အပိုင်း (34)
ခွန်း နိုးလာတော့ Lord က ဘေးမှာ ရှိမနေဘူး..
ဒါပေမယ့် မကြာမှီ... Lord က ရေချိုးခန်းထဲ
ထွက်လာသည်။
"Lord...ခွန်း ရေချိုးပြီး ဘာဝတ်ရမှာလဲ ဘာမှလဲ
မရှိဘူး..."
"ကိုယ် ခွန်း အတွက်ပြင်ဆင်ထားပြီးပြီ"
"ဟမ်...ဘာပြင်ထားတာလဲ..."
"လာ...လိုက်ခဲ့.."
ခွန်း က လိုက်သွားသည် လော့ကာ လက်ကိုင်နှစ်ခုကို ကိုင်ကာ အခန်းတံခါးကြီးကို ဖွင့်လိုက်ချိန်...
ဟောခန်းလို လမ်းလျှောက်တန်းအရှည်ကြီး...
Lord ရဲ့ တော်ဝင် ဝတ်စုံ အတန်း...ပွဲအခမ်းအနားဝတ်စုံ....မြတ်စွာဘုရား Lord အဝတ်အစားတွေ ဖိနပ်တွေလဲ မျိုးစုံ....အလွှာတွေ အလွှာတွေ ချိတ်ထားတာ..
နာရီတွေလဲ နာမည်ကြီး တံဆိပ်ပေါင်းမျိုးစုံ...
နက်ခ်ကတိုင်တွေလဲမျိုးစုံ.....အများကြီးပဲ...
"အရမ်းမိုက်တာပဲ.....Lord...."
Lord က သူမလက်ကို ဆွဲကာ လမ်းလျှောက်သည်။
လျှောက်လှမ်း အကျယ်ကြီးထဲ လျှောက်ရင်း..
အခု Shopping ထွက်နေရသလို ခံစားနေရတယ်..
Lord ရဲ့ ကိုယ်ပိုင်အဝတ်စားတွေက များလွန်းလို့..ဘယ်လိုဝတ်လဲ...စဥ်းစားလို့မရပေ။
နောက်ဆုံးတော့ မိန်းကလေး အဝတ်စားတွေကို
တွေ့ရသည်။ Empire Dress လက်ရှည်....
ကို မှ အရောင်မျိုးစုံ ပုံစံ အမျိုးမျိုးပင်။
ခွန်း က Lord ကို ကြည့်ကာ...
"Lord ဒါ ဘယ်နှစ်ထည်ရှိလဲ...."
"ဘယ်လောက်မှ မရှိပါဘူး....အထည် 100 ပဲ ဝယ်ထားတာ...အမျိုးမျိုးပဲ ကြိုက်တာရွေးဝတ်လေ..."
"ခွန်း...က...သေတယ့်အထိ ဒါပဲ ဝတ်ရမှာလား.."
"မဟုတ်ပါဘူး... ခဏနေ ဒီဇိုင်နာ တွေလာလိမ့်မယ်..ခွန်း အတွက် ပွဲတတ်ဝတ်စုံနဲ့ အခြားဝတ်စုံတွေချုပ်ပေးလိမ့်မယ်"
ခွန်း အတွက် အရမ်းကို လှသည့် မှန်တင်ခုံ...
Make up ပစ္စည်း Skin care အကုန်ရှိသည်။
ဖိနပ်တွေကလဲ အရမ်းကိုလှသည်။ အမျိုးမျိုးပဲ
"ခွန်း အလှမပြင်တတ်ရင် အကူခေါ်လို့ရတယ်
လက်ထောက်ပေါ့...ကိုယ်ပြင်ဆင်ထားတယ်"
Lord က သူ့အတွက် ခေါင်းစခြေအဆုံး
အရာအားလုံး ပြင်ဆင်ပေးထားသည်။
ခွန်း က ခေါင်းလေးညှိမ့်ပြသည်။
~~~~~~~~~♥♥♥♥♥~~~~~~~~~~
မနက်စာ...စားလို့အပြီး။
Lord က သူ့အဆောင်က လူတွေအားလုံး ကို စုကာ..
အေးစက်စွာ စကားပြောသည်။
"ဒါ...ငါ့ကောင်မလေး..မရိုမသေဆက်ဆံလို့ဖြစ်ဖြစ်..သူ့ကိုမျက်ရည်ကျအောင်လုပ်မိရင်..သူ့
စိတ်မကျေနပ်အောင်လုပ်ခဲ့ရင်...အကုန်လုံး
ပြစ်ဒဏ်ခံရမယ်...နားလည်လား..."
