ပြန်လည်မွေးဖွားလာသော အမြောက်စ...

By PrettiOcean

143K 15.2K 401

This is not my own story More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-85

717 76 0
By PrettiOcean

Chapter 85

Sue Xing NwayApril 20, 2023

Chapter 85


သူတို့၏အစီအစဉ်မှာ မော့တိ၏ခြံဝန်းထဲသို့ တစ်စုံတစ်ခုကျသွားရန်လုပ်ဆောင်ကြမည်ဖြစ်ပြီး တစ်ဖက်လှည့်ဖြင့် တံခါးခေါက်ကာ မော့တိ ထဖွင့်မည့်အချိန်၌ အက်ဆစ်နှင့်ပက်မည် သို့မဟုတ် ဓားနှင့်ထိုးမည်ဖြစ်သည်။ မော့တိ သူတို့ဦးနှောက်အလုပ်လုပ်ပုံနှင့် ပက်သက်၍ အံ့ဩသာနေရသည်။ ထိုသူများမှာ မိုက်မဲလွန်းသည်လော သို့မဟုတ် မာနကြီးလွန်းနေသည်လော။ သူတို့ကိုယ်သူတို့ အသက်မပြည့်သေးသည့်အတွက် အဖမ်းမခံရဘူးဟု ထင်နေကြသည်လော။ သို့မဟုတ် အဖမ်းခံရလျှင်ပင် ကွင်းလုံးကျွတ်လွတ်နိုင်သည်ဟု ထင်နေကြသည်လော…။

အဲဒါက ပြစ်မှုတစ်ခုဖြစ်နေတာကို အသာထားဦး၊ သူတို့လုပ်နေတဲ့အရာက တစ်စုံတစ်ယောက်ရဲ့ဘဝကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာကော သူတို့သိရဲ့လား…

ထိုသူများမှာ မော့တိကို ကိုင်တွယ်မည့်အစီအစဉ်များကို ဆွေးနွေးကြချိန်၌ အလွန်ဖြောင့်မတ်နေသောပုံစံဖြင့် ပြော‌ဆိုနေကြကာ သူတို့၏ မမျှမတဆက်ဆံခံနေသော စစ်လန်ကောကောအတွက် လက်စားချေပေးကြမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တစ်လောကလုံးမှာ မော့တိကြောင့် မျက်ကန်းဖြစ်နေကြကာ သူတို့၏အရည်အချင်းရှိပြီး စိတ်နှလုံးဖြူစင်သည့် စစ်လန်ကောကောမှာ အတိုက်ခိုက်ခံနေရခြင်းကြောင့်ပင်။

မော့တိ ထိုစာများက သူ၏ဦးနှောက်ကို ဖျက်ဆီးပစ်မည်ဆိုးသောကြောင့် ဖတ်နေခြင်းကို ရပ်တန့်လိုက်ရသည်။

ထိုအုပ်စုမှာ အလွန်ခေါင်းမာလွန်းလှခြင်း သို့မဟုတ် ဝက်ဘ်ဆိုဒ်တွင် သက်သေအားလုံးကိုတင်၍ မော့စစ်လန်၏မျက်နှာစစ်ကို ခွာချပြီးသည်အထိပင် တိုးမပေါက်နိုင်အောင် ဦးနှောက်ဆေးခြင်းခံထားရသည်ပင်။ ထိုအစား သူတို့၏အိုင်ဒေါမှာ အပြင်လောက၏စွပ်စွဲခြင်းကို ခံနေရသည်ဟုသာ မှတ်ယူနေကြသည်။

တစ်နည်းအားဖြင့် မော့တိ သူတို့၏သစ္စာရှိမှုကို အတော်လေးစိတ်ဝင်စားမိသည်။

တစ်ဖက်တွင်ရှိသော မုထျန်းဟန်မှာမူ မော့တိလောက် တည်ငြိမ်နေခြင်းမရှိပေ။ သူရဲမခေါ်မိစေရန် အတော်လေးချုပ်တီးနေရလေသည်။

ချင်ချန်းယီ၏အကူအညီဖြင့် အစွန်းရောက်အဖွဲ့မှာ ဗီလာသို့ ဝင်ရောက်နိုင်ခဲ့ပြီး မော့တိနှင့်မုထျန်းဟန်တို့၏တံခါးကို အတိအကျပင် ရှာတွေ့သွားကြသည်။

ထို့နောက် မိန်းကလေးများက စတင်၍ကြက်တောင်ရိုက်နေကြသည်။

တစ်ပွဲ သို့မဟုတ် နှစ်ပွဲအပြီးတွင် ကြက်တောင်မှာ မတော်တဆ ခြံစည်းရိုးကိုကျော်ကာ ဗီလာ၏ခြံဝန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူတို့၏ဆိုးဝါးလှသော သရုပ်ဆောင်ချက်ကို မော့တိ တစ်စက္ကန့်လေးမျှ ဆက်မကြည့်နိုင်တော့ချေ။ သူပေါက်တူးတစ်ခုကိုယူကာ ခြံထဲသို့ ဆင်းလာခဲ့ပြီး စွမ်းစွမ်း၏မစင်များကို သန့်ရှင်းဟန်ဆောင်လိုက်သည်။ မော့တိ ခါးကိုကိုင်းကာ အပြစ်တင်နေခဲ့သည် ။

" မင်းဘာလုပ်ခဲ့လဲဆိုတာ ကြည့်ပါဦး.. နေရာတိုင်းမှာ မင်းအီးတွေကြီးပဲ…"

သူ၏ဘေးမှ စွမ်းစွမ်းမှာမူ စိုစွတ်နေသည့်မျက်လုံးများဖြင့် သူ့ကိုကြည့်ကာ သူအဘယ့်ကြောင့် အပြစ်တင်ခံရသည်ကို မသိသကဲ့သို့ အပြစ်ကင်းသော အူသံပေးလိုက်သည် ။

" အာဝု…"

မိန်းကလေးများမှ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူ့ကို အလျင်အမြန်လှမ်းခေါ်လိုက်သည်။

" ဟိုင်းး တစ်ခုလောက်ကူညီပေးလို့ရလား…"

မော့တိ ရပ်တန့်လိုက်ကာ ဂိတ်အပြင်မှလူများကို ကြည့်လိုက်ပြီး

" ဘာလိုချင်လို့လဲ…"

မိန်းကလေးတစ်ယောက်မှ မော့တိကို သတိတကြီးကြည့်လိုက်ပြီးနောက် အခြားသူများကို မျက်လုံးမှိတ်ပြလိုက်သည်။

ပိုနီတေးစည်းထားသော မိန်းကလေးတစ်ယောက်မှ မော့တိဘက်သို့ လှည့်လာကာ ပြုံးလျက်

" ဟိုင်း ကျွန်မတို့ရဲ့ကြက်တောင်က ရှင့်ခြံဝန်းထဲကျသွားလို့လေ..အဲ့ဒါ တစ်ချက် ကောက်ပေးလို့ရနိုင်မလား…"

မော့တိ တစ်ယောက်မှာ လက်ဗလာဖြစ်နေပြီး နှစ်ယောက်မှာ လက်နက်ထည့်ထားသည်နှင့်တူသော ပုခုံးလွယ်အိတ်ကို လွယ်ထားသည့် မိန်းကလေးသုံးယောက်ကို ကြည့်လိုက်သည်။

" ကောင်းပြီလေ…"

မော့တိခေါင်းငြိမ့်ပြလိုက်ကာ ပေါက်တူးကို လက်တစ်ဖက်မှကိုင်လျက် ကြက်တောင်သွားကောက်ပေးလိုက်သည်။ လမ်းတစ်ဝက်မှာပင် ကလစ်ဟူသောအသံနှင့်အတူ တံခါးပွင့်လာပြီး မုထျန်းဟန် ထွက်လာလေသည်။

" ဘာဖြစ်တာလဲ…"

" အဲ့ကောင်မလေးတွေရဲ့ကြက်တောင်က ကျွန်တော်တို့ဝန်းထဲကျသွားလို့တဲ့…"

မော့တိ ပြန်ဖြေလိုက်သည်။

" အမ်…ကိုယ့်ကိုပေးလေ ကိုယ်သွားပေးလိုက်မယ်…" ‌

မုထျန်းဟန် သတိပေးချက်တစ်စုံတစ်ရာမပေးပါဘဲနှင့် မော့တိလက်ထဲမှကြက်တောင်ကို အမြန်လှမ်းယူလိုက်သည်။

မော့တိ တံခါးကိုဖွင့်ရန် ထွက်သွားပြီဖြစ်သော ‌မုထျန်းဟန်ကို ကြည့်လိုက်မိသည်။

တကယ်တမ်းတွင် ထိုအချိန်၌ သူတို့တွင်သာ အသိဉာဏ်ရှိမှု တစ်အောင်စလေးမျှရှိနေပြီး သူတို့၏ဒေါသကြောင့် ရှုပ်ထွေးမနေခဲ့ဘူးဆိုပါက သူတို့ အဘယ့်ကြောင့် အရပ်ရှည်သည့်လူမှာ ခြံဝန်းကိုကျော်၍ပြန်ပစ်ပေးမည့်အစား ဂိတ်တံခါးကိုဖွင့်နေသည်နည်းဟု မေးရပေမည်။

