မတူညီမအပ်စပ်သော

By Yin-2323

14.3K 1.7K 134

မတူညီမအပ်စပ်သော [၀ူးကျယ်] More

格格不入 (GeGeBuRu)
အပိုင်း၁
အပိုင်း၈
အပိုင်း၂
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၃
အပိုင်း၁၄
အပိုင်း၄
အပိုင်း၁၅
အပိုင်း၅
အပိုင်း၁၆
အပိုင်း၆
အပိုင်း၁၇
အပိုင်း၇
အပိုင်း၉
အပိုင်း၁၈
အပိုင်း၁၀
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၃
အပိုင်း link များ
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
Paid Gp [Completed]
အပိုင်း၂၇
အပိုင်း၂၈
အပိုင်း၂၉
အပိုင်း၃၀
အပိုင်း၃၁
အပိုင်း၃၂
အပိုင်း၃၃
အပိုင်း၃၄
အပိုင်း၃၅

အပိုင်း၂၂

267 43 4
By Yin-2323

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၂၂

ချိန်ပေါ်ယန်မှာ ရှန့်ရှီးကို တစ်ချက်ကြည့်လိုက်ပြီး ၊ ဘာမှပြန်မပြောပဲ ၊ မီးဖိုခန်းဘက် လှည့်ထွက်လာခဲ့လိုက်သည်။

ရှန့်ရှီးက တစ်ခါတစ်လေဆို အရမ်းထူးခြားသည့် လက္ခဏာမျိုး ရှိသည်ပင်။သူက ဘယ်လိုလူမျိုးလဲဆိုတာ အရမ်းကို ရှင်းရှင်းလင်းလင်း သိနေတာတောင်မှ ၊ သူက ရှုပ်ထွေးနေသည့် အခြေအနေမျိုးတွင် လုပ်ခဲ့သော မကောင်းသည့် ကိစ္စများကို သေသေချာချာ သိနေတာတောင်မှ ၊ သူ မထင်ရင်မထင်သလ်ို ဒေါသထွက်ခဲ့သည်များကို မှတ်မ်ိနေတာတောင်မှ........ဒီလို မျက်နှာအမူအရာ နှင့် လေသံကို ပြောင်း၍ စကားပြောလာသည့် အချိန်တွင် ၊ လူက်ို စိတ်ပျော့သွားစေသည်ပင်။

ဤသည်မှာ ရှန့်ရှီး၏ အားသာချက်လား ၊ ဒါမှမဟုတ် သူ၏ အားနည်းချက်လား ဆိုသည်က်ို မသိတော့ပေ။အနှစ်ချုပ်လိုက်ရပါလျှင် ခုနက ရှန့်ရှီး၏ စကားကြောင့် ၊ သူ အခု အစားအသောက် အစာပလာ တစ်ပုံကြီးကို မျက်နှာမူ၍ ၊ ဟင်းချက်စွမ်းရည် အကုန်လုံးကို ထုတ်သုံးလိုက်သည်။

သူ၏ ဟင်းချက်စွမ်းရည် အကုန်လုံးဆိုသည်မှာလည်း ၊ သေချာဆေးကြော ၊ သေချာ လှီးဖြတ် ၊ ပြီးလျှင် အိုးထဲသို့ အတူတူ ရောထည့်ပင်။

၀က်သားစွပ်ပြုတ်က လုပ်ရအကောင်းဆုံးပင်။ရေခဲသေတ္တာထဲတွင် အသင့်စား နုပ်နုပ်စင်းထားသည့် အသားများ ရှိသည်။ဆန်ကိုဆေး၍ အိုးထဲထည့်ကာ ၊ ရေထည့်လိုက်သည်။ဆန်ပြုတ်သည့် ခလုတ်ကို တစ်ချက် ထပ်နှိပ်လိုက်လျှင် ၊ ပြီးဆုံးသွားပြီပင်။

သူ ဖျားသည့်အချိန်ဆိုလျှင် ဘာမှ စားမ၀င်ပေ။ဆန်ပြုတ်ဆိုလျှင်တော့ တစ်ပန်းကန်လောက်သာ သောက်နိုင်သည်။သို့သော်လည်း ရှန့်ရှီးအတွက်တော့ ဖျားခြင်းက အစာအိမ်၏စွမ်းရည်အပေါ် သက်ရောက်မှု မရှိသည့်ပုံပင်။သို့ဖြစ်၍ ချိန်ပေါ်ယန်မှာ ကြက်ဥစွပ်ပြုတ်ပါ ထပ်လုပ်လိုက်သည်။နောက်ဆုံးမှာတော့ ၀က်သားနှင့်တရုတ်ဂေါ်ဖီ တစ်ပွဲ ထပ်ကြော်လိုက်သည်။

သူ့ဘာသာဆိုလျှင် ဒီလောက် ဟင်းအများကြီးကို တစ်ခါမှ မချက်ဖူးခဲ့ပေ။ချက်လို့ပြီးသွားသည့် အချိန်တွင် ဆန်ပြုတ်ကလည်း ရနေပြီဖြစ်သည်။ရှန့်ရှီးက အစားစားရာတွင် အငန်ကြိုက်သည်။သူ ပုံမှန်ထက်ပို၍ ဆားကို ပိုထည့်လိုက်သည်။သူ ဒီလို အပင်ပန်းခံ ချက်ထားသည့် ဟင်းများက အနံ့တွင်တော့ အရည်အချင်းက ခုန်တက်သွားသလိုမျိုး ခံစားလိုက်ရသည်။

သူ တစ်လုတ် မြည်းကြည့်လိုက်သည်။

သက်ပြင်းချလိုက်မိသည်။

သူ ဟင်းချက်လျှင် ဒီလောက်စားရဆိုးနေသည့် အကြောင်းအရင်းကို တစ်သက်လုံး ရှာမတွေ့လောက်တော့ပေ။

"အတူတူ ရောစားလိုက်ပေါ့ ၊ ဘာပဲဖြစ်ဖြစ် အဓိကအကြောင်းအရာက ၊ ဒီအစားအစာတွေကို စားလိုက်ဖို့ပဲဟာ"

ချိန်ပေါ်ယန်က ရှန့်ရှီးအား ကုတင်ပေါ်မှ ထခိုင်းလိုက်ပြီး ၊ စားပွဲဘေးတွင် ထိုင်၍ ကြည့်နေလိုက်သည်။

"အာဟာရ ဖြစ်သွားရင် ရပြီ"

"ကော ၊ ခင်ဗျား ပင်ပန်းသွားရပြီ"

ရှန့်ရှီးက ရယ်လိုက်ပြီး ၊ လက်ကို ပွတ်လိုက်သည်။

"ကျွန်တော် ခုနက တစ်ကိုယ်လုံး ချွေးတွေ ထွက်ထားတာ ၊ အများကြီး ကောင်းလာပြီလို့ ခံစားရတယ်......အမှန်တော့ ခင်ဗျား ဟင်းချက်တာက ကြည့်လိုက်ရင် အရမ်းလှတယ်"

"စားလေ"

ချိန်ပေါ်ယန်က ဆန်ပြုတ်တစ်ပန်းကန် ခပ်ယူ၍ ရှန့်ရှီးအရှေ့တွင် ချပေးလိုက်သည်။

"ငါလည်း အဲ့လိုထင်တယ် ၊ တော်တော်လေး လှတာ ၊ စားတဲ့အချိန်ကျရင် ဒီဟာက အရသာကောင်းလောက်တယ်လို့ တွေးပြီး စားရင် ရလောက်တယ်"

ရှန့်ရှီးက အတော်ကြာအောင် ရယ်နေလိုက်ပြီး :

"ကော ၊ ခင်ဗျားက ဒီလိုလေးလေးနက်နက်ပုံစံမျိုး မဟုတ်တဲ့ အချိန်ဆို တော်တော်လေး ရယ်ရတယ်"

ရှန့်ရှီး စားတာ အရမ်းမြန်လှသည်။အရမ်းပူသည့် ဆန်ပြုတ်ကိုပင် ၊ ဘယ်နှစ်လုတ်မှ မရှိသေးပဲ တစ်ပန်းကန် ကုန်သွားခဲ့ပြီ ဖြစ်သည်။ပြီးနောက်တွင်တော့ ချိန်ပေါ်ယန်အား လက်မထောင်ပြလိုက်ပြီး :

"ဒီဆန်ပြုတ်က တကယ် မဆိုးဘူး ၊ ကော ၊ ကျွန်တော် ခင်ဗျားကို နှစ်သိမ့်ပေးနေတာ မဟုတ်ဘူးနော် ၊ ဒီဆန်ပြုတ်က တကယ် အဆင်ပြေတာ"

"အင်း ၊ ဘာလို့လဲဆိုတော့ ဒီဆန်ပြုတ်က ငါ ဘာမှလုပ်ဖို့ မလိုလို့လေ"

ချိန်ပေါ်ယန်က ရယ်လိုက်ပြီး

"အဲ့တာကြောင့် ငါ မနက်တိုင်း ပဲစွပ်ပြုတ်ပဲ စားတာ"

"ဒီဟင်းနှစ်ပွဲကလည်း တော်တော်လေး ကောင်းတယ်"

ရှန့်ရှီးက သူ့ဘာသာ ဆန်ပြုတ်တစ်ပန်းကန် ထပ်ထည့်လိုက်ပြီး

"အဓိကကတော့ ဆားအရသာ ရလာလို့ပဲ ၊ ခေါင်းဆောင်ရွှီရဲ့ စံနှုန်းအရဆို ၊ ဒီတစ်နပ်ထဲနဲ့တင် ၊ ဒီနေ့အတွက် ဆားပမာဏက စံနှုန်းကျော်သွားလောက်ပြီ ထင်တယ်?"

"အစကတည်းက စားမကောင်းတာကို ၊ ဆားအရသာပါ ထပ်မပါရင် ၊ လူနာအတွက် အရမ်းရက်စက်လွန်းသွားပြီ"

ချိန်ပေါ်ယန်က ရှန့်ရှီးကို ကြည့်လိုက်ပြီး

"မင်း ဆန်ပြုတ်ကို ဖြည်းဖြည်းသောက်လေ ၊ နည်းနည်း အေးအောင် လုပ်ဦး"

"ဘာဖြစ်လို့လဲ?"

ရှန့်ရှီးက ပန်းကန်ကို ကိုင်ထားရင်း

"ဆန်ပြုတ်သောက်ရင် ပူနေတုန်း သောက်ရမှာပေါ့"

"အစာလမ်းကြောင်းကို အပူလောင်ပြီး ဒဏ်ရာရသွားဖို့ လွယ်တယ်"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

"ပြီးတော့ ရှူးရှူးရှဲရှဲနဲ့ နားထောင်ရ မကောင်းဘူး"

ရှန့်ရှီးမှာ ပန်းကန်ကို ကိုင်ထားရင်း လေမှုတ်လိုက်ကာ ၊ သက်ပြင်း ထပ်ချလိုက်မိသည်။ :

"အဓိကက ခင်ဗျား ဒီအသံကို နားထောင်ရတာ မကြိုက်လို့ မဟုတ်လား?"

"အဓိကက ခန္ဓာကိုယ်အတွက် မကောင်းလို့"

ချိန်ပေါ်ယန်က တစ်ချက် ပြင်ပြောလိုက်ပြီး ၊ မီးဖိုခန်းထဲ ၀င်၍ ဇွန်းတစ်ချောင်းယူကာ ရှန့်ရှီးအား ပေးလိုက်သည်။

"ဒါဆို ကျွန်တော် ဖြည်းဖြည်းလေး သောက်မယ်"

ရှန့်ရှီးက ဇွန်းကိုယူ၍ ဆန်ပြုတ်တစ်ဇွန်း သောက်လိုက်သည်။အရမ်းကို ဂရုစိုက်စွာဖြင့် အသံထွက်မလာတော့ပေ။

"ကျွန်တော့်လို လူမျိုးက ၊ အစားစားတာ တော်တော်လေး.......စည်းကမ်း မရှိဘူး ၊ တစ်ခါတစ်လေဆိုရင်ကျွန်တော် ပန်းကန်ကို ကိုင်ပြီး လမ်းကြားက လမ်းဆုံမှာ ဆောင့်ကြောင့်ထိုင်ပြီး ရှူးရှူးရှဲရှဲနဲ့ စားလိုက်တာပဲ"

"ဘယ်လိုလူမျိုးလဲ?"

ချိန်ပေါ်ယန်က မျက်မှောင်ကြုတ်လိုက်သည်။

"နည်းနည်း စရိုက်ကြမ်းတဲ့ လူပေါ့ ၊ လူဆိုးပေါ့ ၊ လူလိမ်လူကောက်ပေါ့ ၊ ကျောက်ကျားယောင်မှာ ကြီးပြင်းလာတဲ့ လူပေါ့"

ရှန့်ရှီးက ရယ်လိုက်ပြီး

"ခင်ဗျားသာ မပြောရင် ၊ ပုံမှန်ဆို ကျွန်တော် ဒီဟာတွေကို သတိတောင် မထားမိဘူး"

"မင်းက 'အဲ့လိုလူမျိုး'လုပ်ဖို့ ဆန္ဒမရှိဘူးလား?"

ချိန်ပေါ်ယန်က မေးလိုက်သည်။

"ဘယ်သူက ဆန္ဒရှိမှာလဲ ၊ ခင်ဗျား မသိလို့ ၊ ကျွန်တော် ဘယ်လောက်တောင်.......ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်သာ ဆန္ဒရှိနေရင် ၊ ဖျင်ရှူးကို......."

ရှန့်ရှီးက ပြောနေရင်း တစ်၀က်တစ်ပျက်ဖြင့် ပါးစပ်က်ို ပိတ်လိုက်ပြီး ၊ ခေါင်းငုံ့၍ ဆန်ပြုတ်နှစ်ဇွန်းလောက် သောက်လိုက်ကာ ၊ ဘာအသံမှ မထွက်လာတော့ပေ။

"တစ်ချို့ကိစ္စတွေက ၊ ဆယ်စုနှစ်လောက် ရှိနေပြီဆိုတော့ ၊ အရိုးအသားထဲမှာကို စွဲနေပြီ"

"လုပ်နေရင် ရပြီလေ ၊ စဥ်းစားနေရုံ ပြောနေရုံနဲ့ အသုံးမ၀င်ဘူး ၊ မင်း လုပ်နိုင်သလောက် လုပ် ၊ မင်း ပြောင်းလဲနိုင်သလောက် ပြောင်းလဲ"

ချိန်ပေါ်ယန်က တရုတ်ဂေါ်ဖီကို တူနှင့် ညှပ်ယူလိုက်ပြီး ၊ ဖြည်းဖြည်းချင်း ၀ါးစားနေလိုက်သည်။

"နည်းနည်းလေး ဆိုရင်တောင်မှ ၊ လှုပ်ရှားလိုက်ရင် နဂိုနေရာမှာ မရှိတော့ဘူးလေ ၊ အဲ့လိုဆို ဘာမှ စိတ်ပျက်နေစရာ မရှိတော့ဘူး ၊ မင်း လိမ်ဆင်မလုပ်စားတော့ဘူး မဟုတ်လား"

"ကျွန်တော်က ကြုံတုန်းလေး တစ်ခေါက်လောက် လိမ်စားလိုက်တာပါ"

ရှန့်ရှီးက ရယ်လိုက်ပြီး ၊ ခဏလောက် ကြာသွားချိန်တွင် အရယ်ရပ်လိုက်သည်။

"ဒါပေမယ့် ၊ တစ်ခြားဟာတွေက်ိုလည်း ကျွန်တော် မလုပ်တော့ဘူး ၊ တကယ်ပြောတာ"

"ဒါဆို တော်တော်လေး ကောင်းနေပြီပဲ မဟုတ်လား"

ချိန်ပေါ်ယန်က ရယ်လိုက်ပြီး

"စားလေ ၊ စားပြီးသွားရင် ထပ်အိပ်နေလိုက်"

ရှန့်ရှီးက ထမင်းကို သေချာစားလို့ ပြီးသွားခဲ့သည်။ချိန်ပေါ်ယန်က ပန်းကန်တွေ သိမ်းဆည်း၍ သွားဆေးသည့် အချိန်၌ ၊ သူ တစ်ချိန်လုံး စားပွဲဘေးနားတွင် ထိုင်နေပြီး မလှုပ်မိပေ။

သူ့ကို ဒီလိုစကားမျိုး ပြောသည့် လူ ပထမဆုံး ရှိလာခြင်းပင်။သူ၏ ဒီနည်းနည်းလေးသော အားထုတ်မှုနှင့် ပြောင်းလဲမှုအား အတည်ပြုပေးသည့်လူ ပထမဆုံး ရှိလာခြင်းပင်။'တော်တော်လေး ကောင်းနေပြီ'ဟု သူ့အားပြောလာသည်။ဒီခံစားချက်က အရမ်းကို ထူးဆန်းလှသည်။

ဓာတ်ပုံဆရာကလည်း သူ့နှင့်အတူ 'ဒီလိုလူမျိုး'၏ ဘ၀အကြောင်း ပြောဆိုခဲ့ဖူးသည်ပင်။သို့သော်လည်း သက်သေလုပ်ပြီး မှတ်တမ်းတင်ရုံသာ ဖြစ်ကာ ၊ အလျဥ်းသင့်သလို တစ်ချက်လောက် စာနာသနားပေးသွားသည်။သို့သော်လည်း ချိန်ပေါ်ယန်ကတော့ မတူပေ။ချိန်ပေါ်ယန်က သူ၏ အတိတ်က နေထိုင်ခဲ့မှုအပေါ် စိတ်မ၀င်စားပေ။တစ်ခွန်းတစ်လေလေးတောင် များများစားစား မမေးချေ။သို့သော်လည်း သူ ဝေဝါးနေသည့်အချိန်၌ ၊ ဒီဆယ်နှစ်ကျော်အတွင်း ပထမဆုံးသော အတည်ပြုမှုကို စကားကို ပြောပေးခဲ့သည်။

နည်းနည်းလေး ဆိုရင်တောင်မှ။

ဘာမှ စိတ်ပျက်စရာ မလိုဘူး။

တော်တော်လေး ကောင်းနေပြီ။

"သွားလှဲနေလေ"

ချိန်ပေါ်ယန်က ပန်းကန်ဆေးပြီးသွား၍ ၊ ထွက်လာရာ ၊ ရှန့်ရှီးက ထိုင်လျက်ရှိနေသေးသည်ကို မြင်လိုက်ရ၍ တစ်ခွန်းပြောလိုက်သည်။

"ခဏနေ ထပ်အအေးမိသွားရင် ပြဿနာများကုန်မယ်"

"ဆေးရုံမှာ လတော်တော်ကြာအောင် လှဲခဲ့ပြီးပြီ ၊ အခုတော့ အမြဲတမ်း လှဲမနေချင်တော့ဘူး"

ရှန့်ရှီးက ခေါင်းကုတ်လိုက်ပြီး

"ကျွန်တော် နောက်ထပ်အင်္ကျီနည်းနည်းလောက် ထပ်၀တ်လိုက်မယ်လေ ၊ ပြီးရင် ဆိုဖာပေါ်မှာ ထိုင်နေမယ် ၊ ရလား?"

