အချစ်ရပ်ဝန်းဆီသို့( to the lo...

By ShinYooneain5

1.6K 48 1

မိုးထိမြင့်မား ❤️ ရွှေတယောညို More

ep-1 uni & zawgyi
ep-2 uni&zawgyi
ep-4 uni&zawgyi
ep-5 uni& zawgyi
ep-6 uni& zawgyi
ep 7 uni & zawgyi
ep 8 uni & zawgyi
ep 9 uni & zawgyi
ep 10 uni & zawgyi

ep-3 uni&zawgyi

84 3 0
By ShinYooneain5

*unicode*
💠အချစ်ရပ်ဝန်းဆီသို့......💠

            💘p=3💘

'''''ကျိ....ကျလိ....ကျွိ....ကျွိ... ကျိ...´´´´

ပြတင်းပေါက်မှခုန်ပေါက်၍တိုးဝင်လာသည့်စာကလေး
ပေါက်စလေးတွေကပြတင်းပေါက်ဘောင်ပေါ်တွင်
အသံစုမြည်၍ ဟိုဒီပြေးလွှားကာကူးကလန်ခတ်
နေလေသည်။ငှက်ကလေးတွေရဲ့အော်မြည်သံ
ကြောင့် မိုးထိ အိပ်ယာမှနိုးသွားသည်။

သူ အပြင်ဘက်သို့ကြည့်လိုက်တော့မိုးစင်စင်လင်း
နေလေပြီ။ပြတင်းပေါက်ဆီမှ မနက်ခင်းရဲ့လေနု
အေးအေးလေးက သူ့စိတ်ကိုလန်းဆန်းသွားစေသည်။

ထို့အပြင် ပြတင်းပေါက်ဘောင်ထက်ပြေးလွှားရင်း
အစာတွေကို နှုတ်သီးလေးနဲ့တစ်တောက်တောက်
စားလိုက်၊ပြေးလွှားပျံသန်းလိုက်ဖြင့်အလုပ်ရှူပ်
နေကြသည့်ငှက်ကလေးတွေကိုငေးကြည့်ရင်း
သူ ကြည်နူးစွာပြုံးလိုက်မိသည်။

အိပ်ယာမှနိုးထလာသည့်မနက်ခင်းတိုင်းမှာ
အခုလောက်ကြည်နူးပြီးစိတ်ကိုလန်းဆန်းစေတဲ့
နေ့ရက်မျိုးမရှိဖူးသေးပေ။တောရွာရဲ့အေးချမ်းမှူ
နဲ့ သဘာဝဆန်တဲ့ သဘာဝကျကျဖြစ်တည်လာသော
အရာတွေကလူ့ရဲ့စိတ်ကိုကြည်နူးလန်းဆန်းစေ
တာကိုတော့သူမငြင်းနိုင်ပေ။

ခန္ဓာကိုယ်မှခြုံထားသည့်စောင်ပါးလေးကိုဖယ်ခွာ
၍ထဖို့ပြင်လိုက်စဉ်မှာပင် အခန်းဝသို့ရောက်ရှိ
လာသည့်ဒေါ်မေလင်းညိုကိုတွေ့မြင်လိုက်တာ
ကြောင့် သူပြုံးပြကာနှုတ်ဆက်လိုက်သည်။

''''moningဒေါ်လေး.....´´´´

''''ဟင်....သြော်....အေး...အေးပါကွယ်....သားနိုးပြီလား....ခေါင်းကရောသက်သာရဲ့လားကွယ်.....
မနေ့ညကဒေါ်လေးတစ်ခေါက်လာကြည့်သေးတယ်....သားကအစောကြီးအိပ်ပျော်နေလို့မနှိူးလိုက်တာ....ညစာလဲမစားဘူးဗိုက်ဆာနေပြီလားသား....´´´´´

'''''အဟွန်း.....ဟုတ်တယ်ဒေါ်လေး.....ဆေးအရှိန်နဲ့အိပ်ပျော်သွားတာ...မဆာပါဘူးရေအရင်ချိုးလိုက်ဦးမယ်.....´´´´

