The Legendary Master's Wife (...

Από MayZuneOo

196K 36.5K 1.4K

Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel Περισσότερα

Chapter 663 စုဝေးပွဲ အတွက်မှတ်ပုံတင်
အခန်း ၆၆၄ အထပ်
အခန်း ၆၆၅
အခန်း ၆၆၆
အခန်း ၆၆၇ စုဝေးပွဲကြီး စတင်လေပြီ
အခန်း ၆၆၈ ကံလဲ ကောင်းတယ် ကံလဲ မကောင်းဘူး
အခန်း ၆၆၉ Undivided Attention
အခန်း ၆၇၀ Lucky
အခန်း ၆၇၁ ပူးပေါင်းမှု
အခန်း ၆၇၂
အခန်း ၆၇၃
အခန်း ၆၇၄
အခန်း ၆၇၅
အပိုင်း ၆၇၆
အခန်း ၆၇၇
အပိုင်း 678 လုံးဝကို ရံှူးသွားပြီ
အခန်း ၆၇၉
အခန်း ၆၈၀
Chapter 681: Encountering Danger
အပိုင်း ၆၈၂ လျှို့ဝှက်ချက်တွေ ပေါ်ကုန်ပြီ
အခန်း ၆၈၃ မွေးဖွားလာခြင်းရဲ့ နောက်ကွယ်က
Chapter 684: Hero
အခန်း ၆၈၅ အယောင်ဆောင်
Chapter 686 - A Passing Acquaintance
Chapter 687 နယ်မြေ အဆင့်တက်ခြင်း
အခန်း ၆၈၈ အပြစ်ဖို့ခြင်း ခံရတဲ့သူ
အခန်း ၆၈၉ တစ်ဂူတည်း ကျားနှစ်ကောင် မအောင်းဘူး
အခန်း ၆၉၀ ဆေးလုံးဖွဲ့တည်ခြင်း
အခန်း ၆၉၁ အဖွားကြီးရဲ့ သရုပ်မှန်
အခန်း ၆၉၂ တိုက်ပွဲ
အခန်း ၆၉၃ ခြုံခိုတိုက်ခိုက်ခြင်း
အခန်း ၆၉၄ မိမိကိုယ်ကို ဖျတ်ဆီးခြင်း
အပိုင်း ၆၉၅ ပြီးသွားပြီလား?
အခန်း ၆၉၆ ဖြေရှင်းပြီး
အခန်း ၆၉၇ အားနည်းချက်တော့ ရှိကြတာပဲ
အခန်း ၆၉၈ ရောသမမွှေ
အခန်း ၆၉၉
အခန်း ၇၀၀
အခန်း ၇၀၁
အခန်း ၇၀၂ သူလျှို
အခန်း ၇၀၄ ကသောင်းကနင်း
အခန်း ၇၀၅ အချိန်လုနေရတယ်
အခန်း ၇၀၆ ကိုယ်ပွားနှင့် ခွဲထွက်ခြင်း
အခန်း ၇၀၇
အခန်း ၇၀၈
အခန်း ၇၀၉
အခန်း ၇၁၀ စွမ်းအင်များ ထိတွေ့
အခန်း ၇၁၁ နိုင်တာလား ?
အခန်း ၇၁၂ တိုက်ပွဲတော့ ပြီးသွားပြီ
အခန်း ၇၁၃ နောက်ဆုံးပိတ်
Extra 1 : မစ်ရှင်
Extra 2 : အလစ်ဝင်တိုက်
Extra 3
အပိုင်းပို ၄ အစ်ကို နှင့် ညီ
အပိုင်းပို ၅ ဘယ်သူလဲ
အချပ်ပို ၆ လူသတ်မှု နောက်ကွယ်က အမှန်တရား
အချပ်ပို ၇ ယူမိသားစုအိမ်တွင်နေခြင်း
အချပ်ပို ၈ _ ညစာ
အချပ်ပို ၉ နောက်ထပ် အမှန်တရား
အချပ်ပို ၁၀
အချပ်ပို ၁၁ ပေါ်ကုန်ပြီ
အချပ်ပို ၁၂ မွှေကြမယ်
အချပ်ပို ၁၃ အမြောက်စာလေးကို တစ်စက္ကန့်နဲ့ အလဲထိုးမယ်
အချပ်ပို ၁၄ တွေ့ပြီ
အချပ်ပို ၁၅ ဟန်ဆောင်မှုနဲ့ အရယူမယ်
အချပ်ပို ၁၆ နိုင်ငံခြားမှာ အပန်းဖြေထွက်မယ်
အချပ်ပို ၁၇ ဖိုင်နယ်
အချပ်ပို ၁၈ ဘောလုံးအသင်း
ကျေးဇူးတင်လွှာ

အခန်း ၇၀၃ အစစ်အမှန်ကို ဖော်ထုတ်

2.2K 448 5
Από MayZuneOo

Chapter 703: Face Off

အခန္း ၇၀၃ သရုပ္မွန္ေဖာ္ထုတ္

သူ ေခ်ာေခ်ာေမြ႕ေမြ႕ ထြက္ေျပးႏိုင္ဖို႕အတြက္ ခ်င္က်ီေျမြကို သူႏွင့္ တပါတည္း ယူလာတာ ျဖစ္သည္။ သားရဲမ်ားစြာ က်က္စားသည္ဟု လူသိမ်ား ေက်ာ္ၾကားလွသည့္ ေတာအုပ္ေနရာကို ေရာက္ေတာ့မွသာလွ်င္ မေသမရွင္ ျဖစ္ေနသည့္ ခ်င္က်ီေျမြကို ဆြဲထုတ္ကာ အစြယ္ကို သူ႕လက္ခံုကို ထိုးစိုက္လိုက္တာ ျဖစ္သည္။ ထိုမွသာလွ်င္ သူ႕အၾကံက ေအာင္ျမင္မွာ ျဖစ္သည္။

ခ်င္က်ီေျမြမွာ အဆင့္ျမင့္လြန္းေသာ သားရဲမဟုတ္။ အလြန္ဆံုး အဆင့္တစ္ဆယ္အဆင့္ရွိ ေျမြမ်ားက သူတို႕လို အဆင့္ဆယ့္တစ္ရွိ သိုင္းသမားမ်ားအတြက္ ျခိမ္းေျခာက္ႏိုင္စြမ္းေတာ့ မရွိ။ သို႕ေသာ္ျငားလည္း သူ႕အဆိပ္ကေတာ့ ထူးျခားသည္။ ခ်င္က်ီေျမြ၏ အဆိပ္က လူတစ္ေယာက္ကို ခ်က္ခ်င္း မေသေစေပမယ့္ အေၾကာမ်ား ဆိုင္းကာ သြက္ခ်ာပါဒ လိုက္သြားေစကာ သူ႕အစြမ္းကလဲ အရမ္းသိသာလွသည္။ လူတစ္ေယာက္၏ ခံႏုိင္ရည္စြမ္းေပၚ မူတည္ျပီး  ဆယ့္ငါးမိနစ္ေတာင္ မၾကာေသာ အခ်ိန္မွာတင္ တစ္ကိုယ္လံုးကို အဆိပ္ပ်ံ႕သြားေစႏိုင္သည္။ အၾကမ္းဖ်င္း ဆိုလွ်င္ေတာ့ သံုးရက္အတြင္ အဆိပ္မေျဖႏိုင္လွ်င္ အကိုက္ခံရသူ ေသသြားမွာ ျဖစ္သည္။ သံုးရက္အတြင္း အဆိပ္ေျဖႏိုင္လွ်င္ေတာ့ အသက္ေသဆံုးသည္ အထိ မျဖစ္ႏုိင္ေပ။