ချိန်ပေါ်ယန်က ရှန့်ရှီးအား တစ်ချက်ကြည့်၍ သက်ပြင်းချလိုက်ပြီး :

"အင်းပါ ၊ ငါ မင်းအတွက် အင်္ကျီအထူယူပေးမယ် ၊ မင်း အပြင်ထွက်တုန်းက ၀တ်သွားတဲ့ အင်္ကျီက်ို မ၀တ်နဲ့တော့"

"သန့်ရှင်းနေပါသေးတယ်"

ရှန့်ရှီးက ရယ်လိုက်ပြီး

"ခင်ဗျားက တကယ်ပဲ....."

ချိန်ပေါ်ယန်က အခန်းထဲ၀င်၍ အင်္ကျီတစ်ထည်ယူလာကာ ၊ ရှန့်ရှီးအား ပစ်ပေးလိုက်သည်။ရှန့်ရှီးမှာ အင်္ကျီကို ခါ၍ တစ်ချက်ကြည့်လိုက်မ်ိရာ ကြောင်အသွားခဲ့သည်။ :

"ဒါက ဘာကြီးလဲ?"

"ဆောင်းရာသီဆို တီဗွီကြည့်ရင် ၀တ်တဲ့ဟာ"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

"ငါက အပျော်အနေနဲ့ ၀ယ်လာတာ ၊ အနွေးပေးစက်လည်း ရှိတော့ အသုံးမ၀င်ဘူး ဖြစ်နေတာ ၊ အခု အတော်ပဲ မင်း၀တ်ထားလိုက်"

"မဟုတ်သေးပါဘူး ၊ ကျွန်တော် ပြောတာက.....ဒါက အင်္ကျီ?"

ရှန့်ရှီးမှာ လက်ထဲရှိ sleeping bagလ််ို အရာအားကြည့်လိုက်ပြီး

"ဒီဟာက အပေါက်ကြီး မဟုတ်ဘူးလား ၊ ကျွန်တော် ဘယ်လို၀င်ရမှာလဲ?"

"အနောက်မှာ ဇစ်ရှိတယ် ၊ ဆွဲဖွင့်ပြီး ၀င်လိုက်ရင် ရတယ် ၊ အပေါက်တစ်ခု ရှိနေတဲ့ ဟိုဘက်က ခေါင်းထည့်ရမှာ ၊ အပေါက်နှစ်ခု ရှိနေတဲ့ ဟိုဘက်ကျတော့ ခြေထောက်ထည့်ရတာ"

ချိန်ပေါ်ယန်က အနားကို တိုး၍ ရှန့်ရှီးအတွက် ဇစ်ကူဖွင့်ပေးလိုက်ကာ ၊ ပြီးနောက်တွင်တော့ ဆွဲဟလိုက်ပြီး

"၀င်လိုက်"

"ကျွန်တော် အရင်ဆုံး ပြောထားမယ်နော် ၊ ကော ၊ ကျွန်တော် အခု တစ်ချိန်လုံး ချွေးတွေ ထွက်နေတာ ၊ အခုလို ၀င်သွားလိုက်ရင် တစ်ကိုယ်လုံး ချွေးတွေ ထွက်လာမှာ ၊ ခင်ဗျားရဲ့ ဒီအင်္ကျီကို ကြည့်ရတာ sulphurice acid(ချွတ်ဆေးအဖြစ် သုံးတဲ့ အားပျော့ အက်စစ်တစ်မျိုး)သုံးပြီး လျှော်ရမယ့်ပုံပဲ"

ရှန့်ရှီးမှာ တုံ့ဆိုင်းနေပြီး

"ခင်ဗျားက သည်းမခံနိုင်ပဲ ထပ်ပြီး လွှင့်ပစ်လိုက်ရင် ၊ အရမ်း ဖြုန်းတီးရာကျတယ်"

"၀င်လိုက်"

ချိန်ပေါ်ယန်က အင်္ကျီက်ို လှုပ်ခါလိုက်ပြီး

"ငါ အဲ့လောက်ကြီး ပုံကြီးမချဲ့ပါဘူး ၊ အလွန်ဆုံးမှ မင်းကို ပေးလိုက်ရုံပဲ"

ရှန့်ရှီးမှာ သိုးမွှေးအပေါက်ထဲ တိုး၀င်လိုက်သည်။ဒီကစားစရာက အရမ်း ရှည်လှသည်။ခြေထောက်နှင့် ခေါင်းအား အပေါက်တွေထဲကနေ တိုးထွက်လိုက်သည့် နောက်တွင် ၊ ဒီအပေါက်က ခြေထောက်ကို တစ်ချိန်လုံး ဖုံးအုပ်ပေးထားကြောင်းက်ို သူ သိလိုက်ရသည်။တကယ်ကို......အရမ်း နွေးလှသည်။၀င်လိုက်သည်နှင့် ချက်ချင်း ပူလာသည်။

"မဆိုးဘူး ၊ အတော်ပဲ"

ချိန်ပေါ်ယန်က ရှန့်ရှီးအနောက်ကနေ ဇစ်ကို ဆွဲတင်ပေးလိုက်သည်။

ချိန်ပေါ်ယန်၏ အသံထဲတွင် ရယ်နေသည့် အရိပ်အယောင်များက သိသာလှသည်။ရှန့်ရှီးမှာ ခေါင်းလှည့်၍ ချိန်ပေါ်ယန်အား တစ်ချက်ကြည့်လိုက်ပြီး :

"မှန်ရှိလား?ကျွန်တော်အခု ဘယ်လိုဖြစ်နေတာလဲ?"

"လှပါတယ်"

ချိန်ပေါ်ယန်က ရယ်ချလိုက်သည်။နည်းနည်းလေးပင် ဟန်ဆောင်ဖုံးကွယ်မနေပဲ ရယ်နေသည်မှာ ရပ်ပင် မရပ်တော့ချေ။ဆိုဖာပေါ် ထိုင်ချလိုက်ပြီး ၊ ရှန့်ရှီးအား လက်ညှိုးထိုးလိုက်ကာ

"လာ ၊ နှစ်လှမ်းလောက် လမ်းလျှောက်ကြည့် ၊ ငါ ကြည့်ကြည့်မယ်"

"ချိန်ပေါ်ယန် ! "

ရှန့်ရှီးမှာ ခေါင်းငုံ့၍ ကိုယ့်ကိုကိုယ် ကြည့်လိုက်မိသည်။ဤသည်မှာ သိုးမွှေးဖြင့် လုပ်ထားသည့် စာတိုက်ပုံးလိုမျိုး ခံစားနေရသည်။ပန်းပုံစံများဖြင့်လည်း ပြည့်နှက်နေသေးသည်။

"ခင်ဗျား ကျွန်တော့်ကို တမင်တကာ ဒီဟာ၀တ်ခိုင်းတာ မဟုတ်လား ! "

"ဟုတ်တယ်လေ ၊ တမင်တကာ ၀တ်ခိုင်းတာ ၊ မင်းအေးမှာ စိုးလို့ မဟုတ်ဘူးလား"

ချိန်ပေါ်ယန်က လက်ချောင်းဖြင့် နဖူးစွန်းကို ထောက်ထားပြီး ၊ ရယ်နေရင်းဖြင့် ရှန့်ရှီးကို စုန်ဆန်ကြည့်နေလိုက်သည်။

"ငါ့အိပ်ခန်းထဲမှာ မှန်ရှိတယ် ၊ မင်း သွားကြည့်လေ"

"ကျွန်တော် သွားကြည့်လိုက်ဦးမယ်"

ရှန့်ရှီးမှာ အိပ်ခန်းဘက်ဆီ ထွက်လာခဲ့လိုက်သည်။ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည့် အချိန်မှာပင် ၊ လှမ်းလို့မရ ဖြစ်နေသည်။သူ ဂရုတစိုက်ဖြင့် ခြေဖျားထောက်ပြီး အိပ်ခန်းဘက်ဆီ ခုန်လာခဲ့လိုက်သည်။လက်က်ို တစ်ချက်လွှဲယမ်းလိုက်ရာ ၊ ထပ်ပြီး ကြောင်အသွားမိပြန်သည်။

"လက်က ထုတ်လို့မရဘူးလား?"

"လက်ကို ဆန့်ထုတ်လိုက်ရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ခံစားချက် ပျက်စီးသွားမှာ"

ချိန်ပေါ်ယန်က အတော်ကြာအောင် ထပ်ရယ်နေပြီးကာမှ ပြောလိုက်သည်။

"ဘေးနှစ်ဖက်မှာ အဟနှစ်ခု ပါတယ် ၊ လက်က်ို ဆန့်ထုတ်လိုက်လို့ ရတယ် ၊ မင်း ရှာကြည့်လိုက်"

ရှန့်ရှီးမှာ ထိုအဟနှစ်ခုကို ရှာတွေ့သွား၍ ၊ လက်က်ို ဆန့်ထုတ်လိုက်ပြီး ၊ အားဖြင့် လက်ကိုလွှဲယမ်းကာ အိပ်ခန်းထဲ ခုန်၀င်သွားလိုက်သည်။ :

"မှန်က ဘယ်မှာလဲ ! "

"ဘီရိုတံခါးထဲမှာ"

ချိန်ပေါ်ယန်က ဧည့်ခန်းထဲကနေ ပြောလိုက်သည်။

ရှန့်ရှီးက ဘီရိုတံခါးကို ဆွဲဖွင့်ကြည့်လိုက်ရာ ၊ တံခါးအနောက်ရှိ မှန်ကို မြင်လိုက်ရသည်။တစ်ချိန်တည်းမှာပင် မှန်ထဲရှိ ကိုယ့်ကိုကိုယ်လည်း မြင်လိုက်ရသည်။သူ ခဏလောက် ကြောင်အနေမိပြီးကာမှ ၊ ဧည့်ခန်းထဲ ဖြည်းဖြည်းချင်း ပြန်လာခဲ့လိုက်သည်။ :

"ကော ၊ ခင်ဗျား ဒီဟာကို ၀ယ်တဲ့အချိန်တုန်းက ၊ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ကျွန်တော့်က်ို ပြောပြနိုင်လား?"

"ဆော့ရကောင်းမယ် ထင်လို့"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

"ခင်ဗျား ၀တ်ဖူးတယ်ပေါ့?"

ရှန့်ရှီးက ချိန်ပေါ်ယန် အရှေ့နား လျှောက်သွား၍ ရပ်လိုက်ကာ

"ခင်ဗျား ဒီဟာကို ၀တ်ဖူးတယ်?"

"ဟင့်အင်း ၊ ၀ယ်လာတဲ့ အချိန်တုန်းက တစ်ခေါက်ပဲ စမ်း၀တ်ကြည့်ဖူးတာ"

ချိန်ပေါ်ယန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး

"ဘေးနားမှာ သွားထိုင်နေ"

ရှန့်ရှီးက ဘေးနားတိုး၍ ထိုင်ချလိုက်သည်။ထိုင်နေပြီး ခဏလောက်အကြာတွင် ကြပ်ကြပ်ထုပ်ထုပ်ဖြစ်နေ၍ နည်းနည်း နေရ သက်သောင့်သက်သာ ဖြစ်လာသလို ခံစားလာရသည်။သို့ဖြစ်ရာ ဖိနပ်ကို ချွတ်လိုက်ပြီး ၊ လက်ကိုလည်း ပြန်ထိုးသွင်းလိုက်ကာ ၊ ဆိုဖာတစ်ဖက်တွင် ကွေးကွေးလေး နေနေလိုက်သည်။ :

"ကော ၊ ပိုးကောင် ၊ တူလား?"

ချိန်ပေါ်ယန်က ရှန့်ရှီးအား တစ်ချက်လှမ်းကြည့်လိုက်ပြီး :

"ခေါင်းတစ်လုံး ပိုနေတယ်"

ရှန့်ရှီးက အတော်ကြာအောင် ရုန်းကန်၍ ၊ ခေါင်းက်ိုပင် သိုးမွှေးပေါက်ထဲ ကျုံ့၀င်လိုက်ပြီး :

"ဒီလိုဆို တူလား?"

ချိန်ပေါ်ယန်က ရှန့်ရှီးကို ကြည့်၍ ဘာမှပြန်မပြောပေ။ရှန့်ရှီးက အထဲကနေ တစ်ခွန်း ထပ်မေးလာပြန်သည်။ချိန်ပေါ်ယန်က အသံမထွက်ပေ။

"တူလား မတူဘူးလား?"

ရှန့်ရှီးက ဆက်ပြီး ကျုံ့၀င်လိုက်သည်။

ချိန်ပေါ်ယန်က ခုနကအတိုင်း ပြန်မဖြေချေ။

နောက်ဆုံးမှာတော့ ရှန့်ရှီးက ခေါင်းက်ိုပြန်ထုတ်လိုက်ပြီး :

"ခင်ဗျား ဘာဖြစ်လို့ စကားမပြောတာလဲ?"

