Lisa ပြန်သွားတာနဲ့ Jennie လည်း အိမ်ထဲ ပြန်ဝင်လာခဲ့တယ်။စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ Gesso ဘူးတွေကို ဘူးလေးထဲ ပြန်ထည့်လိုက်ပြီး ပြတင်းပေါက်မှာရပ်ကာ တောင်ကုန်းမို့မို့နဲ့ တာဝါကို တစ်ချက်ငေးလိုက်သည်။ဒီနေ့တော့ Bam နဖူးကို နမ်းပြီး သေချာပြောခဲ့တာမို့ လေပြေထဲကို မနက်ခင်း နှုတ်ဆက်စကားလေး လမ်းကြုံ ထည့်မပေးတော့ပါ ။Palette နဲ့ Paint brush တွေကို ဘူးထဲက ပြန်ထုတ်ပြီး Canvas ကို စိတ်တိုင်းကျ နေရာပြင်လိုက်သည်။သူ့စိတ်ပျော်ချိန်မှာ ခံစားချက်တွေကို ဆေးချယ်ထားတဲ့ ပန်းချီအဖြစ် ပြောင်းလဲရတာ အကြိုက်ဆုံးပဲ။
" Jennie နံနက်စာ ဆင်းမစားဘူးနော် "
Chaeyoung အသံကြောင့် Jennie လှည့်ကြည့်လိုက်တယ်။
" ဒါပြီးရင် ဆင်းခဲ့ပါ့မယ် ၊ Chaeyoung က သွားစရာရှိတော့ စားပြီးရောပေါ့ "
Chaeyoung က ခေါင်းငြိမ့်ကာ ရပ်နေသေးတာကြောင့် Jennie သူ့ကို ဆက်ကြည့်နေသည်။
" ကျွန်မ ဒီမှာ ခဏလောက် နေလို့ရမလား "
Jennie က အားတုံ့အားနာ ပြုံးပြသည်။
" လူတစ်ယောက်ရှိရင် ဘာမှမလုပ်တတ်လို့ပါ "
Jennie က ဒီလိုဆိုမှတော့ Chaeyoung ခပ်ဖွဖွပြုံးကာ ပြန်ထွက်လာခဲ့သည်။Chaeyoung ထွက်သွားတော့မှ ခံစားချက်တွေကို ပြန်စုစည်းကာ Canvas ပေါ် အာရုံပြန်ထည့်လိုက်သည်။
Lisa အိမ်ရောက်လာတော့ Jisoo က Naeun လေးကို မူကြိုပို့ဖို့အတွက် အားလုံး အဆင်သင့် ဖြစ်နေလေပြီ။Naeun လေးက Lisa ဝင်လာတော့ သူ့ဆီပြေးလာတယ်။Lisa Naeun လေးကို ပွေ့ချီလိုက်တယ်။
" ဒီနေ့တော့ အတွင်းရေးမှူး cha လိုက်ပို့လိမ့်မယ် Omma နဲ့အတူ သွားကြနော် "
NaEun လေးက ခေါင်းလေးငြိမ့်ပြတယ်။သူ ဘာပြောပြော ခေါင်းငြိမ့်တတ်တဲ့ သမီးလေးရဲ့ ပါးပြင်ကို Lisa တစ်ချက်ခပ်ဖွဖွနမ်းလိုက်တယ်။
" Omma မလိုက်တော့ဘူး ဦးလေး Chatae က လိုက်ပို့လိမ့်မယ်နော် Naeun လေး "
Lisa အတွင်းရေးမှူး Cha လက်ထဲ Naeun လေးကို ထည့်ပေးလိုက်ပြီး လက်ပြ နှုတ်ဆက်လိုက်သည်။Jisoo က သူ့ကို တစ်ချက်မျှသာ ကြည့်ပြီး ထွက်သွားလေသည်။Lisa ရေချိုးပြီး ကုမ္ပဏီ သွားဖို့ အဆင်သင့်ထွက်လာတော့ Jisoo က ထမင်းစားပွဲက အဆင်သင့်စောင့်နေလေသည်။
" ဒီနေ့ ဆေးရုံသွားရမှာလား "
" ပုံမှန်အတိုင်းပဲကို "
Lisa စကားစတယ်။Jisoo ကတော့ ခပ်ပြတ်ပြတ်ပဲ။
" အစ်မ "
Jisoo က သူ့ဆီက စကားလုံးတွေကို စောင့်စိုင်းနေတယ်။
" ကွာရှင်းဖို့..... "
ပြောဖို့ စောသေးတယ် ဆိုပေမဲ့ Lisa အမြန်ဆုံး ရုန်းထွက်ချင်နေပါပြီ။
" ကွာရှင်းဖို့ကို ဒီနှစ်ထဲပဲ လုပ်ကြမလား "
" မဖြစ်နိုင်ဘူး "
Lisa မျှော်လင့်ချက်တွေ တုံးတိ ဖြတ်ချခံလိုက်ရတယ်။
" တို့မှားခဲ့တဲ့ အကြောင်းအရာ သေးသေးလေးလေးနဲ့ ဒီအိမ်ထောင်ရေးကို အပြိုကွဲခံရမှာလား ၊ အစ်မတို့ အစကနေပြန်စပြီး ပြန်တည်ဆောက်ကြမယ်နော် lili "
Lisa သက်ပျင်းတစ်ခုကို အားနာပါးနာ မှုတ်ထုတ်လိုက်တယ်။
" တောင်းပန်ပါတယ် Lili ရှေ့မဆက်နိုင်တော့ဘူး "
စကားလုံးက နည်းနည်းလေးပါပဲ။နာကျင်စေဖို့အတွက်တော့ ပမာဏ များလွန်းလှတယ်။Lisa ထ သွားတော့ Jisoo သူ့လက်ကို ဆွဲထားမိတယ်။