''''အေးပါကွယ်....အေးပါ....´´´´

တယော  ဘာတွေသဘောကျနေမှန်းမသိဘဲ
ပျာယာခတ်ကာ  ဟိုမြို့သားကိုတစ်သားထဲသားနေတဲ့
အမေ့ကို မကြည်လင်စွာကြည့်၍နှုတ်ခမ်းလေးကို
စူထော်ထားလိုက်လေသည်။

'''''ဟွန့်အမေတို့များအတော်မျက်နှာလိုက်တာပဲ....ငါ့ကြအစောကြီးမထရင် အရိူးရာထပ်အောင်ရိုက်ပြီး.....ဟိုလူကြမနက်၇နာရီမှထတာကို....သား၊သားနဲ့ပါးစပ်ဖျားကမချစတမ်းအကဲပိုနေလိုက်တာ....´´´´´

''''''ကျက်သရေတုံးလိုက်တာ....´´´´

''''ဟမ်....ကျက်သရေတုံးတာကဘယ်သူလဲမိတယော....ညည်းငါ့ကိုများပြောနေတာလား....´´´´

''''ဟင်....မ....မဟုတ်ပါဘူးအမေရဲ့....တယောသွားပြီနော်....´´´´

တယော စိတ်ထဲကမနာလိုဝန်တိုမှူကိုမကျေမနပ်
ရေရွတ်လိုက်ရင်း အသံကအပြင်ထိထွက်သွားတာမို့
မိခင်ဖြစ်သူကြားသွားကာပြန်မေးနေတာကြောင့်
အလန့်တကြားလေးငြင်းဆန်၍လိမ်ညာပြီး
ရှေ့ဆက်နေရင် ရိပ်မိသွားမှာစိုးကာအမေ့အနား
မှအမြန်လစ်ထွက်လာခဲ့လေတော့၏။

မိုးထိ အနောက်ဘက်မှရေအေးအေးလေးချိုးပြီး
စိတ်ထဲလန်းဆန်းသွားလေသည်။စိတ်ထဲဘာရယ်
မဟုတ် တစ်မျိူးလေးဖြစ်တာကြောင့်အဝတ်စား
တွေထဲကအဖြူနဲ့အနက်ကွက်ထားသည့်ကွက်စိပ်
အင်္ကျီလက်တိုလေးနှင့်အနက်ရောင်ပုဆိုးကို
ခန့်ညားစွာဝတ်လိုက်မိသည်။သူတော်ရုံပုဆိုး
ဝတ်ခဲသည်။ခဏခဏပြန်ပြင်ဝတ်ရတာအလုပ်ပို
တစ်ခုလိုခံစားရတာကြောင့်ဘောင်းဘီကိုသာ
အမြဲဝတ်ဆင်လေ့ရှိတတ်သည်။

''''ဟော....နိုးပြီလားသား.....ကဲမနက်စာလေးစားလိုက်ဦး....ခေါင်းရောဘယ်လုိနေသေးလဲသား....´´´´

သူ့ကိုအကဲခတ်သလိုလေးကြည့်ကာပြုံးရင်းလှမ်းခေါ်
လျှက်မေးလိုက်
သည့်ဖေဖေ့နားသို့သူဝင်ထိုင်ကာ
    ပြန်ဖြေလိုက်သည်။

''''သက်သာသွားပါပြီဖေဖေရဲ့....ဘာမှမဖြစ်တော့ပါဘူး.....´´´´

'''''ရော့.....သားဒေါ်လေးက....ဟိုဘက်ရွာကနေ...သားကြိုက်မယ်ထင်လို့တကူးတကသွားဝယ်ထားပေးပြီး....သမီးလေးတယောကိုမနက်အစောကြီးထပြီး......လုပ်ခိုင်းထားတဲ့နန်းကြီးသုတ်လေးစားလိုက်ဦး.....´´´´´

သူ့ရှေ့သို့ပန်းကန်လေးကိုကမ်းပေးရင်းဆိုလိုက်သည့်
ဖေဖေ့စကားကြောင့်  သူအားနာသွားရကာ
ဒေါ်မေလင်းညိုနှင့်ဦးရွှေသိုးအားကြည့်ကာ....

