အပိုင်း (68)
မဟုတ်ဘူး...ငါ...Lord ကို ယုံကြည်ရမယ်...သူလိမ်နေတာလဲ ဖြစ်နိုင်တာပဲ..သူက ဘာလို့ရဲတိုက်ထဲ ဝင်လာနိုင်ရတာလဲ...
စိတ်ရှုပ်လာပြီ...ဘာပဲဖြစ်ဖြစ်... ငါက Lord ရဲ့ ရည်းစား...အယ်.... မဟုတ်သေးဘူး..ငါက Lord.ချစ်သူ....
"မဟုတ်ဘူး...ခွန်း ကသာ Lord အချစ်ဦး...."
ဒီတော့ သူမက လှောင်ပြုံးလေးဖြင့်...
"မယုံဘူးလား...ငါက သာ Lord အချစ်ဦးဆိုတာကို"
"မယုံဘူး......Lord ရဲ့ အချစ်ဦးက ခွန်းဆုဟေသာပဲ....အဲ့သူကလဲ...ငါပဲ..."
Lord အကြောင်းအချေအတင်များနေသည့်
သူတို့နှစ်ဦးကိုကြည့်ကာ
ဘဝမှာ ပထမဆုံး အကြိမ် Lord မြန်မြန်လာဖို့
မျှော်နေမိသည့် သုတ.....
ဒီအချိန်ရောက်လာသည့် နှင်းစက်နဲ့ ဖြူစင်နွယ်
ခွန်း က သူ့လူတွေကို ကြည့်ကာ...
"မမတို့ သူ့ကို သိလား"
ဖြူစင်နွယ်က သေချာကြည့်ကာ
"သိဘူး....."
နှင်းစက် က သေချာကြည့်မှ...
"သခင်မလေး...ဆူး....အိမ်ရှေ့စံမင်းသမီး..."
နှင်းစက်အသံကြောင့်အကုန်လုံးက အံ့သြ
ကုန်ကြသည်။
ချက်ချင်း အရိုသေပေးကြသည်။
ခွန်း က လွဲရင်ပေါ့.....သူ့ကိုယ်သူဘာလုပ်ရမှန်းမသိကြောင်တောင်တောင်ဖြစ်နေသည်။
ဆူးက သူတို့ကိုကြည့်ကာ
"ဟာ...ဘာတွေလျှောက်လုပ်နေတာလဲ..အဲ့တာ
ဦးလေး Lord ခေတ်ကဟာတွေ...ထားခဲ့လိုက်တော့"
ဒီချိန်မှာပဲ ဆိုက်မြိုက်စွာ ရောက်လာသည့် Lord....
"ဆူးရဲရဲ...."
ဆူး က အကို Lord အသံကြားတော့...
ခေါင်းလေးငုံကာ နှုတ်ဆက်သည်။
"ရောက်တာနဲ့...ငါ့ဆီလာနှုတ်ဆက်မယ့်အစား...မဟုတ်တာတွေလုပ်နေတယ်ပေါ့..."
"မဟုတ်ပါဘူး.... "
ချက်ချင်း မျက်နှာငယ်လေးနဲ့
ခုနက ပုံစံနဲ့ တခြားဆီ
"မင်းဝတ်စားထားတာ ကြည့်စမ်း...ဒါလား...ရဲတိုက်ကိုလာတယ့် မင်းသမီး ပုံစံ လား"
"အဲ့ ဂုဏ်ပုပ်ကြီး တပ်တပ်မခေါ်နဲ့...မလိုချင်ဘူး.."
"......"
Lord က ခွန်း အနားကို ကပ်ကာ ခါးလေးကို ဖက်လိုက်သည်။
"ဒါ...ကိုယ့်ညီမ ဝမ်းကွဲ....ဆူးရဲရဲ... အိမ်ရှေ့စံမင်းသမီး"
ဆူးရဲရဲ မသိဘဲနေမလား.....Lord အမျိုးသမီး
ရထဲက ရဲတိုက်ကထွက်သွားတယ့်....Lord ညီမ ၀မ်းကွဲ
ဒါပေမယ့် ဒီအတိုင်းသိခဲ့တယ့်အကြောင်းပါ....
ဆူးရဲရဲ က သူ့အကို ကို ကြည့်ကာဖြင့်
"Lord...ဆူးကို ချစ်လား...အဲ့တစ်ယောက်ကို
ချစ်လား"
Lord က ရုပ်တည်နဲ့ပဲ ချက်ချင်းပြန်ဖြေသည်။
"ခွန်း ကို ချစ်တယ် "
ခွန်း က မျက်လုံးလေးဝိုင်းကာဖြင့် ကြောင်တောင်တောင်လေးကြည့်နေသည်။
ဆူးရဲရဲ လက်ခုတ်တီးကာဖြင့်
"WOW...Lord အများကြီး ပြောင်းလဲ သွားတာပဲ.."
