သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘ...

By UGLY_joker

86.2K 12.9K 244

His Son Has a Richest Billionaires Dad Unicode: နှစ်တစ်ဝက်စာလောက် ခြိုးချန်ချွေတာပြီးတဲ့နောက်မှာတော့ ချန်ယန်တ... More

Part 1(1/3)
Part 1(2/3)
Part 1(3/3)
Part- 2
Part- 3
Part 4 (1/2)
Part- 4(2/2)
Part - 5
Part 6 (1/2)
Part 6 (2/2)
Part- 7
Part 8 (1/2)
Part 8 (2/2)
Part 9 (1/2)
Part 9 (2/2)
Part 10 (1/2)
Part 10(2/2)
Part 11(1/2)
Part 11(2/2)
Part 12
Part 13
Part 14
Part 15 (2/2)
Part 16
Part- 17
Part- 18
Part - 19
Part- 20(1/2)
Part 20(2/2)
Part 21 (1/2)
Part 21.2
Part 22.1
Part 22.2
Part 22.3
Part-22.4
Part 23.1
Part 23.2
Nine Son of Dragon
Part 24.1
Part - 24.2
Part 25.1
Part 25.2
Part 26.1
Part 26.2
Part 27.1
Part 27.2
Part 28.1
Part 28.2
Part 29.1
Part 29.2
Part 30.1
Part 30.2
Part 31.1
Part 31.2
Part 32.1
Part 32.2
Part 33.1
Part 33.2
Part 34.1
Part 34.2
Part 35.1
Part 35.2
Part 35.3
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41.1
Part 41.2
Part 42.1
Part 42.2
Part 43.1
Part 43.2
Part 43.3
Part 44.1
Chapter 44.2
Part 45.1

Part 15(1/2)

1.2K 178 4
By UGLY_joker

အခန်း ၁၅ ဖခင်တစ်ယောက်ဖြစ်ရတာ ပျော်ရွှင်ရတယ် (အပိုင်း ၁)

ရှဲ့ရန်က ပုလင်းအဖုံးကို လှည့်ပြီး ဖွင့်ကြည့်လိုက်တော့ ပုလင်းထဲမှာ အနက်ရောင်ဆေးပြားတွေ အများကြီး ရှိနေပြီး တရုတ်ဆေးနံ့ပြင်းပြင်းက သူ့နှာခေါင်းကို ထဲကို ဝင်ရောက်လာလေတယ်။

တခဏတာချင်းမှာပဲ ရဲ့ရှန်ရဲ့ရင်ဘက်ထဲကနေ ဒေါသတွေ တဟုန်ထိုး ထိုးထွက်လာတယ်။ အခုအချိန်အထိ ဒီကားရဲ့ နောက်ခန်းတွင် ထိုင်ခဲ့တဲ့သူက သူ့ကလွဲရင် တစ်ယောက်ထဲပဲရှိတယ်။ ဒီနေ့ ချန်ယန်တစ်ယောက်ပဲ စီးခဲ့တာလေ။

အဲတော့ စဉ်းစားစရာမလိုဘဲ ဒီဆေးဗူးသေးသေးက ဘယ်သူပိုင်လဲဆိုတာ ရှင်းနေတာပါပဲ။

ရှဲ့ရန်က အပျော်စီးသင်္ဘောပေါ်မှာရှိနေကြတဲ့အချိန်ကို မှတ်မိနေသေးတယ်။ ချန်ယန်က သူကို ပြောပြတာကို သူ ကြားဖူးတယ်။ ချန်ယန်က အထက်တန်းကျောင်းမှာကတည်းက သူ့ရဲ့လိင်ခံယူချက်ကို သူ သိနေခဲ့ကြောင်း ပြောပြခဲ့တယ်။ သူ ကောလိပ်တက်ပြီးတဲ့နောက်မှာ သူ့အခန်းဖော်တွေအားလုံးက ချစ်သူရည်းစားတွေကို တက်တက်ကြွကြွ ရှာဖွေခဲ့ကြပေမယ့် သူက လှုပ်တောင် မလှုပ်ရှားခဲ့ဖူးတဲ့။

တစ်ချိန်တည်းမှာပင် ရှဲ့ရန်က ကောင်လေးရဲ့ ငယ်ရွယ်ပေမယ့် အလွန်ဆွဲဆောင်မှုရှိတဲ့ ကိုယ်ဟန်အနေအထားကို တွေးမိပြန်တယ်၊ ကောင်လေးမှာ အတွေ့အကြုံမရှိတဲ့ အပြုအမူလေးတွေ ရှိပေမယ့် သူ့ကို လက်ခံဖို့ သူ့ခန္ဓာကိုယ်ကို ဖွင့်ဟပေးခဲ့တယ်။

ရှဲ့ရန်ရဲ့လက်ချောင်းတွေက ဆေးပုလင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။ သူ ချန်ယန်ကို လိုက်ရန် ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာ ဒီကိစ္စက ရုတ်တရက် သူ့ဆီရောက်လာတယ်။ ရှဲ့ရှန်းရဲ့မျက်လုံးတွေက မကျေမနပ်ဖြစ်နေတဲ့ အမှုန်အမွှားတွေနဲ့ ပြည့်နှက်နေတော့တယ်။

"လူနှစ်ယောက်လောက် ရှာလိုက်" ရှဲ့ရန်က ရုတ်တရက် မော့ကြည့်လိုက်ပြီး သူရဲ့အေးစက်စက် အကြည့်က သူ့ရှေ့က လက်ထောက်ဆီကို ဦးတည်နေတယ်။

"ကောင်းပြီ" လက်ထောက်က ကားအတွင်းခန်းမှန်ကနေ အနောက်မှာထိုင်နေတဲ့ သူ့သူဌေးရဲ့အကြည့်ကို တစေ့တစောင်း ဖမ်းမိပြီး နှလုံးခုန်သံတွေ မြန်သွားတယ်။

လူနှစ်ယောက်က ဘာလုပ်ဖို့လဲလို့ မမေးရဲတော့ပေ၊ သူဌေးက အမိန့်ပေးတယ်ဆိုမှတော့ သူက လက်ထောက်တစ်ယောက်အနေနဲ့ အမိန့်ကို နာခံရမှာပေါ့။

"သူတို့ကို ချန်ယန်နောက်ကို လိုက်ခိုင်းပြီး မကြာသေးခင်က သူနဲ့ အနီးကပ် အဆက်အသွယ်ရှိခဲ့တဲ့ လူတွေကို စုံစမ်းခိုင်လိုက်"

ချန်ယန်မှာ ရည်းစားရှိနေပြီး ကိုယ်ဝန်တောင် ရနေတယ်ဆိုရင် ချန်ယန်က သူ့ကို လှည့်စားပြီး ဦးထုတ်စိမ်းဆောင်းပေးတယ်လို့ ရှဲ့ရန်က ခံစားနေရတယ်။

ခနနေတော့ ဒေါသတွေ အနည်းငယ် ပြေလျော့သွားတဲ့ ရှဲ့ရန်က အခြား ဖြစ်နိုင်ချေတွေကို တွေးတောနေမိတယ်၊ အနှစ်သုံးဆယ်ကျော်နေထိုင်ပြီးတဲ့နောက်မှာ အခုအချိန်မှာ သူ လူမှားတွေ့မိလိမ့်မယ် လိုတော့ သူ မယုံဘူး။

