မတူညီမအပ်စပ်သော

By Yin-2323

14.4K 1.7K 134

မတူညီမအပ်စပ်သော [၀ူးကျယ်] More

格格不入 (GeGeBuRu)
အပိုင်း၁
အပိုင်း၈
အပိုင်း၂
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၃
အပိုင်း၁၄
အပိုင်း၄
အပိုင်း၁၅
အပိုင်း၅
အပိုင်း၁၆
အပိုင်း၆
အပိုင်း၁၇
အပိုင်း၇
အပိုင်း၉
အပိုင်း၁၈
အပိုင်း၁၀
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း၂၃
အပိုင်း link များ
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
Paid Gp [Completed]
အပိုင်း၂၈
အပိုင်း၂၉
အပိုင်း၃၀
အပိုင်း၃၁
အပိုင်း၃၂
အပိုင်း၃၃
အပိုင်း၃၄
အပိုင်း၃၅

အပိုင်း၂၇

250 34 0
By Yin-2323

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၂၇


ချိန်ပေါ်ယန်မှာ စားပွဲရှေ့တွင် ထိုင်လိုက်သည်။စားပွဲပေါ်တွင် ထမင်းဘူးနှင့် တရုတ်ဂေါ်ဖီထုပ်၀က်သားနုပ်နုပ်စင်းကြော် တင်ထားသည်။

ရှားကောထမင်းက အရမ်းမွှေးလှသည်။သူဌေးက အတတ်နိုင်ဆုံး ဆီလျှော့ထည့်ပေးထားသည် ဆိုသော်လည်း ၊ ချိန်ပေါ်ယန်အတွက်ကတော့ ဒီဟင်းမှာ ဆီအရမ်းများနေသေးသည်ပင်။သူ ဟင်းတွေကို ဖယ်ထုတ်လိုက်ပြီး ၊ ကိုယ့်ဘာသာ ကြော်ထားသည့် တရုတ်ဂေါ်ဖီထုပ်ဖြင့် ထမင်းကို ကုန်အောင် စားလိုက်သည်။

ချိန်ပေါ်ယန်က အိမ်ပြန်ရောက်လျှင် တီဗွီကြည့်လေ့ မရှိပေ။ရှန့်ရှီး မရှိတော့တာကြောင့် ဧည့်ခန်းထဲရှိ တီဗွီမှာ ဖွင့်မထားပေ။တီဗွီအသံ မရှိသလို ၊ ရှန့်ရှီး စကားပြောနေသည့် အသံလည်း မရှိတော့ရာ ၊ အခန်းထဲတွင် အရမ်းကို တိတ်ဆိတ်နေသည်။ဟိုဘက်က ဖောဖောတို့၏ အော်ဟစ်သံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

အခု ရာသီဥတုက နွေးထွေးလာပြီ ဖြစ်ရာ ၊ ငှက်များက လေသာဆောင်တွင် နေသည့် အချိန်က ကြာလာသည်။အော်ဟစ်နေကြသည်မှာလည်း ပိုပိုပြီး မြူးတူးနေကြတာကြောင့် ၊ အခန်းထဲတွင် အေးစက်တိတ်ဆိတ်နေသည်ကို နောက်ခံအသံ လုပ်ပေးနေသည်။

ချိန်ပေါ်ယန် ပန်းကန်ဆေးနေသည့် အချိန်၌ ၊ ဖုန်းက ဧည့်ခန်းထဲတွင် အသံမြည်လာရာ ၊ ဖုန်းမြည်သံကြောင့် သူ အလန့်တကြား ဖြစ်သွားမိသည်။

အရင်က ဖုန်းမြည်သံမှာ ဒီလောက် မကျယ်ပေ။ရှန့်ရှီးက နားလေးနေသလိုမျိုး တစ်ချိန်လုံး တီဗွီသံကို အရမ်းအကျယ်ကြီး ဖွင့်ထားတတ်တာကြောင့် ၊ သူ ဖုန်းမြည်သံကို မဖြစ်မနေ အမြင့်ဆုံး ထားထားလိုက်ရသည်။နှလုံးကွဲထက်မတတ် ဆူညံသော ဒရမ်တီးသည့် သီချင်းပင် ပြောင်းထားလိုက်သည်။

ချိန်ပေါ်ယန်မှာ လက်သုတ်၍ ဖုန်းကိုယူကာ တစ်ချက်ကြည့်လိုက်မိသည်။လင်ဟယ့်ပင်။သူ ဖုန်းပြန်ဖြေလိုက်သည်။ :

"ဟယ်လို?"

"ပေါ်ယန် ! အိမ်မှာရှိလား?"

လင်ဟယ့်၏ အသံက လမ်းမပေါ်ရှိ ဆူညံနေသည့် နောက်ခံအသံများကြားမှ ပျံ့လွင့်လာခဲ့သည်။

"ရှိတယ် ၊ ဘာလုပ်မလို့လဲ?"

ချိန်ပေါ်ယန်မှာ အချိန်ကို ကြည့်လိုက်မိသည်။

"အပြင်မှာ နာရီ၀က်လောက်ထိုင်ဖို့ ထွက်လာခဲ့ ၊ အစက ဒီနေ့ အချိန်ကပ်မှ စုလိုက်ရတာဆိုတော့ မင်းလိုအလုပ်ရှုပ်တဲ့လူကို မခေါ်တော့ဘူး လုပ်ထားတာ ၊ အခု မင်းအိမ်နားက ဖြတ်သွားတာဆိုတော့ မဖြစ်မနေကို တွေ့ရမှာပဲ"

လင်ဟယ့်က ပြောလိုက်သည်။

"ငါ ဒီမှာ လူတစ်အုပ်ကြီး ၊ ပြီးတော့ လျှို့၀ှက်လူတစ်ယောက်လည်း ပါသေးတယ် ၊ အကုန်လုံးက မင်းကိုမတွေ့ရတာ ကြာနေပြီလို့ ပြောနေကြတယ် ၊ တစ်ခေါက်လောက် တွေ့ပြီး လွမ်းနာကျနေတာကို ဖြေလျှော့ပေးလိုက်စမ်းပါ ၊ မင်းထွက်မလာရင် ၊ ငါတို့တွေ မင်းအိမ်ကို တစ်ခါတည်း လာခဲ့လိုက်မှာနော်"

"နှစ်သစ်ကူးတုန်းကမှ တွေ့ထားကြတာ မဟုတ်ဘူးလား ၊ အခုမှ ဘယ်လောက်ကြာသေးလို့လဲ ၊ ထပ်ပြီး လွမ်းနာကျနေကြပြန်ပြီ"

ချိန်ပေါ်ယန်က ရယ်လိုက်ပြီး

"ငါ့လို မကောင်းတဲ့ကောင်က ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး မင်းတို့ကို လွမ်းမှာလဲ"

"မကောင်းတဲ့ချိန်က ပြောတယ် ၊ မင်းတို့တွေ အေးအေးဆေးဆေး ထွက်သွားလိုက်တဲ့......."

လင်ဟယ့်က ထိုဘက်တွင် ဘယ်သူနှင့် ပြောနေမှန်း မသိပေ။

"ချိန်ပေါ်ယန် ၊ နင်က နှလုံးသား မရှိတဲ့ကောင်ပဲ ! "

မိန်းကလေးတစ်ယောက်၏ အသံက ဖုန်းထဲကနေ ထွက်​ပေါ်လာသည်။

"နင် ထွက်မလာရင် ၊ ငါ ငါတို့နှစ်ယောက်ရဲ့ ကလေးကို နင့်အိမ်ထိခေါ်လာပြီး စကားပြောတော့မှာနော်"

"ရှောင်းလန်?"

ချိန်ပေါ်ယန်မှာ ထိုအသံကို ချက်ချင်း မှတ်မိသွားခဲ့သည်။သူအထက်တန်းတုန်းက သူ့အရှေ့က ထိုင်ခုံတွင် ထိုင်သည့်သူ ဖြစ်သည်။တက္ကသိုလ်ဘွဲ့ရပြီးသွားချိန်တွင် အိမ်ကလူများနှင့် သြစတြေးလျကို လိုက်သွားခဲ့သည်။မတွေ့ရတာ တော်တော်ကြာနေပြီပင်။

"ထွက်လာမှာလား မထွက်လာဘူးလား?"

ရှောင်းလန်က ပြောလိုက်သည်။

"ငါတို့တွေ အခု နင့်အိမ်နားက ကိုယ်တုံးလုံးယောကျာ်းလေး ရုပ်ထုနားရှိတဲ့ တံခါး၀မှာ ၊ ဒီတစ်ခေါက် မထွက်လာလ်ို့ ၊ ငါ နောက်တစ်ခေါက် ပြန်သွားတဲ့ အချိန်ဆို ပြန်တွေ့ရမယ့် အခွင့်အရေးက တကယ်နည်းသွားပြီနော် ၊ မကောင်းတဲ့ကောင်"

ချိန်ပေါ်ယန်မှာ အင်္ကျီလဲလိုက်ပြီး ၊ ကားမမောင်းတော့ပဲ ၊ အိမ်ရာ၀င်း၏ မြောက်ဘက်တံခါးဘက်ဆီ လမ်းလျှောက်လာခဲ့လိုက်သည်။လမ်းဘေးနားတွင် ကားတစ်စီး ရပ်ထားတာ မြင်လိုက်ရသည်။ထို့အပြင် လူအချို့ကလည်း ကားဘေးနားတွင် ရပ်နေကြသေးသည်။

အကုန်လုံးက သူနှင့် လင်ဟယ့်၏ ရင်းနှီးသည့် လူများပင်။ရှောင်းလန်၏ ရှည်လျားသည့် ခြေထောက်က အကြည့်များကို ဆွဲဆောင်နေဆဲဖြစ်သည်။178 အရပ်အမြင့်နှင့် ဒေါက်မြင့်ဖိနပ် စီးထားကာ သူရှိရာဘက်ဆီ ပြေးလာသည့် အချိန်၌ ၊ သူပင် ဖိအားများကို ခံစားလိုက်ရသည်။

"အိုင်းရိုး ၊ နင်သာ အပြင်ထွက်လာဖို့ အပျင်းတစ်နေရင် ၊ ငါတို့တွေ တကယ်ကြီး ၀င်လာကြတော့မလို့"

ရှောင်းလန်က သူ့အရှေ့နား ပြေးလာပြီး အားပါပါဖြင့် ဖက်လာကာ ၊ နောက်တစ်လှမ်း ပြန်နောက်ဆုတ်၍ သူ့အား အပေါ်အောက် စုန်ဆန်ကြည့်နေသည်။

"ဘယ်လိုဖြစ်လို့ အမြဲတမ်း ဒီလိုချောနေရတာလဲ?"

"ဘယ်တုန်းက ပြန်လာတာလဲ?ဖုန်းလည်း မဆက်ဘူး"

ချိန်ပေါ်ယန်က ရယ်လိုက်သည်။

"ဒီတစ်ခေါက် ပြန်လာတာ လုပ်စရာကိစ္စတွေ အရမ်းများတယ်"

ရှောင်းလန်က ဆံပင်ကို သပ်တင်လိုက်ပြီး

"လုပ်စရာရှိတာတွေ လုပ်ပြီးသွားမှ နင့်ကို ဆက်သွယ်ဖို့ တွေးထားတာ ၊ နင်အလုပ်များနေမှာလည်း စိုးလို့ ၊ အရင်တစ်ခေါက် ပြန်လာတုန်းက နင့်ကိုဖုန်းဆက်တာ ၊ အေးစက်လွန်းလို့ တောင်၀င်ရိုးစွန်းဆီရောက်တော့မယ့် နင့်ရဲ့ အဲ့ဒီအသံကို တကယ် အသံသွင်းထားလိုက်သင့်တယ်"

"ငါ အဲ့အချိန်တုန်းက လူနာရှိနေလို့ပါ ၊ နင်က ငါအလုပ်အများဆုံး အချိန်ကို ရွေးပြီး ဖုန်းဆက်တာကိုး"

ချိန်ပေါ်ယန်က သူမ၏ ပခုံးကိုဖက်၍ ကားဘေးနား လျှောက်လာခဲ့လိုက်ပြီး ၊ ကျန်လူများကို နှုတ်ဆက်စကား ဆိုလိုက်သည်။

"မင်းတို့ အခု ဘယ်သွားဖို့ စီစဥ်ထားတာလဲ?"

"စားတာ များသွားလို့ ၊ အရင်ဆုံး နေရာတစ်နေရာ ရှာပြီး အစာအိမ်ကို အနားပေးဖို့ စီစဥ်ထားတယ် ၊ ပြီးရင်တော့ သီချင်း ခဏလောက် ဆိုမယ်"

လင်ဟယ့်က ကားတံခါးကို ဖွင့်လိုက်ပြီး

"မင်း သီချင်းမဆိုချင်ရင် ငါတို့နဲ့ အရှေ့နားမှာ ကော်ဖီဆိုင်တစ်ဆိုင်ရှာပြီး စကားခဏလောက် ပြောကြတာပေါ့"

ချိန်ပေါ်ယန်က ကားပေါ်တက်လိုက်သည်။ကားနှစ်စီးက အရှေ့တစ်စီး အနောက်တစ်စီးဖြင့် မောင်းထွက်လာခဲ့ကြသည်။

ဒီနေ့ စုန့်ယိက ကားမောင်းပြီး ၊ လင်ဟယ့်က ယာဥ်မောင်းသူဘေးခုံတွင် ထိုင်သည်။ကွေ့ရတော့မယ် ၊ လမ်းကြောင်းလွဲနေပြီ ၊ ကားအကွာအဝေးကို သတိထားဖြင့် တစ်လမ်းလုံး သတိပေးစကား ဆ်ိုနေသည်မှာ အနောက်ခန်းတွင် ထိုင်နေသည့် ချိန်ပေါ်ယန်ပင် သည်းမခံနိုင်တော့ချေ။ :

"ကားရပ်လိုက်"

"ဘာလုပ်မလို့လဲ?"

လင်ဟယ့်က ခေါင်းလှည့်ကြည့်လာသည်။

စုန့်ယိက ရယ်လိုက်ပြီး :

"လူတစ်ယောက်ကတော့ မင်းကို သည်းမခံနိုင်တော့ဘူး ၊ အရက်သောက်ထားတဲ့လူက အရက်မသောက်ထားတဲ့လူ ကားမောင်းတာကို အမိန့်ပေးနေတယ်"

"ပြီးတော့ ပါးစပ်ကလည်း ပွစိပွစိနဲ့"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

"ငါ ချန်ဖန့်ကားပေါ် သွားတော့မယ်"

"မသွားနဲ့"

လင်ဟယ့်က ရယ်လိုက်ပြီး

"ချန်ဖန့်က အခုတလော ကုန်သည်သူဌေးကြီး ဖြစ်နေပြီဆိုတော့ ၊ တစ်လမ်းလုံး သီချင်းတွေ ဆိုနေတာ"

"ဟုတ်လား"

ချိန်ပေါ်ယန်က စဥ်းစားလိုက်ပြီး

"ဟုတ်လောက်တယ် ၊ အရင်ရက်တုန်းက တောင်ပိုင်းကကား မြောက်ပိုင်းကကားနဲ့ သူ ပိုက်ဆံတော်တော် ရှာမိလောက်တယ်.......နေပါစေတော့ ၊ ငါ ဒီမှာပဲ ထပ်သည်းခံလိုက်တော့မယ် ၊ မင်းပါးစပ်ကို ပိတ်ထား"

လူတစ်စုလုံး ကော်ဖီဆိုင်ထဲ ၀င်လာခဲ့ကြပြီး ၊ ထောင့်ကျသည့် ခုံကိုရှာ၍ ထိုင်လိုက်ကြသည်။ချိန်ပေါ်ယန်မှာ ရှောင်းလန်နှင့်အတူ အစွန်ဆုံးတွင် ထိုင်၍ သူတို့စကားပြောနေကြသည်ကို နားထောင်နေလိုက်သည်။

"ဒီတစ်ခေါက်ပြန်လာတာ ဘာကိစ္စလာလုပ်တာလဲ?"

ချိန်ပေါ်ယန်က ရှောင်းလန်ကို ကြည့်လိုက်သည်။

"အာ"

ရှောင်းလန်က ရယ်လိုက်ပြီး ၊ ကော်ဖီကိုယူ၍ တစ်ငုံသောက်လိုက်သည်။

"ငါ လက်ထပ်တော့မယ်"

"လက်ထပ်တော့မယ်?"

ချိန်ပေါ်ယန်မှာ ကြောင်အသွားမိသည်။

"အင်း ၊ လက်ထပ်တော့မှာ"

ရှောင်းလန်က ဘယ်ဘက်လက်အား ချိန်ပေါ်ယန် မျက်နှာရှေ့တွင် လှုပ်ယမ်းပြလိုက်သည်။လက်ခလယ်တွင်စေ့စပ်လက်စွပ်က အရောင်လက်နေသည်။

"သူက လက်ထပ်ခွင့် တောင်းတယ် ၊ ငါ လက်ခံလိုက်ပြီ"

"ဒီကိစ္စကိုတောင် ငါ့ကို မပြောပြဘူး......."

