格格不入(GeGeBuRu)
စာရေးသူ : ၀ူးကျယ်
ဘာသာပြန်သူ : ယင်း
အပိုင်း ၁၈
ရှန့်ရှီး၏ ဒီရုတ်တရက်ဆန်သည့် အပြုအမူကြောင့် ချိန်ပေါ်ယန်မှာ အသိပြန်မ၀င်တော့ မတတ် ဖြစ်သွားခဲ့သည်။
"ဘာလုပ်တာလဲ ၊ ငါ့မှာ လန့်သွားတာပဲ"
သူ အနောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး
"ထမင်းစားတော့ ၊ ရုတ်တရက်ကြီး ဒါက်ို လာပြောနေတယ်"
"အနှစ်ချုပ်လိုက်တဲ့ နောက်မှာ ခင်ဗျားက တကယ့်ကိုလူကောင်းလို့ ခံစားရလို့ပါ"
ရှန့်ရှီးက ထိုင်ခုံက်ို ဆွဲယူ၍ ထိုင်ချလိုက်ပြီး ၊ ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျွန်တော့် ဒီတစ်ဘ၀လုံး တွေ့ခဲ့ဖူးတဲ့ လူတွေထဲမှာ စိတ်ထားကောင်းပြီး အရိုးသားဆုံးလူက ခင်ဗျားပဲ"
"တွေ့ဖူးတဲ့လူက အရမ်းနည်းလို့ပါ"
ချိန်ပေါ်ယန်ကလည်း ထိုင်ချလိုက်ပြီး ဆလတ်ရွက်တစ်ရွက်ယူ၍ ဟင်းကို စထုပ်လိုက်သည်။
"ပြီးတော့ ငါပြောဖူးပါတယ် ၊ မင်းကိုကူညီတာ ငါ့မှာကိုယ်ပိုင်အကြောင်းပြချက် ရှိတယ် ၊ တစ်ချိန်လုံး လျှောက်စဥ်းစားမနေနဲ့ ၊ ရက်နည်းနည်းလောက် နေပြီးရင် မြန်မြန် နေရာတစ်နေရာရှာပြီး ပြောင်းသွားတော့"
"အင်း"
ရှန့်ရှီးက ဟီးဟီးဟု နှစ်ခေါက်လောက် ရယ်လိုက်ပြီး ၊ ဆလတ်ရွက် တစ်ရွက် ယူလိုက်ကာ ၊ ဟင်းများကို ထုပ်၍ ပါးစပ်ထဲ ထည့်တော့မည့် အချ်ိန်တွင် ၊ ချိန်ပေါ်ယန်က ထုပ်ပြီးသွား၍ တစ်ကိုက်ကိုက်ပြီးသည့်နောက် ရပ်သွားသည်က်ို မြင်လိုက်ရရသည်။မျက်နှာအမူအရာက တစ်ခုခုကို အလေးအနက် တွေးနေပုံပင်။ရှန့်ရှီးမှာ ကိုယ့်လက်ထဲရှိ ဆလတ်ထုပ်ကို ကြည့်လိုက်ပြီး
"ဘာဖြစ်လို့လဲ?"
"ငါ့ဒီဘ၀မှာ"
ချိန်ပေါ်ယန်က အရွက်ကို မြိုချလိုက်ပြီး ၊ နောက်တစ်ကိုက် ဖြည်းဖြည်းချင်း ကိုက်လိုက်သည်။
"စားခဲ့ဖူးတဲ့ စားလို့မကောင်းဆုံး ဟင်းက ငါကိုယ်တိုင်ချက်တဲ့ ဟင်းပဲ ၊ ဘယ်သူမှ မကျော်နိုင်ခဲ့ဖူးဘူး"
ရှန့်ရှီးမှာ နားထောင်နေရင်းရယ်လိုက်မိပြီး ၊ ခေါင်းငုံ့၍ တစ်ကိုက် ကိုက်လိုက်သည်။အကြိမ်အနည်းငယ်လောက် ၀ါးပြီးသွားသည့်နောက်တွင် နှုတ်ခမ်းကို လျှာနှင့်လျက်လိုက်ပြီး ၊ ခဏလောက် အရသာ ခံလိုက်သည်။ :
"ကျွန်တော့်အထင်တော့ အဆင်ပြေပါတယ် ၊ နည်းနည်း ပေါ့နေရုံလေးပဲ ၊ ခင်ဗျားကြော်ထားတဲ့ ဟင်းက ဆလတ်ရွက်အရသာလောက်တောင် မငန်ဘူး"
"ဆားက အများကြီး စားလို့မရဘူး"
ချိန်ပေါ်ယန်က ပြောလိုက်သည်။
"ဘယ်သူပြောတာလဲ ! ဟင်းက ပေါ့နေတော့ ဘာအရသာမှ မထွက်လာတော့ဘူး"
ရှန့်ရှီးက နောက်တစ်ကိုက် ထပ်ကိုက်လိုက်သည်။သူက ထမင်းဟင်း၏ အရသာအပေါ် တောင်းဆိုချက်က အရမ်းကို နိမ့်သည်။စားစရာရှိလျှင် ရပြီဖြစ်သည်။
"ဘယ်သူပြောတာလဲ.........ခုနက အသားအရေက နုအ်ိနေတာပဲဆိုပြီး မင်းပြောတဲ့ ဟိုအာဟာရဗေဒ ပညာရှင်က ပြောတာ"
ချိန်ပေါ်ယန်က ရယ်လိုက်ပြီး
"မီးဖ်ိုခန်းထဲမှာ အမဲသားဆော့ ရှိတယ် ၊ မင်း ပေါ့တယ်ထင်ရင် နည်းနည်းလောက်ယူပြီး တို့စားပေါ့"
"အမဲသားဆော့က ကောင်းတယ်"
ရှန့်ရှီးမှာ ချက်ချင်းပင် ထခုန်လိုက်မိပြီး မီးဖိုခန်းထဲ ပြေး၀င်လာခဲ့လိုက်သည်။
"အမဲသားဆော့က ကောင်းတယ် ၊ အမဲသားဆော့က နတ်သမီး........"
နေ့လည်စာ စားပြီးသွားသည့် နောက်တွင် ၊ ချိန်ပေါ်ယန်က ပန်းကန်နှင့် တူများကို သိမ်းဆည်း၍ ဆေးကြောရန် ပြင်လိုက်သည်။
"ကျွန်တော်လုပ်လိုက်မယ်"
ရှန့်ရှီးက အင်္ကျီလက်ကို ခေါက်တင်၍ လိုက်၀င်လာခဲ့လိုက်ပြီး
"ခင်ဗျားက ထမင်းချက်ထားတာပဲ ၊ ကျွန်တော် ပန်းကန်ဆေးပေးမယ်"
"မင်း ဆေးတတ်တယ်လား..
...."
ချိန်ပေါ်ယန်မှာ ရှန့်ရှီးကို သိပ်မယုံရဲပေ။
"ဘာဖြစ်လို့မဆေးတတ်ရမှာလဲ ၊ ကျွန်တော် ဖုန်းပေါကျွမ်းမှာ အဓ်ိကလုပ်ရတဲ့ အလုပ်က ပန်းကန်ဆေးရတာပဲ ၊ ခင်ဗျား ကျွန်တော် အမှိုက်သွန်တာကိုပဲ မြင်လိုက်တာ မဟုတ်လား ၊ ကျွန်တော် မီးဖ်ိုခန်းအနောက်မှာ ပန်းကန်ဆေးရသေးတယ်"
ရှန့်ရှီးက ပန်းကန်များကို လက်ဆေးကန်ထဲထည့်လိုက်ပြီး
"စိတ်ချထားလိုက်ပါ"
"အဖြူရောင်က ပန်းကန်ဆေးတဲ့ဟာ"
ချိန်ပေါ်ယန်ကလည်း ရှန့်ရှီးကို အားနာမနေတော့ပဲ ၊ ဘေးနားတွင် ချိတ်ထားသည့် အ၀တ်ဖတ်များကို ညွှန်ပြလိုက်သည်။
"ဘေးနားက ဟိုအပြာရောင်က စင်းတီတုံးသုတ်တဲ့ဟာ ၊ ပန်းရောင်က ဓားသုတ်တဲ့ဟာ......."
"ကော"
ရှန့်ရှီးမှာ ချိန်ပေါ်ယန်၏ စကားကို ဖြတ်ပြောလိုက်သည်။
"ကော ၊ ကျွန်တော် အရင်ဆုံး ပန်းကန်ဆေးလိုက်ဦးမယ်"
ချိန်ပေါ်ယန်က တစ်ခုခု ပြောချင်နေသေးသည်။ဧည့်ခန်းထဲ ချထားခဲ့သည့် ဖုန်းက အသံမြည်လာတာကြောင့် ၊ သူ မီးဖိုခန်းထဲကနေ လှည့်လာသွားခဲ့လိုက်သည်။
"ပေါ်ယန်လား"
ဖုန်းထဲရှိ ဟိုဘက်ကနေ တစ်၀မ်းကွဲအစ်မ၏ အသံ ထွက်ပေါ်လာသည်။
"နင် ဒီနေ့ ဆေးရုံမှာရှိလား?"
"ဒီနေ့ ငါ နားတယ် ၊ ဘာဖြစ်လို့လဲ?"
ဟိုဘက်ရှိ ရှောင်ရှီး၏ ငိုသံကို ချိန်ပေါ်ယန် ကြားလိုက်ရသည်။
"ရှောင်ရှီး ဘာဖြစ်လို့လဲ?"
"လှေကားပေါ်ကနေ ခုန်ချတာ လဲကျသွားလို့ ၊ ငါ ကြည့်တာတော့ ဘယ်နေရာမှ ရောင်ရမ်းလာတာ မရှိပါဘူး ၊ ဒါပေမယ့် သူမက တစ်ချိန်လုံး ငိုနေတာ ၊ လက်မောင်းက နာတယ်လို့ ပြောတယ်"
တစ်၀မ်းကွဲအစ်မက အတော်လေး စိုးရိမ်နေဟန်ဖြင့် ပြောလာသည်။
"အခုတော့ နင် အရင်က ငါ့ကိုသင်ပေးထားတဲ့အတိုင်း သူမရဲ့ လက်မောင်းက်ို ကျပ်နေအောင် စည်းထားလိုက်တယ် ၊ သူမကိုခေါ်ပြီး နင်တို့ဆေးရုံဆီ လာနေပြီ ၊ နင်က နားတာလား?"
"ငါအခု လာခဲ့မယ်"
ချိန်ပေါ်ယန်မှာ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး အပေါ်၀တ်ကို သွားယူလိုက်သည်။ရှောင်ရှီးက သူ့က််ို အရမ်းကပ်သည်။သူကလည်း ဒီကလေးမလေးကို အရမ်း သဘောကျသည်ပင်။သူမ၏ ငိုသံကို ကြားလိုက်ရသည့်အချိန်တွင် ရုတ်တရက် အရမ်းကို သနားသွားမိသည်။
"ငါ လျုံဖေးက်ို ဖုန်းတစ်ချက် ဆက်ထားပေးမယ် ၊ နင်အရင်ရောက်နေတယ် ဆိုရင် သူ့ကို တစ်ခါတည်း သွားရှာလိုက်"
ချိန်ပေါ်ယန်မှာ တစ်၀မ်းကွဲအစ်မ၏ ဖုန်းက်ို ချပြီးသည်နှင့် ၊ အင်္ကျီ၀တ် ဖိနပ်လဲနေရင်း ၊ မီးဖိုခန်းထဲကနေ ခေါင်းပြူထွက်လာသည့် ရှန့်ရှီးကို မှာကြားလိုက်သည်။ :
"ငါ ဆေးရုံဆီ သွားမလို့ ၊ ငါ့တူမလေး ဒဏ်ရာရထားတယ် ၊ မင်း တီဗွီပဲ ကြည့်ကြည့် ကွန်ပျူတာပဲ ဆော့ဆော့ ရတယ် ၊ အိပ်ချင်လာရင် အရင်ဆုံး ဟိုအခန်းထဲက ဆိုဖာကုတင်ပေါ် သွားအိပ်နှင့်လိုက် ၊ ငါ့ကုတင်ပေါ်မှာ အိပ်ရဲလို့ကတော့ မင်းသေပြီပဲ......"
"သိပါပြီ သိပါပြီ"
ရှန့်ရှီးက ခေါင်းညိတ်ပြ၍ သဘောတူလိုက်သည်။
"ကျွန်တော် ခင်ဗျား အိပ်ခန်းထဲ မ၀င်ပါဘူး"
"ကိစ္စရှိရင် ငါ့ဆီ ဖုန်းဆက်လိုက်"
ချိန်ပေါ်ယန်က ကွန်ပျူတာအရှေ့နား ညွှန်ပြလိုက်ပြီး
"ဟိုဟာကို သုံးပြီး ဆက်"
"အင်း"
ရှန့်ရှီးက အနားကို လျှောက်သွား၍ ဖုန်းကိုယူကာ ကြည့်ကြည့်လိုက်သည်။မမျှော်လင့်ထားစွာဖြင့် ခလုတ်ဖုန်း ဖြစ်နေသည်။
ချိန်ပေါ်ယန် တံခါးကို ပိတ်၍ ထွက်သွားသည့် နောက်တွင် ၊ ရှန့်ရှီးမှာ ခါးပျင်းကျော တစ်ချက်ဆန့်၍ ၊ နေရာမှာပင် ခဏလောက် ရပ်နေလိုက်ကာ ၊ မီးဖိုခန်းထဲ ၀င်၍ ပန်းကန်များကို ပြီးအောင် ဆေးလိုက်သည်။
စင်းတီတုံးကို တစ်ချက်လောက် သုတ်ရန် စဥ်းစားလိုက်ချိန်တွင် ၊ ချိန်ပေါ်ယန်က ဘယ်အ၀တ်ဖတ်ကို သုံးရမယ်ဟု ပြောထားမှန်း မေ့သွားခဲ့သည်။
အ၀တ်ဖတ် သုံးခုအရှေ့တွင် ရပ်၍ ကြည့်လိုက်မိသည်။အကုန်လုံးက အရမ်းကို သန့်ရှင်းနေသည်။အသစ်အတိုင်းပင်။ပန်းကန်ဆေးတာ ၊ စင်တီတုံးသုတ်တာ ၊ ဓားသုတ်တာက တကယ်ပဲ ဘာကွာခြားလို့ ၊ အ၀တ်ဖတ် သုံးခု ရှိနေရတာလဲ.......