ချန်ယန်က သူ့ကို တကယ်လှည့်စားခဲ့တာဆိုရင်တော့ ချန်ယန့်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းလွန်းတယ်လို့ပဲ ပြောရတော့မယ်။

"ဟုတ်ကဲ့၊ ခဏနေ တစ်ယောက်ယောက်ကို ဆက်သွယ်ပြီး စောင့်ကြည့်ခိုင်းလိုက်ပါ့မယ်" ကားထိုင်ခုံနဲ့ ပိတ်ဆို့ထားတာကြောင့် လက်ထောက်က ရှဲ့ရန်ရဲ့ လက်ထဲက ဆေးဗူးကို သတိမထားမိခဲ့ပါဘူး။

ချန်ယန်က ကျောင်းဘက်ကနေ သူ့ငှားနေတဲ့အိမ်ကို ပြန်လာပြီး အင်္ကျီကို သက်တောင့်ရှိတဲ့ နူးညံ့တဲ့ ညအိပ်ဝတ်စုံနဲ့ လဲ၀တ်လိုက်တယ်။

သူက ကိုယ်ဝန်ဖျက်ချဆေးကို မသုံးတော့ဘူးလို့ ဆုံဖြတ်ခဲ့တာကြောင့် သူ့အင်္ကျီထဲက အဲဒီဆေးပုလင်းက ရှဲ့ရန်ရဲ့ကားထဲမှာ ကျန်နေခဲ့မှန်း သူ သတိမထားမိတော့ဘူး။

တခါတရံမှာ ချန်ယန်ရဲ့ဗိုက်က နာကျင်မှုကို ခံစားရပြီး အစာစားချင်စိတ်လည်း မရှိဘူး။ အရင်တုန်းကတော့ ချန်ယန်က ဘတ်စကတ်ဘောကစားတာကြောင့်လို့ ထင်နေခဲ့တာ၊ အခုတော့ ကိုယ်ဝန်ကြောင့်လားဆိုပြီး သံသယဝင်လာတယ်။ အဲ့တာကြောင့် အင်တာနက်မှာ ရှာကြည့်လိုက်တဲ့အခါ သူရခဲ့တဲ့အဖြေကြောင့် ချန်ယန်က ကိုယ်ဝန်ဆောင်အားအေးအချို့ကို ဝယ်ဖို့ နားလည်လိုက်တယ်။

ချန်ယန်က ကျောင်းအပြင်ဘက်က ဆေးဆိုင်ကို သွားပြီး ဆေးအနည်းငယ် ဝယ်ခဲ့လိုက်တယ်။ သူက သူ့ကောင်မလေးမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး အရောင်းစာရေးဆီကနေ အကြံဉာဏ် တောင်းလိုက်သေးတယ်။ တစ်ဖက်လူက ရက်အနည်းငယ်ကြာအောင် သောက်ရမယ်လို့ ပြောပြခဲ့တယ်။ ရက်နည်းနည်းသောက်ကြည့်လို့မှ ချစ်သူကောင်းမလေးက နေရတာ အဆင်မပြေသေးရင် နောက်ဆုံးမှာ ဗိုက်ထဲက ကလေးကို ပြဿနာ မဖြစ်အောင် ကာကွယ်ဖို့ အသေးစိတ် စစ်ဆေးမှုအတွက် ဆေးရုံကို သွားတာက အကောင်းဆုံးပဲလို့ အကြံထပ်ပေးလိုက်တယ်။

ကိုယ်ဝန်ဆောင်အားဆေးကို နှစ်ပတ်ကျော် သောက်ပြီးတဲ့နောက်မှာတော့ ချန်ယန်က ဆေးက ကောင်းကောင်း အလုပ်လုပ်တာကို ခံစားသိရှိနိုင်လာပြီး သူ့ရဲ့အစာစားချင်စိတ်က ပြန်တိုးလာခဲ့တယ်။

ချန်ယန်က ​​ဆေးစစ်ဖို့ ဆေးရုံသွားဖို့ စဉ်းစားလိုက်ပေမယ့် သူ ဘယ်လိုသွားရမလဲ၊ ဘယ်ဆေးရုံကို သွားရမလဲ? အဲ့တာတွေကို သေချာစဉ်းစားဖို့ လိုနေသေးတယ်။ သူ့ကို လူတွေက မကောင်းဆိုးဝါးတစ်ကောင်လို ဝိုင်းကြည့်မှာကို သူ လိုလားပါဘူး။

ချန်ယန်က ကွန်ပြူတာရှေ့မှာ ဝင်ထိုင်လိုက်ပြီး ကွန်ပြူတာကို ဖွင့်ကာ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကို ဝင်လိုက်တယ်။

ချန်ယန်က ကလေးမွေးဖွားဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့တာကြောင့် သူက ကလေးနဲ့ ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုတွေအတွက် စာရင်းတစ်ခု ပြုလုပ်ထားခဲ့တယ်။ အရင်က ဘာမှ အထွေအထူးမရှိရင် ချန်ယန်က နေ့စဉ်တိုက်ရိုက် ထုတ်လွှင့်တက်တယ်။ အခု အချိန်က ပြောင်းလဲသွားပြီ။

သူက မကြာသေးမီက သူကျန်းမာရေး မကောင်းကြောင်း ကြေငြာခဲ့ပြီး နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို နောက်နေ့ကို ပြောင်းလဲခဲ့တယ်။

အရင်က သုံးနာရီကနေ လေးနာရီလောက်အထိ ထုတ်လွှင့်ခဲ့ပေမယ့် အခု နှစ်နာရီလောက်အထိ လျှော့ချခဲ့တယ်။

ရလဒ်အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေရတဲ့ ဝင်ငွေက သိသိသာသာ လျော့ကျသွားခဲ့တယ်။ ကြည့်ရှုသူအချို့က ချန်ယန်က ပိုပြီးနာမည်ကြီးလာတာကြောင့် မောက်မာလာတယ်လို့ ထင်မြင်လာကြပြီး ပရိသတ်အချို့က သူ့ကို အပြစ်တင်လာကြတယ်။

ချန်ယန်က အဲ့လိုကဲ့ရဲ့ရှုတ်ချတွေကို သိပ်ဂရုမစိုက်နေဘူး။

ဒီလိုပြောတဲ့သူအများစုက ချန်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြာကြာမကြည့်ဘဲ ခနနေရင် အဝေးကို ပြန်ထွက်သွားမယ့်သူတွေပါ။ ချန်ယန်က သူတို့ကို ထိန်းသိမ်းထားဖို့ ပျင်းရိနေခဲ့ပြီး ဝင်ငွေကိုလဲ အများကြီးထိခိုက်စေမှာ မဟုတ်ပါဘူး။

ပြီးတော့ ချန်ယန့်ကို နားလည်ပေးနိုင်တဲ့ ပရိသတ်တွေ အများကြီးရှိ နေပါသေးတယ်၊ သူတို့က ချန်ယန်က တကယ် နေမကောင်းဖြစ်နေရင် သူ ပြန်ကောင်းလာမှ ပြန်လာဖို့နဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ခနလောက် ရပ်ထားနိုင်တယ်လို့တောင် ပြောပေးခဲ့ကြတယ်။