ချိန်ပေါ်ယန်က သက်ပြင်းချလိုက်ပြီး ၊ ရယ်လိုက်ကာ

"ဂုဏ်ပြုပါတယ်"

"နင့်ကို ပြောပြမလို့ပဲ ၊ ခံစားချက်က.......ဘယ်လို ဖော်ပြရမလဲ"

ရှောင်းလန်က ခေါင်းယမ်းပြလိုက်ပြီး

"ခံစားရတာက ၊ ပြောပြလိုက်တာနဲ့ အကုန်လုံး တကယ်ကြီး ပြီးဆုံးသွားတော့မလိုမျိုးပဲ ၊ ငါ ငါ့စိတ်ထဲမှာ ပြောမိတယ် ၊ သာမန်လိုဖြစ်သွားပြီလို့"

"အဆင်ပြေနေတာပဲဟာ"

ချိန်ပေါ်ယန်က သူမ၏ ပခုံးအား ပုတ်ပေးလိုက်ပြီး

"နင် ကံကောင်းပါစေလို့ ဆုတောင်းပေးတယ် ၊ သေချာပေါက် ပျော်ရွှင်ရမှာပါ"

"အင်း ၊ ငါ သူ့ကို အရမ်းချစ်တယ် ၊ ငါ သူနဲ့ တစ်ဘ၀လုံး လျှောက်လှမ်းသွားချင်တယ်"

ရှောင်းလန်က ခေါင်းစောင်း၍ ချိန်ပေါ်ယန်အား ကြည့်လိုက်ပြီး

"ဒါပေမယ့် နင်က ငါ့အတွက်တော့ အဓိပ္ပါယ်က မတူဘူး ၊ နင်က ငါ့ငယ်ရွယ်မှုရဲ့ အမှတ်တရလို့ ပြောလို့ရတယ် ၊ ဖြူစင်ရိုးသားတဲ့ ပထမဆုံး အချစ် ၊ ငါ့ကို စွန့်ပစ်သွားတဲ့ မကောင်းတဲ့ကောင်......."

ချိန်ပေါ်ယန်မှာ ရယ်သာရယ်၍ ဘာမှပြန်မပြောမိပေ။

ရှောင်းလန်က သူ့ရဲ့ ပထမဆုံး အချစ်ဟု မှတ်ယူ၍ ရ မရကို ၊ ချိန်ပေါ်ယန်၏ မှတ်ဥာဏ်ထဲတွင် ရှင်းရှင်းလင်းလင်း မရှိချေ။ခံစားချက်များက ရှုပ်ထွေးနေသည်။ရှောင်းလန်က စတင်ချဥ်းကပ်၍ ၊ အလိုက်သင့်နေရင်း အတူတူ ရှိမိသွားကြကာ ၊ တစ်ချို့အကြောင်းအရာများကို သိလိုက်ရပြီး နောက်တွင် လမ်းခွဲဖို့ ရွေးချယ်ခဲ့သည်။

"လူဆိုးကောင်"

ရှောင်းလန်က ချိန်ပေါ်ယန်၏ ခြေထောက်ကို ရိုက်လိုက်ပြီး

"နင်က လူကောင်းတစ်ယောက်ပါ ၊ ငါ တစ်လျှောက်လုံး မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းရှိတယ်........နင့်ရဲ့ ရိုးသားမှုအတွက် ကျေးဇူးပဲ"

ချိန်ပေါ်ယန်မှာ ​ကော်ဖိီတစ်ငုံ သောက်လိုက်သည်။လမ်းခွဲဖို့ကို သူက ပြောခြင်းဖြစ်သည်။အကြောင်းပြချက်မှာ သူက မိန်းကလေးက်ို သဘောမကျကြောင်း သိလိုက်ရခြင်းကြောင့်ပင်။သူ့အမှား ဖြစ်တာကြောင့် ၊ ရှောင်းလန်၏ သူငယ်ချင်းက သူ့အား လာရှာပြီး အပြစ်ပြောသည့် အချိန်၌ ၊ သူ တစ်လျှောက်လုံး တစ်ခြားဆင်ခြေ မရှာခဲ့ချေ။

နောက်ပိုင်း တစ်နှစ်လောက် အချိန်အတွင်းတွင် သူ အကြည့်အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသည်။ရွံရှာမုန်းတီးမှု ၊ စူးစမ်းစမ်းသပ်မှု ၊ ထူးဆန်းသည့် အရာများကို အမဲလိုက်မှု......သို့သော်လည်း သူကတော့ ဘာမှ မခံစားခဲ့ရပေ။လူတွေကြားမှာ ဖြစ်နေကျပင်။ဒီအရာများကို သူ တည်တည်ငြိမ်ငြိမ် လက်ခံနိုင်ခဲ့သည်။

"နင် ပျော်ရွှင်ဖို့ ငါ တကယ့်စိတ်ရင်းနဲ့ မျှော်လင့်တယ် ၊ ပေါ်ယန်"

ရှောင်းလန်က ပြောလိုက်သည်။

"နင်နဲ့ သင့်တော်တဲ့ အဲ့လူကို နင်ရှာတွေ့ဖို့ မျှော်လင့်မိတယ် ၊ သဘောထားချင်း မတိုက်ဆိုင်တာမျိုး ဖြစ်နိုင်တယ် ၊ အရမ်း ဆိုးဆိုး၀ါး၀ါး ရန်ဖြစ်တာမျိုး ဖြစ်နိုင်တယ် ၊ ဒါပေမယ့် ဘယ်တော့မှ လမ်းမခွဲတာမျိုးပေါ့"

"ကျေးဇူးပဲ"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

------------

ရှန့်ရှီးမှာ ဆိုင်ထဲကို သန့်ရှင်းနေအောင် သိမ်းဆည်းလိုက်ပြီးနောက်တွင် ၊ မီးဖိုခန်းထဲတွင် အဆင်ပြေသလို ရေတစ်ခေါက် ချိုးလိုက်ပြီး ၊ ထပ်ခိုးခန်းပေါ် တက်လိုက်သည်။

ထပ်ခိုးခန်းက တကယ်ကြီး နိမ့်ပြီး မှောင်မည်းလှသည်။ရှန့်ရှီးမှာ မတ်မတ်ပင် ရပ်လို့မရချေ။ထို့အပြင် အရမ်းလည်း သေးသည်။ကုတင်သေးလေး တစ်လုံး နှင့် ကုတင်ခေါင်းရင်းရှိ ဘီရိုအသေးလေး တစ်လုံးအပြင် ၊ လှုပ်ရှားစရာ နေရာ မကျန်တော့ပေ။

သူ ခါးကိုင်း၍ ၊ သူဌေးမိန်းမက သူ့အတွက် ယူလာပေးသည့် စောင်အခင်းအဟောင်းများကို ကုတင်ပေါ် ခင်းလိုက်ပြီး ၊ အိတ်အား ဘီရိုထဲ ထိုးထည့်လိုက်ကာ ၊ ပြီးနောက်တွင်တော့ ကုတင်ပေါ် လှဲချ၍ မျက်လုံးမှ်ိတ်ကာ လေတစ်ချက် မှုတ်ထုတ်လိုက်မိသည်။

ကုတင်အခင်းပြားက ချိန်ပေါ်ယန်အိမ်ရှိ ဆိုဖာကုတင်နှင့် နှိုင်းယှဥ်လို့ပင် မရချေ။သို့သော်လည်း သူ သည်းခံနိုင်သည်ပင်။ATM စက်ထဲတွင်တောင် အိပ်ခဲ့ဖူးသည့် လူက ၊ အလုပ်ရှိပြီး ၊ ကိုယ်ပိုင် နေရာငယ်လေးလည်း ရှိကာ ၊ မယိမ်းမလှုပ်သည့် ကုတင်တစ်လုံး ရှိနေတာက လုံလောက်ပြီပင်။

သူ ကုတင်ပေါ်တွင် ခဏလောက်ကြာအောင် ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်ဖြင့် ရှိနေသည်။ဖုန်းကို ထုတ်ယူ၍ ကြည့်ကြည့်လိုက်ရာ ၊ အားကုန်တော့မည်ပင်။ထပ်ခိုးခန်းတွင် လျှပ်စစ်မီးလုံး တစ်လုံးသာ ရှိသည်။ပလက်ပေါက် မရှိချေ။အားသွင်းချင်လျှင် အောက်ထပ်ကို ဆင်းရမည်ပင်။

ရှန့်ရှီးမှာ အချိန်ကို ကြည့်လိုက်မိသည်။အခုအချိန် ချိန်ပေါ်ယန်က်ို ဖုန်းဆက်လိုက်ပါက နောက်ကျသည်ဟု ပြော၍ မရပေ။သို့သော်လည်း သူ ဖုန်းက်ို ကိုင်ထားမိပြီး အတော်ကြာသည်အထ်ိ ဖုန်းမဆက်မိချေ။ဖုန်းဆက်ပြီး ဘာပြောရမယ်မှန်း မသ်ိပေ။

ဖုန်းဆက်ရခြင်းက မျက်နှာချင်းဆိုင် စကားပြောရခြင်းနှင့် မတူပေ။ချိန်ပေါ်ယန် အိမ်တွင် နေစဥ်က ၊ သူ စကားပြောနေလျှင်လည်း ချိန်ပေါ်ယန်က အဖက်လုပ်ခဲလှသည်။သို့သော်လည်း အနေရခက်သလိုမျိုး သူ မခံစားရပေ။ဖုန်းဆက်လိုက်လို့ ချိန်ပေါ်ယန်က စကားမပြောလျှင် နေရခက်သွားမှာပင်။

သို့သော်လည်း ခဏလောက် တုံ့ဆိုင်းနေမိပြီးနောက်တွင် ၊ သူ ဖုန်းကိုလှမ်းခေါ်လိုက်သည်။အခု အိပ်မပျော်တာကြောင့် ၊ ဒီလို လှဲနေရတာက တကယ် ခက်ခဲလှသည်။

ဖုန်းခေါ်တာ ၀င်သွားခဲ့သည်။ရှန့်ရှီးမှာ ဖုန်းခေါ်သည့် အသံကို နားထောင်နေမိသည်။တစ်သံ ၊ နှစ်သံ ၊ သုံးသံ........လေးသံ မြည်ပြီးနောက်မှာတော့ သူ ထူးထူးဆန်းဆန်းပင် နည်းနည်း ယုံကြည်မှုမရှိတော့သလို ခံစားလာရသည်။

ချိန်ပေါ်ယန် အလုပ်များနေတာများလား ၊ စာကြည့်နေတာလား ၊ ဦးနှောက်အထွဋ်အထိပ်ရောက်အောင် လုပ်နေတာ........

သူ၏ ဘာမှလုပ်စရာမရှိ၍ စကားမရှိစကားရှာမည့် ဒီဖုန်းခေါ်ဆိုမှုက ချိန်ပေါ်ယန်အား စိတ်ရှုပ်သွားစေမှာ သူ စိုးရိမ်သွားမိသည်။

"အိုင်း"

ရှန့်ရှီးမှာ ထထိုင်လိုက်ပြီး ၊ ဖိနပ်စီး၍ ဖုန်းနှင့် အားသွင်းကြိုးကိုယူကာ အောက်ထပ်ဆီ ဆင်းလာခဲ့လိုက်သည်။ဖုန်းကို အောက်ထပ်ရှိ စားပွဲပေါ်တွင် တင်ကာ အားသွင်းလိုက်ပြီး ၊ အပေါ် ပြန်တက်လာခဲ့လိုက်သည်။

ဖျင်ရှူး ၊ ကျောက်ကျားယောင် နှင့် သူ ဆက်ပြီး မရှင်သန်ချင်တော့သည့် ဘ၀ကို စွန့်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် သူငယ်ချင်းကိုလည်း စွန့်ခွာခဲ့ရသည်။မန်ထိုကလွဲ၍ သူနှင့် နီးနီးကပ်ကပ် ဆက်ဆံရေးရှိသည့် သူငယ်ချင်း ထပ်မရှိတော့သော်လည်း ၊ ဖုန်းဆက်၍ စကားနှစ်ခွန်းလောက် ပြောလို့ရသည့် လူကတော့ ရှိသေးသည်ပင်။အခုတော့ အကုန်လုံးကို စွန့်ခွာခဲ့ရပြီဖြစ်သည်။

ရှင်းရှင်းလင်းလင်းပင်။

ရှင်းလင်းလွန်းနေသည်မှာ အထီးကျန်ပြီး ပျင်းရိကာ အိပ်မပျော်သည့် အချိန်၌ ၊ သူ ဆက်သွယ်လို့ရသည့် တစ်ဦးတည်းသော လူမှာ ၊ မမျှော်လင့်ထားစွာဖြင့် သူနှင့် မတူသည့် ကမ္ဘာတွင် ရှင်သန်နေပြီး ၊ မိုးနတ်မင်းကြီးသာ ညစာ မှားမစားမိလျှင် ဒီဘ၀၌ လုံး၀ စကားပြောနိုင်လောက်မည့်သူ မဟုတ်သည့် ချိန်ပေါ်ယန် ဖြစ်နေသည်။

တကယ့်ကို အံ့သြစရာပဲ။

အိပ်တော့မယ် !

အိပ်သည်ဆိုသည်မှာ အိပ်ချင်တိုင်း အိပ်ပျော်သည့် အရာမဟုတ်ပေ။ကုတင်ပေါ်တွင် ခဏလောက် ကြာအောင် လူးလိမ့်နေပြီးနောက်မှာတော့ ၊ ရှန့်ရှီးမှာ ထထိုင်လိုက်မိသည်။အိပ်လို့မပျော်ပေ။

သူ မတ်တပ်ထရပ်လိုက်ပြီး ၊ ထပ်ခိုးခန်းတွင် ခါးကိုင်း၍ သွားလိုက်လာလိုက်ဖြင့် လမ်းလျှောက်နေလိုက်သည်။လှမ်းသွားလိုက် ၊ တစ်လှမ်း ၊ ပြန်လာလိုက် ၊ တစ်လှမ်း ၊ နောက်ဆုံးမှာတော့ သူ ပြတင်းပေါက် ဘေးနားတွင် ရပ်လိုက်မိသည်။

ထပ်ခိုးခန်း ထိပ်နှင့် ထိကပ်နေသော်လည်း သူ့ရင်ဘတ်လောက် အမြင့်သာရှိသည့် ဒီပြတင်းပေါက်မှာ ရှန့်ရှီးကို အတော်လေး စိတ်လှုပ်ရှားသွားစေခဲ့သည်။ထပ်ခိုးခန်းနှင့် အပြင်လောက၏ လေ၀င်လေထွက်မှာ အဓ်ိကအားဖြင့် ဒီပြတင်းပေါက်ကို မှီခိုအားထားနေရသည်။

လေ၀င်လေထွက်က အဆင်ပြေသော်လည်း အပြင်ဘက်က််ို ကြည့်ဖို့ကတော့ မဖြစ်နိုင်ပေ။ဒီပြတင်းပေါက်က အ၀ိုင်းပုံစံ အပေါက်တစ်ခု ဖြစ်ပြီး ၊ အပေါ်ဘက်တွင် အပေါက်သေးလေးများ အများကြီး ပါနေသည့် သစ်သားပြားဖြင့် ဖုံးအုပ်ထားသည်။

ရှန့်ရှီးမှာ လက်ချောင်းတစ်ချောင်းအား အပေါက်တစ်ခုထဲသို့ ထိုးထည့်လိုက်သည်။အပေါက်ကလည်း သူ့လက်ချောင်းအရွယ်လောက်သာ ရှိသည်။လက်ချောင်းက်ို ထိုးထည့်လိုက်သည့် နောက်တွင် လှုပ်ရှားလို့ရသည့် နေရာပင် မရှိတော့ချေ။

ဖုန်းက အောက်ထပ်ကနေ အသံမြည်လာသည့် အချိန်၌ ၊ ရှန့်ရှီးမှာ လက်ချောင်းအား ထိုအပေါက်ထဲကနေ ပြန်ထုတ်ဖို့ ကြိုးစားပမ်းစား လုပ်နေသည့် အချိန်ဖြစ်သည်။

"ငါလူး ၊ ခဏလေး ! "

သူ မျက်မှောင်ကြုတ်လိုက်ပြီး ၊ အတော်လေး အလျင်စလိုဖြင့် တစ်ချက် အော်ပြောလိုက်သည်။ဒီဖုန်းနံပါတ်က်ို သူဌေး ၊ ဖန်းယင်နှင့် ချိန်ပေါ်ယန်တို့သာ သိသည်။ဖန်းယင်က ခုနကမှ သူနှင့် ဆက်သွယ်ပြီးသွားခြင်း ဖြစ်သည်။သူဌေးကတော့ သူ့က်ို ဖုန်းဆက်မှာ မဟုတ်ပေ။ချိန်ပေါ်ယန် ဖုန်းဆက်တာ သေချာသည်ပင်။

ရှန့်ရှီးမှာ အရမ်းကို အလျင်လိုနေမိသည်။သူ့လက်ချောင်းက သ်ိသိသာသာက်ို အတော်လေး သွယ်လျနေသော်လည်း ၊ အပေါက်တစ်ခုထဲ ထိုးထည့်ပြီး ဆော့ရာကနေ ၊ ဘယ်လိုဖြစ်ပြီး သူ့လက်ချောင်းထက် သေးသည့် အပေါက်ထဲ ထိုးထည့်မိသွားလဲဆိုတာကို နားမလည်နိုင်တော့ပေ။ဘေးနားမှာ ကြီးတဲ့ အပေါက် ရှိတာပဲဟာ ၊ ဘာလို့ အဲ့ထဲကို မထိုးထည့်တာလဲ !

မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ၊ ဘာဖြစ်လို့ အပေါက်ထဲ ထိုထည့်ပြီး ဆော့လိုက်ရတာလဲ !

ဖုန်းက အသံမြည်နေဆဲပင်။ချိန်ပေါ်ယန် သူ့ကို ဖုန်းဆက်တာက ၊ သူ ချိန်ပေါ်ယန်က်ို ဖုန်းဆက်ခြင်းထက် အများကြီး ယုံကြည်ချက် ပိုရှိသည်ပင်။ဖုန်းက တစ်ချိန်လုံး အသံမြည်နေပြီး ရပ်မသွားပေ။ဖုန်းခေါ်ဆိုမှု တစ်ခေါက် ရပ်သွားပြီး ၊ နောက်တစ်ကြိမ် ဖုန်းခေါ်သည့် အသံ ထပ်မြည်လာခဲ့သည်။

"ဖုန်းကိုင်လို့ မရဘူး ! ချလိုက်တော့ ! "

ရှန့်ရှီးမှာ စိတ်မရှည်စွာဖြင့် တစ်ခွန်းအော်ပြောလိုက်ပြီး ၊ ဘေးနားရှိ ခွေးခြေခုံလေးအား ခြေထောက်ဖြင့် လှမ်းဆွဲယူ၍ ထိုင်ချလိုက်သည်။လက်မောင်းကို မြှောက်ထားရင်း ၊ နံရံကို မှီလိုက်ကာ ၊ အရမ်းကို စိတ်ပျက်လာသလို ရုတ်တရက် ခံစားလိုက်ရသည်။

"မင်းမေပဲ သွားသေလိုက်တော့ ၊ ဘယ်လိုအစုတ်အပျက်လဲ......"

