အပိုင်း (15)
"အမေ......"
"ကျွန်မသမီးက ကျွန်မ တစ်ခွန်းဆိုတစ်ခွန်းပဲ..."
"ဒါဆို လက်ထပ်ပွဲ ဘယ်ချိန် ကျင်းပမလဲ.."
"သိပ်မကြာမှီပေါ့ရှင့်..."
ထို လူကြီး ပြန်သွားချိန်...
"အမေသမီး လက်မထပ်ဘူး...သမီး မသွားချင်ဘူး"
"ဘာ....နင်ကများ..."
Ei Ei Zaw က ခွန်း ကို ရိုက်ဖို့ ကြိမ်ဒုတ်ကိုယူကာရိုက်တော့သည်။
"အား...အမေ...နာတယ်..."
ကြိမ်ဒုတ်နဲ့ တဖြောင်းဖြောင်းရိုက်တော့သည်။
တစ်ချက်ထိမိလိုက်တိုင်း အသဲထိအောင်နာ၏
လက်တွေတဖြတ်ဖြတ်ရိုက်မိလိုက် ခြေထောက်လေးတွေရော ပစ်လဲကျသွားသည် အထိ အားအကုန်လွဲကာ ရိုက်တော့သည်။
"အား...အမေ...မရိုက်ပါနဲ့....နာတယ်...အဟင့်...ဟင့်...အမေ...."
ဖြောင်း....ဖြောင်းဆိုပြီး...အသားနုနုလေးမှာ အနီရောင်အလျှိုးရာတွေဟာ ထပ်လာသည်။
မျက်နှာလေးကိုတော့ မထိမိအောင်....
ကာရင်း အချပ်ရေပေါင်းများစွာကို ကြိတ်မှိတ်ခံနေရသည်။
"နင်...ကိုကျော်စွာ..ကို လက်ထပ်မှာလား...မထပ်ဘူးလား...ဖြေလေ"
"အ့...နာတယ်...အဟင့်...ဟင့်...မရိုက်ပါနဲ့တော့... လက်...ထပ်ပါ့မယ်..."
Ei Ei Zaw က ခွန်းရဲ့ ဆံပင်ကို စောက်ဆွဲကာဖြင့်
"နင်က လူမဟုတ်ဘူး...ခွေး....ရိုက်မှ နားလည်တယ်...မသာမ...သေချင်းဆိုးမ..ဖာသည်မ...
စောက်ကျက်သရေကိုမရှိဘူး...အရိုက်ခံရမှ...စောက်စကားကို နားထောင်တယ်...မသာမ...နင်မြန်မြန်အိမ်က ထွက်သွားမှပဲ...စောက်ကျက်သရေယုတ်တယ်"
ဆံပင်ကိုစောက်ဆွဲပြီး ပစ်ချကာ အခန်း တံခါးကို စောက် ခနဲ ပိတ်သွားသည်။
ခွန်းက အခန်းထဲဝယ် အနာ များကို ဆေးလိမ်းနေရင်း ငိုနေမိတော့သည်။ သူလက်မထပ်ချင်ဘူး...
အဲ့လူကြီးနဲ့ မယူချင်ဘူး...သူ့ကို ကယ်မယ့်သူလဲမရှိပါလား....
"အဟင့်....ဟင့်....ဟီး...."
အနာလေးတွေဆေးထည့်ကာ အချို့ကို ပတ်တီးလေးစည်းကာ အချို့ကို အနာကပ်လေးဖြင့်ကပ်ထားသည်။
"နာတယ်....အဟင့်....ဟင့်....စပ်လိုက်တာ... ဖူး.."