နောက်ဆုံးမှာတော့ ရှန့်ရှီးမှာ ပန်းရောင်ကို ယူ၍ စင်းတီတုံးက််ို တစ်ခေါက် သုတ်လိုက်သည်။
တစ်ခြားသူ၏ အိမ်တွင် ၊ အထူးသဖြင့် သန့်ရှင်းသပ်ရပ်နေသည့် တစ်ခြားသူ၏ အိမ်တွင် တစ်ယောက်တည်း နေနေရတာကြောင့် ၊ မိမိမှာ တံခါးက်ိုဖျက်၍ ၀င်လာခဲ့သလိုမျိုး ထူးထူးဆန်းဆန်း ရှန့်ရှီး ခံစားနေရသည်။ဧည့်ခန်းတွင် တီဗွီကြည့်နေသည်က အရမ်းကို ရဲတင်းနေပြီး ၊ ခဏနေလျှင် ရဲအရာရှိ ဦးလေးကြီးက သူ့အား လာဖမ်းတော့မလိုမျိုး ခံစားနေရသည်။
ဧည့်ခန်းတွင် ထိုင်မနေနိုင်ပေ။အခုအချိန်၌ ကြည့်စရာ အစီအစဥ်ကောင်းကောင်းလည်း မရှိချေ။သူ မတ်တပ်ထရပ်၍ စာကြည့်ခန်းထဲ ၀င်လာခဲ့လိုက်ကာ ၊ ချိန်ပေါ်ယန် သူ့အတွက် သတ်မှတ်ပေးထားသည့် ဆိုဖာကုတင်ပေါ်တွင် လှဲချလိုက်သည်။တော်တော်လေး သက်သောင့်သက်သာ ရှိသည်ပင်။ချိန်ပေါ်ယန်မှာ လုံး၀ဇိမ်ခံတတ်သည့်လူဆိုတာ သေချာသည်။ပုံမှန် မသုံးတတ်သည့် ဆိုဖာကုတင်ကို ၀ယ်တာတောင် အထူဆုံး အကျယ်ဆုံး အမျိုးအစားကို ရွေးထားသည်။
သူ ဖျင်ရှူးအိမ်မှာ နေစဥ်က ခြေထောက်မခိုင်သည့် သံကုတင်ထက်ပင် အများကြီး သာနေသေးသည်။အနည်းဆုံးတော့ ခါးကွေးထားစရာ မလိုချေ။
ခဏလောက် လှဲနေပြီးနောက်တွင် ၊ သူ ထပ်ပြီး စိတ်မအေးသလ်ို ဖြစ်လာပြန်သည်။မတ်တပ်ထရပ်လိုက်ပြီး အခန်းထဲတွင် သွားလိုက်လာလိုက်ဖြင့် နှစ်ပတ်လောက် ပတ်လျှောက်လိုက်သည်။နောက်ဆုံးမှာတော့ ခိုးကြောင်ခိုး၀ှက်ဖြင့် ချိန်ပေါ်ယန်၏ အိပ်ခန်းတံခါးက်ို တွန်းဖွင့်လိုက်ကာ ၊ ခေါင်းပြူ၀င်၍ ကြည့်လိုက်သည်။
အိပ်ခန်းကို ပြင်ဆင်ထားသည့် စတိုင်က ၊ ဧည့်ခန်း ၊ စာကြည့်ခန်းတို့နှင့် မတူပေ။ဧည့်ခန်းနှင့် စာကြည့်ခန်းမှာ အဖြူအနက်ကို အဓိက ထားထားသည်။ကြည့်လိုက်လျှင် သန့်ရှင်းသပ်ရပ်၍ နည်းနည်း အေးစက်နေသည်။သို့သော်လည်း ဒီအိပ်ခန်းမှာတော့ လိမ္မော်ရောင်ဖြင့် ပြင်ဆင်ထားရာ ၊ ကြည့်လိုက်လျှင် အရမ်းက်ို အရသာရှိမည့်ပုံ ပေါ်နေသည်။
ထို့အပြင် ဒီအခန်းက အလင်းရောင် တော်တော်လေး ကောင်းလှသည်။နေရောင်က တစ်၀က်ဖွင့်ထားသည့် ပြတင်းပေါက် လိုက်ကာကြားမှ တိုး၀င်လာနေရာ ၊ အခန်းထဲက်ို ကြည့်လိုက်လျှင် နွေးနွေးထွေးထွေးပုံ ပေါက်နေသည်။
ကြီးပြီး ထူထဲသည့် ဆိုဖာ ၊ ကြမ်းပြင်ပေါ် ပစ်ချထားသည့် အထူသိုးမွှေးဖျာ ၊ ကြမ်းပြင်တွင် ဖြစ်သလို ချထားသည့် စာအုပ်အချို့ ၊ စာအုပ်စင် မျက်စောင်းထိုးနားလောက်တွင် ချထားသည့် လှေကားငယ်လေး တစ်ခု ၊ ပြီးတော့ ပြတင်းပေါက် ဘေးနားရှိ စားပွဲသေးလေးပေါ်တွင် တင်ထားသည့် သစ်ပင်ပန်းပင်လေးများ........မျက်စိအပြည့် သက်သောင့်သက်သာ ရှိလှပြီး ပေါ့ပေါ့ပါးပါး ရှိလှသည်။
ရှန့်ရှီးမှာ ချိန်ပေါ်ယန်အား သူ့အိပ်ခန်းထဲ မ၀င်ပါဘူးဟု ပြောထားသော်လည်း ၊ အခုအချိန်မှာတော့ တစ်ချက်လောက် တုံ့ဆိုင်းသွားမိပြီး ၊ အသာလေး ခုန်၍ ၀င်လာခဲ့လိုက်သည်။
စာအုပ်စင်အရှေ့တွင် ခဏလောက် ရပ်နေလိုက်မိပြီး ၊ လှေကားလေးပေါ်တွင် ထိုင်ချလိုက်သည်။ပြီးနောက်တွင်တော့ ဖျာပေါ်တွင် စက္ကန့်အတော်ကြာအောင် တင်ပျဥ်ခွေ ထိုင်နေလိုက်သည်။နောက်ဆုံးတွင်တော့ ရှန့်ရှီးမှာ ချိန်ပေါ်ယန်၏ ကုတင်အရှေ့တွင် ရပ်တန့်လိုက်မိသည်။
ကုတင်က အရမ်းကြီးလှသည်။ကြည့်ရသည်မှာတော့ မှာယူပြီး လုပ်ခိုင်းထားပုံရသည်။ပုံမှန်နှစ်ယောက်အိပ်ကုတင်ထက် တော်တော်လေး ကြီးလှသည်။ရှန့်ရှီးမှာ လက်ကိုဆန့်ထုတ်၍ ဖိကြည့်လိုက်သည်။ထူလည်းထူပြီး တွန်းကန်အားလည်း ရှိသည်။
"တကယ်အကျင့်ပျက်တာပဲ ! "
ရှန့်ရှီးမှာ လက်နှစ်ဖက်ဖြင့်ကုတင်ပေါ် အားပြုထားရင်း စကားတစ်ခွန်း ဆိုလိုက်ကာ ၊ နှစ်စက္ကန့်လောက် ငြိမ်နေပြီး နောက်မှာတော့ အရှေ့ဘက်ရှိ ကုတင်ပေါ် ရုတ်တရက် ပစ်၀င်လိုက်သည်။ခန္ဓာကိုယ်က ကုတင်ပေါ်တွင် တစ်ချက် ပြန်ကန်ထွက်လာပြီး နောက်တွင်တော့ အမြန်ပင် ပြန်ထခုန်လိုက်ကာ ၊ အိပ်ခန်းထဲမှ ပြေးထွက်လာခဲ့လိုက်တော့သည်။
ဒီအကြောင်းကိုသာ ချိန်ပေါ်ယန် သိသွားပါက ၊ သူတော့ သေချာပေါက် သေပြီပင်။
ချိန်ပေါ်ယန်၏ ကွန်ပျူတာက ဖွင့်ထားလျက် ရှိနေသည်။ရှန့်ရှီးမှာ အနားက်ိုသွား၍ ထိုင်လိုက်ကာ ၊ mouse ကို ကိုင်၍ အချက်အနည်းငယ်လောက် လျှောက်နှိပ်လိုက်ပြီး စိတ်၀င်စားစရာ မကောင်းဘူးဟု ထင်လာမိပြန်သည်။ကွန်ပျူတာဆိုသည်မှာ သူ့အတွက်ကတော့ ဂိမ်းဆော့သည့်စက်ပင်။ဂိမ်းဆော့တာကလွဲပြီး ၊ သူ ကွန်ပျူတာအကြောင်းကို ဘာမှမသိပေ။
ဒီကွန်ပျူတာထဲတွင် ဂိမ်းတစ်ခုတောင် မရှိပေ။မိုင်းရှင်းလင်းဂိမ်း နှင့် ဖဲချပ်ဂိမ်းတောင် မရှိချေ။
ရှန့်ရှီးမှာ ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်မိပြီး ၊ mouse ကို ချ၍ ထပ်ပြီး ထရပ်လိုက်မိသည်။ချိန်ပေါ်ယန်က ပုံမှန်ဆို ဒီကွန်ပျူတာကိုသုံးပြီး ဘာလုပ်သလဲ မသိပေ။အရမ်းကို စိတ်၀င်စားစရာ မကောင်းလှချေ။
တီဗွီသာ ဆက်ကြည့်နေရုံ ရှိတော့သည်။
ရှန့်ရှီးမှာ ကူရှင်ကိုဖက်၍ ဆိုဖာပေါ်တွင်ထိုင်ကာ ၊ တီဗွီကြည့်နေပြီး ဘာမှမကြာသေးမီမှာပင် ရေနည်းနည်း ဆာလာသည်။သူ အခန်းထဲရောက်တာ ဒီလောက်အချိန်ကြာနေပြီ ဖြစ်သော်လည်း ရေမသောက်ရသေးပေ။ချိန်ပေါ်ယန်ကလည်း သူ သုံးလို့ရမည့် ရေခွက်တစ်ခွက်ကို မသတ်မှတ်ပေးခဲ့ချေ။
သူ ကူရှင်ကိုဖက်ထားရင်း ရေစက်အရှေ့နားတွင် ရပ်၍ အတော်ကြာအောင် ရှာဖွေကြည့်လိုက်မိသည်။လေးဖက်လေးတန်တွင် ရေခွက်တစ်ခွက်မှ ရှိမနေချေ။နောက်ဆုံးတွင်တော့ သူ မီးဖိုခန်းထဲ ၀င်၍ ပန်းကန်တစ်လုံး ရှာလိုက်သည်။
ပန်းကန်ဖြင့် ရေခံ၍ သောက်နေစဥ်မှာပင် ၊ တံခါးက အသံတစ်ချက် မြည်လာသည်ကို ကြားလိုက်ရသည်။
ရှန့်ရှီးမှာ နံရံပေါ်ရှိ နာရိီကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။ချိန်ပေါ်ယန် ထွက်သွားတာ နှစ်နာရီ ကြာနေပြီဖြစ်သည်။ပြန်လာတာ တော်တော်လေး မြန်လှသည်။
ဘာကြောင့်မှန်းတော့ မသ်ိပေ။ချိန်ပေါ်ယန် ပြန်လာပြီဟု တွေးလိုက်မိသည်နှင့် ရှန့်ရှီးစိတ်ထဲတွင် အရမ်းကို ၀မ်းသာသွားမိသည်။မိမိမှာ အိမ်စောင့်ပေးသည့် ခွေးလိုမျိုး ခံစားလိုက်ရသည်။တစ်နေကုန် ကြမ်းပြင်တွင် ၀ပ်နေပြီး ဘာမှ လုပ်စရာ မရှိရာ ၊ လူပြန်လာသံ ကြားလိုက်ရသည်နှင့် ချက်ချင်း ပျော်ရွှင်သွားကာ အမြှီးကို စပြီး နှံ့နေမိသည်။
တံခါးက ပွင့်လာတာကြောင့် ၊ ရှန့်ရှီးမှာ လက်တစ်ဖက်က ကူရှင်ကို ဖက်ထားရင်း ၊ လက်တစ်ဖက်က ပန်းကန်ကို ကိုင်ထားရင်းဖြင့် အသံအကျယ်ကြီး တစ်ချက်အော်ပြောလိုက်သည်။ :
"ဓားသမားကြီး အထဲကိုကြွပါ ! အစားအသောက်မှာစားမှာလား တည်းခိုမှာပါလား ! အိုင်း ခင်ဗျားကွန်ပျူတာကလည်း ဂိမ်းတစ်ခုတောင် မရှိဘူး ၊ ဒီတစ်ညနေလုံး ပျင်းလို့သေ......."
စကားဆုံးအောင် မပြောရသေးမီမှာပင် လည်ချောင်းထဲ၌ တစ်ဆို့သွားခဲ့သည်။ရှန့်ရှီးမှာ အခန်းထဲ ၀င်လာသည့်လူကို စိုက်ကြည့်လိုက်မိသည်။အိမ်က်ို ဖောက်ထွင်း၀င်လာတုန်း ချက်ချင်းလက်ငင်း အဖမ်းခံလိုက်ရသလို ထင်ယောင်ထင်မှား အတွေးမျိုးက အရမ်းကို ပြင်းထန်လာခဲ့သည်။
ဒီအခန်းထဲမှာ တစ်ခြားသူ နေသေးတယ်လို့လည်း ချိန်ပေါ်ယန်က မပြောပြထားဘူး !
အခန်းထဲ ၀င်လာသည့်သူမှာ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ဖြစ်သည်။အသက်ကို မှန်းဆ၍ မရချေ။အရမ်းလှသည်ဟုသာ ခံစားရသည်။ထို့အပြင် ကြည့်နေရင်း ဘယ်လိုဖြစ်ပြီး နည်းနည်းမြင်ဖူးနေသလို ခံစားနေရသလဲ မသိပေ။
ထိုအမျိုးသမီးကလည်း တံခါးမှ ၀င်လာပြီး ရှန့်ရှီးကို တွေ့သွားရာ ချက်ချင်းဆိုသလို နေရာမှာပင် ကြောင်အသွားခဲ့ကာ ၊ သော့ကိုကိုင်ထားပြီး ဖိနပ်စင်ပေါ် တင်ရန် ပြင်နေသည့် လက်ကလည်း လေထဲမှာပင် တောင့်တင်းသွားခဲ့သည်။
ရှန့်ရှီးမှာ သူမနှင့် အတော်ကြာအောင် မျက်လုံးချင်းဆုံ ကြည့်နေမိပြီးကာမှ တစ်ခွန်းပြောလိုက်သည်။ :
"တာ့ကျယ်(အစ်မကြီး) ၊ အိမ်မှား၀င်လာတာတော့ မဟုတ်ဘူး မလား?"
