[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီး...

נכתב על ידי Juliexin__

239K 38.6K 1.9K

I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just t... עוד

*199* ခင်ဗျားလှည့်စားတာ
*200* မယုံနိုင်စရာဘဲ
*201* ပထမဆုံးအတွင်းကျကျရင်းနှီးမှု
*202* မင်းကိုယ့်ကိုစချင်နေရုံပါ
*203* မင်းကျင့်ကြံဖော်ပြောင်းလိုက်တာလား
*204* ခင်ဗျားအရမ်းကြမ်းပြီးအထိန်းအကွပ်မရှိတော့ရင်ကျွန်တော်ခံနိုင်မှာမဟုတ်ဘူး
*205* အရက်မူးပြီးနောက်
*206* သုံးစားမရတော့ဘူး
*207* သားရဲဖော်ထုတ်မှန်
*208* ချိုမြိန်တဲ့မိသားစုအချိန်လေး
*209* သန့်စင်ယင်ခန္ဓာကိုယ်
*210* ဖာသာ
*211* ငါလှည့်ဖျားခံနေရပြီ
*212* အဖေ့ကိုဖေဖေဘဲနိုင်တာ
*213* မိုးကြိုးစမ်းသပ်မှု
*214* အရူးအမူးမိုးကြိုးပစ်ချခြင်း
*215* သေးနဲ့ရေချိုးခြင်း
*216* တစ်ခြားရုန်ယိထပ်ပေါ်လာခြင်း
*217* လက်ထပ်ပွဲရွှေ့ဆိုင်းခြင်း
*218* အရမ်းချစ်ဖို့ကောင်းကြတာဘဲ
*219* သဝန်တိုနေတာလား
*220* တွေ့ဆုံရမဲ့ရေစက်ရှိပေမဲ့အတူနေရမဲ့ကံကြမ္မာမရှိဘူး
*221* ကိုယ်မစောင့်နိုင်တော့လို့
*222* သခင်ကြီးထပ်ပြီးငယ်ရွယ်သွားပြီ
*223* ငါတို့ပူးပေါင်းလို့ရတယ်
*224* နောက်တစ်ကြိမ်ဆိုတာမရှိဘူး
*225* ချီလန်ဆီမှလက်ဆောင်
*226* သူဒဏ်ရာရသွားတယ်
*228* ဒါတစ်ကယ်ဘဲငါလား
*229* ဖိတ်ကြားလွှာ
*230* ငါ့လူကအရမ်းချမ်းသာတာဘဲ
*231*
*232* သူ့အသက်နဲ့ဆိုသူကမှမင်းကိုဖေဖေလို့ခေါ်ရမှာ
*233* ဆေးလုံးကိုပြန်အနိုင်ရပြီ
*234* ယောင်အာ့ဖေဖေနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ
*235* ရတနာမြေပုံ
*236* အခုငါဘယ်လောက်စွမ်းအားကြီးမှန်းသိသွားပြီမလား
*237* ကိုရင်လေး
*238* ဘယ်သူကအစစ်လဲ
*239* မေ့ဖို့ခက်တယ်
*240* စားစရာလေးပျံပြေးသွားပြီ
Not Update Just Notice
*241* ကံဆိုးတာပါ
*242* မထိန်းနိုင်တော့ဘူး
*243* ဖျက်လိုဖျက်ဆီးလုပ်ခံရခြင်း
*244* အီး..ရွံစရာကြီး
*245* မိုးကောင်ကင်ရဲ့အကူအညီ
*246* ကိုယ်မင်းကိုချစ်တယ်
*247* နောက်တစ်ကြိမ်ဆိုတာမရှိဘူး
*248* သွေးခွဲခြင်း
*249* နဂါးဟိန်းသံ
*250* အထင်သေးတာလေ
*251* မင်းကဒီနေရာနဲ့မသက်ဆိုင်ဘူး
*252* ကျွန်တော့်လူကအရမ်းချစ်ဖို့ကောင်းတာဘဲ
*253* ချန်ထားရစ်ခဲ့ခြင်း(၁)
*254* ချန်ထားရစ်ခဲ့ခြင်း(၂)
*255* ချန်ထားရစ်ခဲ့ခြင်း(၃)
*256* ချန်ထားရစ်ခဲ့ခြင်း(၄)
*257* ချန်ထားရစ်ခဲ့ခြင်း(၅)
*258* ချန်ထားရစ်ခဲ့ခြင်း(၆)
*259* ချန်ထားရစ်ခဲ့ခြင်း(၇)
*260* ခေတ်သစ်ကိုပြန်ရောက်သွားပြီ
*261* သူကယောက်ျားလေး

*227* နေ့ခင်းဘက်မှာမကောင်းတာလေးလုပ်ရအောင်

2.2K 369 7
נכתב על ידי Juliexin__

ရုန်ယိကြောင့် ချီလန်မှာ တစ်ကြိမ်အပြင်းအထန် ဒဏ်ရာရဖူး၏။ အကယ်၍ သူသာ ချီလန့်ကို နောက်တစ်ကြိမ် ဒဏ်ရာရအောင်ပြုလုပ်ခဲ့မိပါလျှင် ပြန်ကောင်းလာခဲ့ရင်တောင်မှဘဲ သူ့ရဲ့မိုးကြိုးစမ်းသပ်မှုကိုဖြတ်ကျော်ဖို့က အတော်လေးခက်ခဲသွားမှာဖြစ်လေသည်။ ဒါကြောင့် နောက်ဆုံးတော့ ရုန်ယိလည်း လက်ကောက်ကို ချီလန့်ဆီ ပြန်မပေးတော့ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

ချီလန် သူ့ဆီလက်ဆောင်ပို့ပေးခြင်းရဲ့ရည်ရွယ်ချက်အမှန်ကို မသိသော်ငြားလည်းဘဲ အလကားလက်မခံလိုက်ချင်ပေ။ ဒါပေမဲ့ အခုလောလောဆယ် သူ့မှာ လက်ဆောင်ပြန်ပေးစရာလည်း ဘာမှရှိမနေတာကြောင့် တစ်ခဏလောက် တွေးတောကြည့်ပြီးနောက် သူ့စိတ်ရင်းကိုပြသနိုင်ရန် မွမ်းမံခြင်းအင်းကွက်အစုံလိုက်နဲ့ သူခေတ်သစ်ကယူလာတဲ့ သရေစာမုန့်တွေကို ပြန်ပေးလိုက်လေသည်။

ရုန်ယိရဲ့လက်ဆောင်က ပိုတန်ဖိုးရှိပုံပေါ်နေပေမဲ့လည်း သူကတော့ မလုံလောက်သေးဘူးလို့ထင်မိဆဲပင်။ ဘယ်လိုဘဲဖြစ်ဖြစ် ရုန်ယိရဲ့ မွမ်းမံခြင်းအင်းကွက်ဆိုတာက သူအလိုရှိသလောက် ရေးထွင်းလို့ရပေမဲ့ ချီလန်ရဲ့လက်ဆောင်ကတော့ နောက်တစ်ခုဆိုတာမရှိပေ။

သို့သော်လည်း ထိုလက်ဆောင်တွေပို့ပေးလိုက်ပြီးနောက်မှာတော့  ရုန်ယိမှာ နောင်တရလွန်းတာကြောင့် သူရင်ဘက်သူပြန်ထုမိမတတ်ဖြစ်သွားသည်။

"ကလေးတွေအဖေ..."
သူ့မှာ ငိုချင်တာတောင် ကျစရာမျက်ရည်မရှိတော့သလိုမျိုး ခံစားနေရတာကြောင့် ယင်ကျင်းရဲ့ကို ဖက်လိုက်ပြီး
"ကျွန်တော့်ကိုယ်ကျွန်တော် တော်တော်လေးတုံးတာဘဲလို့ ခံစားနေရတယ်.. ချီလန်က ကျွန်တော့်ကို မုန်းနေတာသိတာတောင် သူ့ကို မွမ်းမံခြင်းအင်းကွက်တွေ သွားလက်ဆောင်ပေးလိုက်ရတယ်လို့.. ကျွန်တော်ဘာဖြစ်နေတာလဲ... အသက်ရှင်ရတာ ကြာနေပြီလို့တွေးမိလို့များ ကျွန်တော့်ကို လာရိုက်သတ်လို့ရအောင် သူ့မှော်လက်နက်ကို အစွမ်းထက်အောင်လုပ်ပေးလိုက်တာများလား... ချီလန်ကတော့ ကျွန်တော်က သူ့လက်နက်ကို အညံ့စားလို့တွေးနေပြိး သူ့ကို စိန်ခေါ်လိုက်တာလို့ ထင်သွားတော့မှာ.. သေချာပေါက် ဒေါသတွေပေါက်ကွဲပြီး ကျွန်တော့်ကို အခုချက်ချင်းလာသတ်ချင်နေမှာဘဲ"