ကိုယ့်အနာကို ဆေးထည့်ပြီး တစ်ဖူးဖူးဖြင့် မှုတ်ကာ
ဒဏ်ရာ သက်သာအောင် လုပ်နေသည်။
လက်မထပ်ချင်ဘူး...ဒီအတွေးတွေသာ ပြန်ဝင်လာသည်။
"Lord.....တစ်ယောက်ပဲ...ငါ့ကို ကယ်နိုင်တော့မယ်"
အခုချိန်မှာ အမြန်ဆုံးရောက်ချင်တာဖြစ်ပြီး
တစ်ချိန်က မသွားချင်ဆုံးအလုပ်က အသွားချင်ဆုံးဖြစ်လာပြီး....မတွေ့ချင်ဆုံးလူက အတွေ့ချင်ဆုံးသူ
ဖြစ်လာခဲ့သည်။
"ငါက Lord ရဲ့ အရုပ်လေ...Lord က အနည်းဆုံးတော့...သူ့အရုပ်ကိုသေချာသိမ်းလောက်မှာပါ.
သူသာ ငါ့ကို ဆက်မလိုချင်တော့ရင် ဘယ်လိုလုပ်မလဲ....အဟင့်...ဟင့်...ငါ...ဘယ်လိုဆက်လုပ်မလဲ"
"အဟင့်....ဟင့်.....ဘာဆက်လုပ်ရမလဲ.... "
~~~~~~~~~~♥♥♥♥~~~~~~~~~~
Moe Wanna Htet တစ်ယောက်
သူ့လက်ထောက် အသစ်နဲ့တွေ့နေသည်။
အရည်အချင်းသိချင်လို့
"ငါ့ကို လူတစ်ယောက်အကြောင်းစုံစမ်းပေး..."
"ဟုတ်ကဲ့... သခင်မ"
"စောက်သုံးမကျလို့ကတော့ ချက်ချင်း လှည့်ထွက်သွားလိုက်"
"...ဟုတ်ကဲ့ "
ရဲတိုက်ကြီးက အကြီးကြီး ဒါကြောင့် Lord နေတယ့်
အဆောင်ဘက်နဲ့ Moe Wanna Htet အဆောင်ကလဲ တစ်ဖက်တစ်ချပ်ဆီဝယ် Lord ရဲ့အဆောင်တော်က ပိုမိုကြီးကျယ်ခမ်းနားသည်။
ထမင်းစားခန်းကြီးသည်လဲ Lord ရဲ့
အဆောင်ဘက်မှသာရှိသည်။
Lord ရဲ့အဆောင် ရဲတိုက်ရဲအလည်တည့်တည့် ခန်းမဆောင်ကြီးပင်။
Lord လူတွေက Moe Wanna Htet အဆောင်ဘက်ကိုမသွားတာကြောင့် Moe Wanna Htet က
ဘယ်လိုလူမျိုးဆိုတာလဲ မသိချေ။
Moe Wanna Htet က Lord ဆီကို လာခဲ့သည်။
Lord က သူ့ရဲ အလုပ်တွေကိုလုပ်တယ့် ခန်းမကြီးဝယ်...သူ့လက်ထောက် နဲ့ အတူ ဆွေးနွေးနေသည်။
ဘာတွေအရေးတကြီးဆွေးနွေးနေလဲဆိုရင်...
"Lord...ကြောင်ဆိုတာ အရောင်အမျိုးမျိုးရှိတယ် အဖြူ တို့ အဝါ..အနက် အဲ့လိုပေါ့"
"ချစ်စရာကောင်းတယ့်ကြောင်မျိုးဆို ငါအနက်ရောင်ရွေးသင့်လား"
"အဖြူရောင် ရွေးရမှာပေါ့ Lord... "
"ငါ့ကို ဆရာ လာမလုပ်စမ်းနဲ့..."
"တောင်းပန်ပါတယ်.... Lord...."
"အကောင်းဆုံး ကြောင်အရောင်းဆိုင်ကနေ ကြောင်ဖြူပုံတွေအကုန်ပို့ခိုင်းထားလိုက်"
"ဟုတ်ကဲ့...Lord..."
အခန်းတံခါးခေါက်သံကြောင့် နှစ်ယောက်သား
လန့်သွားသည်။ Lord က မေးငေါ့ကာအချက်ပြတော့ Lord ရဲ့ လက်ထောက်က သွားဖွင့်ပေးသည်။
"သခင်မ....."