အမျိုးသမီးက သူ့အသံကို ကြားသွားချိန်တွင် အသိပြန်၀င်လာသလိုပင်။ဘာမှ ပြန်မပြောပဲ ၊ လက်ထဲရှိ သော့ကိုသာ လှုပ်ယမ်းပြလာပြီး ၊ ဖိနပ်စင်ပေါ် တင်လိုက်ကာ ၊ ပြီးနောက်တွင်တော့ ဖိနပ်ဘီရိုကို ဖွင့်လိုက်သည်။လှုပ်ရှားမှုက ကျွမ်းကျင်နေပြီး ကွင်းထိုးဖိနပ်တစ်ရံ ထုတ်ယူ၍ လဲစီးလိုက်သည်။
ရှန့်ရှီးမှာ ဘေးနားတွင် ရပ်နေမိပြီး ၊ ဒီအမျိုးသမီးအား နည်းနည်း မြင်ဖူးနေသည်ဟုသာ ခံစားနေရသည်။သို့သော်လည်း ဘာဖြစ်လို့ မြင်ဖူးနေသလဲဆိုသည်ကို စဥ်းစားလို့ မရချေ။သူမက ဖိနပ်လဲစီးလိုက်ပြီး ၊ အပေါ်၀တ်ကို ချွတ်၍ ဘီရိုထဲ ထည့်လိုက်ကာ ၊ ပြီးနောက်တွင်တော့ ပိုးသတ်ဆေး နည်းနည်း ညှစ်ယူ၍ လက်ထဲထည့်ကာ ပွတ်သုတ်နေသည်ကိုသာ အနေရခက်စွာဖြင့် ကြည့်နေလိုက်မိသည်။
ဒီလှုပ်ရှားမှုများမှာ ချိန်ပေါ်ယန်နှင့် တစ်ပုံစံတည်းပင်။တစ်ချက်ကြည့်လိုက်တာနှင့်......အမေအရင်းပင်။
အမှန်ပဲ ၊ သူမက ချိန်ပေါ်ယန်ရဲ့ အမေပဲ !
သူမက သေချာပေါက် ချိန်ပေါ်ယန်၏ အမေပင် !
သူ့အမေက တကယ် အသက်ငယ်တာပဲ........
အရမ်းကြောက်စရာ ကောင်းတာပဲ ၊ ဘယ်လိုဖြစ်ပြီး ချိန်ပေါ်ယန်ရဲ့ အမေက ရုတ်တရက်ကြီး ပေါ်လာတာလဲ !
ရှန့်ရှီးမှာ ရုတ်တရက်ဆိုသလို ခြေထောက်က အနည်းငယ် ပျော့ခွေလာခဲ့ပြီး ၊ လက်တစ်ဖက်က ကူရှင်ကို ဖက်ထားရင်း ၊ လက်တစ်ဖက်က ပန်းကန်ကို ကိုင်ထားရင်းဖြင့် ၊ ဒီလိုအနေရခက်စွာဖြင့်သာ နေရာမှာပင် ရပ်၍ မလှုပ်ရဲတော့ပေ။
"မင်းက ဘယ်သူလဲ?"
အမျိုးသမီးက လက်ကို ပွတ်သုတ်နေရင်းဖြင့် သူ့အားကြည့်ကာ တစ်ခွန်းလှမ်းမေးလာသည်။
သူမ၏ အသံက တည်ငြိမ်ပြီး ယဥ်ကျေးမှု ရှိလှကာ ၊ မျက်လုံးအကြည့်ထဲတွင် နည်းနည်း စူးစမ်းနေဟန် ပါနေသည်။ထို့အပြင် ရှန့်ရှီးအား မသိမသာဖြင့် အကဲခတ်နေသေးသည်။မျက်နှာပေါ်တွင်လည်း အရမ်းမသိသာသည့် အပြုံးရှိနေသည်။ရှန့်ရှီးမှာ ရုတ်တရက်ဆိုသလို ဖိနှိပ်ခံရသလို ခံစားချက်မျိုး ခံစားလိုက်ရသည်။
"ကျွန်တော်က......ကျွန်တော်......"
ရှန့်ရှီးမှာ သူမအား ကြည့်နေရင်း ၊ မိမိမှာ ချိန်ပေါ်ယန်၏ သူငယ်ချင်းဟု ပြောလိုက်ရမလား ၊ ဒါမှမဟုတ် လူနာဟု ပြောလိုက်ရမလား ဆိုတာကို တုံ့ဆိုင်းနေမိသည်။သေချာ မစဥ်းစားရသေးမီမှာပင် ၊ သူ အတော်လေး အံ့အားသင့်သွားဟန်ဖြင့် မျက်လုံးကို ပြူးလိုက်မိပြီး
"အန်တီက ခေါင်းဆောင်ရွှီမဟုတ်လား ! ဟို.....ဟို အာဟာရဗေဒ.....ပညာရှင်"
အမျိုးသမီးက ဘာမှ မပြောပေ။သူ ဘာပြောလိုက်သလဲ ဆိုတာကို အသိပြန်မ၀င်သေးပုံပင်။
"ဟို ၊ ဟို နေ့လည်က ကျွန်တော် တီဗွီကြည့်နေသေးတယ် ၊ အန်တီ မဟုတ်လား?"
ရှန့်ရှီးက ကိုယ်ကိုလှည့်၍ တီဗွီအား ညွှန်ပြလိုက်သည်။လက်ထဲတွင် ပန်းကန်လုံးကို ကိုင်ထားရာ ၊ ဒီလိုတစ်ချက် လှည့်လိုက်တာကြောင့် ၊ ပန်းကန်ထဲရှိ သောက်လို့မကုန်သေးသည့် ရေများမှာ ထွက်ကျကုန်သည်။သူ ပါးစပ်က အကျင့်ပါနေသည့် အတိုင်း အသံတိုးတိုးဖြင့် တစ်ခွန်း ဆဲလိုက်မိသည်။
"အိုင်း ၊ Fuck"
အစကတည်းက တော်တော်လေး အနေရ ခက်နေပြီပင်။ရေများကို ကြမ်းပြင်ပေါ် သွန်ကျသွားစေလိုက်သေးသည်။ရှန့်ရှီးမှာ တစ်ခြားဟာတွေ ထပ်ပြောဖို့ ဂရုစိုက်မနေနိုင်တော့ပဲ ၊ ကူရှင်အား ဆိုဖာပေါ် ပစ်တင်၍ မီးဖိုခန်းထဲ ပြေး၀င်လာခဲ့လိုက်ကာ ၊ အလှမ်းသင့်သည့် အ၀တ်ဖတ်ကို ဆွဲယူ၍ ပြန်ပြေးထွက်လာခဲ့လိုက်ပြီး ၊ ကြမ်းပြင်ပေါ် ဒူးတစ်ဖက်ထောက်၍ ထိုင်ချလိုက်ကာ ရေများကို သုတ်လိုက်သည်။
"အန်တီ.....ဟုတ်တယ်မလား......"
ရှန့်ရှီးမှာ ကြမ်းပြင်ပေါ်ရှိ ရေများကို ပွတ်သုတ်ပြီးသွားသည့် နောက်တွင် ၊ အမျိုးသမီးက သူ့လက်ထဲရှိ အ၀တ်စကို တစ်ချိန်လုံး စိုက်ကြည့်နေကြောင်း သတိထားလိုက်မိသည်။သူလည်း တစ်ချက် ကြည့်လိုက်မိသည်။သူက်ိုင်ထားသည်မှာ ပန်းကန်ဆေးသည့် အဖြူရောင် ဖြစ်နေကြောင်း တွေ့လိုက်ရရာ ၊ ရုတ်တရက်ဆိုသလို ပိုပြီး အနေရခက်သွားမိပြီး ၊ ပါးစပ်ကို အတော်ကြာအောင်ဟ၍ တစ်ခွန်း ထပ်ဖြည့်ပြောလိုက်သည်။
"ရွှီ.....အန်တီရွှီ မင်္ဂလာပါ"
"......မင်္ဂလာပါ"
အန်တီရွှီက ခေါင်းညိတ်ပြလာပြီး
"မင်းက ပေါ်ယန်ရဲ့......."
"သူငယ်ချင်းပါ"
ရှန့်ရှီးက သတ္တိမွေး၌ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျွန်တော်က သူ့သူငယ်ချင်းပါ"
"သြော်"
အန်တီရွှီက အတော်လေး အံ့အားသင့်သွားပုံ ရသည်။သူ့လက်ထဲရှိ အ၀တ်စကို ညွှန်ပြလာပြီး
"ချထားလိုက်လေ ၊ တစ်ချိန်လုံး ကိုင်မထားနဲ့"
"အင်း"
ရှန့်ရှီးမှာ မီးဖိုခန်းထဲ ပြေး၀င်၍ အ၀တ်စအား နှစ်ချက်လောက် ပွတ်တိုက်လိုက်ကာ ၊ ပြန်ချိတ်ထားလိုက်သည်။
ကိုယ်ကိုပြန်လှည့်၍ ထွက်သွားရန် လုပ်လိုက်သည့် အချိန်တွင် ၊ အန်တီရွှီက မီးဖိုခန်းထဲ လိုက်၀င်လာပြီး ၊ ရေခဲသေတ္တာကို ဆွဲဖွင့်၍ အထဲကို ကြည့်နေသည်အား မြင်လိုက်ရသည်။သူလည်း တစ်ဖက်တွင်သာ ရပ်နေလိုက်တော့သည်။ခံစားရ ခက်လွန်းလို့ သေတော့မလို ခံစားနေရသည်။
"မင်းက ပေါ်ယန်ရဲ့ သူငယ်ချင်း......"
အန်တီရွှီက ခေါင်းလှည့်၍ သူ့အား ကြည့်လာပြီး
"ဘယ်လိုသူငယ်ချင်းမျိုးလဲ?"
"အာ?"
သူမက ဒီလိုစကားမျိုး မေးလာလိမ့်မည်ဟု ရှန့်ရှီး မထင်ထားမိခဲ့ရာ ၊ ကြောင်အသွားမိပြီး ဘယ်လိုပြန်ဖြေရမည်မှန်း မသိတော့ပေ။
"ဟို....ဟို....."
"ချစ်သူကောင်လေး?"
အန်တီရွှီက သူ့အား အကဲခတ်နေသည်။
"ဘာ.....ကောင်.....ဘယ်လို?ချစ်သူကောင်လေး?"
ဒီတစ်ကြိမ်တွင်တော့ ရှန့်ရှီးမှာ လုံး၀ကို ကြောင်အသွားမိသည်။
"သြော် ၊ မဟုတ်ဘူးလား?"
အန်တီရွှီက ရယ်လိုက်ပြီး
"အားနာလိုက်တာ"
ရှန့်ရှီးလည်း နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေး၍ ရယ်ပြလိုက်မိသည်။ဘာစကားမှ မပြောမိတော့ပေ။
ချစ်သူကောင်လေး?
ဒါက ဘယ်လို ပေါက်တက်ကရကြီးလဲ !
ဧည့်ခန်းထဲကနေ ဖုန်းသံပျံ့လွင့်လာခဲ့သည်။ဟိုခလုတ်ဖုန်း ဖြစ်ပုံရသည်။ရှန့်ရှီးက အပြင်ထွက်ပြီး ဖုန်းကိုင်ရန် ပြင်လိုက်စဥ်မှာပင် ၊ အန်တီရွှီက ထွက်သွားခဲ့ပြီး ၊ ဖုန်းကို ကောက်ကိုင်လိုက်သည်။
ချိန်ပေါ်ယန်မှာ ရှောင်ရှီးကို ပွေ့၍ ကားပါကင်ဆီ လျှောက်လာနေပြီး ၊ လက်ထဲတွင်လည်း ဖုန်းကို ကိုင်ထားသေးသည်။ :
"ငါ ဒီဘက်မှာ ပြီးသွားပြီ ၊ ဒါပေမယ့် ညနေကျရင် ငါ့တစ်၀မ်းကွဲအစ်မနဲ့ ထမင်းတစ်နပ်လောက် စားမလို့ ၊ မင်း......."
"ပေါ်ယန်လား?"
ဖုန်း၏ ဟိုဘက်ကနေ အမေ့အသံ ပျံ့လွင့်လာခဲ့သည်။
"အမေ?"
ချိန်ပေါ်ယန်မှာ ကြောင်အသွားမိပြီး
"အမေ ဘယ်လိုလုပ် ရောက်နေတာလဲ?"
"မင်းဒီရက်ပိုင်း အလုပ်များနေတယ်လို့ မင်းအဖေပြောတာ ကြားလို့ ၊ မင်း ထမင်းကောင်းကောင်းမစားမှာ စိုးလို့လေ ၊ ဒီနေ့ အမေ မင်းအဖွားအိမ် သွားစရာရှိတာနဲ့ အတော်ပဲ ဖြစ်သွားလို့"
အမေက ပြောလာသည်။
"အရင်ဆုံး လာကြည့်လိုက်တာ"
"သြော် ၊ ကျွန်တော့်အိမ်မှာ......သူငယ်ချင်းတစ်ယောက် ရှိနေတယ်"
ချိန်ပေါ်ယန်က ပြောလိုက်သည်။ရှောင်ရှီးက သူ့လည်ပင်းက်ို ဖက်ထားပြီး ၊ မျက်နှာက သူ့ပခုံးပေါ်တွင် ထိလိုက် ဖယ်လိုက် လုပ်နေသည်။သူ ခေါင်းစောင်းလိုက်ပြီး ၊ ရှောင်ရှီးနှင့် နဖူးချင်း တိုက်လိုက်သည်။
"အမေ တွေ့ပြီးပြီ မဟုတ်လား?"
"တွေ့ပြီးပြီ"
အမေ့အသံက တိုးသွားခဲ့ပြီး
"အိမ်မှာ သူငယ်ချင်း ရှိနေတာကို လီယန်နဲ့ ထမင်းသွားစားမယ်?ဒီသူငယ်ချင်းက အရမ်း ရင်းနှီးတယ်လား?"
"ဟုတ်တယ်......တော်တော်လေး ရင်းနှီးတယ်"
ချိန်ပေါ်ယန်မှာ တစ်ချက် တုံ့ဆိုင်းသွားမိပြီး
"ဒါမှမဟုတ်ရင်လည်း ကျွန်တော် ခဏနေကျရင် ပြန်လာခဲ့လိုက်မယ်လေ"
"မပြန်နဲ့ ၊ မပြန်နဲ့"
ရှောင်ရှီးက သူ့လည်ပင်းကို ဖက်ထားပြီး
"ကောကော မပြန်နဲ့"
"ဦးဦးလို့ခေါ်"
ချိန်ပေါ်ယန်က သူမအား ပြင်ပေးလိုက်ပြီး
"အမေ ၊ ကျွန်တော်......."
"မင်း သူနဲ့ပြောလိုက်လေ ၊ အမေက အခု သွားတော့မှာ"
အမေက ပြောလာသည်။
"အမေကြည့်နေတာ ၊ အမေဒီမှာရှိနေတော့ သူ အရမ်း နေရခက်နေတယ် ၊ ပန်းကန်ဆေးဖတ်ကို ယူပြီး ကြမ်းကိုတောင် သုတ်လိုက်တယ်........မင်း ဒီနေ့ နားတယ် မဟုတ်ဘူးလား?ဘယ်လိုဖြစ်ပြီး ဆေးရုံဆီ ရောက်သွားရတာလဲ?လီယန်နေမကောင်းလို့လား?"
