The Legendary Master's Wife (...

By MayZuneOo

192K 36.3K 1.4K

Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel More

Chapter 663 စုဝေးပွဲ အတွက်မှတ်ပုံတင်
အခန်း ၆၆၄ အထပ်
အခန်း ၆၆၅
အခန်း ၆၆၆
အခန်း ၆၆၇ စုဝေးပွဲကြီး စတင်လေပြီ
အခန်း ၆၆၈ ကံလဲ ကောင်းတယ် ကံလဲ မကောင်းဘူး
အခန်း ၆၆၉ Undivided Attention
အခန်း ၆၇၀ Lucky
အခန်း ၆၇၁ ပူးပေါင်းမှု
အခန်း ၆၇၂
အခန်း ၆၇၃
အခန်း ၆၇၄
အခန်း ၆၇၅
အပိုင်း ၆၇၆
အခန်း ၆၇၇
အပိုင်း 678 လုံးဝကို ရံှူးသွားပြီ
အခန်း ၆၇၉
အခန်း ၆၈၀
Chapter 681: Encountering Danger
အပိုင်း ၆၈၂ လျှို့ဝှက်ချက်တွေ ပေါ်ကုန်ပြီ
အခန်း ၆၈၃ မွေးဖွားလာခြင်းရဲ့ နောက်ကွယ်က
Chapter 684: Hero
အခန်း ၆၈၅ အယောင်ဆောင်
Chapter 686 - A Passing Acquaintance
Chapter 687 နယ်မြေ အဆင့်တက်ခြင်း
အခန်း ၆၈၈ အပြစ်ဖို့ခြင်း ခံရတဲ့သူ
အခန်း ၆၈၉ တစ်ဂူတည်း ကျားနှစ်ကောင် မအောင်းဘူး
အခန်း ၆၉၀ ဆေးလုံးဖွဲ့တည်ခြင်း
အခန်း ၆၉၁ အဖွားကြီးရဲ့ သရုပ်မှန်
အခန်း ၆၉၂ တိုက်ပွဲ
အခန်း ၆၉၃ ခြုံခိုတိုက်ခိုက်ခြင်း
အပိုင်း ၆၉၅ ပြီးသွားပြီလား?
အခန်း ၆၉၆ ဖြေရှင်းပြီး
အခန်း ၆၉၇ အားနည်းချက်တော့ ရှိကြတာပဲ
အခန်း ၆၉၈ ရောသမမွှေ
အခန်း ၆၉၉
အခန်း ၇၀၀
အခန်း ၇၀၁
အခန်း ၇၀၂ သူလျှို
အခန်း ၇၀၃ အစစ်အမှန်ကို ဖော်ထုတ်
အခန်း ၇၀၄ ကသောင်းကနင်း
အခန်း ၇၀၅ အချိန်လုနေရတယ်
အခန်း ၇၀၆ ကိုယ်ပွားနှင့် ခွဲထွက်ခြင်း
အခန်း ၇၀၇
အခန်း ၇၀၈
အခန်း ၇၀၉
အခန်း ၇၁၀ စွမ်းအင်များ ထိတွေ့
အခန်း ၇၁၁ နိုင်တာလား ?
အခန်း ၇၁၂ တိုက်ပွဲတော့ ပြီးသွားပြီ
အခန်း ၇၁၃ နောက်ဆုံးပိတ်
Extra 1 : မစ်ရှင်
Extra 2 : အလစ်ဝင်တိုက်
Extra 3
အပိုင်းပို ၄ အစ်ကို နှင့် ညီ
အပိုင်းပို ၅ ဘယ်သူလဲ
အချပ်ပို ၆ လူသတ်မှု နောက်ကွယ်က အမှန်တရား
အချပ်ပို ၇ ယူမိသားစုအိမ်တွင်နေခြင်း
အချပ်ပို ၈ _ ညစာ
အချပ်ပို ၉ နောက်ထပ် အမှန်တရား
အချပ်ပို ၁၀
အချပ်ပို ၁၁ ပေါ်ကုန်ပြီ
အချပ်ပို ၁၂ မွှေကြမယ်
အချပ်ပို ၁၃ အမြောက်စာလေးကို တစ်စက္ကန့်နဲ့ အလဲထိုးမယ်
အချပ်ပို ၁၄ တွေ့ပြီ
အချပ်ပို ၁၅ ဟန်ဆောင်မှုနဲ့ အရယူမယ်
အချပ်ပို ၁၆ နိုင်ငံခြားမှာ အပန်းဖြေထွက်မယ်
အချပ်ပို ၁၇ ဖိုင်နယ်
အချပ်ပို ၁၈ ဘောလုံးအသင်း
ကျေးဇူးတင်လွှာ

အခန်း ၆၉၄ မိမိကိုယ်ကို ဖျတ်ဆီးခြင်း

2.7K 550 17
By MayZuneOo

Chapter 694: Self-Destruction

အခန္း ၆၉၄ မိမိကုိယ္ကို ဖ်တ္ဆီးျခင္း

တိုက္ပြဲျဖစ္ပြားရာ အရပ္ဆိုသည္မွာ အသက္ရွင္သူမ်ားထက္ အသက္ေသသြားသူက ပိုမ်ားသည့္ ရက္စက္ၾကမ္းၾကဳပ္လွသည့္ ေနရာပင္ ျဖစ္သည္။ သနားစဖြယ္ အသံညွင္းညွင္းမ်ားႏွင့္ ေဒါသစြက္ေနေသာ အသံက်ယ္ၾကီးမ်ားက တစ္သံႏွင့္ တစ္သံရစ္ပတ္လို႕ မၾကာခဏ ထြက္လာတတ္ေသးသည္။ သိပ္မၾကာမည့္ အနာဂတ္တြင္ ထိုကဲ့သို႕ ညည္းညဴေနမည့္ သူက ကိုယ္မဟုတ္ဟု အာမခံႏိုင္သူမွာလည္း အနည္းအက်ဥ္းမွ်သာ ရွိသည္။

ေသရမည္ကို မေၾကာက္သည့္ ခ်န္မဟာမိတ္မွ လူမ်ားထက္စာလွ်င္ေတာ့ သူတို႕၏ လူေသြးဆာေနသည့္ မ်က္လံုးနီနီမ်ားကို ၾကည့္ရင္းႏွင့္ပင္ ေသြးေစြးနီမ်ိဳးႏြယ္စုဘက္မွ လူမ်ားက တျဖည္းျဖည္းႏွင့္ အေၾကာက္တရားမ်ားက က်ဴးေက်ာ္၀င္ေရာက္လာေလျပီ။ သူတုိ႕၏ နဂိုေမာ္ၾကြားသည့္ အေနအထားမ်ားမွ လံုး၀ကို ေသြဖီသြားကာ ေသြးမ်ား စြန္းထင္းေနသည့္ မ်က္နွာမ်က္ႏွာမွာ ေၾကာက္လန္႕ျခင္းေတြႏွင့္ပါ စြန္းထင္းလာည္။

ၾကက္သီးထစရာ အလင္းတန္းက တုိက္ခိုက္သည့္ အခါမွာေတာ့ ယူေရွာင္းမို အနားက ကံဆိုးသူေမာင္ရွင္ ျဖစ္လို႕သြားေသာ ေသြးေစြးနီမ်ိဳးႏြယ္၀င္တစ္ေယာက္ကို လွမ္းဆြဲကာ သူ႕ေရွ႕ကေန ကာလိုက္သည္။ ေအးစက္စက္ ဓါးသြားက သူ႕ကို ခ်က္ခ်င္း ျဖတ္ေတာက္လုိက္တာႏွင္ ့ကမၻာေျမၾကီး၏ ဆြဲအားေၾကာင့္ ေသြးမ်ားစြာ ပတ္၀န္းက်င္ကို ပက္ျဖန္းလိုက္သလို ျဖစ္သြားေလသည္။

ခံလုိက္ရသူမွာ ေသြးအဆက္မျပတ္ ထြက္ေနသည့္ သူ႕ဒါဏ္ရာကို နဂိုမူလအေကာင္းအတိုင္း ျပန္ျဖစ္ခ်င္သည့္ ပံုမ်ိဳးႏွင့္ လက္တစ္ဖက္ျဖင့္ တုန္တုန္ရီရီ ဖိလုိ႕ထားသည္။ ဒါေတာင္မွ ဒါဏ္ရာမွ ေသြးမ်ားက ပိုလို႕ေတာင္ ထြက္လို႕လာသည္။ သူ႕မ်က္ႏွာခ်င္းဆိုင္က ေလဒီယင္ကုိ အထိတ္တလန္႕ ေငးၾကည့္ရင္းႏွင့္ ေျမျပင္ေပၚကို ခြန္အားမဲ့စြာ ျပိဳလဲသြားေတာ့သည္။

စစ္ေျမျပင္ဆိုသည္ကား ရက္စက္ၾကမ္းၾကဳပ္လွေပသည္။

သတိေလး တစ္ခ်က္လြတ္သြားသည္ႏွင့္ ေသမည့္သူက ကိုယ့္အလွည့္ ျဖစ္သြားနိုင္သည္။

ေလဒီယင္၏ မ်က္၀န္းလွလွေလးမ်ားက ဆတ္ခနဲ က်ံဳသြားကာ ယူေရွာင္းမိုကို ပဲ ေအးစက္မႈေပါင္း အနႏၱခေညာင္းလွသည့္ အၾကည့္တစ္ခ်က္ ထပ္မံပစ္လႊတ္လုိက္သည္။ ေျပာရလွ်င္ ထိုေအးစက္မႈမ်ားက ေအးခ်မ္းလွသည့္ ေနရက္တစ္ခုမွာ ေရခဲျမစ္တစ္ခု၏ သံုးေပအနက္မွ အပူခ်ိန္ထက္ပင္ ပိုမိုေအးစက္လွေသးသည္။ သူ(မ)၏ မ်က္၀န္းမ်ားက ေရခဲကမၻာၾကီးတစ္ခုလိုမ်ိဳး ေအးစက္မႈေတြက တစ္ခ်ိန္လံုး ျဖာထြက္ေနကာ ယူေရွာင္းမိုကုိ အစိမ္းလိုက္ ၀ါးစားေတာ့ မေယာင္ မ်က္၀န္းထဲတြင္ အရိပ္ထင္ဟပ္လို႕ေနသည္။

