ကိုယ့်ရဲ့ငှက်ကလေး OC(Unicode...

By omik_ox

4.4K 220 14

semeကpsychoပါရှင့် Red flagထဲကမှRed flagအကြီးစားပါ🚩 အသဲငယ်သူ‌တွေမဖတ်ပါနဲ့ semeကpsychoပါရွင့္ Red flagထဲကမွRe... More

part 1
Part 2
part 3
Part4
Part5
Part 6
Part 7
Part 8
Part 9
Part10
Part 12
Part 13

Part 11

223 9 6
By omik_ox

ခန့်သူရသည် သူ့ကိုမြင်သည်နှင့်လက်ယမ်းပြကာ ရောက်လာ၏။ဘေးမှစစ်ခွန်းဆက်အားမြင်သွားသော ခန့်သူရမှာစချင်ဟန်ဖြင့်ပြုံးဖြီးလာသည်။

"ဟေးဟေး~ သားကြီးသွန်းမင်းနောင်ရေ မင်းလိုင်းပြောင်းသွားတာလား~"

"ရူးနေလား ဘာတွေပြောနေတာလဲ ငါ့အမေရှိနေတာကို"

သွန်းမင်းနောင်တကယ်လည်းလိုင်းပြောင်းသွားတာမှန်ပေမယ့် တစ်ခြားသူများအားမသိစေချင်ပေ။ခန့်သူရသည်စတာများပေမယ့် စကားတော့မကျွံ။ဗန်းစကားဖြင့်ပြောလိုက်သောကြောင့် ခြံတံခါး၀ရှိဒေါ်သီမြင့်မှာ နားလည်မည်မဟုတ်မှန်းသိသောကြောင့် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

သွန်းမင်းနောင်ငြင်းသာငြင်းနေရတာ ဘေးကအကောင်လေးအရင်တစ်ခါကလို စိတ်ခုသွားမည်ကိုနည်းနည်းတော့စိုးရိမ်မိပါသည်။ထို့ကြောင့်စစ်ခွန်းဆက်အားကြည့်လိုက်သော်လည်း ထိုကောင်ကလေးမှာစည်သူ့ကိုဘဲ မျက်မှောင်ကြီးကျုံ့ကာစိုက်ကြည့်နေသည်။စည်သူကတော့ မျက်လုံးအားဟိုလှည့်ဒီလှည့်ဖြင့် "ဘာမှမလုပ်ဘူး ဘာမှမသိဘူး" ဟုသူ့ကိုယ်သူပြောနေသယောင်။

'သူတို့နှစ်ယောက်တစ်ခုခုဖြစ်ထားတာလား?'

"အမေအထဲဝင်တော့မယ် ခန့်သူရအရမ်းနောက်မကျစေနဲ့နော်"

"ဟုတ်ကဲ့ပါဗျာ"

ဒေါ်သီမြင့်သည်သူ့အားပြောပြီးသည်နှင့် ခန့်သူရအားလှမ်းပြောကာအိမ်ထဲ၀င်သွားသောကြောင့် သွန်းမင်းနောင်သိလိုက်သည်။ခန့်သူရကသူ့အားမနေ့ကလိုအလေလိုက်ဖို့အဖော်ခေါ်တာပင်ဖြစ်သည်။

"ကျောင်းပိတ်ရင်အလေလိုက်ဖို့‌ဘဲတွေးနေတာလား?"

"တွေးတော့ဘာဖြစ်လဲ ဘာဖြစ်လဲ"

ခန့်သူရ၏ပြောင်သလိုလိုနဲ့ပြန်ပြောဟန်ကြောင့် စည်သူနှင့်သွန်းမင်းနောင်မှာမနိုင်ဘူးဟု တွေးရုံမှတစ်ပါးမတတ်နိုင်ကြ။

"ဟမ့် ကိုယ့်သူငယ်ချင်းအရင်းကြီး‌ သေသွားတာမှအားမနာအပျော်ဘဲမက်နေတယ် ဘယ်လိုတောင်သွန်သင်ခံထားရတာလဲ"

ထွန်းစက်၏ခနဲ့သောစကားကြောင့် ခန့်သူရ၏ပြောင်ဆက်ဆက်မျက်နှာဘေးမှာ ပျောက်ကွယ်သွားရကာ လက်မောင်းကြောများ‌ထောင်ထလာရသည်။စည်သူနှင့်သွန်းမင်းနောင်မှာလည်း တစ်ပြိုင်နက်မျက်မှောင်ကျုံ့မိသွားရသည်။စည်သူသည်သူ၏‌နက်ပြာရောင်ဆွယ်တာအင်္ကျီ၏လက်နားစအား တစ်တောင်ဆစ်ထိဆွဲတင်ကာ၀င်ဆွဲရန် အသင့်အနေအထားဖြင့်။သွန်း‌မင်းနောင်မှာလည်း ဖုန်းထုတ်ကာခန့်သူရအဖေ၏ဖုန်းနံပါတ်အားအသင့်ရိုက်ထားပြီးသား။

သွန်းမင်းနောင်နှင့်စည်သူသည် ခန့်သူရ၏စိတ်အခြေအနေအားရင်းနှီးတာထက်‌တောင် ပိုရင်းနှီးနေခဲ့ပြီးဖြစ်သည်။မူလတန်းကတည်းက အကြွားသန်သောခန့်သူရနှင့်မနာလိုတတ်သောမိုးမြင့်တို့မှာ ဆီနဲ့ရေလိုတွေ့တာနဲ့မျက်နှာချင်းမဆိုင်ချင်ကြပေ။ခန့်သူရသည်သူ၏အဖေအကြောင်းနှင့်သူ့အားဘယ်လို ပိုးမွေးသလိုမွေးကြောင်းပြောလေ့ရှိခဲ့ပြီး အိမ်နဲ့အဆင်မ‌ပြေသောမိုးမြင့်ကတော့မနာလိုအားကြီးကာ နောက်ကွယ်မှအပုပ်ချနေခဲ့သည်။

ထိုသည်အားခန့်သူရတို့သုံးယောက်မသိသည်မဟုတ်။သိရဲ့သားနှင့်သူငယ်ချင်းခေါင်းစဉ်အောက်တွင် လစ်လျူရှုထားလိုက်ကြသည်။သို့သော်ထိုလစ်လျူရှုမှု‌ကြောင့်အလယ်တန်းကျောင်းတွင်ဖြစ်ပွားခဲ့သော ကိစ္စကြောင့်သူတို့သူငယ်ချင်းအုပ်စုမှာကွဲသွားနိုင်ခဲ့မှန်းကြိုမသိခဲ့ကြပေ။

ပြဿနာစသည်မှာ ခန့်သူရရဲ့အချစ်ဦးလေးကို မိုးမြင့်ကခန့်သူရ၏မကောင်းကြောင်းအား ခိုးကြောင်ခိုးဝှက်ဖြင့်သွားပြောခြင်းမှစခဲ့သည်။ခန့်သူရသည်သွန်းမင်းနောင်၊စည်သူနှင့်ကန်တင်းမှာပြန်လာသည့်အချိန်တွင် သူကြိုက်နေသည့်ကောင်မလေးအား မိုးမြင့်ကသူ့မကောင်းကြောင်းပြောနေသည်ကိုကြားသွားခဲ့သည်။

သွန်းမင်းနောင်တို့ကပြေပြေလည်လည်နှင့်ပြန်ရှင်းဖို့ပြောကာ ခန့်သူရသည်လည်း‌ဖြစ်နေကြမို့ သဘောတူလိုက်ပေမဲ့ မိုးမြင့်၏ခန့်သူရနှင့်သူ၏အဖေ၏မကြားဝံ့မနာသာဇာတ်လမ်းထွင်လိုက်မှုကြောင့် နားထောင်လိုက်မိသောကောင်မလေးနှင့်ထပ်တူ ကြားလိုက်ရသောစည်သူနှင့်သွန်းမင်းနောင်တောင်အလွန်ထိတ်လန့်သွားရသည်။

ပြောခံရသူခန့်သူရဆိုလျှင်တော့ပြောစရာတောင်မလိုတော့ပေ။သူလေးစားအားကျရသောအဖေရင်းနှင့်ဒီလိုအပြောခံရမှုကြောင့် ဒေါသတထောင်းထောင်းထွက်ကာ ဆရာမနိုင်၊ကျောင်းအုပ်မနိုင်ဖြစ်အောင်ကို မိုးမြင့်အား‌သွေးထွက်လွန်သည်အထိထိုးကြိတ်ခဲ့မိသည်။သူငယ်ချင်းအရင်းကြီးများဖြစ်သည့်စည်သူနှင့်သွန်းမင်းနောင်တောင်တားမရသဖြင့် ခန့်သူရ၏အဖေကိုဖုန်းဆက်ခေါ်မှငြိမ်သွားခဲ့သည်။ထိုမှစ၍ပေါတောတောနေတတ်သော ခန့်သူရ၏ဒေါသအားတစ်ကျောင်းလုံးကကြောက်ရသည်အထိ လန့်ခဲ့ရသည်။

ထိုအချိန်ကနေစကာ ခန့်သူရနှင့်မိုးမြင့်မှာခနခနစကားများခဲ့ကြပြီး သွန်းမင်းနောင်နှင့်စည်သူတို့နှစ်ယောက်မှာလည်း လက်ပြုတ်အောင်၀င်ဆွဲရသည့်အချိန်တွေလည်းများပြားလာခဲ့သည်။အကောင်းနှင့်၀င်ဆွဲပေးကြသောသူငယ်ချင်းတွေကိုအကောင်းမမြင်သောမိုးမြင့်မှာတော့ သူနှင့်တန်းတူပေါင်းနိုင်မည့်သူငယ်ချင်းရှာကာ ထွန်းစက်နှင့်ပေါင်းခဲ့သည်။

ငါးယောက်သားတစ်ဝိုင်းတည်းမှာထိုင်ကြပေမဲ့ ခန့်သူရကမိုးမြင့်အားစကားဝိုင်းထဲမသွင်း။မိုးမြင့်စကားအားထောက်ခံခဲ့သောနောက်ဆုံးကြိမ်မှာလည်း သွန်းမင်းနောင်အားကောင်မလေးရချင်စောဖြင့်လောင်းကစားလုပ်ခိုင်းလိုက်သည့်အချိန်ပင်။

