မပြည့်စုံသော သူဌေးမလေး

By Alice_Yizhan_7012

20.1K 1.8K 67

Rebirth storyလေး နောက်ထပ်အသစ်တစ်ပုဒ်လေးပါရှင့်။ ဒါလေးကလည်း ဖတ်လို့ကောင်းတဲ့အထဲပါတာကတော့ မင်မင်ဆို တစ်ထိုင်တည်... More

ဇာတ်လမ်းအကျဥ်းချုပ်
အခန်း ၁ ။
အခန်း ၂ ။
အခန်း ၃ ။
အခန်း ၄ ။
အခန်း ၅ ။
အခန်း ၆ မှ ၁၀ ။
Birthday promotion
အခန်း ၁၆ မှ ၂၀ ။ (Unicode)
အခန်း ၁၆ မှ ၂၀ ။ (zawgyi)
အခန်း ၂၁ ၊ ၂၂ ။
အခန်း ၂၃ မှ ၂၅ (unicode)
အခန်း ၂၃ မှ ၂၅ (zawgyi)
အခန်း ၂၆
အခန်း ၂၇ မှ ၃၀

အခန်း ၁၁ မှ ၁၅ ။

1.5K 165 8
By Alice_Yizhan_7012


အခန်း ၁၁ ။  [ ကျန်း ရှောင်ယန် ကျန်း ရှောင်ယန် ကျန်း ရှောင်ယန် ကျန်း ရှောင်ယန် ]

သဘာဝကျစွာပါပဲ လင်း ချန် ကတော့ ထိုအကြောင်းကို မသိပါချေ ။ သူမ က အနာဂတ်မှာ ကျန်း ရှောင်ယန် နဲ့ ပို အဆင်ပြေအောင် အချိန်တွေကို ဘယ်လိုသုံးရမလဲ ဆိုတာ‌တွေ တွေးရင်း အပျော်ဆို့နေရှာသည် ။

“ ကောင်းယဲ့ လင်း ချန်ကို ကူပြီး ခရီးပြန်သွားဖို့ လက်မှတ် ကြိုမှာထား ” လင်း ဟွေ့ရဲ့ မိဘ တွေက မနက်ဖြန် မနက်မှာ သူတို့ ဇာတိမြို့ကို ပြန်ကြတော့မည် ဖြစ်၏ ။ ကျန်း ရှောင်ယန် က လင်း ချန် ကို သူနဲ့ ခေါ်ထားပါမယ် လို့ မဆိုလိုချေ ။

လင်း ချန် က သူမ မိဘ‌ တွေနှင့် ဇာတိ ပြန်လိုက်သွားဖို့ရန် မတွေးထားသည့် အတွက် တစ်ခဏမျှ တန့်သွားကာ : “ ရှောင်ယန်‌ ကောကော ဘာလို့ အကိုက  ညီမအတွက်ပါ လက်မှတ် ဖြတ်စေချင်‌နေတာလဲ ? ”

ကျန်း ရှောင်ယန် ပြောလိုက်၏  ။
“ တရုတ်မှာ နေချင်တာ မိဘတွေနဲ့ တွေ့ချင်လို့ ဆိုပြီး မင်း မပြောခဲ့ဘူးလား ? အခု နွေရာသီ အားလပ်ရက် ရှည်ကြီး ရထားတာကို မင်း အကျိုးရှိရှိ အသုံးချသင့်တယ် ၊ သူတို့နဲ့ အဖော်ပြုပေးလိုက် ”

လင်း ချန် : “ ..… ”
‘ ရုတ်တရက် သူမ ပေးလိုက်သည့် ဆင်ခြေက မကောင်းဘူး လို့ ခံစားနေရသည် ‘

သူမ တရုတ်မှာ နေချင်တာက ကျန်း ရှောင်ယန် နဲ့ အတူရှိနေဖို့ အခွင့်အရေးတွေ ပိုရလာဖို့ရန် ဖြစ်သည် ။ ဒါပေမဲ့လည်း သူက သူမကို နေခွင့်ပေးလိုက်ပြီး ဖြစ်သောကြောင့် ထပ် မေးဖို့မသင့်တော့ချေ ။ 
“ အို‌ခေ ပါ ၊ ရှောင်ယန် ကောကော သေချာ စဉ်းစဉ်းစားစား တွေးပေးလို့ ကျေးဇူးပါ ”

လင်း ချန် သူမ မျက်နှာက ပြုံးနေ ပေမဲ့လည်း သူမ နှလုံးသား ထဲမှာတော့ မပြုံးနိုင်ခဲ့ ။

ကောင်းယဲ့ က အရမ်းကို လုပ်နိုင် ကိုင်နိုင်စွမ်း ရှိ၏ ။ မကြာခင်မှာပင် လက်မှတ်တွေ ကြိုတင်မှာယူပြီးသွားပြီ ဖြစ်သည် ။ နေ့လည်ခင်းမှာ ကျန်း ရှောင်ယန်သည် အတွင်းရေးမှူး ဟူ ကို လင်း မိသားစုအား မြို့တော် အေ ကို လိုက်၍ လှည့်ပတ်ပြခိုင်းလိုက်ပြီး သူနဲ့ ကောင်းယဲ့ကတော့ ကုမ္ပဏီကို အရင် ပြန်သွားခဲ့၏ ။

လင်း ဟွေ့ရဲ့ သေဆုံးခြင်း နှစ်ပတ်လည်ရောက်တိုင်းမှာ ကျန်း ရှောင်ယန် ရဲ့ စိတ် အခြေအနေက လေးနက်လွန်းနေ၏ ။ သူ့ စိတ်သူ လမ်းလွှဲဖို့ရာ အတွက် မိုးချုပ်ပြီး ရုံးမဆင်းခင် အထိ ကုမ္ပဏီမှာပဲ အလုပ် တွေထဲ သူ့ကိုယ်သူ မြှပ်နှံ ပစ်လိုက်သည် ။  သို့သော် သူ အိမ်ပြန်ရောက်ပြီး အိပ်ရာပေါ် တစ်ယောက်တည်း လှဲနေသည့် အချိန်များ၌မူ လင်း ဟွေ့ရဲ့ သေဆုံးခြင်းအကြောင်း မတွေးမိဘဲ မနေနိုင်တော့ချေ ။

ကျန်း ရှောင်ယန်သည် ခေါင်းကိုက်‌ ဝေဒနာ စမလာခင်မှာပဲ  တု ယုံးဝေရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်၏ ။

တု ယုံးဝေ က သူမ ဖုန်းနဲ့ ကစား နေသည့် အချိန်မှာပဲ ဖုန်းစခရင် ပေါ်တွင် ' အစ်ကိုကြီး ' ဆိုသော စကားလုံးများ ပေါ်လာသည်ကို မြင်လိုက်ရ သောအခါ ဖုန်းကိုပင် ပစ်ပေါက် မိတော့မတတ် ဖြစ်သွားတော့သည် ။

‘ ဘော့စ် က သူမကို ဒီလောက် အစောကြီး အရောင်းပြီးဆုံးသွားလို့ ဆက်ပြီး ဝန်ဆောင်မှုအကြောင်း မေးတော့မှာ များလား ဟုတ်တယ်မလား ? ‘

တု ယုံးဝေ ဖုန်းကို စိတ်လှုပ်ရှားစွာနဲ့ ကိုင်လိုက်ရင်း အခြားတဖက်မှ လူကို ဟယ်လို လို့ ပြောလိုက်၏ ။ 
“ မင်္ဂလာ ညနေခင်းပါ ကျွန်မ ဘာများ လုပ်ပေးရမလဲ ? ”

“ ….. ” ကျန်း ရှောင်ယန် တစ်ခဏလောက် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည် ။
“ အဲ့ဒါဆိုရင် သီချင်း တစ်ပုဒ် ဆို ”