 လူသားေရခဲေသတၱာဟု ေခၚေ၀ၚႏိုင္ေသာ ေလဒီယင္ကို ယူေရွာင္းမိုက စိုက္ၾကည့္ ရင္း သိပ္မသိသာလွေသာ မ်က္ေမွာင္ကုတ္ကုတ္ေလး ေပးသနားလိုက္သည္။ သူ(မ)က လက္ေျမွာက္လိုက္သည့္ အခါမွာေတာ့ သူ(မ)လက္ထဲက ဓါးေျမွာင္က ပိုရွည္လာသည္ကို သူသတိျပဳလိုက္မိသည္။ မူလက ေလး ငါး လက္မေလာက္သာ ရွည္ေသာ ဓါးေျမွာင္က ႏွစ္လက္မေလာက္ ပိုရွည္လာျပီး အေသးစားဓါးရွည္ေလးႏွင့္ ေတာင္ တူလာသည္။ ဓါး၏ ပတ္လည္တြင္ေတာ့ အနက္ေရာင္ အရွိန္အ၀ါေတြ ရစ္သိုင္းလာကာ ေနာက္တစ္ဆက္တည္းမွာပင္ ေလဒီယင္ ေပ်ာက္ကြယ္သြားသည္။ ေအးစက္စက္ အလင္းတန္းတစ္ခု ျဖတ္ခနဲ လက္သြားျပီး သူ႕ေရွ႕ကို တန္းခနဲ ေရာက္လာသည္။

“ခၽြင္” ေငြဓါးေျမွာင္ႏွင့္ ေရႊေရာင္ဓါးရွည္တို႕ အခ်င္းခ်င္း ခို္က္မိရာမွ မီးေတာက္မ်ား လႊင့္စင္လာသည္။

ခ်က္ခ်င္း ဆိုသလို သူတို႕ၾကားမွ တိုက္ကြက္မ်ားက ရာေက်ာ္သြားသည္။ သူတို႕၏ အရိပ္မ်ားက ဆက္တိုက္ ေျပာင္းလဲေနတာမို႕ ေသခ်ာ ဖမ္းမိဖို႕ေတာင္ ခက္လွသည္။ ယူေရွာင္းမို၏ အံၾသသြားေသာ အၾကည့္ေတြက ေလဒီယင္၏ ဓါးေျမွာင္ကို ခ်က္ခ်င္း ေရာက္သြားေလသည္။ ဒီဓါးေျမွာင္ကို မည္သည့္သတၱဳႏွင့္ ျပဳလုပ္ထားသလဲဆိုတာ မွန္းမရေပ။ သူ႕ရဲ႕ ဓါးရွည္ႏွင့္ အၾကိမ္မ်ားစြာ ထိခိုက္မိသည္ေတာင္မွ နည္းနည္းေလးေတာင္ ယိုယြင္းမသြား။ ဓါးေျမွာင္၏ ေငြေရာင္အလင္းက ပိုပုိျပီး ေအးစက္လာသည္ႏွင့္အမွ် အနက္ေရာင္ အေငြ႕အသက္မ်ား တည္ျငိမ္မေနတာသာ ရွိသည္။

သုိ႕ေသာ္လည္း သူ႕ကို အံၾသအေစရဆံုး အရာကေတာ့ ေလဒီယင္၏ က်င့္ၾကံဆင့္က ၾကယ္တစ္ပြင့္ မက တာပဲ ျဖစ္လို႕သြားသည္။ ဟိုးအေစာပိုင္းတုန္းက ေလဒီယင္၏၏ က်င့္ၾကံဆင့္က ၾကယ္ငါးပြင့္ မဟုတ္ပါပဲ ၾကယ္တစ္ပြင့္မွ်သာ ရွိခဲသည္ ဟု ရႈန္းေရွာင္ က သူ႕ကို ေျပာျပဖူးသည္။

လွ်ိဳ႕၀ွက္နည္းစနစ္ တစ္ခုခုသာ မသံုးထားရင္ ဘယ္လိုလုပ္ ဒီေလာက္ အထိ အဆင့္တက္သြားမွာလဲ။ လွ်ိဳ႕၀ွက္နည္းစနစ္ ဆိုမွေတာ့ အခ်ိန္ကန္႕သတ္ခ်က္ေတာ့ ရွိမွာပဲဟု ယူေရွာင္းမို ေတြးလိုက္သည္။ ဘာလဲ ၾကယ္ငါးပြင့္ က်င့္ၾကံဆင့္နဲ႕တင္ သူ႕ကို သတ္လို႕ ရတယ္လို႕ သူ(မ) ေတြးေနတာမ်ားလား?

 ေနာက္အခ်ိန္အနည္းငယ္ ၾကာျပီးေနာက္ ေလဒီယင္က ထပ္ေလာလာျပန္ကာ ဒီပြဲကို ခပ္ျမန္ျမန္အဆံုးသတ္ခ်င္သည့္ အရိပ္အေယာင္ေတြ ျပလာသည္။

အဲဒိမွာတင္ ယူေရွာင္းမိုတစ္ေယာက္ သူ၏ ထင္ျမင္သံုးသပ္ခ်က္က မွန္ကန္ေၾကာင္း ပိုေသခ်ာသြားရသည္။ ဒီပြဲကို ျမန္ျမန္ေလး အဆံုးသတ္ခ်င္ေနမွေတာ့ သူကလဲ သူ(မ) ေသတဲ့ အထိကို အခ်ိန္ဆြဲေပးရေတာ့တာေပ့ါေလ။ တစ္ခ်က္တည္း သူ(မ)ကို အႏိုင္တိုက္လိုက္သည္ထက္ စာလွ်င္ ဒီလိုနည္းက သူ(မ)ကို ပိုလို႕ေတာင္ ေဒါသထြက္ေစမည္ေလ။

ဒါႏွင့္ပဲ ယူေရွာင္းမိုက ခံစစ္အျဖစ္ ေျပာင္းလိုက္သည္။

သူဘာလုပ္ခ်င္သလဲကို သိသြားသည့္ ေလဒီယင္၏ မ်က္လံုးမ်ားကေတာ့ ပိုလို႕ေတာင္မွ ေအးစက္လာကာ မႈန္ကုပ္ကုပ္အမူအယာတြင္ ေဒါသထြက္သည့္ အရိပ္အေယာင္မ်ား ပိုမိုလာေသာ္လည္း သူ(မ)၏ သီးခံႏိုင္စြမ္းေၾကာင့္ ခၽြန္းေတာ့ အုပ္ႏုိ္င္ေနေသးသည္။

ေနာက္တစ္နာရီ ၾကာသည့္အခါမွာေတာ့ ေလဒီယင္၏ တိုက္ခိုက္မႈက ပိုပိုျပီး စိတ္မရွည္ေတာ့ပဲ အမွားေတြ အၾကိမ္ေပါင္းမ်ားစြာ ပိုလုပ္လာသည္။ သူ(မ)သာ အခ်ိန္မွီ ေနာက္မဆုတ္မိလွ်င္ ယူေရွာင္းမိုေၾကာင့္ ရွရာေတြေတာင္ ျဖစ္လာႏိုင္သည္။ သို႕ေသာ္လည္း အမွားမ်ားစြာ ထပ္ေလာင္းမႈေၾကာင့္ သူ(မ)၏ အရွိန္အဟုန္က ပိုလို႕ေတာင္မွ အားနည္းလာသည္။

ဒီျမင္ကြင္းကို ျမင္ရတာႏွင့္တင္ ယူေရွာင္းမို အူလိုက္သည္းလိုက္ကို ရယ္ေမာေတ့ာသည္။ ဒါေပမယ့္ ေလဒီယင္ တစ္နာရီေက်ာ္အထိ တင္းခံႏိုင္မယ္လို႕ေတာ့ သူမေမွ်ာ္လင့္ထားေပ။ သူထင္တာက ဒီလွ်ိဳ႕၀ွက္နည္းစနစ္က လူတစ္ေယာက္၏ က်င့္ၾကံဆင့္ကို အခ်ိန္အၾကာၾကီးေတာ့ ျမွင့္မေပးႏိုင္ဟုသာ ေတြးခဲ့မိသည္။

တစ္နာရီ ဆိုသည္မွာ ေတာ္ေတာ္ ၾကာျမင့္ေသာ အခ်ိန္အပို္င္းအျခား ျဖစ္သည္။ သူ႕ေၾကာင့္သာ မဟုတ္လွ်င္ ေလဒီယင္တစ္ေယာက္ သူ(မ) လိုခ်င္သည့္ ရလာဒ္ကို ရျပီးတာ ၾကာလွေလာက္ေရာေပ့ါ။