ဒါ့ေၾကာင့္လဲ ဒီလူက ေထာင္၀မ္လ်န္းကို ယံုေအာင္ လုပ္လိုက္တာ ျဖစ္ေလသည္။ ေထာင္၀မ္လ်န္းက သူ႕လက္ကို ဆြဲကာ အဆိပ္ကို စစ္မည္ဆိုတာကိုလဲ သူမွန္းဆထးသည္။ ခ်င္က်ီအဆိပ္က အပ်ံ႕ျမန္သည္ဟု ေက်ာ္ၾကားလွသည္။ သူ႕က်င့္ၾကံဆင့္ႏွင့္ အကိုက္ခံလိုက္ရသည္ဆိုတာကလည္း လက္မခံႏုိင္သည့္ အရာေတာ့ မဟုတ္။ ေထာင္၀မ္လ်န္းလို အေတြ႕အၾကံဳရွိ ဥာဏ္ေျပးသည့္ သူေတာင္မွ မွားယြင္းေနတာကို မရိပ္မိေပ။

ထိုသူက သူ႕ကိုယ္ေပၚက ျမက္မ်ားကို ခါခ်ကာ ေထာင္၀မ္လ်န္းတို႕ ထြက္သြားသည့္ ဘက္ကို အျပံဳးမမည္ေသာ အျပံဳးျဖင့္ လွမ္းၾကည့္လုိက္သည္။ ထို႕ေနာက္ သူလဲ လွည့္ထြက္သြားသည္ သို႕ေသာ္လည္း သူ ထြက္သြားသည့္ ဘက္မွာ ခ်ီလင္မ်ိဳးႏြယ္စု သို႕သြားရာ လမ္းမဟုတ္ပဲအျခားတစ္လမ္း ျဖစ္သည္။ သူ႕ပံုရိပ္က သစ္ေတာကို ျဖတ္သန္းရာတြင္ အရွိန္မွာ သူယခင္က သြားခဲ့သည့္ အလ်င္ထက္ေတာင္မွ ျမန္ေနေသးသည္။

ေထာင္၀မ္လ်န္းႏွင့္ သူ႕လူေတြ အဲဒိကို မေရာက္ခင္ သူဟုိလူကို အေၾကာင္းရမွာ ျဖစ္သည့္ အတြက္ သူအရမ္းကို အလ်င္လိုေနသည္။

မိနစ္အနည္းငယ္ ၾကာျပီးသည့္ အခါမွေတာ့ ထိုသူက သစ္ပင္ၾကီးတစ္ပင္ကိုေရာက္သြားကာ အသံတစ္မ်ိဳး လုပ္လိုက္ရာ ထိုအသံက တိတ္ဆိတ္ေသာ ေတာအုပ္တြင္ ပ်ံ႕လႊင့္လို႕သြားေလသည္။ သူ ဒီေတာအုပ္ကို ယခင္က ျဖတ္သြားဖူးသည္။ သားရဲၾကီးမ်ားစြာ၏ ေနထိုင္စတည္းခ်ရာ ေတာအုပ္ျဖစ္တာမို႕ ဟိန္းသံ ေဟာက္သံမ်ားက မၾကာခဏ ၾကားေနရသည္။ သို႕ေသာ္လည္း အခုသူေရာက္ခ်ိန္တြင္ အသံတစ္သံမွ် မၾကားရေသး။ တစ္ခုခုေတာ့ မွားေနျပီ။

ထိုသူ စိတ္ေတာ့ ရႈပ္သြားေပမယ့္ အခုက သူလဲ ေလာေနတာေၾကာင့္ ရႈပ္ေထြးေနသည့္ စိတ္ကို အသာခ်ိဳးႏွိမ္ထားရသည္။ သူ ထပ္ျပီး ေျပးဖို႕ ဟန္ျပင္လိုက္သည္။ အဲဒိမွာတင္ အေမွာင္ထဲမွ အလင္းတန္းတစ္ခ်က္ လက္သြားကာ သူရွိေနသည့္ သစ္ပင္ကို တိတိပပေလး ျဖတ္ေတာက္လုိက္သည္။

ထိုသူ၏ အမူအယာက ေျပာင္းသါားကာ ခ်က္ခ်င္းကို ေျမေပၚကို ခုန္ဆင္းလိုက္သည္။ ႏွစ္ေပါင္းမ်ားစြာ တည္ရွိေနသည့္ သစ္ပင္ၾကီးမွာ ေတာ္လဲသံၾကီးႏွင့္ အတူ လဲက်သြားကာ အျမစ္မ်ားသာ က်န္ရစ္ေတာ့သည္။

“ဘယ္သူလဲ ထြက္လာခဲ့” ထိုသူက သူ႕ဓါးေျမွာင္ကို လွစ္ခနဲ ထုတ္ကာ အသင့္အေနအထား ျပင္လိုက္သည္။ သူ႕အၾကည့္ေတြက အခုေလးတင္ သူ႕ကို တိုက္ခိုက္သည့္ လားရာဘက္ကို အကဲခတ္လုိက္သည္။ သူ႕အၾကည့္ေတြက စူးရွကာ အသင့္ အေနအထားႏွင့္ ဘာမွန္း မသိသည့္ အႏၱရာယ္ကို စိတ္ထဲမတင္မက်ၾကီး ျဖစ္လို႕ေနသည္။ အရမ္းထူးဆန္းလြန္းသည္။

သူ ေျပာလိုက္သည္ႏွင့္ သစ္ပင္အေနာက္မွ အျဖဴေရာင္၀တ္စံု တစ္လြင့္လြင့္ႏွင့္  ျပစ္မ်ိဳးမွည့္မထင္ေသာ အလွႏွင့္ အမ်ိဳးသမီးတစ္ေယာက္ ထြက္လို႕လာသည္။ သူ(မ)ဆီမွ ထြက္ေပၚလာေသာ ဖိအားအရွိန္အ၀ါကို လစ္လ်ဴရႈထားမည္ ဆိုလွ်င္ေတာ့ ဒီအမ်ိဳးသမီးအလွေလးက ေတာထဲမွာ လမ္းေပ်ာက္ေနသည္ဟုေတာင္ ထင္မွားႏုိင္သည္။

သူ(မ) ဘယ္သူလဲ ဆိုတာကို ထိုသူ သိသြားသည့္ အခါမွာေတာ့ သူ႕မ်က္ႏွာတစ္ျပင္လံုးက ေသြးဆုတ္သြားကာ မ်က္လံုးမ်ား ျပဴးက်ယ္ ထြက္သြားေတာ့သည္။ “အပ်ဳိစင္ သခင္မ”

ဆက္တိုက္ဆိုသလိုပဲ သူ႕လက္ထဲက ဓါးေျမွာင္လဲ ေျမေပၚကို ျပဳတ္က်သြားေလသည္။ ျပဳတ္က်သြားရသည့္ အေၾကာင္းမွာလဲ ဇူးမားေနာက္ကေန မဟာမိတ္အဖြဲ႕ကို အလစ္သြားတုိက္ဖို႕ အခုေလးတင္ ထြက္သြားၾကသည့္ ေထာင္၀မ္လ်န္းတို႕ လူစု ထြက္လာတာေၾကာင့္ ျဖစ္ေလသည္။ 

ထိုျမင္ကြင္းကို ျမင္လုိက္သည္ႏွင့္ ထိုလူလဲ သူေထာင္ေခ်ာက္ထဲက်သြားျပီမွန္း သိလို႕သြားသည္။ 

“ထင္ထားတဲ့ အတုိင္း နင္ျဖစ္ေနတာကိုး၊ ေနာက္ဆံုးေတာ့လဲ မိျပီေပါ့။ ေထာင္ဖမ္းရက်ိဳးလဲ နပ္သြားတာေပ့ါ” ဇူးမား၏ အၾကည့္ေတြက ေရခဲတမွ်ေအးစက္လွကာ ထိုသူ႕ကို ထိတ္လန္႕ေစသည္။

