

သူမ အေနာက္သို႔လွည့္ၾကည့္လိုက္
ေတာ့ သူမကို
ခါးေထာက္လွ်က္ စူးစူးႀကီးစိုက္ၾကည့္
ေနသည့္
ဦးမိုးေက်ာ္၏မ်က္ဝန္းေတြျဖင့္ရင္ဆိုင္လိုက္ရသည္။

'''''ဧကရီ.....ကိစၥရွိလို႔အျပင္ခဏသြားတာရွင့္....´´´´

သူမအရဲစြန့္ကာ ခပ္တင္းတင္းျပန္ေျပာလိုက္သည္
ကိုမေက်နပ္သည့္အလား ဦးမိုးေက်ာ္၏မ်က္ႏွာ
မဲ့ခနဲေကြးက်သြားရၿပီး သူမအနားသို႔ေလွ်ာက္လာ၍.....

'''''ဒီမွာမိန္းကေလး.....မင္းသြားခ်င္တိုင္းသြားေနဖို႔အတြက္ငါ့အိမ္ကသာလယံဇရပ္မဟုတ္ဘူးနားလည္လား....မင္းကိုဒီမွာထားတယ္ဆိုတာ....မင္းရဲ႕စကားေတြေၾကာင့္ငါ့သားရဲ႕ဂုဏ္သိကၡာက်မွာစိုးလို႔လက္ခံထားတာ.....ဒါေၾကာင့္ မင္းအိမ္လိုေပါက္လႊတ္ပဲစားေနတတ္တဲ့အက်င့္ေတြကိုျပင္ထားလိုက္  .... ´´´´

''''အို.....´´´´

သူမအားရင့္သီးစြာ လက္ညိုးထိုးေငါက္ေငါက္ထိုး
ကာေျပာဆိုဆက္ဆံလိုက္သည့္ ဦးမိုး
ေက်ာ္၏
စကားလုံးေတြေၾကာင့္ သူမစိတ္ထဲရွက္႐ြံ႕ခံျပင္း
စိတ္ေလးျဖစ္သြားရကာ ေအာက္ႏႈတ္ခမ္းေလး
ကိုကိုက္၍   အံႀကိတ္ထားမိေလသည္။

''''ဟင္း.....ေျပာထားဦးေပါ့....ေနာင္တစ္ခ်ိန္ၾကမွ....ဧကရီဘာလဲဆိုတာသိေစရမယ္....ရွင္တို႔အခုလိုေျပာတဲ့အက်ိဳးဆက္ကိုနင့္နင့္နဲနဲျပန္ခံစားေစရမယ္.....´´´´

သူမစိတ္ထဲ ဦးမိုးေက်ာ္အားအျမင္မၾကည္စြာ
က်ိန္းဝါးေနမိသည္။သူမရဲ႕ အစီအစဥ္ကိုအျမန္
အေကာင္အထည္ေဖာ္ရမည္။ဒါမွ ဒီအိမ္ႀကီးမွာ
သူမသိပ္မၾကာခင္ႀကီးစိုးခြင့္ရေတာ့မွာမဟုတ္လား။

ဧကရီ အေပၚထပ္သို႔ေဆာင့္ေအာင့္ကာတက္သြား
သည္။ ေဒၚခက္ခက္ ထိုအျခင္းအရာကိုၾကည့္၍
ႀကိတ္၍သက္ျပင္းခ်မိသည္။ဦးမိုးေက်ာ္မႏွစ္ၿမိဳ႕လဲ
မႏွစ္ၿမိဳ႕ခ်င္စရာေပ။ဧကရီပုံစံက သူမတို႔ႏွစ္သက္
တဲ့ေနထိုင္မႉမ်ိဳးမဟုတ္တာေတာ့အမွန္ပင္ျဖစ္သည္။

'''''အစ္ကို....လာပါ...စိတ္ေလွ်ာ့လိုက္ေနာ္...ကိုယ့္သားသမီးမွမဟုတ္ဘဲအစ္ကိုရယ္....ခက္တို႔သားေလးျပန္ေရာက္တဲ့အခါအားလုံးအဆင္ေျပသြားမွာပါ....´´´´