-----------

ချိန်ပေါ်ယန်မှာ ဖုန်းချ၍ မျက်မှောင်ကြုတ်လိုက်မိသည်။ရှန့်ရှီး ဖုန်းဆက်လာသည့် အချိန်က သူ အင်္ကျီချွတ်ပြီး ရေချိုးကာစ အချိန်ဖြစ်သည်။ဖုန်းက အသံနှစ်ချက်သာ မြည်ပြီး အသံထပ်မထွက်လာတော့တာကြောင့် ၊ အနှောင့်အယှက်ပေးသည့် ဖုန်းခေါ်ဆိုမှု ဖြစ်သည်ဟု ထင်သွားရာ ၊ ဂရုမစိုက်တော့ပေ။

အေးအေးဆေးဆေး ရေချိုးပြီး ထွက်လာသည့် အချိန်ကျမှသာ ရှန့်ရှီးခေါ်ထားမှန်း တွေ့လိုက်ရသည်။အဆုံးသတ်တွင်တော့ ဖုန်းပြန်ဆက်လိုက်သော်လည်း ကိုင်သည့်လူ မရှိပေ။

ဒီလိုမျိုး တွေးဖို့ ချိန်ပေါ်ယန် စိတ်ဆန္ဒမရှိသော်လည်း ၊ ရှန့်ရှီး တစ်လျှောက်လုံး ရှင်သန်လာခဲ့သည့် ဘ၀အခြေအနေကြောင့် သူ ထိန်းချုပ်မထားနိုင်စွာ တွေးလိုက်မိသည်......ဒီကောင်လေး ဘာကိစ္စ ထပ်ကြုံနေပြန်ပြီလဲ?

သူဌေးက ထပ်ခိုးခန်းထဲမှာ သော့ခတ်ထားတာ ခံရတာလား?

အရိုက်ခံရပြန်တာလား?

ရှန့်ရှီး ငှားထားသည့် အခန်းက ဘယ်နေရာမှန်း သူ မသိတာကြောင့် ၊ အခုအချိန်တွင် သူ ဘာမှ မလုပ်နိုင်ပေ။ဖုန်းကိုယူ၍ အိပ်ခန်းထဲ၀င်ကာ စားပွဲပေါ် တင်ထားလိုက်ပြီး ၊ စာဖတ်နေရင်း ရှန့်ရှီး ဖုန်းပြန်ဆက်လာမှာကို စောင့်နေရုံသာ တတ်နိုင်သည်။

ဖုန်းက တစ်နာရီ ကြာသွားပြီးသည့် အချိန်ကျမှ အသံမြည်လာခဲ့သည်။ချိန်ပေါ်ယန်မှာ စာအုပ်ကို ပိတ်၍ ဖုန်းထပ်ဆက်ကာ ဘယ်လိုအခြေအနေရှိလဲ မေးရန် ပြင်ဆင်နေချိန်ဖြစ်သည်။

"ဟယ်လို?"

သူ ဖုန်းက်ို ​လက်ခံဖြေဆိုလိုက်သည်။

"......ကျွန်တော်ပါ ၊ ရှန့်ရှီး"

ရှန့်ရှီး၏ အသံ ပျံ့လွင့်လာခဲ့သည်။

"ခုနက ဘာဖြစ်လို့ ဖုန်းမကိုင်တာလဲ?"

ရှန့်ရှီး၏ အသံကို နားထောင်ရတာ အတော်လေး ပုံမှန်ဖြစ်နေသည်ကို ကြားလိုက်ရ၍ ၊ ချိန်ပေါ်ယန်မှာ လေတစ်ချက် မှုတ်ထုတ်လိုက်မိပြီး ၊ ကုလားထိုင်ပေါ် မှီချလိုက်သည်။

"ငါက မင်း တစ်ခုခု ထပ်ဖြစ်နေတာလားလို့ ထင်နေတာ"

"မဖြစ်ပါဘူး ၊ ကျွန်တော်....."

ရှန့်ရှီးက သက်ပြင်းချလိုက်ပြီး

"ကျွန်တော် ခုနတုန်းက လက်ချောင်းကို အပေါက်တစ်ခုထဲ ထိုးထည့်လိုက်တာ ၊ ပြန်ဆွဲထုတ်တာ မရတော့လို့......."

"ဘာအပေါက်လဲ?"

ချိန်ပေါ်ယန်မှာ နားထောင်နေရင်း ကြောင်အသွားမိသည်။

ရှန့်ရှီးက ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်ပြီး :

"နံရံပေါ်က အပေါက်ပေါ့ ၊ ကြည့်ရတာ ဆော့လို့ ကောင်းမယ့်ပုံပဲ ၊ ပျင်းတာနဲ့ လက်ချောင်းကို ထိုးထည့်လိုက်တာ ၊ နောက်ဆုံးကျတော့......."

ချိန်ပေါ်ယန်မှာ နှစ်စက္ကန့်လောက် ကြောင်အနေမိပြီး အသံထွက်အောင် ရယ်လိုက်မိသည်။အတော်ကြာသည်အထိ အရယ်မရပ်နိုင်ချေ။ရယ်နေရင်း ပြောလိုက်သည်။ :

"စိတ်ထဲမထားနဲ့ ၊ ငါ တမင်တကာ ရယ်နေတာ မဟုတ်ဘူး"

"ရယ်ပါ"

ရှန့်ရှီးက အောင့်သက်သက် အသံဖြင့် ပြောလိုက်သည်။ပြောပြီးသွားသည်နှင့် သူ့ဘာသူ ရယ်လိုက်မိသည်။

"ကိုယ့်ကိုကိုယ် အရူးလိုပဲ ကျွန်တော် ထင်မိတယ်"

"ဒါဆို ဘယ်လိုလုပ် ဆွဲထုတ်လို့ ရသွားတာလဲ?"

ရှန့်ရှီး၏ လက်ချောင်းအခြေအနေကို သူ တော်တော်လေး စိတ်ပူနေသလိုမျိုး ချိန်ပေါ်ယန် ခံစားလိုက်ရသည်။သို့သော်လည်း ထိန်းချုပ်ထား၍ မရပဲ ရယ်လိုက်မိပြန်သည်။

"လက်ချောင်းက ဒဏ်ရာ ရသွားသေးလား?"

"ဘယ်လို ပြန်ထုတ်လို့ ရသွားတာလဲ မသိဘူး ၊ ကျွန်တော် အဲ့နားမှာ လက်မောင်းကို မြှောက်ထားပြီး ထိုင်နေလိုက်တာ ၊ ပြီးတော့ အိပ်ပျော်သွားရော ၊ နိုးလာတဲ့ အချိန်ကျတော့ တစ်ချက်ဆွဲလိုက်တာနဲ့ ပြန်ထွက်လာတာ"

ရှန့်ရှီးက ပြောလိုက်သည်။

"ဒဏ်ရာလည်း မရဘူး"

"သွေးတွေ ပြောင်းပြန်စီးကုန်တာ"

ချိန်ပေါ်ယန်မှာ ပြောပြီးသည်နှင့် ထပ်ရယ်လိုက်မိပြန်သည်။ဒီတစ်ခေါက် ရယ်တာက ပိုဆိုးသည်။

"စိတ်ထဲမထားနဲ့နော် ၊ ငါ အရင်ဆုံး ခဏလောက် ရယ်လိုက်ဦးမယ်"

"ခင်ဗျားမှာ ကိုယ်ချင်းစာစိတ် နည်းနည်းလေးတောင် မရှိဘူးလား ၊ ဒေါက်တာဖြစ်ပြီးတော့ ၊ ဆရာ၀န်ရဲ့ သနားကြင်နာစိတ်က ဘယ်ရောက်သွားပြီလဲ ! "

ရှန့်ရှီး အကျယ်ကြီး အော်ပြောလိုက်သည်။

"ဘာကို ကိုယ်ချင်းစာရမှာလဲ"

ချိန်ပေါ်ယန်က ရယ်ရင်း ပြောလိုက်သည်။

"မင်းကဖြင့် အဲ့နားမှာ လက်မြှောက်ထားပြီးတော့တောင် အိပ်ပျော်နေတာကို"

ရှန့်ရှီးက ဘာမှပြန်မပြောပဲ ၊ ခဏလောက် ကြာသွားကာမှ သူပါ လိုက်ရယ်လိုက်သည်။အတော်ကြာသွားကာမှ တစ်ခွန်းပြောလိုက်သည။ :

"တကယ်ကြီး လက်မြှောက်ထားရင်း အိပ်ပျော်သွားတာ"

"ခုနက ငါ့ကိုဖုန်းဆက်တာ ဘာပြောချင်လို့လဲ?"

ချိန်ပေါ်ယန်က မတ်တပ်ထရပ်၍ စာအုပ်အား စာအုပ်စင်ထဲ ပြန်ထည့်လိုက်သည်။

"မသိဘူး ၊ အိပ်မပျော်လ်ို့ ၊ ပြိီးတော့ ဘာမှလုပ်စရာ မရှိတာနဲ့"

ရှန့်ရှီးက ပြောလိုက်သည်။

"ငါကြည့်တာတော့ မင်း ဆိုင်ထဲမှာ အလုပ်လုပ်ရတာ တော်တော်လေး ပင်ပန်းမှာပါ ၊ ပြေးသွားလိုက် ပြေးလာလိုက်နဲ့ ၊ ဘယ်လိုဖြစ်ပြီး အိပ်မပျော်ရတာလဲ?"

ချိန်ပေါ်ယန်က ရယ်လိုက်ပြီး

"မင်း အခု အဆုတ်ရောင်နေတာလည်း မကောင်းသေးဘူး ၊ သေသေချာချာ အနားယူဖို့ လိုသေးတယ်"

"အင်း ၊ နှစ်ရက်လောက် အသားကျသွားရင် အဆင်ပြေသွားမှာပါ"

ရှန့်ရှီးက နှာရှုတ်လိုက်ပြီး

"အမှန်တော့ ပင်ပန်းတယ်လ်ို့ ပြောလို့မရပါဘူး..........ခင်ဗျား အိပ်နေပြီလား?တော်တော်လေး နောက်ကျနေပြီ"

"အိပ်တော့မလို့"

ချိန်ပေါ်ယန်က ​အချိန်ကို ကြည့်လိုက်ပြီး

"မင်းလည်း အိပ်တော့လေ ၊ မနက်ဖြန်ကျရင်လည်း တစ်နေကုန် အလုပ်များရဦးမှာ"

"ဒါဆိုလည်း ကျွန်တော် ဖုန်းချလိုက်တော့မယ်"

ရှန့်ရှီးက ပြောလိုက်သည်။

"ဂွတ်နိုက်"

ချိန်ပေါ်ယန် ပြန်ပြောမှာကို မစောင့်တော့ပဲ ၊ သူ ဖုန်းကို ချလိုက်တော့သည်။

-----------

ချိန်ပေါ်ယန်မှာ အတွင်းလူနာဆောင်တွင် နေရသည့် အချိန်ကျမှသာ ၊ နေ့လည်စာ ဘာစားမလဲကို တွေးတောဖို့ အချိန်ရသည်။

ခေါက်ဆွဲ?ဆန်ပြုတ်?

ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အသစ်အဆန်း မရှိရတာလဲ........

"ဒေါက်တာချ်ိန်"

သူနာပြုလေးတစ်ယောက်က ရုံးခန်းထဲ ၀င်လာပြီး

"နေ့လည်ကျရင် ကျွန်မတို့ ရှားကောထမင်း စားမလို့ ၊ ရှင်ရော အတူတူ စားမလား?"

"ရှားကောထမင်း?"

ချိန်ပေါ်ယန်မှာ သူမကို ကြည့်လိုက်မိသည်။

"ဟုတ်တယ်လေ ၊ အရင်တစ်ခေါက်က တစ်ခါမှာစားဖူးတယ် ၊ ရှင်က မစားဘူး ပြောတာကိုး ၊ လမ်းဟောင်းဘက်က အရမ်းစားကောင်းတဲ့ ဆိုင်လေ ၊ ဒီနေ့စားမလား?စားမှာဆိုရင် စောစောမှာထားရမယ် ၊ နောက်ကျသွားရင် သူတို့ဆိုင်က ပို့ပေးဖို့ အချိန်မအားတော့ဘူး"

သူနာပြုလေးက ပြောလိုက်သည်။

"ရှင် မစားဘူးဆိုရင် ၊ ရှင့်အတွက် တစ်ခြားဟာ မှာပေးမယ်လေ"

ချိန်ပေါ်ယန်မှာ ထိုအခါကျမှသာ သတိရလာခဲ့သည်။သူနာပြုတွေ အမြဲတမ်း စားနေကြတဲ့ အဲ့ရှားကောထမင်းဆိုင်က ရှန့်ရှီးအလုပ်လုပ်နေတဲ့ ဆိုင်များလား?

သူ တစ်ချက်လောက် တုံ့ဆိုင်းသွားမိပြီး :

"စားမယ်လေ"

"၀က်အူချောင်းနဲ့လား?၀က်အူချောင်းနဲ့က စားလို့ကောင်းတယ် ၊ ပဲပင်ပေါက်တို့ ကြက်သွန်ဖြူတို့ ဘာတို့ နည်းနည်း ထပ်ထည့်လိုက်"

သူနာပြုလေးက သူ့အား ညွှန်းပေးနေသည်။

"ရတယ်"

ချိန်ပေါ်ယန်က ခေါင်းညိတ်ပြလိုက်သည်။

-----------

ရှန့်ရှီးမှာ ထမင်းဘူးတစ်ပြုံကြီးကို သယ်၍ ပျော်ရွှင်စွာဖြင့် ဆေးရုံထဲ ပြေး၀င်လာခဲ့လိုက်သည်။လူနည်းတာကြောင့် ပုံမှန်ဆို မပို့ပေးတတ်ပဲ ၊ အနီးအနားရှိ ကုမ္ပဏီတစ်ခုနှင့် ဆေးရုံကိုသာ ပို့ပေးတတ်သည်ဟု သူဌေးက ပြောသည်။နှစ်နေရာစလုံးက နှစ်ကြာနေပြီဖြစ်သည့် ဖောက်သည်ဟောင်းများ ဖြစ်နေလို့ပင်။

နေ့လည်တွင် အစားအသောက် သွားပို့ပေးရမည်ဟု အရင်တုန်းက မပြောထားတာကြောင့် သူ မပျော်မရွှင် ဖြစ်သွားမှာကို သူဌေးက စိတ်ပူနေသေးသည်။သို့သော်လည်း ရှန့်ရှီးက စိတ်ထဲမထားပဲ ၊ နှစ်ခေါက် ပို့ပေးလိုက်သည်။မမျှော်လင့်ထားစွာဖြင့် ဆေးရုံကို သွားလို့ ရနေသေးသည်။ချိန်​ပေါ်ယန်နှင့် တွေ့ချင် တွေ့နိုင်သည်ပင်။

သူ ဆေးရုံရှိ သူနာပြုဌာနထဲ ပြေး၀င်လာခဲ့လိုက်သည်။သူနာပြုတစ်ယောက်က သူ့ကို မြင်သွားပြီး ရယ်ပြလာကာ :

"ဘုရားရေ ၊ ရှန့်ရှီး?ဘယ်လိုဖြစ်ပြီး နင်က အစားအသောက်တွေ လာပို့ပေးနေတာလဲ?"

"ကျယ်ကျယ် မင်္ဂလာပါ ၊ နောက်ဆို ကျွန်တော်ပဲ လာပို့တော့မှာ ၊ ကျွန်တော် အခု ဒီဆိုင်မှာ အလုပ်လုပ်နေတာ"

ရှန့်ရှီးက ထမင်းဘူးများကို စားပွဲပေါ် တင်လိုက်ပြီး ၊ သူမတို့ မှာထားသည့် အစားအသောက်များကို အမြန်ပင် တစ်ခေါက် ရွတ်ပြလိုက်သည်။

"မှန်ရဲ့လားလို့ ကြည့်ကြည့်လိုက်ပါဦး"

"မှန်တယ်"

သူနာပြုလေးက ခေါင်းညိတ်ပြလိုက်ပြီး ၊ သူ့အား ပိုက်ဆံပေးလာကာ ၊ ထိုထဲမှ တစ်ဘူးကို ညွှန်ပြ၍

"ရှောင်လီ ၊ ဒေါက်တာချိန် ရုံးခန်းမှာ ရှိလား?နင် သူ့အတွက် ယူသွားပေးလိုက်ဦး"

"ဒေါက်တာချိန်?ချိန်ပေါ်ယန်လား?"

ရှန့်ရှီးမှာ ထိုစကားက်ို ကြားသည်နှင့် တစ်ခွန်း မေးလိုက်သည်။

"ကျွန်တော် ယူသွားပေးလိုက်မယ်"

"အိုင်းရိုး"

သူနာပြုလေးက ရယ်လိုက်ပြီး

"ဒါဆိုလည်း နင်ယူသွားပေးလိုက်"

ရှန့်ရှီး ရုံးခန်းထဲ ၀င်လာခဲ့သည့် အချိန်၌ ၊ ချိန်ပေါ်ယန်က စားပွဲပေါ်ရှိ ရေးပြီးကာစ အတွင်းလူနာ မှတ်တမ်းကို ဘေးတစ်ဖက်နား သိမ်းဆည်းနေသည်။ခေါင်းမော့ကြည့်သည့် အချိန်၌ သူ့ကို မြင်သွားပြီး ရယ်ပြလာကာ :

"တကယ်ကြီး မင်းတို့ဆိုင်မှာ မှာတာပဲ"

"ဟုတ်တယ်လေ"

ရှန့်ရှီးက လက်ထဲရှိ ထမင်းဘူးကို မြှောက်ပြလိုက်ပြီး

"ပြီးတော့ ကျွန်တော် လာပို့ပေးတာနော် ၊ ခင်ဗျားပါ စားလိမ့်မယ်လို့ မထင်ထားမိဘူး ၊ ကျွန်တော်က ပို့ပြီးသွားမှ ခင်ဗျားကို လာရှာဖို့ တွေးထားတာ"

"မြည်းကြည့်မလို့ ၊ အလုတ်နည်းနည်းလောက်ပေါ့"

ချိန်ပေါ်ယန်က ထမင်းဘူးကို ယူလိုက်ပြီး

"အစားအသောက်ပို့တာ ကော်မရှင်ခရတာလား?"

