[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီး...

By Juliexin__

232K 37.5K 1.8K

I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just t... More

*199* ခင်ဗျားလှည့်စားတာ
*200* မယုံနိုင်စရာဘဲ
*201* ပထမဆုံးအတွင်းကျကျရင်းနှီးမှု
*202* မင်းကိုယ့်ကိုစချင်နေရုံပါ
*203* မင်းကျင့်ကြံဖော်ပြောင်းလိုက်တာလား
*204* ခင်ဗျားအရမ်းကြမ်းပြီးအထိန်းအကွပ်မရှိတော့ရင်ကျွန်တော်ခံနိုင်မှာမဟုတ်ဘူး
*205* အရက်မူးပြီးနောက်
*206* သုံးစားမရတော့ဘူး
*207* သားရဲဖော်ထုတ်မှန်
*208* ချိုမြိန်တဲ့မိသားစုအချိန်လေး
*209* သန့်စင်ယင်ခန္ဓာကိုယ်
*210* ဖာသာ
*211* ငါလှည့်ဖျားခံနေရပြီ
*212* အဖေ့ကိုဖေဖေဘဲနိုင်တာ
*213* မိုးကြိုးစမ်းသပ်မှု
*214* အရူးအမူးမိုးကြိုးပစ်ချခြင်း
*215* သေးနဲ့ရေချိုးခြင်း
*216* တစ်ခြားရုန်ယိထပ်ပေါ်လာခြင်း
*217* လက်ထပ်ပွဲရွှေ့ဆိုင်းခြင်း
*218* အရမ်းချစ်ဖို့ကောင်းကြတာဘဲ
*219* သဝန်တိုနေတာလား
*220* တွေ့ဆုံရမဲ့ရေစက်ရှိပေမဲ့အတူနေရမဲ့ကံကြမ္မာမရှိဘူး
*221* ကိုယ်မစောင့်နိုင်တော့လို့
*222* သခင်ကြီးထပ်ပြီးငယ်ရွယ်သွားပြီ
*223* ငါတို့ပူးပေါင်းလို့ရတယ်
*224* နောက်တစ်ကြိမ်ဆိုတာမရှိဘူး
*225* ချီလန်ဆီမှလက်ဆောင်
*226* သူဒဏ်ရာရသွားတယ်
*227* နေ့ခင်းဘက်မှာမကောင်းတာလေးလုပ်ရအောင်
*228* ဒါတစ်ကယ်ဘဲငါလား
*229* ဖိတ်ကြားလွှာ
*230* ငါ့လူကအရမ်းချမ်းသာတာဘဲ
*231*
*233* ဆေးလုံးကိုပြန်အနိုင်ရပြီ
*234* ယောင်အာ့ဖေဖေနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ
*235* ရတနာမြေပုံ
*236* အခုငါဘယ်လောက်စွမ်းအားကြီးမှန်းသိသွားပြီမလား
*237* ကိုရင်လေး
*238* ဘယ်သူကအစစ်လဲ
*239* မေ့ဖို့ခက်တယ်
*240* စားစရာလေးပျံပြေးသွားပြီ
Not Update Just Notice
*241* ကံဆိုးတာပါ
*242* မထိန်းနိုင်တော့ဘူး
*243* ဖျက်လိုဖျက်ဆီးလုပ်ခံရခြင်း
*244* အီး..ရွံစရာကြီး
*245* မိုးကောင်ကင်ရဲ့အကူအညီ
*246* ကိုယ်မင်းကိုချစ်တယ်
*247* နောက်တစ်ကြိမ်ဆိုတာမရှိဘူး
*248* သွေးခွဲခြင်း
*249* နဂါးဟိန်းသံ
*250* အထင်သေးတာလေ
*251* မင်းကဒီနေရာနဲ့မသက်ဆိုင်ဘူး
*252* ကျွန်တော့်လူကအရမ်းချစ်ဖို့ကောင်းတာဘဲ
*253* ချန်ထားရစ်ခဲ့ခြင်း(၁)
*254* ချန်ထားရစ်ခဲ့ခြင်း(၂)
*255* ချန်ထားရစ်ခဲ့ခြင်း(၃)
*256* ချန်ထားရစ်ခဲ့ခြင်း(၄)
*257* ချန်ထားရစ်ခဲ့ခြင်း(၅)
*258* ချန်ထားရစ်ခဲ့ခြင်း(၆)
*259* ချန်ထားရစ်ခဲ့ခြင်း(၇)

*232* သူ့အသက်နဲ့ဆိုသူကမှမင်းကိုဖေဖေလို့ခေါ်ရမှာ

2.4K 422 20
By Juliexin__

ကျန်းမုက သူ့နဲ့အတော်လေးရင်းနှီးနေတဲ့ပုံ ပြုမူနေတာကြောင့် ဂိုဏ်းချုပ်မှာ ကြောင်အသွားပြီး သံသယရှိစွာ ကြည့်လာ၏။ သူ ဒီကလေးကို တစ်ခါမှမမြင်ဖူးပေ။

ကလေးက ကြည့်ရတာ ခုနှစ်နှစ် ရှစ်နှစ်ခန့်သာ ရှိသေးပုံရပြီး ဒီခုနှစ်နှစ် ရှစ်နှစ်အတွင်း သူဒီကလေးကို မတွေ့ဖူးတာ သေချာပါသည်။

"လုချွမ်.. မင်း ဒီကလေးကို မြင်ဖူးလား"
ဂိုဏ်းချုပ် သူ့ဘေးက ကိုယ်ရံတော်ကို အသံပို့ကာ မေးကြည့်လိုက်၏။

လုချွမ် - "မမြင်ဖူးဘူး"

ဂိုဏ်းချုပ် ကျန်းမုကို မေးလိုက်သည်။
"မင်းက...."

ကျန်းမုက ပျော်ရွှင်စွာ ပြန်ပြောလိုက်၏။
"ကျွန်တော်က ကျန်းမု.."

ဂိုဏ်းချုပ် "....."

ကျန်းမုက ဘယ်သူကြီးတုန်း!

ရုန်ယိ ဂိုဏ်းချုပ်ကို သေချာကြည့်လိုက်ပြီး ယင်ကျင်းရဲ့ဘက်လှည့်ကာ အကြည့်ချင်းဆုံသွားတဲ့အခါ ထိုသူက ဘယ်သူဆိုတာ သူခန့်မှန်းမိသလောက်ရှိသွားလေသည်။

ဂိုဏ်းချုပ်က သူ့ကိုမမှတ်မိသေးတဲ့အခါ ယင်ကွေဂိုဏ်းရဲ့ဂိုဏ်းချုပ်က သူ့ကို တစ်ခါ ဘိုးဘေးလေးလို့ ခေါ်ဖူးတာ ကျန်းမု သတိရသွားပြီး သူအမြန်ထပ်ပြောလိုက်၏။
"ကျွန်တော်က ဘိုးဘေးလေးလေ.. မှတ်မိလား"

"ဘိုးဘေးလေး...."
ဂိုဏ်းချုပ်မှာ ဘာမှပြန်မတုံ့ပြန်နိုင်။ ဒါပေမဲ့ ဒီကလေးက ဓားပျံအကူအညီမပါဘဲ လေထဲပျံဝဲနေတာ တွေ့လိုက်တဲ့အခါ ရုတ်တရက် တောင်အနောက်ဖက် ဘိုးဘေးအုတ်ဂူတွေထဲမှာ နေထိုင်ပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ ပျောက်ဆုံးသွားတဲ့ ဟိုဘိုးဘေးလေးကို သတိရသွားသည်။

"မင်းက ဘိုးဘေးလေးလား... သင်္ချိုင်းဂူထဲမှာ နေခဲ့တဲ့"
သူမေးကြည့်လိုက်သည်။

ကျန်းမုက ​ရွှင်မြူးစွာနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။

ယင်ကွေဂိုဏ်းသားများမှာလည်း အကုန်အံ့သြကုန်ကြကာ ကျန်းမုကိုကြည့်လာကြ၏။

ဒါက သူတို့ရဲ့ ဘိုးဘေးလေးတဲ့လား... သူတို့ဘိုးဘေးလေးက ဘယ်လိုလုပ် ဒီလောက်တောင် ကြီးသွားရတာလဲ....