ေဒၚခက္ခက္ ခင္ပြန္းျဖစ္သူကိုတရားခ်ေနရင္း
သားျပန္အလာကိုေမွ်ာ္လင့္ေနမိေလသည္။
ဘယ္သူေတြ ဘာေျပာေျပာ သူမရဲ႕သားေလး
တစ္ေနရာရာမွာေတာ့အသက္ရွင္လွ်က္ရွိေသးတယ္
ဆိုတာကို သူမအလိုလိုသ္ိေနသည္။

ႏွစ္ဦးသားသက္ျပင္းကိုယ္စီခ်ကာ
အခန္းထဲ
ဝင္လိုက္ၿပီး မိုးထိဓာတ္ပုံအားေငး၍
ေဒၚခက္ခက္
ရစ္ဝဲလာသည့္မ်က္ရည္ေတြကိုတိတ္တဆိတ္
သုတ္ေနမိေလေတာ့သည္။

            🍷🍷🍷🍷🍷🍷

''''မိန္းမေရ.....မိန္းမ....အစ္ကိုျပန္လာၿပီေလ....´´´´´

'''''ဟယ္.....အစ္ကုိ့ဒီေန႕အေစာႀကီးျပန္လာတယ္ဟုတ္လား....လက္ထဲမွာလဲအထုတ္ေတြကမ်ားလွခ်ည္လား...ဘာေတြမ်ားလဲဟင္....´´´´

သူမရဲ႕အေမးကိုမေျဖေသးဘဲ ႏႈတ္ခမ္းေလးေတြ
တြန့္ေကြးသြားေလာက္ေအာင္ၿပဳံးၿပီး
သူမရဲ႕ခါးသြယ္
သြယ္ေလးကို မိုးထိဆြဲေပြ႕ကာဖက္လိုက္ေလသည္။

'''''အို.....အစ္ကိုလုပ္ျပန္ၿပီ....ေဒၚေလးျမင္သြားဦးမယ္ေတာ္ၾကာ...´´´´

''''အဟြန္း....ဘာလို႔လဲအစ္ကို႔နတ္သမီးေလးရဲ႕ျမင္ပါေစေပါ့....ဒါမွခင္ဗ်ားေလးကိုအစ္ကိုဘယ္ေလာက္ေတာင္ခ်စ္လဲ....တစ္ျခားသူေတြၾသခ်ရေလာက္တဲ့အထိကိုယ္သက္ေသျပနိူင္မွာေလ.....´´´´´

''''လာ....အခန္းထဲသြားမယ္....အစ္ကိုေပးစရာရွိတယ္.....´´´´

သူမလက္ကေလးကိုဆြဲလွ်က္ သူေခၚလာခဲ့သည္။
အခန္းထဲေရာက္သည္ႏွင့္ လက္ထဲတြင္အသင့္ပါ
လာသည့္ လက္ဆြဲအိတ္တို႔ကိုခ်ကာသူမခါး
ေလးအားခပ္တင္းတင္းေပြ႕ဖက္လွ်က္သူမ၏
ပါးျပင္ႏုႏုေလးကိုဘယ္ျပန္ညာျပန္နမ္းရိူက္ပစ္လိုက္သည္။

''''ဟင္....´´´´

သူမ လန့္ျဖန့္ကာသူ႕ရင္ဘတ္ေလးကို
လက္ႏွစ္ဖက္
ျဖင့္တြန္းထားေပမယ့္ မိုးထိရဲ႕ျပင္းျပတဲ့အနမ္း
နယ္နမိတ္ကိုမတြန္းလွန္န္ိုင္ေပ။သူ သူမ၏
ပါးျပင္ေလးထက္အနမ္းေတြေႁခြေနရာမွတစ္ဆင့္
တက္ကာ သူမႏႈတ္ခမ္းအစုံကိုစုပ္ယူနမ္းရိူက္ေနေလ၏။