အမြင်မကြည်ကြသောသူငယ်ချင်းနှစ်ယောက်အား ဘယ်လိုပြန်တည့်အောင်လုပ်ပေးရမလဲမသိသော သွန်းမင်းနောင်နှင့်စည်သူမှာခန့်သူရနှင့်ပေါင်းလိုက်၊မိုးမြင့်နှင့်ပေါင်းလိုက်ဖြင့် ရေစီးသည့်နေရာလိုက်ပါနေခဲ့ရသည်။အလယ်တန်းကျောင်းမှလာပေါင်းသော ထွန်းစက်မှာတော့ အကြောင်းအရင်းသေချာအားမသိသောကြောင့် ခန့်သူရကမိုးမြင့်အားအနိုင်ကျင့်နေသည်လို့ဘဲမြင်ခဲ့သည်....။

ထို့ကြောင့်ယခုလည်းသူ၏သူငယ်ချင်းမိုးမြင့်၏ လမ်းစဉ်အတိုင်းအထိမခံနိုင်သော ခန့်သူရ၏အဖေသွန်သင်မှုအကြောင်းကို အထိနာစေချင်၍ နောက်ဆက်တွဲများအားမသိဘဲ ပြောလိုက်မိသည်။

ခန့်သူရသည်စည်သူနဲ့သွန်းမင်းနောင်၏ပုံစံကြောင့်စိတ်အားအလွန်လျော့ကာ ဒေါသသံစွက်သောအသံဖြင့်ပြောလိုက်သည်။

"အဲ့လိုကောင်သေသွားတာတောင်နည်းသေးတယ်"

"ဘာ! မင်း! မင်း!"

"ဘာလဲ မင်းရုပ်က? မင်းမို့လို့အဲ့လိုအပုပ်ကောင်ကို'BEST FRIEND'လုပ်ရဲတယ်နော် ဘယ်လိုများမင်းကိုဆွဲဆောင်ထားလို့ပါလိမ့် သိချင်စမ်းပါဘိ"

"မင်းကများငါနဲ့မိုးမြင့်ကိုအဲ့လိုပြောရဲတယ်! အေးပေါ့လေ ခွေးပါးစပ်ကခွေးစကားဘဲထွက်မှာပေါ့"

"မင်း!"

"ဟိုလူရမ်းကားပုံစံနဲ့အစ်ကိုကြီး ဘယ်သွားဖို့ဆိုလားလာခေါ်တာမလား သွားရောသွားရအုံးမှာလား ပြီးတော့မျက်နှာမှာအမည်းစက်‌တွေနဲ့အစ်ကိုကြီး ခင်ဗျားရဲ့သူငယ်ချင်းကြီးကိုအဲ့‌လောက်လွမ်းနေရင်လည်းလိုက်မလာနဲ့‌လေ လိုက်တုံးကလိုက်ပြီးခုမှcomplainတတ်မ‌နေနဲ့ ခင်ဗျားတို့နှစ်‌ယောက်ရန်ဖြစ်ဖို့သွန်းအိမ်လာကြတာဆိုရင်လည်းပြန်ကြတော့ မျက်စိနောက်လိုက်တာ"

ဆွဲထိုးမည့်ဟန်လက်မြောက်လာသောခန့်သူရ၊ခန့်သူရ၏လက်အား လှမ်းဆွဲရန်ပြင်နေသောစည်သူနှင့်'စက်ပိတ်ထားပါသည်'ဆိုသည့်အသံအား လစ်လျူရှု၍ခနခနဖုန်းခေါ်နေသောသွန်းမင်းနောင်တို့မှာ စစ်ခွန်းဆက်၏စိတ်လေနေဟန်ပြောသံကြောင့်ခနတာအံ့ဩမိသွားရသည်။ထို့နောက်ခန့်သူရကရုတ်တရက်ထရယ်လာ၏။

"ဟားဟားဟား မင်းပြောတာမှန်တယ် စစ်ခွန်းဆက်ဟုတ်တယ်နော်?"

"အင်း"

ခန့်သူရ၏ရယ်သံအားကြားလိုက်ရသဖြင့် စည်သူနှင့်သွန်းမင်းနောင်မှာတော့ တစ်ယောက်နှင့်တစ်ယောက်တစ်ပြိုင်နက်ကြည့်မိကြ‌သည်။စိတ်တိုရင်ပြန်ဆွဲဆန့်လို့မရသောခန့်သူရက ရယ်လိုက်သည်မှာ သူတို့အတွက်တော့ရေသူမလမ်းထလျှောက်တာထက်ကို ပို၍အထူးအဆန်းဖြစ်လို့နေပါသည်။

ခန့်သူရသည်သူ၏အရင်ပြုံးဖြီးဖြီးမျက်နှာဖြင့် စစ်ခွန်းဆက်ရှေ့သို့သွားကာ လက်ဆွဲနှုတ်ဆက်ရန် ညာလက်အားရှေ့ထုတ်လိုက်သည်။သို့သော် စစ်ခွန်းဆက်၏ရပ်မြဲအတိုင်းရပ်နေမှုကြောင့် ပြုံးနေတဲ့အပြုံးတောင်မဲ့ချင်သလိုဖြစ်လာရသည်။ရှက်ရှက်ဖြင့်နောက်လှည့်ရင်း ထွန်းစက်အားပြောလိုက်သည်။

"သူပြောတာကြားတယ်နော်? သေသူကသေရှင်သူကရှင်ရမှာဘဲ မလိုက်ချင်ရင်မလိုက်နဲ့ ငါကလဲဆွဲခေါ်မထားဖူး မင်းကိုသူငယ်ချင်းအနေနဲ့စာရင်းသွင်းထားတာဘဲကျေးဇူးတင်"

စည်သူသည်ထွန်းစက်၏ဘေးနားအားသွားကာ အရင်အကြောင်းများနှင့် ခန့်သူရ၏အထိမခံနိုင်‌‌သောအဖေအကြောင်းအားအကျဉ်းချုပ်ပြောကြားမှုကြောင့် ထွန်းစက်မျက်လုံးပင်ပြူးသွားခဲ့ရသည်။ထို့နောက်ခန့်သူရကပြောလာသဖြင့် သူလည်းသူ၏အမှားအား၀န်ခံခဲ့သည်။

"ငါတောင်းပန်ပါတယ်"

ခန့်သူရသည်သွန်းမင်းနောင်ဖက်အား ပြန်လှည့်လိုက်ပြီးခဏလေးကတင် ဒေါသထွက်နေသည်မှာသူမဟုတ်သည့်အလား သွား၃၆ချောင်းလုံးပေါ်အောင်ပြုံးရင်းနှင့်ပင်....

"ကစားကွင်းသွားမယ်!"

ရီရီပြုံးပြုံးဖြင့်တွေ့သမျှလူတိုင်းလိုက်ပါချင်လောက်အောင် ပြောလာသောလူငယ်မျက်နှာလေးဖြင့်မလိုက်စွာ သွားချင်သည့်နေရာမှာကစားကွင်းသည်တဲ့။ထိုစကားအားကြားပြီး သွန်းမင်းနောင်၏မျက်နှာမှာနှစ်၅၀လောက်အိုစာသွားသည့်အတိုင်းဖြစ်သွားသောကြောင့် ခန့်သူရမှာအမြန်ရှင်းပြလာခဲ့ရသည်။

"မဟုတ်ဖူးလေ ကလေးတွေလဲဆော့လို့ရ လူကြီးတွေပါ‌ဆော့လို့ရတဲ့ကစားကွင်းရှိတယ်လေ အဲ့စီသွားမှာပေါ့ဟ ငါတို့ငယ်ငယ်တုံးကဆော့တဲ့ဘောလုံးလေးပစ်လိုက် လျောစီးလိုက်နဲ့ဟာလေးမဟုတ်ဖူး စာကြမ်းပိုးကြီးရဲ့"

"အေးပါကွာ အေးပါ ငါလဲဒီနေ့လုပ်စရာမရှိတော့လိုက်ခဲ့မယ် ဟုတ်ပလား မလိုက်ရင်လဲမင်းကမရမကလိုက်ပြောမှာဘဲမလား"

"ဟဲဟဲ သိရင်လဲပြီးတာဘဲ"

သွန်းမင်းနောင်သည်သူ၏ဘေးမှစစ်ခွန်းဆက်အား ကြည့်ကာ‌မေးလိုက်သည်။

"စစ်ရော လိုက်မှာလား"

ထို"စစ်"ဆိုသည့်အမည်နာမအားကြားလိုက်သူ စည်သူမှာတစ်ခုခုကိုသတိရသွားဟန်ဖြင့် ၀င်ပြောလာခဲ့သည်။

"ဟို သူကလိုက်ပါ့မလား သူတို့အငယ်တန်းတွေကစာမေးပွဲရှိတယ်ဆိုလားကြားမိတယ်နော် ကျောင်းဖွင့်ရင်ဖြေခိုင်းမှာတဲ့"

ကျောင်းကောင်စီခေါင်းဆောင်ဖြစ်သူ စည်သူ၏စကားမှာ100%တွင်99%ကအမှန်ဖြစ်နိုင်သည်မို့ သွန်းမင်းနောင်လည်းစစ်ခွန်းဆက်အားမလိုက်ရန်ပြောမည့်အချိန်တွင်..

