အရှင့် ရဲ့ အသုံးတော်ခံ
(OR)
Lord ရဲ့ သတို့သမီး 🔞🔞🔞🔞🔞
အပိုင်း (7)
ဒီညအိမ်က သူတို့တွေ ညစာကို အပြင်မှာထွက်စားကြသည်။
အပြင်ထွက်တုန်း Yati linn lat ပေါင်မုန့်တစ်ထုပ်
ပစ်ချပေးလို့ စားထားသည်။
ဗိုက်တော့ သိပ်မဆာတော့ဘူး....
အစက ဘားကို ဘယ်တော့မှ မသွားတော့ဘူး
လုပ်ထားတာ....အခုတော့....ငါ့မှာ အပျော်ရှာစရာ ဖုန်းလေးပဲရှိတာ....အဲ့အလုပ်ကလဲ ပိုက်ဆံအရဆုံး...
ငါလုပ်ရမယ်....
အပြင်မှာထိုင်နေရင်း ဖုန်းအပျက်ဆီးလေးကို
ငေးရင်း မျက်ရည်တွေကျလာပြန်သည်။
ကောင်းကင်ကြီးကိုမော့ကြည့်ပြီး.....ကြယ်တွေကို
ကြည့်ကာ...
"ငါ ကြယ်လေးတစ်ပွင့်သာ ဖြစ်ခွင့်ရချင်မိတယ်."
ဒီနေ့ည ငါ့အလုပ်ရှိတာပဲ ည 7 နာရီရှိပြီ ငါအခုသွားရမယ်.....
အရင်က ဘားကိုသွားရင်း ဒီအတိုင်းဖြစ်သလိုသွားလေ့ရှိသည်။ ဒီတစ်ခါတော့ဆံပင်လေးစည်းကာ မျက်နှာကိုလဲ သေချာပြင်ဆင်ပြီး ထွက်လာခဲ့သည်။
မန်နေဂျာ အကို ကလဲ အပြင်ထွက်စောင့်နေ၏
"ညီမ နောက်ကျသွားလို့လား"
"ရပါတယ်.... နောက်မကျဘူး...lord က ဒီနေ့ည
မလာဘူး......ညီမ အလုပ်သွားလုပ်တော့"
"ဟုတ်ကဲ့ "
ခွန်းက အရင်က ဆံပင်ချပြီး မျက်နှာမမြင်အောင်
တကွယ်ကွယ်အလုပ်လုပ်သည်။
တစ်ခါကျတော့အလုပ်ရောက်ချင်းပင် Lord နဲ့
အိပ်ယာထဲရောက်နေပြီ။
အခုတော့ အိမ်မှာလူတွေကို ကြောက်ရတာလုံလောက်ပြီ.....အလုပ်မှာ မလိုဘူး....ဒါမျိုးအတွေးလေးဝင်လာလို့ပင်။
ဝင်လာကတည်းက ယောက်ျားတွေမျက်လုံးတိုင်း
ခွန်းဆုဟေသာဆိုတယ့် အမျိုးသမီး ဆီမှာပင်။
လှချက်က သူများတွေနဲ့ မတူအောင်လှသည်။
အခုချိန်မှာ ခွန်း က အလှဆုံးလေ...
ကိုယ့်မျက်နှာကို ယုံကြည်ချက် ရှိသည်။
ဒီချိန်လေးမှာပဲ....စားပွဲထိုးအသစ်ကောင်လေးရောက်လာကာ နှုတ်ဆက်သည်။
"ဟိုင်း...ညီမလေး..."
"......"
"အကိုက ဝန်ထမ်းအသစ်ပါ..."
"ညီမလဲ အသစ်ပါပဲ"
"နာမည်လေး သိခွင့်ရမလား..."
"ခွန်းဆုဟေသာ ပါရှင့်..."
"အကို က ဟိန်းထက်အောင် ပါ"
"ဟုတ်ကဲ့....တွေ့ရတာဝမ်းသာပါတယ်..."
သေချာကြည့်ရရင် အရပ်ကရှည်ရှည် ရုပ်ကလဲ
ဖြောင့် အသက်ကလဲ မကွာ အပြောအဆိုက နူးညံ့တယ် သဘောကျမိတာပေါ့ရှင့်....စိတ်ကစားနေတယ့်အရွယ်ပဲ...လေ...
အလုပ်လုပ်ကြသည်။
ဟိန်းထက်အောင်က အလုပ်လုပ်ချိန်တိုင်း....ဝိုင်းကူပေးတယ်
အမူးသမားတွေလာနှောက်ယှက်ရင်လဲ ကာကွယ်ပေးတတ်လေ့ရှိသည် အရမ်းကို သဘောကောင်းတယ့်ကိုယ်လူချောလေး....