သို့သော်လည်း ထပ်မံ၍ သူတို့၏ခေါင်းသာ ကြည်လင်နေပါက သူတို့အစထဲကပင် ဤအရာကို လုပ်လိမ့်မည် မဟုတ်ချေ။

မော့တိ အထဲတွင် ကျန်နေသည်ကို မြင်လိုက်ရသဖြင့် ထိုသုံးဦးမှာ ယောက်ယက်ခတ်သွားကြသည်။ သူတို့၏မော့တိအပေါ်ရှိနေသောဒေါသမှာ ထွက်မလာခြင်းဖြင့် သူတို့၏အိုင်ဒေါအပေါ် လက်စားချေပေးမှုကို ဖျက်စီးလိုက်ခြင်းကြောင့် ပို၍ပင် မြင့်တက်လာခဲ့သည်။

မော့တိ၏ စိတ်အားထက်သန်စွာစောင့်ကြည့်နေမှုကြောင့် ပိုနီတေးစည်းထားသည့် မိန်းကလေးက သူမ၏အိတ်ထဲမှ တစ်စုံတစ်ခု ထုတ်ယူလိုက်သည်ကို မြင်လိုက်သဖြင့် သူ မုထျန်းဟန်၏လုံခြုံမှုအတွက် စိုးရိမ်သွားကာ ချက်ခြင်းဆိုသလို သူတို့ထံသို့ အပြေးသွားလိုက်သည်။ သူနီးကပ်လာသည်နှင့် ထိုမိန်းကလေးမှ ဓားကိုယူကာ မုထျန်းဟန်ကို ထိုးချလိုက်လေသည်။

မုထျန်းဟန် နောက်သို့ခြေတစ်လှမ်းဆုတ်ကာ ရှောင်လိုက်ပြီးနောက် လက်ထဲရှိဓားကို ကန်ထုတ်ပစ်လိုက်သည်။

ထိုမိန်းကလေးမှာ နာကျင်မှုကြောင့် ငိုကြွေးသွားရလေသည်။

တစ်ချိန်တည်းမှာပင် ကျန်သည့်နှစ်ယောက်မှာ မော့တိဆီသို့ ပြေးဝင်လာကြကာ သူတို့ထဲမှ တစ်ယောက်၏လက်ထဲတွင် အက်ဆစ်ပုလင်းကို ကိုင်ထားခဲ့သည်။ သူမပုလင်းကိုဖွင့်ကာ လှမ်းပက်ရန်ကြိုးစားလိုက်သော်လည်း မော့တိ ပေါက်ပြားကိုသုံးကာ သူမလက်ထဲမှ ပုလင်းကို ရိုက်ချလိုက်သည်။ မိန်းကလေးမှ ပုလင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ မော့တိကိုပက်ရန် ထပ်မံကြိုးစားလိုက်ပြန်သည်။ မည်သို့ပင်ဖြစ်စေ သူမ၏လက်ကောက်ဝတ်မှာ အားလျော့သွားသဖြင့် လက်ထဲမှချော်ထွက်ကာ ပွင့်နေသည့်ပုလင်းထဲမှ အက်ဆစ်အချို့မှာ သူမနှင့် သူမဘေးရှိမိန်းကလေး၏ လက်မောင်းပေါ်သို့ ဖိတ်စင်သွားလေသည်။

အားးးးးးးး

ထိုမိန်းကလေးများ၏ မျက်နှာပေါ်ရှိ ဒေါသနှင့်နာကျည်းမှုများ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားကာ နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသည်။

မုထျန်းဟန် သုံးမိနစ်စောကာ ခေါ်ထားသော လုံခြုံရေးအဖွဲ့မှာ ယခုအချိန်တွင် ရောက်ရှိလာကြပြီဖြစ်ကာ သူတို့ အမြန်မေးခွန်းမေးလိုက်သည် ။

" ဘာတွေလဲ ဘာဖြစ်တာလဲ…"

" လူတွေကို အက်ဆစ်နဲ့ဓားသုံးပြီး တိုက်ခိုက်တာပဲ … ရဲခေါ်လိုက်တာ ပိုကောင်းမယ်…"

မုထျန်းဟန်၏စိတ်အခြေအနေမှာ အတော်လေးဆိုးရွားနေသည်။ သူ့ကိုဓားနှင့်ထိုးသည့်မိန်းကလေးကို ဖမ်းချုပ်ထားချိန်၌ အက်ဆစ်ပုလင်းကိုင်ထားသည့် ကျန်သူနှစ်ဦးမှ မော့တိထံ ပြေးဝင်သွားချိန်တွင် သူ၏နှလုံးသားရပ်တန့်သွားခဲ့ရသည်။

အကယ်၍သာ မော့တိ သူ၏ပေါက်ပြားကို အချိန်မီမသုံးနိုင်ခဲ့ရင်ကော… သူမည်သို့လုပ်ရမည်ကိုပင် မစဉ်းစားရဲတော့ပေ။

အလွန်ငယ်ရွယ်သော်လည်း အဆိပ်ပြင်းလှသည်။ ထိုပရိသတ်များမှာ သူတို့၏နတ်ဘုရားမော့စစ်လန်မှလွဲ၍ မည်သည့်ဆင်ခြင်တုံးတရားမှ မရှိတော့ချေ။

ထိခိုက်ဒဏ်ရာရရသွားခဲ့ကော နှစ်ယောက်မှာ ငိုကြွေးကာ ပြတ်တိပြတ်တောင်းဖြင့် မော့တိကို ဆဲဆိုနေကြသည်။ ဒဏ်ရာမရရှိခဲ့သည့် ပရိသတ်မိန်းကလေးမှာမူ မော့တိအား ဒေါသနှင့်မုန်းတီးမှုအပြည့်နှင့် စိုက်ကြည့်နေသည်။

" နင်အပြစ်ပေးခံရလိမ့်မယ်… ငါတို့ကောကောကို အန္တရာယ်ပေးတဲ့အတွက် လက်စားချေမှုကတော့ရှိလာဦးမှာ…နင်အပြစ်ပေးခံရမှာ… ငါ နင့်ကိုကားတိုက်ခံရပါစေလို့ ကျိန်တယ်…‌နင်သေတဲ့အထိ အတိုက်ခံရပါစေ…ဘယ်လိုကြောင့်များ မနာလိုရုံလေးနဲ့ ငါတို့ကောကောကို ဒုက္ခပေးရတာလဲ.. အနှေးနဲ့အမြန်ကို ငါတို့ကိုထောက်ခံတဲ့သူတွေရှိလာဦးမှာ… နင်အသေဆိုးနဲ့သေရလိမ့်မယ်…"

မော့တိ သူမ၏ မနာလိုသည့်အကြောင်းပြောချိန်၌ ဆက်လက်သည်းမခံနိုင်တော့ချေ။ သူဘဝင်မြင့်သည့်အမူအယာဖြင့် မလှည့်ဘဲမနေနိုင်တော့ကာ သူမ၏မျက်နှာကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်မိသည်။

" အမ်းးး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မှန်တာတချို့တော့ရှိတယ်…အစကတော့ နင်တို့ရဲ့ကောကောကို ငါမနာလိုမဖြစ်မိဘူးရယ်.. ဒါပြီးရင်တော့ သူ အချိန်အတော်ကြာတဲ့အထိ ထမင်းအလကားစားရတော့မှာမလို့ နည်းနည်းမနာလိုဖြစ်မိမယ်ထင်တယ်…"

မကြာမီအချိန်တွင် မော့စစ်လန်၏အစွန်းရောက်ဖန်များမှ ဆာလဖျူရစ်အက်ဆစ်ဖြင့် တိုက်ခိုက်ခြင်းဟူသော ခေါင်းစီးမှာ အဓိကဝဘ်ဆိုဒ်များအတွင်း ပြန့်နှံ့သွားခဲ့သည်။

ခေါင်းစီးများမှာ 'မော့စစ်လန်၏ဖန်များမှ အက်ဆစ်ဖြင့်တိုက်ခိုက်ခြင်း' ၊ 'မော့တိ မော့စစ်လန်၏ဖန်များမှ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရ' နှင့် ' ဦးနှောက်ပျက်စီးနေသော ပရိသတ်များ၏ပြင်းထန်သည့်လုပ်ရပ်များ' စသည်ဖြင့် အများဆုံးရှာဖွေမှုစာရင်း၏ထိပ်ဆုံးသို့ အလျင်အမြန်ပင် ထိုးတက်သွားသည်။