''''အစ္ကို႔.....ေနပါဦးဆို.....အဟင့္...ဘယ္လိုျဖစ္ေနတာလဲအိမ္ဂ်ယ္ကိုေပးစရာရွိတယ္ဆ္ိုၿပီးေတာ့အတင္းနမ္းေနတာပဲ.....ဟြန့္.....´´´´´

'''''အဟြန္း....မိန္းမကလည္းကြာ....ကိုယ္ကခ်စ္လို႔ပါ.....´´´´

'''''အစ္ကိုေနာ္ဒီေလာက္ေတာင္ကဲေနရင္ေတာ့....တစ္ေန႕ေန႕ၾကရင္အိမ္ဂ်ယ္ကိုပစ္သြားမွာလားဟင္....´´´´

'''''မဟုတ္တာကြာ.....ကိုယ္ဘယ္ေတာ့မွအိမ္ဂ်ယ္ကိုပစ္ထားခဲ့မွာမဟုတ္ဘူး....ေနာက္ကိုအဲ့ဒီလိုစကားမ်ိဳးလုံးဝမေျပာနဲ႕ေနာ္....´´´´´

'''''လာ....ကိုယ္ေပးစရာရွိတယ္....ဒီမွာၾကည့္....´´´´

သူမ မိုးထိလက္ထဲက ဘူးလွလွေလးကိုၾကည့္လိုက္
သည္။မိုးထိသူမရဲ႕လွပတဲ့ဆံႏြယ္ရွည္ေလးေတြ
ဖြဖြေလးကိုင္လိုက္ၿပီး သူ႕လက္ထဲကဘူးေလးကို
ဖြင့္လိုက္ေလသည္။ဘူးထဲမွအေရာင္ေတြတလက္လက္
လွပေနသည့္ေက်ာက္ကလစ္ေလးအားထုတ္ယူ
လိုက္ၿပီးသူမေခါင္းထက္မွပန္ဆင္ေပးလိုက္သည္။

'''''အဟြန္း....အရမ္းလွတယ္....ကိုယ့္ရဲ႕မိန္းမေလးက....´´´´

သူမအံ့ၾသစြာေငးၾကည့္ရင္း ႏႈတ္ခမ္းတို႔ကဆြံအ
ေနမိသည္။သူမအတြက္ အခုေလာက္လွပတဲ့
ကလစ္မ်ိဴးေလး အရင္ကပန္ခဲ့ဖူးလားမသိေပမယ့္
ကိုယ္ခ်စ္ရတဲ့သူက အျမတ္တနိုးရည္႐ြယ္ၿပီးဝယ္ေပး
ခဲ့တဲ့ဒီပစၥည္းေလးကသူမရဲ႕အျမတ္နိုးဆုံးအရာ
ျဖစ္လာမွာမလြဲမေသြပင္ျဖစ္သည္။

'''''အရမ္းလွတာပဲအစ္ကို.....ဒီေလာက္လွရင္ေစ်းလည္းႀကီးမွာဘဲ ဘာလို႔ဝယ္ခဲ့ရတာလဲအစ္ကိုရယ္.....´´´´´

'''''အဟြန္း....ႀကီးပါေစေပါ့....ဘယ္ပစၥည္းကဘယ္ေလာက္တန္ဖိုးႀကီးႀကီး.....ခင္ဗ်ားေလးကသာ ကိုယ့္အတြက္ေတာ့တန္ဖိုးျဖတ္မရတဲ့ဆုလာဘ္ပဲ.....´´´´

'''''အိမ္ဂ်ယ္......ကိုယ္မင္းကိုသိပ္ခ်စ္တယ္ေနာ္....မင္းကိုခ်စ္တဲ့အခ်စ္မ်ိဳးနဲ႕နက္နက္ရိူင္းရိူင္းဘယ္သူ႕ကိုမွကိုယ္မခ်စ္ဖူးေသးဘူး.....´´´´

သူမ ေမးဖ်ားေလးကိုဆြဲကိုင္၍လႉပ္ခတ္ရင္း
သူ ေလးေလးနက္နက္ေျပာလိုက္သည့္စကားေတြ
ကသူမႏွလုံးသားထဲထိ စီးဝင္ပ်ံ့ႏွံ႕သြားသလို
ခံစားလိုက္ရသည္။ဒီစကားေတြက သူ႕ရင္ရဲ႕
အနက္ရိူင္းဆုံးအရာကျဖစ္တည္လာမွန္းသူမယုံၾကည္၏။

