True Star _Volume (4) _ Chapter (43) ငါ့ကို ယုံကြည်ဖို့ မျှော်လင့်တယ်
Tang Feng သည် အိပ်ခန်းတံခါးဝတွင် မလှုပ်မယှက် ရပ်နေပြီး ကုတင်ပေါ်တွင် အိပ်ပျော်နေသော Lu Tian chen ကို သူ့မျက်လုံးများဖြင့် မမှိတ်မသုန် စိုက်ကြည့်နေသည်။
Lu Tian chen သည် မနေ့ညက အမေရိကန်သို့ လေယာဉ်ဖြင့် ရောက်ရှိလာပြီး လေယာဉ်ပေါ်မှ ဆင်းပြီးနောက် အနားယူခြင်းမရှိဘဲ သူရှိရာကို တစ်ချိုးတည်း ထွက်လာခဲ့သည်။ Tang Feng က Lu Tian chen သူရှိသည့်နေရာကို ဘယ်လိုရှာတွေ့မှန်း မသိပေမယ့် အဲဒီလူက တစ်ညလုံး မအိပ်ပဲ သူ့ကို စောင့်ပေးနေခဲ့သည်။
ဟိုတယ်ကိုပြန်ရောက်တော့ Lu Tian chen က ရေချိုးခန်းထဲဝင်သွားပြီး Tang Feng က အခြားအခန်းတွင် ရေချိုးပြီး သူ့အတွက် အဝတ်အစားတွေ ပေးဖို့ လာခဲ့ချိန် ထို အမျိုးသားသည် သူ၏ အိပ်ယာပေါ်တွင် စောင်ခြုံကာ အိပ်ပျော်သွားနှင့်သည်ကို တွေ့ခဲ့ရသည်။
လုထျန်းချန်၏ ကိုယ်က ပိုမိုပိန်ပါးလာသည်ဟု ခံစားလိုက်ရပြီး သူ့ရဲ့မျက်လုံးတွေအောက်နားမှာ အိပ်ရေးပျက်ရလွန်းလို့ အပြာရောင်သဲ့သဲ့ပင် သန်းနေခဲ့သည်။ Lu Tian chen ဟာ ပုံမှန်ဆိုလျှင် ဒီလိုအချိန်မျိုးမှာ အိပ်မောကျသွားလေ့မရှိပေမယ့် သူလည်း လူသားတစ်ယောက်ဖြစ်သဖြင့် သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်နေသလဲဆိုတာ ဒါက ပြသနေသည်။ သူ့ရဲ့ ပင်ပန်းမှုကို နံဘေးမှ Tang Feng ကဲ့သို့သော သာမန်လူများပင် ခံစားနေရသည်။ .
"သူ့ကို မကြည့်နဲ့တော့ ။ မဟုတ်ရင် ကိုယ် သဝန်တိုမိလိမ့်မယ်။"
Charles က ထျန်းဖုန်း၏ကိုယ်ကို အနောက်ကနေ ညင်သာစွာ ပွေ့ဖက်လိုက်ပြီး Tang Feng ရဲ့ပါးပြင်ထက်မှ အနမ်းတစ်ခုခိုးယူပြီး အက်ရှစွာပြောလိုက်သည်။
"တစ်ခုခုစားဖို့ ထွက်လာတော...ကိုယ် မင်းကို မနက်စာစားဖို့ လာခေါ်တာ"
အော်စကာဆုပေးပွဲပြီး နောက်တစ်နေ့မှာတော့ သတင်းစာတွေက မနေ့ကအကြောင်းတွေ အကုန်လုံးကို ရေးသားဖော်ပြခဲ့သည်။
ဤအရာအားလုံးက ဖီးနစ်ထျန်းနှင့် ပတ်သတ်သည့် နောက်ဆုံး သတင်းဖြစ်မည်ဟု ထင်သည်။ နောင်ဆိုှလျှင် ကွယ်လွန်သွားပြီးသည့် သရုပ်ဆောင် ဖီးနစ်ထျန်းအကြောင်းကို သတင်းစာတွေထဲမှာ ခုလို ဝေဝေဆာဆာ အပြိုင်ဆိုင်ဖော်ပြသည်ကို မြင်ရဖို့ ခက်ခဲလိမ့်မည် ထင်သည်။
ထိုသတင်းများကို နည်းနည်းကြည့်ပြီးနောက် ထျန်းဖုန်းက သတင်းစာကို ဘေးကို ချကာ ဖျော်ရည်ကို တစ်ငုံသောက်လိုက်သည်။
"Lu Tian chen လာမှာကို ခင်ဗျား ကြိုသိထားတာလား?"
Charles က ထိုသတင်းမရဘူးဆိုတာ သူ လုံးဝ မယုံပေ။ ဒါကြောင့် မနေ့က တညလုံးအပြင်မှာထိုင်ပြီး ပြန်မလာတာကြောင့် Charles က နည်းနည်းလေးတောင် အံ့သြသွားပုံမပေါ်ခဲ့ပေ။
သူနဲ့ Lu Tian chen က မနက်မိုးလင်းလို့ အပြင်ကနေ အတူတူ ပြန်လာတဲ့အခါ Charles က သိပ်ပြီး ထွေထွေထူးထူး တုံ့ပြန်မှု မရှိဘဲ လုထျန်းချန်ကို ပြောလိုက်သည်။
"ငါ့ဘေဘီထျန်းရဲ့ လက်ကို မှုတ်ပေးလိုက်ဦး။ အပြင်မှာ ဒီလောက်အေးနေတာ... လက်တွေ အေးစက်နေတာ ကြည့်စမ်း...."
"ငါ့ခွင့်ပြုချက်မရှိရင် ဒီကောင် မင်းနဲ့ စင်တီမီတာဝက်လောက်တောင် မကပ်ရဲဘူး"
Charles ရဲ့ စကားအရ သူ့ခွင့်ပြုချက်မရှိရင် ဘယ်ယောက်ျားမှာ သူ့နားကို ကပ်ခွင့်မရသလို....