မော့စစ်လန်မှာ မော့မိသားစု၏ကောလဟာလများတွင် အများဆုံးပါဝင်ခဲ့သော အနုပညာရှင်တစ်ဦးဖြစ်သည်။ အင်တာနက်အသုံးပြုသူများမှာ အမှန်တရားများပေါ်ပေါက်သွားပြီးနောက်တွင် သူ၏အလိမ်အညာများကို တူးဖော်ခဲ့ကြပြီး သူ့ကိုဆန့်ကျင်သောပရိသတ်များ တိုးပွားလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဆန့်ကျင်သူများမရှိလျှင်ပင် မော့စစ်လန်၏ကျော်ကြားမှုမှာ အခြေအနေမကောင်းချေ။

ထိုအဖြစ်အပျက်အကြောင်း သတင်းများက ဖော်ပြလာချိန်တွင် လူအုပ်ကြီးမှာ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးခဲ့ကြသည်။ ပျက်စီးနေပြီးသော ဖန်များကို လက်မခံကြသည့်နှုန်းမှာမူ နောက်ထပ်တစ်ဆင့်သို့ပင် ထပ်မံရောက်ရှိသွားသည်။

" ဘယ်လိုငရဲလဲ…အက်ဆစ်နဲ့ပက်တာလား.. ဒါကြီးကရက်စက်လွန်းတယ်…"

" အဲ့ဒီ့ဖန်တွေရဲ့ခေါင်းထဲမှာ ချီးတွေပြည့်နေတာလားဟ…"

" ဒီလူတွေက အမြင်ကော အကျင့်စာရိတ္တကော တရားနည်းလမ်းတကျကော သုံးခုလုံးချို့ယွင်းနေတာပဲ…တရားဥပဒေတောင်မှ သူတို့အတွက် ဘယ်လိုမှနေမှာမဟုတ်ဘူး…"

" ဒီနေ့ခေတ်ဖန်အရူးတွေက အဆိုးရွားဆုံးပဲ… ငါရဲ့သူငယ်ချင်းတစ်ယောက်က အဲ့ဒီအိုင်ဒေါကိုသဘောကျမိပြီးတော့ ရူးနေတဲ့ဖန်အဖွဲ့ထဲ ဝင်သွားမိတာ အခုဆိုရင် သူကလုံးဝကို တခြားလူလိုပဲ..သူကဆတ်ဆတ်ထိမခံဖြစ်နေပြီးတော့ သူ့နတ်ဘုရားမနဲ့ပတ်သက်လာရင် ကွန်မန့်နည်းနည်းလေးကိုတောင် ရန်လိုက်ဖြစ်တတ်တယ်…သူသိသမျှက အဲ့ဒီနတ်ဘုရားမကအပြစ်ကင်းဆုံးဖြစ်ပြီးတော့ သူ့ကိုဆန့်ကျင်တဲ့သူတွေက အသက်ရှင်ဖို့မထိုက်တန်ဘူးတဲ့…

" မော့တိကို အော်ဟစ်နေတဲ့မိန်းကလေးကသာ တရားနည်းလမ်းမကျတာနော် ဟုတ်ပြီလား…သူပြောတာက မော့တိကဝဋ်လည်လိမ့်မယ်တဲ့လား…သူတို့လုပ်ခဲ့တဲ့အရာတွေက အလွန်ဆိုးရွားပြီးတော့ မော့စစ်လန်ကလည်းပဲ လူကောင်းတစ်ယောက်ဟုတ်မနေဘူးလေ…သူက မော့တိကို ဖြုတ်ချဖို့ စာမေးပွဲမှာခိုးချတယ်လို့ ပြောခဲ့သေးတယ် ပြီးတော့ မိသားစုအတွက်သစ္စာမရှိတဲ့သားတစ်ယောက်တဲ့…တကယ်တမ်းကျ အဲ့ဒီဉာဏ်ရည်မမှီတဲ့အုပ်စုကသာ မော့တိကို ငယ်ငယ်လေးထဲက အနိုင်ကျင့်နေခဲ့ကြလေ…မော့တိက ဝဋ်လည်လိမ့်မယ်တဲ့လား… တကယ်၀ဋ်လည်မယ့်သူက မော့စစ်လန်နဲ့သူ့ရဲ့အစွန်းရောက်ဖန်တွေပဲ…"

" ငါတစ်ယောက်ပဲ မော့တိက တစ်ခုခုလုပ်ခဲ့လို့ မော့စစ်လန်ရဲ့ဖန်တွေက ၀ဋ်လည်မယ်ပြောနေကြတယ်လို့ ထင်နေတာလားနော်…"

" ဟုတ်တယ် မင်းတစ်ယောက်ထဲပဲ.. မင်းကသာအလင်းရောင်၊ မင်းကသာ လျှပ်စစ်၊ မင်းတစ်ယောက်ထဲ စိတ်ကျန်းမာရေးပြသနာရှိနေတာ…"

( စူပါစတား SHE၏သီချင်းစာသားဖြစ်သည် )

" အဲ့ဒီဖန်တွေကြောင့် ငါတို့ရဲ့စစ်လန်ကောကောကို အကဲမဖြတ်လိုက်ပါနဲ့.. ကျေးဇူးပါ ငါတို့ရဲ့ကောကောကို ငါတို့ပဲ ပြန်ခေါ်သွားလိုက်ပါပြီ…"

" သူတို့က ငါတို့စစ်လန်ရဲ့ဖန်တွေလို့ ဘယ်သူပြောနိုင်မှာလဲ…ဆန့်ကျင်တဲ့ဖန်တွေလည်းဖြစ်ချင်ဖြစ်မှာပေါ့…ငါတို့ အဲ့လိုဖန်တွေကို လက်မခံဘူးနော် အိုကေလား…"

ဖန်များ၊ဆန့်ကျင်သောဖန်များနှင့် ဖြတ်သွားဖြတ်လာတို့၏မောင်းနှင်မှုတို့ကြောင့် မော့စစ်လန်၏ဖန်များမှ အက်ဆစ်နှင့်ပက် ဟူသော ခေါင်းစီးမှာ အများဆုံးရှာဖွေမှုစာရင်း၏ ဒုတိယနေရာသို့ပင် ချိတ်နိုင်ခဲ့သည်။

ရဲစခန်းမှ ဗီလာသို့ပြန်လာသည့်လမ်းတွင် နောက်ဆုံးတော့ မော့တိ သူ၏ဝေးပေါ်ကို စိတ်အေးလက်အေးဖြင့် ဖွင့်ကြည့်နိုင်ပြီဖြစ်သည်။ အွန်လိုင်းပေါ်ရှိ ဆွေးနွေးခန်းများကို လှန်လှောကြည့်ပြီးနောက် လူထု၏အမြင်များမှာ ပွင့်ထွက်နေပြီဖြစ်ကာ လောင်ကျွမ်းနေသည့် ငြင်းခုန်သံများမှာ ဖိုရမ်များအကြား အရှိန်အဟုန်ဖြင့် ပြန့်နှံ့နေပြီဖြစ်သည်။

ကွန်မန့်များထဲတွင် ရူးနေသည့်ဖန်များကို ရှုံ့ချနေသည့်သူများရှိသလို၊ အချို့မှာ မော့စစ်လန်ကို ပြင်းပြင်းထန်ထန်အပြစ်တင်နေကြကာ အချို့မှာမူ သူ့အတွက်ဝမ်းနည်းပေးနေကြသည်။ မော့စစ်လန်ကို သနားပေးကြသူများမှာ သူသည်လည်း ခံရသူတစ်ဦးဖြစ်ကာ ရူးနေသည့်ဖန်များကြောင့် သူ့ကိုပါဆွဲမချသင့်ဟု ပြောဆိုနေကြသည်။

ထိုမျှသာမက မော့တိ၏မကြာခဏတိုက်ခိုက်ခံရခြင်းအပေါ် မေးခွန်းထုတ်နေကြသော ပူးပေါင်းကြံစည်မှုသီအိုရီများများလည်း ရှိလေသည်။ ထိုသူများမှာ မော့တိထံတွင် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု အခိုင်အမာပြောဆိုနေကြပြီး မဟုတ်ပါက လူများမှာ တခြားသူများကို မလုပ်ဘဲ အဘယ့်ကြောင့် သူ့ကိုသာ အန္တရာယ်ပေးနေကြသည်နည်း။ ကျောင်းတွင်းအကြမ်းဖက်မှုကိစ္စလိုပင် ကျောင်းတွင်ရှိသော လူပေါင်းများစွာထဲမှ အဘယ့်ကြောင့်မော့တိသာ အကြမ်းဖက်ခံရသည်နည်း။

