ပြန်လည်မွေးဖွားလာသော အမြောက်စ...

Von PrettiOcean

143K 15.2K 401

This is not my own story Mehr

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-88

765 81 1
Von PrettiOcean

Chapter 88


မော့တိမှာမူ အမှန်တကယ်ပင် ထိုခွေးတိုက်ပွဲကို သဘောကျနေမိသည်။ ခြုံငုံရမည်ဆိုပါက သူတို့ချင်ချန်းယီကို အလွယ်တကူဖြုတ်ချနိုင်မည်ဟု တွေးထင်နေခြင်းမှာ သဘာဝမကျပေ။ သူ့ကိုချည်နှောင်ထားနိုင်ရန်အတွက် သက်သေမှာ အလွန်နည်းပါးလွန်းပြီး ချင်ချန်းယီတွင်ရှိနေသည့်အာဏာနှင့်အရင်းအမြစ်များဖြင့် သူမလွတ်မြောက်သွားနိုင်မှသာ ထူးဆန်းနေပေလိမ့်မည်။

ထို့အတူ သူတို့ချင်ချန်းယီကို မထိနိုင်သေးပါက မော့လျှိုကွေ့နှင့် ရင်ဆိုင်ရန် မတွေးသင့်ပေ။ မည်သို့ပင်ဖြစ်စေ သူမယခုအခေါ်၌ အကျိုးအမြတ်အနည်းငယ်ရရှိခဲ့သော်လည်း သာမန်လူများအကြားတွင် သူမ၏ရေ‌ပန်းစားကျော်ကြားမှုမှာ ကျဆင်းနေဆဲပင်ဖြစ်သည်။

ယခုအချိန်တွင် သူရင်ဆိုင်ရအခက်ခဲဆုံးလူများထဲမှာ တစ်ဦးဖြစ်သည့် မော့စစ်လန်ကို ဖြုတ်ချနိုင်ခဲ့ပြီး မော့လျှိုကွေ့ အောင်မြင်ကျော်ကြားလာမည့်လမ်းကြောင်းကို ဖျက်ဆီးနိုင်ခဲ့သဖြင့် ၎င်းမှာ အတော်လေးကျေနပ်စရာကောင်းသော ရိတ်သိမ်းမှုဖြစ်ခဲ့လေသည်။

မော့လျှိုကွေ့၏သတင်းများကို ဖတ်ပြီးနောက် မော့တိ သူ၏အကြောင်းနှင့်ပတ်သက်၍ ရှာဖွေမှုစာရင်းကို စစ်ဆေးလိုက်ရာ သူ တူညီသည့်နေရာတွင်သာ နာရီအနည်းငယ်ကြာသည်အထိ တည်ရှိနေသည်ကို မြင်လိုက်ရသည်။

သို့သော်လည်း သူ့ကို အံ့အားသင့်စေသည့်အရာမှာ လူထု၏တီထွင်ဖန်တီးနိုင်စွမ်းပင်ဖြစ်သည်။ ဤမျှ အချိန်အတော်အတွင်းမှာပင် အမျိုးစုံသောစတစ်ကာများမှာ ကျယ်ပြန့်စွာ ပေါ်ထွက်လာကာ လူများစွာအသုံးပြုနေကြသည်။ ဥပမာအားဖြင့် ' မင်းအပေါ်အက်ဆစ်အနည်းငယ်လောင်းပါရစေ ဒါမှမဟုတ် ငါ့ကိုယ်ငါကျိန်ဆဲလိုက်မှာနော် ၊ မင်းကိုဓားနဲ့ထိုးပါရစေ ဒါမှမဟုတ် င့ါကိုယ်ငါ ကျိန်ဆဲပစ်လိုက်မယ် ၊ ငါ့ကိုစိတ်ရှုပ်အောင်လာမလုပ်နဲ့ ဒိုင်ယာရီရေးလိုက်ရမလား ၊ ချီးပဲ ငါမင်းအတွက်ဒိုင်ယာရီရေးနေပြီ ' တို့ပင်ဖြစ်သည်။

မော့တိ စတစ်ကာများကို ဒေါင်းလုတ်လုပ်လိုက်ခြင်းဖြင့် ဤထူးဆန်းသောအင်တာနက်အသုံးပြုသူများကို ထောက်ခံမှုအချို့ပေးလိုက်သည်။

အစားအသောက်များရောက်လာသည်နှင့် မော့စစ်လန်နှင်ပတ်သက်သောအခြားသတင်းများ‌ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ ရဲများက သူ့ကိုဖမ်းချူပ်လိုက်ကြပုံပင်။

မော့စစ်လန်၏ဖန်များသည်လည်း ဖယ်ရှားခံလိုက်ကြရပြီး အချို့သောခေါင်းမာသည့်သူများသည်သာ ဖိုရမ်များအတွင်း ပေါက်ကရများလိုက်ပြောနေခဲ့သည်။

သူတို့ သက်သေများမှာ အလွန်လျင်မြန်စွာရရှိခဲ့သဖြင့် စစ်မှန်၏လားဆိုသည်ကို မေးခွန်းထုတ်နေကြကာ ရဲများကိုဆဲဆိုနေကြပြီး အာဏာပိုင်အဖွဲ့များကိုပင် အလွတ်မပေးခဲ့ကြပေ။ ထိုသူများက ဤဖြစ်ရပ်တွင် ပူးပေါင်းပါဝင်မှုကြီးကြီးရှိနေသည်ဟု ပြောဆိုနေကြသည်။

သို့သော်လည်း ထိုမန့်များမှာ အလွန်လူသိနည်းပါးပြီး အကြိမ်ထက်ပင်နည်းကာ ပြန်ရှယ်ခဲ့ကြသည်။ ထို့နောက် ရဲဌာနမှ သက်သေများအားလုံးသည် အလွန်စစ်မှန်ပြီး ၎င်းတို့ကိုရရှိခဲ့ခြင်းမှာ အင်တာနက်အသုံးပြုသူများ၏စိတ်အားထက်သန်သောအကူအညီများကြောင့်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် သူတို့ကိုဖော်ညွှန်းသည့်စတစ်ကာအုပ်စုတစ်ခုကိုပင် ပြုလုပ်ပေးခဲ့သည်။

" ပြန်ရှယ်သည့်စာအစောင်ရေ ငါးရာကျော်ပါက ကျွန်တော်တို့ ထမင်းအလကားကျွေးပါ့မယ် "

ခိုင်မာပြည့်စုံသော သက်သေများကြောင့် မော့စစ်လန် ဖမ်းဆီးခံလိုက်ရကာ အကျဥ်းထောင်တစ်ခုအတွင်း ထည့်သွင်းထားခံရပြီး ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေစေခဲ့သည်။

အကြီးဆုံးအဒေါ်တစ်ယောက် အရူးမီးဝိုင်းဖြစ်လေ​တော့သည်။

မော့စန်းကျစ် ထောင်ကျစဥ်က သူမသည် ဘေးမှရပ်ကြည့်သူ တစ်ဦးအဖြစ် ဇာတ်လမ်းကို နှစ်ခြိုက်စွာ​ကြည့်ခဲ့၏။ အဆုံးသတ်တွင် မိသားစု၏ ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေခြင်းမှာ သူ၏အမွေဆက်ခံခွင့်အား ​သေချာ​ပေါက် ဆုံးရှုံးစေမှာဖြစ်သည်။ ထိုစဥ်က ဒုတိယအဒေါ်၏ တငိုငိုတရယ်ရယ်ဖြစ်နေခဲ့ခြင်းအပေါ သူမ အထင်သေးခဲ့မိသေးသည်။

သို့သော် ယခု သားဖြစ်သူအဖမ်းခံရသည့်အခါ သူမ၏တည်ငြိမ်မှုနှင့် ကျက်သရေကို စွန့်ပစ်လိုက်ပြီး မော့စစ်လန်အား ကယ်တင်ပေးပါရန် မိသားစုခေါင်းဆောင်ထံ တောင်းဆိုတော့၏။

ဒါပေမယ့် မော့မိသားစုခေါင်းဆောင်က ဘယ်စိတ်ရှုပ်ခံပါ့မလဲ...