"အင်း....မင်းသွားနှင့်...ငါ ကိုမင်းနဲ့ စကားပြောစရာရှိလို့"
Lord က ခေါင်းညှိမ့်ပြမှ Lord လက်ထောက်က ထွက်သွားသည်။
"ကိုမင်း...ဘာအလုပ်တွေများ ကြိုးစားလုပ်နေရတာလဲ....ပင်ပန်းနေရောပေါ့ "
ဒါပေါ့ အရေးကြီး အလုပ်ကို ဆွေးနွေးနေတယ်ဆိုတော့လေ.....
"ဘာကိစ္စလဲ .... မင်းက"
"ဟိုလေ....မိုးနဲ့ Shopping ထွက်ပေးပါလား"
"ငါမအားဘူး..."
"လုပ်ပါ..ကိုမင်းရယ်.. မိုးကို အဖော်ပြုပေးပါအုံး"
လာပြီး ကပ်ချွဲနေတာ Lord နားညီးလာသည်။
"ကောင်းပြီ...အခုသွားမှာလား"
"ဟုတ်...."
"ငါ ပြင်ဆင်ပြီး ဆင်းခဲ့မယ်"
"ရေး.....ကိုမင်းက ချစ်ဖို့အကောင်းဆုံးပဲ"
Lord က ထွက်သွားတယ့်သူမကို ကြည့်ကာဖြင့်
"ကြည့်လို့ ကို မရဘူး..."
သူလဲ အပြင်ထွက်ရမယ်ဆိုတော့ ဝတ်စုံကို သေသေချာချာရွေးချယ်ကာ ပြင်ဆင်လာခဲ့သည်။
ကားတွေများစွာနှင့်သွားကြသည်။
ချက်ချင်း ဆိုသလို သတင်းတွေလဲ တတ်လာတော့သည်။
ခွန်းက ဖုန်းကဖွင့်ကြည့်လိုက်ချိန်...
နေရာတိုင်းမှာ ထိုသတင်းတွေကြီးပဲ...
Lord က သူ့ချစ်ဇနီးနှင့်အတူ Shopping ထွက်လာခြင်း။ စသဖြင့် အမျိုးမျိုးသော ခေါင်းစဥ်နှင့် သတင်းတွေတတ်လာသည်။
ခွန်းက ကြည့်ကာ မျက်ရည်တွေဝဲလာသည်။
ဖုန်းကိုသာ ပိတ်ကာ အိပ်ယာထဲ ပြန်လှဲလိုက်သည်။
ဒီည Lord သူ့ဆီလာပါ့မလား......အတွေးတွေသာ ကြီးဆိုးနေသည်။
တစ်ဖက်မှာ Shopping ထွက်နေချိန် Lord က မိုး အင်္ကျီဆိုင်ဝင်သွားရင် Lordလဲ လိုက်ဝင်ကာ...
ခွန်းအတွက် အင်္ကျီလေးတစ်ထည် ယူလိုက်...
ဂါဝန်လေးတွေ...စကပ်တိုတိုလေးတွေယူလိုက်ဖြင့်
သူ့လက်ထောက်ရဲ့လက်ဝယ်ကိုင်ခိုင်းထားသည်။
Moe Wanna Htet က သူမအတွက် Lord က ဝယ်ပေးနေသည်ထင်တာပေါ့.....
ဘေးမှာလဲ ကိုယ်ရံတော်တွေများစွာခြံရံပြီး မီဒီယာတွေကိုလဲ အပြင်ထွက်ခိုင်းစေသည်။
Lord က မျက်လုံး ရှုပ်လို့ပင်။.
နောက်ဆုံးရေမွေးဆိုင်ရောက်တော့...
ရေမွေးအနံ့သင်းသင်းလေးကို သဘောကျသွားကာခွန်းအတွက်ဝယ်လိုက်သည်။
ဒီချိန် မိုး ရဲ့လက်ထောက်က မတော်တဆ မိုးကိုင်ခိုင်းထားသည့် ရေမွေးပုလင်းဟာ မတော်တဆပြုတ်ကျသွားသည်။
Lord ကလဲ အသံကြောင့် လှည့်ကြည့်သည်။
Moe Wanna Htet က အရမ်းကို ဒေါသထွက်သွားပေမယ့်... ပြုံးကာဖြင့်....