တု ယုံးဝေ ပါးစပ်တောင် တွန့်သွားသည် ။ ‘ အမြဲတမ်း သီချင်းဆိုခိုင်းဖို့ဆိုပြီး ညမှ သူမကို ဖုန်းခေါ်ခေါ်လာတယ် သူက ဘာဖြစ်‌ချင်‌ နေတာလဲ ? သူမကို သန်းခေါင်ယံ မှ သီချင်းတွေလာတဲ့ ရေဒီယိုကြီး လို့ ထင်‌နေတာလား ? ‘

“ ဟိုဟာလေ .. ကျွန်မ သီချင်းကို အသံသွင်းပေးပြီးသွားပြီ မဟုတ်ဘူး လား ? သီချင်းက တစ်ခုခု အဆင်မပြေ တာများ ရှိလို့လား ? ”

“ သီချင်းမှာ ဘာပြဿနာမှမရှိပါဘူး ဒီနေ့က စိတ်အခြေအနေမကောင်းတဲ့နေ့မလို့ လူ အစစ် သီချင်း ဆိုတာကိုပဲ နားထောင် ချင်တာ  ”

တု ယုံးဝေ : “ ..… ”
' သူ့မှာ တကယ်ကို ဆိုးဝါးတဲ့ နေ့လေး ရှိခဲ့ပါစေလို့ သူမ မျှော်လင့်ပါတယ် ' 

“ အဲ့ဒါဆို ရှင်က ဘယ်သီချင်းကို နားထောင်ချင် တာလဲ ? ”

“ ဘာဖြစ်ဖြစ် ၊ ငါ ဂရုမစိုက်ဘူး ရတယ် ”

“ ..… ”

' အခု လက်ရှိ သူမ စိတ်အခြေအနေကို ဖော်ပြဖို့ ' မလွယ်ကူသော ' ဆိုတဲ့ သီချင်း သူ့ကို ဆိုပြ လိုက်ရရင် ကောင်းမလား ? '

တု ယုံးဝေ ဘာကိုမှ မလုပ်ရဲပါဘူး ။ နောက်ဆုံးမှာ သူမက တင်း မုန့်ရဲ့ “ ကျေးဇူးပါ “ ဆိုတဲ့ သီချင်းကို သီဆိုခဲ့သည် ။

ဒီ သီချင်းက အရမ်း စိတ်ခံစားမှု ပြင်းထန်စေတာကြောင့်လည်း ပါနိုင်သလို အထူးသဖြင့် ညတွေမှာဆို အသံက စိတ်ညှို့ယူနေသလို ဖြစ်တာကြောင့် … သားချော့တေး တစ်ပုဒ်လိုမျိုး ဖြစ်နေ၏ ။   တု ယုံးဝေ သီချင်းဆက်ဆို‌ နေစဥ်မှာပဲ အခြားဖက်မှ အသက်ရှုသံ ကလွဲပြီး တခြားဘာမှ မကြားရ တော့ချေ ။ သူ အိပ်မောကျသွားပုံရသည် ။

သူမ သီချင်းဆို နေတာ ရပ်လိုက်ပြီး  “ ဘစ်ဘော့စ် ? ” လို့ မဝံ့မရဲ ခေါ်နေစဉ် သေချာ ဂရုတစိုက် နားထောင်လိုက်၏ ။

တစ်ဖက်လူက တုံ့ပြန်မလာပေ ။ တု ယုံးဝေ မျက်လုံးများ လှုပ်သွားပြီး  သတိထားကာ နာမည် ခေါ်လိုက်သည် ။
“ကျန်း ရှောင်ယန် ? ”

သူမ နှစ်စက္ကန့်လောက် စောင့်ဆိုင်းပြီး သွားသော်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာ မရသေးပေ ။ သူ တကယ် အိပ်ပျော် သွားပြီဟု တွေးမိရင်း  တု ယုံးဝေ မျက်တောင် တဖျပ်ဖျပ် ခပ်လိုက်မိ၏ ။ 

ကျန်း ရှောင်ယန် အိပ်ပျော် သွားပြီဟု သိရပြီးနောက် တု ယုံးဝေ သတ္တိတို့ ရှိလာခဲ့ပြီး ပျော်ရွှင်စွာနဲ့ ဖုန်းထဲသို့ ခေါ်လိုက်သည် : “ ကျန်း ရှောင်ယန် , ကျန်း ရှောင်ယန် , ကျန်း ရှောင်ယန် , ကျန်း ရှောင်ယန် … ”

“ ဘာ လဲ ? ”

တု ယုံးဝေ : “ ..… ”

‘ ဟေး သူက အိပ်သွားပြီ မဟုတ်ဘူးလား ?! ‘

တု ယုံးဝေ နှလုံးက ရင်ဖက်ထဲမှ ခုန်ထွက်လာ‌တော့ မလိုပင် ! ။ သူမ အသံတို့က တုန်လှုပ်နေလျက် အပြုံး‌ သေးသေးလေး ကို ညှစ်ထုတ်လိုက်ပြီး : “ ကျွန်မ က ရှင် အိပ်သွားပြီ ထင်‌နေလို့ အဲ့တာကြောင့် နှိုးဖို့ ကြိုးစား‌ နေတာ ! ရာသီဥတုက တအားပူတော့ သတိမထားရင် အဖျား ဝင်သွားနိုင် တယ်လေ ! “ 

‘ ပြီးပြည့်စုံချက် ! သူမက တအားတော် ! ‘

ကျန်း ရှောင်ယန် ပြောလိုက်၏ : “ ငါက အခု အိပ်ရာပေါ်မှာ အအေးစောင် ခြုံထားရင်း လှဲ‌ နေတာ ”

“ ..… ”

‘ အဲ့ဒီတော့လည်း အရမ်းကို ဇိမ်ကျနေမှာပဲ နော် ' 

“ ကောင်းတာပေါ့ ဟဟဟ ! ” တု ယုံးဝေ ဒီ စကား လမ်းကြောင်းကနေ ပြန်ဆုတ်ခွာဖို့ ဆုံးဖြတ် လိုက်သည် ။
“ တခြား အကြောင်းလည်း မရှိတော့ဘူး ဆိုရင် ရှင် အနားယူတာကို မနှောင့်ယှက်တော့ပါဘူး ကောင်းသောညလေး ဖြစ်ပါစေ ဂွတ် နိုက် ! ”

သူ စကားဆုံး သွားသည်နှင့်  ဖုန်းကို တန်းချပစ်လိုက်၏ ။ အခြား တစ်ဖက် က ရုတ်တရက် တိတ်ဆိတ်သွားတော့ ကျန်း ရှောင်ယန် နည်းနည်း လန့်သွားသည် ။

ဒါက ပထမဆုံး အကြိမ် သူ့ဖုန်းကို အရင်ချ သွားတာ ခံရခြင်းပါ ။

‘ အရမ်း ‌ဟုတ်‌နေပြီ ကြည့်ရတာ တု ယုံးဝေ မှာ သတ္တိတွေ အများကြီး ရှိပုံရ တယ် '

အခုလေးတင် တစ်စုံတစ်ယောက်က သူ့နား နား ကပ်ပြီး ခေါ်နေသည့် “ကျန်း ရှောင်ယန်” ဆိုတဲ့အသံကို တွေးနေမိပြီး သူ့မျက်လုံးတွေကို မှိတ်လိုက်တော့သည် ။ သူ့ ရဲ့ နှုတ်ခမ်းတို့ ကတော့ သတိမမူ မိစွာပဲ ကွေးညွတ် နေလျက် …

ရက် အနည်းငယ် ကြာသွားပြီး နောက်မှာ ကျန်း ရှောင်ယန် နိုင်ငံခြားကို သွားပြီး စီးပွားရေး  ဆွေးနွေးပွဲ တက်နေရသည့် အတွက် တု ယုံးဝေကို ထပ် မဆက်သွယ်မိ ။ တု ယုံးဝေက နေ့တိုင်း စာကြည့်တိုက်ကို ပြေးနေစဉ် နောက်ဆုံး စာမေးပွဲကြီးကလည်း နီးကပ်လာတော့လေသည် ။ အခု အချိန်မှာ‌ တော့ သူမ  ဗုဒ္ဓခြေထောက်ကိုပဲ ဖက်ဖို့(၁) တတ်နိုင်တော့၏  ။ သို့သော် အဲ့တာ အဆင်ပြေပါ့မလားဆိုတာကတော့ သူမ မသိချေ ။