ဘတ်စကက်ဘော အသင်းခေါင်းဆောင်က ချန်ယန် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းနံပါတ်ကို သိပြီး လာကြည့်ခဲ့တယ်။ သူက ချန်ယန် နေမကောင်းဖြစ်နေကြောင်းကြေငြာချက်ကိုတွေ့သွားပြီး ချန်ယန်ငှားနေတဲ့အိမ်ကို တိုက်ရိုက် ပြေးလာခဲ့တယ်။

ချန်ယန်က စက်မှုကောလိပ်နဲ့ နောက်ဆုံးကစားတဲ့ပွဲပြီးကတည်းက ဘတ်စကတ်ဘောအသင်းသို့ မရောက်တော့ဘူး။

ကပ္ပတိန်က သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို မေးဖို့ အပြေးအလွှား ရောက်လာတဲ့အချိန်မှာ ချန်ယန်က သူပြန်ပြောရမယ့်စကားတွေကို ကြိုစဥ်းစားထားခဲ့ပြီးသား ဖြစ်နေတယ်။

သူ ဆေးစစ်ဖို့ ဆေးရုံကို သွားခဲ့ပြီး ဗိုက်ထဲမှာ အကျိတ်တစ်ခုတွေ့တယ်လို့ ပြောပြလိုက်တယ်၊ အခြေအနေက ပြင်းထန်လား မပြင်းထန်ဘူးလားဆိုတာ သေချာမသိသေးပဲ အချိန်ခလောက်လောက်နေမှ ထပ်ဆေးစစ်ရမယ်လို့ ဆရာဝန်က အကြံပေးခဲ့ကြောင်းလည်း ပြောပြလိုက်တယ်။ ပြီးတော့ သူ ပေါ့ပေါ့ပါးပါး အစားအသောက်စားသောက်ရမှာနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ အများကြီး မလုပ်ရဘူး ဆိုတာတောင် ထပ်ပြောပြလိုက်သေးတယ်။

အဲ့တာကို ကြားတော့ အသင်းခေါင်းဆောင်က စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပဲ ချန်ယန်မှာ ဆေးကုဖို့ ငွေအလုံအလောက် မရှိရင် သူနဲ့ ဘတ်စကက်ဘောအဖွဲ့သားတွေက နည်းလမ်းရှာပြီး ချန်ယန့်ကို ကူညီပေးမယ်လို့ ပြန်ပြောလာတယ်။

ချန်ယန်က ကပ္ပတိန်ကို ကျေးဇူးအများကြီးတင်လိုက်ပြီး တစ်ခုခုဖြစ်ခဲ့ရင် ကပ္ပတိန်ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ ပြန်ပြောလိုက်တယ်။

နှစ်နာရီကြာ တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ပြီးနောက် အဆုံးသတ်အချိန်မှာ တစ်စုံတစ်ဦးက တရုတ်ယွမ်ငွေ တစ်သိန်းနဲ့ ညီမျှတဲ့ ဇိမ်ခံအပျော်စီးသင်္ဘောတစ်စီးကို ချန်ယန်ဆီကို ရုတ်တရက် ပို့ပေးလိုက်တယ်။ (ဇိမ်ခံအပျော်စီးသင်္ဘောတစ်စီး-တိုက်ရိုက်လွှင့်တဲ့ ပလက်ဖောင်းတွေက သတ်မှတ်တဲ့ လက်ဆောင်ပေးတဲ့စနစ်ပါ)

ပထမဦးဆုံး ချန်ယန်က သူ့ကို ကျေးဇူးတင်ကြောင်း ပါးစပ်ကနေ ကျေးဇူးတင် စကားဆိုလိုက်တယ်။ သူ့လက်ရှိကစားနေတဲ့ ဂိမ်းပြီးဆုံးသွားတဲ့နောက်မှာ ချန်ယန်က တိုက်ရိုက်ထုတ်လွှင့်မှုမှကနေ နှုတ်ထွက်ပြီး အပျော်စီးသင်္ဘောကို ပေးပို့လိုက်တဲ့ ပရိသတ်ဆီကို သီးသန့်မက်ဆေ့ချ် ပို့ပြီး ကျေးဇူးတင်ကြောင်း ဆက်လက်ဖော်ပြခဲ့တယ်။

ချန်ယန်က chat စာမျက်နှာကို စိုက်ကြည့်ပြီး မိနစ်အနည်းငယ်လောက်ကြာအောင် စောင့်ဆိုင်းနေခဲ့ပေမယ့် တစ်ဖက်ကနေ အကြောင်းပြန်လာတာကို မတွေ့ခဲ့ရဘူး။ အခြားတစ်ဖက်က ယခုအချိန်မှာ အလုပ်များနေတာ ဖြစ်နိုင်တယ်လို့ တွေးပြီး ချန်ယန်က ကွန်ပျူတာကို အသင့်အနေအထား ထားပြီး သန့်စင်ဆေးကြောဖို့ ထလိုက်တယ်။

အဲ့ညမှာ ချန်ယန်က မထင်မှတ်ဘဲ နောက်ထပ်အိပ်မက်ဆိုးတစ်ခု ထပ်မက်ပြန်တယ်။ မျက်နှာမပါတဲ့ အနက်ရောင် အရိပ်ကြီးကို သူ အိပ်မက် မက်ခဲ့တယ်။ အရိပ်က သူ့ဆီလှမ်းလာပြီး သူ့ဗိုက်ထဲက ကလေးလေးကို ဆွဲထုတ်နေတယ်။ ချန်ယန်က အော်ဟစ်တောင်းပန်ပြီး အရိပ်ကို အစွမ်းကုန် လိုက်ရှာနေမိတယ်။ သူ့ကို ရှာတွေ့ပေမယ့် ဖမ်းလို့မမိဘဲ သူ့ကလေးကို ခေါ်ဆောင်တာကိုဘဲ စောင့်ကြည့်နေခဲ့ရတယ်။

နောက်နေ့မှာတော့ အဲ့အိပ်မက်က ချန်ယန်ရဲ့ စိတ်အခြေနေကို တိုက်ရိုက် ထိခိုက်စေခဲ့တယ်။

ရှဲ့ရန်ရဲ့ထွက်ပေါ်လာမှုနဲ့ သူ့အဆင့်အတန်းကြောင့် ဒီအိပ်မက်က ဖြစ်ပေါ်လာတာကို သိနေတော့ ချန်ယန်က သူ တစ်ခုခုကို တကယ်လုပ်ချင်ရင်တောင်မှ သူမှာ ခွန်အားမရှိသလို ခံစားနေရတယ်။

သူ့အပေါ်မှ ရှိနေတဲ့ ရှဲ့ရန်ရဲ့ အာရုံစိုက်မှုကို ဖယ်ရှားဖို့က ပန်းတိုင်အသစ်တစ်ခု ဖြစ်လာပြီဆိုတာကို သူ တွေးလိုက်မိတယ်။ အဲ့လူချမ်းသာကြီးရဲ့ စိတ်ဝင်စားမှုက အမြန်ဆုံးလျော့နည်းသွားဖို့ သူ မျှော်လင့်နေမိတယ်။