ဂိုဏ်းချုပ် ထိုကလေးမျက်နှာကို စိုက်ကြည့်ပြီးရင်း ထပ်ကြည့်ကြည့်လိုက်သည်။ ဒါက တစ်ကယ့်ကို သူသိခဲ့တဲ့ ဘိုးဘေးလေးပင်။
"မင်းက ဒီလောက်တောင် ကြီးသွားပြီလား... အာ ဟုတ်သား.. ပါဝင်ပစ္စည်းတွေရော.. ရှိသေးရဲ့လား"

"ရှိတယ်"
ကျန်းမုက  သတိတရနဲ့ သိုလှောင်လက်စွပ်ကို ထုတ်ပေးလိုက်သည်။

ဂိုဏ်းချုပ်က ပျော်ပျော်ကြီး လက်ဆန့်ကာ လက်စွပ်ကို ယူတော့မလို့ပေမဲ့ ရုတ်တရက် လက်တစ်ဖက်က သူ့ရှေ့ကနေ တားဆီးလိုက်သည်။

ရုန်ယိ ပြုံးကာ
"သူ့ကိုမတွေ့ရတာ နှစ်တွေဒီလောက်ကြာနေတာတောင် ဒီနှစ်တွေ သူဘယ်လိုနေထိုင်ခဲ့ရလဲဆိုတာ ဂရုစိုက်မဲ့အစား ခင်ဗျားတို့ရဲ့ ပါဝင်ပစ္စည်းတွေကိုဘဲ ဂရုစိုက်တယ်.. ခင်ဗျားက တစ်ကယ့်ကို မျိုးဆက်'ကောင်း'လေးဘဲ"

"မင်းက ငါတို့သင်္ချိုင်းဂူကို ဖောက်ပြီး ငါတို့ဘိုးဘေးလေးကို ခိုးသွားတဲ့သူလား"

ကျန်းမုက သူ့ဖေဖေကို တစ်ခြားသူတွေ ရိုင်းပြတာမျိုး သဘောမကျတာကြောင့် ဒေါသထွက်သွားကာ
"ဖေဖေက ကျွန်တော့်ကိုခိုးသွားတာမဟုတ်ဘူး.. ကိုယ့်ဆန္ဒနဲ့ကိုယ်လိုက်သွားတာ"

ဂိုဏ်းချုပ်မှာ မယုံကြည်နိုင်စွာနဲ့ သူ့ကိုကြည့်လာပြီး
"ဖေဖေ... မင်းက သူ့ကိုဖေဖေလို့ခေါ်လိုက်တာလား.. သူ့အသက်အရွယ်နဲ့ဆို သူကမှ မင်းကို ဖေဖေလို့ခေါ်ရမှာလေ"

ရုန်ယိနဲ့ ကျန်သူများ "...."

ကျန်းမုမှာ စိတ်အခြေအနေမကောင်းဖြစ်သွားပြီး လက်စွပ်ကိုပြန်ယူလိုက်တော့သည်။

ဂိုဏ်းချုပ် သူ့ကို မပျော်အောင် လုပ်လိုက်မိပြီဆိုတာ သိတာကြောင့် အမြန်ပြန်ပြောလိုက်သည်။
"ဘိုးဘေးလေး.. ကျုပ်မကောင်းတာပါ.. မင်းစိတ်ဆိုးသွားမဲ့ စကားတွေ မပြောလိုက်သင့်ဘူး... အာ ဟုတ်သား.. ဒီမှာ ကျုပ်ခုနကလေးတင် ဝယ်ထားတဲ့အရုပ်လေးကိုကြည့်ပါဦး.. မင်းကိုရှာတွေ့ရင် ပေးဖို့ဆိုပြီး တွေးထားတာလေ"

သူ ဒီဘိုးဘေးလေးကို သူ့အသက်ခုနှစ်နှစ်လောက်တည်းက သိခဲ့ရကာ.. အခု နှစ်ပေါင်း ခုနှစ်ရာရှစ်ရာ ကြာခဲ့ပြီဆိုတော့ ဘယ်တော့မှ မကြီးပြင်းလာမှာမဟုတ်တဲ့ ဒီကလေးကို နှစ်သိမ့်ရတာ ကျင့်သားရနေခဲ့ပြီ။ သူက အခုဂိုဏ်းချုပ်ဖြစ်နေပေမဲ့လည်း ဒီကလေးရှေ့မှာတော့ ဘယ်တော့မှ ဂိုဏ်းချုပ်လို မပြုမူခဲ့။

ရုန်ယိ သူက စိတ်ရင်းနဲ့ဖြစ်ကာ သူ့ကိုယ်ပေါ်မှာလည်း အရုပ်တွေဆောင်ထားတာကို တွေ့လိုက်ရတာကြောင့် တွန့်ဆုတ်စွာနဲ့ဘဲ သူ့အပြုအမူကို ကျေနပ်ပေးလိုက်ရတော့သည်။

ကျန်းမု သူ့လက်ထဲက အရုပ်ကိုကြည့်ရင်း
"ကျွန်တော့်ညီလေးတွေ ကစားဖို့ရော"

"ညီလေးတွေလား!"
ဂိုဏ်းချုပ် ခပ်လှမ်းလှမ်းက ကလေးလေးသုံးယောက်ကို တွေ့လိုက်တာကြောင့် ချက်ချင်းဘဲ ထိုကလေးတွေကိုပါ အရုပ်တွေပေးလိုက်ကာ ကျန်းမုကို မေးလိုက်၏။
"ဘိုးဘေးလေ.. သူတို့က...."

ကျန်းမုက ပြုံးရွှင်စွာနဲ့ ရုန်ယိဘေးနားကိုပျံသွားပြီး မိတ်ဆက်ပေးလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ဖေဖေ"

ကျန်းမုက သူ့ကို ဖေဖေလို့သာပြောပြီး နာမည်မပြောတာကြောင့် ရုန်ယိ သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။
"ကျွန်တော်က ရုန်ယိပါ"

ကျန်းမုက ဆက်ပြောလိုက်၏။
"ဒါက ကျွန်တော့်အဖေ"

ဂိုဏ်းချုပ်တွေးလိုက်တာကတော့ ကျန်းမုက ဖခင်မေတ္တာမဲ့နေတာကြောင့် အမျိုးသားနှစ်ယောက်ကိုတောင် အဖေတော်ထားသည်ဟု။

ရုန်ယိက ထပ်ပြောလိုက်သည်။
"ဒါ ကျွန်တော့်ရဲ့ကျင့်ကြံဖော် ယင်... အင်း.. ပေပနယ်မြေက ကွေးလင်မြို့သခင်ပါ"

ကွေးလင်မြို့က မြို့သခင်!!!

တစ္ဆေကျင့်ကြံသူတွေအကုန် ပင့်သက်ရှိုက်လိုက်မိကြသည်။ သူတို့က ကျုံးဟိုင်နယ်မြေကဖြစ်ပေမဲ့ ကွေးလင်မြို့သခင်ဆိုတာ ဘယ်လောက်တောင် နှလုံးသားမရှိတဲ့သူဆိုတာ သူတို့ ရှင်းရှင်းလင်းလင်းကို သိထားကြသည်။ အခုနက ပြဿနာဖြစ်အောင် ဘာမှမလုပ်လိုက်မိတာ အတော်လေးကံကောင်းသည်ဟု ခံစားလိုက်မိကြ၏။ မဟုတ်ရင် သူတို့ ဘယ်လိုသေသွားရမှန်းတောင် သိလိုက်ရမှာမဟုတ်။

ဂိုဏ်းချုပ်က အမြန်နှုတ်ဆက်လိုက်သည်။
"ကွေးလင်မြို့သခင်ကိုး.. နှုတ်ဆက်ပါတယ်"

သူတို့ဘိုးဘေးလေးက အတော်လေးကို အစွမ်းထက်လှသည်။ ကျင့်ကြံဆင့်ကမြင့်ရုံသာမက ဒီလောက်အဆင့်အတန်းမြင့်ပြီး ကျင့်ကြံဆင့်မြင့်မားတဲ့ စွမ်းအားကြီးတစ္ဆေကျင့်ကြံသူတစ်ယောက်နဲ့ပါ ဆက်နွယ်ထားနိုင်သေးသည်။ ဒါက သူတို့ဂိုဏ်းအတွက်တော့ ကောင်းတဲ့အရာဖြစ်၏။ သူတို့နောက်ခံအနေနဲ့ ကွေးလင်မြို့ကိုရလိုက်သလိုပင်။  သူတို့ဂိုဏ်းက ကျုံးဟိုင်နယ်မြေမှာတော့ နံပါတ်တစ် တစ္ဆေကျင့်ကြံသူဂိုဏ်း ဖြစ်ပေမဲ့လည်း ပေပနယ်မြေမှာဆိုရင်တော့ သူတို့ကို ဘယ်သူမှ စိတ်ထဲတောင်ထည့်ကြမှာမဟုတ်။