"ဟုတ်ကဲ့...Lord...."
အကုန်လုံးက ခေါင်းညွှန့်ကာ တပြိုင်တည်း
ပြောကျသည်။
Lord က အလုပ်ရှိလို့ သူ့အလုပ်ခန်းကိုသွားသည်။
ခွန်း က ကျန်ခဲ့ကာ Lord ရဲ့ အဆောင်ကို လျှောက်ပတ်ကြည့်ဖို့လုပ်သည်။
ခွန်း ရဲ့ လက်ထောက်ကောင်မလေးက
ရောက်လာသည်။
"မမလေး...ကျွန်မ က မမလေး လက်ထောက်ပါ..
နှင်းစက်....လို့ခေါ်ပါတယ် "
"ညီမက ခွန်းဆုဟေသာပါ... တွေ့ရတာဝမ်းသာပါတယ် မမ"
"...ဘယ်လိုခေါ်လိုက်တယ်"
"မမ...လေ...ညီမ ထက် အသက်ငယ်လို့လား"
သူမထင်တာ Lord ရဲ့ ကောင်မလေး ငယ်ငယ်လေးမို့..အရမ်းကိုဆိုးမယ်ထင်တာ အခုတော့ ချစ်စရာလေး ပဲ....
"မငယ်ပါဘူး....."
"ခွန်း ကို Lord အဆောင် အနှံ့လိုက်ပြပါလား"
"တစ်ကယ် အကုန်ကြည့်ချင်တာလား..."
"အင်း...အကုန်ကြည့်ချင်တာ..."
နာရီဝက်အကြာ....
"ဟာ...ပင်ပန်းတယ်... ဆက်မသွားနိုင်တော့ဘူး...Lord တစ်ရက်ထဲ ဘယ်လိုတောင် ဖြတ်သန်းတာလဲ...သူ့အဆောင်တွေက ရှုပ်နေတာပဲ "
"မမလေး...ထပါ...ကျန်သေးတယ်.. ကြည့်ရမှာ.."
"မကြည့်ဘူး...တော်ပြီ....ပင်ပန်းတယ် "
နှင်းစက် ခေါင်းကို တခါခါဖြင့် သူမကို
ကြည့်နေမိသည်။
"မမလေး...."
"မမနွယ်...."
"မမ က ဘာလာလုပ်တာလဲ "
"Lord က ညီမကို ကာကွယ်ဖို့ လွှတ်ထားတာ.."
"အော်...."
ခွန်း က အပြင်ကို မှန်နံရံကနေကြည့်တော့...
"ဟို သစ်ပင်ကြီးက အရမ်းလှတယ်... "
အကြံလေးရလာကာဖြင့်
"မမနွယ်...
ဆီမှာမလား..ခွန်း ပန်းချီ ပစ္စည်းတွေ... "
"ဟုတ်တယ် "
"ယူပေးပါ...မမ...."
"ကောင်းပါပြီ "
သစ်ပင်ကြီး အောက် နေရာချကာ ပန်းချီဆွဲနေမိသည်။
Lord က အလုပ်အခန်း က ထွက်ထွက်ခြင်း မှန်နံရံကို ကြည့်လိုက်မိရုံနဲ့ ပန်းချီဆွဲနေသည့် သူမကို မြင်ရသည်။
အရမ်းကို လှတာပဲ....မျက်လုံးအေးတယ်။
Lord ရဲ့ လက်ထောက်က Lord အနားကပ်ကာ..
"Lord အလုပ်တွေ အများကြီး
ကျန်ပါသေးတယ်နော်. "
"အင်း....သွားမယ်"
Lord က ကြည့်လို့ မဝသေးဘူး....
Moe Wanna Htet က လှမ်းကြည့်နေရင်း...
"စင်ဒရဲလား ဖြစ်ချင်တာလား....ဘယ်လွယ်ပါ့မလဲ."
~~~~~~~~~♥♥♥♥♥~~~~~~~~~~
Lord ရဲ့ ကောင်မလေးက အရမ်းကို လှလွန်းလို့.
ရဲတိုက်မှာ ရှိသမျှ လူတွေလဲ ငေးနေကြရသည်။
ခွန်းရဲ့ ဒီဇိုင်နာ တွေက ရောက်လာကာ..ခွန်းဆီက ကိုယ်တိုင်းကို ယူသွားသည်။
မမနှင်း ပြောတာက မကြာမှီ အပြင်သွားစရာ
တစ်ခုရှိတယ်တယ့်......