"အဲ့တာသာမန်အသေးစားtestလေးပါ လွယ်ပါတယ် ကျွန်တော်လိုက်ချင်လို့ နော်~"

စစ်ခွန်းဆက်၏puppyမျက်လုံးလေးကြောင့် ပြောမည့်စကားတို့မှာ ခံတွင်း၀မှမှဗိုက်ထဲသို့ပြန်ရောက်သွားရသည်။ရင်ထဲပန်းတွေပွင့်နေသောသွန်းမင်းနောင်နှင့်မတူသည်မှာ စည်သူပင်ဖြစ်သည်။

စစ်ခွန်းဆက်၏ချိုချိုသာသာပြောသံအဆုံး လှည့်ကြည့်လာသောခြိမ်းခြောက်ဟန်ရုပ်ကြီးကြောင့် စည်သူမှာပြောမိသည့်ပါးစပ်ကိုတောင်စွဲဖြဲလိုက်ချင်မိသည်။သူသည်အကြောင်းအရင်းမရှိ စစ်ခွန်းဆက်အားမလိုက်ခိုင်းတာမဟုတ်ပေ။ဖြစ်စဉ်မှာမနေ့ည သွန်းမင်းနောင်မူးပြီးအိပ်ပျော်သွားမိချိန်မှစ၏။

___________________________________________

စည်သူက~ငါမူးနေတဲ့အချိန်တိုင်း~အိမ်ပြန်လိုက်ပို့ပေးလို့ပျော်တယ်~အစ်"

ခန့်သူရ၏စကားကြောင့်စည်သူအနည်းနှင့်အများတော့ရှက်မိသည်။ကျောင်းကောင်စီခေါင်းဆောင်နှင့်အတန်းခေါင်းဆောင်ဖြစ်တာနှင့်အညီ အတန်းထဲမှလူများမှာသူသည်အလုပ်များလုပ်ရန် မွေးဖွားလာသည်ဟုထင်မှတ်နေကြသလားမှတ်ရအောင်ပင် စည်သူတစ်ခုခုလုပ်ပေးတိုင်းကျေးဇူးတောင်မတင်ကြသည့်အပြင် သူတို့အားကူညီပေးလိုက်၍ပျော်ရွှင်ဟန်အပြုံးလေးတောင်မပြကြ။အမြဲ"အတန်းခေါင်းဆောင်ကလုပ်ပေးရမှာပေါ့"ဆိုသည့်မျက်နှာဘေးများဖြင့်ပေ။

ထိုလူများ၏အပြုအမူများဖြင့် နေသားကျနေခဲ့သည့်စည်သူသည် သူနှစ်ရှည်လများ အိမ်ပြန်လိုက်ပို့ပေးရသောခန့်သူရ၏ ရုတ်တရက်စကားကြောင့် နှလုံးသားအားသကြားများဖို့၍ရေအေးလောင်းချလိုက်သလိုအေးမြသွားသည်ဟုပင်ခံစားလိုက်ရပြီး မျက်နှာမှာတော့ထိုနှင့်မတူစွာ မီးတောက်အလားနီရဲနေခဲ့သည်ဆိုတာကိုတော့မသိရှာပေ။

"ဟေး လျှောက်ပြောမနေနဲ့ လာထအိမ်ပြန်မယ်"

ခန့်သူရ၏လက်မောင်းအားဆွဲထူရင်းထဖို့ပြောပေမယ့် တုတ်‌တုတ်တောင်လှုပ်မလာသည့်သူကြောင့်စည်သူမှာနဖူးမှချွေးများတောင်ပြန်လာရသည်။

"ဟေး ဒါဖုံးကွယ်ထားတဲ့ဟာမှမဟုတ်တာ...ဘယ်သူမဆိုအဲ့လိုလုပ်ပေးရင်ပျော်မှာဘဲလေ"

"အဲ့တာဆိုကျွန်တော်လုပ်ပေးရင်ရောပျော်မှာလား"

သွန်းမင်းနောင်၏မကျေမနပ်ပြောသံအပြီး ကြားလိုက်ရသောလူငယ်လေး၏အသံကြောင့် ခန့်သူရအားအရိုးပြုတ်မတတ်ဆွဲနေသော စည်သူ့၏လက်များမှာတန့်သွားရသည်။

ချစ်စဖွယ်ကောင်းကာနူးညံ့စွာပြုံးနေသော သွန်းမင်းနောင်၏ဘေးမှစစ်ခွန်းဆက်အားကြည့်ရင်း စည်သူမျက်မှောင်ကျုံ့မိသည်။ထိုကောင်လေးအားဒီမနက်တွင် မြင်ခဲ့ရသော်လည်း မသက်မသာဖြစ်ဖွယ်မျက်လုံးများကြောင့် သေချာစကားမပြောခဲ့ရပေ။

သို့‌သော်စစ်ခွန်းဆက်၏ ကြားရသူတို့နှလုံးခုန်မြန်စေနိုင်မည့် ထိုသာယာနာပျော်ဖွယ်အသံအားစည်သူတစ်နေရာရာမှာကြားဖူးနေမိသည်။

စစ်ခွန်းဆက်သည်‌ ‌မူးမေ့သွားသောသွန်းမင်းနောင်အား ‌ဆွဲထူကာခေါ်သွားရန်ပြင်နေသဖြင့်စည်သူသည်ခန့်သူရ၏လက်‌အားပစ်ချကာ မသိလိုက်မသိဖာသာဖြင့် သွန်းမင်းနောင်နှင့်စစ်ခွန်းဆက်ကြားအား၀င်၍ကာဆီးလိုက်သည်။

စစ်ခွန်းဆက်အားစ‌တွေ့ခထဲက လှပသောမျက်နှာလေးကြောင့် အနည်းငယ်သဘောကျမိသည်မှလွဲ၍ စည်သူခံစားချက်ကောင်းမရပေ။ယေဘုယျအားဖြင့်ဆိုလျှင် စည်သူ၏ခံစားချက်များသည်သူ၏ဆင်ခြင်တုံတရားနှင့်ဆုံးဖြတ်ချက်များအားအလွန်သက်ရောက်လေသည်။အဘယ်ကြောင့်ဆိုသော် စည်သူ၏မျိုးရိုးမှာနတ်ဆရာမျိုးရိုးဖြစ်ပြီး စည်သူမကောင်းသည့်ခံစားချက်အားရလိုက်သည်နှင့် ထိုခံစားချက်၏ပိုင်ရှင်(သို့မဟုတ်)နေရာသည် တစ်ခုမဟုတ်တစ်ခုတော့ဖြစ်ပွားလေ့ရှိသောကြောင့်ပေ။

စစ်ခွန်းဆက်၏ပြုံးယဲ့ယဲ့မျက်လုံးများမှာ မပျောက်ကွယ်သေးသော်လည်း သွန်းမင်းနောင်အားကြည့်နေတုံးကလိုအရောင်လဲ့မနေတော့ပေ။၀င်သာကာဆီးလိုက်သော်လည်း ဘာပြောရမှန်းမသိသောစည်သူနှင့်ဘာမှမပြောဘဲရပ်မြဲတိုင်းရပ်နေသော စစ်ခွန်းဆက်ကြောင့်လေထုမှာအနည်းငယ်ကျဉ်းကျပ်သလိုခံစားလာရသည်။

ထိုအချိန်တွင်တွဲထူခံ‌ရချိန် ထပ်ကာအခွဲခံလိုက်ရ၍ တစ်ယောက်ထဲယိုင်တိုင်တိုင်ဖြစ်နေသော သွန်းမင်းနောင်မှာစည်သူကျောပေါ်သို့မှီကျလာ၏။စည်သူနောက်လှည့်ကာသူ၏ကျောပေါ်မှ သွန်းမင်းနောင်အား "ရရဲ့လား" ဟုမေး၍မဆုံးခင်မှာပင် ကြောက်စရာအေးစက်စက်မျက်လုံးများအားလျှပ်တပျက်မြင်လိုက်ရကာ သူ၏ကျောပါ်မှသွန်းမင်းနောင်သည်လည်း ဘယ်ကနေဘယ်လိုမည်းမှောင်နေသည့် မျက်နှာဖြင့်စစ်ခွန်းဆက်၏ရင်ခွင်ထဲ၌ အရုပ်ဖွက်သလိုဖွက်ခံထားလိုက်ရမှန်းမသိလိုက်ပေ။

စစ်ခွန်းဆက်၏ရင်ခွင်ထဲမှသွန်းမင်းနောင်အား အဆင်ပြေမပြေမေးနေသည့်ပုံရိပ်အားစည်သူအာရုံမစိုက်နိုင်။သူ၏ခြေလက်များလည်း ‌ရုတ်တရက်အလွန်အေးစက်လာခဲ့သည်။ထိုအချိန်သူ၏အတွေးထဲစိုးမိုးနေသည့်အတွေးမှာ သူ့သူငယ်ချင်းသွန်းမင်းနောင်အား ထိုလူ့လက်ထဲမှအမြန်ဆုံးကယ်ထုတ်ရမည်သာ။

ခဏဘဲမြင်လိုက်ရသော်လည်း ထိုမျက်လုံးများအားသူကောင်းကောင်းမှတ်မိသည်။ဟိုးအရင်တုံးကသွန်းမင်းနောင်သည် သူ့ကိုနောက်ယောင်ခံလိုက်နေသည့်ကောင်လေးတစ်ယောက်ရှိကြောင်းပြောဖူးကာ စည်သူသည်လည်းထိုကောင်လေးကြောင့်သွန်းမင်းနောင်စိတ်ညစ်ရမည်ဟုထင်ကာစိုးရိမ်ခဲ့သည်။

Popularဖြစ်‌သောသွန်းမင်း‌နောင်အား ကြိုက်သူပေါသည့်အပြင် အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကြိုက်ကြသူများလည်းရှိကြ‌လေသည်။

ထို့‌ကြောင့်သွန်းမင်းနောင်ပြောပြီးသည်မှစ၍ သူနှင့်အတူရှိတိုင်းပတ်၀န်းကျင်အား အာရုံစိုက်ကာကြည့်ရှုမိချိန် အမှန်ပင်သွန်းမင်းနောင်ပြောသောကောင်လေးအား အမြဲထောင့်ကျပြီးလူအာရုံစိုက်မခံရနိုင်သည့်နေရာတွင် သွန်းမင်းနောင်အားအမြဲစိုက်ကြည့်နေသည်ကိုတွေ့ခဲ့ရသည်။တွေ့သည့်အချိန်တိုင်းလည်း ထိုကောင်လေး၏အကြည့်မှသွန်းမင်းနောင်အား စည်သူကာကွယ်ပေးမိသည်။

အကျိုးရလဒ်အနေနဲ့တော့ စိတ်ထဲကအထိမှတ်မိနေစေမဲ့ ထိုအကြည့်စူးစူးများအားခံယူရလေသည်။မဟုတ်သေး..။သာမန်အကြည့်စူးစူးများထက် လူသတ်သမား၏ ကြောက်ရွှံဖွယ်ကောင်းလှသောအကြံဖြင့် သားကောင်အားကြည့်နေ‌‌သောမျက်လုံးများနှင့်အလွန်ဆင်တူလှသည်။ထိုအညိုရောင်မျက်၀န်းများသာ အနီရောင်ဖြစ်ခဲ့လျှင်တော့ အောက်ဆုံးငရဲမှတတ်လာခဲ့သည့်  သွေးရောင်မျက်၀န်းများဖြင့် နတ်ဆိုးတစ်ပါးအလားဖြစ်နေခဲ့မည်မှာအမှန်ပင်။

ထိုအချိန်ဘာမှမပြောဘဲသွန်းမင်းနောင်အား ခေါ်ကာထွက်သွားဟန်ပြင်နေသော စစ်ခွန်းဆက်ကြောင့် စည်သူထိုလူ၏လက်အားအလန့်တကြားလှမ်းဆွဲလိုက်ရသည်။စစ်ခွန်းဆက်၏မျက်နှာမှာခန့်မှန်းလို့မရအောင် ကြောက်စရာကောင်းလာ၍ ဆွဲခဲ့သည့်လက်ကို အမြန်ပြန်ဖြုတ်လိုက်ရသည်။

"ငါဘဲလိုက်ပို့မယ်"

"ဘာကိစ္စ?"

