အရှင့်ရဲ့အသုံးတော်ခံ (OR) Lor...

Por KayZinTheint9

945K 10.4K 252

ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီး... Mais

မှာကြားစာ (Z+U)
အပိုင်း (1)
အပိုင်း (2)
အပိုင်း (3)
အပိုင်း (4)
အပိုင်း (5)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း (12)
အပိုင်း (13)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (18)
အပိုင်း (19)
အပိုင်း (20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27)
အပိုင်း (28)
အပိုင်း (30)
အပိုင်း (31)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း (36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41) ZU
အပိုင်း (42) ZU
အပိုင်း (43) ZU
အပိုင်း (44) ZU
အပိုင်း (45) ZU
အပိုင်း (46) ZU
အပိုင်း (47) ZU
အပိုင်း (48) ZU
အပိုင်း (49) ZU
အပိုင်း (50) ZU
အပိုင်း (51) ZU
အပိုင်း (52) ZU
အပိုင်း (53) ZU
အပိုင်း (54) ZU
အပိုင်း(55) ZU
အပိုင်း (56) ZU
အပိုင်း (57) ZU
အပိုင်း (58) ZU
အပိုင်း (59) ZU
အပိုင်း (60) ZU
အပိုင်း (61) ZU
အပိုင်း (62) ZU
အပိုင်း(63) ZU
အပိုင်း (64) ZU
အပိုင်း (65) ZU
အပိုင်း (66)
အပိုင်း (67)
အပိုင်း (68)
အပိုင်း(69)
အပိုင်း (70)
အပိုင်း (71) သာသာခရီးကပြန်ရောက်p
အပိုင်း (72)
အပိုင်း (73)
အပိုင်း (74)
အပိုင်း (75)
အပိုင်း (76)
အပိုင်း (77)
အပိုင်း (78)
အပိုင်း (79)
အပိုင်း (80)
အပိုင်း (81)
အပိုင်း (82+83)
အပိုင်း (84)
အပိုင်း (85)
အပိုင်း (86)
အပိုင်း (87)
အပိုင်း (88)
အပိုင်း (89)
အပိုင်း (90)
အပိုင်း (91)
အပိုင်း (92)
အပိုင်း (93)
အပိုင်း (94)
အပိုင်း (95)
အပိုင်း (96)
အပိုင်း (97)
အပိုင်း (98)
အပိုင်း (99)
အပိုင်း (100) END

အပိုင်း (29)

8.8K 92 0
Por KayZinTheint9

အပိုင်း (29)

မနက်ခင်း အလင်းဝယ်....ခွန်း နိုးလာခဲ့သည်။

ဒါပေမယ့်.... ခါးမှာတစ်ခုခု ခံစားမိလိုက်သည်။

သူမကို ဖတ်ထားသည့် Lord ရဲ့ လက်တံရှည်တစ်စုံ

ခွန်း က လှည့်ကြည့်လိုက်ချိန်.....

"Lord......"

ဒါပထမဆုံးအကြိမ် အတူအိပ်ပြီး အတူ
နိုးထခွင့်ရတာပဲ....တစ်ခါကျတော့ အတူ
မအိပ်ပေမယ့် နိုးတော့မြင်ရသည်။ အများဆုံးက အမြဲ အတူ အိပ်ပြီး အတူနိုးထခွင့်မရခဲ့ဘူး...

ဒါပထမဆုံးအကြိမ်ပဲ....Lord က အရမ်းချောတာပဲ

"ချောလိုက်တာ...... "

ခွန်းက သူ့လက်ညိုးလေးကိုအသုံးပြုကာ Lord ရဲ့ နဖူးလေးကနေစပြီး ထိကာ မျက်လုံးလေး နှာတံလေး ထိရင်း နှုတ်ခမ်းသားကို ထိလိုက်ချိန်

Lord က ခွန်း ရဲ့ လက်ညိုး ကို
သူ့နှုတ်ခမ်းသားလေးနှင့်ဖမ်းယူလိုက်သည်။

Lord ရဲ့ မျက်ဝန်း တွေက ပွင့်လာခဲ့သည်။

"ဘယ်လိုလဲ ကြည့်လို့ဝရဲ့လား...."

ခွန်း မျက်နှာလေးက ရဲတတ်လာကာ....

"Lord.....ဟို...ကြားသွားလား...ဘယ်ချိန်ထဲကနိုးနေတာလဲ..."

သူ့ဟာသူမေး အဖြေကို မစောင့်ဘဲ ခြုံထားသည့်စောင်ထဲ ဝင်သွားသည်။

Lord က ပြုံးလိုက်မိ၏။ Lord လဲ သူလေးနဲ့တွေ့မှ အရယ်အပြုံးတွေ ဖြစ်လာတော့သည်။
"ထွက်ခဲ့.... ခွန်း...."