" တစ်နှစ် နှစ် နှစ် မဟုတ်ဘဲ အတူရှိသွားဖို့ အစ်မတို့ ကတိပေးထားကြတယ် မလား ၊ အစ်မအတွက် မဟုတ်ရင်တောင် NaEun လေး အတွက် ညှိနိူင်းကြရအောင်လား "
" Lili ကို ဘာကြိုးနဲ့မှ ချည်နှောင် မထားပါနဲ့တော့ ၊ ဒီထက်ပိုပြီး ရှေ့ဆက်ဖို့ တကယ်အဆင်မပြေတော့ဘူး အစ်မနဲ့ နေရတာ Lili အတွက် ခက်ခဲလာပြီ "
ဖမ်းဆုပ်ထားတဲ့ လက်တစ်စုံဟာ အားပြတ်စွာ ပြေလျော့ကျသွားတယ်။Lili နှုတ်က ထွက်လိုက်တဲ့ စကားလား။ယုံကြည်ဖို့ ခက်ခဲနေတုန်း LiLi ကတော့ အနားက ထွက်သွားခဲ့ပြီ။ခြေထောက်တို့ဟာ အားပျော့စွာ ခွေလဲကျသွားတယ်။အဖြစ်ပျက်တွေကို တစ်ခုချင်း ဆပ်စပ်ပြီးတော့ Jisoo မျက်ရည်စတွေ တာကျိုးပေါက်လာတော့တယ်။
" LiLi လေးက သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးလေးပဲ "
" Lili ကလေး မဟုတ်တော့ပါဘူးနော် "
" အစ်မ မျက်စိထဲမှာတော့ LiLi က ကလေးလေးပဲ "
" Lili လူကြီးဖြစ်ချင်တယ် "
Jisoo ပေါ့ပါးစွာ ရယ်မိတဲ့ အချိန်တွေ။
" ဖြစ်ရမှာပေါ့ တစ်နေ့တော့ "
" အဲ့ဒီတနေ့ကျရင် အစ်မ Lili ကို လက်ထပ်မလား "
၁၄ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ မေးခွန်းက Jisoo ကို ရှက်သွေးဖြာစေတာပဲ။ရင်ခုန်မိတာတော့ တကယ်ပါ။
" အစ်မ ကို လက်ထပ်ပြီး အစ်မအနားမှာ Lili တစ်သက်လုံးနေသွားမှာ "
လူကြီး ရှက်တော့ ရယ် ဆိုသလို Jisoo သဘောကျစွာပဲရယ်မိပါတယ်။သူ့သဘောထားကို ရယ်မိလိုက်တဲ့ အကျိုးဆက်က ကလေးတစ်ယောက်ရဲ့ ကတိတွေကို အထပ်ထပ်အခါခါ ရလိုက်တာပဲ။အဲ့ဒီကတည်းက ကလေးတစ်ယောက်ရဲ့ ကတိကို အတည်ထင်ခဲ့မိတဲ့ Jisoo ရဲ့ အမှားလို့ ပြောရမလား။
လုပ်ဖော်ကိုင်ဖက် ဆရာမ တစ်ယောက် နေမကောင်းတာမို့ ချာယွန်း ဆေးရုံကို chaeyoung ထွက်လာခဲ့တယ်။ဒုတိယ အထပ်မှာမို့ အပေါ်ထပ်ကို ဓာတ်လှေကားနဲ့ တက်ဖို့ စိတ်ကူးလိုက်သည်။ပြန်ဆင်းတော့လဲ ဓာတ်လှေကားနဲ့ပဲ ဆင်းလာသည်။chaeyoung ခလုတ်နိပ်ဖို့လုပ်တော့ လူတစ်ယောက်ဝင်လာတာကြောင့် လက်ကို ခဏရပ်လိုက်ပြီး သူဝင်ပြီးမှ နိပ်လိုက်သည်။စောစောက ဝင်လာတဲ့ လူက ဒေါက်တာ Jisoo ဆိုတာ ပြီးမှ သိလေသည်။တံခါးပွင့်သွားတော့ ဓာတ်လှေကား ထဲမှ အတူတူ ထွက်လာသည်။
" ဒေါက်တာ Jisoo "
ရုတ်တရက် ယိုင်လဲတော့မလို ဖြစ်သွားတဲ့ ခန္ဓာကိုယ်လေးကို chaeyoung ထိန်းပွေ့လိုက်သည်။
" ရရဲ့လား "
" ရပါတယ် လူက နည်းနည်း အားနည်းနေလို့ ကျေးဇူးပါ "
" ခဏလိုက်ခဲ့ပါ "
Chaeyoung ထွက်မသွားသေးဘဲ အနီနား ခုံတန်းတစ်ခု ခေါ်လာကာ ထိုင်စေလိုက်သည်။
" ဒါလေး သောက်လိုက်ပါ "
သူပေးတဲ့ နွားနို့ပုလင်းကို Jisoo ယူလိုက်ကာ ကျေးဇူးတင်စွာ ပြုံးပြလေသည်။
" အားနည်းနေတာ နားနားနေနေ နေမှပေါ့ ဒေါက်တာ ဂျီဆူး "
" ဒီနေ့ အရေးကြီးတဲ့ case လေး ရှိလို့ပါ ဒါအတွက် ကျေးဇူးပါနော် "
" ရပါတယ် ဒေါက်တာ ဂျီဆူးရဲ့ "
" ဆရာမကလည်း ဒေါက်တာ ဆိုတာ မထည့်ဘဲ Jisooလို့ ရင်းရင်းနှီးနှီးခေါ်ပါ "
chaeyoung က အားနာစွာ ပြုံးလိုက်တယ်။
"တစ်ခုလောက်တောင်းလို့ရမလား အဆင်ပြေရင် ဆရာမရဲ့ လက်မှတ်လေး လိုချင်ပါတယ် "
" လက်မှတ် "
Chaeyoung အံ့သြစွာ ရေရွတ်မိတော့ Jisoo က ခေါင်းငြိမ့်လေသည်။
" ဆရာမ Roseanne Park ရဲ့ လက်မှတ်လေးပါ အဆင်မပြေရင်လည်း ရပါတယ် "
