*unicode*
💠အချစ်ရပ်ဝန်းဆီသို့.....💠
💘p=5💘
'''''ဘာပြောလိုက်တယ်.....ဘယ်လုိ.....ကျွန်မ....ကျွန်မသမီးလေး....ပျောက်သွားတယ်ဟုတ်လား....´´´´´
ဒေါ်မေလင်းညို ကြားလိုက်ရတဲ့စကားကြောင့်
ရင်ထဲအပူဗျာပါဒများစွာခံစားလိုက်ရသည်။
ရွာကလိုက်သွားတဲ့သူတွေပြောစကားအရကြား
လိုက်ရသည်မှာဒေါ်မေလင်းညိုနေရာတွင်သတိ့လစ်
မေ့မျောသွားရသည်အထိဖြစ်သွား၏။
'''''ဟုတ်ပါတယ်....ဒေါ်လေ....တယောဝတ်သွားတဲ့အင်္ကျီအပြဲစတွေဘဲတွေ့ခဲ့ရပါတယ်....ပြီးတော့သွေးစတွေလည်းတွေ့ခဲ့ရတယ်...ချောင်းထဲလည်းဆင်းရှာကြပေမယ့် ရေစီးသန်ချိန်နဲ့ဆုံပြီးမျောပါသွားကြပုံပဲ....ရှာမတွေ့ခဲ့ဘူး.....´´´´
''''ဘုရားရေ....အမလေးလေး....သမီးရေ...အမေ့သမီးလေး....အမလေးအမေဘယ်လိုဖြေရမလဲငါ့သမီးလေးအဖြစ်ဆိုးလိုက်တာ....အီးဟီးဟီး.....ငါ့ကိုသာသတ်သွားပါတော့လား.....´´´´
ဒေါ်မေလင်းညို၏ အော်ဟစ်ကာရင်ဘတ်ကြီး
ထု၍ရိူက်ကြီးတငင်ငင် အူလှိူက်သည်းလှိုက်ငိုကြွေး
နေပုံက မြင်ရသူတိုင်းစိတ်မချမ်းမြေ့ဖွယ်ရာ။
.
မျက်နှာကြီးတစ်ခုလုံး ပြတ်ထွက်လုမတတ်တင်းမာ
ကာနီရဲ၍ မျက်လုံးအိမ်ထဲမှနီရဲနေသည့်အထိကြိတ်
ငိုနေရှာသည့်ဦးရွှေသိုး၏ရင်ထဲလဲ တစ်ဦးတည်း
သောသမီးလေးအတွက်ရင်ထဲမချိပေ။
'''''ဟင့်အင်း....ငါ့သမီးလေးကို ဘယ်လိုလူတွေကခုလိုလုပ်ရက်ရတာလဲပြောစမ်းပါဦး....ကိုရွှေသိုးရဲ့ကျူပ်သမီးလေးကိုကျူပ်ဆုံးရှူံးရပြီပေါ့....အီးဟီးဟီး....ငါမယုံဘူး...မယုံဘူး....အဟင့်ဟင့်....အီးဟီး..´´´´
''''ဟာ ဒေါ်လေးညို....ဒေါ်လေးစိတ်ထိန်းပါဦးဗျ.....´´´´
မေ့မျောကာသတိ့လစ်သွားသည့် ဒေါ်မေလင်းညို
အားပွေ့ပိုက်၍ အိမ်ပေါ်သို့ခေါ်လာခဲ့လေ၏။
ရွာထဲမှလူအများစုရုံးစုရုံးဖြင့် စိတ်မချမ်းသာဖွယ်
မြင်တွေ့နေရသည်မို့စိတ်ထဲမကောင်း။
ဒေါ်မေလင်းညိုအားအမြန်ဆုံးသတိ့လည်လာအောင်
တတ်သမျှ၊မှတ်သမျှ ဝိုင်းဝန်းလုပ်ပေးကြလေသည်။
ဦးရွှေသိုး အသက်မရှိတော့သည့်လူလိုကွပ်ပျစ်လေး
ထက်ငူငူကြီးထိုင်ကာကျန်နေရစ်ခဲ့၏။
'''''တွေ့လား....ဟေ့ကောင်တွေ....သေချာရှာကြစမ်းပါ....ငါ့သားပျောက်သွားလို့မဖြစ်ဘူး....ငါ့သားကငါ့ဘဝကွ...´´´´´
ဦးမိုးကျော်တစ်ယောက် တစ်ညလုံးရှာဖွေနေ
ပေမယ့် စိတ်တိုင်းမကျနိုင်။အရူးတစ်ယောက်လို
မိုးလင်းထိရှာဖွေနေမိဆဲ...