“အာ” အခ်ိန္ကာလာ အပို္င္းအျခား တစ္ခုကို ေရာက္သည္ႏွင့္ ေလဒီယင္၏ က်င့္ၾကံဆင့္မွာ တရွိန္ထိုး ထိုးက်လာျပီး ဘယ္ကမွန္း မသိသည့္ စြမ္းအားတစ္ခုက သူ(မ)၏ ခႏၶာကိုယ္ အတြငိး္ကို ျဖတ္၀င္လာသည္။ ထုိစြမ္းအားက အင္အားၾကီးလြန္းတာေၾကာင့္ သူ(မ) ဘယ္လိုမွ ေတာင့္မခံႏုိ္င္ေတာ့ပဲ ပါးစပ္ကေန ညည္းညဴသည့္ အဆင့္ေတာင္ ေရာက္ရွိသြားသည္။ သူ(မ)၏ ေငြေရာင္ ဆံပင္ရွည္ၾကီးမ်ားက စီးေႏွာင္ထားျခင္းမရွိေတာ့ပဲ ေလႏွင့္ အတူ ရႈပ္ေထြး၀ဲပ်ံေနသည္။ သူ(မ)က အခုမွပင္ မေကာင္းဆိုး၀ါးတစ္ေယာက္ႏွင့္ တူသြားကာ ယူေရွာင္းမို ပထမဆံုး သူ(မ)ကို ေတြ႕တုန္းက ခံစားခဲ့ရသည့္ ေအးခ်မ္းျပီး ျမင့္ျမတ္လွေသာ အရိပ္အျမြက္ မရေတာ့ေခ်။

တစ္ခ်ိန္တည္းမွာပဲ ယူက်န္ထ်န္းႏွင့္ ယင္လိန္တို႕ဆီက ေၾကာက္စရာအသံမ်ားလဲ ထြက္ေပၚလာသည္။

“ရွင္မ”

“လင္အာ”

ခ်က္ခ်င္းဆိုသလိုပဲ ယူက်န္ထ်န္းဆီက သူ႕ကို သတ္လိုရိပ္ေတြ ယူေရွာင္းမို ခံစားလုိက္ရသည္။ ယူက်န္ထ်န္းက သူ႕ဆီကို ေျပးလာခ်င္ေပမယ့္လဲ ၾကားထဲက လင္းေရွာင္ ေနွာင့္ယွက္တာ ခံလုိက္ရျပန္သည္။ လင္းေရွာင္၏ တုိက္ကြက္က ယူက်န္ထ်န္းဆီကို အထိန္းအကြပ္မဲ့စြာ က်ေရာက္သြားသည္။ ေျပာရရင္ေတာ့ ငါးၾကင္းဆီနဲ႕ ငါးၾကင္း ျပန္ေၾကာ္လိုက္တာေပ့ါ။ က်ိဳ႕ယန္ကလဲ ယင္လိန္ကို လႊတ္ေပးစရာ အေၾကာင္းရွိမေနပဲ ယင္လိန္ကို ေသသည့္ အထိ သူ ကေတာ့ ေနွာင့္ယွက္ေနမွာပင္။

 ယူေရွာင္းမိုက စဥ္းစားသြားရျပီ။ အခုခ်ိန္ကို အခြင့္ေကာင္းယူျပီးေတာ့ပဲ ေလဒီယင္ကို တိုက္ရမလား မတိုက္ရဘူးလား ဟုပင္။ သို႕ေသာ္လည္း သူ ေရြးေတာင္ မေရြးခ်ယ္ရေသးခင္ ေလဒီယင္က သူ႕ကို ကူျပီးဆံုးျဖတ္ခ်က္ ခ်ေပးလိုက္သည္။

“ငါေသရင္ေတာ နင့္ကို ငါနဲ႕အတူ ဆြဲခ်သြားဦးမွာ” ေလဒီယင္၏ အမုန္းေတြ ေ၀ေနသည့္ အသံၾကီးက ရုတ္တရတ္ၾကီး ထြက္လာကာ သူ(မ)၏ ေခ်ာေမာလွေသာ မ်က္ႏွာမွာလဲ အမုန္းတရားေၾကာင့္ ပ်က္ယြင္းလာသည္။ အခုေတာ့ သူ(မ)က ရက္စက္ယုတ္မာလွေသာ ဇနီးမယားတစ္ေယာက္ပဲ ျဖစ္သြားခဲ့ျပီ။

ယူေရွာင္းမိုကေတာ့ သူ(မ)လိုမ်ိဳး မိန္းမေကာင္းတစ္ေယာက္က အယုတ္တမာ ယူက်န္ထ်န္းေၾကာင့္ လံုးလံုးပ်က္စီးသြားရတာကိုသာ ခံစားမိသည္။ ဘယ္လိုလုပ္ျပီး ဒီေလာက္ တံုးအတဲ့ မိန္းမတစ္ေယာက္ ရွိေနရေသးတာလဲ။

ေလဒီယင္၏ ကိုယ္ထဲမွာ စိတ္၀ိဥာဏ္စြမ္းအင္မ်ားက ဆိုင္းမဆင့္ ဘံုမဆင့္ လိႈင္းထန္လာကာ ေၾကာင့္ သူ(မ)ကိုယ္သူမ အပ်က္စီးခံျပီးေတာ့ အေသခံဖ်တ္ဆီးေတာ့မည္ ဆိုတာကို သူသိလုိက္ျပီ။ သူ(မ) ဒီေလာက္ထိ ရူးနွမ္းသြားလိမ့္မယ္လို႕ သူ မေမွ်ာ္လင့္ခဲ့ေပ။ အသက္ရွိေနသေရြ႕ ေမွ်ာ္လင့္ခ်က္ဆိုတာ ရွိေသးတာပဲကို။

သူ႕ကို သတ္ဖို႕အတြက္မ်ား ဒီလုိ အစေတးခံတာၾကီး လုပ္လိုက္မလို႕လား။

ေလဒီယင္၏ က်င့္ၾကံဆင့္ကို ျမွင့္ေပးသည့္ လွ်ိဳ႕၀ွက္နည္းစနစ္ က အလြန္ဆိုးရြားသည့္ ေနာက္ဆက္တြဲ ဆိုးက်ိဳး ရွိေနမွန္းကိုေတာ့ ယူေရွာင္းမုိ မသိေပ။ သူ(မ)၏ လက္ရွိအေျခအေနႏွင့္ ဆိုလွ်င္ သူ(မ) အသက္ရွင္ေသးသည္ ဆိုလွ်င္ေတာင္မွ သူ(မ)၏ က်င့္ၾကံဆင့္က အေျခခံပါ ထိခိုက္ေနေလာက္ျပီ။ သူ(မ)၏ က်င့္ၾကံဆင့္ က်သြားတာက သိပ္အဆိုးရြားၾကီး မဟုတ္ေသးေခ်။ သို႕ေသာ္လည္း သူ(မ)က အခုခ်ိန္ကစျပီး သံုးစားမရသည့္ အမႈိက္လို က်င့္ၾကံဆင့္ႏွင့္ ျဖစ္သြားဖို႕က ျဖစ္ႏို္င္ေခ် တအားမ်ားေနသည္။ သူ(မ)လို ဂုဏ္ေမာက္ျပီး မာနၾကီးသည့္ အမ်ိဳးသမီးက ဘယ္လိုလုပ္ ဒါကို လက္ခံႏိုင့္ပါ့မလဲ?

အစတုန္းကေတာ့ ဒီလွ်ို႕၀ွက္နည္းစနစ္၏ ဆိုးက်ိဳးမွာ သိပ္အျပင္းထန္ၾကီးမဟုတ္ေပ။ ယူေရွာင္းမိုေၾကာင့္သာလွ်င္ အလြန္ျပင္းထန္သည့္ အေျခအေနသို႕ ေရာက္ခဲ့ရျခင္း ျဖစ္သည္။ အကယ္၍ ေလဒီယင္သာလွ်င္ စိတ္ကို တည္ျငိမ္ေအာင္ ထးျပီး သူ(မ)၏ ခႏၶာကိုယ္ထဲမွ စြမ္းအားအျပင္းစားၾကီးကိုု လမ္းေၾကာင္းေပးႏုိင္ခဲ့မည္ ဆိုပါက လြန္ေရာ ကၽြံေရာ က်င့္ၾကံဆင့္ က်သြားတာေလာက္သာ ျဖစ္သြားမည္။ သို႕ေသာ္လည္း သူ(မ)က ယူေရွာင္းမို စသမွ်ကို ခံလုိက္ရအျပီးတြင္ ကိုယ္ပိုင္ စဥ္းစားေတြးေခၚႏိုင္စြမ္းေတြ ေပ်ာက္ဆံုးသြားတာမို႕ ဒီလို အျဖစ္ဆိုးၾကီးႏွင့္ ၾကံဳေတြ႕ရျခင္း ျဖစ္သည္။

မိမိကိုယ္ကို ဖ်တ္ဆီးသည့္အ ခါတြင္ စိတ္၀ိဥာဏ္စြမ္းအားမွာ အလြန္ျပင္းထန္ လွျပီး ေကာင္းကင္ႏွင့္ ေျမၾကီး အၾကားရွိ စိတ္၀ိဥာဏ္စြမ္းအင္မ်ားကို အမ်ားၾကိး ထိေရာက္ေစသည္။ ယူေရွာင္းမို သတိမေပးလွ်င္ ဘယ္သူမွ သိလို္က္ၾကမွာ မဟုတ္ေပ။ ယူေရွာင္းမို၏ သတိေပးသံေအာက္မွာ လူတုိ္င္းနီးပါး၏ မ်က္ႏွာ အမူအယာမ်ားမွာ အေျပာင္းလဲၾကီး ေျပာင္းလဲကုန္ၾကသည္။ ထပ္မံျပီး ေလးဖင့္မေနရဲေတာ့ပဲ အသက္စြန္႕ျပီး ေျပးလႊားသကဲ့သုိ႕ ေလဒီယင္၏ အနားမွေန အေ၀းကို ထြက္ေျပးၾကေတာ့သည္။