'''''ဟိုလေ.....ကျွန်တော့်အတွက်တကူးတကတွေမလုပ်ပါနဲ့ဒေါ်လေးနဲ့....ဦးလေးရယ်....အားနာစရာကြီး....ကျွန်တော်အဆင်ပြေပါတယ်....နောက်ဆိုဒေါ်လေးသမီးကိုလည်းကျွန်တော့်ကြောင့်နဲ့တော့....ပင်ပင်ပန်းပန်းတွေမခိုင်းပါနဲ့ဒေါ်လေးရယ်....´´´´

သူ တကယ်ကိုအားနာသွားတာကြောင့်စိတ်ထဲရှိ
သလိုပြောလိုက်သည်။စွာတေးလန်လွန်းလို့
သူမကိုကြည့်မရတာမှန်ပေမယ့်လည်းကိုယ့်ကြောင့်နဲ့
ဘယ်သူ့ကိုမှတာဝန်မပိုစေချင်ပေ။

''''ဒါနဲ့သားက.     ဒီနေ့ဖေဖေ့မျက်လုံးထဲထူးဆန်းနေပါလားကွ....ခက်ရေကိုယ်မျက်စိများမှားသလားကွာ......´´´´

''''မဟုတ်ပါဘူးဖေဖေရ..... ကျွန်တော်လဲဝတ်ချင်စိတ်လေးဖြစ်လာလို့ပါ.....´´´´

ဖေဖေ့စကားကြောင့် သူ့ကိုယ်သူပြန်ငြု့ုံည့်ကာရှက်ရယ်
ရယ်ရင်းပြောလိုက်မိသည်။သူအထူးအဆန်းဖြစ်
နေတာကြောင့်ဖေဖေရောမေမေပါကျေနပ်နေပုံ
ပေါက်ကာပြုံးရွှင်နေကြသည်။ဖေဖေကသူ့ရပ်
သူ့ရွာမို့ပို၍ကြည်နူးနေသလို ရောဂါတွေလည်း
သတိ့မရတော့သလိုလန်းဆန်းနေတာတွေ့တော့
သူစိတ်ချမ်းသာရတာအမှန်ပင်။

         🍷🍷🍷🍷🍷🍷

လက်ထဲရှိအသုတ်ပန်းကန်လေးကိုသူခပ်စားကြည့်
လိုက်သည်။သူ့မျက်လုံးတွေပြူးသွားမိသည်အထိ
အံ့သြရသည်။သူစားဖူးသမျှထဲတော့အစပ်အဟပ်
တည့်ကာစားကောင်းလွန်းနေသည်မဟုတ်လား။
သူကြိတ်ကာပြုံးလိုက်မိသည်  ။ဒီကောင်မလေး
စွာတာကလွဲရင် ဆိုးတော့မဆိုးဘူးဟုအသိအမှတ်ပြုမိ၏။

''''''ဘယ်လိုလဲသား....အရသာရှိရဲ့လားဟင်....´´´´´

''''ဟုတ်ကဲ့ဒေါ်လေး....အရမ်းကောင်းတယ်ဗျ.....ကျေးဇူးတင်ပါတယ်နော်....´´´´´

''''ရပါတယ်သားရယ်.....´´´´

ရိုင်းစိုိုင်းကာကြမ်းတမ်းပုံလဲမပေါက်၊နူးညံ့၍
စကားပြောရည်မွန်သည့်မိုးထိမြင့်မားကို ဒေါ်မေလင်းညို
သဘောကျမိသည်။ပိုက်ဆံကလည်းရှိ၊ပညာလေးက
လည်းတတ်တဲ့အပြင်ရုပ်ရည်ကလည်းချောမောသည်။
ဒီလိုအစစအရာရာပြည့်စုံတဲ့သူမျိူးနဲ့သာသူမ
သမီးလေးအိမ်ထောင်ကျခဲ့ရင် ဘယ်လောက်ကံကောင်း
လိုက်မလဲ။နှစ်ဖက်မိဘကလည်းကြည်ဖြူနေတာ
ကြောင့် သမီးလေးကောင်းစားဖို့အရေး ခွဲရမယ်
ဆိုရင်လည်းသမီးလေးကိုသူမရန်ကုန်သို့ထည့်ပေး
လိုက်ဖို့ဆုံးဖြတ်ထားလေတော့သည်။

