The Legendary Master's Wife (...

By MayZuneOo

192K 36.3K 1.4K

Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel More

Chapter 663 စုဝေးပွဲ အတွက်မှတ်ပုံတင်
အခန်း ၆၆၄ အထပ်
အခန်း ၆၆၅
အခန်း ၆၆၆
အခန်း ၆၆၇ စုဝေးပွဲကြီး စတင်လေပြီ
အခန်း ၆၆၈ ကံလဲ ကောင်းတယ် ကံလဲ မကောင်းဘူး
အခန်း ၆၆၉ Undivided Attention
အခန်း ၆၇၀ Lucky
အခန်း ၆၇၁ ပူးပေါင်းမှု
အခန်း ၆၇၂
အခန်း ၆၇၃
အခန်း ၆၇၄
အခန်း ၆၇၅
အပိုင်း ၆၇၆
အခန်း ၆၇၇
အပိုင်း 678 လုံးဝကို ရံှူးသွားပြီ
အခန်း ၆၇၉
အခန်း ၆၈၀
Chapter 681: Encountering Danger
အပိုင်း ၆၈၂ လျှို့ဝှက်ချက်တွေ ပေါ်ကုန်ပြီ
အခန်း ၆၈၃ မွေးဖွားလာခြင်းရဲ့ နောက်ကွယ်က
Chapter 684: Hero
အခန်း ၆၈၅ အယောင်ဆောင်
Chapter 686 - A Passing Acquaintance
Chapter 687 နယ်မြေ အဆင့်တက်ခြင်း
အခန်း ၆၈၈ အပြစ်ဖို့ခြင်း ခံရတဲ့သူ
အခန်း ၆၈၉ တစ်ဂူတည်း ကျားနှစ်ကောင် မအောင်းဘူး
အခန်း ၆၉၀ ဆေးလုံးဖွဲ့တည်ခြင်း
အခန်း ၆၉၁ အဖွားကြီးရဲ့ သရုပ်မှန်
အခန်း ၆၉၂ တိုက်ပွဲ
အခန်း ၆၉၃ ခြုံခိုတိုက်ခိုက်ခြင်း
အခန်း ၆၉၄ မိမိကိုယ်ကို ဖျတ်ဆီးခြင်း
အပိုင်း ၆၉၅ ပြီးသွားပြီလား?
အခန်း ၆၉၆ ဖြေရှင်းပြီး
အခန်း ၆၉၇ အားနည်းချက်တော့ ရှိကြတာပဲ
အခန်း ၆၉၈ ရောသမမွှေ
အခန်း ၇၀၀
အခန်း ၇၀၁
အခန်း ၇၀၂ သူလျှို
အခန်း ၇၀၃ အစစ်အမှန်ကို ဖော်ထုတ်
အခန်း ၇၀၄ ကသောင်းကနင်း
အခန်း ၇၀၅ အချိန်လုနေရတယ်
အခန်း ၇၀၆ ကိုယ်ပွားနှင့် ခွဲထွက်ခြင်း
အခန်း ၇၀၇
အခန်း ၇၀၈
အခန်း ၇၀၉
အခန်း ၇၁၀ စွမ်းအင်များ ထိတွေ့
အခန်း ၇၁၁ နိုင်တာလား ?
အခန်း ၇၁၂ တိုက်ပွဲတော့ ပြီးသွားပြီ
အခန်း ၇၁၃ နောက်ဆုံးပိတ်
Extra 1 : မစ်ရှင်
Extra 2 : အလစ်ဝင်တိုက်
Extra 3
အပိုင်းပို ၄ အစ်ကို နှင့် ညီ
အပိုင်းပို ၅ ဘယ်သူလဲ
အချပ်ပို ၆ လူသတ်မှု နောက်ကွယ်က အမှန်တရား
အချပ်ပို ၇ ယူမိသားစုအိမ်တွင်နေခြင်း
အချပ်ပို ၈ _ ညစာ
အချပ်ပို ၉ နောက်ထပ် အမှန်တရား
အချပ်ပို ၁၀
အချပ်ပို ၁၁ ပေါ်ကုန်ပြီ
အချပ်ပို ၁၂ မွှေကြမယ်
အချပ်ပို ၁၃ အမြောက်စာလေးကို တစ်စက္ကန့်နဲ့ အလဲထိုးမယ်
အချပ်ပို ၁၄ တွေ့ပြီ
အချပ်ပို ၁၅ ဟန်ဆောင်မှုနဲ့ အရယူမယ်
အချပ်ပို ၁၆ နိုင်ငံခြားမှာ အပန်းဖြေထွက်မယ်
အချပ်ပို ၁၇ ဖိုင်နယ်
အချပ်ပို ၁၈ ဘောလုံးအသင်း
ကျေးဇူးတင်လွှာ

အခန်း ၆၉၉

2.3K 485 23
By MayZuneOo

Chapter 699: Contract Problems

အခန္း ၆၉၉ ပဋိဥာဏ္ ျပႆနာ

သူတို႕ ေျပးၾကသည္မွာ အလြန္ျမန္ဆန္ေသာ္လည္း လင္းေရွာင္ က်င့္ၾကံေရး၀င္ေနသည့္ အခန္းမွာ ေပါက္ကြဲသြားေသးသည္။

သူတို႕၏ နန္းေတာ္ၾကီး၏ ေနရာစံုတြင္ ခ်ိတ္တံခါးမ်ိဳးစံု ရွိေလသည္။ တံခါးပိတ္ထားသည့္ အခန္း ေသးေသးေလးေတြေတာင္မွ မလြတ္ေပ။ ပ်က္စီးေနသည့္ အခန္းကို ၾကည့္ျပီး ယူေရွာင္းမို ေၾကာက္ရြံ႕မႈေၾကာင့္ တုန္ရီသြားသည္။ မေျပးမလာခင္ကတည္းက ခံစားမိႏိုင္သည့္ လြန္ကဲလွေသာ တုန္လႈပ္ေျခာက္ျခားဖြယ္ ၀ိဥာဏ္စြမ္းအင္ၾကိးမွာ ေလဒီယင္ မိမိကိုယ္ကို ဖ်တ္ဆီးရာမွ ထြက္လာသည့္ အဖ်တ္စြမ္းအင္ထက္ေတာင္မွ ယွဥ္ႏုိင္ေနေသးသည္။

လင္းမင္က ေကာင္းကင္ၾကီးကို မ်က္ႏွာမူကာ ေဒါသတၾကီးေအာ္ဟစ္လုိက္သည္။ သူ႕မ်က္စိေရွ႕တင္ ျဖစ္သြားတာေပမ ယ့္ ေျခလွမ္းေလး နည္းနည္း ေနာက္က်ခဲ့ရတာမို႕ ဘာမွကို မလုပ္ႏုိင္ပဲ သူ႕မ်က္စိေရွ႕မွာ သူ႕သား ဒီလို ျဖစ္သြားတာကို ၾကည့္ေနရသည္မို႕ သူ႕တစ္ကိုယ္လံုးကို ေဒါသမ်ားႏွင့္ ယူၾကံဳးမရျခင္းမ်ားကသာ ၾကီးစီးလို႕သြားရသည္။ လင္းကူကေတာ့ မည္သည့္ခံစားခ်က္မွ် မျပပဲ ျပိဳပ်က္ေနေသာ အခန္းကိုသာ ေငးေမာလို႕ေနသည္။

ထိုအခ်ိန္တြင္ မေက်မနပ္ ေရရြတ္သံတစ္ခု သူတို႕ေနာက္နားကေန ထြက္လို႕လာသည္။ အသံမွာ အားနည္းလွေသာ္လည္း ေျပာသူကေတာ့ ခြန္အားအျပည့္ အသက္ဓါတ္အျပည့္ၾကီးမွန္း သိသာလွသည္။ “လူက မေသေသးဘူးေနာ္ သိပ္ငိုခ်င္ေနၾကတာပဲလား”

လင္းမင္ႏွင္း လင္းကူမွာ မ်က္ႏွာၾကီး မည္းသည္းသြားသည္။ လိမၼာပါးနပ္လွျပီး ေျမေခြးလို လွည့္ကြက္မ်ိဳးစံု သံုးတတ္သည့္ ဥာဏ္ရည္ျမင့္အမ်ိဳးသားႏွစ္ေယာက္မွာ ေနရာမွာတင္ ေၾကာင္စီသြားေလသည္။ လက္ဖ်စ္တစ္တြတ္စာမွ်သာ အခ်ိန္ေလးပဲ ဆိုေပမယ့္သူတို႕ဘ၀တစ္ခုလံုး အတြက္ေတာ့ အမဲစက္ၾကီး တစ္ခုပင္။