"မဟုတ်ပါဘူး ၊ ရှောင်ရှီး ချော်လဲလို့ ၊ လက်မောင်းရိုး လွဲသွားတာ ၊ ကြီးကြီးမားမားတော့ ဘာမှ မဖြစ်ပါဘူး"
ချိန်ပေါ်ယန်က ရယ်လိုက်ပြီး
"အမေ ၊ ဖုန်းကို ကျွန်တော့်သူငယ်ချင်းဆီ ပေးပေးပါလား ၊ ကျွန်တော် သူ့ကို ပြောလိုက်မယ်"
"အင်း"
အမေက အသံတစ်ချက် ပြန်ပေးလာသည်။
အန်တီရွှီက ဖုန်းက်ို လှမ်းပေးလာတာကြောင့် ၊ ရှန့်ရှီးမှာ အမြန်ပင် အနားကို လျှောက်သွား၍ ဖုန်းကို လှမ်းယူလိုက်သည်။တစ်ခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ဖုန်းကို ယူပြီးတာနှင့် မီးဖိုခန်းထဲ လှည့်၀င်လာခဲ့ကာ ပုန်းရှောင်လိုက်သည်။ :
"ကော ၊ ဒေါက်တာချိန် ! ကယ်ပါဦး ! ခင်ဗျားအမေ လာမယ်ဆိုတာကို ၊ ခင်ဗျား ဘာလို့ ကျွန်တော့်ကို မပြောပြတာလဲ ! "
"သူမ ဒီနေ့လာမယ်ဆိုတာကို ငါ မသိဘူး"
ချိန်ပေါ်ယန်က ဟိုဘက်ကနေ ရယ်နေပြီး
"ဘာဖြစ်လို့လဲ?"
"ဘာဖြစ်ရမှာလဲ ! အရမ်း နေရခက်တာပဲ ! "
ရှန့်ရှီးက ရေခဲသေတ္တာဘေးနား တိုးကပ်၍ အသံကို တိုးလိုက်သည်။
"ပြီးတော့ ကျွန်တော်ဒီနေ့ တီဗွီကြည့်နေတဲ့ အချိန်တုန်းက ၊ ဟိုပညာရှင် ၊ ဟိုခေါင်းဆောင်ရွှီက ခင်ဗျားအမေဆိုတာကို ဘာလို့ ကျွန်တော့ကို မပြောပြရတာလဲ ! ငါလူး ၊ ခင်ဗျားက အရမ်း....."
"သူမက ခဏနေဆို သွားတော့မှာ"
ချိန်ပေါ်ယန်မှာ အတော်ကြာအောင် ရယ်နေမိသည်။
"အာဟာရက်ို ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို သင်ပြပေးဖို့ မင်း သူမကို မပြောလိုက်ဘူးလား?"
"ခင်ဗျား တော်လောက်ပြီ ၊ ကျွန်တော် အခု ဘယ်လိုလုပ်ရမှာလဲ?သူမကို ရေခပ်ပေးလိုက်ရမလား?တစ်ခုခု ပြော.......ထားလိုက်တော့ ၊ ပြောလို့ မဖြစ်ဘူး ၊ ခင်ဗျားအမေ လန့်သွားမှာ စိုးရတယ်"
ရှန့်ရှီးက သက်ပြင်းချလိုက်ပြီး
"ကော ၊ ကျွန်တော်က ခင်ဗျားရဲ့ သူငယ်ချင်းလို့ သူမကို ပြောလိုက်တယ် ၊ တော်တော်လေး မျက်နှာပျက်စရာ ဖြစ်နေလောက်ပြီလို့ ခံစားနေရတယ် ၊ စောစောသိရင် ခင်ဗျားရဲ့ လူနာလို့ ကျွန်တော် ပြောလိုက်ပါတယ်"
"ဘာမှမဖြစ်ဘူး ၊ ငါကလည်း ငါ့သူငယ်ချင်းလို့ ပြောထားတာ"
ချိန်ပေါ်ယန်က ပြောလိုက်သည်။
"မင်း ညကျရင် ကိုယ့်ဘာသာ နည်းနည်းပါးပါး စားလည်း ပြဿနာ မရှိဘူး မဟုတ်လား?ငါ့တူမလေးက ငါ့ကို ပေးမပြန်ဘူး ၊ ထမင်းအတင်းစားခိုင်းနေတယ်"
"ပြဿနာ မရှိဘူး ၊ ပြဿနာ မရှိဘူး ၊ ခင်ဗျား ကျွန်တော့်ကို ဂရုစိုက်မနေပါနဲ့ ၊ ခင်ဗျား......."
ဧည့်ခန်းထဲရှိ တံခါးက အသံမြည်သွားသည်ကို ရှန့်ရှီး ကြားလိုက်ရတာကြောင့် ၊ ခေါင်းကို အမြန်ပြူထွက်၍ တစ်ချက် လှမ်းကြည့်လိုက်သည်။
"အိုင်း?ခေါင်းဆောင်ရွှီ သွားခဲ့ပြီ?"
"ခေါင်းဆောင်ရွှီက မင်းက သူမကြောင့် လန့်သွားတယ်လို့ ထင်သွားတာ ၊ အဲ့ဒါကြောင့် သွားခဲ့ပြီ"
ချိနိပေါ်ယန်က ရယ်၍ ပြောလိုက်သည်။
"ဒါဆိုလည်း မင်းဘာသာ နေနေလိုက်ဦး ၊ အပြင်ထွက်မယ်ဆိုရင် အင်္ကျီထည့်တဲ့ ဘီရိုအောက်မှာ သော့အပိုရှိတယ် ၊ မင်း ယူထားလိုက်ပေါ့"
"ရိုး ၊ သော့အပိုကိုတောင် ကျွန်တော့်ကို ပေးတယ်ပေါ့"
ရှန့်ရှီးမှာ ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်သည်။အန်တီရွှိီ ထွက်သွားသည်နှင့် သူ ချက်ချင်းဆိုသလို စ်ိတ်ပေါ့ပါးလာခဲ့သည်။ဧည့်ခန်းထဲ ပြန်လျှောက်လာ၍ ဆိုဖာပေါ် ခြေကားရားလက်ကားရားဖြင့် လှဲနေလိုက်သည်။
"ကျွန်တော် သော့ကိုယူသွားပြီး ကိုယ့်ဘာသာ သော့တစ်ခုပွားပြီးတော့ ၊ နောက်ကျရင် ပြန်လာပြီး ခင်ဗျားပစ္စည်းတွေ ခိုးမှာကို မကြောက်ဘူးလား?"
"မကြောက်ပါဘူး ၊ မင်း ပြောင်းသွားတာနဲ့ ငါက ချက်ချင်း သော့လဲမှာ"
ချိန်ပေါ်ယန်က အရမ်းကို တည့်တိုးဆန်စွာဖြင့်ပင် ပြန်ဖြေလာသည်။
"Fuck......."
ရှန့်ရှီးမှာ အတော်ကြာအောင် ရယ်လိုက်မိပြီး ၊ ဖိနပ်စင်ပေါ်တွင် တင်ထားသည့် အိတ်လေးတစ်အိတ်ကို ရုတ်တရက် မြင်လိုက်ရသည်။
"အိုင်း ၊ ခေါင်းဆောင်ရွှီရဲ့ အိတ်က ယူမသွားဘူးပဲ?"
ကျွန်တော် လိုက်ပေးလိုက်မယ်ဟု ရှန့်ရှီး နောက်တစ်ခွန်း ထပ်မပြောရသေးမီမှာပင် ၊ တံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။ရှန့်ရှီး၏ ခြေကားရားလက်ကားရားဖြင့် ဆိုဖာပေါ် လှဲနေသည့် အနေအထားက်ိို ပြန်ပြင်ဖို့ပင် အချိန်မမှီလိုက်ချေ။အန်တီရွှီက အထဲကို ၀င်လာခဲ့သည်။
မိမိမှာ ဒီနေ့ မျက်နှာပျက်ရလွန်း၍ အိမ်ပင် ရောက်သွားပြီဟု ရှန့်ရှီး တွေးလိုက်မိသည်။အန်တီရွှီ ၊ အန်တီ တမင်တကာ လုပ်တာ ဟုတ်တယ်မလား ! ဟုပင် ပြောလိုက်ချင်မိသည်။
"အန်တီ အိတ်လာယူတာလား?"
ရှန့်ရှီးမှာ ဆိုဖာပေါ်ကနေ ထခုန်၍ ဧည့်ခန်း၏ အလယ်တွင် မတ်တပ်ရပ်နေလိုက်သည်။
"အင်း"
အန်တီရွှီက သူ့က်ို တစ်ချက်လှမ်းကြည့်လာပြီး
"မင်း ထိုင်နေပါ"
"ကျွန်တော် ခဏလောက် ရပ်လိုက်ဦးမယ် ၊ ခဏလောက် ရပ်နေလိုက်ဦးမယ်"
ရှန့်ရှီးက ပြောလိုက်ရင်း ၊ လက်တစ်ဖက်ဖြင့် ခါးက်ိုထောက်၍ လှည့်လိုက်သည်။
"ကျွန်တော် ခါးကျောဆန့်မလို့......"
ဖုန်း၏ ဟိုဘက်ရှိ ချိန်ပေါ်ယန်၏ ရယ်သံကို ရှန့်ရှီး ကြားနေရသည်။သူ အံကြိတ်၍ ယဥ်ကျေးသည့် အပြုံးနုနုကို ဆက်ထိန်းထားလိုက်သည်။အန်တီရွှီ ထွက်သွားသည်ကို လိုက်ကြည့်နေပြီး နောက်မှသာ ဖုန်းထဲကို တစ်ချက်အော်ပြောလိုက်သည်။ :
"ဘာရယ်နေတာလဲ ! ခဏနေကျရင် ကျွန်တော် ခင်ဗျားအိမ်ကို ပြောင်စင်သွားတဲ့ အထိ ပြောင်းယူသွားတော့မှာ ယုံလား မယုံဘူးလား"
"မင်း ကြည့်ကြပ်ပြီး ပြောင်းပေါ့"
ချိန်ပေါ်ယန်က ပြောလိုက်သည်။
"မင်းရဲ့ ဟိုဆွဲသီးက ငါ့ဆီမှာပဲ ရှိသေးတာနော် ၊ ပိုက်ဆံဘယ်လောက်တန်လဲ သိလို့လား?"
"......ခင်ဗျား ထမင်းသွားစားတော့ ၊ ကျွန်တော့်ဘာသာ ခဏလောက် ဆော့နေလိုက်မယ် ၊ ခင်ဗျားရဲ့ ဟိုကွန်ပျူတာထဲမှာ ဘာမှလည်း မရှိဘူး"
ရှန့်ရှီးက ကွန်ပျူတာအရှေ့တွင် ထိုင်လိုက်ပြီး
"ခင်ဗျား ပုံမှန်ဆို ဒီကွန်ပျူတာကို ဘာလုပ်ဖို့ သုံးတာလဲ?"
"မင်း ဂိမ်းဆော့ချင်ရင် ကိုယ့်ဘာသာ download လုပ်လိုက်ရင် ရတာပဲ"
ချိန်ပေါ်ယန်မှာ သူပြောလိုက်သည့် စကားကို ချက်ချင်း နားလည်သည်ပင်။
"ဒါမှမဟုတ်ရင်လည်း မင်း ရုပ်ရှင်ကြည့်နေလို့ ရတာပဲ ၊ desktop ပေါ်မှာ ရုပ်ရှင်လို့ ရေးထားတဲ့ folder တစ်ခု ရှိတယ်မဟုတ်လား"
"သြော ၊ သရဲကား ရှိလား?"
ရှန့်ရှီးက ကြည့်လိုက်ပြီး ၊ mouse ကိုကိုင်၍ ရုပ်ရှင် folder ကို ဖွင့်ကြည့်လိုက်သည်။folder ထဲတွင် ဗွီဒီယိုတွေ မနည်းလှပေ။သူ ဖြည်းဖြည်းချင်း အောက်ဘက်ဆီ ကြည့်လာခဲ့လိုက်သည်။
"ရှိတယ် ၊ ကိုယ့်ဘာသာ ရှာလိုက်"
ချိန်ပေါ်ယန်က ပြောလိုက်သည်။
"မင်းနဲ့ မပြောတော့ဘူး ၊ ငါ......"
"ဒီ 'စိတ်ကိုကြည်လင်လန်းဆန်းသွားစေတဲ့ ရုပ်ရှင်ကားလေး'.........ဆိုတဲ့ထဲက ဘာလဲ?"
ရှန့်ရှီးက မေးလိုက်သည်။
*** *** ***
格格不入(GeGeBuRu)
စာေရးသူ : ဝူးက်ယ္
ဘာသာျပန္သူ : ယင္း
အပိုင္း ၁၈
ရွန္႔ရွီး၏ ဒီရုတ္တရက္ဆန္သည့္ အျပဳအမူေၾကာင့္ ခ်ိန္ေပၚယန္မွာ အသိျပန္မ၀င္ေတာ့ မတတ္ ျဖစ္သြားခဲ့သည္။
"ဘာလုပ္တာလဲ ၊ ငါ့မွာ လန္႔သြားတာပဲ"
သူ အေနာက္ကို တစ္လွမ္းဆုတ္လိုက္ၿပီး
"ထမင္းစားေတာ့ ၊ ရုတ္တရက္ႀကီး ဒါက္ို လာေျပာေနတယ္"
"အႏွစ္ခ်ဳပ္လိုက္တဲ့ ေနာက္မွာ ခင္ဗ်ားက တကယ့္ကိုလူေကာင္းလို႔ ခံစားရလို႔ပါ"
ရွန္႔ရွီးက ထိုင္ခံုက္ို ဆြဲယူ၍ ထိုင္ခ်လိုက္ၿပီး ၊ ေခါင္းငံု႔ကာ အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။
"ကြၽန္ေတာ့္ ဒီတစ္ဘ၀လံုး ေတြ့ခဲ့ဖူးတဲ့ လူေတြထဲမွာ စိတ္ထားေကာင္းၿပီး အရိုးသားဆံုးလူက ခင္ဗ်ားပဲ"
"ေတြ့ဖူးတဲ့လူက အရမ္းနည္းလို႔ပါ"
ခ်ိန္ေပၚယန္ကလည္း ထိုင္ခ်လိုက္ၿပီး ဆလတ္ရြက္တစ္ရြက္ယူ၍ ဟင္းကို စထုပ္လိုက္သည္။
"ၿပီးေတာ့ ငါေျပာဖူးပါတယ္ ၊ မင္းကိုကူညီတာ ငါ့မွာကိုယ္ပိုင္အေၾကာင္းျပခ်က္ ရိွတယ္ ၊ တစ္ခ်ိန္လံုး ေလ်ွာက္စဥ္းစားမေနနဲ႔ ၊ ရက္နည္းနည္းေလာက္ ေနၿပီးရင္ ျမန္ျမန္ ေနရာတစ္ေနရာရွာၿပီး ေျပာင္းသြားေတာ့"
"အင္း"
ရွန္႔ရွီးက ဟီးဟီးဟု ႏွစ္ေခါက္ေလာက္ ရယ္လိုက္ၿပီး ၊ ဆလတ္ရြက္ တစ္ရြက္ ယူလိုက္ကာ ၊ ဟင္းမ်ားကို ထုပ္၍ ပါးစပ္ထဲ ထည့္ေတာ့မည့္ အခ်္ိန္တြင္ ၊ ခ်ိန္ေပၚယန္က ထုပ္ၿပီးသြား၍ တစ္ကိုက္ကိုက္ၿပီးသည့္ေနာက္ ရပ္သြားသည္က္ို ျမင္လိုက္ရရသည္။မ်က္ႏွာအမူအရာက တစ္ခုခုကို အေလးအနက္ ေတြးေနပံုပင္။ရွန္႔ရွီးမွာ ကိုယ့္လက္ထဲရိွ ဆလတ္ထုပ္ကို ၾကည့္လိုက္ၿပီး
"ဘာျဖစ္လို႔လဲ?"