"ဘာမှမဟုတ်ဘူး...ကိုမင်း..."
မိုး က သူမစီးထားသည့် ဒေါက်ဖိနပ်အချွန်နှင့်
သူမလက်ထောက်ခြေထောက်ကို တတ်ကြိတ်လိုက်သည်။
နာလွန်းလို့ မျက်ရည်တွေပင် ဝဲလာပေမယ့်
ဘာမှမဖြစ်သလိုဟန်ဆောင်ရသည်။
ဒါပေမယ့် အရမ်းနာတော့ မျက်ရည်တွေက ကျလာသည်။
"ရတယ်နော်...ဘာမှမဖြစ်ဘူး...မင်းမထိခိုက်သွားဘူးမလား....ကိစ္စမရှိဘူးနော်...မငိုပါနဲ့.... အသစ်ထပ်ဝယ်လိုက်ပါ့မယ်"
"WOW...Lord ရဲ့ ဇနီးက အရမ်းကို အကောင်းမြင်တတ်တာဘဲ..."
"စိတ်ထားလေးဖြူစင်လိုက်တာ"
အကုန်လုံးက တိုးတိုးတိတ်တိတ်ပြောနေကြသည်။
Lord ကလဲ မိုး အနားကို လာကာ
"မင်းလိုချင်တယ့် ရေမွှေးပြော ဝယ်ပေးမယ်"
"ကျေးဇူး...ကိုမင်း"
Lord က Moe Wanna Htet လိုချင်တာ
ဝယ်ပေးသည်။
~~~~~~~~~~♥♥♥♥~~~~~~~~~~
သူတို့ Shopping ထွက်ပြီး အိမ်ကို ပြန်ရောက်တော့......
"ကိုမင်း.... ဟို ပစ္စည်းတွေက မိုးအတွက်မလား"
Lord က မိုးလက်ညိုးထိုးပြသည့် သူ့လက်ထောက်လက်မှာကိုင်ထားသည့် ပစ္စည်းတွေ ကို ကြည့်ကာ
"မဟုတ်ပါဘူး...."
ပြောကာ သူ့လက်ထောက်ကို ထွက်သွားဖို့ အချက်ပြသည်။
"ဒါဆို ဘယ်သူ့အတွက်လဲ...ကိုမင်း"
"ငါ အရုပ်လေးအတွက်..."
Lord ရဲ့ နောက်ထပ်လက်ထောက်ရောက်လာကာ Lord နားသို့ တိုးတိုးလေးကပ်ပြောသည်။
"အင်း....သွားရအောင်"
နှစ်ယောက် အလုပ်ခန်းကို ထွက်သွားကြသည်။
အလုပ်ခန်းထဲ ပြန်ကာ ကြောင်ထိုင်ရွေးနေသည့် Lord....
"ဒီတစ်ကောင်....ယူလာခဲ့"
"ဟုတ်ကဲ့ Lord...."
Lord က သူ့အခန်းပြန်ကာ သူ့ကိုယ်ပိုင်ဆရာဝန်တွေကိုခေါ်ကာ ဒဏ်ရာကို ကြည့်ခိုင်းသည်။
"Lord တော်တော်သက်သာသွားပါတယ်...အရောင်လဲကျသွားပါပြီ...ခဏလေးအတွင်းဘယ်လိုပြန်ကောင်းလာတာပါလဲ"
ဘာလို့ဆို သူ့ဆီမှာ နတ်သမီးလေး
တစ်ပါးရှိနေတာကို....
"ငါရေချိုးလို့ရပြီလား"
"ရပါပြီ Lord"
ရေစိုခံ အနာကပ်များကို ကပ်ပေးသည်။
Lord လဲ ရေချိုးခန်းဝင်ကာ ရေချိုးရင်း ဒီညအတွက် စိတ်ပျော်နေသည်။
ဘာလို့ဆို သူ အပြုံးလေးတွေကို မြင်ရတော့မည်ကို
သိနေလို့ပင်။
ငါဘာလို့ အဲ့တာကို သဘောကျမိနေလဲ ကိုယ့်ကိုယ်ကို မသိတော့ပေ။
အပိုင်း (16)......