“မင္း ေသာက္ေကာင္ေလး၊ ကိုယ့္ကိုကိုယ္ ေသေၾကာင္းၾကံေနတာလားဟင္။ မင္း ဘယ္လိုလုပ္ ဒီေလာက္ အႏၱရာယ္မ်ားတာကို လုပ္ရဲတာလဲ။ မင္းလို အဆင့္ေရာက္ေနတဲ့သူတစ္ေယာက္ရဲ႕ က်ရွံဳးမႈက ဘာဆိုတာ မင္း သိရဲ႕လား ဟင္၊ မင္း တစ္သက္လံုး ခ်ိနဲ႕သြားမွာကြ” လင္းမင္က ေၾကာင္စီေနတာကေန သတိျပန္လည္ကာ ေဒါသတၾကီးႏွင့္ ေငါက္ငန္းေတာ့သည္။

လင္းေရွာင္က သူ႕အေဖရဲ႕ တံေတြးေတြကို ေရွာင္ရင္းတိမ္းရင္းႏွင့္ တစ္စံုတစ္ေယာက္ႏွင့္ တုိက္မိသြားသည္။ သူ ခ်က္ခ်င္း အေနာက္လွည့္ကာ တစ္ဖက္လူကို ကိုင္ဆြဲျပီး ေျမျပင္ေပၚ ပစ္ခ်လိုက္သည္။

ယူေရွာင္းမိုမွာ ရွက္လြန္းလို႕ မ်က္ႏွာရဲတြတ္သြားရသည္။ လင္းေရွာင္ အသက္ကို ရင္းျပီး လုပ္လုိက္သည့္ အတြက္ ေဒါသထြက္ကာ သူထြက္ေျပးမည့္ လမ္းကို တားဆီးခ်င္တာမို႕ အေနာက္မွာ တိတ္တိတ္ေလး သြားရပ္ေနတာ တာ ျဖစ္သည္။ ဒါေတာင္မွ တစ္ဖက္သားကို မတားဆီးႏိုင္သည့္ အျပင္ ကိုင္ေပါက္ျခင္းေတာင္ ခံလိုက္ရသည္။

“မင္း… အဆင္ေျပရဲ႕လား” လင္းေရွာင္က သူ႕ကို ၾကည့္ျပီး ေမးလိုက္သည္။

ယူေရွာင္းမို “….”

သူတို႕ ႏွစ္ေယာက္ ေျပာစကားေတြက ဖလွယ္သင့္ေနျပီ ထင္သည္။

လင္းမင္ မ်က္ႏွာက ေနထိေသာ ပန္းလို ညိဳးသြားေလသည္။ သူ႕သားမက္၏ ထက္ျမက္ျခင္းေတြက တံလ်ပ္တစ္ခုအလားဟုေတာင္ ထင္မွတ္မိလိုက္ရသည္။ ဒါမွ မဟုတ္ သူ႕သားမက္ ထက္ျမတ္တာေတြက သူ႕သား လင္းေရွာင္ ေရွ႕မွာ အလုပ္မလုပ္တာမ်ားလား။ အဲဒိလို ေတြးမိေတာ့မွပင္ သူ အမွန္တရားကို သိသြားသလို ခံစားလိုက္ရသည္။ ယူခၽြင္ခ်ီ၏ သားက အထိန္းခ်ဳပ္ခံတစ္ေယာက္ ျဖစ္ျပီး ထိန္းခ်ဳပ္သူက သူ႕သား ျဖစ္ေပမယ့္ သူ ဒီမွာေတာ့ ေပ်ာ္မေန။

“ေကာင္စုတ္ေလး ေျပးဖို႕ မၾကိဳးစားနဲ႕။ ခုဏက ဘာျဖစ္တာလဲ”

လင္းေရွာင္က သူ႕အေဖကို မ်က္စိေထာင့္ကေန လွမ္းၾကည့္လုိက္သည္။ “သိျပီးသားမလား” အခုေလးတြင္ သူ ေဒါသတၾကီးႏွင့္ ေအာ္ဟစ္ေနကတည္းက သူဘာလုပ္လုိက္သည္ကို သိျပီးသား ျဖစ္မွာပင္။ သူ႕ဟန္ေဆာင္ေနတာ ဘယ္သူက ယံုမွာလဲ။

လင္းမင္ကလည္း သူ႕လွည့္ကြက္ထဲ ၀င္မသြားေပ။ “ငါမွ အဲဒိအခန္းထဲမွာ မရွိတာကြ။ မင္းအဲဒိမွာ ဘာလုပ္သလဲ ဆိုတာ ငါ ဘယ္လိုလုပ္ သိမွာလဲ? စကားလမ္းေၾကာင္းမလႊဲနဲ႕။ သိခ်င္တဲ့သူေတြ ေစာင့္ေနတယ္”

သိခ်င္တဲ့သူေတြဆိုတာကေတာ့ လင္းကူႏွင့္ ယူေရွာင္းမိုကို ေျပာတာ ျဖစ္ကာ သူတို႕ႏွစ္ေယာက္ကို စိုက္ၾကည့္ေနၾကသည္။

လင္းေရွာင္က တည္တံ့သြားကာ ေအးေအးေဆးေဆးႏွင့္ “စမ္းခ်င္တာေလး ရွိလို႕ လုပ္လုိက္တာေလ။ မေအာင္ျမင္ဘူး ဒါပဲ။ ကၽြန္ေတာ့္ကို ဘယ္လိုလူလို႕ ထင္ေနတာလဲ ကိုယ့္ဘ၀ေတာ့ ကိုယ္ဟာသ လုပ္မလား”

လင္းမင္က သူ႕အေျဖၾကီးမွာ ေျပာစရာ စကားေတြ ေပ်ာက္ရွကုန္သည္။ ဒါေပမယ့္ သူေျပာတာကလည္း အမွန္ပဲ ျဖစ္ေနျပန္သည္။ ဒီေကာင္ေလးက ထက္သည္။ ဒီတစ္ခုထဲႏွင့္ေတာ့ သူ႕ဘ၀ကို ေလာင္းေၾကးတင္မည့္သူ ေတာ့ မဟုတ္။ သို႕ေသာ္လည္း သူလုပ္လုိက္သည္ၾကီးကေတာ့ အလြန္အကၽြံ အႏၱရာယ္မ်ားလို႕ေနသည္။ ဒီေကာင္ေလး ဘာလုပ္ေနတာလဲ ဆိုသည္ကို သူ နားေတာ့ မလည္ေပမယ့္ ေကာင္းကင္ႏွင့္ ေျမၾကီးၾကားက တစ္စံုတစ္ခုေတာ့ အရာက လွည့္ေျပာင္းေနသလို ခံစားလိုက္ရသည္။ ထို႕ေနာက္တြင္ အခန္းၾကီးက ေပါက္ကြဲထြက္သြားေတာ့သည္။

“ဘာကိုပဲ စမ္းစမ္း ေနာက္ဆိုလဲ ဒီေလာက္ အႏၱရာယ္မ်ားတာေတြ မစမ္းေတာ့ဘူးလို႕ေတာ့ ငါတိုကလဲ ေမွ်ာ္လင့္တာပဲ။ မငး္ လုပ္မယ္ ဆိုရင္ေတာင္ ငါတို႕ကို အရင္ေတာ့ အသိေပး ဟုတ္ျပီလား” အသံတိတ္ေနသည့္ လင္းကူက ရုတ္တရုတ္ၾကီး ေတာင္းေတာင္းပန္ပန္ေလသံႏွင့္ ထေျပာလုိက္သည္။

