(V 3+V4) ကောင်းကင်ယံထက်က ငွေက...

By MayKingMK119

348K 48.8K 1.6K

(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://w... More

True Star _ Volume -3 Chapter- 1 (ZawGyi+Uni)
True Star Volume - 3 , Chapter (2) ( Zawgyi+Uni)
True Star, Chapter 3(Zawgyi+Unicode)
Volume 3, Chapter (4)
Volume 1 and 2 အက်ဥ္း
Chapter (5)
Chapter (6) - zawgyi+unicode
Chapter (7) ( zawgyi+unicode)
Chapter (8) (zawgyi+unicode)
Chapter(9) (zawgyi+unicode)
Chapter (9-2) (zawgyi+Unicode)
True Star - Chapter (10) (zawgyi+Unicode)
Chapter 11: -Unprovoked accident
True Star Vol 4 Chapter 1-5
Chapter 12: - Evil Power Party (မေကာင္းဆိုးဝါးပါတီ)
True Star - Chapter (13) - Evil Power Party
Chapter (14) -🎲Trap-on 🎲
ေျမေအာက္ေလာက ဘုရင္ Albert / မြေအောက်လောက ဘုရင် Albert
Chapter (15) - Trap Down (ေထာင္ေခ်ာက္)
Chapter (16) - ေလာင္းကစားႏွင့္ ဝွက္ဖဲ
Tang Feng ရဲ႕ အခ်စ္ကို ဘယ္သူ ရမလဲ..
Chapter (17) - ေရြးခ်ယ္ျခင္း - 1
Chapter (18) သီးသန႔္ကြၽန္း ( Zawgyi+ Unicode)
Chapter (19) - ဖုံးကြယ္ထားသည့္ ခံစားခ်က္ အဟုန္မ်ား
Superstar Volume III- Chapter (20) - Torrent Undercurrent
Superstar Volume III- Chapter (21) - ေလလံပြဲ -1
True Star Volume - 3 - Chapter (11-30) English Raw
Chapter (22) - ကြ်န္ ေလလံပြဲ (zawgyi+unicode)
True Star Volume 1+2+3
Chapter (23) - အထူးေလလံပြဲ(Z+U)
Volume III_ Chapter (24) - Gino လြတ္ေျမာက္ျခင္း (Z+U)
Volume III_ Chapter (25) - သူက ဘာေၾကာင့္ Fiennes Tang နဲ႔ တူေနတာလဲ (Z+U)
Volume - 3 _ Chapter (26) - ေအာင္ျမင္မႈ၏ဆုလာဘ္ကို ခံစားျခင္း(Z+U)
Volume - 3 - Chapter (27) - Tang Feng ကိုစားလိုက္ေသာ Albert
Chapter (28) - မေကာင္းဆိုးဝါး လူသတ္သမား ေရာက္ရွိလာျခင္း
Chapter (29) - Lu Tian Chen ကိုယ္တိုင္ လာေရာက္ကယ္တင္ျခင္း (Z+U)
Chapter (30) - Dr. Harvey ဆီက ဝန္ခံစကား (Z+U)
True Star_ Volume 3 _ Chapter 31: ဗင္းနစ္ ႐ုပ္ရွင္ပြဲေတာ္
Chapter (32) - ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ (၂)
True Star _ Volume III _ Chapter (33)_ Red carpet
Volume III_ Chapter (34) _ ဆုေပးပြဲအခမ္းအနား (Z+U)
Volume III_ Chapter (35) - ပိတ်ဆို့ခြင်း (၁)(U+Z)
Volume III- Chapter (36)- ပိတ္ဆို႔ျခင္း - 2
True Star _ Volume III _ Chapter (37) - သတိပေးချက် (U+Z)
True Star _ Vol.3 _ Chapter (38-1) -New Movie-1
True Star _ Vol.3 _ (Chapter 38- 2) -New Movie-2
(Unicode) True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း
(Zawgyi) True Star _ Vol.3 _ Chapter (39) - မိမိကိုယ္ကိုယ္ မိတ္ဆက္ျခင္း
True star Volume III- Chapter (40) - ခြိမ်းခြောက်ခြင်း၏နောက်ဆုံးအဆင့်
Volume III- Chapter (41)- ခွေးခွေးချင်း ကိုက်ကြတဲ့ပွဲ
True Star Volume III_ Chapter (42) - Interview
True star _ Volume III- Chapter (43)- " Cross-examination"
True star _ Volume III- Chapter (44)- ကိုယ်အလေးချိန်တက်ခြင်း
Volume III- Chapter (45)-ဝလာလည်း ခံစားချက်တွေ မပြောင်းလဲဘူး...
Volume _3- Chapter 46- ပုံရိပ်အသစ်
Chapter (47) - ဟိုတယ်ခန်းထဲကို မုန်ယိုနေသည့် ဝက်ဝံက ဖောက်ဝင်ခြင်း
(U+Z) Chapter (48_1) _ Demon Slayer - မကောင်းဆိုးဝါး လူသတ်သမား - 1
(U+Z)Chapter (48-2) _ Demon Slayer - မကောငျးဆိုးဝါး လူသတျသမား-2
(Z) Chapter (48-2) _ Demon Slayer - မေကာင်းဆိုးဝါး လူသတ်သမား-2
Chapter (49-1)_ ပင်ဒါဝက်ဝံလေး Tang ကို လုနေသည့် Lu Tian Chen နဲ့ Charles
Chapter (49-2)_ ငါတို့နှစ်ယောက်မှာ ဘယ်သူ့ကို ချစ်တာလဲ..
Chapter (50)_ တောထဲမှာ လမ်းပျောက်ခြင်း
Volume III- Chapter (51) _ ပြန်ပေးဆွဲခံရခြင်း
Volume III- Chapter (52) - မင်းက Tang Feng လား။
Volume III- Chapter (53) - Tang Feng ကို လာကယ်ခြင်း
Chapter (54) - လွတ်မြောက်ခြင်း
Chapter (55) - အိုင်ဗန် နဲ့တွေ့ဆုံခြင်း
Chapter (56)_ ရွေးချယ်မှု
Chapter (57) - မင်း ရန်သူကို အယောင်ပြပြီး ဆွဲဆောင်သွားနိုင်မလား....
Chapter (58) - Tang Feng ကို ပြန်လည် ဖမ်းမိခြင်း
Chapter (59) _ မင်းကို ကာကွယ်ပေးဖို့က ကိုယ့်တာဝန်ပဲလေ
Chapter (60) - Tang Feng နာမည်ကြီးလာခြင်း
Chapter (61) - လူသတ်သမားရဲ့ နိဂုံး
Chapter (62) - ရုပ်ရှင်ဇာတ်ကား ရုံတင်ဝင်ငွေ စံချိန်ချိုးခြင်း
Volume III- Chapter (63) - End (ဇာတ်သိမ်း /ဇာတ္သိမ္း)
True Star- Volume_ 4 - Chapter (1) - Hello နည်းပြကြီး....
True Star_ Volume_ 4 - Chapter (2): - င့ါချွေးမ ဖြစ်ပေးပါ....
True Star_Vol_ 4 _ Chapter (3) -ချွေးမ ထံသို့ အလည်လာခြင်း
True Star_Vol_ 4_ Chapter (4): - ကျန်းရွှယ်ချန်
Volume _ 4 _ Chapter (5) - ရေခဲတုံးကြီးရဲ့ ပွင့်ထွက်လာတဲ့ ခံစားချက်များ
Vol 4 _ Chapter (6) - မင်းကို ကိုယ်ဆက်ပြီး မနှောက်ယှက်တော့ဘူး
Vol 4 - Chapter (7) : ပန်းချီပြခန်း
Vol 4- Chapter (8): -I love you
Vol 4- Chapter (9): -ကိုယ်ချစ်တဲ့လူတစ်ယောက်ကိုပဲ မြင်တယ်
Vol 4 _ Chapter (10) : - ဝက်ဝံကြီးရဲ့ ဟန်းနီးမွန်းခရီး
True Star _ Vol 4 _ Chapter (11): - So coincidental
True Star _Vol 4_ Chapter (12): ရေခဲတုံးကြီး စေ့စပ်တော့မယ်
True Star _ Vol 4_ Chapter (13): စီးနင်းခံလိုက်ရသည့် Charles
Vol 4 _Chapter (14): - တူယှဉ်တွဲကာ ကခုန်ကြသည့် စုံတွဲ
Volume _4 _ Chapter (15) _ ပျက်စီးသွားသည့် စေ့စပ်ပွဲ
True Star - Volume _4 : Chapter (16) _ Lu Tian Chen ၏ သရုပ်မှန်
True Star - Volume _4 : Chapter (17) _ ငါ မင်းကို ပြန်လိုက်မယ်
True Star_ Vol 4 _Chapter (18): -ယုံကြည်မှု
V 4 _Chapter 19 - လမ်းတစ်ဝက်မှာ အချစ်ပြိုင်ဖက်ကို ကောက်တင်လာခြင်း
volume 4 Chapter (20) - ဧကရာဇ်နဲ့ မင်းသားကြားက တိုက်ပွဲ
True Star - volume 4 _ Chapter (21) - ချစ်စိတ်ကို မြိုသိပ်ထားခြင်း
True Star - volume 4 _ Chapter (22) - ရုပ်ဖျက်ခြင်း
V4_ Chapter (23) _ စိတ်ကူးယဉ် အိပ်မက်ထဲမှာ နစ်မြှုပ်နေသောသူ
True Star - v4 Chapter 24 - Company ထိပ်သီးပိုင်း အစည်းဝေးကို တက်ရောက်ခြင်း
volume 4_ Chapter (25) - လုထျန်းချန် မရှိဘဲ သူ ဆက်နေမှာ မဟုတ်ဘူး
volume_4_ Chapter (26) - ဖွင့်ပြောစရာမလိုသည့် နားလည်မှု
volume _4_ Chapter (27) - ရုံးခန်းထဲ ခိုးဝင်ခြင်း
volume _4 _Chapter (28) - အဲလ်ဘတ်အကူညီဖြင့် လူကယ်ခြင်း
volume (4) _ Chapter (29) _ငါ မင်းကို အထင်သေးခဲ့မိတယ်
volume (4) _ Chapter (30+31) _မင်းက ငါအရမ်းတန်ဖိုးထားတဲ့လူပဲ
Volume_ (4) Chapter (32): မိုးပျံချားရဟတ်
Volume_ 4 _Chapter (33): good night
Chapter (34): ငါ သေသွားမယ်ဆိုရင်တောင် မင်းကို မလိုချင်တော့ဘူး....
Volume_ 4_ Chapter (35): ငါတို့အားလုံး သူ့ကို လှည့်စားနေတယ်...
Volume_ 4_ Chapter (36): ကိုက်ရာကို ဖုံးကွယ်ခြင်း။
Volume _ 4_ Chapter (37): ခင်ဗျားကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး !
Volume _4 Chapter (38): ဝက်ဝံကြီးရဲ့ ခွင့်လွှတ်မှု တောင်းခံသည့် နည်းလမ်း
Volume_ 4 Chapter (39): ပါတီပွဲ၏အစီစဉ်
Volume_ 4 Chapter (40): မင်းကို လက်သီးတစ်ချက်နဲ့ မှောက်သိပ်လိုက်မယ်
True Star _Volume 4 Chapter (42)- ရုပ်ရှင်ပွဲတော် (2)
True Star _Volume (4) _ Chapter (43) ငါ့ကို ယုံကြည်ဖို့ မျှော်လင့်တယ်
Volume (4) _ Chapter (44)- ဘယ်ညာ တစ်ယောက်စီ ခြံရံလျက်
True Star _Volume (4) _ Chapter (45)- မွေးနေ့ပါတီ
Chapter (46:) Birthday party ပြီးနောက်
Chapter (47): ထျန်းဖုန်းအပေါ် ရိုက်ခတ်လာသည့် အတင်းဖျင်း မုန်တိုင်း
Chapter (48): -ဆုံးဖြတ်ချက် သုံးခု
Chapter 49: ပြည်တော်ပြန်ခြင်း