ဒါကိုကြားတော့ Tang Feng က မျက်စောင်းထိုးကာ မျက်နှာချင်းဆိုင်က ချားလ်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"ခင်ဗျားရဲ့ ခွင့်ပြုချက် ဟုတ်လား...? ခင်ဗျားက Lu Tian chen ကို ကျွန်တော့်နား ချဉ်းကပ်ခွင့်ပေးတာတဲ့လား "
Tang Feng က နူတ်ခမ်းထောင့်ကို တွန့်ကာ ပြုံးလိုက်ပြီး စားပွဲမျက်နှာပြင်ပေါ် လက်ညှိုးဖြင့် ညင်သာစွာ တဟ်ဒေါက်ဒေါက် ခေါက်လိုက်သည်။
" တွန့်တိုတတ်တဲ့ Charles က ဘယ်တုန်းက ဒီလောက် ရက်ရောတတ်သွား ခဲ့တာလဲ"
Charles က ပြုံးကာ မျက်လုံးတစ်ဖက်ကို မှိတ်လိုက်ကာ ပြန်ဖြေခဲ့သည်။
"ကိုယ်က အမြဲတမ်း ရက်ရောတဲ့သူပါ အချစ်လေး.... မင်းကိုယ့်ကို ဒီလောက်နားလည်မှုလွဲနေတာ ကိုယ် ဘယ်လိုလုပ်ရပါ့မလဲ။ ကိုယ့်လို သန်မာတဲ့ ကောင်လေးကို မစားချင်တဲ့သူ ဘယ်သူ ရှိမလဲ။ ကိုယ့်ကို ကြည့်စမ်းပါ... မင်းရဲ့ အတွင်းခန်းထဲက အေးစက်စက် ကောင်လေးက စိတ်ဝင်စားဖို့ မလိုပါဘူး။ မင်းရဲ့ပျော်ရွှင်မှုအတွက် ကိုယ် အားလုံးတာဝန်ယူထားတယ် မဟုတ်လား။ !! "
မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး။ ထျန်းဖုန်းတစ်ယောက် ဝက်ဝံကြီးတစ်ကောင်ကို နှိပ်စက်ရတာတွေ ဒါမှမဟုတ် အေးစက်စက်နဲ့ ရေခဲတုံးလို အမျိုးသားလေးကို ပွေ့ဖက်ခြင်းမပြုချင်သော်လည်း ဝင်ရိုးစွန်းဝက်ဝံနှင့် ရေခဲတောင်ကြီးတို့နှစ်ဦး သူ့ဘေးမှာ ရှိတာက လိုက်လျောညီထွေဖြစ်လွန်းသည့် အနေထားကို သူ တကယ် နှစ်သက်သည်။
............
တကယ့်ကို သူတို့သုံးယောက်က သဟဇာတဖြစ်အောင် နေထိုင်နိုင်ခဲ့သည်။
ရန်လိုခြင်း၊ အချင်းချင်းမုန်းတီးခြင်း မရှိပေ။ ရံဖန်ရံခါ စကားများ ရန်ဖြစ်နေကြသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးသည် အခြေခံအားဖြင့် နွေးထွေးပြီး သဟဇာတဖြစ်နေကြသည်။
လိုက်လျောညီထွေရှိလွန်းသဖြင့် Tang Feng သည် သူတို့နှစ်ဦး က မတည့်ပေမယ့် ဘာကြောင့် အခုလို သူ့နံဘေးမှာ အတူတူ လာနေဖြစ်သွားသည်ကို နားမလည်ဖြစ်နေမိသည်။ သူ နားလည်ဖို့ တစ်နာရီခွဲခန့်ကြာအောင် စဉ်းစားလိုက်ရသည်။
ဒါနဲ့ လူသုံးယောက် ညစာစားပြီးခါနီး အချိန်မှာ Tang Feng က ရုတ်တရက် ပြောလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက်က အမုန်းနဲ့ အချစ် ဒွန်တွဲနေတဲ့အတွက်ကြောင့် အခုလို အတူတူနေဖို့ ဆုံးဖြတ်ခဲ့တာလား။"
"အဟွတ်...အဟွတ်....!"
ဝိုင်သောက်နေသော Lu Tian chen ကို ထိုစကားကို ကြားလိုက်ချိန် ဝိုင်သီးကာ သေမတတ် ချောင်းဆိုးသွားခဲ့သည်။
"ဟမ်--"
အမဲသားကို ဝါးနေဆဲ Charlesက ထိုစကားကို ကြားသော် လန့်ကာ မြိုချလိုက်မိသဖြင့် လည်ပင်းတွင် တစ်နေပြီး သူ့ပါးစပ်ကို လက်သုတ်ပဝါဖြင့် အလျင်အမြန် ဖုံးကာ ရေချိုးခန်းဘက် ထွက်ပြေးသွားခဲ့သည်။
"ခင်ဗျားးရဲ့တုံ့ပြန်မှုက အရမ်းပြင်းထန်တယ်ဆိုတော့ ကျွန်တော့် အထင်က မှန်တယ်"
သူ့လက်ကို သုတ်လိုက်ပြီး Tang Feng က စားပွဲပေါ်က ဝိုင်ကို အသာယူ သောက်လိုက်ပြီး သဘောထားကြီးစွာ ပြောလိုက်သည်။
"ကျွန်တော်က ဉာဏ်ကောင်းပြီး သဘောထားကြီးတဲ့သူတစ်ယောက်ပါ။ ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ရင် ကျွန်တော် ခင်ဗျားတို့ကို တားမှာမဟုတ်ဘူး။"
"မင်း အရမ်း အတွေးလွန်နေပြီ "
Lu Tian chen သည် နှစ်ကြိမ် ညင်သာစွာ ချောင်းဆိုးလိုက်ပြီး Tang Feng ၏ ကြောက်စရာကောင်းသော စိတ်ကူးယဉ်ဆန်သော အတွေးများကို တိုက်ရိုက်ငြင်းဆိုလိုက်သည်။
"ဘေဘီ... မင်း ငါ့ကိုသေအောင်ခြောက်နေတာလား။ အဲ့ဒီရေခဲတုံးကို ငါစိတ်ဝင်စားတယ်ဆိုရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ယူပြီးပြီပေါ့။ ဘယ်လိုလုပ် အခုအချိန်အထိ စောင့်နေမှာလဲ"
Charles ရေချိုးခန်းထဲက ပြန်လာပြီး အံ့အားသင့်စွာပြောလိုက်သည်။
သူ့လက်တွေကို ဖြန့်ထားရင်း Tang Feng က ကုလားထိုင်ကို မှီပြီး သူတို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြည့်ပြီး ဆက်ပြောလိုက်သည်။
"ဒါက ကျွန်တော့်ကို ဖွင့်ပြောတာထက် ပိုကောင်းတယ်။ အခု အတူနေဖို့ အရမ်းသဟဇာတဖြစ်နေပြီ မဟုတ်လား၊ ဒါမှမဟုတ် တကယ် ပြန်ဖို့ ဆုံးဖြတ်လိုက်တာလား။"
"Lu Tian chen ကို မင်းကိုယ်တိုင်ပဲ မေးလိုက်တော့.. သူက အမှန်အတိုင်းမပြောပဲ မနေဘူး့!"
Charles က အစပြုပြီး ပြဿနာကို Lu Tian chen ဘက်ကို တိုက်ရိုက်ပစ်ချလိုက်သည်။
Charles ကို မထီမဲ့မြင် တစ်ချက်ကြည့်လိုက်ပြီး Lu Tian chen က ဖြည်းညင်းစွာပြောသည်။၏
"မင်းစောစောက တောင်းဆိုချက်အတွက် သေချာစဉ်းစားပြီးမှ ကိုယ်တို့ အတူတူ နေသွားမယ့်အဖြစ်ကို သဘောတူဖို့ ဆုံးဖြတ်လိုက်တာပါ။"
"စောစောက တောင်းဆိုခဲ့တာလား? " Tang Feng က အဲဒါကို အချိန်အတော်ကြာ စဉ်းစားနေခဲ့တယ်။
အိုး၊ အဲဒါကို စဉ်းစားကြည့်တဲ့အခါ သူက Charles နဲ့ Lu Tian chen ကို တချိန်တည်း လက်ခံခဲ့တယ်လို့ ပြောခဲ့ဖူးသလိုပဲ....