မိုးထိနဲ့ပက်သက်
သည့် ကဒ်အပြည့်ပာသောပိုက်ဆံအိတ်နဲ့အတူ
တယောညိုဝတ်ဆင်သွားသည့်အင်္ကျီပြဲစတို့အပြင်
နီရဲသည့်သွေးစီးကြောင်းမှအပ နှစ်ယောက်စလုံး
ကိုအစအနပင်ရှာလို့မတွေ့ပေ။
ဒေါ်ခက်ခက် မြေပြင်ထက်လူးလှိမ့်နေအောင်ငို
ကြွေးနေမိသည်။သူမသားလေးကိုအခုလိုခွဲခွာရမယ်
လို့သူမတစ်ကြိမ်တောင်မတွေးခဲ့ဖူးပေ။အခုတော့
မထင်မှတ်ထားသည့်အဖြစ်ဆ်ိုးကသားလေးကို
သူမရင်နှင့်ဝေးရာသို့ခေါ်ဆောင်သွားရှာပြီ။
မနားမနေကြိုးစားရှာဖွေသော်လည်းအရာရာ
အချည်းနှီးသာ အားလုံးမောပန်းသွားကြသည်။
မိုးထိတို့ကိုဒုက္ခပေးခဲ့သည့်ဖိုးတိုတို့လည်းထိုနေရာ
မှာထွက်ပြေးတိမ်းရှောင်သွားကြလေသည်။
''''အား.......ကျွတ်....ကျွတ်.....´´´´
ခန္ဓာကိုယ်တစ်ခုလုံး ကြေမွနေသည့်နှယ်နာကျင်
လွန်းတာကြောင့်အသံတိတ်ညည်းညူလိုက်မိသည်။
ပိုဆိုးသည်ကတစ်စစ်ကိုက်ခဲနေသည့်ခေါင်းက
မူးနောက်နောက်ရီဝေဝေပင် လှူပ်ရှားလိုက်တိုင်း
တင်းခနဲခံစားလိုက်ရသည့်ခန္ဓာကိုယ်ကတစ်ခုခု
ဖြင့်ခပ်တင်းတင်းချည်နှောင်ခံထားရမှန်းသိသာသည်။
ထို့အပြင် လှူပ်ရှားလိုက်တိုင်းကျောဘက်မှစိုစိစိ
အိဖတ်ဖတ်ကြီးကဘာမှန်းလဲမသိပေ။
သူစိတ်ရှူပ်
စွာကုန်းရုန်းထဖို့ကြိုးစားပေမယ့်မတတ်သာပေ
ရွှံ့နွံတွေထဲသို့ပြန်ပစ်ကျသွားလေသည်။
''''ငါ....ငါဘယ်သူလဲ....ဘာလို့ဒီနေရာကိုရောက်နေတာလဲ...ငါကဘယ်ကလဲ.....ဘယ်လုိုဖြစ်လို့ဒီလောက်ဒဏ်ရာဒဏ်ချက်တွေများနေရတာပါလိမ့်.....´´´´
သူကိုယ်တ်ိုင်ဘာမှန်းမသိတဲ့အတွေးတွေ့ဖြင့်ကိုယ့်ကို
ကိုယ်ဘယ်သူမှန်းမသိ မေးခွန်းတွေကခေါင်းထဲမှာ
များပြားလှသည်။သို့သော် ထိုမေးခွန်းများရဲ့
အဖြေကိုသူလုံးဝရှာမတွေ့ပေ။
ခေါင်းမှဒဏ်ရာကြီးက ကျနေသည့်သွေးတို့က
အင်္ကျီတစ်ပြင်လုံးညစ်ပတ်ကာစုတ်ပြတ်သတ်နေသည်။
သူခန္ဓာကိုယ်တွင်တုပ်ထားသည့်ကြိုးတွေကိုကြိုးစား
ပြီးဖြတ်တောက်နေမိသည်။ကြိုးစတွေလျော့ကာ
ပြေကျသွားချိန်သူ့ကျောသို့မှီတွယ်လာသည့်
အရာကြောင့်အလန့်တကြားလှည့်ကြည့်လေ၏။
''''''ဟင်....မိန်းကလေးတစ်ယောက်ပါလား...သူဘယ်သူလဲ.....´´´´
သူ့လိုပင်ခောင်းတွင်ကြီးမားသည့်ဒဏ်ရာကြီးနဲ့အတူ
အခုချိန်ထိအောင်သတိ့လစ်မေ့မျောနေသည့်သူမကို
သူငေးစိုက်ကြည့်မိသည်။မျက်တောင်ခပ်စိပ်စိပ်
လေးတွေကာကော့ညွတ်ကာရှည်လျား၏။
ရွှံ့နွံတွေနဲ့ယောင်္ကျားဝတ်အင်္ကျီကြီးအားကပိုကယို
ဝတ်ဆင်ထားပေမယ့်မိန်းမလှလေးမှန်းသိသာသည်။
သူနဲ့အတူ ပါလာသည်ကိုက သူနဲ့ပက်သက်မှူ
တစ်ခုခုရှိရမည်။ဘာမှမပက်သတ်ဘဲနဲ့တော့
နှစ်ယောက်အတူတူ ဖြစ်ရပ်ခြင်းတူညီစွာရှိနေမည်
မဟုတ်ပေ။သူ သတိ့ရပေမယ့်သူမကသတိ့မရသေး။
သူမကို တုပ်နှောင်ထားသည့်ကြိုးတွေကို သူ့ဒဏ်ရာ
နာကျင်နေတဲ့ကြားက. ဖြည်ပေးနေမိသည်။သူမ
ကိုယ်လေးအားပွေ့ယူကာကြိုးတွေကိုဖြုတ်ပြီးလွှင့်
ပစ်လိုက်လေသည်။အခုအရေးကြီးတာကသူတို့ဘယ်သူ
လဲဆိုတာထက် လက်ရှိနားခိုရာနေရာပင်ဖြစ်သည်။
🍷🍷🍷🍷🍷🍷
'''''ဟေ့ကောင်တွေလှေသိမ်းကြမယ်ဟေ့....ငါးတွေလည်းရနေပြီဆိုတော့....ဒီနေ့စောစောပြန်ကြရအောင်.....´´´´
ဦးကြည် ငါးဖမ်းပိုက်ကွန်နဲ့လှေကို
ပြန်သိမ်းရင်း
အတူပါလာသည့် အဖော်များကိုလှမ်းအော်၍
ပြောလိုက်လေသည်။ကွမ်းတစ်မြုံ့မြုံ့ဝါးနေရင်း
တစ်နေရာသို့အကြည့်အရောက်....
'''''ဟင်.....ချောင်းစပ်က.....ဘယ်သူတွေလဲ....ဘာဖြစ်လာကြတာလဲ....´´´´´
ဦးကြည် ဝါးတားတားဖြစ်နေသည့် မျက်လုံးတို့အား
ပွတ်သပ်ကာကြည့်လိုက်သည်။လူတစ်ယောက်ယိုင်တိ
ယိုင်တိုင်ဖြင့်တက်လာခဲ့ကြသည်ကိုတွေ့နေရ၏။
ထိုလူ့လက်ထဲတွင်အရာတစ်ခုခုက်ို ပွေ့လာသလို...