ချန်ယန်က ရှဲ့ရန်ရဲ့ဇွဲလုံ့လကို အလဲထိုးနိုင်ဖို့ မျော်လင့်နေသေးတယ်။

ရေနွေးဆူလာတာကြောင့် ချန်ယန်က သူ့လက်ထဲက ခွက်ထဲကို ထည့်လိုက်ပြီး ရေနွေး သောက်နေလိုက်တယ်။ မနေ့က သူ့ကို အပျော်စီးသင်္ဘော ပို့ပေးတဲ့ ချမ်းသာတဲ့ဖန်ကို ပြန်တွေးရင်း ချန်ယန်က သီးသန့် မက်ဆေ့ချ်ဘောက်စ်ကို ပြန်စစ်ဆေးလိုက်တယ်။ ထူးဆန်းတာက တစ်ဖက်က သူ့ကို ပြန် ဖြေထားတာ မရှိသေးဘူး။

ယေဘူယျအားဖြင့် ပြောရရင်၊ အဲ့လိုအလွန်ရက်ရောတဲ့ လူအများစုမှာ မတူညီတဲ့စိတ်ကူးတွေ ရှိကြတယ်။ သူတို့က ချန်ယန်ကိုပဲ စိတ်ကူးယဥ်နေတာမျိုး မဟုတ်ပါဘူး၊ ဥပမာအားဖြင့်၊ ချန်ယန်ရဲ့ဂိမ်းကျွမ်းကျင်မှုကို သဘောကျလို့ သူတို့က WeChat အကောင့် အပ်ချင်ကြတယ်၊ ပြီးတော့ တချို့က ချန်ယန်များများလေ့ကျင့်နိုင်ဖို့ အားတက်ဖို့ လက်ဆောင်တွေ ပို့ပေးကြတယ်။

လူတိုင်းက ဒီလိုဆိုးယုတ်တဲ့ အမူဆောင် အရာရှိနဲ့ တူနေကြတာမျိုးတော့ မဟုတ်ပါဘူး။

တစ်ဖက်က အကြောင်းမပြန်ဘူးဆိုရင် ချန်ယန်ကလည်း သူ့ကို အလျင်စလို ချဉ်းကပ်မှာ မဟုတ်ဘူး။

နေ့ခင်းဘက် စာသင်ချိန်တွေရှိတာကြောင့် ချန်ယန်က ရိုးရိုးရှင်းရှင်းပဲ စားသောက်ဖို့ တွေးလိုက်ပြီး အောက်ထပ်ကော်ဖီဆိုင်ကို ဆင်းသွားလိုက်တယ်။

ကော်ဖီဆိုင်ထဲရောက်တော့ စောင့်ကြည့်ခံရတဲ့ ခံစားချက်က ရုတ်တရက် သူ့ကိုယ်ထဲကနေ ထိုးထွက်လာတယ်။ သူလှည့်ပတ်ရှာဖွေလိုက်ပေမယ့် သံသယဖြစ်စရာလူကို မတွေ့ရဘူး။

ဒီခံစားချက်က အမြဲရှိနေပြီး သူ အတန်းသွားတဲ့အခါ တစ်ယောက်ယောက်က သူ့ကို တိတ်တိတ်လေး ချောင်းကြည့်နေသလို ခံစားနေရတယ်။

အဲ့လို မသက်မသာ ခံစားချက်တွေက ညဘက် အိပ်ဆောင်ကို ပြန်ရောက်တဲ့အထိပါပဲ။

အဲ့နေ့က စပြီး ရက်အတော်ကြာအောင် ချန်ယန်က တစ်ခုခုမှားနေပြီလို့ ခံစားနေရတယ်။ လျှို့ဝှက်စောင့်ကြည့်နေတဲ့သူကို ရှာမတွေ့တာကြောင့် ချန်ယန်က သူရဲ့ကိုယ်ဝန်ကြောင့် သူ့အာရုံတွေ ထွေပြားပြီး ထိလွယ်ရှလွယ်ဖြစ်နေတာလားလို့တောင် တွေးတောမိလာတယ်။

ချန်ယန်က မမျှော်လင့်ထားပဲ ကိုယ်ဝန်ရခဲ့ပြီး ကိုယ်ဝန်နဲ့ ပက်သက်တဲ့ အတွေ့အကြုံမရှိတာကြောင့် မေးခွန်းများစွာကို အွန်လိုင်းမှာ ရှာဖွေတာတို့ ဒါမှမဟုတ် အမည်ဝှက်ကိုသုံးပြီး အွန်လိုင်းကနေ အခြားသူတွေကို မေးတာတွေကိုပဲ လုပ်နိုင်တယ်။

လူတိုင်းက ချန်ယန်ကို ဆေးဆိုင်ကို ဆေးသွားဝယ်ဖို့ အကြံပြုကြတယ်။ ချန်ယန်က မနက်ပိုင်း အတန်းပြီးသွားတော့ စားသောက်ဖို့ ကန်တင်းကို သွားပြီးနောက် ကျောင်းအပြင်က ဆေးဆိုင်ကို ထပ်သွားခဲ့တယ်။

သူ့ရဲ့ကိုယ်ဝန်ရှိနေတဲ့ ချစ်သူက နေမကောင်းဘူးလို့ ပြောလိုက်တော့ ဆေးရောင်းတဲ့သူက ဆေးနှစ်ရက်စာပေးလိုက်ပြီး ချန်ယန်က ဆေးနဲ့အတူ ပြန်ထွက်သွားတယ်။

သူထွက်သွားတာနဲ့ တပြိုင်နက် တစ်စုံတစ်ယောက်က ဆေးဆိုင်ရဲ့အခြားတံခါးကနေ ဝင်လာခဲ့တယ်။ ထိုသူက မည်သည့်ဆေးဝါးကိုမျှ မဝယ်ဘဲ ချန်ယန်ရဲ့အခြေအနေကို ဆေးရောင်းသူကို မေးမြန်းခဲ့တယ်။

👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧💜💜💜ZAWGYI💜💜💜ZAWGYI👇👇👇


အခန္း ၁၅ ဖခင္တစ္ေယာက္ျဖစ္ရတာ ေပ်ာ္႐ႊင္ရတယ္ (အပိုင္း ၁)

ရွဲ႕ရန္က ပုလင္းအဖုံးကို လွည့္ၿပီး ဖြင့္ၾကည့္လိုက္ေတာ့ ပုလင္းထဲမွာ အနက္ေရာင္ေဆးျပားေတြ အမ်ားႀကီး ရွိေနၿပီး တ႐ုတ္ေဆးနံ႔ျပင္းျပင္းက သူ႔ႏွာေခါင္းကို ထဲကို ဝင္ေရာက္လာေလတယ္။

တခဏတာခ်င္းမွာပဲ ရဲ႕ရွန္ရဲ႕ရင္ဘက္ထဲကေန ေဒါသေတြ တဟုန္ထိုး ထိုးထြက္လာတယ္။ အခုအခ်ိန္အထိ ဒီကားရဲ႕ ေနာက္ခန္းတြင္ ထိုင္ခဲ့တဲ့သူက သူ႔ကလြဲရင္ တစ္ေယာက္ထဲပဲရွိတယ္။ ဒီေန႔ ခ်န္ယန္တစ္ေယာက္ပဲ စီးခဲ့တာေလ။