အခု အဖြေ.ကို သိပြီ။ ဒါက .. နည်းနည်း လောဘကြီးပြီး လက်တွေ့မကျပေမယ့် Tang Feng က သူ့လက်ကို ကိုင်ပြီး ပြုံးပြနေဆဲဖြစ်သော ချားလ်ကို ကြည့်လိုက်၊ Lu Tian chen ကိုကြည့်လိုက် လုပ်နေမိသည်။
"အခု ကျွန်တော် ဘာတွေးနေတာလဲ သိလား။ "
Lu Tian chen သေသွားဖို့ တွေးနေတာ မလား။ ဒါမှ အခု ကိုယ့် ဘေဘီကို ကိုယ် တစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရတော့မယ် "
Charles က သူ့မေးရိုးကို အနည်းငယ်မြှင့်လိုက်ကာ ပြောခဲ့သည်။
Lu Tian chen သည် Charles ကို ထပ်မံ စိုက်ကြည့်ရင်း အေးစက်စက် ဝင်ပြောလိုက်သည်။
"နောက်ဆုံးတော့ ဆူညံနေတဲ့ Charles ကို ဖယ်ရှားဖို့ အချိန်တန်ပြီ။"
" မှားတယ်။"
Tang Feng က Charles ကို လက်ညှိုးဖြင့် ခေါင်းကို တွန်းဖယ်လိုက်သလို Lu Tian chen အား လှည့်ကာ ပြောလိုက်သည်။
"ခင်ဗျားလည်း မှားတယ်။"
"ဒါဆို ဘေဘီက ဘာတွေးနေဘာလဲ? " ချားလ်စ်က စိတ်ဝင်တစား မေးလိုက်သည်။
Lu Tian chen က စကားမပြောသော်လည်း သူ့မျက်လုံးများတွင် သံသယများ ပြည့်နှက်နေကာ ထျန်းဖုန်းကို စိုက်ကြည့်နေသည်။
"ဒီည စွပ်ပြုတ် သောက်သင့်လား... ဒါမှမဟုတ် ကိုလာအေး တစ်ခွက် ရွေးရမလားလို့ တွေးနေခဲ့တယ်။"
Tang Feng ၏ မျက်လုံးများသည် အပြုံးတစ်ခုဖြင့် ကျဉ်းမြောင်းသွားကာ သူ့လက်ချောင်းများက အံ့အားသင့်နေသော Charles နှင့် Lu Tian chen အကြားတွင် ဆန့်တန်းကာ ပြောလိုက်သည်။
"ဧကရာဇ်ဖြစ်ရတာ ကောင်းပါတယ်။"
Charles က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကျေနပ်စွာပြောလိုက်သည်။
"ကလေး၊ ကိုယ် မင်းကို ကြည့်ရတာ မင်း တွေးတာ တကယ်မှားနေပြီ!"
Lu Tian chen ပြုံးပြီး မျက်ခုံးပင့်လိုက်သည်။
"ဝက်ဝံခြေသည်း စားရင်း ကိုလာအေး အေး သောက်လို့ရတယ်။"
".........ဘဝက ဘယ်တော့မှ မငြိမ်းချမ်းဘူး"
Tang Feng က သူလိုချင်တာမှန်သမျှကို ကြိုပြီး သိထားသလိုပင်...
*******-*-****
"Slayer" သည် အော်စကာဆို မရခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူ လက်ရှိ ရိုက်လက်စ ဇာတ်လမ်းအပေါ် မည်သို့မျှ ထိခိုက်မည်မဟုတ်ပေ။ Tang Feng သည် "Heaven" ကိုရိုက်ကူးပြီးနောက် "Slayer" ၏နောက်ဆက်တွဲတွင်ရင်းနှီးမြှုပ်နှံနိုင်ခဲ့သည်။
"မင်းဆံပင်တွေ အရှည်ထားထားတာပဲ... အဲဒီညက မင်းကို ကိုယ် မမှတ်မိခဲ့ဘူး။"
Lu Tian chen သည် ရေချိုးကန်ဘေးတွင်ထိုင်ရင်း Tang Feng ၏ ဆံပင်ရှည်ကိုလျှော်ပေးနေသည်။ အခုနောက်ပိုင်းမှာ အဆင်မပြေဆုံးအရာက နေ့တိုင်း ဆံပင်ရှည်လျှော်ဖို့ပါပဲ။
"ကောင်းကင်ဘုံ၏သားတော်" သည် တစ်လခွဲအတွင်း အပြီး ရိုက်ကူးနိုင်တော့မည်။ ဒါပြီးရင် ဆံပင်ကို အတိုပြန်ထားနိုင်တော့မည်။ အခုတော့ ဆံပင်ရှည်ဖြင့် ပူလွန်းလှသည်။
Tang Feng သည် ရေချိုးကန်အစွန်းတွင် မှီကာ သက်ပြင်းချလိုက်သည်။
ဧပြီလနှင့်မေလအစတွင် ရာသီဥတုက ပိုမိုပူနွေးလာသဖြင့် ဆံပင်ရှည်ထားရမည့် Tang Feng အတွက်မူ အနည်းငယ်ခက်ခဲလာသည်။
"သြော် တစ်လခွဲလောက်ရှိပြီပဲ။"
Lu Tian chen က ညင်ညင်သာသာ ရယ်မောရင်း ပြောခဲ့သည်။
" မင်းရဲ့ဆံပင်ကို နေ့တိုင်းမလျှော်ဘူးလား"
တကယ်တော့ Charles ဟာ အရင်က စေတနာ့ဝန်ထမ်းလုပ်ခဲ့ပေမယ့် Tang Feng ရဲ့ဆံပင်တွေကို ပြတ်ထွက်စေသဖြင့် Tang Feng က ရေချိုးခန်းထဲကနေ Charles ကို ကန်ထုတ်လိုက်ခြင်းနဲ့ အဆုံးသတ်သွားခဲ့တယ်။
"အရင်ကနဲ့ မတူတာကို သတိထားမိလား။"
Lu Tian chen ရုတ်တရက် ပြောလိုက်သည်။
"အိုး?" Tang Feng သတိဖြင့် နားထောင်လိုက်သည်။
"ဘာထူးခြားလို့လဲ?"