'''''ဟေ့ကောင်တွေ....ဟိုးကဘယ်သူလဲ.....သွားကြည့်စမ်း.....´´´´
ဦးကြည် စကားကြောင့် သူ့အဖွဲ့သားလူငယ်လေးများ
အပြေးအလွှားသွားကာ မိုးထိကိုကူညီခေါ်ဆောင်
လာကြလေသည်။သူ လှေပေါ်သို့ရောက်တော့
အားလုံးကသူ့ကိုဝိုင်းကြည့်နေကြ၏။
လှေသူကြီးဖြစ်ဟန်တူသူက သူ့အားသေချာစွာ
ငုံ့ကြည့်လျှက်မေးလိုက်သည်။မျက်လုံးတို့ကလည်း
လူကောင်းလားလူဆိုးလားအကဲခတ်နေပုံရသည်။
သူတို့နှစ်ဦးလုံးဒဏ်ရာကိုယ်စီနဲ့ဆိုတော့အတွေး
တစ်ခုဝင်နေပုံရလေသည်။
''''မောင်ရင်ကဘယ်သူလဲကွဲ့....
ဒါနဲ့ဒီမိန်းကလေးကရော....မောင်ရင့်ဇနီးလား....ခေါင်းမှာလဲသွေးတွေစက်စက်ကျလို့ပါလား....ဘာဖြစ်လာကြတာတုန်း.....ဟေ့....လှေထဲကဆေးသေတ္တာယူပြီးဆေးထည့်ပေးလိုက်ကြပါဦး......သူတို့နှစ်ယောက်ကို...´´´
စိတ်သဘောထားကောင်းပုံရသည့်လူကြီးကသူ့ကို
မေးမြန်းရင်း သူ့အဖွဲ့သားများကိုဆေးထည့်ပေးဖို့
မှာကြားလိုက်သည်။သူဘာလုပ်ရမည်နည်း
တကယ်တော့ သူကိုယ်တိုင်ဘယ်သူမှန်းမသိ၊
ဒီမိန်းကလေးဘယ်သူမှန်းလဲမသိသလို၊ဘယ်လို
အဖြစ်အပျက်တွေက ဒီလိုပုံစံမျိူးနဲ့ရောက်လာစေခဲ့
လဲ တစ်ခုမှစဉ်းစားယူလို့မရပေ။
မသိဘူးလို့ပြောရင်လည်း သူ့ကိုကူညီဖို့တစ်ဖက်
လူက ဇဝေဇဝါဖြစ်သွားနိုင်သည်။သူဒီလုိအခြေအနေ
မျိုးကြီးနဲ့နောက်ထပ်ခရီးဆက်ဖို့မဖြစ်နိုင်အဓိက
ကတော့ သူတို့နားခိုဖို့နေစရာတစ်ခုလိုအပ်သည်။
ထို့ကြောင့်မီးစင်ကြည့်ကပြီး အလိုက်အထိုက်
နေလိုက်ဖို့အရင်ဆုံးဖြတ်လိုက်၏။
''''ဟို......ကျ....ကျွန်တော့်နာမည်ဘုန်းတေဇပါ....သူကကျွန်တော့်ရဲ့ဇနီးပါ....ကျွန်တော်တို့လမ်းမှာဓားပြတိုက်ခံရပြီးဒီလိုဖြစ်လာတာပါဦးလေး......´´´´
''''ကျွန်တော့်ဇနီးက....အခုလိုဖြစ်နေတော့....အိမ်ပြန်ဖို့အဆင်မပြေသလို....ကျွန်တော်တို့ပြန်လို့ဒီလူဆိုးတွေနဲ့ထပ်တွေ့ရင်အသတ်ခံရမှာပါဦးလေး....ပြီးတော့နယ်ကနေအခြေဖျက်ပြီးမြို့တက်လာတာမို့ပြန်စရာအိမ်မရှိတော့ပါဘူး....ပါသမျှလည်းဓားပြတွေလက်ထဲပါသွားကြပြီ´´´´´
'''''အေးပါ....အေးပါငါ့တူရယ်.....ကဲ...ဦးလေးတို့နဲ့လိုက်ခဲ့နော်....မင်းဇနီးလည်းကျန်းမာအောင်ကုပေါ့....နေချင်သပဆိုလဲ....ဦးလေးတိုနဲ့ပဲနေပေါ့.....´´´´
သူ လောလောဆယ်နားခိုဖို့နေရာအတွက်အဆင်
ပြေသွားတာမို့ အဆင်ပြေသွားသည်။လူကြီးကို
လိမ်ညာသလိုဖြစ်နေပေမယ့်လည်းအကြောင်းရင်း
မှန်ကိုပြောပြဖို့ သူကိုယ်တိုင်တောင်မသိတာမို့
ဒီနည်းလမ်းနှစ်ယောက်စလုံးအတွက်ပိုကောင်းသည်။
''''ကဲ....လာကွယ်.....လာလာ....ဒီမှာခဏထိုင်.....´´´´
ရပ်ကွက်ငယ်လေးထဲမှ အိမ်တစ်လုံးသို့သူရောက်ရှိ
လာ၏။အရှေ့မှ ဦးဆောင်ခေါ်လာသည့်ဦးကြည်က
သူ့ဇနီးဟုထင်ရသည့်အမျိုးသမီးကြီးအားလှမ်းကြည့်ကာ
''''မယ်ထွေးရေ....ဧည့်သည်တွေပါလာတဲ့ဟေ့....´´´´
'''''ဘယ်သူတုန်း....ကိုကြည်ရဲ့....´´´´
'''''လာ.....မိန်းကလေးကို...ဒီအခန်းထဲထားလိုက်လေ....သူနားပါစေ....´´´´
သူမကိုပွေ့ချီကာ အခန်းငယ်လေးအတွင်းထားလိုက်၏။
သူတ်ုိ့ကိုခေါ်လာပေးသည့် ဦးလေးရဲ့ဇနီးက
သူမကိုအဝတ်အစားများလဲလှယ်ပေးနေစဉ်
သူနဲ့ဦးကြည် စကားပြောနေလိုက်သည်။
''''တကယ်....အဆင်ပြေလို့လားမောင်ရင်...မပြေရင် ဆေးရုံသွားကြရအောင်....´´´´
''''ပြေပါတယ်ဦးလေး.....ဆေးထည့်ထားတာပဲတစ်ဖြေးဖြေးပျောက်သွားမှာပါ.....´´´´´
'''''အေးပါကွယ်......ဒါဆိုမင်းလဲနားတော့လေဒဏ်ရာကြီးနဲ့ကို....သွား....သွားအေးအေးဆေးဆေးနေ....´´´´
သူ စီစဉ်ပေးထားသည့်အခန်းငယ်လေးထဲဝင်
လိုက်၏။ ဖြာလေးပေါ်တွင် ယခုထိငြိမ်သက်စွာ
လဲလျောင်းနေပြီးသတိ့မရသေးသည့်သူမ
သူမကရောဘယ်သူဖြစ်နိုင်မလဲ။
သူဘယ်သူဆို
တာကိုသိရဖို့ သူမကိုအနားမှာခေါ်ထားသင့်သည်။
သူမကသာ သူဘယ်သူလဲဆိုတာပြောပြပေးနိုင်သည့်
တစ်ဦးတည်းသောလူမဟုတ်လား။
သူမကရော တကယ်ပဲသူ့ဇနီးလား
ဘာလုိ့များ
အတူတူရှိနေရတာလဲ။ထို့အပြင်နှစ်ယောက်အတူ
ကြိုးတုပ်ခံထားရပြီး အန္တရာယ်ကျရောက်တော့လဲ
သူမဘာလို့ထွက်မပြေးတာလဲ။ဒါမှမဟုတ်ဒီဒဏ်ရာ
က accdientတစ်ခုခုကနေရခဲ့သလား။
ဒါတော့မဖြစ်နိုင်ပေ။accidentဖြစ်ခဲ့တာဆိုရင်
သူတို့ကိုကြိုးတုပ်ထားစရာအကြောင်းမရှိန်ိုင်။
''''အား!!!!!....´´´´´.