"မင်း အချိန်ဘယ်လောက်ကြာအောင် နေနိုင်မလဲလို့ ကြည့်နေတာ"

ချိန်ပေါ်ယန်က ပြောလိုက်ပြီး ၊ ဘေးနားရှိ စာအုပ်က်ိုယူ၍ လှန်လိုက်သည်။

".......ခင်ဗျားဆိုတဲ့ လူကတော့ ၊ လူနာက်ို ဒုက္ခပေးနေတယ် ၊ လူစိတ်ရော ရှိရဲ့လား ! "

ရှန့်ရှီးက ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်သည်။

"မင်းဘာသာ ဆော့နေတာ တော်တော်လေး ပျော်နေတာ မဟုတ်ဘူးလား"

ချိန်ပေါ်ယန်က လက္ဖက်ရည်စားပွဲအောက်မှ mp3 ကို စမ်းယူလိုက်ပြီး ၊ နားကြပ်တပ်လိုက်သည်။

"ဆက်ဆော့နေလေ ၊ ပိုးကောင်"

ချိန်ပေါ်ယန်က နားကြပ်တပ်၍ စာဖတ်နေသည်။သူ့က်ို ထပ်ကြည့်မလာတော့ရာ ၊ ရှန့်ရှီးလည်း မဆော့ချင်တော့ပေ။အဖျားက မပျောက်သေးတာကြောင့် ၊ နည်းနည်း နေရခက်နေသလိုမျိုး ခံစားနေရသည်။သို့ဖြစ်ရာ ဆိုဖာပေါ် ထိုင်၍ တီဗွီကြည့်နေလိုက်တော့သည်။

ချိန်ပေါ်ယန်က သတင်းအစီအစဥ် ပြောင်းထားတာကြောင့် တီဗွီကြည့်ရတာ စိတ်၀င်စားစရာ မကောင်းဘူးဟု သူထင်နေမိသည်။သို့သော်လည်း control က လက္ဖက်ရည်စားပွဲပေါ်တွင် ရှိနေရာ ၊ သူက သိုးမွှေးအစွပ်ကြီး ပတ်ထားတာကြောင့် သွားယူရမှာ အရမ်းကို ခက်ခဲနေသည်။နှစ်ချက်လောက် လှည့်ကြည့်လိုက်ပြီးနောက်တွင်တော့ သူ လက်လျှော့လိုက်ကာ ၊ သတင်းကိုသာ စိုက်ကြည့်နေလိုက်တော့သည်။

ခဏလောက် ကြည့်နေပြီး နောက်မှာတော့ ၊ ချိန်ပေါ်ယန်က လက်ကိုဆန့်ထုတ်၍ control ကို ယူလိုက်ကာ ၊ သူ့ဘေးနား လှမ်းပစ်ပေးလာသည်။

"ကျွန်တော် ဒီဟာကို လိုနေမှန်း ခင်ဗျား ဘယ်လိုသိတာလဲ?"

ရှန့်ရှီးက ရယ်လိုက်ပြီး ၊ control ကို ယူ၍ လိုင်းစပြောင်းလိုက်သည်။

ချိန်ပေါ်ယန်က သူ့ကို အဖတ်မလုပ်ပဲ ၊ ခေါင်းငုံ့ရင်း စာဖတ်နေသည်။နားကြပ်တပ်ထားတာကြောင့် မကြားရသည့်ပုံပင်။

"ကော"

ရှန့်ရှီးက လိုင်းအချို့ ပြောင်းလိုက်သည်။ကြည့်ကောင်းသည့် အစီအစဥ်ကို ရှာမတွေ့တာကြောင့် ၊ အားကစားလိုင်းတွင် ရပ်၍ ၊ ဘိလိယက် ကစားနေတာ ကြည့်နေလိုက်သည်။

"ခင်ဗျား အရင်တုန်းက စာလေ့လာတာ အရမ်းတော်တယ် မဟုတ်လား?"

ချိန်ပေါ်ယန်က ပြန်မဖြေပေ။စာကို အလေးအနက်ဖြင့် ဖတ်နေသည်။

"ခင်ဗျား စာဖတ်တာကို သီချင်းနားထောင်ရင်း ဖတ်တော့ ဖတ်လို့ရလို့လား?"

ရှန့်ရှီးက ထပ်မေးလိုက်သည်။

ချိန်ပေါ်ယန်က သူ့ကို အဖတ်မလုပ်ပြန်ပေ။သူ နောက်တစ်ခွန်း ထပ်ပြောကြည့်လိုက်သည်။ :

"မကြားရဘူးလား?ကော?ဒေါက်တာချိန်?ချိန်ပေါ်ယန်?"

ချိန်ပေါ်ယန်က ခေါင်းငုံ့လျက်ဖြင့် ၊ အကြည့်များက တစ်ချိန်လုံး စာအုပ်ပေါ်တွင် ရှိနေသည်။

"နားလေးကြီး"

ရှန့်ရှီးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကို ဆဲနေတာ ခင်ဗျားကြားရလား?လက်ဆေးရတာ ရူးသွပ်နေတဲ့လူ?"

ရှန့်ရှီးက အနောက်ဘက်ရှိ ဆိုဖာပေါ် ခေါင်းမှီလိုက်ပြီး :

"အမှန်တော့ ဆဲချင်ရင်တောင် ခင်ဗျားဆီမှာ ဘာဆဲစရာရှိလဲဆိုတာ မသိဘူး ၊ တစ်ခြားလူသာဆို ကျွန်တော် ပန်းပွင့်လာတဲ့အထိ ဆဲနိုင်တယ် ၊ ပန်းခြံတစ်ခုလုံး ပန်းတွေနဲ့ ပြည့်သွားလိမ့်မယ် ၊ ခင်ဗျားမှာ တကယ်ပဲ ဘာအပြစ်မှ မရှိဘူး ၊ လူကောင်းတစ်ယောက်ပဲ ၊ ပြီးတော့ အရမ်းကောင်းတဲ့ အဲ့လိုလူကောင်းအမျိုးအစား......ကျွန်တော် ဒီဘ၀မှာ တွေ့ဖူးသမျှထဲ အကောင်းဆုံးလူပဲ ၊ ခင်ဗျားနဲ့ မတွေ့ခင်တုန်းက ၊ ခင်ဗျားလို လူမျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော် ထင်တောင် မထင်ထားခဲ့မိဘူး......"

"အင်း ၊ ပြီးတော့ ဒီလောက်တောင် ချောနေသေးတယ်"

ချိန်ပေါ်ယန်က ခေါင်းငုံ့နေလျက်ဖြင့် ရုတ်တရက်ကြီး တစ်ခွန်းပြောလာသည်။

"အိုင်း ၊ ငါလူး?"

ရှန့်ရှီးမှာ အလန့်တကြား ဖြစ်သွားပြီး ၊ မတ်မတ်ထိုင်၍ ချိန်ပေါ်ယန်ကို ကြည့်လိုက်သည်။

"ခင်ဗျား ကြားရတာပဲ ! "

"ဘယ်သူ့ကို Fuck မလို့လဲ?"

ချိန်ပေါ်ယန်က မျက်နှာ လှည့်ကြည့်လာသည်။

"ကျွန်တော်"

ရှန့်ရှီးက အမြန်ပြောလိုက်ပြီး ၊ သံရှည်ဆွဲ၍ သက်ပြင်းချလိုက်ကာ ၊ အတော်လေး နေရခက်နေဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်တော် ထပ်ပြီး ပါးစပ်က အကျင့်ပါပြီး ပြောမိသွားတာပါ ၊ ကျွန်တော်က သတိမထားမိတာနဲ့......မဟုတ်သေးပါဘူး ၊ ခင်ဗျား ကြားနေရတာလား?ခင်ဗျား သီချင်းနားထောင်နေတာ မဟုတ်ဘူးလား?"

"ငါ သီချင်းဖွင့်ဖို့ မေ့သွားတာ"

ချိန်ပေါ်ယန်က နားကြပ်ကို ဆွဲဖြုတ်လိုက်သည်။

"........အဲ့ဒါဆို ခုနတုန်းက ကျွန်တော် ခင်ဗျားက်ို စကားပြောနေတာကို ၊ ခင်ဗျားက အဖက်မလုပ်ဘူး?"

ရှန့်ရှီးမှာ ကြောင်အသွားမိသည်။

"အကုန်လုံးက အရေးမပါတဲ့ စကားတွေကြီးပဲ ၊ အဖက်လုပ်ရမှာ ပျင်းတယ်"

ချိန်ပေါ်ယန်က ဘေးနားရှိ စာအုပ်နှင့် ဘောယူက်ို လှမ်းယူ၍ ၊ မှတ်စုစာအုပ်ပေါ်တွင် ရေးမှတ်လိုက်သည်။

"ဒါဆို အခုကျတော့ ဘယ်လိုဖြစ်ပြီး အဖက်လုပ်ရတာလဲ ! "

ချိန်ပေါ်ယန်မှာ လုံး၀ကို ရူးကြောင်ကြောင်နိုင်သည်ဟု ရှန့်ရှီးတွေးလိုက်မိသည်။

"မင်း ငါ့က်ို ဒီလောက်အားတက်သရော ချီးကျီးနေတာကို"

ချိန်ပေါ်ယန်က ရယ်လိုက်ပြီး

"ငါက မင်းအတွက် ကူပြီး တစ်ချက်လောက် ဖြည့်ပြောပေးတာလေ"

"ကော"

ရှန့်ရှီးမှာ ချိန်ပေါ်ယန်အား စိုက်ကြည့်လိုက်ပြီး

"ခင်ဗျားက ကျွန်တော် တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးလူ ဖြစ်ရုံမကဘူး ၊ ကျွန်တော် တွေ့ဖူးသမျှထဲမှာ မျက်နှာအကြီးဆုံး လူပဲ"

ချိန်ပေါ်ယန်က ရယ်၍ မတ်တပ်ထရပ်လိုက်ပြီး ၊ အံဆွဲထဲမှ အပူချိန်တိုင်း ကိရိယာကို ထပ်ပြီး ထုတ်ယူ၍ ရှန့်ရှီးအား ပေးလိုက်သည်။ :

"တိုင်းကြည့်"

"ကြည့်ရတာ တိုင်းဖို့ မလိုလောက်တော့ပါဘူး"

ရှန့်ရှီးက အပူချိန်တိုင်း ကိရိယာက်ို လှမ်းယူ၍ သေချာညှပ်လိုက်ပြီး

"ကျွန်တော့်အထင် တော်တော်လေး ကောင်းနေပြီ......."

"ဖျားနေသေးတာလည်း ဖြစ်နိုင်တယ်"

ချိန်ပေါ်ယန်က ထိုင်ချလိုက်ပြီး

"တစ်ချို့လူတွေက ဖျားနေရင် စကားအရမ်းပြောနိုင်လွန်းတယ် ၊ ငါ မင်းကို ကြည့်နေတာ ၊ စကားများလွန်းလို့ ဒီအပေါက်ကြီးတောင် ထည့်လို့ မဆန့်တော့ဘူး"

"ဟုတ်လား?"

ရှန့်ရှီးက အတော်လေး အနေရခက်စွာဖြင့် ရယ်လိုက်ကာ

"ကြည့်ရတာ ဟုတ်လောက်တယ် ၊ အမှန်တော့ ကျွန်တော်က ပုံမှန်အချိန်ဆို စကားမများဘူး ၊ ပြောစရာလည်း ဘာမှ မရှိဘူးလေ ၊ ဘာဖြစ်လို့လဲတော့ မသိဘူး ၊ ခင်ဗျားနဲ့ အတူတူရှိနေရင် တစ်ချိန်လုံး စကားတွေ ပြောချင်နေတာ"

ချိန်ပေါ်ယန်က ရှန့်ရှီးအား တစ်ချက်ကြည့်လိုက်ပြီး :

"ဘာဖြစ်လို့လဲဆိုတော့....."

"ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက ချောလို့ ၊ ဟုတ်တယ်မလား ၊ ကျွန်တော် သိပါတယ်"

ရှန့်ရှီးက ချက်ချင်း ပြောလိုက်သည်။

"ခင်ဗျား သေချာပေါက်က််ို ဒီလိုပြောလာမယ်ဆိုတာ"

ချိန်ပေါ်ယန်က စကားကို ဆက်မပြောတော့ပဲ ၊ ထရပ်၍ ရေနွေးဘူးလေးထဲ ရေထည့်၍ ၊ သူ့ ရေခွက်ကိုပါ ထပ်ယူကာ လက္ဖက်ရည် စားပွဲပေါ်တွင် အတူတူ တင်ထားလိုက်ပြီး ၊ မီးဖိုခန်းထဲ၀င်၍ အသီးအချို့ ဆေးကြော၍ ထွက်လာခဲ့သည်။ :

"မအိပ်ရင် ရေသောက် ၊ အသီးစား"

"သြော"

ရှန့်ရှီးက ခေါင်းညိတ်ပြလိုက်သည်။

ချိန်ပေါ်ယန်က ခဏလောက် စောင့်နေပြီး ၊ အပူချိန်ကို ကြည့်လိုက်သည်။အပူချိန်က 38°ထိ ကျသွားပြီပင်။သူ စာအုပ်နှင့် မှတ်စုစာအုပ်ကို ယူ၍ အိပ်ခန်းထဲ ၀င်လာခဲ့လိုက်သည်။

"ခင်ဗျား အိပ်တော့မှာလား?"

ရှန့်ရှီးက မေးလိုက်သည်။

"စာဖတ်မလို့ ၊ မင်းက အရမ်းဆူလွန်းတယ်"

ချိန်ပေါ်ယန်က အိပ်ခန်းထဲကနေ ပြောလိုက်သည်။

"မျက်နှာချင်းဆိုင်က ကြက်တူရွေးတွေတောင် မင်းကို အရှုံးပေးသွားကြပြီ"

ချိန်ပေါ်ယန်က အိပ်ခန်းတံခါးကို မပိတ်ထားပေ။သူ နားကြပ်တပ်လိုက်ပြီး ၊ ပြတင်းပေါက်ဘေးရှိ ဆိုဖာပေါ် ထိုင်ကာ ၊ ခြေထောက်ကို အရှည်ကြီး ဆန့်တန်းထားသည်အား ရှန့်ရှီး မြင်နေရသည်။

စာအုပ်တစ်အုပ် ဖတ်တာတောင် ဒီလိုသက်သောင့်သက်သာရှိသည့် အနေအထားကို ရှာတွေ့သည်ပင်။

ကျောင်းမတက်ခဲ့ဖူးသော်လည်း ၊ ချိန်ပေါ်ယန်မှာ ကျောင်းတက်သည့် အချိန်တုန်းက အရမ်းကို စာလုပ်နိုင်သည့် ကျောင်းသားမျိုး ဖြစ်နိုင်သည်မှာ သေချာလောက်သည်ဟု ရှန့်ရှီး တွေးလိုက်မိသည်။

အကယ်၍ ဖျင်ရှူးက သူ့အား ကျောင်းသွားတက်ခိုင်းလျှင်တောင် ၊ သူက ပုံစံထွက်အောင် စာလုပ်နိုင်မည့် ပုံစံမျိုး မဟုတ်လောက်ချေ။ဖျင်ရှူးမှာ နေ့တိုင်း ဆရာများ၏ ကျောင်းကိုခေါ်တာ ခံရမည်မှာ သေချာသည်။ခေါ်ခံရတာ သုံးခေါက်မပြည့်သေးမီမှာပင် သူက ကျောင်းမတက်ရတော့သည့် ကလေးဖြစ်သွားလောက်မှာပင်။

တီဗွီက စိတ်၀င်စားစရာ မကောင်းပေ။ချိန်ပေါ်ယန်ကလည်း သူစကားပြောတာက်ို နားထောင်ရမှာ ပျင်းသည်။လှဲပြီးလည်း မနေချင်ပေ။သို့ဖြစ်ရာ ရှန့်ရှီးမှာ ဆိုဖာပေါ် ခွေခွေလေးထိုင်၍ အိပ်ခန်းထဲတွင် စာဖတ်နေသော ချိန်ပေါ်ယန်အား စိုက်ကြည့်၍ အတွေးလွန်နေမိသည်။

ပြောရမည်ဆိုလျှင် ၊ ချိန်ပေါ်ယန်က တကယ်ကို တော်တော်လေး ချောသည်ပင်။ID ကဒ်က်ို ပထမဆုံး မြင်လိုက်ရသည့် အချိန်က ၊ ဒီလူမှာ တော်တော်လေး ချောသည်ဟု ရှန့်ရှီး တွေးမိခဲ့သည်။ရှန့်ရှီးမှာ ချိန်ပေါ်ယန်၏ ဘေးတစောင်းမျက်နှာကို ကြည့်နေမိသည်။စကားမပြော ၊ မရယ်မပြုံးသည့် အချိန်ဆိုလျှင် ကြည့်ရသည်မှာ အနည်းငယ် အေးစက်စက် နိုင်နေသည်။မရင်းနှီးသည့် အချိန်ကဆိုလျှင် သိပ်ပြီး ရင်းနှီးဖို့မလွယ်ကူသည့် ခံစားချက်မျိုး လူက်ို ပေးစွမ်းခဲ့သည်။

အမှန်မှာတော့ တော်တော်လေး ရယ်ရသည့် လူဖြစ်သည်။

သို့သော်လည်း နှမျောစရာပင်။မမျှော်လင့်ထားစွာဖြင့် ယောကျာ်းလေးက်ို သဘောကျသူ ဖြစ်နေသည်။ရှန့်ရှီးမှာ ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်မိသည်။ဒီလောက်ကောင်းသည့် မျိုးစေ့ဗီဇမှာ ဒီလိုနှင့် အလကား ဖြုန်းတီးရာ ကျသွားသည်......ကြည့်ရတာ အတွေးတွေ နည်းနည်းဝေးလွန်းနေပြီပင်။