"ငါ...က...မင်းအကိုပါ...ရိုရိုသေသေ ဆက်ဆံ.."
"ကောင်းပါပြီရှင့်...."
Lord က သူ့ ညီမ ကို ကြည့်ကာ...
"သွားနားတော့လေ"
"ဟုတ်ကဲ့.... သွားပြီနော်..."
ဆူးရဲရဲ က ထွက်သွားသည်။
Lord က ခွန်း ကို ကြည့်ကာ...
ခွန်း မျက်ဝန်းတွေက ကြောက်ရွံ့နေသလိုပဲ
"ခွန်း...ဘာဖြစ်လို့လဲ."
"မင်းသမီး ကြည့်ရတာ...ခွန်းကို သဘောမကျဘူးထင်တယ်"
"အဲ့တာတော့ ကိုယ်လဲ မသိဘူး....ကိုယ့်ချစ်သူကို ကိုယ်ပဲ သဘောကျဖို့လိုတာပါ..အခြားသူမလိုပါဘူး"
သုတ က ဒါကို ကြည့်နေရင်း...ငါရှေ့လာ Ro နေပြန်ပြီလား.....
သုတက Lord ကို ကြည့်ကာ
"Lord အလုပ်ရှိနေသေးတယ်မလား..."
Lord က မျက်မှောက်ကြုံပြီး သူ့လက်ထောက်ကို လှည့်ကြည့်တော့..
လက်ထောက်က ခေါင်းညှိမ့်ပြသည်။
"ကိုယ်သွားလိုက်အုံးမယ်..ခွန်း.... "
ခွန်း က ခေါင်းလေးသာ ညိမ့်ပြသည်။
Lord ထွက်သွားတော့....ခွန်း က တစ်ခုခုကို စိတ်ထစ်နေသည်။
"ခွန်း....ဘာဖြစ်နေတာလဲ... "
"ဘာမှ မဟုတ်ပါဘူး... "
"ခုနက တစ်ယောက်က ဆူးရဲရဲ သူတောင်အရွယ်ရောက်လာပြီပဲ"
"နင်သိလို့လား...အဲ့လိုပြောနေတာဆိုတော့"
"မသိဘူးလေ...ဒါပေမယ့် မြင်ဖူးတယ်"
"နင်တော့..ဘာတွေပြောနေမှန်းကိုမသိဘူး.."
ခွန်း က သုတကို နားမလည်နိုင်စွာကြည့်နေရင်း
"အရူး...."
"နင်ကမှ အရူး..."
~~~~~~~~~~~❤❤❤❤❤~~~~~~~~
ဆူးတစ်ယောက် သူမ မှန်ပြတင်းက ကြည့်လိုက်ရင်
ခွန်း ပန်းချီဆွဲတာကို မြင်ရသည်။
သူမရဲ့ လက်ထောက်က ဝင်လာခဲ့သည်။
"သခင်မလေး....."
"ငါ့ အဲ့တစ်ယောက် အကြောင်း သိချင်တယ် စုံစမ်းခဲ့"
"ဟုတ်ကဲ့....သခင်မလေး"
ဆူးက ရေချိုးပြီး အပြင်ပြန်ထွက်လာတော့...
သူမ လက်ထောက်က စုံစမ်းပြီးလေပြီ။
ခွန်းတစ်ယောက်ရဲတိုက်ထဲ ဖြတ်သန်းခဲ့တာတွေကို သိခဲ့ရသည်။
ဆူးက အဝတ်စားလဲကာ ခွန်း ပန်းချီဆွဲတယ့်နေရာကိုသွားသည်။
"မင်းတို့နှစ်ယောက် ခဏ ရှောင်နေ..ငါ သူနဲ့စကားပြောမလို့"
"ဒါပေမယ့်..."
ခွန်း က အစကတည်း က ပြင်ဆင်ပြီးသားပါ အနိုင်ကျင့်လဲ သည်းခံထားမယ်လို့ပေါ့....
"ဖယ်နေပေးပါ..."
ခွန်း အသံကြားမှ.နှင်းစက် နဲ့ ဖြူစင်နွယ် က... နောက်ဆုတ်သွားကြသည်။
ဆူးက ခွန်းကို ကြည့်ကာ
"အဲ့အဘိုးကြီးကို အဲ့လောက်ထိ ပေးဆပ်ရတာ
တန်လို့လား"
"......."
