မတူညီမအပ်စပ်သော

By Yin-2323

14.4K 1.7K 134

မတူညီမအပ်စပ်သော [၀ူးကျယ်] More

格格不入 (GeGeBuRu)
အပိုင်း၁
အပိုင်း၈
အပိုင်း၂
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၃
အပိုင်း၁၄
အပိုင်း၄
အပိုင်း၁၅
အပိုင်း၅
အပိုင်း၁၆
အပိုင်း၆
အပိုင်း၁၇
အပိုင်း၇
အပိုင်း၉
အပိုင်း၁၈
အပိုင်း၁၀
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း၂၃
အပိုင်း link များ
အပိုင်း၂၄
အပိုင်း၂၆
Paid Gp [Completed]
အပိုင်း၂၇
အပိုင်း၂၈
အပိုင်း၂၉
အပိုင်း၃၀
အပိုင်း၃၁
အပိုင်း၃၂
အပိုင်း၃၃
အပိုင်း၃၄
အပိုင်း၃၅

အပိုင်း၂၅

270 33 3
By Yin-2323

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၂၅

ချိန်ပေါ်ယန်မှာ ဧည့်ခန်းထဲတွင် ထိုင်နေသည်။ရှန့်ရှီး မီးဖိုခန်းထဲတွင် အလုပ်များနေသည့် အချိန်တွင် ချိန်ပေါ်ယန်မှာ တစ်လျှောက်လုံး ၀င်မကြည့်မိပေ။

လက်ဆေးတာက လွဲပြီး ကျန်တာတွေက အသန့်ကြိုက်တာလို့ ယူဆ၍ မရကြောင်း ၊ ချိန်ပေါ်ယန်က သူ့အား တစ်လျှောက်လုံး ပြောခဲ့သော်လည်း ၊ တစ်ကိုယ်ရေ သန့်ရေးမှုဟုတော့ ယူဆ၍ ရသည်ပင်။ချ်ိန်ပေါ်ယန်မှာ အဆုံးစွန်ဆုံး အဆင့်ဆီ ရောက်နေပြီဟု ရှန့်ရှီးတွေးလိုက်မိသည်။

အခုအချိန်၌ တစ်ကိုယ်ရေ သန့်ရှင်းမှု အဆုံးစွန်ထိ ရောက်နေသည့် ဆရာကြီးချိန်ပေါ်ယန်က ၊ သူ့မျက်စိထဲတွင် သတိမဲ့တတ်သည့် ဘုရင် ရှန့်ရှီးအား တစ်လျှောက်လုံး ကြီးကြပ်ခြင်း မရှိပဲ တစ်ယောက်တည်း မီးဖိုခန်းထဲတွင် ထမင်းချက်ဖို့ တာ၀န်ပေးထားသည်။သူ တကယ်ကြီး ပင်ပန်းနေတာ ဖြစ်လောက်သည်ဟု ရှန့်ရှီး တွေးလိုက်မိသည်။

နံရိုးအား စူပါမားကတ်ထဲမှ လူ ခုတ်ပေးထားသည်မှာ အရမ်းကြီးလွန်းနေသည်။ရှန့်ရှီးမှာ ပြန်ခုတ်ရန် တွေးလိုက်မိသည်။ဓားတင်သည့် စင်ပေါ်တွင် အတော်ကြာအောင် ရှာလိုက်ရပြီး ၊ ပုံမှန်အချိန်တွင် သိပ်မသုံးတတ်သည့် ဓားတစ်လက်က်ို တွေ့လိုက်ရသည်။အရိုးခုတ်သည့် ဓား ဖြစ်နိုင်သည်ပင်။သို့ဖြစ်ရာ သူ လှမ်းယူလိုက်ပြီး ၊ စင်းတီတုံးပေါ်ရှိ နံရိုးပေါ် ချိန်၍ ခွမ်းခနဲမြည်အောင် တစ်ချက် ခုတ်ချလိုက်သည်။

"အိုင်း ! ဘုရား ! "

နောက်ဆုံးတော့ ချိန်ပေါ်ယန်မှာ ဧည့်ခန်းထဲကနေ အသံထွက်လာခဲ့သည်။

"မင်း ဘာလုပ်နေတာလဲ?နံရ်ိုးက ခုတ်ထားပြီးသား မဟုတ်ဘူးလား?"

"အရမ်းကြီးနေတယ် ၊ ပြုတ်လို့ မကောင်းဘူး"

ရှန့်ရှီးက မီးဖိုခန်းထဲကနေ ခွမ်းခနဲ တစ်ချက် ခုတ်လိုက်ပြီး

"ကျွန်တော် ပြင်ခုတ်ပေးမယ်"

"......သြော်"

ချိန်ပေါ်ယန်က အပြင်ဘက်ကနေ အသံတစ်ချက် ပေးလိုက်ပြီး ၊ ခဏလောက် တိတ်ဆိတ်နေပြီး နောက်မှာတော့ ရုတ်တရက် ထခုန်၍ မီးဖိုခန်းထဲ ပြေး၀င်သွားလိုက်ကာ

"မင်း ဘယ်ဓားကို သုံးပြီး ခုတ်နေတာလဲ?"

"အရိုးခုတ်တဲ့ ဓားလေ"

ရှန့်ရှီးက လက်ထဲရှိ ဓားကို လှုပ်ယမ်းပြလိုက်ပြီး

"ပုံမှန်ဆို ခင်ဗျားက လက်ကိုင်အဖြူနဲ့ ဓားကို သုံးတာ မဟုတ်လား ၊ အဲ့ဒါက ဓားပြားလေ ၊ ဒီဓားက်ို ကျွန်တော်ကြည့်နေတာ ၊ ခင်ဗျား မသုံးဘူးလားလို့ ၊ ဖြစ်နိုင်တာက.....အရိုးခုတ်တဲ့ဓားပေါ့.....ဟုတ်တယ်မလား?"

"ငါ့အိမ်မှာ အရိုးခုတ်တဲ့ဓား မရှိဘူး"

ချိန်ပေါ်ယန်မှာ တော်တော်လေး ပြောစရာစကား မဲ့သွားမိသည်။

"မရှိဘူး?"

ရှန့်ရှီးမှာ ကြောင်အသွားမိပြီး ဓားတင်သည့် စင်အား ညွှန်ပြလိုက်ကာ

"အသားလှီးတဲ့ဓား ၊ အရွက်လှီးတဲ့ဓား ၊ တစ်ခုကို လက်ကိုင် တစ်မျိုးစီ ၊ ဒီလက်ကိုင်က........"

သူ ပြောနေရင်း လက်ထဲရှိ ဓားကို တစ်ချက်ကြည့်လိုက်မိရာ ၊ ဓားကြားထဲတွင် ကွေးနေသည့် အပိုင်းလေးတစ်ခု ရှိနေကြောင်း ရုတ်တရက် တွေ့လိုက်တာကြောင့် ၊ သူ ချက်ချင်း မျက်နှာပင် နီရဲလာခဲ့ပြီး :

"အိုင်း?ဒါဆို ဒီဓားက ဘာလုပ်တဲ့ဟာလဲ?"

"ဒီဓားကလည်း အသားလှီးတဲ့ဟာပဲ ၊ ဓားလက်ကိုင်ကို ကြည့်ရတာ ညစ်ပတ်နေတဲ့ပုံ ပေါ်နေလို့ ၊ ငါ မသုံးဘူး"

ချိန်ပေါ်ယန်ကလည်း ဓားအစွန်းကို ကြည့်၍ သက်ပြင်းချလိုက်ကာ

"ချထားလိုက်တော့"

"ပျက်သွားပြီ"

ရှန့်ရှီးက အတော်လေး နေရခက်စွာဖြင့် ဆံပင်ကို ဆုပ်ကိုင်လိုက်သည်။

"လက်က အသားကိုင်ထားတာကို ခေါင်းကိုင်နေတယ် ! "

ချိန်ပေါ်ယန်က ရှန့်ရှီး၏ လက်ကို တစ်ချက်ရိုက်လိုက်သည်။

"တမင်တကာ လုပ်တာမှ မဟုတ်တာ ! "

ရှန့်ရှီးက တစ်ချက်အော်ပြောလိုက်ပြီး

"အခု ကျွန်တော်က ခင်ဗျားဓားကို ပျက်အောင် လုပ်လိုက်မိလို့ စိတ်မကောင်းဖြစ်နေတာလေ"

"ခေါင်းပေါ်ကို ၀က်ဆီတွေ သုတ်လိုက်တော့ စိတ်ချမ်းသာသွားရောလား?"

ချိန်ပေါ်ယန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး

"တော်ပြီ ၊ ချထားလိုက်တော့ ၊ ကြီးနေလည်း ကြီးနေပါစေတော့ ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်း အာဟာရ ဖြည့်ဖို့ လိုနေတာပဲဟာ"

"ဒါဆို ခင်ဗျားပြောကြည့် ၊ အခု ကျွန်တော်က ထမင်းဆက်ချက်ရမှာလား ဒါမှမဟုတ် ခေါင်းအရင် သွားလျှော်လိုက်ရမှာလား?"

ရှန့်ရှီးက ဓားကိုချ၍ ချိန်ပေါ်ယန်ကို ကြည့်လိုက်သည်။

"ဆက်ချက်လိုက် ၊ လက်ကို ပြောင်စင်အောင် ဆေး.....ထားလိုက်တော့"

ချိန်ပေါ်ယန်က လက်ဆေးကန်ဘေးနား လျှောက်သွားလိုက်ပြီး

"ငါပဲ ချက်လိုက်တော့မယ်"

"ကျွန်တော် ချက်မယ်"

ရှန့်ရှီးက စင်းတီတုံးအရှေ့နား အမြန်သွား၍ နေရာဦးလိုက်သည်။

"အရိုးမခုတ်တော့ရင် အရမ်း လွယ်ပါတယ် ၊ ခင်ဗျား နားနေလိုက်ပါ ၊ မျက်နှာတောင် မည်းလာပြီ"

"ဆီတွေဆားတွေကို မှားမထည့်မိစေနဲ့"

ချိန်ပေါ်ယန်က ရှန့်ရှီးအား တစ်ချက်ကြည့်လိုက်ပြီး ၊ မီးဖိုခန်းထဲမှ လှည့်ထွက်သွားခဲ့ကာ ၊ ဧည့်ခန်းထဲကနေ တစ်ခွန်း ထပ်ဖြည့်ပြောလိုက်သည်။

"လက်ဆေးဦး"

"ဆေးပြီ ဆေးပြီ ဆေးပြီ ! "

ရှန့်ရှီးမှာ လက်ဆေးကန်တွင် လက်ရေဆေးလိုက်သည်။

ဒီတစ်နပ်စာကို ရှန့်ရှီးချက်သည်မှာ ချိန်ပေါ်ယန်ထက် အများကြီး မြန်လှသည်။နံရိုးစွပ်ပြုတ် ၊ ခရုဆီဟင်းနုနယ်ရွက် ၊ ထို့အပြင် ကြက်ဥ​နှစ်လုံးကို ကြော်လိုက်သည်။

သူ ဟင်းများ သယ်ယူလာသည့် အချိန်၌ ၊ ချိန်ပေါ်ယန်မှာ မျက်ခုံးပင့်လိုက်မိပြီး :

"မဆိုးဘူးပဲ ၊ ကြက်ဥကြော်တတ်တယ်ပေါ့?"

"အင်း ၊ ဒီကြက်ဥကြော်က....."

ရှန့်ရှီးက စားပွဲဘေးတွင် ရပ်လိုက်ပြီး

"ဒီကြက်ဥကြော်က ၊ စားတဲ့အချိန်ကျရင် နည်းလမ်းရှိတယ် ၊ ဟိုဟာလေ ....တစ်ကိုက်တည်း မစားနဲ့ ၊ ခင်ဗျား တူနဲ့ အပေါ်ကနေ အောက်ကို ညှပ်ယူလိုက်ရင် ရပြီ......"

ချိန်ပေါ်ယန်မှာ ကြက်ဥကြော်အား ခဏလောက် စိုက်ကြည့်နေလိုက်ပြီး :

"ကြော်တာ တူးသွားတယ် မဟုတ်လား?"

ရှန့်ရှီးက ကုလားထိုင်ယူ၍ ထိုင်လိုက်ကာ ၊ တူကိုကိုင်ပြီး ပန်းကန်ပြားအစွန်းကို ခေါက်လိုက်သည်။ :

"အမှန်တော့......"

"ပန်းကန်ကို မခေါက်နဲ့"

ချိန်ပေါ်ယန်လည်း ၀င်ထိုင်လိုက်သည်။

"သြော"

ရှန့်ရှီးက တူကို ပြန်ရုတ်လိုက်ပြီး

"အမှန်တော့လေ ၊ အများကြီး မတူးသွားပါဘူး ၊ မြေပုံလို ပုံစံမျိုးပဲ"

ချိန်ပေါ်ယန်မှာ ဘာမှပြန်မပြောပဲ ၊ ထိုထဲရှိ ကြက်ဥကြော်တစ်လုံးအား ညှပ်ယူ၍ လှန်ကြည့်လိုက်သည်။ပြီးနောက်တွင်တော့ ကြောင်အသွားမိပြီး :

"ဒီဟာက မတူးတဲ့နေရာ ရှိသေးလို့လား?"

"ဒီဟာကို ကျွန်တော်စားလိုက်မယ် ၊ ခင်ဗျားက ဟိုဟာက်ို စား"

ရှန့်ရှီးက ထိုကြက်ဥကြော်အား ညှပ်ယူ၍ သူ့ပန်းကန်လုံးထဲ အမြန်ထည့်လိုက်ပြီး

"ဟိုဟာက မြေပုံ"

"မင်းလည်း မစားနဲ့တော့ ၊ တူးတာ ဒီလိုပုံစံတောင် ဖြစ်နေပြီကို ၊ စားလိုက်ရင် ခန္ဓာကိုယ်အတွက် မကောင်းဘူး"

ချိန်ပေါ်ယန်က မတ်တပ်ထရပ်၍ ပန်းကန်ပြားကို ယူလိုက်သည်။

"အိုင်း မလုပ်နဲ့"

ရှန့်ရှီးက တားလိုက်ပြီး

"တူးတဲ့နေရာတွေကို မစားရင် ရတာပဲဟာ ၊ ကျွန်တော် အကြာကြီး ကြော်ထားရတာ ၊ ဒါမှမဟုတ်ရင်လည်း ခင်ဗျား မစားနဲ့တော့လေ ၊ ကျွန်တော် အရသာ ခံကြည့်ဦးမယ် ၊ ကျွန်တော် ကြက်ဥ တစ်ခါမှ မကြော်ဖူးလ်ို့"

"အကုန်လုံး တူးနေပြီ....."

ချိန်ပေါ်ယန်က ပြောနေရင်း တစ်၀က်တစ်ပျက်ဖြင့် ရပ်လိုက်ပြီး ၊ ခဏလောက် စဥ်းစားလိုက်ကာ ၊ ကြက်ဥကြော်ကို စားပွဲပေါ် ပြန်တင်၍ ၊ ပန်းကန်ပြားထဲရှိ ကြက်ဥကြော်အား သူ့ပန်းကန်လုံးထဲ ညှပ်ယူလိုက်သည်။

"ဒီတစ်ကြိမ်ပဲ"

"ဒီလောက်တောင် မျက်နှာသာ ပေးတယ်ပေါ့?"

ရှန့်ရှီးက ထိုင်လိုက်ပြီး ၊ အတော်လေး အံ့သြနေဟန်ဖြင့်

"ကျွန်တော်က ရန်ပွဲတစ်ပွဲလောက် ဖြစ်ပြီးမှ ဒီကြက်ဥကြော် နှစ်လုံးက်ို ပြန်ထားလို့ရမယ် ထင်နေတာ"

"ပထမဆုံး အကြိမ် ချက်ထားတာကို ၊ အနည်းဆုံးတော့ မြည်းကြည့်ရမှာပေါ့"

ချိန်ပေါ်ယန်က ရယ်လိုက်ပြီး ၊ မတူးသည့် နေရာအား တူနှင့် နည်းနည်း ညှပ်ယူ၍ စားလိုက်သည်။

"ဘယ်လိုနေလဲ?"

ရှန့်ရှီးက အရမ်းကို စ်ိတ်လှုပ်ရှားနေဟန်ဖြင့် ချိန်ပေါ်ယန်က်ို စိုက်ကြည့်နေသည်။

"တော်တော်လေး ကောင်းတယ် ၊ မထင်ထားဘူး"

ချိန်ပေါ်ယန်က ခေါင်းညိတ်ပြလိုက်ပြီး ၊ ခေါင်းငုံ့၍ နောက်တစ်လုတ် ထပ်စားလိုက်သည်။

"တကယ်ကြိီးလား?"

ရှန့်ရှီးမှာ မျက်ခုံးတစ်ချက်ပင့်၍ ရယ်လိုက်မိပြီး ၊ ချက်ချင်းပင် တစ်လုတ် စားကြည့်လိုက်သည်။နှစ်ခေါက်လောက် ၀ါးလိုက်ပြီး နောက်တွင် ၀ါးတာရပ်၍ ချိန်ပေါ်ယန်ကို ကြည့်လိုက်သည်။

"ဒေါက်တာချိန် ၊ ခင်ဗျားက တကယ်.....မျက်နှာသာ ပေးတာပဲ"

ချိန်ပေါ်ယန်က ရယ်လိုက်ပြီး :

"နည်းနည်း ငန်နေရုံပါ ၊ ဆားဖြူးထားတာ မဟုတ်လား ၊ ဇွန်းနဲ့ မဖြန့်လိုက်ဘူး မဟုတ်လား?"