''''ကဲ.....သားပျင်းနေမှာပေါ့....ရွာရဲ့အရှေ့ဘက်ဖျားမှာရွာဦးစေတီလေးတစ်ဆူရှိတယ်ကွဲ့.....သားညီမလေးနဲ့သွားဖူးပါ့လား....ဆုတောင်းပြည့်တယ်လေ....တယောရေ....သမီးလေး....´´´´

''''''ရှင်!!!အမေ့...... ´´´

''''''သမီးအစ်ကို ကို....ရွာဦးစေတီလေးလိုက်ပို့ပေးလိုက်ပါကွယ်....သွား....အိမ်အလုပ်တွေထားခဲ့လိုက်အမေလုပ်လိုက်မယ်.....´´´´´

သူတို့ကို  နီးစပ်စေချင်နေတာကြောင့်လူကြီး
တွေကအခုလုိစီမံနေမှန်း သူ နားလည်လိုက်သည်။
သို့ပေမယ့်လည်း သူ့မှာချစ်ရတဲ့ဧကရီရှိပြီးသားလေ
ဧကရီကို တစ်ဘဝလုံးအတွက်သူရည်ရွယ်ထား
ခဲ့တာမို့ ဒီမိန်းကလေးဘယ်လောက်ပဲမိန်းမပီသလို့
တော်နေဦးတော့ သူမချစ်နိုင်ပေ။

ဒါပေမယ့်လည်း လူကြီးတွေရဲ့စကားကို ကန့်လန့်
မတိုက်ချင်တာကြောင့် နှစ်ဦးသားခေါင်းညိတ်လက်
ခံခဲ့ကြသည်။ဒေါ်မေလင်းညို သမီးကိုကြည့်ကာ....

''''သမီးက....ဒီဝတ်စုံနဲ့သွားမလုိ့လားကွယ်....သွားလဲလို်က်ပါဦး....´´´´

သူမ မိခင်အလိုကျအတိုင်း အခန်းထဲသို့ပြန်ကာ
စကားဝါရောင်ဝတ်စုံလေးကိုလဲလိုက်သည်။
ရင်ဖုံးတစ်စောင်းလေးကို လက်ခေါင်းလောင်းပွပွ
လေးဖြင့်ချပ်ချပ်ရပ်ရပ်လေးချူပ်ထားကာထမိန်အဖျား
နားတွင် အနက်ရောင်လှိုင်းတွန့်လေးတွေက
သူမအသားအရည်ဝင်းဝင်းလေးဖြင့်လိုက်ဖက်လွန်းစွာ
လှပကျော့ရှင်းနေ၏။

ရှည်လျားသောဆံပင်ရှည်
တို့ကိုဖဲပြားကလစ်ဖြင့်တစ်လွှာစည်းနှောင်လိုက်ပြီး
မျက်နှာလေးကိုခပ်ပြောင်ပြောင်ပဲထားလိုက်သည်။
သူမရဲ့အလှပြင်ခြင်းကိုရိုးရိုးလေးပင်။
ခဏလေးနဲ့
ပြင်ဆင်ပြီးစီးသွားတာကြောင့်အပြင်သို့ထွက်လာ၏။

'''''သွားလို့ရပြီရှင့်.....´´´´

မိုးထိ  အသံလာရာသို့လှည့်အကြည့်သူ့မျက်လုံးထဲ
မြင်လိုက်ရသည်က သူမအလွန်လှပသည်။သူမ
ကို ဒီလိုသပ်သပ်ရပ်ရပ်လေးနဲ့တွေ့လုိက်ရတော့
လဲ အတော်လှသားပဲလို့သူစိတ်ထဲမှတ်ယူလိုက်မိ၏။

