အပိုင်း (35)
ရေချိုးရင်း အတွေးတွေလွင့်နေသည့် ခွန်း....
Lord က ရေချိုးခန်းထဲကို ဝင်လာခဲ့သည်။
ဒါပေမယ့် ခွန်းစိတ်တွေလွင့်နေလို့...
Lord ရောက်လာမှန်းမသိခဲ့ချေ။
Lord က သူမ ခါးလေးကို ပွေ့ဖက်ကာ နှာခေါင်းလေးနှင့် သူမလည်တိုင်ကို နမ်းနေသည်။
ခွန်း ခန္ဓာကိုယ်လေး တုန်သွားကာ....
"Lord ဘယ်လို ရောက်လာတာလဲ"
"ဒါကိုယ့်အခန်းလေ....မင်းဆီက ဝိုင်အနံ့
ရနေတယ်..ဘာဖြစ်တာလဲ "
"ချောလဲတာ....ဝိုင်သောက်နေရင်း"
"ဘယ်နေရာ ထိခိုက်သွားသေးလဲ..."
သိက္ခာတွေ အကုန် ထိခိုက်သွားတယ်...Lord ဘာလုပ်ပေးမှာလဲ....
"ဘယ်နေရာမှ မထိခိုက်ပါဘူး..."
ငါက Lord အရုပ်...Lord မကြိုက်တယ့်နေ့..
ငါက မြောင်းထဲရောက်သွားမှာ...
ခွန်း က Lord ရဲ့ မျက်နှာကို မဆိုင်ရဲဘဲ အရဲစွန့်ကာထိုစကားကို ပြောခဲ့သည်။
"Lord....."
"ခွန်း ကို ချစ်တာလား...ကြိုက်တာလား.."
"နှစ်ခုလုံးပဲ...."
Lord က ခွန်းရဲ့ ပုခုံးလေးကို နှုတ်ခမ်းသားတွေဖြင့်ထိကပ်နေရင်း....ပေါ့...
တစ်ခါထိလိုက်တိုင်းသူမကိုယ်လေးက တုန်လာတတ်သေးသည်။
"ခွန်းကို ကစားဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်...
ကစားလို့ရတယ်..Lord..ပျင်းသွားလို့ လွှတ်ပစ်တယ့်အချိန်ကျရင်လဲ ကျေကျေနပ်နပ် လွှတ်ပစ်ခံမယ်...
ဒါပေမယ့်....တစ်ခုတော့ရှိတယ် ...Lord...."
"အင်း....."
"တစ်ခါ လွှတ်ပစ်ပြီးသွားချိန်....နောက်တစ်ခါ
လာကစားလို့မရတော့ဘူး....နားလည်ပေးပါ..."
"အင်း....ကိုယ်ကလဲ ကစားပြီးသားအရုပ်ကို
ပြန်မကစားတတ်ဘူး..."
Lord ဘက်ကို လှည့်ကာ ခွန်းက Lord ရဲ့
နှုတ်ခမ်းတွေကို နမ်းသည်။ Lord က သူမ အနမ်းတွေကို ပြန်တုံပြန်သည်။
ခွန်းလဲ....Lord အပေါ်ကို ခွတတ်ပြီး အနမ်းတွေ အဆက်မပြတ်ပေးခဲ့သည်။
~~~~~~~~~♥♥♥♥♥~~~~~~~~~~
Lord က ခွန်းရဲ့ဆံနွယ်လေးတွေကို တစ်ဘက်နဲ့ သုတ်ပေးနေသည်။
"ခွန်း....."
"........."
"နောက်တစ်ပတ် Monday ကိုယ့်မွေးနေ့..."
ခွန်း က Lord ကို လှည့်ကြည့်လိုက်ပြီး...
သူမမျက်နှာက တောက်ပတယ့်အပြုံးလေးကို
တွေ့လိုက်ရသည်။
"Lord.....တဂယ်လား...Happy birthday "
"မွေးနေ့လက်ဆောင် ဘာပေးမှာလဲ..."