“ဘာေၾကာင့္လဲ” ထိုသူက တည္ျငိမ္ဖို႕ ၾကိဳးစားေနေသးသည္။ “ဘယ္လိုလုပ္ သိသြားတာလဲ”

သူက အစည္းအေ၀းမ်ားတြင္ ပါ၀င္ရသူ တစ္ေယာက္ မဟုတ္ေပမယ့္ တံုခ်န္ထ်န္း၏ လက္ေအာက္ငယ္သား တစ္ေယာက္ ျဖစ္သည္။ တံုခ်န္ထ်န္းက စိတ္တိုလြယ္သလို ေသာက္ရစားရသည္လဲ ၾကိဳက္ႏွစ္သက္ေသးသည္။ သူ မူးေနျပီ ဆိုလွ်င္ သူ႕ပါးစပ္က စည္းမေစာင့္ေတာ့ပဲ ေျပာခ်င္ရာ ေျပာေတာ့သည္။ ျပီးေတာ့ သူ မူးျပီး ေျပာထားသမွ်ကိုလဲ အမူးေျပသည္ႏွင့္ ဘာမွ မမွတ္မိေသာ လူတစ္ေယာက္ ျဖစ္ေလသည္။ 

သိပ္မၾကာေသာ အခ်ိန္ေလးကတင္ သူ႕လက္ေအာက္ငယ္သားတစ္ေယာက္ လက္ေဆာင္ေပးေသာ ေသရည္အိုးမ်ားစြာ ရထားေလရာ တံုခ်န္ထ်န္းဆီကေန သတင္းေတြ ႏႈိက္ယူလို႕ ရသြားကာ သူလဲပဲ ထိုသတင္းမ်ားကို ပို႕ရန္ စီစဥ္လို႕ထားသည္။ သူလုပ္သည္ကိုင္သည္မ်ားကို ေသခ်ာေလး ရွင္းထားသည္မို႕ ဘယ္ကေန သိသြားမွန္း သူေတြးမရေပ။ သူ႕တစ္သက္လံုး ထိုင္စဥ္းစားေနေတာင္မွ သူဘယ္နားက လိုသြားမွန္း စဥ္းစားလို႕ ရမွာေတာင္ မဟုတ္။

ဒီမစ္ရွင္အတြက္ လူခြဲလုိက္ရတာကိုေတာ့ ထူးဆန္းသည္ဟု ထင္မိေသးသည္။ သူက တံုခ်န္ထ်န္းလက္ေအာက္ကေပမယ့္ အပ်ိဳစင္သခင္မ က သူ႕ကို ေထာင္၀မ္လ်န္း၏ လက္ေအာက္ကို သြားခိုင္းသည္။ အခုမွ ျပန္စဥ္းစားၾကည့္သည့္ အခါမွသာ အပ်ိဳစင္အရွင္မက တံုခ်န္ထ်န္း စိတ္ႏွင့္ သူ႕အစီအစဥ္ေတြကို ဖ်တ္စီးပစ္မွာ စိုးရိမ္ေသာေၾကာင့္ ျဖစ္ႏိုင္ေလသည္။ 

“မင္းကို ငါမသတ္ႏုိင္ရင္ ငါ့ကို တံုခ်န္ထ်န္းလို႕ မေခၚနဲ႕” အသံုးခ်ခံ ျဖစ္ခဲ့ရမွန္း သိသြားသည့္ တံုခ်န္ထ်န္း က ထိုသူကို တစ္စစီ ဆြဲျဖဲပစ္ခ်င္ေသာ အၾကည့္ႏွင့္ စူးစူးရဲရဲ စိုက္ၾကည့္လုိက္သည္။

ထိုသူမွာ တြန္႕ေတာ့ သြားရသည္။ တံုခ်န္ထ်န္း၏ နည္းလမ္းေတြက ဘယ္ေလာက္ ရက္စက္သလဲ ဆိုတာ သူသိသည္။

“သစၥာေဖာက္က နင္မွန္းေတာ့ မသိပါဘူး” ဇူးမားက ေအးစက္စက္စကားဆိုသည္။ “ဒီစစ္ဆင္ေရးၾကီးတစ္ခုလံုးက နင့္ကို ထြက္လာေအာင္ ပံုစံထုတ္ထးတာ။ မဟာမိတ္အဖြဲ႕က ခ်ီလင္မ်ိဳးႏြယ္စုကို တုိက္ခိုက္မွာကေတာ့ ဟုတ္တယ္။ ဒါေပမယ့္ အခုေတာ့ မဟုတ္ဘူး။ အဲဒါ သဘက္ခါမွ။ ငါက အခ်ိန္ေလးပဲ အေရွ႕တိုးလိုက္ေတာ့ နင္ အလ်င္စလို သတင္းပို႕ရမွာ ေပ့ါ”

ထိုသူ၏ အမူအယာက တြန္႕ ကာ လွည့္ထြက္လို႕ ေျပးေလသည္။ သူ အျဖစ္မွန္ကို ထပ္မသိခ်င္ေတာ့။ သူတို႕ရဲ႕ လက္ထဲ ေရာက္သြားျပီ ဆိုလွ်င္ သူ႕ဘ၀ကေတာ့ ဆံုးခန္းတိုင္သြားျပီပင္။

ဇူးမားက ထြက္ေျပးခ်င္ေနသည့္ ထိုသူကို ေလွာင္ရယ္ေလသည္။

သူ(မ) အေနႏွင့္ အမိန္႕မေပးခင္ကို တံုခ်န္ထ်န္းက ေဒါသႏွင့္ လိုက္ေလသည္။ သူ႕ရဲ႕ အဆင့္ႏွင့္ ဆို အဆင့္ဆယ့္တစ္အဆင့္ သိုင္းသမားတစ္ေယာက္ကို လုိက္ဖို႕ လြယ္လွသည္။ ထို႕ေၾကာင့္ အျခားဘယ္သူမွ မလႈပ္ၾကေခ်။ ငါးမိနစ္မွ် ၾကာျပီးသည့္ အခါမွာေတာ့ ဇူးမားေရွ႕သို႕ ေကာင္းကင္မွ အေလာင္းတစ္ေလာင္း ျပဳတ္က်လို႕ လာသည္။

ထိုသူ၏ အေလာင္းက အေကာင္လိုက္ေတာ့ ရွိေနေသးေပမယ့္ ပံုကေတာ့ လံုးလံုးပ်က္လို႕ ေနျပီ။ သူ႕ တစ္ကိုယ္လံုးမွ အေရျပားမ်ားမွာ ေအာက္က အသားကုိ ေပၚေလာက္သည္အထိ ျပတ္ရွရာမ်ား ေပၚလို႕ေနသည္။ သူ႕မ်က္ႏွာမွာလဲ မမွတ္မိေလာက္ေအာင္ ပ်က္ယြင္းကာ မ်က္လံုးမွာလဲ ဗလာက်င္းေနသည္။ ေျခလက္မ်ားက ေပ်ာ့ဖတ္ေနကာ အရိုးမ်ားက တစစီက်ိဳးေၾကလို႕ေနသည္။

ဒီက လူေတြ အကုန္လံုးက ရက္စက္ ၾကမ္းၾကဳတ္ကာ ေသြးေအးလွသည္။ ဒါ့ေၾကာင့္ ဒီအေလာင္း သူတို႕ကို မထိတ္လန္႕ေစေပ။ သူတို႕က အေလာင္းကို ဘာမွ မဟုတ္သလိုသာ အၾကည့္တစ္ခ်က္ေပးလိုက္သည္ႏွင့္တင္ အေလာင္းကို အသိအမွတ္ျပဳေပးရာ ေရာက္လို႕ေနသည္။

ဇူးမားကလည္း ေက်နပ္သြားသည့္ အရိပ္အေယာင္ ေပၚသြားေလသည္။ သိပ္ေကာင္းတာပဲ။ ကဲ တစ္ပူေတာ့ ေအးသြားေပျပီ။