" အဲ့လို မဟုတ်ပါဘူး "
အင်္ကျီအိတ်ကပ်ထဲမှာ ပါလာတဲ့ စာရွက်တစ်ရွက်နဲ့ ဘောလ်ပင် ထုတ်ကာ ချက်ချင်းပင် ထိုးပေးလိုက်သည်။Jisoo က ကျေနပ်အားရတဲ့ အပြုံးဖြင့် လက်မှတ်လေးကို ထိတွေ့ကြည့်နေလေသည်။
" နောက်ဆုံးတော့ ရပြီပေါ့ "
chaeyoung ပြုံးလိုက်ပါတယ်။Jisoo က သူ့ကို သိနေခဲ့တာလား။
" chaeyoung ရဲ့ ဇာတ်လမ်းတွေက စောင့်ဆိုင်းရတဲ့ အချစ်တွေ ကျန်ခဲ့ရတာတွေ များတာပဲ ဝမ်းနည်းဖို့ကောင်းတယ် ပြီးတော့ အချစ်ဦးဆိုတဲ့ စာအုပ်ထဲက ကောင်မလေးရဲ့ အချစ်ဦးမမက တကယ်ပဲ ပြန်လာမှာလား "
လည်ဂုတ်ကို ပွတ်သပ်ရင်း chaeyoung ပြုံးလိုက်မိတယ်။
" အနာဂါတ်ကို ဘယ်သူမှ ကြိုမပြောနိုင်ဘူး ၊ ပြီးတော့ သူက တကူးတက စောင့်နေတာမျိုး မဟုတ်ဘဲ အချစ်ဦးအပေါ်မှာထားတဲ့ ခံစားချက်တွေက သူ့နှလုံးသားမှာ အမြဲမပြတ်စီးဆင်းနေတာ လာဖို့လည်းမမျော်လင့်ဘူး ဝေးရလို့လည်း မနာကျင်ဘူး သူ့နေရာလေးမှာပဲ သူရပ်နေတာ "
Jisoo မှာ သဘောကျစိတ်ကြောင့် ပြုံးမိတော့သည်။
" မပြောင်းလဲတဲ့ အချစ်မျိုးပေါ့ သဘောကျစရာ ကောင်းလိုက်တာ ၊ တစ်ဖက်ကကြည့်ရင်လည်း ဆွေးဆွေးမြည့်မြည့်လေး season 2 ဆက်ရေးပေးပါလား "
" ရေးဖို့တော့ ရှိပါတယ် "
" ဟုတ်လား ဘာဖြစ်လဲ အချစ်ဦးမမက ကောင်မလေးဆီ ရောက်လာလား "
စိတ်အားထက်သန်စွာ မေးလာတာကြောင့် chaeyoung ရယ်လိုက်မိတယ်။
" ကောင်မလေးဆီ ရောက်မလာပါဘူး ကောင်မလေးက ရောက်အောင်သွားရတာပေါ့ ၊ ငေးကြည့်ဖို့အတွက်ဆို မြင်နိုင်တဲ့ နေရာမှ ဖြစ်မှာလေ "
အရောင်လက်နေတဲ့ Jisoo မျက်ဝန်းတို့မှာ အနည်းငယ်ဖျော့တော့ သွားတယ်။ဇာတ်ကောင်တွေအပေါ်မှာ စာရေးသူထက်ပိုပြီး Jisoo က ခံစားလွယ်တာပဲ။
"ကောင်မလေးရဲ့ ဆန္ဒ တစ်ခုတော့ ပြည့်ပြီ "
jisoo ရဲ့ မျက်ဝန်းတွေမှာ အရောင်ပြန်လဲ့လာတယ်။
" ကောင်မလေးက သူ့အချစ်ဦးမမနဲ့ ပထမဆုံးအကြိမ် နီးနီးကပ်ကပ် စကား ပြောဖူးပြီတဲ့ "
ဒီနေ့မနက်ခင်းမှာ နှင်းတွေအရမ်းကျသည်။စောစောစီးစီး lisa အခန်းထဲ Naeun လေး ဝင်လာပြီး နှင်းလျှောစီးဖို့ ပူဆာလေသည်။Lisa လည်း အိပ်ချင်မူးတူးနဲ့ ထလာရသည်။
" ဒီသားအမိ ဘယ်လဲ "
အဒေါ်ကြီးက နံနက်စာ ပြင်နေရင်းမှ မေးလာသည်။
" Naeun လေး နှင်းလျှောစီးချင်လို့တဲ့ "
" ဟုတ်လား Naeun omma ကတော့ နိူးမှာမဟုတ်သေးဘူးထင်တယ်"
Lisa Naeun လေးကို ပွေ့ချီပြီး ကားထဲထည့်လာထွက်လာခဲ့သည်။
" Naeun လေး Mommy လူတစ်ယောက်ကို ဝင်ခေါ်လို့ရလား "
Naeun လေးက သဘောတူတာနဲ့ Lisa Jennie အိမ်ရှေ့ရောက်လာခဲ့သည်။စောစောစီးစီး ဖုန်းဆက်နိူးတော့ အိပ်ချင်မူးတူးနဲ့ Jennie အသံက အူအသည်းယားစဖွယ်။
" နှင်းတွေ ဖွေးနေတာပဲ ထင်ထားတာတက် အရမ်းများတယ် "
လျှောစီးကွင်း ရောက်တော့ Naeun လေး ဆော့ပုံကို ကြည့်ပြီး Jennie က အံ့သြနေသည်။
" ချစ်စရာလေးပဲ ဒီအရွယ်လေးက ကောင်းကောင်း ကစားတတ်တယ်လို့ "
Jennie က Naeun လေးကို အော်ဟစ် အားပေးလေသည်။Naeun လေးထက်ကြီးတဲ့ ကလေးတွေလည်း ကျွမ်းကျွမ်းကျင်ကျင် ဆော့ကစားနေကြသည်။
" Naeun လေးက ကိုယ့်ကလေးပါ"
Naeun လေးကတော့ ရှေ့ကနေ ခုန်ပေါက်ပြေးနေလေသည်။Lisa နဲ့ Jennie မေလ်ဘယ်ပန်းတန်းအောက်မှာ ခပ်ရွေ့ရွေ့လျှောက်လာကြတယ်။