မော့လုပ်ငန်းစုက အရှုပ်အထွေးထဲသို့ ကျရောက်နေ၏။ ကုမ္မဏီ၏ ရှယ်ယာများမှာလည်း ထိုးကျနေသည်။ အဓိကရှယ်ယာရှင် အမြောက်အများက သူတို့၏ ရှယ်ယာများကို စတင်ရောင်းချနေကြပြီဖြစ်သည်။ ချင်ချန်းယီသာ သူတို့၏ ​ကုမ္မဏီတွင် ရင်းနှီမြှုပ်နှံငွေများစွာ ထည့်ထားခြင်းမရှိသလို ရှယ်ယာများကို ပြန်လည်ဝယ်ယူနေခြင်း မရှိပါက မော့မိသားစုမှာ ဖျက်ဆီးခံခဲ့ရပြီးဖြစ်လိမ့်မည်။

သို့သော် ချင်ချန်းယီ၏ အကူအညီနှင့်ပင် မော့မိသားစုရှယ်ယာများ၏ စျေးကွက်ပေါက်စျေးမှာ ရွှေရောင်အချိန်များနှင့် နှိုင်းယှဥ်ပါက တစ်ဝက်သာရှိတော့သည်။ သူတို့၏ ဘဏ္ဍာရေးရင်းမြစ်များမှာလည်း အခြားဒုတိယမျိုးဆက်မိသားစုများနှင့် မည်သို့မှယှဥ်မရနိုင်တော့ပဲ ထိုအသိုင်းအဝိုင်းသို့ ဝင်ဆန့်နိုင်ရုံမျှသာရှိတော့၏။

မိသားစုခေါင်းဆောင်၏ အပြစ်တင်ကြိမ်းမောင်းမှုများနှင့် ဒုတိယအဒေါ်၏ ထေ့ငေါ့မှုများကြောင့် အကြီးဆုံးအဒေါ်က နှလုံးကွဲမတတ် ငိုကြွေးနေခဲ့သည်။

"မင်းက ငိုရဲသေးတယ်ပေါ့လေ...မင်းရဲ့သားကို ဘယ်လိုပျိုးထောင်ခဲ့လဲကြည့်စမ်း...သက်သေကငြင်းစရာတောင်မရှိဘူး...ပြောစမ်းပါဦး...ငါ့ကိုဘယ်လိုလုပ်စေချင်နေတာလဲ..."

အဖိုးမော့က စားပွဲကို လက်သီးဆုပ်ဖြင့် နှစ်ကြိမ်ခန့် ဒေါသတ​ကြီးထုလိုက်သည်။

"မင်းရဲ့သားက ဘာတွေလုပ်လိုက်သလဲကြည့်စမ်း...မော့မိသားစုကို ဘယ်လောက်ထိ ထိခိုက်စေခဲ့သလဲ..."

"အဖေ...ဒါက စစ်လန်ရဲ့အမှားချည်းပဲမဟုတ်ပါဘူး..."

အကြီးဆုံးအ​ဒေါ်က ငို​နေရင်းပြောသည်။

"အဖေ...မော့မိသားစုရဲ့ ကျဆုံးမှုက စန်းကျစ်နဲ့ ဒုတိယအကိုမိသားစုရဲ့ အမှားပါ...တကယ်လို့ သူတို့သာ အခြားမျိုးရိုးမြင့်မိသားစုတွေဆီက လက်ထပ်ပွဲကို ပရိယာယ်မသုံးခဲ့ဘူးဆိုရင်၊ စန်းကျစ်က မော့တိကို အန္တရာယ်မဖြစ်စေခဲ့ဘူးဆိုရင် မော့မိသားစုအနေနဲ့ အစကတည်းက ဒီအခြေအနေအထိ ရောက်သွားခဲ့စရာအကြောင်းမရှိပါဘူး..."

ထိုစကားကို ကြားသည်နှင့် ဒုတိယအ​ဒေါ် ဒေါသပေါက်ကွဲလေတော့သည်။

"ယောင်းမ...ရှင်မှားနေပြီ...ကျွန်မတို့ရဲ့စန်းကျစ်က အဲ့ဒီ့မြေခွေးကောင်ကို သွေးဆောင်ဖို့ ကြိုးစားခဲ့ရုံပဲ...ရှင်က ရှင့်သားနဲ့ပတ်သတ်တဲ့ အမှန်တရားကို လက်မခံနိုင်တာနဲ့ ကျွန်မရဲ့စန်းကျစ်ကိုပါ ရွှံ့နွံထဲဆွဲချ​နေတာမဟုတ်လား...ရှင့်ရဲ့သားအကြီးဆုံး ဝဋ်မလည်အောင် အရင်ဂရုစိုက်သင့်တယ်နော်..."

"ရှင်ဘာကိုဆိုလိုတာလဲ...ကျွန်မသားကို ကျိန်ဆဲနေတာလား..."

အကြီးဆုံးအဒေါ်က ဒုတိယအဒေါ်၏ ပါးစပ်ကို စုတ်ဖြဲပစ်ချင်လာသည်အထိ ဒေါသထွက်သွားခဲ့သည်။

ရွမ်ချင်းတန့်က သူတို့အနားသို့ တိုးကပ်လာပြီး ဖြန်ဖြေခဲ့သည်။

"ယောင်းမတို့...ကျေးဇူးပြုပြီး ရန်မဖြစ်ကြပါနဲ့...မိသားစုထဲမှာ ပြဿနာတွေ တော်တော်များနေပြီဆိုတာ မတွေးမိကြဘူးလား..."

"နင့်ကိုယ်နင် ဘာများထင်နေတာလဲ..."

ယခင်က အဒေါ်အကြီးဆုံးအနေဖြင့် ရွမ်ချင်းတန့်အား သည်းခံပေးခဲ့သည်မှာ မော့လျှိုကွေ့၏ မိခင်ဖြစ်သောကြောင့်ပင်။ သို့သော် ယခုမူ သူမက ဒေါသထွက်နေပြီး ယူကြုံးမရဖြစ်နေခဲ့ရာ မည်သည့်လောကဝတ်ကိုမျှ စောင့်စည်းခြင်းမပြုနိုင်တော့ပဲ ရွမ်ချင်းတန့်အား ဘေးသို့တွန်းထုတ်လိုက်လေသည်။

အကြီးဆုံးအဒေါ်၏ မထီမဲ့မြင်အပြုအမူကြောင့် ရွမ်ချင်းတန့် အံ့သြတုန်လှုပ်သွားခဲ့၏။ သူမက သတိလက်လွတ်ဖြင့် ဒူးထောက်လျက်လဲကျသွားကာ စားပွဲခုံ၏အစွန်းနှင့်ထိမိသွားပြီး နာကျင်စွာအော်လိုက်မိသည်။

"နင့်မှာ ငါတို့ကို ဒီလိုပြောဖို့ ဘာများအခွင့်ရှိလို့လဲ...နင့်ယောက်ျားက မော့တိကို အကွက်ဆင်ခဲ့ပြီး အချုပ်ကျခဲ့တာမဟုတ်လား...ငါတို့မိသားစုရဲ့ ကျဆုံးခန်းက အဲ့ဒီ့ကစတာပဲ..."

အကြီးဆုံးအဒေါ်မော့က ရွမ်ချင်းတန့်၏ မျက်ရည်ကျခြင်းများနှင့် နူးညံ့ဟန်ဆောင်ခြင်းများကို စိတ်ပျက်လာခဲ့သည်။ တကယ်တမ်းတွင် သူမ ထိုအရာများအား စိတ်ကုန်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်၏။

"ပြီးတော့ နင့်သမီးက သူ့သိက္ခာဆည်ဖို့အတွက် ငါ့သားကို ချနင်းသွားတာ မမေ့လိုက်နဲ့ဦး...ငါသူ့ကို အလိုလိုက်ခဲ့တာတောင် ငါ့သားကိုအသုံးချပြီး ထောင်ကျစေခဲ့တယ်...သူ ဘယ်လိုများလုပ်ရက်ရတာလဲ..."

"ယောင်းမကြီး...ရှင်...ရှင် ဘယ်လိုပြောလိုက်တာလဲ..."

ရွမ်ချင်းတန့် မတ်တပ်ရပ်လိုက်သည်။ သူမက ခါးကိုကိုင်ကာ နာကြည်းစွာငိုကြွေးတော့​​သည်။

"ရှောင်ကွေ့က ရှင့်သားကို ဘာအတွက်နဲ့မှ အသုံးမချခဲ့ဘူး...သူမက မော့တိကို ငယ်ငယ်ကတည်းက အရမ်းချစ်တာ...မော့တိကို အန္တရာယ်ပြုဖို့ သူမ သေချာပေါက် သဘောတူမှာမဟုတ်ဘူး...သူမရဲ့စကားက သူမရင်ထဲကလာတာ...သူမက ရှင့်သားကိုချနင်းခဲ့တာမဟုတ်ဘူး..."