ရှန့်ရှီးမှာ အိတ်ကပ်ထဲရှိ ဖုန်းကို စမ်းကြည့်လိုက်မိသည်။ဖုန်းကို သူ တစ်ချိန်လုံး ကိုင်ထားပြီး ၊ ကိုယ်နှင့်မကွာဆောင်ထားသည်။ဟ်ိုဘက်က ဖုန်းဆက်လာပြီး ၊ သူ့အား အလုပ်လာခိုင်းလျှင် ဖုန်းမကိုင်လိုက်မိမှာ စိုးလို့ပင်။သို့သော်လည်း ဖုန်းက တစ်ချိန်လုံး မြည်မလာချေ။

ရှန့်ရှီးမှာ ဖုန်းကို ထုတ်ယူ၍ ကြည့်လိုက်မိသည်။အားလည်း ရှိသလို ၊ Signal လည်း ရှိသည်ပင်။

စပြီး လှုပ်ရှားလိုက်လျှင် ရပြီပင်။ကိုယ့်ဘာသာတော့ လှုပ်ရှားသည်ပင်။လှုပ်ရှားသည်မှာ အတော်လေးကို တက်ကြွလှသည်။သို့သော်လည်း ပြောင်းလဲမှုက တော်တော်လေး သေးငယ်လှသည်။ဘယ်အချိန်ကျမှ တကယ့်လမ်းကြောင်းအမှန်ပေါ် ရောက်နိုင်မလဲဆိုတာ မသိပေ။ချိန်ပေါ်ယန်လို ပုံစံမျိုး ဖြစ်ဖို့ကတော့ မျှော်လင့်ချက် မရှိချေ။သို့သော်လည်း လမ်းမပေါ်တွင် အသက်ရှင် နေထိုင်မှုအတွက် လှုပ်ရှားရုန်းကန်နေကြသည့် အနိမ့်ဆုံး လူ ဆိုလျှင်တောင် သူ စိတ်ကျေနပ်မှာပင်။

ဥပမာ ညပိုင်းတွင် သစ်သီးဆိုင်၌ သူများအတွက် ဆိုင်ကြည့်ပေးတာ ဘာညာက ၊ အရမ်းကို ကောင်းမွန်သည့် ခြေလှမ်းတစ်လှမ်းပင်။

တော်တော်လေး ကောင်းသည်။

******

အထူးပြု ဘာသာရပ်ကို ဖတ်ရှု့ရခြင်းက သူ့အတွက်တော့ ဘာမှ စိတ်၀င်စားစရာ မကောင်းဘူးဟု ချိန်ပေါ်ယန် ထင်မိသည်။သို့သော်လည်း ငယ်ငယ်လေးကတည်းကနေ အခုအချိန်အထိ အရမ်းက်ို ကိုယ့်ဘာသာ စည်းကမ်းချထားသလိုမျိုး စာဖတ်ခြင်းနှင့် လေ့လာခြင်းက်ို လုပ်လာခဲ့သည်မှာ အလေ့အကျင့်တစ်ခုပင် ဖြစ်နေလေပြီ။

ပျင်းရိစရာကောင်းသည့် အထူးပြုဘာသာရပ် အချက်အလက်များကိုပင် တစ်ခါဖတ်လျှင် နှစ်နာရီ သုံးနာရီလောက် မလှုပ်ပဲ ဖတ်နိုင်သည်။စက်ထဲရှိ သီချင်းများက အစဥ်လိုက်အတိုင်း တစ်ခေါက်ဖွင့်ပြီးသွားသည့် နောက်တွင် ၊ သူ စာအုပ်ကို ပိတ်လိုက်ပြီး ၊ ခေါင်းမော့၍ လည်ပင်းက်ို တစ်ချက်လှုပ်ရှားလိုက်ကာ ၊ မတ်တပ်ထရပ်၍ အိပ်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

11 နာရီ ထိုးပြီးသွားပြီပင်။ရှန့်ရှီးမှာ လက်ထဲတွင် control ကို ကိုင်ထားပြီး ၊ လူတစ်ကိုယ်လုံး သိုးမွှေးအပေါက်ထဲ ကျုံ့၀င်၍ အိပ်ပျော်နေပြီဖြစ်သည်။

မျက်နှာအရောင်က ခုနတုန်းကလို နီမနေတော့ပေ။ပုံမှန်ပြန်ဖြစ်နေပြီပင်။သူ လက်ကိုဆန့်ထုတ်လိုက်ပြီး ရှန့်ရှီး နဖူးပေါ် ထိကပ်ကြည့်လိုက်သည်။အပူချိန်က ကျသွားပြီပင်။

လက္ဖက်ရည်စားပွဲပေါ်ရှိ ပန်းသီးကို ရှန့်ရှီးက သုံးလုံးစားထားသည်။မလှုပ်ရှားချင်တာကြောင့် ဖြစ်ပုံရသည်။ပန်းသီး အခွံများကို အမှိုက်ပုံးထဲ မပစ်ထားပေ။သို့သော်လည်း လက္ဖက်ရည်စားပွဲပေါ် မတင်ထားချေ။ဖန်ခွက်ထဲတွင် ထည့်ထားသည်။

ချိန်ပေါ်ယန်က အသီးခွံများအားလုံးကို အမှိုက်ပုံးထဲ ထည့်လိုက်ပြီး ၊ ဖန်ခွက်ကိုပါ ထပ်ဆေးလိုက်သည်။ဆိုဖာဘေးနား ပြန်လျှောက်လာခဲ့လိုက်ပြီး ၊ ရှန့်ရှီး၏ မျက်နှာကို ပုတ်လိုက်ကာ :

"အခန်းထဲ သွားအိပ်"

" .....ဟင်?"

ရှန့်ရှီးက ဝေဝေဝါးဝါးဖြင့် မျက်လုံးကို ဖွင့်လိုက်ပြီး ၊ ချိန်ပေါ်ယန်အား တစ်ချက်ကြည့်လိုက်ကာ မျက်လုံးပြန်မှိတ်သွားခဲ့သည်။

"အခန်းထဲရောက်မှ ထပ်အိပ် ၊ ဆိုဖာပေါ်မှာ တစ်ညလုံးအိပ်နေရင် မနက်ဖြန်ကျရင် ခါးနာနေလိမ့်မယ်"

ချိန်ပေါ်ယန်က ရှန့်ရှီး၏ မျက်နှာကို ထပ်ပုတ်လိုက်သည်။

ရှန့်ရှီးက မျက်မှောင်ကြုတ်၍ ခေါင်းလှည့်လိုက်သည်။ဒီတစ်ကြိမ်တွင်တော့ မျက်လုံးပင် ဖွင့်မလာတော့ပေ။

"အိုင်း ၊ အရင်ဆုံး ထဦး"

ချိန်ပေါ်ယန်က ရှန့်ရှီး၏ မျက်နှာပေါ် လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ပြီး

"ထ"

ရှန့်ရှီးက မျက်လုံးဖွင့်လာပြီး ၊ ဝူးတူးဝါးတားဖြင့် မရှင်းမလင်း တစ်ခွန်းပြောလာသည်။ :

"မဆူနဲ့......ကျွန်တော်က လူနာတစ်ယောက်နော်"

"အခုတော့ ကိုယ့်ကိုကိုယ် လူနာလို့ ပြောပြီပေါ့?"

ချိန်ပေါ်ယန်က ပြောလိုက်သည်။ရှန့်ရှီးက ထပ်ပြီး ပြန်အိပ်ပျော်သွားသည်က်ို ကြည့်နေမိပြီး ၊ သူ့ လက်ကိုဆန့်ထုတ်လိုက်ကာ ၊ ရှန့်ရှီး၏ မျက်လုံးထောင့်ရှိ ပလာစတာကို ဆွဲခွာလိုက်သည်။

"ထ"

ရှန့်ရှီးက လည်ပင်းအောက်ရှိ သိုးမွှေးအပေါက်ထဲမှ လက်က်ို ဆန့်ထုတ်လာပြီး ၊ မျက်နှာပေါ် ကုတ်လိုက်ကာ ၊ ထပ်ပြီး မလှုပ်လာတော့ပေ။

ချိန်ပေါ်ယန်မှာ ဆိုဖာဘေးနားတွင် ခဏလောက် ရပ်နေလိုက်ပြီး ၊ ခါးကိုင်း၍ ရှန့်ရှီး၏ ခန္ဓာကိုယ်အောက် လက်ကိုထိုးထည့်လိုက်ကာ ၊ ဆွဲပွေ့လိုက်သည်။

သူက တစ်ခြားသူကို အရမ်း ဂရုစိုက်ပေးတတ်သူတော့ မဟုတ်ပေ။သို့သော်လည်း ရှန့်ရှီးသာ ဆိုဖာပေါ်တွင် ဒီလိုမျိုး တစ်ညလုံး အိပ်နေပါက ၊ အဖျားက ထပ်တက်လာမှာပင်။သူ့စွမ်းအားများက မလုံလောက်ဘူးဟု ထင်မိသည်။လူနာစာလေး တစ်နပ်စာလောက် ချက်တာတောင် သူ့အတွက် တော်တော်လေး ပင်ပန်းနေပြီဖြစ်သည်။

ခန္ဓာကိုယ်က ရုတ်တရက်ကြီး လေထဲ၀ဲသွားလို့ ဖြစ်ပုံရသည်။ရှန့်ရှီးက ချက်ချင်းပင် မျက်လုံးဖွင့်ကြည့်လာကာ ၊ နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြီး နောက်တွင် အကျယ်ကြီး အော်လာသည်။ :

"အား ! "

တစ်ဆက်တည်းမှာပင် သိုးမွှေးအပေါက်ကြီးထဲကနေ အောက်ကိုဆင်းဖို့ ရုန်းကန်လာသည်။

"အိုင်း ၊ လျှောက်မလှုပ်နဲ့ ! "

ချိန်ပေါ်ယန်က အမြန်ပင် တစ်ချက်အော်ပြောလိုက်ပြီး ၊ စာကြည့်ခန်းထဲ အမြန်လှမ်း၀င်လာခဲ့လိုက်ကာ ၊ ရှန့်ရှီးအား ဆိုဖာကုတင်ပေါ် ကပစ်တင်လိုက်သည်။

"ပြုတ်ကျလို့ အရိုးကျိုးသွားရင် ငါ မင်းက်ို ဆက်ပေးနိုင်တယ် ၊ ခေါင်းနဲ့သာ ကျသွားရင် ငါ မင်းအတွက် ဒေါက်တာ ရှာပေးနေရမှာ ! "

"ကျွန်တော် လန့်သွားလို့ပါ ၊ ကျွန်တော် ခုနတုန်းက အိပ်မက်ထဲမှာ အဆောက်အဦးထိပ်ဖျားမှာ ရပ်နေတာ ၊ ပြီးတော့ လေထဲမှာ ၀ဲပျံသွားတာလေ ! "

ရှန့်ရှီးက သိုးမွှေးအပေါက်၏ အဟကြားထဲမှ လက်က်ိုဆန့်ထုတ်၍ အချက်အနည်းငယ်လောက် ဝှေ့ယမ်းလိုက်ပြီး

"ကျွန်တော် သေမတတ် လန့်သွားတာ ! ခင်ဗျား ကျွန်တော့်ကို ဘာလ်ို့ မနှိုးရတာလဲ ၊ ကျွန်တော် ကိုယ့်ဘာသာ၀င်လာရင်လည်း ရတာပဲ မဟုတ်ဘူးလား ! "

"မင်းအထင် ငါက မနှိုးဘူးလ်ို့ ထင်နေတာလား?"

ချိန်ပေါ်ယန်က စောင်ကို ဆွဲယူ၍ ရှန့်ရှီးကိုယ်ပေါ် ခြုံပေးလိုက်ပြီး

"ရပြီ ၊ အမြန် အဆောက်အဦးထိပ်ဖျားဆီ ပြန်တက်သွားတော့"

"ကျွန်တော် ဆိုဖာပေါ်မှာ အိပ်လိုက်လို့လည်း ရပါတယ်"

ရှန့်ရှီးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ခင်ဗျား ဒီလို မလိုက်တော့ ၊ မတော်လို့များ ခါးကျောညပ်သွားရင် ဘယ်လိုလုပ်မလဲ"

"မင်းရဲ့ ဒီအလေးချိန်လေးနဲ့ ဘယ်သူ့ခါးက ညပ်နိုင်မှာလဲ"

ချိန်ပေါ်ယန်က မီးပိတ်လိုက်ပြီး အပြင်ကို ထွက်လာခဲ့လိုက်သည်။

"အိုင်း ၊ ကော"

ရှန့်ရှီးက သိုးမွှေးအပေါက်ထဲကနေ အိပ်သည့် အနေအထားကို တစ်ချက်ပြင်လိုက်ပြီး

"ကျွန်တော် ခုနက တစ်ချိန်လုံး တွေးနေတဲ့ ကိစ္စတစ်ခုရှိတယ် ၊ တွေးရင်းတွေးရင်းနဲ့ အိပ်ပျော်သွားတာ"

ချိန်ပေါ်ယန်က ရှန့်ရှီးကို ကြည့်နေပြီး ဘာမှမပြောပေ။

"ဟိုဟာလေ ၊ ခင်ဗျား အရင်တုန်းက ပြောခဲ့တာ ၊ ခင်ဗျား ကျွန်တော့်ကို ဒီလိုမျိုး ကူညီနေတာက.....အကြောင်းအရင်း ရှိတယ်ဆို"

ရှန့်ရှီးက နှာခေါင်းကို ပွတ်လိုက်ပြီး

"ခင်ဗျား ကျွန်တော့်အပေါ် ဒီလောက်ကောင်းပေးနေတာက.....ဘာဖြစ်လို့လဲ?"

*** *** ***

格格不入(GeGeBuRu)

စာေရးသူ : ဝူးက်ယ္

ဘာသာျပန္သူ : ယင္း

အပိုင္း ၂၂

ခ်ိန္ေပၚယန္မွာ ရွန္႔ရွီးကို တစ္ခ်က္ၾကည့္လိုက္ၿပီး ၊ ဘာမျွပန္မေျပာပဲ ၊ မီးဖိုခန္းဘက္ လွည့္ထြက္လာခဲ့လိုက္သည္။

ရွန္႔ရွီးက တစ္ခါတစ္ေလဆို အရမ္းထူးျခားသည့္ လကၡဏာမ်ိဳး ရိွသည္ပင္။သူက ဘယ္လိုလူမ်ိဳးလဲဆိုတာ အရမ္းကို ရွင္းရွင္းလင္းလင္း သိေနတာေတာင္မွ ၊ သူက ရႈပ္ေထြးေနသည့္ အေျခအေနမ်ိဳးတြင္ လုပ္ခဲ့ေသာ မေကာင္းသည့္ ကိစၥမ်ားကို ေသေသခ်ာခ်ာ သိေနတာေတာင္မွ ၊ သူ မထင္ရင္မထင္သလ္ို ေဒါသထြက္ခဲ့သည္မ်ားကို မွတ္မ္ိေနတာေတာင္မွ........ဒီလို မ်က္ႏွာအမူအရာ ႏွင့္ ေလသံကို ေျပာင္း၍ စကားေျပာလာသည့္ အခ်ိန္တြင္ ၊ လူက္ို စိတ္ေပ်ာ့သြားေစသည္ပင္။

ဤသည္မွာ ရွန္႔ရွီး၏ အားသာခ်က္လား ၊ ဒါမွမဟုတ္ သူ၏ အားနည္းခ်က္လား ဆိုသည္က္ို မသိေတာ့ေပ။အႏွစ္ခ်ဳပ္လိုက္ရပါလ်ွင္ ခုနက ရွန္႔ရွီး၏ စကားေၾကာင့္ ၊ သူ အခု အစားအေသာက္ အစာပလာ တစ္ပံုႀကီးကို မ်က္ႏွာမူ၍ ၊ ဟင္းခ်က္စြမ္းရည္ အကုန္လံုးကို ထုတ္သံုးလိုက္သည္။

သူ၏ ဟင္းခ်က္စြမ္းရည္ အကုန္လံုးဆိုသည္မွာလည္း ၊ ေသခ်ာေဆးေၾကာ ၊ ေသခ်ာ လွီးျဖတ္ ၊ ၿပီးလ်ွင္ အိုးထဲသို႔ အတူတူ ေရာထည့္ပင္။

၀က္သားစြပ္ျပဳတ္က လုပ္ရအေကာင္းဆံုးပင္။ေရခဲေသတၲာထဲတြင္ အသင့္စား ႏုပ္ႏုပ္စင္းထားသည့္ အသားမ်ား ရိွသည္။ဆန္ကိုေဆး၍ အိုးထဲထည့္ကာ ၊ ေရထည့္လိုက္သည္။ဆန္ျပဳတ္သည့္ ခလုတ္ကို တစ္ခ်က္ ထပ္ႏိွပ္လိုက္လ်ွင္ ၊ ၿပီးဆံုးသြားၿပီပင္။