"မရပါဘူး ၊ နေရာ နှစ်နေရာပဲ ပို့ပေးတာ ၊ ကော်မရှင်ခ ပေးလည်း ယွမ်နည်းနည်းပေါ့"

ရှန့်ရှီးက ပြောလိုက်သည်။

"ခင်ဗျား နောက်တစ်ခါ စားချင်တယ်ဆိုရင် ၊ ကျွန်တော့်ကို ကြိုပြောလေ ၊ သူဌေးကို ခင်ဗျားအတွက် ဆီနည်းနည်းပဲ ထည့်ခိုင်းလိုက်မယ် ၊ ဒီဟာကို ခင်ဗျားစားရင် ဆီများတယ်လို့ သေချာပေါက် ထင်မှာပဲ"

"ဘာမှမဖြစ်ပါဘူး"

ချိန်ပေါ်ယန်က ရယ်လိုက်ပြီး

"နောက်ပိုင်း မင်းချက်တတ်သွားမှ ငါ့အတွက် သီးသန့်ချက်ပေးပေါ့"

"ပြောပြီးသွားပြီနော်"

ရှန့်ရှီးက လက်ဖြောက်တစ်ချက် တီးလိုက်ပြီး ၊ နံရံပေါ်တွင် ချိတ်ထားသည့် နာရီကို တစ်ချက်ကြည့်လိုက်ကာ

"ကျွန်တော် ပြန်သွားရတော့မယ် ၊ ဧည့်သည်တွေ လာလောက်ပြီ ၊ လူများတယ်"

"သွားတော့လေ ၊ ငါ့အတွက် တံခါးလေး တစ်ချက်လောက် ပိတ်သွားပေး"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

ရှန့်ရှီးက နှစ်လှမ်းလောက် ခုန်၍ ၊ ရုံးခန်းထဲမှ ထွက်ကာ တံခါးကို သေချာပြန်ပိတ်ပေးလိုက်သည်။

ဖန်းယင်မှာ ဆေးရုံအပေါက်၀တွင် ရပ်နေပြီး ၊ ရှန့်ရှီးထွက်လာတာကို မြင်သည်နှင့် ကင်မရာကို မြှောက်၍ ဓာတ်ပုံ နှစ်ပုံလောက် ရိုက်လိုက်ကာ ၊ အနားလျှောက်သွား၍ တစ်ခွန်းထပ်မေးလိုက်သည်။ :

"စိတ်အခြေအနေ တော်တော်လေး ကောင်းနေတာပဲ?"

"အင်း ၊ ကောင်းနေတယ်"

ရှန့်ရှီးက ပြောလိုက်ပြီး ၊ လမ်းဘေးနားတွင် ရပ်ထားသည့် ဘတ်ထရီဆိုင်ကယ်ပေါ် တက်ခွလိုက်သည်။ဆိုင်ကယ်က သူဌေး၏ ဆိုင်ကယ်ပင်။အစားအသောက်ပို့တာ ၊ ဟင်း၀ယ်တာ အကုန်လုံး ဒီဆိုင်ကယ်သာ သုံးသည်။ဆိုင်ကယ်က 1997လောက်တုန်းက ဆိုင်ကယ်ဖြစ်၍ ၊ အရမ်းကို ဟောင်းနေလေပြီ။မောင်းလိုက်လျှင် လမ်းလျှောက်သွားတာထက် သိပ်မမြန်ပေ။ပြီးတော့ တင်းခွမ်းနှင့် တီး၀ိုင်းအဖွဲ့တစ်ဖွဲ့ ပါလာသလို တစ်လမ်းလုံး အသံမြည်နေသေးသည်။

"ဘာဖြစ်လို့ စိတ်ခံစားချက်တွေ ဒီလောက်တောင် ကောင်းနေရတာလဲ?"

ဖန်းယင်က မေးလိုက်သည်။

"အလုပ်က ဒီလောက်ပင်ပန်းတာကို ၊ ငါ မနက်တုန်းက ကြည့်လိုက်တာ ၊ မင်းရဲ့ ဟိုထပ်ခိုးခန်းကလည်း အရမ်း နေရခက်......."

"အဲ့ဒါကြောင့် ပြောတာပေါ့"

ရှန့်ရှီးက ခေါင်းလှည့်၍ ဖန်းယင်ကို ကြည့်လိုက်ပြီး

"ခင်ဗျား ၊ နဲ့ ဓာတ်ပုံတွေကို ကြည့်နေကြတဲ့ ဟိုလူတွေက ၊ ကျွန်တော် အခု ဖြစ်နေတဲ့ ခံစားချက်မျိုးကို ဘယ်တော့မှ ခံစားတတ်မှာ မဟုတ်ဘူး ၊ မြင့်တဲ့လူတွေမှာ မြင့်တဲ့ ပျော်ရွှင်မှု ရှိသလို ၊ နိမ့်တဲ့လူတွေမှာလည်း နိမ့်တဲ့ပျော်ရွှင်မှု ရှိတာပဲ ၊ ဦးတည်ချက် မတူကြရုံပဲ ၊ ဒါပေမယ့် တစ်ချို့လူတွေကျတော့ အန်ိမ့်ဆုံးမှာ ခက်ခက်ခဲခဲ အသက်ရှင်နေရတဲ့ လူတွေကိုပဲ ကြည့်ချင်ကြတယ် ၊ ကျွန်တော့်ဆီမှာ ခင်ဗျားလိုချင်တာမျိုး ဓာတ်ပုံရိုက်မရဘူးလို့ ထင်ရင် ၊ မြန်မြန် လူလဲလိုက်တော့"

"ဟင့်အင်း"

ဖန်းယင်က ရယ်လိုက်ပြီး

"တော်တော်လေး ကောင်းနေတာပဲကို ၊ မင်းရဲ့ ဒီစကားတွေကြောင့်ပဲ ၊ ငါက မင်းနောက်ကို လိုက်ကိုလိုက်ရမှာ"

ရှန့်ရှီး၏ ခံစားချက်များက တကယ်ကို အရမ်းကောင်းမွန်နေသည်။ထို့အပြင် ရက်အတော်ကြာသည်အထိ တစ်လျှောက်လုံး အရမ်းကို ကောင်းနေခြင်း ဖြစ်သည်။

နေ့တိုင်း လုပ်ရသည့် အလုပ်များက များလှသည်။မီးဖိုအရှေ့က အလုပ်များကို သူ မလုပ်ရသည်ကလွဲပြီး ၊ ကျန်သည့် အလုပ်များက အကုန် သူ့အလုပ်များဖြစ်သည်။တော်တော်လေး ပင်ပန်းပြီး ၊ တော်တော်လေးလည်း ညစ်ပတ်လှသည်။သို့သော်လည်း သူ့ကို စိတ်အေးသလို ခံစားချက်မျိုး ခံစားရစေသည်။သူဌေးက သဘောကောင်းလှသည်။သူ အလုပ်လုပ်နေတာ တစ်လမပြည့်သေးသော်လည်း ၊ လကုန်သည့် အချိန်၌ သူဌေးက သူ့အား တစ်လစာ လုပ်အားခ တွက်ပေးသည်။

ထို့အပြင် တစ်ခါတစ်လေဆို ဆေးရုံရှိရာဆီ တစ်ခေါက်လောက် ပြေးသွားလို့ ရနေသေးသည်။ချိန်ပေါ်ယန် အတွင်းလူနာဆောင်တွင် ရှိနေသည့် အချိန်မျိုးဆို ၊ သူ စကားနည်းနည်းလောက် သွားပြောတတ်ပြီး ၊ တစ်ခါတစ်လေဆို ပြင်ပလူနာဌာနဆီ သွား၍ ချိန်ပေါ်ယန်၏ ရုံးခန်းအရှေ့ကနေ ချိန်ပေါ်
န်အား သွားကြည့်တတ်သည်။

စိတ်ခံစားချက်က ကောင်းနေတာကြောင့် ၊ နေ့တိုင်း မ်ိုးလင်းကနေ မိုးချုပ်သည်အထိ စပိုင်လိုမျိုး အရှေ့အနောက် ဘယ်ညာတွင် ရှိနေကာ ၊ သူ၏ ၀မ်းနည်းနေသည့် မျက်နှာ ကင်မရာပေါ်တွင် ပေါ်လာမှာကို စောင့်မျှော်နေတတ်သည့် ဖန်းယင်ကိုလည်း စိတ်ရှုပ်ဖို့ သတိမရချေ။

သူ ဒီမှာ အလုပ်လုပ်နေတာက ဖန်းယင်အတွက်တော့ အဆင်ပြေသည်ဟု ပြော၍ ရသည်ပင်။ဖန်းယင်မှာ နှစ်ရက်ခြားတစ်ခါလောက် ရောက်လာတတ်သည်။ပြီးနောက်တွင်တော့ ဆိုင်ထဲတွင် ရှားကောထမင်းတစ်ပွဲမှာ၍ စားရင်း ရှန့်ရှီးကို လိုက်ကြည့်နေတတ်သည်။

"ဒီကဟင်းတွေကို ခင်ဗျားအကုန်လုံး စားဖူးသလောက် ဖြစ်တော့မယ်"

ရှန့်ရှီးက ရှားကောထမင်းအား ဖန်းယင်အရှေ့တွင် ချပေးလိုက်ပြီး

"ဒါမှမဟုတ်ရင်လည်း ခင်ဗျား အဆင်သင့်နေတာပဲ ၊ ရှားကောထမင်း အကြောင်းကို ထပ်ရေးလိုက်ပါလား"

"ပြောမရဘူး ၊ နောက်ကျ ငါ ဆိုင်တစ်ဆိုင် ဖွင့်ဖြစ်သွားရင်ရော"

ဖန်းယင်က ပြောလိုက်ပြီး ၊ ဆိုင်ထဲကို တစ်ချက် အကဲခတ်လိုက်ကာ

"သန့်ရှင်းပြီး လင်းလင်းချင်းချင်းရှိမယ့် ပတ်၀န်းကျင်မျိုး တစ်ခုလောက် လုပ်မယ်"

"အဲ့ဒါဆိုရင်တော့ သေချာပေါက် စီးပွားဖြစ်မှာ မဟုတ်ဘူး"

ရှန့်ရှီးက ပြောလိုက်သည်။

"ဒီမှာ စားတဲ့လူတွေက ဗရုတ်သုတ်ခတွေနဲ့ ကြည့်လိုက်ရင် နှစ်ပေါင်းကြာနေသလို ခံစားချက်မျိုး ၊ တစ်ချက်ကြည့်လိုက်တာနဲ့ ဆိုင်ဟောင်း ၊ အရသာ ကောင်းမှန်း တန်းသိတယ်"

ဖန်းယင်က စဥ်းစားလိုက်ပြီး :

"သေချာတဲ့ ကျိုးကြောင်းဆီလျော်မှုလည်း ရှိတာပဲ"

သူဌေးမိန်းမ၏ နေရာတွင် ​ရှားကော ကုန်တော့မည်ပင်။ရှန့်ရှီးက မီးဖိုခန်း အနောက်ဆီ သွား၍ နည်းနည်းယူပေးရန် ပြင်လိုက်စဥ်မှာပင် ၊ အနောက်ဘက်ရှိ လူတစ်ယောက်က တစ်ခွန်းအော်ပြောလာသည်။ :

"၀က်ဆားနယ်ခြောက်နဲ့ နှစ်ပွဲ ၊ ကြက်ဥထည့်ပေး ! "

"ဟုတ်ကဲ့ပါ ၊ ခဏလောက် စောင့်ပေးပါဦး ! "

သူဌေးက တစ်ခွန်းပြန်ပြောလိုက်သည်။

ရှန့်ရှီးမှာ ထိုအသံကို ကြားလိုက်ရသည်နှင့် ၊ ချက်ချင်းဆိုသလို လူတစ်ကိုယ်လုံး နေရာမှာပင် တောင့်တင်းသွားခဲ့ပြီး ၊ ခေါင်းလှည့်ကြည့်၍ အတည််မပြုရဲတော့ပေ။

"ဆရာ၀န်က ငါအခု အာဟာရဖြည့်တင်းဖို့ လိုတယ်လို့ ပြောတာ"

မိန်းကလေးတစ်ယောက်က အတော်လေး မကျေမနပ်ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

"နင်က ငါ့ကို ဒါမျိုးတွေ ကျွေးတယ်?"

"နေ့လည်ဆိုတော့ အဆင်ပြေတာ နည်းနည်း စားလိုက်ပါ ၊ ညကျရင်တော့ မင်းကို စားကောင်းတာ လိုက်ကျွေးမယ်"

ယောကျာ်းလေးက ပြောလိုက်သည်။

ရှန့်ရှီးမှာ ဆက်နားထောင် မနေတော့ပဲ ၊ ခေါင်းငုံ့၍ မီးဖိုခန်းဘက်ဆီ အမြန်လျှောက်လာခဲ့လိုက်သည်။သူဌေးက စားပွဲတွေ သွားရှင်းဖို့ သူ့အား လှမ်းမခေါ်ခင် ရှောင်နေရန် တွေးလိုက်သည်။သို့သော်လည်း နောက်ကျသွားပြီပင်။သူဌေးက သူဌေးမိန်းမ ဟင်းချက်နေသည်ကို ကူနေရင်း သူ့အား တစ်ခွန်းလှမ်းအော်ပြောလာသည်။ :

"ဟုန်ထူ ၊ ဟိုဘက်က စားပွဲကို တစ်ချက် သွားရှင်းလိုက်ဦး"

*** *** *** *** ***

格格不入(GeGeBuRu)

စာေရးသူ : ဝူးက်ယ္

ဘာသာျပန္သူ : ယင္း

အပိုင္း ၂၇


ခ်ိန္ေပၚယန္မွာ စားပြဲေရ႔ွတြင္ ထိုင္လိုက္သည္။စားပြဲေပၚတြင္ ထမင္းဘူးႏွင့္ တရုတ္ေဂၚဖီထုပ္၀က္သားႏုပ္ႏုပ္စင္းေၾကာ္ တင္ထားသည္။

ရွားေကာထမင္းက အရမ္းေမႊးလွသည္။သူေဌးက အတတ္ႏိုင္ဆံုး ဆီေလ်ွာ့ထည့္ေပးထားသည္ ဆိုေသာ္လည္း ၊ ခ်ိန္ေပၚယန္အတြက္ကေတာ့ ဒီဟင္းမွာ ဆီအရမ္းမ်ားေနေသးသည္ပင္။သူ ဟင္းေတြကို ဖယ္ထုတ္လိုက္ၿပီး ၊ ကိုယ့္ဘာသာ ေၾကာ္ထားသည့္ တရုတ္ေဂၚဖီထုပ္ျဖင့္ ထမင္းကို ကုန္ေအာင္ စားလိုက္သည္။

ခ်ိန္ေပၚယန္က အိမ္ျပန္ေရာက္လ်ွင္ တီဗြီၾကည့္ေလ့ မရိွေပ။ရွန္႔ရွီး မရိွေတာ့တာေၾကာင့္ ဧည့္ခန္းထဲရိွ တီဗြီမွာ ဖြင့္မထားေပ။တီဗြီအသံ မရိွသလို ၊ ရွန္႔ရွီး စကားေျပာေနသည့္ အသံလည္း မရိွေတာ့ရာ ၊ အခန္းထဲတြင္ အရမ္းကို တိတ္ဆိတ္ေနသည္။ဟိုဘက္က ေဖာေဖာတို႔၏ ေအာ္ဟစ္သံမ်ားကို ရွင္းရွင္းလင္းလင္း ၾကားေနရသည္။

အခု ရာသီဥတုက ေနြးေထြးလာၿပီ ျဖစ္ရာ ၊ ငွက္မ်ားက ေလသာေဆာင္တြင္ ေနသည့္ အခ်ိန္က ၾကာလာသည္။ေအာ္ဟစ္ေနၾကသည္မွာလည္း ပိုပိုၿပီး ျမဴးတူးေနၾကတာေၾကာင့္ ၊ အခန္းထဲတြင္ ေအးစက္တိတ္ဆိတ္ေနသည္ကို ေနာက္ခံအသံ လုပ္ေပးေနသည္။

ခ်ိန္ေပၚယန္ ပန္းကန္ေဆးေနသည့္ အခ်ိန္၌ ၊ ဖုန္းက ဧည့္ခန္းထဲတြင္ အသံျမည္လာရာ ၊ ဖုန္းျမည္သံေၾကာင့္ သူ အလန္႔တၾကား ျဖစ္သြားမိသည္။

အရင္က ဖုန္းျမည္သံမွာ ဒီေလာက္ မက်ယ္ေပ။ရွန္႔ရွီးက နားေလးေနသလိုမ်ိဳး တစ္ခ်ိန္လံုး တီဗြီသံကို အရမ္းအက်ယ္ႀကီး ဖြင့္ထားတတ္တာေၾကာင့္ ၊ သူ ဖုန္းျမည္သံကို မျဖစ္မေန အျမင့္ဆံုး ထားထားလိုက္ရသည္။ႏွလံုးကြဲထက္မတတ္ ဆူညံေသာ ဒရမ္တီးသည့္ သီခ်င္းပင္ ေျပာင္းထားလိုက္သည္။

ခ်ိန္ေပၚယန္မွာ လက္သုတ္၍ ဖုန္းကိုယူကာ တစ္ခ်က္ၾကည့္လိုက္မိသည္။လင္ဟယ့္ပင္။သူ ဖုန္းျပန္ေျဖလိုက္သည္။ :

"ဟယ္လို?"