'''''ကိုယ္....မင္းကိုဘယ္ေတာ့မွထားမသြားဘူး....အကယ္၍ကိုယ္မင္းကိုမမွတ္မိခဲ့တာမ်ိဳးရွိတဲ့အခါ....ကိုယ္တ္ို႔ရဲ႕အမွတ္တရေတြကို...ကိုယ္သတိ့ရလာေအာင္ေျပာေပးေပါ့......ကိုယ့္ကို အိမ္ဂ်ယ္မမွတ္မိေတာ့တဲ့တစ္ေန႕ၾကရင္ကိုယ္လဲ....အဲ့ဒီလိုပဲလုပ္မယ္ေနာ္....´´´´

''''လူေတြကရင္းႏွီးဖို႔ခဲယဥ္းတယ္ဆိုရင္ေတာင္....ႏွလုံးသားျခင္းနီးစပ္က်ရင္ ....ကိုယ္တို႔မေဝးေလာက္ပါဘူး....´´´´´

သူမ ပါးျပင္ေလးကိုပါးျခင္းယွဥ္ကာကပ္ရင္းသူဆို
လိုက္ေတာ့ သူမပါးျပင္မွမ်က္ရည္စီးေၾကာင္းပါးပါး
ေလးက သူ႕ရဲ႕ပါးျပင္သို႔ေရာေထြးစိုစြတ္သြား၏။
သူအံ့ၾသစြာ သူမမ်က္ႏွာကိုျပန္ငဲ့ၾကည့္လိုက္ေတာ့

သူမက သူ႕လည္ပင္းကိုခပ္တင္းတင္းေပြ႕ဖက္ရင္း
သူမ ႏႈတ္ခမ္းေလးေတြက သူ႕ႏႈတ္ခမ္းဆီသို႔ထိေတြ႕
နမ္းရိူက္လိုက္သည္။ သူမရဲ႕တုံ႕ျပန္မႉကသူ႕ရင္ကို
လွိူင္းထန္ေစသည္။သူမႏႈတ္ခမ္းလႊာေလးအားလြတ္ထြက္
သြားမွာစိုးသည့္အလား သူစုပ္ယူနမ္းရိူက္ေနမိသည္။

ထိုမွတစ္ဆင့္ တက္ကာ သူမခါးေလးကိုေပြ႕ဖက္ကာ
သူမမ်က္ႏွာႏုႏုေလးသို႔မလြတ္တမ္းအနမ္းမိုးေတြက
အဆတ္မျပတ္ဆိုသလိုက်ေရာက္လာ၏။

'''''အို႔....အစ္ကိုလႊတ္ပါဦး.....´´´´

''''ဟင့္အင္း......ခ်စ္တယ္.....မလႊတ္ခ်င္ဘူးအိမ္ဂ်ယ္....ကိုယ့္အခ်စ္ေတြကိုမျငင္းဆန္ပါနဲ႕လား.....´´´´

''''ေအမ့....´´´´

သူမ ခႏၶာကိုယ္ေလး ေလေပၚသို႔ေျမာက္တက္သြား
ရၿပီး အိပ္ယာထက္သို႔ညင္သာစြာျပန္၍ခ်ေပးလိုက္
ၿပီး သူမကိုယ္ေလးအားပြတ္သပ္ကာခႏၶာကိုယ္
အႏွံ႕နမ္းရိူက္ေနမိေလေတာ့သည္။

သူမ ညင္သာႏူးညံ့၍သိမ္ေမြ႕လြန္းသည့္ယစ္မူး
မႉေတြၾကားတိုးေဝွ႕လာသည့္အနမ္းရိုင္းေတြကို
ေပ်ာ္ဝင္ေနမိသည္။ခႏၶာကိုယ္ႏွစ္ခုက လြတ္ထြက္သြား
မွာစိုးသည့္အလားတင္းက်ပ္ေနေအာင္ဖက္တြယ္ထားမိသည္။

