အပိုင်း (60)
ခွန်းက ကြားထဲကပဲ....အော်လိုက်တော့သည်။
"ရပ်ကြပါတော့...."
နှစ်ယောက်လုံး ရပ်သွားသည်။
"ကလေးလဲ မဟုတ်ဘဲ...ဘာလို့ ရန်ဖြစ်...
နေကြတာလဲ"
Lord က သူ့ချစ်သူလေးကို ကြည့်ကာ.....
"မရပါဘူး...ခွန်းပြော...ကိုယ့်ကိုဆွဲပေးတယ့်ပုံနဲ့...
သူ့ပုံဘယ်သူပိုလှလဲ"
ခွန်း က သူ့ချစ်သူကို ကြည့်ကာ.....
"သေချာပေါက် "Lord" က လှတာပေါ့"
Lord က မျက်ခုံးတစ်ဖက်ပင့်ပြကာ သူက
အတော်ဆုံးပေါ့....မာနကြီးစွာဖြင့် အပြုံးကြီးက....
ဂုဏ်ယူပြနေသည်။
"......"
လင်းသုတက မျက်မှောက်ကြုံကာ....ဖြင့် စိတ်ဆိုးသည်။
ခွန်း က မြင်တော့ မျက်နှာလေးမဲ့ကာ
"စိတ်မဆိုးပါနဲ့... သုတရယ်...နင့်စိတ်ဆိုးတော့....
ငါ့ရင်နာတာပေါ့"
"နင့်ကြည့်ရတာ အကောင်းကြီးပါနော်"
ချက်ချင်း ခွန်း က မျက်နှာလေးရှုံပြကာ
"လုပ်ပါအုံး.....နှလုံးမူးပြီး..ခေါင်းတွေအောင့်လာပြီ"
ပြောင်ချောချောလုပ်ပြတော့ သုတ က ပြုံးသွားသည်။
ဒီချစ်စရာကောင်မလေးကို ဘယ်သူက အကြာကြီးစိတ်ဆိုးနိုင်မှာလဲ။
"နင်ကတော့.....တဂယ်ပါပဲ.... "
အချင်းချင်းစိတ်ဆိုးပြေကာ....ရယ်ရယ်မောမော
ပြန်ဖြစ်သွားသည်။
"Lord ရော ကျွန်တော်နဲ့ သူငယ်ချင်း မဖြစ်ချင်ဘူးလား"
"သေလိုက်...ငါသေနတ်ပေးမယ်"
ရှင်းရှင်းပဲ ပြောလိုက်သည်။
~~~~~~~~~♥♥♥♥♥~~~~~~~~~~
ညလေးရောက်တော့ ဆရာဝန်က သူတို့ကို
များ.....ကြည့် မရလို့လား....
အခုထိ ဖက်ခွင့်ကိုမရသေးဘူး...
အဲ့တော့လဲ.....
Lord က ခွန်း ရဲ့ လက်လေးကို ကိုင်ကာ
စကားပြောကြသည်။
သူတို့နှစ်ယောက်ကြား ပြောစရာတွေက အများကြီးပဲမလား....
"အဆင်ပြေသွားပြီလား....ခွန်း....နေရတာဘယ်လိုလဲ"
"ပြေပါတယ် Lord...."
"Lord ခွန်းမေးစရာရှိတယ်...."
"ပြောလေ...."
"ကိုဟိန်း ဆုံးသွားတာ...Lord သိတယ်မလား "
Lord အနည်းငယ် ရပ်တန့်သွားကာ...ချက်ချင်း ရှုပ်သွားကာ....ဘာပြောရမလဲကို မသိ ဖြစ်သွားပေမယ့်
ခွန်းရဲ့လက်လေးကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ
"ကိုယ်တောင်းပန်ပါတယ်....အချစ် ကို ပြောပြသင့်တယ်....ဒါပေမယ့်... ကိုယ်တဂယ်...မပြောရဲတာ..အဲ့တုန်း..က..."
ခွန်း က Lord နှုတ်ခမ်းကို လက်ညိုးလေးတင်ကာ..
"ရှူး....ခွန်း..နားလည်ပါတယ်...."
"တဂယ်ပြောတာလား...ကိုယ့်ကို စိတ်မဆိုးဘူး
မလား...."