Volume 4 _ Chapter (41) - ရုပ်ရှင်ပွဲတော် (1)

501 92 3
By MayKingMK119

True Star _Volume 4 _ Chapter (41) - ရုပ်ရှင်ပွဲတော် (1)

ပါတီမှာ Tang Feng ( ထျန်းဖုန်း)  တကယ့်ကို ပျော်ခဲ့ရသည်။ အစပိုင်းတွင် ဖော်ရွေချင် ယောင်ဆောင်ကာ တိုက်ခိုက်နေသော Jonas ပေါ်လာလို့ စိတ်အနှောက်ယှက် အနည်းငယ်ဖြစ်ရသော်လည်း သူ့ကို  Tang Feng လျစ်လျုရှုလိုက်ကာ မိမိဖာသာ စိတ်သက်သာသလို နေလိုက်သည်။ လူ့ဘဝက တိုတောင်းလှသည်။ အနှောက်ယှက်ပေးသော လူကြောင့် မိမိ ၏ အေးဆေးသောအချိန်ကို ဖဲ့ပေးဖို့ မတန်ပေ။
 

အကျင်လူ၏ အကြိမ်ဖန်များစွာ လိုက်လံတိုက်ခိုက်သည်ကို ခံရပြီးနောက်    စိတ်ရှည်သည်းခံပြီး တစ်ဖက်သား၏ စိတ်ကို နားလည်ပေးနိုင်သည့် Tang Feng ပင်လျှင် သည်းမခံနိုင်အောင် ဖြစ်ကာ လက်ပါခဲ့ရသဖြင့် ကိုယ့်ဘာသာပင် မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။   

Gino က  မကြာသေးမီကမှ ရိုက်ကူးခဲ့သည့် ဇာတ်ကား ပရိုမိုးရှင်းကြောင့် အလုပ်များနေပြီး အားလုံးက ပွဲအပြီးတွင် Tang Feng နှင့် Gino တို့  လမ်းခွဲကြသည်။ သူတို့ နှစ်ယောက်ကြား အခုအခြေအနေက တော်တော်ကောင်းပါတယ်။ ကိုယ်စီ အလုပ်ရှုပ်နေကြပေမယ့် အချိန်ရရင် စုပြီး စကားပြောဖို့ ထွက်လာကြတယ်။ Gino  သည် ချစ်သောသူကို လက်မလွှတ်နိုင်သော လူမဟုတ်ပေ။ ရေစက်မပါလို့ ဇနီးမောင်နှံမဖြစ်နိုင်ရင်တောင် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်ဆိုသည့် လူစားမျိုးဖြစ်သည်။

"ဘေဘီ၊ ရုပ်ရှင်ထဲမှာ မင်းကို အခွင့်ကောင်းယူတဲ့ လူကို ငါ တွေ့လိုက်ရသလိုပဲ"

Tang Feng သည် လာကြိုသော ကားပေါ်သို့ ပြန်ရောက်သောအခါ Charles က  ထိုင်နေပြီဖြစ်သည်။  သူက ကားထဲမှာ အမြဲရှိနေသလားပင် မသိပေ။

"သူက ငါ့ထက် ရုပ်ရည်ပိုသာတယ်လို့ မင်း ထင်လား"

Tang Feng သည်  သဝန်တိုနေသော Charles ၏ ပခုံးပေါ် သူ့လက်ဖဝါးဖြင့် တစ်ချက် ပုတ်လိုက်ကာ မေးလိုက်သည်။

Charles က ပြုံးပြီး သူ့ရင်ဘတ်ကို ပွတ်သပ်ရင်းပြောလိုက်သည်။

 "ဟုတ်ပါတယ် မင်းက ပိုကြည့်ကောင်းတယ်၊ ဒါပေမယ့် ဒါက ကမ္ဘာပေါ်မှာ ဘယ်သူ့ကို မေးမေး ဒီလိုပဲ ဖြေမယ့် အမှန်တရားပဲ!"

သူတို့နှစ်ယောက် ကားပေါ်တက်ပြီး ဟိုတယ်ကို တိုက်ရိုက်ပြန်လာခဲ့သည်။  အဲလ်ဘတ်က ဟိုတယ်မှ  ထွက်ခွာသွားပြီဟု Tang Feng  ခန့်မှန်းမိလိုက်သည်။ အခန်းထဲတွင် Albert နှင့် သူ အတူနေခဲ့သည့် အရိပ်အယောင်လုံးဝ မကျန်ရှိခဲ့ပေ။ အယ်လ်ဘတ်ရဲ့  အဝတ်အစားတွေလည်း မကျန်၊ ဆံပင်ပင်မွေး တစ်ပင်တောင် မကျန်ရစ်ခဲ့ပေ။ မသိလျှင် ဒီနေရာကို အယ်လ်ဘတ် လုံးဝ ခြေမချဖူးသည့်နှယ်ပင်။

Tang Feng သည် သန့်ရှင်းသပ်ရပ်စွာ ရှိနေသည့် ဟိုတယ်ခန်းထဲ လျှောက်သွားကြည့်ပြီးနောက်  အံ့ဩသွားသည်။

"ဒါက မှုခင်းဇာတ်ကားထဲက မြင်ကွင်းတစ်ခုလို ခံစားရစေတယ်။ ရာဇဝတ်သားက ထွက်သွားပြီးတဲ့နောက် အခန်းကို လုံးဝ ရှင်းထားခဲ့တယ်၊ လက်ဗွေရာတွေ၊ သဲလွန်စတွေ လုံးဝ မရှိဘူး၊ ဘာမှ မကျန်ခဲ့ဘူး။"

အခန်းထဲဝင်လာတော့ Tang Feng က အိပ်ခန်းထဲကို အရင်ကြည့်လိုက်ပြီး ဗီရိုကိုဖွင့်လိုက်တော့ သူ့အဝတ်အစားတွေပဲ ကျန်တော့တယ်။

အတူတူရှိလာပြီး နောက်ပိုင်းတွင် သူက အဲလ်ဘတ် ရှိနေသည်ကို နေသားကျလာခဲ့ပြီ ဖြစ်သည် ။ အခုတော့ အခန်းထဲမှာ နေအပ်လိုတဲ့    Albert ဖတ်နေခဲ့သော စာအုပ်များမှအစ သူ ရေးခဲ့သည့် မှတ်စုများအဆုံး ဘာမှ ခြေရာလက်ရာ မကျန်အောင်  အားလုံး ပျောက်ကွယ်သွားသည်။

"သူလို ရွံမုန်းစရာကောင်းတဲ့ လူမျိုးက ဒီနေ့အထိ အသက်ရှင်နေနိုင်တယ်ဆိုတာ အရမ်းကို သတိကြီး လွန်းလို့ ဆိုတာ ဘေဘီ စိတ်ထဲ ထည့်ထားသင့်တယ်။ သူက သူ့ သရုပ်မှန်ကို ဖော်ထုတ်နိုင်တဲ့ အရာ၊ သူ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့  သဲလွန်စနဲ့ အားနည်းချက် နည်းနည်းလေးတောင် မကျန်အောင် ဂရုတစိုက်ရှိတဲ့ စရိုက်လက္ခဏာလည်း ရှိသေးတယ်။"

Charles သည် Tang Feng အနားတွင် အပေါ်အောက် လှည့်ပတ်နေကာ အယ်လ်ဘတ်အကြောင်းက ို ရှင်းပြနေသည်။

"ဟား....ဟား....ဟား၊ ယဉ်ကျေးလိမ်မာသလို အယောင်ဆောင်နေတဲ့ သားရဲကြီးက နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီ။ အဲယ်လ်ဘတ် တခြားတစ်ယောက်ယောက်ကို မြန်မြန်တွေ့ဖို့   မျှော်လင့်မိတယ်ကွာ "

ကံမကောင်းစွာနဲ့ပဲ Charles ရဲ့  ခဏတာ ပျော်ရွှင်မှုကို  Tang Feng က ရေအေးဖြင့် လောင်းပေးခဲ့တယ်။

"ညဘက်ဆို  ကျွန်တော့် အခန်းထဲမဝင်နဲ့ ။ ဝင်တာနဲက ချက်ချင်း ဟိုတယ်ခန်းထဲက မောင်းထုတ်ပစ်မယ်။"

Tang Feng က အေးစက်စွာပြောခဲ့သည်။

"ဘေဘီ......."