အိမ်ပြန်ချိန်......
"ညီမ...နေအုံး...အကို လိုက်ပို့ပေးမယ် "
"ရှင်.....ရပါတယ် "
"ညမိုးတော်တော်ချုပ်နေပြီ...အကို လိုက်ပို့ပေးမယ်"
"ဒါဆိုလဲ.... အကို့သဘောပါ"
ညည့်နက် တစ်ယောက်နဲ့တစ်ယောက်စကားလေးတွေပြောရင်း လမ်းလျှောက်လာကြသည်။
"ရပြီအကို.... ညီမကိုယ့်ဟာကိုယ်သွားတော့မယ်.."
"အင်း...ဂရုစိုက်နော်...ညီမ"
"ဟုတ်ကဲ့...."
ဒီနေ့အလုပ်စောဆင်းလာတယ် မန်နေဂျာ အကိုကလဲ ခွင့်ပြုတော့ 11 နာရီနဲ့ အိမ်ကို ပြန်ရောက်လာသည်။
အိမ်ကတော့ အနောက်ပေါက်ကနေဝင်လာခဲ့ပြီး
အိပ်ယာထဲဝင်ကာ.....မျက်လုံးမှိတ်လိုက်တိုင်း
ဘဝမှာ ပထမဆုံးအကြိမ် ငါ့ကို ကူညီပေးတယ့်သူ ဟိန်းထက်အောင်ကိုသာ ဦးနှောက်ထဲရောက်လာသည်။သူက အရမ်းချောတယ်။သဘောကောင်းတယ်။
မနက်လင်းတော့ မနက်စာတွေသေချာပြင်
အိမ်အလုပ်တွေအကုန် လုပ်ထားသည်။
"ညည်း...မနေ့ညက...ဘယ်ရောက်နေတာလဲ "
"အလုပ်သွားလုပ်တာပါ"
"တဂယ်လို့ အဲ့အလုပ်မှာ နင့်ကိုဝယ်ချင်တယ့်သူတွေရှိရင်...ငါမကန့်ကွက်ဘူး...ငါ့ကိုသာပိုက်ဆံပေး နင်လိုက်သွားလို့ရတယ်..."
"ရှင်......"
"ကြားတယ့်အတိုင်းပဲ.....ထွက်သွား... မနက်ခင်း ကျက်သရေယုတ်တယ်....ဖာခံပြီး အိမ်ကိုပြန်လာတယ်... အိမ်မှာ ဖာသည်မ ထားရတာ လာဘ်တိတ်တယ်..."
ခွန်း မျက်ရည်တွေဝဲလာကာ ထိုနေရာကနေထွက်သွားခဲ့သည်။
ဖုန်းဝယ်ဖို့ ပိုက်ဆံပြန်စုသည်။ ဖုန်းကို သူအရမ်းပြန်လိုချင်နေပြီ....ဟိန်းထက်အောင်နဲ့ ဆက်သွယ်နိုင်ဖို့ သူလိုအပ်သည်။
မနက်စာ ညက ကျန်တယ့်ထမင်းကြမ်းလေးစားရင်း
အတွေးတွေး ယောင်လည်နေသည်။
မျက်ရည်တွေလဲ ကျလာပြန်သည်။
တစ်ခါတလေ ရုတ်တရက် မျက်ရည်တွေလဲ
သူ့ဟာသူ ကျလေ့ရှိတယ်...ဒီမျက်ရည်တွေသာ ကုန်ခမ်းသွားရင် အရမ်းပျော်မိမှာပဲ။
~~~~~~~~~♥♥♥♥~~~~~~~~~~~
တစ်ပတ်ရှိပြီ Lord ဘားကိုမလာတာ...
တဂယ်ကောင်းတာပဲ... အနိုင်ကျင့်မယ့်သူမရှိဘူး...
ဘားက အဖော်အချွတ်လဲ မြင်တာများလို့....
ရိုးသွားပြီ။ ကျန်တယ့်နေရာသာဧည့်သည်နည်းမယ်
ဒီနေရာကတော့ ဧည့်သည်အလျှံပဲ.....ဧည့်သည်တွေကလဲ တဂယ့် ချမ်းသာသူတွေဆိုတော့ မုန့်ဖို့းရရင်လဲ အများကြီးပင်။
ဟိန်းထက်အောင်နဲ့လဲ တဖြေးဖြေးရင်းနှီးလာသည်။
"ကိုဟိန်း......ညီမ ကို ကူပါအုံး"
ပုလင်းတွေများလို့မသယ်နိုင်လို့.....ခွန်း အကူအညီတောင်းတာပါ....