လင္းေရွာင္၏ စရိုက္ကို နားအလည္ဆံုးသူ ကို ျပပါဆိုလွ်င္ သူ႕ကို ျပလို႕ရသည္။ လင္းေရွာင္မွာ သတိၱရွီျပီး ေခါင္းေၾကာမာသည္။ သူ႕စိတ္ထဲ တစ္ခုခု ရွိျပီ ဆိုပါက ဘယ္သူကမွ် ေျပာင္းလဲ လို႕ မရေတာ့ေပ။ အဲဒိေတာ့ သူတို႕လဲ ေနာက္ထပ္ နည္းလမ္းတစ္ခုခုကို ပဲ သံုးမွသာ ရမည္။ မဟုတ္လွ်င္ လင္းေရွာင္က သေဘာတူသည္ဟု ေျပာျပီး သူလုပ္ခ်င္ရာကို ထပ္လုပ္ဖို႕ တိတ္တိတ္ေလး ၾကိဳးစားေနဦးမွာပင္။

လင္းေရွာင္က လင္းကူကို ခဏေလာက္ စိုက္ၾကည့္ေနျပီးေတာ့မွ ေခါင္းညိမ့္ကာ “အင္း”

သူ ျပန္ေျဖသည္ကို ၾကားေတာ့ လင္းကူ ေပ်ာ္ရႊင္ျပီး အျပံဳးတစ္ခုေတာင္ ျဖစ္ေပၚလာသည္။ အထိတ္တလန္႕ေတြ ျဖစ္ျပီးမွေတာ့ လင္းကူလည္း နားပူနားဆာေတြ မလုပ္ခ်င္ေတာ့သည္ႏွင့္ ေပကတ္ကတ္လုပ္ေနသည့္ လင္းမင္ကို အတင္းဆြဲထုတ္ကာ သူတို႕ လင္လင္ ႏွစ္ေယာက္ကိုသာ ခ်န္ရစ္ခဲ့လိုက္ေတာ့သည္။

“ဘာေတြ လုပ္ေနတာလဲ” လင္းကူတို႕ ႏွစ္ေယာက္ ထြက္သြားသည္ကို ေစာင့္ျပီးမွ အံကိုၾကိတ္ကာ ဘာကိုမွ ထီမထင္သည့္ မ်က္ႏွာထားႏွင့္ လင္းေရွာင္ကို ေမးခြန္းထုတ္လုိက္သည္။ အေစာေလးက သူေတာ္ေတာ္လန္႕ျဖန္႕သြားတာ ျဖစ္သည္။ လင္းေရွာင္ အႏၱရာယ္ အရမ္းမ်ားတာကို လုပ္ဖို႕ ၾကိဳးစားေနမွန္း သူသိလွ်င္ အဲဒိတံခါးကို သူ ကန္ဖြင့္လို႕ ျပီးတာ ၾကာလွရွိေနျပီ။

လင္းေရွာင္က ယူေရွာင္းမို၏ ပခံုးကို အသာသိုင္းဖက္ကာ အေ၀းကိုေခၚထြက္သြားရင္းက သူ႕ရဲ႕ေဘာလံုးအသင္းကို အဲဒိေနရာအား ရွင္းလင္းရန္ အခ်က္ေပး လုိက္သည္။ သူ ရွင္းျပဖို႕အတြက္ သူတို႕ ႏွစ္ေယာက္တည္း ရွိမေနေသးေပ။

ျဒပ္စင္ငါးမ်ိဳး စလံုး သူကခႏၶာ ကိုယ္ထဲ ေပါင္းထဲ့ျပီး အကုန္လံုးကို ေအာင္ေအာင္ျမင္ျမင္ ေပါင္းစီးႏို္င္ရန္အတြက္ သားရဲငါးမ်ိဳးလံုး၏ ေသြးမ်ိဳးငါးသြယ္စလံုးကို အသံုးျပဳကာ တစ္ခုစီကို စုပ္ယူခဲ့ရသည္။ စုပ္ယူျခင္း တစ္ခုစီတုိင္း၏ ခက္ခဲမႈမွာ ေျပာမျပတတ္ေအာင္ ခက္ခဲလွေပမယ့္ အကုန္လံုးကို သူ စုပ္ယူလို႕ ရႏိုင္သြားကာ သူ႕ခႏၶာကိုယ္ ထဲကို ျဒပ္စင္ငါးခုစလံုးကို စုပ္ယူႏုိင္ခဲ့သည္။ သို႕ေသာ္လည္း ေပါင္းစီးျခင္းမွာ အလံုးစံုကို တစ္ခုတည္းအျဖစ္ ေအာင္ေအာင္ျမင္ျမင္ေပါင္းစီးျခင္းေတာ့ မျမည္ထိုက္ေပ။

ျဒပ္စင္ငါးမ်ိဳးစလံုးကို သူစုပ္ယူလိုျခင္း၏ အေၾကာင္းရင္းမွာ ထို ငါးမ်ိဳးကို တစ္ခုတည္းအျဖစ္ ေပါင္းစီးႏုိင္ရန္အတြက္ ေအာင္ျမင္ႏုိ္င္ေခ်ကို တိုးတက္ေစျခင္းေၾကာင့္ ျဖစ္သည္။ ထိုကဲ့သို႕ လုပ္ယူမွသာလွ်င္ ျဒပ္စင္မ်ား တစ္ခုႏွင့္ တစ္ခု တြန္းကန္ျခင္းကို အနိမ့္ဆံုး ေလ်ာ့ခ်ေပးႏုိင္လိမ့္မည္။

ကံမေကာင္းစြာႏွင့္ ပဲ သူမလုပ္ႏုိင္ခဲ့ေပ။

ျဒပ္စင္ႏွစ္ခုျဖင့္ သူၾကိဳးစားခဲ့ေပမယ့္ အခ်င္းခ်င္ တြန္းကန္လြန္းအားၾကီးလွသည္။ သူ႕က်င့္ၾကံဆင့္ေၾကာင့္လဲ ျဖစ္ႏုိင္ေသးသည္။ သူသာ ၾကယ္ခုနစ္ပြင့္ အဆင့္ကို အျပည့္အ၀ ေရာက္ရွိဖို႕ လိုသည္ဟုလဲ မွန္းမိတာေၾကာင့္ အခုလက္ရွိ အေရးအၾကီးဆံုး အရာမွာ ၾကယ္ခုနစ္ပြင့္ အဆင့္ေရာက္ဖို႕ ျဖစ္ေနသည္။

“အကို….ကေတာ့ ေလးေလးကူ ေျပာတာ မွန္တယ္။ အႏၱရာယ္မ်ားတာ ေနာက္ထပ္ လုပ္မယ္ဆိုရင္ ကၽြန္ေတာ့္ကို အရင္ဆံုး ေျပာျပေတာ့။ အဲဒါမွ ကိုယ့္ကိုကိုယ္ အရင္ ျပင္ဆင္ထားလို႕ ရမွာ” ယူေရွာင္းမိုက တိတ္က်သြားျပီးမွ ေျပာလုိက္သည္။

လင္းေရွာင္က မ်က္ခံုးပင္ကာ “ဘာကို ျပင္ဆင္မလို႕လဲ”

ယူေရွာင္းမိုက ေခါင္းညိမ့္ကာ လင္းေရွာင္၏ မ်က္လံုးထဲကို စိုက္ၾကည့္ကာ ေျပာလုိက္သည္။ “ျပင္ရမွာေပါ့။ ေယာက်္ားက တကယ္ၾကီး မေတာ္တဆ ေသသြားရင္ ေနာက္တစ္ပင္ ထူရမွာေပ့ါ” 

လင္းေရွာင္ “…..”

ေလာကၾကီး တစ္ခုလံုးက အပ္က်သံမၾကားရေအာင္ တိတ္ဆိတ္လုိ႕ သြားသည္။

လင္းေရွာင္ ရုတ္တရတ္ ျပံဳးလုိ္က္ေလသည္။ အဲဒိမွာတင္ ယူေရွာင္းမို ေျပးေလျပီ။

နာရီ၀က္အၾကာမွာေတာ့ ပထမသစ္ပင္ ဆိုသူၾကီးက ေနာက္တစ္ပင္ ထူဖို႕ ၾကိဳးစားေနသူ လူငယ္ေလး တစ္ေယာက္ကို ခ်ီကာ သူတို႕ အခန္းကို ခ်ီတက္ေလသည္။ သိပ္အၾကာေသာ အခ်ိန္မွာပဲ ညီးညဴသံမ်ား ေတာင္းပန္သံမ်ား အခန္းထဲက ထြက္လာကာ အသံမ်ား ေပၚလာလုိက္ ေပ်ာက္သြားလိုက္ႏွင့္ လံုးလံုး တိတ္ဆိတ္သြားရန္ အခ်ိန္ ေလးနာရီ ၾကာျမင့္လို႕ သြားရသည္။ ေနာက္ထပ္ နာရီ၀က္အၾကာမွေတာ့ ေနာက္တစ္ေခါက္ အသံမ်ား ထပ္ထြက္လာကာ တိတ္သြားလိုက္ ထြက္လာလုိက္ႏွင့္ ေနာက္တစ္ေန႕ မိုးလင္းလို႕ သြားေလေတာ့သည္….