"အစတုန်းကတော့ မင်းက ကိုယ်တို့နဲ့ စကားအများကြီး မပြောချင်ဘူး။ အမြဲတမ်း ရင့်ကျက်ပြီး လူတွေနဲ့ မရင်းနှီးနိုင်ပေမယ့် အခု ဆံပင်ရှည်လို အသေးအမွှားကိစ္စလေးတွေကိုလည်း ရံဖန်ရံခါ ညည်းတွားပြီး ပြောပြလာခဲ့ပြီ"
Lu Tian chen က ထျန်းဖုန်း ရဲ့ဆံပင်ကို ညင်သာစွာ လျှော်ပေးနေသည်။
" ဂုဏ်ယူပါတယ် မင်းရဲ့ ငယ်ရွယ်တက်ကြွတဲ့ ဘဝကို ပိုင်ဆိုင်လာခဲ့ပြီ"
""ကျွန်တော်က အသက်တော်တော်ကြီးပုံရတယ်ပေါ့။ ဟေး ခင်ဗျားးရဲ့စကားတွေကို ကျွန်တော် မကြိုက်ဘူး။"
ထရပ်ပြီး ရေချိုးကန်ထဲမှာ ထိုင်လိုက်စဉ် Tang Feng က မျက်နှာသုတ်ပုဝါကို ယူလိုက်ပြီး သူ့မျက်နှာကို သုတ်လိုက်ကာ မေးခဲ့သည်။
" Charles ဘယ်တော့ပြန်လာမလဲ။ "
""ဒီကောင်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဥရောပကို ထွက်ပြေးသွားပြီ"
"ခင်ဗျား ဒီမှာရှိနေရင် သူတတ်နိုင်သမျှ မြန်မြန်ပြန်ပြေးမှာ သေချာတယ်။"
Lu Tian chen က သူ့အဝတ်အစားတွေကို ကြယ်သီးတွေဖြုတ်ပြီး မကြာခင်မှာဘဲ သူ့အဝတ်တွေကို ချွတ်ပြီး ရေချိုးကန်ထဲမှာ ထိုင်လိုက်တယ်။
"လှည့်လိုက်... ကိုယ် မင်းရဲ့ နောက်ကျောကို ပွတ်ပေးမယ်"
Lu Tian chen သည် Tang Feng ၏ ပခုံးကို ပုတ်လိုက်သည်။
တစ်စုံတစ်ယောက်သည် Tang Feng ကို ပြုစုပေးမည်ဆိုပါက ထျန်းဖုန်း ငြင်းဆန်မည်မဟုတ်ပေ။ သူက လှည့်ကြည့်လိုက်ပြီး Lu Tian chen က သူ့နောက်ကျောကို သုတ်ပေးခိုင်းလိုက်တယ်။ သူက အဝတ်ဖြင့် ညင်သာစွာ ပွတ်သပ်ပြီး မေးလိုက်သည်။
"ခင်ဗျားတို့ မိသားစုကို ကျွန်တော် အရမ်းဝင်မစွက်ဖက်ချင်ဘူး၊ ဒါပေမယ့် ဒီကိစ္စက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေးနဲ့ သက်ဆိုင်တယ်ထင်လို့ မေးလိုက်ဦးမယ်။ ခင်ဗျား အဖေနဲ့ ခင်ဗျားကြားက ပဋိပက္ခကို ဖြေရှင်းပြီးပြီလား"
"50-50 ဆီကျန်သေးတယ်"
"50 ?" Tang Feng နားမလည်တော့ပေ။
"လောလောဆယ် အဖွဲ့ကို သူက တစ်ဝက်ပဲပိုင်တယ်။ ကိုယ်က "
Lu Tian chen က ဆက်မေးခဲ့သည်။
"Tang Feng၊ မင်းကြောက်လား?"
"အိုး ကျွန်တော်က ဘာကြောက်ရမှာလဲ"
ထိုလူငယ်လေးက ပြုံးပြီး ပြန်မေးခဲ့သည်။
"ငါ့မှာ မသိနိုင်တဲ့ အန္တရာယ်တွေ ရှိလာလိမ့်မယ်။"
"ဒီကမ္ဘာမှာ 100 ရာနှုန်းပြည့် လုံခြုံတယ်ဆိုတာ မရှိပါဘူး။ Lu Tian chen ၊ ငါ တကယ်သေခဲ့ဖူးလို့ ငါ သေရမယ်ဆိုရင်တာင် အန္တရာယ်ကို မကြောက်ဘူး "
Tang Feng က လှည့်ပြီး Lu Tian chen ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး မျက်နှာချင်းဆိုင်ကာ လေးနက်စွာပြောလိုက်သည်။
" မင်း ကိုယ့်သဘောနဲ့ကိုယ် လျှောက်မလုပ်နဲ့။ မင်းက အချိန်အတော်ကြာအောင် ငါ့ကိုထားခဲ့ပြီးပြီ၊ ငါ့အတွက် ဘေးကင်းအောင် လုပ်တယ်ဆိုပေမယ့် မင်းရဲ့လုပ်ရပ်တွေက မင်း ငါ့ကိုမယုံဘူးလို့ ပြောနေသလိုပဲ။ လင်မယားတွေဆိုတာ တောထဲက ဌက်တွေပဲ။ အကျပ်အတည်းနဲ့ ကြုံရင် တစ်ယောက်ကို တစ်ယောက် စွန့်ခွာသွားတတ်ကြတယ်ဆိုတဲ့ စကားပုံရှိပေမယ့် မင်းနဲ့ Charles ငါ့ကို ယုံကြည်နိုင်မယ်လို့ ငါမျှော်လင့်တယ်။"
Tang Feng က Lu Tian chen ရဲ့လက်ကို ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးတွေက ခိုင်မာနေပေမယ့် နွေးထွေးတဲ့အပြုံးနဲ့ ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ အရင်ဘဝက သနားစရာကောင်းလောက်အောင် အထီးကျန်ဘဝနဲ့ သေဆုံးသွားခဲ့တယ်။ ဒီဘဝမှာ ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က ကျွန်တော့်အနားမှာ နေနိုင်ဖို့ မျှော်လင့်ပါတယ်။"
=======
True Star _Volume (4) _ Chapter (43) ငါ့ကို ယံုႀကည္ဖို႕ ေမွ်ာ္လင့္တယ္
Tang Feng သည္ အိပ္ခန္းတံခါးဝတြင္ မလႈပ္မယွက္ ရပ္ေနၿပီး ကုတင္ေပၚတြင္ အိပ္ေပ်ာ္ေနေသာ Lu Tian chen ကို သူ႔မ်က္လုံးမ်ားျဖင့္ မမွိတ္မသုန္ စိုက္ၾကည့္ေနသည္။
Lu Tian chen သည္ မေန႔ညက အေမရိကန္သို႔ ေလယာဥ္ျဖင့္ ေရာက္ရွိလာၿပီး ေလယာဥ္ေပၚမွ ဆင္းၿပီးေနာက္ အနားယူျခင္းမရွိဘဲ သူရွိရာကို တစ္ခ်ိဳးတည္း ထြက္လာခဲ့သည္။ Tang Feng က Lu Tian chen သူရွိသည့္ေနရာကို ဘယ္လိုရွာေတြ႕မွန္း မသိေပမယ့္ အဲဒီလူက တစ္ညလုံး မအိပ္ပဲ သူ႕ကို ေစာင့္ေပးေနခဲ့သည္။
ဟိုတယ္ကိုျပန္ေရာက္ေတာ့ Lu Tian chen က ေရခ်ိဳးခန္းထဲဝင္သြားၿပီး Tang Feng က အျခားအခန္းတြင္ ေရခ်ိဳးၿပီး သူ႕အတြက္ အဝတ္အစားေတြ ေပးဖို႔ လာခဲ့ခ်ိန္ ထုိ အမ်ိဳးသားသည္ သူ၏ အိပ္ယာေပၚတြင္ ေစာင္ျခံဳကာ အိပ္ေပ်ာ္သြားနွင့္သည္ကို ေတြ႕ခဲ့ရသည္။
လုထ်န္းခ်န္၏ ကိုယ္က ပိုမုိပိန္ပါးလာသည္ဟု ခံစားလိုက္ရျပီး သူ႔ရဲ႕မ်က္လုံးေတြေအာက္နားမွာ အိပ္ေရးပ်က္ရလြန္းလို႕ အျပာေရာင္သဲ့သဲ့ပင္ သန္းေနခဲ့သည္။ Lu Tian chen ဟာ ပံုမွန္ဆိုလွ်င္ ဒီလိုအခ်ိန္မ်ိဳးမွာ အိပ္ေမာက်သြားေလ့မရွိေပမယ့္ သူလည္း လူသားတစ္ေယာက္ျဖစ္သျဖင့္ သူ႔ခႏၶာကိုယ္က ဘယ္ေလာက္ေတာင္ ပင္ပန္းႏြမ္းနယ္ေနသလဲဆုိတာ ဒါက ျပသေနသည္။ သူ႕ရဲ႕ ပင္ပန္းမႈကို နံေဘးမွ Tang Feng ကဲ့သို႔ေသာ သာမန္လူမ်ားပင္ ခံစားေနရသည္။ .