စာကြည့်တိုက်ထဲမှာ နောက်ထပ် တစ်မနက်ခင်းလုံး စာကြည့်ပြီးသွား ပြီး‌နောက် စာကြည့်တိုက် တံခါး‌ပေါက်တွင် မိဘမဲ့‌ဂေဟာများအတွက် ရန်ပုံငွေထည့်ဝင်ရန် အလှူခံ‌ထား‌သော အလှူခံပုံးတစ်ခုကို သူမတွေ့လိုက်ရ၏ ။ တု ယုံးဝေ မှာ ငွေစက္ကူအရွက်တွေ သိပ်မရှိချေ ။  ကံကောင်းထောက်မစွာဖြင့် အလှူခံပုံးတွင် ငွေပေးချေရန် ကုဒ် တစ်ခု ရှိ၏ ။ တု ယုံးဝေသည် အဲ့တာကို စကင်န် ဖတ်လိုက်ပြီး ယွမ် တစ်သိန်း လှူခဲ့လိုက်လေ၏ ။

ဆရာ ချန်းက သူမကို ကောင်းမှုကုသိုလ် များများလုပ်ဖို့ မှာထား သောကြောင့် ချို့တဲ့သူတွေအတွက် ရန်ပုံငွေ ကောက်ခံသည့် ပရဟိတ လေလံပွဲလေး တစ်ခု တက်လိုက်ရုံမျှဖြင့် ပြီးသွားပြီဟု မျှော်လင့်ရန်မသင့် ဟု သူမ တွေးမိသည် ။ သူမ ဒီလို အလှူခံတာကို တွေ့လိုက်လျှင် သူမ ငွေတစ်ချို့လှူ လိုက်မည်ပင် ။ အဲ့ဒါအပြင် အင်တာနက်‌ ပေါ်၌ ပွိုင့်တစ်ချို့နှင့် လှူရသည့် လှူဒါန်းနည်း အမျိုးအစားများလည်း ရှိ၏ ။ ချက်ချင်းပဲ သူမ အိမ်ပြန်ရောက် ပြီးသည်နှင့် လှူဒါန်းမှုတွေ အကြောင်း စပြီး ရှာ‌ဖွေတော့သည် ။

တု ယုံးဝေ အဲ့ဒီအကြောင်း ရှာဖွေနေစဉ်မှာပဲ    ကျင်း ယင်ကျွမ် ရဲ့ ကသုတ်ကရိုက် ဟောင်သံတွေကို ကြားလိုက်ရ၏ ။

“ ..… ”

‘ ဒါ ….. သူမ စိုးရိမ်တာကတော့ စွန်း ရှောင်ရှောင် ထပ်လာတာ ဖြစ်မှာ ကိုပါပဲ '

ပြီးတော့ သူမ မှန်ခဲ့ပါသည် ။ သူမ အောက်ကို ဓာတ်လှေကားနဲ့ ဆင်းသွားပြီး ကြည့်လိုက်သည့်အခါ တကယ်ကို စွန်း ရှောင်ရှောင် ရောက်နေခြင်း ဖြစ်၏ ။

ပြီးတော့ သူစိမ်း မိန်းမတစ်ယောက် လည်းပဲ ပါသည် ။

မရင်းနှီးဘူး ဟု ပြောလျှင်လည်း လုံးဝကြီး မှန်ကန် မ‌နေချေ ။ အဘယ်ကြောင့် ဆိုသော် ဒီ မိန်းမကို တု ယုံးဝေ အရင်ဘဝတုန်းက မြင်ဖူး ပြီးသား ဖြစ်၏ ။

“ ယုံးဝေ ”  စွန်း ရှောင်ရှောင်  တု ယုံးဝေ လာနေသည်ကို မြင်သောအခါ ရှေ့ကို တိုး၍ လာချင်သော်လည်း ကျင်း ယင်ကျွမ် ရဲ့ ဟောင်သံကြောင့် ရပ်သာနေရပြီး ရွှေ့ဖို့ရန် မရဲတော့ပေ ။ တု ယုံးဝေ အားချုံအား ကျင်း ယင်ကျွမ်ကို အဝေးသို့ ခေါ်သွားရန် ခိုင်းလိုက်ပြီး ဆိုဖာဆီ လျှောက်သွားကာ ထိုင်ချလိုက်သည် ။
“ရှောင်ရှောင် ဒီမှာ ဘာလုပ်နေတာလဲ ? ”

ခွေးဟောင်သံ‌တွေ ပျောက်သွားမှသာ စွန်း ရှောင်ရှောင်ရဲ့ အမူအရာက အများကြီး သက်သာသွား‌တော့၏ : “ ယုံးဝေ ငါ နင့်ကို မိတ်ဆက်ပေးမယ် ၊ ဒါက လီ ရု တဲ့ ငါ့ရဲ့ သွေးဝေး အမျိုးတစ်ယောက်ပဲ ”

လီ ရုမှာက  အနည်းငယ် ကြမ်းတမ်းပုံရသည့် အရပ်အမောင်း အရှည်အနေတော်လောက်နှင့် အနက်ရောင် ဆံပင်များရှိပြီး ကြည့်ရတာ သူမက သူမ ဆံပင်တွေကို ပုံမှန် ဂရုစိုက်ပုံမရပေ ။  သူမက အပေါ်ပိုင်းမှာ ရိုးရိုး ရှပ်အင်္ကျီအဖြူကို အောက်ပိုင်းမှာ ဘောင်းဘီ အနက်ရောင်ကို ဝတ်ထား၏ ။ အတိုချုပ် ပြောရလျှင် အတွေ့အကြုံများပြီး အလုပ်လုပ်နိုင်စွမ်း ရှိမည့် ပုံပေါက်သည် ။

သူမ  တု ယုံးဝေ ကို မြင်ပြီး အပြုံးနှင့် နှုတ်ဆက်လိုက်၏ ။  “ ဟယ်လို မစ္စ တု ”

စွန်း ရှောင်ရှောင်သည် သူမကို ကြည့်လိုက်ပြီး တု ယုံးဝေ ဆီ လျှောက်သွားကာ ထိုင်ချရင်း စကားပြော လိုက်သည် ။
“ ကိစ္စကတော့ ဒီက ငါ့အမျိုးတွေက ကိုယ်တိုင် ထောင်ထားတဲ့ စကင်းကဲ ဘရမ်း တစ်ခုမှာ အလုပ်လုပ်‌ နေကြတာကွာ ၊ ဒါမဲ့ ငွေရင်းက မလောက်‌ဘူး ၊ အဲ့တော့ သူက ရင်းနှီးမြုပ်နှံ‌ပေးနိုင်မဲ့သူကို လိုက်ရှာနေတာ ”

စွန်း ရှောင်ရှောင်သည် ဒီလို မိုင်ပေါင်း ထောင်ချီ ဝေးတဲ့‌နေရာက နှစ်တွေအကြာကြီး နေလို့မှ တစ်ခေါက်လောက် တွေ့ဖြစ်ကြမဲ့ အမျိုးတွေကို ဘယ်က ရှာတွေ့လာလဲ ဆိုတာတော့ တု ယုံး‌‌ဝေ မသိပါချေ ။ သို့သော် သူတို့ တွေ့တွေ့ချင်းမှာတင် လီရု က  ပိုက်ဆံအကြောင်း မေးရဲ‌သည် ပင် ။ စွန်း ရှောင်ရှောင် က သူမ ပိုက်ဆံ‌ တွေကို မပေးချင်ခဲ့ ။ လီ ရု ကလည်း သူမ အိမ်တံခါးရှေ့ထိ ရောက်လာတာ ဖြစ်သည့် အတွက် တိုက်ရိုက်ကြီး မပေးဘဲ ငြင်းလို့ကလည်း မကောင်းသောကြောင့် သူမကို ချမ်းသာသည့်သခင်တစ်ယောက်နှင့် တွေ့ပေးဖို့ ခေါ်လာတာ ဖြစ်၏ ။