အခန္းထဲက ထြက္လာသင့္သည့္ သူတစ္ေယာက္ အခန္းထဲက ထြက္မလာသည့္ အေပၚမွာေတာ့ နန္းေတာ္ထဲမွ လူအမ်ားက အံ့ၾသမေနပဲ အခ်င္းခ်င္းသာ အၾကည့္ခ်င္း ဖလွယ္လို႕ ေနၾကသည္။ တစ္ခ်ိန္တည္းမွာပင္ ယူေရွာင္းမိုကေတာ့ အိမ္မက္ထဲမွာကို လင္းေရွာင္၏ ၾကမ္းတမ္းမႈအတြက္ က်ိန္ဆဲလို႕ေနသည္။ သူက ေနာက္ရံုေလး ေနာက္လုိက္သည္ကို ဒီလို ခပ္ၾကမ္းၾကမ္း ဆက္ဆံဖို႕ လိုသလား? ေန႕ခင္းၾကီးမွာ စလုိက္သည္က ေနာက္တစ္ရက္၏ သန္းေခါင္ယံအထိေတာင္မွ မရပ္နားခဲ့ေပ။

ေန႕လည္ပိုင္းတြင္ေတာ့ ေသြးေစြးနီမ်ိဳးႏြယ္စုတြင္ အရွဳပ္မ်ား သြားရွင္းေနရသည့္ ယူခၽြင္ခ်ီထံမွ ပို႕လိုက္ေသာ သတင္းစကား ေရာက္လို႕လာသည္။

လေလး အနည္းငယ္ အတြင္းမွာပင္ ေသြးေစြးနီမ်ိဳးႏြယ္စု အတြင္းရွိ အေျခအေနမ်ားကို တည္ျငိမ္သြားေအာင္ သူလုပ္ႏုိ္င္ခဲ့သည္။ ယူက်န္ထ်န္း' သားသံုးေယာက္မွာ ျဖစ္သမွ်ကိစၥမ်ားကို လက္မခံႏုိင္ေသးေပမယ့္ သူတို႕ပုန္ကန္သမွ်ကို ထ်န္းေကြ႕မွ အလ်င္အျမန္ ဖိႏွိမ္ထားလိုက္ႏိုင္သည္။ ႏွစ္ေယာက္ ေပါင္းတုိက္လွ်င္ေတာင္မွ ထ်န္းေကြ႕ကို ႏုိင္ေအာင္ မတိုက္ႏိုင္ၾက။

ယူေရွာင္းမို မွန္းထားသည့္ အတိုင္းပင္ ယူခၽြင္ခ်ီ၏ ယူမိသားစု၀င္ဆိုသည့္ အခ်က္ေၾကာင့္ မ်ိုးႏြယ္စုေခါင္ေဆာင္ ရာထူးကို မ်က္စိက်ေနသည့္ ယူက်န္ထ်န္း၏ သားသံုးေယာက္လႊဲလွ်င္ အျခားသူမ်ားက ယူခၽြင္ခ်ီကိုသာ လိုလုိလားလား ေပးခ်င္ၾကသည္။

သူတို႕၏ စိတ္ထဲမွ သစၥာေစာင့္သိမႈကို ဖယ္ကာ မသိသာလွေအာင္ ပုန္းကြယ္ခဲ့ေနခဲ့သူမ်ားႏွင့္ တစ္ခ်ိန္တုန္းက ယူခၽြင္ခ်ီဖက္မွ ရပ္တည္ေပးခဲ့ၾကသူမ်ား အားလံုးက သူ႕ကို ေထာက္ခံၾကသည္။ ယူက်န္ထ်န္း၏ သားမ်ား ေျမးမ်ား အေနႏွင့္ ကေတာ့ ခ်န္မဟာမိတ္ႏွင့္ ဆန္႕က်င္ျပီး တုိက္ပြဲ၀င္ခဲ့ကတည္းက လူအမ်ား၏ ယံုၾကည္မႈေရာ အဆင့္ေနရာမ်ားပါ ဆံုးရွံဳးျပီး ျဖစ္သည္။ ထုိသူမ်ား၏ လက္ေအာက္တြင္ လက္ေအာက္ခံမ်ား ရွိေနေသးလွ်င္ေတာင္ အထြတ္အျမတ္အဆင့္ သိုင္းသမား မရွိသည့္ အတြက္ေၾကာင့္ လုပ္ခ်င္လွ်င္ေတာင္မွ လုပ္ႏုိ္င္စြမ္း မရွိၾကေတာ့။

ဒီလိုႏွင့္ ယူခၽြင္ခ်ီက ေသြးေစြးနီမ်ိဳးႏြယ္စု အတြင္း အားသာခ်က္ကို ထိန္းထားႏုိင္လိုက္သည္။ အခုဆိုလွ်င္ ယူခၽြင္ခ်ီက သူ႕သား အၾကံေပးသလို မိသားစုေခါင္းေဆာင္အျဖစ္ ဆက္ခံေပးႏုိင္မည့္သူကို ရွာဖို႕ ၾကိဳးစားေနေပမယ့္ ခက္ခဲလို႕ ေနေသးသည္။

ျဖစ္ရသည့္ အေၾကာင္းရင္းမွာလည္း ယူက်န္းထ်န္းေၾကာင့္ ျဖစ္ရတာပင္။ ယူက်န္ထ်န္းက တစ္ကိုယ္ေကာင္း ဆန္လွသည္။ သူ႕ ရည္မွန္းခ်က္ ေရာက္ေအာင္ ဘယ္အရာမဆို လုပ္သည္။ သူ၏ ရက္စက္မႈၾကီးက သူ႕မ်ိဳးႏြယ္တူ အမိ်းေတာင္ မလြတ္ေပ။ သူ႕ေသြးသားမ်ားသာ ေသြးေစြးနီမ်ိဳးႏြယ္စုအတြက္ ထိန္းခ်ဳပ္ႏုိင္ႏုိင္ျပီး အသာစီး ရရွိႏိုင္ရန္ အတြက္ ယူမိသားစု အတြင္းမွ အျခားသူမ်ားကို အကုန္လံုး ဖိႏွိပ္လို႕ ထားေလသည္။

ရလာဒ္အေနႏွင့္ ကေတာ့ သူတို႕ မ်ိဳးႏြယ္စုထဲမွ ခၽြင္းခ်က္ရွိေသာ သူမ်ားမွ မပ က်န္သူမ်ားမွာ ငယ္ရြယ္စဥ္အခ်ိန္အတြင္း သင့္ေတာ္သည့္ ေထာက္ပံ့မႈႏွင့္ လမ္းညႊန္မႈမ်ား မရရွိလုိက္ပဲ အရြယ္ေကာင္း မ်ား လြန္သြားရေတာ့သည္။ ဘယ္ေလာက္ပဲ အလားအလာရွိေနပါေစ အသက္ၾကီးလာသည့္ အခါမွာေတာ့ သာမာန္မွ်သာ ျဖစ္သြားရသည္။

ယူခၽြင္ခ်ီမွာ အခုဆိုလွ်င္ ေတာ္ေတာ္ၾကီးကို စိတ္ပ်က္လို႕ ေနသည္။ သူ႕ေနရာကို ဆက္ခံရန္အတြက္ ဒီသာမာန္ေလာက္သာ အစြမ္းရွိသည့္ သူမ်ားထဲမွ ရွာေတြ႕ဖို႕ ဆိုသည္မွာ ခက္ခဲလြန္းလွသည္။ အလားအလာေကာင္း မရွိ၊ က်င့္ၾကံဆင့္ေကာင္းမရွိပဲ ကိုယ့္စကားကို သူမ်ား နားေထာင္ရန္ လုပ္လို႕ မရႏုိ္င္ေပ။ တစ္ခုတည္းေသာ နည္းလမ္းမွာ ဟို အစကေန ျပန္စဖို႕သာ ရွိသည္။ သို႕ေသာ္လည္း ၾကံစည္သမွ် ေအာင္ျမင္ပါ့မလား ဆိုတာေကာ ဘယ္သူက ေျပာႏုိင္ပါမည္နည္း။