"Lord က အကုန်ပြည့်စုံနေတာ..ဘာလိုချင်သေးတာလဲ...ခွန်းမှာ Lord ကို ပေးဖို့ ဘာမှ မရှိဘူး"
"ရှိတယ်.... နောက်ကြရင် ပြောပြမယ်"
"......Lord...သဘောပါ..."
ခွန်း စဥ်းစားမိလိုက်သည် မကြာမှီ
သွားစရာဆိုတာ Lord မွေးနေ့များလား...
Lord က ခွန်းဆံနွယ်တွေ သုတ်ပေးပြီးနောက်..
"ဒါဆို ကိုယ်သွားတော့မယ်....အလုပ်ရှိသေးတယ်"
"အင်း...Lord...."
အဲ့လိုပါ အလုပ်ရှိတာကို ကောင်မလေး ဆံနွယ်သုတ်ပေးဖို့ အချိန်ရှိနေသေးတယ်
~~~~~~~~~♥♥♥♥♥~~~~~~~~~~
Moe Wanna Htet တစ်ယောက်....သူလဲ သူ့မှာအလုပ်ရှိသည်။
အလုပ်လုပ်နေရင်း....Lord မွေးနေ့အကြောင်း
စဥ်းစားရင်း.. သူအကြံရသွားသည်။
သူ့လက်ထောက်ကို ခေါ်လိုက်သည်။
"ဟိုကောင်မဆီ မနက်က ဒီဇိုင်နာ လာတယ်မလား"
"လာပါတယ်....သခင်မ"
"အဲ့ ဒီဇိုင်နာကိို ငါ့ဆီခေါ်လာခဲ့..မနက်ဖြန်ကြရင်.."
"ဟုတ်ကဲ့.......သခင်မ"
~~~~~~~~~♥♥♥♥♥~~~~~~~~~
ခွန်း တစ်ယောက် အိပ်ယာထက်လှဲနေရင်း တစ်ခုခုကိုတွေးနေခဲ့တယ်။
Lord က ညစာ စားပြီးနောက် သူ့အခန်းကို ပြန်လာသည်။
"ခွန်း....ညစာ စားပြီပြီလား "
"ပြီးပြီ....Lord..."
"အဆင်ပြေရဲ့လား...."
အချိန်တွေကို အနောက်ပြန်ရစ်.....ကြည့်လိုက်ချိန်
ထမင်းစားပွဲဝိုင်းကြီးက ရွှေရောင်တလက်လက်ဖြင့်
စားရသည့် ပန်းကန် ဇွန်းက အစ နာမည်ကြီးအမှတ်ကုန်တံဆိပ်ပင်။ စားရသည့်ပုံစံ...
တစ်ပန်းကန်လာချပေးလိုက်....တစ်လုပ်စာလောက်စားလိုက်....ပြီးရင် ပန်းကန်သိမ်းသွား...နောက်တစ်ခုလာချ...တစ်လုပ်စာလေ။
စားရင်း ရူးတော့မလိုပဲ..စိတ်မရှည်လို့.....
မူလအချိန်ပြန်ရောက်သွားချိန်မှာ
"အဆင်ပြေပါတယ်...Lord....အရမ်းကောင်းတယ်"
စိတ်ထဲဝယ်ပြန်ပြောသည့်စကား "အရမ်းကောင်းတယ်... စိတ်ပျက်ဖို့...."
"ကိုယ့် ဘေဘီက သဘောမကျသလိုပဲ..."
"မဟုတ်ပါဘူး... တဂယ်သဘောကျပါတယ်...
တဂယ်ပြောတာပါ...လိမ်ပြောရင်...Lord ဆီက
မုန့်ဖိုးရပါစေ...."
မုန့်ဖိုးတောင်းနည်း....အသစ် 😎
Lord က ပြုံးမိသွားပြန်ပြီ....ဒီကလေးလေးကတော့
"ဘယ်လောက်လိုချင်တာလဲ..."
"Lord... ကရော ခွန်းကို ဘယ်လောက်စေတနာ
ရှိတာလဲ.."