အဲ့ဒီ ' သခင် ' ဆိုတာကတော့ တု ယုံးဝေ ပဲပင် ။

တု ယုံးဝေ ဒီမြင်ကွင်းကို မှတ်မိသည် ။ အရင် ဘဝတုန်းကလည်း စွန်း ရှောင်ရှောင် ဒီ လီ ရု လို့ ခေါ်သည့် အမျိုးသမီးကို သူမဆီ ခေါ်လာ၏ ။သူတို့ ပြောသည်များကို သူမ သေချာ ဂရုတစိုက်နားမထောင်ခဲ့ဘဲ ပိုက်ဆံများကိုသာ ရက်ရက်‌ရောရော ထုတ်‌ပေးခဲ့သည် ။ ဘယ်လိုဖြစ်ဖြစ် သူမကလည်း ပိုက်ဆံ ပြတ်နေချိန် ရယ်လို့မှ မရှိသည်ကိုး ။ ပြဿနာက နောက်ပိုင်းမှာ ပေါ်လာတာ ဖြစ်၏ ။ ဖန်း ကျင် က ဒီ စကင်းကဲ ဘရန်းက ထုတ်သည့် ပစ္စည်းများကို သုံးသည် ဆိုတာ သူမ မသိခဲ့ချေ ။ ပြီးတော့ အရေပြား ဓာတ်မတည့်မှု‌တွေ ဖြစ်သွားခဲ့ သောကြောင့် ကျန်း ရှိန်းကျဲ မှ စစ်ဆေးခဲ့ရာ ဒါက တု ယုံးဝေ ရင်းနှီး မြှပ်နှံထားသည့် ဘရန်း ဆိုတာကို ကြားလိုက်ရသည် ။ ရုတ်တရက် ချက်ချင်း ဆိုသလို အပြစ်မှန်သမျှက သူမ ခေါင်းပေါ်သာ တင်ခံလိုက်ရ တော့၏ ။

ဒီ အဖြစ်အပျက်က သူတို့ ဆက်ဆံ‌ရေးကို နောက်ထပ် ထပ်ပြီးယိုယွင်းလာ‌စေခဲ့ပြီး တု မိသားစု ရဲ့ ဒေဝါလီ ခံရခြင်း အုတ်မြစ် အစလည်း ဖြစ်သည် ။

သဘာဝ ကျကျပါပဲ။  လီ ရုရဲ့ ဘရန်းက ဆက်မလုပ်နိုင် ခဲ့ပါဘူး ။ ဘာတစ်ခုမှ မထိခိုက်တဲ့သူကတော့ စွန်း ရှောင်ရှောင်ပဲပင် ။

“ မစ္စ တု ကျွန်မတို့ အဖွဲ့က ကျွမ်းကျင်ပြီး အတွေ့အကြုံတွေလည်း ရှိတဲ့ သူတွေ ဖြစ်ပါတယ်၊ ဒါကတော့ ကျွန်မတို့ အဖွဲ့ ရဲ့ အခုချိန်ထိ စမ်းသပ်ထားသမျှ ထုတ်ကုန်မှတ်တမ်းတွေပါ ၊  ကြည့် ကြည့်ပါဦး ရှင့် ” လီ ရုသည် ရင်းနှီး မြှုပ်နှံဖို့ရန် အစပြုလိုက်၏ ။ သူမ မလာခင် ကတည်းက အသေချာလေး ကောင်းကောင်း ပြင်ဆင်ထားခဲ့သည် ။ ဖိုင်တွဲတွေ ကလည်း စမ်းသပ်ချက် ရလဒ်များ အပြည့်ပါ၏ ။ အဲ့ဒီ ထဲမှာ ရေးထားတာ တွေကလည်း ကျွမ်းကျင် ပညာရှင် ဆန်ပြီး မူမမှန်တာ တစ်ခုကိုမှ တု ယုံးဝေ မတွေ့ရချေ ။ ဒါပေမဲ့ ဒီတစ်ကြိမ် မှာတော့ သူမ လီရု ပြောသမျှကို သေချာ နားထောင် ပြီး‌နောက် သူတို့ရဲ့ ဒီ ဘရန်းက အခြေအမြစ်ရှိပြီး မဆိုးဘူး လို့ သူမ ခံစား လိုက်ရသည် ။

ရင်းနှီးမြှပ်နှံမှု နဲ့ ပတ်သက်ပြီးကတော့ တု ယုံးဝေ အများကြီး မသိပေမဲ့ ရင်းနှီးမြှပ်နှံမှု ပရောဂျက် တစ်ခုက ရင်းနှီး မြှပ်နှံတဲ့ သူအပေါ် မူတည်နေတာကိုတော့ သူမ သိ၏ ။  အရင် ဘဝတုန်းက ပြဿနာတွေဖြစ်အပြီးတွင် လီ ရု က သူမဘာသာ ထွက်ပြေး သွားပြီး သူမအပေါ် အပြစ် ပုံချခဲ့တာမျိုး မရှိခဲ့ ။ အဲ့တာအပြင် ပြဿနာ ဖြေရှင်းဖို့ ကိုလည်း တအား ကြိုးစားနေခဲ့ သေးသည် ။ တု ယုံးဝေ သူမကို အကောင်း မြင်ပေးလို့ ရဆဲပင် ဖြစ်၏ ။

အဲ့တာက အရင်တစ်ခေါက် သူမ ရင်းနှီးမြှပ်နှံလိုက်စဉ်က ငွေအမောင့် တစ်ချို့ကို ဒီတိုင်းပဲ ပစ်ပေးလိုက်ပြီး စိတ်ထဲ သေချာ မထားခဲ့ ။ သူမ ဒီတစ်ခေါက် ငွေပေး၍ ရင်းနှီး မြှပ်နှံလျှင်တော့ အဲ့တာကနေ တကယ် ငွေရှာလို့ ရနိုင်ဖို့ရာ မျှော်လင့်မိ၏ ။ သူမက လီ ရု ရဲ့ ထုတ်ကုန်ပစ္စည်းများတွင် ရင်းနှီးမြှပ်နှံမှုလုပ်ရန် ဆန္ဒ ရှိသော်လည်း ငွေ အရင် ကြိုပေး ထား‌တော့မည် မဟုတ် ။ 

သူမ လီ ရုက ပေးလာသည့် အချက်အလက် မှန်သမျှကို လက်ခံထားလိုက်ပြီး သူမကို ပြုံး ကြည့်ကာ : ” အခုလို အစ်မ အများကြီး ကြိုပြင်ဆင်ထားပြီးတာ ဟုတ်ပေမဲ့ ကျွန်မကတော့ တစ်ချက် ပြန်ကြည့်ဖို့ လိုပါသေးတယ် ဆိုတော့ .. ကျွန်မကို  နမူနာလေးတစ်ချို့များ ပေးလို့ ရမလား ? ကျွန်မ ကျွန်မ အဖွဲ့ကို တခြားပစ္စည်း ထုတ်ကုန် အသိပေးချက်လေး လုပ်ထား ချင်လို့ပါ ”

လီ ရု သူမ ပစ္စည်းများကို သယ်လာခဲ့သည့် အတွက် တု ယုံးဝေ ရဲ့ စကားများကို ကြားပြီးသည်နှင့် တန်းထုတ်လိုက်ကာ : “ လောလောဆယ် ကျွန်မ အဖွဲ့က မျက်နှာသုံးအားဖြည့်အဆီနဲ့ လိမ်းဖို့ ခရမ်တွေ ထုတ်ထားတာပါ   ဒီနှစ်ခုက အနာဂတ်မှာ ကျွန်မတို့ ရဲ့ အဓိကထုတ်ကုန်တွေ ဖြစ်လာမှာပါ ကိုယ်တိုင်သုံး ကြည့်လို့လည်း ရပါတယ် မဟုတ်ရင်လည်း စစ်တဲ့နေရာ တစ်ခုခုရှာပြီး ပစ္စည်းကို စစ်ကြည့်လို့ ရပါတယ်ရှင့် ကျွန်မဖက်ကတော့ ကျွန်မတို့ ထုတ်ကုန်တွေက စစ်ဆေးမှုကို အောင်မြင်မယ် ဆိုတာ သေချာပါတယ် ”

