တစ္ဆေသတို့သား

By SN_SwaeNyoe002

29.9K 2.4K 36

ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာက... More

Description
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Summer Rise Promotion Reviews
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Telegram ကို လာခဲ့နော်
Part 49
Part 50
Part 51
Completed Novels in Telegram

Part 1

1.7K 94 2
By SN_SwaeNyoe002

အပိုင်း (၁) လခြမ်းကျောက်စိမ်းဆွဲပြား

ကျွန်မနာမည်က စူးမြောင်အာ။ သာမန်တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ ကျွန်မမှာနောက်ထပ် နာမည်ပြောင်တစ်ခုရှိသေးတယ်။ အဲဒါကတော့ အပနှင်သူတဲ့လေ။ ပြောရရင်တော့ ကျွန်မကခေတ်ပေါ်ယဉ်ကျေးမှုနဲ့ ခေတ်ဟောင်းအလုပ်ကို နှစ်မျိုးပေါင်းပြီး အလုပ်လုပ်နေတဲ့သူပေါ့ရှင်။

ထားပါ... ရှင်တို့ ကျွန်မကို ခေတ်သစ်အပနှင်သူလို့ပဲ ခေါ်ကြပေါ့။

ခေတ်သစ်အပနှင်သူဖြစ်တဲ့ ကျွန်မကတော့ လွန်ခဲ့တဲ့ တစ်ပတ်တုန်းကပဲ ကံဆိုးမိုးမှောင်ကျပြီး ဝိညာဉ်တစ်ကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ရပြီးပြီ။

ဇာတ်လမ်းလေးက ဒီလိုစတယ်။

စူးမြောင်အာ၏ မိဘနှစ်ပါးသည် စူးမြောင်အာ ကလေးအရွယ်ထဲက ယာဉ်မတော်တဆမှုဖြင့် ဆုံးပါးသွားကြသည်။ ထို့ကြောင့် စူးမြောင်အာ ပေါက်စလေးကို အပနှင်သူအဖြစ် အသက်မွေးဝမ်းကြောင်းပြုသော ဦးလေးကသာ ကျွေးမွေး စောင့်ရှောက်ခဲ့သည်။ အစောပိုင်းနှစ်များက စူးမြောင်အာ၏ ဦးလေးဖြစ်သူသည် မတောက်တခေါက် အပနှင်သူတစ်ဦးသာ ဖြစ်ပြီး ကျွမ်းဘား ပြဇာတ်ရုံမှ အလုပ်သမားတစ်ဦးအဖြစ် နှစ်အတော်ကြာ လုပ်ကိုင်စားသောက်ခဲ့သည်။ သို့သော် ကျွမ်းဘားပြဇာတ်ရုံတွင် လုပ်ကိုင်ခဲ့သည့် နှစ်များအတွင်း အပနှင်ခြင်းနှင့် သက်ဆိုင်သော ပညာရပ်များကို အကျွမ်းကျင်ဆုံးအဆင့်ထိ ရောက်အောင် လေ့လာခဲ့ပြီး ယုံကြည်သူတို့၏ ကူညီပံ့ပိုးမှုကြောင့် ဒေသတွင်း နာမည်အကြီးဆုံး အပနှင်ဆရာတစ်ဦး ဖြစ်လာခဲ့သည်။

လွန်ခဲ့သော တစ်ပတ်ခန့်က စူးမြောင်အာ၏ ဦးလေးထံသို့ အလွန်အရေးကြီးသော အလုပ်တစ်ခု ရောက်လာသည်။ ယင်းကား ပြည်တွင်းအိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် ထူးဆန်းသော အနှောင့်အယှက်များနှင့် ကြုံတွေ့နေရပြီး ဆောက်လုပ်ရေး လုပ်ငန်းရပ်ထားရသည့်အပြင် အမှုအခင်းများလည်း ဖြစ်လာသည်။ အဆိုးဆုံးမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်၏ အိမ်ထဲသို့ မည်သူမည်ဝါ ပစ်မှန်းမသိသော ခရမ်းချဉ်သီးပုပ်များ နေ့စဉ်နေ့တိုင်း ပြုတ်ကျလာခြင်းပင်။

ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်က စူးမြောင်အာ၏ ဦးလေးကို ငွေကြေးအမြောက်အမြား ကမ်းလှမ်းပြီး အပူလာကပ်ခြင်း ဖြစ်သည်။

ကျွန်မရဲ့ ဦးလေးက လိမ္မော်ခွံကိုတောင် အရည်ရအောင် ညှစ်ထုတ်တတ်တဲ့သူ ဆိုတော့လည်း... ဒါပေမဲ့ အမြတ်ကြီးစားတယ်လို့တော့ ပြောလို့မရဘူးလေ ဟုတ်တယ်ဟုတ်