ယင်ကျင်းရဲ့က သု့ကိုခေါင်းသာ အသာငြိမ့်ပြလိုက်သည်။

ထို့နောက် ကျန်းမုက သူ့ညီလေးတွေနဲ့ပါ မိတ်ဆက်ပေးလိုက်၏။

"ခင်ဗျားတို့ တည်းခိုဆောင်ရှာပြီးသွားကြပြီလား မသိဘူး.. အကယ်၍ မရှာရသေးရင် ကျုပ်ခင်ဗျားတို့အတွင် အခန်းစာရင်းသွင်းပေးပါ့မယ်"
ဂိုဏ်းချုပ်က ပြောလာသည်။

"ကျွန်တော်တို့ ပေချန်က ကျွမ်းဟယ်ခြံဝန်းကို ငှားထားပြီးပါပြီ.. အကယ်၍ ကိစ္စတစ်ခုခုရှိရင် အဲ့မှာ လာရှာလို့ရပါတယ်"
ရုန်ယိ ဂိုဏ်းချုပ်က သူတို့နဲ့အတူသွားလိုနေကြောင်း သိတာကြောင့် ထပ်ပြောလိုက်သည်။
"အကယ်၍များ ကျန်းမုနဲ့ အရင်ကအကြောင်းတွေ ပြောချင်ရင် ကျွန်တော်တို့နဲ့လိုက်ခဲ့လို့ရပါတယ်"

"ဒါဆို ကောင်းတာပေါ့"
သူတို့ ချက်ချင်းဘဲ ရုန်ယိတို့အဖွဲ့နဲ့ ပေါင်းလိုက်ကြသည်။

ရုန်ယိ ယင်ကျင်းရဲ့ကို မေးလိုက်၏။
"ကျွန်တော်တို့ ဘယ်ဆက်သွားကြမလဲ"

ယင်ကျင်းရဲ့ တစ်ခဏလောက်စဥ်းစားလိုက်ပြီး
"မြို့လယ်ဘက်သွားကြတာပေါ့.. မိသားစုကြီးတွေ ဂိုဏ်းကြီးတွေက ကျင့်ကြံဆင့်အမြင့်ဆုံးလူတွေက အဲ့မှာဘဲ အကုန်စုနေကြလိမ့်မယ်.. သူတို့မှာ ကိုယ်တို့လိုချင်တဲ့ ပါဝင်ပစ္စည်းတွေ မှော်လက်နက်တွေ ရှိနေနိုင်လောက်တယ်.. ပြီးတော့ လမ်းတစ်လျှောက် မင်းဝယ်ချင်တဲ့ ပါဝင်ပစ္စည်းတွေ ရှိမရှိလည်း ကြည့်သွားလို့ရတယ်"

ပထမဆုံးနေ့မှာတော့ ပါဝင်ပစ္စည်းတွေဝယ်ဖို့ အလျင်မလိုသေးတာကြောင့် ရုန်ယိ ယင်ကျင်းရဲ့နဲ့ ကျန်သူတွေလည်း မြို့လယ်ကိုသွားလိုက်ကြသည်။ ထိုနေရာ၌ လူတွေ ဒီလောက်အများကြီး ရှိမနေပေမယ့်လည်း ရှိတဲ့လူတွေအကုန်ကတော့ အဆင့်မြင့်ကျင့်ကြံသူတွေပင်။ အတူခေါ်ဆောင်လာတဲ့ အဆင့်နိမ့်အစောင့်တွေကလွဲရင် ကျန်တာက စွမ်းအားညီညွတ်မှုအဆင့်နဲ့ အထက်ကသူတွေချည်းဖြစ်၏။

သူတို့အကုန် အချင်းချင်း ယဥ်ကျေးစွာပြုမူပြောဆိုနေကြကာ အကြောင်းကတော့ ဒီနေရာက ဘယ်သူကမှ ရန်စစော်ကားလို့ရတဲ့သူ ဟုတ်မနေ၍ပင်။ တစ်ယောက်ယောက်က သူသဘောမကျတာမျိုးတွေ့ခဲ့မယ်ဆိုရင်လည်း ဖြစ်လာနိုင်တဲ့ အငြင်းပွားမှုတွေကို ရှောင်ရှားဖို့ တစ်ဖက်လှည့်သွားလိုက်ကာ ထိုဘက်ကို ထပ်လှည့်မကြည့်ကြတော့။

ရုန်ယိ ယင်ကျင်းရဲ့ကို အသံပို့ကာ ပြောလိုက်၏။
"ဒီက ကျင့်ကြံသူတွေက အပြင်ကသူတွေလုပ်သလို သူတို့ရဲ့မှော်ပစ္စည်းတွေကို တစ်ခြားသူတွေကြည့်ရှုအကဲဖြတ်လို့ရအောင် ဘာလို့ အပြင်ကိုထုတ်မပြထားကြတာလဲ.. ဒါမှ တစ်ခြားသူတွေက ပြိုင်မလား မပြိုင်ဘူးလား ဆုံးဖြတ်လို့ရမှာပေါ့"

ယင်ကျင်းရဲ့ သူ့ကိုပြန်ရှင်းပြလိုက်သည်။
"အဆင့်မြင့်ကျင့်ကြံသူတွေက သူတို့ရဲ့ အရေးကြီးပစ္စည်းတွေကို အပြင်လူတွေ ကြည့်ရှုလို့ရအောင် ထုတ်ပြထားမှာမဟုတ်ဘူး..ဒါပေမယ့် သူတို့အချင်းချင်း တစ်ဖက်လူမှာရှိတဲ့ပစ္စည်းအကြောင်း အခြေခံလောက်တော့ သိထားကြပြီးသား.. ဒါ့အပြင် သူတို့ ဒီကိုမလာခင် ရွှမ်းယိခန်းမ ဒါမှမဟုတ် တုံထျန်းမျှော်စက်တို့ကိုသွားပြီး လိုချင်တဲ့သတင်းတွေ ဝယ်ထားကြပြီးပြီ.. ဒါကြောင့် ဘယ်သူ့မှာ ဘာရှိတယ်ဆိုတာ သူတို့ ရှင်းရှင်းလင်းလင်းသိထားကြပြီးသား"

"ဒီတော့ ခင်ဗျား သူတို့ဆီကနေ တော်တော်အမြတ်ရလိုက်တာပေါ့"

ယင်ကျင်းရဲ့ သူ့စကားတွေကို သဘောတူတဲ့အနေနဲ့ နှုတ်ခမ်းတွေ ကွေးတက်သွား၏။

ရုတ်တရက် မြို့တံခါးဘက်မှ ရုတ်ရုတ်သဲသဲအသံတွေ ကြားလိုက်ကြရ၏။

တစ်ယောက်က အော်ပြောလာသည်။
"အဲ့တာ ထုန်မိသားစုဘဲ!"

လူတိုင်း ထိုနေရာကို လှမ်းကြည်လိုက်မိကြသည်။

ထုန်မိသားစုခေါင်းဆောင်က အကြီးအကဲတွေနဲ့ တပည့်သုံးထောင်လောက်ကို ဦးဆောင်က အနီးနားကသူတွေနဲ့ နှုတ်ဆက်စကားဆိုနေ၏။

တစ်ယောက်က တီးတိုးဆိုလိုက်သည်။
"ဘယ်လောက်တောင် ခမ်းနားကြီးကျယ်လိုက်လဲ"

"သူတို့နံပါတ်တစ်မိသားစုကြီး ဖြစ်သွားကတည်းက ဒါ ပထမဆုံး ရာစုနှစ်အစည်းအဝေးပွဲကို တက်ရောက်တာဘဲ.. သေချာပေါက် သူတို့အင်အားကိုပြသပြီး အခုသူတို့က နံပါတ်တစ်ကျင့်ကြံရေးမိသားစုဖြစ်သွားပြီဆိုတာ လူတိုင်းကို သိစေမှာပေါ့"

"ဒီတော့ သူတို့က တစ်ခြား မိသားစုတွေ ဂိုဏ်းတွေကို သူတို့နာမည် သိစေချင်တာပေါ့"

ရုန်ယိ ရှေ့ဆုံးကနေ ဦးဆောင်လျှောက်လာတဲ့ တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းလူကြီးတစ်ဦးကို မြင်လိုက်တာကြောင့် ယင်ကျင်းရဲ့ကို မေးလိုက်သည်။
"ရှေ့ဆုံးကလူက ထုန်မိသားစုခေါင်းဆောင်လား"

"အင်း"

မိသားစုခေါင်းဆောင်က လူတိုင်းနှင့်နှုတ်ဆက်နေ၏။ သူရုန်ယိတို့ဘေးကနေ ဖြတ်လျှောက်သွားတဲ့အခါ နှုတ်ခမ်းထောင့်စွန်းတွေက အဓိပ္ပါယ်ရှိရှိကွေးတက်သွားကြပေမဲ့ ချက်ချင်းဆိုသလို ပြန်ပျောက်သွားလေသည်။ မြန်လွန်းလို့ အမြင်ဝါးသွားတာများလားလို့တောင် ထင်မိနိုင်၏။