သူမတို့နှစ်ဦးထွက်ခွာသွားသည်ကိုကြည့်ရင်မိဘများ
ကတော့ကြည်နူးပြုံးပျော်နေကြသည်။အခုလုိ
ကလေးတွေအဆင်ပြေနေတော့ မြင်တွေ့ရကာ
စိတ်ချမ်းသာပြီး  သားနဲ့သမီးရဲ့ရှေ့ရေးအတွက်
ဆုံးဖြတ်ချက်တွေကပို၍ခိုင်မာသွားသည်။

            💠💠💠💠💠💠

သူမတို့နှစ်ယောက် ဆုတောင်းပြည့်စေတီလေးဆီသို့
ရောက်ရှိလာ၏။တစ်လမ်းလုံးစကားတစ်ခွန်းမှ
မဆိုလာခဲ့တာကြောင့်နှစ်ယောက်ကြားတိတ်ဆိတ်
လွန်းနေခဲ့သည်မဟုတ်လား...ထိုတိတ်ဆိတ်မှူကို
မိုးထိ စတင်၍အသက်ဝင်အောင်စကားစလိုက်၏။

'''''မင်းနဲ့ကိုယ့်ကိစ္စကို.....သိပြီးပြီလား....´´´´

'''''ဟင်.....ဘာကိုလဲ.....´´´´

'''''ကိုယ်တို့ဒီကို ဘာအတွက်လာတယ်လို့မင်းထင်လဲ....ရွှေတယောညို....´´´´

'''''ဟင့်အင်း.....တယောမသိဘူး....တယောသိတာကအဖေ့ရဲ့မိတ်ဆွေမြို့ကနေလာလည်မယ်ဆိုတာကိုပဲ.....´´´´´

သူ အံ့သြသွားမိသည်။ဒါဆိုအားလုံးကိုသူကပဲ
သိနေပြီး သူမကမသိခဲ့သူ။သူ့ဘက်က
သူမကိုငြင်းဆို
ပေးဖို့တွက်ဆထားပြီးသားမဟုတ်လား။
အခုတော့သူဘယ်လိုပြောထွက်ပါ့မလဲ။ဘာမှ
မသိသေးတဲ့သူမကို သူ့ဘက်ကမတရားရာကျ
သွားမလားလို့တွေးကာငြိမ်သက်သွားမိလေသည်။

'''''ဘာလို့လဲဟင်......မြို့ကြီးသား.....ဒီကိုအလည်သက်သက်မဟုတ်ဘဲတစ်ခြားကိစ္စရှိလို့လား.....´´´´

'''''ဟို.....ကုိယ်ဘယ်လုိပြောရမလဲ.... တကယ်တော့လေ....´´´´´

'''''ထားလိုက်ပါ.....ကိုယ်တို့နောက်မှဆက်ပြောကြတာပေါ့.....ဘုရားဖူးကြမယ်လေ.....´´´´´

သူစကားစကိုဖြတ်လိုက်၍မပြောတော့ဖို့ဆုံးဖြတ်
လိုက်သည်။မဟုတ်ရင် တစ်ဖက်မိန်းကလေးအပေါ်
သူ့ဘက်ကတင်စီးလွန်းရာကျသွားမည်ကိုတော့
သူစိုးရိမ်မိတာကြောင့်ပင်ဖြစ်သည်။

.........

''''တယော.....ခဏနေပါဦးတယောရယ်.....ငါ့ကိုအခုတလောနင်ရှောင်နေတာလားဟာ.....´´´´

သူမ ရွာထဲသို့အသွား သားချော၏အမေးကြောင့်
တယောသွားတန်းဖြူဖြူလေးတွေ
ပေါ်သည်အထိ
ရယ်လိုက်ပြီး ငယ်သူငယ်ချင်းဖြစ်သူကိုပြန်ကြည့်ကာ

''''ဟဲ့အရူးကောင်ရဲ့....ကျူပ်ကတော့်ကိုဘာလို့ရှောင်နေရမှာလဲဟဲ့....ကျူပ်မအားလို့ပါသားချောရယ်အိမ်မှာမြို့ကဧည့်သည်တွေ....ရောက်နေလုိ့လေ.....´´´´

သူမအဖြေစကားကြောင့် သားချောမျက်နှာလေးငယ်
သွားရပြီး သူမကိုမဝံ့မရဲလေးကြည့်ကာ.....