ယူခၽြင္ခ်ီမွာ ေခါင္းေတြ ကိုက္ခဲလို႕ေနသည္။ အဲဒိေတာ့မွသာ သူ႕သား လွည့္စားတာ ခံလုိက္ရမွန္း သေဘာေပါက္သြားတာမို႕ သူ႕သတင္းစကားကို လာပါးသည့္ လူထံတြင္ သူ႕မေက်နပ္မႈမ်ားပါ ထည့္ေရးေပးလုိက္သည္။

ဆက္ခံသူ တစ္ေယာက္ ျပဳစု ပ်ိဳးေထာင္ျခင္းမွာ မလြယ္ကူမွန္း ယူေရွာင္းမိုလည္း သိပ္ပါသည္။ ထို႕အတြက္ ေၾကာင့္ပဲ သူ႕အေဖက လူကိုယ္တုိင္ လာေရာက္ျပီး မပြမ္တာကို ေက်းဇူး အထူးတင္မိေနသည္။ သူလဲ သတင္းစကား လာပါးသူႏွင့္ ျပန္ကာ သူ႕အေဖကို ျပန္ေခ်ာ့သည့္စာကို ထည့္ေပးလုိက္ကာ လင္းေရွာင္၏ အေဖကို ေပးဖို႕ ရည္ရြယ္ထားသည့္ သက္တန္႕အဆင့္ ေဆးႏွစ္လံုး ေပးကာ ေခၽြးသိပ္ေပးလိုက္သည္။

ေနာက္ ရက္အနည္းငယ္ အၾကာတြင္ အခ်ိန္ေတြ အၾကာၾကီး အဆက္အသြယ္ျပတ္ေနသည့္ ေရွာင္က်ီထံမွ စကားျပန္ကို ရခဲ့ၾကသည္။ က်ီယြမ္လန္၏ ေသဆံုးမႈမွာ လင္းေရွာက္ယီေၾကာင့္ ဆိုသည့္ အေၾကာင္း သိျပီးေနာက္မွာေတာ့ က်ီဟယ္က သူတို႕ကို အာရံုစိုက္ေနျခင္းကို ရပ္တန္႕လိုက္ကာ ပင့္ကူနက္အဖြဲ႕အတြက္သာ အာရံုစိုက္ေတာ့သည္။ သူသည္လည္းပဲ က်ီနင္ယြီကို ဒုကၡေပးေနတာေတြ ရပ္တန္႕လိုက္သည္။

သိပ္မၾကာခင္ေလးကမွ ေရွာင္က်ီ၏ က်င့္ၾကံဆင့္မွာ အဆင့္ဆယ့္တစ္ ၾကယ္ခုနစ္ပြင့္သို႕ ေရာက္ရွိသြားကာ ယူေရွာင္းမို၏ ေဘာလံုးအသင္းထဲတြင္ အျမင့္ဆံုးေသာ က်င့္ၾကံဆင့္ႏွင့္ အခ်ိန္အတိုဆံုး ဆိုသည့္ ဘြဲ႕ကို ရရွိသြားေလသည္။ သူ၏ အဆင့္ႏွင့္ ဆိုလွ်င္ ဖီးနစ္မ်ိဳးႏြယ္စု ေတာင္ၾကားအရွင္ ရာထူး ဆက္ခံခြင့္ ရွိေနျပီ ျဖစ္ေသာ္လည္း လက္ရွိေတာင္ၾကားအရွင္မွာ ေရွာင္က်ီႏွင့္ ယူေရွာင္းမို အၾကားမွ ပဋိဥာဏ္ကို ဖ်တ္သိမ္းေစခ်င္ေနသည္။ ထို႕အတြက္ သူတို႕ ႏွစ္ေယာက္ႏွင့္ ေတြ႕ဆံုစကားေျပာရန္အတြက္အၾကီးအကဲက်ီ၀မ္ ဆံုးျဖတ္လုိက္သည္။

Uni

Chapter 699: Contract Problems

အခန်း ၆၉၉ ပဋိဥာဏ် ပြဿနာ

သူတို့ ပြေးကြသည်မှာ အလွန်မြန်ဆန်သော်လည်း လင်းရှောင် ကျင့်ကြံရေးဝင်နေသည့် အခန်းမှာ ပေါက်ကွဲသွားသေးသည်။

သူတို့၏ နန်းတော်ကြီး၏ နေရာစုံတွင် ချိတ်တံခါးမျိုးစုံ ရှိလေသည်။ တံခါးပိတ်ထားသည့် အခန်း သေးသေးလေးတွေတောင်မှ မလွတ်ပေ။ ပျက်စီးနေသည့် အခန်းကို ကြည့်ပြီး ယူရှောင်းမို ကြောက်ရွံ့မှုကြောင့် တုန်ရီသွားသည်။ မပြေးမလာခင်ကတည်းက ခံစားမိနိုင်သည့် လွန်ကဲလှသော တုန်လှုပ်ခြောက်ခြားဖွယ် ၀ိဥာဏ်စွမ်းအင်ကြိးမှာ လေဒီယင် မိမိကိုယ်ကို ဖျတ်ဆီးရာမှ ထွက်လာသည့် အဖျတ်စွမ်းအင်ထက်တောင်မှ ယှဉ်နိုင်နေသေးသည်။

လင်းမင်က ကောင်းကင်ကြီးကို မျက်နှာမူကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ့မျက်စိရှေ့တင် ဖြစ်သွားတာပေမ ယ့် ခြေလှမ်းလေး နည်းနည်း နောက်ကျခဲ့ရတာမို့ ဘာမှကို မလုပ်နိုင်ပဲ သူ့မျက်စိရှေ့မှာ သူ့သား ဒီလို ဖြစ်သွားတာကို ကြည့်နေရသည်မို့ သူ့တစ်ကိုယ်လုံးကို ဒေါသများနှင့် ယူကြုံးမရခြင်းများကသာ ကြီးစီးလို့သွားရသည်။ လင်းကူကတော့ မည်သည့်ခံစားချက်မျှ မပြပဲ ပြိုပျက်နေသော အခန်းကိုသာ ငေးမောလို့နေသည်။

ထိုအချိန်တွင် မကျေမနပ် ရေရွတ်သံတစ်ခု သူတို့နောက်နားကနေ ထွက်လို့လာသည်။ အသံမှာ အားနည်းလှသော်လည်း ပြောသူကတော့ ခွန်အားအပြည့် အသက်ဓါတ်အပြည့်ကြီးမှန်း သိသာလှသည်။ “လူက မသေသေးဘူးနော် သိပ်ငိုချင်နေကြတာပဲလား”

လင်းမင်နှင်း လင်းကူမှာ မျက်နှာကြီး မည်းသည်းသွားသည်။ လိမ္မာပါးနပ်လှပြီး မြေခွေးလို လှည့်ကွက်မျိုးစုံ သုံးတတ်သည့် ဥာဏ်ရည်မြင့်အမျိုးသားနှစ်ယောက်မှာ နေရာမှာတင် ကြောင်စီသွားလေသည်။ လက်ဖျစ်တစ်တွတ်စာမျှသာ အချိန်လေးပဲ ဆိုပေမယ့်သူတို့ဘ၀တစ်ခုလုံး အတွက်တော့ အမဲစက်ကြီး တစ်ခုပင်။

“မင်း သောက်ကောင်လေး၊ ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတာလားဟင်။ မင်း ဘယ်လိုလုပ် ဒီလောက် အန္တရာယ်များတာကို လုပ်ရဲတာလဲ။ မင်းလို အဆင့်ရောက်နေတဲ့သူတစ်ယောက်ရဲ့ ကျရှုံးမှုက ဘာဆိုတာ မင်း သိရဲ့လား ဟင်၊ မင်း တစ်သက်လုံး ချိနဲ့သွားမှာကွ” လင်းမင်က ကြောင်စီနေတာကနေ သတိပြန်လည်ကာ ဒေါသတကြီးနှင့် ငေါက်ငန်းတော့သည်။