"ဟင့်အင်း...ကိုဟိန်း ကို သေချာ မြှပ်ပေးရဲ့လား"
"အင်း...ကိုယ်သေချာ မြှပ်ပေးထားတယ်"
"သူ့ကို တွေ့ချင်လို့...တစ်ခါလောက် ခေါ်သွားပေး
လို့ရမလား..."
"ရပါတယ်.....ကိုယ်ခေါ်သွားပါမယ်"
ခွန်း က ကိုဟိန်းအကြောင်းတွေးလိုက်မိတိုင်း မျက်ရည် တွေကျလာသည်။
ကိုဟိန်း သူမရဲ့ အကိုတစ်ယောက်လို သူမကို ဂရုစိုက်ပေးသည်။
အနေအေးတယ်...သဘောကောင်တယ်...အခုတော့...သူ့အပေါ် အရမ်းဂရုစိုက်သူက...သူ့ကြောင့်နဲ့ဘာမှမဆိုင်ဘဲ သေသွားခဲ့ရတာ....
Lord က ခွန်း ရဲ့ မျက်ရည်တွေကို သုတ်ပေးကာ
"မငိုပါနဲ့... ကွာ..."
ခွန်း က အငိုတိတ်လိုက်သည်။
"ဒါဆို....သခင်မ နဲ့ သူ့လက်ထောက်တွေရော..."
"သူတို့က တစ်နေရာရာမှာပေါ့"
"အများကြီး မနှိပ်စက်ပါနဲ့နော်....ခွင့်လွှတ်ပေးလိုက်ပါ...ခွန်း မျက်နှာကို ဘာမှ မလုပ်တာနဲ့တင် အရမ်းကို ကျေးဇူးတင်နေတာပါ...အရမ်းကြီး မနှိပ်စက်ပါနဲ့...ခွင့်လွှတ်ခြင်းသည်သာ အကောင်းဆုံးမလား..."
Lord က ခေါင်းတညှိမ့်ညှိမ့်ဖြင့် နားထောင်ပေးသည်။
စေတန်ကို တရားဟောနေသည့် ခွန်း 😌
Lord က ခွန်း ကို ကြည့်ကာ ဒီအဖြူရောင်
ကောင်မလေးကတော့.....
"ကိုယ်သူတို့ကို ဘာမှမလုပ်ပါဘူး...ခွန်း ပြောသလို ညှာပါတယ်..."
ခွန်း က Lord ကို ပြုံးပြကာ...
"Lord...က အကောင်းဆုံး ပဲ...."
ဟုတ်ပါတယ် တော်တော်ကို ညှာတာ🤧🤧🤧
~~~~~~~~~♥♥♥♥♥~~~~~~~~~~
ခွန်း နဲ့ Lord ဆေးရုံကနေ ဆင်းလာရပါပြီ.....
ခွန်း ကပေါ့ပေါ့ပါးပါး လက်တို
ဂါဝန်ပန်းနုရောင်လေး Bouffantလေးနဲ့....
Lord ကလဲ ပေါ့ပေါ့ပါးပါးဝတ် ရှပ်နဲ့
ဘောင်းဘီတိုဖြင့် အရမ်းကို ကြည့်ကောင်းနေသည်။
ဘယ်သူ့ကောင်လေးမို့ ဒီလောက်ကြည့်ကောင်းနေတာလဲ.....
ခွန်း လဲ အရင်ကထက် အများကြီး ပိုကောင်းလာပြီး အမာရွက်တွေဆို...ပါးပါးလေးတွေပဲ
ကျန်တော့တယ်။
Lord က အလုပ်တွေ ကို ပစ်ကာ....သူ့အလုပ်တွေအားလုံးကို သူ့လက်ထောက်ကို လွှဲခဲ့လေရဲ့....
"........"
Lord လက်ထောက်မှာ သနားပါတယ်....
Lord က ခွန်း ကို တစ်နေရာကို ခေါ်သွားခဲ့သည်။
ကားဖြင့် တော်တော်မောင်းလာသည်။
ထိုနေရာလေးကိုရောက်တော့ ကားကို ရပ်လိုက်သည်။
ကားထဲကထွက်တော့ လမ်းသွယ်လေး...
ဘယ်သူမှမရှိဘူး...အရမ်းကိုလှတယ်...
စိမ်းဆိုနေတာပဲ...
Lord က ခွန်း ကို ကြည့်ကာ...
"ခွန်း.... ဒီမှာစောင့်နေနော်...."