ရုန်ယိ အနည်းငယ်မျက်မှောင်ကြုတ်သွားကာ ယင်ကျင်းရဲ့ကိုမေးလိုက်သည်။
"ကလေးတွေအဖေ.. သူခုနက ကျွန်တော်တို့ကို ပြုံးပြသွားတာ ခင်ဗျား မြင်လိုက်လား"

"အင်း"

ရုန်ယိ ယင်ကျင်းရဲ့ မျက်နှာထက်က မျက်နှာဖုံးကို တစ်ချက်ကြည့်ကာ
"ခင်ဗျားဘယ်သူဆိုတာ သူသိလား"

ယင်ကျင်းရဲ့ မျက်လုံးတွေမှေးစင်းလိုက်မိကာ
"သိမယ်ထင်တယ်"

သူက ပေပနယ်မြေမှာ မကြာခဏဆိုသလို မျက်နှာဖုံးဝတ်ဆင်တတ်သော်ငြား သူဘယ်သူဆိုတာကိုတော့ ဘယ်တုန်းကမှ မဖုံးကွယ်ထားခဲ့။ ဥပမာပြောရရင် သူ့နာမည်ကို ဘယ်တုန်းကမှ မပြောင်းခဲ့ဖူးပေ။ လူတော်တော်များများ သူ့မျိုးရိုးက ယင်ဆိုတာ သိကြပေမဲ့ သူ့နာမည်ကိုသိတဲ့သူကတော့ အတော်လေးနည်းလှသည်။

"မထူးဆန်းတော့ပါဘူး"
ရုန်ယိ ထိုအကြောင်းစဥ်းစားရင်း နားမလည်နိုင်ဖြစ်နေဆဲပင်။
"တစ်ခုခုတော့ မှားနေတယ်.. အကယ်၍ ခင်ဗျားဘယ်သူဆိုတာ သူသိရင် သူက ခင်ဗျားကို လှောင်ပြုံးပြုံးပြမှာပေါ့ သူ့ဆီ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်ရှိနေသလိုမျိုး အဓိပ္ပါယ်ရှိရှိအပြုံးမျိုးမဟုတ်ဘဲနဲ့... ပြီးတော့ သူက ကျွန်တော့်ကိုလည်း ကျွန်တော်ဘယ်သူဆိုတာသိနေသလိုမျိုး ကြည့်သွားသေးတယ်"

ယင်ကျင်းရဲ့အမြင်မှာလည်း အနည်းငယ်ထူးဆန်းနေ၏။
"သူက ထူးဆန်းနေတာတော့ အမှန်ဘဲ.. သူ့ကို အချိန်တစ်ခုလောက်တော့ စောင့်ကြည့်ရမယ်"

"အင်း"

"ထုန်မိသားစုခေါင်းဆောင်.. ကျုပ် ခင်ဗျားနဲ့ ယှဥ်ပြိုင်ချင်တယ်"
တစ်ယောက်က ရုတ်တရက် အော်ပြောလာသည်။ သူတို့လှည့်ကြည့်လိုက်ကြတဲ့အခါ ယင်ကျင်းရဲ့ရဲ့အဘိုး မင်သခင်ကြီး ဖြစ်နေ၏။

ရုန်ယိ - "အဲ့တာအဘိုးဘဲ.. တစ်ချက်လောက် သွားကြည့်ကြရအောင်"

လူတွေဝိုင်းအုံမလာခင် သူ ယင်ကျင်းရဲ့ကို မင်သခင်ကြီးတို့အနားကို ဆွဲခေါ်သွားလိုက်သည်။

ထုန်မိသားစုခေါင်းဆောင်က မျက်ခုံးတွေပင့်သွားကာ
"ကျုပ်က ငြင်းမယ်ဆိုရင်ရော"

မင်သခင်ကြီးက ဖိတ်ကြားလွှာတစ်စောင်ထုတ်ကာ
"ကျုပ်က ဒီဖိတ်ကြားလွှာကိုသုံးပြီး ခင်ဗျားကို စိန်ခေါ်တယ်..ကျုပ်က ခင်ဗျားဆီက တစ်ခြားဘာမှလိုချင်တာမဟုတ်ဘူး.. ကျုပ်တို့ဘိုးဘေးတွေကျုပ်ဆီ လက်ဆင့်ကမ်းပေးခဲ့တဲ့ ယန်၉မျိုးဝိညာဥ်မွမ်းမံဆေးလုံးကိုဘဲ ပြန်လိုချင်တာ"

ထုန်မိသားစုခေါင်းဆောင်မှာ ဖိတ်ကြားလွှာကိုမြင်တဲ့အခါ ထပ်ပြီးငြင်းပယ်လို့မရတော့။
"ခင်ဗျားက ဘာယှဥ်ပြိုင်ချင်တာလဲ"

ထုန်မိသားစုခေါင်းဆောင် စိန်ခေါ်တာလက်ခံလိုက်တာနဲ့ လူတွေ ဝိုင်းအုံလာကြတော့၏။

တစ်ယောက်က တီးတိုးဆိုလာသည်။
"ငါမှတ်မိသေးတယ်.. ပြီးခဲ့တဲ့ နှစ်တစ်ရာက မင်မိသားစုခေါင်းဆောင်က ထုန်မိသားစုခေါင်းဆောင်ဆီမှာ အဲ့ဆေးလုံးကိုရှုံးသွားခဲ့တာလေ"

"မင်မိသားစုရဲ့ ဆေးဝါးကျင့်ကြံခြင်းက တဖြည်းဖြည်းနိမ့်ကျနေပြီ.. ပြီးခဲ့တဲ့ နှစ်တွေအတောအတွင်းမှာ အဆင့်၉ နတ်ဘုရားအဆင့်ဆေးပင်တွေသုံးပြီး နတ်ဘုရားအဆင့်ဆေးလုံးတွေ သန့်စင်နိုင်ခဲ့တယ်ဆိုပေမယ့် တဟုန်ထိုးတိုးတက်လာတာမျိုးတော့ မရှိဘူး.. တစ်ဖက်မှာတော့ ထုန်မိသားစုအကြီးအကဲက ဒီနှစ်တွေ နာမည်ကြီးနေတဲ့ ဆေးလုံးအချို့ကို အောင်အောင်မြင်မြင်နဲ့ ဖော်စပ်နိုင်ခဲ့ပြီး သူ့ဂုဏ်သတင်းက နံပါတ်တစ်ဆေးဝါးပညာရှင် ဖြစ်ခဲ့တဲ့ ယင်သခင်မကိုတောင် ကျော်လွန်သွားခဲ့တယ်လေ"

"ငါကြားတာတော့ ယင်သခင်မက အဲ့နှစ်က သူတို့မိသားစုမှာဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် အသတ်ခံလိုက်ရပြီဆို.."

"အကုန်လုံးက ကောလာဟလတွေပါ.. တစ်ခုမှ အမှန်မဟုတ်ဘူး.. အစောကလေးတင် မင်သခင်ကြီးနဲ့အတူ ယင်သခင်မကို တွေ့လိုက်သေးတယ်"

မင်သခင်ကြီးက တည်တံ့စွာဆိုလိုက်သည်။
"သေချာပေါက် အရင်တစ်ခေါက်ကလိုဘဲ ကျုပ်ခင်ဗျားနဲ့ ဆေးလုံးသန့်စင်တာပြိုင်မယ်"

ထုန်မိသားစုခေါင်းဆောင်က ပြုံးလိုက်ကာ
"ခင်ဗျားက ဖိတ်ကြားလွှာထုတ်လာပြီဆိုမှတော့ ကျုပ်က မပြိုင်ဘူးလို့ ဘယ်ပြောလို့ရပါတော့မလဲ.  ဒါပေမယ့် အဘိုးကြီး.. စဥ်းစားကြည့်စမ်းပါဦး.. နောက်ဆုံးတစ်ခေါက်ပြိုင်ခဲ့တာ နှစ်တစ်ရာရှိပြီ..ကျုပ်တို့ ထုန်မိသားစုရဲ့ ဆေးပညာက အတော်လေးတိုးတက်လာပြီး ကျုပ်တို့သန့်စင်တဲ့ဆေးလုံးတွေကလည်း အများကြီး ပိုကောင်းလာတာ.. ခင်ဗျား ကျုပ်နဲ့ပြိုင်မှာ သေချာရဲ့လား"

မင်သခင်ကြီးက ပြန်ဖြေလိုက်၏။
"သေချာတယ်"