လင်းရှောင်က သူ့အဖေရဲ့ တံတွေးတွေကို ရှောင်ရင်းတိမ်းရင်းနှင့် တစ်စုံတစ်ယောက်နှင့် တိုက်မိသွားသည်။ သူ ချက်ချင်း အနောက်လှည့်ကာ တစ်ဖက်လူကို ကိုင်ဆွဲပြီး မြေပြင်ပေါ် ပစ်ချလိုက်သည်။

ယူရှောင်းမိုမှာ ရှက်လွန်းလို့ မျက်နှာရဲတွတ်သွားရသည်။ လင်းရှောင် အသက်ကို ရင်းပြီး လုပ်လိုက်သည့် အတွက် ဒေါသထွက်ကာ သူထွက်ပြေးမည့် လမ်းကို တားဆီးချင်တာမို့ အနောက်မှာ တိတ်တိတ်လေး သွားရပ်နေတာ တာ ဖြစ်သည်။ ဒါတောင်မှ တစ်ဖက်သားကို မတားဆီးနိုင်သည့် အပြင် ကိုင်ပေါက်ခြင်းတောင် ခံလိုက်ရသည်။

“မင်း… အဆင်ပြေရဲ့လား” လင်းရှောင်က သူ့ကို ကြည့်ပြီး မေးလိုက်သည်။

ယူရှောင်းမို “….”

သူတို့ နှစ်ယောက် ပြောစကားတွေက ဖလှယ်သင့်နေပြီ ထင်သည်။

လင်းမင် မျက်နှာက နေထိသော ပန်းလို ညိုးသွားလေသည်။ သူ့သားမက်၏ ထက်မြက်ခြင်းတွေက တံလျပ်တစ်ခုအလားဟုတောင် ထင်မှတ်မိလိုက်ရသည်။ ဒါမှ မဟုတ် သူ့သားမက် ထက်မြတ်တာတွေက သူ့သား လင်းရှောင် ရှေ့မှာ အလုပ်မလုပ်တာများလား။ အဲဒိလို တွေးမိတော့မှပင် သူ အမှန်တရားကို သိသွားသလို ခံစားလိုက်ရသည်။ ယူချွင်ချီ၏ သားက အထိန်းချုပ်ခံတစ်ယောက် ဖြစ်ပြီး ထိန်းချုပ်သူက သူ့သား ဖြစ်ပေမယ့် သူ ဒီမှာတော့ ပျော်မနေ။

“ကောင်စုတ်လေး ပြေးဖို့ မကြိုးစားနဲ့။ ခုဏက ဘာဖြစ်တာလဲ”

လင်းရှောင်က သူ့အဖေကို မျက်စိထောင့်ကနေ လှမ်းကြည့်လိုက်သည်။ “သိပြီးသားမလား” အခုလေးတွင် သူ ဒေါသတကြီးနှင့် အော်ဟစ်နေကတည်းက သူဘာလုပ်လိုက်သည်ကို သိပြီးသား ဖြစ်မှာပင်။ သူ့ဟန်ဆောင်နေတာ ဘယ်သူက ယုံမှာလဲ။

လင်းမင်ကလည်း သူ့လှည့်ကွက်ထဲ ၀င်မသွားပေ။ “ငါမှ အဲဒိအခန်းထဲမှာ မရှိတာကွ။ မင်းအဲဒိမှာ ဘာလုပ်သလဲ ဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ? စကားလမ်းကြောင်းမလွှဲနဲ့။ သိချင်တဲ့သူတွေ စောင့်နေတယ်”

သိချင်တဲ့သူတွေဆိုတာကတော့ လင်းကူနှင့် ယူရှောင်းမိုကို ပြောတာ ဖြစ်ကာ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေကြသည်။

လင်းရှောင်က တည်တံ့သွားကာ အေးအေးဆေးဆေးနှင့် “စမ်းချင်တာလေး ရှိလို့ လုပ်လိုက်တာလေ။ မအောင်မြင်ဘူး ဒါပဲ။ ကျွန်တော့်ကို ဘယ်လိုလူလို့ ထင်နေတာလဲ ကိုယ့်ဘ၀တော့ ကိုယ်ဟာသ လုပ်မလား”

လင်းမင်က သူ့အဖြေကြီးမှာ ပြောစရာ စကားတွေ ပျောက်ရှကုန်သည်။ ဒါပေမယ့် သူပြောတာကလည်း အမှန်ပဲ ဖြစ်နေပြန်သည်။ ဒီကောင်လေးက ထက်သည်။ ဒီတစ်ခုထဲနှင့်တော့ သူ့ဘ၀ကို လောင်းကြေးတင်မည့်သူ တော့ မဟုတ်။ သို့သော်လည်း သူလုပ်လိုက်သည်ကြီးကတော့ အလွန်အကျွံ အန္တရာယ်များလို့နေသည်။ ဒီကောင်လေး ဘာလုပ်နေတာလဲ ဆိုသည်ကို သူ နားတော့ မလည်ပေမယ့် ကောင်းကင်နှင့် မြေကြီးကြားက တစ်စုံတစ်ခုတော့ အရာက လှည့်ပြောင်းနေသလို ခံစားလိုက်ရသည်။ ထို့နောက်တွင် အခန်းကြီးက ပေါက်ကွဲထွက်သွားတော့သည်။

“ဘာကိုပဲ စမ်းစမ်း နောက်ဆိုလဲ ဒီလောက် အန္တရာယ်များတာတွေ မစမ်းတော့ဘူးလို့တော့ ငါတိုကလဲ မျှော်လင့်တာပဲ။ မင်း လုပ်မယ် ဆိုရင်တောင် ငါတို့ကို အရင်တော့ အသိပေး ဟုတ်ပြီလား” အသံတိတ်နေသည့် လင်းကူက ရုတ်တရုတ်ကြီး တောင်းတောင်းပန်ပန်လေသံနှင့် ထပြောလိုက်သည်။

လင်းရှောင်၏ စရိုက်ကို နားအလည်ဆုံးသူ ကို ပြပါဆိုလျှင် သူ့ကို ပြလို့ရသည်။ လင်းရှောင်မှာ သတ္တိရှီပြီး ခေါင်းကြောမာသည်။ သူ့စိတ်ထဲ တစ်ခုခု ရှိပြီ ဆိုပါက ဘယ်သူကမျှ ပြောင်းလဲ လို့ မရတော့ပေ။ အဲဒိတော့ သူတို့လဲ နောက်ထပ် နည်းလမ်းတစ်ခုခုကို ပဲ သုံးမှသာ ရမည်။ မဟုတ်လျှင် လင်းရှောင်က သဘောတူသည်ဟု ပြောပြီး သူလုပ်ချင်ရာကို ထပ်လုပ်ဖို့ တိတ်တိတ်လေး ကြိုးစားနေဦးမှာပင်။

လင်းရှောင်က လင်းကူကို ခဏလောက် စိုက်ကြည့်နေပြီးတော့မှ ခေါင်းညိမ့်ကာ “အင်း”

သူ ပြန်ဖြေသည်ကို ကြားတော့ လင်းကူ ပျော်ရွှင်ပြီး အပြုံးတစ်ခုတောင် ဖြစ်ပေါ်လာသည်။ အထိတ်တလန့်တွေ ဖြစ်ပြီးမှတော့ လင်းကူလည်း နားပူနားဆာတွေ မလုပ်ချင်တော့သည်နှင့် ပေကတ်ကတ်လုပ်နေသည့် လင်းမင်ကို အတင်းဆွဲထုတ်ကာ သူတို့ လင်လင် နှစ်ယောက်ကိုသာ ချန်ရစ်ခဲ့လိုက်တော့သည်။

“ဘာတွေ လုပ်နေတာလဲ” လင်းကူတို့ နှစ်ယောက် ထွက်သွားသည်ကို စောင့်ပြီးမှ အံကိုကြိတ်ကာ ဘာကိုမှ ထီမထင်သည့် မျက်နှာထားနှင့် လင်းရှောင်ကို မေးခွန်းထုတ်လိုက်သည်။ အစောလေးက သူတော်တော်လန့်ဖြန့်သွားတာ ဖြစ်သည်။ လင်းရှောင် အန္တရာယ် အရမ်းများတာကို လုပ်ဖို့ ကြိုးစားနေမှန်း သူသိလျှင် အဲဒိတံခါးကို သူ ကန်ဖွင့်လို့ ပြီးတာ ကြာလှရှိနေပြီ။