"နောက်ပြီး စောင့်ကြည့်ခံရတာတွေက ချန်းယီရဲ့ ကိုယ်ပိုင်ဆန္ဒပဲ...အဲ့ဒါကြောင့် သူမက သူ့ကိုမုန်း​နေခဲ့ပြီလေ...ရှင်က ကျွန်မသမီးကို အသရေဖျက်ချင်​နေတာပဲ...သူမကတော့ ကျွန်မကိုဖုန်းဆက်ပြီး ရှင်အဆင်​ပြေရဲ့လားလို့တောင် မေးခဲ့သေးတယ်...စစ်လန်အတွက် အပြစ်ဒဏ်လျော့ဖို့ သူမ ကြိုးစားနေကြောင်းပြောရင်း ရှင့်ကိုနှစ်သိမ့်ပေးဖို့ ကျွန်မကိုမှာနေခဲ့တာ...သူမက မိသားစုအတွက်ပဲ ကြည့်တတ်တဲ့ ကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ...ယောင်းမ...ကျွန်မသမီးကို အသ​ရေဖျက်​နေတဲ့အချိန် လိပ်ပြာမလုံမဖြစ်ဘူးလား..."

"ငါက နင့်သမီးကို အသရေဖျက်တယ်ဟုတ်လား..."

အကြီးဆုံးအဒေါ်၏ မျက်ဝန်းများက ဒေါသဖြင့် သွေးရောင်ရဲလာခဲ့သည်။ တစ်ချိန်ထဲတွင် ဤကဲ့သို့သောမြင်ကွင်းအား ရင်းနှီးသယောင် ခံစားလာခဲ့ရ၏။

အဲ့ဒီ့ တိရစ္ဆာန်ကောင်မော့တိ ဒီမှာရှိတုန်းက ဒီလိုမြင်ကွင်းမျိုး မရေမတွက်နိုင်အောင် ဖြစ်ခဲ့ဖူးတာပဲ...

မဟုတ်သေးချေ။ သူက ပိုမိုခံစားခဲ့ရသည်။ အချိန်တိုင်း ရှောင်ကွေ့ကြောင့် ပြင်းပြင်းထန်ထန်ဆုံးမခံရကာ အရိုက်ခံရလေ့ရှိသည်။ ရှောင်ကွေ့က သူ့အား ဆက်လက်မရိုက်တော့ရန် သူတို့ကိုငိုယိုပြောဆိုသည့်အခါ သူတို့ရင်နာလာပြီး သူမအား စတင်ချော့မော့ကြ၏။ မော့တိ ဆေးရုံအကြိမ်ကြိမ်တက်ရသည့်အခါတွင်ပင် သူတို့က ရှောင်ကွေ့ကိုသာ ကြင်နာတတ်သောမိန်းကလေးအဖြစ် ဝိုင်းဝန်းချီးကျူးကြလေ့ရှိသည်။

မော့တိက မကျေနပ်ကြောင်း တီးတိုးပြောဆိုသည့် အခါမျိုးတွင် ယုတ်မာသူအဖြစ် ခေါင်းစဥ်တပ်ခံရကာ သူ၏အစ်မအား အသရေဖျက်သူအဖြစ် စွပ်စွဲခံရလေသည်။

အကြီးဆုံးအဒေါ်က နှလုံးသားအတွင်းမှ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

အဲ့ဒီ့တုန်းက သူမရဲ့သားသာ မော့လျှိုကွေ့ရဲ့ မျက်ရည်တွေနဲ့ ကြင်နာတတ်တဲ့နှလုံးသားကြောင့် နှိပ်စက်ညှင်းပန်းခံခဲ့ရတယ်ဆိုရင် သူမ ပျော်နိုင်ပါ့မလား...

ထို့နောက် အကြီးဆုံးအဒေါ်၏အမုန်းက မော့တိထံဦးတည်သွားခဲ့သည်။

မော့မိသားစုထံမှ စွန့်ခွာသွားခဲ့သည့်အတွက် သူ့ကိို မုန်းတီးလာခဲ့သည်။

တကယ်လို့ သူသာ ငါတို့နဲ့တစ်မိုးအောက်ထဲရှိနေရင် ဒီကိစ္စတွေက ငါတို့အပေါ် ကျလာစရာအကြောင်းမရှိဘူးလေ...ပြီးတော့ ငါ့သားမှာဖြစ်တဲ့ကိစ္စကလည်း တကယ်ဆို သူ့ဆီမှာပဲဖြစ်သင့်တာ...

မော့လျှိုကွေ့အား မလိုမုန်းတီးမှုပြရန်မှာ မဖြစ်နိုင်ချေ။ ချင်ချန်းယီ ဒုတိယအဒေါ်အား ကန်ထုတ်လိုက်ပုံကို ပြန်တွေးကြည့်ရုံနှင့် သူမပါထိတ်လန့်လာခဲ့၏။ သို့သော် မည်သို့ပင်ဖြစ်စေ၊ စိတ်ဝမ်းကွဲမှုမျိုးစေ့က အခြေတည်သွားခဲ့ပြီဖြစ်သည်။

....

ထိုစဥ် မော့တိက သူတစ်ချိန်က တစ်စုံတစ်ဦး၏ စဥ့်နှီတုံးပေါ်သို့ ရောက်ရှိခဲ့ကြောင်း သတိမရခဲ့မိချေ။

သို့သော် သူသိလျှင်လည်း အရေးလုပ်မည်မဟုတ်။ မော့မိသားစုရှိ မည်သူကမှ သူ့ရင်ထဲတွင်မရှိချေ။

ယခု မော့တိက သူ့ဂိမ်း၏ပထမအခန်းကို အားလပ်ရက်အဆုံး၌ အပြီးသတ်ရန်ကြိုးစားရင်း အလုပ်များနေခဲ့သည်။

ရှန့်ယွီချောင်၊ လင်ကျွင်းဖုန်နှင့် ချန်ကျောင်းတို့က မုထျန်းဟန်၏ခွင့်​ပြုချက်ဖြင့် ဗီလာတွင် နေခွင့်ရခဲ့သည်။

သူတို့ ဤနေရာကိုရောက်ကာစက ရှန့်ယွီချောင်နှင့် လင်ကျွင်းဖုန်တို့ ဗီလာအနှံ့ စိတ်လှုပ်ရှားစွာလျှောက်ကြည့်ရင်း ဘဝ၏တရားမမျှတမှုအား ညည်းတွားခဲ့ကြ၏။

ထို့နောက် မော့တိက သူတို့ကိုအလုပ်များခွဲဝေပေးတော့သည်။

ရှန့်ယွီချောင်က ဤကဲ့သို့လှပသောနေရာတွင် သူတို့အား အလုပ်ခိုင်းသည့်အတွက် မော့တိအား တိတ်တဆိတ်ဆန္ဒပြခဲ့​သေးသည်။

ဤသို့ဖြင့် နိုင်ငံဆိုင်ရာ အားလပ်ရက်များ ပြီးဆုံးသည်နှင့် မော့တိ၏အဖွဲ့မှာလည်း 'အဆုံးမဲ့ဘဝ' ဂိမ်း၏ ပထမအခန်းကို ပြင်ဆင်ပြီးသွားခဲ့လေသည်။

မော့တိက ကျောင်းသွားသည့်အခါ မုထျန်းဟန်ကိုထားခဲ့ဖို့ တွန့်ဆုတ်နေခဲ့သည်။ သူတို့်အုပ်စုကလည်း ဆက်လက်နေချင်​နေသဖြင့် တနင်္လာနေ့မနက်အထိ အတူတူရှိခဲ့ကြ၏။

ကျောင်းမသွားခင် သူက အုပ်စုတွင်းမှခိုးထွက်ကာ မုထျန်းဟန်အား ပွေ့ဖက်လိုက်သည်။

မုထျန်းဟန်၏တုံံ့ပြန်မှုက ကောင်လေးကို တင်းကြပ်စွာပွေ့ဖက်ကာ ဆံနွယ်များပေါ်သို့ အနမ်းဖွဖွခြွေလိုက်​ခြင်းဖြစ်ပင်။

မော့တိ အနမ်းကြောင့် ရှက်သွေးဖြာသွားခဲ့သော်လည်း မုထျန်းဟန်ကို ဖက်တွယ်ထားဆဲပင်။ ရှန့်ယွီချောင်၏ ခေါ်သံကြားခါမှ မုထျန်းဟန်၏ လက်မောင်းများ အတွင်းမှ တွန့်ဆုတ်စွာ ရုန်းထွက်လိုက်လေသည်။

မုထျန်းဟန်က အလွန်အလုပ်ရှုပ်နေ​ပြီး ချက်ချင်းသွားရန် လိုအပ်နေ၏။ သူက သူတို့အား ကျင်းသာ့ထံ ပြန်ပို့ပေးရန် အခြားဒရိုင်ဘာတစ်ဦးကို မှာကြားခဲ့သည်။

လင်ကျွင်းဖုန်က မုထျန်းဟန်၏ ဂုဏ်ပုဒ်များကို သီချင်းဖွဲ့ဆိုရင်း မုထျန်းဟန်မှာ အရည်အချင်းရှိပြီး ဖော်ရွေသည့် ပြီးပြည့်စုံသော အိုင်ဒေါလ်တစ်ယောက်ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။