"............"
မင်းက တောင့်တင်းကြံ့ခိုင်တဲ့ ကိုယ်လုံးကြီးနဲက ခုလို  ညုတုတု လုပ်နေလို့ မဖြစ်ဘူးလေ.... ဒီလို လုပ်နေတာက မင်းကို မိန်းမလျာကြီးနဲ့ တူသွားလို့ ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်စေတယ်။
 
"စကားမစပ် Charles.....ခင်ဗျားက ပိုနူးညံ့ပြီး  ပိုချောလာတယ် Charles"

 Tang Feng က သူ့ခေါင်းကို အသာယမ်းကာ အမှန်အတိုင်းပြောလိုက်တယ်။

"ဒီည  ကိုယ် တခြားအခန်းမှာပဲ အိပ်တော့မယ်နော် အချစ်လေး"

 ညှဉ်းဆဲခံရလို့ ဒေါသထွက်နေသည့် ချားလ်တစ်ယောက် အခုလို ချီးမွမ်းစကားလေးကို ကြားလိုက်ရသည့်အခါ သူ့ စိတ်ပျက်လက်ပျက် အမူအရာတို့ ချက်ချင်းပျောက်သွားပြီး သဘောထားကြီးကာ ချစ်သူကို အလိုလိုက်တတ်သည့် အင်အားကြီးသည့်  ချားလ်စ် ချက်ချင်း ပြန်ပေါ်လာသည်။

Tang Feng သည် Charles နှင့် စကားပြောရန် အခြားအရာများစွာ  ရှိနေသေးသည်။

"ခင်ဗျား  ဒီကို အခုအချိန် လာခဲ့တာ ဘာမှ မ ဖြစ်ဘူးလား။ လုထျန်းကျီ က ကျွန်တေ်တို့ကို အမြဲတမ်း စောင့် ကြည့်မနေဘူးလား "

Tang Feng က မေးလိုက်သည်။

"စိတ်ချစမ်းပါ ကိုယ့်ဘေဘီလေး .....အခုချိန် လုထျန်းကျီ က တခြားသူတွေကို လိုက်ဂရုစိုက်ဖို့ နှလုံးသား မရှိလောက်တော့ဘူးလို့ ကိုယ်ထင်တယ် "
 ချားလ်စ်က ပြုံးပြုံးလေးဖြင့် အပိုင်ပေါက် ပြောလိုက်သည်။

ထိုစကားအရ Lu Tian chen ( လုထျန်းချန်) နဲ့ သူ့အဖေကြား တိုက်ပွဲက ပြင်းထန်တယ်လို့ ခန့်မှန်းမိလိုက်သည်။  Tang Feng သည် Lu Tian chen အကြောင်းကို တွေးလိုက်မိပြီး သူ့ကို နားအလည်ပေးဆုံးသော လူအတွက် ခံစားချက်မရှိဟု Tang Feng တပ်အပ် မပြောနိုင်ပေ။

Lu Tian chen အတွက်တော့ နည်းနည်းလေး စိတ်ပူမိပေမယ့် အခု သူ လုပ်နိုင်တာက သူက Lu Tian chen ရဲ့ အားနည်းချက်ကို မဖြစ်စေဖို့ပဲ။

ကိုယ့်ကိုကိုယ် တစ်ဖက်သားရဲ့ အားနည်းချက်ဖြစ်အောင် ဆွဲယူတာကို ဘယ်သူကမှ မကြိုက်သလို သူက ဘယ်သူ့ကိုမှလည်း အကြွေးမတင်ချင်ပေ။

လွန်ခဲ့သောတစ်နှစ်တာအတွင်း ညအချိန်တွင် Lu Tian chen ၏ရှားပါးသော ချစ်ခင်ကြင်နာသည့် အမူအရာ၊ ကောင်းကင်ပေါ်မှာ ပစ်လွှတ်ပေးသည့် မီးရှူးမီးပန်းများသည် Tang Feng ၏ နှလုံးသားကို အမြဲတမ်း မှတ်မှတ်ထင်ထင် ရှိနေလိမ့်မည်။

Lu Tian chen က သူ့ဘဝကို အသိဆုံးဖြစ်သည်။ သူ ပြန်လည်မွေးဖွားလာသည်ကိုလည်း သိကာ နားလည်ပေးထားသည်။
 ............

အဲလ်ဘတ်က ဟိုတယ်မှ ထွက်သွားပြီးနောက် ခါတိုင်းလိုပင် သူ့ သတင်းလုံးဝ မကြားရပေ။  တကယ်ပဲ သူ့ကို စွန့်ပစ်ပြီး မလိုချင်တော့ဘူးဟု ထင်လာခဲ့သည်။ မကြာသေးမီက Tang Feng သည် Jonas တစ်ယောက် အပန်းဖြေ ဗီးလာကြီး တစ်လုံး ထပ်မံဝယ်ယူခဲ့ကြောင်း ကြားသိလိုက်ရသည်။

အဲလ်ဘတ်၏ လက်ချက်ဆိုတာ Tang Feng   ခန့်မှန်းလိုက်သည်။ ထိုလူရဲ့ လက်ရှိ အခြေနေကို ဖော်ပြရမယ်ဆိုရင် သူက တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိပ်ပျော်နေသည့် အခြေနေလို့ တင်စားနိုင်သည်။  နောက်ပြီး ဘာဆက်ဖြစ်လာမလဲဆိုတာ Tang Feng သည် Charles ကို မမေးခဲ့ပေ။ Jonas က အရမ်းကို တုံးအ မိုက်မဲပြီး လောဘကြီးတယ်ဆိုရင် နောက်ဆုံး အဲလ်ဘတ် ဆီက အသတ်ခံရလိမ့်မယ်လို့  Charles က ပြောခဲ့သည်။

"Albert က အမြတ်အစွန်း လိုက်ရှာသူ တစ်ယောက်ပဲ။ သူ ဘယ်လောက် ပေးနိုင်လဲဆိုတာက  မင်းဆီက  သူ ဘယ်လောက် အမြတ်တွေ ပိုရနိုင်သလဲ ဆိုတဲ့အချက်ပေါ် မူတည်တယ် "
ချားလ်စ်ကတော့ ခုအဖြစ်ပျက်အပေါ် ဒီလိုပြောခဲ့တာပဲ။

Tang Feng က ဒီစကားကြားတော့ သူ ကြုံတွေ့ခဲ့သည်ကို ပြန်တွေးနေမိသည်။
 သူက  Albert ဆီက ဘာပစ္စည်းမှ မတောင်းခဲ့ဖူးဘူး။ အဲ့ဒါကြောင့် Albert က သူ့အတွက် ပုံမှန်လို မဟုတ်တဲ့ အခြေနေကို ဖော်ပြခဲ့တာလား။ သူ့အပေါ် ဘာမှ ထူးထူးဆန်းဆန်း မလုပ်ခဲ့တာလား။    ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် Albert က ထွက်သွားပြီး လုထျန်းကျီ ဟာ ရုတ်တရက် ထွက်ပေါ် မလာသည်က လွဲရင် အမေရိကားမှာ ရှိတဲ့ သူ့ရဲ့ရိုက်ကူးရေးဟာ အလွန်ချောမွေ့ပြီး တည်ငြိမ် နေသည်။

ထိုအချိန်တွင် Tang Feng သည် တစ်ခါတစ်ရံတွင် သူသည်  ဖီးနစ်ထျန်း ဘဝတွင် ရှိနေသည့် အချိန်သို့ ပြန်သွားသည်ဟု ခံစားရပြီး အလုပ်လုပ်ရန် နေ့တိုင်း စတူဒီယိုသို့ အချိန်မှန်သွားကာ စာအုပ်ဖတ်ရန် အိမ်ပြန်ကာ ကော်ဖီပူပူတစ်ခွက်သောက်ရန် သို့မဟုတ် နို့လက်ဖက်ရည်နှင့် သရေစာစားပြီး ရုပ်ရှင်ကြည့်ရင်း လမ်းလျှောက်ခွင့်ရတာက တကယ့်ကို အံ့သြစရာကောင်းလှတယ်။