လင်းရှောင်က ယူရှောင်းမို၏ ပခုံးကို အသာသိုင်းဖက်ကာ အဝေးကိုခေါ်ထွက်သွားရင်းက သူ့ရဲ့ဘောလုံးအသင်းကို အဲဒိနေရာအား ရှင်းလင်းရန် အချက်ပေး လိုက်သည်။ သူ ရှင်းပြဖို့အတွက် သူတို့ နှစ်ယောက်တည်း ရှိမနေသေးပေ။

ဒြပ်စင်ငါးမျိုး စလုံး သူကခန္ဓာ ကိုယ်ထဲ ပေါင်းထဲ့ပြီး အကုန်လုံးကို အောင်အောင်မြင်မြင် ပေါင်းစီးနိုင်ရန်အတွက် သားရဲငါးမျိုးလုံး၏ သွေးမျိုးငါးသွယ်စလုံးကို အသုံးပြုကာ တစ်ခုစီကို စုပ်ယူခဲ့ရသည်။ စုပ်ယူခြင်း တစ်ခုစီတိုင်း၏ ခက်ခဲမှုမှာ ပြောမပြတတ်အောင် ခက်ခဲလှပေမယ့် အကုန်လုံးကို သူ စုပ်ယူလို့ ရနိုင်သွားကာ သူ့ခန္ဓာကိုယ် ထဲကို ဒြပ်စင်ငါးခုစလုံးကို စုပ်ယူနိုင်ခဲ့သည်။ သို့သော်လည်း ပေါင်းစီးခြင်းမှာ အလုံးစုံကို တစ်ခုတည်းအဖြစ် အောင်အောင်မြင်မြင်ပေါင်းစီးခြင်းတော့ မမြည်ထိုက်ပေ။

ဒြပ်စင်ငါးမျိုးစလုံးကို သူစုပ်ယူလိုခြင်း၏ အကြောင်းရင်းမှာ ထို ငါးမျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစီးနိုင်ရန်အတွက် အောင်မြင်နိုင်ချေကို တိုးတက်စေခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ လုပ်ယူမှသာလျှင် ဒြပ်စင်များ တစ်ခုနှင့် တစ်ခု တွန်းကန်ခြင်းကို အနိမ့်ဆုံး လျော့ချပေးနိုင်လိမ့်မည်။

ကံမကောင်းစွာနှင့် ပဲ သူမလုပ်နိုင်ခဲ့ပေ။

ဒြပ်စင်နှစ်ခုဖြင့် သူကြိုးစားခဲ့ပေမယ့် အချင်းချင် တွန်းကန်လွန်းအားကြီးလှသည်။ သူ့ကျင့်ကြံဆင့်ကြောင့်လဲ ဖြစ်နိုင်သေးသည်။ သူသာ ကြယ်ခုနစ်ပွင့် အဆင့်ကို အပြည့်အ၀ ရောက်ရှိဖို့ လိုသည်ဟုလဲ မှန်းမိတာကြောင့် အခုလက်ရှိ အရေးအကြီးဆုံး အရာမှာ ကြယ်ခုနစ်ပွင့် အဆင့်ရောက်ဖို့ ဖြစ်နေသည်။

“အကို….ကတော့ လေးလေးကူ ပြောတာ မှန်တယ်။ အန္တရာယ်များတာ နောက်ထပ် လုပ်မယ်ဆိုရင် ကျွန်တော့်ကို အရင်ဆုံး ပြောပြတော့။ အဲဒါမှ ကိုယ့်ကိုကိုယ် အရင် ပြင်ဆင်ထားလို့ ရမှာ” ယူရှောင်းမိုက တိတ်ကျသွားပြီးမှ ပြောလိုက်သည်။

လင်းရှောင်က မျက်ခုံးပင်ကာ “ဘာကို ပြင်ဆင်မလို့လဲ”

ယူရှောင်းမိုက ခေါင်းညိမ့်ကာ လင်းရှောင်၏ မျက်လုံးထဲကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ပြင်ရမှာပေါ့။ ယောက်ျားက တကယ်ကြီး မတော်တဆ သေသွားရင် နောက်တစ်ပင် ထူရမှာပေ့ါ” 

လင်းရှောင် “…..”

လောကကြီး တစ်ခုလုံးက အပ်ကျသံမကြားရအောင် တိတ်ဆိတ်လို့ သွားသည်။

လင်းရှောင် ရုတ်တရတ် ပြုံးလိုက်လေသည်။ အဲဒိမှာတင် ယူရှောင်းမို ပြေးလေပြီ။

နာရီဝက်အကြာမှာတော့ ပထမသစ်ပင် ဆိုသူကြီးက နောက်တစ်ပင် ထူဖို့ ကြိုးစားနေသူ လူငယ်လေး တစ်ယောက်ကို ချီကာ သူတို့ အခန်းကို ချီတက်လေသည်။ သိပ်အကြာသော အချိန်မှာပဲ ညီးညူသံများ တောင်းပန်သံများ အခန်းထဲက ထွက်လာကာ အသံများ ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် လုံးလုံး တိတ်ဆိတ်သွားရန် အချိန် လေးနာရီ ကြာမြင့်လို့ သွားရသည်။ နောက်ထပ် နာရီဝက်အကြာမှတော့ နောက်တစ်ခေါက် အသံများ ထပ်ထွက်လာကာ တိတ်သွားလိုက် ထွက်လာလိုက်နှင့် နောက်တစ်နေ့ မိုးလင်းလို့ သွားလေတော့သည်….

အခန်းထဲက ထွက်လာသင့်သည့် သူတစ်ယောက် အခန်းထဲက ထွက်မလာသည့် အပေါ်မှာတော့ နန်းတော်ထဲမှ လူအများက အံ့သြမနေပဲ အချင်းချင်းသာ အကြည့်ချင်း ဖလှယ်လို့ နေကြသည်။ တစ်ချိန်တည်းမှာပင် ယူရှောင်းမိုကတော့ အိမ်မက်ထဲမှာကို လင်းရှောင်၏ ကြမ်းတမ်းမှုအတွက် ကျိန်ဆဲလို့နေသည်။ သူက နောက်ရုံလေး နောက်လိုက်သည်ကို ဒီလို ခပ်ကြမ်းကြမ်း ဆက်ဆံဖို့ လိုသလား? နေ့ခင်းကြီးမှာ စလိုက်သည်က နောက်တစ်ရက်၏ သန်းခေါင်ယံအထိတောင်မှ မရပ်နားခဲ့ပေ။

နေ့လည်ပိုင်းတွင်တော့ သွေးစွေးနီမျိုးနွယ်စုတွင် အရှုပ်များ သွားရှင်းနေရသည့် ယူချွင်ချီထံမှ ပို့လိုက်သော သတင်းစကား ရောက်လို့လာသည်။

လလေး အနည်းငယ် အတွင်းမှာပင် သွေးစွေးနီမျိုးနွယ်စု အတွင်းရှိ အခြေအနေများကို တည်ငြိမ်သွားအောင် သူလုပ်နိုင်ခဲ့သည်။ ယူကျန်ထျန်း' သားသုံးယောက်မှာ ဖြစ်သမျှကိစ္စများကို လက်မခံနိုင်သေးပေမယ့် သူတို့ပုန်ကန်သမျှကို ထျန်းကွေ့မှ အလျင်အမြန် ဖိနှိမ်ထားလိုက်နိုင်သည်။ နှစ်ယောက် ပေါင်းတိုက်လျှင်တောင်မှ ထျန်းကွေ့ကို နိုင်အောင် မတိုက်နိုင်ကြ။

ယူရှောင်းမို မှန်းထားသည့် အတိုင်းပင် ယူချွင်ချီ၏ ယူမိသားစုဝင်ဆိုသည့် အချက်ကြောင့် မျိုးနွယ်စုခေါင်ဆောင် ရာထူးကို မျက်စိကျနေသည့် ယူကျန်ထျန်း၏ သားသုံးယောက်လွှဲလျှင် အခြားသူများက ယူချွင်ချီကိုသာ လိုလိုလားလား ပေးချင်ကြသည်။