၎င်းမှာ အမှန်ပင်ဖြစ်သည်။ ဗီလာတွင် နေပြီးသည့်နောက်ပိုင်း မော့တိ၏အစ်ကိုမှာ ဖော့ဘ်မဂ္ဂဇင်းကထုတ်ပြန်သော အချမ်းသာဆုံးစာရင်းတွင် ပါဝင်သည့် မုထျန်းဟန်မှန်း သိရှိသွားခဲ့ကြသည်။ ရက်အတော်ကြာရှော့ခ်ရသွားကြပြီး ကောင်းမွန်စွာ ပြုမူလာကြသဖြင့် မော့တိ သူတို့အပေါ် စည်းကမ်းချရာ၌ ပိုမိုလွယ်ကူလာခဲ့လေသည်။

မော့တိ ကျောင်းပြန်တက်ပြီး နောက်တစ်ညတွင် တတိယအကြိမ်မြောက် ရှုံးထွက်ပြိုင်ပွဲ၏ ရမှတ်များ ထုတ်ပြန်လာခဲ့သည်။

ယခုအကြိမ်တွင် ဂိမ်းပေါင်း ၅၆ ခုအနက် အခုရေ ၃၀ သာ ပြိုင်ပွဲတွင် ကျန်ရှိတော့၏။

ရှင်းဝေ့သောင်က ရှုံးထွက်ပြိုင်ပွဲကို ကျော်လွှားနိုင်ခဲ့သော်လည်း သူ၏အဆင့်မှာ ဆယ့်နှစ်အထိ ကျဆင်းသွားခဲ့သည်။

မော့တိက ရှင်းဝေ့သောင်၏ ရလဒ်အပေါ် ကျေနပ်နေမိသည်။ မူလက နောက်ဆုံးပွဲစဥ်အထိ ရောက်နိုင်မည်ဟု မမျှော်လင့်ခဲ့သော်လည်း ယခုမူ ဖြစ်နိုင်ချေရှိလေသည်။ သို့သော် သူ၏ နောက်ဆုံးပွဲစဥ်အတွက် ဝှက်ဖဲများကို စောစောထုတ်သုံးလျှင် စွန့်စားရာကျပေလိမ့်မည်။

ဆယ့်နှစ်ယောက်မြောက်အနေအထားတွင် အခြားနှစ်မိနစ်စာဂိမ်းများနှင့် နှိုင်းယှဥ်ပါက မိတ်ဆက်ချိန် သုံးမိနစ်ရှိလေသည်။

ဖန်ချန်းလောင်နှင့် ဟန်ချောင်က သူတို့၏ အုပ်စုဖွဲ့စကားဝိုင်းထဲတွင် ဝမ်းမြောက်စွာ အော်ဟစ်နေကြပြီး အခြားအခန်းဖော် ၃ ဦးသည်လည်း ဝင်ရောက်လာကြသည်။

ဤသို့သော ပတ်ဝန်းကျင်ထဲ ပိတ်မိသွားခဲ့သဖြင့် မော့တိသည်လည်း သူတို့နှင့်တွဲ၍လုပ်ဆောင်နိုင်သည့် သူ၏စွမ်းရည်အပေါ် ဂုဏ်ယူမိလာခဲ့သည်။

TV အစီအစဥ်မှူးက ပြိုင်ပွဲ၏နောက်တစ်ဆင့်အား ကြေငြာခဲ့သည်။

အစမ်းကြည့်ရှုခြင်းနှင့် ရှုံးထွက်ပွဲစဥ်များပြီးသည့်နောက် နောက်ဆုံးပွဲစဥ်သုံးခုသာ ကျန်ရှိတော့သည်။

ထိုသုံးပွဲအတွင်းရှိ ပထမပွဲစဥ်က 'ထိပ်ဆုံးဆယ့်ကိုးသင်း' ဖြစ်သည်။

အမှတ်အများဆုံးရသော အသင်းဆယ့်ကိုးခုက နောက်ပွဲစဥ်တွင် ဆက်လက်ယှဥ်ပြိုင်ခွင့်ရမှာဖြစ်၏။

ယခုပြိုင်ပွဲအဆင့်တွင် အသင်းဝင်အမည်များကို ကြေငြာရန် မလိုအပ်သော်လည်း အသင်းတစ်ခုချင်းစီ၏ ပါဝင်သူအရေအတွက်ကို ထုတ်ပြထားရမှာဖြစ်ကာ အယောက် ၂၀ ထက် ပိုမို၍မရချေ။

ထိုစည်းမျဥ်းကြောင့် အသင်းအမြောက်အများ အကျပ်အတည်းတွင်း ကျရောက်သွားခဲ့ရသည်။ အဓိကအကြောင်းရင်းမှာ သူတို့တွင် အဖွဲ့ဝင်နှစ်ဆယ်ကျော်ရှိနေပြီး မည်သူအားဖယ်ပစ်စေကာမူ အသင်းထဲတွင် စိတ်ဝမ်းကွဲမှုများ ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။ အသင်းတစ်ခုလုံး၏ အကျိုးအမြတ်အတွက် ဖြစ်သော်ငြား အဖွဲ့တွင်းမှ ထုတ်ပယ်ခံရသည့် မည်သူမဆို မကျေမနပ်ဖြစ်မှာဖြစ်သည်။ ထို့အပြင် အဖွဲ့ဝင်များဆုံးရှုံးခြင်းက အလုပ်တာဝန် ပြန်လည်ခွဲယူရစေပြီး အသင်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေသည်။

ကံကောင်းစွာဖြင့် မော့တိက ခွဲတမ်းထက်လူပို​နေမည့် ကိစ္စမျိုးကို စိတ်ပူရန်မလိုအပ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူတစ်ယောက်ထဲအားက ဆယ်ယောက်စာနှင့် ညီမျှလေသည်။ ထို့အပြင် သူ၏လက်ရှိအသင်း၌ ဆယ်ဦးသာပါရှိရာ သူတို့က အသင်းဝင်အသစ်များအတွက်ပင် နေရာလုံလောက်သေးသည်။

Xxxxx

Report content on this page

Chapter 88


ေမာ့တိမွာမူ အမွန္တကယ္ပင္ ထိုေခြးတိုက္ပြဲကို သေဘာက်ေနမိသည္။ ၿခဳံငုံရမည္ဆိုပါက သူတို႔ခ်င္ခ်န္းယီကို အလြယ္တကူျဖဳတ္ခ်နိဳင္မည္ဟု ေတြးထင္ေနျခင္းမွာ သဘာဝမက်ေပ။ သူ႕ကိုခ်ည္ႏွောင္ထားနိုင္ရန္အတြက္ သက္ေသမွာ အလြန္နည္းပါးလြန္းၿပီး ခ်င္ခ်န္းယီတြင္ရွိေနသည့္အာဏာႏွင့္အရင္းအျမစ္မ်ားျဖင့္ သူမလြတ္ေျမာက္သြားနိုင္မွသာ ထူးဆန္းေနေပလိမ့္မည္။

ထို႔အတူ သူတို႔ခ်င္ခ်န္းယီကို မထိနိုင္ေသးပါက ေမာ့လွ်ိုေကြ႕ႏွင့္ ရင္ဆိုင္ရန္ မေတြးသင့္ေပ။ မည္သို႔ပင္ျဖစ္ေစ သူမယခုအေခၚ၌ အက်ိဳးအျမတ္အနည္းငယ္ရရွိခဲ့ေသာ္လည္း သာမန္လူမ်ားအၾကားတြင္ သူမ၏ေရပန္းစားေက်ာ္ၾကားမႈမွာ က်ဆင္းေနဆဲပင္ျဖစ္သည္။

ယခုအခ်ိန္တြင္ သူရင္ဆိုင္ရအခက္ခဲဆုံးလူမ်ားထဲမွာ တစ္ဦးျဖစ္သည့္ ေမာ့စစ္လန္ကို ျဖဳတ္ခ်နိဳင္ခဲ့ၿပီး ေမာ့လွ်ိုေကြ႕ ေအာင္ျမင္ေက်ာ္ၾကားလာမည့္လမ္းေၾကာင္းကို ဖ်က္ဆီးနိုင္ခဲ့သျဖင့္ ၎မွာ အေတာ္ေလးေက်နပ္စရာေကာင္းေသာ ရိတ္သိမ္းမႈျဖစ္ခဲ့ေလသည္။

ေမာ့လွ်ိုေကြ႕၏သတင္းမ်ားကို ဖတ္ၿပီးေနာက္ ေမာ့တိ သူ၏အေၾကာင္းႏွင့္ပတ္သက္၍ ရွာေဖြမႈစာရင္းကို စစ္ေဆးလိုက္ရာ သူ တူညီသည့္ေနရာတြင္သာ နာရီအနည္းငယ္ၾကာသည္အထိ တည္ရွိေနသည္ကို ျမင္လိုက္ရသည္။