စဉ်းစားရင်းတွေးရင်း ခေါင်းတွေအရမ်းကိုက်လာတာ
မို့. သူဆတ်ခနဲ ခေါင်းကိုခါထုတ်ကာအတွေးတွေ
ကိုဖျောက်ဖျက်ပစ်လိုက်သည်။သူမသတိ့ပြန်ရလာ
မှ ဘယ်သူဘယ်ဝါမေးပြီးသိရတဲ့အခါလူကြီးတွေအား
အကျိုးအကြောင်းရှင်းပြ၍ပြန်ကြဖို့ပဲဆုံးဖြတ်လိုက်၏။
💠💠💠💠💠💠
'''''အား....ကျွတ်...ကျွတ်...ကျွတ်....´´´´
နာကျင်မှူဝေဒနာကြောင့် ခပ်တိုးတိူးလေးညည်းညူ
ရင်းသူမမျက်လုံးအစုံကိုဖွင့်ကြည့်လိုက်သည်။
မှောင်မဲနေတာကြောင့်ဘာကိုမှသဲသဲကွဲကွဲမမြင်ရပေ။
သူမလက်ဖြင့်အောက်ဘက်ကိုစမ်းကြည့်လိုက်တော့
ကြမ်းပြင်ထက်ခင်းထားသည့်ဖျာတစ်ချပ်ကိုစမ်းမိ၏။
သူမ အိပ်ယာတစ်ခုထဲမှာဆိုတာသိလိုက်သည်။
ဒါကဘယ်နေရာလဲ။
သူမခေါင်းကဘာလို့ဆိုးရွားပြီး နာကျင်လွန်းတဲ့
ဝေဒနာကိုခံစားနေရလဲမသိ။
သူမ. ထဖို့ပြင်လိုက်ပြီးခန္ဓာကိုယ်အားရွှေ့လိုက်၏။
ထိုစဉ် တစ်ယောက်ယောက်၏အသားကိုထိမိ
သွားသလိုခံစားရတာကြောင့်စမ်းကြည့်လိုက်တော့
လူတစ်ယောက်ယောက်သူမအနားမှာရှိနေတာကို
သတိ့ထားမိသွားလေတော့သည်။
'''''ဟင်.....´´´´
သူ့ပခုံးကိုလက်တစ်စုံကကိုင်ထားသလိုခံစားရတာ
ကြောင့် မိုးထိ ဖြတ်ခနဲလန့်နိုးသွားသည်။နူးညံ့လွန်း
သည့်လက်တစ်စုံနှင့်ခပ်တိုးတိုးညည်းညူသံလေး
သူ အိပ်နေရာမှကမန်းကတန်းထကာအနားရှိသော
ဖယောင်းတိုင်လေးကိုထွန်းညှိလိုက်သည်။
အခန်းငယ်လေးထဲ သူမနံဘေးမှတစ်ယောက်ယောက်
လှူပ်ရှားကာမီးခြစ် ခြစ်နေသံကြားရသည်။ပြီးသည်နှင့်
အလင်းရောင်လေးကိုစတင်မြင်လိုက်စဉ်သူမ
တွေ့လိုက်ရသည်က လူစိမ်းယောင်္ကျားတစ်ယောက်။
'''''အမလေး.....ရှင်....ရှင်ဘယ်သူလဲ....ဘာလို့ဒီအခန်းထဲမှာလာအိပ်နေရတာလဲ.....´´´´
သူမအမေးကို ဘာပြန်ဖြေလို့ဖြေရမှန်းမသိ၍
သူမမျက်နှာကိုကြောင်ကြည့်နေမိသည်။ထိုအခါ
သူမဒေါသလေးထွက်သွားရပြီး....