"ငါကသူ့ရဲ့ယုံကြည်ရတဲ့သူငယ်ချင်းလေ ငါဘဲလိုက်ပို့သင့်တာပေါ့"

"ပြောချင်တာက ကျွန်တော်ကမယုံကြည်ရဘူးပေါ့?"

"အဲ့တာ..."

ဒဲ့ကြီးပြန်ပြောချလာသူကြောင့် ဘာပြောရမှန်းမသိကြောင်အသွားရသည်။

"ခင်ဗျားသူငယ်ချင်းကြီးကိုရော လိုက်မပို့တော့ဖူးလား?"

စစ်ခွန်းဆက်သည်သူ၏နောက်မှ စားပွဲပေါ်အရုပ်ကြိုးပျက်မြင်မကောင်းစွာအိပ်နေသော ခန့်သူရအားမျက်စောင်းထိုးလိုက်ရင်း ပြောလာ၏။ထိုအခါမှ စည်သူသည်ခန့်သူရအားလိုက်ပို့ရမည်မှန်းသတိရတော့သည်။

ခန့်သူရအိမ်နှင့်သွန်းမင်းနောင်၏အိမ်တို့မှာ ဆန့်ကျင်ဖက်ဖြစ်သဖြင့် သူတစ်ယောက်တည်းနဲ့ဟိုသွားဒီသွားဖြင့် သွားမရပေ။သို့‌သော်သူ၏စိတ်ကသူ့အားသတိပေးနေသလိုခံစားရသည်။ဒီကောင်လေး၏လက်ထဲကိုတော့ သွန်းမင်းနောင်အား အပါမခံနိုင်ပေ။

"ဘာဖြစ်ဖြစ် သူ့ကိုပြီးမှကြည့်လုပ်လိုက်မယ် ငါ့သူငယ်ချင်းကိုငါဘဲလိုက်ပို့..အာ့!"

ပြောရင်းစစ်ခွန်းဆက်၏ရင်ခွင်ထဲမှ သွန်းမင်းနောင်အား လက်လှမ်းနေသောစည်သူ၏လက်ကို စစ်ခွန်းဆက်မှာဓားလှီးသလို ခုတ်ချလိုက်သဖြင့် လက်ကောက်၀တ်အတော်နာသွားရသည်။စည်သူလည်း သည်းမခံနိုင်စွာသတိလက်လွှတ် ထအော်မိတော့သည်။

"မင်း!သောက်stalkerကောင်!!"

စည်သူ၏အော်သံကြောင့် ဆိုင်ထဲမှဘီယာခွက်ကိုင်ထားသောစားပွဲထိုးလေးများနှင့် ကောင်တာထိုင်နေသောလူအိုကြီးတို့မှာ တစ်ယောက်မျက်နှာ‌တစ်ယောက်ကြည့်မိကြကာ အလိုက်သင့်လေးဆိုင်နောက်ဖေးသို့ ရှောင်ရန်၀င်သွားကြတော့သည်။

စည်သူသည် သူပြောတာလွန်သွားမှန်းသတိထားမိ၍ အရှေ့မှစစ်ခွန်းဆက်အားကြည့်မိသော် ဘာမှမပြောဘဲရင်ခွင်ထဲမှသွန်းမင်းနောင်အား စိုက်ကြည့်နေသောသူကြောင့် ဇောချွေးများအလွန်ပြန်လာရသည်။အတော်ကြာမှ ထိုကောင်လေးစီမှစကားသံထွက်လာ၏။

"ငါသူ့ကိုချစ်တာ သာမန်ထက်လွန်ကဲရုံလေးပါ..
သူ့ကိုထိခိုက်စေချင်စိတ်မရှိပါဘူး...."

ရင်ထဲစို့နှစ်ချင်စဖွယ်အသံဖြင့် ပြောလာသောအသံလေးနှင့်ခြားနားစွာ စည်သူအားကြည့်လာသည့်မျက်လုံးများမှာတော့ လူသတ်ချင်စိတ်အပြည့်ဖြင့်။ထို့နောက် ဆက်ပြောချင်စိတ်မရှိတော့သောစစ်ခွန်းဆက်သည် သွန်းမင်းနောင်အားပွေ့ကာ ထွက်သွားတော့သည်။

ကျန်ခဲ့သည့်စည်သူမှာတော့ ‌‌ရင်တုန်ပန်းတုန်ဖြင့် ခန့်သူရ၏ဘေးနားအားသွားကာ ခနလောက်စိတ်ကိုအနားပေးထားလိုက်ရသည်။

______________________________________________________________________________________

နယူးယီးယားမှာအက်ပုဒိတ်ကြာတတ်တဲ့ ဒီကသာသာကဒါဒါလေးတွေကို အပ်ပုဒိတ်‌လေးနဲ့စပရိုက်တိုက်ဖို့လုပ်ခဲ့ပေမယ့် သာသာကဘဲ"can't login to your account. please try again later"ဆိုတဲ့စာကြောင်းလေးနဲ့ပြန်စပရိုက်တိုက်ခံလိုက်ရပါတယ်🤧

ကံကလဲကောင်းချင်တော့ ကိုယ့်acc passwordကိုမမှတ်မိပါဘူး အဲ့တာကြောင့် 2ပတ်လောင်ကိုယ့်accလေးကို အလှကြည့်နေခဲ့ရပါတယ် accအသစ်နဲ့အပိုင်းသစ်တွေတင်ဖို့စဉ်းစားခဲ့ပေမယ့် ဒီaccလေးကိုသံယောစဉ်ကရှိနေတော့ မလုပ်ဖြစ်ခဲ့တဲ့အတွက် အလွန်ကြန့်ကြာသွားခဲ့ပါတယ်။အဲ့အတွက်အနူးအညွတ်တောင်းပန်ရပါတယ်ရှင်

အခုမှရမ်းမှန်းပြီးလျှောက်ထည့်လိုက်တဲ့ password လေးနဲ့ပြန်၀င်လို့ရရချင်း ဒီအပိုင်းလေးရေးလိုက်ရတာပါ တကယ်တောင်းပန်ပါတယ်🙏

Btw သွန်းမင်းနောင်အိမ်နဲ့ခန့်သူရရဲ့အိမ်ကဆန့်ကျင်ဘက်ကို သွန်းလေးကိုခေါ်ဖို့ခန့်ခန့်လေးက ခနခနရောက်လာတတ်တာနော် ခန့်ခန့်လေးလိုသူငယ်ချင်းလေးရှိကြလား👀

ထွန်းစက်be like:တစ်ယောက်ယောက် ငါ့ကိုမှတ်မိကြသေးလား?

______________________________________________________________________________________

ခန႔္သူရသည္ သူ႔ကိုျမင္သည္ႏွင့္လက္ယမ္းျပကာ ေရာက္လာ၏။ေဘးမွစစ္ခြန္းဆက္အားျမင္သြားေသာ ခန႔္သူရမွာစခ်င္ဟန္ျဖင့္ၿပံဳးၿဖီးလာသည္။

"ေဟးေဟး~ သားႀကီးသြန္းမင္းေနာင္ေရ မင္းလိုင္းေျပာင္းသြားတာလား~"

"ရူးေနလား ဘာေတြေျပာေနတာလဲ ငါ့အေမရိွေနတာကို"

သြန္းမင္းေနာင္တကယ္လည္းလိုင္းေျပာင္းသြားတာမွန္ေပမယ့္ တစ္ျခားသူမ်ားအားမသိေစခ်င္ေပ။ခန႔္သူရသည္စတာမ်ားေပမယ့္ စကားေတာ့မကြၽံ။ဗန္းစကားျဖင့္ေျပာလိုက္ေသာေၾကာင့္ ၿခံတံခါး၀ရိွေဒၚသီျမင့္မွာ နားလည္မည္မဟုတ္မွန္းသိေသာေၾကာင့္ ထိုသို႔ေျပာလိုက္ျခင္းျဖစ္သည္။

သြန္းမင္းေနာင္ျငင္းသာျငင္းေနရတာ ေဘးကအေကာင္ေလးအရင္တစ္ခါကလို စိတ္ခုသြားမည္ကိုနည္းနည္းေတာ့စိုးရိမ္မိပါသည္။ထို႔ေၾကာင့္စစ္ခြန္းဆက္အားၾကၫ့္လိုက္ေသာ္လည္း ထိုေကာင္ကေလးမွာစည္သူ႔ကိုဘဲ မ်က္ေမွာင္ႀကီးက်ံဳ႔ကာစိုက္ၾကၫ့္ေနသည္။စည္သူကေတာ့ မ်က္လံုးအားဟိုလွၫ့္ဒီလွၫ့္ျဖင့္ "ဘာမွမလုပ္ဘူး ဘာမွမသိဘူး" ဟုသူ႔ကိုယ္သူေျပာေနသေယာင္။

'သူတို႔ႏွစ္ေယာက္တစ္ခုခုျဖစ္ထားတာလား?'