''''ငါသိပါတယ်တယောရာ.....နင်တို့အိမ်ကိုရောက်နေတယ်မြို့သားကနင်နဲ့ပေးစားမယ့်....သတို့သားလောင်းဆိုတာကို....ငါတော့အသည်းကွဲပါပြီဟာ.....´´´´´

''''ဟမ်....ပေါက်ပေါက်ရှာရှာ....ဘယ်သူကပြောတာတုန်းကျူပ်လည်းမသိရပါလား.....ဘယ်ကမဟုတ်တာတွေကြားလာပြန်ပြီလဲသားချောရယ်.....ကျူပ်ကလေဒီရွာမှာတော့်ကိုသံယောဇဉ်အရှိဆုံးပါတော်....´´´´

သူမ စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်သည်။သားချော
ဆိုသည်ကသူမနဲ့ငယ်စဉ်ကတည်းကအတူကစားဖော်
ပင်မဟုတ်လား။သူမအတွက်ဆိုအရာရာအနွံတာခံ
ပြီးချစ်ခင်ကြင်နာပေးသူတစ်ယောက်
သူမဘက်က
ချစ်သူလိုမချစ်နိုင်သေးပေမယ့်သံယောဇဉ်ရှိတာတော့
အမှန်ပဲမို့ သားချောစကားကြားတော့သူမစိတ်မကောင်းပေ။

ဒီ့ထက်ပိုဆိုးတာက သားချောစကားကို စိတ်ထဲမှာ
မတင်မကျဖြစ်နေမိသည်။သူမနဲ့မြို့ကြီးသားကို
လက်ထပ်ပေးမယ်ဆိုတာ တကယ်ပဲလား။
သူမအတွေးတွေကို ခေါင်းခါကာထုတ်ပစ်လိုက်သည်။
မဖြစ်နိုင်ပါဘူး မနေ့တစ်နေ့ကမှမြင်ဖူးတဲ့သူတစ်ယောက်
ကို အခုလိုတော့မစီစဉ်လောက်ပါဘူးလုိ့တွေးမိပြန်၏။
ဘယ်လိုပဲဖြစ်စေ အမေ့ကုိမေးကြည့်ရမယ်။

              ☯☯☯☯☯☯

''''မနက်ဖြန် ရွာအလှူပွဲရှိတယ်လေ....ဒါကြောင့်ရွာကလူတွေအလုပ်ရှူပ်နေကြတာကွဲ့.....´´´´

.

'''''သြော်.....´´´´

သူ  ဦးရွှေသိုးရဲ့စကားကိုနားထောင်ရင်း အိမ်ရှေ့၌
ဟိုဟိုဒီဒီသွားလာနေသူတို့ကိုငေးကြည့်နေမိသည်။
ဘာလိုလိုနဲ့သူတို့ရောက်တာနှစ်ရက်ရှိပြီ။
တောရွာရဲ့အရိပ်အာဝါသကအေးချမ်းပေမယ့်လည်း
သူ့အတွက်တော့ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်။

ထိုစဉ်......

'''''တယောရေ.....တယော....ကျူပ်တို့ရောက်ပြီနော်.....´´´´

မိန်းမငယ်လေးနှစ်ဦး ခြံထဲသို့လျှောက်လာရင်း
ပြောလိုက်သည့်စကားကြောင့်မိုးထိပြုံးလိုက်သည်။
စွာတေးမလေးသုံးနှုန်းသည့်စကားတွေကသူ့အပေါ်
တမင်ရိုင်းတာမဟုတ်ဘဲ ဒီရွာရဲ့အလေ့အထဆိုတာ
ကို သူနားလည်သဘောပေါက်လာခဲ့လေ၏။