သို႔ေသာ္လည္း သူ႕ကို အံ့အားသင့္ေစသည့္အရာမွာ လူထု၏တီထြင္ဖန္တီးနိုင္စြမ္းပင္ျဖစ္သည္။ ဤမွ် အခ်ိန္အေတာ္အတြင္းမွာပင္ အမ်ိဳးစုံေသာစတစ္ကာမ်ားမွာ က်ယ္ျပန႔္စြာ ေပၚထြက္လာကာ လူမ်ားစြာအသုံးျပဳေနၾကသည္။ ဥပမာအားျဖင့္ ' မင္းအေပၚအက္ဆစ္အနည္းငယ္ေလာင္းပါရေစ ဒါမွမဟုတ္ ငါ့ကိုယ္ငါက်ိန္ဆဲလိုက္မွာေနာ္ ၊ မင္းကိုဓားနဲ႕ထိုးပါရေစ ဒါမွမဟုတ္ င့ါကိုယ္ငါ က်ိန္ဆဲပစ္လိုက္မယ္ ၊ ငါ့ကိုစိတ္ရႈပ္ေအာင္လာမလုပ္နဲ႕ ဒိုင္ယာရီေရးလိုက္ရမလား ၊ ခ်ီးပဲ ငါမင္းအတြက္ဒိုင္ယာရီေရးေနၿပီ ' တို႔ပင္ျဖစ္သည္။

ေမာ့တိ စတစ္ကာမ်ားကို ေဒါင္းလုတ္လုပ္လိုက္ျခင္းျဖင့္ ဤထူးဆန္းေသာအင္တာနက္အသုံးျပဳသူမ်ားကို ေထာက္ခံမႈအခ်ိဳ႕ေပးလိုက္သည္။

အစားအေသာက္မ်ားေရာက္လာသည္ႏွင့္ ေမာ့စစ္လန္ႏွင္ပတ္သက္ေသာအျခားသတင္းမ်ားထြက္ေပၚလာသည္။ ၾကည့္ရသည္မွာ ရဲမ်ားက သူ႕ကိုဖမ္းခ်ဴပ္လိုက္ၾကပုံပင္။

ေမာ့စစ္လန္၏ဖန္မ်ားသည္လည္း ဖယ္ရွားခံလိုက္ၾကရၿပီး အခ်ိဳ႕ေသာေခါင္းမာသည့္သူမ်ားသည္သာ ဖိုရမ္မ်ားအတြင္း ေပါက္ကရမ်ားလိုက္ေျပာေနခဲ့သည္။

သူတို႔ သက္ေသမ်ားမွာ အလြန္လ်င္ျမန္စြာရရွိခဲ့သျဖင့္ စစ္မွန္၏လားဆိုသည္ကို ေမးခြန္းထုတ္ေနၾကကာ ရဲမ်ားကိုဆဲဆိုေနၾကၿပီး အာဏာပိုင္အဖြဲ႕မ်ားကိုပင္ အလြတ္မေပးခဲ့ၾကေပ။ ထိုသူမ်ားက ဤျဖစ္ရပ္တြင္ ပူးေပါင္းပါဝင္မႈႀကီးႀကီးရွိေနသည္ဟု ေျပာဆိုေနၾကသည္။

သို႔ေသာ္လည္း ထိုမန႔္မ်ားမွာ အလြန္လူသိနည္းပါးၿပီး အႀကိမ္ထက္ပင္နည္းကာ ျပန္ရွယ္ခဲ့ၾကသည္။ ထို႔ေနာက္ ရဲဌာနမွ သက္ေသမ်ားအားလုံးသည္ အလြန္စစ္မွန္ၿပီး ၎တို႔ကိုရရွိခဲ့ျခင္းမွာ အင္တာနက္အသုံးျပဳသူမ်ား၏စိတ္အားထက္သန္ေသာအကူအညီမ်ားေၾကာင့္ျဖစ္သည္ဟု ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ ထို႔အျပင္ သူတို႔ကိုေဖာ္ၫႊန္းသည့္စတစ္ကာအုပ္စုတစ္ခုကိုပင္ ျပဳလုပ္ေပးခဲ့သည္။

" ျပန္ရွယ္သည့္စာအေစာင္ေရ ငါးရာေက်ာ္ပါက ကြၽန္ေတာ္တို႔ ထမင္းအလကားေကြၽးပါ့မယ္ "

ခိုင္မာျပည့္စုံေသာ သက္ေသမ်ားေၾကာင့္ ေမာ့စစ္လန္ ဖမ္းဆီးခံလိုက္ရကာ အက်ဥ္းေထာင္တစ္ခုအတြင္း ထည့္သြင္းထားခံရၿပီး ဂ်ဴရီအဖြဲ႕၏ ဆုံးျဖတ္ခ်က္ကို ေစာင့္ဆိုင္းေနေစခဲ့သည္။

အႀကီးဆုံးအေဒၚတစ္ေယာက္ အ႐ူးမီးဝိုင္းျဖစ္ေလေတာ့သည္။

ေမာ့စန္းက်စ္ ေထာင္က်စဥ္က သူမသည္ ေဘးမွရပ္ၾကည့္သူ တစ္ဦးအျဖစ္ ဇာတ္လမ္းကို ႏွစ္ၿခိဳက္စြာၾကည့္ခဲ့၏။ အဆုံးသတ္တြင္ မိသားစု၏ ဂုဏ္က်က္သေရကို ညွိုးႏြမ္းေစျခင္းမွာ သူ၏အေမြဆက္ခံခြင့္အား ေသခ်ာေပါက္ ဆုံးရႈံးေစမွာျဖစ္သည္။ ထိုစဥ္က ဒုတိယအေဒၚ၏ တငိုငိုတရယ္ရယ္ျဖစ္ေနခဲ့ျခင္းအေပါ သူမ အထင္ေသးခဲ့မိေသးသည္။

သို႔ေသာ္ ယခု သားျဖစ္သူအဖမ္းခံရသည့္အခါ သူမ၏တည္ၿငိမ္မႈႏွင့္ က်က္သေရကို စြန့္ပစ္လိုက္ၿပီး ေမာ့စစ္လန္အား ကယ္တင္ေပးပါရန္ မိသားစုေခါင္းေဆာင္ထံ ေတာင္းဆိုေတာ့၏။

ဒါေပမယ့္ ေမာ့မိသားစုေခါင္းေဆာင္က ဘယ္စိတ္ရႈပ္ခံပါ့မလဲ...

ေမာ့လုပ္ငန္းစုက အရႈပ္အေထြးထဲသို႔ က်ေရာက္ေန၏။ ကုမၼဏီ၏ ရွယ္ယာမ်ားမွာလည္း ထိုးက်ေနသည္။ အဓိကရွယ္ယာရွင္ အေျမာက္အမ်ားက သူတို႔၏ ရွယ္ယာမ်ားကို စတင္ေရာင္းခ်ေနၾကၿပီျဖစ္သည္။ ခ်င္ခ်န္းယီသာ သူတို႔၏ ကုမၼဏီတြင္ ရင္းႏွီျမႇုပ္ႏွံေငြမ်ားစြာ ထည့္ထားျခင္းမရွိသလို ရွယ္ယာမ်ားကို ျပန္လည္ဝယ္ယူေနျခင္း မရွိပါက ေမာ့မိသားစုမွာ ဖ်က္ဆီးခံခဲ့ရၿပီးျဖစ္လိမ့္မည္။

သို႔ေသာ္ ခ်င္ခ်န္းယီ၏ အကူအညီႏွင့္ပင္ ေမာ့မိသားစုရွယ္ယာမ်ား၏ ေစ်းကြက္ေပါက္ေစ်းမွာ ေ႐ႊေရာင္အခ်ိန္မ်ားႏွင့္ ႏွိုင္းယွဥ္ပါက တစ္ဝက္သာရွိေတာ့သည္။ သူတို႔၏ ဘ႑ာေရးရင္းျမစ္မ်ားမွာလည္း အျခားဒုတိယမ်ိဳးဆက္မိသားစုမ်ားႏွင့္ မည္သို႔မွယွဥ္မရနိုင္ေတာ့ပဲ ထိုအသိုင္းအဝိုင္းသို႔ ဝင္ဆန့္နိုင္႐ုံမွ်သာရွိေတာ့၏။

မိသားစုေခါင္းေဆာင္၏ အျပစ္တင္ႀကိမ္းေမာင္းမႈမ်ားႏွင့္ ဒုတိယအေဒၚ၏ ေထ့ေငါ့မႈမ်ားေၾကာင့္ အႀကီးဆုံးအေဒၚက ႏွလုံးကြဲမတတ္ ငိုေႂကြးေနခဲ့သည္။

မင္းက ငိုရဲေသးတယ္ေပါ့ေလ...မင္းရဲ႕သားကို ဘယ္လိုပ်ိဳးေထာင္ခဲ့လဲၾကည့္စမ္း...သက္ေသကျငင္းစရာေတာင္မရွိဘူး...ေျပာစမ္းပါဦး...ငါ့ကိုဘယ္လိုလုပ္ေစခ်င္ေနတာလဲ...