ရှန့်ရှီးက နောက်ထပ် အကြီးကြီးတစ်ခုကို ညှပ်ယူ၍ ပါးစပ်ထဲ ထည့်လိုက်ပြီး ၊ သက်ပြင်းချလိုက်ကာ :

"သေချာပေါက် ဇွန်းနဲ့ ဖြန့်တာပေါ့ ၊ ခင်ဗျားမြည်းကြည့်လိုက် ၊ အကုန်လုံး အတူတူပဲ ငန်နေတာ .......ကျွန်တော် စားတာတောင် ငန်နေတာဆိုတော့ ၊ ခင်ဗျား စားနိုင်ပါ့မလား?"

"ဘာမှမဖြစ်ဘူး ၊ ငန်ရင် စွပ်ပြုတ်သောက်လိုက်မယ်"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

"စားမနေပါနဲ့တော့ ၊ ငန်ငန်ကြီးက်ို"

ရှန့်ရှီးက မတ်တပ်ထရပ်၍ ပန်းလုံးနှစ်လုံးကိုယူကာ မီးဖိုးခန်းထဲ ၀င်သွားလိုက်ပြီး ၊ ကြက်ဥကြော်များကို အမှိုက်ပုံးထဲ သွန်လိုက်သည်။

"နောက်ပိုင်း ကျွန်တော် လေ့ကျင့်ပြီးသွားမှ ခင်ဗျား ထပ်မြည်းပေါ့"

ဒီထမင်းတစ်နပ်က်ို သူ ချက်တာက အဆင်ပြေသည်ဟု ရှန့်ရှီး အစက ထင်မိသည်။အဆုံးတွင်တော့ ကြက်ဥငန်တာကို မပြောသေးပေ။တူးတာကပင် ဒီလိုပုံစံ ဖြစ်နေသည်။ဟင်းနုနွယ်ရွက်က စားရတာ ကြမ်းထော်နေပြီး ၊ နံရိုးစွပ်ပြုတ်ကသာ အဆင်ပြေသည်။သို့သော်လည်း ဆန်နှင့်ရေ တစ်ကွဲတစ်ပြားစီ ဖြစ်နေသည်။နံရိုးကို စားရတာ လွန်ဆွဲနေသလိုပင်။

ထမင်းစားပြီးသွားသည့် နောက်တွင် ၊ ချိန်ပေါ်ယန်ကို ပန်းကန်ဆေးခိုင်းဖို့ပင် အားနာနေမိသည်။ :

"ကျွန်တော် ဆေးလိုက်မယ်လေ ၊ ဒီလိုပုံစံ စားရတာ တကယ်ကို တော်တော်လေး ၀မ်းနည်းဖို့ကောင်းတယ်"

"ငါဆေးလိုက်မယ်"

ချိန်ပေါ်ယန်က ပန်းကန်များကို လက်ဆေးကန်ထဲ ထည့်လိုက်ပြီး

"ပန်းကန်ဆေးတာကိုတော့ ငါ တကယ် မင်းကို မယုံရဲဘူး"

"ထမင်းချက်တာလည်း နောက်ဆို မယုံတော့ဘူးမလား?"

ရှန့်ရှီးက ဘေးနားတွင် ရပ်နေလိုက်သည်။

"အဆင်ပြေပါသေးတယ် ၊ ငါချက်တဲ့ ဟင်းက ပုံစံလှတယ် အရသာ မရှိဘူး ၊ မင်းချက်တဲ့ ဟင်းကျတော့ အရသာက အဆင်ပြေတယ်"

ချိန်ပေါ်ယန်က ရယ်၍ ပြောလိုက်သည်။

"ကျွန်တော်......ခေါင်းသွားလျှော်လိုက်ဦးမယ်"

ရှန့်ရှီးက သက်ပြင်းချလိုက်ပြီး

"ခင်ဗျားက လူကို တော်တော်လေး နှစ်သိမ့်ပေးတတ်တာပဲ"

နောက်တစ်နေ့ အင်တာဗျူး သွားဖြေရမည့် ကိစ္စအား ၊ ရှန့်ရှီး တစ်ညလုံး ထပ်မပြောဖြစ်တော့ပေ။ပျော်စရာ မကောင်းတော့သလို ခံစားနေရသည်။နောက်ဆုံးမှာတော့ ချိန်ပေါ်ယန်က သူ့က်ို မေးလာသည်။ :

"မနက်ဖြန် ဆေးထိုးပြီးမှ အင်တာဗျူး သွားဖြေမှာလား?"

"အင်း"

ရှန့်ရှီးက ခေါင်းညိတ်ပြလိုက်သည်။

"ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ပြီးပြီလား?"

ချိန်ပေါ်ယန်က ထပ်မေးလိုက်သည်။

"ပြင်ဆင်တာ?ဘာက်ို ပြင်ဆင်ရမှာလဲ?"

ရှန့်ရှီးမှာ ကြောင်အသွားမိသည်။

ချိန်ပေါ်ယန်မှာ ရှန့်ရှိီး ပြန်မေးသည့် မေးခွန်းကြောင့် ကြောင်အသွားခဲ့ပြီး :

"ပြင်ဆင်ဖို့ မလိုဘူးလား?"

"စားသောက်ဆိုင် တစ်ဆိုင်နဲ့ အရုပ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ပဲဟာ ၊ ဘာက်ို ပြင်ဆင်ဖို့ လိုသေးလို့လဲ ၊ သွားပြီး မေးကြည့် ပြောကြည့် ၊ ရရင် ရ ၊ မရရင် ထွက်လာခဲ့ရုံပဲ"

ရှူန့်ရှီးက ရယ်လိုက်ပြီး

"ပြီးတော့ ကျွန်တော့်မှာ ဘာမှ ပြင်ဆင်စရာ မရှိဘူး ၊ ဘာမှကို မရှိတာ ၊ ID ကဒ် တစ်ခုရှိတာတောင် အတုကြီး"

ချိန်ပေါ်ယန်မှာ ပါးစပ်သာ ဟလိုက်မိပြီး ဘာစကားမှ ပြောမပြောလိုက်နိုင်ပေ။

ရှန့်ရှီးမှာ ကောင်းကောင်း အိပ်မပျော်ပေ။ဒီတစ်ခေါက် အလုပ်ကို ရနိုင် မရနိုင် ၊ ရသွားလျှင် နောက်ပိုင်း ဘယ်လိုလုပ်သင့်လဲ ဆိုသည်တို့ကို တစ်ညလုံး တွေးတောနေမိပြီး ၊ မိုးလင်းခါနီး အချိန်ကျမှသာ အိပ်ပျော်သွားခဲ့သည်။

အိပ်ရာနိုးလာသည့် အချိန်၌ ၊ ချိန်ပေါ်ယန်က ထွက်သွားခဲ့ပြီ ဖြစ်ပြီး ၊ စားပွဲပေါ်တွင် ဆန်ပြုတ်နှင့် ပေါင်မုန့် တင်ထားပေးသည်။ပုံမှန်အချိန်တွင်ဆို ဆန်ပြုတ်သာ ရှိသည်။ဒီနေ့ သူ အင်တာဗျူး သွားဖြေမှာကြောင့် ပိုလုပ်ပေးထားပုံရသည်။

ရှန့်ရှီးမှာ မျက်နှာသစ် သွားတိုက်ပြီးသွား၍ ပေါင်မုန့်က်ိုယူကာ တစ်ကိုက် ကိုက်စားလိုက်သည်။အရမ်း နွေးထွေးသလို ခံစားနေရသည်။စားပွဲပေါ်တွင် ယွမ်နှစ်ရာနှင့် note တစ်ခုလည်း တင်ထားသေးသည်။noteပေါ်တွင် စာသား သုံးကြောင်း ရှိသည်။တစ်ကြောင်းတိုင်းစီတွင် စာလုံးသုံးလုံးပါသည်။သူ အတော်ကြာအောင် ကြည့်နေပြီးကာမှ နောက်ဆုံး စာလုံးသုံးလုံးကို နားလည်သွားခဲ့သည်။နောက်ဆုံး စာလုံးသုံးလုံးကို ရေးထားသည်မှာ အရမ်းကို ညီညာနေပြီး ၊ စုတ်ချက် တစ်ချက်ချင်းစီ ရေးထားသည်။

ကားငှားသွား။

ဒီစာလုံးသုံးလုံး၏ ပုံစံကို ကြည့်၍ ၊ အပေါ်က စာနှစ်ကြောင်းမှာလည်း ကားငှားသွား ဖြစ်ကြောင်း သူ ခန့်မှန်းလို့ ရသွားခဲ့သည်။ရေးထားသည်က နည်းနည်း ရှုပ်နေရုံပင်။ချိန်ပေါ်ယန်က သူ ဖတ်လို့ နားမလည်မှာ စိုးတာကြောင့်.......

ဒိီစာလုံးအချို့ကို ကြည့်နေမိရင်း ရှန့်ရှီးမှာ အတော်ကြာအောင် ရယ်နေမိသည်။ချိန်ပေါ်ယန်အတွက် တကယ်ကို ခက်ခဲမှာပင်။

ဆေးရုံကို မသွားခင် သူ ဖန်းယင်ကို ဖုန်းတစ်ချက် ဆက်လိုက်သည်။မနေ့က ဆေးထိုးချိန်တွင် ရိုက်ထားသည့် ဓာတ်ပုံများက တော်တော်လေး ကောင်းတာကြောင့် ဒီနေ့ ဆေးထိုးတာ ရိုက်စရာ မလ်ိုတော့ဘူးဟု ဖန်းယင်က သူ့အား ပြောလာသည်။နေ့လည်ကျမှ သူနှင့် အတူတူ အင်တာဗျူးဖြေဖို့ သွားမည်။

ဆေးထိုးပြီးသွားချိန်တွင် သူ ချက်ချင်း မသွားသေးပဲ ၊ အရ်ိုးကု ဌာနဘက်ကို သွားကာ လှည့်ပတ်ကြည့်လိုက်သည်။ချိန်ပေါ်ယန်က ရုံးခန်းထဲတွင် ထိုင်နေပြီး ၊ င်္ဦးလေးကြီးတစ်ယောက်က ခါးနာနေသည့် ပုံပင်။လက်မောင်းဖြင့် စားပွဲပေါ် အားပြု၍ ချိန်ပေါ်ယန် မျက်နှာနား တိုးကပ်ကာ တစ်ခုခု ပြောနေသည်။အသံက တော်တော် ကျယ်လှသည်။ချိန်ပေါ်ယန်က လူနာမှတ်တမ်းပေါ် ရေးနေရင်း ခေါင်းညိတ်ပြနေသည်။

ရှန့်ရှီးက ၀င်မသွားတော့ပဲ ၊ အပြင်တွင် ရပ်၍ ခဏလောက် ကြည့်နေလိုက်သည်။ဒီပုံစံအရ ဆိုလျှင် ဦးလေးကြီး၏ တံတွေးများက လွင့်ထွက်လာတော့မည်ဟု ခံစားနေရသည်။ထင်ထားသည့် အတိုင်းပင်။ဦးလေးကြီး စကားအော်ပြောနေတာ သိပ်မကြာသေးမီမှာပင် ၊ ချိန်ပေါ်ယန်က မတ်စ်ကောက်တပ်လိုက်သည်။

ရှန့်ရှီးမှာ အတော်ကြာအောင် ရယ်နေမိပြီး ၊ ဆေးရုံမှ ထွက်လာသည့် အချိန်အထိ ရယ်နေမိသည်။

သို့သော်လည်း တစ်ကိုယ်လုံး တရာ၀န်ကုတ်နှင့် မတ်စ်တပ်ထားသည့် ချိန်ပေါ်ယန်မှာ ကြည့်လိုက်လျှင်တော့ တော်တော်လေး ချောလှသည်။

ရှန့်ရှီး ကားဂိတ်တွင် စောင့်နေပြီး သိပ်မကြာသေးသည့် အချိန်မှာပင် ၊ ဖန်းယင်၏ ကားက လမ်းဘေးနားရှိ ကားရပ်နားရာ နေရာတွင် ရပ်သွားခဲ့သည်။ဖန်းယင်က အမြောက်လို ကင်မရာကိုကိုင်၍ ဆင်းလာသည်။

"တော်တော်မြန်တာပဲ ၊ ကားက ခုနကလေးကပဲ တစ်ခေါက်သွားခဲ့တာ"

ရှန့်ရှီးက ဖန်းယင်ကို ကြည့်လိုက်သည်။

"ငါက လမ်းလျှောက်လမ်းဘက်မှာလေ ၊ တစ်ခြားတစ်ယောက်ကို လိုက်ရိုက်နေတာ ၊ ငါ့လက်ထောက်ကို အရင်ဆုံး လိုက်ရိုက်ထားခိုင်းလိုက်တယ် ၊ ငါက မင်းဘက်ကို လာရမှာကိုး"

ဖန်းယင်က ရယ်၍ ပြောလိုက်သည်။

"မင်းဘက်က ပိုအရေးကြီးတယ်"

"သြော်"

ရှန့်ရှီးက အသံတစ်ချက် ပြန်ပေးလိုက်ပြီး ၊ ခေါင်းငုံ့၍ ဆေးသွင်းချိန်က ကပ်ထားသည့် လက်ပေါ်ရှိ ပိတ်ကျဲစလေးကို ခွာရန် ပြင်လိုက်သည်။

"ဖြေးဖြေး"

ဖန်းယင်က လက်ထဲရှိ ကင်မရာကို အမြန်မြှောက်လိုက်ပြီး ရှန့်ရှီးအား ချိန်ကာ နှစ်ပုံလောက် ရိုက်လိုက်သည်။

"ရပြီ"

"ဒါကိုလည်း ရိုက်တာပဲလား?"

ရှန့်ရှီးက ပ်ိတ်စကျဲကို ခွာ၍ ၊ ကြည့်ကြည့်လိုက်သည်။အချိန်အကြာကြီး ဖိထားတာကြောင့် အပ်ရာကို သေချာ မမြင်ရတော့ပေ။

"အင်း ၊ ဆေးထိုး ဆေးသွင်းပြီးပြီးချင်း အလုပ်သွားရှာဖို့ အလောတကြီး ဖြစ်နေတာ"

ဖန်းယင်က ပြောလိုက်သည်။

"တော်တော်လေး သနားဖို့ ကောင်းတယ်"

"ဘာသနားစရာ ရှိလို့လဲ"

ရှန့်ရှီးက ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်ပြီး

"ခင်ဗျားရဲ့ စိတ်က မရင့်ကျက်သေးဘူးလား"

ရှန့်ရှီးမှာ အရုပ်ရောင်းသည့်ဆိုင်ကို အရင်သွားဖို့ စီစဥ်လိုက်သည်။စားသောက်ဆိုင်ထက် ဝေးသည်ပင်။သို့သော်လည်း အရောင်းသမား လုပ်ရသည်က ၊ စားသောက်ဆိုင်တွင် လက်တိုလက်တောင်း လုပ်ရသည်ထက် ပိုပြီး စိတ်၀င်စားဖို့ကောင်းသည်ဟု သူ ထင်မိသည်။

ချိန်ပေါ်ယန်က သူ့အတွက် ပိုက်ဆံ ချန်ထားပေးခဲ့သော်လည်း ၊ သူ ကားမှတ်တိုင်ကို ကြည့်ရှု့စစ်ဆေးပြီးနောက်မှာတော့ ဘတ်စ်ကားစီးပြီး သွားဖို့သာ ဆုံးဖြတ်လိုက်သည်။ဆေးရုံဘက်တွင် ကားငှားရ မလွယ်ပေ။ဘတ်စ်ကားက နေရာအထိ ရောက်နိုင်သည်။လမ်း သိပ်လျှောက်စရာ မလိုချေ။

ကားပေါ်တွင် လူတော်တော် များလှသည်။ရှန့်ရှီးက ကားနောက်တံခါးနှင့် နီးသည့် နေရာတွင် ရပ်လိုက်သည်။လူနှစ်ယောက်က မိန်းကလေးတစ်ယောက်၏ ဘယ်ဘက်နှင့် ညာဘက်တွင် ရပ်လိုက်ကြသည်ကို သူ မြင်လိုက်ရသည်။

"ခင်ဗျားပိုက်ဆံအိတ်ကို နည်းနည်းပါးပါး ကြည့်ထားဦး"

ရှန့်ရှီးက ခေါင်းလှည့်၍ ဖန်းယင်အား အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကားပေါ်မှာ သူခိုးတွေ ရှ်ိတယ်"

"ဟင်?"

ဖန်းယင်မှာ ကြောင်အသွားခဲ့သည်။သို့သော်လည်း အိတ်က်ိုတော့ ခန္ဓာကိုယ်အရှေ့ဘက်ဆီ ဆွဲလိုက်သည်ပင်။

ကားပေါ်မှ ဆင်းလာပြီး နောက်မှသာ ဖန်းယင်က ရှန့်ရှီးအား မေးလိုက်သည်။ :

"မင်း သူခိုးတွေကို မြင်လိုက်တာလား?ဘယ်လို သိတာလဲ?"

"တော်တော် သိသာနေတာကိုး"

ရှန့်ရှီးက ပြောလိုက်ပြီး ၊ လမ်းအတိုင်း အရှေ့ဘက်ဆီ လျှောက်လာခဲ့လိုက်သည်။ဒီဘက်ခြမ်းမှာ လူနေအိမ် အဆောက်အဦးဟောင်းများ ဖြစ်ရာ ၊ ဘယ်အိမ်က အရုပ်ရောင်းသည့် စက်ရုံမှန်း မသိသာပေ။

"ဘာဖြစ်လို့ တစ်ခြားလူတွေကို သတိမပေးတာလဲ?"

ဖန်းယင်က ဆက်မေးလိုက်သည်။

"သိတဲ့ လူတွေလား?"

"ကျွန်တော် ခင်ဗျားကို ပြောပြလိုက်တာပဲ ၊ ခင်ဗျား ဘာဖြစ်လို့ တစ်ခြားလူတွေက်ို သတိမပေးလိုက်တာလဲ?ခင်ဗျား သိတဲ့လူတွေလား?"