အဆင့္ ဆယ့္ႏွစ္ ပညာရွင္တစ္ေယာက္၏ မိမိကိုယ္မိမိဖ်တ္ဆီးလို႕ ေပါက္ကြဲထြက္လာမယ့္ ျပင္းအားမွာ အလြန္႕အလြန္ အင္အားၾကီးလွသည္။ ေ၀းေလေလ ေကာင္းေလေလပဲ။

ယူေရွာင္းမိုလဲ ထြက္ေျပးခ်င္လွသည္။ ေလဒီယင္ႏွင့္ ယွဥ္လွ်င္ သူက ပိုအင္အားၾကီးေသာ္လည္း အဆင့္ဆယ့္နွစ္ပညာရွင္ တစ္ေယာက္ထံမွ ထြက္လာသည့္ ေပါက္ကြဲအားကိုေတာ့ သူ ႏွဖူးေတြ႕ ဒူးေတြ႕ မရင္ဆိုင္ခ်င္ေပ။ သို႕ေသာ္လည္း သူ႕ကိုပါ ဆြဲေခၚခ်သြားခ်င္သည့္ ေလဒီယင္က သူ႕ကို ဘယ္လိုလုပ္ လႊတ္ေပးပါ့မလဲ။ ေငြေရာင္ပံုရိပ္တစ္ခုက ဆတ္ခနဲ သူေျပးရာ လမ္းကို ပိတ္ဆို႕ကာ ရွဴးခနဲ အသံေပးကာ သူ႕ဆီကို ေျပး၀င္လာသည္။

ယူေရွာင္းမို ၾကည့္လုိက္ေတာ့ ေငြေရာင္ေျမြေလး တစ္ေကာင္ ျဖစ္ေနသည္။ သူ႕စြမ္းအားက သိပ္အျမင့္ၾကီး မဟုတ္လို႕ သူ ခ်က္ခ်င္း ဖယ္ထုတ္လုိက္ႏိုင္ေပမယ့္ ထြက္ေျပးဖို႕ေတာ့ အရမ္းကို ေနာက္က်သြားေလသည္။

ေလဒီယင္ကလည္း ဒီေငြေရာင္ေျမြေလးက သူ႕ကို ပိတ္ပင္ႏိုင္လိမ့္မယ္လို႕ေတာ့ မေမွ်ာ္လင့္ထားေပ။ ယူေရွာင္းမိုကို နည္းနည္းေလာက္ အခ်ိန္ဆြဲထားခ်င္ယံုမွ်သာ။ သူ(မ)၏ ရည္မွန္းခ်က္ လဲ ျပည့္ေရာ သူ(မ)၏ ႏုနယ္လွေသာ ခႏၶာကိုယ္က ခ်က္ခ်င္းကို ေဖာင္းကာ ေပါက္ကြဲထြက္သြားသည္။ ေကာင္းကင္ႏွင့္ ေျမၾကီး ေတာင္မွ အေရာင္ေျပာင္းသြားသလား မွတ္ထင္ရေလသည္။ ကိုယ့္ကိုကိုယ္ ဖ်တ္ဆီးလိုက္သည့္ ေပါက္ကြဲမႈၾကီး၏ အားေအာက္တြင္ ပထမဆံုးအားလႈိုင္း၏ ေအာက္တြင္ပင္ ေတာင္မ်ား ကမ္းပါးမ်ားက ျပိဳလဲကာ ခ်က္ခ်င္းကို အပိုင္းအစေလးမ်ား အျဖစ္ ၾကဲပံ်႕ကုန္သည္။ ရွည္လ်ား အေပါက္ေပါင္းေထာင္ႏွင္ခ်ီျပီး စုစည္းထားသည့္ နက္ရႈိင္းေသာ လွ်ိဳၾကီးတစ္ခု က လြင္ျပင္က်ယ္ၾကီးတြင္ တမဟုတ္ခ်င္း ေပၚေပါက္လာေတာ့သည္။

ေပါက္ကြဲအားၾကီးက ဆယ့္ငါးမိနစ္ ၾကာျပီးမွသာလွ်င္ အားေလ်ာ့ ပ်က္ပ်ယ္လို႕ သြားေလသည္။

လြင္ျပင္က်ယ္ေဒသၾကီး တစ္ခုလံုး သူ႕ရဲ႕ မူလ တည္ျငိမ္မႈၾကီး ျပန္လည္ ရရွိသြားမွသာလွ်င္ ထြက္ေျပးသြားသည့္ ပညာရွင္မ်ား ျပန္လည္ ခ်ဥ္းကပ္လာရဲေတာ့သည္။ ထိုသူမ်ားမွာလဲ လြင္ျပင္က်ယ္ၾကီး၏ ျဖစ္ပ်က္သြားသည့္ ပံုပန္းသ႑ာန္ကို ေတြ႕ရအျပီးတြင္ အံၾသထိတ္လန္႕ကုန္ေတာ့သည္။

လြင္ျပင္က်ယ္ၾကီးကို ေနာက္ဆိုလွ်င္ လြင္ျပင္က်ယ္ဟုေတာင္မွ ေခၚရန္ မထိုက္ေတာ့ေပ။

“လင္အာ”  ယင္လိန္၏ ရင္ကြဲနာက် ေဒါသတၾကီး ေအာ္သံၾကီးက တိတ္ဆိတ္ေနေသာ ပတ္၀န္းက်င္တြင္ ဟိန္းထြက္သြားသည္။ ေကာင္းကင္တြင္ ၀ဲပ်ံေနေသာ ေငြနဂါးၾကီးဆီမွ အလင္းတန္း ဖ်တ္ခနဲ လက္သြားကာ ယင္လိန္လည္း ခ်က္ခ်င္းဆိုသလို သူ၏ လူသားအသြင္ကို ျပန္ေျပာင္းျပီး ေပါက္ကြဲမႈ ျဖစ္ပြားရာ ေနရာကို တရွိန္ထိုး ေျပးေလသည္။ ကံမေကာင္းစြာႏွင့္ပဲ သူ၏ ခ်စ္လွစြာေသာ သမီးက အစအန ရွာလို႕ မရေအာင္ပင္ ေသဆံုးလို႕ သြားေလျပီ။

သူ႕ေနာက္က လုိက္လာသည့္ ျပိဳေတာ့မည့္ မိုးမ်က္ႏွာႏွင့္ ၀မ္းနည္းပူေဆြးျပီး လုိက္လာသူကေတာ့ ယူက်န္ထ်န္းပဲ ျဖစ္ေလသည္။ ေပါက္ကြဲမႈ ျဖစ္ေပၚသည့္ ေနရာကို ေၾကာက္လဲေၾကာက္ ေဒါသလဲ ထြက္ကာ သူ စိုက္ၾကည့္ေနမိသည္။ သူႏွင့္ ႏွစ္ေထာင္ေသာင္းခ်ီျပီး လက္ထပ္ထားခဲ့ေသာ ဇနီး ျဖစ္သူက ဒီလိုမ်ိဳးၾကီး ေပ်ာက္ကြယ္လို႕သြားသည္။ သူ႕ဇနီးဘက္မွ ေတာ္စပ္သည္ေၾကာင့္သာ မဟုတ္လွ်င္ ေငြနဂါးမ်ိဳးႏြယ္က ေသြးေစြးနီမ်ိဳးႏြယ္ႏွင့္ ဘယ္တုန္းကမွ် ရင္းႏွီးကၽြမ္း၀င္လိမ့္မည္ မဟုတ္ေခ်။

သူေငးငိုင္ေနမိေသာ အခ်ိန္ေလး အတြင္းတြင္ပင္ သူ႕ေျခေထာက္ေအာက္မွ မီးေတာက္ တစ္ခု ထေတာက္ကာ သတိလက္လြတ္ေနမိေသာ ယူက်န္ထ်န္းကို ခ်က္ခ်င္းၾကီး ငံုကာ ေတာက္ေလာင္လာသည္။ သူ ခ်က္ခ်င္း ျငိမ္းသတ္ေသာ္လည္း သူ႕ညာေျခကေတာ့ မီးေလာင္သြားကာ သူ႕ဆီကေန အသားကင္နံ႕ေတြေတာင္ ထြက္လို႕ေနသည္။

ယူက်န္ထ်န္းက ရုတ္တရတ္ေပၚလာသည့္ လင္းေရွာင္ကို စူးစူးရဲရဲၾကီး စိုက္ၾကည့္ေနသည္။ လင္းေရွာင္၏ အမူအယာက နည္းနည္းေလးေတာင္မွ မေျပာင္းလဲဘူးဆိုတာကို ၾကည့္ျခင္းျဖင့္ပင္ ယူေရွာင္းမိုတစ္ေယာက္ ေဘးကင္းမွန္း သူ သိလိုက္သည္။ အဲဒါကို သိလုိက္ရတာႏွင့္တင္ သူ႕ႏွလံုးသားက ပိုလို႕ေတာင္မွ မာေက်ာလာရေလသည္။ သူ႕မိန္းမက သူ႕(မ)ဘ၀ကို စေတးသြားတာေတာင္မွ ယူေရွာင္းမိုကို နည္းနည္းေလးမွ ထိခိုက္ဒါဏ္ရာ ရမသြားေစခဲ့ေပ။