"သူ႔ကို မၾကည့္နဲ႔ေတာ့ ။ မဟုတ္ရင္ ကိုယ္ သဝန္တိုမိလိမ့္မယ္။"
Charles က ထ်န္းဖုန္း၏ကိုယ္ကို အေနာက္ကေန ညင္သာစြာ ေပြ႕ဖက္လိုက္ၿပီး Tang Feng ရဲ႕ပါးျပင္ထက္မွ အနမ္းတစ္ခုခိုးယူၿပီး အက္ရွစြာေျပာလိုက္သည္။
"တစ္ခုခုစားဖို႔ ထြက္လာေတာ...ကိုယ္ မင္းကို မနက္စာစားဖို႔ လာေခၚတာ"
ေအာ္စကာဆုေပးပြဲၿပီး ေနာက္တစ္ေန႔မွာေတာ့ သတင္းစာေတြက မေန႔ကအေၾကာင္းေတြ အကုန္လံုးကို ေရးသားေဖာ္ျပခဲ့သည္။
ဤအရာအားလုံးက ဖီးနစ္ထ်န္းနွင့္ ပတ္သတ္သည့္ ေနာက္ဆံုး သတင္းျဖစ္မည္ဟု ထင္သည္။ ေနာင္ဆုိွလွ်င္ ကြယ္လြန္သြားျပီးသည့္ သရုပ္ေဆာင္ ဖီးနစ္ထ်န္းအေႀကာင္းကို သတင္းစာေတြထဲမွာ ခုလို ေဝေဝဆာဆာ အျပိဳင္ဆုိင္ေဖာ္ျပသည္ကို ျမင္ရဖို႕ ခက္ခဲလိမ့္မည္ ထင္သည္။
ထိုသတင္းမ်ားကို နည္းနည္းႀကည့္ျပီးေနာက္ ထ်န္းဖုန္းက သတင္းစာကို ေဘးကို ခ်ကာ ေဖ်ာ္ရည္ကို တစ္ငုံေသာက္လိုက္သည္။
"Lu Tian chen လာမွာကို ခင္ဗ်ား ႀကိဳသိထားတာလား?"
Charles က ထိုသတင္းမရဘူးဆိုတာ သူ လံုးဝ မယံုေပ။ ဒါေႀကာင့္ မေန႕က တညလံုးအျပင္မွာထိုင္ၿပီး ျပန္မလာတာေၾကာင့္ Charles က နည္းနည္းေလးေတာင္ အံ့ၾသသြားပုံမေပၚခဲ့ေပ။
သူနဲ႔ Lu Tian chen က မနက္မိုးလင္းလို႔ အျပင္ကေန အတူတူ ျပန္လာတဲ့အခါ Charles က သိပ္ၿပီး ေထြေထြထူးထူး တုံ႔ျပန္မႈ မရွိဘဲ လုထ်န္းခ်န္ကို ေျပာလိုက္သည္။
"ငါ့ေဘဘီထ်န္းရဲ႕ လက္ကို မႈတ္ေပးလိုက္ဦး။ အျပင္မွာ ဒီေလာက္ေအးေနတာ... လက္ေတြ ေအးစက္ေနတာ ႀကည့္စမ္း...."
"ငါ့ခြင့္ျပဳခ်က္မရွိရင္ ဒီေကာင္ မင္းနဲ႔ စင္တီမီတာဝက္ေလာက္ေတာင္ မကပ္ရဲဘူး"
Charles ရဲ႕ စကားအရ သူ႕ခြင့္ျပဳခ်က္မရွိရင္ ဘယ္ေယာက္်ားမွာ သူ႕နားကို ကပ္ခြင့္မရသလို....
ဒါကိုႀကားေတာ့ Tang Feng က မ်က္ေစာင္းထိုးကာ မ်က္နွာခ်င္းဆုိင္က ခ်ားလ္ကို စိုက္ၾကည့္ရင္း ေမးလိုက္သည္။
"ခင္ဗ်ားရဲ႕ ခြင့္ျပဳခ်က္ ဟုတ္လား...? ခင္ဗ်ားက Lu Tian chen ကို ကြ်န္ေတာ့္နား ခ်ဥ္းကပ္ခြင့္ေပးတာတဲ့လား "
Tang Feng က နူတ္ခမ္းေထာင့္ကို တြန္႕ကာ ျပံဳးလိုက္ျပီး စားပြဲမ်က္နွာျပင္ေပၚ လက္ညႇိဳးျဖင့္ ညင္သာစြာ တဟ္ေဒါက္ေဒါက္ ေခါက္လိုက္သည္။
" တြန႔္တိုတတ္တဲ့ Charles က ဘယ္တုန္းက ဒီေလာက္ ရက္ေရာတတ္သြား ခဲ့တာလဲ"
Charles က ၿပဳံးကာ မ်က္လုံးတစ္္ဖက္ကို မွိတ္လိုက္ကာ ျပန္ေျဖခဲ့သည္။
"ကို္ယ္က အၿမဲတမ္း ရက္ေရာတဲ့သူပါ အခ်စ္ေလး.... မင္းကိုယ့္ကို ဒီေလာက္နားလည္မႈလြဲေနတာ ကိုယ္ ဘယ္လိုလုပ္ရပါ့မလဲ။ ကိုယ့္လို သန္မာတဲ့ ေကာင္ေလးကို မစားခ်င္တဲ့သူ ဘယ္သူ ရွိမလဲ။ ကိုိယ့္ကို ႀကည့္စမ္းပါ... မင္းရဲ႕ အတြင္းခန္းထဲက ေအးစက္စက္ ေကာင္ေလးက စိတ္ဝင္စားဖို႔ မလိုပါဘူး။ မင္းရဲ႕ေပ်ာ္႐ႊင္မႈအတြက္ ကိုယ္ အားလံုးတာဝန္ယူထားတယ္ မဟုတ္လား။ !! "
မဟုတ္ဘူး၊ လုံးဝမဟုတ္ဘူး။ ထ်န္းဖုန္းတစ္ေယာက္ ဝက္ဝံႀကီးတစ္ေကာင္ကို ႏွိပ္စက္ရတာေတြ ဒါမွမဟုတ္ ေအးစက္စက္နဲ႕ ေရခဲတုံးလို အမ်ိဳးသားေလးကို ေပြ႕ဖက္ျခင္းမျပဳခ်င္ေသာ္လည္း ဝင္႐ိုးစြန္းဝက္ဝံႏွင့္ ေရခဲေတာင္ႀကီးတို႔နွစ္ဦး သူ႕ေဘးမွာ ရွိတာက လိုက္ေလ်ာညီေထြျဖစ္လြန္းသည့္ အေနထားကို သူ တကယ္ နွွစ္သက္သည္။
............