သူ ဖ်ားသည့္အခ်ိန္ဆိုလ်ွင္ ဘာမွ စားမ၀င္ေပ။ဆန္ျပဳတ္ဆိုလ်ွင္ေတာ့ တစ္ပန္းကန္ေလာက္သာ ေသာက္ႏိုင္သည္။သို႔ေသာ္လည္း ရွန္႔ရွီးအတြက္ေတာ့ ဖ်ားျခင္းက အစာအိမ္၏စြမ္းရည္အေပၚ သက္ေရာက္မႈ မရိွသည့္ပံုပင္။သို႔ျဖစ္၍ ခ်ိန္ေပၚယန္မွာ ၾကက္ဥစြပ္ျပဳတ္ပါ ထပ္လုပ္လိုက္သည္။ေနာက္ဆံုးမွာေတာ့ ၀က္သားႏွင့္တရုတ္ေဂၚဖီ တစ္ပြဲ ထပ္ေၾကာ္လိုက္သည္။

သူ႔ဘာသာဆိုလ်ွင္ ဒီေလာက္ ဟင္းအမ်ားႀကီးကို တစ္ခါမွ မခ်က္ဖူးခဲ့ေပ။ခ်က္လို႔ၿပီးသြားသည့္ အခ်ိန္တြင္ ဆန္ျပဳတ္ကလည္း ရေနၿပီျဖစ္သည္။ရွန္႔ရွီးက အစားစားရာတြင္ အငန္ႀကိဳက္သည္။သူ ပံုမွန္ထက္ပို၍ ဆားကို ပိုထည့္လိုက္သည္။သူ ဒီလို အပင္ပန္းခံ ခ်က္ထားသၫ့္ ဟင္းမ်ားက အနံ႔တြင္ေတာ့ အရည္အခ်င္းက ခုန္တက္သြားသလိုမ်ိဳး ခံစားလိုက္ရသည္။

သူ တစ္လုတ္ ျမည္းၾကည့္လိုက္သည္။

သက္ျပင္းခ်လိုက္မိသည္။

သူ ဟင္းခ်က္လ်ွင္ ဒီေလာက္စားရဆိုးေနသည့္ အေၾကာင္းအရင္းကို တစ္သက္လံုး ရွာမေတြ့ေလာက္ေတာ့ေပ။

"အတူတူ ေရာစားလိုက္ေပါ့ ၊ ဘာပဲျဖစ္ျဖစ္ အဓိကအေၾကာင္းအရာက ၊ ဒီအစားအစာေတြကို စားလိုက္ဖို႔ပဲဟာ"

ခ်ိန္ေပၚယန္က ရွန္႔ရွီးအား ကုတင္ေပၚမွ ထခိုင္းလိုက္ၿပီး ၊ စားပြဲေဘးတြင္ ထိုင္၍ ၾကည့္ေနလိုက္သည္။

"အာဟာရ ျဖစ္သြားရင္ ရၿပီ"

"ေကာ ၊ ခင္ဗ်ား ပင္ပန္းသြားရၿပီ"

ရွန္႔ရွီးက ရယ္လိုက္ၿပီး ၊ လက္ကို ပြတ္လိုက္သည္။

"ကြၽန္ေတာ္ ခုနက တစ္ကိုယ္လံုး ေခြၽးေတြ ထြက္ထားတာ ၊ အမ်ားႀကီး ေကာင္းလာၿပီလို႔ ခံစားရတယ္......အမွန္ေတာ့ ခင္ဗ်ား ဟင္းခ်က္တာက ၾကည့္လိုက္ရင္ အရမ္းလွတယ္"

"စားေလ"

ခ်ိန္ေပၚယန္က ဆန္ျပဳတ္တစ္ပန္းကန္ ခပ္ယူ၍ ရွန္႔ရွီးအေရ႔ွတြင္ ခ်ေပးလိုက္သည္။

"ငါလည္း အဲ့လိုထင္တယ္ ၊ ေတာ္ေတာ္ေလး လွတာ ၊ စားတဲ့အခ်ိန္က်ရင္ ဒီဟာက အရသာေကာင္းေလာက္တယ္လို႔ ေတြးၿပီး စားရင္ ရေလာက္တယ္"

ရွန္႔ရွီးက အေတာ္ၾကာေအာင္ ရယ္ေနလိုက္ၿပီး :

"ေကာ ၊ ခင္ဗ်ားက ဒီလိုေလးေလးနက္နက္ပံုစံမ်ိဳး မဟုတ္တဲ့ အခ်ိန္ဆို ေတာ္ေတာ္ေလး ရယ္ရတယ္"

ရွန္႔ရွီး စားတာ အရမ္းျမန္လွသည္။အရမ္းပူသည့္ ဆန္ျပဳတ္ကိုပင္ ၊ ဘယ္ႏွစ္လုတ္မွ မရိွေသးပဲ တစ္ပန္းကန္ ကုန္သြားခဲ့ၿပီ ျဖစ္သည္။ၿပီးေနာက္တြင္ေတာ့ ခ်ိန္ေပၚယန္အား လက္မေထာင္ျပလိုက္ၿပီး :

"ဒီဆန္ျပဳတ္က တကယ္ မဆိုးဘူး ၊ ေကာ ၊ ကြၽန္ေတာ္ ခင္ဗ်ားကို ႏွစ္သိမ့္ေပးေနတာ မဟုတ္ဘူးေနာ္ ၊ ဒီဆန္ျပဳတ္က တကယ္ အဆင္ေျပတာ"

"အင္း ၊ ဘာလို႔လဲဆိုေတာ့ ဒီဆန္ျပဳတ္က ငါ ဘာမွလုပ္ဖို႔ မလိုလို႔ေလ"

ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး

"အဲ့တာေၾကာင့္ ငါ မနက္တိုင္း ပဲစြပ္ျပဳတ္ပဲ စားတာ"

"ဒီဟင္းႏွစ္ပြဲကလည္း ေတာ္ေတာ္ေလး ေကာင္းတယ္"

ရွန္႔ရွီးက သူ႔ဘာသာ ဆန္ျပဳတ္တစ္ပန္းကန္ ထပ္ထည့္လိုက္ၿပီး

"အဓိကကေတာ့ ဆားအရသာ ရလာလို႔ပဲ ၊ ေခါင္းေဆာင္ရႊီရဲ့ စံႏႈန္းအရဆို ၊ ဒီတစ္နပ္ထဲနဲ႔တင္ ၊ ဒီေန့အတြက္ ဆားပမာဏက စံႏႈန္းေက်ာ္သြားေလာက္ၿပီ ထင္တယ္?"

"အစကတည္းက စားမေကာင္းတာကို ၊ ဆားအရသာပါ ထပ္မပါရင္ ၊ လူနာအတြက္ အရမ္းရက္စက္လြန္းသြားၿပီ"

ခ်ိန္ေပၚယန္က ရွန္႔ရွီးကို ၾကည့္လိုက္ၿပီး

"မင္း ဆန္ျပဳတ္ကို ျဖည္းျဖည္းေသာက္ေလ ၊ နည္းနည္း ေအးေအာင္ လုပ္ၪီး"

"ဘာျဖစ္လို႔လဲ?"

ရွန္႔ရွီးက ပန္းကန္ကို ကိုင္ထားရင္း

"ဆန္ျပဳတ္ေသာက္ရင္ ပူေနတုန္း ေသာက္ရမွာေပါ့"

"အစာလမ္းေၾကာင္းကို အပူေလာင္ၿပီး ဒဏ္ရာရသြားဖို႔ လြယ္တယ္"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

"ၿပီးေတာ့ ရႉးရႉးရွဲရွဲနဲ႔ နားေထာင္ရ မေကာင္းဘူး"

ရွန္႔ရွီးမွာ ပန္းကန္ကို ကိုင္ထားရင္း ေလမႈတ္လိုက္ကာ ၊ သက္ျပင္း ထပ္ခ်လိုက္မိသည္။ :

"အဓိကက ခင္ဗ်ား ဒီအသံကို နားေထာင္ရတာ မႀကိဳက္လို႔ မဟုတ္လား?"

"အဓိကက ခႏၶာကိုယ္အတြက္ မေကာင္းလို႔"

ခ်ိန္ေပၚယန္က တစ္ခ်က္ ျပင္ေျပာလိုက္ၿပီး ၊ မီးဖိုခန္းထဲ ၀င္၍ ဇြန္းတစ္ေခ်ာင္းယူကာ ရွန္႔ရွီးအား ေပးလိုက္သည္။

"ဒါဆို ကြၽန္ေတာ္ ျဖည္းျဖည္းေလး ေသာက္မယ္"

ရွန္႔ရွီးက ဇြန္းကိုယူ၍ ဆန္ျပဳတ္တစ္ဇြန္း ေသာက္လိုက္သည္။အရမ္းကို ဂရုစိုက္စြာျဖင့္ အသံထြက္မလာေတာ့ေပ။

"ကြၽန္ေတာ့္လို လူမ်ိဳးက ၊ အစားစားတာ ေတာ္ေတာ္ေလး.......စည္းကမ္း မရိွဘူး ၊ တစ္ခါတစ္ေလဆိုရင္ကြၽန္ေတာ္ ပန္းကန္ကို ကိုင္ၿပီး လမ္းၾကားက လမ္းဆံုမွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး ရႉးရႉးရွဲရွဲနဲ႔ စားလိုက္တာပဲ"

"ဘယ္လိုလူမ်ိဳးလဲ?"

ခ်ိန္ေပၚယန္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"နည္းနည္း စရိုက္ၾကမ္းတဲ့ လူေပါ့ ၊ လူဆိုးေပါ့ ၊ လူလိမ္လူေကာက္ေပါ့ ၊ ေက်ာက္က်ားေယာင္မွာ ႀကီးျပင္းလာတဲ့ လူေပါ့"

ရွန္႔ရွီးက ရယ္လိုက္ၿပီး

"ခင္ဗ်ားသာ မေျပာရင္ ၊ ပံုမွန္ဆို ကြၽန္ေတာ္ ဒီဟာေတြကို သတိေတာင္ မထားမိဘူး"

"မင္းက 'အဲ့လိုလူမ်ိဳး'လုပ္ဖို႔ ဆႏၵမရိွဘူးလား?"

ခ်ိန္ေပၚယန္က ေမးလိုက္သည္။

"ဘယ္သူက ဆႏၵရိွမွာလဲ ၊ ခင္ဗ်ား မသိလို႔ ၊ ကြၽန္ေတာ္ ဘယ္ေလာက္ေတာင္.......ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္သာ ဆႏၵရိွေနရင္ ၊ ဖ်င္ရႉးကို......."

ရွန္႔ရွီးက ေျပာေနရင္း တစ္၀က္တစ္ပ်က္ျဖင့္ ပါးစပ္က္ို ပိတ္လိုက္ၿပီး ၊ ေခါင္းငံု႔၍ ဆန္ျပဳတ္ႏွစ္ဇြန္းေလာက္ ေသာက္လိုက္ကာ ၊ ဘာအသံမွ မထြက္လာေတာ့ေပ။

"တစ္ခ်ိဳ႕ကိစၥေတြက ၊ ဆယ္စုႏွစ္ေလာက္ ရိွေနၿပီဆိုေတာ့ ၊ အရိုးအသားထဲမွာကို စြဲေနၿပီ"

"လုပ္ေနရင္ ရၿပီေလ ၊ စဥ္းစားေနရံု ေျပာေနရံုနဲ႔ အသံုးမ၀င္ဘူး ၊ မင္း လုပ္ႏိုင္သေလာက္ လုပ္ ၊ မင္း ေျပာင္းလဲႏိုင္သေလာက္ ေျပာင္းလဲ"

ခ်ိန္ေပၚယန္က တရုတ္ေဂၚဖီကို တူႏွင့္ ၫွပ္ယူလိုက္ၿပီး ၊ ျဖည္းျဖည္းခ်င္း ဝါးစားေနလိုက္သည္။

"နည္းနည္းေလး ဆိုရင္ေတာင္မွ ၊ လႈပ္ရွားလိုက္ရင္ နဂိုေနရာမွာ မရိွေတာ့ဘူးေလ ၊ အဲ့လိုဆို ဘာမွ စိတ္ပ်က္ေနစရာ မရိွေတာ့ဘူး ၊ မင္း လိမ္ဆင္မလုပ္စားေတာ့ဘူး မဟုတ္လား"

"ကြၽန္ေတာ္က ႀကံဳတုန္းေလး တစ္ေခါက္ေလာက္ လိမ္စားလိုက္တာပါ"

ရွန္႔ရွီးက ရယ္လိုက္ၿပီး ၊ ခဏေလာက္ ၾကာသြားခ်ိန္တြင္ အရယ္ရပ္လိုက္သည္။

"ဒါေပမယ့္ ၊ တစ္ျခားဟာေတြက္ိုလည္း ကြၽန္ေတာ္ မလုပ္ေတာ့ဘူး ၊ တကယ္ေျပာတာ"

"ဒါဆို ေတာ္ေတာ္ေလး ေကာင္းေနၿပီပဲ မဟုတ္လား"

ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး

"စားေလ ၊ စားၿပီးသြားရင္ ထပ္အိပ္ေနလိုက္"

ရွန္႔ရွီးက ထမင္းကို ေသခ်ာစားလို႔ ၿပီးသြားခဲ့သည္။ခ်ိန္ေပၚယန္က ပန္းကန္ေတြ သိမ္းဆည္း၍ သြားေဆးသည့္ အခ်ိန္၌ ၊ သူ တစ္ခ်ိန္လံုး စားပြဲေဘးနားတြင္ ထိုင္ေနၿပီး မလႈပ္မိေပ။

သူ႔ကို ဒီလိုစကားမ်ိဳး ေျပာသည့္ လူ ပထမဆံုး ရိွလာျခင္းပင္။သူ၏ ဒီနည္းနည္းေလးေသာ အားထုတ္မႈႏွင့္ ေျပာင္းလဲမႈအား အတည္ျပဳေပးသည့္လူ ပထမဆံုး ရိွလာျခင္းပင္။'ေတာ္ေတာ္ေလး ေကာင္းေနၿပီ'ဟု သူ႔အားေျပာလာသည္။ဒီခံစားခ်က္က အရမ္းကို ထူးဆန္းလွသည္။

ဓာတ္ပံုဆရာကလည္း သူ႔ႏွင့္အတူ 'ဒီလိုလူမ်ိဳး'၏ ဘ၀အေၾကာင္း ေျပာဆိုခဲ့ဖူးသည္ပင္။သို႔ေသာ္လည္း သက္ေသလုပ္ၿပီး မွတ္တမ္းတင္ရံုသာ ျဖစ္ကာ ၊ အလ်ဥ္းသင့္သလို တစ္ခ်က္ေလာက္ စာနာသနားေပးသြားသည္။သို႔ေသာ္လည္း ခ်ိန္ေပၚယန္ကေတာ့ မတူေပ။ခ်ိန္ေပၚယန္က သူ၏ အတိတ္က ေနထိုင္ခဲ့မႈအေပၚ စိတ္မ၀င္စားေပ။တစ္ခြန္းတစ္ေလေလးေတာင္ မ်ားမ်ားစားစား မေမးေခ်။သို႔ေသာ္လည္း သူ ေဝဝါးေနသည့္အခ်ိန္၌ ၊ ဒီဆယ္ႏွစ္ေက်ာ္အတြင္း ပထမဆံုးေသာ အတည္ျပဳမႈကို စကားကို ေျပာေပးခဲ့သည္။

နည္းနည္းေလး ဆိုရင္ေတာင္မွ။

ဘာမွ စိတ္ပ်က္စရာ မလိုဘူး။

ေတာ္ေတာ္ေလး ေကာင္းေနၿပီ။

"သြားလွဲေနေလ"

ခ်ိန္ေပၚယန္က ပန္းကန္ေဆးၿပီးသြား၍ ၊ ထြက္လာရာ ၊ ရွန္႔ရွီးက ထိုင္လ်က္ရိွေနေသးသည္ကို ျမင္လိုက္ရ၍ တစ္ခြန္းေျပာလိုက္သည္။

"ခဏေန ထပ္အေအးမိသြားရင္ ျပႆနာမ်ားကုန္မယ္"

"ေဆးရံုမွာ လေတာ္ေတာ္ၾကာေအာင္ လွဲခဲ့ၿပီးၿပီ ၊ အခုေတာ့ အၿမဲတမ္း လွဲမေနခ်င္ေတာ့ဘူး"

ရွန္႔ရွီးက ေခါင္းကုတ္လိုက္ၿပီး

"ကြၽန္ေတာ္ ေနာက္ထပ္အက်ႌနည္းနည္းေလာက္ ထပ္၀တ္လိုက္မယ္ေလ ၊ ၿပီးရင္ ဆိုဖာေပၚမွာ ထိုင္ေနမယ္ ၊ ရလား?"