လင္းေရွာက္ယီ တံခါးပိတ္က်င့္ၾကံေရး ၀င္ေနသည့္ အခ်ိန္ကတည္းက ပင့္ကူနက္က သူ(မ)၏ အုပ္ခ်ဳပ္မႈေအာက္ကို ေရာက္လို႕ေနသည္။ သူ(မ) အုပ္ခ်ဳပ္ရသည့္ အခ်ိန္အတြင္းတြင္ မည္သည့္ မေတာ္တဆ ျဖစ္ရပ္ကိုမွ သူ(မ) ျဖစ္ခြင့္ မေပးႏိုင္။ မဟုတ္လွ်င္ သူ ေရွာက္ယီကို ဘယ္လို မ်က္ႏွာျပရပါ့မလဲ။

လူတိုင္းလဲ သူလွ်ိဳ ျပႆနာကို ေျဖရွင္းျပီးျပီဟု သာ ထင္လိုက္ၾကေလသည္။ တကယ့္ သူလွ်ိဳအစစ္က ေထာင့္ေလး တစ္ေနရာကေန ငယ္ရြယ္ႏုပ်ိဳလွေသာ ရုပ္ရည္ေလးႏွင့္ မတုန္မလႈပ္ၾကည့္ေနမွန္းကိုေတာ့ ဘယ္သူမွ သတိမထားလုိက္မိၾကေပ။

သတိထားမိသူ တစ္ေယာက္မွကို မရွိေခ်။

ဇူးမား ေျပာလိုက္သည့္ သဘက္ခါ ဆိုေသာ အခ်ိန္မွာ လ်င္ျမန္စြာပင္ ေရာက္ရွိလို႕လာသည္။ သူလွ်ိဳလဲ ရွင္းသြားျပီ ျဖစ္ရာ သူတို႕သည္လည္းပဲ ဆက္လက္ ဟန္ေဆာင္ေနစရာ မလိုေတာ့ေပ။ ထိုေန႕တြင္ ခ်ီလင္မ်ိဳးႏြယ္စုမွ လူမ်ားမွ လြဲလွ်င္ ပင့္ကူနက္၏ ကိုးဆယ္ရာခိုင္ႏႈန္းေသာ အင္အားကို သူ(မ) အျပင္ကို လႊတ္လုိက္သည္။ လင္းမင္တို႕၏ လူမ်ား ႏွင့္ လမ္းေၾကာင္းမ်ားကို သိေနမွေတာ့ လင္းမင္မဟုတ္သည့္ အျခားလမ္းေၾကာင္းႏွစ္ခုမွ တုိက္ခိုက္ႏိုင္စြမ္းကို သူ(မ) အေနႏွင့္ သတိထားေနရသည္။

အျခားလမ္းေၾကာင္းႏွစ္ခုကို သူ(မ)တို႕ အရင္ ျဖတ္ခ်ထားႏုိင္ျပီ ဆိုလွ်င္ က်န္ရွိေသာ လင္းမင္တို႕ အဖြဲ႕က လင္းေရွာက္ယီ က်င့္ၾကံရမွာ ထြက္လာသည့္ အခ်ိန္တြင္ ျခိမ္းေျခာက္ႏုိင္စြမ္း လံုး၀ ရွိေတာ့မွာ မဟုတ္ေတာ့။ လင္းေရွာက္ယီက အခ်ိန္မီ မထြက္လာႏိုင္ဘူး ဆိုလွ်င္ေတာင္မွ အင္အားကို အခြင့္ေကာင္း ယူကာ လင္းမင္ကို သူ(မ) ရွင္းလို္က္လို႕ရသည္။ သူ(မ)က ေသခ်ာေလးတြက္ခ်က္ထားသည့္ အတြက္ေၾကာင့္ သူ(မ)က လင္းမင္၏ အၾကံေအာက္ထဲ က်ေရာက္သြားမွန္း သူ(မ) မသိလိုက္။ ထို႕ေၾကာင့္ ခ်ီလင္မ်ိဳးႏြယ္စု၏ အျပင္ဘက္တြင္ မဟာမိတ္အဖြဲ႕မွ လူမ်ားႏွင့္ လင္းမင္ ေပၚလာခ်ိန္တြင္ သူ(မ)၏ မ်က္ႏွာမွာ မယံုႏုိင္ျခင္းေတြ ျပည့္ႏွက္လို႕ ေနသည္။

“ဘာလဲ လာမယ္ မထင္ထားဘူးလား” လင္းမင္က ဇူးမားကို တည္ျငိမ္စြာႏွင့္ ၾကည့္လုိက္ကာ သူ(မ) အေနာက္တြင္ ရွိသည့္ အလြန္႕အလြန္ ရင္းႏွီးလွေသာ ခ်ီလင္မ်ိဳးႏြယ္စု အၾကီးအကဲမ်ားကိုပါမခ်န္ ၾကည့္လုိ္က္သည္။ သို႕ေသာ္လည္း ဒီမ်က္ႏွာမ်ားက သူ႕စိတ္ကို ဘယ္သို႕မွ် မထိခိုက္ေစႏိုင္ေတာ့။ မတူညီသည့္ လမ္းေၾကာင္းကို ေရြးလိုက္သည့္ သူတိုင္း အတူယွဥ္တြဲ ရွိေနဖို႕ ဆိုတာ မျဖစ္ႏုိင္သည့္ အေၾကာင္းသာ သူႏွလံုးသြင္းထားဖုိ႕ ရွိေတာ့သည္။

ဇူးမား၏ စဥ္းစားဥာစ္က အလြန္ေကာင္းလွသည္။ ဒီလူအုပ္ၾကီးကို အံ့ၾသစဖြယ္ ၾကည့္ရမည့္ အစား ဒီကိစၥ၏ အခ်က္အခ်ာကို သူ(မ) သိလို႕သြားေလသည္။

မဟာမိတ္ထဲတြင္ သူ(မ)၏ လူတစ္ေယာက္ ရွိေနမွန္း သူသိသည္။ သို႕ေသာ္ ဘယ္သူလဲ ဆိုသည္ကို မသိသည့္ အတြက္ေၾကာင့္ ေထာင္ေခ်ာက္ဆင္ျပီးေတာ့သာ ဖမ္းရေတာ့သည္။ တကယ္တမ္းမွာလဲ သူတို႕က မူရင္းအစီအစဥ္အတုိင္း မလုပ္ၾကပဲ ေနာက္ဆံုးအခ်ိန္က်မွသာ ေျပာင္းပစ္လုိက္မို႕ သူ(မ) လူက သူ(မ)ကို အခ်ိန္မီ မေျပာလုိက္ႏိုင္ေပ။

အခုေတာ့ ပင့္ကူနက္၏ လူအားမ်ားကို အျပင္ကို လႊတ္ထားသည့္ အတြက္ေၾကာင့္ သူတို႕ ျပန္လာရန္ ႏွစ္နာရီ သံုးနာရီမွ် လိုအပ္ရာ ယခုခ်ိန္မွာေတာ့ သူ(မ) အေနႏွင့္ ခ်ီလင္မ်ိဳးႏြယ္စုမွ အင္အားစုကိုသာ ယံုစားရေတာ့မည္။ လင္းမင္ကို တုိက္ခိုက္လွ်င္လဲ ေတာ္ေတာ္ေလးေတာ့ က်ိဳးစားယူမွ သာ ရလိမ့္မည္။

ဇူးမား၏ ဦးေႏွာက္ထဲမွာ မီးေတာက္ေနေအာင္ ဘယ္ေလာက္ပဲ စဥ္းစား စဥ္စား အေျဖမထြက္ဘူး ျဖစ္ေနသည္။ လင္းေရွာက္ယီ ခပ္ျမန္ျမန္ေလး က်င့္ၾကံရာမွ ထြက္လာပါေစလို႕ ဆုေတာင္းရမလို ေထာင္၀မ္လ်န္းႏွင့္ အျခားအဖြဲ႕မ်ား အေနႏွင့္ ဒါ ေထာင္ေခ်ာက္ဆိုသည္ကို သေဘာေပ့ါက္ျပီး ျမန္ျမန္ေရာက္လာပါေစ ဟုတသာ ဆုေတာင္းရေတာ့မည္။