“ အဲ့တာဆို ကောင်းတာပေါ့ ” တု ယုံးဝေ နမူနာ ပစ္စည်းတွေကို လက်ခံလိုက်ပြီး လီ ရု ကို ပြောလိုက်၏ ။  
“ ဒါကို လုပ်ဖို့ အချိန်လေး နည်းနည်းကြာမှာနော် တစ်ယောက်ယောက်ကို ရှာပြီး ထပ် ဆွေးနွေး ရဦးမှာ ဆိုတော့ အစ်မ စောင့်နိုင်မလား ? ”

လီ ရု ခဏ လောက် တွေးလိုက်ပြီး သူမ စိတ်ထဲက အနည်းငယ် ငြင်းဆန်‌နေမိပေမဲ့ အဆုံးမှာတော့ သူမ ခေါင်းညိတ်လိုက်သည် : “ ရပါတယ် ”

တု ယုံးဝေ ပြောလိုက်၏ :  “ အဲ့တာဆိုရင် ကျွန်မကို ဆက်သွယ်ရမဲ့ အချက်အလက်လေးတွေ ပေးထားခဲ့ပါ ကျွန်မဖက်က ဆုံးဖြတ်ပြီး သွားတာနဲ့ တိုက်ရိုက်ဆက်သွယ် လိုက်ပါ့မယ် ”

“ ဟုတ်ကဲ့ပါရှင့်” လီ ရု လုပ်ငန်းလိပ်စာကဒ် ကို ထုတ်ပြီး တု ယုံးဝေ ဆီ လှမ်းလိုက်၏ ။

တု ယုံးဝေ လက်ခံလိုက်ပြီးနောက် လီ ရုနဲ့ စွန်း ရှောင်ရှောင် ကို ပြန်ပို့ဖို့ အားချုံကို ခိုင်းလိုက်သည် ။ စွန်း ရှောင်ရှောင်မှာ တု ယုံးဝေနှင့် စကား ပြောချင်နေသေးသော်လည်း သူမက ဧည့်သည်တွေကို ပြန်ပို့ဖို့ တစ်ယောက်ယောက်ကို ခိုင်းပြီးပြီဖြစ်သည်ကို တွေ့ရသည့်အတွက် ပြုံး၍သာ လီရု နဲ့ ပြန်လိုက်သွား တော့၏ ။

တု ယုံးဝေသည် လီရု ၏ လုပ်ငန်းလိပ်စာကဒ်ကို ယူလိုက်ပြီး သူမ အရင်ဘဝက အဖြစ်အပျက်များကို အသေးစိတ် ဂရုတစိုက် ပြန်စဉ်းစားနေတော့သည် ။ ဖန်း ကျင် ရဲ့ မျက်နှာ အလာဂျစ် ဖြစ်တာက  ရက်‌တော်တော် ကြာပြီးမှ ဖြစ်၏ ။ အဲ့ဒီအချိန်မှာပဲ သူမ အခန်းဖော်က တု ယုံးဝေရဲ့  မျက်နှာလိမ်း ခရမ် ကြောင့် အလာဂျစ် ဖြစ်သည်ဟု ပြောခဲ့သည် ။

ဖန်း ကျင် မှာက အလာဂျစ် ဖြစ်လွယ်သည့် အသားအရေ ရှိ၏ ။ ဒါကြောင့် သူမ သုံးနိုင်သည့် စကင်းကဲ ပစ္စည်းများက အရိုးရှင်းဆုံး ဖြစ်ရင်ဖြစ် မဟုတ်ရင် ဈေးအကြီးဆုံးကိုသာ သူမ သုံးလို့ရသည် ။ သူမ ကျန်း ရှိန်းကျဲ ကို မတွေ့ခင်တုန်းက အရှေ့တစ်ခု ကိုသာ သုံးနိုင်ပြီး ကျန်း ရှိန်းကျဲ နဲ့ ဆုံပြီး နောက်မှာတော့ သူမ စကင်းကဲ ပစ္စည်း အားလုံးက နောက်မှ တစ်ခုနှင့် အစားထိုးသွားသည် ။

သူမ အဲ့ဒီအကြောင်းကို ဘယ်လိုပဲ‌ တွေးကြည့်ကြည့် ဖန်း ကျင်ရဲ့ အခန်းဖော်ကသာ ဒီရဲ့ အဓိက သော့ချက် ဖြစ်၏ ။ အဲ့ဒါက ‘ ဖန်း ကျင် ရဲ့ စားပွဲပေါ် မှာသာ ရှိနေရမည့် ဟာဖြစ်သည့် ဖန်း ကျင် သုံးလက်စ ဘရန်း၏ ပုလင်းက ကွဲသွားခဲ့ပြီး … ထို့နောက် လီ ရု ရဲ့ စကင်းကဲ ပစ္စည်းများ ရှိလာခဲ့ကာ သုံးဖြစ်သွား၏ …. ‘

သူမ ကျန်း ရှိန်းကျဲ ကိုသာ တွေးမိတော့သည် ။ ( သုံးလက်စ ပစ္စည်းက ကွဲသွားတော့ ရည်းစားကို ဈေးကြီးတဲ့ဟာ ပူဆာ )

အဲ့သည့် အချိန်တုန်းက ကျန်း ရှိန်းကျဲ က  တု ယုံးဝေ ကို စိတ်ပျက်နေတဲ့အချိန်ဖြစ်ပြီး တု ယုံးဝေ က ဒီ ပစ္စည်း‌ တွေကို ရင်းနှီး မြှပ်နှံတဲ့သူ ဆိုတာ သိသွား သောအခါ ….
‘ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရမ်းကို နှိုက်နှိုက် ချွတ်ချွတ် မစစ်ဆေး ဖြစ်ခဲ့ပေမဲ့ တစ်ယောက်ယောက်က သူမကို ချောက်ချလိုက်တာကတော့ သေချာသည် ။ '

သူမ ကိုယ်တိုင်က လွဲပြီး စွန်း ရှောင်ရှောင် တစ်ဦးတည်းကသာလျှင် ဒီကိစ္စ တစ်ခုလုံးကို သိတဲ့သူ ဖြစ်၏ ။ စွန်း ရှောင်ရှောင် က ဖန်း ကျင်ရဲ့ အခန်းဖော်ကို လာဘ်ထိုးပြီး သူမကို အဲ့လိုတွေလုပ်ဖို့ တမင် ခိုင်းခဲ့တာပဲ ဖြစ်နိုင်၏ ။ အဲ့တာကို တွေးလိုက်မိ မှသာ တု ယုံးဝေသည် ရုတ်တရက် သူမ စွန်း ရှောင်ရှောင် နှင့် ဖန်း ကျင်ရဲ့ အဆောင် အခန်းဖော် ကို အတူတူ တွဲမြင်ဖူးကြောင်း အမှတ်ရသွား တော့သည် ……

‘ အိုး !  စွန်း ရှောင်ရှောင် အတွက် ပတ်ပတ်လည် လိုက်ပြီး အကွက်ရွေ့ နေတာကို ရပ်ခိုင်းဖို့ အချိန်ရောက်ပြီ ' 

[ ဘာသာပြန်သူ၏ ရှင်းလင်းချက် ။
(၁)  临时抱佛脚/ lín shí bào fó jiǎo – နောက်ဆုံး မိနစ်မှသာ ကိစ္စတွေကို ပြီးပြတ်အောင် လုပ်သည် ။ ]