"ပေး....အကို... လုပ်မယ်...သွား..ညီမ...ဟိုဘက်..စားပွဲသိမ်းလိုက်..လူမရှိဘူး...ပစ္စည်းလေးသိမ်းယုံပဲ"
"ဟုတ်ကဲ့... ကိုဟိန်း...."
တစ်ပတ်ပြည့်တယ့်နေ့မှာ.....
ဖုန်းလေးက ပြန်ဝယ်နိုင်ခဲ့ပြီး အရင်ကလောက်
မကောင်းပေမယ့် အသင့်တင့်တော့ရှိပါတယ်...
သူနဲ့ဆက်သွယ်လို့ရမယ့် အရာလေးတော့ရပြီ။
ဖုန်းထဲမှာ မြင်လိုက်ရသည့်အရာက
"စိတ်ခံစားချက်တွေကို ပန်းချီဖြင့်ဖော်ပြပါ"
ခွန်း စိတ်ဝင်စားသွားသည်။ ပန်းချီသင်တန်း တတ်ချင်လာသည်။
ခွန်း က အမေ့ဆီကို သွားကာ...မပြောရဲ ပြောရဲ
ဖြင့်...တုန်လှုပ်စွာ အရဲစွန့်လျက် ပြောသည်။
"အမေ....."
"ပြော....."
"သမီးကို....ပန်းချီသင်တန်း ထားပေးလို့ရမလား"
"ဘာ...ညည်း...ပြန်ပြောလိုက်စမ်း"
"သမီးကိုလေ...ပန်းချီ...."
စကားပင်မဆုံးသေးလိုက်ပါ....Ei Ei Zaw က
သူ့ရှေ့က တွေ့တယ့် သူ့သောက်လက်စ ကော်ဖီပူနဲ့ မျက်နှာကို ပိတ်ပက်လိုက်သည်။
ခွန်း က နာကျင် ပူလောင်ပြီး လန့်သွားကာပြေးထွက်သွားခဲ့၏
"အ့....ပူတယ်.....အဟင့်...ဟင့်...ပူ..တယ်"
ခွန်းချက်ချင်း ထိုနေရာကပြေးကာ...အမြန်မျက်နှာကို ရေခဲသေတ္တာ မှ ရေအေး နဲ့လောင်းချလိုက်သည်။
မျက်နှာလေးက ရဲတောက်လာသည်။
"စပ်...တယ်...အဟင့်...ဟင့်..ဟင့်....
မျက်နှာလေး..ရယ်..ဘာမှ...မဖြစ်..ပါစေနဲ့.....
အဟင့်..အ့...စပ်လိုက်တာ.."
သွားတိုက်ဆေးကို မျက်နှာပြင်တစ်လျှောက်သုတ်ကာ...ခဏအကြာ ရေနဲ့ ပြန်ဆေးက မှန်ကိုကြည့်လိုက်သည်။
"တော်သေးတယ်....ယောင်သွားတာလေးပဲ..."
တော်ပါသေးရယ့်...ဆေးလေးထည့်ရင်
ပျောက်သွားမှာပါ....
ဆေးလေးထည့်ကာ မျက်ရည်တွေ ကျလိုက်တိုင်း အနာကို ထိမိလို့... နာသည်။
ငိုလို့လဲ မဖြစ်ချေ။...
ဒါကြောင့် အိပ်ယာထက် လှဲချကာ... ငိုတော့သည်။.
လှဲ ပြီးငိုတော့ မျက်ရည်တွေက ပါးပြင်ပေါ်မစီးကျတော့ဘူးလေ။
လောလောဆယ်တော့.....အနာကခံစားရသည်။
"အဟင့်....ဟင့်....နာပြီး.....စပ်တယ်...အဟင့်..ဟင့်...ဘယ်သူ...မှ...နားမလည်ကြဘူး...ဟင့်...."
ဒါပေမယ့် သူမ ရဲ့ ကြေကွဲဖွယ်ငိုကြွေးသံကို
မည်သူမျှလဲ မကြားသလို ဂရုလဲမစိုက်ကြပေ။
~~~~~~~~~♥♥♥♥~~~~~~~~~~~
မျက်နှာအယောင်လေးလဲ သက်သာသွားသည်။
အပေါ်က မမပေးတယ့်ဟာလေးနဲနဲလောက်သုံးယုံနဲ့အယောင်ကျသက်သာသည်။
အခုဆို အပျော်ဆုံးအချိန်က အလုပ်လုပ်ချိန်လေးပင်။
"ကိုဟိန်း......ပင်ပန်းနေပြီလား...."