ယင်ကျင်းရဲ့မှာ ရယ်ချင်သွားရကာ သူ့ကိုပြန်ပွေ့ဖက်လိုက်၏။
"ကိုယ်မင်းအနားရှိနေတာဘဲ.. သူမင်းကိုထိခိုက်အောင် လုပ်လို့မရပါဘူး"

ရုန်ယိ မော့ကြည့်ကာ အပြုံးတစ်ပွင့်နဲ့ ပြောလိုက်၏။
"ဒါဆို ခင်ဗျား ကျွန်တော့်ကို ကာကွယ်ပေးရမှာနော်"

ယင်ကျင်းရဲ့လည်း ပြုံးကာ ပြန်မေးလိုက်သည်။
"မင်း ကိုယ့်ကို ဘယ်လိုကာကွယ်ပေးစေချင်လို့လဲ"

"ခင်ဗျား ကျွန်တော့်ကို အတော်လေး နက်နက်ရှိုင်းရှိုင်းကို ကာကွယ်ပေးမှရမှာ"
ရုန်ယိ မြှူဆွယ်သယောင် နှုတ်ခမ်းပါးလေးကို အသာကိုက်ကာ ပြန်ဖြေလိုက်သည်။

ယင်ကျင်းရဲ့ မျက်ဝန်းတွေနက်ရှိုင်းသွားကာ ရုတ်ချည်း သူ့ကိုကောက်ပွေ့လိုက်ပြီး ကုတင်ဘက်ကို ခေါ်သွားတော့သည်။

ရုန်ယိပြုံးရင်း လည်ပင်းကိုပြန်ဖက်လိုက်ကာ
"ကလေးတွေအဖေ...  ဘာလုပ်ချင်လို့လဲ"

"နေ့ခင်းဘက်မှာ မကောင်းတာလေးတွေလုပ်ကြရအောင်"

လူကြီးမင်းရုန်တစ်ယောက် သူ ဒီလိုပွင့်လင်းတဲ့စကားလုံးမျိုး ပြောလာမယ်မမျှော်လင့်ထားမိ။ ဒါကြောင့် ခပ်တိုးတိုးသာရယ်မောလိုက်ပြီး
"ကျွန်တော် သဘောကျတယ်"

ယင်ကျင်းရဲ့ သူ့ကိုကုတင်ပေါ်တင်လိုက်ကာ တံခါးတွေပိတ်ပစ်လိုက်၏။ သိပ်မကြာခင်ဘဲ အခန်းထဲမှ ညည်းညူသံ ပင့်သက်ရှိုက်သံတို့ ထွက်ပေါ်လာတော့လေသည်။

တစ်ဖက်မှာတော့ ရှင်းယွဲ့တစ်ယောက် သူမရဲ့သခင်က ရုန်ယိဆီ ဘာလို့များ ဒီလောက်အဖိုးတန်ပစ္စည်းကို လက်ဆောင်ပေးလိုက်လဲဆိုတာ စဥ်းစားလို့မရသေးပေ။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် သူမသခင်ကို ပိုစွမ်းအားကြီးလာစေနိုင်မဲ့ ရုန်ယိကိုယ်တိုင်ရေးထွင်းထားတဲ့ မွမ်းမံခြင်းအင်းကွက်တွေကို ပြန်ယူလာနိုင်တာကြောင့် တန်ပါသည်။

ရှင်းယွဲ့  ချီလန်ရဲ့ခြံဝန်းဆီ ပြန်သွားကာ ရုန်ယိ လက်ဆောင်ပြန်ပေးလိုက်တာတွေ ပေးလိုက်၏။

ချီလန် ယူကြည့်လိုက်တာနဲ့ အင်းကွက်ပေါ်ကအမှတ်အသားကို မှတ်မိသွားသည်။
"မွမ်းမံခြင်းအင်းကွက်.. မင်း ဘယ်လိုရလာတာလဲ"

ရှင်းယွဲ့ကပြုံးကာ
"သူ့ရဲ့ကျေးဇူးတင်မှုကို ဖော်ပြဖို့တဲ့ ရုန်ယိက သခင့်အတွက် မွမ်းမံခြင်းအင်းကွက်တွေ အထူးတလှယ်ရေးထွင်းပေးလိုက်တာလေ"

ချီလန်မှာ အစောနက မကျေမနပ်ဖြစ်နေတာတွေအကုန် ပျောက်ကင်းသွားကာ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်သွားပြီး မေးလာ၏။
"ငါ စွမ်းအားပိုကြီးလာရင် သူ့ကိုလာသတ်မှာ မကြောက်ဘူးလား.. သူ ဒါတွေလုပ်နေတုန်းက သူ့အမူအယာက ဘယ်လိုရှိနေလဲ"

"သူ့အမူအယာ..."
ရှင်းယွဲ့မှာ ကြောင်အသွားလေသည်။

မွမ်းမံခြင်းအင်းကွက်လုပ်နေမှတော့ အာရုံစူးစိုက်နေမှာဘဲ မဟုတ်ဘူးလား.. လုပ်တဲ့အချိန် ငိုနေတာတွေ ရယ်နေတာတွေ လုပ်တဲ့လူမျိုးရှိလို့လား..

"သူ မင်းအရှေ့မှာဘဲ အင်းကွက်တွေကို ရေးတာမဟုတ်ဘူးလား"

"ဟုတ်ကဲ့"

"သူပျော်နေလား.. ဒါမှမဟုတ် တစ်ခုခုပေါ့"

ရှင်းယွဲ့  ထိုအချိန်က အခြေအနေကိုပြန်စဥ်းစားကြည့်လိုက်သည်။ သူမမှတ်မိသလောက်တော့ ရုန်ယိက သူမသခင်အတွက် မွမ်းမံခြင်းအင်းကွက်ပေးဖို့ပြောတဲ့အချိန်က မျက်နှာထက် အပြုံးတစ်ပွင့်တော့ ရှိနေလေသည်။
"သူပျော်နေတယ်"

ချီလန့်အပြုံးမှာ ပိုကြီးမားလာရသည်။

ရှင်းယွဲ့မှာတော့ သူမရဲ့သခင်ကိုကြည့်ပြီး စိတ်တွေရှုပ်လာတော့သည်။ အရင်က ရုန်ယိအကြောင်းပြောလိုက်တာနဲ့ သခင်က မှုန်သုန်နေကာ သူ့အကြောင်းတောင် မပြောချင်တာ ဒါမှမဟုတ် ချက်ချင်းသွားသတ်ပစ်လိုက်ချင်တဲ့ မျက်နှာထားမျိုးရှိနေခဲ့တာဖြစ်၏။ ဒါပေမဲ့ အခုကျတော့ ပြုံးနေလေပြီး နှလုံးသားအနက်ရှိုင်းဆုံးနေရာကလာတဲ့ အပြုံးမျိုးပင်။

ချီလန် ထပ်မေးလာ၏။
"သူမွမ်းမံနေတဲ့အချိန် တစ်ခုခုပြောသေးလား"

"ကျေးဇူးတင်ကြောင်းနဲ့ တောင်းပန်ကြောင်း စကားလုံးနည်းနည်းပါဘဲ"

ချီလန် သူမကိုစိုက်ကြည့်လိုက်ပြီး
"သူပြောသမျှ စကားလုံးတိုင်း ငါ့ကိုပြန်ပြောပြ.. တစ်လုံးတောင်မကျန်စေနဲ့"

ရှင်းယွဲ့ "..."