" ပြီးတော့ "
" အဲ့ဒီ အတွက် အားနာနေတယ်ဆိုရင်တော့ ကိစ္စမရှိဘူးနော် Lisa"
Lisa ပြောခွင့်မရဘဲ Jennie က ရှေ့ကိုပြေးသွားကာ မနက်ခင်းလေမှာ တလည်လည်ကြွေကျလာတဲ့ မေလ်ဘယ်ရွက်လေးကို စောင့်ကြို ဖမ်းဆုပ်လိုက်သည်။
" တွေ့လား ဖမ်းမိပြီ "
Jennie က မျက်လုံးတစ်ဖက်မှိတ်ကာ ပြောတော့ Lisa ပြုံးလိုက်ရတယ်။Jennie ကလည်း ရယ်မောနေတယ်။Goblin ဇာတ်လမ်းတွဲ အကြောင်း တနေ့က Lisa တို့ ပြောဖြစ်ကြရင်း မေဘယ်လ်ရွက်ကို ထည့်ပြောမိကြတယ်။ဒါကြောင့် Jennie ဘာဆိုလိုတာလဲ ဆိုတာ Lisa သိလိုက်တယ်။Lisa Jennie အနားသွားပြီး လက်ဖမိုးတို့ကို ခပ်ဖွဖွ ဆုပ်ယူလိုက်တယ်။
" ကိုယ်တို့ တွေ့ဆုံမှုက နောက်ကျတာလား စောတာလား မသိပေမဲ့ လုံးဝနောင်တ မရပါဘူး ၊ စိတ်သန့်သန့်နဲ့ ရောက်အောင်လာခဲ့မယ် Jane က စိတ်မပျက်ပဲ စောင့်နေပေးပါ "
Jennie က သွားဖွေးဖွေးလေးတွေ ပေါ်လာတဲ့အထိ ပြုံးလိုက်ပြီး ခေါင်းငြိမ့်လေသည်။ဆုပ်ကိုင်ထားတဲ့ လက်ဖမိုးနှစ်ခုကို Lisa ခပ်ဖွဖွနမ်းလိုက်တယ်။Jennie အနားတိုးလာကာ ခြေဖျားထောက်ပြီး သူ့ပါးပြင်ကို ခပ်ဖွဖွ နမ်းလေသည်။ပြီးတာနဲ့ Naeun လေးဆီ ပြေးသွားတော့သည်။
" တောင်းပန်ပါတယ် အပြစ်ရှိတဲ့သူက Lisa Manobam တစ်ယောက်တည်းပါ "
ခပ်ဖွဖွစကားကို Lisa တစ်ယောက်သာ ကြားနိုင်သည်။မလှုပ်မယှက်ရပ်နေတဲ့ သူ့ဆီ Naeun လေးက ပြေးလာပြီး လက်ကို ဆွဲခေါ်လေသည်။Jennie နားရောက်တော့ Jennie က Naeun လေးလက်ကို ဆွဲလိုက်သည်။သုံးယောက်သား အတူလမ်းလျှောက်နေပုံက မိသားစုအတိုင်း။
.
Jisoo နိုးလာတော့ Lili ကိုရော Naeun လေးကိုရော မတွေ့ရ။အိမ်အကူ အဒေါ်ကြီးတစ်ယောက်ကိုသာ တွေ့ရလေသည်။
" Lili နဲ့ Naeun လေးရော ဒေါ်ကြီး "
" Naeun လေးက နှင်းလျှောစီးဖို့ ဆိုတာနဲ့ ထွက်သွားတယ် "
အဒေါ်ကြီး ပြောမှ Jisoo အပြင်ထွက်ကြည့်တယ်။နှင်းတွေ အရမ်းကျထားတာပဲ။သားအမိနှစ်ယောက် အပြင်ထွက်ပြီဆိုမှတော့ ဒီမနက်စာဝိုင်းက အထီးကျန်ဦးမှာပေါ့ ။
" မနက်စာ မစားတော့ဘူးလား Jisoo "
" ဟုတ် မစားတော့ဘူး "
တစ်ယောက်တည်း မစားချင်တာနဲ့ ဆေးရုံသွားဖို့ပဲ ပြင်တော့သည်။ဆေးရုံရောက်တော့ အနီးနားက ကော်ဖီဆိုင်မှာ ဝင်စားလိုက်သည်။
" Morning Jisoo "
" Chaeyoung ပါလား "
" တစ်ယောက်တည်းလား "
" ဟုတ်တယ် အိမ်က နံနက်စာ မစားခဲ့ရလို့ "
" အဲ့လိုလား ဒါဆို ညီမရော အစ်မနဲ့ အတူထိုင်စားလို့ရလား "
" ရတာပေါ့ မင်းနဲ့ဆို ဒီမနက် တို့နံနက်စာလေးက အထီးကျန် မဆန်တော့ဘူးပေါ့ "
Chaeyoung သဘောတကျ ကျေနပ်မိလိုက်ပါသည်။တကယ်ဆို အိမ်က စားလာခဲ့ပြီးသားပါ။Jisoo အတွက် ထပ်စားပေးရတာပေါ့ ။
" အဲ့လိုဖြစ်သွားရင်တော့ အများကြီး ကျေနပ်မိမှာ "
Jisoo လည်း ကျေနပ်စွာ ပြုံးလိုက်သည်။Jisoo အပြုံးတွေက အားနည်းနေရာမှ အားပြည့်လာတဲ့ အပြုံးမျိုး။သူ့ကြောင့်ဆိုရင်တော့ Chaeyoung ကျေနပ်တာထက်ပိုပြီး ပျေည်ရွှင်မိမှာပေါ့။မနက်က သူ့အိမ်ရှေ့မှာ Lisa တို့ သားအမိနဲ့ Jennie ကို တွေ့လိုက်ရတဲ့ မြင်ကွင်းကို အမှတ်ရမိသွားတော့လည်း မဆိုင်တဲ့လူတွေကို စိတ်တိုမိသည်။
_________________________________
1: 02PM