ခ်ိန္ေပၚယန္က ရွန္႔ရွီးအား တစ္ခ်က္ၾကည့္၍ သက္ျပင္းခ်လိုက္ၿပီး :

"အင္းပါ ၊ ငါ မင္းအတြက္ အက်ႌအထူယူေပးမယ္ ၊ မင္း အျပင္ထြက္တုန္းက ၀တ္သြားတဲ့ အက်ႌက္ို မ၀တ္နဲ႔ေတာ့"

"သန္႔ရွင္းေနပါေသးတယ္"

ရွန္႔ရွီးက ရယ္လိုက္ၿပီး

"ခင္ဗ်ားက တကယ္ပဲ....."

ခ်ိန္ေပၚယန္က အခန္းထဲ၀င္၍ အက်ႌတစ္ထည္ယူလာကာ ၊ ရွန္႔ရွီးအား ပစ္ေပးလိုက္သည္။ရွန္႔ရွီးမွာ အက်ႌကို ခါ၍ တစ္ခ်က္ၾကည့္လိုက္မ္ိရာ ေၾကာင္အသြားခဲ့သည္။ :

"ဒါက ဘာႀကီးလဲ?"

"ေဆာင္းရာသီဆို တီဗြီၾကည့္ရင္ ၀တ္တဲ့ဟာ"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

"ငါက အေပ်ာ္အေနနဲ႔ ၀ယ္လာတာ ၊ အေနြးေပးစက္လည္း ရိွေတာ့ အသံုးမ၀င္ဘူး ျဖစ္ေနတာ ၊ အခု အေတာ္ပဲ မင္း၀တ္ထားလိုက္"

"မဟုတ္ေသးပါဘူး ၊ ကြၽန္ေတာ္ ေျပာတာက.....ဒါက အက်ႌ?"

ရွန္႔ရွီးမွာ လက္ထဲရိွ sleeping bagလ္္ို အရာအားၾကည့္လိုက္ၿပီး

"ဒီဟာက အေပါက္ႀကီး မဟုတ္ဘူးလား ၊ ကြၽန္ေတာ္ ဘယ္လို၀င္ရမွာလဲ?"

"အေနာက္မွာ ဇစ္ရိွတယ္ ၊ ဆြဲဖြင့္ၿပီး ၀င္လိုက္ရင္ ရတယ္ ၊ အေပါက္တစ္ခု ရိွေနတဲ့ ဟိုဘက္က ေခါင္းထည့္ရမွာ ၊ အေပါက္ႏွစ္ခု ရိွေနတဲ့ ဟိုဘက္က်ေတာ့ ေျခေထာက္ထည့္ရတာ"

ခ်ိန္ေပၚယန္က အနားကို တိုး၍ ရွန္႔ရွီးအတြက္ ဇစ္ကူဖြင့္ေပးလိုက္ကာ ၊ ၿပီးေနာက္တြင္ေတာ့ ဆြဲဟလိုက္ၿပီး

"၀င္လိုက္"

"ကြၽန္ေတာ္ အရင္ဆံုး ေျပာထားမယ္ေနာ္ ၊ ေကာ ၊ ကြၽန္ေတာ္ အခု တစ္ခ်ိန္လံုး ေခြၽးေတြ ထြက္ေနတာ ၊ အခုလို ၀င္သြားလိုက္ရင္ တစ္ကိုယ္လံုး ေခြၽးေတြ ထြက္လာမွာ ၊ ခင္ဗ်ားရဲ့ ဒီအက်ႌကို ၾကည့္ရတာ sulphurice acid(ခြၽတ္ေဆးအျဖစ္ သံုးတဲ့ အားေပ်ာ့ အက္စစ္တစ္မ်ိဳး)သံုးၿပီး ေလ်ွာ္ရမယ့္ပံုပဲ"

ရွန္႔ရွီးမွာ တံု႔ဆိုင္းေနၿပီး

"ခင္ဗ်ားက သည္းမခံႏိုင္ပဲ ထပ္ၿပီး လႊင့္ပစ္လိုက္ရင္ ၊ အရမ္း ျဖဳန္းတီးရာက်တယ္"

"၀င္လိုက္"

ခ်ိန္ေပၚယန္က အက်ႌက္ို လႈပ္ခါလိုက္ၿပီး

"ငါ အဲ့ေလာက္ႀကီး ပံုႀကီးမခ်ဲ့ပါဘူး ၊ အလြန္ဆံုးမွ မင္းကို ေပးလိုက္ရံုပဲ"

ရွန္႔ရွီးမွာ သိုးေမႊးအေပါက္ထဲ တိုး၀င္လိုက္သည္။ဒီကစားစရာက အရမ္း ရွည္လွသည္။ေျခေထာက္ႏွင့္ ေခါင္းအား အေပါက္ေတြထဲကေန တိုးထြက္လိုက္သည့္ ေနာက္တြင္ ၊ ဒီအေပါက္က ေျခေထာက္ကို တစ္ခ်ိန္လံုး ဖံုးအုပ္ေပးထားေၾကာင္းက္ို သူ သိလိုက္ရသည္။တကယ္ကို......အရမ္း ေနြးလွသည္။၀င္လိုက္သည္ႏွင့္ ခ်က္ခ်င္း ပူလာသည္။

"မဆိုးဘူး ၊ အေတာ္ပဲ"

ခ်ိန္ေပၚယန္က ရွန္႔ရွီးအေနာက္ကေန ဇစ္ကို ဆြဲတင္ေပးလိုက္သည္။

ခ်ိန္ေပၚယန္၏ အသံထဲတြင္ ရယ္ေနသည့္ အရိပ္အေယာင္မ်ားက သိသာလွသည္။ရွန္႔ရွီးမွာ ေခါင္းလွည့္၍ ခ်ိန္ေပၚယန္အား တစ္ခ်က္ၾကည့္လိုက္ၿပီး :

"မွန္ရိွလား?ကြၽန္ေတာ္အခု ဘယ္လိုျဖစ္ေနတာလဲ?"

"လွပါတယ္"

ခ်ိန္ေပၚယန္က ရယ္ခ်လိုက္သည္။နည္းနည္းေလးပင္ ဟန္ေဆာင္ဖံုးကြယ္မေနပဲ ရယ္ေနသည္မွာ ရပ္ပင္ မရပ္ေတာ့ေခ်။ဆိုဖာေပၚ ထိုင္ခ်လိုက္ၿပီး ၊ ရွန္႔ရွီးအား လက္ၫွိုးထိုးလိုက္ကာ

"လာ ၊ ႏွစ္လွမ္းေလာက္ လမ္းေလ်ွာက္ၾကည့္ ၊ ငါ ၾကည့္ၾကည့္မယ္"

"ခ်ိန္ေပၚယန္ ! "

ရွန္႔ရွီးမွာ ေခါင္းငံု႔၍ ကိုယ့္ကိုကိုယ္ ၾကည့္လိုက္မိသည္။ဤသည္မွာ သိုးေမႊးျဖင့္ လုပ္ထားသည့္ စာတိုက္ပံုးလိုမ်ိဳး ခံစားေနရသည္။ပန္းပံုစံမ်ားျဖင့္လည္း ျပည့္ႏွက္ေနေသးသည္။

"ခင္ဗ်ား ကြၽန္ေတာ့္ကို တမင္တကာ ဒီဟာ၀တ္ခိုင္းတာ မဟုတ္လား ! "

"ဟုတ္တယ္ေလ ၊ တမင္တကာ ၀တ္ခိုင္းတာ ၊ မင္းေအးမွာ စိုးလို႔ မဟုတ္ဘူးလား"

ခ်ိန္ေပၚယန္က လက္ေခ်ာင္းျဖင့္ နဖူးစြန္းကို ေထာက္ထားၿပီး ၊ ရယ္ေနရင္းျဖင့္ ရွန္႔ရွီးကို စုန္ဆန္ၾကည့္ေနလိုက္သည္။

"ငါ့အိပ္ခန္းထဲမွာ မွန္ရိွတယ္ ၊ မင္း သြားၾကည့္ေလ"

"ကြၽန္ေတာ္ သြားၾကည့္လိုက္ၪီးမယ္"

ရွန္႔ရွီးမွာ အိပ္ခန္းဘက္ဆီ ထြက္လာခဲ့လိုက္သည္။ေျခလွမ္းတစ္လွမ္း လွမ္းလိုက္သည့္ အခ်ိန္မွာပင္ ၊ လွမ္းလို႔မရ ျဖစ္ေနသည္။သူ ဂရုတစိုက္ျဖင့္ ေျခဖ်ားေထာက္ၿပီး အိပ္ခန္းဘက္ဆီ ခုန္လာခဲ့လိုက္သည္။လက္က္ို တစ္ခ်က္လႊဲယမ္းလိုက္ရာ ၊ ထပ္ၿပီး ေၾကာင္အသြားမိျပန္သည္။

"လက္က ထုတ္လို႔မရဘူးလား?"

"လက္ကို ဆန္႔ထုတ္လိုက္ရင္ ခႏၶာကိုယ္ တစ္ခုလံုးရဲ့ ခံစားခ်က္ ပ်က္စီးသြားမွာ"

ခ်ိန္ေပၚယန္က အေတာ္ၾကာေအာင္ ထပ္ရယ္ေနၿပီးကာမွ ေျပာလိုက္သည္။

"ေဘးႏွစ္ဖက္မွာ အဟႏွစ္ခု ပါတယ္ ၊ လက္က္ို ဆန္႔ထုတ္လိုက္လို႔ ရတယ္ ၊ မင္း ရွာၾကည့္လိုက္"

ရွန္႔ရွီးမွာ ထိုအဟႏွစ္ခုကို ရွာေတြ့သြား၍ ၊ လက္က္ို ဆန္႔ထုတ္လိုက္ၿပီး ၊ အားျဖင့္ လက္ကိုလႊဲယမ္းကာ အိပ္ခန္းထဲ ခုန္၀င္သြားလိုက္သည္။ :

"မွန္က ဘယ္မွာလဲ ! "

"ဘီရိုတံခါးထဲမွာ"

ခ်ိန္ေပၚယန္က ဧည့္ခန္းထဲကေန ေျပာလိုက္သည္။

ရွန္႔ရွီးက ဘီရိုတံခါးကို ဆြဲဖြင့္ၾကည့္လိုက္ရာ ၊ တံခါးအေနာက္ရိွ မွန္ကို ျမင္လိုက္ရသည္။တစ္ခ်ိန္တည္းမွာပင္ မွန္ထဲရိွ ကိုယ့္ကိုကိုယ္လည္း ျမင္လိုက္ရသည္။သူ ခဏေလာက္ ေၾကာင္အေနမိၿပီးကာမွ ၊ ဧည့္ခန္းထဲ ျဖည္းျဖည္းခ်င္း ျပန္လာခဲ့လိုက္သည္။ :

"ေကာ ၊ ခင္ဗ်ား ဒီဟာကို ၀ယ္တဲ့အခ်ိန္တုန္းက ၊ ရည္ရြယ္ခ်က္က ဘာလဲဆိုတာကို ကြၽန္ေတာ့္က္ို ေျပာျပႏိုင္လား?"

"ေဆာ့ရေကာင္းမယ္ ထင္လို႔"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

"ခင္ဗ်ား ၀တ္ဖူးတယ္ေပါ့?"

ရွန္႔ရွီးက ခ်ိန္ေပၚယန္ အေရ႔ွနား ေလ်ွာက္သြား၍ ရပ္လိုက္ကာ

"ခင္ဗ်ား ဒီဟာကို ၀တ္ဖူးတယ္?"

"ဟင့္အင္း ၊ ၀ယ္လာတဲ့ အခ်ိန္တုန္းက တစ္ေခါက္ပဲ စမ္း၀တ္ၾကည့္ဖူးတာ"

ခ်ိန္ေပၚယန္က လက္ကိုေဝ႔ွယမ္းလိုက္ၿပီး

"ေဘးနားမွာ သြားထိုင္ေန"

ရွန္႔ရွီးက ေဘးနားတိုး၍ ထိုင္ခ်လိုက္သည္။ထိုင္ေနၿပီး ခဏေလာက္အၾကာတြင္ ၾကပ္ၾကပ္ထုပ္ထုပ္ျဖစ္ေန၍ နည္းနည္း ေနရ သက္ေသာင့္သက္သာ ျဖစ္လာသလို ခံစားလာရသည္။သို႔ျဖစ္ရာ ဖိနပ္ကို ခြၽတ္လိုက္ၿပီး ၊ လက္ကိုလည္း ျပန္ထိုးသြင္းလိုက္ကာ ၊ ဆိုဖာတစ္ဖက္တြင္ ေကြးေကြးေလး ေနေနလိုက္သည္။ :

"ေကာ ၊ ပိုးေကာင္ ၊ တူလား?"

ခ်ိန္ေပၚယန္က ရွန္႔ရွီးအား တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး :

"ေခါင္းတစ္လံုး ပိုေနတယ္"

ရွန္႔ရွီးက အေတာ္ၾကာေအာင္ ရုန္းကန္၍ ၊ ေခါင္းက္ိုပင္ သိုးေမႊးေပါက္ထဲ က်ံဳ႔၀င္လိုက္ၿပီး :

"ဒီလိုဆို တူလား?"

ခ်ိန္ေပၚယန္က ရွန္႔ရွီးကို ၾကည့္၍ ဘာမျွပန္မေျပာေပ။ရွန္႔ရွီးက အထဲကေန တစ္ခြန္း ထပ္ေမးလာျပန္သည္။ခ်ိန္ေပၚယန္က အသံမထြက္ေပ။

"တူလား မတူဘူးလား?"

ရွန္႔ရွီးက ဆက္ၿပီး က်ံဳ႔၀င္လိုက္သည္။

ခ်ိန္ေပၚယန္က ခုနကအတိုင္း ျပန္မေျဖေခ်။

ေနာက္ဆံုးမွာေတာ့ ရွန္႔ရွီးက ေခါင္းက္ိုျပန္ထုတ္လိုက္ၿပီး :

"ခင္ဗ်ား ဘာျဖစ္လို႔ စကားမေျပာတာလဲ?"

"မင္း အခ်ိန္ဘယ္ေလာက္ၾကာေအာင္ ေနႏိုင္မလဲလို႔ ၾကည့္ေနတာ"

ခ်ိန္ေပၚယန္က ေျပာလိုက္ၿပီး ၊ ေဘးနားရိွ စာအုပ္က္ိုယူ၍ လွန္လိုက္သည္။

".......ခင္ဗ်ားဆိုတဲ့ လူကေတာ့ ၊ လူနာက္ို ဒုကၡေပးေနတယ္ ၊ လူစိတ္ေရာ ရိွရဲ့လား ! "

ရွန္႔ရွီးက က်စ္ခနဲ တစ္ခ်က္စုတ္သတ္လိုက္သည္။

"မင္းဘာသာ ေဆာ့ေနတာ ေတာ္ေတာ္ေလး ေပ်ာ္ေနတာ မဟုတ္ဘူးလား"

ခ်ိန္ေပၚယန္က လကၹက္ရည္စားပြဲေအာက္မွ mp3 ကို စမ္းယူလိုက္ၿပီး ၊ နားၾကပ္တပ္လိုက္သည္။

"ဆက္ေဆာ့ေနေလ ၊ ပိုးေကာင္"

ခ်ိန္ေပၚယန္က နားၾကပ္တပ္၍ စာဖတ္ေနသည္။သူ႔က္ို ထပ္ၾကည့္မလာေတာ့ရာ ၊ ရွန္႔ရွီးလည္း မေဆာ့ခ်င္ေတာ့ေပ။အဖ်ားက မေပ်ာက္ေသးတာေၾကာင့္ ၊ နည္းနည္း ေနရခက္ေနသလိုမ်ိဳး ခံစားေနရသည္။သို႔ျဖစ္ရာ ဆိုဖာေပၚ ထိုင္၍ တီဗြီၾကည့္ေနလိုက္ေတာ့သည္။

ခ်ိန္ေပၚယန္က သတင္းအစီအစဥ္ ေျပာင္းထားတာေၾကာင့္ တီဗြီၾကည့္ရတာ စိတ္၀င္စားစရာ မေကာင္းဘူးဟု သူထင္ေနမိသည္။သို႔ေသာ္လည္း control က လကၹက္ရည္စားပြဲေပၚတြင္ ရိွေနရာ ၊ သူက သိုးေမႊးအစြပ္ႀကီး ပတ္ထားတာေၾကာင့္ သြားယူရမွာ အရမ္းကို ခက္ခဲေနသည္။ႏွစ္ခ်က္ေလာက္ လွည့္ၾကည့္လိုက္ၿပီးေနာက္တြင္ေတာ့ သူ လက္ေလ်ွာ့လိုက္ကာ ၊ သတင္းကိုသာ စိုက္ၾကည့္ေနလိုက္ေတာ့သည္။

ခဏေလာက္ ၾကည့္ေနၿပီး ေနာက္မွာေတာ့ ၊ ခ်ိန္ေပၚယန္က လက္ကိုဆန္႔ထုတ္၍ control ကို ယူလိုက္ကာ ၊ သူ႔ေဘးနား လွမ္းပစ္ေပးလာသည္။

"ကြၽန္ေတာ္ ဒီဟာကို လိုေနမွန္း ခင္ဗ်ား ဘယ္လိုသိတာလဲ?"