ရုန်ယိပြောသမျှအကုန်လုံးတော့ သူမလည်းမမှတ်မိဘူးလေ။

"ပြောတော့"

ရှင်းယွဲ့  သူမ ရုန်ယိကို လက်ကောက်အကြောင်း ဘယ်လိုပြောပြလိုက်တယ်ဆိုတာကို ပြန်ပြောပြလိုက်သည်။
"သူက လက်ကောက်ကို ပြန်ပေးမလို့ဘဲ.. ဒါပေမဲ့ သူအားသုံးပြီးချွတ်လိုက်ရင် သခင် ဒဏ်ရာဆိုးဆိုးဝါးဝါးရသွားမှာစိုးလို့... ပြီးတော့ သခင် လက်ဆောင်ပို့ပေးတဲ့ရည်ရွယ်ချက်ကို အထင်မှားမိသွားလို့ထင်ပါတယ်.. ဒါကြောင့် သူ့ကိုယ်သူအပြစ်ရှိသလိုခံစားရပြီး တောင်းပန်တဲ့အနေနဲ့ ဒီမွမ်းမံခြင်းအင်းကွက်တွေ ပေးလိုက်တာ..သူပြောတာတော့ သူ သခင်ပေးတဲ့လက်ဆောင်ကို မယူတာက သခင်သူ့ကို ထိခိုက်အောင်လုပ်ဖို့စီစဥ်ထားတယ် ထင်လို့တဲ့.. သခင့်ကို သူ့အစား တောင်းပန်ကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောပေးခိုင်းလိုက်တယ်"

"ဘာရှိသေးလဲ"

ရှင်းယွဲ့ သရေစာအပုံလိုက်ကို ညွှန်ပြကာ
"ကျွန်မကို သခင့်ဆီ စားစရာတွေလည်း ယူသွားခိုင်းလိုက်တယ်လေ"

ချီလန်တစ်ယောက် အံံ့သြသွား၏။
"ဒါတွေက စားစရာတွေလား... ငါက ဒါတွေကို ကွေးလင်မြို့ထဲက ပစ္စည်းအသစ်အဆန်းလေးတွေထင်နေတာ"

"သူပြောတာတော့ အပြင်ဘက်က အခွံတစ်ထပ်ကိုခွာပြီးရင် စားလို့ရပြီတဲ့"
ရှင်းယွဲ့က အပေါ်မှာ ထူးထူးဆန်းဆန်းပုံတွေပါတဲ့ အိတ်တစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

ချီလန် ချိုချဥ်တစ်ချောင်းကို ကိုင်ကြည့်ကာ
"ဒါက စားလို့ရောရရဲ့လား"

"ရတယ်တဲ့.. ရုန်ယိပြောတာတော့ ဒါတွေအကုန် စားစရာတွေချည်းဘဲတဲ့"

"ဘယ်လိုစားရမှာလဲ"
အတော်ကြာကြာ ကြိုးစားကြည့်ပြီး နောက်ဆုံးတော့ ချီလန် အခွံခွာလို့ရသွားလေသည်။ တစ်ချက်အနံ့ခံကြည့်တဲ့အခါ ခပ်ဖျော့ဖျော့ ချိုအီတဲ့အနံ့လေးရလိုက်၏။

"ကိုက်စားရမှာလား.. ဒါမှမဟုတ် ဒီတိုင်း မြိုချလိုက်ရမှာများလား.."
ရှင်းယွဲ့က မရေမရာဆိုလာသည်။

"မြိုချရမယ်"
ချီလန် မျက်မှောင်ကြုတ်သွား၏။
"ဒီ အဖြူရောင်အချောင်းကိုရောလား.. ပြီးတော့ ဒီနီနီအလုံးက ဆေးလုံးထက်တောင် ကြီးနေတယ်မဟုတ်ဘူးလား.. ဒါကြီးမြိုချလိုက်ရင် ငါနင်မသေဘူးဆိုတာရော သေချာရဲ့လား"

"ဒါဆို.. သခင် ကိုက်စားရမယ် ထင်တယ်"

"ကိုက်စားရမယ်"
ချီလန် ပါးစပ်ထဲထည့်ပြီး ကိုက်ချလိုက်တဲ့အခါ သွားတောင်ကျိုးလုနီးနီးပင်။
"မာလိုက်တာ!"

ချိုချဥ်ချောင်းကိုပြန်ထုတ်လိုက်ကာ
"ငါကိုက်လို့မရဘူး"

"ဒါမှမဟုတ် ဓားနဲ့ခွဲချရမှာများလား"
ရှင်းယွဲ့ နောက်တစ်ချောင်းယူကာ ဓားမြှောင်တစ်ချောင်းနဲ့ ဖရဲသီးခွဲသလို အစိတ်စိတ်ခွဲချပစ်လိုက်၏။
"သခင် တစ်ခုစားကြည့်"

ချီလန် တစ်ခုယူကာ ပါးစပ်ထဲထည့်ပြီး ဖြည်းဖြည်းချင်းဝါးစားကြည့်လိုက်သည်။ စပျစ်သီးရနံ့လေးက ပါးစပ်တစ်ခုလုံးကို ပျံ့နှံ့သွား၏။

"သခင်.. ဘယ်လိုအရသာရှိလဲ"

"တော်တော်လေးမာနေတာကလွဲရင် ချိုသားဘဲ မဆိုးဘူး"

"ကျွန်မလည်း နည်းနည်းစားကြည့်လို့ရလား"

ချီလန်မှာ တော်တော်လေးတွန့်ဆုတ်နေပြီးမှ တုံ့ဆိုင်းစွာပြောလာသည်။
"ဒါပေမဲ့ သေးသေးလေးဘဲရမယ်"

"ဟုတ်ကဲ့"
ရှင်းယွဲ့ အပိုင်းလေးတစ်ခုယူကာ ဝါးစားကြည့်လိုက်ပြီးနောက် ပြုံးရင်း
"အရသာရှိလိုက်တာ!"

ဒီအရသာကို သူမအရမ်းကြိုက်သွားလေပြီ..

ချီလန်တစ်ယောက် ကျန်တာတွေကို အမြန်သိမ်းပစ်လိုက်သည်။
"ထပ်မရတော့ဘူး"

ရှင်းယွဲ့ "...."

အရင်တုန်းကဆိုရင် အရသာရှိတဲ့အစားအစာမှန်သမျှ သခင်က သူမကိုမျှပေးနေကြဟာကို.. ဘယ်တုန်းကစပြီး ဒီလောက်ကပ်စေးနှဲသွားပါလိမ့်.. သေးသေးလေးတောင် ထပ်မပေးတော့ဘူး...

ချီလန် နောက်တစ်ပိုင်းယူကာ သူ့ပါးစပ်ထဲထည့်လိုက်သည်။
"ငါတို့ ဒီလိုအရသာရှိတာမျိုး စားရတယ်ဆိုတော့ သူ့ကို လက်ဆောင်တစ်ခုခု ပြန်ပေးသင့်တယ်လို့ထင်လား"

ရှင်းယွဲ့တစ်ယောက် တအံ့တသြဖြစ်သွားလေသည်။
"သခင်က သူ့ကို နောက်ထပ်လက်ဆောင်ပေးချင်တာလား.. သခင် ဝင်ပူးခံနေရတာလား"

"ငါတို့ သူများဆီက စားစရာကို အလကားမစားသင့်ဘူးမလား"

"ဒါပေမဲ့ ဒါတွေက ရုန်ယိက တောင်းပန်တဲ့အနေနဲ့ပေးလိုက်တဲ့ လက်ဆောင်တွေလေ.. ကျွန်မတို့က ဘာမှပြန်ပေးစရာမှမလိုဘဲနဲ့"

"ငါ သူများအပေါ် ဘာမှအကြွေးတင်တာ မကြိုက်ဘူး"

"ကျွန်မတို့ သူ့အပေါ် ဘာအကြွေးမှတင်မနေဘူးလေ.. မဟုတ်ဘူးလား"

ချီလန် သူမကို အေးတိအေးစက်နဲ့ကြည့်လိုက်သည်။

ရှင်းယွဲ့မှာ မတတ်သာစွာ ပြန်မေးလိုက်ရ၏။
"သခင်.. သခင်က ဘယ်လိုလက်ဆောင်မျိုး ပြန်ပေးချင်တာလဲ"

"ငါမသိဘူး.. မင်း ငါ့အစား စဥ်းစားလိုက်"

ရှင်းယွဲ့ "...."

သူမ ရုန်ယိဆီ သူ့လည်ပင်းသူဖြတ်ဖို့ ဓားတစ်ချောင်းလောက် ပို့ပေးလိုက်လို့ရလား...

ချီလန်မှာ ချိုချဥ်လေးတစ်စိတ်စားတိုင်း သူ့အပြုံးက သကြားလုံးတွေထက်တောင်မှ ချိုမြိန်နေသေး၏။

ရှင်းယွဲ့ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။ ဘာလို့ သခင်က ဒီလောက်တောင် ပျော်မြူးစွာ ပြုံးနေရတာပါလဲ..။ အထူးသဖြင့် ရုန်ယိကို တွေ့လိုက်တဲ့အချိန်တိုင်း သူ့အပြုံးက နေမင်းထက်တောင်မှ တောက်ပနေသေး၏။

သူမသခင်ကတော့ ရုန်ယိလို့ခေါ်တဲ့တစ်စုံတစ်ယောက် ပြုစားထားတာခံနေရပြီဆိုတာ သေချာပါသည်။ အခုလေးတင် သူမသခင် ရုန်ယိကိုသွားတွေ့ခဲ့တုန်းက ရုန်ယိ တစ်ခုခုလုပ်လိုက်တာဘဲ ဖြစ်ရမည်။ ဒါကြောင့်သာ သခင်က ရုန်ယိနာမည်ကိုကြားလိုက်တာနဲ့ ဒီလိုပြုံးနေခြင်းပင်။

"သခင် အခုထိ လက်ဆောင်ပြန်ပို့ပေးချင်နေတုန်းလား"

ချီလန်က သူမကို သိချင်စိတ်နဲ့ ကြည့်လာကာ
"ဘာလို့ ဒီလိုမေးတာလဲ"

"ကျွန်မအထင်တော့ ရုန်ယိက အတော်လေးမုန်းစရာကောင်းသလားလို့.. ကျွန်မတို့ သူ့ကို ဘာလက်ဆောင်မှ ပြန်ပို့စရာမလိုပါဘူး"

ချီလန် ဒေါသထွက်သွားကာ
"ငါပြောတဲ့အတိုင်းသာ လုပ်စမ်းပါ..မင်း နောက်တစ်ခွန်းထပ်ပြောရင် တုန်ထန်းကိုသာပြန်သွားတော့..ပြီးတော့.."