သူမရဲ႕လက္သည္းခြၽန္ေလးေတြက
သူ႕ေက်ာျပင္ထက္စူးခနဲ ထိုနာက်င္ျခင္းကိုမမႉနိူင္
ေလာက္ေအာင္ အခ်စ္ကၾကည္ႏူးျခင္းေတြကို
ေမြးဖြားေပးသည့္အလားသူဆီမွာ နက္ရိူင္းေသာ
ခ်စ္ျခင္းေတြသာႀကီးစိုးလို႔ေနရဲ႕။

        💠💠💠💠💠💠

'''''တူ....တူ....တူ.....´´´´

ဦးေ႐ႊသိုး တစ္ေယာက္ သတင္းမၾကားဘာမၾကား
ျဖင့္ ေပ်ာက္ျခင္းမလွေပ်ာက္သြားရရွာသည့္
သမီးေလးကို သတိ့ရလြမ္းဆြတ္စြာျဖင့္ေတြေဝ
ေငးေမာေနသည္မို႔ သူ႕နံေဘးတြင္ခ်ထားသည့္
ဖုန္းျမည္သံကိုမၾကားေပ။

'''''ကိုေ႐ႊသိုး.....ဖုန္းလာေနတယ္ေလ....မၾကားဘူးလားေတာ္...´´´´

ဦးေ႐ႊသိုး မ်က္ဝန္းအိမ္မွမ်က္ရည္စတ္ုိ့ကိုဇနီးျဖစ္သူ
မျမင္ေအာင္တိတ္တဆိတ္သုတ္လိုက္ရေလသည္။
ေတာ္ၾကာသူ႕ဝမ္းနည္းမႉေတြက သမီးကိုသိပ္ခ်စ္လြန္း
ရွာသည့္ ဇနီးဆီသို႔မကူးစက္သြားေစခ်င္ေပ။
သူမရဲ႕မ်က္ရည္ေတြကိုထပ္မျမင္ခ်င္ေတာ့ပါေခ်။

''''ေအး.....ငါမၾကားလိုက္ဘူးကြာ....´´´´´

ေဒၚေမလင္းညို  အနားတြင္အဆက္မျပတ္ျမည္ေန
သည့္ဖုန္းကိုေကာက္ယူကာနားေထာင္လိုက္ေလသည္။
တစ္ဖက္မွအသံကိုၾကားလိုက္ရေတာ့မွဦးေ႐ႊသိုး
လက္ထဲသို႔ဖုန္းကိုထည့္ေပးလုိက္၏။

''''ဟယ္လို....´´´´

'''''ေ႐ႊသိုး....ငါပါကြ....မိုးေက်ာ္....မင္းနဲ႕ႏွစ္ေယာက္ထဲတိုင္ပင္စရာရွိတယ္ကြာ....မင္းရန္ကုန္ကိုတက္လာခဲ့ပါလား.....´´´´

''''ေအး....ေကာင္းၿပီေလ.....ငါတက္ခဲ့မယ္ေနာ္....´´´´

'''''ေအးကုမၼဏီကိုပဲလာခဲ့ကြာ....အိမ္ကိုမလာနဲ႕....ငါဘယ္သူ႕ကုိမွမသိေစခ်င္ဘူး...တို႔ႏွစ္ေယာက္ပဲသိထားေစခ်င္တယ္.....´´´´

ဦးေ႐ႊသိုး  ဦးမိုးေက်ာ္၏စကားအဆုံးဖုန္းကိုခ်ထား
ၿပီးေခတၱငိုင္ေနမိသည္။ သူငယ္ခ်င္းျဖစ္သူအသံ
ကိုၾကားလိုက္ရေတာ့ ဘဝတူျခင္းမို႔သမီးေလးကို
ပိုသတိရမိသည္။သမီးေလးနဲ႕အတူ မိုးထိျမင့္မား
ပါေပ်ာက္သြားခဲ့ရျခင္းအေၾကာင္းကဘာမ်ားျဖစ္မလဲ။