'''''ဒီမှာရှင့်ကုိမေးနေတယ်လေ....ဘာလို့ဒီအခန်းထဲရောက်နေတာလဲလို့ရှင်ကဘယ်သူလဲ....´´´´
သူမအသံလေး မဆိုစလောက်ကျယ်သွားတာ
ကြောင့် သူမျက်လုံးပြုးသွားရပြီးထိုင်နေရာမှ
သူမပါးစပ်လေးကိုအမြန်ပိတ်လိုက်ရသည်။
''''အွန်း....အွန်း....ရှင်ဘာလုပ်....´´´
'''''ဒီမှာ....မင်းတိုးတိုးနေစမ်းပါ....ဘာလို့အကျယ်ကြီးအော်နေရတာလဲလူကြီးတွေအိပ်နေတယ်...´´´´
လူကြီးတွေအိပ်နေတယ်ဆ်ိုသောစကားကြောင့်
သူမအသံလေးတိတ်သွားရပြီး သူ့ရင်ဘတ်ကို
တွန်းကာဝါးထရံလေးရှိရာသို့ကျူံ့ကျူံ့ကလေး
ကပ်၍ထိုင်လိုက်လေတော့သည်။
သူ သူမကိုကြည့်ကာ အခြေအနေမှန်ကိုပြောပြ
သင့်လား၊မသင့်လားဝေခွဲရခက်နေသည်။အခုချိန်မှာ
သူက လူကြီးတွေကို သူတ်ို့နှစ်ယောက်ကဇနီးမောင်နှံ
တွေပါလို့ပြောထားခဲ့သည်မဟုတ်လား။
အကယ်၍ သူမလက်မခံရင်ဒုက္ခရောက်သွားနိုင်သည်။
ဒါကြောင့် သူမအခြေအနေရောသူ့လုိပဲလား။
တစ်ခုခုကိုသိများသိမလား အရင်တီးခေါက်ကြည့်
ပြီးမှပြောရန်ဆုံးဖြတ်လိုက်တော့၏။
'''''အခုကိုယ်တို့တွေဘာဖြစ်လာကြတယ်ဆိုတာကိုရောမင်းသိရဲ့လားဟင်.....´´´´
သူ့အမေးစကားကြောင့် သူမကိုယ့်ကိုယ်ကိူယ်ပြန်ငုံ့
ကြည့်ကာစဉ်းစားလိုက်သည်။သူမဘာဖြစ်လာ
တာလဲ။ဘာလို့ဒဏ်ရာရှိနေတာလဲ။
ပြီးတော့
သူမဘယ်ကလဲ။သူမမိဘတွေရော..
''''ငါ.....ငါဘာလို့မမှတ်မိတာလဲ....ငါဘယ်သူလဲ....ဒီနေရာကရောဘယ်နေရာလဲငါ့အိမ်လား....ငါဘာလုိ့တစ်ခုမှမသ်ိရတာလဲ...ဒုက္ခပါပဲ...´´´´
'''''ဟို....ကျ...ကျွန်မမသိဘူး.....´´´´
''''ဟင်.....မင်းနာမည်လေးတောင်မသိဘူးလား.....ဒါဖြင့်ကိုယ့်ကိုရော....ကိူယ်ဘယ်သူလဲသိလားဟင်.....´´´´
''''ဟင့်အင်း.....မသိဘူး.....မသိဘူး....အား.......´´´´
''''ဘာ.....ဘာဖြစ်တာလဲဟင်...´´´´
သူမမျက်နှာလေးရှူံ့မဲ့ကာ နာကျင်စွာအော်
ငြီးလိုက်သည်မို့ သူပျာပျာသလဲမေးလိုက်မိသည်။
သူမ သူ့ကိုပြန်ကြည့်ကာ.......
''''အရမ်းစဉ်းစားတော့ခေါင်းတွေကိုက်လာတယ်.....´´´´
'''''အင်းပါ မစဉ်းစားနဲ့နော်.....လာ....ဒီမှာလှဲပြီးပြန်အိပ်လိုက်...ဘာမှသတိ့မရရင်မတွေးနဲ့ဟုတ်ပြီလား....သက်သောင့်သက်သာနေနော်
သူမကို အိပ်ယာလေးထက်ပြန်လှဲနေစေလိုက်ပြီး
သူငုတ်တုပ်ထိုင်နေမိသည်။နောက်ဆုံးမျှော်လင့်
ချက်လေးပျက်စီးသွားခဲ့ရပြီ။သူမသတိ့ရလာရင်
ကိုယ့်ဘဝအမှန်ကိုသိရမယ်လို့ယုံကြည်ထားခဲ့တာ
အခုတော့သူ့စိတ်ကူးတွေရေစုန်မျောသွားရရှာပြီ။
☯☯☯☯☯☯☯
''''ဘာဖြစ်တယ်.....ဒါဆိုကျွန်မတို့ကဘယ်သူဘယ်ဝါမှန်းမသိဘဲ....ဒီမှာလိမ်ညာနေကြတာပေါ့.....´´´´
''''ရှူး..တိုးတိုးလုပ်ပါ .....အမိရဲ့....´´´´
''''လိမ်တာမှမဟုတ်တာ....ကိုယ်တ်ုိ့တွေဘယ်သူဆိုတာတကယ့မသိတာလေ.....မသ်ိဘဲတစ်ခြားသူကိုဘယ်လိုပြောပြမှာလဲ....ဒါကြောင့်အခြေနေအရလုပ်ရတာပါ.....´´´´
'''''ဒါပေမယ့် သူတို့သိသွားရင်ရော.....ကျွန်မအခုလိုတွေမလုပ်န်ိူင်ဘူး....ရှင်နဲ့လည်းဟန်ဆောင်ပြီးလင်မယားလိုမနေပေးနိူင်ဘူးရှင့်....´´´´
'''''ကောင်းပြီလေ.....ဒါဆိုလည်းမင်းသဘောပဲ....မင်းဘာသာမင်းသွားပြောလေ....ကျွန်မကတော့ကိူယ့်ကိူယ်ကိုယ်ဘယ်သူမှန်းမသိပါဘူးဆိုတဲ့အကြောင်း...... ´´´´´
မိုးထိ အမြင်ကပ်စွာ ပြောပစ်လိုက်သည်။ကိုယ်တောင်