ယူေရွာင္းမိုက သူ႕နယ္ေျမထဲတြင္ ပုန္းေအာင္းေနလိမ့္မည္ဟု သူေမွ်ာ္လင့္ထားျပီးသားေပမယ့္ နယ္ေျမဆိုသည္က တသီးတသန္႕အေနႏွင့္ သီးျခားရပ္တည္လို႕ရသည့္ ၾကားခံ အရာမဟုတ္ေတာ့ အမႈန္အျဖစ္ေတာ့ ေျပာင္းသြားေစႏုိင္ေသးသည္။ အဲဒိေတာ့ ယူေရွာင္းမို ဘာမွ မပြန္းမပဲ့ ပဲႏွင့္ လႊတ္သြားဖို႕ ဆိုတာက လံုး၀ကို မျဖစ္ႏိုင္ေပ။

ယူေရွာင္းမို နယ္ေျမအတြင္းမွ ေရကန္၏ ရင္းျမစ္ႏွင့္ သက္တန္႕ေက်ာက္တံုးတို႕ ေပါင္းစီးသြားကတည္းက သူ႕နယ္ေျမ၏ အခင္းအက်င္းက ပိုၾကီးလာယံုတင္မက ကာကြယ္ေရးစနစ္ေတြက ပိုလို႕ေတာင္မွ အဆင့္ျမင့္သြားတာကို ယူက်န္ထ်န္း လံုး၀ မသိေပ။ ယူေရွာင္းမို၏ နယ္ေျမက ေပါက္ကြဲမႈေလး တစ္ခုေလာက္ႏွင့္ အပ်က္အဆီးၾကီး ပ်က္ဆီးသြားရမည့္ နယ္ေျမမ်ိဳး လံုး၀မဟုတ္ေတာ့ေခ်။ ေလဒီယင္၏ ေပါက္ကြဲမႈအားက ျပင္းထန္လွေသာ္လည္း သူ(မ)၏ က်င့္ၾကံဆင့္ အမွန္မွာ အဆင့္ ဆယ့္ႏွစ္ ၾကယ္တစ္ပြင့္ အဆင့္မွ်သာ က်န္ရစ္ေတာ့သည္။

“ကဲ ခင္ဗ်ားအလွည့္ေတာ့ ေရာက္ျပီ” လင္းေရွာင္က ေျပာလိုက္သည္။

သူေျပာလို႕ ျပီးယံုသာ ရွိေသးသည္ ယူက်န္ထ်န္း၏ စိတ္စြမ္းအင္ေတြက ခ်က္ခ်င္းဆိုသလို လူသတ္လိုရိပ္ေတြႏွင့္ ထိုးထြက္လာသည္။ လင္းေရွာင္၏ စိတ္၀ိဥာဏ္စြမ္းအင္မ်ားသည္လည္း တမဟုတ္ခ်င္း ၾကီးထြားလာသည္။ ေရွးသားရဲေလးမ်ိဳး၏ ေသြးမ်ား ႏိုးထသြားသကဲ့သို႕ သူ႕ေနာက္တြင္လည္း ေရွးသားရဲ ေလးမ်ိဳး၏ ပံုရိပ္မ်ားက သူ႕ေနာက္တြင္ ေပၚေပါက္လာသည္။

လင္းေရွာင္ကို ရင္ဆိုင္ေနရသည့္ ယူက်န္ထ်န္းမွာ အံၾသနဘန္းေတာင္ ထသြားရသည္။ ေရွးသားရဲေလးမ်ိဳး အေၾကာင္းကို ေျပာရလွ်င္ သူလည္းပဲ ေရွးသားရဲေလးမ်ိဳး၏ ဒ႑ာရီအေၾကာင္း ၾကားဖူးခဲ့သည္။ ေရွးသားရဲေလးမ်ိဳးစလံုးက မ်ိဳးရိုးပါ၀င္သူ သာလွ်င္ ထိုဘံုအဆင့္ကို တက္လွမ္းႏို္င္ေပမည္။ ရုတ္တရတ္ဆိုသလို သူႏွင့္ လင္းေရွာင္ ပထမဆံုး အၾကိမ္ လက္ရည္စမ္းၾကသည့္ ပြဲကို သူအမွတ္ရသြားသည္။ ထိုအခ်ိန္တုန္းက လင္းေရွာင္၏ တိုက္ကြက္မ်ားက သူ႕ရဲ႕ က်င့္ၾကံဆင့္ကိုပါ ဘာလို႕ ထိခိုက္ရသလဲ ဆိုတာ သူနားမလည္ခဲ့ေပ။

အခုေတာ့ သူနားလည္သြားျပီ။

နားလည္သြားသည္ႏွင့္ သူ႕ရင္ထဲ ႏွလံုးထဲမွာကို ၾကက္သီးေတြ တျဖန္းျဖန္း ထကုန္ေလသည္။

Unicode

Chapter 694: Self-Destruction

အခန်း ၆၉၄ မိမိကိုယ်ကို ဖျတ်ဆီးခြင်း

တိုက်ပွဲဖြစ်ပွားရာ အရပ်ဆိုသည်မှာ အသက်ရှင်သူများထက် အသက်သေသွားသူက ပိုများသည့် ရက်စက်ကြမ်းကြုပ်လှသည့် နေရာပင် ဖြစ်သည်။ သနားစဖွယ် အသံညှင်းညှင်းများနှင့် ဒေါသစွက်နေသော အသံကျယ်ကြီးများက တစ်သံနှင့် တစ်သံရစ်ပတ်လို့ မကြာခဏ ထွက်လာတတ်သေးသည်။ သိပ်မကြာမည့် အနာဂတ်တွင် ထိုကဲ့သို့ ညည်းညူနေမည့် သူက ကိုယ်မဟုတ်ဟု အာမခံနိုင်သူမှာလည်း အနည်းအကျဉ်းမျှသာ ရှိသည်။

သေရမည်ကို မကြောက်သည့် ချန်မဟာမိတ်မှ လူများထက်စာလျှင်တော့ သူတို့၏ လူသွေးဆာနေသည့် မျက်လုံးနီနီများကို ကြည့်ရင်းနှင့်ပင် သွေးစွေးနီမျိုးနွယ်စုဘက်မှ လူများက တဖြည်းဖြည်းနှင့် အကြောက်တရားများက ကျူးကျော်ဝင်ရောက်လာလေပြီ။ သူတို့၏ နဂိုမော်ကြွားသည့် အနေအထားများမှ လုံးဝကို သွေဖီသွားကာ သွေးများ စွန်းထင်းနေသည့် မျက်နှာမျက်နှာမှာ ကြောက်လန့်ခြင်းတွေနှင့်ပါ စွန်းထင်းလာည်။

ကြက်သီးထစရာ အလင်းတန်းက တိုက်ခိုက်သည့် အခါမှာတော့ ယူရှောင်းမို အနားက ကံဆိုးသူမောင်ရှင် ဖြစ်လို့သွားသော သွေးစွေးနီမျိုးနွယ်ဝင်တစ်ယောက်ကို လှမ်းဆွဲကာ သူ့ရှေ့ကနေ ကာလိုက်သည်။ အေးစက်စက် ဓါးသွားက သူ့ကို ချက်ချင်း ဖြတ်တောက်လိုက်တာနှင့် ကမ္ဘာမြေကြီး၏ ဆွဲအားကြောင့် သွေးများစွာ ပတ်ဝန်းကျင်ကို ပက်ဖြန်းလိုက်သလို ဖြစ်သွားလေသည်။

ခံလိုက်ရသူမှာ သွေးအဆက်မပြတ် ထွက်နေသည့် သူ့ဒါဏ်ရာကို နဂိုမူလအကောင်းအတိုင်း ပြန်ဖြစ်ချင်သည့် ပုံမျိုးနှင့် လက်တစ်ဖက်ဖြင့် တုန်တုန်ရီရီ ဖိလို့ထားသည်။ ဒါတောင်မှ ဒါဏ်ရာမှ သွေးများက ပိုလို့တောင် ထွက်လို့လာသည်။ သူ့မျက်နှာချင်းဆိုင်က လေဒီယင်ကို အထိတ်တလန့် ငေးကြည့်ရင်းနှင့် မြေပြင်ပေါ်ကို ခွန်အားမဲ့စွာ ပြိုလဲသွားတော့သည်။

စစ်မြေပြင်ဆိုသည်ကား ရက်စက်ကြမ်းကြုပ်လှပေသည်။

သတိလေး တစ်ချက်လွတ်သွားသည်နှင့် သေမည့်သူက ကိုယ့်အလှည့် ဖြစ်သွားနိုင်သည်။

လေဒီယင်၏ မျက်ဝန်းလှလှလေးများက ဆတ်ခနဲ ကျုံသွားကာ ယူရှောင်းမိုကို ပဲ အေးစက်မှုပေါင်း အနန္တခညောင်းလှသည့် အကြည့်တစ်ချက် ထပ်မံပစ်လွှတ်လိုက်သည်။ ပြောရလျှင် ထိုအေးစက်မှုများက အေးချမ်းလှသည့် နေရက်တစ်ခုမှာ ရေခဲမြစ်တစ်ခု၏ သုံးပေအနက်မှ အပူချိန်ထက်ပင် ပိုမိုအေးစက်လှသေးသည်။ သူ(မ)၏ မျက်ဝန်းများက ရေခဲကမ္ဘာကြီးတစ်ခုလိုမျိုး အေးစက်မှုတွေက တစ်ချိန်လုံး ဖြာထွက်နေကာ ယူရှောင်းမိုကို အစိမ်းလိုက် ၀ါးစားတော့ မယောင် မျက်ဝန်းထဲတွင် အရိပ်ထင်ဟပ်လို့နေသည်။