ရွန္႔ရွီးက ရယ္လိုက္ၿပီး ၊ control ကို ယူ၍ လိုင္းစေျပာင္းလိုက္သည္။

ခ်ိန္ေပၚယန္က သူ႔ကို အဖတ္မလုပ္ပဲ ၊ ေခါင္းငံု႔ရင္း စာဖတ္ေနသည္။နားၾကပ္တပ္ထားတာေၾကာင့္ မၾကားရသည့္ပံုပင္။

"ေကာ"

ရွန္႔ရွီးက လိုင္းအခ်ိဳ႕ ေျပာင္းလိုက္သည္။ၾကည့္ေကာင္းသည့္ အစီအစဥ္ကို ရွာမေတြ့တာေၾကာင့္ ၊ အားကစားလိုင္းတြင္ ရပ္၍ ၊ ဘိလိယက္ ကစားေနတာ ၾကၫ့္ေနလိုက္သည္။

"ခင္ဗ်ား အရင္တုန္းက စာေလ့လာတာ အရမ္းေတာ္တယ္ မဟုတ္လား?"

ခ်ိန္ေပၚယန္က ျပန္မေျဖေပ။စာကို အေလးအနက္ျဖင့္ ဖတ္ေနသည္။

"ခင္ဗ်ား စာဖတ္တာကို သီခ်င္းနားေထာင္ရင္း ဖတ္ေတာ့ ဖတ္လို႔ရလို႔လား?"

ရွန္႔ရွီးက ထပ္ေမးလိုက္သည္။

ခ်ိန္ေပၚယန္က သူ႔ကို အဖတ္မလုပ္ျပန္ေပ။သူ ေနာက္တစ္ခြန္း ထပ္ေျပာၾကည့္လိုက္သည္။ :

"မၾကားရဘူးလား?ေကာ?ေဒါက္တာခ်ိန္?ခ်ိန္ေပၚယန္?"

ခ်ိန္ေပၚယန္က ေခါင္းငံု႔လ်က္ျဖင့္ ၊ အၾကည့္မ်ားက တစ္ခ်ိန္လံုး စာအုပ္ေပၚတြင္ ရိွေနသည္။

"နားေလးႀကီး"

ရွန္႔ရွီးက အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။

"ကြၽန္ေတာ္ ခင္ဗ်ားကို ဆဲေနတာ ခင္ဗ်ားၾကားရလား?လက္ေဆးရတာ ရူးသြပ္ေနတဲ့လူ?"

ရွန္႔ရွီးက အေနာက္ဘက္ရိွ ဆိုဖာေပၚ ေခါင္းမွီလိုက္ၿပီး :

"အမွန္ေတာ့ ဆဲခ်င္ရင္ေတာင္ ခင္ဗ်ားဆီမွာ ဘာဆဲစရာရိွလဲဆိုတာ မသိဘူး ၊ တစ္ျခားလူသာဆို ကြၽန္ေတာ္ ပန္းပြင့္လာတဲ့အထိ ဆဲႏိုင္တယ္ ၊ ပန္းၿခံတစ္ခုလံုး ပန္းေတြနဲ႔ ျပည့္သြားလိမ့္မယ္ ၊ ခင္ဗ်ားမွာ တကယ္ပဲ ဘာအျပစ္မွ မရိွဘူး ၊ လူေကာင္းတစ္ေယာက္ပဲ ၊ ၿပီးေတာ့ အရမ္းေကာင္းတဲ့ အဲ့လိုလူေကာင္းအမ်ိဳးအစား......ကြၽန္ေတာ္ ဒီဘ၀မွာ ေတြ့ဖူးသမ်ွထဲ အေကာင္းဆံုးလူပဲ ၊ ခင္ဗ်ားနဲ႔ မေတြ့ခင္တုန္းက ၊ ခင္ဗ်ားလို လူမ်ိဳး ရိွေနလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ေတာင္ မထင္ထားခဲ့မိဘူး......"

"အင္း ၊ ၿပီးေတာ့ ဒီေလာက္ေတာင္ ေခ်ာေနေသးတယ္"

ခ်ိန္ေပၚယန္က ေခါင္းငံု႔ေနလ်က္ျဖင့္ ရုတ္တရက္ႀကီး တစ္ခြန္းေျပာလာသည္။

"အိုင္း ၊ ငါလူး?"

ရွန္႔ရွီးမွာ အလန္႔တၾကား ျဖစ္သြားၿပီး ၊ မတ္မတ္ထိုင္၍ ခ်ိန္ေပၚယန္ကို ၾကည့္လိုက္သည္။

"ခင္ဗ်ား ၾကားရတာပဲ ! "

"ဘယ္သူ႔ကို Fuck မလို႔လဲ?"

ခ်ိန္ေပၚယန္က မ်က္ႏွာ လွည့္ၾကည့္လာသည္။

"ကြၽန္ေတာ္"

ရွန္႔ရွီးက အျမန္ေျပာလိုက္ၿပီး ၊ သံရွည္ဆြဲ၍ သက္ျပင္းခ်လိုက္ကာ ၊ အေတာ္ေလး ေနရခက္ေနဟန္ျဖင့္ ေျပာလိုက္သည္။

"ကြၽန္ေတာ္ ထပ္ၿပီး ပါးစပ္က အက်င့္ပါၿပီး ေျပာမိသြားတာပါ ၊ ကြၽန္ေတာ္က သတိမထားမိတာနဲ႔......မဟုတ္ေသးပါဘူး ၊ ခင္ဗ်ား ၾကားေနရတာလား?ခင္ဗ်ား သီခ်င္းနားေထာင္ေနတာ မဟုတ္ဘူးလား?"

"ငါ သီခ်င္းဖြင့္ဖို႔ ေမ့သြားတာ"

ခ်ိန္ေပၚယန္က နားၾကပ္ကို ဆြဲျဖဳတ္လိုက္သည္။

"........အဲ့ဒါဆို ခုနတုန္းက ကြၽန္ေတာ္ ခင္ဗ်ားက္ို စကားေျပာေနတာကို ၊ ခင္ဗ်ားက အဖက္မလုပ္ဘူး?"

ရွန္႔ရွီးမွာ ေၾကာင္အသြားမိသည္။

"အကုန္လံုးက အေရးမပါတဲ့ စကားေတြႀကီးပဲ ၊ အဖက္လုပ္ရမွာ ပ်င္းတယ္"

ခ်ိန္ေပၚယန္က ေဘးနားရိွ စာအုပ္ႏွင့္ ေဘာယူက္ို လွမ္းယူ၍ ၊ မွတ္စုစာအုပ္ေပၚတြင္ ေရးမွတ္လိုက္သည္။

"ဒါဆို အခုက်ေတာ့ ဘယ္လိုျဖစ္ၿပီး အဖက္လုပ္ရတာလဲ ! "

ခ်ိန္ေပၚယန္မွာ လံုး၀ကို ရူးေၾကာင္ေၾကာင္ႏိုင္သည္ဟု ရွန္႔ရွီးေတြးလိုက္မိသည္။

"မင္း ငါ့က္ို ဒီေလာက္အားတက္သေရာ ခ်ီးက်ီးေနတာကို"

ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး

"ငါက မင္းအတြက္ ကူၿပီး တစ္ခ်က္ေလာက္ ျဖည့္ေျပာေပးတာေလ"

"ေကာ"

ရွန္႔ရွီးမွာ ခ်ိန္ေပၚယန္အား စိုက္ၾကည့္လိုက္ၿပီး

"ခင္ဗ်ားက ကြၽန္ေတာ္ ေတြ့ဖူးသမ်ွထဲမွာ အေကာင္းဆံုးလူ ျဖစ္ရံုမကဘူး ၊ ကြၽန္ေတာ္ ေတြ့ဖူးသမ်ွထဲမွာ မ်က္ႏွာအႀကီးဆံုး လူပဲ"

ခ်ိန္ေပၚယန္က ရယ္၍ မတ္တပ္ထရပ္လိုက္ၿပီး ၊ အံဆြဲထဲမွ အပူခ်ိန္တိုင္း ကိရိယာကို ထပ္ၿပီး ထုတ္ယူ၍ ရွန္႔ရွီးအား ေပးလိုက္သည္။ :

"တိုင္းၾကည့္"

"ၾကည့္ရတာ တိုင္းဖို႔ မလိုေလာက္ေတာ့ပါဘူး"

ရွန္႔ရွီးက အပူခ်ိန္တိုင္း ကိရိယာက္ို လွမ္းယူ၍ ေသခ်ာၫွပ္လိုက္ၿပီး

"ကြၽန္ေတာ့္အထင္ ေတာ္ေတာ္ေလး ေကာင္းေနၿပီ......."

"ဖ်ားေနေသးတာလည္း ျဖစ္ႏိုင္တယ္"

ခ်ိန္ေပၚယန္က ထိုင္ခ်လိုက္ၿပီး

"တစ္ခ်ိဳ႕လူေတြက ဖ်ားေနရင္ စကားအရမ္းေျပာႏိုင္လြန္းတယ္ ၊ ငါ မင္းကို ၾကည့္ေနတာ ၊ စကားမ်ားလြန္းလို႔ ဒီအေပါက္ႀကီးေတာင္ ထည့္လို႔ မဆန္႔ေတာ့ဘူး"

"ဟုတ္လား?"

ရွန္႔ရွီးက အေတာ္ေလး အေနရခက္စြာျဖင့္ ရယ္လိုက္ကာ

"ၾကည့္ရတာ ဟုတ္ေလာက္တယ္ ၊ အမွန္ေတာ့ ကြၽန္ေတာ္က ပံုမွန္အခ်ိန္ဆို စကားမမ်ားဘူး ၊ ေျပာစရာလည္း ဘာမွ မရိွဘူးေလ ၊ ဘာျဖစ္လို႔လဲေတာ့ မသိဘူး ၊ ခင္ဗ်ားနဲ႔ အတူတူရိွေနရင္ တစ္ခ်ိန္လံုး စကားေတြ ေျပာခ်င္ေနတာ"

ခ်ိန္ေပၚယန္က ရွန္႔ရွီးအား တစ္ခ်က္ၾကည့္လိုက္ၿပီး :

"ဘာျဖစ္လို႔လဲဆိုေတာ့....."

"ဘာျဖစ္လို႔လဲဆိုေတာ့ ခင္ဗ်ားက ေခ်ာလို႔ ၊ ဟုတ္တယ္မလား ၊ ကြၽန္ေတာ္ သိပါတယ္"

ရွန္႔ရွီးက ခ်က္ခ်င္း ေျပာလိုက္သည္။

"ခင္ဗ်ား ေသခ်ာေပါက္က္္ို ဒီလိုေျပာလာမယ္ဆိုတာ"

ခ်ိန္ေပၚယန္က စကားကို ဆက္မေျပာေတာ့ပဲ ၊ ထရပ္၍ ေရႏြေးဘူးေလးထဲ ေရထည့္၍ ၊ သူ႔ ေရခြက္ကိုပါ ထပ္ယူကာ လကၹက္ရည္ စားပြဲေပၚတြင္ အတူတူ တင္ထားလိုက္ၿပီး ၊ မီးဖိုခန္းထဲ၀င္၍ အသီးအခ်ိဳ႕ ေဆးေၾကာ၍ ထြက္လာခဲ့သည္။ :

"မအိပ္ရင္ ေရေသာက္ ၊ အသီးစား"

"ေၾသာ"

ရွန္႔ရွီးက ေခါင္းညိတ္ျပလိုက္သည္။

ခ်ိန္ေပၚယန္က ခဏေလာက္ ေစာင့္ေနၿပီး ၊ အပူခ်ိန္ကို ၾကည့္လိုက္သည္။အပူခ်ိန္က 38°ထိ က်သြားၿပီပင္။သူ စာအုပ္ႏွင့္ မွတ္စုစာအုပ္ကို ယူ၍ အိပ္ခန္းထဲ ၀င္လာခဲ့လိုက္သည္။

"ခင္ဗ်ား အိပ္ေတာ့မွာလား?"

ရွန္႔ရွီးက ေမးလိုက္သည္။

"စာဖတ္မလို႔ ၊ မင္းက အရမ္းဆူလြန္းတယ္"

ခ်ိန္ေပၚယန္က အိပ္ခန္းထဲကေန ေျပာလိုက္သည္။

"မ်က္ႏွာခ်င္းဆိုင္က ၾကက္တူေရြးေတြေတာင္ မင္းကို အရႈံးေပးသြားၾကၿပီ"

ခ်ိန္ေပၚယန္က အိပ္ခန္းတံခါးကို မပိတ္ထားေပ။သူ နားၾကပ္တပ္လိုက္ၿပီး ၊ ျပတင္းေပါက္ေဘးရိွ ဆိုဖာေပၚ ထိုင္ကာ ၊ ေျခေထာက္ကို အရွည္ႀကီး ဆန္႔တန္းထားသည္အား ရွန္႔ရွီး ျမင္ေနရသည္။

စာအုပ္တစ္အုပ္ ဖတ္တာေတာင္ ဒီလိုသက္ေသာင့္သက္သာရိွသည့္ အေနအထားကို ရွာေတြ့သည္ပင္။

ေက်ာင္းမတက္ခဲ့ဖူးေသာ္လည္း ၊ ခ်ိန္ေပၚယန္မွာ ေက်ာင္းတက္သည့္ အခ်ိန္တုန္းက အရမ္းကို စာလုပ္ႏိုင္သည့္ ေက်ာင္းသားမ်ိဳး ျဖစ္ႏိုင္သည္မွာ ေသခ်ာေလာက္သည္ဟု ရွန္႔ရွီး ေတြးလိုက္မိသည္။

အကယ္၍ ဖ်င္ရႉးက သူ႔အား ေက်ာင္းသြားတက္ခိုင္းလ်ွင္ေတာင္ ၊ သူက ပံုစံထြက္ေအာင္ စာလုပ္ႏိုင္မည့္ ပံုစံမ်ိဳး မဟုတ္ေလာက္ေခ်။ဖ်င္ရႉးမွာ ေန့တိုင္း ဆရာမ်ား၏ ေက်ာင္းကိုေခၚတာ ခံရမည္မွာ ေသခ်ာသည္။ေခၚခံရတာ သံုးေခါက္မျပည့္ေသးမီမွာပင္ သူက ေက်ာင္းမတက္ရေတာ့သည့္ ကေလးျဖစ္သြားေလာက္မွာပင္။

တီဗြီက စိတ္၀င္စားစရာ မေကာင္းေပ။ခ်ိန္ေပၚယန္ကလည္း သူစကားေျပာတာက္ို နားေထာင္ရမွာ ပ်င္းသည္။လွဲၿပီးလည္း မေနခ်င္ေပ။သို႔ျဖစ္ရာ ရွန္႔ရွီးမွာ ဆိုဖာေပၚ ေခြေခြေလးထိုင္၍ အိပ္ခန္းထဲတြင္ စာဖတ္ေနေသာ ခ်ိန္ေပၚယန္အား စိုက္ၾကည့္၍ အေတြးလြန္ေနမိသည္။

ေျပာရမည္ဆိုလ်ွင္ ၊ ခ်ိန္ေပၚယန္က တကယ္ကို ေတာ္ေတာ္ေလး ေခ်ာသည္ပင္။ID ကဒ္က္ို ပထမဆံုး ျမင္လိုက္ရသည့္ အခ်ိန္က ၊ ဒီလူမွာ ေတာ္ေတာ္ေလး ေခ်ာသည္ဟု ရွန္႔ရွီး ေတြးမိခဲ့သည္။ရွန္႔ရွီးမွာ ခ်ိန္ေပၚယန္၏ ေဘးတေစာင္းမ်က္ႏွာကို ၾကည့္ေနမိသည္။စကားမေျပာ ၊ မရယ္မၿပံဳးသည့္ အခ်ိန္ဆိုလ်ွင္ ၾကည့္ရသည္မွာ အနည္းငယ္ ေအးစက္စက္ ႏိုင္ေနသည္။မရင္းႏွီးသည့္ အခ်ိန္ကဆိုလ်ွင္ သိပ္ၿပီး ရင္းႏွီးဖို႔မလြယ္ကူသည့္ ခံစားခ်က္မ်ိဳး လူက္ို ေပးစြမ္းခဲ့သည္။