တကယ့္ကို သူတို႕သံုးေယာက္က သဟဇာတျဖစ္ေအာင္ ေနထိုင္နိုင္ခဲ့သည္။
ရန္လိုျခင္း၊ အခ်င္းခ်င္းမုန္းတီးျခင္း မရွိေပ။ ရံဖန္ရံခါ စကားမ်ား ရန္ျဖစ္ေနၾကေသာ္လည္း ပတ္ဝန္းက်င္တစ္ခုလုံးသည္ အေျခခံအားျဖင့္ ေႏြးေထြးၿပီး သဟဇာတျဖစ္ေနၾကသည္။
လိုက္ေလ်ာညီေထြရွိလြန္းသျဖင့္ Tang Feng သည္ သူတို႔ႏွစ္ဦး က မတည့္ေပမယ့္ ဘာေႀကာင့္ အခုလို သူ႕နံေဘးမွာ အတူတူ လာေနျဖစ္သြားသည္ကို နားမလည္ျဖစ္ေနမိသည္။ သူ နားလည္ဖို႕ တစ္နာရီခြဲခန႔္ၾကာေအာင္ စဥ္းစားလိုက္ရသည္။
ဒါနဲ႔ လူသုံးေယာက္ ညစာစားၿပီးခါနီး အခ်ိန္မွာ Tang Feng က ရုတ္တရက္ ေျပာလိုက္သည္။
"ခင္ဗ်ားတုိ႕နွစ္ေယာက္က အမုန္းနဲ႔ အခ်စ္ ဒြန္တဲြေနတဲ့အတြက္ေၾကာင့္ အခုလို အတူတူေနဖို႔ ဆုံးျဖတ္ခဲ့တာလား။"
"အဟြတ္...အဟြတ္....!"
ဝိုင္ေသာက္ေနေသာ Lu Tian chen ကို ထိုစကားကို ႀကားလိုက္ခ်ိန္ ဝိုင္သီးကာ ေသမတတ္ ေခ်ာင္းဆုိးသြားခဲ့သည္။
"ဟမ္--"
အမဲသားကို ဝါးေနဆဲ Charlesက ထိုစကားကို ႀကားေသာ္ လန္႕ကာ ျမိဳခ်လိ္ုက္မိသျဖင့္ လည္ပင္းတြင္ တစ္ေနျပီး သူ႔ပါးစပ္ကို လက္သုတ္ပဝါျဖင့္ အလ်င္အျမန္ ဖုံးကာ ေရခ်ိဳးခန္းဘက္ ထြက္ေျပးသြားခဲ့သည္။
"ခင္ဗ်ားးရဲ႕တုံ႔ျပန္မႈက အရမ္းျပင္းထန္တယ္ဆုိေတာ့ ကြ်န္ေတာ့္ အထင္က မွန္တယ္"
သူ႔လက္ကို သုတ္လိုက္ၿပီး Tang Feng က စားပြဲေပၚက ဝိုင္ကို အသာယူ ေသာက္လိုက္ၿပီး သေဘာထားႀကီးစြာ ေျပာလိုက္သည္။
"ကြၽန္ေတာ္က ဉာဏ္ေကာင္းျပီး သေဘာထားႀကီးတဲ့သူတစ္ေယာက္ပါ။ ခင္ဗ်ားတို႕ တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္ခ်စ္ရင္ ကြ်န္ေတာ္ ခင္ဗ်ားတို႕ကို တားမွာမဟုတ္ဘူး။"
"မင္း အရမ္း အေတြးလြန္ေနျပီ "
Lu Tian chen သည္ ႏွစ္ႀကိမ္ ညင္သာစြာ ေခ်ာင္းဆိုးလိုက္ၿပီး Tang Feng ၏ ေၾကာက္စရာေကာင္းေသာ စိတ္ကူးယဥ္ဆန္ေသာ အေတြးမ်ားကို တိုက္႐ိုက္ျငင္းဆိုလိုက္သည္။
"ေဘဘီ... မင္း ငါ့ကိုေသေအာင္ေျခာက္ေနတာလား။ အဲ့ဒီေရခဲတုံးကို ငါစိတ္ဝင္စားတယ္ဆိုရင္ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းက ယူျပီးျပီေပါ့။ ဘယ္လိုလုပ္ အခုအခ်ိန္အထိ ေစာင့္ေနမွာလဲ"
Charles ေရခ်ိဳးခန္းထဲက ျပန္လာျပီး အံ့အားသင့္စြာေျပာလိုက္သည္။
သူ႔လက္ေတြကို ျဖန႔္ထားရင္း Tang Feng က ကုလားထိုင္ကို မွီၿပီး သူတို႔ကို ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ၾကည့္ၿပီး ဆက္ေျပာလိုက္သည္။
"ဒါက ကြ်န္ေတာ့္ကို ဖြင့္ေျပာတာထက္ ပိုေကာင္းတယ္။ အခု အတူေနဖို႔ အရမ္းသဟဇာတျဖစ္ေနၿပီ မဟုတ္လား၊ ဒါမွမဟုတ္ တကယ္ ျပန္ဖို႔ ဆုံးျဖတ္လိုက္တာလား။"
"Lu Tian chen ကို မင္းကိုယ္တုိင္ပဲ ေမးလိုက္ေတာ့.. သူက အမွန္အတိုင္းမေျပာပဲ မေနဘူး႔!"
Charles က အစျပဳၿပီး ျပႆနာကို Lu Tian chen ဘက္ကို တိုက္႐ိုက္ပစ္ခ်လိုက္သည္။
Charles ကို မထီမဲ့ျမင္ တစ္ခ်က္ၾကည့္လိုက္ျပီး Lu Tian chen က ျဖည္းညင္းစြာေျပာသည္။၏
"မင္းေစာေစာက ေတာင္းဆိုခ်က္အတြက္ ေသခ်ာစဥ္းစားၿပီးမွ ကိုယ္တုိ႕ အတူတူ ေနသြားမယ့္အျဖစ္ကို သေဘာတူဖို႔ ဆုံးျဖတ္လိုက္တာပါ။"
"ေစာေစာက ေတာင္းဆိုခဲ့တာလား? " Tang Feng က အဲဒါကို အခ်ိန္အေတာ္ၾကာ စဥ္းစားေနခဲ့တယ္။
အိုး၊ အဲဒါကို စဥ္းစားၾကည့္တဲ့အခါ သူက Charles နဲ႔ Lu Tian chen ကို တခ်ိန္တည္း လက္ခံခဲ့တယ္လို႔ ေျပာခဲ့ဖူးသလိုပဲ....