ပြောရင်းနဲ့ ချောင်းတစ်ချက်ဟန့်လိုက်ကာ
"ပြီးတော့ ရုန်ယိက ငါတို့ထင်သလောက်လည်း မဆိုးပါဘူး"

ရှင်းယွဲ့ "!!!"

တစ်ခုခုတော့မှားနေလေပြီ!.. သူမသခင်နဲ့ပတ်သက်ပြီး သေချာပေါက် တစ်ခုခုတော့မှားနေလေပြီ..

ရုန်ယိက သူမသခင်ကို ပြုစားလိုက်တာဘဲဖြစ်ရမည်။

သူမသခင်ရဲ့ ချိုမြနေတဲ့အပြုံးချိုချိုတွေကိုကြည့်ရင်း ရုတ်တရက် ရှင်းယွဲ့မှာ အဝါရောင်အင်းကွက်ထုတ်ယူကာ ချီလန်ရဲ့နဖူးပေါ်လှမ်းကပ်ရင်း အော်လိုက်သည်။
"ချိုးဖြတ်စမ်း!"

ဘုန်းခနဲ အသံနဲ့အတူ ချီလန့်နဖူးပေါ်က အင်းကွက်မှာ ပေါက်ကွဲသွားကာ အငွေ့ဖြူဖြူတွေထွက်လာတော့သည်။

ရှင်းယွဲ့ အငွေ့တွေကို အမြန်ဖယ်ထုတ်လိုက်ပြီး ရှေ့ဆံပင်တွေထောင်တက်နေတဲ့ ချီလန်ကို အမြန်မေးလိုက်သည်။
"သခင်.. သခင် အခု နိုးလာပြီလား"

ချီလန် သူမကို မဲမှောင်နေတဲ့မျက်နှာထားနဲ့ကြည့်လိုက်ကာ
"ငါ့ရဲ့ ဘယ်ရှုထောင့်ကများ နိုးမနေတာနဲ့တူနေလို့လဲ ဟမ်"

သူမရဲ့သခင် အရူးလိုပြုံးမနေတော့တာတွေ့တဲ့အခါ ရှင်းယွဲ့မှာ စိတ်လှုပ်ရှားသွားပြီး
"သခင် နောက်ဆုံးတော့ နိုးသွားပြီဘဲ.. သခင်သိလား.. သခင် ရုန်ယိ ပြုစားတာခံလိုက်ရတာ"

ချီလန်မှာ ခေါင်းခြောက်သွား၏။
"ဘယ်တုန်းကလဲ"

"သခင်.. သခင် အရူးကြီးလိုပြုံးနေပြီး ရုန်ယိဆီ လက်ဆောင်ပြန်ပို့မယ်ဘဲပြောနေတာလေ...မသိတော့ဘူးလား... သခင့်ဘေးမှာ ဒီလောက်နှစ်တွေအကြာကြီးရှိလာတာ သခင့်ရဲ့အဲ့လိုပုံကို တစ်ခါမှကိုမမြင်ဖူဘူး.. သေချာပေါက်ကို ပြုစားခံနေရတာဘဲ"

ချီလန် သူ့မျက်နှာသူထိကြည့်လိုက်သည်။
သူစားနေရင်းနဲ့ အရူးလိုပြုံးနေမိခဲ့တာလား..

"ငါလုပ်ခဲ့တာလား"
သူ့ဘာသာသူရေရွတ်လိုက်၏။ သူ့မှာ ရုန်ယိလွှမ်းမိုးတာကို နက်နက်ရှိုင်းရှိုင်းကို ခံနေရပြီး ရုန်ယိရဲ့နာမည်လေးကြားတာနဲ့တင် ပျော်လာသလို ခံစားနေရသည်။ သူ့ကိုယ်သူလည်း ရူးသွားပြီလို့ ခံစားနေရ၏။

"ရုန်ယိ အဲ့ခွေးကောင်.. သူ တော်တော်လွန်သွားပြီ..သခင်က စိတ်ကောင်းစေတနာနဲ့ လက်ဆောင်ပေးတဲ့ဟာကို သူကတော့ ပြန်လှည့်စားလိုက်ရတယ်လို့.."
ရှင်းယွဲ့ကပြောရင်း လှည့်ထွက်သွားတော့သည်။
"ဒါကို သွားရှင်းရမယ်"

ချီလန် သူမကို အေးစက်စက်အသံနဲ့ လှမ်းတားလိုက်သည်။
"ဒါ ရုန်ယိနဲ့ ဘာမှမဆိုင်ဘူး.. ရပ်စမ်း!"

ရှင်းယွဲ့ ပြန်လှည့်လာကာ အမြန်မေးလာ၏။
"သခင် ပြုစားထားတာကို ဖျက်ပစ်လိုက်ပြီးပြီမဟုတ်ဘူးလား"

ချီလန့်မျက်နှာမှာ မည်းမှောင်သွားတော့သည်။
"ငါ မပြုစားခံထားရဘူး"

ရှင်းယွဲ့ကတော့ မယုံပေ။
"ဒါဆို ဘာလို့ ဒီလိုကြီးဖြစ်နေရတာလဲ"

ချီလန်မှာ နဖူးပေါ် သွေးကြောတွေ ထောင်ထလာတော့သည်။
"ငါက ပြုစားမခံထားရဘူးဆို ပြုစားမခံထားရဘူးပေါ့.. ဒါကို လုံးဝထပ်မပြောတော့နဲ့ ပြီးတော့ ရုန်ယိကိုလည်း ပြဿနာထပ်မရှာတော့နဲ့.. အခု ကိုယ့်အခန်းကိုပြန်တော့"

ရှင်းယွဲ့မှာ နှုတ်ခမ်းတွေလှုပ်သွားပေမဲ့လည်း နောက်ဆုံး ဘာမှမပြောတော့ဘဲ တွန့်ဆုတ်တွန့်ဆုတ်နဲ့ထွက်သွားတော့သည်။

ထို့နောက် ချီလန်လည်း ဆက်စားချင်စိတ်မရှိတော့။ မုန့်တွေအကုန်လုံးကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းကာ ထရပ်ပြီး ပြတင်းပေါက်ကနေတဆင့် ယင်ကျင်းရဲ့ခြံဝန်းဘက်ကို ကြည့်လိုက်သည်။

သူ့အတွေးထဲ ဘယ်အချိန်တည်းက ရုန်ယိရဲ့ပုံရိပ်က ပေါ်လာနေမှန်း သူလည်းမသိတော့။ သူအခု ဘာလုပ်နေမလဲ.. သူပေးတဲ့လက်ကောက်ကို ထိကြည့်နေမလား ဆိုတာတွေ တွေးလိုက်မိပြီး ချက်ချင်းဘဲ သူ့ဆီသွားကာ စစ်ဆေးကြည့်ချင်လာပြန်သည်။

ချီလန် ခေါင်းကိုခါထုတ်လိုက်ကာ အိပ်ရာပေါ်တက်ပြီး သူ့ကိုယ်သူ စောင်တွေထဲသာ မြုပ်နေစေလိုက်တော့သည်။ သူ့အထင်တော့ ဒီရက်ပိုင်း ရုန်ယိကို မတွေ့တာ ပိုကောင်းပါလိမ့်မည်။

ကံမကောင်းစွာနဲ့ဘဲ သူ ထိုသူ့ကိုအချိန်တစ်ချို့ထိ မတွေ့အောင် ရှောင်ရှားလေလေ.. အခုလက်ရှိမှာ ပိုလို့တောင် သတိရလာလေလေပင်။ ဒီတစ်ကြိမ်တော့ ချွင်းချက်ဆိုတာမျိုးမရှိတော့။ သူ့ကိုမတွေ့အောင် နှစ်ရက်တိုင်တိုင်ရှောင်ရှားပြီးနောက် မနေနိုင်တော့ဘဲ ယင်ကျင်းရဲ့ ခြံဝန်းဆီ သွားမိတော့သည်။