"မထွက်ဘူး....."

"ပြောစကားဘာလို့ နားမထောင်တာလဲ...ထွက်ခဲ့ "

"ကလေး လို့ ခေါ်ရင်ထွက်ခဲ့မယ်..."

Lord က ကြောင်သွားသည်။ သူနှုတ်ခမ်းက ထွက်သမျှက ဒါမျိုးတွေမရှိဘူး...ခွန်း တစ်ယောက် ကိုပဲ ခွန်း လို့ခေါ်ခဲ့တာ....ဒါတောင် မင်း နဲ့ ငါ ပိုသုံးတယ်..

"ခွန်း.....ထွက်ခဲ့နော်"

"ကလေး လို့ ခေါ်....."

Lord က မျက်လုံးစုံမှိတ်ကာ
ပထမဆုံး အကြိမ် သူ့ကို အမိန့်ပေးသူ။

"ကလေး....ထွက်ခဲ့...."

ခွန်း က စောင်ထဲက ထွက်လာခဲ့သည်။

"Lord သာ ခွန်းရဲ့ အဖေ ဖြစ်ရင်ကောင်းမှာပဲ"

"ငါမင်း အမေ စိတ်မဝင်စားဘူးနော်"

"......."

"အဖေ မဟုတ်တယ့် Daddy ဆိုရင်ရော..."

"😝😝😝😝"
မျက်လုံးမှိတ် လျှာလေးထုတ်ပြကာ မျက်နှာပြောင်ပြသည်။

Lord က အဲ့လျှာလေးကို နမ်းလိုက်သည်။

"Lord....ဘာလုပ်တာလဲ... "

"နမ်းတာလေ..."

"Lord က လူဆိုးကြီး.... "
Lord က ခွန်း နဲ့ အနမ်းတွေ ထပ်ဆင့်ကြပြန်သည်။

ဒီချိန် Lord လက်ထောက်က တံခါးခေါက်လာသည်။

Lord က ထဖွင့်မလို့ကို ဒီမှာ နမ်းနေတာ
စိတ်မဝင်စားဘူး....

Lord လက်ထောက်က တံခါးခေါက်လိုက်တိုင်း Lord က အိပ်နေရင်တောင် ချက်ချင်း နိုးတယ်..

အခု မထလာဘူးဆိုတော့ Lord တစ်ခုခု ဖြစ်နေလို့လား...

Lord ရဲ့ လက်ထောက်က ချက်ချင်း ကိုယ်ရံတော်ခေါင်းဆောင် ကို ခေါ်လိုက်သည်။

ဘာလို့ဆို သူက Lord ရဲ့လက်ထောက်..ကိုယ်ခံပညာမတတ်ဘူး...

တံခါးကို ဖွင့်ကာ နှစ်ယောက် ဝင်လာပြန်သည်။
"Lord....."
သူတို့နှစ်ယောက် မြင်လိုက်ရတာက နမ်းနေသည့် နှစ်ယောက်....

နှစ်ယောက်သားမျက်လုံးပြူးသွားကြပြန်သည်။

"Lord......."

ခွန်းက Lord နဲ့ နမ်းတာကို ရပ်ကာ စောင်ထဲ ပြန်ဝင်သွားသည်။

Lord က ဒေါသထွက်ကာ ကုတင်အောက်ဆင်းလာပြီး...

"မင်းတို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ... "

"Lord က တံခါးခေါက်သာ ပြန်မဖြေလို့...တစ်ခုခုဖြစ်နေပြီထင်မိလို့"

Lord က သူ့လက်ထောက်ကို ကြည့်ကာ...

"မင်းကို ငါဦးနှောက်အထူးကုဆီပို့ပေးမယ်.."
Lord က အကုန်လုံးကို ကန်ထုတ်လိုက်သည်။

ပြီးတော့ သူ့ ကလေးဆီ ပြန်လာသည်။

"ကလေး...မျက်နှာသစ်ရအောင်...လမ်းလျှောက်နိုင်လား"