သူတို့၏ စိတ်ထဲမှ သစ္စာစောင့်သိမှုကို ဖယ်ကာ မသိသာလှအောင် ပုန်းကွယ်ခဲ့နေခဲ့သူများနှင့် တစ်ချိန်တုန်းက ယူချွင်ချီဖက်မှ ရပ်တည်ပေးခဲ့ကြသူများ အားလုံးက သူ့ကို ထောက်ခံကြသည်။ ယူကျန်ထျန်း၏ သားများ မြေးများ အနေနှင့် ကတော့ ချန်မဟာမိတ်နှင့် ဆန့်ကျင်ပြီး တိုက်ပွဲဝင်ခဲ့ကတည်းက လူအများ၏ ယုံကြည်မှုရော အဆင့်နေရာများပါ ဆုံးရှုံးပြီး ဖြစ်သည်။ ထိုသူများ၏ လက်အောက်တွင် လက်အောက်ခံများ ရှိနေသေးလျှင်တောင် အထွတ်အမြတ်အဆင့် သိုင်းသမား မရှိသည့် အတွက်ကြောင့် လုပ်ချင်လျှင်တောင်မှ လုပ်နိုင်စွမ်း မရှိကြတော့။

ဒီလိုနှင့် ယူချွင်ချီက သွေးစွေးနီမျိုးနွယ်စု အတွင်း အားသာချက်ကို ထိန်းထားနိုင်လိုက်သည်။ အခုဆိုလျှင် ယူချွင်ချီက သူ့သား အကြံပေးသလို မိသားစုခေါင်းဆောင်အဖြစ် ဆက်ခံပေးနိုင်မည့်သူကို ရှာဖို့ ကြိုးစားနေပေမယ့် ခက်ခဲလို့ နေသေးသည်။

ဖြစ်ရသည့် အကြောင်းရင်းမှာလည်း ယူကျန်းထျန်းကြောင့် ဖြစ်ရတာပင်။ ယူကျန်ထျန်းက တစ်ကိုယ်ကောင်း ဆန်လှသည်။ သူ့ ရည်မှန်းချက် ရောက်အောင် ဘယ်အရာမဆို လုပ်သည်။ သူ၏ ရက်စက်မှုကြီးက သူ့မျိုးနွယ်တူ အမျိးတောင် မလွတ်ပေ။ သူ့သွေးသားများသာ သွေးစွေးနီမျိုးနွယ်စုအတွက် ထိန်းချုပ်နိုင်နိုင်ပြီး အသာစီး ရရှိနိုင်ရန် အတွက် ယူမိသားစု အတွင်းမှ အခြားသူများကို အကုန်လုံး ဖိနှိပ်လို့ ထားလေသည်။

ရလာဒ်အနေနှင့် ကတော့ သူတို့ မျိုးနွယ်စုထဲမှ ချွင်းချက်ရှိသော သူများမှ မပ ကျန်သူများမှာ ငယ်ရွယ်စဉ်အချိန်အတွင်း သင့်တော်သည့် ထောက်ပံ့မှုနှင့် လမ်းညွှန်မှုများ မရရှိလိုက်ပဲ အရွယ်ကောင်း များ လွန်သွားရတော့သည်။ ဘယ်လောက်ပဲ အလားအလာရှိနေပါစေ အသက်ကြီးလာသည့် အခါမှာတော့ သာမာန်မျှသာ ဖြစ်သွားရသည်။

ယူချွင်ချီမှာ အခုဆိုလျှင် တော်တော်ကြီးကို စိတ်ပျက်လို့ နေသည်။ သူ့နေရာကို ဆက်ခံရန်အတွက် ဒီသာမာန်လောက်သာ အစွမ်းရှိသည့် သူများထဲမှ ရှာတွေ့ဖို့ ဆိုသည်မှာ ခက်ခဲလွန်းလှသည်။ အလားအလာကောင်း မရှိ၊ ကျင့်ကြံဆင့်ကောင်းမရှိပဲ ကိုယ့်စကားကို သူများ နားထောင်ရန် လုပ်လို့ မရနိုင်ပေ။ တစ်ခုတည်းသော နည်းလမ်းမှာ ဟို အစကနေ ပြန်စဖို့သာ ရှိသည်။ သို့သော်လည်း ကြံစည်သမျှ အောင်မြင်ပါ့မလား ဆိုတာကော ဘယ်သူက ပြောနိုင်ပါမည်နည်း။

ယူချွင်ချီမှာ ခေါင်းတွေ ကိုက်ခဲလို့နေသည်။ အဲဒိတော့မှသာ သူ့သား လှည့်စားတာ ခံလိုက်ရမှန်း သဘောပေါက်သွားတာမို့ သူ့သတင်းစကားကို လာပါးသည့် လူထံတွင် သူ့မကျေနပ်မှုများပါ ထည့်ရေးပေးလိုက်သည်။

ဆက်ခံသူ တစ်ယောက် ပြုစု ပျိုးထောင်ခြင်းမှာ မလွယ်ကူမှန်း ယူရှောင်းမိုလည်း သိပ်ပါသည်။ ထို့အတွက် ကြောင့်ပဲ သူ့အဖေက လူကိုယ်တိုင် လာရောက်ပြီး မပွမ်တာကို ကျေးဇူး အထူးတင်မိနေသည်။ သူလဲ သတင်းစကား လာပါးသူနှင့် ပြန်ကာ သူ့အဖေကို ပြန်ချော့သည့်စာကို ထည့်ပေးလိုက်ကာ လင်းရှောင်၏ အဖေကို ပေးဖို့ ရည်ရွယ်ထားသည့် သက်တန့်အဆင့် ဆေးနှစ်လုံး ပေးကာ ချွေးသိပ်ပေးလိုက်သည်။

နောက် ရက်အနည်းငယ် အကြာတွင် အချိန်တွေ အကြာကြီး အဆက်အသွယ်ပြတ်နေသည့် ရှောင်ကျီထံမှ စကားပြန်ကို ရခဲ့ကြသည်။ ကျီယွမ်လန်၏ သေဆုံးမှုမှာ လင်းရှောက်ယီကြောင့် ဆိုသည့် အကြောင်း သိပြီးနောက်မှာတော့ ကျီဟယ်က သူတို့ကို အာရုံစိုက်နေခြင်းကို ရပ်တန့်လိုက်ကာ ပင့်ကူနက်အဖွဲ့အတွက်သာ အာရုံစိုက်တော့သည်။ သူသည်လည်းပဲ ကျီနင်ယွီကို ဒုက္ခပေးနေတာတွေ ရပ်တန့်လိုက်သည်။

သိပ်မကြာခင်လေးကမှ ရှောင်ကျီ၏ ကျင့်ကြံဆင့်မှာ အဆင့်ဆယ့်တစ် ကြယ်ခုနစ်ပွင့်သို့ ရောက်ရှိသွားကာ ယူရှောင်းမို၏ ဘောလုံးအသင်းထဲတွင် အမြင့်ဆုံးသော ကျင့်ကြံဆင့်နှင့် အချိန်အတိုဆုံး ဆိုသည့် ဘွဲ့ကို ရရှိသွားလေသည်။ သူ၏ အဆင့်နှင့် ဆိုလျှင် ဖီးနစ်မျိုးနွယ်စု တောင်ကြားအရှင် ရာထူး ဆက်ခံခွင့် ရှိနေပြီ ဖြစ်သော်လည်း လက်ရှိတောင်ကြားအရှင်မှာ ရှောင်ကျီနှင့် ယူရှောင်းမို အကြားမှ ပဋိဥာဏ်ကို ဖျတ်သိမ်းစေချင်နေသည်။ ထို့အတွက် သူတို့ နှစ်ယောက်နှင့် တွေ့ဆုံစကားပြောရန်အတွက်အကြီးအကဲကျီဝမ် ဆုံးဖြတ်လိုက်သည်။

Continue Reading

You'll Also Like

199K 10.7K 18
*I DO NOT OWN THIS BOOK.* A friend of mine requested me to translate this into Burmese and I'm very new to this type of translation. မူရင္းဝတၳဳက Chi...
753K 114K 196
Author(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own thi...
175K 3.9K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
24.8K 2.1K 20
Name : 我家小朋友 /My Little One Author : Flightless Bo-chan (不会飞的菠酱) Chapter : 6 English Translator : Sushi Editors: Yappers I'm not own this novel. I cr...