"အေမအထဲဝင္ေတာ့မယ္ ခန႔္သူရအရမ္းေနာက္မက်ေစနဲ႔ေနာ္"

"ဟုတ္ကဲ့ပါဗ်ာ"

ေဒၚသီျမင့္သည္သူ႔အားေျပာၿပီးသည္ႏွင့္ ခန႔္သူရအားလွမ္းေျပာကာအိမ္ထဲ၀င္သြားေသာေၾကာင့္ သြန္းမင္းေနာင္သိလိုက္သည္။ခန္႔သူရကသူ႔အားမေန့ကလိုအေလလိုက္ဖို႔အေဖာ္ေခၚတာပင္ျဖစ္သည္။

"ေက်ာင္းပိတ္ရင္အေလလိုက္ဖို႔‌ဘဲေတြးေနတာလား?"

"ေတြးေတာ့ဘာျဖစ္လဲ ဘာျဖစ္လဲ"

ခန႔္သူရ၏ေျပာင္သလိုလိုနဲ႔ျပန္ေျပာဟန္ေၾကာင့္ စည္သူႏွင့္သြန္းမင္းေနာင္မွာမႏိုင္ဘူးဟု ေတြးရံုမွတစ္ပါးမတတ္ႏိုင္ၾက။

"ဟမ့္ ကိုယ့္သူငယ္ခ်င္းအရင္းႀကီး‌ ေသသြားတာမွအားမနာအေပ်ာ္ဘဲမက္ေနတယ္ ဘယ္လိုေတာင္သြန္သင္ခံထားရတာလဲ"

ထြန္းစက္၏ခနဲ႔ေသာစကားေၾကာင့္ ခန႔္သူရ၏ေျပာင္ဆက္ဆက္မ်က္ႏွာေဘးမွာ ေပ်ာက္ကြယ္သြားရကာ လက္ေမာင္းေၾကာမ်ား‌ေထာင္ထလာရသည္။စည္သူႏွင့္သြန္းမင္းေနာင္မွာလည္း တစ္ၿပိဳင္နက္မ်က္ေမွာင္က်ံဳ႔မိသြားရသည္။စည္သူသည္သူ၏‌နက္ျပာေရာင္ဆြယ္တာအက်ႌ၏လက္နားစအား တစ္ေတာင္ဆစ္ထိဆြဲတင္ကာ၀င္ဆြဲရန္ အသင့္အေနအထားျဖင့္။သြန္း‌မင္းေနာင္မွာလည္း ဖုန္းထုတ္ကာခန႔္သူရအေဖ၏ဖုန္းနံပါတ္အားအသင့္ရိုက္ထားၿပီးသား။

သြန္းမင္းေနာင္ႏွင့္စည္သူသည္ ခန႔္သူရ၏စိတ္အေျခအေနအားရင္းႏွီးတာထက္‌ေတာင္ ပိုရင္းႏွီးေနခဲ့ၿပီးျဖစ္သည္။မူလတန္းကတည္းက အႂကြားသန္ေသာခန႔္သူရႏွင့္မနာလိုတတ္ေသာမိုးျမင့္တို႔မွာ ဆီနဲ႔ေရလိုေတြ့တာနဲ႔မ်က္ႏွာခ်င္းမဆိုင္ခ်င္ၾကေပ။ခန႔္သူရသည္သူ၏အေဖအေၾကာင္းႏွင့္သူ႔အားဘယ္လို ပိုးေမြးသလိုေမြးေၾကာင္းေျပာေလ့ရိွခဲ့ၿပီး အိမ္နဲ႔အဆင္မ‌ေျပေသာမိုးျမင့္ကေတာ့မနာလိုအားႀကီးကာ ေနာက္ကြယ္မွအပုပ္ခ်ေနခဲ့သည္။

ထိုသည္အားခန႔္သူရတို႔သံုးေယာက္မသိသည္မဟုတ္။သိရဲ့သားႏွင့္သူငယ္ခ်င္းေခါင္းစဉ္ေအာက္တြင္ လစ္လ်ူရႈထားလိုက္ၾကသည္။သို႔ေသာ္ထိုလစ္လ်ူရႈမႈ‌ေၾကာင့္အလယ္တန္းေက်ာင္းတြင္ျဖစ္ပြားခဲ့ေသာ ကိစၥေၾကာင့္သူတို႔သူငယ္ခ်င္းအုပ္စုမွာကြဲသြားႏိုင္ခဲ့မွန္းႀကိဳမသိခဲ့ၾကေပ။

ျပႆနာစသည္မွာ ခန႔္သူရရဲ့အခ်စ္ဦးေလးကို မိုးျမင့္ကခန႔္သူရ၏မေကာင္းေၾကာင္းအား ခိုးေၾကာင္ခိုးဝွက္ျဖင့္သြားေျပာျခင္းမွစခဲ့သည္။ခန႔္သူရသည္သြန္းမင္းေနာင္၊စည္သူႏွင့္ကန္တင္းမွာျပန္လာသၫ့္အခ်ိန္တြင္ သူႀကိဳက္ေနသၫ့္ေကာင္မေလးအား မိုးျမင့္ကသူ႔မေကာင္းေၾကာင္းေျပာေနသည္ကိုၾကားသြားခဲ့သည္။

သြန္းမင္းေနာင္တို႔ကေျပျပေလည္လည္ႏွင့္ျပန္ရွင္းဖို႔ေျပာကာ ခန႔္သူရသည္လည္း‌ျဖစ္ေနၾကမို႔ သေဘာတူလိုက္ေပမဲ့ မိုးျမင့္၏ခန႔္သူရႏွင့္သူ၏အေဖ၏မၾကားဝံ့မနာသာဇာတ္လမ္းထြင္လိုက္မႈေၾကာင့္ နားေထာင္လိုက္မိေသာေကာင္မေလးႏွင့္ထပ္တူ ၾကားလိုက္ရေသာစည္သူႏွင့္သြန္းမင္းေနာင္ေတာင္အလြန္ထိတ္လန႔္သြားရသည္။

ေျပာခံရသူခန႔္သူရဆိုလ်ွင္ေတာ့ေျပာစရာေတာင္မလိုေတာ့ေပ။သူေလးစားအားက်ရေသာအေဖရင္းႏွင့္ဒီလိုအေျပာခံရမႈေၾကာင့္ ေဒါသတေထာင္းေထာင္းထြက္ကာ ဆရာမႏိုင္၊ေက်ာင္းအုပ္မႏိုင္ျဖစ္ေအာင္ကို မိုးျမင့္အား‌ေသြးထြက္လြန္သည္အထိထိုးႀကိတ္ခဲ့မိသည္။သူငယ္ခ်င္းအရင္းႀကီးမ်ားျဖစ္သၫ့္စည္သူႏွင့္သြန္းမင္းေနာင္ေတာင္တားမရသျဖင့္ ခန႔္သူရ၏အေဖကိုဖုန္းဆက္ေခၚမွၿငိမ္သြားခဲ့သည္။ထိုမွစ၍ေပါေတာေတာေနတတ္ေသာ ခန႔္သူရ၏ေဒါသအားတစ္ေက်ာင္းလံုးကေၾကာက္ရသည္အထိ လန႔္ခဲ့ရသည္။

ထိုအခ်ိန္ကေနစကာ ခန႔္သူရႏွင့္မိုးျမင့္မွာခနခနစကားမ်ားခဲ့ၾကၿပီး သြန္းမင္းေနာင္ႏွင့္စည္သူတို႔ႏွစ္ေယာက္မွာလည္း လက္ျပဳတ္ေအာင္၀င္ဆြဲရသၫ့္အခ်ိန္ေတြလည္းမ်ားျပားလာခဲ့သည္။အေကာင္းႏွင့္၀င္ဆြဲေပးၾကေသာသူငယ္ခ်င္းေတြကိုအေကာင္းမျမင္ေသာမိုးျမင့္မွာေတာ့ သူႏွင့္တန္းတူေပါင္းႏိုင္မၫ့္သူငယ္ခ်င္းရွာကာ ထြန္းစက္ႏွင့္ေပါင္းခဲ့သည္။

ငါးေယာက္သားတစ္ဝိုင္းတည္းမွာထိုင္ၾကေပမဲ့ ခန႔္သူရကမိုးျမင့္အားစကားဝိုင္းထဲမသြင္း။မိုးျမင့္စကားအားေထာက္ခံခဲ့ေသာေနာက္ဆံုးႀကိမ္မွာလည္း သြန္းမင္းေနာင္အားေကာင္မေလးရခ်င္ေစာျဖင့္ေလာင္းကစားလုပ္ခိုင္းလိုက္သၫ့္အခ်ိန္ပင္။

အျမင္မၾကည္ၾကေသာသူငယ္ခ်င္းႏွစ္ေယာက္အား ဘယ္လိုျပန္တၫ့္ေအာင္လုပ္ေပးရမလဲမသိေသာ သြန္းမင္းေနာင္ႏွင့္စည္သူမွာခန႔္သူရႏွင့္ေပါင္းလိုက္၊မိုးျမင့္ႏွင့္ေပါင္းလိုက္ျဖင့္ ေရစီးသၫ့္ေနရာလိုက္ပါေနခဲ့ရသည္။အလယ္တန္းေက်ာင္းမွလာေပါင္းေသာ ထြန္းစက္မွာေတာ့ အေၾကာင္းအရင္းေသခ်ာအားမသိေသာေၾကာင့္ ခန႔္သူရကမိုးျမင့္အားအႏိုင္က်င့္ေနသည္လို႔ဘဲျမင္ခဲ့သည္....။

ထို႔ေၾကာင့္ယခုလည္းသူ၏သူငယ္ခ်င္းမိုးျမင့္၏ လမ္းစဉ္အတိုင္းအထိမခံႏိုင္ေသာ ခန႔္သူရ၏အေဖသြန္သင္မႈအေၾကာင္းကို အထိနာေစခ်င္၍ ေနာက္ဆက္တြဲမ်ားအားမသိဘဲ ေျပာလိုက္မိသည္။

ခန႔္သူရသည္စည္သူနဲ႔သြန္းမင္းေနာင္၏ပံုစံေၾကာင့္စိတ္အားအလြန္ေလ်ာ့ကာ ေဒါသသံစြက္ေသာအသံျဖင့္ေျပာလိုက္သည္။

"အဲ့လိုေကာင္ေသသြားတာေတာင္နည္းေသးတယ္"

"ဘာ! မင္း! မင္း!"