"ေပၚယန္ ! အိမ္မွာရိွလား?"

လင္ဟယ့္၏ အသံက လမ္းမေပၚရိွ ဆူညံေနသည့္ ေနာက္ခံအသံမ်ားၾကားမွ ပ်ံ့လြင့္လာခဲ့သည္။

"ရိွတယ္ ၊ ဘာလုပ္မလို႔လဲ?"

ခ်ိန္ေပၚယန္မွာ အခ်ိန္ကို ၾကည့္လိုက္မိသည္။

"အျပင္မွာ နာရီ၀က္ေလာက္ထိုင္ဖို႔ ထြက္လာခဲ့ ၊ အစက ဒီေန့ အခ်ိန္ကပ္မွ စုလိုက္ရတာဆိုေတာ့ မင္းလိုအလုပ္ရႈပ္တဲ့လူကို မေခၚေတာ့ဘူး လုပ္ထားတာ ၊ အခု မင္းအိမ္နားက ျဖတ္သြားတာဆိုေတာ့ မျဖစ္မေနကို ေတြ့ရမွာပဲ"

လင္ဟယ့္က ေျပာလိုက္သည္။

"ငါ ဒီမွာ လူတစ္အုပ္ႀကီး ၊ ၿပီးေတာ့ လ်ိႈ႔၀ွက္လူတစ္ေယာက္လည္း ပါေသးတယ္ ၊ အကုန္လံုးက မင္းကိုမေတြ့ရတာ ၾကာေနၿပီလို႔ ေျပာေနၾကတယ္ ၊ တစ္ေခါက္ေလာက္ ေတြ့ၿပီး လြမ္းနာက်ေနတာကို ေျဖေလ်ွာ့ေပးလိုက္စမ္းပါ ၊ မင္းထြက္မလာရင္ ၊ ငါတို႔ေတြ မင္းအိမ္ကို တစ္ခါတည္း လာခဲ့လိုက္မွာေနာ္"

"ႏွစ္သစ္ကူးတုန္းကမွ ေတြ့ထားၾကတာ မဟုတ္ဘူးလား ၊ အခုမွ ဘယ္ေလာက္ၾကာေသးလို႔လဲ ၊ ထပ္ၿပီး လြမ္းနာက်ေနၾကျပန္ၿပီ"

ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး

"ငါ့လို မေကာင္းတဲ့ေကာင္က ဘယ္လိုလုပ္ ဒီေလာက္ျမန္ျမန္ႀကီး မင္းတို႔ကို လြမ္းမွာလဲ"

"မေကာင္းတဲ့ခ်ိန္က ေျပာတယ္ ၊ မင္းတို႔ေတြ ေအးေအးေဆးေဆး ထြက္သြားလိုက္တဲ့......."

လင္ဟယ့္က ထိုဘက္တြင္ ဘယ္သူႏွင့္ ေျပာေနမွန္း မသိေပ။

"ခ်ိန္ေပၚယန္ ၊ နင္က ႏွလံုးသား မရိွတဲ့ေကာင္ပဲ ! "

မိန္းကေလးတစ္ေယာက္၏ အသံက ဖုန္းထဲကေန ထြက္​ေပၚလာသည္။

"နင္ ထြက္မလာရင္ ၊ ငါ ငါတို႔ႏွစ္ေယာက္ရဲ့ ကေလးကို နင့္အိမ္ထိေခၚလာၿပီး စကားေျပာေတာ့မွာေနာ္"

"ေရွာင္းလန္?"

ခ်ိန္ေပၚယန္မွာ ထိုအသံကို ခ်က္ခ်င္း မွတ္မိသြားခဲ့သည္။သူအထက္တန္းတုန္းက သူ႔အေရ႔ွက ထိုင္ခံုတြင္ ထိုင္သည့္သူ ျဖစ္သည္။တကၠသိုလ္ဘြဲ႔ရၿပီးသြားခ်ိန္တြင္ အိမ္ကလူမ်ားႏွင့္ ၾသစေၾတးလ်ကို လိုက္သြားခဲ့သည္။မေတြ့ရတာ ေတာ္ေတာ္ၾကာေနၿပီပင္။

"ထြက္လာမွာလား မထြက္လာဘူးလား?"

ေရွာင္းလန္က ေျပာလိုက္သည္။

"ငါတို႔ေတြ အခု နင့္အိမ္နားက ကိုယ္တံုးလံုးေယာက်ာ္းေလး ရုပ္ထုနားရိွတဲ့ တံခါး၀မွာ ၊ ဒီတစ္ေခါက္ မထြက္လာလ္ို႔ ၊ ငါ ေနာက္တစ္ေခါက္ ျပန္သြားတဲ့ အခ်ိန္ဆို ျပန္ေတြ့ရမယ့္ အခြင့္အေရးက တကယ္နည္းသြားၿပီေနာ္ ၊ မေကာင္းတဲ့ေကာင္"

ခ်ိန္ေပၚယန္မွာ အက်ႌလဲလိုက္ၿပီး ၊ ကားမေမာင္းေတာ့ပဲ ၊ အိမ္ရာ၀င္း၏ ေျမာက္ဘက္တံခါးဘက္ဆီ လမ္းေလ်ွာက္လာခဲ့လိုက္သည္။လမ္းေဘးနားတြင္ ကားတစ္စီး ရပ္ထားတာ ျမင္လိုက္ရသည္။ထို႔အျပင္ လူအခ်ိဳ႕ကလည္း ကားေဘးနားတြင္ ရပ္ေနၾကေသးသည္။

အကုန္လံုးက သူႏွင့္ လင္ဟယ့္၏ ရင္းႏွီးသည့္ လူမ်ားပင္။ေရွာင္းလန္၏ ရွည္လ်ားသည့္ ေျခေထာက္က အၾကည့္မ်ားကို ဆြဲေဆာင္ေနဆဲျဖစ္သည္။178 အရပ္အျမင့္ႏွင့္ ေဒါက္ျမင့္ဖိနပ္ စီးထားကာ သူရိွရာဘက္ဆီ ေျပးလာသည့္ အခ်ိန္၌ ၊ သူပင္ ဖိအားမ်ားကို ခံစားလိုက္ရသည္။

"အိုင္းရိုး ၊ နင္သာ အျပင္ထြက္လာဖို႔ အပ်င္းတစ္ေနရင္ ၊ ငါတို႔ေတြ တကယ္ႀကီး ၀င္လာၾကေတာ့မလို႔"

ေရွာင္းလန္က သူ႔အေရ႔ွနား ေျပးလာၿပီး အားပါပါျဖင့္ ဖက္လာကာ ၊ ေနာက္တစ္လွမ္း ျပန္ေနာက္ဆုတ္၍ သူ႔အား အေပၚေအာက္ စုန္ဆန္ၾကည့္ေနသည္။

"ဘယ္လိုျဖစ္လို႔ အၿမဲတမ္း ဒီလိုေခ်ာေနရတာလဲ?"

"ဘယ္တုန္းက ျပန္လာတာလဲ?ဖုန္းလည္း မဆက္ဘူး"

ခ်ိန္ေပၚယန္က ရယ္လိုက္သည္။

"ဒီတစ္ေခါက္ ျပန္လာတာ လုပ္စရာကိစၥေတြ အရမ္းမ်ားတယ္"

ေရွာင္းလန္က ဆံပင္ကို သပ္တင္လိုက္ၿပီး

"လုပ္စရာရိွတာေတြ လုပ္ၿပီးသြားမွ နင့္ကို ဆက္သြယ္ဖို႔ ေတြးထားတာ ၊ နင္အလုပ္မ်ားေနမွာလည္း စိုးလို႔ ၊ အရင္တစ္ေခါက္ ျပန္လာတုန္းက နင့္ကိုဖုန္းဆက္တာ ၊ ေအးစက္လြန္းလို႔ ေတာင္၀င္ရိုးစြန္းဆီေရာက္ေတာ့မယ့္ နင့္ရဲ့ အဲ့ဒီအသံကို တကယ္ အသံသြင္းထားလိုက္သင့္တယ္"

"ငါ အဲ့အခ်ိန္တုန္းက လူနာရိွေနလို႔ပါ ၊ နင္က ငါအလုပ္အမ်ားဆံုး အခ်ိန္ကို ေရြးၿပီး ဖုန္းဆက္တာကိုး"

ခ်ိန္ေပၚယန္က သူမ၏ ပခံုးကိုဖက္၍ ကားေဘးနား ေလ်ွာက္လာခဲ့လိုက္ၿပီး ၊ က်န္လူမ်ားကို ႏႈတ္ဆက္စကား ဆိုလိုက္သည္။

"မင္းတို႔ အခု ဘယ္သြားဖို႔ စီစဥ္ထားတာလဲ?"

"စားတာ မ်ားသြားလို႔ ၊ အရင္ဆံုး ေနရာတစ္ေနရာ ရွာၿပီး အစာအိမ္ကို အနားေပးဖို႔ စီစဥ္ထားတယ္ ၊ ၿပီးရင္ေတာ့ သီခ်င္း ခဏေလာက္ ဆိုမယ္"

လင္ဟယ့္က ကားတံခါးကို ဖြင့္လိုက္ၿပီး

"မင္း သီခ်င္းမဆိုခ်င္ရင္ ငါတို႔နဲ႔ အေရ႔ွနားမွာ ေကာ္ဖီဆိုင္တစ္ဆိုင္ရွာၿပီး စကားခဏေလာက္ ေျပာၾကတာေပါ့"

ခ်ိန္ေပၚယန္က ကားေပၚတက္လိုက္သည္။ကားႏွစ္စီးက အေရ႔ွတစ္စီး အေနာက္တစ္စီးျဖင့္ ေမာင္းထြက္လာခဲ့ၾကသည္။

ဒီေန့ စုန္႔ယိက ကားေမာင္းၿပီး ၊ လင္ဟယ့္က ယာဥ္ေမာင္းသူေဘးခံုတြင္ ထိုင္သည္။ေကြ့ရေတာ့မယ္ ၊ လမ္းေၾကာင္းလြဲေနၿပီ ၊ ကားအကြာအေဝးကို သတိထားျဖင့္ တစ္လမ္းလံုး သတိေပးစကား ဆ္ိုေနသည္မွာ အေနာက္ခန္းတြင္ ထိုင္ေနသည့္ ခ်ိန္ေပၚယန္ပင္ သည္းမခံႏိုင္ေတာ့ေခ်။ :

"ကားရပ္လိုက္"

"ဘာလုပ္မလို႔လဲ?"

လင္ဟယ့္က ေခါင္းလွည့္ၾကည့္လာသည္။

စုန္႔ယိက ရယ္လိုက္ၿပီး :

"လူတစ္ေယာက္ကေတာ့ မင္းကို သည္းမခံႏိုင္ေတာ့ဘူး ၊ အရက္ေသာက္ထားတဲ့လူက အရက္မေသာက္ထားတဲ့လူ ကားေမာင္းတာကို အမိန္႔ေပးေနတယ္"

"ၿပီးေတာ့ ပါးစပ္ကလည္း ပြစိပြစိနဲ႔"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

"ငါ ခ်န္ဖန္႔ကားေပၚ သြားေတာ့မယ္"

"မသြားနဲ႔"

လင္ဟယ့္က ရယ္လိုက္ၿပီး

"ခ်န္ဖန္႔က အခုတေလာ ကုန္သည္သူေဌးႀကီး ျဖစ္ေနၿပီဆိုေတာ့ ၊ တစ္လမ္းလံုး သီခ်င္းေတြ ဆိုေနတာ"

"ဟုတ္လား"

ခ်ိန္ေပၚယန္က စဥ္းစားလိုက္ၿပီး

"ဟုတ္ေလာက္တယ္ ၊ အရင္ရက္တုန္းက ေတာင္ပိုင္းကကား ေျမာက္ပိုင္းကကားနဲ႔ သူ ပိုက္ဆံေတာ္ေတာ္ ရွာမိေလာက္တယ္.......ေနပါေစေတာ့ ၊ ငါ ဒီမွာပဲ ထပ္သည္းခံလိုက္ေတာ့မယ္ ၊ မင္းပါးစပ္ကို ပိတ္ထား"

လူတစ္စုလံုး ေကာ္ဖီဆိုင္ထဲ ၀င္လာခဲ့ၾကၿပီး ၊ ေထာင့္က်သည့္ ခံုကိုရွာ၍ ထိုင္လိုက္ၾကသည္။ခ်ိန္ေပၚယန္မွာ ေရွာင္းလန္ႏွင့္အတူ အစြန္ဆံုးတြင္ ထိုင္၍ သူတို႔စကားေျပာေနၾကသည္ကို နားေထာင္ေနလိုက္သည္။

"ဒီတစ္ေခါက္ျပန္လာတာ ဘာကိစၥလာလုပ္တာလဲ?"

ခ်ိန္ေပၚယန္က ေရွာင္းလန္ကို ၾကည့္လိုက္သည္။

"အာ"

ေရွာင္းလန္က ရယ္လိုက္ၿပီး ၊ ေကာ္ဖီကိုယူ၍ တစ္ငံုေသာက္လိုက္သည္။

"ငါ လက္ထပ္ေတာ့မယ္"

"လက္ထပ္ေတာ့မယ္?"

ခ်ိန္ေပၚယန္မွာ ေၾကာင္အသြားမိသည္။

"အင္း ၊ လက္ထပ္ေတာ့မွာ"

ေရွာင္းလန္က ဘယ္ဘက္လက္အား ခ်ိန္ေပၚယန္ မ်က္ႏွာေရ႔ွတြင္ လႈပ္ယမ္းျပလိုက္သည္။လက္ခလယ္တြင္ေစ့စပ္လက္စြပ္က အေရာင္လက္ေနသည္။

"သူက လက္ထပ္ခြင့္ ေတာင္းတယ္ ၊ ငါ လက္ခံလိုက္ၿပီ"

"ဒီကိစၥကိုေတာင္ ငါ့ကို မေျပာျပဘူး......."

ခ်ိန္ေပၚယန္က သက္ျပင္းခ်လိုက္ၿပီး ၊ ရယ္လိုက္ကာ

"ဂုဏ္ျပဳပါတယ္"

"နင့္ကို ေျပာျပမလို႔ပဲ ၊ ခံစားခ်က္က.......ဘယ္လို ေဖာ္ျပရမလဲ"

ေရွာင္းလန္က ေခါင္းယမ္းျပလိုက္ၿပီး

"ခံစားရတာက ၊ ေျပာျပလိုက္တာနဲ႔ အကုန္လံုး တကယ္ႀကီး ၿပီးဆံုးသြားေတာ့မလိုမ်ိဳးပဲ ၊ ငါ ငါ့စိတ္ထဲမွာ ေျပာမိတယ္ ၊ သာမန္လိုျဖစ္သြားၿပီလို႔"

"အဆင္ေျပေနတာပဲဟာ"

ခ်ိန္ေပၚယန္က သူမ၏ ပခံုးအား ပုတ္ေပးလိုက္ၿပီး

"နင္ ကံေကာင္းပါေစလို႔ ဆုေတာင္းေပးတယ္ ၊ ေသခ်ာေပါက္ ေပ်ာ္ရႊင္ရမွာပါ"

"အင္း ၊ ငါ သူ႔ကို အရမ္းခ်စ္တယ္ ၊ ငါ သူနဲ႔ တစ္ဘ၀လံုး ေလ်ွာက္လွမ္းသြားခ်င္တယ္"

ေရွာင္းလန္က ေခါင္းေစာင္း၍ ခ်ိန္ေပၚယန္အား ၾကည့္လိုက္ၿပီး

"ဒါေပမယ့္ နင္က ငါ့အတြက္ေတာ့ အဓိပၸါယ္က မတူဘူး ၊ နင္က ငါ့ငယ္ရြယ္မႈရဲ့ အမွတ္တရလို႔ ေျပာလို႔ရတယ္ ၊ ျဖဴစင္ရိုးသားတဲ့ ပထမဆံုး အခ်စ္ ၊ ငါ့ကို စြန္႔ပစ္သြားတဲ့ မေကာင္းတဲ့ေကာင္......."