"ဘယ်လဲတော့ မသိဘူး..."
ခဏအကြာ...မိုးရဲ့ လက်ထောက်က
ရောက်လာသည်။
"မမလေး...သခင်မ က ဆင့်ခေါ်ပါတယ်..."
"ရှင်....ဟုတ်ကဲ့.. လာပါ့မယ်"
ခွန်းကြောက်နေပေမယ့် နှင်းစက် နဲ့
ဖြူစင်နွယ် တို့က ဘေးက လိုက်လာသည်။
ဟိုရောက်တော့ အခန်းတစ်ခုပါ...
မိုးရဲ့ လက်ထောက် က ခွန်းရဲ့ လက်ထောက်
နှစ်ယောက် ကို တားလိုက်သည်။
"မမလေး...တစ်ယောက်ပဲ ဝင်သွားပါ..အထဲမှာ မမလေးကို သခင်မက သူ့သူငယ်ချင်းအချို့နဲ့ မိတ်ဆက်ပေးချင်တာပါ..."
ခွန်း က မမနှစ်ယောက် ကို ခေါင်းညှိမ့်ပြကာ
တစ်ယောက်ထဲဝင်သွားသည်။
အထဲရောက်တော့ Moe Wanna Htet က သူ့သူငယ်ချင်း တွေနှင့်ပင်။
အကုန်လုံး က English လိုသုံးကာပြောနေကြသည်။
"Hey...Guys..ဘယ်သူလာလဲ ကြည့်ပါအုံး..သူမက ခွန်းဆုဟေသာ Lord ရဲ့ ချစ်သူ..."
"အို့....ဒါဆို သူက ဒုတိယ ဇနီး ဖြစ်လာမှာလား"
"ဟေး...တစ်ခုခု ပြောကြည့်စမ်းပါ..."
ခွန်းက နားလည်ပေမယ့် ပြန် မပြောတတ်ဘူး...
အချို့စကားစုမျိုးကို နားမလည်တော့..ဒီအတိုင်းလေး ရပ်ကြည့်နေမိသည်။
"သူမက ကြည့်လို့တော့ကောင်းတယ်...ဒါပေမယ့်...
အဆင့်မရှိဘူး...တစ်ခုခု ပြောလေ...."
"ဟေး....English လို မပြောတတ်တာလား...တဂယ်ကြီးလား... Lord ချစ်သူက English စကားတောင်မတတ်ဖူးတယ့်...ဟား...ဟား..."
ခွန်း က အရှက်ခွဲခံရတာပေါင်းများစွာကို ခံလာရသူပါ...Lord ရဲ့ ချစ်သူ က English လို မပြောတတ်လို့ အလှောင်ခံနေရတာလား...
"လှောင်လို့ ပြီးပြီလား....စိတ်ချမ်းသာပြီးဆိုရင်လဲ သွားခွင့်ပြုပါအုံး..."
သွားနေချိန်မှာ မိုးရဲ့ သူငယ်ချင်းက ခြေထောက်
ထိုးခံလိုက်တော့ ခွန်း အောက်ကို မှောက်ကျသွားသည်။
ဒီချိန်...မိုးက သူကိုင်ထားတယ့် ဝိုင်ခွက်က ဝိုင်တွေကို ခွန်းခေါင်းအပေါ် ဖြေးဖြေးချင်း လောင်းချကာ
"Oops...Sorry...ငါ လက်ချော်သွားတာ.."
"ဟိုး...ဟိုး...ဟား...ဟား...."
Moe Wanna Htet က သူမခြေထောက်နဲ့ ခွန်း ရဲ့ကျောကို တတ်နင်းကာ
"ခြေတင်ခုံ လုပ်လို့ရတယ်...တင်ကြည့်ကြမလား..."
မိုးရဲ့ သူငယ်ချင်းတွေက အနားရောက်လာကာ သူတို့စီးထားသည့် ဒေါက်ဖိနပ်တွေနှင့် ခြေတစ်ဖက်မြှောက် လှဲကျနေသည့် ခွန်းရဲ့ ကိုယ်လုံးအပေါ် တင်ကြသည်။
"ဟား..ဟား...ခြေတင်ခုံ.....ပဲ...."
