တစ္ဆေသတို့သား

By SN_SwaeNyoe002

29.8K 2.4K 36

ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာက... More

Description
Part 1
Part 2
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Summer Rise Promotion Reviews
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Telegram ကို လာခဲ့နော်
Part 49
Part 50
Part 51
Completed Novels in Telegram

Part 5

788 74 1
By SN_SwaeNyoe002

အပိုင်း (၅)- အဆိပ်ပြင်းတဲ့ယောကျာ်း

"ဟေ့ မင်း မအိပ်သေးဘူးလား"

ရုံချီက စူးမြောင်အာကို မျက်လုံးဖွင့်ကြည့်သည်။

"အာ... သူစိမ်း ယောကျာ်းတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အတူအိပ်ဖို့ မသင့်တော်ဘူးထင်တယ်"

"ကိုယ်မေ့သွားတယ်... ကိုယ် မင်းနဲ့ လက်ထပ်ချင်ပေမယ့် မင်းက ကိုယ့်ကို ငြင်းထားတာပဲ"

ရုံချီက ကုတင်ပေါ်မှ အမြန်ထလာပြီး ကြမ်းပြင်ပေါ်တွင် လှဲအိပ်လိုက်သည်။

"ကိုယ်ဒီမှာပဲ အိပ်လိုက်တော့မယ်"

စူးမြောင်အာသည် တစ္ဆေသရဲများက အအေးမမိတတ်ကြောင်း သိထားသော်လည်း ရုံချီကို မောင်းထုတ်မိခြင်းအတွက် အားတုံ့အားနာ ဖြစ်မိသွားသည်။ သို့သော် ကုတင်ပေါ်သို့ ပြန်တက်ရန်တော့ သူမ လုံးဝ စကားစပြီး မခေါ်ခဲ့ချေ။ ဤသို့ဖြင့် ရုံချီလည်း ကြမ်းပြင်ပေါ်တွင်သာ ငြိမ်ငြိမ်လေး လှဲအိပ်နေတော့သည်။

"ဒီမှာ... ရှင့်အဝတ်အစားကို ကြည့်ရသလောက်ဆိုရင်ချင်မင်းဆက်လူတွေရဲ့ ဝတ်ပုံစားပုံနဲ့ တူနေတယ်... ရှင်အသက်ရှင်နေတုန်းက ဘယ်နှခုနစ်မှာ နေခဲ့တာလဲ"

စူးမြောင်အာသည် ကုတင်ပေါ်တွင် လှဲနေရင်း တိတ်ဆိတ်နေသော လေထုကြောင့် အတန်ငယ် နေရခက်လာကာ ဟိုဟိုသည်သည် လျှောက်မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ရုံချီက မျက်ဝန်းများကို ပိတ်ထားရင်း ပြန်ဖြေသည်။

"ကိုယ်က ကျားချင်ဘုရင် ထီးနန်းအုပ်စိုးနေတဲ့နှစ်မှာ သေခဲ့တာ... ခုနှစ်အတိအကျကတော့ အရမ်းကြာနေပြီမို့လို့ ကိုယ်လည်း မမှတ်မိတော့ဘူး"

ရုံချီ၏ စကားက အမှန်တရားတစ်ခုလည်း ဖြစ်နိုင်သလို တစ်စုံတစ်ခုကို တမင် ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။ စူးမြောင်အာသည် ရှေးခေတ်သမိုင်းကြောင်းများကို သိပ်မသိသော်လည်း ရုံချီသေခဲ့သည့်နှစ်ကရာစုနှစ်တစ်စုကြာနေပြီဖြစ်ကြောင်းကိုမူ အကြမ်းဖျင်း တွက်ဆတတ်သည်။

စူးမြောင်အာသည် နောက်ထပ် ဘာမေးသင့်ကြောင်းအချိန်ယူ စဥ်းစားပြီးနောက် အလွန် အရေးကြီးသောမေးခွန်းကို ထုတ်မေးလိုက်သည်။