“လင္းမင္ မင္းတကယ္ ခ်ီလင္မ်ိဳးႏြယ္စုကို အာခံေတာ့ မွာလား” အသက္ၾကီးၾကီး အမ်ိဳးသားတစ္ေယာက္၏ အသံ ထြက္ေပၚလို႕ လာသည္။ ဒါေမးျမန္းသည္ပဲ ဟု ဆိုႏုိင္ေပမယ့္ ထိုအသံထဲတြင္ အာဏာဆန္လွသည့္ အရိပ္အေယာင္မ်ားစြာ ပါ၀င္ေနသည္။ ဒီအသံပိုင္ရွင္မွာ စည္းစနစ္က်ျပီး တည္ၾကည္တတ္သူမွန္း သိသာလွသည္။

သို႕ေသာ္လည္း ဒီေလသံက ေလွာင္ရယ္ေနသံႏွင့္တူလွသည္။

လင္းမင္ ဘာမွ ျပန္မေျဖရေသးခင္မွာကို သူ႕အနား ရပ္ေနသည့္ လင္းကူက မေက်နပ္ေၾကာင္း ၀င္ေျပာေတာ့သည္။ “လင္းထ်န္း ခင္ဗ်ားမွာ ဘာအခြင့္အေရး ရွိလို႕ လာေမးေနတာလဲ” လင္းကူက လင္းထ်န္းကို သေဘာမက်ေပ။ သူ႕အေနႏွင့္ လင္းမင္၏ အေဖျဖစ္သည့္ အတြက္ သူ ေလးစားေပးဖူးသည္။ သုိ႕ေသာ္လည္း အခုေတာ့ ထိုေလးစား ေပးမႈမွာလဲ အစရွာမရေအာင္ ေပ်ာက္ကြယ္လို႕ သြားေလျပီ။ သူ႕ရဲ႕သားကိုေတာင္မွ မယံုၾကည္ပဲ သူ႕သားျဖစ္သူ၏ ရန္သူကို ေထာက္ခံေပးေနသည္။ လင္းထ်န္း၏ အေတြးက ဘာမွန္း သူဘယ္လိုမွ ေတြးလို႕မရေပ။ မ်ိဳးၾကိဳးအပစ္ခံရခ်ိန္တြင္း ဦးေႏွာက္ထိျပီး ပ်က္စီးသြားတာလဲ ျဖစ္ႏုိ္င္ေလသည္။

“က်ဳပ္မွတ္မိတာ မွန္ရင္ လင္းမင္က ခ်ီလင္မ်ိဳးႏြယ္စု၀င္ မဟုတ္ေတာ့ဘူး။ သူ႕ကို ႏွင္ထုတ္လုိက္တာလဲ ခင္ဗ်ားပဲ မလား။ ကိုယ့္ သားကို ယံုရမယ့္အစား ကိုယ့္မ်ိဳးႏြယ္စု၀င္ကို သတ္တဲ့ သူတစ္ေယာက္ကို ေထာက္ခံေပးေနေသးတယ္ ျပီးေတာ့ ကိုယ့္ေျမးကိုလဲ သတ္ခ်င္ေနေသးတယ္။ လင္းထ်န္း ခင္ဗ်ားက လင္းမင္ကို စြပ္စြဲစရာ ဘာအေၾကာငး္မွ မရွိဘူး”

လင္းထ်န္း၏ အၾကည့္ေတြက ပိုိပုိျပီး ေအးစက္လာကာ လင္းကူဆီကို အၾကည့္ေရာက္လို႕သြားသည္။ အားျပင္းလွသည့္ သတ္ျဖတ္လိုရိပ္မ်ားက လင္းကူကို တန္းထိသြားကာ “က်ဳပ္ကို လာစြပ္စြဲရေအာင္ မင္းက ဘာမလို႕လဲ”

Unicode

Chapter 703: Face Off

အခန်း ၇၀၃ သရုပ်မှန်ဖော်ထုတ်

သူ ချောချောမွေ့မွေ့ ထွက်ပြေးနိုင်ဖို့အတွက် ချင်ကျီမြွေကို သူနှင့် တပါတည်း ယူလာတာ ဖြစ်သည်။ သားရဲများစွာ ကျက်စားသည်ဟု လူသိများ ကျော်ကြားလှသည့် တောအုပ်နေရာကို ရောက်တော့မှသာလျှင် မသေမရှင် ဖြစ်နေသည့် ချင်ကျီမြွေကို ဆွဲထုတ်ကာ အစွယ်ကို သူ့လက်ခုံကို ထိုးစိုက်လိုက်တာ ဖြစ်သည်။ ထိုမှသာလျှင် သူ့အကြံက အောင်မြင်မှာ ဖြစ်သည်။

ချင်ကျီမြွေမှာ အဆင့်မြင့်လွန်းသော သားရဲမဟုတ်။ အလွန်ဆုံး အဆင့်တစ်ဆယ်အဆင့်ရှိ မြွေများက သူတို့လို အဆင့်ဆယ့်တစ်ရှိ သိုင်းသမားများအတွက် ခြိမ်းခြောက်နိုင်စွမ်းတော့ မရှိ။ သို့သော်ငြားလည်း သူ့အဆိပ်ကတော့ ထူးခြားသည်။ ချင်ကျီမြွေ၏ အဆိပ်က လူတစ်ယောက်ကို ချက်ချင်း မသေစေပေမယ့် အကြောများ ဆိုင်းကာ သွက်ချာပါဒ လိုက်သွားစေကာ သူ့အစွမ်းကလဲ အရမ်းသိသာလှသည်။ လူတစ်ယောက်၏ ခံနိုင်ရည်စွမ်းပေါ် မူတည်ပြီး  ဆယ့်ငါးမိနစ်တောင် မကြာသော အချိန်မှာတင် တစ်ကိုယ်လုံးကို အဆိပ်ပျံ့သွားစေနိုင်သည်။ အကြမ်းဖျင်း ဆိုလျှင်တော့ သုံးရက်အတွင် အဆိပ်မဖြေနိုင်လျှင် အကိုက်ခံရသူ သေသွားမှာ ဖြစ်သည်။ သုံးရက်အတွင်း အဆိပ်ဖြေနိုင်လျှင်တော့ အသက်သေဆုံးသည် အထိ မဖြစ်နိုင်ပေ။

ဒါ့ကြောင့်လဲ ဒီလူက ထောင်ဝမ်လျန်းကို ယုံအောင် လုပ်လိုက်တာ ဖြစ်လေသည်။ ထောင်ဝမ်လျန်းက သူ့လက်ကို ဆွဲကာ အဆိပ်ကို စစ်မည်ဆိုတာကိုလဲ သူမှန်းဆထးသည်။ ချင်ကျီအဆိပ်က အပျံ့မြန်သည်ဟု ကျော်ကြားလှသည်။ သူ့ကျင့်ကြံဆင့်နှင့် အကိုက်ခံလိုက်ရသည်ဆိုတာကလည်း လက်မခံနိုင်သည့် အရာတော့ မဟုတ်။ ထောင်ဝမ်လျန်းလို အတွေ့အကြုံရှိ ဥာဏ်ပြေးသည့် သူတောင်မှ မှားယွင်းနေတာကို မရိပ်မိပေ။