Lord က ကတ်တစ်ကတ် ကို ထုတ်ပေးသည်။
"Golden Card....."
ခွန်း က မျက်လုံးလေးပြူးသွားသည်။
"ကိုယ့်မှာ နှစ်ကတ်ရှိတယ်...."
"Lord က အဲ့လောက်ချမ်းသာတာလား..."
"တော်ဝင်မိသားစုပိုင်တယ့် စီးပွားရေးက
နည်းတာမှ မဟုတ်တာ...ကိုယ်က နိုင်ငံရေးအပြင်..စီးပွားရေးလဲ လုပ်ရသေးတယ်...."
"Lord အရမ်းပင်ပန်းနေမှာပဲ..."
"ခွန်းကို လွမ်းရတာ ပိုပင်ပန်းတယ် ...."
ခွန်း ပြုံးလိုက်မိကာ အရမ်းသဘောကျမိသွားသည်။
"Lord....လူလည်ကြီး..."
နှစ်ယောက်သား....ပြုံးပျော်စွာ စကားပြောရင်း.
ညအချိန်လေး ကုန်ဆုံးစေ၏။
~~~~~~~~~♥♥♥♥♥~~~~~~~~~~
မနက်ရောက်တော့....ခွန်း စျေးဝယ်ထွက်ဖို့ လုပ်ခဲ့သည်။
မမနှင်းစက်က ခွန်းကို သေချာပြင်ဆင်ပေးတော့
မှန်ထက်ဝယ် လှပတယ်ဆိုမှ အခုတော့
အရမ်းရမ်းကိုလှနေသည်။
"မမလေး...က.... အရမ်းလှတယ်..."
"ပြင်ပေးတယ့်သူ လှလို့....လှတာများလားမသိပါဘူး"
နှင်းစက် က ရယ်မိကာ နှစ်ယောက်အတူ အခန်းထဲက ထွက်လာသည်။
ဖြူစင်နွယ် က ဒီနေ့ ခွန်းအပြင်သွားမှာမို့ ကိုယ်ရံတော်တွေကို ပြင်ဆင်ပေးနေသည်။
ကားစီးသွားပြီး မကြာမှီမှာပဲ....ထိုနေရာကိုရောက်လာခဲ့သည်။
Shopping အရင်ထွက်သည်။ လိုချင်တယ့် အင်္ကျီ လေး တွေဝယ်သည်။
ပြီးတော့ Lord ရဲ့ ပုံတူဆွဲဖို့ Canvas Size 36×48
ကိုဝယ်သည်။
"မမလေး...အဲ့လောက်အကြီးကြီး...ဆွဲမလို့လား.."
"အင်း.....အဲ့လိုဆွဲမှာ.."
"Lord က မမလေးကို ရတာ အရမ်းကံကောင်းတယ်"
"အဲ့လောက်လဲ မဟုတ်ပါဘူး "
နောက်ဆုံး ဖိနပ်ဆိုင်ဝင်ဖို့ အလာ...
ဟိုဘက်ကလဲ လာနေတယ့် လူတစ်အုပ်....
သေချာကြည့်တော့.....Moe Wanna Htet နဲ့
သူ့သူငယ်ချင်းတွေ ပြီးတော့ သူမ ကိုယ်ရံတော် တွေ..
ဆိုင်အပေါက်ဝမှာ ထိပ်တိုက်တွေ့ကြတော့သည်။
ကံတရားရယ်...ရက်စက်လိုက်တာ...
"ဘယ်သူများလဲလို့...ခြေတင်ခုံပါလား..."
Moe Wanna Htet သူငယ်ချင်းက ပြောလိုက်ချိန်
ဖြူစင်နွယ် နဲ့ နှင်းစက်က အရမ်းဒေါသထွက်သွားသည်။
ခွန်း က တားထားကာ...ခေါင်းခါပြသည်။
"ဘာလုပ်နေတာလဲ.... ငါက တော်ဝင်သခင်မလေ..အရိုသေမပေးကြသေးဘူးလား...
ယဥ်ကျေးမှု မရှိကြဘူးလား..."