အဲေတာ့ စဥ္းစားစရာမလိုဘဲ ဒီေဆးဗူးေသးေသးက ဘယ္သူပိုင္လဲဆိုတာ ရွင္းေနတာပါပဲ။

ရွဲ႕ရန္က အေပ်ာ္စီးသေဘၤာေပၚမွာရွိေနၾကတဲ့အခ်ိန္ကို မွတ္မိေနေသးတယ္။ ခ်န္ယန္က သူကို ေျပာျပတာကို သူ ၾကားဖူးတယ္။ ခ်န္ယန္က အထက္တန္းေက်ာင္းမွာကတည္းက သူ႔ရဲ႕လိင္ခံယူခ်က္ကို သူ သိေနခဲ့ေၾကာင္း ေျပာျပခဲ့တယ္။ သူ ေကာလိပ္တက္ၿပီးတဲ့ေနာက္မွာ သူ႔အခန္းေဖာ္ေတြအားလုံးက ခ်စ္သူရည္းစားေတြကို တက္တက္ႂကြႂကြ ရွာေဖြခဲ့ၾကေပမယ့္ သူက လႈပ္ေတာင္ မလႈပ္ရွားခဲ့ဖူးတဲ့။

တစ္ခ်ိန္တည္းမွာပင္ ရွဲ႕ရန္က ေကာင္ေလးရဲ႕ ငယ္႐ြယ္ေပမယ့္ အလြန္ဆြဲေဆာင္မႈရွိတဲ့ ကိုယ္ဟန္အေနအထားကို ေတြးမိျပန္တယ္၊ ေကာင္ေလးမွာ အေတြ႕အႀကဳံမရွိတဲ့ အျပဳအမူေလးေတြ ရွိေပမယ့္ သူ႔ကို လက္ခံဖို႔ သူ႔ခႏၶာကိုယ္ကို ဖြင့္ဟေပးခဲ့တယ္။

ရွဲ႕ရန္ရဲ႕လက္ေခ်ာင္းေတြက ေဆးပုလင္းကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားတယ္။ သူ ခ်န္ယန္ကို လိုက္ရန္ ဆုံးျဖတ္ခ်က္ခ်လိုက္တဲ့အခ်ိန္မွာ ဒီကိစၥက ႐ုတ္တရက္ သူ႔ဆီေရာက္လာတယ္။ ရွဲ႕ရွန္းရဲ႕မ်က္လုံးေတြက မေက်မနပ္ျဖစ္ေနတဲ့ အမႈန္အမႊားေတြနဲ႔ ျပည့္ႏွက္ေနေတာ့တယ္။

"လူႏွစ္ေယာက္ေလာက္ ရွာလိုက္" ရွဲ႕ရန္က ႐ုတ္တရက္ ေမာ့ၾကည့္လိုက္ၿပီး သူရဲ႕ေအးစက္စက္ အၾကည့္က သူ႔ေရွ႕က လက္ေထာက္ဆီကို ဦးတည္ေနတယ္။

"ေကာင္းၿပီ" လက္ေထာက္က ကားအတြင္းခန္းမွန္ကေန အေနာက္မွာထိုင္ေနတဲ့ သူ႔သူေဌးရဲ႕အၾကည့္ကို တေစ့တေစာင္း ဖမ္းမိၿပီး ႏွလုံးခုန္သံေတြ ျမန္သြားတယ္။

လူႏွစ္ေယာက္က ဘာလုပ္ဖို႔လဲလို႔ မေမးရဲေတာ့ေပ၊ သူေဌးက အမိန႔္ေပးတယ္ဆိုမွေတာ့ သူက လက္ေထာက္တစ္ေယာက္အေနနဲ႔ အမိန႔္ကို နာခံရမွာေပါ့။

"သူတို႔ကို ခ်န္ယန္ေနာက္ကို လိုက္ခိုင္းၿပီး မၾကာေသးခင္က သူနဲ႔ အနီးကပ္ အဆက္အသြယ္ရွိခဲ့တဲ့ လူေတြကို စုံစမ္းခိုင္လိုက္"

ခ်န္ယန္မွာ ရည္းစားရွိေနၿပီး ကိုယ္ဝန္ေတာင္ ရေနတယ္ဆိုရင္ ခ်န္ယန္က သူ႔ကို လွည့္စားၿပီး ဦးထုတ္စိမ္းေဆာင္းေပးတယ္လို႔ ရွဲ႕ရန္က ခံစားေနရတယ္။

ခနေနေတာ့ ေဒါသေတြ အနည္းငယ္ ေျပေလ်ာ့သြားတဲ့ ရွဲ႕ရန္က အျခား ျဖစ္ႏိုင္ေခ်ေတြကို ေတြးေတာေနမိတယ္၊ အႏွစ္သုံးဆယ္ေက်ာ္ေနထိုင္ၿပီးတဲ့ေနာက္မွာ အခုအခ်ိန္မွာ သူ လူမွားေတြ႕မိလိမ့္မယ္ လိုေတာ့ သူ မယုံဘူး။

ခ်န္ယန္က သူ႔ကို တကယ္လွည့္စားခဲ့တာဆိုရင္ေတာ့ ခ်န္ယန္႔ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က အရမ္းေကာင္းလြန္းတယ္လို႔ပဲ ေျပာရေတာ့မယ္။

"ဟုတ္ကဲ့၊ ခဏေန တစ္ေယာက္ေယာက္ကို ဆက္သြယ္ၿပီး ေစာင့္ၾကည့္ခိုင္းလိုက္ပါ့မယ္" ကားထိုင္ခုံနဲ႔ ပိတ္ဆို႔ထားတာေၾကာင့္ လက္ေထာက္က ရွဲ႕ရန္ရဲ႕ လက္ထဲက ေဆးဗူးကို သတိမထားမိခဲ့ပါဘူး။

ခ်န္ယန္က ေက်ာင္းဘက္ကေန သူ႔ငွားေနတဲ့အိမ္ကို ျပန္လာၿပီး အက်ႌကို သက္ေတာင့္ရွိတဲ့ ႏူးညံ့တဲ့ ညအိပ္ဝတ္စုံနဲ႔ လဲ၀တ္လိုက္တယ္။

သူက ကိုယ္ဝန္ဖ်က္ခ်ေဆးကို မသုံးေတာ့ဘူးလို႔ ဆုံျဖတ္ခဲ့တာေၾကာင့္ သူ႔အက်ႌထဲက အဲဒီေဆးပုလင္းက ရွဲ႕ရန္ရဲ႕ကားထဲမွာ က်န္ေနခဲ့မွန္း သူ သတိမထားမိေတာ့ဘူး။

တခါတရံမွာ ခ်န္ယန္ရဲ႕ဗိုက္က နာက်င္မႈကို ခံစားရၿပီး အစာစားခ်င္စိတ္လည္း မရွိဘူး။ အရင္တုန္းကေတာ့ ခ်န္ယန္က ဘတ္စကတ္ေဘာကစားတာေၾကာင့္လို႔ ထင္ေနခဲ့တာ၊ အခုေတာ့ ကိုယ္ဝန္ေၾကာင့္လားဆိုၿပီး သံသယဝင္လာတယ္။ အဲ့တာေၾကာင့္ အင္တာနက္မွာ ရွာၾကည့္လိုက္တဲ့အခါ သူရခဲ့တဲ့အေျဖေၾကာင့္ ခ်န္ယန္က ကိုယ္ဝန္ေဆာင္အားေအးအခ်ိဳ႕ကို ဝယ္ဖို႔ နားလည္လိုက္တယ္။