Merry Christmas to you all ✴✳❇🌠

*******



Zawgyi

က်န္းမုက သူ႕နဲ႕အေတာ္ေလးရင္းႏွီးေနတဲ့ပုံ ျပဳမူေနတာေၾကာင့္ ဂိုဏ္းခ်ဳပ္မွာ ေၾကာင္အသြားၿပီး သံသယရွိစြာ ၾကည့္လာ၏။ သူ ဒီကေလးကို တစ္ခါမွမျမင္ဖူးေပ။

ကေလးက ၾကည့္ရတာ ခုႏွစ္ႏွစ္ ရွစ္ႏွစ္ခန့္သာ ရွိေသးပုံရၿပီး ဒီခုႏွစ္ႏွစ္ ရွစ္ႏွစ္အတြင္း သူဒီကေလးကို မေတြ႕ဖူးတာ ေသခ်ာပါသည္။

"လုခြၽမ္.. မင္း ဒီကေလးကို ျမင္ဖူးလား"
ဂိုဏ္းခ်ဳပ္ သူ႕ေဘးက ကိုယ္ရံေတာ္ကို အသံပို႔ကာ ေမးၾကည့္လိုက္၏။

လုခြၽမ္ - "မျမင္ဖူးဘူး"

ဂိုဏ္းခ်ဳပ္ က်န္းမုကို ေမးလိုက္သည္။
"မင္းက...."

က်န္းမုက ေပ်ာ္႐ႊင္စြာ ျပန္ေျပာလိုက္၏။
"ကြၽန္ေတာ္က က်န္းမု.."

ဂိုဏ္းခ်ဳပ္ "....."

က်န္းမုက ဘယ္သူႀကီးတုန္း!

႐ုန္ယိ ဂိုဏ္းခ်ဳပ္ကို ေသခ်ာၾကည့္လိုက္ၿပီး ယင္က်င္းရဲ႕ဘက္လွည့္ကာ အၾကည့္ခ်င္းဆုံသြားတဲ့အခါ ထိုသူက ဘယ္သူဆိုတာ သူခန့္မွန္းမိသေလာက္ရွိသြားေလသည္။

ဂိုဏ္းခ်ဳပ္က သူ႕ကိုမမွတ္မိေသးတဲ့အခါ ယင္ေကြဂိုဏ္းရဲ႕ဂိုဏ္းခ်ဳပ္က သူ႕ကို တစ္ခါ ဘိုးေဘးေလးလို႔ ေခၚဖူးတာ က်န္းမု သတိရသြားၿပီး သူအျမန္ထပ္ေျပာလိုက္၏။
"ကြၽန္ေတာ္က ဘိုးေဘးေလးေလ.. မွတ္မိလား"

"ဘိုးေဘးေလး...."
ဂိုဏ္းခ်ဳပ္မွာ ဘာမွျပန္မတုံ႕ျပန္နိုင္။ ဒါေပမဲ့ ဒီကေလးက ဓားပ်ံအကူအညီမပါဘဲ ေလထဲပ်ံဝဲေနတာ ေတြ႕လိုက္တဲ့အခါ ႐ုတ္တရက္ ေတာင္အေနာက္ဖက္ ဘိုးေဘးအုတ္ဂူေတြထဲမွာ ေနထိုင္ၿပီး ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္ကမွ ေပ်ာက္ဆုံးသြားတဲ့ ဟိုဘိုးေဘးေလးကို သတိရသြားသည္။

"မင္းက ဘိုးေဘးေလးလား... သခၤ်ိဳင္းဂူထဲမွာ ေနခဲ့တဲ့"
သူေမးၾကည့္လိုက္သည္။

က်န္းမုက ႐ႊင္ျမဴးစြာနဲ႕ ေခါင္းၿငိမ့္ျပလိုက္သည္။

ယင္ေကြဂိုဏ္းသားမ်ားမွာလည္း အကုန္အံ့ၾသကုန္ၾကကာ က်န္းမုကိုၾကည့္လာၾက၏။

ဒါက သူတို႔ရဲ႕ ဘိုးေဘးေလးတဲ့လား... သူတို႔ဘိုးေဘးေလးက ဘယ္လိုလုပ္ ဒီေလာက္ေတာင္ ႀကီးသြားရတာလဲ....

ဂိုဏ္းခ်ဳပ္ ထိုကေလးမ်က္ႏွာကို စိုက္ၾကည့္ၿပီးရင္း ထပ္ၾကည့္ၾကည့္လိုက္သည္။ ဒါက တစ္ကယ့္ကို သူသိခဲ့တဲ့ ဘိုးေဘးေလးပင္။
"မင္းက ဒီေလာက္ေတာင္ ႀကီးသြားၿပီလား... အာ ဟုတ္သား.. ပါဝင္ပစၥည္းေတြေရာ.. ရွိေသးရဲ႕လား"

"ရွိတယ္"
က်န္းမုက  သတိတရနဲ႕ သိုေလွာင္လက္စြပ္ကို ထုတ္ေပးလိုက္သည္။

ဂိုဏ္းခ်ဳပ္က ေပ်ာ္ေပ်ာ္ႀကီး လက္ဆန့္ကာ လက္စြပ္ကို ယူေတာ့မလို႔ေပမဲ့ ႐ုတ္တရက္ လက္တစ္ဖက္က သူ႕ေရွ႕ကေန တားဆီးလိုက္သည္။

႐ုန္ယိ ၿပဳံးကာ
"သူ႕ကိုမေတြ႕ရတာ ႏွစ္ေတြဒီေလာက္ၾကာေနတာေတာင္ ဒီႏွစ္ေတြ သူဘယ္လိုေနထိုင္ခဲ့ရလဲဆိုတာ ဂ႐ုစိုက္မဲ့အစား ခင္ဗ်ားတို႔ရဲ႕ ပါဝင္ပစၥည္းေတြကိုဘဲ ဂ႐ုစိုက္တယ္.. ခင္ဗ်ားက တစ္ကယ့္ကို မ်ိဳးဆက္'ေကာင္း'ေလးဘဲ"

"မင္းက ငါတို႔သခၤ်ိဳင္းဂူကို ေဖာက္ၿပီး ငါတို႔ဘိုးေဘးေလးကို ခိုးသြားတဲ့သူလား"

က်န္းမုက သူ႕ေဖေဖကို တစ္ျခားသူေတြ ရိုင္းျပတာမ်ိဳး သေဘာမက်တာေၾကာင့္ ေဒါသထြက္သြားကာ
"ေဖေဖက ကြၽန္ေတာ့္ကိုခိုးသြားတာမဟုတ္ဘူး.. ကိုယ့္ဆႏၵနဲ႕ကိုယ္လိုက္သြားတာ"

ဂိုဏ္းခ်ဳပ္မွာ မယုံၾကည္နိုင္စြာနဲ႕ သူ႕ကိုၾကည့္လာၿပီး
"ေဖေဖ... မင္းက သူ႕ကိုေဖေဖလို႔ေခၚလိုက္တာလား.. သူ႕အသက္အ႐ြယ္နဲ႕ဆို သူကမွ မင္းကို ေဖေဖလို႔ေခၚရမွာေလ"

႐ုန္ယိနဲ႕ က်န္သူမ်ား "...."

က်န္းမုမွာ စိတ္အေျခအေနမေကာင္းျဖစ္သြားၿပီး လက္စြပ္ကိုျပန္ယူလိုက္ေတာ့သည္။

ဂိုဏ္းခ်ဳပ္ သူ႕ကို မေပ်ာ္ေအာင္ လုပ္လိုက္မိၿပီဆိုတာ သိတာေၾကာင့္ အျမန္ျပန္ေျပာလိုက္သည္။
"ဘိုးေဘးေလး.. က်ဳပ္မေကာင္းတာပါ.. မင္းစိတ္ဆိုးသြားမဲ့ စကားေတြ မေျပာလိုက္သင့္ဘူး... အာ ဟုတ္သား.. ဒီမွာ က်ဳပ္ခုနကေလးတင္ ဝယ္ထားတဲ့အ႐ုပ္ေလးကိုၾကည့္ပါဦး.. မင္းကိုရွာေတြ႕ရင္ ေပးဖို႔ဆိုၿပီး ေတြးထားတာေလ"