"အင်း ....လျှောက်နိုင်ပါတယ်"

~~~~~~~~~♥♥♥♥♥~~~~~~~~~~

ခဏအကြာ Lord နဲ့ ခွန်းက အတူ အောက်ထပ်ဆင်းလာသည်။

ထမင်းစားဝိုင်းသို့သွားကာ....မနက်စာစားသည်။

ခွန်း နောက်ဆုံးတော့ လူတစ်ယောက်လို ကောင်းကောင်းစားရသည်။

"Lord....နေ့လည်ကြရင် ဒီမှာ စားပါလား..ခွန်း ချက်ကျွေးမယ်"

"ခွန်းက ထမင်း ဟင်း ချက်တတ်တာလား.."

"ချက်တတ်တာပေါ့...ရှင့်"

Lord လက်ခံမလားတော့ မသိဘူး.....
မေးကြည့်ရမယ်
"Lord... ခွန်း နဲ့ အတူ စျေးဝယ်ရအောင်..."

Lord က ချက်ချင်းပြန်ဖြေသည်။
"ကောင်းပြီလေ....အခု မနက်စာ စားပြီးရင်သွားကြ
မလား"

"သွားပေမယ့်...ခွန်း က ဒီပုံစံနဲ့ ညဝတ် ဂါဝန်ကြီးနဲ့သွားရမှာလား...."

"အော်....ဟုတ်သား.... မင်း ငှားဝတ်လိုက်လေ...
ခွန်း ရဲ့ အကူဆီကနေ..."

"အင်း..."
Lordပြောသလို မမနွယ်ဆီက ငှားရမယ်။
~~~~~~~~~♥♥♥♥♥~~~~~~~~~~

Lord ရှေ့ကို ကိုယ်ရံတော် ဝတ်စုံနှင့်ထွက်လာသည့် ခွန်း....

ဖြူစင်နွယ် က Lord ကိုယ်ရံတော်ထဲက
တစ်ယောက်လေ...သူမှာ ဒါပဲပါလာတယ်..

Lord က သူမကိုကြည့်ကာ..

"အဆင်ပြေတယ် ခွန်း...ဒီအတိုင်းသွားရအောင်.."

Lord ​ပြောသလိုပဲ.....သွားကာ..အရင် အင်္ကျီဆိုင်မှာ.
အင်္ကျီဝင်လဲသည်။

Dress သုံးမျိုးလောက်ယူလိုက်တယ်...

"Bodycon dress...."

ဝတ်ပြီး ထွက်လာသည်။ Lord က ခေါင်းခါပြကာ

"ရင်ဘက်နဲ့ခါးအရမ်းတင်းနေတယ်...ဂျိုင်းပြတ်ကြီး...နောက်တစ်ထည်..."

"Wrap dress..."

"ရင်ညွှန့်ပေါ်နေတယ် နောက်တစ်ထည်..."

"Empire Waist dress လက်ရှည်...."

"ရပြီ...အဆင်ပြေတယ် ဒူးလဲဖုံးတယ် လက်လဲရှည်တယ်...."

ခွန်းရဲ့ မျက်နှာ အတွက် မိတ်ကပ်ပစ္စည်းအချို့ဝယ်သည်။

မျက်နှာလေးမှာ foundation powder လေး ရိုက်ကာ...နှုတ်ခမ်းနီရဲရဲလေးဆိုးလိုက်သည်။

"လှလိုက်တာ... အရမ်းကို လှတယ်.."

သူ့ကိုယ်သူချီမွန်းခန်းဖွင့်နေလေရဲ့....
ဂါဝန်လေးနဲ့ သူမ အပြင်အဆင်က အရမ်းလိုက်ဖက်တာ မသိရင် ကောင်းကင်က နတ်သမီးလေး ကျနေတာပဲ....

"Lord....လှလား...."

"အရမ်းလှတယ်..."

ခဏအကြာ.....

ခွန်း ကို ဒီနေရာစောင့်နေဆိုပြီး... ဘယ်သွားလဲ
မပြောသွားဘူး....

Lord က ခွန်းအတွက် အအေးသွားဝယ်နေတာပါ

အရမ်းလှတယ့်ကောင်မလေးက မက်တပ်ရပ်နေတော့ စိတ်ဝင်စားတယ့် ကောင်လေးနှစ်ယောက်က
အနားကိုရောက်လာသည်။

ခွန်း.. ခြေလှမ်းလေး အနောက်နည်းနည်းဆုတ်သွားသည်။
"ညီမလေး...account လေး ပေးလို့ရမလား... ညီမလေး က အရမ်းလှလို့ သဘောကျလို့ပါ"

ခွန်း က ခေါင်းခါပြသည်။

"လုပ်ပါ... ညီမလေးရယ်...အကိုတို့က account လေးပဲ တောင်းတာပါ"

ဒီချိန် အနောက်ကနေသူမခါးလေးကို
ပွေ့ဖတ်လိုက်သည့် Lord....

"သူ့မှာ ပိုင်ရှင်ရှိတယ်....လာမရှုပ်ကြနဲ့..."

ပိုင်စိုးပိုင်နက်ရဲ့ ဘဲကြီး.....