ရှန့်ရှီးမှာ ခေါင်းကိုလှည့်၍ ဖန်းယင်အား ကြည့်လိုက်ပြီး ၊ သိပ်စိတ်မရှည်တော့ပေ။

"ကျွန်တော်က အဲ့လောက် စိတ်ထား မကောင်းဘူး၊ ခင်ဗျား ကျွန်တော့်ကို ဓာတ်ပုံရိုက်နေတာ ဒါတွေကြောင့်ပဲ မဟုတ်လား ၊ ကျွန်တော်က သူခ်ိုးကို လက်ပါလိုက်ရင် ခင်ဗျား ပ်ိုသဘောကျမှာ မဟုတ်လား?အရင်ဆုံး ခင်ဗျား ကျွန်တော့်ကို စကားမပြောနဲ့ဦး ၊ ကျွန်တော် အိမ်လိုက်ရှာနေတယ်"

ဖန်းယင်က တော်တော်လေး ပူးပေါင်းပေးသည်ပင်။စကား ထပ်မပြောတော့ပဲ ၊ သူ့နောက် ခပ်ဝေးဝေးကနေ လိုက်လာနေသည်။

နောက်ဆုံးတွင်တော့ လူနေအိမ်အဆောက်အဦးတစ်ခု၏ ပထမထပ်တွင် ထိုအရုပ်စက်ရုံကို ရှန့်ရှီး ရှာတွေ့သွားခဲ့သည်။အတိအကျ ပြောရလျှင် အလုပ်ရုံတစ်ခုလို့ ပြောရမလား?ခြံ၀န်းအ၀င်၀တွင် ဆိုင်းဘုတ် မချိတ်ထားပေ။သို့သော် ရှန့်ရှီးက ဆိုင်းဘုတ်ကို မှတ်ထားခြင်း မဟုတ်ပဲ ၊ ဖွင့်ထားသည့် ခြံတံခါးကနေ ခြံထဲတွင် အစုလိုက်ပုံထားသည့် အရုပ်များကို မြင်လိုက်ရ၍ သေချာသွားခြင်းပင်။

"ဘာလုပ်နေတာလဲ?"

အမျိုးသမီးတစ်ယောက်က တံခါးအနောက်ကနေ ရုတ်တရက် ထွက်ပေါ်လာပြီး ၊ တံခါးကို ပိတ်၍ ၊ အဟနည်းနည်းသာ ချန်ပြီး ၊ သတိအနေအထားဖြင့် ရှန့်ရှီးကို စိုက်ကြည့်နေသည်။

"ကျွန်တော်......မနေ့က ဖုန်းဆက်ထားတယ်လေ ၊ ကျွန်တော့်ကို လာခိုင်းလို့....."

ရှန့်ရှီးမှာ ထိုပုံစံကို မြင်လိုက်ရ၍ ချက်ချင်း ၀င်မသွားချင်တော့ပေ။သူခိုးလိုပင်။ကြည့်လိုက်လျှင် ဖျင်ရှူး၏ နေရာထက် လူတွေ့မခံနိုင်သလို ခံစားချက်မျိုးဖြစ်သည်။

သူ့စကား ပြောလို့ မဆုံးသေးမီမှာပင် ၊ ထိုအမျိုးသမီး၏ ဖြတ်ပြောတာ ခံလိုက်ရသည်။သူမက ရုတ်တရက်ကြီး မျက်နှာတစ်၀က်ဖော်၍ ရှန့်ရှီးအနောက်ကို စိုက်ကြည့်လိုက်ပြီး :

"ဂျာနယ်လစ်တစ်ယောက်ကို ခေါ်လာခဲ့တယ်?မင်း ဘာလုပ်တာလဲ ! "

ရှန့်ရှီးမှာ ကြောင်အသွားမိပြီး ၊ ခေါင်းလှည့်ကြည့်လိုက်မိရာ ၊ သူ့အနောက် မီတာသုံးဆယ် အကွာလောက်တွင် ကင်မရာကိုင်ထားသည့် ဖန်းယင်ကို တွေ့လိုက်ရသည်။သူ ထပ်ပြောမှာကိုပင် မစောင့်တော့ပဲ ၊ ထိုအမျိုးသမီးက ခြံတံခါးက်ို ဆောင့်ပိတ်လိုက်သည်။

တစ်ဆက်တည်းမှာပင် အထဲကနေ ဆူဆူညံညံ အသံများကို ကြားလိုက်ရသည်။အမျိုးသမီးက တစ်ယောက်ယောက်နှင့် စကားပြောနေဟန်ပင်။ဂျာနယ်လစ် ဘာညာ ဘာညာ ၊ တိတ်တဆိတ် စုံစမ်းစစ်ဆေးတာ ဘာညာ ဆိုတာမျိုးကို ရှန့်ရှီး မသဲမကွဲကြားလိုက်ရသည်။

သူ များများစားစား စဥ်းစားမနေတော့ပဲ ၊ ကိုယ်ကိုလှည့်၍ ခြေထောက်ကို မြှောက်ကာ ပြေးထွက်လာခဲ့လိုက်သည်။ပြေးတာ နှစ်လှမ်း မပြည့်သေးမီမှာပင် ၊ လူတစ်ယောက်က ခြံတံခါးက်ို ဆွဲဖွင့်လိုက်သည့် အသံအား ကြားလိုက်ရသည်။သူ ခေါင်းလှည့်၍ တစ်ချက်ကြည့်လိုက်ရာ ၊ တီရှပ်အရှည်တစ်ထည်ကို ၀တ်ထားပြီး ၊ ကြွက်သား ထွက်နေလို့လား ဒါမှမဟုတ် အဆီများနေလို့ ပူထွက်နေတာလား မသိသည့် ယောကျာ်းတစ်ယောက်က သံဂေါ်ပြားကို ဆွဲကိုင်၍ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။

သူ တစ်ခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပဲ ၊ ချက်ချင်းပင် သံပတ်ပေးခလုတ်ကို လှည့်လိုက်သလိုမျိုး ပြေးထွက်လာခဲ့လိုက်သည်။ခြေဖနောင့်နှင့် နောက်စေ့ကို ထိတာမပြောနှင့် ၊ ခြေထောက်သာ နည်းနည်း ထပ်ရှည်နေပါက မျက်ခုံးကိုပင် ထိမလား မပြောတတ်ပေ။

ဖန်းယင်က အသိမ၀င်သေးသည့်ပုံပင်။ရှန့်ရှီး ဘေးနားက ဖြတ်ပြေးသွားသည့် အချိန်၌ ၊ ဖန်းယင်က ကင်မရာကို ကိုင်၍ ရှန့်ရှီးအား ချိန်ထားကာ တစ်လမ်းလုံး ခလုတ်ကို နှိပ်နေသည်။

"အရူး ! "

ရှန့်ရှီးက တစ်ခွန်းဆဲဆိုလိုက်ပြီး

"ပြေးလေ ! ခင်ဗျားကို တိတ်တဆိတ် စုံစမ်းစစ်ဆေးတယ် ထင်ပြီး ဟိုက ထိုးတော့မှာ ! "

"ဘာ?"

ထိုအခါကျမှသာ ဖန်းယင်က အလန့်တကြား ဖြစ်သွားပြီး ၊ ကင်မရာကို ပိုက်၍ ရှန့်ရှီးနှင့်အတူ အသည်းအသန် ပြေးလိုက်လာသည်။

နှစ်ယောက်သား တစ်လျှောက်လုံး ပြေးလာခဲ့ကြပြီး ၊ လမ်းမကြီးပေါ် ရောက်သည့်အချိန်ကျမှသာ ရပ်လိုက်ကြသည်။ရှန့်ရှီးမှာ လမ်းဘေးရှိ စျေးဆိုင်တစ်ဆိုင်၏ အရှေ့က လှေကားထစ်ပေါ် ထိုင်ချလိုက်ပြီး ၊ အတော်ကြာအောင် ဟောဟဲလိုက်နေသည်။ :

"Fuck ! မလုပ်တော့ဘူး ၊ ခင်ဗျား ကျွန်တော့်နောက် မလိုက်လာနဲ့တော့ ၊ ပိုက်ဆံလည်း ကျွန်တော် မလိုချင်တော့ဘူး ၊ မြန်မြန်သွားတော့"

"ရေနည်းနည်း သောက်လိုက်"

ဖန်းယင်က ရေဘူးသွား၀ယ်၍ ရှန့်ရှီးအား ပေးလိုက်ကာ ၊ ကင်မရာအိတ်ကို ပိုက်၍ ရှန့်ရှီးဘေးနားတွင် ထိုင်ချလိုက်သည်။

"မင်းပြေးတာ တကယ်မြန်တာပဲ"

"မဟုတ်သေးပါဘူး ၊ ကျွန်တော်ပြောပါဦးမယ် ၊ ဓာတ်ပုံဆရာကြီး ၊ ခင်ဗျားကြောင့် ကျွန်တော့်ကိစ္စတွေကို နှောင့်နှေးကုန်ပြီ"

ရှန့်ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး ၊ ရေကိုယူ၍ နှစ်ငုံလောက် သောက်လိုက်သည်။

"ခင်ဗျား ပြောကြည့် ၊ ခုနက ကျွန်တော်သာ အသိ၀င်တာ နောက်ကျရင် ၊ ဟိုလူထွက်လာပြီး သံဂေါ်ပြားနဲ့ ကျွန်တော့်မျက်နှာကိုရိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ?"

ဖန်းယင်က ရယ်လိုက်ပြီး ၊ အတော်ကြာသည်အထိ ဘာမှမပြောပဲ ၊ ခေါင်းငုံ့၍ ကင်မရာထဲရှိ ဓာတ်ပုံများကို ကြည့်နေကာ ၊ ရုတ်တရက်ကြီး ရှန့်ရှီး၏ ပခုံးက်ို ပုတ်၍ :

"အမှန်တော့ ဒီဓာတ်ပုံတွေက တော်တော်လေး ခံစားချက် ရှိတယ်.......ဒါက ဘ၀ပဲ ၊ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး ၊ ကိုယ့်နည်းနဲ့ကိုယ် ရုန်းကန်နေကြတယ်"

"အမှောင်ထု အစွန်းမှာ ရုန်းကန်နေတဲ့ ကံဆိုးသူ ကောင်လေးက အလုပ်ရှာတာ ၊ တရားမ၀င် သားရဲတွင်းနေရာမှာ ရှာမိသွားလို့ ၊ အဆုံးသတ်မှာ အရိုက်ခံလိုက်ရပြီး ဆေးရုံတက်လိုက်ရတယ်?"

ရှန့်ရှီးက ဖန်းယင်ကို တစ်ချက်ကြည့်လိုက်ပြီး ၊ အေးစက်စက်ဖြင့် တစ်ချက်ရယ်လိုက်သည်။

"ခင်ဗျား တော်တော်လေး စိတ်လှုပ်ရှားနေတာ မဟုတ်လား ၊ တော်တော်ကောင်းတဲ့ အကြောင်းအရာဆိုတော့လေ"

"ရှောင်ကျန် ၊ ငါ ဒီဟာတွေကို ဘာလို့ ဓာတ်ပုံရိုက်လဲဆိုတာ မင်းသိလား?"

ဖန်းယင်က ဆေးလိပ်မီးညှိ၍ ခဲလိုက်သည်။

"ဘာလို့လဲဆိုတော့ ကြည့်ချင်တဲ့လူ ရှိလို့ပေါ့"

ပြေးရလွန်း၍ ဖိနပ်ထဲ၀င်သွားသည့် ခြေအိတ်အား ရှန့်ရှီးက ဆွဲတင်လိုက်ပြီး

"တစ်ခြားလူရဲ့ ဘ၀က ဘယ်လိုပုံစံမျိုးလဲဆိုတာကို လူတိုင်းက သိချင်ကြတယ်လေ ၊ ပိုပြီး ကွာခြားလေ ပိုပြီး ကြည့်ချင်ကြလေ ၊ အသက်ရှင်ရတာ ပိုပြီး ဆိုး၀ါးလေ ပိုပြီး ထူးဆန်းလေ ပိုပြီးကြည့်ချင်လေပဲ"

ဖန်းယင်က ခဏလောက် တိတ်ဆိတ်နေပြီး ၊ ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်ကာ :

"ရှောင်ကျန် ၊ မင်း ကျောင်းမတက်ခဲ့တာ တကယ် နှမျောဖို့ကောင်းတယ်"

"ဒါပေမယ့် ဒါတွေကိုကြည့်ပြီးသွားတော့ရော ဘာဖြစ်သွားနိုင်လို့လဲ?"

ရှန့်ရှီးက ဖိနပ်ကြိုးကို သေချာချည်လိုက်ပြီး ၊ မတ်တပ်ထရပ်၍ ခြေထောက်ကို တစ်ချက် လှုပ်ရှားလိုက်သည်။

"ကြည့်တဲ့လူတွေက ခဏလောက် သနားကြမှာပေါ့ ၊ ဒီလောက် အသက်ရှင်ရတာ ဆိုး၀ါးကြတဲ့လူတွေ ရှိသေးတာပဲ ၊ သရုပ်ဆောင်တဲ့လူက ဘယ်လို ရှင်သန်သင့်တာ ဒါမှမဟုတ် ဒီလိုရှင်သန်သင့်တာ ၊ ဟုတ်တယ်မလား?"

"မင်းကိုယ်တိုင်ကရော တစ်ခြားအတွေးမျိုး နည်းနည်းလောက် မရှိဘူးလား?ဓာတ်ပုံရိုက်နေတဲ့ အချိန်အတွင်းမှာ....."

ဖန်းယင်ကလည်း မတ်တပ်ထရပ်လိုက်သည်။

"မရှိဘူး"

ရှန့်ရှီးကလည်း ဖန်းယင်၏ ပခုံးကို ပုတ်လိုက်ပြီး

"ကျွန်တော်က တစ်ရက်ကို ယွမ်50အတွက်ပဲ ၊ အဲ့ဒါကြောင့် ကျွန်တော် သည်းမခံနိုင်တော့တဲ့ အချ်ိန် မရောက်ခင် ဓာတ်ပုံကို ပြီးအောင် ရိုက်လိုက်တာ အကောင်းဆုံးပဲ"

အရုပ်ရောင်းသည့် အလုပ်က အခွင့်အရေး မရှိတော့ချေ။ရှန့်ရှီးမှာ ဘတ်စ်ကားပေါ် ပြန်တက်လိုက်ပြီး ၊ ဟိုစားသောက်ဆိုင်ဆီ သွားလိုက်သည်။စားသောက်ဆိုင်ကတော့ တရားမ၀င် နေရာတွင် မဟုတ်ပေ။ဆေးရုံနှင့် သုံးလမ်းလောက် ခြားသည်။သို့သော်လည်း ဆိုင်က အရမ်းမကြီးသည့် အမြန်စားသောက်ဆိုင်ဖြစ်သည်။အဓိက အစားအစာမှာ
ရှားကောထမင်း ဖြစ်သည်။

အရင်က တာ့၀ါးလမ်းဆုံတွင် အမြဲတမ်း ဖျင်ရှူးက စာရင်းရှင်းဖို့ အချိန်ဆွဲနေတတ်သည့် ထိုအမြန်စားသောက်ဆိုင်နှင့် ဆိုင်ပုံစံက သိပ်မကွာပေ။ရှန့်ရှီး ၀င်သွားသည့် အချိန်၌ ရင်းနှီးနေသလို ခံစားချက်မျိုး ခံစားလိုက်ရသည်။

သူဌေးနှင့် သူဌေးမိန်းမ နှစ်ယောက်စလုံး စီမံခန့်ခွဲနေကြသည်။အရင်က ရှိသည့် တပည့်က မလုပ်တော့တာကြောင့် ၊ လူအသစ်ခေါ်နေခြင်း ဖြစ်သည်။အတော်လေး အလျင်လိုနေသည်။

ရှန့်ရှီးက အလုပ်အတွေ့အကြုံ ရှိသည်ဟု ပြောလိုက်သည်။သို့သော်လည်း ဖုန်းပေါကျွမ်းဟုတော့ မပြောလိုက်ပေ။အမြန်စားသောက်ဆိုင် တစ်ခုဟုသာ ပြောလိုက်သည်။ထိုသို့မဟုတ်ပါက ဖုန်းပေါကျွမ်းမှာ လုပ်ခဲ့သည့်လူက ဘယ်လိုဖြစ်ပြီး ဒီလိုဆိုင်အသေးလေးမှာ လာလုပ်တာလဲဟု မေးလာလျှင် ၊ သူ ပြန်မဖြေတတ်ပေ။

"ဒီတစ်ယောက်က အဆင်ပြေတယ် ထင်တယ်?"

သူဌေးက ဖော်ရွေပုံပေါ်သည့် လူ၀ကြီးတစ်ယောက် ဖြစ်သည်။သူနှင့် စကားနည်းနည်း ပြောပြီးသည်နှင့် ၊ ခေါင်းလှည့်ကာ ၊ ဟင်းကြော်နေသည့် သူဌေးမိန်းမကို မေးလိုက်သည်။

"ကြည့်ရတာတော့ သန့်သန့်ရှင်းရှင်းနဲ့ သွက်သွက်လပ်လပ်ရှိတယ် ၊ အရင်က လာတဲ့ ဟိုတစ်ယောက်ထက်တော့ သာတယ်"

"အဆင်ပြေတယ်"

သူဌေးမိန်းမကို ကြည့်လိုက်လျှင် သူဌေးနှင့် တစ်ပုံစံတည်း ဖြစ်ပြီး ၊ ပုံတူအသေးလေးပင်။သူမအရှေ့ရှိ အိုးအသေး သုံးလုံးဖြင့် တစ်ပြိုင်တည်း ဟင်းကြော်နေသည်။ဟင်းအိုးမွှေနေရင်း ရှန့်ရှီးအား အကဲခတ်လိုက်ကာ

"ကလေး ၊ မင်း အသက်ဘယ်လောက် ရှိပြီလဲ ၊ ကြည့်ရတာ အသက်မပြည့်သေးဘူး ထင်တယ်?ID ကဒ် ကြည့်ကြည့်မယ်"

"19 နှစ် ရှိပါပြီ"

ရှန့်ရှီးက ပြောလိုက်ပြီး ၊ ကျန်ဟုန်ထူ၏ ID ကဒ်ကို ထုတ်ယူကာ သူဌေးကို လှမ်း​ပေးလိုက်သည်။

"အင်း ၊ ဟုန်ထူ"

သူဌေးက တစ်ချက်ကြည့်လိုက်ပြီး

"မင်း ဒီနေ့ပဲ အလုပ်စလိုက်တော့လေ ၊ ငါတို့ဆိုင်က လူမလောက်တော့ ၊ အလုပ်မနိုင်တော့ဘူး"

"အာ?"