Lord က စက်ဘီးတစ်စီးကို....ထုတ်လာသည်။
"မင်းသမီးလေး ကျွန်တော်နဲ့ စက်ဘီးစီးကြမလား"
Lord အပြောကို ခွန်း ပြုံးနေမိသည်။
"ဘာမင်းသမီးလဲ...Lord ကတော့...."
ခွန်း က Lord ရဲ့ အနောက်မှာထိုင်လိုက်သည်။
"Lord...က စက်ဘီးစီးတတ်လို့လား..."
"မင်းသမီးလေး..ကိုယ် မမောင်းနှင်း
နိုင်တာ...မင်းသမီး လေး နှလုံးသားပဲရှိပါတယ်"
ခွန်း က ရှက်သွေးဖြာသည်။ Lord က လေယာဥ်ကအစ အကုန်မောင်းတတ်ပါတယ်။
"ကိုယ့်မင်းသမီးလေး...ခါးကို ဖက်ထားနော်"
"ဟုတ်ကဲ့ပါ...မင်းသားလေး..."
တဂယ်ဆို မြင်းဖြစ်ရမှာ တစ်မူထူးခြားစွာ စက်ဘီး...
အခုချိန်မှာ Lord က သာမာန်ကောင်လေး ခွန်းကလဲ သာမာန်ကောင်မလေး...
Lord ရဲ့ ခါးကို ဖက်ကာ စက်ဘီးစီးသည်။
လမ်းက သွယ်သွယ်လေး ဘေးမှာလဲ သစ်ပင်ကြီးတွေ နဲ့ စိမ်းလန်းစိုပြည်နေသည်။
လေကတဖြူးဖြူးခွန်း က Lord ရဲ့ ခါးကို ဖက်ကာလေကတိုက်...ဆံနွယ်လေးတွေက လွင့်ပြယ်နေသည်။
" အရမ်းချစ်တယ်....မင်းဥက္ကာမောင် ကို ချစ်တယ်...."
ခွန်း က တမ္ဘာလုံးကြားအောင်...အော်လိုက်သည်။
Lord ကလဲ ပြုံးကာ...အကျယ်ကြီး ပြန်အော်သည်။
"ခွန်းဆုဟေသာကို ချစ်တယ်....
"အရမ်း ချစ်တယ်....."
"ကိုယ်က ပိုချစ်တယ်....အရမ်းချစ်တယ် "
"ဒီတစ်ခါတော့ အရှုံးပေးလိုက်မယ်"
"ကိုယ့်ကိုယ် ဒါလေးပဲ အရှုံးပေးပါ...ကျန်တာအားလုံး.....မင်းအနိုင်ယူလိုက်ပါ..."
နှစ်ယောက် အတူ စက်ဘီးလေးစီးကာ....
ညနေခင်းလေးကို ဖြတ်သန်းကြသည်။
အရှင်လက်လက် ငရဲ ရောက်ချင်ရင် Lord ရဲ့ ချစ်သူကို ထိလိုက်ပါ။
အရှင်လက်လက်နတ်ပြည် ရောက်ချင်ရင် Lord ရဲ့
ချစ်သူ ဖြစ်လိုက်ပါ။
အပိုင်း (61)......
အပိုင်း (60)
"ရပ်ကြပါတော့...."
နေကြတာလဲ"
သူ့ပုံဘယ်သူပိုလှလဲ"
ဂုဏ်ယူပြနေသည်။
"......"
ငါ့ရင်နာတာပေါ့"
"နင်ကတော့.....တဂယ်ပါပဲ.... "
ပြန်ဖြစ်သွားသည်။
~~~~~~~~~♥♥♥♥♥~~~~~~~~~~
များ.....ကြည့် မရလို့လား....
အဲ့တော့လဲ.....
စကားပြောကြသည်။
"ပြေပါတယ် Lord...."
"ပြောလေ...."
မလား...."
လို့ရမလား..."
"မငိုပါနဲ့... ကွာ..."
ကောင်မလေးကတော့.....
"Lord...က အကောင်းဆုံး ပဲ...."
~~~~~~~~~♥♥♥♥♥~~~~~~~~~~
ကျန်တော့တယ်။
"........"
စိမ်းဆိုနေတာပဲ...
"ဟုတ်ကဲ့ပါ...မင်းသားလေး..."
"အရမ်း ချစ်တယ်....."
ချစ်သူ ဖြစ်လိုက်ပါ။
အပိုင်း (61)......