အခန်း ၁၂ ။

ည အိပ်ချိန်တွင် တု ယုံးဝေသည် လီ ရု သူမကို ပေးခဲ့သည့် မျက်နှာလိမ်း ခရမ်နှင့် အသားအရေအတွက် လိမ်းရန်အဆီ ကို ထုတ်ကာ သုံးကြည့်ဖို့ ကြိုးစားခဲ့၏ ။ သူမ သုံးနေသည့် စကင်းကဲပစ္စည်းများက နာမည်ကြီး ဘရန်းများမှ အကောင်းဆုံးနှင့် ဈေးအကြီးဆုံး စီးရီးများ ဖြစ်ပြီး ဆေးကုသမှု နှင့်ဆိုင်တဲ့ အလှအပရေးရာ ကိစ္စများ ကိုလည်း အလျဉ်းသင့်သလို လုပ်ဖြစ်လေ့ရှိသည် ။ ပစ္စည်းတိုင်းမှာ အသိအမှတ်ပြုလက်မှတ်တွေ ပါသော်လည်းပဲ သူမမျက်နှာ‌ပေါ် တိုက်ရိုက် တင်ဖို့ရန် မရဲပေ ။ စကင်းကဲအဆီ အနည်းငယ်ကို ညှစ်ယူ လိုက်ပြီး သူမ ၏ ဘယ်ဘက် လက်ဖမိုးပေါ်သို့ ပွတ်လိမ်းလိုက်သည် ။

မျက်နှာလိမ်းအဆီ ရဲ့  ထိတွေ့ရမှု အနေအထားက အရမ်းကို ချောမွေ့နေပြီး အနံ့ကလည်း အရမ်းကို လန်းဆန်းစေ၏ ။ လက်ပေါ်သို့ လိမ်းကြည့်သောအခါ အစိုဓာတ် ပြည့်ပြည့်ဝဝ ပေးနိုင်ပြီး အဆီများသလိုမျိုး ချွဲကျိကျိ ဖြစ်မနေချေ ။   သူမ အရင်ဆုံး ထိုသည်ကို ခုနှစ်မှတ် ပေးလိုက်၏ ။ သူမ ရဲ့ ဘယ်လက်ပေါ်သို့ ညတိုင်း လိမ်းကြည့်ပြီး အချိန်တစ်ခု‌ရောက်လျှင် သူမ ညာဖက်လက်နှင့်ယှဉ်ကြည့်ကာ ဘာကွာသွားသလဲ ဆိုတာကို သူမ ကြည့်ကြည့်မည် ဖြစ်သည် ။

စကင်းကဲ အဆီကို ပွတ်ပြီးသွားသည့်နောက် သူမ လက် အနောက်ဖက်ကို မျက်နှာလိမ်း ခရမ် တစ်ချို့  ပွတ်လိုက်၏ ။ အထိအတွေ့ နှင့် အစိုဓာတ်‌ပေးနိုင်မှုနှုန်းကလည်းပဲ ကောင်းသည် ။ သူမသည် လီ ရုဆီက ဒီ ထုတ်ကုန် နှစ်ခုက အလယ်လတ်တန်းစားသုံးစွဲသူ ဈေးကွက်ကို အဓိက ဦးတည်ထားသည်ဟု ကြားခဲ့၏ ။ အနာဂတ် ဒီဘရန်းကို လည်ပတ်‌သောအခါ သူတို့က အမျိုးသမီးများကို ဦးတည်ထားသည့်  ရောင်းအား အကောင်းဆုံး ဈေးကွက် ဖြစ်လာမည် ဖြစ်သည် ။

တု ယုံးဝေ သူမ ပေးခဲ့သည့် ပလန်ကို ဖတ်ကြည့်လိုက်၏ ။ သူတို့ ကုမ္ပဏီ ရဲ့ အယူအဆတွေ အတွေးအခေါ်တွေ နည်းပညာတွေက တကယ်ကို   ပြည့်စုံလုနီးပါးပင် ။ အဓိက က သူတို့ ပိုက်ဆံပြတ်နေခြင်းသာ ။ ဘရန်းကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်လျှင် ဒါဟာ သူမအတွက် အနာဂတ်မှာ ငွေရပေါက် ဖြစ်လာမည် ဖြစ်သည် ။

တု ယုံးဝေ အဲ့ဒီ့ပိုက်ဆံတွေကို တွေးလိုက်မိသောအခါ ပျော်ရွှင်လာ၏ ။ သို့သော် ရင်းနှီး မြှပ်နှံမည့် ကိစ္စကို  ဖန်း ကျင်ရဲ့  ပြဿနာဖြေရှင်းပြီးချိန်အထိ စောင့်ဆိုင်းထားမည် ဖြစ်သည် ။ တု ယုံးဝေ ခဏလောက် တွေးလိုက်ပြီး စောင့်ကြည့်ကင်မရာ တစ်ခု ဝယ်ရန် အွန်လိုင်းပေါ်သွားပြီးနောက် သူမ၏ ဆေးဝါးဆိုင်ရာ အလှကုန် အထူးကု သူငယ်ချင်း တစ်ယောက်ကို စကင်းကဲ ပစ္စည်း အကဲဖြတ် သုံးသပ်ပေးသည့် အေဂျင်စီတစ်ခုနှင့် သူမကို မိတ်ဆက် ပေးရန် သွားတွေ့ ခဲ့၏ ။

အရာအားလုံးကို စီစဉ်ပြီးသွားသည့်‌နောက် နောက်ဆုံးမှာ‌တော့ သူမသည် လှပအောင် အိပ်စက်လိုက်‌ တော့သည် ။

ဇွန်လသည်ကား စာမေးပွဲရာသီ ဖြစ်၏ ။ တု ယုံးဝေ မှာလည်း ဒီလ စာမေးပွဲအတွက် ဘာသာရပ် အချိန်စာရင်း အတော်များများ ရှိနေသည် ။ သူမ အရင်က ဘာသာရပ်တွေ အများကြီး လွတ်ထား၏ ။ ဒီအတောအတွင်းမှာ သူမ ဇွဲ ကောင်းကောင်းနှင့် စာလုပ်နေခဲ့ပြီး စာကြည့်တိုက် ထဲ၌သာ နေ့တစ်နေ့လုံးနီးပါး ကုန်ခဲ့တော့သည် ။

နောက်ပိုင်းမှာ သူမ ဗုဒ္ဓ ခြေထောက်ကို ယုံယုံကြည်ကြည် ဖက်ကာ ကိုးကွယ်နေခြင်းကြောင့် ဘုရားသခင်က သူမကို ကောင်းချီး ပေးဖို့ ‌ဆုံးဖြတ်မလားတော့ သူမ မသိပေ။

သူမကိုယ်သူမ သင်္ချာ ပုစ္ဆာ တွေထဲ မြှုပ်နှံနေချိန်တွင် အနှောင့်အယှက်‌ပေးတတ်သည့် မကောင်းဆိုးဝါးလို စွန်း ရှောင်ရှောင် ရောက်ချလာ၏ ။ စွန်း ရှောင်ရှောင် က စာကြည့်တိုက်ကို တက္ကသိုလ်မှာ သုံးနှစ်ကြာတက်ပြီး ပထမဆုံး အနေဖြင့် ရောက်ဖူးခြင်း ဖြစ်သည် ။ ထောင့်နားမှာ ထိုင်‌နေသည့် တု ယုံးဝေ ကို တွေ့ရဖို့ အချိန် အကြာကြီးပင် ရှာလိုက်ရ၏ ။

“ ယုံးဝေ  ဘာလို့ ငါ့ကို စာမပြန် တာလဲ ? ” စွန်း ရှောင်ရှောင် တု ယုံးဝေကို မြင်သည်နှင့် စောဒက တက်တော့သည် ။