ရှန့်ရှီးမှာ ကြောင်အသွားမိသည်။သူ အခုချက်ချင်း အလုပ်ရှာပြီး လုပ်ချင်နေသော်လည်း ၊ ဒီလောက်မြန်မြန်ကြီး သူ့အား အလုပ် စလုပ်ခိုင်းလာတာကြောင့် ၊ ရုတ်တရက် သူ အသိပြန်မ၀င်လာပေ။

နောက်ဆုံးတော့ အလုပ်လုပ်ရတော့မယ် ! အရမ်းကောင်းတာပဲ !

ချက်ချင်းပဲ ချိန်ပေါ်ယန်အိမ်ကနေ ပြောင်းလာရတော့မယ်.......တကယ် မလုပ်ချင်ဘူး !

ဒီအတွေးနှစ်ခုအား သူ့င်္ဦးနှောက်ထဲတွင် အပြန်ပြန်အလှန်လှန် တွေးတော နေမိသည်။ပလာစတာပင် ကွာကျတော့မတတ်ပင်။

"ဘာဖြစ်လို့လဲ?အဆင်မပြေဘူးလား?လုပ်အားခက 1200 ၊ နှစ်နပ်စာ ကျွေးမယ် ၊ ဒီဟာက မဆိုးဘူးလို့ ပြောလို့ရပါတယ်"

သူဌေးက ပြောလာသည်။

"အဆင်မပြေတာ မဟုတ်ပါဘူး"

ရှန့်ရှီးက ပလာစတာကို ဖိ၍ ရှင်းပြလိုက်သည်။

"ကျွန်တော် ရှင်းလင်းစရာ ကိစ္စ နည်းနည်း ရှိနေသေးလို့ပါ ၊ ကျွန်တော် နေရမယ့် နေရာတောင် မရှာရသေးဘူး ၊ ကျွန်တော် .....မနက်ဖြန် မနက်ကျရင် ကိစ္စနည်းနည်း ရှိနေသေးတယ်"

"အရင်ဆုံး ဆိုင်မှာ နေလို့ ရတယ် ၊ ငါတို့အနောက်မှာ ထပ်ခိုးခန်းတစ်ခု ရှိတယ်"

သူဌေးမိန်းမက တစ်အိုးကြော်ပြီးသွား၍ ၊ ဧည့်သည်ထံ သွားချပေးကာ ထပ်ပြောလာသည်။

"မင်း မနက်ဖြန် ညနေလောက် လာရင်လည်း ရတယ် ၊ ဒါပေမယ့် မနက်ဖြန် ကျော်သွားရင်တော့ မရတော့ဘူး ၊ ငါ မစောင့်နိုင်ဘူး ၊ မင်းလည်း မြင်နေတာပဲ ၊ အလုပ်မနိုင်ဘူး"

ရှန့်ရှီး ဆိုင်ထဲမှ ထွက်လာသည့် အချိန်၌ ၊ လမ်းမျက်နှာချင်းဆိုင်ရှိ ပန်းခြံဘေးနားတွင် ထိုင်နေသည့် ဖန်းယင်ကို တွေ့လိုက်ရသည်။ကင်မရာကို ကိုင်၍ သူ့အား ဓာတ်ပုံရိုက်နေသည်။

"ဘယ်လိုလဲ?"

ဖန်းယင်က မတ်တပ်ထရပ်၍ ၊ ရှန့်ရှီး လမ်းမအား ဖြတ်ကူးလာနေသည်ကို စောင့်၍ ၊ တစ်ခွန်းမေးလိုက်သည်။

"မနက်ဖြန်ညနေ စရမယ် ကျွန်တော် အခု ပြန်မှရတော့မယ်"

ရှန့်ရှီးက ဖုန်းထုတ်၍ အချိန်ကြည့်လိုက်သည်။တစ်နေ့လုံး သွားလာနေတာ လေးနာရီပင် ထိုးတော့မည်ပင်။သူ နေ့လည်စာပင် မစားလိုက်ရပေ။ခုနက ဆိုင်ထဲတွင် သူဌေးမိန်းမ ကြော်နေသည့် ဟင်းအနံ့ကို ရှူရှိုက်ရင်း သူ့ဗိုက်က အသံပင် မြည်လာသည်။

"ခင်ဗျားလည်း နားတော့လေ ၊ နေ့လည်စာတောင် မစားရသေးဘူး"

"မနက်ဖြန် ညနေစမှာ?မင်း နေစရာနေရာ မရှာတော့ဘူးလား?"

ဖန်းယင်က မေးလိုက်သည်။

"ဆိုင်မှာပဲ နေမှာ ၊ ထပ်ခိုးခန်း တစ်ခု ရှိတယ်တဲ့"

ရှန့်ရှီးက ပြောလိုက်ပြီး ၊ ဘတ်စ်ကားဂိတ် ရှိရာဘက်ဆီ လျှောက်လာခဲ့လိုက်သည်။

"ထပ်ခိုးခန်းမှာ နေမှာလား?"

ဖန်းယင်က ရှန့်ရှီးနောက်ကနေ လိုက်သွားလိုက်သည်။

"အခြေအနေ မကောင်းဘူး ထင်တယ်?"

"ပိုက်ဆံမယူဘူး"

ရှန့်ရှီးက ဖန်းယင်အား တစ်ချက်ကြည့်၍ ရယ်လိုက်ကာ

"ကျွန်တော် အခန်းရှာတာကို ရိုက်ချင်နေတာ မဟုတ်လား"

"ကိစ္စမရှိဘူး ၊ အရင်ဆုံး မင်း ဒီမှာ အလုပ်လုပ်တာတွေ ရိုက်မယ်"

ဖန်းယင်က ပြောလိုက်သည်။

"တကယ်လို့ ထပ်ခိုးခန်းက အဆင်မပြေဘူးလို့ မင်းထင်ရင် ၊ ငါ မင်းအတွက် အခန်းငှားခ သုံးလစာ ထုတ်ပေးမယ်လေ ၊ မင်း အခန်းသွားငှားလိုက်"

"ရတယ်လေ ၊ အခန်းသုံးခန်းပါတာ တစ်ခန်းလောက် ငှားပေးစမ်းပါ"

ရှန့်ရှီးက လက်ဖျောက်တစ်ချက် တီးလိုက်သည်။

"မင်း အစက ဘယ်လိုပုံစံမျိုး ငှားချင်တာလဲ ၊ အဲ့လို ပုံစံမျိုး ငှားလိုက်"

ဖန်းယင်က ရယ်လိုက်ပြီး

"ဘယ်လိုလဲ?"

"နောက်မှ ထပ်ပြောကြတာပေါ့ ၊ ကျွန်တော် အခြေအနေ ကြည့်လိုက်ဦးမယ်"

အမှန်တော့ စားသောက်ဆိုင်၏ ထပ်ခိုးခန်းမှာ နေဖို့ ရှန့်ရှီးလည်း သိပ်ပြီး ဆန္ဒမရှိချေ။အတွေးနဲ့တင် နေဖို့ အဆင်မပြေပေ။နိမ့်နိမ့်လေးနှင့် မှောင်မည်းနေမှာပင်။သူ့မှာ ပိုက်ဆံသိပ်မရှိသော်လည်း ၊ အကြာကြီးနေဖို့ အစီအစဥ် မရှိချေ။ပြောင်းရမှာပင်။

သို့သော်လည်း အကယ်၍များ ဖန်းယင်က သူ့အတွက် သုံးလစာ အခန်းငှားခ ထုတ်ပေးလျှင် ၊ သူ တစ်ချက်လောက် စဥ်းစားချင်ယောင် ဆောင်ပြီးမှ အဖြေပြန်ပေးဖ်ို့ ပ်ိုဆန္ဒရှိသည်။

----------

ချိန်ပေါ်ယန် အိမ်ပြန်ရောက်လာသည့် အချိန်၌ ၊ ရှန့်ရှီးမှာ ဆိုဖာပေါ်တွင် ထိုင်၍ တီဗွီကြည့်နေသည်။ချိန်ပေါ်ယန် ၀င်လာသည်ကို မြင်တာနှင့် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး :

"ဖိနပ် လဲစီးမနေနဲ့တော့"

"ဟင်?"

ချိန်ပေါ်ယန်က ဖိနပ်ချွတ်ရန် ခြေထောက်တစ်ဖက် မြှောက်ထားရာ ၊ ရှန့်ရှီးစကားကို ကြားသည်နှင့် မလှုပ်ရှားတော့ပေ။

"ဒီနေ့ ကျွန်တော် ခင်ဗျားကို ထမင်း၀ယ်ကျွေးမယ်"

ရှန့်ရှီးက စာကြည့်ခန်းထဲ ပြေး၀င်၍ အင်္ကျီလဲလိုက်ကာ ၊ ပြန်ပြေးထွက်လာခဲ့လိုက်သည်။

"ခင်ဗျားကို ကျေးဇူးတင်လို့"

"ဘာဖြစ်လို့လဲ ၊ အလုပ်ရသွားပြီလား?"

ချိန်ပေါ်ယန်က ရှန့်ရှီးကို ကြည့်လိုက်သည်။

"အင်း ၊ အမြန်စားသောက်ဆိုင် တစ်ဆိုင် ၊ ရှားကောထမင်းလုပ်တာ"

ရှန့်ရှီးက ခေါင်းညိတ်ပြလိုက်ပြီး ၊ အပြင်ထွက်လာခဲ့လိုက်သည်။

"မနက်ဖြန် မနက် ကျွန်တော် နောက်ဆုံးဆေးတစ်လက် ထိုးပြီးသွားရင် ၊ ဆေးနည်းနည်း ယူလိုက်ရုံပဲ ၊ ဆေးရုံ ထပ်သွားဖို့ မလိုတော့ဘူး ၊ မနက်ဖြန် ညနေ စလုပ်မယ်လို့ သူဌေးကို ပြောပြီးပြီ"

"မနက်ဖြန်?"

ချိန်ပေါ်ယန်မှာ တံခါးကို အားပြုထားရင်း ကြောင်အသွားခဲ့သည်။

"ဟုတ်တယ် ၊ အစကတော့ နောက်နှစ်ရက်လောက်နေမှလို့ ကျွန်တော် ပြောမလို့ပဲ ဒါပေမယ့် အရမ်း လူလိုနေလို့ အလုပ်ခေါ်စာ ကပ်လိုက်တာလို့ သူဌေးက ပြောတယ်"

ရှန့်ရှီးက ဆံပင်ကို ဆုပ်ကိုင်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ခင်ဗျား မသိပါဘူး ၊ ကျွန်တော့်ရဲ့ အခြေအနေက အလုပ်ရှာရတာ တကယ် မလွယ်ဘူး ၊ ကျွန်တော် အရင်ဆုံး လုပ်ဖို့ တွေးထားတယ် ၊ နောက်မှ ဖြည်းဖြည်းချင်း ကြည့်လုပ်တာပေါ့"

"ည အလုပ်ဆင်းရင် ငါ့အိမ်မှာ လာနေဦးမှာ မဟုတ်လား?"

ချိန်ပေါ်ယန်က တံခါးကို ပိတ်လိုက်ပြီး

"မင်း အခန်းမငှားရသေးဘူး မဟုတ်လား"

"ငှားပြီးသွားပြီ"

ရှန့်ရှီးက ပြောလိုက်သည်။သူ စားသောက်ဆိုင်က ထပ်ခိုးခန်းတွင် နေမှာကို ချန်ပေါ်ယန်ကို မပြောပြတော့ပေ။

"မနက်ဖြန် ကျွန်တော်......ပြောင်းသွားတော့မယ်"

"......သြော် ၊ အဲ့ဒါဆိုလည်း ပြီးတာပါပဲ"

ချိန်ပေါ်ယန်က ဓာတ်လှေကား အရှေ့နား လျှောက်သွား၍ ရပ်လိုက်ပြီး

"ဒါဆို မင်း အလုပ်ကို ကောင်းကောင်းလုပ် ၊ ဘာကိစ္စပဲ ရှိရှိ ငါ့ကို ဖုန်းဆက်လို့ ရတယ်"

"အင်း ၊ သေချာပေါက် ဆက်မှာပေါ့ ၊ ကျွန်တော်က ခင်ဗျားလို လူကောင်းတစ်ယောက်ကိုပဲ သိတဲ့ဟာ"

ရှန့်ရှီးက ရယ်၍ ပြောလိုက်သည်။နှစ်ယောက်လုံး တိတ်ဆိတ်စွာဖြင့် ခဏလောက်ကြာအောင် ရပ်နေမိကြသည်။ရှန့်ရှီးက နှာခေါင်းကို ပွတ်၍ တစ်ခွန်းမေးလိုက်သည်။

"ကျွန်တော်တို့က အောက်ကို ဆင်းမှာလား?"

"ဟုတ်တယ်လေ ၊ မင်းပဲ ငါ့ကို ထမင်း၀ယ်ကျွေးမယ်လို့ ပြောတာ မဟုတ်ဘူးလား?"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

"အခု ဓာတ်လှေကားတွေက စိတ်နဲ့ ထိန်းချုပ်တာလား?"

ရှန့်ရှီးက မေးလိုက်သည်။

"စွမ်းအား လွှတ်လိုက်တာနဲ့ သူ့ဘာသာ တက်လာတာလေ"

ချိန်ပေါ်ယန်က ဓာတ်လှေကား ခလုတ်ကို တစ်ချက်နှိပ်လိုက်ပြီး :

"မေ့သွားလ်ို့"

* * ***

ရှားကောထမင်း


*** *** *** *** *** ***

格格不入(GeGeBuRu)

စာေရးသူ : ဝူးက်ယ္

ဘာသာျပန္သူ : ယင္း

အပိုင္း ၂၅

ခ်ိန္ေပၚယန္မွာ ဧည့္ခန္းထဲတြင္ ထိုင္ေနသည္။ရွန္႔ရွီး မီးဖိုခန္းထဲတြင္ အလုပ္မ်ားေနသည့္ အခ်ိန္တြင္ ခ်ိန္ေပၚယန္မွာ တစ္ေလ်ွာက္လံုး ၀င္မၾကည့္မိေပ။

လက္ေဆးတာက လြဲၿပီး က်န္တာေတြက အသန္႔ႀကိဳက္တာလို႔ ယူဆ၍ မရေၾကာင္း ၊ ခ်ိန္ေပၚယန္က သူ႔အား တစ္ေလ်ွာက္လံုး ေျပာခဲ့ေသာ္လည္း ၊ တစ္ကိုယ္ေရ သန္႔ေရးမႈဟုေတာ့ ယူဆ၍ ရသည္ပင္။ခ်္ိန္ေပၚယန္မွာ အဆံုးစြန္ဆံုး အဆင့္ဆီ ေရာက္ေနၿပီဟု ရွန္႔ရွီးေတြးလိုက္မိသည္။

အခုအခ်ိန္၌ တစ္ကိုယ္ေရ သန္႔ရွင္းမႈ အဆံုးစြန္ထိ ေရာက္ေနသည့္ ဆရာႀကီးခ်ိန္ေပၚယန္က ၊ သူ႔မ်က္စိထဲတြင္ သတိမဲ့တတ္သည့္ ဘုရင္ ရွန္႔ရွီးအား တစ္ေလ်ွာက္လံုး ႀကီးၾကပ္ျခင္း မရိွပဲ တစ္ေယာက္တည္း မီးဖိုခန္းထဲတြင္ ထမင္းခ်က္ဖို႔ တာ၀န္ေပးထားသည္။သူ တကယ္ႀကီး ပင္ပန္းေနတာ ျဖစ္ေလာက္သည္ဟု ရွန္႔ရွီး ေတြးလိုက္မိသည္။

နံရိုးအား စူပါမားကတ္ထဲမွ လူ ခုတ္ေပးထားသည္မွာ အရမ္းႀကီးလြန္းေနသည္။ရွန္႔ရွီးမွာ ျပန္ခုတ္ရန္ ေတြးလိုက္မိသည္။ဓားတင္သည့္ စင္ေပၚတြင္ အေတာ္ၾကာေအာင္ ရွာလိုက္ရၿပီး ၊ ပံုမွန္အခ်ိန္တြင္ သိပ္မသံုးတတ္သည့္ ဓားတစ္လက္က္ို ေတြ့လိုက္ရသည္။အရိုးခုတ္သည့္ ဓား ျဖစ္ႏိုင္သည္ပင္။သို႔ျဖစ္ရာ သူ လွမ္းယူလိုက္ၿပီး ၊ စင္းတီတံုးေပၚရိွ နံရိုးေပၚ ခ်ိန္၍ ခြမ္းခနဲျမည္ေအာင္ တစ္ခ်က္ ခုတ္ခ်လိုက္သည္။

"အိုင္း ! ဘုရား ! "

ေနာက္ဆံုးေတာ့ ခ်ိန္ေပၚယန္မွာ ဧည့္ခန္းထဲကေန အသံထြက္လာခဲ့သည္။

"မင္း ဘာလုပ္ေနတာလဲ?နံရ္ိုးက ခုတ္ထားၿပီးသား မဟုတ္ဘူးလား?"