"အဲ့ဒီလခြမ်းကျောက်စိမ်းက အရင်တုန်းက ရှင် ပိုင်ခဲ့တဲ့ ပစ္စည်းတစ်ခုလား... ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းကို နှောင့်ယှက်နေတာကလဲ ရှင့်လက်ချက်ပဲမဟုတ်လား... ကျွန်မ ဦးလေးက အဲ့ဒီနေရာမှာရှိတဲ့ မကောင်းတဲ့စွမ်းအားတွေကို ရှင်းထုတ်ပေးဖို့ ရောက်လာရုံပါပဲ... ရှင်က သူ့ကို ခြောက်လှန့်တဲ့အပြင် ကျွန်မကိုပါ လာခြောက်လိုက်သေးတယ်"

နောက်ဆုံးတွင်မူ ရုံချီက မျက်လုံးများကို ပြန်ဖွင့်ပြီး စူးမြောင်အာကို စိုက်ကြည့်ကာ ခပ်တိုးတိုးပြောသည်။

"ကလေးမလေး မင်း ကိုယ့်ကို မေးခွန်းတွေ အများကြီးမမေးနဲ့... ပုတီးစေ့ရှာဖို့ကိုပဲ အာရုံစိုက်ထား... အချိန်ကျလာတဲ့အခါကျရင် ကိုယ် မင်းကို ပြောပြမယ်... မင်းသိလား စပ်စုတဲ့ လူတွေက သူများထက် အသေစောတယ်တဲ့"

စူးမြောင်အာ မျက်စောင်းထိုးလိုက်သည်။

မပြောနေပေါ့...

"ရှင့်ကို ကျွန်မ ပြောထားတယ်လေ... ကလေးမလေးလို့ မခေါ်နဲ့လို့... ရှင် ကျွန်မနာမည်ကို မသိတာလဲမဟုတ်ဘဲနဲ့"

ရုံချီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"ကိုယ်သိတယ် ဒါပေမဲ့ မခေါ်ချင်ဘူး... တစ်မျိုးကြီးပဲကွာ ကိုယ့်ပါးစပ်​ကနေ ပြောမထွက်ဘူး ဖြစ်နေတယ်"

စူးမြောင်အာသည် ရုံချီကို စိတ်ထဲတွင် မကျေမချမ်းကျိန်ဆဲရင်း လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။

ငါ့နာမည်က ဘယ်မှာတစ်မျိုးကြီး ဖြစ်နေလို့လဲ... ပါးစပ်ကနေတောင် ပြောမထွက်ဘူးပေါ့လေ ရယ်စရာပဲ

"ကိုယ် မင်းကို မြောင်မြောင်လို့ခေါ်မယ်... အဲဒါက ပိုပြီးတော့ ခေါ်ရအဆင်ပြေတယ်"

ရုံချီသည် စူးမြောင်အာတစ်ယောက် ဒေါသထွက်လွန်း၍ အိပ်မပျော်မည်ကို စိုးရိမ်သွားပုံရပြီး နောက်ဆုံးတွင်မှ နာမည်ပြောင်တစ်ခုပေးပြီး ပြေရာပြေကြောင်း ပြောသည်။

"ခေါ်ချင်သလိုသာခေါ်တော့"

စူးမြောင်အာ ရုံချီကို ကျောပေးပြီး လျစ်လျူရှုလိုက်တော့သည်။ သို့သော် စူးမြောင်အာကို အတင်းအိပ်ခိုင်းနေသော ရုံချီသည် စူးမြောင်အာ အမှန်တကယ်ငြိမ်သွားချိန်တွင် နေမထိထိုင်မသာဖြစ်လာပြီး စကားတတွတ်တွတ် စပြောလေတော့သည်။

"ဟေး မြောင်မြောင် မင်း ကိုယ်နဲ့ လက်မထပ်ချင်ဘူးဆိုတာ တကယ်ရော သေချာရဲ့လား... နောက်မှ ကိုယ့်ကို မချစ်မိသွားစေနဲ့နော်... အဲ့ဒီအချိန်ကျမှ ကိုယ်မရှိရင် မနေနိုင်ပါဘူးဆိုပြီး အတင်းတွယ်ကပ်မနေနဲ့... အဲ့ဒီလို အတင်းတွယ်ကပ်တာမျိုး ဆိုရင် ကိုယ်က သိပ်သဘောကျတာ မဟုတ်ဘူး"

"ဆုတောင်းလေ"