"ငါ့ဒီဘ၀မွာ"
ခ်ိန္ေပၚယန္က အရြက္ကို ၿမိဳခ်လိုက္ၿပီး ၊ ေနာက္တစ္ကိုက္ ျဖည္းျဖည္းခ်င္း ကိုက္လိုက္သည္။
"စားခဲ့ဖူးတဲ့ စားလို႔မေကာင္းဆံုး ဟင္းက ငါကိုယ္တိုင္ခ်က္တဲ့ ဟင္းပဲ ၊ ဘယ္သူမွ မေက်ာ္ႏိုင္ခဲ့ဖူးဘူး"
ရွန္႔ရွီးမွာ နားေထာင္ေနရင္းရယ္လိုက္မိၿပီး ၊ ေခါင္းငံု႔၍ တစ္ကိုက္ ကိုက္လိုက္သည္။အႀကိမ္အနည္းငယ္ေလာက္ ဝါးၿပီးသြားသည့္ေနာက္တြင္ ႏႈတ္ခမ္းကို လ်ွာႏွင့္လ်က္လိုက္ၿပီး ၊ ခဏေလာက္ အရသာ ခံလိုက္သည္။ :
"ကြၽန္ေတာ့္အထင္ေတာ့ အဆင္ေျပပါတယ္ ၊ နည္းနည္း ေပါ့ေနရံုေလးပဲ ၊ ခင္ဗ်ားေၾကာ္ထားတဲ့ ဟင္းက ဆလတ္ရြက္အရသာေလာက္ေတာင္ မငန္ဘူး"
"ဆားက အမ်ားႀကီး စားလို႔မရဘူး"
ခ်ိန္ေပၚယန္က ေျပာလိုက္သည္။
"ဘယ္သူေျပာတာလဲ ! ဟင္းက ေပါ့ေနေတာ့ ဘာအရသာမွ မထြက္လာေတာ့ဘူး"
ရွန္႔ရွီးက ေနာက္တစ္ကိုက္ ထပ္ကိုက္လိုက္သည္။သူက ထမင္းဟင္း၏ အရသာအေပၚ ေတာင္းဆိုခ်က္က အရမ္းကို နိမ့္သည္။စားစရာရိွလ်ွင္ ရၿပီျဖစ္သည္။
"ဘယ္သူေျပာတာလဲ.........ခုနက အသားအေရက ႏုအ္ိေနတာပဲဆိုၿပီး မင္းေျပာတဲ့ ဟိုအာဟာရေဗဒ ပညာရွင္က ေျပာတာ"
ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး
"မီးဖ္ိုခန္းထဲမွာ အမဲသားေဆာ့ ရိွတယ္ ၊ မင္း ေပါ့တယ္ထင္ရင္ နည္းနည္းေလာက္ယူၿပီး တို႔စားေပါ့"
"အမဲသားေဆာ့က ေကာင္းတယ္"
ရွန္႔ရွီးမွာ ခ်က္ခ်င္းပင္ ထခုန္လိုက္မိၿပီး မီးဖိုခန္းထဲ ေျပး၀င္လာခဲ့လိုက္သည္။
"အမဲသားေဆာ့က ေကာင္းတယ္ ၊ အမဲသားေဆာ့က နတ္သမီး........"
ေန့လည္စာ စားၿပီးသြားသည့္ ေနာက္တြင္ ၊ ခ်ိန္ေပၚယန္က ပန္းကန္ႏွင့္ တူမ်ားကို သိမ္းဆည္း၍ ေဆးေၾကာရန္ ျပင္လိုက္သည္။
"ကြၽန္ေတာ္လုပ္လိုက္မယ္"
ရွန္႔ရွီးက အက်ႌလက္ကို ေခါက္တင္၍ လိုက္၀င္လာခဲ့လိုက္ၿပီး
"ခင္ဗ်ားက ထမင္းခ်က္ထားတာပဲ ၊ ကြၽန္ေတာ္ ပန္းကန္ေဆးေပးမယ္"
"မင္း ေဆးတတ္တယ္လား..
...."
ခ်ိန္ေပၚယန္မွာ ရွန္႔ရွီးကို သိပ္မယံုရဲေပ။
"ဘာျဖစ္လို႔မေဆးတတ္ရမွာလဲ ၊ ကြၽန္ေတာ္ ဖုန္းေပါကြၽမ္းမွာ အဓ္ိကလုပ္ရတဲ့ အလုပ္က ပန္းကန္ေဆးရတာပဲ ၊ ခင္ဗ်ား ကြၽန္ေတာ္ အမိႈက္သြန္တာကိုပဲ ျမင္လိုက္တာ မဟုတ္လား ၊ ကြၽန္ေတာ္ မီးဖ္ိုခန္းအေနာက္မွာ ပန္းကန္ေဆးရေသးတယ္"
ရွန္႔ရွီးက ပန္းကန္မ်ားကို လက္ေဆးကန္ထဲထည့္လိုက္ၿပီး
"စိတ္ခ်ထားလိုက္ပါ"
"အျဖဴေရာင္က ပန္းကန္ေဆးတဲ့ဟာ"
ခ်ိန္ေပၚယန္ကလည္း ရွန္႔ရွီးကို အားနာမေနေတာ့ပဲ ၊ ေဘးနားတြင္ ခ်ိတ္ထားသည့္ အ၀တ္ဖတ္မ်ားကို ၫႊန္ျပလိုက္သည္။
"ေဘးနားက ဟိုအျပာေရာင္က စင္းတီတံုးသုတ္တဲ့ဟာ ၊ ပန္းေရာင္က ဓားသုတ္တဲ့ဟာ......."
"ေကာ"
ရွန္႔ရွီးမွာ ခ်ိန္ေပၚယန္၏ စကားကို ျဖတ္ေျပာလိုက္သည္။
"ေကာ ၊ ကြၽန္ေတာ္ အရင္ဆံုး ပန္းကန္ေဆးလိုက္ၪီးမယ္"
ခ်ိန္ေပၚယန္က တစ္ခုခု ေျပာခ်င္ေနေသးသည္။ဧည့္ခန္းထဲ ခ်ထားခဲ့သည့္ ဖုန္းက အသံျမည္လာတာေၾကာင့္ ၊ သူ မီးဖိုခန္းထဲကေန လွည့္လာသြားခဲ့လိုက္သည္။
"ေပၚယန္လား"
ဖုန္းထဲရိွ ဟိုဘက္ကေန တစ္၀မ္းကြဲအစ္မ၏ အသံ ထြက္ေပၚလာသည္။
"နင္ ဒီေန့ ေဆးရံုမွာရိွလား?"
"ဒီေန့ ငါ နားတယ္ ၊ ဘာျဖစ္လို႔လဲ?"
ဟိုဘက္ရိွ ေရွာင္ရွီး၏ ငိုသံကို ခ်ိန္ေပၚယန္ ၾကားလိုက္ရသည္။
"ေရွာင္ရွီး ဘာျဖစ္လို႔လဲ?"
"ေလွကားေပၚကေန ခုန္ခ်တာ လဲက်သြားလို႔ ၊ ငါ ၾကည့္တာေတာ့ ဘယ္ေနရာမွ ေရာင္ရမ္းလာတာ မရိွပါဘူး ၊ ဒါေပမယ့္ သူမက တစ္ခ်ိန္လံုး ငိုေနတာ ၊ လက္ေမာင္းက နာတယ္လို႔ ေျပာတယ္"
တစ္၀မ္းကြဲအစ္မက အေတာ္ေလး စိုးရိမ္ေနဟန္ျဖင့္ ေျပာလာသည္။
"အခုေတာ့ နင္ အရင္က ငါ့ကိုသင္ေပးထားတဲ့အတိုင္း သူမရဲ့ လက္ေမာင္းက္ို က်ပ္ေနေအာင္ စည္းထားလိုက္တယ္ ၊ သူမကိုေခၚၿပီး နင္တို႔ေဆးရံုဆီ လာေနၿပီ ၊ နင္က နားတာလား?"
"ငါအခု လာခဲ့မယ္"
ခ်ိန္ေပၚယန္မွာ ခ်က္ခ်င္းပင္ မတ္တပ္ထရပ္လိုက္ၿပီး အေပၚ၀တ္ကို သြားယူလိုက္သည္။ေရွာင္ရွီးက သူ႔က္္ို အရမ္းကပ္သည္။သူကလည္း ဒီကေလးမေလးကို အရမ္း သေဘာက်သည္ပင္။သူမ၏ ငိုသံကို ၾကားလိုက္ရသည့္အခ်ိန္တြင္ ရုတ္တရက္ အရမ္းကို သနားသြားမိသည္။
"ငါ လ်ံဳေဖးက္ို ဖုန္းတစ္ခ်က္ ဆက္ထားေပးမယ္ ၊ နင္အရင္ေရာက္ေနတယ္ ဆိုရင္ သူ႔ကို တစ္ခါတည္း သြားရွာလိုက္"
ခ်ိန္ေပၚယန္မွာ တစ္၀မ္းကြဲအစ္မ၏ ဖုန္းက္ို ခ်ၿပီးသည္ႏွင့္ ၊ အက်ႌ၀တ္ ဖိနပ္လဲေနရင္း ၊ မီးဖိုခန္းထဲကေန ေခါင္းျပဴထြက္လာသည့္ ရွန္႔ရွီးကို မွာၾကားလိုက္သည္။ :
"ငါ ေဆးရံုဆီ သြားမလို႔ ၊ ငါ့တူမေလး ဒဏ္ရာရထားတယ္ ၊ မင္း တီဗြီပဲ ၾကည့္ၾကည့္ ကြန္ပ်ူတာပဲ ေဆာ့ေဆာ့ ရတယ္ ၊ အိပ္ခ်င္လာရင္ အရင္ဆံုး ဟိုအခန္းထဲက ဆိုဖာကုတင္ေပၚ သြားအိပ္ႏွင့္လိုက္ ၊ ငါ့ကုတင္ေပၚမွာ အိပ္ရဲလို႔ကေတာ့ မင္းေသၿပီပဲ......"
"သိပါၿပီ သိပါၿပီ"
ရွန္႔ရွီးက ေခါင္းညိတ္ျပ၍ သေဘာတူလိုက္သည္။
"ကြၽန္ေတာ္ ခင္ဗ်ား အိပ္ခန္းထဲ မ၀င္ပါဘူး"
"ကိစၥရိွရင္ ငါ့ဆီ ဖုန္းဆက္လိုက္"
ခ်ိန္ေပၚယန္က ကြန္ပ်ူတာအေရ႔ွနား ၫႊန္ျပလိုက္ၿပီး
"ဟိုဟာကို သံုးၿပီး ဆက္"
"အင္း"
ရွန္႔ရွီးက အနားကို ေလ်ွာက္သြား၍ ဖုန္းကိုယူကာ ၾကည့္ၾကည့္လိုက္သည္။မေမ်ွာ္လင့္ထားစြာျဖင့္ ခလုတ္ဖုန္း ျဖစ္ေနသည္။
ခ်ိန္ေပၚယန္ တံခါးကို ပိတ္၍ ထြက္သြားသည့္ ေနာက္တြင္ ၊ ရွန္႔ရွီးမွာ ခါးပ်င္းေက်ာ တစ္ခ်က္ဆန္႔၍ ၊ ေနရာမွာပင္ ခဏေလာက္ ရပ္ေနလိုက္ကာ ၊ မီးဖိုခန္းထဲ ၀င္၍ ပန္းကန္မ်ားကို ၿပီးေအာင္ ေဆးလိုက္သည္။
စင္းတီတံုးကို တစ္ခ်က္ေလာက္ သုတ္ရန္ စဥ္းစားလိုက္ခ်ိန္တြင္ ၊ ခ်ိန္ေပၚယန္က ဘယ္အ၀တ္ဖတ္ကို သံုးရမယ္ဟု ေျပာထားမွန္း ေမ့သြားခဲ့သည္။
အ၀တ္ဖတ္ သံုးခုအေရ႔ွတြင္ ရပ္၍ ၾကည့္လိုက္မိသည္။အကုန္လံုးက အရမ္းကို သန္႔ရွင္းေနသည္။အသစ္အတိုင္းပင္။ပန္းကန္ေဆးတာ ၊ စင္တီတံုးသုတ္တာ ၊ ဓားသုတ္တာက တကယ္ပဲ ဘာကြာျခားလို႔ ၊ အ၀တ္ဖတ္ သံုးခု ရိွေနရတာလဲ.......