မော့တိ ထိုမန့်များမြင်လိုက်ရချိန်တွင် အံ့ဩ၍သာနေခဲ့သည်။ သူ့အတွက် ထိုကဲ့သို့သော အရာများကြောင့် စိတ်ထိခိုက်နေရန်မလိုပေ။ ထို့အပြင် သူ့ကိုစိတ်ဝင်စားလာစေမည့် ဝတ္ထုများသည်ပင် အများအပြားရှိနေလေသည်။ ထိုထဲမှ အမှန်တကယ်ပင် အချို့သောလူများမှာ မိန်းကလေးသုံးဦးအတွက် ပြောဆိုပေးနေကြသည်။

" သနားဖို့ကောင်းတဲ့ကောင်မလေးတွေ သူတို့ကကလေးပဲရှိသေးတာ…သူတို့အက်ဆစ်ရဲ့အန္တရာယ်ပေးပုံကို သိဦးမှာမဟုတ်ဘူး…"

" ငါထင်တာတော့ ဒီကလေးတွေက တကယ်အပြစ်ကင်းလိမ့်မယ်…မော့တိ အဲ့ကောင်မလေးရဲ့လက်ကို ပေါက်တူးနဲ့ရိုက်လိုက်တာကို ကြည့်ပါဦး.. သူက ကောင်မလေးတွေရဲ့လက်မောင်းနဲ့ပုခုံးပေါ်ကိုတောင် စင်သွားအောင်လုပ်လိုက်သေးတယ်… သနားစရာလေးတွေ…အရမ်းငယ်လွန်းသေးတာ မိန်းကလေးတွေလည်း ဖြစ်နေသေးတာကို မပြောနဲ့…သူတို့ဘာတွေဖြစ်တော့မှာလဲကွာ…"

" မော့တိက တကယ့်ကို ယောင်္ကျားကောင်းမဟုတ်ဘူး ဖီ…"

ထပ်ပေါ်လာသော နားမလည်နိုင်သည့် မန့်လှိုင်းလုံးကြီးကြောင့် မော့တိ ဒေါသပင် မထွက်နိုင်တော့ချေ။

သူက အက်ဆစ်နှင့်တိုက်ခိုက်ခံရသဖြင့် ပေါက်တူးကိုသုံးကာ ခုခံကာကွယ်သည့်အနေဖြင့် ပုလင်းကိုဖယ်ထုတ်ခဲ့ခြင်းသာဖြစ်သည်။ ထို့အပြင် သူက ယောင်္ကျားကောင်းမဟုတ်ဟု ဝေဖန်ခံရသည်လား။ ဤသို့သာဆိုလျှင် သူကလက်ကိုဆန့်ပြီး အက်ဆစ်နှင့်ပက်ခြင်းကိုခံကာ သူ၏ခန္ဓာကိုယ်ကို ထိခိုက်သွားစေမှ ယောင်္ကျားကောင်းဟု သတ်မှတ်ခံရမည်လား။

ကံကောင်းစွာဖြင့် ထိုအတွေးမရှိသောမန့်များမှာ အလွန်ပင် ရေပန်းမစားကာ နည်းပါးလှပေရာ မော့တိ သူတို့ကို မကိုင်တွယ်တော့ပေ။ ထိုအစား မော့တိ ခေါင်းစီးမှာ ထိုမျှလောက်အတိုင်းအတာသို့ တက်လာသည်ကို ကြည့်ရင်း နောက်တစ်ဆင့်ထပ်တက်ရန် ဆုံးဖြတ်လိုက်သည်။

မော့တိ ဒိုင်ယာရီအတုကိုလိုင်းပေါ်တင်ကာ အများဆုံးရှာဖွေမှုစာရင်းပေါ်သို့ တွန်းတင်လိုက်သည်။

သူ၏ဘေးရှိဆိုဖာပေါ်တွင်ထိုင်နေသော မုထျန်းဟန်၏မျက်ခုံးများ မော့တိကို ကြည့်ကာ အနည်းငယ်တွန့်ချိုးသွားခဲ့သည်။

" ကိုကို…"

မော့တိ မုထျန်းဟန်ကို ထိုကဲ့သို့ အမူအယာဖြင့် မြင်လိုက်ရသောကြောင့် မနေနိုင်လဲ မေးလိုက်မိသည်။

" ဘာဖြစ်လို့လဲ.."

မုထျန်းဟန် လက်ကိုဆန့်ကာ မော့တိ၏ခေါင်းကိုပုတ်ပေးနေလျက် သက်ပြင်းချလာခဲ့သည်။

" ဒီဟာက အာရုံစိုက်မှုအများကြီးကို နှိုးဆွပေးနိုင်ပြီး မော့စစ်လန်ကို နောက်ကျရင် အကြီးကြီးထိခိုက်စေမယ်ဆိုပေမယ့်လည်း အဖြစ်မှန်ထွက်မလာခင်ထိတော့ မင်းက ပြစ်တင်ရှုံ့ချ‌မှုတွေအများကြီးအောက်ကိုရောက်နေမှာလေ… မင်းက မုန်တိုင်းရဲ့ဗဟိုဖြစ်နေလိမ့်မယ်.."

" ကိုကို ကျွန်တော်အဆင်ပြေမှာပါ…"

မော့တိ မုထျန်းဟန် စိတ်ညစ်နေသည်ကို သိလိုက်သောကြောင့် အလျင်အမြန်ချော့လိုက်သည် ။

" ကျွန်တော်တကယ်အဆင်ပြေပါတယ်…"

" ကျွန်တော်အခုလောင်ကျွမ်းနေရင်တောင် ဒါက တခဏပါပဲ… သူတို့ရဲ့ဆဲဆိုသံ ပိုပြင်းလေလေ အမှန်တရားပေါ်သွားတဲ့အခါကျရင် သူတို့ပိုပြီးနောင်တရလေပဲလေ…"

မုထျန်းဟန် မော့တိကို အကြည့်တစ်ချက်အမြန်ပေးလိုက်ကာ အဆုံးတွင် ငြင်သာစွာ ပွေ့ဖက်လိုက်သည်။

" ကိုယ် မင်းသောက်ဖို့တစ်ခုခုသွားလုပ်လိုက်ဦးမယ်… ဘာသောက်မလဲ မက်မွန်သီးဖျော်ရည်လား သစ်တော်သီးဖျော်ရည်လား…"

" ဘာဖြစ်ဖြစ်ရပါတယ် ကျွန်တော်နှစ်ခုလုံးကြိုက်တယ်…"

" ကောင်းပြီ ဒီမှာနေခဲ့နော် ကိုယ်ခဏနေပြန်လာခဲ့မယ်…"

Xxxxxx

Report content on this page

Chapter 85


သူတို႔၏အစီအစဥ္မွာ ေမာ့တိ၏ၿခံဝန္းထဲသို႔ တစ္စုံတစ္ခုက်သြားရန္လုပ္ေဆာင္ၾကမည္ျဖစ္ၿပီး တစ္ဖက္လွည့္ျဖင့္ တံခါးေခါက္ကာ ေမာ့တိ ထဖြင့္မည့္အခ်ိန္၌ အက္ဆစ္ႏွင့္ပက္မည္ သို႔မဟုတ္ ဓားႏွင့္ထိုးမည္ျဖစ္သည္။ ေမာ့တိ သူတို႔ဦးႏွောက္အလုပ္လုပ္ပုံႏွင့္ ပက္သက္၍ အံ့ဩသာေနရသည္။ ထိုသူမ်ားမွာ မိုက္မဲလြန္းသည္ေလာ သို႔မဟုတ္ မာနႀကီးလြန္းေနသည္ေလာ။ သူတို႔ကိုယ္သူတို႔ အသက္မျပည့္ေသးသည့္အတြက္ အဖမ္းမခံရဘူးဟု ထင္ေနၾကသည္ေလာ။ သို႔မဟုတ္ အဖမ္းခံရလွ်င္ပင္ ကြင္းလုံးကြၽတ္လြတ္နိုင္သည္ဟု ထင္ေနၾကသည္ေလာ။

အဲဒါက ျပစ္မႈတစ္ခုျဖစ္ေနတာကို အသာထားဦး၊ သူတို႔လုပ္ေနတဲ့အရာက တစ္စုံတစ္ေယာက္ရဲ႕ဘဝကို ဖ်က္ဆီးပစ္နိုင္တယ္ဆိုတာေကာ သူတို႔သိရဲ႕လား

ထိုသူမ်ားမွာ ေမာ့တိကို ကိုင္တြယ္မည့္အစီအစဥ္မ်ားကို ေဆြးႏြေးၾကခ်ိန္၌ အလြန္ေျဖာင့္မတ္ေနေသာပုံစံျဖင့္ ေျပာဆိုေနၾကကာ သူတို႔၏ မမွ်မတဆက္ဆံခံေနေသာ စစ္လန္ေကာေကာအတြက္ လက္စားေခ်ေပးၾကမည္ျဖစ္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ တစ္ေလာကလုံးမွာ ေမာ့တိေၾကာင့္ မ်က္ကန္းျဖစ္ေနၾကကာ သူတို႔၏အရည္အခ်င္းရွိၿပီး စိတ္ႏွလုံးျဖဴစင္သည့္ စစ္လန္ေကာေကာမွာ အတိုက္ခိုက္ခံေနရျခင္းေၾကာင့္ပင္။