ထို့နေညက စူးမြောင်အာသည် ဦးလေးဖြစ်သူနှင့် ဆောက်လုပ်ရေးလုပ်ငန်းကို အနှောင့်အယှက်ပေးနေသော ဝိညာဉ်တို့ အကြီးအကျယ် တိုက်ခိုက်ကြလိမ့်မည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်စွာဖြင့် ဦးလေးဖြစ်သူက ညဦးပိုင်းတွင် အိမ်ပြန်ရောက်လာသည်။ သူ့ပုံစံကား အတော်လေးကို ထူးဆန်းနေ၏။ မီးလောင်နေသည့်နေရာကို ဆီလောင်းထည့်ခဲ့သူကဲ့သို့ ရေးကြီးသုတ်ပြာဖြစ်နေပြီး ဖိနပ်ပင် ပြန်ပါမလာချေ။

သူပြန်မလာခင်က စူးမြောင်အာထံသို့ ဖုန်းဆက်ခဲ့သည်။ ဖုန်းထဲတွင် စူးမြောင်အာ ကြားလိုက်ရသည့် အသံသည် သေရေးရှင်ရေး ဖြစ်နေသကဲ့သို့ အလောတကြီး ဖြစ်နေခြင်းကြောင့် စူးမြောင်အာလည်း နံပါတ်တစ်ဆယ့်သုံး ဘတ်စ်ကားကို စီးကာ ဦးလေးဖြစ်သူ အနောက်သို့ ချက်ချင်း ပြေးလိုက်ခဲ့ရသေးသည်။

(၁၃ဂဏန်းက မကောင်းတဲ့နံပါတ်ပါ။ တရုတ်အလိုအရဆိုရင် ၄ကျတဲ့ ဂဏန်းတွေက မကောင်းပါဘူး။ ၄ ဆိုတဲ့ စာလုံးက ဆစ်ဆိုတဲ့ အသံထွက်ပါတယ်။ သေတယ် ဆိုတဲ့ အနက်စာလုံးနဲ့ အသံထွက်တူလို့ ၄ ဂဏန်းက တရုတ်တွေအတွက် မကောင်းတဲ့ နံပါတ်ဖြစ်ပါတယ)

ကံကောင်းထောက်မစွာဖြင့် ဦးလေးဖြစ်သူတွင် ဒဏ်ရာကြီးကြီးမားမား မရခဲ့ပေ။ သို့သော် သူက ယွမ်တစ်သိန်းဆုံးရှုံးသွားခြင်းကို တဗျစ်တောက်တောက် ပြောမဆုံးနိုင်ဘဲဖြစ်နေသည်။ အမှန်တွင် စူးမြောင်အာ၏ ဦးလေးသည် သည်တစ်ခေါက် အပနှင်ခြင်းကိစ္စအတွက် အတော်လေး အားစိုက်ထုတ်ခဲ့သော်လည်း ကံဆိုးစွာဖြင့် ရှုံးနိမ့်သွားပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်လည်း ခြေထောက်ကျိုးသွားရသည်။

စူးမြောင်အာ၏ ဦးလေးသည် ဝါရင့်အပနှင်သူ ဖြစ်သည့်အလျောက် ဤကိစ္စနှင့် ဝေးရာတွင် ရှောင်နေသင့်ကြောင်း ချက်ချင်း ရိပ်မိသည်။ သို့မှမဟုတ်လျှင် သူတို့တူဝရီးအတွက် ကံဆိုးခြင်းကသာ စောင့်ကြိုနေလိမ့်မည်။ သို့သော် ကံကောင်းထောက်စွာဖြင့် ပိုက်ဆံအနည်းအကျဥ်းတော့ ပြန်ရခဲ့သည်။

ဤပြဿနာကို ဤနေရာတွင် ပြီးဆုံးသွားပြီဟု ထင်ခဲ့သော်လည်း အမှန်တွင် ပြဿနာက ယခုမှ စတင်လာခြင်းဖြစ်သည်။

စူးမြောင်အာသည် ဦးလေးဖြစ်သူ၏ ဝေယျာဝစ္စများကို လုပ်ပေးရင်း မလျှော်ရသေးသည့် အကျီတစ်ထည်ကို ကောက်ကိုင်လိုက်ရာ မထင်မှတ်ဘဲ လခြမ်းသဏ္ဍာန် ကျောက်စိမ်းဆွဲပြားတစ်ခု ပြုတ်ကျလာသည်။

စူးမြောင်အာတစ်ယောက် အနုစိတ်ထွင်းထုထားသည့် ကျောက်စိမ်းဆွဲပြားကို မြင်မြင်ချင်းတွင် အင်မတန် သဘောကျမိသွားပြီး ခပ်ဖျော့ဖျော့ ပြုံးကာ ဦးလေးဖြစ်သူကို ပြောလိုက်သည်။