*********



Zawgyi







႐ုန္ယိေၾကာင့္ ခ်ီလန္မွာ တစ္ႀကိမ္အျပင္းအထန္ ဒဏ္ရာရဖူး၏။ အကယ္၍ သူသာ ခ်ီလန့္ကို ေနာက္တစ္ႀကိမ္ ဒဏ္ရာရေအာင္ျပဳလုပ္ခဲ့မိပါလွ်င္ ျပန္ေကာင္းလာခဲ့ရင္ေတာင္မွဘဲ သူ႕ရဲ႕မိုးႀကိဳးစမ္းသပ္မႈကိုျဖတ္ေက်ာ္ဖို႔က အေတာ္ေလးခက္ခဲသြားမွာျဖစ္ေလသည္။ ဒါေၾကာင့္ ေနာက္ဆုံးေတာ့ ႐ုန္ယိလည္း လက္ေကာက္ကို ခ်ီလန့္ဆီ ျပန္မေပးေတာ့ဖို႔သာ ဆုံးျဖတ္လိုက္ေတာ့သည္။

ခ်ီလန္ သူ႕ဆီလက္ေဆာင္ပို႔ေပးျခင္းရဲ႕ရည္႐ြယ္ခ်က္အမွန္ကို မသိေသာ္ျငားလည္းဘဲ အလကားလက္မခံလိုက္ခ်င္ေပ။ ဒါေပမဲ့ အခုေလာေလာဆယ္ သူ႕မွာ လက္ေဆာင္ျပန္ေပးစရာလည္း ဘာမွရွိမေနတာေၾကာင့္ တစ္ခဏေလာက္ ေတြးေတာၾကည့္ၿပီးေနာက္ သူ႕စိတ္ရင္းကိုျပသနိုင္ရန္ မြမ္းမံျခင္းအင္းကြက္အစုံလိုက္နဲ႕ သူေခတ္သစ္ကယူလာတဲ့ သေရစာမုန့္ေတြကို ျပန္ေပးလိုက္ေလသည္။

႐ုန္ယိရဲ႕လက္ေဆာင္က ပိုတန္ဖိုးရွိပုံေပၚေနေပမဲ့လည္း သူကေတာ့ မလုံေလာက္ေသးဘူးလို႔ထင္မိဆဲပင္။ ဘယ္လိုဘဲျဖစ္ျဖစ္ ႐ုန္ယိရဲ႕ မြမ္းမံျခင္းအင္းကြက္ဆိုတာက သူအလိုရွိသေလာက္ ေရးထြင္းလို႔ရေပမဲ့ ခ်ီလန္ရဲ႕လက္ေဆာင္ကေတာ့ ေနာက္တစ္ခုဆိုတာမရွိေပ။

သို႔ေသာ္လည္း ထိုလက္ေဆာင္ေတြပို႔ေပးလိုက္ၿပီးေနာက္မွာေတာ့ ႐ုန္ယိမွာ ေနာင္တရလြန္းတာေၾကာင့္ သူရင္ဘက္သူျပန္ထုမိမတတ္ျဖစ္သြားသည္။

"ကေလးေတြအေဖ..."
သူ႕မွာ ငိုခ်င္တာေတာင္ က်စရာမ်က္ရည္မရွိေတာ့သလိုမ်ိဳး ခံစားေနရတာေၾကာင့္ ယင္က်င္းရဲ႕ကို ဖက္လိုက္ၿပီး
"ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ေတာ္ေတာ္ေလးတုံးတာဘဲလို႔ ခံစားေနရတယ္.. ခ်ီလန္က ကြၽန္ေတာ့္ကို မုန္းေနတာသိတာေတာင္ သူ႕ကို မြမ္းမံျခင္းအင္းကြက္ေတြ သြားလက္ေဆာင္ေပးလိုက္ရတယ္လို႔.. ကြၽန္ေတာ္ဘာျဖစ္ေနတာလဲ... အသက္ရွင္ရတာ ၾကာေနၿပီလို႔ေတြးမိလို႔မ်ား ကြၽန္ေတာ့္ကို လာရိုက္သတ္လို႔ရေအာင္ သူ႕ေမွာ္လက္နက္ကို အစြမ္းထက္ေအာင္လုပ္ေပးလိုက္တာမ်ားလား... ခ်ီလန္ကေတာ့ ကြၽန္ေတာ္က သူ႕လက္နက္ကို အညံ့စားလို႔ေတြးေနၿပိး သူ႕ကို စိန္ေခၚလိုက္တာလို႔ ထင္သြားေတာ့မွာ.. ေသခ်ာေပါက္ ေဒါသေတြေပါက္ကြဲၿပီး ကြၽန္ေတာ့္ကို အခုခ်က္ခ်င္းလာသတ္ခ်င္ေနမွာဘဲ"

ယင္က်င္းရဲ႕မွာ ရယ္ခ်င္သြားရကာ သူ႕ကိုျပန္ေပြ႕ဖက္လိုက္၏။
"ကိုယ္မင္းအနားရွိေနတာဘဲ.. သူမင္းကိုထိခိုက္ေအာင္ လုပ္လို႔မရပါဘူး"

႐ုန္ယိ ေမာ့ၾကည့္ကာ အၿပဳံးတစ္ပြင့္နဲ႕ ေျပာလိုက္၏။
"ဒါဆို ခင္ဗ်ား ကြၽန္ေတာ့္ကို ကာကြယ္ေပးရမွာေနာ္"

ယင္က်င္းရဲ႕လည္း ၿပဳံးကာ ျပန္ေမးလိုက္သည္။
"မင္း ကိုယ့္ကို ဘယ္လိုကာကြယ္ေပးေစခ်င္လို႔လဲ"

"ခင္ဗ်ား ကြၽန္ေတာ့္ကို အေတာ္ေလး နက္နက္ရွိုင္းရွိုင္းကို ကာကြယ္ေပးမွရမွာ"
႐ုန္ယိ ျမႇူဆြယ္သေယာင္ ႏႈတ္ခမ္းပါးေလးကို အသာကိုက္ကာ ျပန္ေျဖလိုက္သည္။

ယင္က်င္းရဲ႕ မ်က္ဝန္းေတြနက္ရွိုင္းသြားကာ ႐ုတ္ခ်ည္း သူ႕ကိုေကာက္ေပြ႕လိုက္ၿပီး ကုတင္ဘက္ကို ေခၚသြားေတာ့သည္။

႐ုန္ယိၿပဳံးရင္း လည္ပင္းကိုျပန္ဖက္လိုက္ကာ
"ကေလးေတြအေဖ... ဘာလုပ္ခ်င္လို႔လဲ"

"ေန႕ခင္းဘက္မွာ မေကာင္းတာေလးေတြလုပ္ၾကရေအာင္"

လူႀကီးမင္း႐ုန္တစ္ေယာက္ သူ ဒီလိုပြင့္လင္းတဲ့စကားလုံးမ်ိဳး ေျပာလာမယ္မေမွ်ာ္လင့္ထားမိ။ ဒါေၾကာင့္ ခပ္တိုးတိုးသာရယ္ေမာလိုက္ၿပီး
"ကြၽန္ေတာ္ သေဘာက်တယ္"

ယင္က်င္းရဲ႕ သူ႕ကိုကုတင္ေပၚတင္လိုက္ကာ တံခါးေတြပိတ္ပစ္လိုက္၏။ သိပ္မၾကာခင္ဘဲ အခန္းထဲမွ ညည္းၫူသံ ပင့္သက္ရွိုက္သံတို႔ ထြက္ေပၚလာေတာ့ေလသည္။

တစ္ဖက္မွာေတာ့ ရွင္းယြဲ႕တစ္ေယာက္ သူမရဲ႕သခင္က ႐ုန္ယိဆီ ဘာလို႔မ်ား ဒီေလာက္အဖိုးတန္ပစၥည္းကို လက္ေဆာင္ေပးလိုက္လဲဆိုတာ စဥ္းစားလို႔မရေသးေပ။ ဒါေပမဲ့ ဘယ္လိုဘဲျဖစ္ျဖစ္ သူမသခင္ကို ပိုစြမ္းအားႀကီးလာေစနိုင္မဲ့ ႐ုန္ယိကိုယ္တိုင္ေရးထြင္းထားတဲ့ မြမ္းမံျခင္းအင္းကြက္ေတြကို ျပန္ယူလာနိုင္တာေၾကာင့္ တန္ပါသည္။

ရွင္းယြဲ႕ ခ်ီလန္ရဲ႕ၿခံဝန္းဆီ ျပန္သြားကာ ႐ုန္ယိ လက္ေဆာင္ျပန္ေပးလိုက္တာေတြ ေပးလိုက္၏။