ဘယ်လိုအခြေအနေနဲ့ရပ်တည်ရမှန်းမသိတာကို
မာနကြီးနေသည့်မာနခဲက. ရှင်းပြချင်နေသေးသည်။
ဒီပုံစံအတိုင်းဆို ရှေ့ဆက်ပြီးဘယ်မှသွားနေမလဲ။
သူမပြန်စဉ်းစားနေမိသည်။ကိုယ်ကမိန်းကလေးမို့
တစ်ခြားအဝေးကိုထွက်သွားဖို့ကမဖြစ်နိူင်။
ဒီမှာနေရင်ရော ဘယ်သူမှန်းမသိတဲ့ဒီလူ့ရဲ့ဇနီး
အနေနဲ့သူမဟန်ဆောင်နေနိုင်ပါ့မလား။
နောက်ဆုံးတော့လက်လျှော့ကာခေါင်းညိတ်ရုံမှ
အပ မတတ်နိုင်ပေ။အိမ်ရှင်ဦးလေးကြီးလင်မယားက
လည်းသဘောကောင်းကြကာသူမတို့ကိုသားသမီး
ရင်းလေးလိုချစ်ကြသည်မို့အဆင်ပြေမှာမလွဲမသွေ။
'''''ကဲ......တေဇမင်းတ်ို့ဇနီးမောင်နှံ ရောဂါလည်းသက်သာပြီဆိုတော့ဘာလုပ်မယ်စိတ်ကူးလဲ....ဦးလေးတို့အိမ်မှာဘဲဆက်နေချင်တယ်ဆိုလဲရပါတယ်ကွယ်.....ဦးလေးအလုပ်ရှာပေးမှာပေါ့.....သမီးကတော့သမီးဒေါ်လေးနဲ့အတူတူအိမ်မှာကူပေါ့နော်....´´´´
''''ရပါတယ်ဦးလေး....ကျွန်တော်တို့လင်မယား....ဦးလေးတို့သဘောအတိုင်းနေပါ့မယ်ဗျာ...ဦးလေးကကျွန်တော်တို့လင်မယားရဲ့ကျေးဇူးရှင်တွေပါ....´´´´
မိုးထိ ထိုသို့ပြောလိုက်ပြီး သူမပခုံးလေးအားလှမ်း
ဖက်လိုက်၏။'လင်မယား´ဟုသုံးနှူန်းသောစကား
ကိုသူမစိတ်ထဲရှက်ရွံ့နေတဲ့အထဲအသားယူကာ
ဖက်လိုက်သည့်မိုးထိကိုပြန်ကြည့်ကာပေါင်အား
လူကြီးတွေမမြင်အောင်ဆွဲစိတ်ပစ်လိုက်တော့သည်။
''''အ.....´´´´
နာကျင်သွားရတာကြောင့်သူ့ကိုယ်ကြီးတွန့်သွားရ
ပြီး ပြုံးလိုက်ကာ သူမလက်လေးကိုသူ့လက်တစ်
ဖက်ဖြင့်ဆုပ်ကိုင်ကာချုပ်နှောင်ထားလိုက်သည်။
သူမ မသိမသာရုန်းရင်းမျက်စောင်းထိုးနေမိသည်။
''''ကဲ....ဉာဉ့်နက်နေပြီဆ်ိုတော့....လူလေးတို့အိပ်ကြတော့လေ...မနက်ကြဦးလေးနဲ့အတူ....အလုပ်လိုက်ခဲ့ပေါ့.....´´´´
'''''ဟုတ်ကဲ့ဦးလေး....ကျွန်တော်မနက်ကိုအဆင်သင့်ပြင်ထားပါ့မယ်....´´´´´
စကားပြောနေရာမှထရပ်ကာ သူတို့နှစ်ဦးအတွက်
ပြင်ဆင်ပေးထားသည့်အခန်းလေးထဲသို့ဝင်လာ
ခဲ့ကြသည်။အခန်းလေးထဲရောက်သည်နှင့်နှစ်ယောက်
သားပြိုင်တူ ကြည့်မိကြလေသည်။
အစက ကိုယ့်ဝေဒနာနဲ့ကိုယ်မို့ ဘယ်လိုမှမနေ
ပေမယ့် ယခုကြတော့ နှစ်ယောက်အတူတစ်ခန်း
ထဲအိပ်ရမည့်အရေးတွေးကာစိတ်ထဲတစ်မျိုးဖြစ်
သွားမိသည်။ သူ သူမမျက်နှာလေးကိုမလုံမလဲ
ကြည့်လိုက်စဉ် သူမအကြည့်နဲ့ဆုံသွားကာမျက်နှာ
ကိုအမြန်လွှဲလိုက်မိလေတော့သည်။
.
''''ဟင်း ဒုက္ခပဲ....ငါသူနဲ့ဘယ်လိုတစ်ခန်းထဲအိပ်ရမလဲ....စိတ်ညစ်ပါတယ်..... ´´´´
မိုးထိ ဘာမှမစဉ်းစားနေတော့ဘဲခေါင်းအုံးတစ်လုံး
ကိုလှမ်းဆွဲယူကာ ဖြာ၏တစ်ဖက်တစ်ချက်တွင်
အိပ်လိုက်သည်။သူမ မအိပ်သေးဘဲထိုင်နေမိဆဲ။
''''အိပ်လေ......မင်းကိုယ့်ကိုဘာမှမလုပ်သ၍....ကိုယ်လဲဘာမလုပ်ပါဘူး....အမိ....´´´´
''''အိုး....ကျွန်မကိုအမိလို့မခေါ်ပါနဲ့....ကျွန်မမှာနာမည်ရှိတယ်ရှင့်...´´´
''''ဟင်....ဟုတ်လား....ဒါဖြင့်ပြောပါဦးအမိနာမည်လေး....´´´´
''''အယ်....ဟို.....ဟိုလေ....´´´´´
သူမ စိတ်လိုလက်ရပြောလိုက်ပြီးမှ သတိ့ရသွားမိ၏။
သူမမှာနာမည်ရှိပေမယ့် သူမမှမသိဘဲ
စကားကိုရှေ့
မဆက်ဘဲတစ်ဟိုဟိုဖြစ်နေသည့်သူမကိုကြည့်ကာ
မိုးထိသဘောကျစွာရယ်လိုက်တော့သူမပါ
ရောယောင်၍လုိက်ရယ်မိသည်။
''''အဟွန်း....ဟွန်း....ဟွန်း...´´´
'''အဟင်းဟင်း....ဟင်း...´´´´
.