ေနာက္ဆံုးမွာေတာ့ ရွန္႔ရွီးမွာ ပန္းေရာင္ကို ယူ၍ စင္းတီတံုးက္္ို တစ္ေခါက္ သုတ္လိုက္သည္။
တစ္ျခားသူ၏ အိမ္တြင္ ၊ အထူးသျဖင့္ သန္႔ရွင္းသပ္ရပ္ေနသည့္ တစ္ျခားသူ၏ အိမ္တြင္ တစ္ေယာက္တည္း ေနေနရတာေၾကာင့္ ၊ မိမိမွာ တံခါးက္ိုဖ်က္၍ ၀င္လာခဲ့သလိုမ်ိဳး ထူးထူးဆန္းဆန္း ရွန္႔ရွီး ခံစားေနရသည္။ဧည့္ခန္းတြင္ တီဗြီၾကည့္ေနသည္က အရမ္းကို ရဲတင္းေနၿပီး ၊ ခဏေနလ်ွင္ ရဲအရာရိွ ၪီးေလးႀကီးက သူ႔အား လာဖမ္းေတာ့မလိုမ်ိဳး ခံစားေနရသည္။
ဧည့္ခန္းတြင္ ထိုင္မေနႏိုင္ေပ။အခုအခ်ိန္၌ ၾကည့္စရာ အစီအစဥ္ေကာင္းေကာင္းလည္း မရိွေခ်။သူ မတ္တပ္ထရပ္၍ စာၾကည့္ခန္းထဲ ၀င္လာခဲ့လိုက္ကာ ၊ ခ်ိန္ေပၚယန္ သူ႔အတြက္ သတ္မွတ္ေပးထားသည့္ ဆိုဖာကုတင္ေပၚတြင္ လွဲခ်လိုက္သည္။ေတာ္ေတာ္ေလး သက္ေသာင့္သက္သာ ရိွသည္ပင္။ခ်ိန္ေပၚယန္မွာ လံုး၀ဇိမ္ခံတတ္သည့္လူဆိုတာ ေသခ်ာသည္။ပံုမွန္ မသံုးတတ္သည့္ ဆိုဖာကုတင္ကို ၀ယ္တာေတာင္ အထူဆံုး အက်ယ္ဆံုး အမ်ိဳးအစားကို ေရြးထားသည္။
သူ ဖ်င္ရႉးအိမ္မွာ ေနစဥ္က ေျခေထာက္မခိုင္သည့္ သံကုတင္ထက္ပင္ အမ်ားႀကီး သာေနေသးသည္။အနည္းဆံုးေတာ့ ခါးေကြးထားစရာ မလိုေခ်။
ခဏေလာက္ လွဲေနၿပီးေနာက္တြင္ ၊ သူ ထပ္ၿပီး စိတ္မေအးသလ္ို ျဖစ္လာျပန္သည္။မတ္တပ္ထရပ္လိုက္ၿပီး အခန္းထဲတြင္ သြားလိုက္လာလိုက္ျဖင့္ ႏွစ္ပတ္ေလာက္ ပတ္ေလ်ွာက္လိုက္သည္။ေနာက္ဆံုးမွာေတာ့ ခိုးေၾကာင္ခိုးဝွက္ျဖင့္ ခ်ိန္ေပၚယန္၏ အိပ္ခန္းတံခါးက္ို တြန္းဖြင့္လိုက္ကာ ၊ ေခါင္းျပဴ၀င္၍ ၾကည့္လိုက္သည္။
အိပ္ခန္းကို ျပင္ဆင္ထားသည့္ စတိုင္က ၊ ဧည့္ခန္း ၊ စာၾကည့္ခန္းတို႔ႏွင့္ မတူေပ။ဧည့္ခန္းႏွင့္ စာၾကည့္ခန္းမွာ အျဖဴအနက္ကို အဓိက ထားထားသည္။ၾကည့္လိုက္လ်ွင္ သန္႔ရွင္းသပ္ရပ္၍ နည္းနည္း ေအးစက္ေနသည္။သို႔ေသာ္လည္း ဒီအိပ္ခန္းမွာေတာ့ လိမၼော္ေရာင္ျဖင့္ ျပင္ဆင္ထားရာ ၊ ၾကည့္လိုက္လ်ွင္ အရမ္းက္ို အရသာရိွမည့္ပံု ေပၚေနသည္။
ထို႔အျပင္ ဒီအခန္းက အလင္းေရာင္ ေတာ္ေတာ္ေလး ေကာင္းလွသည္။ေနေရာင္က တစ္၀က္ဖြင့္ထားသည့္ ျပတင္းေပါက္ လိုက္ကာၾကားမွ တိုး၀င္လာေနရာ ၊ အခန္းထဲက္ို ၾကည့္လိုက္လ်ွင္ ေနြးေနြးေထြးေထြးပံု ေပါက္ေနသည္။
ႀကီးၿပီး ထူထဲသည့္ ဆိုဖာ ၊ ၾကမ္းျပင္ေပၚ ပစ္ခ်ထားသည့္ အထူသိုးေမႊးဖ်ာ ၊ ၾကမ္းျပင္တြင္ ျဖစ္သလို ခ်ထားသည့္ စာအုပ္အခ်ိဳ႕ ၊ စာအုပ္စင္ မ်က္ေစာင္းထိုးနားေလာက္တြင္ ခ်ထားသည့္ ေလွကားငယ္ေလး တစ္ခု ၊ ၿပီးေတာ့ ျပတင္းေပါက္ ေဘးနားရိွ စားပြဲေသးေလးေပၚတြင္ တင္ထားသည့္ သစ္ပင္ပန္းပင္ေလးမ်ား........မ်က္စိအျပည့္ သက္ေသာင့္သက္သာ ရိွလွၿပီး ေပါ့ေပါ့ပါးပါး ရိွလွသည္။
ရွန္႔ရွီးမွာ ခ်ိန္ေပၚယန္အား သူ႔အိပ္ခန္းထဲ မ၀င္ပါဘူးဟု ေျပာထားေသာ္လည္း ၊ အခုအခ်ိန္မွာေတာ့ တစ္ခ်က္ေလာက္ တံု႔ဆိုင္းသြားမိၿပီး ၊ အသာေလး ခုန္၍ ၀င္လာခဲ့လိုက္သည္။
စာအုပ္စင္အေရ႔ွတြင္ ခဏေလာက္ ရပ္ေနလိုက္မိၿပီး ၊ ေလွကားေလးေပၚတြင္ ထိုင္ခ်လိုက္သည္။ၿပီးေနာက္တြင္ေတာ့ ဖ်ာေပၚတြင္ စကၠန္႔အေတာ္ၾကာေအာင္ တင္ပ်ဥ္ေခြ ထိုင္ေနလိုက္သည္။ေနာက္ဆံုးတြင္ေတာ့ ရွန္႔ရွီးမွာ ခ်ိန္ေပၚယန္၏ ကုတင္အေရ႔ွတြင္ ရပ္တန္႔လိုက္မိသည္။
ကုတင္က အရမ္းႀကီးလွသည္။ၾကည့္ရသည္မွာေတာ့ မွာယူၿပီး လုပ္ခိုင္းထားပံုရသည္။ပံုမွန္ႏွစ္ေယာက္အိပ္ကုတင္ထက္ ေတာ္ေတာ္ေလး ႀကီးလွသည္။ရွန္႔ရွီးမွာ လက္ကိုဆန္႔ထုတ္၍ ဖိၾကည့္လိုက္သည္။ထူလည္းထူၿပီး တြန္းကန္အားလည္း ရိွသည္။
"တကယ္အက်င့္ပ်က္တာပဲ ! "
ရွန္႔ရွီးမွာ လက္ႏွစ္ဖက္ျဖင့္ကုတင္ေပၚ အားျပဳထားရင္း စကားတစ္ခြန္း ဆိုလိုက္ကာ ၊ ႏွစ္စကၠန္႔ေလာက္ ၿငိမ္ေနၿပီး ေနာက္မွာေတာ့ အေရ႔ွဘက္ရိွ ကုတင္ေပၚ ရုတ္တရက္ ပစ္၀င္လိုက္သည္။ခႏၶာကိုယ္က ကုတင္ေပၚတြင္ တစ္ခ်က္ ျပန္ကန္ထြက္လာၿပီး ေနာက္တြင္ေတာ့ အျမန္ပင္ ျပန္ထခုန္လိုက္ကာ ၊ အိပ္ခန္းထဲမွ ေျပးထြက္လာခဲ့လိုက္ေတာ့သည္။
ဒီအေၾကာင္းကိုသာ ခ်ိန္ေပၚယန္ သိသြားပါက ၊ သူေတာ့ ေသခ်ာေပါက္ ေသၿပီပင္။
ခ်ိန္ေပၚယန္၏ ကြန္ပ်ူတာက ဖြင့္ထားလ်က္ ရိွေနသည္။ရွန္႔ရွီးမွာ အနားက္ိုသြား၍ ထိုင္လိုက္ကာ ၊ mouse ကို ကိုင္၍ အခ်က္အနည္းငယ္ေလာက္ ေလ်ွာက္ႏိွပ္လိုက္ၿပီး စိတ္၀င္စားစရာ မေကာင္းဘူးဟု ထင္လာမိျပန္သည္။ကြန္ပ်ူတာဆိုသည္မွာ သူ႔အတြက္ကေတာ့ ဂိမ္းေဆာ့သည့္စက္ပင္။ဂိမ္းေဆာ့တာကလြဲၿပီး ၊ သူ ကြန္ပ်ူတာအေၾကာင္းကို ဘာမွမသိေပ။
ဒီကြန္ပ်ူတာထဲတြင္ ဂိမ္းတစ္ခုေတာင္ မရိွေပ။မိုင္းရွင္းလင္းဂိမ္း ႏွင့္ ဖဲခ်ပ္ဂိမ္းေတာင္ မရိွေခ်။
ရွန္႔ရွီးမွာ က်စ္ခနဲ တစ္ခ်က္စုတ္သတ္လိုက္မိၿပီး ၊ mouse ကို ခ်၍ ထပ္ၿပီး ထရပ္လိုက္မိသည္။ခ်ိန္ေပၚယန္က ပံုမွန္ဆို ဒီကြန္ပ်ူတာကိုသံုးၿပီး ဘာလုပ္သလဲ မသိေပ။အရမ္းကို စိတ္၀င္စားစရာ မေကာင္းလွေခ်။
တီဗြီသာ ဆက္ၾကည့္ေနရံု ရိွေတာ့သည္။
ရွန္႔ရွီးမွာ ကူရွင္ကိုဖက္၍ ဆိုဖာေပၚတြင္ထိုင္ကာ ၊ တီဗြီၾကည့္ေနၿပီး ဘာမွမၾကာေသးမီမွာပင္ ေရနည္းနည္း ဆာလာသည္။သူ အခန္းထဲေရာက္တာ ဒီေလာက္အခ်ိန္ၾကာေနၿပီ ျဖစ္ေသာ္လည္း ေရမေသာက္ရေသးေပ။ခ်ိန္ေပၚယန္ကလည္း သူ သံုးလို႔ရမည့္ ေရခြက္တစ္ခြက္ကို မသတ္မွတ္ေပးခဲ့ေခ်။
သူ ကူရွင္ကိုဖက္ထားရင္း ေရစက္အေရ႔ွနားတြင္ ရပ္၍ အေတာ္ၾကာေအာင္ ရွာေဖြၾကည့္လိုက္မိသည္။ေလးဖက္ေလးတန္တြင္ ေရခြက္တစ္ခြက္မွ ရိွမေနေခ်။ေနာက္ဆံုးတြင္ေတာ့ သူ မီးဖိုခန္းထဲ ၀င္၍ ပန္းကန္တစ္လံုး ရွာလိုက္သည္။
ပန္းကန္ျဖင့္ ေရခံ၍ ေသာက္ေနစဥ္မွာပင္ ၊ တံခါးက အသံတစ္ခ်က္ ျမည္လာသည္ကို ၾကားလိုက္ရသည္။
ရွန္႔ရွီးမွာ နံရံေပၚရိွ နာရီကို တစ္ခ်က္လွမ္းၾကည့္လိုက္မိသည္။ခ်ိန္ေပၚယန္ ထြက္သြားတာ ႏွစ္နာရီ ၾကာေနၿပီျဖစ္သည္။ျပန္လာတာ ေတာ္ေတာ္ေလး ျမန္လွသည္။
ဘာေၾကာင့္မွန္းေတာ့ မသ္ိေပ။ခ်ိန္ေပၚယန္ ျပန္လာၿပီဟု ေတြးလိုက္မိသည္ႏွင့္ ရွန္႔ရွီးစိတ္ထဲတြင္ အရမ္းကို ၀မ္းသာသြားမိသည္။မိမိမွာ အိမ္ေစာင့္ေပးသည့္ ေခြးလိုမ်ိဳး ခံစားလိုက္ရသည္။တစ္ေနကုန္ ၾကမ္းျပင္တြင္ ၀ပ္ေနၿပီး ဘာမွ လုပ္စရာ မရိွရာ ၊ လူျပန္လာသံ ၾကားလိုက္ရသည္ႏွင့္ ခ်က္ခ်င္း ေပ်ာ္ရႊင္သြားကာ အၿမႇီးကို စၿပီး ႏွံ႔ေနမိသည္။
တံခါးက ပြင့္လာတာေၾကာင့္ ၊ ရွန္႔ရွီးမွာ လက္တစ္ဖက္က ကူရွင္ကို ဖက္ထားရင္း ၊ လက္တစ္ဖက္က ပန္းကန္ကို ကိုင္ထားရင္းျဖင့္ အသံအက်ယ္ႀကီး တစ္ခ်က္ေအာ္ေျပာလိုက္သည္။ :
"ဓားသမားႀကီး အထဲကိုႂကြပါ ! အစားအေသာက္မွာစားမွာလား တည္းခိုမွာပါလား ! အိုင္း ခင္ဗ်ားကြန္ပ်ူတာကလည္း ဂိမ္းတစ္ခုေတာင္ မရိွဘူး ၊ ဒီတစ္ညေနလံုး ပ်င္းလို႔ေသ......."
စကားဆံုးေအာင္ မေျပာရေသးမီမွာပင္ လည္ေခ်ာင္းထဲ၌ တစ္ဆို႔သြားခဲ့သည္။ရွန္႔ရွီးမွာ အခန္းထဲ ၀င္လာသည့္လူကို စိုက္ၾကည့္လိုက္မိသည္။အိမ္က္ို ေဖာက္ထြင္း၀င္လာတုန္း ခ်က္ခ်င္းလက္ငင္း အဖမ္းခံလိုက္ရသလို ထင္ေယာင္ထင္မွား အေတြးမ်ိဳးက အရမ္းကို ျပင္းထန္လာခဲ့သည္။
ဒီအခန္းထဲမွာ တစ္ျခားသူ ေနေသးတယ္လို႔လည္း ခ်ိန္ေပၚယန္က မေျပာျပထားဘူး !
အခန္းထဲ ၀င္လာသည့္သူမွာ သက္လတ္ပိုင္း အမ်ိဳးသမီးတစ္ေယာက္ ျဖစ္သည္။အသက္ကို မွန္းဆ၍ မရေခ်။အရမ္းလွသည္ဟုသာ ခံစားရသည္။ထို႔အျပင္ ၾကည့္ေနရင္း ဘယ္လိုျဖစ္ၿပီး နည္းနည္းျမင္ဖူးေနသလို ခံစားေနရသလဲ မသိေပ။
ထိုအမ်ိဳးသမီးကလည္း တံခါးမွ ၀င္လာၿပီး ရွန္႔ရွီးကို ေတြ့သြားရာ ခ်က္ခ်င္းဆိုသလို ေနရာမွာပင္ ေၾကာင္အသြားခဲ့ကာ ၊ ေသာ့ကိုကိုင္ထားၿပီး ဖိနပ္စင္ေပၚ တင္ရန္ ျပင္ေနသည့္ လက္ကလည္း ေလထဲမွာပင္ ေတာင့္တင္းသြားခဲ့သည္။
ရွန္႔ရွီးမွာ သူမႏွင့္ အေတာ္ၾကာေအာင္ မ်က္လံုးခ်င္းဆံု ၾကည့္ေနမိၿပီးကာမွ တစ္ခြန္းေျပာလိုက္သည္။ :
"တာ့က်ယ္(အစ္မႀကီး) ၊ အိမ္မွား၀င္လာတာေတာ့ မဟုတ္ဘူး မလား?"