ခ်ိန္ေပၚယန္မွာ ရယ္သာရယ္၍ ဘာမျွပန္မေျပာမိေပ။

ေရွာင္းလန္က သူ႔ရဲ့ ပထမဆံုး အခ်စ္ဟု မွတ္ယူ၍ ရ မရကို ၊ ခ်ိန္ေပၚယန္၏ မွတ္ဥာဏ္ထဲတြင္ ရွင္းရွင္းလင္းလင္း မရိွေခ်။ခံစားခ်က္မ်ားက ရႈပ္ေထြးေနသည္။ေရွာင္းလန္က စတင္ခ်ဥ္းကပ္၍ ၊ အလိုက္သင့္ေနရင္း အတူတူ ရိွမိသြားၾကကာ ၊ တစ္ခ်ိဳ႕အေၾကာင္းအရာမ်ားကို သိလိုက္ရၿပီး ေနာက္တြင္ လမ္းခြဲဖို႔ ေရြးခ်ယ္ခဲ့သည္။

"လူဆိုးေကာင္"

ေရွာင္းလန္က ခ်ိန္ေပၚယန္၏ ေျခေထာက္ကို ရိုက္လိုက္ၿပီး

"နင္က လူေကာင္းတစ္ေယာက္ပါ ၊ ငါ တစ္ေလ်ွာက္လံုး မေျပာျဖစ္ခဲ့တဲ့ စကားတစ္ခြန္းရိွတယ္........နင့္ရဲ့ ရိုးသားမႈအတြက္ ေက်းဇူးပဲ"

ခ်ိန္ေပၚယန္မွာ ​ေကာ္ဖီတစ္ငံု ေသာက္လိုက္သည္။လမ္းခြဲဖို႔ကို သူက ေျပာျခင္းျဖစ္သည္။အေၾကာင္းျပခ်က္မွာ သူက မိန္းကေလးက္ို သေဘာမက်ေၾကာင္း သိလိုက္ရျခင္းေၾကာင့္ပင္။သူ႔အမွား ျဖစ္တာေၾကာင့္ ၊ ေရွာင္းလန္၏ သူငယ္ခ်င္းက သူ႔အား လာရွာၿပီး အျပစ္ေျပာသည့္ အခ်ိန္၌ ၊ သူ တစ္ေလ်ွာက္လံုး တစ္ျခားဆင္ေျခ မရွာခဲ့ေခ်။

ေနာက္ပိုင္း တစ္ႏွစ္ေလာက္ အခ်ိန္အတြင္းတြင္ သူ အၾကည့္အမ်ိဳးမ်ိဳးကို ရင္ဆိုင္ခဲ့ရသည္။ရြံရွာမုန္းတီးမႈ ၊ စူးစမ္းစမ္းသပ္မႈ ၊ ထူးဆန္းသည့္ အရာမ်ားကို အမဲလိုက္မႈ......သို႔ေသာ္လည္း သူကေတာ့ ဘာမွ မခံစားခဲ့ရေပ။လူေတြၾကားမွာ ျဖစ္ေနက်ပင္။ဒီအရာမ်ားကို သူ တည္တည္ၿငိမ္ၿငိမ္ လက္ခံႏိုင္ခဲ့သည္။

"နင္ ေပ်ာ္ရႊင္ဖို႔ ငါ တကယ့္စိတ္ရင္းနဲ႔ ေမ်ွာ္လင့္တယ္ ၊ ေပၚယန္"

ေရွာင္းလန္က ေျပာလိုက္သည္။

"နင္နဲ႔ သင့္ေတာ္တဲ့ အဲ့လူကို နင္ရွာေတြ့ဖို႔ ေမ်ွာ္လင့္မိတယ္ ၊ သေဘာထားခ်င္း မတိုက္ဆိုင္တာမ်ိဳး ျဖစ္ႏိုင္တယ္ ၊ အရမ္း ဆိုးဆိုးဝါးဝါး ရန္ျဖစ္တာမ်ိဳး ျဖစ္ႏိုင္တယ္ ၊ ဒါေပမယ့္ ဘယ္ေတာ့မွ လမ္းမခြဲတာမ်ိဳးေပါ့"

"ေက်းဇူးပဲ"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

------------

ရွန္႔ရွီးမွာ ဆိုင္ထဲကို သန္႔ရွင္းေနေအာင္ သိမ္းဆည္းလိုက္ၿပီးေနာက္တြင္ ၊ မီးဖိုခန္းထဲတြင္ အဆင္ေျပသလို ေရတစ္ေခါက္ ခ်ိဳးလိုက္ၿပီး ၊ ထပ္ခိုးခန္းေပၚ တက္လိုက္သည္။

ထပ္ခိုးခန္းက တကယ္ႀကီး နိမ့္ၿပီး ေမွာင္မည္းလွသည္။ရွန္႔ရွီးမွာ မတ္မတ္ပင္ ရပ္လို႔မရေခ်။ထို႔အျပင္ အရမ္းလည္း ေသးသည္။ကုတင္ေသးေလး တစ္လံုး ႏွင့္ ကုတင္ေခါင္းရင္းရိွ ဘီရိုအေသးေလး တစ္လံုးအျပင္ ၊ လႈပ္ရွားစရာ ေနရာ မက်န္ေတာ့ေပ။

သူ ခါးကိုင္း၍ ၊ သူေဌးမိန္းမက သူ႔အတြက္ ယူလာေပးသည့္ ေစာင္အခင္းအေဟာင္းမ်ားကို ကုတင္ေပၚ ခင္းလိုက္ၿပီး ၊ အိတ္အား ဘီရိုထဲ ထိုးထည့္လိုက္ကာ ၊ ၿပီးေနာက္တြင္ေတာ့ ကုတင္ေပၚ လွဲခ်၍ မ်က္လံုးမွ္ိတ္ကာ ေလတစ္ခ်က္ မႈတ္ထုတ္လိုက္မိသည္။

ကုတင္အခင္းျပားက ခ်ိန္ေပၚယန္အိမ္ရိွ ဆိုဖာကုတင္ႏွင့္ ႏိႈင္းယွဥ္လို႔ပင္ မရေခ်။သို႔ေသာ္လည္း သူ သည္းခံႏိုင္သည္ပင္။ATM စက္ထဲတြင္ေတာင္ အိပ္ခဲ့ဖူးသည့္ လူက ၊ အလုပ္ရိွၿပီး ၊ ကိုယ္ပိုင္ ေနရာငယ္ေလးလည္း ရိွကာ ၊ မယိမ္းမလႈပ္သည့္ ကုတင္တစ္လံုး ရိွေနတာက လံုေလာက္ၿပီပင္။

သူ ကုတင္ေပၚတြင္ ခဏေလာက္ၾကာေအာင္ ဟိုဘက္လိွမ့္လိုက္ ဒီဘက္လိွမ့္လိုက္ျဖင့္ ရိွေနသည္။ဖုန္းကို ထုတ္ယူ၍ ၾကည့္ၾကည့္လိုက္ရာ ၊ အားကုန္ေတာ့မည္ပင္။ထပ္ခိုးခန္းတြင္ လ်ွပ္စစ္မီးလံုး တစ္လံုးသာ ရိွသည္။ပလက္ေပါက္ မရိွေခ်။အားသြင္းခ်င္လ်ွင္ ေအာက္ထပ္ကို ဆင္းရမည္ပင္။

ရွန္႔ရွီးမွာ အခ်ိန္ကို ၾကည့္လိုက္မိသည္။အခုအခ်ိန္ ခ်ိန္ေပၚယန္က္ို ဖုန္းဆက္လိုက္ပါက ေနာက္က်သည္ဟု ေျပာ၍ မရေပ။သို႔ေသာ္လည္း သူ ဖုန္းက္ို ကိုင္ထားမိၿပီး အေတာ္ၾကာသည္အထ္ိ ဖုန္းမဆက္မိေခ်။ဖုန္းဆက္ၿပီး ဘာေျပာရမယ္မွန္း မသ္ိေပ။

ဖုန္းဆက္ရျခင္းက မ်က္ႏွာခ်င္းဆိုင္ စကားေျပာရျခင္းႏွင့္ မတူေပ။ခ်ိန္ေပၚယန္ အိမ္တြင္ ေနစဥ္က ၊ သူ စကားေျပာေနလ်ွင္လည္း ခ်ိန္ေပၚယန္က အဖက္လုပ္ခဲလွသည္။သို႔ေသာ္လည္း အေနရခက္သလိုမ်ိဳး သူ မခံစားရေပ။ဖုန္းဆက္လိုက္လို႔ ခ်ိန္ေပၚယန္က စကားမေျပာလ်ွင္ ေနရခက္သြားမွာပင္။

သို႔ေသာ္လည္း ခဏေလာက္ တံု႔ဆိုင္းေနမိၿပီးေနာက္တြင္ ၊ သူ ဖုန္းကိုလွမ္းေခၚလိုက္သည္။အခု အိပ္မေပ်ာ္တာေၾကာင့္ ၊ ဒီလို လွဲေနရတာက တကယ္ ခက္ခဲလွသည္။

ဖုန္းေခၚတာ ၀င္သြားခဲ့သည္။ရွန္႔ရွီးမွာ ဖုန္းေခၚသည့္ အသံကို နားေထာင္ေနမိသည္။တစ္သံ ၊ ႏွစ္သံ ၊ သံုးသံ........ေလးသံ ျမည္ၿပီးေနာက္မွာေတာ့ သူ ထူးထူးဆန္းဆန္းပင္ နည္းနည္း ယံုၾကည္မႈမရိွေတာ့သလို ခံစားလာရသည္။

ခ်ိန္ေပၚယန္ အလုပ္မ်ားေနတာမ်ားလား ၊ စာၾကည့္ေနတာလား ၊ ၪီးေနွာက္အထြဋ္အထိပ္ေရာက္ေအာင္ လုပ္ေနတာ........

သူ၏ ဘာမွလုပ္စရာမရိွ၍ စကားမရိွစကားရွာမည့္ ဒီဖုန္းေခၚဆိုမႈက ခ်ိန္ေပၚယန္အား စိတ္ရႈပ္သြားေစမွာ သူ စိုးရိမ္သြားမိသည္။

"အိုင္း"

ရွန္႔ရွီးမွာ ထထိုင္လိုက္ၿပီး ၊ ဖိနပ္စီး၍ ဖုန္းႏွင့္ အားသြင္းႀကိဳးကိုယူကာ ေအာက္ထပ္ဆီ ဆင္းလာခဲ့လိုက္သည္။ဖုန္းကို ေအာက္ထပ္ရိွ စားပြဲေပၚတြင္ တင္ကာ အားသြင္းလိုက္ၿပီး ၊ အေပၚ ျပန္တက္လာခဲ့လိုက္သည္။

ဖ်င္ရႉး ၊ ေက်ာက္က်ားေယာင္ ႏွင့္ သူ ဆက္ၿပီး မရွင္သန္ခ်င္ေတာ့သည့္ ဘ၀ကို စြန္႔ခြာလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ သူငယ္ခ်င္းကိုလည္း စြန္႔ခြာခဲ့ရသည္။မန္ထိုကလြဲ၍ သူႏွင့္ နီးနီးကပ္ကပ္ ဆက္ဆံေရးရိွသည့္ သူငယ္ခ်င္း ထပ္မရိွေတာ့ေသာ္လည္း ၊ ဖုန္းဆက္၍ စကားႏွစ္ခြန္းေလာက္ ေျပာလို႔ရသည့္ လူကေတာ့ ရိွေသးသည္ပင္။အခုေတာ့ အကုန္လံုးကို စြန္႔ခြာခဲ့ရၿပီျဖစ္သည္။

ရွင္းရွင္းလင္းလင္းပင္။

ရွင္းလင္းလြန္းေနသည္မွာ အထီးက်န္ၿပီး ပ်င္းရိကာ အိပ္မေပ်ာ္သည့္ အခ်ိန္၌ ၊ သူ ဆက္သြယ္လို႔ရသည့္ တစ္ၪီးတည္းေသာ လူမွာ ၊ မေမ်ွာ္လင့္ထားစြာျဖင့္ သူႏွင့္ မတူသည့္ ကမ႓ာတြင္ ရွင္သန္ေနၿပီး ၊ မိုးနတ္မင္းႀကီးသာ ညစာ မွားမစားမိလ်ွင္ ဒီဘ၀၌ လံုး၀ စကားေျပာႏိုင္ေလာက္မည့္သူ မဟုတ္သည့္ ခ်ိန္ေပၚယန္ ျဖစ္ေနသည္။

တကယ့္ကို အံ့ၾသစရာပဲ။

အိပ္ေတာ့မယ္ !

အိပ္သည္ဆိုသည္မွာ အိပ္ခ်င္တိုင္း အိပ္ေပ်ာ္သည့္ အရာမဟုတ္ေပ။ကုတင္ေပၚတြင္ ခဏေလာက္ ၾကာေအာင္ လူးလိမ့္ေနၿပီးေနာက္မွာေတာ့ ၊ ရွန္႔ရွီးမွာ ထထိုင္လိုက္မိသည္။အိပ္လို႔မေပ်ာ္ေပ။

သူ မတ္တပ္ထရပ္လိုက္ၿပီး ၊ ထပ္ခိုးခန္းတြင္ ခါးကိုင္း၍ သြားလိုက္လာလိုက္ျဖင့္ လမ္းေလ်ွာက္ေနလိုက္သည္။လွမ္းသြားလိုက္ ၊ တစ္လွမ္း ၊ ျပန္လာလိုက္ ၊ တစ္လွမ္း ၊ ေနာက္ဆံုးမွာေတာ့ သူ ျပတင္းေပါက္ ေဘးနားတြင္ ရပ္လိုက္မိသည္။

ထပ္ခိုးခန္း ထိပ္ႏွင့္ ထိကပ္ေနေသာ္လည္း သူ႔ရင္ဘတ္ေလာက္ အျမင့္သာရိွသည့္ ဒီျပတင္းေပါက္မွာ ရွန္႔ရွီးကို အေတာ္ေလး စိတ္လႈပ္ရွားသြားေစခဲ့သည္။ထပ္ခိုးခန္းႏွင့္ အျပင္ေလာက၏ ေလ၀င္ေလထြက္မွာ အဓ္ိကအားျဖင့္ ဒီျပတင္းေပါက္ကို မွီခိုအားထားေနရသည္။

ေလ၀င္ေလထြက္က အဆင္ေျပေသာ္လည္း အျပင္ဘက္က္္ို ၾကည့္ဖို႔ကေတာ့ မျဖစ္ႏိုင္ေပ။ဒီျပတင္းေပါက္က အဝိုင္းပံုစံ အေပါက္တစ္ခု ျဖစ္ၿပီး ၊ အေပၚဘက္တြင္ အေပါက္ေသးေလးမ်ား အမ်ားႀကီး ပါေနသည့္ သစ္သားျပားျဖင့္ ဖံုးအုပ္ထားသည္။

ရွန္႔ရွီးမွာ လက္ေခ်ာင္းတစ္ေခ်ာင္းအား အေပါက္တစ္ခုထဲသို႔ ထိုးထည့္လိုက္သည္။အေပါက္ကလည္း သူ႔လက္ေခ်ာင္းအရြယ္ေလာက္သာ ရိွသည္။လက္ေခ်ာင္းက္ို ထိုးထည့္လိုက္သည့္ ေနာက္တြင္ လႈပ္ရွားလို႔ရသည့္ ေနရာပင္ မရိွေတာ့ေခ်။

ဖုန္းက ေအာက္ထပ္ကေန အသံျမည္လာသည့္ အခ်ိန္၌ ၊ ရွန္႔ရွီးမွာ လက္ေခ်ာင္းအား ထိုအေပါက္ထဲကေန ျပန္ထုတ္ဖို႔ ႀကိဳးစားပမ္းစား လုပ္ေနသည့္ အခ်ိန္ျဖစ္သည္။

"ငါလူး ၊ ခဏေလး ! "

သူ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ၊ အေတာ္ေလး အလ်င္စလိုျဖင့္ တစ္ခ်က္ ေအာ္ေျပာလိုက္သည္။ဒီဖုန္းနံပါတ္က္ို သူေဌး ၊ ဖန္းယင္ႏွင့္ ခ်ိန္ေပၚယန္တို႔သာ သိသည္။ဖန္းယင္က ခုနကမွ သူႏွင့္ ဆက္သြယ္ၿပီးသြားျခင္း ျဖစ္သည္။သူေဌးကေတာ့ သူ႔က္ို ဖုန္းဆက္မွာ မဟုတ္ေပ။ခ်ိန္ေပၚယန္ ဖုန္းဆက္တာ ေသခ်ာသည္ပင္။

ရွန္႔ရွီးမွာ အရမ္းကို အလ်င္လိုေနမိသည္။သူ႔လက္ေခ်ာင္းက သ္ိသိသာသာက္ို အေတာ္ေလး သြယ္လ်ေနေသာ္လည္း ၊ အေပါက္တစ္ခုထဲ ထိုးထည့္ၿပီး ေဆာ့ရာကေန ၊ ဘယ္လိုျဖစ္ၿပီး သူ႔လက္ေခ်ာင္းထက္ ေသးသည့္ အေပါက္ထဲ ထိုးထည့္မိသြားလဲဆိုတာကို နားမလည္ႏိုင္ေတာ့ေပ။ေဘးနားမွာ ႀကီးတဲ့ အေပါက္ ရိွတာပဲဟာ ၊ ဘာလို႔ အဲ့ထဲကို မထိုးထည့္တာလဲ !

မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ဘူး ၊ ဘာျဖစ္လို႔ အေပါက္ထဲ ထိုထည့္ၿပီး ေဆာ့လိုက္ရတာလဲ !

ဖုန္းက အသံျမည္ေနဆဲပင္။ခ်ိန္ေပၚယန္ သူ႔ကို ဖုန္းဆက္တာက ၊ သူ ခ်ိန္ေပၚယန္က္ို ဖုန္းဆက္ျခင္းထက္ အမ်ားႀကီး ယံုၾကည္ခ်က္ ပိုရိွသည္ပင္။ဖုန္းက တစ္ခ်ိန္လံုး အသံျမည္ေနၿပီး ရပ္မသြားေပ။ဖုန္းေခၚဆိုမႈ တစ္ေခါက္ ရပ္သြားၿပီး ၊ ေနာက္တစ္ႀကိမ္ ဖုန္းေခၚသည့္ အသံ ထပ္ျမည္လာခဲ့သည္။

"ဖုန္းကိုင္လို႔ မရဘူး ! ခ်လိုက္ေတာ့ ! "

ရွန္႔ရွီးမွာ စိတ္မရွည္စြာျဖင့္ တစ္ခြန္းေအာ္ေျပာလိုက္ၿပီး ၊ ေဘးနားရိွ ေခြးေျခခံုေလးအား ေျခေထာက္ျဖင့္ လွမ္းဆြဲယူ၍ ထိုင္ခ်လိုက္သည္။လက္ေမာင္းကို ေျမႇာက္ထားရင္း ၊ နံရံကို မွီလိုက္ကာ ၊ အရမ္းကို စိတ္ပ်က္လာသလို ရုတ္တရက္ ခံစားလိုက္ရသည္။

"မင္းေမပဲ သြားေသလိုက္ေတာ့ ၊ ဘယ္လိုအစုတ္အပ်က္လဲ......"