28/11/23
Lisa ျပန္သြားတာနဲ႕ Jennie လည္း အိမ္ထဲ ျပန္ဝင္လာခဲ့တယ္။စားပြဲေပၚမွာ ျပန့္က်ဲေနတဲ့ Gesso ဘူးေတြကို ဘူးေလးထဲ ျပန္ထည့္လိုက္ၿပီး ျပတင္းေပါက္မွာရပ္ကာ ေတာင္ကုန္းမို႔မို႔နဲ႕ တာဝါကို တစ္ခ်က္ေငးလိုက္သည္။ဒီေန႕ေတာ့ Bam နဖူးကို နမ္းၿပီး ေသခ်ာေျပာခဲ့တာမို႔ ေလေျပထဲကို မနက္ခင္း ႏႈတ္ဆက္စကားေလး လမ္းႀကဳံ ထည့္မေပးေတာ့ပါ ။Palette နဲ႕ Paint brush ေတြကို ဘူးထဲက ျပန္ထုတ္ၿပီး Canvas ကို စိတ္တိုင္းက် ေနရာျပင္လိုက္သည္။သူ႕စိတ္ေပ်ာ္ခ်ိန္မွာ ခံစားခ်က္ေတြကို ေဆးခ်ယ္ထားတဲ့ ပန္းခ်ီအျဖစ္ ေျပာင္းလဲရတာ အႀကိဳက္ဆုံးပဲ။
" Jennie နံနက္စာ ဆင္းမစားဘူးေနာ္ "
Chaeyoung အသံေၾကာင့္ Jennie လွည့္ၾကည့္လိုက္တယ္။
" ဒါၿပီးရင္ ဆင္းခဲ့ပါ့မယ္ ၊ Chaeyoung က သြားစရာရွိေတာ့ စားၿပီးေရာေပါ့ "
Chaeyoung က ေခါင္းၿငိမ့္ကာ ရပ္ေနေသးတာေၾကာင့္ Jennie သူ႕ကို ဆက္ၾကည့္ေနသည္။
" ကြၽန္မ ဒီမွာ ခဏေလာက္ ေနလို႔ရမလား "
Jennie က အားတုံ႕အားနာ ၿပဳံးျပသည္။
" လူတစ္ေယာက္ရွိရင္ ဘာမွမလုပ္တတ္လို႔ပါ "
Jennie က ဒီလိုဆိုမွေတာ့ Chaeyoung ခပ္ဖြဖြၿပဳံးကာ ျပန္ထြက္လာခဲ့သည္။Chaeyoung ထြက္သြားေတာ့မွ ခံစားခ်က္ေတြကို ျပန္စုစည္းကာ Canvas ေပၚ အာ႐ုံျပန္ထည့္လိုက္သည္။
Lisa အိမ္ေရာက္လာေတာ့ Jisoo က Naeun ေလးကို မူႀကိဳပို႔ဖို႔အတြက္ အားလုံး အဆင္သင့္ ျဖစ္ေနေလၿပီ။Naeun ေလးက Lisa ဝင္လာေတာ့ သူ႕ဆီေျပးလာတယ္။Lisa Naeun ေလးကို ေပြ႕ခ်ီလိုက္တယ္။
" ဒီေန႕ေတာ့ အတြင္းေရးမႉး cha လိုက္ပို႔လိမ့္မယ္ Omma နဲ႕အတူ သြားၾကေနာ္ "
NaEun ေလးက ေခါင္းေလးၿငိမ့္ျပတယ္။သူ ဘာေျပာေျပာ ေခါင္းၿငိမ့္တတ္တဲ့ သမီးေလးရဲ႕ ပါးျပင္ကို Lisa တစ္ခ်က္ခပ္ဖြဖြနမ္းလိုက္တယ္။
" Omma မလိုက္ေတာ့ဘူး ဦးေလး Chatae က လိုက္ပို႔လိမ့္မယ္ေနာ္ Naeun ေလး "
Lisa အတြင္းေရးမႉး Cha လက္ထဲ Naeun ေလးကို ထည့္ေပးလိုက္ၿပီး လက္ျပ ႏႈတ္ဆက္လိုက္သည္။Jisoo က သူ႕ကို တစ္ခ်က္မွ်သာ ၾကည့္ၿပီး ထြက္သြားေလသည္။Lisa ေရခ်ိဳးၿပီး ကုမၸဏီ သြားဖို႔ အဆင္သင့္ထြက္လာေတာ့ Jisoo က ထမင္းစားပြဲက အဆင္သင့္ေစာင့္ေနေလသည္။
" ဒီေန႕ ေဆး႐ုံသြားရမွာလား "
" ပုံမွန္အတိုင္းပဲကို "
Lisa စကားစတယ္။Jisoo ကေတာ့ ခပ္ျပတ္ျပတ္ပဲ။
" အစ္မ "
Jisoo က သူ႕ဆီက စကားလုံးေတြကို ေစာင့္စိုင္းေနတယ္။
" ကြာရွင္းဖို႔..... "
ေျပာဖို႔ ေစာေသးတယ္ ဆိုေပမဲ့ Lisa အျမန္ဆုံး ႐ုန္းထြက္ခ်င္ေနပါၿပီ။
" ကြာရွင္းဖို႔ကို ဒီႏွစ္ထဲပဲ လုပ္ၾကမလား "
" မျဖစ္နိုင္ဘူး "
Lisa ေမွ်ာ္လင့္ခ်က္ေတြ တုံးတိ ျဖတ္ခ်ခံလိုက္ရတယ္။
" တို႔မွားခဲ့တဲ့ အေၾကာင္းအရာ ေသးေသးေလးေလးနဲ႕ ဒီအိမ္ေထာင္ေရးကို အၿပိဳကြဲခံရမွာလား ၊ အစ္မတို႔ အစကေနျပန္စၿပီး ျပန္တည္ေဆာက္ၾကမယ္ေနာ္ lili "
Lisa သက္ပ်င္းတစ္ခုကို အားနာပါးနာ မႈတ္ထုတ္လိုက္တယ္။
" ေတာင္းပန္ပါတယ္ Lili ေရွ႕မဆက္နိုင္ေတာ့ဘူး "
စကားလုံးက နည္းနည္းေလးပါပဲ။နာက်င္ေစဖို႔အတြက္ေတာ့ ပမာဏ မ်ားလြန္းလွတယ္။Lisa ထ သြားေတာ့ Jisoo သူ႕လက္ကို ဆြဲထားမိတယ္။