ေမာ့တိ ထိုစာမ်ားက သူ၏ဦးႏွောက္ကို ဖ်က္ဆီးပစ္မည္ဆိုးေသာေၾကာင့္ ဖတ္ေနျခင္းကို ရပ္တန႔္လိုက္ရသည္။

ထိုအုပ္စုမွာ အလြန္ေခါင္းမာလြန္းလွျခင္း သို႔မဟုတ္ ဝက္ဘ္ဆိုဒ္တြင္ သက္ေသအားလုံးကိုတင္၍ ေမာ့စစ္လန္၏မ်က္ႏွာစစ္ကို ခြာခ်ၿပီးသည္အထိပင္ တိုးမေပါက္နိုင္ေအာင္ ဦးႏွောက္ေဆးျခင္းခံထားရသည္ပင္။ ထိုအစား သူတို႔၏အိုင္ေဒါမွာ အျပင္ေလာက၏စြပ္စြဲျခင္းကို ခံေနရသည္ဟုသာ မွတ္ယူေနၾကသည္။

တစ္နည္းအားျဖင့္ ေမာ့တိ သူတို႔၏သစၥာရွိမႈကို အေတာ္ေလးစိတ္ဝင္စားမိသည္။

တစ္ဖက္တြင္ရွိေသာ မုထ်န္းဟန္မွာမူ ေမာ့တိေလာက္ တည္ၿငိမ္ေနျခင္းမရွိေပ။ သူရဲမေခၚမိေစရန္ အေတာ္ေလးခ်ဳပ္တီးေနရေလသည္။

ခ်င္ခ်န္းယီ၏အကူအညီျဖင့္ အစြန္းေရာက္အဖြဲ႕မွာ ဗီလာသို႔ ဝင္ေရာက္နိုင္ခဲ့ၿပီး ေမာ့တိႏွင့္မုထ်န္းဟန္တို႔၏တံခါးကို အတိအက်ပင္ ရွာေတြ႕သြားၾကသည္။

ထို႔ေနာက္ မိန္းကေလးမ်ားက စတင္၍ၾကက္ေတာင္ရိုက္ေနၾကသည္။

တစ္ပြဲ သို႔မဟုတ္ ႏွစ္ပြဲအၿပီးတြင္ ၾကက္ေတာင္မွာ မေတာ္တဆ ၿခံစည္းရိုးကိုေက်ာ္ကာ ဗီလာ၏ၿခံဝန္းထဲသို႔ ဝင္ေရာက္သြားခဲ့သည္။

သူတို႔၏ဆိုးဝါးလွေသာ သ႐ုပ္ေဆာင္ခ်က္ကို ေမာ့တိ တစ္စကၠန႔္ေလးမွ် ဆက္မၾကည့္နိုင္ေတာ့ေခ်။ သူေပါက္တူးတစ္ခုကိုယူကာ ၿခံထဲသို႔ ဆင္းလာခဲ့ၿပီး စြမ္းစြမ္း၏မစင္မ်ားကို သန႔္ရွင္းဟန္ေဆာင္လိုက္သည္။ ေမာ့တိ ခါးကိုကိုင္းကာ အျပစ္တင္ေနခဲ့သည္ ။

" မင္းဘာလုပ္ခဲ့လဲဆိုတာ ၾကည့္ပါဦး.. ေနရာတိုင္းမွာ မင္းအီးေတြႀကီးပဲ"

သူ၏ေဘးမွ စြမ္းစြမ္းမွာမူ စိုစြတ္ေနသည့္မ်က္လုံးမ်ားျဖင့္ သူ႕ကိုၾကည့္ကာ သူအဘယ့္ေၾကာင့္ အျပစ္တင္ခံရသည္ကို မသိသကဲ့သို႔ အျပစ္ကင္းေသာ အူသံေပးလိုက္သည္ ။

" အာဝု"

မိန္းကေလးမ်ားမွ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ သူ႕ကို အလ်င္အျမန္လွမ္းေခၚလိုက္သည္။

" ဟိုင္းး တစ္ခုေလာက္ကူညီေပးလို႔ရလား"

ေမာ့တိ ရပ္တန႔္လိုက္ကာ ဂိတ္အျပင္မွလူမ်ားကို ၾကည့္လိုက္ၿပီး

" ဘာလိုခ်င္လို႔လဲ"

မိန္းကေလးတစ္ေယာက္မွ ေမာ့တိကို သတိတႀကီးၾကည့္လိုက္ၿပီးေနာက္ အျခားသူမ်ားကို မ်က္လုံးမွိတ္ျပလိုက္သည္။

ပိုနီေတးစည္းထားေသာ မိန္းကေလးတစ္ေယာက္မွ ေမာ့တိဘက္သို႔ လွည့္လာကာ ၿပဳံးလ်က္

" ဟိုင္း ကြၽန္မတို႔ရဲ႕ၾကက္ေတာင္က ရွင့္ၿခံဝန္းထဲက်သြားလို႔ေလ..အဲ့ဒါ တစ္ခ်က္ ေကာက္ေပးလို႔ရနိုင္မလား"

ေမာ့တိ တစ္ေယာက္မွာ လက္ဗလာျဖစ္ေနၿပီး ႏွစ္ေယာက္မွာ လက္နက္ထည့္ထားသည္ႏွင့္တူေသာ ပုခုံးလြယ္အိတ္ကို လြယ္ထားသည့္ မိန္းကေလးသုံးေယာက္ကို ၾကည့္လိုက္သည္။

" ေကာင္းၿပီေလ"

ေမာ့တိေခါင္းၿငိမ့္ျပလိုက္ကာ ေပါက္တူးကို လက္တစ္ဖက္မွကိုင္လ်က္ ၾကက္ေတာင္သြားေကာက္ေပးလိုက္သည္။ လမ္းတစ္ဝက္မွာပင္ ကလစ္ဟူေသာအသံႏွင့္အတူ တံခါးပြင့္လာၿပီး မုထ်န္းဟန္ ထြက္လာေလသည္။

" ဘာျဖစ္တာလဲ"

" အဲ့ေကာင္မေလးေတြရဲ႕ၾကက္ေတာင္က ကြၽန္ေတာ္တို႔ဝန္းထဲက်သြားလို႔တဲ့"

ေမာ့တိ ျပန္ေျဖလိုက္သည္။

" အမ္ကိုယ့္ကိုေပးေလ ကိုယ္သြားေပးလိုက္မယ္"

မုထ်န္းဟန္ သတိေပးခ်က္တစ္စုံတစ္ရာမေပးပါဘဲႏွင့္ ေမာ့တိလက္ထဲမွၾကက္ေတာင္ကို အျမန္လွမ္းယူလိုက္သည္။

ေမာ့တိ တံခါးကိုဖြင့္ရန္ ထြက္သြားၿပီျဖစ္ေသာ မုထ်န္းဟန္ကို ၾကည့္လိုက္မိသည္။

တကယ္တမ္းတြင္ ထိုအခ်ိန္၌ သူတို႔တြင္သာ အသိဉာဏ္ရွိမႈ တစ္ေအာင္စေလးမွ်ရွိေနၿပီး သူတို႔၏ေဒါသေၾကာင့္ ရႈပ္ေထြးမေနခဲ့ဘူးဆိုပါက သူတို႔ အဘယ့္ေၾကာင့္ အရပ္ရွည္သည့္လူမွာ ၿခံဝန္းကိုေက်ာ္၍ျပန္ပစ္ေပးမည့္အစား ဂိတ္တံခါးကိုဖြင့္ေနသည္နည္းဟု ေမးရေပမည္။

သို႔ေသာ္လည္း ထပ္မံ၍ သူတို႔၏ေခါင္းသာ ၾကည္လင္ေနပါက သူတို႔အစထဲကပင္ ဤအရာကို လုပ္လိမ့္မည္ မဟုတ္ေခ်။

ေမာ့တိ အထဲတြင္ က်န္ေနသည္ကို ျမင္လိုက္ရသျဖင့္ ထိုသုံးဦးမွာ ေယာက္ယက္ခတ္သြားၾကသည္။ သူတို႔၏ေမာ့တိအေပၚရွိေနေသာေဒါသမွာ ထြက္မလာျခင္းျဖင့္ သူတို႔၏အိုင္ေဒါအေပၚ လက္စားေခ်ေပးမႈကို ဖ်က္စီးလိုက္ျခင္းေၾကာင့္ ပို၍ပင္ ျမင့္တက္လာခဲ့သည္။