"Lord လဲ ခြေတင်ဖို့ သုံးတာထင်တယ်"
ခွန်း က ရုန်းလိုက်တိုင်း သူတို့က ဒေါက်ဖိနပ်
အချွန်တွေ
ဖြင့် ခွန်းအပေါ် ဖိနှိပ်ထားသည်။
မျက်ရည်မကျအောင်ထိန်းနေပါတယ်...
ခွန်း အပေါ်ခြေထောက်တစ်ဖက်ဆီ တင်ကာ ထောက်ရင်း....သူတို့ငါးယောက်က.."CHEERS..."
ဖန်ခွက်တွေ တိုက်ကာ အနည်းငယ် သောက်ပြီး ခွန်းအပေါ်လောင်းချကြသည်။
"Oops..ငါတို့လက်ချော်သွားတာနော်..ဟား..ဟား"
ခွန်းရဲ့ခေါင်း..ပေါ်ကို ဝိုင်တွေလောင်းကျသည်။
"တော်ပြီ...စျေးနည်းတယ့် ခြေတင်ခုံ...
မသုံးတော့ဘူး"
သူတို့ဖယ်လိုက်မှ ခွန်း က ကြိုးစားကာ ထသည်။
ခွန်း က သူတို့ကို ခေါင်းငုံ့ကာ နှုတ်ဆက်ရင်း အနောက်လှည့် ထွက်သွားသည်။
သူတို့က....လှမ်းအော်သည်။
"ဟေး....Loser..."
"ဟား....ဟား.....ဟား.."
ခွန်း က တစ်ခုခုကို သတိရသွားသည်။
"မင်း ငါတစ်ယောက်ကိုပဲကြောက်ရင်..ရပြီ..
ဒီကမ္ဘာမှာ ကျန်တယ့်သူဘယ်သူ့ကိုမှ
မကြောက်ရဘူး" Lord က သူမကို ပြောထားတယ်။
ခွန်း က အရဲတင်းစွာပြောခဲ့တယ်...
"တော်ဝင် ဧည့်သည်တွေနဲ့ တော်ဝင်သခင်မ တို့ လှောင်ရယ်သံက တော်တော် လှပပြီး...
အကျင့်သိက္ခာနဲ့ ပြည့်စုံပါတယ်"
ပြောပြီး အခန်းထဲက ထွက်သွားသည်။
Moe Wanna Htet က ချက်ချင်း မျက်နှာပျက်သွားသည်။
"Fuck....စောက်ကောင်မ... ခွေးစကားပြောနေတယ်...."
ကျန်ခဲ့တယ့်သူတွေက မျက်လုံးတွေကစားရင်း..
"ငါတို့ အခု ပြန်အဖဲ့ခံ လိုက်ရတာလား...."
"ဟုတ်တယ် မလား.."
တိုးတိုးတိတ်တိတ်အသံများစွာ......
~~~~~~~~~♥♥♥♥♥~~~~~~~~~~
ဖြူစင်နွယ် နဲ့ နှင်းစက်က ခွန်း ကို မြင်လိုက်ခြင်း..
"မမလေး...အနိုင်ကျင့်ခံလိုက်ရတာလား..."
"မဟုတ်ပါဘူး... ခြေချောကျပြီး ကိုယ့်ကိုယ့်ကို ဝိုင်နဲ့ပတ်မိသွားတာ...ဘယ်သူမှ အနိုင်မကျင့်ပါဘူး"
ဘာလို့ဆို ဘယ်သူ့အကူညီမှ မလိုဘူး..
ငါ့ဟာငါလက်စားချေမှာမို့လို့....
"မမလေး...အဆင်ပြေရဲ့လား..."
"မမတို့ စောင့်နေပါ...ခွန်း ရေပြန်ချိုးအုံးမယ်..."
~~~~~~~~~♥♥♥♥♥~~~~~~~~~~
ခွန်းက အဝတ်တွေကို ချွတ်ချကာ...
ရေဗန်းအောက်ဝယ် မျက်ရည်တွေနှင့်အတူ.....
လှောင်ရယ်သံတွေ....အနိုင်ကျင့်မှုတွေ....
Lord က ခွန်းကို ငရဲအသစ်ပို့လိုက်တာပဲ...အရင်ငရဲက ကျေးဇူးရှိလို့...ကာကွယ်မယ့်သူမရှိလို့ ငြိမ်ခံလာတာ....အခု ငရဲကိုတော့...လုံးဝ မငြိမ်ခံနိုင်ဘူး...
"ဘာဆက်လုပ်ရမလဲ...အရှုံးပေးရမလား..အနိုင်ယူရမလား...."
အပိုင်း (35).........