"ဘာလဲ မင္းရုပ္က? မင္းမို႔လို႔အဲ့လိုအပုပ္ေကာင္ကို'BEST FRIEND'လုပ္ရဲတယ္ေနာ္ ဘယ္လိုမ်ားမင္းကိုဆြဲေဆာင္ထားလို႔ပါလိမ့္ သိခ်င္စမ္းပါဘိ"

"မင္းကမ်ားငါနဲ႔မိုးျမင့္ကိုအဲ့လိုေျပာရဲတယ္! ေအးေပါ့ေလ ေခြးပါးစပ္ကေခြးစကားဘဲထြက္မွာေပါ့"

"မင္း!"

"ဟိုလူရမ္းကားပံုစံနဲ႔အစ္ကိုႀကီး ဘယ္သြားဖို႔ဆိုလားလာေခၚတာမလား သြားေရာသြားရအံုးမွာလား ၿပီးေတာ့မ်က္ႏွာမွာအမည္းစက္‌ေတြနဲ႔အစ္ကိုႀကီး ခင္ဗ်ားရဲ့သူငယ္ခ်င္းႀကီးကိုအဲ့‌ေလာက္လြမ္းေနရင္လည္းလိုက္မလာနဲ႔‌ေလ လိုက္တံုးကလိုက္ၿပီးခုမွcomplainတတ္မ‌ေနနဲ႔ ခင္ဗ်ားတို႔ႏွစ္‌ေယာက္ရန္ျဖစ္ဖို႔သြန္းအိမ္လာၾကတာဆိုရင္လည္းျပန္ၾကေတာ့ မ်က္စိေနာက္လိုက္တာ"

ဆြဲထိုးမၫ့္ဟန္လက္ေျမာက္လာေသာခန႔္သူရ၊ခန႔္သူရ၏လက္အား လွမ္းဆြဲရန္ျပင္ေနေသာစည္သူႏွင့္'စက္ပိတ္ထားပါသည္'ဆိုသၫ့္အသံအား လစ္လ်ူရႈ၍ခနခနဖုန္းေခၚေနေသာသြန္းမင္းေနာင္တို႔မွာ စစ္ခြန္းဆက္၏စိတ္ေလေနဟန္ေျပာသံေၾကာင့္ခနတာအံ့ဩမိသြားရသည္။ထို႔ေနာက္ခန႔္သူရကရုတ္တရက္ထရယ္လာ၏။

"ဟားဟားဟား မင္းေျပာတာမွန္တယ္ စစ္ခြန္းဆက္ဟုတ္တယ္ေနာ္?"

"အင္း"

ခန႔္သူရ၏ရယ္သံအားၾကားလိုက္ရသျဖင့္ စည္သူႏွင့္သြန္းမင္းေနာင္မွာေတာ့ တစ္ေယာက္ႏွင့္တစ္ေယာက္တစ္ၿပိဳင္နက္ၾကၫ့္မိၾက‌သည္။စိတ္တိုရင္ျပန္ဆြဲဆန႔္လို႔မရေသာခန႔္သူရက ရယ္လိုက္သည္မွာ သူတို႔အတြက္ေတာ့ေရသူမလမ္းထေလ်ွာက္တာထက္ကို ပို၍အထူးအဆန္းျဖစ္လို႔ေနပါသည္။

ခန႔္သူရသည္သူ၏အရင္ၿပံဳးၿဖီးၿဖီးမ်က္ႏွာျဖင့္ စစ္ခြန္းဆက္ေရ႔ွသို႔သြားကာ လက္ဆြဲႏႈတ္ဆက္ရန္ ညာလက္အားေရ႔ွထုတ္လိုက္သည္။သို႔ေသာ္ စစ္ခြန္းဆက္၏ရပ္ၿမဲအတိုင္းရပ္ေနမႈေၾကာင့္ ၿပံဳးေနတဲ့အၿပံဳးေတာင္မဲ့ခ်င္သလိုျဖစ္လာရသည္။ရွက္ရွက္ျဖင့္ေနာက္လွၫ့္ရင္း ထြန္းစက္အားေျပာလိုက္သည္။

"သူေျပာတာၾကားတယ္ေနာ္? ေသသူကေသရွင္သူကရွင္ရမွာဘဲ မလိုက္ခ်င္ရင္မလိုက္နဲ႔ ငါကလဲဆြဲေခၚမထားဖူး မင္းကိုသူငယ္ခ်င္းအေနနဲ႔စာရင္းသြင္းထားတာဘဲေက်းဇူးတင္"

စည္သူသည္ထြန္းစက္၏ေဘးနားအားသြားကာ အရင္အေၾကာင္းမ်ားႏွင့္ ခန္႔သူရ၏အထိမခံႏိုင္‌‌ေသာအေဖအေၾကာင္းအားအက်ဉ္းခ်ဳပ္ေျပာၾကားမႈေၾကာင့္ ထြန္းစက္မ်က္လံုးပင္ျပဴးသြားခဲ့ရသည္။ထို႔ေနာက္ခန႔္သူရကေျပာလာသျဖင့္ သူလည္းသူ၏အမွားအား၀န္ခံခဲ့သည္။

"ငါေတာင္းပန္ပါတယ္"

ခန႔္သူရသည္သြန္းမင္းေနာင္ဖက္အား ျပန္လွၫ့္လိုက္ၿပီးခဏေလးကတင္ ေဒါသထြက္ေနသည္မွာသူမဟုတ္သၫ့္အလား သြား၃၆ေခ်ာင္းလံုးေပၚေအာင္ၿပံဳးရင္းႏွင့္ပင္....

"ကစားကြင္းသြားမယ္!"

ရီရီၿပံဳးၿပံဳးျဖင့္ေတြ့သမ်ွလူတိုင္းလိုက္ပါခ်င္ေလာက္ေအာင္ ေျပာလာေသာလူငယ္မ်က္ႏွာေလးျဖင့္မလိုက္စြာ သြားခ်င္သၫ့္ေနရာမွာကစားကြင္းသည္တဲ့။ထိုစကားအားၾကားၿပီး သြန္းမင္းေနာင္၏မ်က္ႏွာမွာႏွစ္၅၀ေလာက္အိုစာသြားသၫ့္အတိုင္းျဖစ္သြားေသာေၾကာင့္ ခန႔္သူရမွာအျမန္ရွင္းျပလာခဲ့ရသည္။

"မဟုတ္ဖူးေလ ကေလးေတြလဲေဆာ့လို႔ရ လူႀကီးေတြပါ‌ေဆာ့လို႔ရတဲ့ကစားကြင္းရိွတယ္ေလ အဲ့စီသြားမွာေပါ့ဟ ငါတို႔ငယ္ငယ္တံုးကေဆာ့တဲ့ေဘာလံုးေလးပစ္လိုက္ ေလ်ာစီးလိုက္နဲ႔ဟာေလးမဟုတ္ဖူး စာၾကမ္းပိုးႀကီးရဲ့"

"ေအးပါကြာ ေအးပါ ငါလဲဒီေန့လုပ္စရာမရိွေတာ့လိုက္ခဲ့မယ္ ဟုတ္ပလား မလိုက္ရင္လဲမင္းကမရမကလိုက္ေျပာမွာဘဲမလား"

"ဟဲဟဲ သိရင္လဲၿပီးတာဘဲ"

သြန္းမင္းေနာင္သည္သူ၏ေဘးမွစစ္ခြန္းဆက္အား ၾကၫ့္ကာ‌ေမးလိုက္သည္။

"စစ္ေရာ လိုက္မွာလား"

ထို"စစ္"ဆိုသၫ့္အမည္နာမအားၾကားလိုက္သူ စည္သူမွာတစ္ခုခုကိုသတိရသြားဟန္ျဖင့္ ၀င္ေျပာလာခဲ့သည္။

"ဟို သူကလိုက္ပါ့မလား သူတို႔အငယ္တန္းေတြကစာေမးပြဲရိွတယ္ဆိုလားၾကားမိတယ္ေနာ္ ေက်ာင္းဖြင့္ရင္ေျဖခိုင္းမွာတဲ့"

ေက်ာင္းေကာင္စီေခါင္းေဆာင္ျဖစ္သူ စည္သူ၏စကားမွာ100%တြင္99%ကအမွန္ျဖစ္ႏိုင္သည္မို႔ သြန္းမင္းေနာင္လည္းစစ္ခြန္းဆက္အားမလိုက္ရန္ေျပာမၫ့္အခ်ိန္တြင္..