 လူသားရေခဲသေတ္တာဟု ခေါ်ဝေါ်နိုင်သော လေဒီယင်ကို ယူရှောင်းမိုက စိုက်ကြည့် ရင်း သိပ်မသိသာလှသော မျက်မှောင်ကုတ်ကုတ်လေး ပေးသနားလိုက်သည်။ သူ(မ)က လက်မြှောက်လိုက်သည့် အခါမှာတော့ သူ(မ)လက်ထဲက ဓါးမြှောင်က ပိုရှည်လာသည်ကို သူသတိပြုလိုက်မိသည်။ မူလက လေး ငါး လက်မလောက်သာ ရှည်သော ဓါးမြှောင်က နှစ်လက်မလောက် ပိုရှည်လာပြီး အသေးစားဓါးရှည်လေးနှင့် တောင် တူလာသည်။ ဓါး၏ ပတ်လည်တွင်တော့ အနက်ရောင် အရှိန်အ၀ါတွေ ရစ်သိုင်းလာကာ နောက်တစ်ဆက်တည်းမှာပင် လေဒီယင် ပျောက်ကွယ်သွားသည်။ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားပြီး သူ့ရှေ့ကို တန်းခနဲ ရောက်လာသည်။

“ချွင်” ငွေဓါးမြှောင်နှင့် ရွှေရောင်ဓါးရှည်တို့ အချင်းချင်း ခိုက်မိရာမှ မီးတောက်များ လွှင့်စင်လာသည်။

ချက်ချင်း ဆိုသလို သူတို့ကြားမှ တိုက်ကွက်များက ရာကျော်သွားသည်။ သူတို့၏ အရိပ်များက ဆက်တိုက် ပြောင်းလဲနေတာမို့ သေချာ ဖမ်းမိဖို့တောင် ခက်လှသည်။ ယူရှောင်းမို၏ အံသြသွားသော အကြည့်တွေက လေဒီယင်၏ ဓါးမြှောင်ကို ချက်ချင်း ရောက်သွားလေသည်။ ဒီဓါးမြှောင်ကို မည်သည့်သတ္တုနှင့် ပြုလုပ်ထားသလဲဆိုတာ မှန်းမရပေ။ သူ့ရဲ့ ဓါးရှည်နှင့် အကြိမ်များစွာ ထိခိုက်မိသည်တောင်မှ နည်းနည်းလေးတောင် ယိုယွင်းမသွား။ ဓါးမြှောင်၏ ငွေရောင်အလင်းက ပိုပိုပြီး အေးစက်လာသည်နှင့်အမျှ အနက်ရောင် အငွေ့အသက်များ တည်ငြိမ်မနေတာသာ ရှိသည်။

သို့သော်လည်း သူ့ကို အံသြအစေရဆုံး အရာကတော့ လေဒီယင်၏ ကျင့်ကြံဆင့်က ကြယ်တစ်ပွင့် မက တာပဲ ဖြစ်လို့သွားသည်။ ဟိုးအစောပိုင်းတုန်းက လေဒီယင်၏၏ ကျင့်ကြံဆင့်က ကြယ်ငါးပွင့် မဟုတ်ပါပဲ ကြယ်တစ်ပွင့်မျှသာ ရှိခဲသည် ဟု ရှုန်းရှောင် က သူ့ကို ပြောပြဖူးသည်။

လျှို့ဝှက်နည်းစနစ် တစ်ခုခုသာ မသုံးထားရင် ဘယ်လိုလုပ် ဒီလောက် အထိ အဆင့်တက်သွားမှာလဲ။ လျှို့ဝှက်နည်းစနစ် ဆိုမှတော့ အချိန်ကန့်သတ်ချက်တော့ ရှိမှာပဲဟု ယူရှောင်းမို တွေးလိုက်သည်။ ဘာလဲ ကြယ်ငါးပွင့် ကျင့်ကြံဆင့်နဲ့တင် သူ့ကို သတ်လို့ ရတယ်လို့ သူ(မ) တွေးနေတာများလား?

 နောက်အချိန်အနည်းငယ် ကြာပြီးနောက် လေဒီယင်က ထပ်လောလာပြန်ကာ ဒီပွဲကို ခပ်မြန်မြန်အဆုံးသတ်ချင်သည့် အရိပ်အယောင်တွေ ပြလာသည်။

အဲဒိမှာတင် ယူရှောင်းမိုတစ်ယောက် သူ၏ ထင်မြင်သုံးသပ်ချက်က မှန်ကန်ကြောင်း ပိုသေချာသွားရသည်။ ဒီပွဲကို မြန်မြန်လေး အဆုံးသတ်ချင်နေမှတော့ သူကလဲ သူ(မ) သေတဲ့ အထိကို အချိန်ဆွဲပေးရတော့တာပေ့ါလေ။ တစ်ချက်တည်း သူ(မ)ကို အနိုင်တိုက်လိုက်သည်ထက် စာလျှင် ဒီလိုနည်းက သူ(မ)ကို ပိုလို့တောင် ဒေါသထွက်စေမည်လေ။

ဒါနှင့်ပဲ ယူရှောင်းမိုက ခံစစ်အဖြစ် ပြောင်းလိုက်သည်။

သူဘာလုပ်ချင်သလဲကို သိသွားသည့် လေဒီယင်၏ မျက်လုံးများကတော့ ပိုလို့တောင်မှ အေးစက်လာကာ မှုန်ကုပ်ကုပ်အမူအယာတွင် ဒေါသထွက်သည့် အရိပ်အယောင်များ ပိုမိုလာသော်လည်း သူ(မ)၏ သီးခံနိုင်စွမ်းကြောင့် ချွန်းတော့ အုပ်နိုင်နေသေးသည်။

နောက်တစ်နာရီ ကြာသည့်အခါမှာတော့ လေဒီယင်၏ တိုက်ခိုက်မှုက ပိုပိုပြီး စိတ်မရှည်တော့ပဲ အမှားတွေ အကြိမ်ပေါင်းများစွာ ပိုလုပ်လာသည်။ သူ(မ)သာ အချိန်မှီ နောက်မဆုတ်မိလျှင် ယူရှောင်းမိုကြောင့် ရှရာတွေတောင် ဖြစ်လာနိုင်သည်။ သို့သော်လည်း အမှားများစွာ ထပ်လောင်းမှုကြောင့် သူ(မ)၏ အရှိန်အဟုန်က ပိုလို့တောင်မှ အားနည်းလာသည်။

ဒီမြင်ကွင်းကို မြင်ရတာနှင့်တင် ယူရှောင်းမို အူလိုက်သည်းလိုက်ကို ရယ်မောတေ့ာသည်။ ဒါပေမယ့် လေဒီယင် တစ်နာရီကျော်အထိ တင်းခံနိုင်မယ်လို့တော့ သူမမျှော်လင့်ထားပေ။ သူထင်တာက ဒီလျှို့ဝှက်နည်းစနစ်က လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို အချိန်အကြာကြီးတော့ မြှင့်မပေးနိုင်ဟုသာ တွေးခဲ့မိသည်။

တစ်နာရီ ဆိုသည်မှာ တော်တော် ကြာမြင့်သော အချိန်အပိုင်းအခြား ဖြစ်သည်။ သူ့ကြောင့်သာ မဟုတ်လျှင် လေဒီယင်တစ်ယောက် သူ(မ) လိုချင်သည့် ရလာဒ်ကို ရပြီးတာ ကြာလှလောက်ရောပေ့ါ။

“အာ” အချိန်ကာလာ အပိုင်းအခြား တစ်ခုကို ရောက်သည်နှင့် လေဒီယင်၏ ကျင့်ကြံဆင့်မှာ တရှိန်ထိုး ထိုးကျလာပြီး ဘယ်ကမှန်း မသိသည့် စွမ်းအားတစ်ခုက သူ(မ)၏ ခန္ဓာကိုယ် အတွငိ်းကို ဖြတ်ဝင်လာသည်။ ထိုစွမ်းအားက အင်အားကြီးလွန်းတာကြောင့် သူ(မ) ဘယ်လိုမှ တောင့်မခံနိုင်တော့ပဲ ပါးစပ်ကနေ ညည်းညူသည့် အဆင့်တောင် ရောက်ရှိသွားသည်။ သူ(မ)၏ ငွေရောင် ဆံပင်ရှည်ကြီးများက စီးနှောင်ထားခြင်းမရှိတော့ပဲ လေနှင့် အတူ ရှုပ်ထွေးဝဲပျံနေသည်။ သူ(မ)က အခုမှပင် မကောင်းဆိုးဝါးတစ်ယောက်နှင့် တူသွားကာ ယူရှောင်းမို ပထမဆုံး သူ(မ)ကို တွေ့တုန်းက ခံစားခဲ့ရသည့် အေးချမ်းပြီး မြင့်မြတ်လှသော အရိပ်အမြွက် မရတော့ချေ။

တစ်ချိန်တည်းမှာပဲ ယူကျန်ထျန်းနှင့် ယင်လိန်တို့ဆီက ကြောက်စရာအသံများလဲ ထွက်ပေါ်လာသည်။

“ရှင်မ”

“လင်အာ”

ချက်ချင်းဆိုသလိုပဲ ယူကျန်ထျန်းဆီက သူ့ကို သတ်လိုရိပ်တွေ ယူရှောင်းမို ခံစားလိုက်ရသည်။ ယူကျန်ထျန်းက သူ့ဆီကို ပြေးလာချင်ပေမယ့်လဲ ကြားထဲက လင်းရှောင် နှောင့်ယှက်တာ ခံလိုက်ရပြန်သည်။ လင်းရှောင်၏ တိုက်ကွက်က ယူကျန်ထျန်းဆီကို အထိန်းအကွပ်မဲ့စွာ ကျရောက်သွားသည်။ ပြောရရင်တော့ ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်လိုက်တာပေ့ါ။ ကျို့ယန်ကလဲ ယင်လိန်ကို လွှတ်ပေးစရာ အကြောင်းရှိမနေပဲ ယင်လိန်ကို သေသည့် အထိ သူ ကတော့ နှောင့်ယှက်နေမှာပင်။