''''မင်းကို ကိုယ်နာမည်ပေးရမလား...မင်းကကိုယ်မသိလိုက်ဘဲကိုယ့်ဘဝထဲရောက်လာတာဆိုတော့....ကိုယ့်ကိုကံကောင်းခြင်းတွေယူဆောင်လာပေးမယ့်ကိုယ့်ရဲ့နတ်သမီးလေးပဲဖြစ်မှာပါ.....ဒါကြောင့်ကိုယ့်ရဲ့အိမ်ဂျယ်လေးလို့ပေးမယ်.....ကျေနပ်လား....´´´´
''''အင်း....´´´´
'''''လာ....ဒီမှာလာအိပ်....ဒီမှာအရင်းနှီးဆုံးကကိုယ်တို့နှစ်ယောက်ပဲမို့....အိမ်ဂျယ်လိုတာရှိရင်ဘာပဲဖြစ်ဖြစ်ကိုယ့်ကိုပြောနော်.... ကိုယ့်ကိုအားမနာနဲ့.....´´´´
သူမ သူ့စကားလေးကြောင့်ပြုံးလိုက်မိသည်။
ဘယ်သူမှန်းမသိရတဲ့သူစိမ်းပေမယ့်
သူမကို
အစစအရာရာဂရုစိုက်ပေးတတ်တဲ့ဒီလူကသူမ
ဘဝရဲ့ဖူးစာဖက်များလားလို့တွေးမိသည်။
မိုးထိ ဖယောင်းတိုင်မီးလေးကိုငြှိမ်းသတ်ပစ်လိုက်သည်။
အခန်းငယ်လေးတစ်ခုလုံးမှောင်ပိန်းသွားရသည်။
သူမ အမှောင်ကိုကြောက်သည်။ကြောက်စိတ်ဖြင့်
မိုးထိရင်ခွင်ထဲသို့အတင်းတိုးဝင်မိသည်။
ထွေးအိသောခန္ဓာကိုယ်လေး သူ့ရင်ခွင်ထဲသို့
တိုးဝင်လာသည်မို့ သူခပ်တင်းတင်းလေးဖက်ထား
မိရင်း အသက်ရှူသံတွေကပြင်းလာခဲ့သည်။
ရုတ်တရက် မိုးထိပြုမူလိုက်သည်က သူမနှုတ်ခမ်း
လုံးလုံးလေးဆီသို့ ပြင်းပြသောဆန္ဒတွေဖြင့်အနမ်းတစ်ပွင့်
''''ဟင့်အင်း.....´´´´
သူမရှက်ရွံ့စွာရုန်းလိုက်တော့ သူ့လက်တွေက
သူမလက်ဖဝါးလေးကိုဖိဆုပ်ထားမိသည်။အနမ်းတွေ
ကကျူးကျော်ကာ သူမရင်အစုံဆီသို့ပြန့်နှံ့သွားပြီး
သူမကိုယ်သင်းရနံ့လေးက သူ့စိတ်ရဲ့ထိန်းချုပ်န်ိုင်စွမ်း
ကိုဖျက်စီးကာ ရင်ခုန်သံကိုမြန်စေသည်။
''''''ကိုယ်မင်းကိုချစ်တယ်.....´´´´
သူမနားဆီသို့ကပ်ကာ ပြောလိုက်သည့်စကားသံ
လေးကတိုးတိုးလေးပေမယ့် သူမရင်ထဲလှူပ်ခတ်
ကာဝုန်းဒိုင်းကျဲသွားသည်။ရှက်စိတ်တွေမွှန်ထူကာ
သူ့ကိုအတင်းတွန်းနေပေမယ့်လေးလံသည့်ခန္ဓာကိုယ်က
သူမကိုယ်လုံးသေးသေးလေးဆီသို့ပိကျလာခဲ့သည်။
''''ဟင့်အင်း.....´´´´
''''အ.....မင်းဘာလို့ဒီလောက်နူးညံ့ပြီးချစ်ဖို့ကောင်းရတာလဲနတ်သမီးလေးရယ်.....´´´´´
သူမရဲ့ငြင်းဆိုသံတွေ သူမကြားတော့။
သူကြားမိသည်က တိုးညှင်းလွန်းသည့်သူမရဲ့
ခပ်တိုးတိုးညည်းသံလေးနဲ့အတူဝုန်းဒိုင်းကျဲနေသည့်
သူ့ရင်ခုန်သံ။အခန်းငယ်လေးရဲ့အမှောင်က
ရမက်အမှောင်ကို မယှဉ်န်ိုင်ပေ။
ူဒီလိုညလောက်ရင်ခုန်ဖွယ်ကောင်းတာရှိမည်မထင်။
အချစ်နတ်ဆိုးရဲ့အလိုကျ ကပြဖျော်ဖြေရုံသာ......။
ချစ်တို့ရေ အပိုင်း၆ကိုတော့
gpလေးမှာပဲဝင်ရောက်ဖတ်ရှူနိူင်ပါတယ်နော် ရှေ့ဆက်ပြီးသူတို့နှစ်ယောက်နဲ့ဧကရီဘာတွေဖြစ်ကြမလဲ၊သူတ်ုိ့ရောဘယ်လိုတွေRoမလဲသိချင်ရင်တော့gpလေးကိုအမြန်ဆုံးဝင်လိုက်နော်.....😊😊😊😊
💘p=6💘မျှော်
#သျှင်ယွန်းအိမ်
စောင့်မဖတ်ချင်တဲ့သူလေးတွေကတော့
Private gp မှာ ဝယ်ဖတ်လို့ရပါတယ်ရှင့်
09757890240 kpayကို လွှဲပေးရမှာပါ
*zawgyi*
💠အချစ်ရပ်ဝန်းဆီသို့.....💠
💘p=5💘
'''''ဘာပြောလိုက်တယ်.....ဘယ်လို.....ကျွန်မ....ကျွန်မသမီးလေး....ပျောက်သွားတယ်ဟုတ်လား....´´´´´
ထု၍ရိုက်ကြီးတငင်ငင် အူလှိုက်သည်းလှိုက်ငိုကြွေး
.