'''''အဘ.....တယောရှိလားဟင်....´´´´´

'''''ရှိပါ့ကွယ်.....ရှိပါ့....လာလိမ့်မယ်....´´´´´

'''''အဖေ....တယော....မိစံမတို့နဲ့လိုက်သွားပြီး  ရွာထဲကအလှူကိုကူပေးဦးမယ်နော်.....´´´´´

'''''အေးပါကွယ်....သွား....သွားညဉ့်မနက်စေနဲ့နော်....´´´´´

''''ဟုတ်ကဲ့....´´´´

'''''သြော်.....လူလေးလဲလိုက်သွားပါလားကွယ့်......ဟိုမှာကလူငယ်တွေဆိုတော့လွတ်လွတ်လပ်လပ်ပျော်ပါးလို့ရတာပေါ့.....´´´´´

'''''ဟို....ရပါတယ်ခင်ဗျ....ကျွန်တော်မလိုက်တော့ပါဘူး....´´´´

'''''လာပါ....မြို့ကအစ်က်ိုရဲ့....ကျူပ်တို့ရွာအလှူကပျော်စရာကောင်းတယ်တော့....လိုက်ခဲ့ပါတော်....´´´´

မိစံ ချောမောလွန်းသည့် မိုးထိကိုငေးနေရာမှ
ပြောလိုက်သည်။ရုပ်ရှင်မင်းသားလိုဖြူသန့်ပြီး
အပြစ်တစ်ခုဆိုဖွယ်ရာမရှိ  ရယ်နေနေ၊ပြုံးနေနေ၊
တည်နေလည်းခန့်ငြားချောမောနေသည့်ရုပ်သွင်
ကငေးမောကြည့်နေချင်စရာပင်။

'''''ကဲ.....လိုက်သွားလိုက်ပါကွယ်....လူလေးလဲအပျင်းပြေတာပေါ့....´´´´´

သူ ဆက်ငြင်းဆန်နေဖို့အားနာတာနဲ့
လိုက်သွားရန်
ခေါင်းညိတ်လိုက်သည်။နေရာမှထရပ်ရင်း မျက်လုံး
တို့ကတယောညိုဆီသို့လှမ်းကြည့်လိုက်တော့
သူမက မျက်နှာလွှဲထားလေသည်။

သူမတို့နဲ့အတူ ပါလာရင်း လူတွေစုရုံးစုရုံးဖြစ်နေရာ
သို့သူလှမ်းကြည့်လိုက်တော့ သူနဲ့အရွယ်တူလူငယ်
များ အလှူပွဲကြီးတွင် အလုပ်တွေဝိုင်းကူ၍လုပ်ကိုင်
ပေးနေကြသည်ကိုမြင်လိုက်ရသည်။

'''''''တယောတို့လာတယ်.....လာဟေ့...လာကြ...´´´´´

သူတို့ကို မြင်လုိက်သည့် လူကြီးတစ်ဦးကဝမ်းသာအား
ရခေါ်လိုက်ပြီး သူ့အားခေါင်းလေးစောင်းကာကြည့်၍

'''''ဧည့်သည်လည်းပါတာကို.....လာကွယ်....လာထိုင်.....´´´´

သူ ထိုလူကြီးအနားသို့ဝင်ထိုင်လိုက်သည်နှင့်
သူ့ကိုပြုံးပြကာ သူ့ရှေ့သို့ရေနွေးအိုးကမ်းပေးလိုက်၍....

''''အကြမ်းရေသောက်ပါဦး....အားမနာနဲ့နော်.....´´´´

'''''ဟာ....ဦးကြီးညို....ဘယ့်နှယ်ဧည့်သည်ကိုအကြမ်းရေတိုက်နေရတာတုန်းဗျ.....လူငယ်ပဲလေ....ရွာလယ်ကထန်းတောထဲလိုက်ခဲ့ပါလားဗျ.....´´´´´