အမ်ိဳးသမီးက သူ႔အသံကို ၾကားသြားခ်ိန္တြင္ အသိျပန္၀င္လာသလိုပင္။ဘာမွ ျပန္မေျပာပဲ ၊ လက္ထဲရိွ ေသာ့ကိုသာ လႈပ္ယမ္းျပလာၿပီး ၊ ဖိနပ္စင္ေပၚ တင္လိုက္ကာ ၊ ၿပီးေနာက္တြင္ေတာ့ ဖိနပ္ဘီရိုကို ဖြင့္လိုက္သည္။လႈပ္ရွားမႈက ကြၽမ္းက်င္ေနၿပီး ကြင္းထိုးဖိနပ္တစ္ရံ ထုတ္ယူ၍ လဲစီးလိုက္သည္။
ရွန္႔ရွီးမွာ ေဘးနားတြင္ ရပ္ေနမိၿပီး ၊ ဒီအမ်ိဳးသမီးအား နည္းနည္း ျမင္ဖူးေနသည္ဟုသာ ခံစားေနရသည္။သို႔ေသာ္လည္း ဘာျဖစ္လို႔ ျမင္ဖူးေနသလဲဆိုသည္ကို စဥ္းစားလို႔ မရေခ်။သူမက ဖိနပ္လဲစီးလိုက္ၿပီး ၊ အေပၚ၀တ္ကို ခြၽတ္၍ ဘီရိုထဲ ထည့္လိုက္ကာ ၊ ၿပီးေနာက္တြင္ေတာ့ ပိုးသတ္ေဆး နည္းနည္း ၫွစ္ယူ၍ လက္ထဲထည့္ကာ ပြတ္သုတ္ေနသည္ကိုသာ အေနရခက္စြာျဖင့္ ၾကည့္ေနလိုက္မိသည္။
ဒီလႈပ္ရွားမႈမ်ားမွာ ခ်ိန္ေပၚယန္ႏွင့္ တစ္ပံုစံတည္းပင္။တစ္ခ်က္ၾကည့္လိုက္တာႏွင့္......အေမအရင္းပင္။
အမွန္ပဲ ၊ သူမက ခ်ိန္ေပၚယန္ရဲ့ အေမပဲ !
သူမက ေသခ်ာေပါက္ ခ်ိန္ေပၚယန္၏ အေမပင္ !
သူ႔အေမက တကယ္ အသက္ငယ္တာပဲ........
အရမ္းေၾကာက္စရာ ေကာင္းတာပဲ ၊ ဘယ္လိုျဖစ္ၿပီး ခ်ိန္ေပၚယန္ရဲ့ အေမက ရုတ္တရက္ႀကီး ေပၚလာတာလဲ !
ရွန္႔ရွီးမွာ ရုတ္တရက္ဆိုသလို ေျခေထာက္က အနည္းငယ္ ေပ်ာ့ေခြလာခဲ့ၿပီး ၊ လက္တစ္ဖက္က ကူရွင္ကို ဖက္ထားရင္း ၊ လက္တစ္ဖက္က ပန္းကန္ကို ကိုင္ထားရင္းျဖင့္ ၊ ဒီလိုအေနရခက္စြာျဖင့္သာ ေနရာမွာပင္ ရပ္၍ မလႈပ္ရဲေတာ့ေပ။
"မင္းက ဘယ္သူလဲ?"
အမ်ိဳးသမီးက လက္ကို ပြတ္သုတ္ေနရင္းျဖင့္ သူ႔အားၾကည့္ကာ တစ္ခြန္းလွမ္းေမးလာသည္။
သူမ၏ အသံက တည္ၿငိမ္ၿပီး ယဥ္ေက်းမႈ ရိွလွကာ ၊ မ်က္လံုးအၾကည့္ထဲတြင္ နည္းနည္း စူးစမ္းေနဟန္ ပါေနသည္။ထို႔အျပင္ ရွန္႔ရွီးအား မသိမသာျဖင့္ အကဲခတ္ေနေသးသည္။မ်က္ႏွာေပၚတြင္လည္း အရမ္းမသိသာသည့္ အၿပံဳးရိွေနသည္။ရွန္႔ရွီးမွာ ရုတ္တရက္ဆိုသလို ဖိႏိွပ္ခံရသလို ခံစားခ်က္မ်ိဳး ခံစားလိုက္ရသည္။
"ကြၽန္ေတာ္က......ကြၽန္ေတာ္......"
ရွန္႔ရွီးမွာ သူမအား ၾကည့္ေနရင္း ၊ မိမိမွာ ခ်ိန္ေပၚယန္၏ သူငယ္ခ်င္းဟု ေျပာလိုက္ရမလား ၊ ဒါမွမဟုတ္ လူနာဟု ေျပာလိုက္ရမလား ဆိုတာကို တံု႔ဆိုင္းေနမိသည္။ေသခ်ာ မစဥ္းစားရေသးမီမွာပင္ ၊ သူ အေတာ္ေလး အံ့အားသင့္သြားဟန္ျဖင့္ မ်က္လံုးကို ျပဴးလိုက္မိၿပီး
"အန္တီက ေခါင္းေဆာင္ရႊီမဟုတ္လား ! ဟို.....ဟို အာဟာရေဗဒ.....ပညာရွင္"
အမ်ိဳးသမီးက ဘာမွ မေျပာေပ။သူ ဘာေျပာလိုက္သလဲ ဆိုတာကို အသိျပန္မ၀င္ေသးပံုပင္။
"ဟို ၊ ဟို ေန့လည္က ကြၽန္ေတာ္ တီဗြီၾကည့္ေနေသးတယ္ ၊ အန္တီ မဟုတ္လား?"
ရွန္႔ရွီးက ကိုယ္ကိုလွည့္၍ တီဗြီအား ၫႊန္ျပလိုက္သည္။လက္ထဲတြင္ ပန္းကန္လံုးကို ကိုင္ထားရာ ၊ ဒီလိုတစ္ခ်က္ လွည့္လိုက္တာေၾကာင့္ ၊ ပန္းကန္ထဲရိွ ေသာက္လို႔မကုန္ေသးသည့္ ေရမ်ားမွာ ထြက္က်ကုန္သည္။သူ ပါးစပ္က အက်င့္ပါေနသည့္ အတိုင္း အသံတိုးတိုးျဖင့္ တစ္ခြန္း ဆဲလိုက္မိသည္။
"အိုင္း ၊ Fuck"
အစကတည္းက ေတာ္ေတာ္ေလး အေနရ ခက္ေနၿပီပင္။ေရမ်ားကို ၾကမ္းျပင္ေပၚ သြန္က်သြားေစလိုက္ေသးသည္။ရွန္႔ရွီးမွာ တစ္ျခားဟာေတြ ထပ္ေျပာဖို႔ ဂရုစိုက္မေနႏိုင္ေတာ့ပဲ ၊ ကူရွင္အား ဆိုဖာေပၚ ပစ္တင္၍ မီးဖိုခန္းထဲ ေျပး၀င္လာခဲ့လိုက္ကာ ၊ အလွမ္းသင့္သည့္ အ၀တ္ဖတ္ကို ဆြဲယူ၍ ျပန္ေျပးထြက္လာခဲ့လိုက္ၿပီး ၊ ၾကမ္းျပင္ေပၚ ဒူးတစ္ဖက္ေထာက္၍ ထိုင္ခ်လိုက္ကာ ေရမ်ားကို သုတ္လိုက္သည္။
"အန္တီ.....ဟုတ္တယ္မလား......"
ရွန္႔ရွီးမွာ ၾကမ္းျပင္ေပၚရိွ ေရမ်ားကို ပြတ္သုတ္ၿပီးသြားသည့္ ေနာက္တြင္ ၊ အမ်ိဳးသမီးက သူ႔လက္ထဲရိွ အ၀တ္စကို တစ္ခ်ိန္လံုး စိုက္ၾကည့္ေနေၾကာင္း သတိထားလိုက္မိသည္။သူလည္း တစ္ခ်က္ ၾကည့္လိုက္မိသည္။သူက္ိုင္ထားသည္မွာ ပန္းကန္ေဆးသည့္ အျဖဴေရာင္ ျဖစ္ေနေၾကာင္း ေတြ့လိုက္ရရာ ၊ ရုတ္တရက္ဆိုသလို ပိုၿပီး အေနရခက္သြားမိၿပီး ၊ ပါးစပ္ကို အေတာ္ၾကာေအာင္ဟ၍ တစ္ခြန္း ထပ္ျဖည့္ေျပာလိုက္သည္။
"ရႊီ.....အန္တီရႊီ မဂၤလာပါ"
"......မဂၤလာပါ"
အန္တီရႊီက ေခါင္းညိတ္ျပလာၿပီး
"မင္းက ေပၚယန္ရဲ့......."
"သူငယ္ခ်င္းပါ"
ရွန္႔ရွီးက သတၲိေမြး၌ အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။
"ကြၽန္ေတာ္က သူ႔သူငယ္ခ်င္းပါ"
"ေၾသာ္"
အန္တီရႊီက အေတာ္ေလး အံ့အားသင့္သြားပံု ရသည္။သူ႔လက္ထဲရိွ အ၀တ္စကို ၫႊန္ျပလာၿပီး
"ခ်ထားလိုက္ေလ ၊ တစ္ခ်ိန္လံုး ကိုင္မထားနဲ႔"
"အင္း"
ရွန္႔ရွီးမွာ မီးဖိုခန္းထဲ ေျပး၀င္၍ အ၀တ္စအား ႏွစ္ခ်က္ေလာက္ ပြတ္တိုက္လိုက္ကာ ၊ ျပန္ခ်ိတ္ထားလိုက္သည္။
ကိုယ္ကိုျပန္လွည့္၍ ထြက္သြားရန္ လုပ္လိုက္သည့္ အခ်ိန္တြင္ ၊ အန္တီရႊီက မီးဖိုခန္းထဲ လိုက္၀င္လာၿပီး ၊ ေရခဲေသတၲာကို ဆြဲဖြင့္၍ အထဲကို ၾကည့္ေနသည္အား ျမင္လိုက္ရသည္။သူလည္း တစ္ဖက္တြင္သာ ရပ္ေနလိုက္ေတာ့သည္။ခံစားရ ခက္လြန္းလို႔ ေသေတာ့မလို ခံစားေနရသည္။
"မင္းက ေပၚယန္ရဲ့ သူငယ္ခ်င္း......"
အန္တီရႊီက ေခါင္းလွည့္၍ သူ႔အား ၾကည့္လာၿပီး
"ဘယ္လိုသူငယ္ခ်င္းမ်ိဳးလဲ?"
"အာ?"
သူမက ဒီလိုစကားမ်ိဳး ေမးလာလိမ့္မည္ဟု ရွန္႔ရွီး မထင္ထားမိခဲ့ရာ ၊ ေၾကာင္အသြားမိၿပီး ဘယ္လိုျပန္ေျဖရမည္မွန္း မသိေတာ့ေပ။
"ဟို....ဟို....."
"ခ်စ္သူေကာင္ေလး?"
အန္တီရႊီက သူ႔အား အကဲခတ္ေနသည္။
"ဘာ.....ေကာင္.....ဘယ္လို?ခ်စ္သူေကာင္ေလး?"
ဒီတစ္ႀကိမ္တြင္ေတာ့ ရွန္႔ရွီးမွာ လံုး၀ကို ေၾကာင္အသြားမိသည္။
"ေၾသာ္ ၊ မဟုတ္ဘူးလား?"
အန္တီရႊီက ရယ္လိုက္ၿပီး
"အားနာလိုက္တာ"
ရွန္႔ရွီးလည္း ႏႈတ္ခမ္းေထာင့္စြန္းကို တြန္႔ေကြး၍ ရယ္ျပလိုက္မိသည္။ဘာစကားမွ မေျပာမိေတာ့ေပ။
ခ်စ္သူေကာင္ေလး?
ဒါက ဘယ္လို ေပါက္တက္ကရႀကီးလဲ !
ဧည့္ခန္းထဲကေန ဖုန္းသံပ်ံ့လြင့္လာခဲ့သည္။ဟိုခလုတ္ဖုန္း ျဖစ္ပံုရသည္။ရွန္႔ရွီးက အျပင္ထြက္ၿပီး ဖုန္းကိုင္ရန္ ျပင္လိုက္စဥ္မွာပင္ ၊ အန္တီရႊီက ထြက္သြားခဲ့ၿပီး ၊ ဖုန္းကို ေကာက္ကိုင္လိုက္သည္။
ခ်ိန္ေပၚယန္မွာ ေရွာင္ရွီးကို ေပြ့၍ ကားပါကင္ဆီ ေလ်ွာက္လာေနၿပီး ၊ လက္ထဲတြင္လည္း ဖုန္းကို ကိုင္ထားေသးသည္။ :
"ငါ ဒီဘက္မွာ ၿပီးသြားၿပီ ၊ ဒါေပမယ့္ ညေနက်ရင္ ငါ့တစ္၀မ္းကြဲအစ္မနဲ႔ ထမင္းတစ္နပ္ေလာက္ စားမလို႔ ၊ မင္း......."
"ေပၚယန္လား?"
ဖုန္း၏ ဟိုဘက္ကေန အေမ့အသံ ပ်ံ့လြင့္လာခဲ့သည္။
"အေမ?"
ခ်ိန္ေပၚယန္မွာ ေၾကာင္အသြားမိၿပီး
"အေမ ဘယ္လိုလုပ္ ေရာက္ေနတာလဲ?"
"မင္းဒီရက္ပိုင္း အလုပ္မ်ားေနတယ္လို႔ မင္းအေဖေျပာတာ ၾကားလို႔ ၊ မင္း ထမင္းေကာင္းေကာင္းမစားမွာ စိုးလို႔ေလ ၊ ဒီေန့ အေမ မင္းအဖြားအိမ္ သြားစရာရိွတာနဲ႔ အေတာ္ပဲ ျဖစ္သြားလို႔"
အေမက ေျပာလာသည္။
"အရင္ဆံုး လာၾကည့္လိုက္တာ"
"ေၾသာ္ ၊ ကြၽန္ေတာ့္အိမ္မွာ......သူငယ္ခ်င္းတစ္ေယာက္ ရိွေနတယ္"
ခ်ိန္ေပၚယန္က ေျပာလိုက္သည္။ေရွာင္ရွီးက သူ႔လည္ပင္းက္ို ဖက္ထားၿပီး ၊ မ်က္ႏွာက သူ႔ပခံုးေပၚတြင္ ထိလိုက္ ဖယ္လိုက္ လုပ္ေနသည္။သူ ေခါင္းေစာင္းလိုက္ၿပီး ၊ ေရွာင္ရွီးႏွင့္ နဖူးခ်င္း တိုက္လိုက္သည္။
"အေမ ေတြ့ၿပီးၿပီ မဟုတ္လား?"
"ေတြ့ၿပီးၿပီ"
အေမ့အသံက တိုးသြားခဲ့ၿပီး
"အိမ္မွာ သူငယ္ခ်င္း ရိွေနတာကို လီယန္နဲ႔ ထမင္းသြားစားမယ္?ဒီသူငယ္ခ်င္းက အရမ္း ရင္းႏွီးတယ္လား?"
"ဟုတ္တယ္......ေတာ္ေတာ္ေလး ရင္းႏွီးတယ္"
ခ်ိန္ေပၚယန္မွာ တစ္ခ်က္ တံု႔ဆိုင္းသြားမိၿပီး
"ဒါမွမဟုတ္ရင္လည္း ကြၽန္ေတာ္ ခဏေနက်ရင္ ျပန္လာခဲ့လိုက္မယ္ေလ"
"မျပန္နဲ႔ ၊ မျပန္နဲ႔"
ေရွာင္ရွီးက သူ႔လည္ပင္းကို ဖက္ထားၿပီး
"ေကာေကာ မျပန္နဲ႔"
"ၪီးၪီးလို႔ေခၚ"
ခ်ိန္ေပၚယန္က သူမအား ျပင္ေပးလိုက္ၿပီး
"အေမ ၊ ကြၽန္ေတာ္......."