ခွန်း မျက်လုံးလေးပြူးကာ
"အဘိုးကြီး....."
"Lord.ကို ပြောတာလေ...မင်းအသက်က
ငါ့ထက်တောင် အများကြီး ငယ်တယ်...
သူနဲ့သာဆို မြေးအဖိုးတောင်ဖြစ်နေပြီ"
"အဲ့လောက်ထိ မဟုတ်ပါဘူး..."
"Lord ကို ချစ်ရတာ မလွယ်ဘူးမလား"
"......"
ခွန်း က နှုတ်ဆိတ်နေသည်။
"ပေးဆပ်ရတာ.. တန်တယ်ထင်လား..."
"တန်တယ်....သခင်မလေး..."
"ငါ့ကို ဆူးလို့ပဲ ခေါ်ပါ...ငါက ရဲတိုက်မှာ အငယ်ဆုံး ဖြစ်ခဲ့တာ...ငါ့က အငယ်ပဲ ဆက်ဖြစ်ချင်တာ...အသက်မကြည့်ဘဲ.. လွတ်လွတ်လပ်လပ် ပြောရအောင်...."
"ဒါဆို...ဆူး လို့ပဲ ခေါ်ပါ့မယ်..."
ဆူးက ခွန်း ကို ကြည့်ပြီး နောက်...
"ဘာလို့တန်တယ်ထင်တာလဲ"
"Lord အချစ်က တန်ဖိုးဖြတ်မရလို့ပါ"
ဆူး က သဘောကျသွားသည်။
"မင်းတော့ အချစ်ထဲ နစ်ဝင်နေပြီ ပဲ.."
"ဟုတ်တယ်...မလိမ်တော့ပါဘူး..Lord အချစ်အိုင်ထဲနစ်နေတာကြာပါပြီ.."
"ဒါဆို ပန်းချီဆွဲတတ်တာလား..ဘယ်လောက်ထိဆွဲတတ်လဲ"
အပျော်ဆွဲနေတာလဲ..ဖြစ်နိုင်လို့...မေးကြည့်တာ
"အင်း..ကောင်းကောင်းဆွဲတတ်တယ်"
"ဒါဆို ငါ့ပုံလေး...တစ်ပုံလောက်...ဆွဲပေးနိုင်လား"
"အင်း...."
"ငါ့မှာ...ရိုက်ထားတယ့် ဓာတ်ပုံရှိတယ် အဲ့ဓာတ်ပုံကို ကြည့်ဆွဲလို့ရမလား..."
"ရတယ်လေ..."
ဓာတ်ပုံ တော်တော်ကြီးတယ့် လူတစ်ရပ်စာလောက်ရှိတယ်...
အဲ့တာကြီးထုတ်လာသည်။
ဆူး...အိမ်ရှေ့စံဘွဲ့ယူတုန်းက ပုံ.....
အသက်က တော်တော်ငယ်သေးသား ကလေးရုပ်နဲ့
ခွန်း က ပန်းချီဆွဲနေတုန်း... ဆူးက သစ်ပင်ကိုမှီကာဖြင့်ထိုင်နေသည်။
"ဆူး...တစ်ခုလောက်မေးလို့ရမလား"
"မေးလေ..."
"ဘာလို့...ဆူး..ရဲတိုက်က ထွက်သွားတာလဲ"
".တဂယ်တော့ အသက်ပြည့်သွားရင် ကမ္ဘာပတ်မှာ ဆိုတယ့် စိတ်ကူးကြောင့်ပါ...ဒါပေမယ့် ရဲတိုက်ကို ပြန်မလာတယ့် အကြောင်းအရင်းက ..ဟို မသာမ မိုးဝဏ္ဏထက် ကြောင့် အဲ့ခွေးမ က ကျောင်းမှာထဲက အရမ်းယုတ်မာတယ်... ငါသူ့ကို ကြည့်လို့ကိုမရတာ...သူက ရာရာစစ ငါ့အကိုကို ယူတယ်...မတန်
မရာ...သေတာအေးတယ်...."
"ခွန်း ကိုရော ဘယ်လို မြင်လဲ... "
"မဆိုးပါဘူး....ဝတ္ထုထဲ က မင်းသမီး လေးလိုပဲ"
ဆူးက တဂယ်ချစ်ဖို့ကောင်းတယ့် ခပ်ဆိုးဆိုး မိန်းကလေးပါ....