" တစ္ႏွစ္ ႏွစ္ ႏွစ္ မဟုတ္ဘဲ အတူရွိသြားဖို႔ အစ္မတို႔ ကတိေပးထားၾကတယ္ မလား ၊ အစ္မအတြက္ မဟုတ္ရင္ေတာင္ NaEun ေလး အတြက္ ညွိနိူင္းၾကရေအာင္လား "
" Lili ကို ဘာႀကိဳးနဲ႕မွ ခ်ည္ႏွောင္ မထားပါနဲ႕ေတာ့ ၊ ဒီထက္ပိုၿပီး ေရွ႕ဆက္ဖို႔ တကယ္အဆင္မေျပေတာ့ဘူး အစ္မနဲ႕ ေနရတာ Lili အတြက္ ခက္ခဲလာၿပီ "
ဖမ္းဆုပ္ထားတဲ့ လက္တစ္စုံဟာ အားျပတ္စြာ ေျပေလ်ာ့က်သြားတယ္။Lili ႏႈတ္က ထြက္လိုက္တဲ့ စကားလား။ယုံၾကည္ဖို႔ ခက္ခဲေနတုန္း LiLi ကေတာ့ အနားက ထြက္သြားခဲ့ၿပီ။ေျခေထာက္တို႔ဟာ အားေပ်ာ့စြာ ေခြလဲက်သြားတယ္။အျဖစ္ပ်က္ေတြကို တစ္ခုခ်င္း ဆပ္စပ္ၿပီးေတာ့ Jisoo မ်က္ရည္စေတြ တာက်ိဳးေပါက္လာေတာ့တယ္။
" LiLi ေလးက သိပ္ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလးပဲ "
" Lili ကေလး မဟုတ္ေတာ့ပါဘူးေနာ္ "
" အစ္မ မ်က္စိထဲမွာေတာ့ LiLi က ကေလးေလးပဲ "
" Lili လူႀကီးျဖစ္ခ်င္တယ္ "
Jisoo ေပါ့ပါးစြာ ရယ္မိတဲ့ အခ်ိန္ေတြ။
" ျဖစ္ရမွာေပါ့ တစ္ေန႕ေတာ့ "
" အဲ့ဒီတေန႕က်ရင္ အစ္မ Lili ကို လက္ထပ္မလား "
၁၄ ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ရဲ႕ ေမးခြန္းက Jisoo ကို ရွက္ေသြးျဖာေစတာပဲ။ရင္ခုန္မိတာေတာ့ တကယ္ပါ။
" အစ္မ ကို လက္ထပ္ၿပီး အစ္မအနားမွာ Lili တစ္သက္လုံးေနသြားမွာ "
လူႀကီး ရွက္ေတာ့ ရယ္ ဆိုသလို Jisoo သေဘာက်စြာပဲရယ္မိပါတယ္။သူ႕သေဘာထားကို ရယ္မိလိုက္တဲ့ အက်ိဳးဆက္က ကေလးတစ္ေယာက္ရဲ႕ ကတိေတြကို အထပ္ထပ္အခါခါ ရလိုက္တာပဲ။အဲ့ဒီကတည္းက ကေလးတစ္ေယာက္ရဲ႕ ကတိကို အတည္ထင္ခဲ့မိတဲ့ Jisoo ရဲ႕ အမွားလို႔ ေျပာရမလား။
လုပ္ေဖာ္ကိုင္ဖက္ ဆရာမ တစ္ေယာက္ ေနမေကာင္းတာမို႔ ခ်ာယြန္း ေဆး႐ုံကို chaeyoung ထြက္လာခဲ့တယ္။ဒုတိယ အထပ္မွာမို႔ အေပၚထပ္ကို ဓာတ္ေလွကားနဲ႕ တက္ဖို႔ စိတ္ကူးလိုက္သည္။ျပန္ဆင္းေတာ့လဲ ဓာတ္ေလွကားနဲ႕ပဲ ဆင္းလာသည္။chaeyoung ခလုတ္နိပ္ဖို႔လုပ္ေတာ့ လူတစ္ေယာက္ဝင္လာတာေၾကာင့္ လက္ကို ခဏရပ္လိုက္ၿပီး သူဝင္ၿပီးမွ နိပ္လိုက္သည္။ေစာေစာက ဝင္လာတဲ့ လူက ေဒါက္တာ Jisoo ဆိုတာ ၿပီးမွ သိေလသည္။တံခါးပြင့္သြားေတာ့ ဓာတ္ေလွကား ထဲမွ အတူတူ ထြက္လာသည္။
" ေဒါက္တာ Jisoo "
႐ုတ္တရက္ ယိုင္လဲေတာ့မလို ျဖစ္သြားတဲ့ ခႏၶာကိုယ္ေလးကို chaeyoung ထိန္းေပြ႕လိုက္သည္။
" ရရဲ႕လား "
" ရပါတယ္ လူက နည္းနည္း အားနည္းေနလို႔ ေက်းဇူးပါ "
" ခဏလိုက္ခဲ့ပါ "
Chaeyoung ထြက္မသြားေသးဘဲ အနီနား ခုံတန္းတစ္ခု ေခၚလာကာ ထိုင္ေစလိုက္သည္။
" ဒါေလး ေသာက္လိုက္ပါ "
သူေပးတဲ့ ႏြားနို႔ပုလင္းကို Jisoo ယူလိုက္ကာ ေက်းဇူးတင္စြာ ၿပဳံးျပေလသည္။
" အားနည္းေနတာ နားနားေနေန ေနမွေပါ့ ေဒါက္တာ ဂ်ီဆူး "
" ဒီေန႕ အေရးႀကီးတဲ့ case ေလး ရွိလို႔ပါ ဒါအတြက္ ေက်းဇူးပါေနာ္ "
" ရပါတယ္ ေဒါက္တာ ဂ်ီဆူးရဲ႕ "
" ဆရာမကလည္း ေဒါက္တာ ဆိုတာ မထည့္ဘဲ Jisooလို႔ ရင္းရင္းႏွီးႏွီးေခၚပါ "
chaeyoung က အားနာစြာ ၿပဳံးလိုက္တယ္။
"တစ္ခုေလာက္ေတာင္းလို႔ရမလား အဆင္ေျပရင္ ဆရာမရဲ႕ လက္မွတ္ေလး လိုခ်င္ပါတယ္ "
" လက္မွတ္ "
Chaeyoung အံ့ၾသစြာ ေရ႐ြတ္မိေတာ့ Jisoo က ေခါင္းၿငိမ့္ေလသည္။
" ဆရာမ Roseanne Park ရဲ႕ လက္မွတ္ေလးပါ အဆင္မေျပရင္လည္း ရပါတယ္ "