"အရမ္းႀကီးေနတယ္ ၊ ျပဳတ္လို႔ မေကာင္းဘူး"

ရွန္႔ရွီးက မီးဖိုခန္းထဲကေန ခြမ္းခနဲ တစ္ခ်က္ ခုတ္လိုက္ၿပီး

"ကြၽန္ေတာ္ ျပင္ခုတ္ေပးမယ္"

"......ေၾသာ္"

ခ်ိန္ေပၚယန္က အျပင္ဘက္ကေန အသံတစ္ခ်က္ ေပးလိုက္ၿပီး ၊ ခဏေလာက္ တိတ္ဆိတ္ေနၿပီး ေနာက္မွာေတာ့ ရုတ္တရက္ ထခုန္၍ မီးဖိုခန္းထဲ ေျပး၀င္သြားလိုက္ကာ

"မင္း ဘယ္ဓားကို သံုးၿပီး ခုတ္ေနတာလဲ?"

"အရိုးခုတ္တဲ့ ဓားေလ"

ရွန္႔ရွီးက လက္ထဲရိွ ဓားကို လႈပ္ယမ္းျပလိုက္ၿပီး

"ပံုမွန္ဆို ခင္ဗ်ားက လက္ကိုင္အျဖဴနဲ႔ ဓားကို သံုးတာ မဟုတ္လား ၊ အဲ့ဒါက ဓားျပားေလ ၊ ဒီဓားက္ို ကြၽန္ေတာ္ၾကည့္ေနတာ ၊ ခင္ဗ်ား မသံုးဘူးလားလို႔ ၊ ျဖစ္ႏိုင္တာက.....အရိုးခုတ္တဲ့ဓားေပါ့.....ဟုတ္တယ္မလား?"

"ငါ့အိမ္မွာ အရိုးခုတ္တဲ့ဓား မရိွဘူး"

ခ်ိန္ေပၚယန္မွာ ေတာ္ေတာ္ေလး ေျပာစရာစကား မဲ့သြားမိသည္။

"မရိွဘူး?"

ရွန္႔ရွီးမွာ ေၾကာင္အသြားမိၿပီး ဓားတင္သည့္ စင္အား ၫႊန္ျပလိုက္ကာ

"အသားလွီးတဲ့ဓား ၊ အရြက္လွီးတဲ့ဓား ၊ တစ္ခုကို လက္ကိုင္ တစ္မ်ိဳးစီ ၊ ဒီလက္ကိုင္က........"

သူ ေျပာေနရင္း လက္ထဲရိွ ဓားကို တစ္ခ်က္ၾကည့္လိုက္မိရာ ၊ ဓားၾကားထဲတြင္ ေကြးေနသည့္ အပိုင္းေလးတစ္ခု ရိွေနေၾကာင္း ရုတ္တရက္ ေတြ့လိုက္တာေၾကာင့္ ၊ သူ ခ်က္ခ်င္း မ်က္ႏွာပင္ နီရဲလာခဲ့ၿပီး :

"အိုင္း?ဒါဆို ဒီဓားက ဘာလုပ္တဲ့ဟာလဲ?"

"ဒီဓားကလည္း အသားလွီးတဲ့ဟာပဲ ၊ ဓားလက္ကိုင္ကို ၾကည့္ရတာ ညစ္ပတ္ေနတဲ့ပံု ေပၚေနလို႔ ၊ ငါ မသံုးဘူး"

ခ်ိန္ေပၚယန္ကလည္း ဓားအစြန္းကို ၾကည့္၍ သက္ျပင္းခ်လိုက္ကာ

"ခ်ထားလိုက္ေတာ့"

"ပ်က္သြားၿပီ"

ရွန္႔ရွီးက အေတာ္ေလး ေနရခက္စြာျဖင့္ ဆံပင္ကို ဆုပ္ကိုင္လိုက္သည္။

"လက္က အသားကိုင္ထားတာကို ေခါင္းကိုင္ေနတယ္ ! "

ခ်ိန္ေပၚယန္က ရွန္႔ရွီး၏ လက္ကို တစ္ခ်က္ရိုက္လိုက္သည္။

"တမင္တကာ လုပ္တာမွ မဟုတ္တာ ! "

ရွန္႔ရွီးက တစ္ခ်က္ေအာ္ေျပာလိုက္ၿပီး

"အခု ကြၽန္ေတာ္က ခင္ဗ်ားဓားကို ပ်က္ေအာင္ လုပ္လိုက္မိလို႔ စိတ္မေကာင္းျဖစ္ေနတာေလ"

"ေခါင္းေပၚကို ၀က္ဆီေတြ သုတ္လိုက္ေတာ့ စိတ္ခ်မ္းသာသြားေရာလား?"

ခ်ိန္ေပၚယန္က လက္ကို ေဝ႔ွယမ္းလိုက္ၿပီး

"ေတာ္ၿပီ ၊ ခ်ထားလိုက္ေတာ့ ၊ ႀကီးေနလည္း ႀကီးေနပါေစေတာ့ ၊ ဘယ္လိုပဲျဖစ္ျဖစ္ မင္း အာဟာရ ျဖည့္ဖို႔ လိုေနတာပဲဟာ"

"ဒါဆို ခင္ဗ်ားေျပာၾကည့္ ၊ အခု ကြၽန္ေတာ္က ထမင္းဆက္ခ်က္ရမွာလား ဒါမွမဟုတ္ ေခါင္းအရင္ သြားေလ်ွာ္လိုက္ရမွာလား?"

ရွန္႔ရွီးက ဓားကိုခ်၍ ခ်ိန္ေပၚယန္ကို ၾကည့္လိုက္သည္။

"ဆက္ခ်က္လိုက္ ၊ လက္ကို ေျပာင္စင္ေအာင္ ေဆး.....ထားလိုက္ေတာ့"

ခ်ိန္ေပၚယန္က လက္ေဆးကန္ေဘးနား ေလ်ွာက္သြားလိုက္ၿပီး

"ငါပဲ ခ်က္လိုက္ေတာ့မယ္"

"ကြၽန္ေတာ္ ခ်က္မယ္"

ရွန္႔ရွီးက စင္းတီတံုးအေရ႔ွနား အျမန္သြား၍ ေနရာၪီးလိုက္သည္။

"အရိုးမခုတ္ေတာ့ရင္ အရမ္း လြယ္ပါတယ္ ၊ ခင္ဗ်ား နားေနလိုက္ပါ ၊ မ်က္ႏွာေတာင္ မည္းလာၿပီ"

"ဆီေတြဆားေတြကို မွားမထည့္မိေစနဲ႔"

ခ်ိန္ေပၚယန္က ရွန္႔ရွီးအား တစ္ခ်က္ၾကည့္လိုက္ၿပီး ၊ မီးဖိုခန္းထဲမွ လွည့္ထြက္သြားခဲ့ကာ ၊ ဧည့္ခန္းထဲကေန တစ္ခြန္း ထပ္ျဖည့္ေျပာလိုက္သည္။

"လက္ေဆးၪီး"

"ေဆးၿပီ ေဆးၿပီ ေဆးၿပီ ! "

ရွန္႔ရွီးမွာ လက္ေဆးကန္တြင္ လက္ေရေဆးလိုက္သည္။

ဒီတစ္နပ္စာကို ရွန္႔ရွီးခ်က္သည္မွာ ခ်ိန္ေပၚယန္ထက္ အမ်ားႀကီး ျမန္လွသည္။နံရိုးစြပ္ျပဳတ္ ၊ ခရုဆီဟင္းႏုနယ္ရြက္ ၊ ထို႔အျပင္ ၾကက္ဥ​ႏွစ္လံုးကို ေၾကာ္လိုက္သည္။

သူ ဟင္းမ်ား သယ္ယူလာသည့္ အခ်ိန္၌ ၊ ခ်ိန္ေပၚယန္မွာ မ်က္ခံုးပင့္လိုက္မိၿပီး :

"မဆိုးဘူးပဲ ၊ ၾကက္ဥေၾကာ္တတ္တယ္ေပါ့?"

"အင္း ၊ ဒီၾကက္ဥေၾကာ္က....."

ရွန္႔ရွီးက စားပြဲေဘးတြင္ ရပ္လိုက္ၿပီး

"ဒီၾကက္ဥေၾကာ္က ၊ စားတဲ့အခ်ိန္က်ရင္ နည္းလမ္းရိွတယ္ ၊ ဟိုဟာေလ ....တစ္ကိုက္တည္း မစားနဲ႔ ၊ ခင္ဗ်ား တူနဲ႔ အေပၚကေန ေအာက္ကို ၫွပ္ယူလိုက္ရင္ ရၿပီ......"

ခ်ိန္ေပၚယန္မွာ ၾကက္ဥေၾကာ္အား ခဏေလာက္ စိုက္ၾကည့္ေနလိုက္ၿပီး :

"ေၾကာ္တာ တူးသြားတယ္ မဟုတ္လား?"

ရွန္႔ရွီးက ကုလားထိုင္ယူ၍ ထိုင္လိုက္ကာ ၊ တူကိုကိုင္ၿပီး ပန္းကန္ျပားအစြန္းကို ေခါက္လိုက္သည္။ :

"အမွန္ေတာ့......"

"ပန္းကန္ကို မေခါက္နဲ႔"

ခ်ိန္ေပၚယန္လည္း ၀င္ထိုင္လိုက္သည္။

"ေၾသာ"

ရွန္႔ရွီးက တူကို ျပန္ရုတ္လိုက္ၿပီး

"အမွန္ေတာ့ေလ ၊ အမ်ားႀကီး မတူးသြားပါဘူး ၊ ေျမပံုလို ပံုစံမ်ိဳးပဲ"

ခ်ိန္ေပၚယန္မွာ ဘာမျွပန္မေျပာပဲ ၊ ထိုထဲရိွ ၾကက္ဥေၾကာ္တစ္လံုးအား ၫွပ္ယူ၍ လွန္ၾကည့္လိုက္သည္။ၿပီးေနာက္တြင္ေတာ့ ေၾကာင္အသြားမိၿပီး :

"ဒီဟာက မတူးတဲ့ေနရာ ရိွေသးလို႔လား?"

"ဒီဟာကို ကြၽန္ေတာ္စားလိုက္မယ္ ၊ ခင္ဗ်ားက ဟိုဟာက္ို စား"

ရွန္႔ရွီးက ထိုၾကက္ဥေၾကာ္အား ၫွပ္ယူ၍ သူ႔ပန္းကန္လံုးထဲ အျမန္ထည့္လိုက္ၿပီး

"ဟိုဟာက ေျမပံု"

"မင္းလည္း မစားနဲ႔ေတာ့ ၊ တူးတာ ဒီလိုပံုစံေတာင္ ျဖစ္ေနၿပီကို ၊ စားလိုက္ရင္ ခႏၶာကိုယ္အတြက္ မေကာင္းဘူး"

ခ်ိန္ေပၚယန္က မတ္တပ္ထရပ္၍ ပန္းကန္ျပားကို ယူလိုက္သည္။

"အိုင္း မလုပ္နဲ႔"

ရွန္႔ရွီးက တားလိုက္ၿပီး

"တူးတဲ့ေနရာေတြကို မစားရင္ ရတာပဲဟာ ၊ ကြၽန္ေတာ္ အၾကာႀကီး ေၾကာ္ထားရတာ ၊ ဒါမွမဟုတ္ရင္လည္း ခင္ဗ်ား မစားနဲ႔ေတာ့ေလ ၊ ကြၽန္ေတာ္ အရသာ ခံၾကည့္ၪီးမယ္ ၊ ကြၽန္ေတာ္ ၾကက္ဥ တစ္ခါမွ မေၾကာ္ဖူးလ္ို႔"

"အကုန္လံုး တူးေနၿပီ....."

ခ်ိန္ေပၚယန္က ေျပာေနရင္း တစ္၀က္တစ္ပ်က္ျဖင့္ ရပ္လိုက္ၿပီး ၊ ခဏေလာက္ စဥ္းစားလိုက္ကာ ၊ ၾကက္ဥေၾကာ္ကို စားပြဲေပၚ ျပန္တင္၍ ၊ ပန္းကန္ျပားထဲရိွ ၾကက္ဥေၾကာ္အား သူ႔ပန္းကန္လံုးထဲ ၫွပ္ယူလိုက္သည္။

"ဒီတစ္ႀကိမ္ပဲ"

"ဒီေလာက္ေတာင္ မ်က္ႏွာသာ ေပးတယ္ေပါ့?"

ရွန္႔ရွီးက ထိုင္လိုက္ၿပီး ၊ အေတာ္ေလး အံ့ၾသေနဟန္ျဖင့္

"ကြၽန္ေတာ္က ရန္ပြဲတစ္ပြဲေလာက္ ျဖစ္ၿပီးမွ ဒီၾကက္ဥေၾကာ္ ႏွစ္လံုးက္ို ျပန္ထားလို႔ရမယ္ ထင္ေနတာ"

"ပထမဆံုး အႀကိမ္ ခ်က္ထားတာကို ၊ အနည္းဆံုးေတာ့ ျမည္းၾကည့္ရမွာေပါ့"

ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး ၊ မတူးသည့္ ေနရာအား တူႏွင့္ နည္းနည္း ၫွပ္ယူ၍ စားလိုက္သည္။

"ဘယ္လိုေနလဲ?"

ရွန္႔ရွီးက အရမ္းကို စ္ိတ္လႈပ္ရွားေနဟန္ျဖင့္ ခ်ိန္ေပၚယန္က္ို စိုက္ၾကည့္ေနသည္။

"ေတာ္ေတာ္ေလး ေကာင္းတယ္ ၊ မထင္ထားဘူး"

ခ်ိန္ေပၚယန္က ေခါင္းညိတ္ျပလိုက္ၿပီး ၊ ေခါင္းငံု႔၍ ေနာက္တစ္လုတ္ ထပ္စားလိုက္သည္။

"တကယ္ႀကီးလား?"

ရွန္႔ရွီးမွာ မ်က္ခံုးတစ္ခ်က္ပင့္၍ ရယ္လိုက္မိၿပီး ၊ ခ်က္ခ်င္းပင္ တစ္လုတ္ စားၾကည့္လိုက္သည္။ႏွစ္ေခါက္ေလာက္ ဝါးလိုက္ၿပီး ေနာက္တြင္ ဝါးတာရပ္၍ ခ်ိန္ေပၚယန္ကို ၾကည့္လိုက္သည္။

"ေဒါက္တာခ်ိန္ ၊ ခင္ဗ်ားက တကယ္.....မ်က္ႏွာသာ ေပးတာပဲ"

ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး :

"နည္းနည္း ငန္ေနရံုပါ ၊ ဆားျဖဴးထားတာ မဟုတ္လား ၊ ဇြန္းနဲ႔ မျဖန္႔လိုက္ဘူး မဟုတ္လား?"

ရွန္႔ရွီးက ေနာက္ထပ္ အႀကီးႀကီးတစ္ခုကို ၫွပ္ယူ၍ ပါးစပ္ထဲ ထည့္လိုက္ၿပီး ၊ သက္ျပင္းခ်လိုက္ကာ :

"ေသခ်ာေပါက္ ဇြန္းနဲ႔ ျဖန္႔တာေပါ့ ၊ ခင္ဗ်ားျမည္းၾကည့္လိုက္ ၊ အကုန္လံုး အတူတူပဲ ငန္ေနတာ .......ကြၽန္ေတာ္ စားတာေတာင္ ငန္ေနတာဆိုေတာ့ ၊ ခင္ဗ်ား စားႏိုင္ပါ့မလား?"

"ဘာမွမျဖစ္ဘူး ၊ ငန္ရင္ စြပ္ျပဳတ္ေသာက္လိုက္မယ္"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

"စားမေနပါနဲ႔ေတာ့ ၊ ငန္ငန္ႀကီးက္ို"

ရွန္႔ရွီးက မတ္တပ္ထရပ္၍ ပန္းလံုးႏွစ္လံုးကိုယူကာ မီးဖိုးခန္းထဲ ၀င္သြားလိုက္ၿပီး ၊ ၾကက္ဥေၾကာ္မ်ားကို အမိႈက္ပံုးထဲ သြန္လိုက္သည္။

"ေနာက္ပိုင္း ကြၽန္ေတာ္ ေလ့က်င့္ၿပီးသြားမွ ခင္ဗ်ား ထပ္ျမည္းေပါ့"

ဒီထမင္းတစ္နပ္က္ို သူ ခ်က္တာက အဆင္ေျပသည္ဟု ရွန္႔ရွီး အစက ထင္မိသည္။အဆံုးတြင္ေတာ့ ၾကက္ဥငန္တာကို မေျပာေသးေပ။တူးတာကပင္ ဒီလိုပံုစံ ျဖစ္ေနသည္။ဟင္းႏုႏြယ္ရြက္က စားရတာ ၾကမ္းေထာ္ေနၿပီး ၊ နံရိုးစြပ္ျပဳတ္ကသာ အဆင္ေျပသည္။သို႔ေသာ္လည္း ဆန္ႏွင့္ေရ တစ္ကြဲတစ္ျပားစီ ျဖစ္ေနသည္။နံရိုးကို စားရတာ လြန္ဆြဲေနသလိုပင္။

ထမင္းစားၿပီးသြားသည့္ ေနာက္တြင္ ၊ ခ်ိန္ေပၚယန္ကို ပန္းကန္ေဆးခိုင္းဖို႔ပင္ အားနာေနမိသည္။ :

"ကြၽန္ေတာ္ ေဆးလိုက္မယ္ေလ ၊ ဒီလိုပံုစံ စားရတာ တကယ္ကို ေတာ္ေတာ္ေလး ၀မ္းနည္းဖို႔ေကာင္းတယ္"

"ငါေဆးလိုက္မယ္"

ခ်ိန္ေပၚယန္က ပန္းကန္မ်ားကို လက္ေဆးကန္ထဲ ထည့္လိုက္ၿပီး

"ပန္းကန္ေဆးတာကိုေတာ့ ငါ တကယ္ မင္းကို မယံုရဲဘူး"

"ထမင္းခ်က္တာလည္း ေနာက္ဆို မယံုေတာ့ဘူးမလား?"