''''ဟာ....နေ.....နေပါစေကျွန်တော်မလိုက်တော့ပါဘူးဗျာ....´´´

မိုးထိ   ကွပ်ပျစ်ထက်ဝင်ထိုင်ကာပြောလိုက်သည့်
လူငယ်တစ်ယောက်၏စကားကိုကြားလိုက်ရတော့
အသည်းအသန်ငြင်းဆန်မိသည်။သူ့အကြောင်းကို
သူအသိဆုံးပင် အရက်သေစာဆို သူသောက်စားလို့
မဖြစ်ပေ။သောက်စားပြီးတိုင်း ပြဿနာတစ်မျိုး
မဟုတ်တစ်မျိုးဖြစ်တတ်တာကသူ့အကျင့်ပင်ဖြစ်သည်။

''''ဟာ....လာပါဗျာ....ကျူပ်နာမည်ကဖိုးတိုဗျ....ခင်ဗျားကိုခင်လို့ပါဗျ...´´´´´

'''''ဟုတ်ပါတယ်ဗျာ....ကိုယ့်ရပ်ကိုယ်ရွာလာလည်တဲ့ဧည့်သည်ပဲဗျာ...လိုက်ခဲ့ပါဗျ.....´´´´

.

မိုးထိ အားနာတတ်တဲ့စိတ်ကြောင့်ဘာပြန်ပြော
ရမှန်းမသိပေ။ ငြင်းဆန်ရင်လည်းအတင်းခေါ်နေတာ
မို့ ရိုင်းရာကျပေမည်။လိုက်သွားပြန်ရင်လည်း
ကိုယ့်အကြောင်းကိုယ်သိသူဖြစ်နေ၍အခက်ကြုံ
နေရလေတော့သည်။ထိုအခါ....

ဦးကြီးညိုဆိုသူက.  သူတို့ကိုကြည့်ကာဝင်ရောက်
ပြောဆိုလိုက်သည်။သူလည်း လူကြီး
တစ်ယောက်
ကိုလေးစားသမှူနဲ့ ခေါင်းညိတ်ကာ
ခဏလိုက်သွား
ရုံဖြင့်ဘာမှမဖြစ်ပါဘူးလို့ပဲတွေးလိုက်မိလေသည်။

အကြံသမားဖိုးတိုကတော့ သူတို့နှင့်အတူလိုက်ပါ
လာသည့်မိုးထိကိုကြည့်ကာ အချင်းချင်းမျက်စပစ်
၍အကျေနပ်ကြီးကျေနပ်နေကြလေသည်။သူတို့လို
လူတွေက မယ်မယ်ရရအလုပ်မလုပ်ဘဲမကောင်း
သည့်လမ်းကိုလျှောက်ကာငွေကြေးအမြဲလိုအပ်
နေတတ်သူတွေသာဖြစ်ကြသည်။

'''''သောက်ဗျာ.....ရော့သောက်ပါ.....´´´´

မိုးထိကမ်းပေးလာသည့် ထန်းရည်တစ်ခွက်ကို
ခေါင်းညိတ်ကာယူသောက်လိုက်သည်။တစ်ချို့
သောမိန်းကလေးတွေတောင်သောက်နေကြသည့်
ထန်းရည်လောက်က သူ့အတွက်တော့ဘာမှ
မဖြစ်နိုင်တာမို့စိတ်အေးလက်အေးပင်။

သို့သော်လည်း ကမ်းပေးလိုက်သည့်ထန်းရည်
တစ်ခွက်ကိုသောက်ပြီးသည်နှင့် သူ့စိတ်တွေ
ဆောက်တည်ရာမရဖြစ်လာကာ အာခေါင်တွေ
ခြောက်သွေ့လာသလိုလို၊ရေငတ်သလိုလိုဖြင့်
အနေရအထိုင်ရခက်ကာ ခုံပေါ်သို့မူးဝေလျှက်
မှောက်ကျသွားလေတော့သည်။

       ချစ်တို့ရေ ယွန်းရဲ့ficလေးကိုမန့်ရှည်ရှည်လေးရေးပေးခဲ့ကြပါဦးနော်

               💘p=4💘မျှော်

#သျှင်ယွန်းအိမ်

*zawgyi*

Continue Reading

You'll Also Like

2M 120K 43
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
718K 27.8K 77
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
2.7M 23K 8
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.8M 103K 89
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...