အခု အေျဖ.ကို သိျပီ။ ဒါက .. နည္းနည္း ေလာဘႀကီးၿပီး လက္ေတြ႕မက်ေပမယ့္ Tang Feng က သူ႔လက္ကို ကိုင္ၿပီး ၿပဳံးျပေနဆဲျဖစ္ေသာ ခ်ားလ္ကို ႀကည့္လိုက္၊ Lu Tian chen ကိုၾကည့္လိုက္ လုပ္ေနမိသည္။
"အခု ကြ်န္ေတာ္ ဘာေတြးေနတာလဲ သိလား။ "
Lu Tian chen ေသသြားဖို႕ ေတြးေနတာ မလား။ ဒါမွ အခု ကိုယ့္ ေဘဘီကို ကိုယ္ တစ္ေယာက္တည္း ပိုင္ဆုိင္ခြင့္ရေတာ့မယ္ "
Charles က သူ႔ေမး႐ိုးကို အနည္းငယ္ျမႇင့္လိုက္ကာ ေျပာခဲ့သည္။
Lu Tian chen သည္ Charles ကို ထပ္မံ စိုက္ၾကည့္ရင္း ေအးစက္စက္ ဝင္ေျပာလိုက္သည္။
"ေနာက္ဆုံးေတာ့ ဆူညံေနတဲ့ Charles ကို ဖယ္ရွားဖို႔ အခ်ိန္တန္ၿပီ။"
" မွားတယ္။"
Tang Feng က Charles ကို လက္ညႇိဳးျဖင့္ ေခါင္းကို တြန္းဖယ္လိုက္သလို Lu Tian chen အား လွည့္ကာ ေျပာလိုက္သည္။
"ခင္ဗ်ားလည္း မွားတယ္။"
"ဒါဆို ေဘဘီက ဘာေတြးေနဘာလဲ? " ခ်ားလ္စ္က စိတ္ဝင္တစား ေမးလိုက္သည္။
Lu Tian chen က စကားမေျပာေသာ္လည္း သူ႔မ်က္လုံးမ်ားတြင္ သံသယမ်ား ျပည့္ႏွက္ေနကာ ထ်န္းဖုနး္ကို စိုက္ႀကည့္ေနသည္။
"ဒီည စြပ္ျပဳတ္ ေသာက္သင့္လား... ဒါမွမဟုတ္ ကိုလာေအး တစ္ခြက္ ေ႐ြးရမလားလို႔ ေတြးေနခဲ့တယ္။"
Tang Feng ၏ မ်က္လုံးမ်ားသည္ အၿပဳံးတစ္ခုျဖင့္ က်ဥ္းေျမာင္းသြားကာ သူ႔လက္ေခ်ာင္းမ်ားက အံ့အားသင့္ေနေသာ Charles ႏွင့္ Lu Tian chen အၾကားတြင္ ဆန္႕တန္းကာ ေျပာလိုက္သည္။
"ဧကရာဇ္ျဖစ္ရတာ ေကာင္းပါတယ္။"
Charles က က်ယ္ေလာင္စြာ ရယ္ေမာလိုက္ၿပီး ေက်နပ္စြာေျပာလိုက္သည္။
"ကေလး၊ ကိုယ္ မင္းကို ၾကည့္ရတာ မင္း ေတြးတာ တကယ္မွားေနၿပီ!"
Lu Tian chen ၿပဳံးၿပီး မ်က္ခုံးပင့္လိုက္သည္။
"ဝက္ဝံေျခသည္း စားရင္း ကိုလာေအး ေအး ေသာက္လို႔ရတယ္။"
".........ဘဝက ဘယ္ေတာ့မွ မၿငိမ္းခ်မ္းဘူး"
Tang Feng က သူလိုခ်င္တာမွန္သမွ်ကို ႀကိဳၿပီး သိထားသလိုပင္...
*******-*-****
"Slayer" သည္ ေအာ္စကာဆုိ မရခဲ့ေသာ္လည္း ကံေကာင္းေထာက္မစြာျဖင့္ သူ လက္ရွိ ရိုက္လက္စ ဇာတ္လမ္းအေပၚ မည္သို႔မွ် ထိခိုက္မည္မဟုတ္ေပ။ Tang Feng သည္ "Heaven" ကို႐ိုက္ကူးၿပီးေနာက္ "Slayer" ၏ေနာက္ဆက္တြဲတြင္ရင္းႏွီးျမႇဳပ္ႏွံႏိုင္ခဲ့သည္။
"မင္းဆံပင္ေတြ အရွည္ထားထားတာပဲ... အဲဒီညက မင္းကို ကိုယ္ မမွတ္မိခဲ့ဘူး။"
Lu Tian chen သည္ ေရခ်ိဳးကန္ေဘးတြင္ထိုင္ရင္း Tang Feng ၏ ဆံပင္ရွည္ကိုေလွ်ာ္ေပးေနသည္။ အခုေနာက္ပိုင္းမွာ အဆင္မေျပဆုံးအရာက ေန႔တိုင္း ဆံပင္ရွည္ေလွ်ာ္ဖို႔ပါပဲ။
"ေကာင္းကင္ဘံု၏သားေတာ္" သည္ တစ္လခြဲအတြင္း အျပီး ရိုက္ကူးနုိင္ေတာ့မည္။ ဒါျပီးရင္ ဆံပင္ကို အတိုျပန္ထားနုိင္ေတာ့မည္။ အခုေတာ့ ဆံပင္ရွည္ျဖင့္ ပူလြန္းလွသည္။
Tang Feng သည္ ေရခ်ိဳးကန္အစြန္းတြင္ မွီကာ သက္ျပင္းခ်လိုက္သည္။
ဧၿပီလႏွင့္ေမလအစတြင္ ရာသီဥတုက ပိုမိုပူေႏြးလာသျဖင့္ ဆံပင္ရွည္ထားရမည့္ Tang Feng အတြက္မူ အနည္းငယ္ခက္ခဲလာသည္။
"ေၾသာ္ တစ္လခြဲေလာက္ရွိၿပီပဲ။"
Lu Tian chen က ညင္ညင္သာသာ ရယ္ေမာရင္း ေျပာခဲ့သည္။
" မင္းရဲ႕ဆံပင္ကို ေန႔တိုင္းမေလွ်ာ္ဘူးလား"
တကယ္ေတာ့ Charles ဟာ အရင္က ေစတနာ့ဝန္ထမ္းလုပ္ခဲ့ေပမယ့္ Tang Feng ရဲ႕ဆံပင္ေတြကို ျပတ္ထြက္ေစသျဖင့္ Tang Feng က ေရခ်ိဳးခန္းထဲကေန Charles ကို ကန္ထုတ္လိုက္ျခင္းနဲ႕ အဆုံးသတ္သြားခဲ့တယ္။
"အရင္ကနဲ႔ မတူတာကို သတိထားမိလား။"
Lu Tian chen ႐ုတ္တရက္ ေျပာလိုက္သည္။
"အိုး?" Tang Feng သတိျဖင့္ နားေထာင္လိုက္သည္။
"ဘာထူးျခားလို႕လဲ?"