"ဦးလေးမှာ ပိုက်ဆံများများစားစား ရမယ့် အလုပ်မျိုး ရှိနေတောင် ဒီလိုကျောက်စိမ်းပြားအတွက်တော့ ပိုက်ဆံမဖြုန်းသင့်ဘူးနော်... ကြည့်ရတာတော့ စျေးကြီးမယ့်ပုံပဲ"

ထိုကျောက်စိမ်းပြားသည် အမျိုးသမီးများအတွက် သီးသန့်ဖန်တီးထားသော ပုံစံဖြစ်နေခြင်းကြောင့် စူးမြောင်အာလည်း ကြိုးဖြင့်သီကာ လည်ပင်းတွင် ဝတ်ကြည့်လိုက်သည်။

သို့သော် ဦးလေးဖြစ်သူက ကုတင်ပေါ်မှ ထလာပြီး စူးမြောင်အာထံသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လျှောက်လာသည်။ သူ၏ မျက်နှာသည် တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နီရဲနေသော မျက်ဝန်းတစ်စုံဖြင့် လခြမ်းသဏ္ဍာန် ကျောက်စိမ်းဆွဲပြားကို စူးစူးရဲရဲ စိုက်ကြည့်လျက်ရှိသည်။

ထို့နောက် သူက စူးမြောင်အာ၏ လည်ပင်းမှ ကျောက်စိမ်းဆွဲပြားကို ကမန်းကတန်း ဆွဲဖြုတ်ပြီး ပြတင်းပေါက်မှတဆင့် အပြင်သို့ လွင့်ပစ်လိုက်လေသည်။ စူးမြောင်အာတို့ အခန်းသည် တတိယအလွှာတွင် ရှိနေခြင်းကြောင်း ကျောက်စိမ်းဆွဲပြား ကွဲသွားသည့်အသံကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။

"မြောင်အာ အဲ့ဒီဆွဲပြားက ကျိန်စာသင့်နေတဲ့ ပစ္စည်းပဲ... နောက်မှ ဦးလေး အဲ့ဒီထက် ပိုကောင်းတဲ့ ဆွဲပြားဝယ်ပေးမယ်"

စူးမြောင်အာသည် ဦးလေးဖြစ်သူ၏ နှစ်သိမ့်စကားကို ကလန်ကဆန် မပြုလိုက်သော်လည်း နှလုံးသားထဲတွင် ရုတ်တရက် လေးပင်လာရတော့သည်။

သို့သော် နှစ်ရက်အကြာတွင် ကြုံတွေ့ရသော အဖြစ်အပျက်က စူးမြောင်အာကို အတော်လေး စိတ်ဒုက္ခရောက်စေခဲ့သည်။

ဦးလေးဖြစ်သူကိုယ်တိုင် သုံးလွှာပေါ်မှ လွှင့်ပစ်ခဲ့သော ကျောက်စိမ်းပြားသည် စူးမြောင်အာ၏ ဗီရိုအံဆွဲထဲသို့ အကောင်းပကတိအတိုင်း ပြန်ရောက်နေသည်။ ထို့အပြင် လွန်ခဲ့သော သုံးရက်အတွင်း တူညီသော အိပ်မက်တစ်ခုတည်းကိုသာ ထပ်တလဲလဲ မက်ခဲ့သေးသည်။

အိပ်မက်ထဲမှ စူးမြောင်အာသည် မဂ်လာဝေါယာဉ်တစ်ခုတွင် ထိုင်နေသော်လည်း ဇက်ကျိုးကျကာ သေဆုံးလျက်ရှိသည်။ ထို့အပြင် ကျိုးကျနေသော ဇက်မှ လူမြင်မကောင်းအောင် သွေးထွက်နေသေးသည်။ ထိုသို့ ကြောက်စရာ ကောင်းလွန်းသော အိပ်မက်ကြောင့် စူးမြောင်အာတစ်ယောက် ချွေးသီးချွေးပေါက်ပျံပြီး လန့်နိုးလာရသည်။ နောက်ပိုင်းတွင် စူးမြောင်အာသည်သူမ ကြောက်စရာကောင်းသော အိပ်မက်များ မက်နေရခြင်းက လခြမ်းသဏ္ဍာန် ကျောက်စိမ်းဆွဲပြားနှင့် သက်ဆိုင်နေလိမ့်မည်ဟု ယောင်ဝါးဝါး တွေးမိလာသည်။