ခွန်း က ခေါင်းငုံကာ အရိုသေပေးရသည်။
"သခင်မ....မင်္ဂလာ မနက်ခင်းပါ"
"မင်္ဂလာကိုမရှိဘူး..."ပြောကာ
Moe Wanna Htet နဲ့ သူ့သူငယ်ချင်း တွေက
ဆိုင်ထဲဝင်သွားသည်။
ဆိုင်က သူတွေကလဲ...Moe Wanna Htet ကို
မြင်တော့...မန်နေဂျာက အစ ထွက်ကြိုသည်။
"သခင်မ ကြွပါ....ရှင့်...သခင်မ...."
မိုး နဲ့ သူမ သူငယ်ချင်း တွေက ဖိနပ်တွေရွေးယူနေသည်။
ခွန်းက မမတွေနဲ့ အတူ ဖိနပ်ရွေးရင်း....
"မမ တို့ ကြိုက်တာ တစ်ရံယူပါ...ခွန်း ဝယ်ပေးပါရစေ"
"ရပါတယ်... မမတို့မလိုပါဘူး..."
"ယူပါ..မမရယ်..မယူရင်...ခွန်း..ငိုလိုက်မှာနော်"
Lord ပြောသည့်စကားကို ပြန်သတိရသွားသည်။
ခွန်းကို ငိုအောင်လုပ်မိရင် ပြစ်ဒဏ်ခံရမည်ဆိုတယ့်စကား.....
"အင်း...ရွေးပြီနော်..."
ရွေးပြီးနောက် ခွန်း တို့က ပိုက်ဆံရှင်းဖို့ ကောင်တာကို သွားသည်။
Moe Wanna Htet က ခွန်းကို ကြည့်ကာ...
"ပိုက်ဆံကောရှိရဲ့လား...ငါရှင်းပေးရမလား...
လှူတယ်လို့သဘောထားလဲရပါတယ်"
Moe Wanna Htet က သူမရဲ့ Black card ကို ထုတ်ကာ...ကောင်တာက ကောင်မလေးကို ပေးလိုက်သည်။
မိန်းမ တစ်ယောက်က Black card ကိုမှ Golden star လဲ ပါတယ်...အရမ်းကိုအဆင့်မြင့်ကတ်ပင်။
အရောင်းဝန်ထမ်းမလေးတွေရော...မန်နေဂျာမမရော အကုန်လုံး အံ့သြ စွာကြည့်နေသည်။
"ဘယ်လိုလဲရှင်းပေးရမလား..."
ခွန်းက အလှဆုံးလေးပြုံးပြကာ...
"မလိုပါဘူးရှင့်...ကိုယ့်ဟာကို ရှင်းပါရစေ..."
ခွန်း က သူမ ပိုက်ဆံအိတ်ထဲ က Golden Card ကို ထုတ်ကာ တမင် Moe Wanna Htet မျက်လုံးရှေ့ကနေဖြေးဖြေးချင်းရွေ့ပြကာ ကောင်တာက ကောင်မလေးကို ပေးသည်။
အကုန်လုံး ပါးစပ်အဟောင်းသားဖြင့် အလွန်အမင်းကို အံ့သြနေကြသည်။
Moe Wanna Htet အပြင် သူမ
သူငယ်ချင်းတွေ ကပါ အရမ်းကို အံ့သြ နေသည်။
ခွန်း က သူ့ Golden Card ကို ပြန်သိမ်းကာ Moe Wanna Htet ကို ခေါင်းငုံကာ အရိုသေပေးပြီး..
"သွားခွင့်ပြုပါအုံး.... သခင်မ"
Savage ကို လှလှပပလေး ယူကာ ခေါင်းမော့ရင်ကော့စွာ ထွက်သွားလိုက်သည်။
အရမ်းခံစားလို့ကောင်းတာပဲ....
Moe Wanna Htet ဒေါသထွက်လွန်းလို့ မျက်ရည်တွေပါဝဲတတ်လာသည်။
သူသောင်းကျန်းလို့မရဘူး..
ဒါအပြင်မှာလေ....
အပိုင်း (36).....