ေမာ့တိ၏ စိတ္အားထက္သန္စြာေစာင့္ၾကည့္ေနမႈေၾကာင့္ ပိုနီေတးစည္းထားသည့္ မိန္းကေလးက သူမ၏အိတ္ထဲမွ တစ္စုံတစ္ခု ထုတ္ယူလိုက္သည္ကို ျမင္လိုက္သျဖင့္ သူ မုထ်န္းဟန္၏လုံၿခဳံမႈအတြက္ စိုးရိမ္သြားကာ ခ်က္ျခင္းဆိုသလို သူတို႔ထံသို႔ အေျပးသြားလိုက္သည္။ သူနီးကပ္လာသည္ႏွင့္ ထိုမိန္းကေလးမွ ဓားကိုယူကာ မုထ်န္းဟန္ကို ထိုးခ်လိဳက္ေလသည္။

မုထ်န္းဟန္ ေနာက္သို႔ေျခတစ္လွမ္းဆုတ္ကာ ေရွာင္လိုက္ၿပီးေနာက္ လက္ထဲရွိဓားကို ကန္ထုတ္ပစ္လိုက္သည္။

ထိုမိန္းကေလးမွာ နာက်င္မႈေၾကာင့္ ငိုေႂကြးသြားရေလသည္။

တစ္ခ်ိန္တည္းမွာပင္ က်န္သည့္ႏွစ္ေယာက္မွာ ေမာ့တိဆီသို႔ ေျပးဝင္လာၾကကာ သူတို႔ထဲမွ တစ္ေယာက္၏လက္ထဲတြင္ အက္ဆစ္ပုလင္းကို ကိုင္ထားခဲ့သည္။ သူမပုလင္းကိုဖြင့္ကာ လွမ္းပက္ရန္ႀကိဳးစားလိုက္ေသာ္လည္း ေမာ့တိ ေပါက္ျပားကိုသုံးကာ သူမလက္ထဲမွ ပုလင္းကို ရိုက္ခ်လိဳက္သည္။ မိန္းကေလးမွ ပုလင္းကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားကာ ေမာ့တိကိုပက္ရန္ ထပ္မံႀကိဳးစားလိုက္ျပန္သည္။ မည္သို႔ပင္ျဖစ္ေစ သူမ၏လက္ေကာက္ဝတ္မွာ အားေလ်ာ့သြားသျဖင့္ လက္ထဲမွေခ်ာ္ထြက္ကာ ပြင့္ေနသည့္ပုလင္းထဲမွ အက္ဆစ္အခ်ိဳ႕မွာ သူမႏွင့္ သူမေဘးရွိမိန္းကေလး၏ လက္ေမာင္းေပၚသို႔ ဖိတ္စင္သြားေလသည္။

အားးးးးးးး

ထိုမိန္းကေလးမ်ား၏ မ်က္ႏွာေပၚရွိ ေဒါသႏွင့္နာက်ည္းမႈမ်ား ခ်က္ခ်င္းဆိုသလိုေပ်ာက္ကြယ္သြားကာ နာက်င္မႈေၾကာင့္ ေအာ္ဟစ္လိုက္ရသည္။

မုထ်န္းဟန္ သုံးမိနစ္ေစာကာ ေခၚထားေသာ လုံၿခဳံေရးအဖြဲ႕မွာ ယခုအခ်ိန္တြင္ ေရာက္ရွိလာၾကၿပီျဖစ္ကာ သူတို႔ အျမန္ေမးခြန္းေမးလိုက္သည္ ။

" ဘာေတြလဲ ဘာျဖစ္တာလဲ"

" လူေတြကို အက္ဆစ္နဲ႕ဓားသုံးၿပီး တိုက္ခိုက္တာပဲ  ရဲေခၚလိုက္တာ ပိုေကာင္းမယ္"

မုထ်န္းဟန္၏စိတ္အေျခအေနမွာ အေတာ္ေလးဆိုး႐ြားေနသည္။ သူ႕ကိုဓားႏွင့္ထိုးသည့္မိန္းကေလးကို ဖမ္းခ်ဳပ္ထားခ်ိန္၌ အက္ဆစ္ပုလင္းကိုင္ထားသည့္ က်န္သူႏွစ္ဦးမွ ေမာ့တိထံ ေျပးဝင္သြားခ်ိန္တြင္ သူ၏ႏွလုံးသားရပ္တန႔္သြားခဲ့ရသည္။

အကယ္၍သာ ေမာ့တိ သူ၏ေပါက္ျပားကို အခ်ိန္မီမသုံးနိုင္ခဲ့ရင္ေကာ သူမည္သို႔လုပ္ရမည္ကိုပင္ မစဥ္းစားရဲေတာ့ေပ။

အလြန္ငယ္႐ြယ္ေသာ္လည္း အဆိပ္ျပင္းလွသည္။ ထိုပရိသတ္မ်ားမွာ သူတို႔၏နတ္ဘုရားေမာ့စစ္လန္မွလြဲ၍ မည္သည့္ဆင္ျခင္တုံးတရားမွ မရွိေတာ့ေခ်။

ထိခိုက္ဒဏ္ရာရရသြားခဲ့ေကာ ႏွစ္ေယာက္မွာ ငိုေႂကြးကာ ျပတ္တိျပတ္ေတာင္းျဖင့္ ေမာ့တိကို ဆဲဆိုေနၾကသည္။ ဒဏ္ရာမရရွိခဲ့သည့္ ပရိသတ္မိန္းကေလးမွာမူ ေမာ့တိအား ေဒါသႏွင့္မုန္းတီးမႈအျပည့္ႏွင့္ စိုက္ၾကည့္ေနသည္။

" နင္အျပစ္ေပးခံရလိမ့္မယ္ ငါတို႔ေကာေကာကို အႏၱရာယ္ေပးတဲ့အတြက္ လက္စားေခ်မႈကေတာ့ရွိလာဦးမွာနင္အျပစ္ေပးခံရမွာ ငါ နင့္ကိုကားတိုက္ခံရပါေစလို႔ က်ိန္တယ္နင္ေသတဲ့အထိ အတိုက္ခံရပါေစဘယ္လိုေၾကာင့္မ်ား မနာလို႐ုံေလးနဲ႕ ငါတို႔ေကာေကာကို ဒုကၡေပးရတာလဲ.. အႏွေးနဲ႕အျမန္ကို ငါတို႔ကိုေထာက္ခံတဲ့သူေတြရွိလာဦးမွာ နင္အေသဆိုးနဲ႕ေသရလိမ့္မယ္"

ေမာ့တိ သူမ၏ မနာလိုသည့္အေၾကာင္းေျပာခ်ိန္၌ ဆက္လက္သည္းမခံနိုင္ေတာ့ေခ်။ သူဘဝင္ျမင့္သည့္အမူအယာျဖင့္ မလွည့္ဘဲမေနနိုင္ေတာ့ကာ သူမ၏မ်က္ႏွာကိုၾကည့္ၿပီး ႏွာေခါင္းရႈံ႕လိုက္မိသည္။

" အမ္းးး ဒီကိစၥနဲ႕ပတ္သက္ၿပီးေတာ့ မွန္တာတခ်ိဳ႕ေတာ့ရွိတယ္အစကေတာ့ နင္တို႔ရဲ႕ေကာေကာကို ငါမနာလိုမျဖစ္မိဘူးရယ္.. ဒါၿပီးရင္ေတာ့ သူ အခ်ိန္အေတာ္ၾကာတဲ့အထိ ထမင္းအလကားစားရေတာ့မွာမလို႔ နည္းနည္းမနာလိုျဖစ္မိမယ္ထင္တယ္"

မၾကာမီအခ်ိန္တြင္ ေမာ့စစ္လန္၏အစြန္းေရာက္ဖန္မ်ားမွ ဆာလဖ်ဴရစ္အက္ဆစ္ျဖင့္ တိုက္ခိုက္ျခင္းဟူေသာ ေခါင္းစီးမွာ အဓိကဝဘ္ဆိုဒ္မ်ားအတြင္း ျပန႔္ႏွံ႕သြားခဲ့သည္။

ေခါင္းစီးမ်ားမွာ 'ေမာ့စစ္လန္၏ဖန္မ်ားမွ အက္ဆစ္ျဖင့္တိုက္ခိုက္ျခင္း' ၊ 'ေမာ့တိ ေမာ့စစ္လန္၏ဖန္မ်ားမွ အက္ဆစ္ျဖင့္ တိုက္ခိုက္ခံရ' ႏွင့္ ' ဦးႏွောက္ပ်က္စီးေနေသာ ပရိသတ္မ်ား၏ျပင္းထန္သည့္လုပ္ရပ္မ်ား' စသည္ျဖင့္ အမ်ားဆုံးရွာေဖြမႈစာရင္း၏ထိပ္ဆုံးသို႔ အလ်င္အျမန္ပင္ ထိုးတက္သြားသည္။