ခ်န္ယန္က ေက်ာင္းအျပင္ဘက္က ေဆးဆိုင္ကို သြားၿပီး ေဆးအနည္းငယ္ ဝယ္ခဲ့လိုက္တယ္။ သူက သူ႔ေကာင္မေလးမွာ ကိုယ္ဝန္ရွိေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ကို သုံးၿပီး အေရာင္းစာေရးဆီကေန အႀကံဉာဏ္ ေတာင္းလိုက္ေသးတယ္။ တစ္ဖက္လူက ရက္အနည္းငယ္ၾကာေအာင္ ေသာက္ရမယ္လို႔ ေျပာျပခဲ့တယ္။ ရက္နည္းနည္းေသာက္ၾကည့္လို႔မွ ခ်စ္သူေကာင္းမေလးက ေနရတာ အဆင္မေျပေသးရင္ ေနာက္ဆုံးမွာ ဗိုက္ထဲက ကေလးကို ျပႆနာ မျဖစ္ေအာင္ ကာကြယ္ဖို႔ အေသးစိတ္ စစ္ေဆးမႈအတြက္ ေဆး႐ုံကို သြားတာက အေကာင္းဆုံးပဲလို႔ အႀကံထပ္ေပးလိုက္တယ္။

ကိုယ္ဝန္ေဆာင္အားေဆးကို ႏွစ္ပတ္ေက်ာ္ ေသာက္ၿပီးတဲ့ေနာက္မွာေတာ့ ခ်န္ယန္က ေဆးက ေကာင္းေကာင္း အလုပ္လုပ္တာကို ခံစားသိရွိႏိုင္လာၿပီး သူ႔ရဲ႕အစာစားခ်င္စိတ္က ျပန္တိုးလာခဲ့တယ္။

ခ်န္ယန္က ေဆးစစ္ဖို႔ ေဆး႐ုံသြားဖို႔ စဥ္းစားလိုက္ေပမယ့္ သူ ဘယ္လိုသြားရမလဲ၊ ဘယ္ေဆး႐ုံကို သြားရမလဲ? အဲ့တာေတြကို ေသခ်ာစဥ္းစားဖို႔ လိုေနေသးတယ္။ သူ႔ကို လူေတြက မေကာင္းဆိုးဝါးတစ္ေကာင္လို ဝိုင္းၾကည့္မွာကို သူ လိုလားပါဘူး။

ခ်န္ယန္က ကြန္ျပဴတာေရွ႕မွာ ဝင္ထိုင္လိုက္ၿပီး ကြန္ျပဴတာကို ဖြင့္ကာ တိုက္႐ိုက္ထုတ္လႊင့္တဲ့အခန္းကို ဝင္လိုက္တယ္။

ခ်န္ယန္က ကေလးေမြးဖြားဖို႔ ဆုံးျဖတ္ခဲ့တယ္။ အဲ့တာေၾကာင့္ သူက ကေလးနဲ႔ ပတ္သက္တဲ့ ႀကိဳတင္ကာကြယ္မႈေတြအတြက္ စာရင္းတစ္ခု ျပဳလုပ္ထားခဲ့တယ္။ အရင္က ဘာမွ အေထြအထူးမရွိရင္ ခ်န္ယန္က ေန႔စဥ္တိုက္႐ိုက္ ထုတ္လႊင့္တက္တယ္။ အခု အခ်ိန္က ေျပာင္းလဲသြားၿပီ။

သူက မၾကာေသးမီက သူက်န္းမာေရး မေကာင္းေၾကာင္း ေၾကျငာခဲ့ၿပီး ေန႔စဥ္ တိုက္႐ိုက္ထုတ္လႊင့္မႈကို ေနာက္ေန႔ကို ေျပာင္းလဲခဲ့တယ္။

အရင္က သုံးနာရီကေန ေလးနာရီေလာက္အထိ ထုတ္လႊင့္ခဲ့ေပမယ့္ အခု ႏွစ္နာရီေလာက္အထိ ေလွ်ာ့ခ်ခဲ့တယ္။

ရလဒ္အေနနဲ႔ တိုက္႐ိုက္ထုတ္လႊင့္မႈကေနရတဲ့ ဝင္ေငြက သိသိသာသာ ေလ်ာ့က်သြားခဲ့တယ္။ ၾကည့္ရႈသူအခ်ိဳ႕က ခ်န္ယန္က ပိုၿပီးနာမည္ႀကီးလာတာေၾကာင့္ ေမာက္မာလာတယ္လို႔ ထင္ျမင္လာၾကၿပီး ပရိသတ္အခ်ိဳ႕က သူ႔ကို အျပစ္တင္လာၾကတယ္။

ခ်န္ယန္က အဲ့လိုကဲ့ရဲ႕ရႈတ္ခ်ေတြကို သိပ္ဂ႐ုမစိုက္ေနဘူး။

ဒီလိုေျပာတဲ့သူအမ်ားစုက ခ်န္ယန္ရဲ႕ တိုက္႐ိုက္ထုတ္လႊင့္မႈကို ၾကာၾကာမၾကည့္ဘဲ ခနေနရင္ အေဝးကို ျပန္ထြက္သြားမယ့္သူေတြပါ။ ခ်န္ယန္က သူတို႔ကို ထိန္းသိမ္းထားဖို႔ ပ်င္းရိေနခဲ့ၿပီး ဝင္ေငြကိုလဲ အမ်ားႀကီးထိခိုက္ေစမွာ မဟုတ္ပါဘူး။

ၿပီးေတာ့ ခ်န္ယန္႔ကို နားလည္ေပးႏိုင္တဲ့ ပရိသတ္ေတြ အမ်ားႀကီးရွိ ေနပါေသးတယ္၊ သူတို႔က ခ်န္ယန္က တကယ္ ေနမေကာင္းျဖစ္ေနရင္ သူ ျပန္ေကာင္းလာမွ ျပန္လာဖို႔နဲ႔ တိုက္႐ိုက္ထုတ္လႊင့္မႈကို ခနေလာက္ ရပ္ထားႏိုင္တယ္လို႔ေတာင္ ေျပာေပးခဲ့ၾကတယ္။

ဘတ္စကက္ေဘာ အသင္းေခါင္းေဆာင္က ခ်န္ယန္ တိုက္႐ိုက္ထုတ္လႊင့္တဲ့အခန္းနံပါတ္ကို သိၿပီး လာၾကည့္ခဲ့တယ္။ သူက ခ်န္ယန္ ေနမေကာင္းျဖစ္ေနေၾကာင္းေၾကျငာခ်က္ကိုေတြ႕သြားၿပီး ခ်န္ယန္ငွားေနတဲ့အိမ္ကို တိုက္႐ိုက္ ေျပးလာခဲ့တယ္။

ခ်န္ယန္က စက္မႈေကာလိပ္နဲ႔ ေနာက္ဆုံးကစားတဲ့ပြဲၿပီးကတည္းက ဘတ္စကတ္ေဘာအသင္းသို႔ မေရာက္ေတာ့ဘူး။