"အဲ့တာသာမန္အေသးစားtestေလးပါ လြယ္ပါတယ္ ကြၽန္ေတာ္လိုက္ခ်င္လို႔ ေနာ္~"

စစ္ခြန္းဆက္၏puppyမ်က္လံုးေလးေၾကာင့္ ေျပာမၫ့္စကားတို႔မွာ ခံတြင္း၀မွမွဗိုက္ထဲသို႔ျပန္ေရာက္သြားရသည္။ရင္ထဲပန္းေတြပြင့္ေနေသာသြန္းမင္းေနာင္ႏွင့္မတူသည္မွာ စည္သူပင္ျဖစ္သည္။

စစ္ခြန္းဆက္၏ခ်ိဳခ်ိဳသာသာေျပာသံအဆံုး လွၫ့္ၾကၫ့္လာေသာၿခိမ္းေျခာက္ဟန္ရုပ္ႀကီးေၾကာင့္ စည္သူမွာေျပာမိသၫ့္ပါးစပ္ကိုေတာင္စြဲၿဖဲလိုက္ခ်င္မိသည္။သူသည္အေၾကာင္းအရင္းမရိွ စစ္ခြန္းဆက္အားမလိုက္ခိုင္းတာမဟုတ္ေပ။ျဖစ္စဉ္မွာမေန့ည သြန္းမင္းေနာင္မူးၿပီးအိပ္ေပ်ာ္သြားမိခ်ိန္မွစ၏။

___________________________________________

စည္သူက~ငါမူးေနတဲ့အခ်ိန္တိုင္း~အိမ္ျပန္လိုက္ပို႔ေပးလို႔ေပ်ာ္တယ္~အစ္"

ခန႔္သူရ၏စကားေၾကာင့္စည္သူအနည္းႏွင့္အမ်ားေတာ့ရွက္မိသည္။ေက်ာင္းေကာင္စီေခါင္းေဆာင္ႏွင့္အတန္းေခါင္းေဆာင္ျဖစ္တာႏွင့္အညီ အတန္းထဲမွလူမ်ားမွာသူသည္အလုပ္မ်ားလုပ္ရန္ ေမြးဖြားလာသည္ဟုထင္မွတ္ေနၾကသလားမွတ္ရေအာင္ပင္ စည္သူတစ္ခုခုလုပ္ေပးတိုင္းေက်းဇူးေတာင္မတင္ၾကသၫ့္အျပင္ သူတို႔အားကူညီေပးလိုက္၍ေပ်ာ္ရႊင္ဟန္အၿပံဳးေလးေတာင္မျပၾက။အၿမဲ"အတန္းေခါင္းေဆာင္ကလုပ္ေပးရမွာေပါ့"ဆိုသၫ့္မ်က္ႏွာေဘးမ်ားျဖင့္ေပ။

ထိုလူမ်ား၏အျပဳအမူမ်ားျဖင့္ ေနသားက်ေနခဲ့သၫ့္စည္သူသည္ သူႏွစ္ရွည္လမ်ား အိမ္ျပန္လိုက္ပို႔ေပးရေသာခန႔္သူရ၏ ရုတ္တရက္စကားေၾကာင့္ ႏွလံုးသားအားသၾကားမ်ားဖို႔၍ေရေအးေလာင္းခ်လိုက္သလိုေအးျမသြားသည္ဟုပင္ခံစားလိုက္ရၿပီး မ်က္ႏွာမွာေတာ့ထိုႏွင့္မတူစြာ မီးေတာက္အလားနီရဲေနခဲ့သည္ဆိုတာကိုေတာ့မသိရွာေပ။

"ေဟး ေလ်ွာက္ေျပာမေနနဲ႔ လာထအိမ္ျပန္မယ္"

ခန႔္သူရ၏လက္ေမာင္းအားဆြဲထူရင္းထဖို႔ေျပာေပမယ့္ တုတ္‌တုတ္ေတာင္လႈပ္မလာသၫ့္သူေၾကာင့္စည္သူမွာနဖူးမွေခြၽးမ်ားေတာင္ျပန္လာရသည္။

"ေဟး ဒါဖံုးကြယ္ထားတဲ့ဟာမွမဟုတ္တာ...ဘယ္သူမဆိုအဲ့လိုလုပ္ေပးရင္ေပ်ာ္မွာဘဲေလ"

"အဲ့တာဆိုကြၽန္ေတာ္လုပ္ေပးရင္ေရာေပ်ာ္မွာလား"

သြန္းမင္းေနာင္၏မေက်မနပ္ေျပာသံအၿပီး ၾကားလိုက္ရေသာလူငယ္ေလး၏အသံေၾကာင့္ ခန႔္သူရအားအရိုးျပဳတ္မတတ္ဆြဲေနေသာ စည္သူ႔၏လက္မ်ားမွာတန႔္သြားရသည္။

ခ်စ္စဖြယ္ေကာင္းကာႏူးညံ့စြာၿပံဳးေနေသာ သြန္းမင္းေနာင္၏ေဘးမွစစ္ခြန္းဆက္အားၾကၫ့္ရင္း စည္သူမ်က္ေမွာင္က်ံဳ႔မိသည္။ထိုေကာင္ေလးအားဒီမနက္တြင္ ျမင္ခဲ့ရေသာ္လည္း မသက္မသာျဖစ္ဖြယ္မ်က္လံုးမ်ားေၾကာင့္ ေသခ်ာစကားမေျပာခဲ့ရေပ။

သို႔‌ေသာ္စစ္ခြန္းဆက္၏ ၾကားရသူတို႔ႏွလံုးခုန္ျမန္ေစႏိုင္မၫ့္ ထိုသာယာနာေပ်ာ္ဖြယ္အသံအားစည္သူတစ္ေနရာရာမွာၾကားဖူးေနမိသည္။

စစ္ခြန္းဆက္သည္‌ ‌မူးေမ့သြားေသာသြန္းမင္းေနာင္အား ‌ဆြဲထူကာေခၚသြားရန္ျပင္ေနသျဖင့္စည္သူသည္ခန္႔သူရ၏လက္‌အားပစ္ခ်ကာ မသိလိုက္မသိဖာသာျဖင့္ သြန္းမင္းေနာင္ႏွင့္စစ္ခြန္းဆက္ၾကားအား၀င္၍ကာဆီးလိုက္သည္။

စစ္ခြန္းဆက္အားစ‌ေတြ့ခထဲက လွပေသာမ်က္ႏွာေလးေၾကာင့္ အနည္းငယ္သေဘာက်မိသည္မွလြဲ၍ စည္သူခံစားခ်က္ေကာင္းမရေပ။ေယဘုယ်အားျဖင့္ဆိုလ်ွင္ စည္သူ၏ခံစားခ်က္မ်ားသည္သူ၏ဆင္ျခင္တံုတရားႏွင့္ဆံုးျဖတ္ခ်က္မ်ားအားအလြန္သက္ေရာက္ေလသည္။အဘယ္ေၾကာင့္ဆိုေသာ္ စည္သူ၏မ်ိဳးရိုးမွာနတ္ဆရာမ်ိဳးရိုးျဖစ္ၿပီး စည္သူမေကာင္းသၫ့္ခံစားခ်က္အားရလိုက္သည္ႏွင့္ ထိုခံစားခ်က္၏ပိုင္ရွင္(သို႔မဟုတ္)ေနရာသည္ တစ္ခုမဟုတ္တစ္ခုေတာ့ျဖစ္ပြားေလ့ရိွေသာေၾကာင့္ေပ။

စစ္ခြန္းဆက္၏ၿပံဳးယဲ့ယဲ့မ်က္လံုးမ်ားမွာ မေပ်ာက္ကြယ္ေသးေသာ္လည္း သြန္းမင္းေနာင္အားၾကၫ့္ေနတံုးကလိုအေရာင္လဲ့မေနေတာ့ေပ။၀င္သာကာဆီးလိုက္ေသာ္လည္း ဘာေျပာရမွန္းမသိေသာစည္သူႏွင့္ဘာမွမေျပာဘဲရပ္ၿမဲတိုင္းရပ္ေနေသာ စစ္ခြန္းဆက္ေၾကာင့္ေလထုမွာအနည္းငယ္က်ဉ္းက်ပ္သလိုခံစားလာရသည္။

ထိုအခ်ိန္တြင္တြဲထူခံ‌ရခ်ိန္ ထပ္ကာအခြဲခံလိုက္ရ၍ တစ္ေယာက္ထဲယိုင္တိုင္တိုင္ျဖစ္ေနေသာ သြန္းမင္းေနာင္မွာစည္သူေက်ာေပၚသို႔မွီက်လာ၏။စည္သူေနာက္လွၫ့္ကာသူ၏ေက်ာေပၚမွ သြန္းမင္းေနာင္အား "ရရဲ့လား" ဟုေမး၍မဆံုးခင္မွာပင္ ေၾကာက္စရာေအးစက္စက္မ်က္လံုးမ်ားအားလ်ွပ္တပ်က္ျမင္လိုက္ရကာ သူ၏ေက်ာပၚမွသြန္းမင္းေနာင္သည္လည္း ဘယ္ကေနဘယ္လိုမည္းေမွာင္ေနသၫ့္ မ်က္ႏွာျဖင့္စစ္ခြန္းဆက္၏ရင္ခြင္ထဲ၌ အရုပ္ဖြက္သလိုဖြက္ခံထားလိုက္ရမွန္းမသိလိုက္ေပ။

စစ္ခြန္းဆက္၏ရင္ခြင္ထဲမွသြန္းမင္းေနာင္အား အဆင္ေျပမေျပေမးေနသၫ့္ပံုရိပ္အားစည္သူအာရံုမစိုက္ႏိုင္။သူ၏ေျခလက္မ်ားလည္း ‌ရုတ္တရက္အလြန္ေအးစက္လာခဲ့သည္။ထိုအခ်ိန္သူ၏အေတြးထဲစိုးမိုးေနသၫ့္အေတြးမွာ သူ႔သူငယ္ခ်င္းသြန္းမင္းေနာင္အား ထိုလူ႔လက္ထဲမွအျမန္ဆံုးကယ္ထုတ္ရမည္သာ။

ခဏဘဲျမင္လိုက္ရေသာ္လည္း ထိုမ်က္လံုးမ်ားအားသူေကာင္းေကာင္းမွတ္မိသည္။ဟိုးအရင္တံုးကသြန္းမင္းေနာင္သည္ သူ႔ကိုေနာက္ေယာင္ခံလိုက္ေနသၫ့္ေကာင္ေလးတစ္ေယာက္ရိွေၾကာင္းေျပာဖူးကာ စည္သူသည္လည္းထိုေကာင္ေလးေၾကာင့္သြန္းမင္းေနာင္စိတ္ညစ္ရမည္ဟုထင္ကာစိုးရိမ္ခဲ့သည္။

Popularျဖစ္‌ေသာသြန္းမင္း‌ေနာင္အား ႀကိဳက္သူေပါသၫ့္အျပင္ အလြန္အမင္းစိတ္အေနွာင့္အယွက္ျဖစ္ဖြယ္ႀကိဳက္ၾကသူမ်ားလည္းရိွၾက‌ေလသည္။