ထို့ကြောင့် ဦးလေးဖြစ်သူကို ကျောက်စိမ်းဆွဲပြားအကြောင်း မမေးရခင်တွင် ကျောက်စိမ်းဆွဲပြားကို ပလတ်စတစ်အိတ်နှင့် ထုပ်ပိုးကာ တိုက်အောက်ထပ်ရှိ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်သည်။ သန့်ရှင်းရေးဝန်ထမ်းများက အမှိုက်ပုံးထဲမှ အမှိုက်များကို အမှိုက်ကားထဲသို့ သွန်ထည့်ပြီး အမှိုက်ကားထွက်သွားသည့်အချိန်မှသာ စူးမြောင်အာ သက်ပြင်းချနိုင်တော့သည်။

သို့သော် မမျှော်လင့်စွာဖြင့် ထိုနေ့ညက စူးမြောင်အာ အံဆွဲ ဖွင့်ကြည့်လိုက်သည့် အချိန်တွင် အမှိုက်ကားနှင့် ပါသွားပြီ ဖြစ်သော ကျောက်စိမ်းဆွဲပြားဟာ အံဆွဲထဲမှ စာအုပ်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေကြောင်း တွေ့လိုက်ရသည်။

ထို့နေ့ညမှစ၍ စူးမြောင်အာတစ်ယောက် ခေတ်သစ်အပနှင်သူတစ်ဦး ဖြစ်ရန် အကြောင်းဖန်လာပြီး တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှမကြုံဖူးသည့် ဘီလူးစီးခြင်း ဖြစ်ရပ်ကိုပါ ကြုံတွေ့လိုက်ရလေသည်။

စူးမြောင်အာသည် အိပ်နေရင်း ဘီလူးစီးသည့် အဖြစ်အပျက်မျိုးကို ဆယ်စုနှစ်တစ်စု ကြာအောင် ကြားဖူးနားဝ ရှိလာသော်လည်း တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျမကြုံဖူးပေ။

ထိုခံစားချက်သည် ခန္ဓာကိုယ်မှ ဝိညာဉ်ကို တစ်စုံတစ်ဦးက ဆွဲနှုတ်ယူသွားသကဲ့သို့ တစ်ကိုယ်လုံး ထုံကျဉ်နေပြီး လက်တစ်ချောင်းပင် မ,မနိုင်သော ခံစားချက်မျိုး ဖြစ်သည်။ မလှုပ်မယှက် တောင့်တောင့်ကြီး လှဲနေရသော်လည်း စူးမြောင်အာတွင် အသိစိတ်ရှိနေဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မျက်လုံးလည်း ဖွင့်မရ၊ စကားလည်း ပြောမရ၊ လှုပ်လည်း လှုပ်မရသည့်အခြေအနေမျိုးတွင် မြန်မြန် မိုးလင်းပါစေဟု ဘုရားတပြီးဆုတောင်းနေရုံသာရှိတော့သည်။

သို့သော် စူးမြောင်အာ ဘုရားတနေသည့်အခိုက်တွင် အေးစက်နေသော လက်တစ်စုံက သူမ၏ နက်မှောင်သော ဆံနွယ်များအကြား ထိုးလျှိုလာသလို ခံစားရပြီး နောက်ဆက်တွဲအနေနှင့် သူမ၏ လည်ပင်းကို စိုစွတ်နေသော လျှာဖြင့် အလျက်ခံလိုက်ရလေသည်။

ရုတ်ချည်း ဆန်လွန်းသော အထိအတွေ့ကား အလွန် ကြောက်စရာကောင်းလှသည်။

စူးမြောင်အာသည် သူမ၏ အခန်းထဲတွင် တစ်စုံတစ်ခုရှိပြီဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားသည်။

"ဘယ်... ဘယ်သူလဲ"

"ရှင်... ရှင်... ဘာလိုချင်လို့လဲ"

စူးမြောင်အာလည်း ကြောက်ကြောက်လန့်လန့်ဖြင့်ပါးစပ်ကို အတင်းလှုပ်ကာ ဗလုံးဗထွေး အော်မေးလိုက်သည်။ ဦးလေးဖြစ်သူက သူမကို ပြောပြဖူးပါ၏။ 'ဝိညာဉ်တွေ တစ္ဆေသရဲတွေက ရိုင်းစိုင်းပြီး ကြောက်စရာကောင်းပေမယ့် သူတို့နဲ့ ဆက်သွယ်လို့ရတဲ့ နည်းလမ်းတွေတော့ရှိတယ်' ဟူ၍။

+++++

Continue Reading

You'll Also Like

116K 18.2K 102
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
488K 49.6K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
404K 37.7K 198
စာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်...
34.6K 3.2K 15
Yizhanကိုမှ ​Horror ficမို့​ကြောက်တတ်ရင်မဖတ်ပါနဲ့။