တု ယုံးဝေရဲ့ ဖုန်းက အသံပိတ်ထားပြီး မနှောင့်ယှက်ရ မုဒ်ကိုပင် ဖွင့်ထား၏ ။ စားပွဲ ပေါ်  ဒီတိုင်းသာ သပ်သပ် တင်ထားခြင်း ဖြစ်သည် ။ တု ယုံးဝေသည် သူမကို ကြည့်လိုက်ပြီး အမူအရာပင် မပြောင်းဘဲ ပြန်ဖြေလိုက်၏ : “ အိုး … ငါက စာလုပ်‌ နေတာလေ ဖုန်းကို  မကြည့်ဖြစ်ဘူး ၊ တစ်ခုခု ပြောချင်တာ ရှိလို့ ? ”

စွန်း ရှောင်ရှောင် တု ယုံးဝေရဲ့ စာရွက်တွေ ပစ္စည်းတွေ စားပွဲပေါ် ပြန့်ကျဲနေသည်အား ကြည့်လိုက်ကာ သူမ ဘေး ဝင်ထိုင်လိုက်၏ ။ “ ဒီ အပတ် စနေနေ့ညမှာ ကျန်း မိသားစုက မိသားစု စုံညီ စုဝေးပွဲ‌ အသေးလေးလုပ်မှာတဲ့ နင် ကြားပြီး ပြီလား ? ”

တု ယုံးဝေ စိတ်ဝင်စားမှု မရှိဆဲပင် : “ အို့ ! သူတို့ မိသားစု စုဝေးပွဲက ငါတို့နဲ့ ဘာမှ လုပ်စရာ မရှိဘူး‌လေ ”

စွန်း ရှောင်ရှောင် မကျေမချမ်း ပြောလိုက်၏ : “ ငါ ကြားတာက ကျန်း ရှိန်းကျဲ က ဖန်း ကျင်ကို ဒီတစ်ကြိမ်မှာ ခေါ်သွားမှာတဲ့ ”

“ ဪ … ” တု ယုံးဝေ နောက်ဆုံး မှာ‌တော့ သင်္ချာ ပုစ္ဆာများမှ သူမရဲ့ အာရုံ စူးစိုက် ထားမှုကို လွှတ်ချလိုက်၍ သူမ မျက်နှာကို လှည့်ကာ  စွန်း ရှောင်ရှောင် ကို ကြည့်လိုက်တော့လေ၏။ : “ အဲ့ဒီတော့ … ? ”

စွန်း ရှောင်ရှောင်က ဆန္ဒစောနေလျက် : “ ယုံးဝေ နင် ဘာလို့ စိတ်မပူတာလဲ ? ကျန်း ရှိန်းကျဲ က သူမကို ကျန်း မိသားစု ရဲ့ ပါတီပွဲ တက်ဖို့ ခေါ်သွားမှာလေ အဲ့ဒါက သူ့ အနေအထားကို ပြဖို့ပဲ ဥစ္စာ ၊ သူမသာ အဲ့ဒီကို ရောက်သွားရင် အဲ့ဒါ ကျန်း မိသားစုရဲ့ အိမ်တံခါးထဲကို ခြေတစ်ဝက်လှမ်းနိုင်သွားတဲ့ သဘောပဲဟ နင့်မှာ နောက်ကျ ဘာအခွင့်အရေးမှကို ရှိတော့မှာ မဟုတ်ဘူး ! ”

တု ယုံးဝေသည် စွန်း ရှောင်ရှောင်ကို ခဏလောက် ကြည့်နေခဲ့ပြီး သူမ ခေါင်းကို ငုံကာ သူမ ဖြေရှင်းမရနေသည့် သင်္ချာပုစ္ဆာကိုသာ ပြန်တွက်နေလိုက်တော့သည် ။
“ ရှောင်ရှောင် ငါ အရင်ကပြောဖူးပြီးသား‌နော် ငါ ကျန်း ရှိန်းကျ ရဲ့ကိစ္စတွေကို စိတ်မဝင်စားဘူးလို့ ၊ သူဟာသူ ဘယ်သူနဲ့ ဖြစ်ဖြစ် လက်ထပ်ချင်တဲ့သူနဲ့လက်ထပ် ၊ ရတယ် ငါ သူနဲ့ ဖန်း ကျင် အတူတူ အိုအောင် မင်းအောင် ပေါင်းသွား‌စေနိုင်ဖို့  ဆန္ဒ ရှိပါတယ် ”

“ ယုံးဝေ ! ” စွန်း ရှောင်ရှောင် သည်းကြီးမည်းကြီး ဖြစ်‌‌ နေရုံမကပဲ ဒေါသပါ ထွက်လာတော့၏ ။ သူမ မျက်နှာ ရဲ တက်လာကာ “ နင် ဘာဖြစ်နေတာလဲ ? အရင် တစ်ခေါက်က နင့်ကို ကျန်း ရှိန်းကျဲက ကြောက်လန့် သွားအောင်ကို ရိုက်လိုက်မိတာလား ? အခုကျ သူတို့ကို နေ့တိုင်း ရှောင်‌ပုန်းနေတာ နင်က မျှော်လင့်ချက်ကို မရှိတော့ဘူး ! ” တု ယုံးဝေသည် သူမကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည် : “ နင် တော်တော် သိနေတာပဲ ၊ သွားတော့ ! ”

“ ငါ ….. ငါ ! ” စွန်း ရှောင်ရှောင် သူမ နှုတ်ခမ်း‌ တွေကို ဟလိုက်ပေမဲ့ ဘာပြောရမယ် မှန်းမသိတော့ပါချေ။ တု ယုံးဝေသည် ခဏ စောင့်နေခဲ့ပြီးနောက်၌ သူမကိုယ်သူမ သင်္ချာထဲသာ အာရုံစိုက်လိုက်တော့၏ ။ စွန်း ရှောင်ရှောင်သည် နေရာမှာတင် ဆောင့်အောင့်လိုက်ပြီး သူမ အိတ်ကို ကောက်လွယ်ကာ ထွက်သွားတော့သည် ။ တု ယုံးဝေကတော့ သူမ ထွက်သွားသည်ကို ‌ကြည့်လိုက်ရင်း နှုတ်ခမ်းများတွန့်ကာ လှောင်ရီလိုက်မိ၏ ။

စွန်း ရှောင်ရှောင် ဒီတိုင်း တော့ ထိုင်နေမည်မဟုတ်ပေ ။ သူမ ကျန်း ရှိန်းကျဲနဲ့ ပတ်သက်ပြီး ဘာတွေ သဘောကျ နေသည် ကိုတော့ သူမ ( တု ယုံးဝေ ) မသိသော်လည်း သူမက ကျန်း ရှိန်းကျဲ အပေါ်တွင် သိသိသာသာကို အကောင်းမြင်တတ်သည် ။ သူမက ကျန်း မိသားစု စုံညီစု‌‌ဝေးပွဲကို ဖန်း ကျင် တက်မဲ့ အရေးအား သေချာပေါက်ကို နည်းလမ်းရှာပြီး တားလိမ့်မည် ။ ထို့အတွက် မျက်နှာ အလာ့ဂျစ် က တကယ့်ကို အကြောင်း ပြချက်ကောင်း တစ်ခုပင် ဖြစ်သည် ။

အရာအားလုံးက ချိတ်ဆက်မိသွားတော့၏ ။ အရင် ဘဝကတော့ သူမဟာ စွန်း ရှောင်ရှောင်၏ သွေးထိုးမှု တွေနှင့် ကျန်း ရှိန်းကျဲ ဆီ သွားကာ စကားများ ငြင်းခုံခဲ့သည် ။ ဒါပေမဲ့ အဲ့ဒါက ကျန်း ရှိန်းကျဲ ရဲ့ ဖန်း ကျင် အား ပါတီဆီ ခေါ်သွားမဲ့ အစီအစဉ်ကို မပြောင်းစေခဲ့ချေ ။ အဲ့ဒီအစား သဘာဝကျစွာပင် ဖန်း ကျင်ရဲ့ မျက်နှာ အလာဂျစ် အတွက် အပြစ်ဖို့ ခံလိုက်ရတော့သည် ။