ကပၸတိန္က သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာ အေျခအေနကို ေမးဖို႔ အေျပးအလႊား ေရာက္လာတဲ့အခ်ိန္မွာ ခ်န္ယန္က သူျပန္ေျပာရမယ့္စကားေတြကို ႀကိဳစဥ္းစားထားခဲ့ၿပီးသား ျဖစ္ေနတယ္။

သူ ေဆးစစ္ဖို႔ ေဆး႐ုံကို သြားခဲ့ၿပီး ဗိုက္ထဲမွာ အက်ိတ္တစ္ခုေတြ႕တယ္လို႔ ေျပာျပလိုက္တယ္၊ အေျခအေနက ျပင္းထန္လား မျပင္းထန္ဘူးလားဆိုတာ ေသခ်ာမသိေသးပဲ အခ်ိန္ခေလာက္ေလာက္ေနမွ ထပ္ေဆးစစ္ရမယ္လို႔ ဆရာဝန္က အႀကံေပးခဲ့ေၾကာင္းလည္း ေျပာျပလိုက္တယ္။ ၿပီးေတာ့ သူ ေပါ့ေပါ့ပါးပါး အစားအေသာက္စားေသာက္ရမွာနဲ႔ ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြ အမ်ားႀကီး မလုပ္ရဘူး ဆိုတာေတာင္ ထပ္ေျပာျပလိုက္ေသးတယ္။

အဲ့တာကို ၾကားေတာ့ အသင္းေခါင္းေဆာင္က စိတ္လႈပ္ရွားသြားၿပီး ခ်က္ခ်င္းပဲ ခ်န္ယန္မွာ ေဆးကုဖို႔ ေငြအလုံအေလာက္ မရွိရင္ သူနဲ႔ ဘတ္စကက္ေဘာအဖြဲ႕သားေတြက နည္းလမ္းရွာၿပီး ခ်န္ယန႔္ကို ကူညီေပးမယ္လို႔ ျပန္ေျပာလာတယ္။

ခ်န္ယန္က ကပၸတိန္ကို ေက်းဇူးအမ်ားႀကီးတင္လိုက္ၿပီး တစ္ခုခုျဖစ္ခဲ့ရင္ ကပၸတိန္ကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ဘူးလို႔ ျပန္ေျပာလိုက္တယ္။

ႏွစ္နာရီၾကာ တိုက္႐ိုက္ထုတ္လႊင့္မႈျပဳလုပ္ၿပီးေနာက္ အဆုံးသတ္အခ်ိန္မွာ တစ္စုံတစ္ဦးက တ႐ုတ္ယြမ္ေငြ တစ္သိန္းနဲ႔ ညီမွ်တဲ့ ဇိမ္ခံအေပ်ာ္စီးသေဘၤာတစ္စီးကို ခ်န္ယန္ဆီကို ႐ုတ္တရက္ ပို႔ေပးလိုက္တယ္။ (ဇိမ္ခံအေပ်ာ္စီးသေဘၤာတစ္စီး-တိုက္႐ိုက္လႊင့္တဲ့ ပလက္ေဖာင္းေတြက သတ္မွတ္တဲ့ လက္ေဆာင္ေပးတဲ့စနစ္ပါ)

ပထမဦးဆုံး ခ်န္ယန္က သူ႔ကို ေက်းဇူးတင္ေၾကာင္း ပါးစပ္ကေန ေက်းဇူးတင္ စကားဆိုလိုက္တယ္။ သူ႔လက္ရွိကစားေနတဲ့ ဂိမ္းၿပီးဆုံးသြားတဲ့ေနာက္မွာ ခ်န္ယန္က တိုက္႐ိုက္ထုတ္လႊင့္မႈမွကေန ႏႈတ္ထြက္ၿပီး အေပ်ာ္စီးသေဘၤာကို ေပးပို႔လိုက္တဲ့ ပရိသတ္ဆီကို သီးသန႔္မက္ေဆ့ခ်္ ပို႔ၿပီး ေက်းဇူးတင္ေၾကာင္း ဆက္လက္ေဖာ္ျပခဲ့တယ္။

ခ်န္ယန္က chat စာမ်က္ႏွာကို စိုက္ၾကည့္ၿပီး မိနစ္အနည္းငယ္ေလာက္ၾကာေအာင္ ေစာင့္ဆိုင္းေနခဲ့ေပမယ့္ တစ္ဖက္ကေန အေၾကာင္းျပန္လာတာကို မေတြ႕ခဲ့ရဘူး။ အျခားတစ္ဖက္က ယခုအခ်ိန္မွာ အလုပ္မ်ားေနတာ ျဖစ္ႏိုင္တယ္လို႔ ေတြးၿပီး ခ်န္ယန္က ကြန္ပ်ဴတာကို အသင့္အေနအထား ထားၿပီး သန႔္စင္ေဆးေၾကာဖို႔ ထလိုက္တယ္။

အဲ့ညမွာ ခ်န္ယန္က မထင္မွတ္ဘဲ ေနာက္ထပ္အိပ္မက္ဆိုးတစ္ခု ထပ္မက္ျပန္တယ္။ မ်က္ႏွာမပါတဲ့ အနက္ေရာင္ အရိပ္ႀကီးကို သူ အိပ္မက္ မက္ခဲ့တယ္။ အရိပ္က သူ႔ဆီလွမ္းလာၿပီး သူ႔ဗိုက္ထဲက ကေလးေလးကို ဆြဲထုတ္ေနတယ္။ ခ်န္ယန္က ေအာ္ဟစ္ေတာင္းပန္ၿပီး အရိပ္ကို အစြမ္းကုန္ လိုက္ရွာေနမိတယ္။ သူ႔ကို ရွာေတြ႕ေပမယ့္ ဖမ္းလို႔မမိဘဲ သူ႔ကေလးကို ေခၚေဆာင္တာကိုဘဲ ေစာင့္ၾကည့္ေနခဲ့ရတယ္။

ေနာက္ေန႔မွာေတာ့ အဲ့အိပ္မက္က ခ်န္ယန္ရဲ႕ စိတ္အေျခေနကို တိုက္႐ိုက္ ထိခိုက္ေစခဲ့တယ္။

ရွဲ႕ရန္ရဲ႕ထြက္ေပၚလာမႈနဲ႔ သူ႔အဆင့္အတန္းေၾကာင့္ ဒီအိပ္မက္က ျဖစ္ေပၚလာတာကို သိေနေတာ့ ခ်န္ယန္က သူ တစ္ခုခုကို တကယ္လုပ္ခ်င္ရင္ေတာင္မွ သူမွာ ခြန္အားမရွိသလို ခံစားေနရတယ္။

သူ႔အေပၚမွ ရွိေနတဲ့ ရွဲ႕ရန္ရဲ႕ အာ႐ုံစိုက္မႈကို ဖယ္ရွားဖို႔က ပန္းတိုင္အသစ္တစ္ခု ျဖစ္လာၿပီဆိုတာကို သူ ေတြးလိုက္မိတယ္။ အဲ့လူခ်မ္းသာႀကီးရဲ႕ စိတ္ဝင္စားမႈက အျမန္ဆုံးေလ်ာ့နည္းသြားဖို႔ သူ ေမွ်ာ္လင့္ေနမိတယ္။