ကံကောင်းထောက်မစွာ၊ သူ အိမ်ပြန်ရောက်တိုင်းလိုလို Charles ကိုတွေ့ရလိမ့်မယ်။ ထိုဝက်ဝံကြီး၏ တည်ရှိမှုသည် Tang Feng ကို သူ ပြန်လည်မွေးဖွားလာသည့် အချိန်တိုင်းကို ပြန်လည် သတိရစေသည်။ အိုး၊ ပြန်လည် မွေးဖွားလာပြီးနောက်  သူ့ဘဝက အမြဲတမ်း စိတ်လှုပ်ရှားစရာ တွေနဲ့ ပြည့်နေခဲ့တယ်။

သူက အချိန်တိုင်း တင်းမာမှုနှင့်အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသည်။

အချိန်တွေကုန်လွန်သွားပြီး အော်စကာ ရုပ်ရှင်ပွဲတော်အတွက် ဆန်ခါတင်စာရင်းကို အောင်မြင်စွာ ထုတ်ပြန်လိုက်လေပြီ။ "Slayer" ဇာတ်ကားတွင် သူ၏ အကောင်းဆုံးဇာတ်ဆောင်အတွက် Tang Feng က အကောင်းဆုံး သရုပ်ဆောင်အဖြစ် ရွေးချယ်ခံထားရပြီး ယခင်ဘဝက Feinnes ရဲ့ အောင်မြင်မှုကို အမှီလိုက်နိုင်တာက သူ့အတွက် ဝမ်းသာစရာဖြစ်သည်။ ဒါက Feinnes  မရှိသည့် နောက်ပိုင်းတွင် ပထမဆုံး အခြားသော တရုတ်လူမျိုး အနုပညာ ကြယ်ပွင့်တွေလည်း အမေရိကန်ပြည် အော်စကာဆုအတွက် အမည်စာရင်းတင်သွင်းခံရခြင်းဖြစ်သည်။

ဒါက အမှန်လား အမှားလားဆိုတာ မသိပေမယ့်  Tang Feng တစ်ယောက် ဆုရရှိဖို့ သိပ်ပြီး စိတ်ထဲမှာ   အလွန်အမင်း မျှော်လင့်ထားခြင်းမရှိပေ။

မျှော်လင့်ချက်တွေက အရမ်းများခဲ့လျှင် ဆုံးရှုံးမှုတွေ ပိုများနိုင်ပေမယ့် အော်စကာဆုရဖို့ စိတ်အားမထက်သန်တဲ့  သရုပ်ဆောင်က သရုပ်ဆောင်ကောင်းတော့ မဟုတ်ပေ။

မင်းသားတစ်ယောက်ချင်းစီအတွက် ဆုတစ်ခုရဖို့က အရေးကြီးဆုံးမဟုတ်ပေမယ့် ဘဝအတွက် တကယ်အရေးကြီးသည်တော့ မဟုတ်ပေ။  အနည်းဆုံးတော့ ကိုယ့်အနုပညာအရည်ချင်းကို အသိမှတ်ပြုပေးခြင်းဟု မှတ်ယူရမည်။

Tang Feng အတွက်၊ အော်စကာသည် သူ့အရင်ဘဝအတွက် နောင်တစရာ ဖြစ်ခဲ့သည်။ အော်စကာဆုအတွက်  အကောင်းဆုံး မင်းသားဆုကိုလည်း ရရှိခဲ့သော်လည်း ဒီဆုကို ယူချိန်မှာ သူ  မကြာခဏဖျားနာနေချိန်ဖြစ်သည်။

ထိုအချိန်က ပါဝင်သည့်ဇာတ်ကားများသည် အကောင်းဆုံး မဟုတ်သော်လည်း ဆု ရနိုင်ချေ အများဆုံး  ပြိုင်ဘက်များကို မမျှော်လင့်ဘဲ အနိုင်ယူနိုင်ခဲ့သည်။ ဒီအချက်က ဒိုင်တွေ၏ ကိုယ်ချင်းစာမှုနှင့် အထင်ကြီးမှု ရမှတ်များ မြင့်မားကြောင်း ထင်ရှားလှသည်။

ယခုအချိန်အထိ သူသည် လူထုနှင့် အကဲဖြတ်ဒိုင်များ၏ အသိမှတ်ပြုမှုကိ ရရှိရန် သူ၏ အကောင်းဆုံး အရည်ချင်းနဲ့  စစ်မှန်သော ခွန်အားကို ပိုမိုအသုံးပြုချင်သည့် စိတ်တို့ ကျန်ရှိနေဆဲဖြစ်သည်။

............

ရုပ်ရှင်ပွဲတော်ကို သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်ခဲ့သည်။ လူသစ်များစွာရှနေသည့် အနုပညာ စက်ဝိုင်းထဲကို ရုတ်တရက် ဖောက်ထွင်းဝင်ရောက်လာတဲ့ နိုင်ငံရပ်ခြားမှ အနုပညာ ကြယ်ပွင့်တစ်ယောက်အနေနဲ့ Tang Feng ဟာ လူတိုင်းရဲ့ အသိမှတ်ပြုမှု မရခဲ့ပေမယ့် အနည်းဆုံးတော့ လူတွေက သူ့ သရုပ်ဆောင်သည့် သတင်းကို ရဲရဲတင်းတင်းပြောရဲတဲ့ လူငယ်သရုပ်ဆောင်ကို မှတ်မိနေပါသေးတယ်။

ထိုအချိန်တွင်၊ သေခြင်းတရားနှင့် တွေ့ကြုံခဲ့ရသော ရိုက်ကူးရေး အဖွဲ့ဝင်အားလုံး ပြန်လည်ဆုံတွေ့ ကြလေပြီ။ ကော်ဇောနီပေါ်ကို တက်လှမ်းကြတဲ့အခါ အားလုံးက တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြတယ်။ စည်းလုံးညီညွတ်သော မိသားစုကဲ့သို့  ရင်ထဲမှ လာသည့် စစ်မှန်သည့် အပြုံးဖြင့် အော်စကာကို ရယူမည့် လမ်းကို လျှောက်လှမ်းခဲ့ကြသည်။

ပြီးခဲ့သည့် အကြိမ်ကျင်းပခဲ့သည့်  ဗင်းနစ်မြို့ ရုပ်ရှင်ပွဲတော်မှ အနီရောင်   ကော်ဇောပေါ်က လျှောက်လှမ်းစဉ်နှင့်  နှိုင်းယှဉ်ပါက Tang Feng သည် ယခုတစ်ကြိမ်တွင် ပရိသတ်၏ အသံသည် ပိုမိုကျယ်လောင်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ သူ ရောက်လာတဲ့ အခါမှာတော့ လူတော်တော်များများက သူ့ဓာတ်ပုံနဲ့ ပိုစတာကို ယူလာပြီး လက်မှတ်ထိုးခိုင်းတယ်။

လူအများက အသိအမှတ်ပြုခံရခြင်းသည် ကြယ်တစ်ပွင့်အတွက် ဆုလာဘ်တစ်ခုဖြစ်သည်။

ကော်ဇောနီကိုဖြတ်ပြီး လမ်းလျှောက်ပြီးနောက် Tang Feng သည် ဧည့်လမ်းညွှန်နောက်ကို  လိုက်သွားခဲ့သည်။ ခြေနှစ်လှမ်းတောင် မလှမ်းရေသေးမီတွင် လူတစ်ယောက်က သူ့ကို လိုက်နော်က်ကို လိုက်လာကာ Tang Feng ၏ခါးကို လက်နှင့် ထောက်ကာ  ဆိုးသွမ်းလူဆိုးကြီးက  သေနတ်ဖြင့် ချိန်ထားသလို လုပ်ခဲ့သည်။

"ကြယ်ပွင့်ကြီး ငါလည်း မင်း လက်မှတ်ထိုးချင်တယ်။"

Charles ရဲ့ ဝတ်စုံပြည့်နှင့် ချောမောနေသည့် ရုပ်သွင်က Tang Feng ရဲ့ဘေးမှာ တည့်တည့် ပေါ်လာခဲ့သည်။

ယင်းမတိုင်မီက Charles သည် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ လာမည်ဟု မပြောခဲ့လို့  Tang Feng သည် သူ့အတွက် အံ့အားသင့်စရာ တစ်စုံတစ်ရာရှိမည်ဟု မထင်ခဲ့ပေ။ ဟောလိဝုဒ်ကို ပထမဆုံး ရောက်တုန်းက Charles က သူ့ရဲ့ ဘဝလမ်းကြောင်း တိုးတက်မှုတချို့အတွက်  တက်ရောက်ဖို့ လိုအပ်သည့် ဧည့်ခံပွဲတွေကို ခေါ်သွားတာကိုလည်း မှတ်မိပါသေးတယ်။  

"ဘယ်မှာ လက်မှတ်ထိုးပေးစေချင်တာလဲ"

Tang Feng က ဖြေလိုက်ရင်း ပတ်ဝန်းကျင်းကို လှည့်ပတ်ကြည့်တယ်။ ထိုအချိန်တွင် သတင်းထောက်တွေက  အပြင်ဘက်တွင်ရှိနေသည်ကို တွေ့ရတော့ သူက Charles ကို ဘေးသို့ ဆွဲထုတ်လိုက်သည်။

"ဒါပေါ့....အဲ့နေရာလေ..မင်း သိတယ်မလား...အွတ်..."