စူးမြောင်အာသည် နံဘေးတွင် ရှိနေသော ခေါင်းအုံးတစ်လုံးကို ယူပြီး ရုံချီရှိရာသို့ ကောက်ပေါက်လိုက်သည်။ သူမ၏ ဘဝတွင် ရူးကြောင်ကြောင်နိုင်သော တစ္ဆေသရဲများကို မြင်ဖူးသော်လည်း ရုံချီလောက် ပေါက်ကရပြောပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသည့် တစ္ဆေမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးချေ။

စူးမြောင်အာ၏ မျက်ဝန်းများသည် တဖြည်းဖြည်း မှေးစင်းလာပြီး နောက်ဆုံးတွင် အိပ်မောကျသွားလေသည်။ ဤသို့ဖြင့် လသာသော ညတစ်ည ကုန်ဆုံးသွားပြီး နောက်တစ်နေ့ နံနက်သို့ ရောက်လာတော့သည်။

စူးမြောင်အာသည် ဟိုတယ်မှ ပေးသော တစ်ခါသုံးသွားတိုက်နှင့် သွားတိုက် မျက်နှာသစ်ပြီးသည့်နောက်တွင် မနက်စာအတွက် ပန်ကိတ်နှင့် ပဲနို့တစ်ဘူးဆင်းဝယ်ပြီး အခန်းထဲသို့ ပြန်လာခဲ့သည်။ စူးမြောင်အာပြန်ရောက်လာချိန်တွင် ရုံချီက tvကြည့်နေသည်။ မူလက cctv-10 channelမှ ရှေးသမိုင်းဇာတ်ကြောင်း ထုတ်လွှင့်မှုကို ကြည့်နေပြီး ထိုမှတဆင့် Animal world channelသို့ ပြောင်းသွားသည်။ ထို့နောက် ချင်မင်းဆက်မှ တော်ဝင်မိဖုရားတစ်ပါး အကြောင်း ဇာတ်လမ်းတွဲ ပြသမှုသို့ ရောက်သွားသည်။ နောက်ဆုံးတွင်မူ cctv-10 channel၏ နံနက်ခင်း သတင်းထုတ်လွှင့်မှုတွင် ရပ်သွားသည်။ အတန်ငယ်အကြာတွင် ရုံချီက tvကိုပါ ပိတ်ပစ်လိုက်သည်။

စူးမြောင်အာသည် ရုံချီ ထူးဆန်းနေကြောင်း ချက်ချင်း ရိပ်မိသည်။ လက်ရှိအချိန်တွင် ရုံချီသည် အနက်ရောင် tvဖန်သားပြင်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းထဲတွင် ပမာမခန့်ဆန်လွန်းသည့် အကြည့်တစ်ခုရှိနေသည်။ ၎င်းသည် အလွန် နားလည်ရခက်သော အကြည့်မျိုးဖြစ်ပြီး စူးမြောင်အာတစ်ယောက် ရုံချီ ဘာဖြစ်နေသည်ကို ပိုနားမလည်နိုင် ဖြစ်သွားရတော့သည်။ ယနေ့ခေတ် လူသားများအတွက် သမိုင်းကြောင်း ဟူသည် ယုံကြည်ရခက်သော ယုံတမ်းဒဏ္ဍာရီများသာ ဖြစ်ကြသော်လည်း သမိုင်းကြောင်းဖြစ်တည်ရာ အတိတ်ကာလတစ်ခုတွင် နေထိုင်ခဲ့သော ရုံချီအတွက်မူ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရသည်။

နောက်ဆုံးတွင် သူက သက်ပြင်းတစ်ချက် ချပြီး အလေးအနက် မေးလာသည်။

"မြောင်မြောင် အခုနှစ်က ကွမ်းရွှီးဘုရင် ထီးနန်းစိုးစံခဲ့တဲ့နှစ်နဲ့ နှစ်ပေါင်း ဘယ်လောက်ကွာနေပြီလဲ"

ရုံချီသည် tvပရိုဂရမ်များစွာကို ပြောင်းကြည့်ခဲ့သော်လည်း လိုချင်သည့် အဖြေကို မရခဲ့ပေ။ ထို့ကြောင့် စူးမြောင်အာကို မေးရုံသာရှိတော့သည်။

စူးမြောင်အာသည် လက်ချောင်းများကို ဟိုချိုးသည်ချိုးလုပ်ရင်း ဦးနှောက်ကို အပူတပြင်း အလုပ်ပေးပြီးမှ ပြန်ဖြေသည်။