 ယူရှောင်းမိုက စဉ်းစားသွားရပြီ။ အခုချိန်ကို အခွင့်ကောင်းယူပြီးတော့ပဲ လေဒီယင်ကို တိုက်ရမလား မတိုက်ရဘူးလား ဟုပင်။ သို့သော်လည်း သူ ရွေးတောင် မရွေးချယ်ရသေးခင် လေဒီယင်က သူ့ကို ကူပြီးဆုံးဖြတ်ချက် ချပေးလိုက်သည်။

“ငါသေရင်တော နင့်ကို ငါနဲ့အတူ ဆွဲချသွားဦးမှာ” လေဒီယင်၏ အမုန်းတွေ ဝေနေသည့် အသံကြီးက ရုတ်တရတ်ကြီး ထွက်လာကာ သူ(မ)၏ ချောမောလှသော မျက်နှာမှာလဲ အမုန်းတရားကြောင့် ပျက်ယွင်းလာသည်။ အခုတော့ သူ(မ)က ရက်စက်ယုတ်မာလှသော ဇနီးမယားတစ်ယောက်ပဲ ဖြစ်သွားခဲ့ပြီ။

ယူရှောင်းမိုကတော့ သူ(မ)လိုမျိုး မိန်းမကောင်းတစ်ယောက်က အယုတ်တမာ ယူကျန်ထျန်းကြောင့် လုံးလုံးပျက်စီးသွားရတာကိုသာ ခံစားမိသည်။ ဘယ်လိုလုပ်ပြီး ဒီလောက် တုံးအတဲ့ မိန်းမတစ်ယောက် ရှိနေရသေးတာလဲ။

လေဒီယင်၏ ကိုယ်ထဲမှာ စိတ်ဝိဥာဏ်စွမ်းအင်များက ဆိုင်းမဆင့် ဘုံမဆင့် လှိုင်းထန်လာကာ ကြောင့် သူ(မ)ကိုယ်သူမ အပျက်စီးခံပြီးတော့ အသေခံဖျတ်ဆီးတော့မည် ဆိုတာကို သူသိလိုက်ပြီ။ သူ(မ) ဒီလောက်ထိ ရူးနှမ်းသွားလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။ အသက်ရှိနေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိသေးတာပဲကို။

သူ့ကို သတ်ဖို့အတွက်များ ဒီလို အစတေးခံတာကြီး လုပ်လိုက်မလို့လား။

လေဒီယင်၏ ကျင့်ကြံဆင့်ကို မြှင့်ပေးသည့် လျှို့ဝှက်နည်းစနစ် က အလွန်ဆိုးရွားသည့် နောက်ဆက်တွဲ ဆိုးကျိုး ရှိနေမှန်းကိုတော့ ယူရှောင်းမို မသိပေ။ သူ(မ)၏ လက်ရှိအခြေအနေနှင့် ဆိုလျှင် သူ(မ) အသက်ရှင်သေးသည် ဆိုလျှင်တောင်မှ သူ(မ)၏ ကျင့်ကြံဆင့်က အခြေခံပါ ထိခိုက်နေလောက်ပြီ။ သူ(မ)၏ ကျင့်ကြံဆင့် ကျသွားတာက သိပ်အဆိုးရွားကြီး မဟုတ်သေးချေ။ သို့သော်လည်း သူ(မ)က အခုချိန်ကစပြီး သုံးစားမရသည့် အမှိုက်လို ကျင့်ကြံဆင့်နှင့် ဖြစ်သွားဖို့က ဖြစ်နိုင်ချေ တအားများနေသည်။ သူ(မ)လို ဂုဏ်မောက်ပြီး မာနကြီးသည့် အမျိုးသမီးက ဘယ်လိုလုပ် ဒါကို လက်ခံနိုင့်ပါ့မလဲ?

အစတုန်းကတော့ ဒီလျှို့ဝှက်နည်းစနစ်၏ ဆိုးကျိုးမှာ သိပ်အပြင်းထန်ကြီးမဟုတ်ပေ။ ယူရှောင်းမိုကြောင့်သာလျှင် အလွန်ပြင်းထန်သည့် အခြေအနေသို့ ရောက်ခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ လေဒီယင်သာလျှင် စိတ်ကို တည်ငြိမ်အောင် ထးပြီး သူ(မ)၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားအပြင်းစားကြီးကို လမ်းကြောင်းပေးနိုင်ခဲ့မည် ဆိုပါက လွန်ရော ကျွံရော ကျင့်ကြံဆင့် ကျသွားတာလောက်သာ ဖြစ်သွားမည်။ သို့သော်လည်း သူ(မ)က ယူရှောင်းမို စသမျှကို ခံလိုက်ရအပြီးတွင် ကိုယ်ပိုင် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ပျောက်ဆုံးသွားတာမို့ ဒီလို အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

မိမိကိုယ်ကို ဖျတ်ဆီးသည့်အ ခါတွင် စိတ်ဝိဥာဏ်စွမ်းအားမှာ အလွန်ပြင်းထန် လှပြီး ကောင်းကင်နှင့် မြေကြီး အကြားရှိ စိတ်ဝိဥာဏ်စွမ်းအင်များကို အများကြိး ထိရောက်စေသည်။ ယူရှောင်းမို သတိမပေးလျှင် ဘယ်သူမှ သိလိုက်ကြမှာ မဟုတ်ပေ။ ယူရှောင်းမို၏ သတိပေးသံအောက်မှာ လူတိုင်းနီးပါး၏ မျက်နှာ အမူအယာများမှာ အပြောင်းလဲကြီး ပြောင်းလဲကုန်ကြသည်။ ထပ်မံပြီး လေးဖင့်မနေရဲတော့ပဲ အသက်စွန့်ပြီး ပြေးလွှားသကဲ့သို့ လေဒီယင်၏ အနားမှနေ အဝေးကို ထွက်ပြေးကြတော့သည်။

အဆင့် ဆယ့်နှစ် ပညာရှင်တစ်ယောက်၏ မိမိကိုယ်မိမိဖျတ်ဆီးလို့ ပေါက်ကွဲထွက်လာမယ့် ပြင်းအားမှာ အလွန့်အလွန် အင်အားကြီးလှသည်။ ဝေးလေလေ ကောင်းလေလေပဲ။

ယူရှောင်းမိုလဲ ထွက်ပြေးချင်လှသည်။ လေဒီယင်နှင့် ယှဉ်လျှင် သူက ပိုအင်အားကြီးသော်လည်း အဆင့်ဆယ့်နှစ်ပညာရှင် တစ်ယောက်ထံမှ ထွက်လာသည့် ပေါက်ကွဲအားကိုတော့ သူ နှဖူးတွေ့ ဒူးတွေ့ မရင်ဆိုင်ချင်ပေ။ သို့သော်လည်း သူ့ကိုပါ ဆွဲခေါ်ချသွားချင်သည့် လေဒီယင်က သူ့ကို ဘယ်လိုလုပ် လွှတ်ပေးပါ့မလဲ။ ငွေရောင်ပုံရိပ်တစ်ခုက ဆတ်ခနဲ သူပြေးရာ လမ်းကို ပိတ်ဆို့ကာ ရှူးခနဲ အသံပေးကာ သူ့ဆီကို ပြေးဝင်လာသည်။

ယူရှောင်းမို ကြည့်လိုက်တော့ ငွေရောင်မြွေလေး တစ်ကောင် ဖြစ်နေသည်။ သူ့စွမ်းအားက သိပ်အမြင့်ကြီး မဟုတ်လို့ သူ ချက်ချင်း ဖယ်ထုတ်လိုက်နိုင်ပေမယ့် ထွက်ပြေးဖို့တော့ အရမ်းကို နောက်ကျသွားလေသည်။

လေဒီယင်ကလည်း ဒီငွေရောင်မြွေလေးက သူ့ကို ပိတ်ပင်နိုင်လိမ့်မယ်လို့တော့ မမျှော်လင့်ထားပေ။ ယူရှောင်းမိုကို နည်းနည်းလောက် အချိန်ဆွဲထားချင်ယုံမျှသာ။ သူ(မ)၏ ရည်မှန်းချက် လဲ ပြည့်ရော သူ(မ)၏ နုနယ်လှသော ခန္ဓာကိုယ်က ချက်ချင်းကို ဖောင်းကာ ပေါက်ကွဲထွက်သွားသည်။ ကောင်းကင်နှင့် မြေကြီး တောင်မှ အရောင်ပြောင်းသွားသလား မှတ်ထင်ရလေသည်။ ကိုယ့်ကိုကိုယ် ဖျတ်ဆီးလိုက်သည့် ပေါက်ကွဲမှုကြီး၏ အားအောက်တွင် ပထမဆုံးအားလှိုင်း၏ အောက်တွင်ပင် တောင်များ ကမ်းပါးများက ပြိုလဲကာ ချက်ချင်းကို အပိုင်းအစလေးများ အဖြစ် ကြဲပျံ့ကုန်သည်။ ရှည်လျား အပေါက်ပေါင်းထောင်နှင်ချီပြီး စုစည်းထားသည့် နက်ရှိုင်းသော လျှိုကြီးတစ်ခု က လွင်ပြင်ကျယ်ကြီးတွင် တမဟုတ်ချင်း ပေါ်ပေါက်လာတော့သည်။