ဝက်ဝံကြီးက သူ့မျက်လုံးတစ်ဖက်ကို မှိတ်လိုက်ပြီး ညစ်ကျယ်ကျယ်ပြောလိုက်ချိန်  Tang Feng က ချားလ်ရဲ့ ခါးကို လက်သီးနဲ့ ထိုးကာ သတိပေးလိုက်သည်။

 " အလေးအနက်ထားစမ်းပါ။"

"  ဘေဘီ....ကျေးဇူးပြုပြီး ကိုယ့်ကို သနားပါဦးကွာ ။ "

Charles ဟာ လူတွေကို စိတ်ဆိုးစေမယ့် ထူးခြားတဲ့ အလုပ်ကို လုပ်လေ့ရှိသည်။  အခုအချိန်မှာတော့ ချားလ်က လိုက်လျောညီထွေ နေထိုင်လာပြီဖြစ်ပြီး စတွေ့သည့်အချိန်က သူ လုပ်ခဲ့သည့် အပြုမူအတွက်    Charles အပေါ် Tang Feng ရဲ့ နာကြည်းမှုကို တဖြည်းဖြည်း ချေဖျက်ပစ်ပြီးဖြစ်သည်။
 
မနေ့ညက Charles သည် နောက်ဆုံးတွင် Tang Feng ကို သူ့အောက်တွင် အတင်းဖိထားပြီး အေးစက်စက် အနေထားအောက်မှ ရုန်းထွက်ကာ ပူပြင်းတောက်လောင်သည့် ချစ်ဇောဟုတ်ထဲ ဆွဲသွင်းခဲ့သည့် ဒီနေ့မှာ ချားလ်တစ်ယောက် တစ်ကိုယ်လုံး အလင်းရောင်ဖြာထွက်လုမတတ်  တက်ကြွလန်းဆန်းနေခြင်းဖြစ်သည်။

သူက မနက်ခင်းစောစောထပြီး တကိုယ်လုံး အေပရွန်ကလွဲပြီး ဘာမှ မဝတ်ပဲ မနက်စာ ပြင်ဆင်ပေးခဲ့သည်။ ဒါက မနက်ခင်း တက်ကြွလန်းဆန်းနေသည့် စာဖိုမှုးတစ်ယောက်ရဲ့ အရသာလို့ ပြောလိုက်သေးသည်။
   
သူက ပျော်စေပျက်စေ  အပြုအမူအချို့ကို တမင်တကာ လုပ်ယူကာ Tang Feng ရယ်မောစေခဲ့သည်။

ရုပ်ရှင်ပွဲတော်တွင် "Heavenly Son" ဇာတ်ကား ရိုက်ကူးမှု တစ်ဝက်နီးပါး ပြီးစီးနေပြီဖြစ်ပြီး Lu Tian chen နှင့်ပတ်သက်သည့် သတင်းများထဲမှာ မတွေ့ရတာ ကြာပြီဖြစ်သည်။

Charles က အဲဒီအကြောင်းကို ပြောချင်ပုံမပေါ်ဘဲ Tang Feng က ဘယ်လိုမေးရမှန်းမသိပေ။ ကုမ္ပဏီ အကြောင်းနှင့်ရောပြီး ရှောင်ယု ကို ရံဖန်ရံခါ မေးရတော့သည်။  လုထျန်းကျီ သည်  ကုမ္ပဏီတွင် မကြာသေးမီက  မရှိခဲ့ကြောင်း၊ ကုမ္ပဏီ၏ အရေးကိစ္စများကို အခြားသော အကြီးတန်း အမှုဆောင် အရာရှိများက စီမံခန့်ခွဲကြောင်း သူမက ပြောကြားခဲ့သည်။

Tian chen Entertainment Company တွင်မူလက လူအမြောက်အမြားမရှိခဲ့ဘဲ Lu Tian chen နှင့်သူ၏သားကဲ့သို့ အဓိက အုပ်ချုပ်သူ နှစ်ယောက်ကြား စက်ပွဲဖြစ်တော့ တိုက်ပွဲမပြီးခင်မှာ ကုမ္ပဏီက ပြိုလဲရတာ့မလားလို့ အားလုံးက ခန့်မှန်းနေကြသည်။


===============
























































True Star _Volume 4 _ Chapter (41) - ႐ုပ္ရွင္ပြဲေတာ္ (1)

ပါတီမွာ Tang Feng ( ထ်န္းဖုန္း)  တကယ့္ကို ေပ်ာ္ခဲ့ရသည္။ အစပိုင္းတြင္ ေဖာ္ေ႐ြခ်င္ ေယာင္ေဆာင္ကာ တိုက္ခိုက္ေနေသာ Jonas ေပၚလာလို႕ စိတ္အေနွာက္ယွက္ အနည္းငယ္ျဖစ္ရေသာ္လည္း သူ႕ကို  Tang Feng လ်စ္လ်ဳရႈလိုက္ကာ မိမိဖာသာ စိတ္သက္သာသလို ေနလိုက္သည္။ လူ႕ဘဝက တိုေတာင္းလွသည္။ အေနွာက္ယွက္ေပးေသာ လူေႀကာင့္ မိမိ ၏ ေအးေဆးေသာအခ်ိန္ကို ဖဲ့ေပးဖို႕ မတန္ေပ။
 

အက်င္လူ၏ အႀကိမ္ဖန္မ်ားစြာ လိုက္လံတုိက္ခိုက္သည္ကို ခံရျပီးေနာက္    စိတ္ရွည္သည္းခံၿပီး တစ္ဖက္သား၏ စိတ္ကို နားလည္ေပးနို္င္သည့္ Tang Feng ပင္လွ်င္ သည္းမခံနုိင္ေအာင္ ျဖစ္ကာ လက္ပါခဲ့ရသျဖင့္ ကိုယ့္ဘာသာပင္ မယံုနုိင္ေအာင္ ျဖစ္ခဲ့ရသည္။   

Gino က  မၾကာေသးမီကမွ ရိုက္ကူးခဲ့သည့္ ဇာတ္ကား ပရိုမိုးရွင္းေႀကာင့္ အလုပ္မ်ားေနၿပီး အားလုံးက ပြဲအၿပီးတြင္ Tang Feng နွင့္ Gino တို႕  လမ္းခြဲၾကသည္။ သူတို႕ နွစ္ေယာက္ႀကား အခုအေျခအေနက ေတာ္ေတာ္ေကာင္းပါတယ္။ ကိုယ္စီ အလုပ္ရႈပ္ေနၾကေပမယ့္ အခ်ိန္ရရင္ စုၿပီး စကားေျပာဖို႔ ထြက္လာႀကတယ္။ Gino  သည္ ခ်စ္ေသာသူကို လက္မလႊတ္ႏိုင္ေသာ လူမဟုတ္ေပ။ ေရစက္မပါလို႕ ဇနီးေမာင္ႏွံမျဖစ္ႏိုင္ရင္ေတာင္ သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္ႏိုင္ပါတယ္ဆိုသည့္ လူစားမ်ိဳးျဖစ္သည္။

"ေဘဘီ၊ ႐ုပ္ရွင္ထဲမွာ မင္းကို အခြင့္ေကာင္းယူတဲ့ လူကို ငါ ေတြ႕လိုက္ရသလိုပဲ"

Tang Feng သည္ လာႀကိဳေသာ ကားေပၚသို႔ ျပန္ေရာက္ေသာအခါ Charles က  ထိုင္ေနၿပီျဖစ္သည္။  သူက ကားထဲမွာ အၿမဲရွိေနသလားပင္ မသိေပ။

"သူက ငါ့ထက္ ႐ုပ္ရည္ပိုသာတယ္လို႔ မင္း ထင္လား"

Tang Feng သည္  သဝန္တိုေနေသာ Charles ၏ ပခုံးေပၚ သူ႔လက္ဖဝါးျဖင့္ တစ္ခ်က္ ပုတ္လိုက္ကာ ေမးလိုက္သည္။

Charles က ၿပဳံးၿပီး သူ႔ရင္ဘတ္ကို ပြတ္သပ္ရင္းေျပာလိုက္သည္။

 "ဟုတ္ပါတယ္ မင္းက ပိုၾကည့္ေကာင္းတယ္၊ ဒါေပမယ့္ ဒါက ကမာၻေပၚမွာ ဘယ္သူ႕ကို ေမးေမး ဒီလိုပဲ ေျဖမယ့္ အမွန္တရားပဲ!"