"နေပါအုံး ရှင်က ကျားချင်ဘုရင်လက်ထက်မှာ သေတာမဟုတ်ဘူးလား ... ဘယ်လိုလုပ်ပြီး ကွမ်းရွှီးဘုရင်ဆီ ရောက်သွားရပြန်တာလဲ... အဲ့ဒီမင်းဆက် နှစ်ဆက်ကြားမှာတင် နှစ်ပေါင်းရာနဲ့ချီ ကွာနေတာကြီးကို"

ရုံချီက စူးမြောင်အာကို ခေါင်းလှည့်ကြည့်သည်။ စူးမြောင်အာ၏ လက်ထဲမှ ပန်ကိတ်ကို မြင်ရချိန်တွင် မထီမဲ့မြင်ဆန်သော မျက်နှာပေးဖြင့် ပေါ့ပျက်ပျက်ပြောသည်။

"အဲ့ဒီလောက်လေး စားပြီး ဗိုက်ဝနေတာလား... မင်းမှာ ရင်လဲမရှိ တင်လဲမရှိဘဲ ပိန်နေတာ မထူးဆန်းတော့ပါဘူး"

"အဟွတ်"

စူးမြောင်အာမှာ ပဲနို့သောက်နေရာမှ သီးလုနီးပါးဖြစ်သွားပြီး ရုံချီကို စိတ်ဆိုးမာန်ဆိုး မျက်စောင်းထိုးလိုက်သည်။

"အဲဒါ ရှင့်သောက်လုပ်မဟုတ်ဘူး... မနက်ခင်း စောစောစီးစီးကြီးမှာ ကျွန်မကို အရှက်ခွဲမနေပါနဲ့လား"

"ကိုယ့်စကားက မင်းကို အရှက်ခွဲသလိုဖြစ်သွားတာလား ဒါမှမဟုတ် မင်း တကယ်ပဲ မသိချင်ယောင်ဆောင်နေတာလား"

ရုံချီက ထိုအကြောင်းကို ဇွဲမလျော့ဘဲ အားတက်သရော ဆွေးနွေးနေဆဲပင်။

"ဒီခွေးကောင်..."

အဆုံးတွင်မူ စူးမြောင်အာသည် တစ္ဆေတစ်ကောင်နှင့် ရန်ဖက်ဖြစ်ခြင်းက အသက်တိုစေသည်ဟု နှလုံးသွင်းပြီး ဒေါသမီး တောက်လောင်နေသော ကိုယ့်ရင်ဘတ်ကိုသာ ပွတ်သပ်နေလိုက်တော့သည်။ ကံဆိုးချက်ကတော့ ခြောက်လှန့်ခံရရုံတင်မကဘူး... လူကိုယ်တိုင် မျက်စိရှေ့ထားပြီးတော့ပါ အစော်ကားခံနေရတာဟေ့

"ဘာလို့ဆက်မစားတော့တာလဲ"

"ဗိုက်ပြည့်နေပြီ"

ရှင့်ကျေးဇူးနဲ့လေ

"တွေ့လား အဲ့ဒီအစားအသောက်တွေက မသန့်ရှင်းဘူးလို့ ကိုယ်ပြောသားပဲ... မင်းမှ ကိုယ့်စကား နားမထောင်တာ... နောက်ကျ အဲဒါတွေ ဝယ်မစားနဲ့ ... ပိုက်ဆံချွေတာရမယ်ဆိုရင်တောင်မှ မင်းရဲ့ ကျန်းမာရေးကိုတော့ အထိခိုက်ခံလို့မဖြစ်ဘူးလေ"

ရုံချီက စူးမြောင်အာကို အပြစ်ကင်းသော မျက်နှာနှင့် အုပ်ထိန်းသူတစ်ယောက်လို ဆူပူနေသည်။

+++++

Continue Reading

You'll Also Like

304K 14.3K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...
575K 67K 187
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
404K 37.7K 198
စာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်...
509K 52.3K 172
စာရေးသူ - Mu Kong ဘာသာပြန်ဆိုသူ - No Noe (Miracle_Phyu97) စာမိတ်ဆက် စုယန်ယန်သည် သူမကွယ်လွန်သွားပြီးမှသာ သူမဟာ မယ်ရီဆူးဇာတ်လမ်းတွင် ဓားစာခံဖြစ်လာသည့်...