ရွန္႔ရွီးက ေဘးနားတြင္ ရပ္ေနလိုက္သည္။

"အဆင္ေျပပါေသးတယ္ ၊ ငါခ်က္တဲ့ ဟင္းက ပံုစံလွတယ္ အရသာ မရိွဘူး ၊ မင္းခ်က္တဲ့ ဟင္းက်ေတာ့ အရသာက အဆင္ေျပတယ္"

ခ်ိန္ေပၚယန္က ရယ္၍ ေျပာလိုက္သည္။

"ကြၽန္ေတာ္......ေခါင္းသြားေလ်ွာ္လိုက္ၪီးမယ္"

ရွန္႔ရွီးက သက္ျပင္းခ်လိုက္ၿပီး

"ခင္ဗ်ားက လူကို ေတာ္ေတာ္ေလး ႏွစ္သိမ့္ေပးတတ္တာပဲ"

ေနာက္တစ္ေန့ အင္တာဗ်ူး သြားေျဖရမည့္ ကိစၥအား ၊ ရွန္႔ရွီး တစ္ညလံုး ထပ္မေျပာျဖစ္ေတာ့ေပ။ေပ်ာ္စရာ မေကာင္းေတာ့သလို ခံစားေနရသည္။ေနာက္ဆံုးမွာေတာ့ ခ်ိန္ေပၚယန္က သူ႔က္ို ေမးလာသည္။ :

"မနက္ျဖန္ ေဆးထိုးၿပီးမွ အင္တာဗ်ူး သြားေျဖမွာလား?"

"အင္း"

ရွန္႔ရွီးက ေခါင္းညိတ္ျပလိုက္သည္။

"ျပင္ဆင္စရာ ရိွတာေတြ ျပင္ဆင္ၿပီးၿပီလား?"

ခ်ိန္ေပၚယန္က ထပ္ေမးလိုက္သည္။

"ျပင္ဆင္တာ?ဘာက္ို ျပင္ဆင္ရမွာလဲ?"

ရွန္႔ရွီးမွာ ေၾကာင္အသြားမိသည္။

ခ်ိန္ေပၚယန္မွာ ရွန္႔ရိွီး ျပန္ေမးသည့္ ေမးခြန္းေၾကာင့္ ေၾကာင္အသြားခဲ့ၿပီး :

"ျပင္ဆင္ဖို႔ မလိုဘူးလား?"

"စားေသာက္ဆိုင္ တစ္ဆိုင္နဲ႔ အရုပ္ေရာင္းတဲ့ ဆိုင္တစ္ဆိုင္ပဲဟာ ၊ ဘာက္ို ျပင္ဆင္ဖို႔ လိုေသးလို႔လဲ ၊ သြားၿပီး ေမးၾကည့္ ေျပာၾကည့္ ၊ ရရင္ ရ ၊ မရရင္ ထြက္လာခဲ့ရံုပဲ"

ရႉန္႔ရွီးက ရယ္လိုက္ၿပီး

"ၿပီးေတာ့ ကြၽန္ေတာ့္မွာ ဘာမွ ျပင္ဆင္စရာ မရိွဘူး ၊ ဘာမွကို မရိွတာ ၊ ID ကဒ္ တစ္ခုရိွတာေတာင္ အတုႀကီး"

ခ်ိန္ေပၚယန္မွာ ပါးစပ္သာ ဟလိုက္မိၿပီး ဘာစကားမွ ေျပာမေျပာလိုက္ႏိုင္ေပ။

ရွန္႔ရွီးမွာ ေကာင္းေကာင္း အိပ္မေပ်ာ္ေပ။ဒီတစ္ေခါက္ အလုပ္ကို ရႏိုင္ မရႏိုင္ ၊ ရသြားလ်ွင္ ေနာက္ပိုင္း ဘယ္လိုလုပ္သင့္လဲ ဆိုသည္တို႔ကို တစ္ညလံုး ေတြးေတာေနမိၿပီး ၊ မိုးလင္းခါနီး အခ်ိန္က်မွသာ အိပ္ေပ်ာ္သြားခဲ့သည္။

အိပ္ရာႏိုးလာသည့္ အခ်ိန္၌ ၊ ခ်ိန္ေပၚယန္က ထြက္သြားခဲ့ၿပီ ျဖစ္ၿပီး ၊ စားပြဲေပၚတြင္ ဆန္ျပဳတ္ႏွင့္ ေပါင္မုန္႔ တင္ထားေပးသည္။ပံုမွန္အခ်ိန္တြင္ဆို ဆန္ျပဳတ္သာ ရိွသည္။ဒီေန့ သူ အင္တာဗ်ူး သြားေျဖမွာေၾကာင့္ ပိုလုပ္ေပးထားပံုရသည္။

ရွန္႔ရွီးမွာ မ်က္ႏွာသစ္ သြားတိုက္ၿပီးသြား၍ ေပါင္မုန္႔က္ိုယူကာ တစ္ကိုက္ ကိုက္စားလိုက္သည္။အရမ္း ေနြးေထြးသလို ခံစားေနရသည္။စားပြဲေပၚတြင္ ယြမ္ႏွစ္ရာႏွင့္ note တစ္ခုလည္း တင္ထားေသးသည္။noteေပၚတြင္ စာသား သံုးေၾကာင္း ရိွသည္။တစ္ေၾကာင္းတိုင္းစီတြင္ စာလံုးသံုးလံုးပါသည္။သူ အေတာ္ၾကာေအာင္ ၾကည့္ေနၿပီးကာမွ ေနာက္ဆံုး စာလံုးသံုးလံုးကို နားလည္သြားခဲ့သည္။ေနာက္ဆံုး စာလံုးသံုးလံုးကို ေရးထားသည္မွာ အရမ္းကို ညီညာေနၿပီး ၊ စုတ္ခ်က္ တစ္ခ်က္ခ်င္းစီ ေရးထားသည္။

ကားငွားသြား။

ဒီစာလံုးသံုးလံုး၏ ပံုစံကို ၾကည့္၍ ၊ အေပၚက စာႏွစ္ေၾကာင္းမွာလည္း ကားငွားသြား ျဖစ္ေၾကာင္း သူ ခန္႔မွန္းလို႔ ရသြားခဲ့သည္။ေရးထားသည္က နည္းနည္း ရႈပ္ေနရံုပင္။ခ်ိန္ေပၚယန္က သူ ဖတ္လို႔ နားမလည္မွာ စိုးတာေၾကာင့္.......

ဒီစာလံုးအခ်ိဳ႕ကို ၾကည့္ေနမိရင္း ရွန္႔ရွီးမွာ အေတာ္ၾကာေအာင္ ရယ္ေနမိသည္။ခ်ိန္ေပၚယန္အတြက္ တကယ္ကို ခက္ခဲမွာပင္။

ေဆးရံုကို မသြားခင္ သူ ဖန္းယင္ကို ဖုန္းတစ္ခ်က္ ဆက္လိုက္သည္။မေန့က ေဆးထိုးခ်ိန္တြင္ ရိုက္ထားသည့္ ဓာတ္ပံုမ်ားက ေတာ္ေတာ္ေလး ေကာင္းတာေၾကာင့္ ဒီေန့ ေဆးထိုးတာ ရိုက္စရာ မလ္ိုေတာ့ဘူးဟု ဖန္းယင္က သူ႔အား ေျပာလာသည္။ေန့လည္က်မွ သူႏွင့္ အတူတူ အင္တာဗ်ူးေျဖဖို႔ သြားမည္။

ေဆးထိုးၿပီးသြားခ်ိန္တြင္ သူ ခ်က္ခ်င္း မသြားေသးပဲ ၊ အရ္ိုးကု ဌာနဘက္ကို သြားကာ လွည့္ပတ္ၾကည့္လိုက္သည္။ခ်ိန္ေပၚယန္က ရံုးခန္းထဲတြင္ ထိုင္ေနၿပီး ၊ င္္ၪီးေလးႀကီးတစ္ေယာက္က ခါးနာေနသည့္ ပံုပင္။လက္ေမာင္းျဖင့္ စားပြဲေပၚ အားျပဳ၍ ခ်ိန္ေပၚယန္ မ်က္ႏွာနား တိုးကပ္ကာ တစ္ခုခု ေျပာေနသည္။အသံက ေတာ္ေတာ္ က်ယ္လွသည္။ခ်ိန္ေပၚယန္က လူနာမွတ္တမ္းေပၚ ေရးေနရင္း ေခါင္းညိတ္ျပေနသည္။

ရွန္႔ရွီးက ၀င္မသြားေတာ့ပဲ ၊ အျပင္တြင္ ရပ္၍ ခဏေလာက္ ၾကည့္ေနလိုက္သည္။ဒီပံုစံအရ ဆိုလ်ွင္ ၪီးေလးႀကီး၏ တံေတြးမ်ားက လြင့္ထြက္လာေတာ့မည္ဟု ခံစားေနရသည္။ထင္ထားသည့္ အတိုင္းပင္။ၪီးေလးႀကီး စကားေအာ္ေျပာေနတာ သိပ္မၾကာေသးမီမွာပင္ ၊ ခ်ိန္ေပၚယန္က မတ္စ္ေကာက္တပ္လိုက္သည္။

ရွန္႔ရွီးမွာ အေတာ္ၾကာေအာင္ ရယ္ေနမိၿပီး ၊ ေဆးရံုမွ ထြက္လာသည့္ အခ်ိန္အထိ ရယ္ေနမိသည္။

သို႔ေသာ္လည္း တစ္ကိုယ္လံုး တရာ၀န္ကုတ္ႏွင့္ မတ္စ္တပ္ထားသည့္ ခ်ိန္ေပၚယန္မွာ ၾကည့္လိုက္လ်ွင္ေတာ့ ေတာ္ေတာ္ေလး ေခ်ာလွသည္။

ရွန္႔ရွီး ကားဂိတ္တြင္ ေစာင့္ေနၿပီး သိပ္မၾကာေသးသည့္ အခ်ိန္မွာပင္ ၊ ဖန္းယင္၏ ကားက လမ္းေဘးနားရိွ ကားရပ္နားရာ ေနရာတြင္ ရပ္သြားခဲ့သည္။ဖန္းယင္က အေျမာက္လို ကင္မရာကိုကိုင္၍ ဆင္းလာသည္။

"ေတာ္ေတာ္ျမန္တာပဲ ၊ ကားက ခုနကေလးကပဲ တစ္ေခါက္သြားခဲ့တာ"

ရွန္႔ရွီးက ဖန္းယင္ကို ၾကည့္လိုက္သည္။

"ငါက လမ္းေလ်ွာက္လမ္းဘက္မွာေလ ၊ တစ္ျခားတစ္ေယာက္ကို လိုက္ရိုက္ေနတာ ၊ ငါ့လက္ေထာက္ကို အရင္ဆံုး လိုက္ရိုက္ထားခိုင္းလိုက္တယ္ ၊ ငါက မင္းဘက္ကို လာရမွာကိုး"

ဖန္းယင္က ရယ္၍ ေျပာလိုက္သည္။

"မင္းဘက္က ပိုအေရးႀကီးတယ္"

"ေၾသာ္"

ရွန္႔ရွီးက အသံတစ္ခ်က္ ျပန္ေပးလိုက္ၿပီး ၊ ေခါင္းငံု႔၍ ေဆးသြင္းခ်ိန္က ကပ္ထားသည့္ လက္ေပၚရိွ ပိတ္က်ဲစေလးကို ခြာရန္ ျပင္လိုက္သည္။

"ေျဖးေျဖး"

ဖန္းယင္က လက္ထဲရိွ ကင္မရာကို အျမန္ေျမႇာက္လိုက္ၿပီး ရွန္႔ရွီးအား ခ်ိန္ကာ ႏွစ္ပံုေလာက္ ရိုက္လိုက္သည္။

"ရၿပီ"

"ဒါကိုလည္း ရိုက္တာပဲလား?"

ရွန္႔ရွီးက ပ္ိတ္စက်ဲကို ခြာ၍ ၊ ၾကၫ့္ၾကည့္လိုက္သည္။အခ်ိန္အၾကာႀကီး ဖိထားတာေၾကာင့္ အပ္ရာကို ေသခ်ာ မျမင္ရေတာ့ေပ။

"အင္း ၊ ေဆးထိုး ေဆးသြင္းၿပီးၿပီးခ်င္း အလုပ္သြားရွာဖို႔ အေလာတႀကီး ျဖစ္ေနတာ"

ဖန္းယင္က ေျပာလိုက္သည္။

"ေတာ္ေတာ္ေလး သနားဖို႔ ေကာင္းတယ္"

"ဘာသနားစရာ ရိွလို႔လဲ"

ရွန္႔ရွီးက က်စ္ခနဲ တစ္ခ်က္စုတ္သတ္လိုက္ၿပီး

"ခင္ဗ်ားရဲ့ စိတ္က မရင့္က်က္ေသးဘူးလား"

ရွန္႔ရွီးမွာ အရုပ္ေရာင္းသည့္ဆိုင္ကို အရင္သြားဖို႔ စီစဥ္လိုက္သည္။စားေသာက္ဆိုင္ထက္ ေဝးသည္ပင္။သို႔ေသာ္လည္း အေရာင္းသမား လုပ္ရသည္က ၊ စားေသာက္ဆိုင္တြင္ လက္တိုလက္ေတာင္း လုပ္ရသည္ထက္ ပိုၿပီး စိတ္၀င္စားဖို႔ေကာင္းသည္ဟု သူ ထင္မိသည္။

ခ်ိန္ေပၚယန္က သူ႔အတြက္ ပိုက္ဆံ ခ်န္ထားေပးခဲ့ေသာ္လည္း ၊ သူ ကားမွတ္တိုင္ကို ၾကည့္ရႈ႔စစ္ေဆးၿပီးေနာက္မွာေတာ့ ဘတ္စ္ကားစီးၿပီး သြားဖို႔သာ ဆံုးျဖတ္လိုက္သည္။ေဆးရံုဘက္တြင္ ကားငွားရ မလြယ္ေပ။ဘတ္စ္ကားက ေနရာအထိ ေရာက္ႏိုင္သည္။လမ္း သိပ္ေလ်ွာက္စရာ မလိုေခ်။

ကားေပၚတြင္ လူေတာ္ေတာ္ မ်ားလွသည္။ရွန္႔ရွီးက ကားေနာက္တံခါးႏွင့္ နီးသည့္ ေနရာတြင္ ရပ္လိုက္သည္။လူႏွစ္ေယာက္က မိန္းကေလးတစ္ေယာက္၏ ဘယ္ဘက္ႏွင့္ ညာဘက္တြင္ ရပ္လိုက္ၾကသည္ကို သူ ျမင္လိုက္ရသည္။

"ခင္ဗ်ားပိုက္ဆံအိတ္ကို နည္းနည္းပါးပါး ၾကည့္ထားၪီး"

ရွန္႔ရွီးက ေခါင္းလွည့္၍ ဖန္းယင္အား အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။

"ကားေပၚမွာ သူခိုးေတြ ရွ္ိတယ္"

"ဟင္?"

ဖန္းယင္မွာ ေၾကာင္အသြားခဲ့သည္။သို႔ေသာ္လည္း အိတ္က္ိုေတာ့ ခႏၶာကိုယ္အေရ႔ွဘက္ဆီ ဆြဲလိုက္သည္ပင္။

ကားေပၚမွ ဆင္းလာၿပီး ေနာက္မွသာ ဖန္းယင္က ရွန္႔ရွီးအား ေမးလိုက္သည္။ :

"မင္း သူခိုးေတြကို ျမင္လိုက္တာလား?ဘယ္လို သိတာလဲ?"

"ေတာ္ေတာ္ သိသာေနတာကိုး"

ရွန္႔ရွီးက ေျပာလိုက္ၿပီး ၊ လမ္းအတိုင္း အေရ႔ွဘက္ဆီ ေလ်ွာက္လာခဲ့လိုက္သည္။ဒီဘက္ျခမ္းမွာ လူေနအိမ္ အေဆာက္အၪီးေဟာင္းမ်ား ျဖစ္ရာ ၊ ဘယ္အိမ္က အရုပ္ေရာင္းသည့္ စက္ရံုမွန္း မသိသာေပ။

"ဘာျဖစ္လို႔ တစ္ျခားလူေတြကို သတိမေပးတာလဲ?"

ဖန္းယင္က ဆက္ေမးလိုက္သည္။

"သိတဲ့ လူေတြလား?"

"ကြၽန္ေတာ္ ခင္ဗ်ားကို ေျပာျပလိုက္တာပဲ ၊ ခင္ဗ်ား ဘာျဖစ္လို႔ တစ္ျခားလူေတြက္ို သတိမေပးလိုက္တာလဲ?ခင္ဗ်ား သိတဲ့လူေတြလား?"