သူတို႕နွစ္ေယာက္ ကားေပၚတက္ၿပီး ဟိုတယ္ကို တိုက္႐ိုက္ျပန္လာခဲ့သည္။  အဲလ္ဘတ္က ဟိုတယ္မွ  ထြက္ခြာသြားၿပီဟု Tang Feng  ခန႔္မွန္းမိလိုက္သည္။ အခန္းထဲတြင္ Albert ႏွင့္ သူ အတူေနခဲ့သည့္ အရိပ္အေယာင္လံုးဝ မက်န္ရွိခဲ့ေပ။ အယ္လ္ဘတ္ရဲ႕  အဝတ္အစားေတြလည္း မက်န္၊ ဆံပင္ပင္ေမြး တစ္ပင္ေတာင္ မက်န္ရစ္ခဲ့ေပ။ မသိလွ်င္ ဒီေနရာကို အယ္လ္ဘတ္ လံုးဝ ေျခမခ်ဖူးသည့္နွယ္ပင္။

Tang Feng သည္ သန႔္ရွင္းသပ္ရပ္စြာ ရွိေနသည့္ ဟိုတယ္ခန္းထဲ ေလွ်ာက္သြားႀကည့္ျပီးေနာက္  အံ့ဩသြားသည္။

"ဒါက မႈခင္းဇာတ္ကားထဲက ျမင္ကြင္းတစ္ခုလို ခံစားရေစတယ္။ ရာဇဝတ္သားက ထြက္သြားၿပီးတဲ့ေနာက္ အခန္းကို လံုးဝ ရွင္းထားခဲ့တယ္၊ လက္ေဗြရာေတြ၊ သဲလြန္စေတြ လံုးဝ မရွိဘူး၊ ဘာမွ မက်န္ခဲ့ဘူး။"

အခန္းထဲဝင္လာေတာ့ Tang Feng က အိပ္ခန္းထဲကို အရင္ၾကည့္လိုက္ၿပီး ဗီ႐ိုကိုဖြင့္လိုက္ေတာ့ သူ႔အဝတ္အစားေတြပဲ က်န္ေတာ့တယ္။

အတူတူရွိလာျပီး ေနာက္ပိုင္းတြင္ သူက အဲလ္ဘတ္ ရွိေနသည္ကို ေနသားက်လာခဲ့ျပီ ျဖစ္သည္ ။ အခုေတာ့ အခန္းထဲမွာ ေနအပ္လိုတဲ့    Albert ဖတ္ေနခဲ့ေသာ စာအုပ္မ်ားမွအစ သူ ေရးခဲ့သည့္ မွတ္စုမ်ားအဆံုး ဘာမွ ေျခရာလက္ရာ မက်န္ေအာင္  အားလုံး ေပ်ာက္ကြယ္သြားသည္။

"သူလို ႐ြံမုန္းစရာေကာင္းတဲ့ လူမ်ိဳးက ဒီေန႔အထိ အသက္ရွင္ေနႏိုင္တယ္ဆိုတာ အရမ္းကို သတိႀကီး လြန္းလို႕ ဆိုတာ ေဘဘီ စိတ္ထဲ ထည့္ထားသင့္တယ္။ သူက သူ႕ သရုပ္မွန္ကို ေဖာ္ထုတ္နိုင္တဲ့ အရာ၊ သူ႕ ဂုဏ္သိကၡာကို ထိခိုက္ေစတဲ့  သဲလြန္စနဲ႔ အားနည္းခ်က္ နည္းနည္းေလးေတာင္ မက်န္ေအာင္ ဂ႐ုတစိုက္ရွိတဲ့ စ႐ိုက္လကၡဏာလည္း ရွိေသးတယ္။"

Charles သည္ Tang Feng အနားတြင္ အေပၚေအာက္ လွည့္ပတ္ေနကာ အယ္လ္ဘတ္အေႀကာငး္က ို ရွင္းျပေနသည္။

"ဟား....ဟား....ဟား၊ ယဥ္ေက်းလိမ္မာသလို အေယာင္ေဆာင္ေနတဲ့ သားရဲႀကီးက ေနာက္ဆုံးေတာ့ ေပ်ာက္ကြယ္သြားျပီ။ အဲယ္လ္ဘတ္ တျခားတစ္ေယာက္ေယာက္ကို ျမန္ျမန္ေတြ႕ဖို႔   ေမွ်ာ္လင့္မိတယ္ကြာ "

ကံမေကာင္းစြာနဲ႕ပဲ Charles ရဲ႕  ခဏတာ ေပ်ာ္႐ႊင္မႈကို  Tang Feng က ေရေအးျဖင့္ ေလာင္းေပးခဲ့တယ္။

"ညဘက္ဆို  ကြ်န္ေတာ့္ အခန္းထဲမဝင္နဲ႔ ။ ဝင္တာနဲက ခ်က္ခ်င္း ဟိုတယ္ခန္းထဲက ေမာင္းထုတ္ပစ္မယ္။"

Tang Feng က ေအးစက္စြာေျပာခဲ့သည္။

"ေဘဘီ......."

"............"
မင္းက ေတာင့္တင္းႀကံ႕ခိုင္တဲ့ ကိုယ္လံုးႀကီးနဲက ခုလို  ညဳတုတု လုပ္ေနလို႕ မျဖစ္ဘူးေလ.... ဒီလို လုပ္ေနတာက မင္းကို မိန္းမလ်ာႀကီးနဲ႕ တူသြားလို႕ ကြ်န္ေတာ့္ကို စိတ္္မသက္မသာ ျဖစ္ေစတယ္။
 
"စကားမစပ္ Charles.....ခင္ဗ်ားက ပိုနူးညံ့ျပီး  ပိုေခ်ာလာတယ္ Charles"

 Tang Feng က သူ႔ေခါင္းကို အသာယမ္းကာ အမွန္အတိုင္းေျပာလိုက္တယ္။

"ဒီည  ကိုယ္ တျခားအခန္းမွာပဲ အိပ္ေတာ့မယ္ေနာ္ အခ်စ္ေလး"

 ညႇဥ္းဆဲခံရလို႕ ေဒါသထြက္ေနသည့္ ခ်ားလ္တစ္ေယာက္ အခုလို ခ်ီးမြမ္းစကားေလးကို ႀကားလိုက္ရသည့္အခါ သူ႕ စိတ္ပ်က္လက္ပ်က္ အမူအရာတို႔ ခ်က္ခ်င္းေပ်ာက္သြားျပီး သေဘာထားႀကီးကာ ခ်စ္သူကို အလိုလိုက္တတ္သည့္ အင္အားႀကီးသည့္  ခ်ားလ္စ္ ခ်က္ခ်င္း ျပန္ေပၚလာသည္။

Tang Feng သည္ Charles ႏွင့္ စကားေျပာရန္ အျခားအရာမ်ားစြာ  ရွိေနေသးသည္။

"ခင္ဗ်ား  ဒီကို အခုအခ်ိန္ လာခဲ့တာ ဘာမွ မ ျဖစ္ဘူးလား။ လုထ်န္းက်ီ က ကြ်န္ေတ္တို႔ကို အၿမဲတမ္း ေစာင့္ ႀကည့္မေနဘူးလား "

Tang Feng က ေမးလိုက္သည္။

"စိတ္ခ်စမ္းပါ ကိုယ့္ေဘဘီေလး .....အခုခ်ိန္ လုထ်န္းက်ီ က တျခားသူေတြကို လိုက္ဂ႐ုစိုက္ဖို႔ ႏွလုံးသား မရွိေလာက္ေတာ့ဘူးလို႔ ကိုယ္ထင္တယ္ "
 ခ်ားလ္စ္က ၿပဳံးၿပဳံးေလးျဖင့္ အပိုင္ေပါက္ ေျပာလိုက္သည္။

ထိုစကားအရ Lu Tian chen ( လုထ်န္းခ်န္) နဲ႔ သူ႔အေဖၾကား တိုက္ပြဲက ျပင္းထန္တယ္လို႔ ခန႔္မွန္းမိလိုက္သည္။  Tang Feng သည္ Lu Tian chen အေႀကာင္းကို ေတြးလို္က္မိၿပီး သူ႔ကို နားအလည္ေပးဆံုးေသာ လူအတြက္ ခံစားခ်က္မရွိဟု Tang Feng တပ္အပ္ မေျပာႏိုင္ေပ။

Lu Tian chen အတြက္ေတာ့ နည္းနည္းေလး စိတ္ပူမိေပမယ့္ အခု သူ လုပ္ႏိုင္တာက သူက Lu Tian chen ရဲ႕ အားနည္းခ်က္ကို မျဖစ္ေစဖို႕ပဲ။

ကိုယ့္ကိုကိုယ္ တစ္ဖက္သားရဲ႕ အားနည္းခ်က္ျဖစ္ေအာင္ ဆြဲယူတာကို ဘယ္သူကမွ မႀကိဳက္သလို သူက ဘယ္သူ႕ကိုမွလည္း အေႂကြးမတင္ခ်င္ေပ။

လြန္ခဲ့ေသာတစ္ႏွစ္တာအတြင္း ညအခ်ိန္တြင္ Lu Tian chen ၏ရွားပါးေသာ ခ်စ္ခင္ႀကင္နာသည့္ အမူအရာ၊ ေကာင္းကင္ေပၚမွာ ပစ္လႊတ္ေပးသည့္ မီးရႉးမီးပန္းမ်ားသည္ Tang Feng ၏ ႏွလုံးသားကို အၿမဲတမ္း မွတ္မွတ္ထင္ထင္ ရွိေနလိမ့္မည္။

Lu Tian chen က သူ႔ဘဝကို အသိဆုံးျဖစ္သည္။ သူ ျပန္လည္ေမြးဖြားလာသည္ကိုလည္း သိကာ နားလည္ေပးထားသည္။
 ............