ပေါက်ကွဲအားကြီးက ဆယ့်ငါးမိနစ် ကြာပြီးမှသာလျှင် အားလျော့ ပျက်ပျယ်လို့ သွားလေသည်။

လွင်ပြင်ကျယ်ဒေသကြီး တစ်ခုလုံး သူ့ရဲ့ မူလ တည်ငြိမ်မှုကြီး ပြန်လည် ရရှိသွားမှသာလျှင် ထွက်ပြေးသွားသည့် ပညာရှင်များ ပြန်လည် ချဉ်းကပ်လာရဲတော့သည်။ ထိုသူများမှာလဲ လွင်ပြင်ကျယ်ကြီး၏ ဖြစ်ပျက်သွားသည့် ပုံပန်းသဏ္ဍာန်ကို တွေ့ရအပြီးတွင် အံသြထိတ်လန့်ကုန်တော့သည်။

လွင်ပြင်ကျယ်ကြီးကို နောက်ဆိုလျှင် လွင်ပြင်ကျယ်ဟုတောင်မှ ခေါ်ရန် မထိုက်တော့ပေ။

“လင်အာ”  ယင်လိန်၏ ရင်ကွဲနာကျ ဒေါသတကြီး အော်သံကြီးက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ဟိန်းထွက်သွားသည်။ ကောင်းကင်တွင် ၀ဲပျံနေသော ငွေနဂါးကြီးဆီမှ အလင်းတန်း ဖျတ်ခနဲ လက်သွားကာ ယင်လိန်လည်း ချက်ချင်းဆိုသလို သူ၏ လူသားအသွင်ကို ပြန်ပြောင်းပြီး ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာကို တရှိန်ထိုး ပြေးလေသည်။ ကံမကောင်းစွာနှင့်ပဲ သူ၏ ချစ်လှစွာသော သမီးက အစအန ရှာလို့ မရအောင်ပင် သေဆုံးလို့ သွားလေပြီ။

သူ့နောက်က လိုက်လာသည့် ပြိုတော့မည့် မိုးမျက်နှာနှင့် ၀မ်းနည်းပူဆွေးပြီး လိုက်လာသူကတော့ ယူကျန်ထျန်းပဲ ဖြစ်လေသည်။ ပေါက်ကွဲမှု ဖြစ်ပေါ်သည့် နေရာကို ကြောက်လဲကြောက် ဒေါသလဲ ထွက်ကာ သူ စိုက်ကြည့်နေမိသည်။ သူနှင့် နှစ်ထောင်သောင်းချီပြီး လက်ထပ်ထားခဲ့သော ဇနီး ဖြစ်သူက ဒီလိုမျိုးကြီး ပျောက်ကွယ်လို့သွားသည်။ သူ့ဇနီးဘက်မှ တော်စပ်သည်ကြောင့်သာ မဟုတ်လျှင် ငွေနဂါးမျိုးနွယ်က သွေးစွေးနီမျိုးနွယ်နှင့် ဘယ်တုန်းကမျှ ရင်းနှီးကျွမ်းဝင်လိမ့်မည် မဟုတ်ချေ။

သူငေးငိုင်နေမိသော အချိန်လေး အတွင်းတွင်ပင် သူ့ခြေထောက်အောက်မှ မီးတောက် တစ်ခု ထတောက်ကာ သတိလက်လွတ်နေမိသော ယူကျန်ထျန်းကို ချက်ချင်းကြီး ငုံကာ တောက်လောင်လာသည်။ သူ ချက်ချင်း ငြိမ်းသတ်သော်လည်း သူ့ညာခြေကတော့ မီးလောင်သွားကာ သူ့ဆီကနေ အသားကင်နံ့တွေတောင် ထွက်လို့နေသည်။

ယူကျန်ထျန်းက ရုတ်တရတ်ပေါ်လာသည့် လင်းရှောင်ကို စူးစူးရဲရဲကြီး စိုက်ကြည့်နေသည်။ လင်းရှောင်၏ အမူအယာက နည်းနည်းလေးတောင်မှ မပြောင်းလဲဘူးဆိုတာကို ကြည့်ခြင်းဖြင့်ပင် ယူရှောင်းမိုတစ်ယောက် ဘေးကင်းမှန်း သူ သိလိုက်သည်။ အဲဒါကို သိလိုက်ရတာနှင့်တင် သူ့နှလုံးသားက ပိုလို့တောင်မှ မာကျောလာရလေသည်။ သူ့မိန်းမက သူ့(မ)ဘ၀ကို စတေးသွားတာတောင်မှ ယူရှောင်းမိုကို နည်းနည်းလေးမှ ထိခိုက်ဒါဏ်ရာ ရမသွားစေခဲ့ပေ။

ယူရှောင်းမိုက သူ့နယ်မြေထဲတွင် ပုန်းအောင်းနေလိမ့်မည်ဟု သူမျှော်လင့်ထားပြီးသားပေမယ့် နယ်မြေဆိုသည်က တသီးတသန့်အနေနှင့် သီးခြားရပ်တည်လို့ရသည့် ကြားခံ အရာမဟုတ်တော့ အမှုန်အဖြစ်တော့ ပြောင်းသွားစေနိုင်သေးသည်။ အဲဒိတော့ ယူရှောင်းမို ဘာမှ မပွန်းမပဲ့ ပဲနှင့် လွှတ်သွားဖို့ ဆိုတာက လုံးဝကို မဖြစ်နိုင်ပေ။

ယူရှောင်းမို နယ်မြေအတွင်းမှ ရေကန်၏ ရင်းမြစ်နှင့် သက်တန့်ကျောက်တုံးတို့ ပေါင်းစီးသွားကတည်းက သူ့နယ်မြေ၏ အခင်းအကျင်းက ပိုကြီးလာယုံတင်မက ကာကွယ်ရေးစနစ်တွေက ပိုလို့တောင်မှ အဆင့်မြင့်သွားတာကို ယူကျန်ထျန်း လုံးဝ မသိပေ။ ယူရှောင်းမို၏ နယ်မြေက ပေါက်ကွဲမှုလေး တစ်ခုလောက်နှင့် အပျက်အဆီးကြီး ပျက်ဆီးသွားရမည့် နယ်မြေမျိုး လုံးဝမဟုတ်တော့ချေ။ လေဒီယင်၏ ပေါက်ကွဲမှုအားက ပြင်းထန်လှသော်လည်း သူ(မ)၏ ကျင့်ကြံဆင့် အမှန်မှာ အဆင့် ဆယ့်နှစ် ကြယ်တစ်ပွင့် အဆင့်မျှသာ ကျန်ရစ်တော့သည်။

“ကဲ ခင်ဗျားအလှည့်တော့ ရောက်ပြီ” လင်းရှောင်က ပြောလိုက်သည်။

သူပြောလို့ ပြီးယုံသာ ရှိသေးသည် ယူကျန်ထျန်း၏ စိတ်စွမ်းအင်တွေက ချက်ချင်းဆိုသလို လူသတ်လိုရိပ်တွေနှင့် ထိုးထွက်လာသည်။ လင်းရှောင်၏ စိတ်ဝိဥာဏ်စွမ်းအင်များသည်လည်း တမဟုတ်ချင်း ကြီးထွားလာသည်။ ရှေးသားရဲလေးမျိုး၏ သွေးများ နိုးထသွားသကဲ့သို့ သူ့နောက်တွင်လည်း ရှေးသားရဲ လေးမျိုး၏ ပုံရိပ်များက သူ့နောက်တွင် ပေါ်ပေါက်လာသည်။

လင်းရှောင်ကို ရင်ဆိုင်နေရသည့် ယူကျန်ထျန်းမှာ အံသြနဘန်းတောင် ထသွားရသည်။ ရှေးသားရဲလေးမျိုး အကြောင်းကို ပြောရလျှင် သူလည်းပဲ ရှေးသားရဲလေးမျိုး၏ ဒဏ္ဍာရီအကြောင်း ကြားဖူးခဲ့သည်။ ရှေးသားရဲလေးမျိုးစလုံးက မျိုးရိုးပါဝင်သူ သာလျှင် ထိုဘုံအဆင့်ကို တက်လှမ်းနိုင်ပေမည်။ ရုတ်တရတ်ဆိုသလို သူနှင့် လင်းရှောင် ပထမဆုံး အကြိမ် လက်ရည်စမ်းကြသည့် ပွဲကို သူအမှတ်ရသွားသည်။ ထိုအချိန်တုန်းက လင်းရှောင်၏ တိုက်ကွက်များက သူ့ရဲ့ ကျင့်ကြံဆင့်ကိုပါ ဘာလို့ ထိခိုက်ရသလဲ ဆိုတာ သူနားမလည်ခဲ့ပေ။

အခုတော့ သူနားလည်သွားပြီ။

နားလည်သွားသည်နှင့် သူ့ရင်ထဲ နှလုံးထဲမှာကို ကြက်သီးတွေ တဖြန်းဖြန်း ထကုန်လေသည်။

Continue Reading

You'll Also Like

92.3K 14.2K 17
Original Author - Yan ZhaoMu 言朝暮 Eng Translator - Sakhyulations & A Splash Of Novel You can read eng translation here https://www.novelupdates.com/se...
17.1K 2.1K 9
Associated name- 跟豪門殘疾霜總聯姻後 Author- 壹枚 Status in COO-67 chapters (Complete) jjwxc published #I own nothing about this novel and cover photo. I'm just...
249K 45.5K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
278K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^