ေမာ့စစ္လန္မွာ ေမာ့မိသားစု၏ေကာလဟာလမ်ားတြင္ အမ်ားဆုံးပါဝင္ခဲ့ေသာ အႏုပညာရွင္တစ္ဦးျဖစ္သည္။ အင္တာနက္အသုံးျပဳသူမ်ားမွာ အမွန္တရားမ်ားေပၚေပါက္သြားၿပီးေနာက္တြင္ သူ၏အလိမ္အညာမ်ားကို တူးေဖာ္ခဲ့ၾကၿပီး သူ႕ကိုဆန႔္က်င္ေသာပရိသတ္မ်ား တိုးပြားလာခဲ့သည္။

မည္သို႔ပင္ျဖစ္ေစ ဆန႔္က်င္သူမ်ားမရွိလွ်င္ပင္ ေမာ့စစ္လန္၏ေက်ာ္ၾကားမႈမွာ အေျခအေနမေကာင္းေခ်။

ထိုအျဖစ္အပ်က္အေၾကာင္း သတင္းမ်ားက ေဖာ္ျပလာခ်ိန္တြင္ လူအုပ္ႀကီးမွာ စိတ္အားထက္သန္စြာျဖင့္ ေဆြးႏြေးခဲ့ၾကသည္။ ပ်က္စီးေနၿပီးေသာ ဖန္မ်ားကို လက္မခံၾကသည့္ႏႈန္းမွာမူ ေနာက္ထပ္တစ္ဆင့္သို႔ပင္ ထပ္မံေရာက္ရွိသြားသည္။

" ဘယ္လိုငရဲလဲအက္ဆစ္နဲ႕ပက္တာလား.. ဒါႀကီးကရက္စက္လြန္းတယ္"

" အဲ့ဒီ့ဖန္ေတြရဲ႕ေခါင္းထဲမွာ ခ်ီးေတြျပည့္ေနတာလားဟ"

" ဒီလူေတြက အျမင္ေကာ အက်င့္စာရိတၱေကာ တရားနည္းလမ္းတက်ေကာ သုံးခုလုံးခ်ိဳ႕ယြင္းေနတာပဲတရားဥပေဒေတာင္မွ သူတို႔အတြက္ ဘယ္လိုမွေနမွာမဟုတ္ဘူး"

" ဒီေန႕ေခတ္ဖန္အ႐ူးေတြက အဆိုး႐ြားဆုံးပဲ ငါရဲ႕သူငယ္ခ်င္းတစ္ေယာက္က အဲ့ဒီအိုင္ေဒါကိုသေဘာက်မိၿပီးေတာ့ ႐ူးေနတဲ့ဖန္အဖြဲ႕ထဲ ဝင္သြားမိတာ အခုဆိုရင္ သူကလုံးဝကို တျခားလူလိုပဲ..သူကဆတ္ဆတ္ထိမခံျဖစ္ေနၿပီးေတာ့ သူ႕နတ္ဘုရားမနဲ႕ပတ္သက္လာရင္ ကြန္မန႔္နည္းနည္းေလးကိုေတာင္ ရန္လိုက္ျဖစ္တတ္တယ္သူသိသမွ်က အဲ့ဒီနတ္ဘုရားမကအျပစ္ကင္းဆုံးျဖစ္ၿပီးေတာ့ သူ႕ကိုဆန႔္က်င္တဲ့သူေတြက အသက္ရွင္ဖို႔မထိုက္တန္ဘူးတဲ့

" ေမာ့တိကို ေအာ္ဟစ္ေနတဲ့မိန္းကေလးကသာ တရားနည္းလမ္းမက်တာေနာ္ ဟုတ္ၿပီလားသူေျပာတာက ေမာ့တိကဝဋ္လည္လိမ့္မယ္တဲ့လားသူတို႔လုပ္ခဲ့တဲ့အရာေတြက အလြန္ဆိုး႐ြားၿပီးေတာ့ ေမာ့စစ္လန္ကလည္းပဲ လူေကာင္းတစ္ေယာက္ဟုတ္မေနဘူးေလသူက ေမာ့တိကို ျဖဳတ္ခ်ဖိဳ႕ စာေမးပြဲမွာခိုးခ်တယ္လို႔ ေျပာခဲ့ေသးတယ္ ၿပီးေတာ့ မိသားစုအတြက္သစၥာမရွိတဲ့သားတစ္ေယာက္တဲ့တကယ္တမ္းက် အဲ့ဒီဉာဏ္ရည္မမွီတဲ့အုပ္စုကသာ ေမာ့တိကို ငယ္ငယ္ေလးထဲက အနိုင္က်င့္ေနခဲ့ၾကေလေမာ့တိက ဝဋ္လည္လိမ့္မယ္တဲ့လား တကယ္၀ဋ္လည္မယ့္သူက ေမာ့စစ္လန္နဲ႕သူ႕ရဲ႕အစြန္းေရာက္ဖန္ေတြပဲ"

" ငါတစ္ေယာက္ပဲ ေမာ့တိက တစ္ခုခုလုပ္ခဲ့လို႔ ေမာ့စစ္လန္ရဲ႕ဖန္ေတြက ၀ဋ်လည်မယ်ပြောနေကြတယ်လို့ ထင္ေနတာလားေနာ္"

" ဟုတ္တယ္ မင္းတစ္ေယာက္ထဲပဲ.. မင္းကသာအလင္းေရာင္၊ မင္းကသာ လွ်ပ္စစ္၊ မင္းတစ္ေယာက္ထဲ စိတ္က်န္းမာေရးျပသနာရွိေနတာ"

( စူပါစတား SHE၏သီခ်င္းစာသားျဖစ္သည္ )

" အဲ့ဒီဖန္ေတြေၾကာင့္ ငါတို႔ရဲ႕စစ္လန္ေကာေကာကို အကဲမျဖတ္လိုက္ပါနဲ႕.. ေက်းဇူးပါ ငါတို႔ရဲ႕ေကာေကာကို ငါတို႔ပဲ ျပန္ေခၚသြားလိုက္ပါၿပီ"

" သူတို႔က ငါတို႔စစ္လန္ရဲ႕ဖန္ေတြလို႔ ဘယ္သူေျပာနိုင္မွာလဲဆန႔္က်င္တဲ့ဖန္ေတြလည္းျဖစ္ခ်င္ျဖစ္မွာေပါ့ငါတို႔ အဲ့လိုဖန္ေတြကို လက္မခံဘူးေနာ္ အိုေကလား"

ဖန္မ်ား၊ဆန႔္က်င္ေသာဖန္မ်ားႏွင့္ ျဖတ္သြားျဖတ္လာတို႔၏ေမာင္းႏွင္မႈတို႔ေၾကာင့္ ေမာ့စစ္လန္၏ဖန္မ်ားမွ အက္ဆစ္ႏွင့္ပက္ ဟူေသာ ေခါင္းစီးမွာ အမ်ားဆုံးရွာေဖြမႈစာရင္း၏ ဒုတိယေနရာသို႔ပင္ ခ်ိတ္နိုင္ခဲ့သည္။

ရဲစခန္းမွ ဗီလာသို႔ျပန္လာသည့္လမ္းတြင္ ေနာက္ဆုံးေတာ့ ေမာ့တိ သူ၏ေဝးေပၚကို စိတ္ေအးလက္ေအးျဖင့္ ဖြင့္ၾကည့္နိုင္ၿပီျဖစ္သည္။ အြန္လိုင္းေပၚရွိ ေဆြးႏြေးခန္းမ်ားကို လွန္ေလွာၾကည့္ၿပီးေနာက္ လူထု၏အျမင္မ်ားမွာ ပြင့္ထြက္ေနၿပီျဖစ္ကာ ေလာင္ကြၽမ္းေနသည့္ ျငင္းခုန္သံမ်ားမွာ ဖိုရမ္မ်ားအၾကား အရွိန္အဟုန္ျဖင့္ ျပန႔္ႏွံ႕ေနၿပီျဖစ္သည္။

ကြန္မန႔္မ်ားထဲတြင္ ႐ူးေနသည့္ဖန္မ်ားကို ရႈံ႕ခ်ေနသည့္သူမ်ားရွိသလို၊ အခ်ိဳ႕မွာ ေမာ့စစ္လန္ကို ျပင္းျပင္းထန္ထန္အျပစ္တင္ေနၾကကာ အခ်ိဳ႕မွာမူ သူ႕အတြက္ဝမ္းနည္းေပးေနၾကသည္။ ေမာ့စစ္လန္ကို သနားေပးၾကသူမ်ားမွာ သူသည္လည္း ခံရသူတစ္ဦးျဖစ္ကာ ႐ူးေနသည့္ဖန္မ်ားေၾကာင့္ သူ႕ကိုပါဆြဲမခ်သင့္ဟု ေျပာဆိုေနၾကသည္။