သူ ဒီဘိုးေဘးေလးကို သူ႕အသက္ခုႏွစ္ႏွစ္ေလာက္တည္းက သိခဲ့ရကာ.. အခု ႏွစ္ေပါင္း ခုႏွစ္ရာရွစ္ရာ ၾကာခဲ့ၿပီဆိုေတာ့ ဘယ္ေတာ့မွ မႀကီးျပင္းလာမွာမဟုတ္တဲ့ ဒီကေလးကို ႏွစ္သိမ့္ရတာ က်င့္သားရေနခဲ့ၿပီ။ သူက အခုဂိုဏ္းခ်ဳပ္ျဖစ္ေနေပမဲ့လည္း ဒီကေလးေရွ႕မွာေတာ့ ဘယ္ေတာ့မွ ဂိုဏ္းခ်ဳပ္လို မျပဳမူခဲ့။

႐ုန္ယိ သူက စိတ္ရင္းနဲ႕ျဖစ္ကာ သူ႕ကိုယ္ေပၚမွာလည္း အ႐ုပ္ေတြေဆာင္ထားတာကို ေတြ႕လိုက္ရတာေၾကာင့္ တြန့္ဆုတ္စြာနဲ႕ဘဲ သူ႕အျပဳအမူကို ေက်နပ္ေပးလိုက္ရေတာ့သည္။

က်န္းမု သူ႕လက္ထဲက အ႐ုပ္ကိုၾကည့္ရင္း
"ကြၽန္ေတာ့္ညီေလးေတြ ကစားဖို႔ေရာ"

"ညီေလးေတြလား!"
ဂိုဏ္းခ်ဳပ္ ခပ္လွမ္းလွမ္းက ကေလးေလးသုံးေယာက္ကို ေတြ႕လိုက္တာေၾကာင့္ ခ်က္ခ်င္းဘဲ ထိုကေလးေတြကိုပါ အ႐ုပ္ေတြေပးလိုက္ကာ က်န္းမုကို ေမးလိုက္၏။
"ဘိုးေဘးေလ.. သူတို႔က...."

က်န္းမုက ၿပဳံး႐ႊင္စြာနဲ႕ ႐ုန္ယိေဘးနားကိုပ်ံသြားၿပီး မိတ္ဆက္ေပးလိုက္သည္။
"ဒါက ကြၽန္ေတာ့္ရဲ႕ေဖေဖ"

က်န္းမုက သူ႕ကို ေဖေဖလို႔သာေျပာၿပီး နာမည္မေျပာတာေၾကာင့္ ႐ုန္ယိ သူ႕ကိုယ္သူမိတ္ဆက္လိုက္သည္။
"ကြၽန္ေတာ္က ႐ုန္ယိပါ"

က်န္းမုက ဆက္ေျပာလိုက္၏။
"ဒါက ကြၽန္ေတာ့္အေဖ"

ဂိုဏ္းခ်ဳပ္ေတြးလိုက္တာကေတာ့ က်န္းမုက ဖခင္ေမတၱာမဲ့ေနတာေၾကာင့္ အမ်ိဳးသားႏွစ္ေယာက္ကိုေတာင္ အေဖေတာ္ထားသည္ဟု။

႐ုန္ယိက ထပ္ေျပာလိုက္သည္။
"ဒါ ကြၽန္ေတာ့္ရဲ႕က်င့္ႀကံေဖာ္ ယင္... အင္း.. ေပပနယ္ေျမက ေကြးလင္ၿမိဳ႕သခင္ပါ"

ေကြးလင္ၿမိဳ႕က ၿမိဳ႕သခင္!!!

တစ္ေဆက်င့္ႀကံသူေတြအကုန္ ပင့္သက္ရွိုက္လိုက္မိၾကသည္။ သူတို႔က က်ဳံးဟိုင္နယ္ေျမကျဖစ္ေပမဲ့ ေကြးလင္ၿမိဳ႕သခင္ဆိုတာ ဘယ္ေလာက္ေတာင္ ႏွလုံးသားမရွိတဲ့သူဆိုတာ သူတို႔ ရွင္းရွင္းလင္းလင္းကို သိထားၾကသည္။ အခုနက ျပႆနာျဖစ္ေအာင္ ဘာမွမလုပ္လိုက္မိတာ အေတာ္ေလးကံေကာင္းသည္ဟု ခံစားလိုက္မိၾက၏။ မဟုတ္ရင္ သူတို႔ ဘယ္လိုေသသြားရမွန္းေတာင္ သိလိုက္ရမွာမဟုတ္။

ဂိုဏ္းခ်ဳပ္က အျမန္ႏႈတ္ဆက္လိုက္သည္။
"ေကြးလင္ၿမိဳ႕သခင္ကိုး.. ႏႈတ္ဆက္ပါတယ္"

သူတို႔ဘိုးေဘးေလးက အေတာ္ေလးကို အစြမ္းထက္လွသည္။ က်င့္ႀကံဆင့္ကျမင့္႐ုံသာမက ဒီေလာက္အဆင့္အတန္းျမင့္ၿပီး က်င့္ႀကံဆင့္ျမင့္မားတဲ့ စြမ္းအားႀကီးတစ္ေဆက်င့္ႀကံသူတစ္ေယာက္နဲ႕ပါ ဆက္ႏြယ္ထားနိုင္ေသးသည္။ ဒါက သူတို႔ဂိုဏ္းအတြက္ေတာ့ ေကာင္းတဲ့အရာျဖစ္၏။ သူတို႔ေနာက္ခံအေနနဲ႕ ေကြးလင္ၿမိဳ႕ကိုရလိုက္သလိုပင္။  သူတို႔ဂိုဏ္းက က်ဳံးဟိုင္နယ္ေျမမွာေတာ့ နံပါတ္တစ္ တစ္ေဆက်င့္ႀကံသူဂိုဏ္း ျဖစ္ေပမဲ့လည္း ေပပနယ္ေျမမွာဆိုရင္ေတာ့ သူတို႔ကို ဘယ္သူမွ စိတ္ထဲေတာင္ထည့္ၾကမွာမဟုတ္။

ယင္က်င္းရဲ႕က သု႔ကိုေခါင္းသာ အသာၿငိမ့္ျပလိုက္သည္။

ထို႔ေနာက္ က်န္းမုက သူ႕ညီေလးေတြနဲ႕ပါ မိတ္ဆက္ေပးလိုက္၏။

"ခင္ဗ်ားတို႔ တည္းခိုေဆာင္ရွာၿပီးသြားၾကၿပီလား မသိဘူး.. အကယ္၍ မရွာရေသးရင္ က်ဳပ္ခင္ဗ်ားတို႔အတြင္ အခန္းစာရင္းသြင္းေပးပါ့မယ္"
ဂိုဏ္းခ်ဳပ္က ေျပာလာသည္။

"ကြၽန္ေတာ္တို႔ ေပခ်န္က ကြၽမ္းဟယ္ၿခံဝန္းကို ငွားထားၿပီးပါၿပီ.. အကယ္၍ ကိစၥတစ္ခုခုရွိရင္ အဲ့မွာ လာရွာလို႔ရပါတယ္"
႐ုန္ယိ ဂိုဏ္းခ်ဳပ္က သူတို႔နဲ႕အတူသြားလိုေနေၾကာင္း သိတာေၾကာင့္ ထပ္ေျပာလိုက္သည္။
"အကယ္၍မ်ား က်န္းမုနဲ႕ အရင္ကအေၾကာင္းေတြ ေျပာခ်င္ရင္ ကြၽန္ေတာ္တို႔နဲ႕လိုက္ခဲ့လို႔ရပါတယ္"

"ဒါဆို ေကာင္းတာေပါ့"
သူတို႔ ခ်က္ခ်င္းဘဲ ႐ုန္ယိတို႔အဖြဲ႕နဲ႕ ေပါင္းလိုက္ၾကသည္။

႐ုန္ယိ ယင္က်င္းရဲ႕ကို ေမးလိုက္၏။
"ကြၽန္ေတာ္တို႔ ဘယ္ဆက္သြားၾကမလဲ"

ယင္က်င္းရဲ႕ တစ္ခဏေလာက္စဥ္းစားလိုက္ၿပီး
"ၿမိဳ႕လယ္ဘက္သြားၾကတာေပါ့.. မိသားစုႀကီးေတြ ဂိုဏ္းႀကီးေတြက က်င့္ႀကံဆင့္အျမင့္ဆုံးလူေတြက အဲ့မွာဘဲ အကုန္စုေနၾကလိမ့္မယ္.. သူတို႔မွာ ကိုယ္တို႔လိုခ်င္တဲ့ ပါဝင္ပစၥည္းေတြ ေမွာ္လက္နက္ေတြ ရွိေနနိုင္ေလာက္တယ္.. ၿပီးေတာ့ လမ္းတစ္ေလွ်ာက္ မင္းဝယ္ခ်င္တဲ့ ပါဝင္ပစၥည္းေတြ ရွိမရွိလည္း ၾကည့္သြားလို႔ရတယ္"