" အဲ့လို မဟုတ္ပါဘူး "
အကၤ်ီအိတ္ကပ္ထဲမွာ ပါလာတဲ့ စာ႐ြက္တစ္႐ြက္နဲ႕ ေဘာလ္ပင္ ထုတ္ကာ ခ်က္ခ်င္းပင္ ထိုးေပးလိုက္သည္။Jisoo က ေက်နပ္အားရတဲ့ အၿပဳံးျဖင့္ လက္မွတ္ေလးကို ထိေတြ႕ၾကည့္ေနေလသည္။
" ေနာက္ဆုံးေတာ့ ရၿပီေပါ့ "
chaeyoung ၿပဳံးလိုက္ပါတယ္။Jisoo က သူ႕ကို သိေနခဲ့တာလား။
" chaeyoung ရဲ႕ ဇာတ္လမ္းေတြက ေစာင့္ဆိုင္းရတဲ့ အခ်စ္ေတြ က်န္ခဲ့ရတာေတြ မ်ားတာပဲ ဝမ္းနည္းဖို႔ေကာင္းတယ္ ၿပီးေတာ့ အခ်စ္ဦးဆိုတဲ့ စာအုပ္ထဲက ေကာင္မေလးရဲ႕ အခ်စ္ဦးမမက တကယ္ပဲ ျပန္လာမွာလား "
လည္ဂုတ္ကို ပြတ္သပ္ရင္း chaeyoung ၿပဳံးလိုက္မိတယ္။
" အနာဂါတ္ကို ဘယ္သူမွ ႀကိဳမေျပာနိုင္ဘူး ၊ ၿပီးေတာ့ သူက တကူးတက ေစာင့္ေနတာမ်ိဳး မဟုတ္ဘဲ အခ်စ္ဦးအေပၚမွာထားတဲ့ ခံစားခ်က္ေတြက သူ႕ႏွလုံးသားမွာ အၿမဲမျပတ္စီးဆင္းေနတာ လာဖို႔လည္းမေမ်ာ္လင့္ဘူး ေဝးရလို႔လည္း မနာက်င္ဘူး သူ႕ေနရာေလးမွာပဲ သူရပ္ေနတာ "
Jisoo မွာ သေဘာက်စိတ္ေၾကာင့္ ၿပဳံးမိေတာ့သည္။
" မေျပာင္းလဲတဲ့ အခ်စ္မ်ိဳးေပါ့ သေဘာက်စရာ ေကာင္းလိုက္တာ ၊ တစ္ဖက္ကၾကည့္ရင္လည္း ေဆြးေဆြးျမည့္ျမည့္ေလး season 2 ဆက္ေရးေပးပါလား "
" ေရးဖို႔ေတာ့ ရွိပါတယ္ "
" ဟုတ္လား ဘာျဖစ္လဲ အခ်စ္ဦးမမက ေကာင္မေလးဆီ ေရာက္လာလား "
စိတ္အားထက္သန္စြာ ေမးလာတာေၾကာင့္ chaeyoung ရယ္လိုက္မိတယ္။
" ေကာင္မေလးဆီ ေရာက္မလာပါဘူး ေကာင္မေလးက ေရာက္ေအာင္သြားရတာေပါ့ ၊ ေငးၾကည့္ဖို႔အတြက္ဆို ျမင္နိုင္တဲ့ ေနရာမွ ျဖစ္မွာေလ "
အေရာင္လက္ေနတဲ့ Jisoo မ်က္ဝန္းတို႔မွာ အနည္းငယ္ေဖ်ာ့ေတာ့ သြားတယ္။ဇာတ္ေကာင္ေတြအေပၚမွာ စာေရးသူထက္ပိုၿပီး Jisoo က ခံစားလြယ္တာပဲ။
"ေကာင္မေလးရဲ႕ ဆႏၵ တစ္ခုေတာ့ ျပည့္ၿပီ "
jisoo ရဲ႕ မ်က္ဝန္းေတြမွာ အေရာင္ျပန္လဲ့လာတယ္။
" ေကာင္မေလးက သူ႕အခ်စ္ဦးမမနဲ႕ ပထမဆုံးအႀကိမ္ နီးနီးကပ္ကပ္ စကား ေျပာဖူးၿပီတဲ့ "
ဒီေန႕မနက္ခင္းမွာ ႏွင္းေတြအရမ္းက်သည္။ေစာေစာစီးစီး lisa အခန္းထဲ Naeun ေလး ဝင္လာၿပီး ႏွင္းေလွ်ာစီးဖို႔ ပူဆာေလသည္။Lisa လည္း အိပ္ခ်င္မူးတူးနဲ႕ ထလာရသည္။
" ဒီသားအမိ ဘယ္လဲ "
အေဒၚႀကီးက နံနက္စာ ျပင္ေနရင္းမွ ေမးလာသည္။
" Naeun ေလး ႏွင္းေလွ်ာစီးခ်င္လို႔တဲ့ "
" ဟုတ္လား Naeun omma ကေတာ့ နိူးမွာမဟုတ္ေသးဘူးထင္တယ္"
Lisa Naeun ေလးကို ေပြ႕ခ်ီၿပီး ကားထဲထည့္လာထြက္လာခဲ့သည္။
" Naeun ေလး Mommy လူတစ္ေယာက္ကို ဝင္ေခၚလို႔ရလား "
Naeun ေလးက သေဘာတူတာနဲ႕ Lisa Jennie အိမ္ေရွ႕ေရာက္လာခဲ့သည္။ေစာေစာစီးစီး ဖုန္းဆက္နိူးေတာ့ အိပ္ခ်င္မူးတူးနဲ႕ Jennie အသံက အူအသည္းယားစဖြယ္။
" ႏွင္းေတြ ေဖြးေနတာပဲ ထင္ထားတာတက္ အရမ္းမ်ားတယ္ "
ေလွ်ာစီးကြင္း ေရာက္ေတာ့ Naeun ေလး ေဆာ့ပုံကို ၾကည့္ၿပီး Jennie က အံ့ၾသေနသည္။
" ခ်စ္စရာေလးပဲ ဒီအ႐ြယ္ေလးက ေကာင္းေကာင္း ကစားတတ္တယ္လို႔ "
Jennie က Naeun ေလးကို ေအာ္ဟစ္ အားေပးေလသည္။Naeun ေလးထက္ႀကီးတဲ့ ကေလးေတြလည္း ကြၽမ္းကြၽမ္းက်င္က်င္ ေဆာ့ကစားေနၾကသည္။
" Naeun ေလးက ကိုယ့္ကေလးပါ"
Naeun ေလးကေတာ့ ေရွ႕ကေန ခုန္ေပါက္ေျပးေနေလသည္။Lisa နဲ႕ Jennie ေမလ္ဘယ္ပန္းတန္းေအာက္မွာ ခပ္ေ႐ြ႕ေ႐ြ႕ေလွ်ာက္လာၾကတယ္။