ထိုသူက သူ့ကိုယ်ပေါ်က မြက်များကို ခါချကာ ထောင်ဝမ်လျန်းတို့ ထွက်သွားသည့် ဘက်ကို အပြုံးမမည်သော အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူလဲ လှည့်ထွက်သွားသည် သို့သော်လည်း သူ ထွက်သွားသည့် ဘက်မှာ ချီလင်မျိုးနွယ်စု သို့သွားရာ လမ်းမဟုတ်ပဲအခြားတစ်လမ်း ဖြစ်သည်။ သူ့ပုံရိပ်က သစ်တောကို ဖြတ်သန်းရာတွင် အရှိန်မှာ သူယခင်က သွားခဲ့သည့် အလျင်ထက်တောင်မှ မြန်နေသေးသည်။

ထောင်ဝမ်လျန်းနှင့် သူ့လူတွေ အဲဒိကို မရောက်ခင် သူဟိုလူကို အကြောင်းရမှာ ဖြစ်သည့် အတွက် သူအရမ်းကို အလျင်လိုနေသည်။

မိနစ်အနည်းငယ် ကြာပြီးသည့် အခါမှတော့ ထိုသူက သစ်ပင်ကြီးတစ်ပင်ကိုရောက်သွားကာ အသံတစ်မျိုး လုပ်လိုက်ရာ ထိုအသံက တိတ်ဆိတ်သော တောအုပ်တွင် ပျံ့လွှင့်လို့သွားလေသည်။ သူ ဒီတောအုပ်ကို ယခင်က ဖြတ်သွားဖူးသည်။ သားရဲကြီးများစွာ၏ နေထိုင်စတည်းချရာ တောအုပ်ဖြစ်တာမို့ ဟိန်းသံ ဟောက်သံများက မကြာခဏ ကြားနေရသည်။ သို့သော်လည်း အခုသူရောက်ချိန်တွင် အသံတစ်သံမျှ မကြားရသေး။ တစ်ခုခုတော့ မှားနေပြီ။

ထိုသူ စိတ်တော့ ရှုပ်သွားပေမယ့် အခုက သူလဲ လောနေတာကြောင့် ရှုပ်ထွေးနေသည့် စိတ်ကို အသာချိုးနှိမ်ထားရသည်။ သူ ထပ်ပြီး ပြေးဖို့ ဟန်ပြင်လိုက်သည်။ အဲဒိမှာတင် အမှောင်ထဲမှ အလင်းတန်းတစ်ချက် လက်သွားကာ သူရှိနေသည့် သစ်ပင်ကို တိတိပပလေး ဖြတ်တောက်လိုက်သည်။

ထိုသူ၏ အမူအယာက ပြောင်းသါားကာ ချက်ချင်းကို မြေပေါ်ကို ခုန်ဆင်းလိုက်သည်။ နှစ်ပေါင်းများစွာ တည်ရှိနေသည့် သစ်ပင်ကြီးမှာ တော်လဲသံကြီးနှင့် အတူ လဲကျသွားကာ အမြစ်များသာ ကျန်ရစ်တော့သည်။

“ဘယ်သူလဲ ထွက်လာခဲ့” ထိုသူက သူ့ဓါးမြှောင်ကို လှစ်ခနဲ ထုတ်ကာ အသင့်အနေအထား ပြင်လိုက်သည်။ သူ့အကြည့်တွေက အခုလေးတင် သူ့ကို တိုက်ခိုက်သည့် လားရာဘက်ကို အကဲခတ်လိုက်သည်။ သူ့အကြည့်တွေက စူးရှကာ အသင့် အနေအထားနှင့် ဘာမှန်း မသိသည့် အန္တရာယ်ကို စိတ်ထဲမတင်မကျကြီး ဖြစ်လို့နေသည်။ အရမ်းထူးဆန်းလွန်းသည်။

သူ ပြောလိုက်သည်နှင့် သစ်ပင်အနောက်မှ အဖြူရောင်ဝတ်စုံ တစ်လွင့်လွင့်နှင့်  ပြစ်မျိုးမှည့်မထင်သော အလှနှင့် အမျိုးသမီးတစ်ယောက် ထွက်လို့လာသည်။ သူ(မ)ဆီမှ ထွက်ပေါ်လာသော ဖိအားအရှိန်အ၀ါကို လစ်လျူရှုထားမည် ဆိုလျှင်တော့ ဒီအမျိုးသမီးအလှလေးက တောထဲမှာ လမ်းပျောက်နေသည်ဟုတောင် ထင်မှားနိုင်သည်။

သူ(မ) ဘယ်သူလဲ ဆိုတာကို ထိုသူ သိသွားသည့် အခါမှာတော့ သူ့မျက်နှာတစ်ပြင်လုံးက သွေးဆုတ်သွားကာ မျက်လုံးများ ပြူးကျယ် ထွက်သွားတော့သည်။ “အပျိုစင် သခင်မ”

ဆက်တိုက်ဆိုသလိုပဲ သူ့လက်ထဲက ဓါးမြှောင်လဲ မြေပေါ်ကို ပြုတ်ကျသွားလေသည်။ ပြုတ်ကျသွားရသည့် အကြောင်းမှာလဲ ဇူးမားနောက်ကနေ မဟာမိတ်အဖွဲ့ကို အလစ်သွားတိုက်ဖို့ အခုလေးတင် ထွက်သွားကြသည့် ထောင်ဝမ်လျန်းတို့ လူစု ထွက်လာတာကြောင့် ဖြစ်လေသည်။ 

ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ထိုလူလဲ သူထောင်ချောက်ထဲကျသွားပြီမှန်း သိလို့သွားသည်။ 

“ထင်ထားတဲ့ အတိုင်း နင်ဖြစ်နေတာကိုး၊ နောက်ဆုံးတော့လဲ မိပြီပေါ့။ ထောင်ဖမ်းရကျိုးလဲ နပ်သွားတာပေ့ါ” ဇူးမား၏ အကြည့်တွေက ရေခဲတမျှအေးစက်လှကာ ထိုသူ့ကို ထိတ်လန့်စေသည်။

“ဘာကြောင့်လဲ” ထိုသူက တည်ငြိမ်ဖို့ ကြိုးစားနေသေးသည်။ “ဘယ်လိုလုပ် သိသွားတာလဲ”

သူက အစည်းအဝေးများတွင် ပါဝင်ရသူ တစ်ယောက် မဟုတ်ပေမယ့် တုံချန်ထျန်း၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်သည်။ တုံချန်ထျန်းက စိတ်တိုလွယ်သလို သောက်ရစားရသည်လဲ ကြိုက်နှစ်သက်သေးသည်။ သူ မူးနေပြီ ဆိုလျှင် သူ့ပါးစပ်က စည်းမစောင့်တော့ပဲ ပြောချင်ရာ ပြောတော့သည်။ ပြီးတော့ သူ မူးပြီး ပြောထားသမျှကိုလဲ အမူးပြေသည်နှင့် ဘာမှ မမှတ်မိသော လူတစ်ယောက် ဖြစ်လေသည်။ 

သိပ်မကြာသော အချိန်လေးကတင် သူ့လက်အောက်ငယ်သားတစ်ယောက် လက်ဆောင်ပေးသော သေရည်အိုးများစွာ ရထားလေရာ တုံချန်ထျန်းဆီကနေ သတင်းတွေ နှိုက်ယူလို့ ရသွားကာ သူလဲပဲ ထိုသတင်းများကို ပို့ရန် စီစဉ်လို့ထားသည်။ သူလုပ်သည်ကိုင်သည်များကို သေချာလေး ရှင်းထားသည်မို့ ဘယ်ကနေ သိသွားမှန်း သူတွေးမရပေ။ သူ့တစ်သက်လုံး ထိုင်စဉ်းစားနေတောင်မှ သူဘယ်နားက လိုသွားမှန်း စဉ်းစားလို့ ရမှာတောင် မဟုတ်။