ခ်ီလန္ ယူၾကည့္လိုက္တာနဲ႕ အင္းကြက္ေပၚကအမွတ္အသားကို မွတ္မိသြားသည္။
"မြမ္းမံျခင္းအင္းကြက္.. မင္း ဘယ္လိုရလာတာလဲ"

ရွင္းယြဲ႕ကၿပဳံးကာ
"သူ႕ရဲ႕ေက်းဇူးတင္မႈကို ေဖာ္ျပဖို႔တဲ့ ႐ုန္ယိက သခင့္အတြက္ မြမ္းမံျခင္းအင္းကြက္ေတြ အထူးတလွယ္ေရးထြင္းေပးလိုက္တာေလ"

ခ်ီလန္မွာ အေစာနက မေက်မနပ္ျဖစ္ေနတာေတြအကုန္ ေပ်ာက္ကင္းသြားကာ ႏႈတ္ခမ္းေထာင့္စြန္းေတြ ေကြးတက္သြားၿပီး ေမးလာ၏။
"ငါ စြမ္းအားပိုႀကီးလာရင္ သူ႕ကိုလာသတ္မွာ မေၾကာက္ဘူးလား.. သူ ဒါေတြလုပ္ေနတုန္းက သူ႕အမူအယာက ဘယ္လိုရွိေနလဲ"

"သူ႕အမူအယာ..."
ရွင္းယြဲ႕မွာ ေၾကာင္အသြားေလသည္။

မြမ္းမံျခင္းအင္းကြက္လုပ္ေနမွေတာ့ အာ႐ုံစူးစိုက္ေနမွာဘဲ မဟုတ္ဘူးလား.. လုပ္တဲ့အခ်ိန္ ငိုေနတာေတြ ရယ္ေနတာေတြ လုပ္တဲ့လူမ်ိဳးရွိလို႔လား..

"သူ မင္းအေရွ႕မွာဘဲ အင္းကြက္ေတြကို ေရးတာမဟုတ္ဘူးလား"

"ဟုတ္ကဲ့"

"သူေပ်ာ္ေနလား.. ဒါမွမဟုတ္ တစ္ခုခုေပါ့"

ရွင္းယြဲ႕ ထိုအခ်ိန္က အေျခအေနကိုျပန္စဥ္းစားၾကည့္လိုက္သည္။ သူမမွတ္မိသေလာက္ေတာ့ ႐ုန္ယိက သူမသခင္အတြက္ မြမ္းမံျခင္းအင္းကြက္ေပးဖို႔ေျပာတဲ့အခ်ိန္က မ်က္ႏွာထက္ အၿပဳံးတစ္ပြင့္ေတာ့ ရွိေနေလသည္။
"သူေပ်ာ္ေနတယ္"

ခ်ီလန့္အၿပဳံးမွာ ပိုႀကီးမားလာရသည္။

ရွင္းယြဲ႕မွာေတာ့ သူမရဲ႕သခင္ကိုၾကည့္ၿပီး စိတ္ေတြရႈပ္လာေတာ့သည္။ အရင္က ႐ုန္ယိအေၾကာင္းေျပာလိုက္တာနဲ႕ သခင္က မႈန္သုန္ေနကာ သူ႕အေၾကာင္းေတာင္ မေျပာခ်င္တာ ဒါမွမဟုတ္ ခ်က္ခ်င္းသြားသတ္ပစ္လိုက္ခ်င္တဲ့ မ်က္ႏွာထားမ်ိဳးရွိေနခဲ့တာျဖစ္၏။ ဒါေပမဲ့ အခုက်ေတာ့ ၿပဳံးေနေလၿပီး ႏွလုံးသားအနက္ရွိုင္းဆုံးေနရာကလာတဲ့ အၿပဳံးမ်ိဳးပင္။

ခ်ီလန္ ထပ္ေမးလာ၏။
"သူမြမ္းမံေနတဲ့အခ်ိန္ တစ္ခုခုေျပာေသးလား"

"ေက်းဇူးတင္ေၾကာင္းနဲ႕ ေတာင္းပန္ေၾကာင္း စကားလုံးနည္းနည္းပါဘဲ"

ခ်ီလန္ သူမကိုစိုက္ၾကည့္လိုက္ၿပီး
"သူေျပာသမွ် စကားလုံးတိုင္း ငါ့ကိုျပန္ေျပာျပ.. တစ္လုံးေတာင္မက်န္ေစနဲ႕"

ရွင္းယြဲ႕ "..."

႐ုန္ယိေျပာသမွ်အကုန္လုံးေတာ့ သူမလည္းမမွတ္မိဘူးေလ။

"ေျပာေတာ့"

ရွင္းယြဲ႕ သူမ ႐ုန္ယိကို လက္ေကာက္အေၾကာင္း ဘယ္လိုေျပာျပလိုက္တယ္ဆိုတာကို ျပန္ေျပာျပလိုက္သည္။
"သူက လက္ေကာက္ကို ျပန္ေပးမလို႔ဘဲ.. ဒါေပမဲ့ သူအားသုံးၿပီးခြၽတ္လိုက္ရင္ သခင္ ဒဏ္ရာဆိုးဆိုးဝါးဝါးရသြားမွာစိုးလို႔... ၿပီးေတာ့ သခင္ လက္ေဆာင္ပို႔ေပးတဲ့ရည္႐ြယ္ခ်က္ကို အထင္မွားမိသြားလို႔ထင္ပါတယ္.. ဒါေၾကာင့္ သူ႕ကိုယ္သူအျပစ္ရွိသလိုခံစားရၿပီး ေတာင္းပန္တဲ့အေနနဲ႕ ဒီမြမ္းမံျခင္းအင္းကြက္ေတြ ေပးလိုက္တာ..သူေျပာတာေတာ့ သူ သခင္ေပးတဲ့လက္ေဆာင္ကို မယူတာက သခင္သူ႕ကို ထိခိုက္ေအာင္လုပ္ဖို႔စီစဥ္ထားတယ္ ထင္လို႔တဲ့.. သခင့္ကို သူ႕အစား ေတာင္းပန္ေၾကာင္းနဲ႕ ေက်းဇူးတင္ေၾကာင္း ေျပာေပးခိုင္းလိုက္တယ္"

"ဘာရွိေသးလဲ"

ရွင္းယြဲ႕ သေရစာအပုံလိုက္ကို ၫႊန္ျပကာ
"ကြၽန္မကို သခင့္ဆီ စားစရာေတြလည္း ယူသြားခိုင္းလိုက္တယ္ေလ"

ခ်ီလန္တစ္ေယာက္ အံံ့ၾသသြား၏။
"ဒါေတြက စားစရာေတြလား... ငါက ဒါေတြကို ေကြးလင္ၿမိဳ႕ထဲက ပစၥည္းအသစ္အဆန္းေလးေတြထင္ေနတာ"

"သူေျပာတာေတာ့ အျပင္ဘက္က အခြံတစ္ထပ္ကိုခြာၿပီးရင္ စားလို႔ရၿပီတဲ့"
ရွင္းယြဲ႕က အေပၚမွာ ထူးထူးဆန္းဆန္းပုံေတြပါတဲ့ အိတ္တစ္ခုကို လက္ညွိုးထိုးျပရင္း ေျပာလိုက္၏။

ခ်ီလန္ ခ်ိဳခ်ဥ္တစ္ေခ်ာင္းကို ကိုင္ၾကည့္ကာ
"ဒါက စားလို႔ေရာရရဲ႕လား"

"ရတယ္တဲ့.. ႐ုန္ယိေျပာတာေတာ့ ဒါေတြအကုန္ စားစရာေတြခ်ည္းဘဲတဲ့"

"ဘယ္လိုစားရမွာလဲ"
အေတာ္ၾကာၾကာ ႀကိဳးစားၾကည့္ၿပီး ေနာက္ဆုံးေတာ့ ခ်ီလန္ အခြံခြာလို႔ရသြားေလသည္။ တစ္ခ်က္အနံ႕ခံၾကည့္တဲ့အခါ ခပ္ေဖ်ာ့ေဖ်ာ့ ခ်ိဳအီတဲ့အနံ႕ေလးရလိုက္၏။

"ကိုက္စားရမွာလား.. ဒါမွမဟုတ္ ဒီတိုင္း ၿမိဳခ်လိဳက္ရမွာမ်ားလား.."
ရွင္းယြဲ႕က မေရမရာဆိုလာသည္။

"ၿမိဳခ်ရမယ္"
ခ်ီလန္ မ်က္ေမွာင္ၾကဳတ္သြား၏။
"ဒီ အျဖဴေရာင္အေခ်ာင္းကိုေရာလား.. ၿပီးေတာ့ ဒီနီနီအလုံးက ေဆးလုံးထက္ေတာင္ ႀကီးေနတယ္မဟုတ္ဘူးလား.. ဒါႀကီးၿမိဳခ်လိဳက္ရင္ ငါနင္မေသဘူးဆိုတာေရာ ေသခ်ာရဲ႕လား"

"ဒါဆို.. သခင္ ကိုက္စားရမယ္ ထင္တယ္"

"ကိုက္စားရမယ္"
ခ်ီလန္ ပါးစပ္ထဲထည့္ၿပီး ကိုက္ခ်လိဳက္တဲ့အခါ သြားေတာင္က်ိဳးလုနီးနီးပင္။
"မာလိုက္တာ!"