"မင္း သူနဲ႔ေျပာလိုက္ေလ ၊ အေမက အခု သြားေတာ့မွာ"
အေမက ေျပာလာသည္။
"အေမၾကည့္ေနတာ ၊ အေမဒီမွာရိွေနေတာ့ သူ အရမ္း ေနရခက္ေနတယ္ ၊ ပန္းကန္ေဆးဖတ္ကို ယူၿပီး ၾကမ္းကိုေတာင္ သုတ္လိုက္တယ္........မင္း ဒီေန့ နားတယ္ မဟုတ္ဘူးလား?ဘယ္လိုျဖစ္ၿပီး ေဆးရံုဆီ ေရာက္သြားရတာလဲ?လီယန္ေနမေကာင္းလို႔လား?"
"မဟုတ္ပါဘူး ၊ ေရွာင္ရွီး ေခ်ာ္လဲလို႔ ၊ လက္ေမာင္းရိုး လြဲသြားတာ ၊ ႀကီးႀကီးမားမားေတာ့ ဘာမွ မျဖစ္ပါဘူး"
ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး
"အေမ ၊ ဖုန္းကို ကြၽန္ေတာ့္သူငယ္ခ်င္းဆီ ေပးေပးပါလား ၊ ကြၽန္ေတာ္ သူ႔ကို ေျပာလိုက္မယ္"
"အင္း"
အေမက အသံတစ္ခ်က္ ျပန္ေပးလာသည္။
အန္တီရႊီက ဖုန္းက္ို လွမ္းေပးလာတာေၾကာင့္ ၊ ရွန္႔ရွီးမွာ အျမန္ပင္ အနားကို ေလ်ွာက္သြား၍ ဖုန္းကို လွမ္းယူလိုက္သည္။တစ္ျခားဘာကိုမွ ဂရုမစိုက္ႏိုင္ေတာ့ေပ။ဖုန္းကို ယူၿပီးတာႏွင့္ မီးဖိုခန္းထဲ လွည့္၀င္လာခဲ့ကာ ပုန္းေရွာင္လိုက္သည္။ :
"ေကာ ၊ ေဒါက္တာခ်ိန္ ! ကယ္ပါၪီး ! ခင္ဗ်ားအေမ လာမယ္ဆိုတာကို ၊ ခင္ဗ်ား ဘာလို႔ ကြၽန္ေတာ့္ကို မေျပာျပတာလဲ ! "
"သူမ ဒီေန့လာမယ္ဆိုတာကို ငါ မသိဘူး"
ခ်ိန္ေပၚယန္က ဟိုဘက္ကေန ရယ္ေနၿပီး
"ဘာျဖစ္လို႔လဲ?"
"ဘာျဖစ္ရမွာလဲ ! အရမ္း ေနရခက္တာပဲ ! "
ရွန္႔ရွီးက ေရခဲေသတၲာေဘးနား တိုးကပ္၍ အသံကို တိုးလိုက္သည္။
"ၿပီးေတာ့ ကြၽန္ေတာ္ဒီေန့ တီဗြီၾကည့္ေနတဲ့ အခ်ိန္တုန္းက ၊ ဟိုပညာရွင္ ၊ ဟိုေခါင္းေဆာင္ရႊီက ခင္ဗ်ားအေမဆိုတာကို ဘာလို႔ ကြၽန္ေတာ့ကို မေျပာျပရတာလဲ ! ငါလူး ၊ ခင္ဗ်ားက အရမ္း....."
"သူမက ခဏေနဆို သြားေတာ့မွာ"
ခ်ိန္ေပၚယန္မွာ အေတာ္ၾကာေအာင္ ရယ္ေနမိသည္။
"အာဟာရက္ို ဘယ္လို ဂရုစိုက္ရမလဲဆိုတာကို သင္ျပေပးဖို႔ မင္း သူမကို မေျပာလိုက္ဘူးလား?"
"ခင္ဗ်ား ေတာ္ေလာက္ၿပီ ၊ ကြၽန္ေတာ္ အခု ဘယ္လိုလုပ္ရမွာလဲ?သူမကို ေရခပ္ေပးလိုက္ရမလား?တစ္ခုခု ေျပာ.......ထားလိုက္ေတာ့ ၊ ေျပာလို႔ မျဖစ္ဘူး ၊ ခင္ဗ်ားအေမ လန္႔သြားမွာ စိုးရတယ္"
ရွန္႔ရွီးက သက္ျပင္းခ်လိုက္ၿပီး
"ေကာ ၊ ကြၽန္ေတာ္က ခင္ဗ်ားရဲ့ သူငယ္ခ်င္းလို႔ သူမကို ေျပာလိုက္တယ္ ၊ ေတာ္ေတာ္ေလး မ်က္ႏွာပ်က္စရာ ျဖစ္ေနေလာက္ၿပီလို႔ ခံစားေနရတယ္ ၊ ေစာေစာသိရင္ ခင္ဗ်ားရဲ့ လူနာလို႔ ကြၽန္ေတာ္ ေျပာလိုက္ပါတယ္"
"ဘာမွမျဖစ္ဘူး ၊ ငါကလည္း ငါ့သူငယ္ခ်င္းလို႔ ေျပာထားတာ"
ခ်ိန္ေပၚယန္က ေျပာလိုက္သည္။
"မင္း ညက်ရင္ ကိုယ့္ဘာသာ နည္းနည္းပါးပါး စားလည္း ျပႆနာ မရိွဘူး မဟုတ္လား?ငါ့တူမေလးက ငါ့ကို ေပးမျပန္ဘူး ၊ ထမင္းအတင္းစားခိုင္းေနတယ္"
"ျပႆနာ မရိွဘူး ၊ ျပႆနာ မရိွဘူး ၊ ခင္ဗ်ား ကြၽန္ေတာ့္ကို ဂရုစိုက္မေနပါနဲ႔ ၊ ခင္ဗ်ား......."
ဧည့္ခန္းထဲရိွ တံခါးက အသံျမည္သြားသည္ကို ရွန္႔ရွီး ၾကားလိုက္ရတာေၾကာင့္ ၊ ေခါင္းကို အျမန္ျပဴထြက္၍ တစ္ခ်က္ လွမ္းၾကည့္လိုက္သည္။
"အိုင္း?ေခါင္းေဆာင္ရႊီ သြားခဲ့ၿပီ?"
"ေခါင္းေဆာင္ရႊီက မင္းက သူမေၾကာင့္ လန္႔သြားတယ္လို႔ ထင္သြားတာ ၊ အဲ့ဒါေၾကာင့္ သြားခဲ့ၿပီ"
ခ်ိနိေပၚယန္က ရယ္၍ ေျပာလိုက္သည္။
"ဒါဆိုလည္း မင္းဘာသာ ေနေနလိုက္ၪီး ၊ အျပင္ထြက္မယ္ဆိုရင္ အက်ႌထည့္တဲ့ ဘီရိုေအာက္မွာ ေသာ့အပိုရိွတယ္ ၊ မင္း ယူထားလိုက္ေပါ့"
"ရိုး ၊ ေသာ့အပိုကိုေတာင္ ကြၽန္ေတာ့္ကို ေပးတယ္ေပါ့"
ရွန္႔ရွီးမွာ က်စ္ခနဲ တစ္ခ်က္ စုတ္သတ္လိုက္သည္။အန္တီရႊီ ထြက္သြားသည္ႏွင့္ သူ ခ်က္ခ်င္းဆိုသလို စ္ိတ္ေပါ့ပါးလာခဲ့သည္။ဧည့္ခန္းထဲ ျပန္ေလ်ွာက္လာ၍ ဆိုဖာေပၚ ေျခကားရားလက္ကားရားျဖင့္ လွဲေနလိုက္သည္။
"ကြၽန္ေတာ္ ေသာ့ကိုယူသြားၿပီး ကိုယ့္ဘာသာ ေသာ့တစ္ခုပြားၿပီးေတာ့ ၊ ေနာက္က်ရင္ ျပန္လာၿပီး ခင္ဗ်ားပစၥည္းေတြ ခိုးမွာကို မေၾကာက္ဘူးလား?"
"မေၾကာက္ပါဘူး ၊ မင္း ေျပာင္းသြားတာနဲ႔ ငါက ခ်က္ခ်င္း ေသာ့လဲမွာ"
ခ်ိန္ေပၚယန္က အရမ္းကို တည့္တိုးဆန္စြာျဖင့္ပင္ ျပန္ေျဖလာသည္။
"Fuck......."
ရွန္႔ရွီးမွာ အေတာ္ၾကာေအာင္ ရယ္လိုက္မိၿပီး ၊ ဖိနပ္စင္ေပၚတြင္ တင္ထားသည့္ အိတ္ေလးတစ္အိတ္ကို ရုတ္တရက္ ျမင္လိုက္ရသည္။
"အိုင္း ၊ ေခါင္းေဆာင္ရႊီရဲ့ အိတ္က ယူမသြားဘူးပဲ?"
ကြၽန္ေတာ္ လိုက္ေပးလိုက္မယ္ဟု ရွန္႔ရွီး ေနာက္တစ္ခြန္း ထပ္မေျပာရေသးမီမွာပင္ ၊ တံခါးက ရုတ္တရက္ တြန္းဖြင့္ခံလိုက္ရသည္။ရွန္႔ရွီး၏ ေျခကားရားလက္ကားရားျဖင့္ ဆိုဖာေပၚ လွဲေနသည့္ အေနအထားက္ို ျပန္ျပင္ဖို႔ပင္ အခ်ိန္မမွီလိုက္ေခ်။အန္တီရႊီက အထဲကို ၀င္လာခဲ့သည္။
မိမိမွာ ဒီေန့ မ်က္ႏွာပ်က္ရလြန္း၍ အိမ္ပင္ ေရာက္သြားၿပီဟု ရွန္႔ရွီး ေတြးလိုက္မိသည္။အန္တီရႊီ ၊ အန္တီ တမင္တကာ လုပ္တာ ဟုတ္တယ္မလား ! ဟုပင္ ေျပာလိုက္ခ်င္မိသည္။
"အန္တီ အိတ္လာယူတာလား?"
ရွန္႔ရွီးမွာ ဆိုဖာေပၚကေန ထခုန္၍ ဧည့္ခန္း၏ အလယ္တြင္ မတ္တပ္ရပ္ေနလိုက္သည္။
"အင္း"
အန္တီရႊီက သူ႔က္ို တစ္ခ်က္လွမ္းၾကည့္လာၿပီး
"မင္း ထိုင္ေနပါ"
"ကြၽန္ေတာ္ ခဏေလာက္ ရပ္လိုက္ၪီးမယ္ ၊ ခဏေလာက္ ရပ္ေနလိုက္ၪီးမယ္"
ရွန္႔ရွီးက ေျပာလိုက္ရင္း ၊ လက္တစ္ဖက္ျဖင့္ ခါးက္ိုေထာက္၍ လွည့္လိုက္သည္။
"ကြၽန္ေတာ္ ခါးေက်ာဆန္႔မလို႔......"
ဖုန္း၏ ဟိုဘက္ရိွ ခ်ိန္ေပၚယန္၏ ရယ္သံကို ရွန္႔ရွီး ၾကားေနရသည္။သူ အံႀကိတ္၍ ယဥ္ေက်းသည့္ အၿပံဳးႏုႏုကို ဆက္ထိန္းထားလိုက္သည္။အန္တီရႊီ ထြက္သြားသည္ကို လိုက္ၾကည့္ေနၿပီး ေနာက္မွသာ ဖုန္းထဲကို တစ္ခ်က္ေအာ္ေျပာလိုက္သည္။ :
"ဘာရယ္ေနတာလဲ ! ခဏေနက်ရင္ ကြၽန္ေတာ္ ခင္ဗ်ားအိမ္ကို ေျပာင္စင္သြားတဲ့ အထိ ေျပာင္းယူသြားေတာ့မွာ ယံုလား မယံုဘူးလား"
"မင္း ၾကည့္ၾကပ္ၿပီး ေျပာင္းေပါ့"
ခ်ိန္ေပၚယန္က ေျပာလိုက္သည္။
"မင္းရဲ့ ဟိုဆြဲသီးက ငါ့ဆီမွာပဲ ရိွေသးတာေနာ္ ၊ ပိုက္ဆံဘယ္ေလာက္တန္လဲ သိလို႔လား?"
"......ခင္ဗ်ား ထမင္းသြားစားေတာ့ ၊ ကြၽန္ေတာ့္ဘာသာ ခဏေလာက္ ေဆာ့ေနလိုက္မယ္ ၊ ခင္ဗ်ားရဲ့ ဟိုကြန္ပ်ူတာထဲမွာ ဘာမွလည္း မရိွဘူး"
ရွန္႔ရွီးက ကြန္ပ်ူတာအေရ႔ွတြင္ ထိုင္လိုက္ၿပီး
"ခင္ဗ်ား ပံုမွန္ဆို ဒီကြန္ပ်ူတာကို ဘာလုပ္ဖို႔ သံုးတာလဲ?"
"မင္း ဂိမ္းေဆာ့ခ်င္ရင္ ကိုယ့္ဘာသာ download လုပ္လိုက္ရင္ ရတာပဲ"
ခ်ိန္ေပၚယန္မွာ သူေျပာလိုက္သည့္ စကားကို ခ်က္ခ်င္း နားလည္သည္ပင္။
"ဒါမွမဟုတ္ရင္လည္း မင္း ရုပ္ရွင္ၾကည့္ေနလို႔ ရတာပဲ ၊ desktop ေပၚမွာ ရုပ္ရွင္လို႔ ေရးထားတဲ့ folder တစ္ခု ရိွတယ္မဟုတ္လား"
"ေၾသာ ၊ သရဲကား ရိွလား?"
ရွန္႔ရွီးက ၾကည့္လိုက္ၿပီး ၊ mouse ကိုကိုင္၍ ရုပ္ရွင္ folder ကို ဖြင့္ၾကည့္လိုက္သည္။folder ထဲတြင္ ဗြီဒီယိုေတြ မနည္းလွေပ။သူ ျဖည္းျဖည္းခ်င္း ေအာက္ဘက္ဆီ ၾကည့္လာခဲ့လိုက္သည္။
"ရိွတယ္ ၊ ကိုယ့္ဘာသာ ရွာလိုက္"
ခ်ိန္ေပၚယန္က ေျပာလိုက္သည္။
"မင္းနဲ႔ မေျပာေတာ့ဘူး ၊ ငါ......"
"ဒီ 'စိတ္ကိုၾကည္လင္လန္းဆန္းသြားေစတဲ့ ရုပ္ရွင္ကားေလး'.........ဆိုတဲ့ထဲက ဘာလဲ?"
ရွန္႔ရွီးက ေမးလိုက္သည္။
*** *** ***