ဒီမစ်ရှင်အတွက် လူခွဲလိုက်ရတာကိုတော့ ထူးဆန်းသည်ဟု ထင်မိသေးသည်။ သူက တုံချန်ထျန်းလက်အောက်ကပေမယ့် အပျိုစင်သခင်မ က သူ့ကို ထောင်ဝမ်လျန်း၏ လက်အောက်ကို သွားခိုင်းသည်။ အခုမှ ပြန်စဉ်းစားကြည့်သည့် အခါမှသာ အပျိုစင်အရှင်မက တုံချန်ထျန်း စိတ်နှင့် သူ့အစီအစဉ်တွေကို ဖျတ်စီးပစ်မှာ စိုးရိမ်သောကြောင့် ဖြစ်နိုင်လေသည်။ 

“မင်းကို ငါမသတ်နိုင်ရင် ငါ့ကို တုံချန်ထျန်းလို့ မခေါ်နဲ့” အသုံးချခံ ဖြစ်ခဲ့ရမှန်း သိသွားသည့် တုံချန်ထျန်း က ထိုသူကို တစ်စစီ ဆွဲဖြဲပစ်ချင်သော အကြည့်နှင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

ထိုသူမှာ တွန့်တော့ သွားရသည်။ တုံချန်ထျန်း၏ နည်းလမ်းတွေက ဘယ်လောက် ရက်စက်သလဲ ဆိုတာ သူသိသည်။

“သစ္စာဖောက်က နင်မှန်းတော့ မသိပါဘူး” ဇူးမားက အေးစက်စက်စကားဆိုသည်။ “ဒီစစ်ဆင်ရေးကြီးတစ်ခုလုံးက နင့်ကို ထွက်လာအောင် ပုံစံထုတ်ထးတာ။ မဟာမိတ်အဖွဲ့က ချီလင်မျိုးနွယ်စုကို တိုက်ခိုက်မှာကတော့ ဟုတ်တယ်။ ဒါပေမယ့် အခုတော့ မဟုတ်ဘူး။ အဲဒါ သဘက်ခါမှ။ ငါက အချိန်လေးပဲ အရှေ့တိုးလိုက်တော့ နင် အလျင်စလို သတင်းပို့ရမှာ ပေ့ါ”

ထိုသူ၏ အမူအယာက တွန့် ကာ လှည့်ထွက်လို့ ပြေးလေသည်။ သူ အဖြစ်မှန်ကို ထပ်မသိချင်တော့။ သူတို့ရဲ့ လက်ထဲ ရောက်သွားပြီ ဆိုလျှင် သူ့ဘ၀ကတော့ ဆုံးခန်းတိုင်သွားပြီပင်။

ဇူးမားက ထွက်ပြေးချင်နေသည့် ထိုသူကို လှောင်ရယ်လေသည်။

သူ(မ) အနေနှင့် အမိန့်မပေးခင်ကို တုံချန်ထျန်းက ဒေါသနှင့် လိုက်လေသည်။ သူ့ရဲ့ အဆင့်နှင့် ဆို အဆင့်ဆယ့်တစ်အဆင့် သိုင်းသမားတစ်ယောက်ကို လိုက်ဖို့ လွယ်လှသည်။ ထို့ကြောင့် အခြားဘယ်သူမှ မလှုပ်ကြချေ။ ငါးမိနစ်မျှ ကြာပြီးသည့် အခါမှာတော့ ဇူးမားရှေ့သို့ ကောင်းကင်မှ အလောင်းတစ်လောင်း ပြုတ်ကျလို့ လာသည်။

ထိုသူ၏ အလောင်းက အကောင်လိုက်တော့ ရှိနေသေးပေမယ့် ပုံကတော့ လုံးလုံးပျက်လို့ နေပြီ။ သူ့ တစ်ကိုယ်လုံးမှ အရေပြားများမှာ အောက်က အသားကို ပေါ်လောက်သည်အထိ ပြတ်ရှရာများ ပေါ်လို့နေသည်။ သူ့မျက်နှာမှာလဲ မမှတ်မိလောက်အောင် ပျက်ယွင်းကာ မျက်လုံးမှာလဲ ဗလာကျင်းနေသည်။ ခြေလက်များက ပျော့ဖတ်နေကာ အရိုးများက တစစီကျိုးကြေလို့နေသည်။

ဒီက လူတွေ အကုန်လုံးက ရက်စက် ကြမ်းကြုတ်ကာ သွေးအေးလှသည်။ ဒါ့ကြောင့် ဒီအလောင်း သူတို့ကို မထိတ်လန့်စေပေ။ သူတို့က အလောင်းကို ဘာမှ မဟုတ်သလိုသာ အကြည့်တစ်ချက်ပေးလိုက်သည်နှင့်တင် အလောင်းကို အသိအမှတ်ပြုပေးရာ ရောက်လို့နေသည်။

ဇူးမားကလည်း ကျေနပ်သွားသည့် အရိပ်အယောင် ပေါ်သွားလေသည်။ သိပ်ကောင်းတာပဲ။ ကဲ တစ်ပူတော့ အေးသွားပေပြီ။

လင်းရှောက်ယီ တံခါးပိတ်ကျင့်ကြံရေး ၀င်နေသည့် အချိန်ကတည်းက ပင့်ကူနက်က သူ(မ)၏ အုပ်ချုပ်မှုအောက်ကို ရောက်လို့နေသည်။ သူ(မ) အုပ်ချုပ်ရသည့် အချိန်အတွင်းတွင် မည်သည့် မတော်တဆ ဖြစ်ရပ်ကိုမှ သူ(မ) ဖြစ်ခွင့် မပေးနိုင်။ မဟုတ်လျှင် သူ ရှောက်ယီကို ဘယ်လို မျက်နှာပြရပါ့မလဲ။

လူတိုင်းလဲ သူလျှို ပြဿနာကို ဖြေရှင်းပြီးပြီဟု သာ ထင်လိုက်ကြလေသည်။ တကယ့် သူလျှိုအစစ်က ထောင့်လေး တစ်နေရာကနေ ငယ်ရွယ်နုပျိုလှသော ရုပ်ရည်လေးနှင့် မတုန်မလှုပ်ကြည့်နေမှန်းကိုတော့ ဘယ်သူမှ သတိမထားလိုက်မိကြပေ။

သတိထားမိသူ တစ်ယောက်မှကို မရှိချေ။

ဇူးမား ပြောလိုက်သည့် သဘက်ခါ ဆိုသော အချိန်မှာ လျင်မြန်စွာပင် ရောက်ရှိလို့လာသည်။ သူလျှိုလဲ ရှင်းသွားပြီ ဖြစ်ရာ သူတို့သည်လည်းပဲ ဆက်လက် ဟန်ဆောင်နေစရာ မလိုတော့ပေ။ ထိုနေ့တွင် ချီလင်မျိုးနွယ်စုမှ လူများမှ လွဲလျှင် ပင့်ကူနက်၏ ကိုးဆယ်ရာခိုင်နှုန်းသော အင်အားကို သူ(မ) အပြင်ကို လွှတ်လိုက်သည်။ လင်းမင်တို့၏ လူများ နှင့် လမ်းကြောင်းများကို သိနေမှတော့ လင်းမင်မဟုတ်သည့် အခြားလမ်းကြောင်းနှစ်ခုမှ တိုက်ခိုက်နိုင်စွမ်းကို သူ(မ) အနေနှင့် သတိထားနေရသည်။