"မပင်ပန်းပါဘူးဗျာ...."
"ခ်ခ်ခ်...."
တစ်ယောက်ကို တစ်ယောက်
အကြည်စိုက်နေတုန်း Lord ဝင်လာခဲ့သည်။
Lord က တစ်ပါတ်လုံး အရေးကြီးအစည်းဝေးတွေအလုပ်တွေရော အကုန်လက်စသတ်ကာ ခွန်းဆီ
ဒီညအချိန်ဖြုန်းဖို့ရောက်လာခဲ့သည်။
ဒါပေမယ့်....
အပေါက်ဝ မှာတင် ခြေလှမ်းတွေရပ်တန့်သွားသည်။
ဘာလို့ဆို
ဟိန်းထက်အောင်က ခွန်းရဲ့ ခေါင်းလေးပုပ်ကာ
"ချစ်စရာလေး.... " လို့ ပြုံးပြုံးရွှင်ရွှင် ပြောနေသည့် မြင်ကွင်းကြောင့်
ဘာကြောင့်မှန်းမသိ ဒေါသတွေထွက်လာသည်။
ခြေလှမ်းကျယ်ကြီးတွေနဲ့ အမြန်လျှောက်လာသည်။
အနောက်မှာ မုန်တိုင်းကြီးရောက်နေမှန်း ခွန်း
မသိချေ။
Lord က ဒူးကိုအနည်းငယ်ကွေးကာ ခွန်းကို ပုခုံးပေါ်တင်ပြီး.......ချီသွားသည်။
ခွန်းရဲ့ကိုယ်လေးက မြှောက်တတ်ကာ lord ရဲ့ ပုခုံးပေါ်ကို ရောက်သွားသည်။
ခွန်းလဲ ချက်ချင်းဆို ရုတ်တရက် လန့်ကာ
"အ့......ဘာလုပ်...တာလဲ...လွှတ်...."
ဟိန်းထက်အောင်က လဲ ကြောင်တောင်တောင်
ဖြင့် ဆွံအ သွားသည်။
ဘာလို့ဆို သူက Lord ကိုလဲမသိသလို...Lord နဲ့ ခွန်းကြားက အခြေနေကိုရော မသိလို့ပေ။
သူအခု ဘာမြင်လိုက်ရတာလဲ....
ချက်ချင်း အနောက်က ပြေးလိုက်ကာ Lord ရဲ့ ပုခုံးကို ဆွဲလိုက်သည်။
lord က ရပ်တန့်သွားကာ...
"မင်းလက်မပြတ်ချင်ရင်...ငါ့ပေါ်ကနေဖယ်လိုက်စမ်း"
"သူ့ကိုဘယ်ခေါ်သွားမလို့လဲ...."
Lord က လက်ဖျောက်တစ်ချက်တီးလိုက်ယုံနဲ့
ရုပ်ဖျတ်ထားတယ့် Lord ရဲ့ ကိုယ်ရံတော်တွေဟာ သေနတ်တွေကိုယ်စီဖြင့် ဟိန်းထက်အောင် ခေါင်းပေါ် ချိန်လိုက်ကြသည်။
ခွန်းက မျက်ရည်တွေဝဲလာကာ....သူ့ကြောင့်နဲ့ ဟိန်းထက်အောင် တစ်ခုခုဖြစ်မှာ မလိုလားပေ။
"Lord....မဖြစ်ဘူး....သူ့ကို ဘာမှမလုပ်ပါနဲ့...ခွန်း....ဘာလုပ်ပေးရမလဲ...အကုန်လုပ်ပေးပါ့မယ်...ကျေးဇူးပြုပြီး... သူ့ကို ဘာမှမလုပ်ပါနဲ့."
အခု ငါ့အပိုင်က အခြားကောင်ကို ခွင့်လွှတ်ပေးဖို့တောင်းပန်နေတယ်ပေါ့...လီးလိုပဲ...တစ်ပါတ်ကျော်လောက်မလာမိတာ အကုန် ဖြစ်ချင်တိုင်းဖြစ်နေတာ
"မင်းကို ငါ့အပိုင်လုပ်ပစ်မယ်...ခွန်းဆုဟေသာ.
ဒီည မင်းကိုငါ့အပိုင်ဖြစ်အောင်လုပ်မှာ"
အပိုင်း (8)........