"Lord မိသားစုကရော.....ဆွေမျိုးတွေ
ဘာမှမတွေ့ရဘူးနော်"
"အဲ့ဒါက... တော်ဝင် ညစာ စားပွဲကြရင် အကုန်တွေ့ရလိမ့်မယ်"
"WOW....တဂယ်တော့ တော်ဝင်မိသားစုအကြောင်းကို မကြာသေးမှီက လိုင်းပေါ်ကနေဖက်ကြည့်သေးတယ်....အဲ့ထဲမှာ...Lord အဒေါ်...မင်းသမီးကြီး ထိပ်ထား.....ကို အပြင်မှာ မြင်ဖူးချင်ခဲ့တာ..သူက
ကမ္ဘာ့အတော်ဆုံး ပန်းချီဆရာထဲက တစ်ယောက်လေ.."
"အော်.....အန်တီ ထိပ်ထားက တွေ့ချင်တိုင်းတွေ့မရဘူး...Lord နဲ့လဲ မတည့်ဘူး...."
"ဟမ်..."
"Lord မှာ ရန်သူတွေ များတယ်...သူနဲ့တည့်တယ့်သူဆိုလို့ရှားရှားပါးပါး...ငါတစ်ယောက်ထဲရှိတာ..သူ့မိဘနဲ့တောင်မတည့်ဘူး...."
"အော်...Lord....ရယ်..."
စကားတွေပြောရင်း ပန်းချီ ဆွဲလိုက်တာ
ပြီးသွားလေရဲ့....
"ပြီးပြီ...လှလား...ဝေဖန်ပေးပါအုံး..."
ဆူးက ကြည့်လိုက်ချိန်....အရမ်းလက်ရာမြောက်တာကို မြင်လိုက်ရသည်။
"အရမ်းကို လှတယ်...ငါသဘောကျလိုက်တာ...
ငါတော့ ခွန်းကို ညစာနဲ့...ဧည့်ခံမှဖြစ်တော့မယ်"
"တဂယ်လား...အပြင်မှာ လိုက်ဝယ်ကျွေးမှာလား.."
"ကျွေးမှာပေါ့......"
"Lord လွှတ်မှာ မဟုတ်ဘူး...."
"အဲ့ အဘိုးကြီး ခေါက်ထားလိုက်... သွားမယ်..လာ"
ဆူးက ခွန်းကို ခေါ်သွားသည်။
ဖြူစင်နွယ် နှင်းစက်နဲ့ သူမလက်ထောက် ကိုယ်ရံတော် တွေလဲ ပါသည်။
အပိုင်း (69)
အပိုင်း (68)
မျှော်နေမိသည့် သုတ.....
"မမတို့ သူ့ကို သိလား"
"သိဘူး....."
ကုန်ကြသည်။
"ဆူးရဲရဲ...."
"မဟုတ်ပါဘူး.... "
ခုနက ပုံစံနဲ့ တခြားဆီ
"......"
ချစ်လား"
"ခွန်း ကို ချစ်တယ် "
"ကောင်းပါပြီရှင့်...."
"သွားနားတော့လေ"
"ဟုတ်ကဲ့.... သွားပြီနော်..."
ဆူးရဲရဲ က ထွက်သွားသည်။
"ခွန်း...ဘာဖြစ်လို့လဲ."
သုတက Lord ကို ကြည့်ကာ
"ခွန်း....ဘာဖြစ်နေတာလဲ... "
"ဘာမှ မဟုတ်ပါဘူး... "
"အရူး...."
"နင်ကမှ အရူး..."
~~~~~~~~~~~❤❤❤❤❤~~~~~~~~
"သခင်မလေး....."
"ဟုတ်ကဲ့....သခင်မလေး"
"ဒါပေမယ့်..."
"ဖယ်နေပေးပါ..."
ဆူးက ခွန်းကို ကြည့်ကာ
တန်လို့လား"
"......."
"အဘိုးကြီး....."
"......"
"တန်တယ်....သခင်မလေး..."
"ဘာလို့တန်တယ်ထင်တာလဲ"
ဆူး က သဘောကျသွားသည်။
"အင်း...."
"ရတယ်လေ..."
အဲ့တာကြီးထုတ်လာသည်။
"မေးလေ..."
မရာ...သေတာအေးတယ်...."
ဘာမှမတွေ့ရဘူးနော်"
"ဟမ်..."
"အော်...Lord....ရယ်..."
ပြီးသွားလေရဲ့....
ငါတော့ ခွန်းကို ညစာနဲ့...ဧည့်ခံမြှဖစ်တော့မယ်"
"ကျွေးမှာပေါ့......"
အပိုင်း (69)