ပထမဆုံးေန႕မွာေတာ့ ပါဝင္ပစၥည္းေတြဝယ္ဖို႔ အလ်င္မလိုေသးတာေၾကာင့္ ႐ုန္ယိ ယင္က်င္းရဲ႕နဲ႕ က်န္သူေတြလည္း ၿမိဳ႕လယ္ကိုသြားလိုက္ၾကသည္။ ထိုေနရာ၌ လူေတြ ဒီေလာက္အမ်ားႀကီး ရွိမေနေပမယ့္လည္း ရွိတဲ့လူေတြအကုန္ကေတာ့ အဆင့္ျမင့္က်င့္ႀကံသူေတြပင္။ အတူေခၚေဆာင္လာတဲ့ အဆင့္နိမ့္အေစာင့္ေတြကလြဲရင္ က်န္တာက စြမ္းအားညီၫြတ္မႈအဆင့္နဲ႕ အထက္ကသူေတြခ်ည္းျဖစ္၏။

သူတို႔အကုန္ အခ်င္းခ်င္း ယဥ္ေက်းစြာျပဳမူေျပာဆိုေနၾကကာ အေၾကာင္းကေတာ့ ဒီေနရာက ဘယ္သူကမွ ရန္စေစာ္ကားလို႔ရတဲ့သူ ဟုတ္မေန၍ပင္။ တစ္ေယာက္ေယာက္က သူသေဘာမက်တာမ်ိဳးေတြ႕ခဲ့မယ္ဆိုရင္လည္း ျဖစ္လာနိုင္တဲ့ အျငင္းပြားမႈေတြကို ေရွာင္ရွားဖို႔ တစ္ဖက္လွည့္သြားလိုက္ကာ ထိုဘက္ကို ထပ္လွည့္မၾကည့္ၾကေတာ့။

႐ုန္ယိ ယင္က်င္းရဲ႕ကို အသံပို႔ကာ ေျပာလိုက္၏။
"ဒီက က်င့္ႀကံသူေတြက အျပင္ကသူေတြလုပ္သလို သူတို႔ရဲ႕ေမွာ္ပစၥည္းေတြကို တစ္ျခားသူေတြၾကည့္ရႈအကဲျဖတ္လို႔ရေအာင္ ဘာလို႔ အျပင္ကိုထုတ္မျပထားၾကတာလဲ.. ဒါမွ တစ္ျခားသူေတြက ၿပိဳင္မလား မၿပိဳင္ဘူးလား ဆုံးျဖတ္လို႔ရမွာေပါ့"

ယင္က်င္းရဲ႕ သူ႕ကိုျပန္ရွင္းျပလိုက္သည္။
"အဆင့္ျမင့္က်င့္ႀကံသူေတြက သူတို႔ရဲ႕ အေရးႀကီးပစၥည္းေတြကို အျပင္လူေတြ ၾကည့္ရႈလို႔ရေအာင္ ထုတ္ျပထားမွာမဟုတ္ဘူး..ဒါေပမယ့္ သူတို႔အခ်င္းခ်င္း တစ္ဖက္လူမွာရွိတဲ့ပစၥည္းအေၾကာင္း အေျခခံေလာက္ေတာ့ သိထားၾကၿပီးသား.. ဒါ့အျပင္ သူတို႔ ဒီကိုမလာခင္ ႐ႊမ္းယိခန္းမ ဒါမွမဟုတ္ တုံထ်န္းေမွ်ာ္စက္တို႔ကိုသြားၿပီး လိုခ်င္တဲ့သတင္းေတြ ဝယ္ထားၾကၿပီးၿပီ.. ဒါေၾကာင့္ ဘယ္သူ႕မွာ ဘာရွိတယ္ဆိုတာ သူတို႔ ရွင္းရွင္းလင္းလင္းသိထားၾကၿပီးသား"

"ဒီေတာ့ ခင္ဗ်ား သူတို႔ဆီကေန ေတာ္ေတာ္အျမတ္ရလိုက္တာေပါ့"

ယင္က်င္းရဲ႕ သူ႕စကားေတြကို သေဘာတူတဲ့အေနနဲ႕ ႏႈတ္ခမ္းေတြ ေကြးတက္သြား၏။

႐ုတ္တရက္ ၿမိဳ႕တံခါးဘက္မွ ႐ုတ္႐ုတ္သဲသဲအသံေတြ ၾကားလိုက္ၾကရ၏။

တစ္ေယာက္က ေအာ္ေျပာလာသည္။
"အဲ့တာ ထုန္မိသားစုဘဲ!"

လူတိုင္း ထိုေနရာကို လွမ္းၾကည္လိုက္မိၾကသည္။

ထုန္မိသားစုေခါင္းေဆာင္က အႀကီးအကဲေတြနဲ႕ တပည့္သုံးေထာင္ေလာက္ကို ဦးေဆာင္က အနီးနားကသူေတြနဲ႕ ႏႈတ္ဆက္စကားဆိုေန၏။

တစ္ေယာက္က တီးတိုးဆိုလိုက္သည္။
"ဘယ္ေလာက္ေတာင္ ခမ္းနားႀကီးက်ယ္လိုက္လဲ"

"သူတို႔နံပါတ္တစ္မိသားစုႀကီး ျဖစ္သြားကတည္းက ဒါ ပထမဆုံး ရာစုႏွစ္အစည္းအေဝးပြဲကို တက္ေရာက္တာဘဲ.. ေသခ်ာေပါက္ သူတို႔အင္အားကိုျပသၿပီး အခုသူတို႔က နံပါတ္တစ္က်င့္ႀကံေရးမိသားစုျဖစ္သြားၿပီဆိုတာ လူတိုင္းကို သိေစမွာေပါ့"

"ဒီေတာ့ သူတို႔က တစ္ျခား မိသားစုေတြ ဂိုဏ္းေတြကို သူတို႔နာမည္ သိေစခ်င္တာေပါ့"

႐ုန္ယိ ေရွ႕ဆုံးကေန ဦးေဆာင္ေလွ်ာက္လာတဲ့ ေတာက္ေတာက္ေျပာင္ေျပာင္ ဝတ္ဆင္ထားတဲ့ သက္လတ္ပိုင္းလူႀကီးတစ္ဦးကို ျမင္လိုက္တာေၾကာင့္ ယင္က်င္းရဲ႕ကို ေမးလိုက္သည္။
"ေရွ႕ဆုံးကလူက ထုန္မိသားစုေခါင္းေဆာင္လား"

"အင္း"

မိသားစုေခါင္းေဆာင္က လူတိုင္းႏွင့္ႏႈတ္ဆက္ေန၏။ သူ႐ုန္ယိတို႔ေဘးကေန ျဖတ္ေလွ်ာက္သြားတဲ့အခါ ႏႈတ္ခမ္းေထာင့္စြန္းေတြက အဓိပ္ပါယ်ရှိရှိကွေးတက်သွားကြပေမဲ့ ခ်က္ခ်င္းဆိုသလို ျပန္ေပ်ာက္သြားေလသည္။ ျမန္လြန္းလို႔ အျမင္ဝါးသြားတာမ်ားလားလို႔ေတာင္ ထင္မိနိုင္၏။

႐ုန္ယိ အနည္းငယ္မ်က္ေမွာင္ၾကဳတ္သြားကာ ယင္က်င္းရဲ႕ကိုေမးလိုက္သည္။
"ကေလးေတြအေဖ.. သူခုနက ကြၽန္ေတာ္တို႔ကို ၿပဳံးျပသြားတာ ခင္ဗ်ား ျမင္လိုက္လား"

"အင္း"

႐ုန္ယိ ယင္က်င္းရဲ႕ မ်က္ႏွာထက္က မ်က္ႏွာဖုံးကို တစ္ခ်က္ၾကည့္ကာ
"ခင္ဗ်ားဘယ္သူဆိုတာ သူသိလား"

ယင္က်င္းရဲ႕ မ်က္လုံးေတြေမွးစင္းလိုက္မိကာ
"သိမယ္ထင္တယ္"

သူက ေပပနယ္ေျမမွာ မၾကာခဏဆိုသလို မ်က္ႏွာဖုံးဝတ္ဆင္တတ္ေသာ္ျငား သူဘယ္သူဆိုတာကိုေတာ့ ဘယ္တုန္းကမွ မဖုံးကြယ္ထားခဲ့။ ဥပမာေျပာရရင္ သူ႕နာမည္ကို ဘယ္တုန္းကမွ မေျပာင္းခဲ့ဖူးေပ။ လူေတာ္ေတာ္မ်ားမ်ား သူ႕မ်ိဳးရိုးက ယင္ဆိုတာ သိၾကေပမဲ့ သူ႕နာမည္ကိုသိတဲ့သူကေတာ့ အေတာ္ေလးနည္းလွသည္။