အဖိုးေမာ့က စားပြဲကို လက္သီးဆုပ္ျဖင့္ ႏွစ္ႀကိမ္ခန့္ ေဒါသတႀကီးထုလိုက္သည္။

မင္းရဲ႕သားက ဘာေတြလုပ္လိုက္သလဲၾကည့္စမ္း...ေမာ့မိသားစုကို ဘယ္ေလာက္ထိ ထိခိုက္ေစခဲ့သလဲ...

အေဖ...ဒါက စစ္လန္ရဲ႕အမွားခ်ည္းပဲမဟုတ္ပါဘူး...

အႀကီးဆုံးအေဒၚက ငိုေနရင္းေျပာသည္။

အေဖ...ေမာ့မိသားစုရဲ႕ က်ဆဳံးမႈက စန္းက်စ္နဲ႕ ဒုတိယအကိုမိသားစုရဲ႕ အမွားပါ...တကယ္လို႔ သူတို႔သာ အျခားမ်ိဳးရိုးျမင့္မိသားစုေတြဆီက လက္ထပ္ပြဲကို ပရိယာယ္မသုံးခဲ့ဘူးဆိုရင္၊ စန္းက်စ္က ေမာ့တိကို အႏၱရာယ္မျဖစ္ေစခဲ့ဘူးဆိုရင္ ေမာ့မိသားစုအေနနဲ႕ အစကတည္းက ဒီအေျခအေနအထိ ေရာက္သြားခဲ့စရာအေၾကာင္းမရွိပါဘူး...

ထိုစကားကို ၾကားသည္ႏွင့္ ဒုတိယအေဒၚ ေဒါသေပါက္ကြဲေလေတာ့သည္။

ေယာင္းမ...ရွင္မွားေနၿပီ...ကြၽန္မတို႔ရဲ႕စန္းက်စ္က အဲ့ဒီ့ေျမေခြးေကာင္ကို ေသြးေဆာင္ဖို႔ ႀကိဳးစားခဲ့႐ုံပဲ...ရွင္က ရွင့္သားနဲ႕ပတ္သတ္တဲ့ အမွန္တရားကို လက္မခံနိုင္တာနဲ႕ ကြၽန္မရဲ႕စန္းက်စ္ကိုပါ ႐ႊံ႕ႏြံထဲဆြဲခ်ေနတာမဟုတ္လား...ရွင့္ရဲ႕သားအႀကီးဆုံး ဝဋ္မလည္ေအာင္ အရင္ဂ႐ုစိုက္သင့္တယ္ေနာ္...

ရွင္ဘာကိုဆိုလိုတာလဲ...ကြၽန္မသားကို က်ိန္ဆဲေနတာလား...

အႀကီးဆုံးအေဒၚက ဒုတိယအေဒၚ၏ ပါးစပ္ကို စုတ္ၿဖဲပစ္ခ်င္လာသည္အထိ ေဒါသထြက္သြားခဲ့သည္။

႐ြမ္ခ်င္းတန့္က သူတို႔အနားသို႔ တိုးကပ္လာၿပီး ျဖန္ေျဖခဲ့သည္။

ေယာင္းမတို႔...ေက်းဇူးျပဳၿပီး ရန္မျဖစ္ၾကပါနဲ႕...မိသားစုထဲမွာ ျပႆနာေတြ ေတာ္ေတာ္မ်ားေနၿပီဆိုတာ မေတြးမိၾကဘူးလား...

နင့္ကိုယ္နင္ ဘာမ်ားထင္ေနတာလဲ...

ယခင္က အေဒၚအႀကီးဆုံးအေနျဖင့္ ႐ြမ္ခ်င္းတန့္အား သည္းခံေပးခဲ့သည္မွာ ေမာ့လွ်ိုေကြ႕၏ မိခင္ျဖစ္ေသာေၾကာင့္ပင္။ သို႔ေသာ္ ယခုမူ သူမက ေဒါသထြက္ေနၿပီး ယူႀကဳံးမရျဖစ္ေနခဲ့ရာ မည္သည့္ေလာကဝတ္ကိုမွ် ေစာင့္စည္းျခင္းမျပဳနိုင္ေတာ့ပဲ ႐ြမ္ခ်င္းတန့္အား ေဘးသို႔တြန္းထုတ္လိုက္ေလသည္။

အႀကီးဆုံးအေဒၚ၏ မထီမဲ့ျမင္အျပဳအမူေၾကာင့္ ႐ြမ္ခ်င္းတန့္ အံ့ၾသတုန္လႈပ္သြားခဲ့၏။ သူမက သတိလက္လြတ္ျဖင့္ ဒူးေထာက္လ်က္လဲက်သြားကာ စားပြဲခုံ၏အစြန္းႏွင့္ထိမိသြားၿပီး နာက်င္စြာေအာ္လိုက္မိသည္။

နင့္မွာ ငါတို႔ကို ဒီလိုေျပာဖို႔ ဘာမ်ားအခြင့္ရွိလို႔လဲ...နင့္ေယာက္်ားက ေမာ့တိကို အကြက္ဆင္ခဲ့ၿပီး အခ်ဳပ္က်ခဲ့တာမဟုတ္လား...ငါတို႔မိသားစုရဲ႕ က်ဆဳံးခန္းက အဲ့ဒီ့ကစတာပဲ...

အႀကီးဆုံးအေဒၚေမာ့က ႐ြမ္ခ်င္းတန့္၏ မ်က္ရည္က်ျခင္းမ်ားႏွင့္ ႏူးညံ့ဟန္ေဆာင္ျခင္းမ်ားကို စိတ္ပ်က္လာခဲ့သည္။ တကယ္တမ္းတြင္ သူမ ထိုအရာမ်ားအား စိတ္ကုန္ခဲ့သည္မွာ အခ်ိန္အေတာ္ၾကာခဲ့ၿပီျဖစ္၏။

ၿပီးေတာ့ နင့္သမီးက သူ႕သိကၡာဆည္ဖို႔အတြက္ ငါ့သားကို ခ်နင္းသြားတာ မေမ့လိုက္နဲ႕ဦး...ငါသူ႕ကို အလိုလိုက္ခဲ့တာေတာင္ ငါ့သားကိုအသုံးခ်ၿပီး ေထာင္က်ေစခဲ့တယ္...သူ ဘယ္လိုမ်ားလုပ္ရက္ရတာလဲ...

ေယာင္းမႀကီး...ရွင္...ရွင္ ဘယ္လိုေျပာလိုက္တာလဲ...

႐ြမ္ခ်င္းတန့္ မတ္တပ္ရပ္လိုက္သည္။ သူမက ခါးကိုကိုင္ကာ နာၾကည္းစြာငိုေႂကြးေတာ့သည္။

ေရွာင္ေကြ႕က ရွင့္သားကို ဘာအတြက္နဲ႕မွ အသုံးမခ်ခဲ့ဘူး...သူမက ေမာ့တိကို ငယ္ငယ္ကတည္းက အရမ္းခ်စ္တာ...ေမာ့တိကို အႏၱရာယ္ျပဳဖို႔ သူမ ေသခ်ာေပါက္ သေဘာတူမွာမဟုတ္ဘူး...သူမရဲ႕စကားက သူမရင္ထဲကလာတာ...သူမက ရွင့္သားကိုခ်နင္းခဲ့တာမဟုတ္ဘူး...

ေနာက္ၿပီး ေစာင့္ၾကည့္ခံရတာေတြက ခ်န္းယီရဲ႕ ကိုယ္ပိုင္ဆႏၵပဲ...အဲ့ဒါေၾကာင့္ သူမက သူ႕ကိုမုန္းေနခဲ့ၿပီေလ...ရွင္က ကြၽန္မသမီးကို အသေရဖ်က္ခ်င္ေနတာပဲ...သူမကေတာ့ ကြၽန္မကိုဖုန္းဆက္ၿပီး ရွင္အဆင္ေျပရဲ႕လားလို႔ေတာင္ ေမးခဲ့ေသးတယ္...စစ္လန္အတြက္ အျပစ္ဒဏ္ေလ်ာ့ဖို႔ သူမ ႀကိဳးစားေနေၾကာင္းေျပာရင္း ရွင့္ကိုႏွစ္သိမ့္ေပးဖို႔ ကြၽန္မကိုမွာေနခဲ့တာ...သူမက မိသားစုအတြက္ပဲ ၾကည့္တတ္တဲ့ ၾကင္နာတတ္တဲ့ မိန္းကေလးတစ္ေယာက္ပါ...ေယာင္းမ...ကြၽန္မသမီးကို အသေရဖ်က္ေနတဲ့အခ်ိန္ လိပ္ျပာမလုံမျဖစ္ဘူးလား...