ခ်ိဳခ်ဥ္ေခ်ာင္းကိုျပန္ထုတ္လိုက္ကာ
"ငါကိုက္လို႔မရဘူး"

"ဒါမွမဟုတ္ ဓားနဲ႕ခြဲခ်ရမွာမ်ားလား"
ရွင္းယြဲ႕ ေနာက္တစ္ေခ်ာင္းယူကာ ဓားျမႇောင္တစ္ေခ်ာင္းနဲ႕ ဖရဲသီးခြဲသလို အစိတ္စိတ္ခြဲခ်ပစ္လိုက္၏။
"သခင္ တစ္ခုစားၾကည့္"

ခ်ီလန္ တစ္ခုယူကာ ပါးစပ္ထဲထည့္ၿပီး ျဖည္းျဖည္းခ်င္းဝါးစားၾကည့္လိုက္သည္။ စပ်စ္သီးရနံ႕ေလးက ပါးစပ္တစ္ခုလုံးကို ပ်ံ့ႏွံ႕သြား၏။

"သခင္.. ဘယ္လိုအရသာရွိလဲ"

"ေတာ္ေတာ္ေလးမာေနတာကလြဲရင္ ခ်ိဳသားဘဲ မဆိုးဘူး"

"ကြၽန္မလည္း နည္းနည္းစားၾကည့္လို႔ရလား"

ခ်ီလန္မွာ ေတာ္ေတာ္ေလးတြန့္ဆုတ္ေနၿပီးမွ တုံ႕ဆိုင္းစြာေျပာလာသည္။
"ဒါေပမဲ့ ေသးေသးေလးဘဲရမယ္"

"ဟုတ္ကဲ့"
ရွင္းယြဲ႕ အပိုင္းေလးတစ္ခုယူကာ ဝါးစားၾကည့္လိုက္ၿပီးေနာက္ ၿပဳံးရင္း
"အရသာရွိလိုက္တာ!"

ဒီအရသာကို သူမအရမ္းႀကိဳက္သြားေလၿပီ..

ခ်ီလန္တစ္ေယာက္ က်န္တာေတြကို အျမန္သိမ္းပစ္လိုက္သည္။
"ထပ္မရေတာ့ဘူး"

ရွင္းယြဲ႕ "...."

အရင္တုန္းကဆိုရင္ အရသာရွိတဲ့အစားအစာမွန္သမွ် သခင္က သူမကိုမွ်ေပးေနၾကဟာကို.. ဘယ္တုန္းကစၿပီး ဒီေလာက္ကပ္ေစးႏွဲသြားပါလိမ့္.. ေသးေသးေလးေတာင္ ထပ္မေပးေတာ့ဘူး...

ခ်ီလန္ ေနာက္တစ္ပိုင္းယူကာ သူ႕ပါးစပ္ထဲထည့္လိုက္သည္။
"ငါတို႔ ဒီလိုအရသာရွိတာမ်ိဳး စားရတယ္ဆိုေတာ့ သူ႕ကို လက္ေဆာင္တစ္ခုခု ျပန္ေပးသင့္တယ္လို႔ထင္လား"

ရွင္းယြဲ႕တစ္ေယာက္ တအံ့တၾသျဖစ္သြားေလသည္။
"သခင္က သူ႕ကို ေနာက္ထပ္လက္ေဆာင္ေပးခ်င္တာလား.. သခင္ ဝင္ပူးခံေနရတာလား"

"ငါတို႔ သူမ်ားဆီက စားစရာကို အလကားမစားသင့္ဘူးမလား"

"ဒါေပမဲ့ ဒါေတြက ႐ုန္ယိက ေတာင္းပန္တဲ့အေနနဲ႕ေပးလိုက္တဲ့ လက္ေဆာင္ေတြေလ.. ကြၽန္မတို႔က ဘာမွျပန္ေပးစရာမွမလိုဘဲနဲ႕"

"ငါ သူမ်ားအေပၚ ဘာမွအေႂကြးတင္တာ မႀကိဳက္ဘူး"

"ကြၽန္မတို႔ သူ႕အေပၚ ဘာအေႂကြးမွတင္မေနဘူးေလ.. မဟုတ္ဘူးလား"

ခ်ီလန္ သူမကို ေအးတိေအးစက္နဲ႕ၾကည့္လိုက္သည္။

ရွင္းယြဲ႕မွာ မတတ္သာစြာ ျပန္ေမးလိုက္ရ၏။
"သခင္.. သခင္က ဘယ္လိုလက္ေဆာင္မ်ိဳး ျပန္ေပးခ်င္တာလဲ"

"ငါမသိဘူး.. မင္း ငါ့အစား စဥ္းစားလိုက္"

ရွင္းယြဲ႕ "...."

သူမ ႐ုန္ယိဆီ သူ႕လည္ပင္းသူျဖတ္ဖို႔ ဓားတစ္ေခ်ာင္းေလာက္ ပို႔ေပးလိုက္လို႔ရလား...

ခ်ီလန္မွာ ခ်ိဳခ်ဥ္ေလးတစ္စိတ္စားတိုင္း သူ႕အၿပဳံးက သၾကားလုံးေတြထက္ေတာင္မွ ခ်ိဳၿမိန္ေနေသး၏။

ရွင္းယြဲ႕ စိတ္ရႈပ္ေထြးစြာ ၾကည့္လိုက္မိသည္။ ဘာလို႔ သခင္က ဒီေလာက္ေတာင္ ေပ်ာ္ျမဴးစြာ ၿပဳံးေနရတာပါလဲ..။ အထူးသျဖင့္ ႐ုန္ယိကို ေတြ႕လိုက္တဲ့အခ်ိန္တိုင္း သူ႕အၿပဳံးက ေနမင္းထက္ေတာင္မွ ေတာက္ပေနေသး၏။

သူမသခင္ကေတာ့ ႐ုန္ယိလို႔ေခၚတဲ့တစ္စုံတစ္ေယာက္ ျပဳစားထားတာခံေနရၿပီဆိုတာ ေသခ်ာပါသည္။ အခုေလးတင္ သူမသခင္ ႐ုန္ယိကိုသြားေတြ႕ခဲ့တုန္းက ႐ုန္ယိ တစ္ခုခုလုပ္လိုက္တာဘဲ ျဖစ္ရမည္။ ဒါေၾကာင့္သာ သခင္က ႐ုန္ယိနာမည္ကိုၾကားလိုက္တာနဲ႕ ဒီလိုၿပဳံးေနျခင္းပင္။

"သခင္ အခုထိ လက္ေဆာင္ျပန္ပို႔ေပးခ်င္ေနတုန္းလား"

ခ်ီလန္က သူမကို သိခ်င္စိတ္နဲ႕ ၾကည့္လာကာ
"ဘာလို႔ ဒီလိုေမးတာလဲ"

"ကြၽန္မအထင္ေတာ့ ႐ုန္ယိက အေတာ္ေလးမုန္းစရာေကာင္းသလားလို႔.. ကြၽန္မတို႔ သူ႕ကို ဘာလက္ေဆာင္မွ ျပန္ပို႔စရာမလိုပါဘူး"

ခ်ီလန္ ေဒါသထြက္သြားကာ
"ငါေျပာတဲ့အတိုင္းသာ လုပ္စမ္းပါ..မင္း ေနာက္တစ္ခြန္းထပ္ေျပာရင္ တုန္ထန္းကိုသာျပန္သြားေတာ့..ၿပီးေတာ့.."

ေျပာရင္းနဲ႕ ေခ်ာင္းတစ္ခ်က္ဟန့္လိုက္ကာ
"ၿပီးေတာ့ ႐ုန္ယိက ငါတို႔ထင္သေလာက္လည္း မဆိုးပါဘူး"

ရွင္းယြဲ႕ "!!!"

တစ္ခုခုေတာ့မွားေနေလၿပီ!.. သူမသခင္နဲ႕ပတ္သက္ၿပီး ေသခ်ာေပါက္ တစ္ခုခုေတာ့မွားေနေလၿပီ..