''''ေဒါက္...ေဒါက္....ေဒါက္...´´´

''''ေအး....ဝင္ခဲ့.....´´´´

က်ယ္ေလာင္ေသာတံခါးေခါက္သံေၾကာင့္ဦးမိုးေက်ာ္
ဖုန္းကိုခ်အၿပီး အခန္းထဲသို႔ဝင္ခဲ့ရန္ေျပာလိုကိသည္။
ထိုစဥ္တံခါးအားတြန္းဖြင့္ကာဝင္လာသူက သူ႕ရဲ႕
စိတ္အခ်ရဆုံးလူယုံေတာ္ သက္ဦးျဖစ္ေနေလ၏။

'''''ဘာထူးျခားလဲ....သက္ဦး....´´´´

''''ထူးျခားပါတယ္ဆရာ....ဆရာစုံစမ္းခိုင္းထားတဲ့သတင္းသဲ့သဲ့ေလးေတာ့ရပါၿပီ.....´´´´

'''''ဟင္....ဟုတ္လား....ဘာတဲ့လဲေျပာစမ္းကြာျမန္ျမန္ငါအခုသိခ်င္လာၿပီ....´´´´

''''ဆရာစုံစမ္းခိုင္းထားတဲ့ ပုံပန္းသ႑ာန္နဲ႕လူတစ္ေယာက္ကို...ကြၽန္ေတာ့္တပည့္ေတြကေတြ႕ခဲ့တယ္လို႔ေျပာပါတယ္.....´´´´

''''ဟုတ္ကဲ့..... ရပ္ကြက္ေလးတစ္ခုမွာပဲ....ေသခ်ာသိရဖို႔ထပ္စုံစမ္းခိုင္းထားပါတယ္ဆရာ....ေနာက္ၿပီး.....ၾကားသိရသေလာက္ေတာ့သူ႕မွာအိမ္ေထာင္ရွိတယ္လို႔သိရတယ္....ဆရာ့သားမဟုတ္ေလာက္ဘူးထင္တယ္....´´´´´

'''''ဘယ္လိုျဖစ္ျဖစ္....သူ႕အေၾကာင္းကိုအတ္ိအက်ထပ္စုံစမ္းေပး....´´´´

''''ဟုတ္ကဲ့....ေနာက္တစ္ခုသိရေသးတယ္ဆရာ....အဲ့ဒါက.....´´´´

သက္ဦး ေျပာလက္စ စကားကိုတစ္ပိုင္းတစ္စျဖင့္
ရပ္တန့္သြားရၿပီး ဦးမိုးေက်ာ္၏မ်က္ႏွာကို
မရဲတရဲၾကည့္လိုက္ေလသည္။ထိုအျခင္းအရာ
ကိုျမင္လိုက္ေသာ ဦးမိုးေက်ာ္ကအကင္းပါးသူပီပီ
ေခါင္းကိုဆတ္ခနဲညိတ္ျပလွ်က္....

'''''ေျပာပါ.....ေျပာခ်င္တာကိုရဲရဲေျပာ....´´´´

''''အဲ့ဒါ......´´´´´

''''{.......}´´´´

'''''ဟင္.....ဘာေျပာတယ္....´´´´

အခန္းထဲတြင္ ႏွစ္ေယာက္ထဲပဲရွိေပမယ့္လည္း
မလုံလဲစြာဦးမိုးေက်ာ္၏အနားသို႔တိုးကပ္ကာ
ခပ္တိုးတိုးေျပာစကားေၾကာင့္ အံ့ၾသကာမ်က္လုံး
ႀကီးျပဴးသြားရေလေတာ့သည္။

             ☯☯☯☯☯☯

'''''ဟိတ္.....ဘာလုပ္ေနတာလဲ....´´´´

''''ေအမ့....´´´´

အေနာက္ဘက္မွ သူမခါးသြယ္သြယ္ေလးကိုေပြ႕ဖက္
လွ်က္ ပခုံးသားေလးကိုနမ္းရိူက္ေနျပန္သည္။
သူမ ဟင္းခ်က္ရန္အသီးအႏွံေတြလွီးေနရာမွ
မိုးထိကိုလွည့္ၾကည့္ကာၿပဳံးလိုက္ၿပီး..