အဲလ္ဘတ္က ဟိုတယ္မွ ထြက္သြားၿပီးေနာက္ ခါတိုင္းလိုပင္ သူ႕ သတင္းလံုးဝ မႀကားရေပ။  တကယ္ပဲ သူ႔ကို စြန႔္ပစ္ၿပီး မလိုခ်င္ေတာ့ဘူးဟု ထင္လာခဲ့သည္။ မၾကာေသးမီက Tang Feng သည္ Jonas တစ္ေယာက္ အပန္းေျဖ ဗီးလာႀကီး တစ္လုံး ထပ္မံဝယ္ယူခဲ့ေၾကာင္း ၾကားသိလိုက္ရသည္။

အဲလ္ဘတ္၏ လက္ခ်က္ဆိုတာ Tang Feng   ခန႔္မွန္းလိုက္သည္။ ထိုလူရဲ႕ လက္ရွိ အေျခေနကို ေဖာ္ျပရမယ္ဆုိရင္ သူက တိတ္တိတ္ဆိတ္ဆိတ္နဲ႕ အိပ္ေပ်ာ္ေနသည့္ အေျခေနလို႕ တင္စားနုိင္သည္။  ေနာက္ျပီး ဘာဆက္ျဖစ္လာမလဲဆုိတာ Tang Feng သည္ Charles ကို မေမးခဲ့ေပ။ Jonas က အရမ္းကို တံုးအ မိုက္မဲၿပီး ေလာဘႀကီးတယ္ဆိုရင္ ေနာက္ဆံုး အဲလ္ဘတ္ ဆီက အသတ္ခံရလိမ့္မယ္လို႕  Charles က ေျပာခဲ့သည္။

"Albert က အျမတ္အစြန္း လိုက္ရွာသူ တစ္ေယာက္ပဲ။ သူ ဘယ္ေလာက္ ေပးႏိုင္လဲဆိုတာက  မင္းဆီက  သူ ဘယ္ေလာက္ အျမတ္ေတြ ပိုရႏိုင္သလဲ ဆုိတဲ့အခ်က္ေပၚ မူတည္တယ္ "
ခ်ားလ္စ္ကေတာ့ ခုအျဖစ္ပ်က္အေပၚ ဒီလိုေျပာခဲ့တာပဲ။

Tang Feng က ဒီစကားႀကားေတာ့ သူ ႀကံဳေတြ႕ခဲ့သည္ကို ျပန္ေတြးေနမိသည္။
 သူက  Albert ဆီက ဘာပစၥည္းမွ မေတာင္းခဲ့ဖူးဘူး။ အဲ့ဒါေၾကာင့္ Albert က သူ႔အတြက္ ပုံမွန္လို မဟုတ္တဲ့ အေျခေနကို ေဖာ္ျပခဲ့တာလား။ သူ႕အေပၚ ဘာမွ ထူးထူးဆန္းဆန္း မလုပ္ခဲ့တာလား။    ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ Albert က ထြက္သြားၿပီး လုထ်န္းက်ီ ဟာ ႐ုတ္တရက္ ထြက္ေပၚ မလာသည္က လြဲရင္ အေမရိကားမွာ ရွိတဲ့ သူ႔ရဲ႕႐ိုက္ကူးေရးဟာ အလြန္ေခ်ာေမြ႕ၿပီး တည္ၿငိမ္ ေနသည္။

ထိုအခ်ိန္တြင္ Tang Feng သည္ တစ္ခါတစ္ရံတြင္ သူသည္  ဖီးနစ္ထ်န္း ဘဝတြင္ ရွိေနသည့္ အခ်ိန္သို႔ ျပန္သြားသည္ဟု ခံစားရၿပီး အလုပ္လုပ္ရန္ ေန႔တိုင္း စတူဒီယိုသို႔ အခ်ိန္မွန္သြားကာ စာအုပ္ဖတ္ရန္ အိမ္ျပန္ကာ ေကာ္ဖီပူပူတစ္ခြက္ေသာက္ရန္ သို႔မဟုတ္ ႏို႔လက္ဖက္ရည္နွင့္ သေရစာစားၿပီး ႐ုပ္ရွင္ၾကည့္ရင္း လမ္းေလွ်ာက္ခြင့္ရတာက တကယ့္ကို အံ့ၾသစရာေကာင္းလွတယ္။

ကံေကာင္းေထာက္မစြာ၊ သူ အိမ္ျပန္ေရာက္တိုင္းလိုလို Charles ကိုေတြ႕ရလိမ့္မယ္။ ထိုဝက္ဝံႀကီး၏ တည္ရွိမႈသည္ Tang Feng ကို သူ ျပန္လည္ေမြးဖြားလာသည့္ အခ်ိန္တိုင္းကို ျပန္လည္ သတိရေစသည္။ အိုး၊ ျပန္လည္ ေမြးဖြားလာၿပီးေနာက္  သူ႔ဘဝက အၿမဲတမ္း စိတ္လႈပ္ရွားစရာ ေတြနဲ႔ ျပည့္ေနခဲ့တယ္။

သူက အခ်ိန္တိုင္း တင္းမာမႈႏွင့္အႏၲရာယ္ကို ရင္ဆိုင္ခဲ့ရသည္။

အခ်ိန္ေတြကုန္လြန္သြားၿပီး ေအာ္စကာ ႐ုပ္ရွင္ပြဲေတာ္အတြက္ ဆန္ခါတင္စာရင္းကို ေအာင္ျမင္စြာ ထုတ္ျပန္လိုက္ေလၿပီ။ "Slayer" ဇာတ္ကားတြင္ သူ၏ အေကာင္းဆုံးဇာတ္ေဆာင္အတြက္ Tang Feng က အေကာင္းဆုံး သ႐ုပ္ေဆာင္အျဖစ္ ေ႐ြးခ်ယ္ခံထားရၿပီး ယခင္ဘဝက Feinnes ရဲ႕ ေအာင္ျမင္မႈကို အမွီလိုက္နိုင္တာက သူ႕အတြက္ ဝမ္းသာစရာျဖစ္သည္။ ဒါက Feinnes  မရွိသည့္ ေနာက္ပိုင္းတြင္ ပထမဆံုး အျခားေသာ တ႐ုတ္လူမ်ိဳး အနုပညာ ႀကယ္ပြင့္ေတြလည္း အေမရိကန္ျပည္ ေအာ္စကာဆုအတြက္ အမည္စာရင္းတင္သြင္းခံရျခင္းျဖစ္သည္။

ဒါက အမွန္လား အမွားလားဆုိိတာ မသိေပမယ့္  Tang Feng တစ္ေယာက္ ဆုရရွိဖို႕ သိပ္ျပီး စိတ္ထဲမွာ   အလြန္အမင္း ေမွ်ာ္လင့္ထားျခင္းမရွိေပ။

ေမွ်ာ္လင့္ခ်က္ေတြက အရမ္းမ်ားခဲ့လွ်င္ ဆုံးရႈံးမႈေတြ ပိုမ်ားနုိင္ေပမယ့္ ေအာ္စကာဆုရဖို႕ စိတ္အားမထက္သန္တဲ့  သ႐ုပ္ေဆာင္က သ႐ုပ္ေဆာင္ေကာင္းေတာ့ မဟုတ္ေပ။

မင္းသားတစ္ေယာက္ခ်င္းစီအတြက္ ဆုတစ္ခုရဖို႔က အေရးႀကီးဆုံးမဟုတ္ေပမယ့္ ဘဝအတြက္ တကယ္အေရးႀကီးသည္ေတာ့ မဟုတ္ေပ။  အနည္းဆုံးေတာ့ ကို္ယ့္အနုပညာအရည္ခ်င္းကို အသိမွတ္ျပဳေပးျခင္းဟု မွတ္ယူရမည္။

Tang Feng အတြက္၊ ေအာ္စကာသည္ သူ႔အရင္ဘဝအတြက္ ေနာင္တစရာ ျဖစ္ခဲ့သည္။ ေအာ္စကာဆုအတြက္  အေကာင္းဆုံး မင္းသားဆုကိုလည္း ရရွိခဲ့ေသာ္လည္း ဒီဆုကို ယူခ်ိန္မွာ သူ  မၾကာခဏဖ်ားနာေနခ်ိန္ျဖစ္သည္။

ထိုအခ်ိန္က ပါဝင္သည့္ဇာတ္ကားမ်ားသည္ အေကာင္းဆုံး မဟုတ္ေသာ္လည္း ဆု ရနုိင္ေခ် အမ်ားဆုံး  ၿပိဳင္ဘက္မ်ားကို မေမွ်ာ္လင့္ဘဲ အႏိုင္ယူနိုင္ခဲ့သည္။ ဒီအခ်က္က ဒိုင္ေတြ၏ ကိုယ္ခ်င္းစာမႈႏွင့္ အထင္ႀကီးမႈ ရမွတ္မ်ား ျမင့္မားေၾကာင္း ထင္ရွားလွသည္။

ယခုအခ်ိန္အထိ သူသည္ လူထုႏွင့္ အကဲျဖတ္ဒိုင္မ်ား၏ အသိမွတ္ျပဳမႈကိ ရရွိရန္ သူ၏ အေကာင္းဆုံး အရည္ခ်င္းနဲ႕  စစ္မွန္ေသာ ခြန္အားကို ပိုမိုအသုံးျပဳခ်င္သည့္ စိတ္တို႕ က်န္ရွိေနဆဲျဖစ္သည္။

............