ထို႔‌ေၾကာင့္သြန္းမင္းေနာင္ေျပာၿပီးသည္မွစ၍ သူႏွင့္အတူရိွတိုင္းပတ္၀န္းက်င္အား အာရံုစိုက္ကာၾကၫ့္ရႈမိခ်ိန္ အမွန္ပင္သြန္းမင္းေနာင္ေျပာေသာေကာင္ေလးအား အၿမဲေထာင့္က်ၿပီးလူအာရံုစိုက္မခံရႏိုင္သၫ့္ေနရာတြင္ သြန္းမင္းေနာင္အားအၿမဲစိုက္ၾကၫ့္ေနသည္ကိုေတြ့ခဲ့ရသည္။ေတြ့သၫ့္အခ်ိန္တိုင္းလည္း ထိုေကာင္ေလး၏အၾကၫ့္မွသြန္းမင္းေနာင္အား စည္သူကာကြယ္ေပးမိသည္။

အက်ိဳးရလဒ္အေနနဲ႔ေတာ့ စိတ္ထဲကအထိမွတ္မိေနေစမဲ့ ထိုအၾကၫ့္စူးစူးမ်ားအားခံယူရေလသည္။မဟုတ္ေသး..။သာမန္အၾကၫ့္စူးစူးမ်ားထက္ လူသတ္သမား၏ ေၾကာက္ရႊံဖြယ္ေကာင္းလွေသာအႀကံျဖင့္ သားေကာင္အားၾကည့္ေန‌‌ေသာမ်က္လံုးမ်ားႏွင့္အလြန္ဆင္တူလွသည္။ထိုအညိုေရာင္မ်က္၀န္းမ်ားသာ အနီေရာင္ျဖစ္ခဲ့လ်ွင္ေတာ့ ေအာက္ဆံုးငရဲမွတတ္လာခဲ့သၫ့္  ေသြးေရာင္မ်က္၀န္းမ်ားျဖင့္ နတ္ဆိုးတစ္ပါးအလားျဖစ္ေနခဲ့မည္မွာအမွန္ပင္။

ထိုအခ်ိန္ဘာမွမေျပာဘဲသြန္းမင္းေနာင္အား ေခၚကာထြက္သြားဟန္ျပင္ေနေသာ စစ္ခြန္းဆက္ေၾကာင့္ စည္သူထိုလူ၏လက္အားအလန႔္တၾကားလွမ္းဆြဲလိုက္ရသည္။စစ္ခြန္းဆက္၏မ်က္ႏွာမွာခန႔္မွန္းလို႔မရေအာင္ ေၾကာက္စရာေကာင္းလာ၍ ဆြဲခဲ့သၫ့္လက္ကို အျမန္ျပန္ျဖဳတ္လိုက္ရသည္။

"ငါဘဲလိုက္ပို႔မယ္"

"ဘာကိစၥ?"

"ငါကသူ႔ရဲ့ယံုၾကည္ရတဲ့သူငယ္ခ်င္းေလ ငါဘဲလိုက္ပို႔သင့္တာေပါ့"

"ေျပာခ်င္တာက ကြၽန္ေတာ္ကမယံုၾကည္ရဘူးေပါ့?"

"အဲ့တာ..."

ဒဲ့ႀကီးျပန္ေျပာခ်လာသူေၾကာင့္ ဘာေျပာရမွန္းမသိေၾကာင္အသြားရသည္။

"ခင္ဗ်ားသူငယ္ခ်င္းႀကီးကိုေရာ လိုက္မပို႔ေတာ့ဖူးလား?"

စစ္ခြန္းဆက္သည္သူ၏ေနာက္မွ စားပြဲေပၚအရုပ္ႀကိဳးပ်က္ျမင္မေကာင္းစြာအိပ္ေနေသာ ခန႔္သူရအားမ်က္ေစာင္းထိုးလိုက္ရင္း ေျပာလာ၏။ထိုအခါမွ စည္သူသည္ခန႔္သူရအားလိုက္ပို႔ရမည္မွန္းသတိရေတာ့သည္။

ခန႔္သူရအိမ္ႏွင့္သြန္းမင္းေနာင္၏အိမ္တို႔မွာ ဆန႔္က်င္ဖက္ျဖစ္သျဖင့္ သူတစ္ေယာက္တည္းနဲ႔ဟိုသြားဒီသြားျဖင့္ သြားမရေပ။သို႔‌ေသာ္သူ၏စိတ္ကသူ႔အားသတိေပးေနသလိုခံစားရသည္။ဒီေကာင္ေလး၏လက္ထဲကိုေတာ့ သြန္းမင္းေနာင္အား အပါမခံႏိုင္ေပ။

"ဘာျဖစ္ျဖစ္ သူ႔ကိုၿပီးမွၾကၫ့္လုပ္လိုက္မယ္ ငါ့သူငယ္ခ်င္းကိုငါဘဲလိုက္ပို႔..အာ့!"

ေျပာရင္းစစ္ခြန္းဆက္၏ရင္ခြင္ထဲမွ သြန္းမင္းေနာင္အား လက္လွမ္းေနေသာစည္သူ၏လက္ကို စစ္ခြန္းဆက္မွာဓားလွီးသလို ခုတ္ခ်လိုက္သျဖင့္ လက္ေကာက္၀တ္အေတာ္နာသြားရသည္။စည္သူလည္း သည္းမခံႏိုင္စြာသတိလက္လႊတ္ ထေအာ္မိေတာ့သည္။

"မင္း!ေသာက္stalkerေကာင္!!"

စည္သူ၏ေအာ္သံေၾကာင့္ ဆိုင္ထဲမွဘီယာခြက္ကိုင္ထားေသာစားပြဲထိုးေလးမ်ားႏွင့္ ေကာင္တာထိုင္ေနေသာလူအိုႀကီးတို႔မွာ တစ္ေယာက္မ်က္ႏွာ‌တစ္ေယာက္ၾကၫ့္မိၾကကာ အလိုက္သင့္ေလးဆိုင္ေနာက္ေဖးသို႔ ေရွာင္ရန္၀င္သြားၾကေတာ့သည္။

စည္သူသည္ သူေျပာတာလြန္သြားမွန္းသတိထားမိ၍ အေရ႔ွမွစစ္ခြန္းဆက္အားၾကၫ့္မိေသာ္ ဘာမွမေျပာဘဲရင္ခြင္ထဲမွသြန္းမင္းေနာင္အား စိုက္ၾကၫ့္ေနေသာသူေၾကာင့္ ေဇာေခြၽးမ်ားအလြန္ျပန္လာရသည္။အေတာ္ၾကာမွ ထိုေကာင္ေလးစီမွစကားသံထြက္လာ၏။

"ငါသူ႔ကိုခ်စ္တာ သာမန္ထက္လြန္ကဲရံုေလးပါ..
သူ႔ကိုထိခိုက္ေစခ်င္စိတ္မရိွပါဘူး...."

ရင္ထဲစို႔ႏွစ္ခ်င္စဖြယ္အသံျဖင့္ ေျပာလာေသာအသံေလးႏွင့္ျခားနားစြာ စည္သူအားၾကၫ့္လာသၫ့္မ်က္လံုးမ်ားမွာေတာ့ လူသတ္ခ်င္စိတ္အျပၫ့္ျဖင့္။ထို႔ေနာက္ ဆက္ေျပာခ်င္စိတ္မရိွေတာ့ေသာစစ္ခြန္းဆက္သည္ သြန္းမင္းေနာင္အားေပြ့ကာ ထြက္သြားေတာ့သည္။

က်န္ခဲ့သၫ့္စည္သူမွာေတာ့ ‌‌ရင္တုန္ပန္းတုန္ျဖင့္ ခန႔္သူရ၏ေဘးနားအားသြားကာ ခနေလာက္စိတ္ကိုအနားေပးထားလိုက္ရသည္။

______________________________________________________________________________________

နယူးယီးယားမွာအက္ပုဒိတ္ၾကာတတ္တဲ့ ဒီကသာသာကဒါဒါေလးေတြကို အပ္ပုဒိတ္‌ေလးနဲ႔စပရိုက္တိုက္ဖို႔လုပ္ခဲ့ေပမယ့္ သာသာကဘဲ"can't login to your account. please try again later"ဆိုတဲ့စာေၾကာင္းေလးနဲ႔ျပန္စပရိုက္တိုက္ခံလိုက္ရပါတယ္🤧

ကံကလဲေကာင္းခ်င္ေတာ့ ကိုယ့္acc passwordကိုမမွတ္မိပါဘူး အဲ့တာေၾကာင့္ 2ပတ္ေလာင္ကိုယ့္accေလးကို အလွၾကၫ့္ေနခဲ့ရပါတယ္ accအသစ္နဲ႔အပိုင္းသစ္ေတြတင္ဖို႔စဉ္းစားခဲ့ေပမယ့္ ဒီaccေလးကိုသံေယာစဉ္ကရိွေနေတာ့ မလုပ္ျဖစ္ခဲ့တဲ့အတြက္ အလြန္ၾကန႔္ၾကာသြားခဲ့ပါတယ္။အဲ့အတြက္အႏူးအၫြတ္ေတာင္းပန္ရပါတယ္ရွင္

အခုမွရမ္းမွန္းၿပီးေလ်ွာက္ထၫ့္လိုက္တဲ့ password ေလးနဲ႔ျပန္၀င္လို႔ရရခ်င္း ဒီအပိုင္းေလးေရးလိုက္ရတာပါ တကယ္ေတာင္းပန္ပါတယ္🙏

Btw သြန္းမင္းေနာင္အိမ္နဲ႔ခန႔္သူရရဲ့အိမ္ကဆန႔္က်င္ဘက္ကို သြန္းေလးကိုေခၚဖို႔ခန႔္ခန႔္ေလးက ခနခနေရာက္လာတတ္တာေနာ္ ခန႔္ခန႔္ေလးလိုသူငယ္ခ်င္းေလးရိွၾကလား👀

ထြန္းစက္be like:တစ္ေယာက္ေယာက္ ငါ့ကိုမွတ္မိၾကေသးလား?

______________________________________________________________________________________


Continue Reading

You'll Also Like

277K 43.5K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
188K 16.6K 43
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...
39.5K 2.3K 26
"[+18] үзэгдэл гарах боломжтой" Бүгд л худал хэлж, хоёр нүүр гаргаж чаддагтай адил би ч мөн адил чадна... #3 IN MYSTERY/THRILLER Public: 2017.10.02 З...
1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...