" ၿပီးေတာ့ "
" အဲ့ဒီ အတြက္ အားနာေနတယ္ဆိုရင္ေတာ့ ကိစၥမရွိဘူးေနာ္ Lisa"
Lisa ေျပာခြင့္မရဘဲ Jennie က ေရွ႕ကိုေျပးသြားကာ မနက္ခင္းေလမွာ တလည္လည္ေႂကြက်လာတဲ့ ေမလ္ဘယ္႐ြက္ေလးကို ေစာင့္ႀကိဳ ဖမ္းဆုပ္လိုက္သည္။
" ေတြ႕လား ဖမ္းမိၿပီ "
Jennie က မ်က္လုံးတစ္ဖက္မွိတ္ကာ ေျပာေတာ့ Lisa ၿပဳံးလိုက္ရတယ္။Jennie ကလည္း ရယ္ေမာေနတယ္။Goblin ဇာတ္လမ္းတြဲ အေၾကာင္း တေန႕က Lisa တို႔ ေျပာျဖစ္ၾကရင္း ေမဘယ္လ္႐ြက္ကို ထည့္ေျပာမိၾကတယ္။ဒါေၾကာင့္ Jennie ဘာဆိုလိုတာလဲ ဆိုတာ Lisa သိလိုက္တယ္။Lisa Jennie အနားသြားၿပီး လက္ဖမိုးတို႔ကို ခပ္ဖြဖြ ဆုပ္ယူလိုက္တယ္။
" ကိုယ္တို႔ ေတြ႕ဆုံမႈက ေနာက္က်တာလား ေစာတာလား မသိေပမဲ့ လုံးဝေနာင္တ မရပါဘူး ၊ စိတ္သန့္သန့္နဲ႕ ေရာက္ေအာင္လာခဲ့မယ္ Jane က စိတ္မပ်က္ပဲ ေစာင့္ေနေပးပါ "
Jennie က သြားေဖြးေဖြးေလးေတြ ေပၚလာတဲ့အထိ ၿပဳံးလိုက္ၿပီး ေခါင္းၿငိမ့္ေလသည္။ဆုပ္ကိုင္ထားတဲ့ လက္ဖမိုးႏွစ္ခုကို Lisa ခပ္ဖြဖြနမ္းလိုက္တယ္။Jennie အနားတိုးလာကာ ေျခဖ်ားေထာက္ၿပီး သူ႕ပါးျပင္ကို ခပ္ဖြဖြ နမ္းေလသည္။ၿပီးတာနဲ႕ Naeun ေလးဆီ ေျပးသြားေတာ့သည္။
" ေတာင္းပန္ပါတယ္ အျပစ္ရွိတဲ့သူက Lisa Manobam တစ္ေယာက္တည္းပါ "
ခပ္ဖြဖြစကားကို Lisa တစ္ေယာက္သာ ၾကားနိုင္သည္။မလႈပ္မယွက္ရပ္ေနတဲ့ သူ႕ဆီ Naeun ေလးက ေျပးလာၿပီး လက္ကို ဆြဲေခၚေလသည္။Jennie နားေရာက္ေတာ့ Jennie က Naeun ေလးလက္ကို ဆြဲလိုက္သည္။သုံးေယာက္သား အတူလမ္းေလွ်ာက္ေနပုံက မိသားစုအတိုင္း။
.
Jisoo နိုးလာေတာ့ Lili ကိုေရာ Naeun ေလးကိုေရာ မေတြ႕ရ။အိမ္အကူ အေဒၚႀကီးတစ္ေယာက္ကိုသာ ေတြ႕ရေလသည္။
" Lili နဲ႕ Naeun ေလးေရာ ေဒၚႀကီး "
" Naeun ေလးက ႏွင္းေလွ်ာစီးဖို႔ ဆိုတာနဲ႕ ထြက္သြားတယ္ "
အေဒၚႀကီး ေျပာမွ Jisoo အျပင္ထြက္ၾကည့္တယ္။ႏွင္းေတြ အရမ္းက်ထားတာပဲ။သားအမိႏွစ္ေယာက္ အျပင္ထြက္ၿပီဆိုမွေတာ့ ဒီမနက္စာဝိုင္းက အထီးက်န္ဦးမွာေပါ့ ။
" မနက္စာ မစားေတာ့ဘူးလား Jisoo "
" ဟုတ္ မစားေတာ့ဘူး "
တစ္ေယာက္တည္း မစားခ်င္တာနဲ႕ ေဆး႐ုံသြားဖို႔ပဲ ျပင္ေတာ့သည္။ေဆး႐ုံေရာက္ေတာ့ အနီးနားက ေကာ္ဖီဆိုင္မွာ ဝင္စားလိုက္သည္။
" Morning Jisoo "
" Chaeyoung ပါလား "
" တစ္ေယာက္တည္းလား "
" ဟုတ္တယ္ အိမ္က နံနက္စာ မစားခဲ့ရလို႔ "
" အဲ့လိုလား ဒါဆို ညီမေရာ အစ္မနဲ႕ အတူထိုင္စားလို႔ရလား "
" ရတာေပါ့ မင္းနဲ႕ဆို ဒီမနက္ တို႔နံနက္စာေလးက အထီးက်န္ မဆန္ေတာ့ဘူးေပါ့ "
Chaeyoung သေဘာတက် ေက်နပ္မိလိုက္ပါသည္။တကယ္ဆို အိမ္က စားလာခဲ့ၿပီးသားပါ။Jisoo အတြက္ ထပ္စားေပးရတာေပါ့ ။
" အဲ့လိုျဖစ္သြားရင္ေတာ့ အမ်ားႀကီး ေက်နပ္မိမွာ "
Jisoo လည္း ေက်နပ္စြာ ၿပဳံးလိုက္သည္။Jisoo အၿပဳံးေတြက အားနည္းေနရာမွ အားျပည့္လာတဲ့ အၿပဳံးမ်ိဳး။သူ႕ေၾကာင့္ဆိုရင္ေတာ့ Chaeyoung ေက်နပ္တာထက္ပိုၿပီး ေပ်ည္႐ႊင္မိမွာေပါ့။မနက္က သူ႕အိမ္ေရွ႕မွာ Lisa တို႔ သားအမိနဲ႕ Jennie ကို ေတြ႕လိုက္ရတဲ့ ျမင္ကြင္းကို အမွတ္ရမိသြားေတာ့လည္း မဆိုင္တဲ့လူေတြကို စိတ္တိုမိသည္။
_________________________________
1: 02PM
28/11/23