ခ်န္ယန္က ရွဲ႕ရန္ရဲ႕ဇြဲလုံ႔လကို အလဲထိုးႏိုင္ဖို႔ ေမ်ာ္လင့္ေနေသးတယ္။

ေရေႏြးဆူလာတာေၾကာင့္ ခ်န္ယန္က သူ႔လက္ထဲက ခြက္ထဲကို ထည့္လိုက္ၿပီး ေရေႏြး ေသာက္ေနလိုက္တယ္။ မေန႔က သူ႔ကို အေပ်ာ္စီးသေဘၤာ ပို႔ေပးတဲ့ ခ်မ္းသာတဲ့ဖန္ကို ျပန္ေတြးရင္း ခ်န္ယန္က သီးသန႔္ မက္ေဆ့ခ်္ေဘာက္စ္ကို ျပန္စစ္ေဆးလိုက္တယ္။ ထူးဆန္းတာက တစ္ဖက္က သူ႔ကို ျပန္ ေျဖထားတာ မရွိေသးဘူး။

ေယဘူယ်အားျဖင့္ ေျပာရရင္၊ အဲ့လိုအလြန္ရက္ေရာတဲ့ လူအမ်ားစုမွာ မတူညီတဲ့စိတ္ကူးေတြ ရွိၾကတယ္။ သူတို႔က ခ်န္ယန္ကိုပဲ စိတ္ကူးယဥ္ေနတာမ်ိဳး မဟုတ္ပါဘူး၊ ဥပမာအားျဖင့္၊ ခ်န္ယန္ရဲ႕ဂိမ္းကြၽမ္းက်င္မႈကို သေဘာက်လို႔ သူတို႔က WeChat အေကာင့္ အပ္ခ်င္ၾကတယ္၊ ၿပီးေတာ့ တခ်ိဳ႕က ခ်န္ယန္မ်ားမ်ားေလ့က်င့္ႏိုင္ဖို႔ အားတက္ဖို႔ လက္ေဆာင္ေတြ ပို႔ေပးၾကတယ္။

လူတိုင္းက ဒီလိုဆိုးယုတ္တဲ့ အမူေဆာင္ အရာရွိနဲ႔ တူေနၾကတာမ်ိဳးေတာ့ မဟုတ္ပါဘူး။

တစ္ဖက္က အေၾကာင္းမျပန္ဘူးဆိုရင္ ခ်န္ယန္ကလည္း သူ႔ကို အလ်င္စလို ခ်ဥ္းကပ္မွာ မဟုတ္ဘူး။

ေန႔ခင္းဘက္ စာသင္ခ်ိန္ေတြရွိတာေၾကာင့္ ခ်န္ယန္က ႐ိုး႐ိုးရွင္းရွင္းပဲ စားေသာက္ဖို႔ ေတြးလိုက္ၿပီး ေအာက္ထပ္ေကာ္ဖီဆိုင္ကို ဆင္းသြားလိုက္တယ္။

ေကာ္ဖီဆိုင္ထဲေရာက္ေတာ့ ေစာင့္ၾကည့္ခံရတဲ့ ခံစားခ်က္က ႐ုတ္တရက္ သူ႔ကိုယ္ထဲကေန ထိုးထြက္လာတယ္။ သူလွည့္ပတ္ရွာေဖြလိုက္ေပမယ့္ သံသယျဖစ္စရာလူကို မေတြ႕ရဘူး။

ဒီခံစားခ်က္က အၿမဲရွိေနၿပီး သူ အတန္းသြားတဲ့အခါ တစ္ေယာက္ေယာက္က သူ႔ကို တိတ္တိတ္ေလး ေခ်ာင္းၾကည့္ေနသလို ခံစားေနရတယ္။

အဲ့လို မသက္မသာ ခံစားခ်က္ေတြက ညဘက္ အိပ္ေဆာင္ကို ျပန္ေရာက္တဲ့အထိပါပဲ။

အဲ့ေန႔က စၿပီး ရက္အေတာ္ၾကာေအာင္ ခ်န္ယန္က တစ္ခုခုမွားေနၿပီလို႔ ခံစားေနရတယ္။ လွ်ိဳ႕ဝွက္ေစာင့္ၾကည့္ေနတဲ့သူကို ရွာမေတြ႕တာေၾကာင့္ ခ်န္ယန္က သူရဲ႕ကိုယ္ဝန္ေၾကာင့္ သူ႔အာ႐ုံေတြ ေထြျပားၿပီး ထိလြယ္ရွလြယ္ျဖစ္ေနတာလားလို႔ေတာင္ ေတြးေတာမိလာတယ္။

ခ်န္ယန္က မေမွ်ာ္လင့္ထားပဲ ကိုယ္ဝန္ရခဲ့ၿပီး ကိုယ္ဝန္နဲ႔ ပက္သက္တဲ့ အေတြ႕အႀကဳံမရွိတာေၾကာင့္ ေမးခြန္းမ်ားစြာကို အြန္လိုင္းမွာ ရွာေဖြတာတို႔ ဒါမွမဟုတ္ အမည္ဝွက္ကိုသုံးၿပီး အြန္လိုင္းကေန အျခားသူေတြကို ေမးတာေတြကိုပဲ လုပ္ႏိုင္တယ္။

လူတိုင္းက ခ်န္ယန္ကို ေဆးဆိုင္ကို ေဆးသြားဝယ္ဖို႔ အႀကံျပဳၾကတယ္။ ခ်န္ယန္က မနက္ပိုင္း အတန္းၿပီးသြားေတာ့ စားေသာက္ဖို႔ ကန္တင္းကို သြားၿပီးေနာက္ ေက်ာင္းအျပင္က ေဆးဆိုင္ကို ထပ္သြားခဲ့တယ္။

သူ႔ရဲ႕ကိုယ္ဝန္ရွိေနတဲ့ ခ်စ္သူက ေနမေကာင္းဘူးလို႔ ေျပာလိုက္ေတာ့ ေဆးေရာင္းတဲ့သူက ေဆးႏွစ္ရက္စာေပးလိုက္ၿပီး ခ်န္ယန္က ေဆးနဲ႔အတူ ျပန္ထြက္သြားတယ္။

သူထြက္သြားတာနဲ႔ တၿပိဳင္နက္ တစ္စုံတစ္ေယာက္က ေဆးဆိုင္ရဲ႕အျခားတံခါးကေန ဝင္လာခဲ့တယ္။ ထိုသူက မည္သည့္ေဆးဝါးကိုမွ် မဝယ္ဘဲ ခ်န္ယန္ရဲ႕အေျခအေနကို ေဆးေရာင္းသူကို ေမးျမန္းခဲ့တယ္။

👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧

Continue Reading

You'll Also Like

1.1M 28.8K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
533K 6K 93
In which I write preferences about people who don't even know I exist. REQUESTS ARE OPEN. Cover by: @sadiesxoxo Highest Rank: #1 in Cast Started: Ju...
6.2K 474 30
ဝိညာဥ်ကူးပြောင်းလာတဲ့ ခြေကျိုး Gongနဲ့ ကြမ်းတမ်းတဲ့လယ်သမား shouလေး
1.6K 134 7
This is my own creation. Pls have a taste. Thz nya~ Cover photo - made by AI (。・ω・。) Story by AvocadorableM Starting date - 13th February 2022 Caut...