'''''အဟင္း....ဖယ္ပါဦးအစ္ကိုရယ္......အစ္ကိုဘာႀကိဳက္တတ္လဲဟင္...အိမ္ဂ်ယ္ခ်က္ေပးမယ္ေလ....ဘာစားခ်င္ေသးလဲ.....´´´´

သူမ အေမးေၾကာင့္ သူ႕မ်က္ႏွာရယ္ၿဖဲၿဖဲေလးျဖစ္
သြားရၿပီး သူမပခုံးေလးကိုဆြဲကိုင္ကာသူ႕ဘက္သို႔
မ်က္ႏွာခ်င္းဆိုင္ဆြဲလွည့္လိုက္ေလသည္။သူမမ်က္လုံး
ေတြအား စိုက္ၾကည့္လိုက္ၿပီး....

''''အစ္ကိုစားခ်င္တာက.....အစ္ကို႔ေရွ႕ကေကာင္မေလးကိုေလ....ဘယ္လိုလဲ....စားလို႔ရမလား...´´´´

'''''ဟာ....ဒီလူညစ္ေတာ့....အဟင္းဟင္း....ဘာမွန္းလဲမသိဘူး....´´´´

သူမ ရွက္႐ြံ႕စြာမ်က္ႏွာေလးတစ္ခုလုံးပန္းေသြးေရာင္
ထသြားရၿပီး ေခါင္းေလးငုံ႕ကာၿပဳံးေနမိေလသည္။
သူမရဲ႕ ရွက္သြားတဲ့ မ်က္ႏွာေလးကို သူငုံ႕ၾကည့္
ရင္း သူမနားနားသို႔တ္ိုးတ္ိုးေလးကပ္ကာေျပာ
လိုက္တဲ့စကားေၾကာင့္ သူမမ်က္ႏွာေလးပို၍
ရဲတြတ္သြားရေလေတာ့သည္။

'''''အခုလိုရွက္ေနတာေလးကသိပ္ခ်စ္ဖို႔ေကာင္းတာပဲ....ကိုယ့္ကိုေလသိပ္ခ်စ္ဖို႔ေကာင္းတဲ့သမီးေလးတစ္ေယာက္ေလာက္ေမြးေပးမလားဟင္....´´´´´

''''အဟင့္..... အစ္ကိုေနာ္.... ´´´

သူမရွက္လြန္းစြာမ်က္ႏွာေလးမထားတတ္ေအာင္
ျဖစ္ေနေတာ့သည္။ သုိ့ေပမယ့္လည္း သူမကိုယ္တ္ိုင္
ခ်စ္ရတဲ့အစ္ကိုနဲ႕ ခြၽတ္စြပ္တူတဲ့ သမီးေလးတစ္ေယာက္
ေလာက္လိုခ်င္မိတာေတာ့အမွန္ပင္။

'''''တကယ္လို႔....အိမ္ဂ်ယ္ကအဲ့လိုကေလးမ်ိဳးေလးေမြးေပးခဲ့ရင္အစ္ကိုကခ်စ္မွာလားဟင္....´´´´

'''''အဟြန္း...ဘယ္လိုေမးလိုက္တာလဲ....သိပ္ကိုခ်စ္မွာေပါ့....ကိုယ့္ရဲ႕ခ်စ္မိန္းမေလးရယ္....ကဲဒါဆ္ိုသမီးေလးအျမန္ရလာဖို႔အခုပဲႀကိဳးစားလိုက္ၾကေတာ့မလား.....´´´´´

'''''အို႔.....အစ္ကို.....´´´´

သူမကိုယ္ေလးအားေဆြ႕ခနဲေပြ႕ခ်ီလိုက္တာေၾကာင့္
သူမလန့္ကာ သူ႕လည္ပင္းကိုသိုင္းဖက္လိုက္မိ
ကာ သူတို႔ႏွစ္ဦးစလုံးမ်က္ႏွာျခင္းနီးကပ္သြားရေလ၏။