ထိုမွ်သာမက ေမာ့တိ၏မၾကာခဏတိုက္ခိုက္ခံရျခင္းအေပၚ ေမးခြန္းထုတ္ေနၾကေသာ ပူးေပါင္းႀကံစည္မႈသီအိုရီမ်ားမ်ားလည္း ရွိေလသည္။ ထိုသူမ်ားမွာ ေမာ့တိထံတြင္ တစ္စုံတစ္ခုမွားယြင္းေနသည္ဟု အခိုင္အမာေျပာဆိုေနၾကၿပီး မဟုတ္ပါက လူမ်ားမွာ တျခားသူမ်ားကို မလုပ္ဘဲ အဘယ့္ေၾကာင့္ သူ႕ကိုသာ အႏၱရာယ္ေပးေနၾကသည္နည္း။ ေက်ာင္းတြင္းအၾကမ္းဖက္မႈကိစၥလိုပင္ ေက်ာင္းတြင္ရွိေသာ လူေပါင္းမ်ားစြာထဲမွ အဘယ့္ေၾကာင့္ေမာ့တိသာ အၾကမ္းဖက္ခံရသည္နည္း။

ေမာ့တိ ထိုမန႔္မ်ားျမင္လိုက္ရခ်ိန္တြင္ အံ့ဩ၍သာေနခဲ့သည္။ သူ႕အတြက္ ထိုကဲ့သို႔ေသာ အရာမ်ားေၾကာင့္ စိတ္ထိခိုက္ေနရန္မလိုေပ။ ထို႔အျပင္ သူ႕ကိုစိတ္ဝင္စားလာေစမည့္ ဝတၳဳမ်ားသည္ပင္ အမ်ားအျပားရွိေနေလသည္။ ထိုထဲမွ အမွန္တကယ္ပင္ အခ်ိဳ႕ေသာလူမ်ားမွာ မိန္းကေလးသုံးဦးအတြက္ ေျပာဆိုေပးေနၾကသည္။

" သနားဖို႔ေကာင္းတဲ့ေကာင္မေလးေတြ သူတို႔ကကေလးပဲရွိေသးတာသူတို႔အက္ဆစ္ရဲ႕အႏၱရာယ္ေပးပုံကို သိဦးမွာမဟုတ္ဘူး"

" ငါထင္တာေတာ့ ဒီကေလးေတြက တကယ္အျပစ္ကင္းလိမ့္မယ္ေမာ့တိ အဲ့ေကာင္မေလးရဲ႕လက္ကို ေပါက္တူးနဲ႕ရိုက္လိုက္တာကို ၾကည့္ပါဦး.. သူက ေကာင္မေလးေတြရဲ႕လက္ေမာင္းနဲ႕ပုခုံးေပၚကိုေတာင္ စင္သြားေအာင္လုပ္လိုက္ေသးတယ္ သနားစရာေလးေတြအရမ္းငယ္လြန္းေသးတာ မိန္းကေလးေတြလည္း ျဖစ္ေနေသးတာကို မေျပာနဲ႕သူတို႔ဘာေတြျဖစ္ေတာ့မွာလဲကြာ"

" ေမာ့တိက တကယ့္ကို ေယာကၤ်ားေကာင္းမဟုတ္ဘူး ဖီ"

ထပ္ေပၚလာေသာ နားမလည္နိုင္သည့္ မန႔္လွိုင္းလုံးႀကီးေၾကာင့္ ေမာ့တိ ေဒါသပင္ မထြက္နိုင္ေတာ့ေခ်။

သူက အက္ဆစ္ႏွင့္တိုက္ခိုက္ခံရသျဖင့္ ေပါက္တူးကိုသုံးကာ ခုခံကာကြယ္သည့္အေနျဖင့္ ပုလင္းကိုဖယ္ထုတ္ခဲ့ျခင္းသာျဖစ္သည္။ ထို႔အျပင္ သူက ေယာကၤ်ားေကာင္းမဟုတ္ဟု ေဝဖန္ခံရသည္လား။ ဤသို႔သာဆိုလွ်င္ သူကလက္ကိုဆန႔္ၿပီး အက္ဆစ္ႏွင့္ပက္ျခင္းကိုခံကာ သူ၏ခႏၶာကိုယ္ကို ထိခိုက္သြားေစမွ ေယာကၤ်ားေကာင္းဟု သတ္မွတ္ခံရမည္လား။

ကံေကာင္းစြာျဖင့္ ထိုအေတြးမရွိေသာမန႔္မ်ားမွာ အလြန္ပင္ ေရပန္းမစားကာ နည္းပါးလွေပရာ ေမာ့တိ သူတို႔ကို မကိုင္တြယ္ေတာ့ေပ။ ထိုအစား ေမာ့တိ ေခါင္းစီးမွာ ထိုမွ်ေလာက္အတိုင္းအတာသို႔ တက္လာသည္ကို ၾကည့္ရင္း ေနာက္တစ္ဆင့္ထပ္တက္ရန္ ဆုံးျဖတ္လိုက္သည္။

ေမာ့တိ ဒိုင္ယာရီအတုကိုလိုင္းေပၚတင္ကာ အမ်ားဆုံးရွာေဖြမႈစာရင္းေပၚသို႔ တြန္းတင္လိုက္သည္။

သူ၏ေဘးရွိဆိုဖာေပၚတြင္ထိုင္ေနေသာ မုထ်န္းဟန္၏မ်က္ခုံးမ်ား ေမာ့တိကို ၾကည့္ကာ အနည္းငယ္တြန႔္ခ်ိဳးသြားခဲ့သည္။

" ကိုကို"

ေမာ့တိ မုထ်န္းဟန္ကို ထိုကဲ့သို႔ အမူအယာျဖင့္ ျမင္လိုက္ရေသာေၾကာင့္ မေနနိုင္လဲ ေမးလိုက္မိသည္။

" ဘာျဖစ္လို႔လဲ.."

မုထ်န္းဟန္ လက္ကိုဆန႔္ကာ ေမာ့တိ၏ေခါင္းကိုပုတ္ေပးေနလ်က္ သက္ျပင္းခ်လာခဲ့သည္။

" ဒီဟာက အာ႐ုံစိုက္မႈအမ်ားႀကီးကို ႏွိုးဆြေပးနိုင္ၿပီး ေမာ့စစ္လန္ကို ေနာက္က်ရင္ အႀကီးႀကီးထိခိုက္ေစမယ္ဆိုေပမယ့္လည္း အျဖစ္မွန္ထြက္မလာခင္ထိေတာ့ မင္းက ျပစ္တင္ရႈံ႕ခ်မႈေတြအမ်ားႀကီးေအာက္ကိုေရာက္ေနမွာေလ မင္းက မုန္တိုင္းရဲ႕ဗဟိုျဖစ္ေနလိမ့္မယ္.."

" ကိုကို ကြၽန္ေတာ္အဆင္ေျပမွာပါ"

ေမာ့တိ မုထ်န္းဟန္ စိတ္ညစ္ေနသည္ကို သိလိုက္ေသာေၾကာင့္ အလ်င္အျမန္ေခ်ာ့လိုက္သည္ ။

" ကြၽန္ေတာ္တကယ္အဆင္ေျပပါတယ္"

" ကြၽန္ေတာ္အခုေလာင္ကြၽမ္းေနရင္ေတာင္ ဒါက တခဏပါပဲ သူတို႔ရဲ႕ဆဲဆိုသံ ပိုျပင္းေလေလ အမွန္တရားေပၚသြားတဲ့အခါက်ရင္ သူတို႔ပိုၿပီးေနာင္တရေလပဲေလ"

မုထ်န္းဟန္ ေမာ့တိကို အၾကည့္တစ္ခ်က္အျမန္ေပးလိုက္ကာ အဆုံးတြင္ ျငင္သာစြာ ေပြ႕ဖက္လိုက္သည္။

" ကိုယ္ မင္းေသာက္ဖို႔တစ္ခုခုသြားလုပ္လိုက္ဦးမယ္ ဘာေသာက္မလဲ မက္မြန္သီးေဖ်ာ္ရည္လား သစ္ေတာ္သီးေဖ်ာ္ရည္လား"

" ဘာျဖစ္ျဖစ္ရပါတယ္ ကြၽန္ေတာ္ႏွစ္ခုလုံးႀကိဳက္တယ္"

" ေကာင္းၿပီ ဒီမွာေနခဲ့ေနာ္ ကိုယ္ခဏေနျပန္လာခဲ့မယ္"

Xxxxxx

Report content on this page

Continue Reading

You'll Also Like

19.4K 1.7K 10
အာဏာရှင်ဧကရာဇ်၏ ဧကရီမိဖုရား Associated Names 嫁给暴君的男人[穿书] Author 乔柚 English Title: The man who married Tyrant Status in COO 88 Chapters + 26 Extras အ...
4.2K 388 25
သွမ့်ရွေ့xသွမ့်ရန် အရိုးစစ်
191K 33K 123
story title လေးကို Description မှာထည့်ပေးထားမယ် တစ်ပတ် သုံးပိုင်း တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး???????? all credit to original author & e translator