မိုးထိနဲ့ပက်သက်
မထင်မှတ်ထားသည့်အဖြစ်ဆိုးကသားလေးကို
''''အား.......ကျွတ်....ကျွတ်.....´´´´
သူစိတ်ရှူပ်
''''ငါ....ငါဘယ်သူလဲ....ဘာလို့ဒီနေရာကိုရောက်နေတာလဲ...ငါကဘယ်ကလဲ.....ဘယ်လိုဖြစ်လို့ဒီလောက်ဒဏ်ရာဒဏ်ချက်တွေများနေရတာပါလိမ့်.....´´´´
သူကိုယ်တိုင်ဘာမှန်းမသိတဲ့အတွေးတွေ့ဖြင့်ကိုယ့်ကို
🍷🍷🍷🍷🍷🍷
ပြန်သိမ်းရင်း
ထိုလူ့လက်ထဲတွင်အရာတစ်ခုခုကို ပွေ့လာသလို...
တစ်ခုဝင်နေပုံရလေသည်။
မှာကြားလိုက်သည်။သူဘာလုပ်ရမည်နည်း
အဖြစ်အပျက်တွေက ဒီလိုပုံစံမျိုးနဲ့ရောက်လာစေခဲ့
သူတို့ကိုခေါ်လာပေးသည့် ဦးလေးရဲ့ဇနီးက
သူဘယ်သူဆို
ဘာလို့များ
သူတို့ကိုကြိုးတုပ်ထားစရာအကြောင်းမရှိနိုင်။
''''အား!!!!!....´´´´´.
💠💠💠💠💠💠
'''''အား....ကျွတ်...ကျွတ်...ကျွတ်....´´´´
နာကျင်မှူဝေဒနာကြောင့် ခပ်တိုးတိုးလေးညည်းညူ
ဒါကဘယ်နေရာလဲ။
'''''ဟင်.....´´´´
'''''ဒီမှာရှင့်ကိုမေးနေတယ်လေ....ဘာလို့ဒီအခန်းထဲရောက်နေတာလဲလို့ရှင်ကဘယ်သူလဲ....´´´´
လူကြီးတွေအိပ်နေတယ်ဆိုသောစကားကြောင့်
သူက လူကြီးတွေကို သူတို့နှစ်ယောက်ကဇနီးမောင်နှံ
ဒါကြောင့် သူမအခြေအနေရောသူ့လိုပဲလား။
သူ့အမေးစကားကြောင့် သူမကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့
ပြီးတော့
သူမဘယ်ကလဲ။သူမမိဘတွေရော..
''''ငါ.....ငါဘာလို့မမှတ်မိတာလဲ....ငါဘယ်သူလဲ....ဒီနေရာကရောဘယ်နေရာလဲငါ့အိမ်လား....ငါဘာလို့တစ်ခုမှမသိရတာလဲ...ဒုက္ခပါပဲ...´´´´
'''''ဟို....ကျ...ကျွန်မမသိဘူး.....´´´´
''''ဟင်.....မင်းနာမည်လေးတောင်မသိဘူးလား.....ဒါဖြင့်ကိုယ့်ကိုရော....ကိုယ်ဘယ်သူလဲသိလားဟင်.....´´´´
''''ဘာ.....ဘာဖြစ်တာလဲဟင်...´´´´
☯☯☯☯☯☯☯
''''လိမ်တာမှမဟုတ်တာ....ကိုယ်တို့တွေဘယ်သူဆိုတာတကယ့မသိတာလေ.....မသိဘဲတစ်ခြားသူကိုဘယ်လိုပြောပြမှာလဲ....ဒါကြောင့်အခြေနေအရလုပ်ရတာပါ.....´´´´
'''''ဒါပေမယ့် သူတို့သိသွားရင်ရော.....ကျွန်မအခုလိုတွေမလုပ်နိုင်ဘူး....ရှင်နဲ့လည်းဟန်ဆောင်ပြီးလင်မယားလိုမနေပေးနိုင်ဘူးရှင့်....´´´´
'''''ကောင်းပြီလေ.....ဒါဆိုလည်းမင်းသဘောပဲ....မင်းဘာသာမင်းသွားပြောလေ....ကျွန်မကတော့ကိုယ့်ကိုယ်ကိုယ်ဘယ်သူမှန်းမသိပါဘူးဆိုတဲ့အကြောင်း...... ´´´´´
တစ်ခြားအဝေးကိုထွက်သွားဖို့ကမဖြစ်နိုင်။
'''''ကဲ......တေဇမင်းတို့ဇနီးမောင်နှံ ရောဂါလည်းသက်သာပြီဆိုတော့ဘာလုပ်မယ်စိတ်ကူးလဲ....ဦးလေးတို့အိမ်မှာဘဲဆက်နေချင်တယ်ဆိုလဲရပါတယ်ကွယ်.....ဦးလေးအလုပ်ရှာပေးမှာပေါ့.....သမီးကတော့သမီးဒေါ်လေးနဲ့အတူတူအိမ်မှာကူပေါ့နော်....´´´´
''''အ.....´´´´
''''ကဲ....ဉာဥ့်နက်နေပြီဆိုတော့....လူလေးတို့အိပ်ကြတော့လေ...မနက်ကြဦးလေးနဲ့အတူ....အလုပ်လိုက်ခဲ့ပေါ့.....´´´´
.
''''အယ်....ဟို.....ဟိုလေ....´´´´´
စကားကိုရှေ့
ရောယောင်၍လိုက်ရယ်မိသည်။
''''အဟွန်း....ဟွန်း....ဟွန်း...´´´
'''အဟင်းဟင်း....ဟင်း...´´´´
.
''''အင်း....´´´´
သူမကို
''''ဟင့်အင်း.....´´´´
သူမကိုယ်သင်းရနံ့လေးက သူ့စိတ်ရဲ့ထိန်းချုပ်နိုင်စွမ်း
''''''ကိုယ်မင်းကိုချစ်တယ်.....´´´´
''''ဟင့်အင်း.....´´´´
ရမက်အမှောင်ကို မယှဉ်နိုင်ပေ။
gpလေးမှာပဲဝင်ရောက်ဖတ်ရှူနိုင်ပါတယ်နော် ရှေ့ဆက်ပြီးသူတို့နှစ်ယောက်နဲ့ဧကရီဘာတွေဖြစ်ကြမလဲ၊သူတို့ရောဘယ်လိုတွေRoမလဲသိချင်ရင်တော့gpလေးကိုအမြန်ဆုံးဝင်လိုက်နော်.....😊😊😊😊
💘p=6💘မျှော်
#သျှင်ယွန်းအိမ်