အမွန္မွာေတာ့ ေတာ္ေတာ္ေလး ရယ္ရသည့္ လူျဖစ္သည္။

သို႔ေသာ္လည္း ႏွေမ်ာစရာပင္။မေမ်ွာ္လင့္ထားစြာျဖင့္ ေယာက်ာ္းေလးက္ို သေဘာက်သူ ျဖစ္ေနသည္။ရွန္႔ရွီးမွာ က်စ္ခနဲ တစ္ခ်က္စုတ္သတ္လိုက္မိသည္။ဒီေလာက္ေကာင္းသည့္ မ်ိဳးေစ့ဗီဇမွာ ဒီလိုႏွင့္ အလကား ျဖဳန္းတီးရာ က်သြားသည္......ၾကည့္ရတာ အေတြးေတြ နည္းနည္းေဝးလြန္းေနၿပီပင္။

ရွန္႔ရွီးမွာ အိတ္ကပ္ထဲရိွ ဖုန္းကို စမ္းၾကည့္လိုက္မိသည္။ဖုန္းကို သူ တစ္ခ်ိန္လံုး ကိုင္ထားၿပီး ၊ ကိုယ္ႏွင့္မကြာေဆာင္ထားသည္။ဟ္ိုဘက္က ဖုန္းဆက္လာၿပီး ၊ သူ႔အား အလုပ္လာခိုင္းလ်ွင္ ဖုန္းမကိုင္လိုက္မိမွာ စိုးလို႔ပင္။သို႔ေသာ္လည္း ဖုန္းက တစ္ခ်ိန္လံုး ျမည္မလာေခ်။

ရွန္႔ရွီးမွာ ဖုန္းကို ထုတ္ယူ၍ ၾကည့္လိုက္မိသည္။အားလည္း ရိွသလို ၊ Signal လည္း ရိွသည္ပင္။

စၿပီး လႈပ္ရွားလိုက္လ်ွင္ ရၿပီပင္။ကိုယ့္ဘာသာေတာ့ လႈပ္ရွားသည္ပင္။လႈပ္ရွားသည္မွာ အေတာ္ေလးကို တက္ႂကြလွသည္။သို႔ေသာ္လည္း ေျပာင္းလဲမႈက ေတာ္ေတာ္ေလး ေသးငယ္လွသည္။ဘယ္အခ်ိန္က်မွ တကယ့္လမ္းေၾကာင္းအမွန္ေပၚ ေရာက္ႏိုင္မလဲဆိုတာ မသိေပ။ခ်ိန္ေပၚယန္လို ပံုစံမ်ိဳး ျဖစ္ဖို႔ကေတာ့ ေမ်ွာ္လင့္ခ်က္ မရိွေခ်။သို႔ေသာ္လည္း လမ္းမေပၚတြင္ အသက္ရွင္ ေနထိုင္မႈအတြက္ လႈပ္ရွားရုန္းကန္ေနၾကသည့္ အနိမ့္ဆံုး လူ ဆိုလ်ွင္ေတာင္ သူ စိတ္ေက်နပ္မွာပင္။

ဥပမာ ညပိုင္းတြင္ သစ္သီးဆိုင္၌ သူမ်ားအတြက္ ဆိုင္ၾကည့္ေပးတာ ဘာညာက ၊ အရမ္းကို ေကာင္းမြန္သည့္ ေျခလွမ္းတစ္လွမ္းပင္။

ေတာ္ေတာ္ေလး ေကာင္းသည္။

******

အထူးျပဳ ဘာသာရပ္ကို ဖတ္ရႈ႔ရျခင္းက သူ႔အတြက္ေတာ့ ဘာမွ စိတ္၀င္စားစရာ မေကာင္းဘူးဟု ခ်ိန္ေပၚယန္ ထင္မိသည္။သို႔ေသာ္လည္း ငယ္ငယ္ေလးကတည္းကေန အခုအခ်ိန္အထိ အရမ္းက္ို ကိုယ့္ဘာသာ စည္းကမ္းခ်ထားသလိုမ်ိဳး စာဖတ္ျခင္းႏွင့္ ေလ့လာျခင္းက္ို လုပ္လာခဲ့သည္မွာ အေလ့အက်င့္တစ္ခုပင္ ျဖစ္ေနေလၿပီ။

ပ်င္းရိစရာေကာင္းသည့္ အထူးျပဳဘာသာရပ္ အခ်က္အလက္မ်ားကိုပင္ တစ္ခါဖတ္လ်ွင္ ႏွစ္နာရီ သံုးနာရီေလာက္ မလႈပ္ပဲ ဖတ္ႏိုင္သည္။စက္ထဲရိွ သီခ်င္းမ်ားက အစဥ္လိုက္အတိုင္း တစ္ေခါက္ဖြင့္ၿပီးသြားသည့္ ေနာက္တြင္ ၊ သူ စာအုပ္ကို ပိတ္လိုက္ၿပီး ၊ ေခါင္းေမာ့၍ လည္ပင္းက္ို တစ္ခ်က္လႈပ္ရွားလိုက္ကာ ၊ မတ္တပ္ထရပ္၍ အိပ္ခန္းထဲမွ ထြက္လာခဲ့လိုက္သည္။

11 နာရီ ထိုးၿပီးသြားၿပီပင္။ရွန္႔ရွီးမွာ လက္ထဲတြင္ control ကို ကိုင္ထားၿပီး ၊ လူတစ္ကိုယ္လံုး သိုးေမႊးအေပါက္ထဲ က်ံဳ႔၀င္၍ အိပ္ေပ်ာ္ေနၿပီျဖစ္သည္။

မ်က္ႏွာအေရာင္က ခုနတုန္းကလို နီမေနေတာ့ေပ။ပံုမွန္ျပန္ျဖစ္ေနၿပီပင္။သူ လက္ကိုဆန္႔ထုတ္လိုက္ၿပီး ရွန္႔ရွီး နဖူးေပၚ ထိကပ္ၾကည့္လိုက္သည္။အပူခ်ိန္က က်သြားၿပီပင္။

လကၹက္ရည္စားပြဲေပၚရိွ ပန္းသီးကို ရွန္႔ရွီးက သံုးလံုးစားထားသည္။မလႈပ္ရွားခ်င္တာေၾကာင့္ ျဖစ္ပံုရသည္။ပန္းသီး အခြံမ်ားကို အမိႈက္ပံုးထဲ မပစ္ထားေပ။သို႔ေသာ္လည္း လကၹက္ရည္စားပြဲေပၚ မတင္ထားေခ်။ဖန္ခြက္ထဲတြင္ ထည့္ထားသည္။

ခ်ိန္ေပၚယန္က အသီးခြံမ်ားအားလံုးကို အမိႈက္ပံုးထဲ ထည့္လိုက္ၿပီး ၊ ဖန္ခြက္ကိုပါ ထပ္ေဆးလိုက္သည္။ဆိုဖာေဘးနား ျပန္ေလ်ွာက္လာခဲ့လိုက္ၿပီး ၊ ရွန္႔ရွီး၏ မ်က္ႏွာကို ပုတ္လိုက္ကာ :

"အခန္းထဲ သြားအိပ္"

" .....ဟင္?"

ရွန္႔ရွီးက ေဝေဝဝါးဝါးျဖင့္ မ်က္လံုးကို ဖြင့္လိုက္ၿပီး ၊ ခ်ိန္ေပၚယန္အား တစ္ခ်က္ၾကည့္လိုက္ကာ မ်က္လံုးျပန္မိွတ္သြားခဲ့သည္။

"အခန္းထဲေရာက္မွ ထပ္အိပ္ ၊ ဆိုဖာေပၚမွာ တစ္ညလံုးအိပ္ေနရင္ မနက္ျဖန္က်ရင္ ခါးနာေနလိမ့္မယ္"

ခ်ိန္ေပၚယန္က ရွန္႔ရွီး၏ မ်က္ႏွာကို ထပ္ပုတ္လိုက္သည္။

ရွန္႔ရွီးက မ်က္ေမွာင္ၾကဳတ္၍ ေခါင္းလွည့္လိုက္သည္။ဒီတစ္ႀကိမ္တြင္ေတာ့ မ်က္လံုးပင္ ဖြင့္မလာေတာ့ေပ။

"အိုင္း ၊ အရင္ဆံုး ထၪီး"

ခ်ိန္ေပၚယန္က ရွန္႔ရွီး၏ မ်က္ႏွာေပၚ လက္ေခ်ာင္းျဖင့္ တစ္ခ်က္ေတာက္လိုက္ၿပီး

"ထ"

ရွန္႔ရွီးက မ်က္လံုးဖြင့္လာၿပီး ၊ ဝူးတူးဝါးတားျဖင့္ မရွင္းမလင္း တစ္ခြန္းေျပာလာသည္။ :

"မဆူနဲ႔......ကြၽန္ေတာ္က လူနာတစ္ေယာက္ေနာ္"

"အခုေတာ့ ကိုယ့္ကိုကိုယ္ လူနာလို႔ ေျပာၿပီေပါ့?"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။ရွန္႔ရွီးက ထပ္ၿပီး ျပန္အိပ္ေပ်ာ္သြားသည္က္ို ၾကည့္ေနမိၿပီး ၊ သူ႔ လက္ကိုဆန္႔ထုတ္လိုက္ကာ ၊ ရွန္႔ရွီး၏ မ်က္လံုးေထာင့္ရိွ ပလာစတာကို ဆြဲခြာလိုက္သည္။

"ထ"

ရွန္႔ရွီးက လည္ပင္းေအာက္ရိွ သိုးေမႊးအေပါက္ထဲမွ လက္က္ို ဆန္႔ထုတ္လာၿပီး ၊ မ်က္ႏွာေပၚ ကုတ္လိုက္ကာ ၊ ထပ္ၿပီး မလႈပ္လာေတာ့ေပ။

ခ်ိန္ေပၚယန္မွာ ဆိုဖာေဘးနားတြင္ ခဏေလာက္ ရပ္ေနလိုက္ၿပီး ၊ ခါးကိုင္း၍ ရွန္႔ရွီး၏ ခႏၶာကိုယ္ေအာက္ လက္ကိုထိုးထည့္လိုက္ကာ ၊ ဆြဲေပြ့လိုက္သည္။

သူက တစ္ျခားသူကို အရမ္း ဂရုစိုက္ေပးတတ္သူေတာ့ မဟုတ္ေပ။သို႔ေသာ္လည္း ရွန္႔ရွီးသာ ဆိုဖာေပၚတြင္ ဒီလိုမ်ိဳး တစ္ညလံုး အိပ္ေနပါက ၊ အဖ်ားက ထပ္တက္လာမွာပင္။သူ႔စြမ္းအားမ်ားက မလံုေလာက္ဘူးဟု ထင္မိသည္။လူနာစာေလး တစ္နပ္စာေလာက္ ခ်က္တာေတာင္ သူ႔အတြက္ ေတာ္ေတာ္ေလး ပင္ပန္းေနၿပီျဖစ္သည္။

ခႏၶာကိုယ္က ရုတ္တရက္ႀကီး ေလထဲဝဲသြားလို႔ ျဖစ္ပံုရသည္။ရွန္႔ရွီးက ခ်က္ခ်င္းပင္ မ်က္လံုးဖြင့္ၾကည့္လာကာ ၊ ႏွစ္စကၠန္႔ေလာက္ စိုက္ၾကည့္ေနၿပီး ေနာက္တြင္ အက်ယ္ႀကီး ေအာ္လာသည္။ :

"အား ! "

တစ္ဆက္တည္းမွာပင္ သိုးေမႊးအေပါက္ႀကီးထဲကေန ေအာက္ကိုဆင္းဖို႔ ရုန္းကန္လာသည္။

"အိုင္း ၊ ေလ်ွာက္မလႈပ္နဲ႔ ! "

ခ်ိန္ေပၚယန္က အျမန္ပင္ တစ္ခ်က္ေအာ္ေျပာလိုက္ၿပီး ၊ စာၾကည့္ခန္းထဲ အျမန္လွမ္း၀င္လာခဲ့လိုက္ကာ ၊ ရွန္႔ရွီးအား ဆိုဖာကုတင္ေပၚ ကပစ္တင္လိုက္သည္။

"ျပဳတ္က်လို႔ အရိုးက်ိဳးသြားရင္ ငါ မင္းက္ို ဆက္ေပးႏိုင္တယ္ ၊ ေခါင္းနဲ႔သာ က်သြားရင္ ငါ မင္းအတြက္ ေဒါက္တာ ရွာေပးေနရမွာ ! "

"ကြၽန္ေတာ္ လန္႔သြားလို႔ပါ ၊ ကြၽန္ေတာ္ ခုနတုန္းက အိပ္မက္ထဲမွာ အေဆာက္အၪီးထိပ္ဖ်ားမွာ ရပ္ေနတာ ၊ ၿပီးေတာ့ ေလထဲမွာ ဝဲပ်ံသြားတာေလ ! "

ရွန္႔ရွီးက သိုးေမႊးအေပါက္၏ အဟၾကားထဲမွ လက္က္ိုဆန္႔ထုတ္၍ အခ်က္အနည္းငယ္ေလာက္ ေဝ႔ွယမ္းလိုက္ၿပီး

"ကြၽန္ေတာ္ ေသမတတ္ လန္႔သြားတာ ! ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာလ္ို႔ မႏိႈးရတာလဲ ၊ ကြၽန္ေတာ္ ကိုယ့္ဘာသာ၀င္လာရင္လည္း ရတာပဲ မဟုတ္ဘူးလား ! "

"မင္းအထင္ ငါက မႏိႈးဘူးလ္ို႔ ထင္ေနတာလား?"

ခ်ိန္ေပၚယန္က ေစာင္ကို ဆြဲယူ၍ ရွန္႔ရွီးကိုယ္ေပၚ ၿခံဳေပးလိုက္ၿပီး

"ရၿပီ ၊ အျမန္ အေဆာက္အၪီးထိပ္ဖ်ားဆီ ျပန္တက္သြားေတာ့"

"ကြၽန္ေတာ္ ဆိုဖာေပၚမွာ အိပ္လိုက္လို႔လည္း ရပါတယ္"

ရွန္႔ရွီးက အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။

"ခင္ဗ်ား ဒီလို မလိုက္ေတာ့ ၊ မေတာ္လို႔မ်ား ခါးေက်ာညပ္သြားရင္ ဘယ္လိုလုပ္မလဲ"

"မင္းရဲ့ ဒီအေလးခ်ိန္ေလးနဲ႔ ဘယ္သူ႔ခါးက ညပ္ႏိုင္မွာလဲ"

ခ်ိန္ေပၚယန္က မီးပိတ္လိုက္ၿပီး အျပင္ကို ထြက္လာခဲ့လိုက္သည္။

"အိုင္း ၊ ေကာ"

ရွန္႔ရွီးက သိုးေမႊးအေပါက္ထဲကေန အိပ္သည့္ အေနအထားကို တစ္ခ်က္ျပင္လိုက္ၿပီး

"ကြၽန္ေတာ္ ခုနက တစ္ခ်ိန္လံုး ေတြးေနတဲ့ ကိစၥတစ္ခုရိွတယ္ ၊ ေတြးရင္းေတြးရင္းနဲ႔ အိပ္ေပ်ာ္သြားတာ"

ခ်ိန္ေပၚယန္က ရွန္႔ရွီးကို ၾကည့္ေနၿပီး ဘာမွမေျပာေပ။

"ဟိုဟာေလ ၊ ခင္ဗ်ား အရင္တုန္းက ေျပာခဲ့တာ ၊ ခင္ဗ်ား ကြၽန္ေတာ့္ကို ဒီလိုမ်ိဳး ကူညီေနတာက.....အေၾကာင္းအရင္း ရိွတယ္ဆို"

ရွန္႔ရွီးက ႏွာေခါင္းကို ပြတ္လိုက္ၿပီး

"ခင္ဗ်ား ကြၽန္ေတာ့္အေပၚ ဒီေလာက္ေကာင္းေပးေနတာက.....ဘာျဖစ္လို႔လဲ?"


Continue Reading

You'll Also Like

126K 4.4K 30
︎Dakari Stilinski is the older brother of Stiles Stilinski. He was in his senior year, when his entire life changed, his younger brother, dragged him...
10.7K 256 12
Ally and her husband Marcus were set to divorce after seventeen years of marriage. They had three adopted daughters Camila, Lauren, and Normani and o...
6.5K 788 24
Novel name-情终(End of love) Original author- 孤君(lonely king) total chapter- 113 chapters update schedule- Sat,Sun I don't own this work. All credit to...
662K 68.6K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...