ငါက နင့္သမီးကို အသေရဖ်က္တယ္ဟုတ္လား...

အႀကီးဆုံးအေဒၚ၏ မ်က္ဝန္းမ်ားက ေဒါသျဖင့္ ေသြးေရာင္ရဲလာခဲ့သည္။ တစ္ခ်ိန္ထဲတြင္ ဤကဲ့သို႔ေသာျမင္ကြင္းအား ရင္းႏွီးသေယာင္ ခံစားလာခဲ့ရ၏။

အဲ့ဒီ့ တိရစ္ဆာန္ေကာင္ေမာ့တိ ဒီမွာရွိတုန္းက ဒီလိုျမင္ကြင္းမ်ိဳး မေရမတြက္နိုင္ေအာင္ ျဖစ္ခဲ့ဖူးတာပဲ...

မဟုတ္ေသးေခ်။ သူက ပိုမိုခံစားခဲ့ရသည္။ အခ်ိန္တိုင္း ေရွာင္ေကြ႕ေၾကာင့္ ျပင္းျပင္းထန္ထန္ဆုံးမခံရကာ အရိုက္ခံရေလ့ရွိသည္။ ေရွာင္ေကြ႕က သူ႕အား ဆက္လက္မရိုက္ေတာ့ရန္ သူတို႔ကိုငိုယိုေျပာဆိုသည့္အခါ သူတို႔ရင္နာလာၿပီး သူမအား စတင္ေခ်ာ့ေမာ့ၾက၏။ ေမာ့တိ ေဆး႐ုံအႀကိမ္ႀကိမ္တက္ရသည့္အခါတြင္ပင္ သူတို႔က ေရွာင္ေကြ႕ကိုသာ ၾကင္နာတတ္ေသာမိန္းကေလးအျဖစ္ ဝိုင္းဝန္းခ်ီးက်ဴးၾကေလ့ရွိသည္။

ေမာ့တိက မေက်နပ္ေၾကာင္း တီးတိုးေျပာဆိုသည့္ အခါမ်ိဳးတြင္ ယုတ္မာသူအျဖစ္ ေခါင္းစဥ္တပ္ခံရကာ သူ၏အစ္မအား အသေရဖ်က္သူအျဖစ္ စြပ္စြဲခံရေလသည္။

အႀကီးဆုံးအေဒၚက ႏွလုံးသားအတြင္းမွ တုန္လႈပ္ေျခာက္ျခားသြားခဲ့သည္။

အဲ့ဒီ့တုန္းက သူမရဲ႕သားသာ ေမာ့လွ်ိုေကြ႕ရဲ႕ မ်က္ရည္ေတြနဲ႕ ၾကင္နာတတ္တဲ့ႏွလုံးသားေၾကာင့္ ႏွိပ္စက္ညွင္းပန္းခံခဲ့ရတယ္ဆိုရင္ သူမ ေပ်ာ္နိုင္ပါ့မလား...

ထို႔ေနာက္ အႀကီးဆုံးအေဒၚ၏အမုန္းက ေမာ့တိထံဦးတည္သြားခဲ့သည္။

ေမာ့မိသားစုထံမွ စြန့္ခြာသြားခဲ့သည့္အတြက္ သူ႕ကိို မုန္းတီးလာခဲ့သည္။

တကယ္လို႔ သူသာ ငါတို႔နဲ႕တစ္မိုးေအာက္ထဲရွိေနရင္ ဒီကိစၥေတြက ငါတို႔အေပၚ က်လာစရာအေၾကာင္းမရွိဘူးေလ...ၿပီးေတာ့ ငါ့သားမွာျဖစ္တဲ့ကိစၥကလည္း တကယ္ဆို သူ႕ဆီမွာပဲျဖစ္သင့္တာ...

ေမာ့လွ်ိုေကြ႕အား မလိုမုန္းတီးမႈျပရန္မွာ မျဖစ္နိုင္ေခ်။ ခ်င္ခ်န္းယီ ဒုတိယအေဒၚအား ကန္ထုတ္လိုက္ပုံကို ျပန္ေတြးၾကည့္႐ုံႏွင့္ သူမပါထိတ္လန့္လာခဲ့၏။ သို႔ေသာ္ မည္သို႔ပင္ျဖစ္ေစ၊ စိတ္ဝမ္းကြဲမႈမ်ိဳးေစ့က အေျခတည္သြားခဲ့ၿပီျဖစ္သည္။

.

ထိုစဥ္ ေမာ့တိက သူတစ္ခ်ိန္က တစ္စုံတစ္ဦး၏ စဥ့္ႏွီတုံးေပၚသို႔ ေရာက္ရွိခဲ့ေၾကာင္း သတိမရခဲ့မိေခ်။

သို႔ေသာ္ သူသိလွ်င္လည္း အေရးလုပ္မည္မဟုတ္။ ေမာ့မိသားစုရွိ မည္သူကမွ သူ႕ရင္ထဲတြင္မရွိေခ်။

ယခု ေမာ့တိက သူ႕ဂိမ္း၏ပထမအခန္းကို အားလပ္ရက္အဆုံး၌ အၿပီးသတ္ရန္ႀကိဳးစားရင္း အလုပ္မ်ားေနခဲ့သည္။

ရွန့္ယြီေခ်ာင္၊ လင္ကြၽင္းဖုန္ႏွင့္ ခ်န္ေက်ာင္းတို႔က မုထ်န္းဟန္၏ခြင့္ျပဳခ်က္ျဖင့္ ဗီလာတြင္ ေနခြင့္ရခဲ့သည္။

သူတို႔ ဤေနရာကိုေရာက္ကာစက ရွန့္ယြီေခ်ာင္ႏွင့္ လင္ကြၽင္းဖုန္တို႔ ဗီလာအႏွံ႕ စိတ္လႈပ္ရွားစြာေလွ်ာက္ၾကည့္ရင္း ဘဝ၏တရားမမွ်တမႈအား ညည္းတြားခဲ့ၾက၏။

ထို႔ေနာက္ ေမာ့တိက သူတို႔ကိုအလုပ္မ်ားခြဲေဝေပးေတာ့သည္။

ရွန့္ယြီေခ်ာင္က ဤကဲ့သို႔လွပေသာေနရာတြင္ သူတို႔အား အလုပ္ခိုင္းသည့္အတြက္ ေမာ့တိအား တိတ္တဆိတ္ဆႏၵျပခဲ့ေသးသည္။

ဤသို႔ျဖင့္ နိုင္ငံဆိုင္ရာ အားလပ္ရက္မ်ား ၿပီးဆုံးသည္ႏွင့္ ေမာ့တိ၏အဖြဲ႕မွာလည္း 'အဆုံးမဲ့ဘဝ' ဂိမ္း၏ ပထမအခန္းကို ျပင္ဆင္ၿပီးသြားခဲ့ေလသည္။

ေမာ့တိက ေက်ာင္းသြားသည့္အခါ မုထ်န္းဟန္ကိုထားခဲ့ဖို႔ တြန့္ဆုတ္ေနခဲ့သည္။ သူတို႔္အုပ္စုကလည္း ဆက္လက္ေနခ်င္ေနသျဖင့္ တနလၤာေန႕မနက္အထိ အတူတူရွိခဲ့ၾက၏။

ေက်ာင္းမသြားခင္ သူက အုပ္စုတြင္းမွခိုးထြက္ကာ မုထ်န္းဟန္အား ေပြ႕ဖက္လိုက္သည္။

မုထ်န္းဟန္၏တုံံ့ျပန္မႈက ေကာင္ေလးကို တင္းၾကပ္စြာေပြ႕ဖက္ကာ ဆံႏြယ္မ်ားေပၚသို႔ အနမ္းဖြဖြေႁခြလိုက္ျခင္းျဖစ္ပင္။

ေမာ့တိ အနမ္းေၾကာင့္ ရွက္ေသြးျဖာသြားခဲ့ေသာ္လည္း မုထ်န္းဟန္ကို ဖက္တြယ္ထားဆဲပင္။ ရွန့္ယြီေခ်ာင္၏ ေခၚသံၾကားခါမွ မုထ်န္းဟန္၏ လက္ေမာင္းမ်ား အတြင္းမွ တြန့္ဆုတ္စြာ ႐ုန္းထြက္လိုက္ေလသည္။