"အစတုန္းကေတာ့ မင္းက ကိုယ္တို႔နဲ႔ စကားအမ်ားႀကီး မေျပာခ်င္ဘူး။ အၿမဲတမ္း ရင့္က်က္ၿပီး လူေတြနဲ႔ မရင္းႏွီးႏိုင္ေပမယ့္ အခု ဆံပင္ရွည္လို အေသးအမႊားကိစၥေလးေတြကိုလည္း ရံဖန္ရံခါ ညည္းတြားျပီး ေျပာျပလာခဲ့ျပီ"
Lu Tian chen က ထ်န္းဖုန္း ရဲ႕ဆံပင္ကို ညင္သာစြာ ေလွ်ာ္ေပးေနသည္။
" ဂုဏ္ယူပါတယ္ မင္းရဲ႕ ငယ္ရြယ္တက္ႀကြတဲ့ ဘဝကို ပိုင္ဆုိင္လာခဲ့ျပီ"
""ကြၽန္ေတာ္က အသက္ေတာ္ေတာ္ႀကီးပုံရတယ္ေပါ့။ ေဟး ခင္ဗ်ားးရဲ႕စကားေတြကို ကြ်န္ေတာ္ မႀကိဳက္ဘူး။"
ထရပ္ၿပီး ေရခ်ိဳးကန္ထဲမွာ ထိုင္လိုက္စဥ္ Tang Feng က မ်က္ႏွာသုတ္ပုဝါကို ယူလိုက္ၿပီး သူ႔မ်က္ႏွာကို သုတ္လိုက္ကာ ေမးခဲ့သည္။
" Charles ဘယ္ေတာ့ျပန္လာမလဲ။ "
""ဒီေကာင္က လြန္ခဲ့တဲ့ ရက္အနည္းငယ္က ဥေရာပကို ထြက္ေျပးသြားျပီ"
"ခင္ဗ်ား ဒီမွာရွိေနရင္ သူတတ္ႏိုင္သမွ် ျမန္ျမန္ျပန္ေျပးမွာ ေသခ်ာတယ္။"
Lu Tian chen က သူ႔အဝတ္အစားေတြကို ၾကယ္သီးေတြျဖဳတ္ၿပီး မၾကာခင္မွာဘဲ သူ႔အဝတ္ေတြကို ခြၽတ္ၿပီး ေရခ်ိဳးကန္ထဲမွာ ထိုင္လိုက္တယ္။
"လွည့္လိုက္... ကို္ယ္ မင္းရဲ႕ ေနာက္ေက်ာကို ပြတ္ေပးမယ္"
Lu Tian chen သည္ Tang Feng ၏ ပခုံးကို ပုတ္လိုက္သည္။
တစ္စုံတစ္ေယာက္သည္ Tang Feng ကို ျပဳစုေပးမည္ဆုိပါက ထ်န္းဖုန္း ျငင္းဆန္မည္မဟုတ္ေပ။ သူက လွည့္ၾကည့္လိုက္ၿပီး Lu Tian chen က သူ႔ေနာက္ေက်ာကို သုတ္ေပးခိုင္းလိုက္တယ္။ သူက အဝတ္ျဖင့္ ညင္သာစြာ ပြတ္သပ္ၿပီး ေမးလိုက္သည္။
"ခင္ဗ်ားတို႕ မိသားစုကို ကြ်န္ေတာ္ အရမ္းဝင္မစြက္ဖက္ခ်င္ဘူး၊ ဒါေပမယ့္ ဒီကိစၥက ကြ်န္ေတာ့္ရဲ႕ ကိုယ္ေရးကိုယ္တာလုံၿခဳံေရးနဲ႔ သက္ဆိုင္တယ္ထင္လို႔ ေမးလုိက္ဦးမယ္။ ခင္ဗ်ား အေဖနဲ႔ ခင္ဗ်ားႀကားက ပဋိပကၡကို ေျဖရွင္းၿပီးၿပီလား"
"50-50 ဆီက်န္ေသးတယ္"
"50 ?" Tang Feng နားမလည္ေတာ့ေပ။
"ေလာေလာဆယ္ အဖြဲ႕ကို သူက တစ္ဝက္ပဲပိုင္တယ္။ ကိုယ္က "
Lu Tian chen က ဆက္ေမးခဲ့သည္။
"Tang Feng၊ မင္းေၾကာက္လား?"
"အိုး ကြ်န္ေတာ္က ဘာေၾကာက္ရမွာလဲ"
ထိုလူငယ္ေလးက ၿပဳံးၿပီး ျပန္ေမးခဲ့သည္။
"ငါ့မွာ မသိႏိုင္တဲ့ အႏၲရာယ္ေတြ ရွိလာလိမ့္မယ္။"
"ဒီကမာၻမွာ 100 ရာႏႈန္းျပည့္ လုံၿခဳံတယ္ဆုိတာ မရွိပါဘူး။ Lu Tian chen ၊ ငါ တကယ္ေသခဲ့ဖူးလို႕ ငါ ေသရမယ္ဆုိရင္တာင္ အႏၲရာယ္ကို မေၾကာက္ဘူး "
Tang Feng က လွည့္ၿပီး Lu Tian chen ရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္ကာ ေလးနက္စြာေျပာလိုက္သည္။
" မင္း ကိုယ့္သေဘာနဲ႕ကိုယ္ ေလွ်ာက္မလုပ္နဲ႕။ မင္းက အခ်ိန္အေတာ္ၾကာေအာင္ ငါ့ကိုထားခဲ့ၿပီးၿပီ၊ ငါ့အတြက္ ေဘးကင္းေအာင္ လုပ္တယ္ဆိုေပမယ့္ မင္းရဲ႕လုပ္ရပ္ေတြက မင္း ငါ့ကိုမယုံဘူးလို႔ ေျပာေနသလိုပဲ။ လင္မယားေတြဆိုတာ ေတာထဲက ဌက္ေတြပဲ။ အက်ပ္အတည္းနဲ႕ ႀကံဳရင္ တစ္ေယာက္ကို တစ္ေယာက္ စြန္႕ခြာသြားတတ္ႀကတယ္ဆိုတဲ့ စကားပံုရွိေပမယ့္ မင္းနဲ႔ Charles ငါ့ကို ယုံၾကည္ႏိုင္မယ္လို႔ ငါေမွ်ာ္လင့္တယ္။"
Tang Feng က Lu Tian chen ရဲ႕လက္ကို ဆုပ္ကိုင္ထားၿပီး သူ႔မ်က္လုံးေတြက ခိုင္မာေနေပမယ့္ ေႏြးေထြးတဲ့အၿပဳံးနဲ႔ ေျပာလိုက္သည္။
"ကြ်န္ေတာ့္ရဲ႕ အရင္ဘဝက သနားစရာေကာင္းေလာက္ေအာင္ အထီးက်န္ဘဝနဲ႕ ေသဆုံးသြားခဲ့တယ္။ ဒီဘဝမွာ ဘာပဲျဖစ္ျဖစ္ တစ္စုံတစ္ေယာက္က ကြၽန္ေတာ့္အနားမွာ ေနႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။"
=======