ရွန္႔ရွီးမွာ ေခါင္းကိုလွည့္၍ ဖန္းယင္အား ၾကည့္လိုက္ၿပီး ၊ သိပ္စိတ္မရွည္ေတာ့ေပ။

"ကြၽန္ေတာ္က အဲ့ေလာက္ စိတ္ထား မေကာင္းဘူး၊ ခင္ဗ်ား ကြၽန္ေတာ့္ကို ဓာတ္ပံုရိုက္ေနတာ ဒါေတြေၾကာင့္ပဲ မဟုတ္လား ၊ ကြၽန္ေတာ္က သူခ္ိုးကို လက္ပါလိုက္ရင္ ခင္ဗ်ား ပ္ိုသေဘာက်မွာ မဟုတ္လား?အရင္ဆံုး ခင္ဗ်ား ကြၽန္ေတာ့္ကို စကားမေျပာနဲ႔ၪီး ၊ ကြၽန္ေတာ္ အိမ္လိုက္ရွာေနတယ္"

ဖန္းယင္က ေတာ္ေတာ္ေလး ပူးေပါင္းေပးသည္ပင္။စကား ထပ္မေျပာေတာ့ပဲ ၊ သူ႔ေနာက္ ခပ္ေဝးေဝးကေန လိုက္လာေနသည္။

ေနာက္ဆံုးတြင္ေတာ့ လူေနအိမ္အေဆာက္အၪီးတစ္ခု၏ ပထမထပ္တြင္ ထိုအရုပ္စက္ရံုကို ရွန္႔ရွီး ရွာေတြ့သြားခဲ့သည္။အတိအက် ေျပာရလ်ွင္ အလုပ္ရံုတစ္ခုလို႔ ေျပာရမလား?ၿခံ၀န္းအ၀င္၀တြင္ ဆိုင္းဘုတ္ မခ်ိတ္ထားေပ။သို႔ေသာ္ ရွန္႔ရွီးက ဆိုင္းဘုတ္ကို မွတ္ထားျခင္း မဟုတ္ပဲ ၊ ဖြင့္ထားသည့္ ၿခံတံခါးကေန ၿခံထဲတြင္ အစုလိုက္ပံုထားသည့္ အရုပ္မ်ားကို ျမင္လိုက္ရ၍ ေသခ်ာသြားျခင္းပင္။

"ဘာလုပ္ေနတာလဲ?"

အမ်ိဳးသမီးတစ္ေယာက္က တံခါးအေနာက္ကေန ရုတ္တရက္ ထြက္ေပၚလာၿပီး ၊ တံခါးကို ပိတ္၍ ၊ အဟနည္းနည္းသာ ခ်န္ၿပီး ၊ သတိအေနအထားျဖင့္ ရွန္႔ရွီးကို စိုက္ၾကည့္ေနသည္။

"ကြၽန္ေတာ္......မေန့က ဖုန္းဆက္ထားတယ္ေလ ၊ ကြၽန္ေတာ့္ကို လာခိုင္းလို႔....."

ရွန္႔ရွီးမွာ ထိုပံုစံကို ျမင္လိုက္ရ၍ ခ်က္ခ်င္း ၀င္မသြားခ်င္ေတာ့ေပ။သူခိုးလိုပင္။ၾကည့္လိုက္လ်ွင္ ဖ်င္ရႉး၏ ေနရာထက္ လူေတြ့မခံႏိုင္သလို ခံစားခ်က္မ်ိဳးျဖစ္သည္။

သူ႔စကား ေျပာလို႔ မဆံုးေသးမီမွာပင္ ၊ ထိုအမ်ိဳးသမီး၏ ျဖတ္ေျပာတာ ခံလိုက္ရသည္။သူမက ရုတ္တရက္ႀကီး မ်က္ႏွာတစ္၀က္ေဖာ္၍ ရွန္႔ရွီးအေနာက္ကို စိုက္ၾကည့္လိုက္ၿပီး :

"ဂ်ာနယ္လစ္တစ္ေယာက္ကို ေခၚလာခဲ့တယ္?မင္း ဘာလုပ္တာလဲ ! "

ရွန္႔ရွီးမွာ ေၾကာင္အသြားမိၿပီး ၊ ေခါင္းလွည့္ၾကည့္လိုက္မိရာ ၊ သူ႔အေနာက္ မီတာသံုးဆယ္ အကြာေလာက္တြင္ ကင္မရာကိုင္ထားသည့္ ဖန္းယင္ကို ေတြ့လိုက္ရသည္။သူ ထပ္ေျပာမွာကိုပင္ မေစာင့္ေတာ့ပဲ ၊ ထိုအမ်ိဳးသမီးက ၿခံတံခါးက္ို ေဆာင့္ပိတ္လိုက္သည္။

တစ္ဆက္တည္းမွာပင္ အထဲကေန ဆူဆူညံညံ အသံမ်ားကို ၾကားလိုက္ရသည္။အမ်ိဳးသမီးက တစ္ေယာက္ေယာက္ႏွင့္ စကားေျပာေနဟန္ပင္။ဂ်ာနယ္လစ္ ဘာညာ ဘာညာ ၊ တိတ္တဆိတ္ စံုစမ္းစစ္ေဆးတာ ဘာညာ ဆိုတာမ်ိဳးကို ရွန္႔ရွီး မသဲမကြဲၾကားလိုက္ရသည္။

သူ မ်ားမ်ားစားစား စဥ္းစားမေနေတာ့ပဲ ၊ ကိုယ္ကိုလွည့္၍ ေျခေထာက္ကို ေျမႇာက္ကာ ေျပးထြက္လာခဲ့လိုက္သည္။ေျပးတာ ႏွစ္လွမ္း မျပည့္ေသးမီမွာပင္ ၊ လူတစ္ေယာက္က ၿခံတံခါးက္ို ဆြဲဖြင့္လိုက္သည့္ အသံအား ၾကားလိုက္ရသည္။သူ ေခါင္းလွည့္၍ တစ္ခ်က္ၾကည့္လိုက္ရာ ၊ တီရွပ္အရွည္တစ္ထည္ကို ၀တ္ထားၿပီး ၊ ႂကြက္သား ထြက္ေနလို႔လား ဒါမွမဟုတ္ အဆီမ်ားေနလို႔ ပူထြက္ေနတာလား မသိသည့္ ေယာက်ာ္းတစ္ေယာက္က သံေဂၚျပားကို ဆြဲကိုင္၍ ေျပးထြက္လာသည္ကို ျမင္လိုက္ရသည္။

သူ တစ္ျခားဘာကိုမွ ဂရုမစိုက္ႏိုင္ေတာ့ပဲ ၊ ခ်က္ခ်င္းပင္ သံပတ္ေပးခလုတ္ကို လွည့္လိုက္သလိုမ်ိဳး ေျပးထြက္လာခဲ့လိုက္သည္။ေျခဖေနာင့္ႏွင့္ ေနာက္ေစ့ကို ထိတာမေျပာႏွင့္ ၊ ေျခေထာက္သာ နည္းနည္း ထပ္ရွည္ေနပါက မ်က္ခံုးကိုပင္ ထိမလား မေျပာတတ္ေပ။

ဖန္းယင္က အသိမ၀င္ေသးသည့္ပံုပင္။ရွန္႔ရွီး ေဘးနားက ျဖတ္ေျပးသြားသည့္ အခ်ိန္၌ ၊ ဖန္းယင္က ကင္မရာကို ကိုင္၍ ရွန္႔ရွီးအား ခ်ိန္ထားကာ တစ္လမ္းလံုး ခလုတ္ကို ႏိွပ္ေနသည္။

"အရူး ! "

ရွန္႔ရွီးက တစ္ခြန္းဆဲဆိုလိုက္ၿပီး

"ေျပးေလ ! ခင္ဗ်ားကို တိတ္တဆိတ္ စံုစမ္းစစ္ေဆးတယ္ ထင္ၿပီး ဟိုက ထိုးေတာ့မွာ ! "

"ဘာ?"

ထိုအခါက်မွသာ ဖန္းယင္က အလန္႔တၾကား ျဖစ္သြားၿပီး ၊ ကင္မရာကို ပိုက္၍ ရွန္႔ရွီးႏွင့္အတူ အသည္းအသန္ ေျပးလိုက္လာသည္။

ႏွစ္ေယာက္သား တစ္ေလ်ွာက္လံုး ေျပးလာခဲ့ၾကၿပီး ၊ လမ္းမႀကီးေပၚ ေရာက္သည့္အခ်ိန္က်မွသာ ရပ္လိုက္ၾကသည္။ရွန္႔ရွီးမွာ လမ္းေဘးရိွ ေစ်းဆိုင္တစ္ဆိုင္၏ အေရ႔ွက ေလွကားထစ္ေပၚ ထိုင္ခ်လိုက္ၿပီး ၊ အေတာ္ၾကာေအာင္ ေဟာဟဲလိုက္ေနသည္။ :

"Fuck ! မလုပ္ေတာ့ဘူး ၊ ခင္ဗ်ား ကြၽန္ေတာ့္ေနာက္ မလိုက္လာနဲ႔ေတာ့ ၊ ပိုက္ဆံလည္း ကြၽန္ေတာ္ မလိုခ်င္ေတာ့ဘူး ၊ ျမန္ျမန္သြားေတာ့"

"ေရနည္းနည္း ေသာက္လိုက္"

ဖန္းယင္က ေရဘူးသြား၀ယ္၍ ရွန္႔ရွီးအား ေပးလိုက္ကာ ၊ ကင္မရာအိတ္ကို ပိုက္၍ ရွန္႔ရွီးေဘးနားတြင္ ထိုင္ခ်လိုက္သည္။

"မင္းေျပးတာ တကယ္ျမန္တာပဲ"

"မဟုတ္ေသးပါဘူး ၊ ကြၽန္ေတာ္ေျပာပါၪီးမယ္ ၊ ဓာတ္ပံုဆရာႀကီး ၊ ခင္ဗ်ားေၾကာင့္ ကြၽန္ေတာ့္ကိစၥေတြကို ေနွာင့္ေနွးကုန္ၿပီ"

ရွန္႔ရွီးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ၊ ေရကိုယူ၍ ႏွစ္ငံုေလာက္ ေသာက္လိုက္သည္။

"ခင္ဗ်ား ေျပာၾကည့္ ၊ ခုနက ကြၽန္ေတာ္သာ အသိ၀င္တာ ေနာက္က်ရင္ ၊ ဟိုလူထြက္လာၿပီး သံေဂၚျပားနဲ႔ ကြၽန္ေတာ့္မ်က္ႏွာကိုရိုက္လိုက္ရင္ ဘယ္လိုလုပ္မလဲ?"

ဖန္းယင္က ရယ္လိုက္ၿပီး ၊ အေတာ္ၾကာသည္အထိ ဘာမွမေျပာပဲ ၊ ေခါင္းငံု႔၍ ကင္မရာထဲရိွ ဓာတ္ပံုမ်ားကို ၾကည့္ေနကာ ၊ ရုတ္တရက္ႀကီး ရွန္႔ရွီး၏ ပခံုးက္ို ပုတ္၍ :

"အမွန္ေတာ့ ဒီဓာတ္ပံုေတြက ေတာ္ေတာ္ေလး ခံစားခ်က္ ရိွတယ္.......ဒါက ဘ၀ပဲ ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကဘူး ၊ ကိုယ့္နည္းနဲ႔ကိုယ္ ရုန္းကန္ေနၾကတယ္"

"အေမွာင္ထု အစြန္းမွာ ရုန္းကန္ေနတဲ့ ကံဆိုးသူ ေကာင္ေလးက အလုပ္ရွာတာ ၊ တရားမ၀င္ သားရဲတြင္းေနရာမွာ ရွာမိသြားလို႔ ၊ အဆံုးသတ္မွာ အရိုက္ခံလိုက္ရၿပီး ေဆးရံုတက္လိုက္ရတယ္?"

ရွန္႔ရွီးက ဖန္းယင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ၊ ေအးစက္စက္ျဖင့္ တစ္ခ်က္ရယ္လိုက္သည္။

"ခင္ဗ်ား ေတာ္ေတာ္ေလး စိတ္လႈပ္ရွားေနတာ မဟုတ္လား ၊ ေတာ္ေတာ္ေကာင္းတဲ့ အေၾကာင္းအရာဆိုေတာ့ေလ"

"ေရွာင္က်န္ ၊ ငါ ဒီဟာေတြကို ဘာလို႔ ဓာတ္ပံုရိုက္လဲဆိုတာ မင္းသိလား?"

ဖန္းယင္က ေဆးလိပ္မီးၫွိ၍ ခဲလိုက္သည္။

"ဘာလို႔လဲဆိုေတာ့ ၾကည့္ခ်င္တဲ့လူ ရိွလို႔ေပါ့"

ေျပးရလြန္း၍ ဖိနပ္ထဲ၀င္သြားသည့္ ေျခအိတ္အား ရွန္႔ရွီးက ဆြဲတင္လိုက္ၿပီး

"တစ္ျခားလူရဲ့ ဘ၀က ဘယ္လိုပံုစံမ်ိဳးလဲဆိုတာကို လူတိုင္းက သိခ်င္ၾကတယ္ေလ ၊ ပိုၿပီး ကြာျခားေလ ပိုၿပီး ၾကည့္ခ်င္ၾကေလ ၊ အသက္ရွင္ရတာ ပိုၿပီး ဆိုးဝါးေလ ပိုၿပီး ထူးဆန္းေလ ပိုၿပီးၾကည့္ခ်င္ေလပဲ"

ဖန္းယင္က ခဏေလာက္ တိတ္ဆိတ္ေနၿပီး ၊ ေဆးလိပ္ေငြ့ကို မႈတ္ထုတ္လိုက္ကာ :

"ေရွာင္က်န္ ၊ မင္း ေက်ာင္းမတက္ခဲ့တာ တကယ္ ႏွေမ်ာဖို႔ေကာင္းတယ္"

"ဒါေပမယ့္ ဒါေတြကိုၾကည့္ၿပီးသြားေတာ့ေရာ ဘာျဖစ္သြားႏိုင္လို႔လဲ?"

ရွန္႔ရွီးက ဖိနပ္ႀကိဳးကို ေသခ်ာခ်ည္လိုက္ၿပီး ၊ မတ္တပ္ထရပ္၍ ေျခေထာက္ကို တစ္ခ်က္ လႈပ္ရွားလိုက္သည္။

"ၾကည့္တဲ့လူေတြက ခဏေလာက္ သနားၾကမွာေပါ့ ၊ ဒီေလာက္ အသက္ရွင္ရတာ ဆိုးဝါးၾကတဲ့လူေတြ ရိွေသးတာပဲ ၊ သရုပ္ေဆာင္တဲ့လူက ဘယ္လို ရွင္သန္သင့္တာ ဒါမွမဟုတ္ ဒီလိုရွင္သန္သင့္တာ ၊ ဟုတ္တယ္မလား?"

"မင္းကိုယ္တိုင္ကေရာ တစ္ျခားအေတြးမ်ိဳး နည္းနည္းေလာက္ မရိွဘူးလား?ဓာတ္ပံုရိုက္ေနတဲ့ အခ်ိန္အတြင္းမွာ....."

ဖန္းယင္ကလည္း မတ္တပ္ထရပ္လိုက္သည္။

"မရိွဘူး"

ရွန္႔ရွီးကလည္း ဖန္းယင္၏ ပခံုးကို ပုတ္လိုက္ၿပီး

"ကြၽန္ေတာ္က တစ္ရက္ကို ယြမ္50အတြက္ပဲ ၊ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ သည္းမခံႏိုင္ေတာ့တဲ့ အခ်္ိန္ မေရာက္ခင္ ဓာတ္ပံုကို ၿပီးေအာင္ ရိုက္လိုက္တာ အေကာင္းဆံုးပဲ"

အရုပ္ေရာင္းသည့္ အလုပ္က အခြင့္အေရး မရိွေတာ့ေခ်။ရွန္႔ရွီးမွာ ဘတ္စ္ကားေပၚ ျပန္တက္လိုက္ၿပီး ၊ ဟိုစားေသာက္ဆိုင္ဆီ သြားလိုက္သည္။စားေသာက္ဆိုင္ကေတာ့ တရားမ၀င္ ေနရာတြင္ မဟုတ္ေပ။ေဆးရံုႏွင့္ သံုးလမ္းေလာက္ ျခားသည္။သို႔ေသာ္လည္း ဆိုင္က အရမ္းမႀကီးသည့္ အျမန္စားေသာက္ဆိုင္ျဖစ္သည္။အဓိက အစားအစာမွာ
ရွားေကာထမင္း ျဖစ္သည္။

အရင္က တာ့ဝါးလမ္းဆံုတြင္ အၿမဲတမ္း ဖ်င္ရႉးက စာရင္းရွင္းဖို႔ အခ်ိန္ဆြဲေနတတ္သည့္ ထိုအျမန္စားေသာက္ဆိုင္ႏွင့္ ဆိုင္ပံုစံက သိပ္မကြာေပ။ရွန္႔ရွီး ၀င္သြားသည့္ အခ်ိန္၌ ရင္းႏွီးေနသလို ခံစားခ်က္မ်ိဳး ခံစားလိုက္ရသည္။

သူေဌးႏွင့္ သူေဌးမိန္းမ ႏွစ္ေယာက္စလံုး စီမံခန္႔ခြဲေနၾကသည္။အရင္က ရိွသည့္ တပည့္က မလုပ္ေတာ့တာေၾကာင့္ ၊ လူအသစ္ေခၚေနျခင္း ျဖစ္သည္။အေတာ္ေလး အလ်င္လိုေနသည္။

ရွန္႔ရွီးက အလုပ္အေတြ့အႀကံဳ ရိွသည္ဟု ေျပာလိုက္သည္။သို႔ေသာ္လည္း ဖုန္းေပါကြၽမ္းဟုေတာ့ မေျပာလိုက္ေပ။အျမန္စားေသာက္ဆိုင္ တစ္ခုဟုသာ ေျပာလိုက္သည္။ထိုသို႔မဟုတ္ပါက ဖုန္းေပါကြၽမ္းမွာ လုပ္ခဲ့သည့္လူက ဘယ္လိုျဖစ္ၿပီး ဒီလိုဆိုင္အေသးေလးမွာ လာလုပ္တာလဲဟု ေမးလာလ်ွင္ ၊ သူ ျပန္မေျဖတတ္ေပ။

"ဒီတစ္ေယာက္က အဆင္ေျပတယ္ ထင္တယ္?"