႐ုန္ယိက သူမသခင္ကို ျပဳစားလိုက္တာဘဲျဖစ္ရမည္။

သူမသခင္ရဲ႕ ခ်ိဳျမေနတဲ့အၿပဳံးခ်ိဳခ်ိဳေတြကိုၾကည့္ရင္း ႐ုတ္တရက္ ရွင္းယြဲ႕မွာ အဝါေရာင္အင္းကြက္ထုတ္ယူကာ ခ်ီလန္ရဲ႕နဖူးေပၚလွမ္းကပ္ရင္း ေအာ္လိုက္သည္။
"ခ်ိဳးျဖတ္စမ္း!"

ဘုန္းခနဲ အသံနဲ႕အတူ ခ်ီလန့္နဖူးေပၚက အင္းကြက္မွာ ေပါက္ကြဲသြားကာ အေငြ႕ျဖဴျဖဴေတြထြက္လာေတာ့သည္။

ရွင္းယြဲ႕ အေငြ႕ေတြကို အျမန္ဖယ္ထုတ္လိုက္ၿပီး ေရွ႕ဆံပင္ေတြေထာင္တက္ေနတဲ့ ခ်ီလန္ကို အျမန္ေမးလိုက္သည္။
"သခင္.. သခင္ အခု နိုးလာၿပီလား"

ခ်ီလန္ သူမကို မဲေမွာင္ေနတဲ့မ်က္ႏွာထားနဲ႕ၾကည့္လိုက္ကာ
"ငါ့ရဲ႕ ဘယ္ရႈေထာင့္ကမ်ား နိုးမေနတာနဲ႕တူေနလို႔လဲ ဟမ္"

သူမရဲ႕သခင္ အ႐ူးလိုၿပဳံးမေနေတာ့တာေတြ႕တဲ့အခါ ရွင္းယြဲ႕မွာ စိတ္လႈပ္ရွားသြားၿပီး
"သခင္ ေနာက္ဆုံးေတာ့ နိုးသြားၿပီဘဲ.. သခင္သိလား.. သခင္ ႐ုန္ယိ ျပဳစားတာခံလိုက္ရတာ"

ခ်ီလန္မွာ ေခါင္းေျခာက္သြား၏။
"ဘယ္တုန္းကလဲ"

"သခင္.. သခင္ အ႐ူးႀကီးလိုၿပဳံးေနၿပီး ႐ုန္ယိဆီ လက္ေဆာင္ျပန္ပို႔မယ္ဘဲေျပာေနတာေလ...မသိေတာ့ဘူးလား... သခင့္ေဘးမွာ ဒီေလာက္ႏွစ္ေတြအၾကာႀကီးရွိလာတာ သခင့္ရဲ႕အဲ့လိုပုံကို တစ္ခါမွကိုမျမင္ဖူဘူး.. ေသခ်ာေပါက္ကို ျပဳစားခံေနရတာဘဲ"

ခ်ီလန္ သူ႕မ်က္ႏွာသူထိၾကည့္လိုက္သည္။
သူစားေနရင္းနဲ႕ အ႐ူးလိုၿပဳံးေနမိခဲ့တာလား..

"ငါလုပ္ခဲ့တာလား"
သူ႕ဘာသာသူေရ႐ြတ္လိုက္၏။ သူ႕မွာ ႐ုန္ယိလႊမ္းမိုးတာကို နက္နက္ရွိုင္းရွိုင္းကို ခံေနရၿပီး ႐ုန္ယိရဲ႕နာမည္ေလးၾကားတာနဲ႕တင္ ေပ်ာ္လာသလို ခံစားေနရသည္။ သူ႕ကိုယ္သူလည္း ႐ူးသြားၿပီလို႔ ခံစားေနရ၏။

"႐ုန္ယိ အဲ့ေခြးေကာင္.. သူ ေတာ္ေတာ္လြန္သြားၿပီ..သခင္က စိတ္ေကာင္းေစတနာနဲ႕ လက္ေဆာင္ေပးတဲ့ဟာကို သူကေတာ့ ျပန္လွည့္စားလိုက္ရတယ္လို႔.."
ရွင္းယြဲ႕ကေျပာရင္း လွည့္ထြက္သြားေတာ့သည္။
"ဒါကို သြားရွင္းရမယ္"

ခ်ီလန္ သူမကို ေအးစက္စက္အသံနဲ႕ လွမ္းတားလိုက္သည္။
"ဒါ ႐ုန္ယိနဲ႕ ဘာမွမဆိုင္ဘူး.. ရပ္စမ္း!"

ရွင္းယြဲ႕ ျပန္လွည့္လာကာ အျမန္ေမးလာ၏။
"သခင္ ျပဳစားထားတာကို ဖ်က္ပစ္လိုက္ၿပီးၿပီမဟုတ္ဘူးလား"

ခ်ီလန့္မ်က္ႏွာမွာ မည္းေမွာင္သြားေတာ့သည္။
"ငါ မျပဳစားခံထားရဘူး"

ရွင္းယြဲ႕ကေတာ့ မယုံေပ။
"ဒါဆို ဘာလို႔ ဒီလိုႀကီးျဖစ္ေနရတာလဲ"

ခ်ီလန္မွာ နဖူးေပၚ ေသြးေၾကာေတြ ေထာင္ထလာေတာ့သည္။
"ငါက ျပဳစားမခံထားရဘူးဆို ျပဳစားမခံထားရဘူးေပါ့.. ဒါကို လုံးဝထပ္မေျပာေတာ့နဲ႕ ၿပီးေတာ့ ႐ုန္ယိကိုလည္း ျပႆနာထပ္မရွာေတာ့နဲ႕.. အခု ကိုယ့္အခန္းကိုျပန္ေတာ့"

ရွင္းယြဲ႕မွာ ႏႈတ္ခမ္းေတြလႈပ္သြားေပမဲ့လည္း ေနာက္ဆုံး ဘာမွမေျပာေတာ့ဘဲ တြန့္ဆုတ္တြန့္ဆုတ္နဲ႕ထြက္သြားေတာ့သည္။

ထို႔ေနာက္ ခ်ီလန္လည္း ဆက္စားခ်င္စိတ္မရွိေတာ့။ မုန့္ေတြအကုန္လုံးကို သိုေလွာင္လက္စြပ္ထဲ ထည့္သိမ္းကာ ထရပ္ၿပီး ျပတင္းေပါက္ကေနတဆင့္ ယင္က်င္းရဲ႕ၿခံဝန္းဘက္ကို ၾကည့္လိုက္သည္။

သူ႕အေတြးထဲ ဘယ္အခ်ိန္တည္းက ႐ုန္ယိရဲ႕ပုံရိပ္က ေပၚလာေနမွန္း သူလည္းမသိေတာ့။ သူအခု ဘာလုပ္ေနမလဲ.. သူေပးတဲ့လက္ေကာက္ကို ထိၾကည့္ေနမလား ဆိုတာေတြ ေတြးလိုက္မိၿပီး ခ်က္ခ်င္းဘဲ သူ႕ဆီသြားကာ စစ္ေဆးၾကည့္ခ်င္လာျပန္သည္။

ခ်ီလန္ ေခါင္းကိုခါထုတ္လိုက္ကာ အိပ္ရာေပၚတက္ၿပီး သူ႕ကိုယ္သူ ေစာင္ေတြထဲသာ ျမဳပ္ေနေစလိုက္ေတာ့သည္။ သူ႕အထင္ေတာ့ ဒီရက္ပိုင္း ႐ုန္ယိကို မေတြ႕တာ ပိုေကာင္းပါလိမ့္မည္။

ကံမေကာင္းစြာနဲ႕ဘဲ သူ ထိုသူ႕ကိုအခ်ိန္တစ္ခ်ိဳ႕ထိ မေတြ႕ေအာင္ ေရွာင္ရွားေလေလ.. အခုလက္ရွိမွာ ပိုလို႔ေတာင္ သတိရလာေလေလပင္။ ဒီတစ္ႀကိမ္ေတာ့ ခြၽင္းခ်က္ဆိုတာမ်ိဳးမရွိေတာ့။ သူ႕ကိုမေတြ႕ေအာင္ ႏွစ္ရက္တိုင္တိုင္ေရွာင္ရွားၿပီးေနာက္ မေနနိုင္ေတာ့ဘဲ ယင္က်င္းရဲ႕ ၿခံဝန္းဆီ သြားမိေတာ့သည္။


*********
27.11.2023

המשך קריאה

You'll Also Like

151K 4.2K 190
The Gluttonous house's auction feast had an exceptionally good furnace in constitution of a little girl with sky-high price, everyone in looting. Su...
53.3K 7.1K 20
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
275K 7.1K 170
After six years of war, my fiancé returned. With a woman and his child in tow. While saying that he couldn't leave her. The same irresponsible fiancé...
10M 753K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...