-----------

ခ်ိန္ေပၚယန္မွာ ဖုန္းခ်၍ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ရွန္႔ရွီး ဖုန္းဆက္လာသည့္ အခ်ိန္က သူ အက်ႌခြၽတ္ၿပီး ေရခ်ိဳးကာစ အခ်ိန္ျဖစ္သည္။ဖုန္းက အသံႏွစ္ခ်က္သာ ျမည္ၿပီး အသံထပ္မထြက္လာေတာ့တာေၾကာင့္ ၊ အေနွာင့္အယွက္ေပးသည့္ ဖုန္းေခၚဆိုမႈ ျဖစ္သည္ဟု ထင္သြားရာ ၊ ဂရုမစိုက္ေတာ့ေပ။

ေအးေအးေဆးေဆး ေရခ်ိဳးၿပီး ထြက္လာသည့္ အခ်ိန္က်မွသာ ရွန္႔ရွီးေခၚထားမွန္း ေတြ့လိုက္ရသည္။အဆံုးသတ္တြင္ေတာ့ ဖုန္းျပန္ဆက္လိုက္ေသာ္လည္း ကိုင္သည့္လူ မရိွေပ။

ဒီလိုမ်ိဳး ေတြးဖို႔ ခ်ိန္ေပၚယန္ စိတ္ဆႏၵမရိွေသာ္လည္း ၊ ရွန္႔ရွီး တစ္ေလ်ွာက္လံုး ရွင္သန္လာခဲ့သည့္ ဘ၀အေျခအေနေၾကာင့္ သူ ထိန္းခ်ဳပ္မထားႏိုင္စြာ ေတြးလိုက္မိသည္......ဒီေကာင္ေလး ဘာကိစၥ ထပ္ႀကံဳေနျပန္ၿပီလဲ?

သူေဌးက ထပ္ခိုးခန္းထဲမွာ ေသာ့ခတ္ထားတာ ခံရတာလား?

အရိုက္ခံရျပန္တာလား?

ရွန္႔ရွီး ငွားထားသည့္ အခန္းက ဘယ္ေနရာမွန္း သူ မသိတာေၾကာင့္ ၊ အခုအခ်ိန္တြင္ သူ ဘာမွ မလုပ္ႏိုင္ေပ။ဖုန္းကိုယူ၍ အိပ္ခန္းထဲ၀င္ကာ စားပြဲေပၚ တင္ထားလိုက္ၿပီး ၊ စာဖတ္ေနရင္း ရွန္႔ရွီး ဖုန္းျပန္ဆက္လာမွာကို ေစာင့္ေနရံုသာ တတ္ႏိုင္သည္။

ဖုန္းက တစ္နာရီ ၾကာသြားၿပီးသည့္ အခ်ိန္က်မွ အသံျမည္လာခဲ့သည္။ခ်ိန္ေပၚယန္မွာ စာအုပ္ကို ပိတ္၍ ဖုန္းထပ္ဆက္ကာ ဘယ္လိုအေျခအေနရိွလဲ ေမးရန္ ျပင္ဆင္ေနခ်ိန္ျဖစ္သည္။

"ဟယ္လို?"

သူ ဖုန္းက္ို ​လက္ခံေျဖဆိုလိုက္သည္။

"......ကြၽန္ေတာ္ပါ ၊ ရွန္႔ရွီး"

ရွန္႔ရွီး၏ အသံ ပ်ံ့လြင့္လာခဲ့သည္။

"ခုနက ဘာျဖစ္လို႔ ဖုန္းမကိုင္တာလဲ?"

ရွန္႔ရွီး၏ အသံကို နားေထာင္ရတာ အေတာ္ေလး ပံုမွန္ျဖစ္ေနသည္ကို ၾကားလိုက္ရ၍ ၊ ခ်ိန္ေပၚယန္မွာ ေလတစ္ခ်က္ မႈတ္ထုတ္လိုက္မိၿပီး ၊ ကုလားထိုင္ေပၚ မွီခ်လိုက္သည္။

"ငါက မင္း တစ္ခုခု ထပ္ျဖစ္ေနတာလားလို႔ ထင္ေနတာ"

"မျဖစ္ပါဘူး ၊ ကြၽန္ေတာ္....."

ရွန္႔ရွီးက သက္ျပင္းခ်လိုက္ၿပီး

"ကြၽန္ေတာ္ ခုနတုန္းက လက္ေခ်ာင္းကို အေပါက္တစ္ခုထဲ ထိုးထည့္လိုက္တာ ၊ ျပန္ဆြဲထုတ္တာ မရေတာ့လို႔......."

"ဘာအေပါက္လဲ?"

ခ်ိန္ေပၚယန္မွာ နားေထာင္ေနရင္း ေၾကာင္အသြားမိသည္။

ရွန္႔ရွီးက က်စ္ခနဲ တစ္ခ်က္စုတ္သတ္လိုက္ၿပီး :

"နံရံေပၚက အေပါက္ေပါ့ ၊ ၾကည့္ရတာ ေဆာ့လို႔ ေကာင္းမယ့္ပံုပဲ ၊ ပ်င္းတာနဲ႔ လက္ေခ်ာင္းကို ထိုးထည့္လိုက္တာ ၊ ေနာက္ဆံုးက်ေတာ့......."

ခ်ိန္ေပၚယန္မွာ ႏွစ္စကၠန္႔ေလာက္ ေၾကာင္အေနမိၿပီး အသံထြက္ေအာင္ ရယ္လိုက္မိသည္။အေတာ္ၾကာသည္အထိ အရယ္မရပ္ႏိုင္ေခ်။ရယ္ေနရင္း ေျပာလိုက္သည္။ :

"စိတ္ထဲမထားနဲ႔ ၊ ငါ တမင္တကာ ရယ္ေနတာ မဟုတ္ဘူး"

"ရယ္ပါ"

ရွန္႔ရွီးက ေအာင့္သက္သက္ အသံျဖင့္ ေျပာလိုက္သည္။ေျပာၿပီးသြားသည္ႏွင့္ သူ႔ဘာသူ ရယ္လိုက္မိသည္။

"ကိုယ့္ကိုကိုယ္ အရူးလိုပဲ ကြၽန္ေတာ္ ထင္မိတယ္"

"ဒါဆို ဘယ္လိုလုပ္ ဆြဲထုတ္လို႔ ရသြားတာလဲ?"

ရွန္႔ရွီး၏ လက္ေခ်ာင္းအေျခအေနကို သူ ေတာ္ေတာ္ေလး စိတ္ပူေနသလိုမ်ိဳး ခ်ိန္ေပၚယန္ ခံစားလိုက္ရသည္။သို႔ေသာ္လည္း ထိန္းခ်ဳပ္ထား၍ မရပဲ ရယ္လိုက္မိျပန္သည္။

"လက္ေခ်ာင္းက ဒဏ္ရာ ရသြားေသးလား?"

"ဘယ္လို ျပန္ထုတ္လို႔ ရသြားတာလဲ မသိဘူး ၊ ကြၽန္ေတာ္ အဲ့နားမွာ လက္ေမာင္းကို ေျမႇာက္ထားၿပီး ထိုင္ေနလိုက္တာ ၊ ၿပီးေတာ့ အိပ္ေပ်ာ္သြားေရာ ၊ ႏိုးလာတဲ့ အခ်ိန္က်ေတာ့ တစ္ခ်က္ဆြဲလိုက္တာနဲ႔ ျပန္ထြက္လာတာ"

ရွန္႔ရွီးက ေျပာလိုက္သည္။

"ဒဏ္ရာလည္း မရဘူး"

"ေသြးေတြ ေျပာင္းျပန္စီးကုန္တာ"

ခ်ိန္ေပၚယန္မွာ ေျပာၿပီးသည္ႏွင့္ ထပ္ရယ္လိုက္မိျပန္သည္။ဒီတစ္ေခါက္ ရယ္တာက ပိုဆိုးသည္။

"စိတ္ထဲမထားနဲ႔ေနာ္ ၊ ငါ အရင္ဆံုး ခဏေလာက္ ရယ္လိုက္ၪီးမယ္"

"ခင္ဗ်ားမွာ ကိုယ္ခ်င္းစာစိတ္ နည္းနည္းေလးေတာင္ မရိွဘူးလား ၊ ေဒါက္တာျဖစ္ၿပီးေတာ့ ၊ ဆရာ၀န္ရဲ့ သနားၾကင္နာစိတ္က ဘယ္ေရာက္သြားၿပီလဲ ! "

ရွန္႔ရွီး အက်ယ္ႀကီး ေအာ္ေျပာလိုက္သည္။

"ဘာကို ကိုယ္ခ်င္းစာရမွာလဲ"

ခ်ိန္ေပၚယန္က ရယ္ရင္း ေျပာလိုက္သည္။

"မင္းကျဖင့္ အဲ့နားမွာ လက္ေျမႇာက္ထားၿပီးေတာ့ေတာင္ အိပ္ေပ်ာ္ေနတာကို"

ရွန္႔ရွီးက ဘာမျွပန္မေျပာပဲ ၊ ခဏေလာက္ ၾကာသြားကာမွ သူပါ လိုက္ရယ္လိုက္သည္။အေတာ္ၾကာသြားကာမွ တစ္ခြန္းေျပာလိုက္သည။ :

"တကယ္ႀကီး လက္ေျမႇာက္ထားရင္း အိပ္ေပ်ာ္သြားတာ"

"ခုနက ငါ့ကိုဖုန္းဆက္တာ ဘာေျပာခ်င္လို႔လဲ?"

ခ်ိန္ေပၚယန္က မတ္တပ္ထရပ္၍ စာအုပ္အား စာအုပ္စင္ထဲ ျပန္ထည့္လိုက္သည္။

"မသိဘူး ၊ အိပ္မေပ်ာ္လ္ို႔ ၊ ၿပီးေတာ့ ဘာမွလုပ္စရာ မရိွတာနဲ႔"

ရွန္႔ရွီးက ေျပာလိုက္သည္။

"ငါၾကည့္တာေတာ့ မင္း ဆိုင္ထဲမွာ အလုပ္လုပ္ရတာ ေတာ္ေတာ္ေလး ပင္ပန္းမွာပါ ၊ ေျပးသြားလိုက္ ေျပးလာလိုက္နဲ႔ ၊ ဘယ္လိုျဖစ္ၿပီး အိပ္မေပ်ာ္ရတာလဲ?"

ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး

"မင္း အခု အဆုတ္ေရာင္ေနတာလည္း မေကာင္းေသးဘူး ၊ ေသေသခ်ာခ်ာ အနားယူဖို႔ လိုေသးတယ္"

"အင္း ၊ ႏွစ္ရက္ေလာက္ အသားက်သြားရင္ အဆင္ေျပသြားမွာပါ"

ရွန္႔ရွီးက ႏွာရႈတ္လိုက္ၿပီး

"အမွန္ေတာ့ ပင္ပန္းတယ္လ္ို႔ ေျပာလို႔မရပါဘူး..........ခင္ဗ်ား အိပ္ေနၿပီလား?ေတာ္ေတာ္ေလး ေနာက္က်ေနၿပီ"

"အိပ္ေတာ့မလို႔"

ခ်ိန္ေပၚယန္က ​အခ်ိန္ကို ၾကည့္လိုက္ၿပီး

"မင္းလည္း အိပ္ေတာ့ေလ ၊ မနက္ျဖန္က်ရင္လည္း တစ္ေနကုန္ အလုပ္မ်ားရၪီးမွာ"

"ဒါဆိုလည္း ကြၽန္ေတာ္ ဖုန္းခ်လိုက္ေတာ့မယ္"

ရွန္႔ရွီးက ေျပာလိုက္သည္။

"ဂြတ္ႏိုက္"

ခ်ိန္ေပၚယန္ ျပန္ေျပာမွာကို မေစာင့္ေတာ့ပဲ ၊ သူ ဖုန္းကို ခ်လိုက္ေတာ့သည္။

-----------

ခ်ိန္ေပၚယန္မွာ အတြင္းလူနာေဆာင္တြင္ ေနရသည့္ အခ်ိန္က်မွသာ ၊ ေန့လည္စာ ဘာစားမလဲကို ေတြးေတာဖို႔ အခ်ိန္ရသည္။

ေခါက္ဆြဲ?ဆန္ျပဳတ္?

ဘယ္လိုျဖစ္လို႔ ဒီေလာက္ေတာင္ အသစ္အဆန္း မရိွရတာလဲ........

"ေဒါက္တာခ်္ိန္"

သူနာျပဳေလးတစ္ေယာက္က ရံုးခန္းထဲ ၀င္လာၿပီး

"ေန့လည္က်ရင္ ကြၽန္မတို႔ ရွားေကာထမင္း စားမလို႔ ၊ ရွင္ေရာ အတူတူ စားမလား?"

"ရွားေကာထမင္း?"

ခ်ိန္ေပၚယန္မွာ သူမကို ၾကည့္လိုက္မိသည္။

"ဟုတ္တယ္ေလ ၊ အရင္တစ္ေခါက္က တစ္ခါမွာစားဖူးတယ္ ၊ ရွင္က မစားဘူး ေျပာတာကိုး ၊ လမ္းေဟာင္းဘက္က အရမ္းစားေကာင္းတဲ့ ဆိုင္ေလ ၊ ဒီေန့စားမလား?စားမွာဆိုရင္ ေစာေစာမွာထားရမယ္ ၊ ေနာက္က်သြားရင္ သူတို႔ဆိုင္က ပို႔ေပးဖို႔ အခ်ိန္မအားေတာ့ဘူး"

သူနာျပဳေလးက ေျပာလိုက္သည္။

"ရွင္ မစားဘူးဆိုရင္ ၊ ရွင့္အတြက္ တစ္ျခားဟာ မွာေပးမယ္ေလ"

ခ်ိန္ေပၚယန္မွာ ထိုအခါက်မွသာ သတိရလာခဲ့သည္။သူနာျပဳေတြ အၿမဲတမ္း စားေနၾကတဲ့ အဲ့ရွားေကာထမင္းဆိုင္က ရွန္႔ရွီးအလုပ္လုပ္ေနတဲ့ ဆိုင္မ်ားလား?

သူ တစ္ခ်က္ေလာက္ တံု႔ဆိုင္းသြားမိၿပီး :

"စားမယ္ေလ"

"၀က္အူေခ်ာင္းနဲ႔လား?၀က္အူေခ်ာင္းနဲ႔က စားလို႔ေကာင္းတယ္ ၊ ပဲပင္ေပါက္တို႔ ၾကက္သြန္ျဖဴတို႔ ဘာတို႔ နည္းနည္း ထပ္ထည့္လိုက္"

သူနာျပဳေလးက သူ႔အား ၫႊန္းေပးေနသည္။

"ရတယ္"

ခ်ိန္ေပၚယန္က ေခါင္းညိတ္ျပလိုက္သည္။

-----------

ရွန္႔ရွီးမွာ ထမင္းဘူးတစ္ၿပံဳႀကီးကို သယ္၍ ေပ်ာ္ရႊင္စြာျဖင့္ ေဆးရံုထဲ ေျပး၀င္လာခဲ့လိုက္သည္။လူနည္းတာေၾကာင့္ ပံုမွန္ဆို မပို႔ေပးတတ္ပဲ ၊ အနီးအနားရိွ ကုမၸဏီတစ္ခုႏွင့္ ေဆးရံုကိုသာ ပို႔ေပးတတ္သည္ဟု သူေဌးက ေျပာသည္။ႏွစ္ေနရာစလံုးက ႏွစ္ၾကာေနၿပီျဖစ္သည့္ ေဖာက္သည္ေဟာင္းမ်ား ျဖစ္ေနလို႔ပင္။

ေန့လည္တြင္ အစားအေသာက္ သြားပို႔ေပးရမည္ဟု အရင္တုန္းက မေျပာထားတာေၾကာင့္ သူ မေပ်ာ္မရႊင္ ျဖစ္သြားမွာကို သူေဌးက စိတ္ပူေနေသးသည္။သို႔ေသာ္လည္း ရွန္႔ရွီးက စိတ္ထဲမထားပဲ ၊ ႏွစ္ေခါက္ ပို႔ေပးလိုက္သည္။မေမ်ွာ္လင့္ထားစြာျဖင့္ ေဆးရံုကို သြားလို႔ ရေနေသးသည္။ခ်ိန္​ေပၚယန္ႏွင့္ ေတြ့ခ်င္ ေတြ့ႏိုင္သည္ပင္။

သူ ေဆးရံုရိွ သူနာျပဳဌာနထဲ ေျပး၀င္လာခဲ့လိုက္သည္။သူနာျပဳတစ္ေယာက္က သူ႔ကို ျမင္သြားၿပီး ရယ္ျပလာကာ :

"ဘုရားေရ ၊ ရွန္႔ရွီး?ဘယ္လိုျဖစ္ၿပီး နင္က အစားအေသာက္ေတြ လာပို႔ေပးေနတာလဲ?"

"က်ယ္က်ယ္ မဂၤလာပါ ၊ ေနာက္ဆို ကြၽန္ေတာ္ပဲ လာပို႔ေတာ့မွာ ၊ ကြၽန္ေတာ္ အခု ဒီဆိုင္မွာ အလုပ္လုပ္ေနတာ"

ရွန္႔ရွီးက ထမင္းဘူးမ်ားကို စားပြဲေပၚ တင္လိုက္ၿပီး ၊ သူမတို႔ မွာထားသည့္ အစားအေသာက္မ်ားကို အျမန္ပင္ တစ္ေခါက္ ရြတ္ျပလိုက္သည္။

"မွန္ရဲ့လားလို႔ ၾကည့္ၾကည့္လိုက္ပါၪီး"

"မွန္တယ္"

သူနာျပဳေလးက ေခါင္းညိတ္ျပလိုက္ၿပီး ၊ သူ႔အား ပိုက္ဆံေပးလာကာ ၊ ထိုထဲမွ တစ္ဘူးကို ၫႊန္ျပ၍

"ေရွာင္လီ ၊ ေဒါက္တာခ်ိန္ ရံုးခန္းမွာ ရိွလား?နင္ သူ႔အတြက္ ယူသြားေပးလိုက္ၪီး"

"ေဒါက္တာခ်ိန္?ခ်ိန္ေပၚယန္လား?"