သူေဌးက ေဖာ္ေရြပံုေပၚသည့္ လူ၀ႀကီးတစ္ေယာက္ ျဖစ္သည္။သူႏွင့္ စကားနည္းနည္း ေျပာၿပီးသည္ႏွင့္ ၊ ေခါင္းလွည့္ကာ ၊ ဟင္းေၾကာ္ေနသည့္ သူေဌးမိန္းမကို ေမးလိုက္သည္။

"ၾကည့္ရတာေတာ့ သန္႔သန္႔ရွင္းရွင္းနဲ႔ သြက္သြက္လပ္လပ္ရိွတယ္ ၊ အရင္က လာတဲ့ ဟိုတစ္ေယာက္ထက္ေတာ့ သာတယ္"

"အဆင္ေျပတယ္"

သူေဌးမိန္းမကို ၾကည့္လိုက္လ်ွင္ သူေဌးႏွင့္ တစ္ပံုစံတည္း ျဖစ္ၿပီး ၊ ပံုတူအေသးေလးပင္။သူမအေရ႔ွရိွ အိုးအေသး သံုးလံုးျဖင့္ တစ္ၿပိဳင္တည္း ဟင္းေၾကာ္ေနသည္။ဟင္းအိုးေမႊေနရင္း ရွန္႔ရွီးအား အကဲခတ္လိုက္ကာ

"ကေလး ၊ မင္း အသက္ဘယ္ေလာက္ ရိွၿပီလဲ ၊ ၾကည့္ရတာ အသက္မျပည့္ေသးဘူး ထင္တယ္?ID ကဒ္ ၾကည့္ၾကည့္မယ္"

"19 ႏွစ္ ရိွပါၿပီ"

ရွန္႔ရွီးက ေျပာလိုက္ၿပီး ၊ က်န္ဟုန္ထူ၏ ID ကဒ္ကို ထုတ္ယူကာ သူေဌးကို လွမ္း​ေပးလိုက္သည္။

"အင္း ၊ ဟုန္ထူ"

သူေဌးက တစ္ခ်က္ၾကည့္လိုက္ၿပီး

"မင္း ဒီေန့ပဲ အလုပ္စလိုက္ေတာ့ေလ ၊ ငါတို႔ဆိုင္က လူမေလာက္ေတာ့ ၊ အလုပ္မႏိုင္ေတာ့ဘူး"

"အာ?"

ရွန္႔ရွီးမွာ ေၾကာင္အသြားမိသည္။သူ အခုခ်က္ခ်င္း အလုပ္ရွာၿပီး လုပ္ခ်င္ေနေသာ္လည္း ၊ ဒီေလာက္ျမန္ျမန္ႀကီး သူ႔အား အလုပ္ စလုပ္ခိုင္းလာတာေၾကာင့္ ၊ ရုတ္တရက္ သူ အသိျပန္မ၀င္လာေပ။

ေနာက္ဆံုးေတာ့ အလုပ္လုပ္ရေတာ့မယ္ ! အရမ္းေကာင္းတာပဲ !

ခ်က္ခ်င္းပဲ ခ်ိန္ေပၚယန္အိမ္ကေန ေျပာင္းလာရေတာ့မယ္.......တကယ္ မလုပ္ခ်င္ဘူး !

ဒီအေတြးႏွစ္ခုအား သူ႔င္္ၪီးေနွာက္ထဲတြင္ အျပန္ျပန္အလွန္လွန္ ေတြးေတာ ေနမိသည္။ပလာစတာပင္ ကြာက်ေတာ့မတတ္ပင္။

"ဘာျဖစ္လို႔လဲ?အဆင္မေျပဘူးလား?လုပ္အားခက 1200 ၊ ႏွစ္နပ္စာ ေကြၽးမယ္ ၊ ဒီဟာက မဆိုးဘူးလို႔ ေျပာလို႔ရပါတယ္"

သူေဌးက ေျပာလာသည္။

"အဆင္မေျပတာ မဟုတ္ပါဘူး"

ရွန္႔ရွီးက ပလာစတာကို ဖိ၍ ရွင္းျပလိုက္သည္။

"ကြၽန္ေတာ္ ရွင္းလင္းစရာ ကိစၥ နည္းနည္း ရိွေနေသးလို႔ပါ ၊ ကြၽန္ေတာ္ ေနရမယ့္ ေနရာေတာင္ မရွာရေသးဘူး ၊ ကြၽန္ေတာ္ .....မနက္ျဖန္ မနက္က်ရင္ ကိစၥနည္းနည္း ရိွေနေသးတယ္"

"အရင္ဆံုး ဆိုင္မွာ ေနလို႔ ရတယ္ ၊ ငါတို႔အေနာက္မွာ ထပ္ခိုးခန္းတစ္ခု ရိွတယ္"

သူေဌးမိန္းမက တစ္အိုးေၾကာ္ၿပီးသြား၍ ၊ ဧည့္သည္ထံ သြားခ်ေပးကာ ထပ္ေျပာလာသည္။

"မင္း မနက္ျဖန္ ညေနေလာက္ လာရင္လည္း ရတယ္ ၊ ဒါေပမယ့္ မနက္ျဖန္ ေက်ာ္သြားရင္ေတာ့ မရေတာ့ဘူး ၊ ငါ မေစာင့္ႏိုင္ဘူး ၊ မင္းလည္း ျမင္ေနတာပဲ ၊ အလုပ္မႏိုင္ဘူး"

ရွန္႔ရွီး ဆိုင္ထဲမွ ထြက္လာသည့္ အခ်ိန္၌ ၊ လမ္းမ်က္ႏွာခ်င္းဆိုင္ရိွ ပန္းၿခံေဘးနားတြင္ ထိုင္ေနသည့္ ဖန္းယင္ကို ေတြ့လိုက္ရသည္။ကင္မရာကို ကိုင္၍ သူ႔အား ဓာတ္ပံုရိုက္ေနသည္။

"ဘယ္လိုလဲ?"

ဖန္းယင္က မတ္တပ္ထရပ္၍ ၊ ရွန္႔ရွီး လမ္းမအား ျဖတ္ကူးလာေနသည္ကို ေစာင့္၍ ၊ တစ္ခြန္းေမးလိုက္သည္။

"မနက္ျဖန္ညေန စရမယ္ ကြၽန္ေတာ္ အခု ျပန္မွရေတာ့မယ္"

ရွန္႔ရွီးက ဖုန္းထုတ္၍ အခ်ိန္ၾကည့္လိုက္သည္။တစ္ေန့လံုး သြားလာေနတာ ေလးနာရီပင္ ထိုးေတာ့မည္ပင္။သူ ေန့လည္စာပင္ မစားလိုက္ရေပ။ခုနက ဆိုင္ထဲတြင္ သူေဌးမိန္းမ ေၾကာ္ေနသည့္ ဟင္းအနံ႔ကို ရႉရိႈက္ရင္း သူ႔ဗိုက္က အသံပင္ ျမည္လာသည္။

"ခင္ဗ်ားလည္း နားေတာ့ေလ ၊ ေန့လည္စာေတာင္ မစားရေသးဘူး"

"မနက္ျဖန္ ညေနစမွာ?မင္း ေနစရာေနရာ မရွာေတာ့ဘူးလား?"

ဖန္းယင္က ေမးလိုက္သည္။

"ဆိုင္မွာပဲ ေနမွာ ၊ ထပ္ခိုးခန္း တစ္ခု ရိွတယ္တဲ့"

ရွန္႔ရွီးက ေျပာလိုက္ၿပီး ၊ ဘတ္စ္ကားဂိတ္ ရိွရာဘက္ဆီ ေလ်ွာက္လာခဲ့လိုက္သည္။

"ထပ္ခိုးခန္းမွာ ေနမွာလား?"

ဖန္းယင္က ရွန္႔ရွီးေနာက္ကေန လိုက္သြားလိုက္သည္။

"အေျခအေန မေကာင္းဘူး ထင္တယ္?"

"ပိုက္ဆံမယူဘူး"

ရွန္႔ရွီးက ဖန္းယင္အား တစ္ခ်က္ၾကည့္၍ ရယ္လိုက္ကာ

"ကြၽန္ေတာ္ အခန္းရွာတာကို ရိုက္ခ်င္ေနတာ မဟုတ္လား"

"ကိစၥမရိွဘူး ၊ အရင္ဆံုး မင္း ဒီမွာ အလုပ္လုပ္တာေတြ ရိုက္မယ္"

ဖန္းယင္က ေျပာလိုက္သည္။

"တကယ္လို႔ ထပ္ခိုးခန္းက အဆင္မေျပဘူးလို႔ မင္းထင္ရင္ ၊ ငါ မင္းအတြက္ အခန္းငွားခ သံုးလစာ ထုတ္ေပးမယ္ေလ ၊ မင္း အခန္းသြားငွားလိုက္"

"ရတယ္ေလ ၊ အခန္းသံုးခန္းပါတာ တစ္ခန္းေလာက္ ငွားေပးစမ္းပါ"

ရွန္႔ရွီးက လက္ေဖ်ာက္တစ္ခ်က္ တီးလိုက္သည္။

"မင္း အစက ဘယ္လိုပံုစံမ်ိဳး ငွားခ်င္တာလဲ ၊ အဲ့လို ပံုစံမ်ိဳး ငွားလိုက္"

ဖန္းယင္က ရယ္လိုက္ၿပီး

"ဘယ္လိုလဲ?"

"ေနာက္မွ ထပ္ေျပာၾကတာေပါ့ ၊ ကြၽန္ေတာ္ အေျခအေန ၾကည့္လိုက္ၪီးမယ္"

အမွန္ေတာ့ စားေသာက္ဆိုင္၏ ထပ္ခိုးခန္းမွာ ေနဖို႔ ရွန္႔ရွီးလည္း သိပ္ၿပီး ဆႏၵမရိွေခ်။အေတြးနဲ႔တင္ ေနဖို႔ အဆင္မေျပေပ။နိမ့္နိမ့္ေလးႏွင့္ ေမွာင္မည္းေနမွာပင္။သူ႔မွာ ပိုက္ဆံသိပ္မရိွေသာ္လည္း ၊ အၾကာႀကီးေနဖို႔ အစီအစဥ္ မရိွေခ်။ေျပာင္းရမွာပင္။

သို႔ေသာ္လည္း အကယ္၍မ်ား ဖန္းယင္က သူ႔အတြက္ သံုးလစာ အခန္းငွားခ ထုတ္ေပးလ်ွင္ ၊ သူ တစ္ခ်က္ေလာက္ စဥ္းစားခ်င္ေယာင္ ေဆာင္ၿပီးမွ အေျဖျပန္ေပးဖ္ို႔ ပ္ိုဆႏၵရိွသည္။

----------

ခ်ိန္ေပၚယန္ အိမ္ျပန္ေရာက္လာသည့္ အခ်ိန္၌ ၊ ရွန္႔ရွီးမွာ ဆိုဖာေပၚတြင္ ထိုင္၍ တီဗြီၾကည့္ေနသည္။ခ်ိန္ေပၚယန္ ၀င္လာသည္ကို ျမင္တာႏွင့္ ခ်က္ခ်င္း မတ္တပ္ထရပ္လိုက္ၿပီး :

"ဖိနပ္ လဲစီးမေနနဲ႔ေတာ့"

"ဟင္?"

ခ်ိန္ေပၚယန္က ဖိနပ္ခြၽတ္ရန္ ေျခေထာက္တစ္ဖက္ ေျမႇာက္ထားရာ ၊ ရွန္႔ရွီးစကားကို ၾကားသည္ႏွင့္ မလႈပ္ရွားေတာ့ေပ။

"ဒီေန့ ကြၽန္ေတာ္ ခင္ဗ်ားကို ထမင္း၀ယ္ေကြၽးမယ္"

ရွန္႔ရွီးက စာၾကည့္ခန္းထဲ ေျပး၀င္၍ အက်ႌလဲလိုက္ကာ ၊ ျပန္ေျပးထြက္လာခဲ့လိုက္သည္။

"ခင္ဗ်ားကို ေက်းဇူးတင္လို႔"

"ဘာျဖစ္လို႔လဲ ၊ အလုပ္ရသြားၿပီလား?"

ခ်ိန္ေပၚယန္က ရွန္႔ရွီးကို ၾကည့္လိုက္သည္။

"အင္း ၊ အျမန္စားေသာက္ဆိုင္ တစ္ဆိုင္ ၊ ရွားေကာထမင္းလုပ္တာ"

ရွန္႔ရွီးက ေခါင္းညိတ္ျပလိုက္ၿပီး ၊ အျပင္ထြက္လာခဲ့လိုက္သည္။

"မနက္ျဖန္ မနက္ ကြၽန္ေတာ္ ေနာက္ဆံုးေဆးတစ္လက္ ထိုးၿပီးသြားရင္ ၊ ေဆးနည္းနည္း ယူလိုက္ရံုပဲ ၊ ေဆးရံု ထပ္သြားဖို႔ မလိုေတာ့ဘူး ၊ မနက္ျဖန္ ညေန စလုပ္မယ္လို႔ သူေဌးကို ေျပာၿပီးၿပီ"

"မနက္ျဖန္?"

ခ်ိန္ေပၚယန္မွာ တံခါးကို အားျပဳထားရင္း ေၾကာင္အသြားခဲ့သည္။

"ဟုတ္တယ္ ၊ အစကေတာ့ ေနာက္ႏွစ္ရက္ေလာက္ေနမွလို႔ ကြၽန္ေတာ္ ေျပာမလို႔ပဲ ဒါေပမယ့္ အရမ္း လူလိုေနလို႔ အလုပ္ေခၚစာ ကပ္လိုက္တာလို႔ သူေဌးက ေျပာတယ္"

ရွန္႔ရွီးက ဆံပင္ကို ဆုပ္ကိုင္၍ အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။

"ခင္ဗ်ား မသိပါဘူး ၊ ကြၽန္ေတာ့္ရဲ့ အေျခအေနက အလုပ္ရွာရတာ တကယ္ မလြယ္ဘူး ၊ ကြၽန္ေတာ္ အရင္ဆံုး လုပ္ဖို႔ ေတြးထားတယ္ ၊ ေနာက္မွ ျဖည္းျဖည္းခ်င္း ၾကည့္လုပ္တာေပါ့"

"ည အလုပ္ဆင္းရင္ ငါ့အိမ္မွာ လာေနၪီးမွာ မဟုတ္လား?"

ခ်ိန္ေပၚယန္က တံခါးကို ပိတ္လိုက္ၿပီး

"မင္း အခန္းမငွားရေသးဘူး မဟုတ္လား"

"ငွားၿပီးသြားၿပီ"

ရွန္႔ရွီးက ေျပာလိုက္သည္။သူ စားေသာက္ဆိုင္က ထပ္ခိုးခန္းတြင္ ေနမွာကို ခ်န္ေပၚယန္ကို မေျပာျပေတာ့ေပ။

"မနက္ျဖန္ ကြၽန္ေတာ္......ေျပာင္းသြားေတာ့မယ္"

"......ေၾသာ္ ၊ အဲ့ဒါဆိုလည္း ၿပီးတာပါပဲ"

ခ်ိန္ေပၚယန္က ဓာတ္ေလွကား အေရ႔ွနား ေလ်ွာက္သြား၍ ရပ္လိုက္ၿပီး

"ဒါဆို မင္း အလုပ္ကို ေကာင္းေကာင္းလုပ္ ၊ ဘာကိစၥပဲ ရိွရိွ ငါ့ကို ဖုန္းဆက္လို႔ ရတယ္"

"အင္း ၊ ေသခ်ာေပါက္ ဆက္မွာေပါ့ ၊ ကြၽန္ေတာ္က ခင္ဗ်ားလို လူေကာင္းတစ္ေယာက္ကိုပဲ သိတဲ့ဟာ"

ရွန္႔ရွီးက ရယ္၍ ေျပာလိုက္သည္။ႏွစ္ေယာက္လံုး တိတ္ဆိတ္စြာျဖင့္ ခဏေလာက္ၾကာေအာင္ ရပ္ေနမိၾကသည္။ရွန္႔ရွီးက ႏွာေခါင္းကို ပြတ္၍ တစ္ခြန္းေမးလိုက္သည္။

"ကြၽန္ေတာ္တို႔က ေအာက္ကို ဆင္းမွာလား?"

"ဟုတ္တယ္ေလ ၊ မင္းပဲ ငါ့ကို ထမင္း၀ယ္ေကြၽးမယ္လို႔ ေျပာတာ မဟုတ္ဘူးလား?"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

"အခု ဓာတ္ေလွကားေတြက စိတ္နဲ႔ ထိန္းခ်ဳပ္တာလား?"

ရွန္႔ရွီးက ေမးလိုက္သည္။

"စြမ္းအား လႊတ္လိုက္တာနဲ႔ သူ႔ဘာသာ တက္လာတာေလ"

ခ်ိန္ေပၚယန္က ဓာတ္ေလွကား ခလုတ္ကို တစ္ခ်က္ႏိွပ္လိုက္ၿပီး :

"ေမ့သြားလ္ို႔"

* * ***

ရွားေကာထမင္း


Continue Reading

You'll Also Like

74.2K 8K 23
Anika was eloping from her house to marry her long time boyfriend, Aditya but an accident changed her whole life. Let's see what happens next. peep...
schoolmate By Nikki

Teen Fiction

4.1K 339 9
The story is all about teenage love , school love and best part is that , the main lead of story is our favourite MANAN ❤️😉. I am in Wattpad from 20...
10.5K 1.5K 31
Title : Replacing the Evil Way | 置换凶途 Author : Cat Tea Beaver | 猫茶海狸 Chapter : 99 + 5 Extras (Completed)
126K 4.4K 30
︎Dakari Stilinski is the older brother of Stiles Stilinski. He was in his senior year, when his entire life changed, his younger brother, dragged him...