မိုးထိ ဆီမွအသက္ရႉလိုက္သည့္ေလေငြ႕ေလးက
သူမမ်က္ႏွာေလးထက္ ညင္သာစြာျဖတ္တိုး
သြားေလသည္။ သူမ. ေခ်ာေမာခန့္ျငားလြန္းသည့္
မိုးထိမ်က္ႏွာေခ်ာေခ်ာအားေငးေမာရင္းေမးဖ်ား
ေလးကို နမ္းရိူက္လိုက္ေလ၏။သူၾကည္ႏုးစြာ
ၿပဳံးသြားရၿပီး  သူမနဖူးေလးအားနမ္းလိုက္ေလ၏။

.....

'''''မင္းဘာေျပာလိုက္တယ္.....´´´´

ဦးေ႐ႊသိုး  ႐ုတ္တရက္ၾကားလိုက္ရသည့္စကား
တို႔ေၾကာင့္အံ့ၾသသြားကာျပန္ေမးလိုက္၏။
သူၾကားလိုက္ရတဲ့စကားကို သူကိုယ္တိုင္ပင္
မယုံနိုင္ေလာက္ေအာင္ျဖစ္ရ၏။

ဦးမိုးေက်ာ္ဆီက အေၾကာင္းထူးတစ္ခုခုမရွိဘဲ
နဲ႕ေတာ့ ဒီအစီအစဥ္ျဖစ္ေျမာက္လာမည္မထင္ေပ။
အခုေတာ့ အသက္ရွင္လွ်က္ရွိေသးရဲ႕လားေတာင္
မေသခ်ာသည့္ သမီးေလးကို မိုးထိျမင့္မားပိုင္ဆိုင္
လာမည့္စည္းစိမ္ဥစၥာနဲ႕ပိုင္ဆိုင္မႉအားလုံးကို
ေရွ႕ေနနဲ႕ တရားဝင္လႊဲေျပာင္းေပးမည္တဲ့။

ဒါကို သူလက္ခံသင့္ရဲ႕လား။
သမီးေလးက
ဘယ္ဆီမွာမွန္းမသိရသလို။မိုးထိျမင့္မားကေရာ
အကယ္၍တစ္ေနရာမွာအသက္ရွင္လွ်က္ရွိ
ေနခဲ့ရင္ ယခုကိစၥကိုလက္ခံမည္မထင္။

'''''မိုးေက်ာ္....ဒါကအဓိပၸါယ္မရွိဘူးလို႔ငါထင္တယ္မျဖစ္နိုင္ပါဘူး....´´´´

'''''ေက်းဇူးျပဳၿပီးမျငင္းပါနဲ႕လားသူငယ္ခ်င္းရာ....မင္းငါ့အခက္အခဲကိုကူညီမွျဖစ္မွာမို႔ပါ....´´´´

ဦးမိုးေက်ာ္၏ ေတာင္းဆိုမႉေၾကာင့္ မတတ္သာတဲ့
အဆုံး ဦးေ႐ႊသိုးလက္ခံလိုက္ရေလ၏။ခ်က္ခ်င္း
ဆိုသလိုေရွ႕ေနကိုေခၚယူကာသူ႕ရဲ႕ပိုင္ဆိုင္မႉအား
လုံးကို သားျဖစ္သူမိုးထိအစား ေ႐ႊတေယာညိုကို
လႊဲေပးလိုက္ရသည္ကဦးမိုးက်ာ္၏တိတ္တဆိတ္
အႀကံအစည္တစ္ခုပင္ျဖစ္ေလသည္။

        စာဖတ္သူေလးတို႔အားအစဥ္ေလးစားလွ်က္။

       💘p=9💘ေမွ်ာ္

#သွ်င္ယြန္းအိမ္

Continue Reading

You'll Also Like

750K 77.4K 28
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
3.6M 151K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
992K 47.8K 40
𝐓𝐡𝐞 𝐔𝐧𝐞𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐫𝐢𝐞𝐬 ~ 𝐁𝐨𝐨𝐤 𝟏 In a world where love knows no boundaries, Aleena Noor a Bangladeshi girl with an elated heart...
298K 23.5K 25
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...