"မထူးဆန္းေတာ့ပါဘူး"
႐ုန္ယိ ထိုအေၾကာင္းစဥ္းစားရင္း နားမလည္နိုင္ျဖစ္ေနဆဲပင္။
"တစ္ခုခုေတာ့ မွားေနတယ္.. အကယ္၍ ခင္ဗ်ားဘယ္သူဆိုတာ သူသိရင္ သူက ခင္ဗ်ားကို ေလွာင္ၿပဳံးၿပဳံးျပမွာေပါ့ သူ႕ဆီ ဘယ္သူမွမသိတဲ့ လွ်ို႔ဝွက္ခ်က္ရွိေနသလိုမ်ိဳး အဓိပ္ပါယ်ရှိရှိအပြုံးမျိုးမဟုတ်ဘဲနဲ့... ၿပီးေတာ့ သူက ကြၽန္ေတာ့္ကိုလည္း ကြၽန္ေတာ္ဘယ္သူဆိုတာသိေနသလိုမ်ိဳး ၾကည့္သြားေသးတယ္"

ယင္က်င္းရဲ႕အျမင္မွာလည္း အနည္းငယ္ထူးဆန္းေန၏။
"သူက ထူးဆန္းေနတာေတာ့ အမွန္ဘဲ.. သူ႕ကို အခ်ိန္တစ္ခုေလာက္ေတာ့ ေစာင့္ၾကည့္ရမယ္"

"အင္း"

"ထုန္မိသားစုေခါင္းေဆာင္.. က်ဳပ္ ခင္ဗ်ားနဲ႕ ယွဥ္ၿပိဳင္ခ်င္တယ္"
တစ္ေယာက္က ႐ုတ္တရက္ ေအာ္ေျပာလာသည္။ သူတို႔လွည့္ၾကည့္လိုက္ၾကတဲ့အခါ ယင္က်င္းရဲ႕ရဲ႕အဘိုး မင္သခင္ႀကီး ျဖစ္ေန၏။

႐ုန္ယိ - "အဲ့တာအဘိုးဘဲ.. တစ္ခ်က္ေလာက္ သြားၾကည့္ၾကရေအာင္"

လူေတြဝိုင္းအုံမလာခင္ သူ ယင္က်င္းရဲ႕ကို မင္သခင္ႀကီးတို႔အနားကို ဆြဲေခၚသြားလိုက္သည္။

ထုန္မိသားစုေခါင္းေဆာင္က မ်က္ခုံးေတြပင့္သြားကာ
"က်ဳပ္က ျငင္းမယ္ဆိုရင္ေရာ"

မင္သခင္ႀကီးက ဖိတ္ၾကားလႊာတစ္ေစာင္ထုတ္ကာ
"က်ဳပ္က ဒီဖိတ္ၾကားလႊာကိုသုံးၿပီး ခင္ဗ်ားကို စိန္ေခၚတယ္..က်ဳပ္က ခင္ဗ်ားဆီက တစ္ျခားဘာမွလိုခ်င္တာမဟုတ္ဘူး.. က်ဳပ္တို႔ဘိုးေဘးေတြက်ဳပ္ဆီ လက္ဆင့္ကမ္းေပးခဲ့တဲ့ ယန္၉မ်ိဳးဝိညာဥ္မြမ္းမံေဆးလုံးကိုဘဲ ျပန္လိုခ်င္တာ"

ထုန္မိသားစုေခါင္းေဆာင္မွာ ဖိတ္ၾကားလႊာကိုျမင္တဲ့အခါ ထပ္ၿပီးျငင္းပယ္လို႔မရေတာ့။
"ခင္ဗ်ားက ဘာယွဥ္ၿပိဳင္ခ်င္တာလဲ"

ထုန္မိသားစုေခါင္းေဆာင္ စိန္ေခၚတာလက္ခံလိုက္တာနဲ႕ လူေတြ ဝိုင္းအုံလာၾကေတာ့၏။

တစ္ေယာက္က တီးတိုးဆိုလာသည္။
"ငါမွတ္မိေသးတယ္.. ၿပီးခဲ့တဲ့ ႏွစ္တစ္ရာက မင္မိသားစုေခါင္းေဆာင္က ထုန္မိသားစုေခါင္းေဆာင္ဆီမွာ အဲ့ေဆးလုံးကိုရႈံးသြားခဲ့တာေလ"

"မင္မိသားစုရဲ႕ ေဆးဝါးက်င့္ႀကံျခင္းက တျဖည္းျဖည္းနိမ့္က်ေနၿပီ.. ၿပီးခဲ့တဲ့ ႏွစ္ေတြအေတာအတြင္းမွာ အဆင့္၉ နတ္ဘုရားအဆင့္ေဆးပင္ေတြသုံးၿပီး နတ္ဘုရားအဆင့္ေဆးလုံးေတြ သန့္စင္နိုင္ခဲ့တယ္ဆိုေပမယ့္ တဟုန္ထိုးတိုးတက္လာတာမ်ိဳးေတာ့ မရွိဘူး.. တစ္ဖက္မွာေတာ့ ထုန္မိသားစုအႀကီးအကဲက ဒီႏွစ္ေတြ နာမည္ႀကီးေနတဲ့ ေဆးလုံးအခ်ိဳ႕ကို ေအာင္ေအာင္ျမင္ျမင္နဲ႕ ေဖာ္စပ္နိုင္ခဲ့ၿပီး သူ႕ဂုဏ္သတင္းက နံပါတ္တစ္ေဆးဝါးပညာရွင္ ျဖစ္ခဲ့တဲ့ ယင္သခင္မကိုေတာင္ ေက်ာ္လြန္သြားခဲ့တယ္ေလ"

"ငါၾကားတာေတာ့ ယင္သခင္မက အဲ့ႏွစ္က သူတို႔မိသားစုမွာျဖစ္ခဲ့တဲ့ ကိစၥေတြေၾကာင့္ အသတ္ခံလိုက္ရၿပီဆို.."

"အကုန္လုံးက ေကာလာဟလေတြပါ.. တစ္ခုမွ အမွန္မဟုတ္ဘူး.. အေစာကေလးတင္ မင္သခင္ႀကီးနဲ႕အတူ ယင္သခင္မကို ေတြ႕လိုက္ေသးတယ္"

မင္သခင္ႀကီးက တည္တံ့စြာဆိုလိုက္သည္။
"ေသခ်ာေပါက္ အရင္တစ္ေခါက္ကလိုဘဲ က်ဳပ္ခင္ဗ်ားနဲ႕ ေဆးလုံးသန့္စင္တာၿပိဳင္မယ္"

ထုန္မိသားစုေခါင္းေဆာင္က ၿပဳံးလိုက္ကာ
"ခင္ဗ်ားက ဖိတ္ၾကားလႊာထုတ္လာၿပီဆိုမွေတာ့ က်ဳပ္က မၿပိဳင္ဘူးလို႔ ဘယ္ေျပာလို႔ရပါေတာ့မလဲ.  ဒါေပမယ့္ အဘိုးႀကီး.. စဥ္းစားၾကည့္စမ္းပါဦး.. ေနာက္ဆုံးတစ္ေခါက္ၿပိဳင္ခဲ့တာ ႏွစ္တစ္ရာရွိၿပီ..က်ဳပ္တို႔ ထုန္မိသားစုရဲ႕ ေဆးပညာက အေတာ္ေလးတိုးတက္လာၿပီး က်ဳပ္တို႔သန့္စင္တဲ့ေဆးလုံးေတြကလည္း အမ်ားႀကီး ပိုေကာင္းလာတာ.. ခင္ဗ်ား က်ဳပ္နဲ႕ၿပိဳင္မွာ ေသခ်ာရဲ႕လား"

မင္သခင္ႀကီးက ျပန္ေျဖလိုက္၏။
"ေသခ်ာတယ္"



Merry Christmas to you all ✴✳❇🌠

*******
25.12.2023

Continue Reading

You'll Also Like

330K 41.2K 93
ဟဲဟဲ နောက်တစ်ပုဒ် လာပြန်ပါပြီ ဖတ်ပေးကြပါဦး Title ကို Description မှာထည့်ပေးထားတယ်နော် All credit to Original Author and E translator
232K 37.5K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
473K 79.4K 46
သူသည် မာနထောင်လွှားပြီး မောက်မာဝံ့ကြွားလှသည့် အန်းမိသားစု၏ သခင်လေး အန်းကျီယန် ကိုယ်ထဲသို့ ကူးပြောင်းလာခဲ့၏။ သူကြုံတွေ့လိုက်ရသည့် ပထမဆုံး ပြဿနာမှာကား...
470K 49K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...