"Sorry...Bro..."
.ပြောကာ ထွက်သွားကြသည်။

"Lord ကြာလိုက်တာ ဘယ်သွားနေတာလဲ..."

"အင်း.....အအေးသွားဝယ်တာ...ငါမင်းကို
တစ်ယောက်ထဲမထားခဲ့သင့်ဘူး..."

နှစ်ယောက်သား စျေးအတူဝယ် Shopping ထွက်ပြီး ပြန်လာကြသည်။

ဒါပေမယ့် သူတို့နှစ်ယောက် ကို တစ်နေရာရာကနေ ဓာတ်ပုံရိုက်ယူနေတာကို ဘယ်သူမှ သတိမထားမိချေ။

~~~~~~~~~♥♥♥♥♥~~~~~~~~~~

ခွန်း နေ့လည်စာ ပြင်ဆင်ပြီးနောက်...

Lord ပုံမှန်ဆို ထမင်းအများကြီးစားလေ့မရှိပါဘူး..

ခွန့်း ချက်ပေးတယ့်ဟင်းက သာမာန်ဆိုပေမယ့် Lord အတွက်တော့ထူးခြားသည်။

အမြဲ ဝိုင်နီ နဲ့ စားလိုက်ရင်လဲ ပင်လယ်စာ...
တဂယ့် ဟင်းပွဲ အကြီးကြီးတွေက စာဖိုးမှူးအကောင်းစားတွေနဲ့သုံးကာ စားသည်။

"ကြက်ကာလသားချက်...ဂွေးတောက်ရွက်ဟင်းချို...ဘဲဥချဥ်ဟင်း....ကြက်သားမွှကြော်...
ဘဲသားဟင်း....Lord စားလေ"

မျက်လုံးထဲ တစ်မျိုးကြီး ဖြစ်နေပေမဲ့ သူအချစ်လေးချက်တော့လဲ ....

Lord က စားကြည့်လိုက်ခြင်း "အရမ်းကိုကောင်းတာပဲ" ဆိုပြီး အံ့သြ သွားရသည်။

"ခွန်း.....မင်းက အရမ်းတော်တာပဲ..."

"ကျေးဇူးတင်ပါတယ် Lord...."

Lord ထမင်းစားတာ 3 ပန်းကန်ပင် စံချိန်တောင်တင်နိုင်သည်။

ခွန်း က Lord တစ်ယောက်စာပဲ ချက်တာမဟုတ်..
ကိုယ်ရံတော်တွေအတွက်ပါချက်ထားသည်။

သူတို့လဲနေ့လည်စာ...မှာမစားဘဲ ခွန်းချက်ပေးတယ့်ဟာကိုသာစားကြသည်။

အရမ်းစားကောင်းလို့ ထမင်းတောင်မလောက်
ကြပေ။

သူတို့ကနေ့လည်စာဆို ဗိုက်ပြည့်ပြီး မြန်မြန်စားကုန်တာမျိုးကို မှာစားရတော့....ဒီလိုမျိုး ချက်တာကို စားရတာ ပိုသဘောကျကြသည်။

Lord က ဧည့်ခန်းရှိ Midcentury Modern အမျိုးစားဆိုဖာဝယ်ထိုင်ကာ လက်တင်မှာ File တွေကို
ကြည့်ရင်း အလုပ်လုပ်နေသည်။

ခွန်းက Lord ရဲ့ ပေါင်ကို ခေါင်းအုံး ကာ ရုပ်ရှင်ကားကြည့်နေသည်။

ရုပ်ရှင်ကားကြည့်နေရင်း...

"Lord....."

"အင်း..."

"ခွန်း...ဟင်းချက်နေတုန်း စိတ်ထင်တာလား..
မသိဘူး....တစ်ခုခုထိမိလို့ထင်တယ် အဲ့လိုအော်သံကြားလိုက်ရတယ်"

အပိုင်း (30).......









Continuar a ler

Também vai Gostar

148K 19.2K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
3.6K 290 10
ဖြစ်မလာနိုင်တာသိပေမယ့် အိမ်မက်တွေမက်ပြီးရင် မေ့သွား/(မေ့ပစ်)တတ်တဲ့သူက မျက်လုံးပြာတွေရှိရင် အပြုံးတွေနဲ့အပြည့်ဖြည့်ထားမိမှာပဲဆိုတဲ့ အိမ်မက်ကလေးကိုတ...
1K 91 47
ပိုင်ရှင်ဖျတ်ခိုင်းရင်ပြန်ဖျတ်ပါမယ် အားနေလို့ကဗျာလေးတွေ့လာစုတာဟီ
1.5M 62.1K 73
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...