႐ုပ္ရွင္ပြဲေတာ္ကို သတ္မွတ္ရက္အတိုင္း ဖြင့္လွစ္ခဲ့သည္။ လူသစ္မ်ားစြာရွေနသည့္ အနုပညာ စက္ဝိုင္းထဲကို ႐ုတ္တရက္ ေဖာက္ထြင္းဝင္ေရာက္လာတဲ့ နုိင္ငံရပ္ျခားမွ အနုပညာ ၾကယ္ပြင့္တစ္ေယာက္အေနနဲ႔ Tang Feng ဟာ လူတိုင္းရဲ႕ အသိမွတ္ျပဳမႈ မရခဲ့ေပမယ့္ အနည္းဆုံးေတာ့ လူေတြက သူ႕ သရုပ္ေဆာင္သည့္ သတင္းကို ရဲရဲတင္းတင္းေျပာရဲတဲ့ လူငယ္သ႐ုပ္ေဆာင္ကို မွတ္မိေနပါေသးတယ္။

ထိုအခ်ိန္တြင္၊ ေသျခင္းတရားႏွင့္ ေတြ႕ႀကဳံခဲ့ရေသာ ရိုက္ကူးေရး အဖြဲ႕ဝင္အားလံုး ျပန္လည္ဆုံေတြ႕ ၾကေလျပီ။ ေကာ္ေဇာနီေပၚကို တက္လွမ္းႀကတဲ့အခါ အားလုံးက တစ္ေယာက္နဲ႔တစ္ေယာက္ လက္ဆြဲႏႈတ္ဆက္ၾကတယ္။ စည္းလုံးညီညြတ္ေသာ မိသားစုကဲ့သို႔  ရင္ထဲမွ လာသည့္ စစ္မွန္သည့္ အၿပဳံးျဖင့္ ေအာ္စကာကို ရယူမည့္ လမ္းကို ေလွ်ာက္လွမ္းခဲ့ၾကသည္။

ၿပီးခဲ့သည့္ အႀကိမ္က်င္းပခဲ့သည့္  ဗင္းနစ္ျမိဳ႕ ရုပ္ရွင္ပြဲေတာ္မွ အနီေရာင္   ေကာ္ေဇာေပၚက ေလွ်ာက္လွမ္းစဥ္နွင့္  ႏႈိင္းယွဥ္ပါက Tang Feng သည္ ယခုတစ္ႀကိမ္တြင္ ပရိသတ္၏ အသံသည္ ပိုမိုက်ယ္ေလာင္ေၾကာင္း ရွင္းရွင္းလင္းလင္း ခံစားခဲ့ရသည္။ သူ ေရာက္လာတဲ့ အခါမွာေတာ့ လူေတာ္ေတာ္မ်ားမ်ားက သူ႔ဓာတ္ပုံနဲ႔ ပိုစတာကို ယူလာၿပီး လက္မွတ္ထိုးခိုင္းတယ္။

လူအမ်ားက အသိအမွတ္ျပဳခံရျခင္းသည္ ၾကယ္တစ္ပြင့္အတြက္ ဆုလာဘ္တစ္ခုျဖစ္သည္။

ေကာ္ေဇာနီကိုျဖတ္ၿပီး လမ္းေလွ်ာက္ၿပီးေနာက္ Tang Feng သည္ ဧည့္လမ္းၫႊန္ေနာက္ကို  လိုက္သြားခဲ့သည္။ ေျခႏွစ္လွမ္းေတာင္ မလွမ္းေရေသးမီတြင္ လူတစ္ေယာက္က သူ႔ကို လိုက္ေနာ္က္ကို လိုက္လာကာ Tang Feng ၏ခါးကို လက္နွင့္ ေထာက္ကာ  ဆိုးသြမ္းလူဆိုးႀကီးက  ေသနတ္ျဖင့္ ခ်ိန္ထားသလုိ လုပ္ခဲ့သည္။

"ၾကယ္ပြင့္ႀကီး ငါလည္း မင္း လက္မွတ္ထိုးခ်င္တယ္။"

Charles ရဲ႕ ဝတ္စုံျပည့္နွင့္ ေခ်ာေမာေနသည့္ ရုပ္သြင္က Tang Feng ရဲ႕ေဘးမွာ တည့္တည့္ ေပၚလာခဲ့သည္။

ယင္းမတိုင္မီက Charles သည္ ႐ုပ္ရွင္ပြဲေတာ္ဖြင့္ပြဲအခမ္းအနားသို႔ လာမည္ဟု မေျပာခဲ့လို႕  Tang Feng သည္ သူ႕အတြက္ အံ့အားသင့္စရာ တစ္စုံတစ္ရာရွိမည္ဟု မထင္ခဲ့ေပ။ ေဟာလိဝုဒ္ကို ပထမဆုံး ေရာက္တုန္းက Charles က သူ႔ရဲ႕ ဘဝလမ္းေႀကာင္း တိုးတက္မႈတခ်ိဳ႕အတြက္  တက္ေရာက္ဖို႔ လိုအပ္သည့္ ဧည့္ခံပြဲေတြကို ေခၚသြားတာကိုလည္း မွတ္မိပါေသးတယ္။  

"ဘယ္မွာ လက္မွတ္ထိုးေပးေစခ်င္တာလဲ"

Tang Feng က ေျဖလိုက္ရင္း ပတ္ဝန္းက်င္းကို လွည့္ပတ္ၾကည့္တယ္။ ထိုအခ်ိန္တြင္ သတင္းေထာက္ေတြက  အျပင္ဘက္တြင္ရွိေနသည္ကို ေတြ႕ရေတာ့ သူက Charles ကို ေဘးသို႔ ဆြဲထုတ္လိုက္သည္။

"ဒါေပါ့....အဲ့ေနရာေလ..မင္း သိတယ္မလား...အြတ္..."

ဝက္ဝံႀကီးက သူ႔မ်က္လုံးတစ္ဖက္ကို မွိတ္လိုက္ျပီး ညစ္က်ယ္က်ယ္ေျပာလိုက္ခ်ိန္  Tang Feng က ခ်ားလ္ရဲ႕ ခါးကို လက္သီးနဲ႔ ထိုးကာ သတိေပးလိုက္သည္။

 " အေလးအနက္ထားစမ္းပါ။"

"  ေဘဘီ....ေက်းဇူးျပဳၿပီး ကိုယ့္ကို သနားပါဦးကြာ ။ "

Charles ဟာ လူေတြကို စိတ္ဆိုးေစမယ့္ ထူးျခားတဲ့ အလုပ္ကို လုပ္ေလ့ရွိသည္။  အခုအခ်ိန္မွာေတာ့ ခ်ားလ္က လိုက္ေလ်ာညီေထြ ေနထိုင္လာျပီျဖစ္ျပီး စေတြ႕သည့္အခ်ိန္က သူ လုပ္ခဲ့သည့္ အျပဳမူအတြက္    Charles အေပၚ Tang Feng ရဲ႕ နာၾကည္းမႈကို တျဖည္းျဖည္း ေခ်ဖ်က္ပစ္ျပီးျဖစ္သည္။
 
မေန႔ညက Charles သည္ ေနာက္ဆုံးတြင္ Tang Feng ကို သူ႕ေအာက္တြင္ အတင္းဖိထားျပီး ေအးစက္စက္ အေနထားေအာက္မွ ရုန္းထြက္ကာ ပူျပင္းေတာက္ေလာင္သည့္ ခ်စ္ေဇာဟုတ္ထဲ ဆြဲသြင္းခဲ့သည့္ ဒီေန႕မွာ ခ်ားလ္တစ္ေယာက္ တစ္ကိုယ္လံုး အလင္းေရာင္ျဖာထြက္လုမတတ္  တက္ႀကြလန္းဆန္းေနျခင္းျဖစ္သည္။

သူက မနက္ခင္းေစာေစာထျပီး တကိုယ္လံုး ေအပရြန္ကလြဲျပီး ဘာမွ မဝတ္ပဲ မနက္စာ ျပင္ဆင္ေပးခဲ့သည္။ ဒါက မနက္ခင္း တက္ႀကြလန္းဆန္းေနသည့္ စာဖိုမႈးတစ္ေယာက္ရဲ႕ အရသာလုိ႕ ေျပာလိုက္ေသးသည္။
   
သူက ေပ်ာ္ေစပ်က္ေစ  အျပဳအမူအခ်ိဳ႕ကို တမင္တကာ လုပ္ယူကာ Tang Feng ရယ္ေမာေစခဲ့သည္။

႐ုပ္ရွင္ပြဲေတာ္တြင္ "Heavenly Son" ဇာတ္ကား ႐ိုက္ကူးမႈ တစ္ဝက္နီးပါး ၿပီးစီးေနၿပီျဖစ္ၿပီး Lu Tian chen ႏွင့္ပတ္သက္သည့္ သတင္းမ်ားထဲမွာ မေတြ႕ရတာ ၾကာၿပီျဖစ္သည္။

Charles က အဲဒီအေႀကာင္းကို ေျပာခ်င္ပုံမေပၚဘဲ Tang Feng က ဘယ္လိုေမးရမွန္းမသိေပ။ ကုမၸဏီ အေၾကာင္းနွင့္ေရာျပီး ေရွာင္ယု ကို ရံဖန္ရံခါ ေမးရေတာ့သည္။  လုထ်န္းက်ီ သည္  ကုမၸဏီတြင္ မၾကာေသးမီက  မရွိခဲ့ေၾကာင္း၊ ကုမၸဏီ၏ အေရးကိစၥမ်ားကို အျခားေသာ အႀကီးတန္း အမႈေဆာင္ အရာရွိမ်ားက စီမံခန႔္ခြဲေၾကာင္း သူမက ေျပာၾကားခဲ့သည္။

Tian chen Entertainment Company တြင္မူလက လူအေျမာက္အျမားမရွိခဲ့ဘဲ Lu Tian chen ႏွင့္သူ၏သားကဲ့သို႔ အဓိက အုပ္ခ်ဳပ္သူ နွစ္ေယာက္ႀကား စက္ပြဲျဖစ္ေတာ့ တိုက္ပြဲမၿပီးခင္မွာ ကုမၸဏီက ၿပိဳလဲရတာ့မလားလို႕ အားလံုးက ခန္႕မွန္းေနႀကသည္။


===============

Continue Reading

You'll Also Like

1.1M 58.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
295K 7.3K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
29.4K 3.9K 6
Title 标题: Please Don't Eat Me 請不要吃掉我 Author 作者: Hao E O 好餓哦 (So Hungry) Genre 类型: romance 愛情,drama 劇情,fantasy 奇幻 [ENG TRANS] 請不要吃掉我 BY 好餓哦 ~Translate...
313K 37.4K 76
ဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️