မုထ်န္းဟန္က အလြန္အလုပ္ရႈပ္ေနၿပီး ခ်က္ခ်င္းသြားရန္ လိုအပ္ေန၏။ သူက သူတို႔အား က်င္းသာ့ထံ ျပန္ပို႔ေပးရန္ အျခားဒရိုင္ဘာတစ္ဦးကို မွာၾကားခဲ့သည္။

လင္ကြၽင္းဖုန္က မုထ်န္းဟန္၏ ဂုဏ္ပုဒ္မ်ားကို သီခ်င္းဖြဲ႕ဆိုရင္း မုထ်န္းဟန္မွာ အရည္အခ်င္းရွိၿပီး ေဖာ္ေ႐ြသည့္ ၿပီးျပည့္စုံေသာ အိုင္ေဒါလ္တစ္ေယာက္ျဖစ္ေၾကာင္း သတ္မွတ္ခဲ့သည္။

၎မွာ အမွန္ပင္ျဖစ္သည္။ ဗီလာတြင္ ေနၿပီးသည့္ေနာက္ပိုင္း ေမာ့တိ၏အစ္ကိုမွာ ေဖာ့ဘ္မဂၢဇင္းကထုတ္ျပန္ေသာ အခ်မ္းသာဆုံးစာရင္းတြင္ ပါဝင္သည့္ မုထ်န္းဟန္မွန္း သိရွိသြားခဲ့ၾကသည္။ ရက္အေတာ္ၾကာေရွာ့ခ္ရသြားၾကၿပီး ေကာင္းမြန္စြာ ျပဳမူလာၾကသျဖင့္ ေမာ့တိ သူတို႔အေပၚ စည္းကမ္းခ်ရာ၌ ပိုမိုလြယ္ကူလာခဲ့ေလသည္။

ေမာ့တိ ေက်ာင္းျပန္တက္ၿပီး ေနာက္တစ္ညတြင္ တတိယအႀကိမ္ေျမာက္ ရႈံးထြက္ၿပိဳင္ပြဲ၏ ရမွတ္မ်ား ထုတ္ျပန္လာခဲ့သည္။

ယခုအႀကိမ္တြင္ ဂိမ္းေပါင္း ၅၆ ခုအနက္ အခုေရ ၃၀ သာ ၿပိဳင္ပြဲတြင္ က်န္ရွိေတာ့၏။

ရွင္းေဝ့ေသာင္က ရႈံးထြက္ၿပိဳင္ပြဲကို ေက်ာ္လႊားနိုင္ခဲ့ေသာ္လည္း သူ၏အဆင့္မွာ ဆယ့္ႏွစ္အထိ က်ဆင္းသြားခဲ့သည္။

ေမာ့တိက ရွင္းေဝ့ေသာင္၏ ရလဒ္အေပၚ ေက်နပ္ေနမိသည္။ မူလက ေနာက္ဆုံးပြဲစဥ္အထိ ေရာက္နိုင္မည္ဟု မေမွ်ာ္လင့္ခဲ့ေသာ္လည္း ယခုမူ ျဖစ္နိုင္ေခ်ရွိေလသည္။ သို႔ေသာ္ သူ၏ ေနာက္ဆုံးပြဲစဥ္အတြက္ ဝွက္ဖဲမ်ားကို ေစာေစာထုတ္သုံးလွ်င္ စြန့္စားရာက်ေပလိမ့္မည္။

ဆယ့္ႏွစ္ေယာက္ေျမာက္အေနအထားတြင္ အျခားႏွစ္မိနစ္စာဂိမ္းမ်ားႏွင့္ ႏွိုင္းယွဥ္ပါက မိတ္ဆက္ခ်ိန္ သုံးမိနစ္ရွိေလသည္။

ဖန္ခ်န္းေလာင္ႏွင့္ ဟန္ေခ်ာင္က သူတို႔၏ အုပ္စုဖြဲ႕စကားဝိုင္းထဲတြင္ ဝမ္းေျမာက္စြာ ေအာ္ဟစ္ေနၾကၿပီး အျခားအခန္းေဖာ္ ၃ ဦးသည္လည္း ဝင္ေရာက္လာၾကသည္။

ဤသို႔ေသာ ပတ္ဝန္းက်င္ထဲ ပိတ္မိသြားခဲ့သျဖင့္ ေမာ့တိသည္လည္း သူတို႔ႏွင့္တြဲ၍လုပ္ေဆာင္နိုင္သည့္ သူ၏စြမ္းရည္အေပၚ ဂုဏ္ယူမိလာခဲ့သည္။

TV အစီအစဥ္မႉးက ၿပိဳင္ပြဲ၏ေနာက္တစ္ဆင့္အား ေၾကျငာခဲ့သည္။

အစမ္းၾကည့္ရႈျခင္းႏွင့္ ရႈံးထြက္ပြဲစဥ္မ်ားၿပီးသည့္ေနာက္ ေနာက္ဆုံးပြဲစဥ္သုံးခုသာ က်န္ရွိေတာ့သည္။

ထိုသုံးပြဲအတြင္းရွိ ပထမပြဲစဥ္က 'ထိပ္ဆုံးဆယ့္ကိုးသင္း' ျဖစ္သည္။

အမွတ္အမ်ားဆုံးရေသာ အသင္းဆယ့္ကိုးခုက ေနာက္ပြဲစဥ္တြင္ ဆက္လက္ယွဥ္ၿပိဳင္ခြင့္ရမွာျဖစ္၏။

ယခုၿပိဳင္ပြဲအဆင့္တြင္ အသင္းဝင္အမည္မ်ားကို ေၾကျငာရန္ မလိုအပ္ေသာ္လည္း အသင္းတစ္ခုခ်င္းစီ၏ ပါဝင္သူအေရအတြက္ကို ထုတ္ျပထားရမွာျဖစ္ကာ အေယာက္ ၂၀ ထက္ ပိုမို၍မရေခ်။

ထိုစည္းမ်ဥ္းေၾကာင့္ အသင္းအေျမာက္အမ်ား အက်ပ္အတည္းတြင္း က်ေရာက္သြားခဲ့ရသည္။ အဓိကအေၾကာင္းရင္းမွာ သူတို႔တြင္ အဖြဲ႕ဝင္ႏွစ္ဆယ္ေက်ာ္ရွိေနၿပီး မည္သူအားဖယ္ပစ္ေစကာမူ အသင္းထဲတြင္ စိတ္ဝမ္းကြဲမႈမ်ား ျဖစ္လာနိုင္ေသာေၾကာင့္ျဖစ္သည္။ အသင္းတစ္ခုလုံး၏ အက်ိဳးအျမတ္အတြက္ ျဖစ္ေသာ္ျငား အဖြဲ႕တြင္းမွ ထုတ္ပယ္ခံရသည့္ မည္သူမဆို မေက်မနပ္ျဖစ္မွာျဖစ္သည္။ ထို႔အျပင္ အဖြဲ႕ဝင္မ်ားဆုံးရႈံးျခင္းက အလုပ္တာဝန္ ျပန္လည္ခြဲယူရေစၿပီး အသင္း၏ စိတ္ဓာတ္ပိုင္းဆိုင္ရာႏွင့္ လုပ္ေဆာင္နိုင္စြမ္းကို က်ဆင္းေစသည္။

ကံေကာင္းစြာျဖင့္ ေမာ့တိက ခြဲတမ္းထက္လူပိုေနမည့္ ကိစၥမ်ိဳးကို စိတ္ပူရန္မလိုအပ္ေခ်။ အဘယ့္ေၾကာင့္ဆိုေသာ္ သူတစ္ေယာက္ထဲအားက ဆယ္ေယာက္စာႏွင့္ ညီမွ်ေလသည္။ ထို႔အျပင္ သူ၏လက္ရွိအသင္း၌ ဆယ္ဦးသာပါရွိရာ သူတို႔က အသင္းဝင္အသစ္မ်ားအတြက္ပင္ ေနရာလုံေလာက္ေသးသည္။

Xxxxx

Report content on this page

Weiterlesen

Das wird dir gefallen

136K 5.1K 9
DISCONTINUED ╰┈➤ 𝗚𝗼𝗷𝗼 𝗦𝗮𝘁𝗼𝗿𝘂 𝘅 𝗠𝗮𝗸𝗶𝗺𝗮 𝗥𝗲𝗮𝗱𝗲𝗿 𝙿𝚂𝚈𝙲𝙷𝙾𝙿𝙰𝚃𝙷 | A mentally unstable person especially a person having an e...
220K 427 19
Just a horny girl
261K 5.9K 57
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc
19.4K 1.7K 10
အာဏာရှင်ဧကရာဇ်၏ ဧကရီမိဖုရား Associated Names 嫁给暴君的男人[穿书] Author 乔柚 English Title: The man who married Tyrant Status in COO 88 Chapters + 26 Extras အ...