ရွန္႔ရွီးမွာ ထိုစကားက္ို ၾကားသည္ႏွင့္ တစ္ခြန္း ေမးလိုက္သည္။

"ကြၽန္ေတာ္ ယူသြားေပးလိုက္မယ္"

"အိုင္းရိုး"

သူနာျပဳေလးက ရယ္လိုက္ၿပီး

"ဒါဆိုလည္း နင္ယူသြားေပးလိုက္"

ရွန္႔ရွီး ရံုးခန္းထဲ ၀င္လာခဲ့သည့္ အခ်ိန္၌ ၊ ခ်ိန္ေပၚယန္က စားပြဲေပၚရိွ ေရးၿပီးကာစ အတြင္းလူနာ မွတ္တမ္းကို ေဘးတစ္ဖက္နား သိမ္းဆည္းေနသည္။ေခါင္းေမာ့ၾကည့္သည့္ အခ်ိန္၌ သူ႔ကို ျမင္သြားၿပီး ရယ္ျပလာကာ :

"တကယ္ႀကီး မင္းတို႔ဆိုင္မွာ မွာတာပဲ"

"ဟုတ္တယ္ေလ"

ရွန္႔ရွီးက လက္ထဲရိွ ထမင္းဘူးကို ေျမႇာက္ျပလိုက္ၿပီး

"ၿပီးေတာ့ ကြၽန္ေတာ္ လာပို႔ေပးတာေနာ္ ၊ ခင္ဗ်ားပါ စားလိမ့္မယ္လို႔ မထင္ထားမိဘူး ၊ ကြၽန္ေတာ္က ပို႔ၿပီးသြားမွ ခင္ဗ်ားကို လာရွာဖို႔ ေတြးထားတာ"

"ျမည္းၾကည့္မလို႔ ၊ အလုတ္နည္းနည္းေလာက္ေပါ့"

ခ်ိန္ေပၚယန္က ထမင္းဘူးကို ယူလိုက္ၿပီး

"အစားအေသာက္ပို႔တာ ေကာ္မရွင္ခရတာလား?"

"မရပါဘူး ၊ ေနရာ ႏွစ္ေနရာပဲ ပို႔ေပးတာ ၊ ေကာ္မရွင္ခ ေပးလည္း ယြမ္နည္းနည္းေပါ့"

ရွန္႔ရွီးက ေျပာလိုက္သည္။

"ခင္ဗ်ား ေနာက္တစ္ခါ စားခ်င္တယ္ဆိုရင္ ၊ ကြၽန္ေတာ့္ကို ႀကိဳေျပာေလ ၊ သူေဌးကို ခင္ဗ်ားအတြက္ ဆီနည္းနည္းပဲ ထည့္ခိုင္းလိုက္မယ္ ၊ ဒီဟာကို ခင္ဗ်ားစားရင္ ဆီမ်ားတယ္လို႔ ေသခ်ာေပါက္ ထင္မွာပဲ"

"ဘာမွမျဖစ္ပါဘူး"

ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး

"ေနာက္ပိုင္း မင္းခ်က္တတ္သြားမွ ငါ့အတြက္ သီးသန္႔ခ်က္ေပးေပါ့"

"ေျပာၿပီးသြားၿပီေနာ္"

ရွန္႔ရွီးက လက္ေျဖာက္တစ္ခ်က္ တီးလိုက္ၿပီး ၊ နံရံေပၚတြင္ ခ်ိတ္ထားသည့္ နာရီကို တစ္ခ်က္ၾကည့္လိုက္ကာ

"ကြၽန္ေတာ္ ျပန္သြားရေတာ့မယ္ ၊ ဧည့္သည္ေတြ လာေလာက္ၿပီ ၊ လူမ်ားတယ္"

"သြားေတာ့ေလ ၊ ငါ့အတြက္ တံခါးေလး တစ္ခ်က္ေလာက္ ပိတ္သြားေပး"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

"ဟုတ္ကဲ့ပါ"

ရွန္႔ရွီးက ႏွစ္လွမ္းေလာက္ ခုန္၍ ၊ ရံုးခန္းထဲမွ ထြက္ကာ တံခါးကို ေသခ်ာျပန္ပိတ္ေပးလိုက္သည္။

ဖန္းယင္မွာ ေဆးရံုအေပါက္၀တြင္ ရပ္ေနၿပီး ၊ ရွန္႔ရွီးထြက္လာတာကို ျမင္သည္ႏွင့္ ကင္မရာကို ေျမႇာက္၍ ဓာတ္ပံု ႏွစ္ပံုေလာက္ ရိုက္လိုက္ကာ ၊ အနားေလ်ွာက္သြား၍ တစ္ခြန္းထပ္ေမးလိုက္သည္။ :

"စိတ္အေျခအေန ေတာ္ေတာ္ေလး ေကာင္းေနတာပဲ?"

"အင္း ၊ ေကာင္းေနတယ္"

ရွန္႔ရွီးက ေျပာလိုက္ၿပီး ၊ လမ္းေဘးနားတြင္ ရပ္ထားသည့္ ဘတ္ထရီဆိုင္ကယ္ေပၚ တက္ခြလိုက္သည္။ဆိုင္ကယ္က သူေဌး၏ ဆိုင္ကယ္ပင္။အစားအေသာက္ပို႔တာ ၊ ဟင္း၀ယ္တာ အကုန္လံုး ဒီဆိုင္ကယ္သာ သံုးသည္။ဆိုင္ကယ္က 1997ေလာက္တုန္းက ဆိုင္ကယ္ျဖစ္၍ ၊ အရမ္းကို ေဟာင္းေနေလၿပီ။ေမာင္းလိုက္လ်ွင္ လမ္းေလ်ွာက္သြားတာထက္ သိပ္မျမန္ေပ။ၿပီးေတာ့ တင္းခြမ္းႏွင့္ တီးဝိုင္းအဖြဲ႔တစ္ဖြဲ႔ ပါလာသလို တစ္လမ္းလံုး အသံျမည္ေနေသးသည္။

"ဘာျဖစ္လို႔ စိတ္ခံစားခ်က္ေတြ ဒီေလာက္ေတာင္ ေကာင္းေနရတာလဲ?"

ဖန္းယင္က ေမးလိုက္သည္။

"အလုပ္က ဒီေလာက္ပင္ပန္းတာကို ၊ ငါ မနက္တုန္းက ၾကည့္လိုက္တာ ၊ မင္းရဲ့ ဟိုထပ္ခိုးခန္းကလည္း အရမ္း ေနရခက္......."

"အဲ့ဒါေၾကာင့္ ေျပာတာေပါ့"

ရွန္႔ရွီးက ေခါင္းလွည့္၍ ဖန္းယင္ကို ၾကည့္လိုက္ၿပီး

"ခင္ဗ်ား ၊ နဲ႔ ဓာတ္ပံုေတြကို ၾကည့္ေနၾကတဲ့ ဟိုလူေတြက ၊ ကြၽန္ေတာ္ အခု ျဖစ္ေနတဲ့ ခံစားခ်က္မ်ိဳးကို ဘယ္ေတာ့မွ ခံစားတတ္မွာ မဟုတ္ဘူး ၊ ျမင့္တဲ့လူေတြမွာ ျမင့္တဲ့ ေပ်ာ္ရႊင္မႈ ရိွသလို ၊ နိမ့္တဲ့လူေတြမွာလည္း နိမ့္တဲ့ေပ်ာ္ရႊင္မႈ ရိွတာပဲ ၊ ၪီးတည္ခ်က္ မတူၾကရံုပဲ ၊ ဒါေပမယ့္ တစ္ခ်ိဳ႕လူေတြက်ေတာ့ အန္ိမ့္ဆံုးမွာ ခက္ခက္ခဲခဲ အသက္ရွင္ေနရတဲ့ လူေတြကိုပဲ ၾကည့္ခ်င္ၾကတယ္ ၊ ကြၽန္ေတာ့္ဆီမွာ ခင္ဗ်ားလိုခ်င္တာမ်ိဳး ဓာတ္ပံုရိုက္မရဘူးလို႔ ထင္ရင္ ၊ ျမန္ျမန္ လူလဲလိုက္ေတာ့"

"ဟင့္အင္း"

ဖန္းယင္က ရယ္လိုက္ၿပီး

"ေတာ္ေတာ္ေလး ေကာင္းေနတာပဲကို ၊ မင္းရဲ့ ဒီစကားေတြေၾကာင့္ပဲ ၊ ငါက မင္းေနာက္ကို လိုက္ကိုလိုက္ရမွာ"

ရွန္႔ရွီး၏ ခံစားခ်က္မ်ားက တကယ္ကို အရမ္းေကာင္းမြန္ေနသည္။ထို႔အျပင္ ရက္အေတာ္ၾကာသည္အထိ တစ္ေလ်ွာက္လံုး အရမ္းကို ေကာင္းေနျခင္း ျဖစ္သည္။

ေန့တိုင္း လုပ္ရသည့္ အလုပ္မ်ားက မ်ားလွသည္။မီးဖိုအေရ႔ွက အလုပ္မ်ားကို သူ မလုပ္ရသည္ကလြဲၿပီး ၊ က်န္သည့္ အလုပ္မ်ားက အကုန္ သူ႔အလုပ္မ်ားျဖစ္သည္။ေတာ္ေတာ္ေလး ပင္ပန္းၿပီး ၊ ေတာ္ေတာ္ေလးလည္း ညစ္ပတ္လွသည္။သို႔ေသာ္လည္း သူ႔ကို စိတ္ေအးသလို ခံစားခ်က္မ်ိဳး ခံစားရေစသည္။သူေဌးက သေဘာေကာင္းလွသည္။သူ အလုပ္လုပ္ေနတာ တစ္လမျပည့္ေသးေသာ္လည္း ၊ လကုန္သည့္ အခ်ိန္၌ သူေဌးက သူ႔အား တစ္လစာ လုပ္အားခ တြက္ေပးသည္။

ထို႔အျပင္ တစ္ခါတစ္ေလဆို ေဆးရံုရိွရာဆီ တစ္ေခါက္ေလာက္ ေျပးသြားလို႔ ရေနေသးသည္။ခ်ိန္ေပၚယန္ အတြင္းလူနာေဆာင္တြင္ ရိွေနသည့္ အခ်ိန္မ်ိဳးဆို ၊ သူ စကားနည္းနည္းေလာက္ သြားေျပာတတ္ၿပီး ၊ တစ္ခါတစ္ေလဆို ျပင္ပလူနာဌာနဆီ သြား၍ ခ်ိန္ေပၚယန္၏ ရံုးခန္းအေရ႔ွကေန ခ်ိန္ေပၚ
န္အား သြားၾကည့္တတ္သည္။

စိတ္ခံစားခ်က္က ေကာင္းေနတာေၾကာင့္ ၊ ေန့တိုင္း မ္ိုးလင္းကေန မိုးခ်ဳပ္သည္အထိ စပိုင္လိုမ်ိဳး အေရ႔ွအေနာက္ ဘယ္ညာတြင္ ရိွေနကာ ၊ သူ၏ ၀မ္းနည္းေနသည့္ မ်က္ႏွာ ကင္မရာေပၚတြင္ ေပၚလာမွာကို ေစာင့္ေမ်ွာ္ေနတတ္သည့္ ဖန္းယင္ကိုလည္း စိတ္ရႈပ္ဖို႔ သတိမရေခ်။

သူ ဒီမွာ အလုပ္လုပ္ေနတာက ဖန္းယင္အတြက္ေတာ့ အဆင္ေျပသည္ဟု ေျပာ၍ ရသည္ပင္။ဖန္းယင္မွာ ႏွစ္ရက္ျခားတစ္ခါေလာက္ ေရာက္လာတတ္သည္။ၿပီးေနာက္တြင္ေတာ့ ဆိုင္ထဲတြင္ ရွားေကာထမင္းတစ္ပြဲမွာ၍ စားရင္း ရွန္႔ရွီးကို လိုက္ၾကည့္ေနတတ္သည္။

"ဒီကဟင္းေတြကို ခင္ဗ်ားအကုန္လံုး စားဖူးသေလာက္ ျဖစ္ေတာ့မယ္"

ရွန္႔ရွီးက ရွားေကာထမင္းအား ဖန္းယင္အေရ႔ွတြင္ ခ်ေပးလိုက္ၿပီး

"ဒါမွမဟုတ္ရင္လည္း ခင္ဗ်ား အဆင္သင့္ေနတာပဲ ၊ ရွားေကာထမင္း အေၾကာင္းကို ထပ္ေရးလိုက္ပါလား"

"ေျပာမရဘူး ၊ ေနာက္က် ငါ ဆိုင္တစ္ဆိုင္ ဖြင့္ျဖစ္သြားရင္ေရာ"

ဖန္းယင္က ေျပာလိုက္ၿပီး ၊ ဆိုင္ထဲကို တစ္ခ်က္ အကဲခတ္လိုက္ကာ

"သန္႔ရွင္းၿပီး လင္းလင္းခ်င္းခ်င္းရိွမယ့္ ပတ္၀န္းက်င္မ်ိဳး တစ္ခုေလာက္ လုပ္မယ္"

"အဲ့ဒါဆိုရင္ေတာ့ ေသခ်ာေပါက္ စီးပြားျဖစ္မွာ မဟုတ္ဘူး"

ရွန္႔ရွီးက ေျပာလိုက္သည္။

"ဒီမွာ စားတဲ့လူေတြက ဗရုတ္သုတ္ခေတြနဲ႔ ၾကည့္လိုက္ရင္ ႏွစ္ေပါင္းၾကာေနသလို ခံစားခ်က္မ်ိဳး ၊ တစ္ခ်က္ၾကည့္လိုက္တာနဲ႔ ဆိုင္ေဟာင္း ၊ အရသာ ေကာင္းမွန္း တန္းသိတယ္"

ဖန္းယင္က စဥ္းစားလိုက္ၿပီး :

"ေသခ်ာတဲ့ က်ိဳးေၾကာင္းဆီေလ်ာ္မႈလည္း ရိွတာပဲ"

သူေဌးမိန္းမ၏ ေနရာတြင္ ​ရွားေကာ ကုန္ေတာ့မည္ပင္။ရွန္႔ရွီးက မီးဖိုခန္း အေနာက္ဆီ သြား၍ နည္းနည္းယူေပးရန္ ျပင္လိုက္စဥ္မွာပင္ ၊ အေနာက္ဘက္ရိွ လူတစ္ေယာက္က တစ္ခြန္းေအာ္ေျပာလာသည္။ :

"၀က္ဆားနယ္ေျခာက္နဲ႔ ႏွစ္ပြဲ ၊ ၾကက္ဥထည့္ေပး ! "

"ဟုတ္ကဲ့ပါ ၊ ခဏေလာက္ ေစာင့္ေပးပါၪီး ! "

သူေဌးက တစ္ခြန္းျပန္ေျပာလိုက္သည္။

ရွန္႔ရွီးမွာ ထိုအသံကို ၾကားလိုက္ရသည္ႏွင့္ ၊ ခ်က္ခ်င္းဆိုသလို လူတစ္ကိုယ္လံုး ေနရာမွာပင္ ေတာင့္တင္းသြားခဲ့ၿပီး ၊ ေခါင္းလွည့္ၾကည့္၍ အတည္္မျပဳရဲေတာ့ေပ။

"ဆရာ၀န္က ငါအခု အာဟာရျဖည့္တင္းဖို႔ လိုတယ္လို႔ ေျပာတာ"

မိန္းကေလးတစ္ေယာက္က အေတာ္ေလး မေက်မနပ္ျဖစ္ဟန္ျဖင့္ ေျပာလိုက္သည္။

"နင္က ငါ့ကို ဒါမ်ိဳးေတြ ေကြၽးတယ္?"

"ေန့လည္ဆိုေတာ့ အဆင္ေျပတာ နည္းနည္း စားလိုက္ပါ ၊ ညက်ရင္ေတာ့ မင္းကို စားေကာင္းတာ လိုက္ေကြၽးမယ္"

ေယာက်ာ္းေလးက ေျပာလိုက္သည္။

ရွန္႔ရွီးမွာ ဆက္နားေထာင္ မေနေတာ့ပဲ ၊ ေခါင္းငံု႔၍ မီးဖိုခန္းဘက္ဆီ အျမန္ေလ်ွာက္လာခဲ့လိုက္သည္။သူေဌးက စားပြဲေတြ သြားရွင္းဖို႔ သူ႔အား လွမ္းမေခၚခင္ ေရွာင္ေနရန္ ေတြးလိုက္သည္။သို႔ေသာ္လည္း ေနာက္က်သြားၿပီပင္။သူေဌးက သူေဌးမိန္းမ ဟင္းခ်က္ေနသည္ကို ကူေနရင္း သူ႔အား တစ္ခြန္းလွမ္းေအာ္ေျပာလာသည္။ :

"ဟုန္ထူ ၊ ဟိုဘက္က စားပြဲကို တစ္ခ်က္ သြားရွင္းလိုက္ၪီး"

Continue Reading

You'll Also Like

33.5K 1.1K 11
"𝙄 𝙟𝙪𝙨𝙩 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙮𝙤𝙪 𝙨𝙝𝙞𝙣𝙚 '𝘾𝙖𝙪𝙨𝙚 𝙄 𝙠𝙣𝙤𝙬 𝙮𝙤𝙪 𝙖𝙧𝙚 𝙖 𝙨𝙩𝙖𝙧𝙜𝙞𝙧𝙡" 𝐈n which 𝘊hoi 𝘏ana joins the hottest r...
1.7M 98.7K 88
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
10.5K 1.5K 31
Title : Replacing the Evil Way | 置换凶途 Author : Cat Tea Beaver | 猫茶海狸 Chapter : 99 + 5 Extras (Completed)
15.5K 588 19
Jisung a typical college student who was forced into an arrange marriage with non other than the famous lee Minho the CEO of the biggest company in S...