အခြားလမ်းကြောင်းနှစ်ခုကို သူ(မ)တို့ အရင် ဖြတ်ချထားနိုင်ပြီ ဆိုလျှင် ကျန်ရှိသော လင်းမင်တို့ အဖွဲ့က လင်းရှောက်ယီ ကျင့်ကြံရမှာ ထွက်လာသည့် အချိန်တွင် ခြိမ်းခြောက်နိုင်စွမ်း လုံးဝ ရှိတော့မှာ မဟုတ်တော့။ လင်းရှောက်ယီက အချိန်မီ မထွက်လာနိုင်ဘူး ဆိုလျှင်တောင်မှ အင်အားကို အခွင့်ကောင်း ယူကာ လင်းမင်ကို သူ(မ) ရှင်းလိုက်လို့ရသည်။ သူ(မ)က သေချာလေးတွက်ချက်ထားသည့် အတွက်ကြောင့် သူ(မ)က လင်းမင်၏ အကြံအောက်ထဲ ကျရောက်သွားမှန်း သူ(မ) မသိလိုက်။ ထို့ကြောင့် ချီလင်မျိုးနွယ်စု၏ အပြင်ဘက်တွင် မဟာမိတ်အဖွဲ့မှ လူများနှင့် လင်းမင် ပေါ်လာချိန်တွင် သူ(မ)၏ မျက်နှာမှာ မယုံနိုင်ခြင်းတွေ ပြည့်နှက်လို့ နေသည်။

“ဘာလဲ လာမယ် မထင်ထားဘူးလား” လင်းမင်က ဇူးမားကို တည်ငြိမ်စွာနှင့် ကြည့်လိုက်ကာ သူ(မ) အနောက်တွင် ရှိသည့် အလွန့်အလွန် ရင်းနှီးလှသော ချီလင်မျိုးနွယ်စု အကြီးအကဲများကိုပါမချန် ကြည့်လိုက်သည်။ သို့သော်လည်း ဒီမျက်နှာများက သူ့စိတ်ကို ဘယ်သို့မျှ မထိခိုက်စေနိုင်တော့။ မတူညီသည့် လမ်းကြောင်းကို ရွေးလိုက်သည့် သူတိုင်း အတူယှဉ်တွဲ ရှိနေဖို့ ဆိုတာ မဖြစ်နိုင်သည့် အကြောင်းသာ သူနှလုံးသွင်းထားဖို့ ရှိတော့သည်။

ဇူးမား၏ စဉ်းစားဥာစ်က အလွန်ကောင်းလှသည်။ ဒီလူအုပ်ကြီးကို အံ့သြစဖွယ် ကြည့်ရမည့် အစား ဒီကိစ္စ၏ အချက်အချာကို သူ(မ) သိလို့သွားလေသည်။

မဟာမိတ်ထဲတွင် သူ(မ)၏ လူတစ်ယောက် ရှိနေမှန်း သူသိသည်။ သို့သော် ဘယ်သူလဲ ဆိုသည်ကို မသိသည့် အတွက်ကြောင့် ထောင်ချောက်ဆင်ပြီးတော့သာ ဖမ်းရတော့သည်။ တကယ်တမ်းမှာလဲ သူတို့က မူရင်းအစီအစဉ်အတိုင်း မလုပ်ကြပဲ နောက်ဆုံးအချိန်ကျမှသာ ပြောင်းပစ်လိုက်မို့ သူ(မ) လူက သူ(မ)ကို အချိန်မီ မပြောလိုက်နိုင်ပေ။

အခုတော့ ပင့်ကူနက်၏ လူအားများကို အပြင်ကို လွှတ်ထားသည့် အတွက်ကြောင့် သူတို့ ပြန်လာရန် နှစ်နာရီ သုံးနာရီမျှ လိုအပ်ရာ ယခုချိန်မှာတော့ သူ(မ) အနေနှင့် ချီလင်မျိုးနွယ်စုမှ အင်အားစုကိုသာ ယုံစားရတော့မည်။ လင်းမင်ကို တိုက်ခိုက်လျှင်လဲ တော်တော်လေးတော့ ကျိုးစားယူမှ သာ ရလိမ့်မည်။

ဇူးမား၏ ဦးနှောက်ထဲမှာ မီးတောက်နေအောင် ဘယ်လောက်ပဲ စဉ်းစား စဉ်စား အဖြေမထွက်ဘူး ဖြစ်နေသည်။ လင်းရှောက်ယီ ခပ်မြန်မြန်လေး ကျင့်ကြံရာမှ ထွက်လာပါစေလို့ ဆုတောင်းရမလို ထောင်ဝမ်လျန်းနှင့် အခြားအဖွဲ့များ အနေနှင့် ဒါ ထောင်ချောက်ဆိုသည်ကို သဘောပေ့ါက်ပြီး မြန်မြန်ရောက်လာပါစေ ဟုတသာ ဆုတောင်းရတော့မည်။

“လင်းမင် မင်းတကယ် ချီလင်မျိုးနွယ်စုကို အာခံတော့ မှာလား” အသက်ကြီးကြီး အမျိုးသားတစ်ယောက်၏ အသံ ထွက်ပေါ်လို့ လာသည်။ ဒါမေးမြန်းသည်ပဲ ဟု ဆိုနိုင်ပေမယ့် ထိုအသံထဲတွင် အာဏာဆန်လှသည့် အရိပ်အယောင်များစွာ ပါဝင်နေသည်။ ဒီအသံပိုင်ရှင်မှာ စည်းစနစ်ကျပြီး တည်ကြည်တတ်သူမှန်း သိသာလှသည်။

သို့သော်လည်း ဒီလေသံက လှောင်ရယ်နေသံနှင့်တူလှသည်။

လင်းမင် ဘာမှ ပြန်မဖြေရသေးခင်မှာကို သူ့အနား ရပ်နေသည့် လင်းကူက မကျေနပ်ကြောင်း ၀င်ပြောတော့သည်။ “လင်းထျန်း ခင်ဗျားမှာ ဘာအခွင့်အရေး ရှိလို့ လာမေးနေတာလဲ” လင်းကူက လင်းထျန်းကို သဘောမကျပေ။ သူ့အနေနှင့် လင်းမင်၏ အဖေဖြစ်သည့် အတွက် သူ လေးစားပေးဖူးသည်။ သို့သော်လည်း အခုတော့ ထိုလေးစား ပေးမှုမှာလဲ အစရှာမရအောင် ပျောက်ကွယ်လို့ သွားလေပြီ။ သူ့ရဲ့သားကိုတောင်မှ မယုံကြည်ပဲ သူ့သားဖြစ်သူ၏ ရန်သူကို ထောက်ခံပေးနေသည်။ လင်းထျန်း၏ အတွေးက ဘာမှန်း သူဘယ်လိုမှ တွေးလို့မရပေ။ မျိုးကြိုးအပစ်ခံရချိန်တွင်း ဦးနှောက်ထိပြီး ပျက်စီးသွားတာလဲ ဖြစ်နိုင်လေသည်။

“ကျုပ်မှတ်မိတာ မှန်ရင် လင်းမင်က ချီလင်မျိုးနွယ်စုဝင် မဟုတ်တော့ဘူး။ သူ့ကို နှင်ထုတ်လိုက်တာလဲ ခင်ဗျားပဲ မလား။ ကိုယ့် သားကို ယုံရမယ့်အစား ကိုယ့်မျိုးနွယ်စုဝင်ကို သတ်တဲ့ သူတစ်ယောက်ကို ထောက်ခံပေးနေသေးတယ် ပြီးတော့ ကိုယ့်မြေးကိုလဲ သတ်ချင်နေသေးတယ်။ လင်းထျန်း ခင်ဗျားက လင်းမင်ကို စွပ်စွဲစရာ ဘာအကြောင်းမှ မရှိဘူး”

လင်းထျန်း၏ အကြည့်တွေက ပိုပိုပြီး အေးစက်လာကာ လင်းကူဆီကို အကြည့်ရောက်လို့သွားသည်။ အားပြင်းလှသည့် သတ်ဖြတ်လိုရိပ်များက လင်းကူကို တန်းထိသွားကာ “ကျုပ်ကို လာစွပ်စွဲရအောင် မင်းက ဘာမလို့လဲ”

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

269K 48.8K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
365K 26.3K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
189K 27.9K 44
Associated name- Guizu Nan Xiao (贵族男校) Author- Zheng Jiu Sha (郑九煞) Status in COO -155 Chapters+8 extra in original novel E: translation- Lazy Girls...
645K 87.6K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