ဒီ တစ်ကြိမ်မှာတော့ သူမက ကြားထဲမှ မြေစာပင် အဖြစ်ခံတော့မည် မဟုတ်ချေ ။ သူမ အရင်ဘဝကလိုပင် စွန်း ရှောင်ရှောင်က ဒီပြဿနာကို စတင်ရန် တစ်ယောက်ယောက်ကို တိတ်တဆိတ် ရှာပေလိမ့်မည် ။ အရင်ဘဝက သူမမှာ ဘာသက်သေမှ မရှိသည့်အတွက် မည်သူကမှ သူမကို မယုံကြ ၊ လူတိုင်းက သူမ လုပ်သည် ဟုသာ သံသယ ရှိကြ၏ ။ ဒီ တစ်ခါမှာတော့ စွန်း ရှောင်ရှောင် အရမ်းတွေ  ကံကောင်းနိုင်တော့မည် မဟုတ်ပေ။

တု ယုံးဝေ ပြုံးလိုက်ပြီး ဖုန်းထဲမှ ဆော့ဖ်ဝဲ တစ်ခုကို ဖွင့်လိုက်‌၏ ။

ဒါက သူမ ဝယ်ထားခဲ့သည့် စောင့်ကြည့်ကင်မရာအတွက် ဆော့ဖ်ဝဲဖြစ်သည် ။ ဖုန်းထဲမှ နေ၍ စောင့်ကြည့်နေရာတစ်ဝိုက် ဝန်းကျင်၌ အမှန်တကယ် ဖြစ်‌နေသည်များကို ဗီဒီယို သဘောမျိုးဖြင့် ကြည့်နိုင်၏ ။ ဒီ‌နေ့ သူမ စာကြည့်တိုက် မလာခင် သူမ၏ ကင်မရာကို  စွန်း ရှောင်ရှောင်နှင့် ဖန်း ကျင်ရဲ့ အခန်းဖော်တို့ ဆုံမည့် နေရာကို ထားထားခဲ့သည် ။

စွန်း ရှောင်ရှောင် က အရမ်း ဂရုစိုက်သည် ။  ကျောင်းထဲမှ အများနဲ့ဆိုင်သည့် နေရာများတွင် ကင်မရာများရှိ၏ ။သူမက ဖန်း ကျင်ရဲ့ အခန်းဖော်ကို တွေ့ဖို့ရန် စောင့်ကြည့်ကင်မရာ မရှိသည့်နေရာကို အသေအချာကို စစ်ဆေးပြီး ရွေးချယ်ခဲ့သည် ။ သူတို့ နှစ်ယောက် ဒီ ရည်ရွယ်ချက်နဲ့ တွေ့ကြတာလားဆိုတာကို တု ယုံးဝေ မသေချာပေမဲ့ ကင်မရာကို အရင် ထားပြီး ဖုန်းနှင့် ချိတ်ထားခြင်းက အမြဲတမ်းအတွက် မှန်ကန်သည့် ရွေးချယ်မှု ဖြစ်၏ ။

စောင့်ကြည့်သည့် ဆော့ဖ်ဝဲထဲမှ ထွက်ပြီးနောက် တု ယုံးဝေသည် ဖုန်းမှ အချိန်ကို ကြည့်လိုက်သည် ။ ၁၁နာရီပင် ထိုးတော့မည် ဖြစ်သည့်အတွက် အခြားသော ပုစ္ဆာများကို မြန်မြန် ဖြေရှင်းလိုက်၏ ။ သို့မှသာ အိမ်ပြန် နေ့လည်စာ မြန်မြန် စားလို့ ရမည် ဖြစ်သည် ။

ကျောင်းထဲမှ ကျောင်းသား ၊ ကျောင်းသူ အများစုက ချမ်းသာသည့် မိသားစုမှ ကလေးများ ဖြစ်ကြ၏ ။ ထို့ကြောင့် စာလေ့လာရသည်ကို ကြိုက်သည့် ကလေးများ သိပ်မရှိကြပေ ။ အချိန်တဖြတ်ကုန်ခါနီးတွင် စာကြည့်တိုက်ထဲရှိ ထိုင်ခုံနေရာ တဝက်မက လွတ်နေပြီပင် ဖြစ်သည် ။ ဒါပေမဲ့ ဒါက အဆင်ပြေပါ၏ ။ အိမ်ပြန် နေ့လည်စာစားပြီး နေ့လည်ခင်း ပြန်လာချိန်တွင် ထိုင်စရာ‌နေရာ မရှိမည်ကို   တု ယုံးဝေ စိတ်မပူမိတော့ချေ။

သူမသည် ဖောင်တိန် ကို ထပ်မံ ကောက်ယူလိုက်ကာ တစ်ဝက်တစ်ပျက် တွက်လက်စ သင်္ချာ ပုစ္ဆာ အပေါ် ဆက် တွက်ဖို့ ကြိုးစားလိုက်၏ ။

ဆယ်မိနစ် ကြာသွားပြီးနောက် ….. အလုပ် မဖြစ်သေးပေ ။

သူမသည် စွန်း ရှောင်ရှောင် ကို သူမ အတွေးတွေထဲ ဝင်လာနှောင့်ယှက်သည့်အတွက် အပြစ်တင်လိုက်သည် ။ ဒါပေမဲ့လည်း အဲ့ဒါတွေကို ဖြေရှင်းဖို့ရန် အစကတည်းက သူမမှာ ဘာ အကြံဉာဏ်မှကို ရှိမနေချေ ။

တု ယုံးဝေသည် သက်ပြင်းချလိုက်ကာ အဖြေကို ခဏ ကြည့်လိုက်သော်လည်း ဘာမှကို နားမလည်သေးပေ ။  သူမ သူမရဲ့နှုတ်ခမ်း များကို တွန့်လိုက်ရင်း နောက်ဆုံး နည်းလမ်းကို ကြိုးစား ကြည့်ဖို့ ဆုံးဖြတ် လိုက်၏ ။ ဖုန်းကို ကောက်ယူ လိုက်ကာ ရုပ်လွန် ပညာရပ်ဆိုင်ရာ များကို လိုက်လံရှဲ ခြင်း …

ဒီကာလအတွင်း၌ သူမရဲ့ ဝေ့ပေါ် နဲ့ မိုမန့် တွေမှာ သူမ စာမေးပွဲ ကျမှာကို ကယ်တင်ပြီး ဆောင်မ ကြည့်ရှု ပေးနိုင်မည့် ရုပ်လွန် ပညာရပ် များစွာကို ပြန်လည် ပို့စ်တင်ခဲ့သည် ။ သူမ ပို့စ် တင်ပြီး သိပ်မကြာခင်မှာပဲ ကျန်း ရှောင်ယန်ဆီမှ ကွန်မန့်တစ်ခုကို သူမ ရခဲ့၏ : “ မင်း ကိုယ့် ကိုယ်ကိုလည်း ကိုးကွယ်ဦးလေ ”

တု ယုံးဝေ : “ ..… ”

နိုင်ငံခြားရောက်လျှင် ဝီချက်နှင့် ဆက်သွယ်သည်က ပို အဆင်ပြေသည် ဟု ပြောကာ သူမရဲ့ ဝီချက်ထဲသို့ ကျန်း ရှောင်ယန် နိုင်ငံခြား မသွားခင် သူ့ကို ထည့်ထားခဲ့သည် ။ နေ့တွေ အများကြီးကြာသွားပြီးနောက် သူမကို သူ ဆက်သွယ် လာသည်ကို သူမ မတွေ့ရ ။ ဆက်သွယ်ပြန်တော့လည်း စိတ်အနှောင့်အယှက်သာ လာပေးသည် ။

တု ယုံးဝေ သူ့ကို ချစ်စရာကောင်းသည့် ဝီချက် အီမိုဂျီ တစ်ခုနှင့် ရီပလိုင်း ပြန်လိုက်၏ ။ ဖုန်းကို ချပြီးနောက် သူက သူမကို မက်ဆေ့ခ်ျ တစ်စောင် ပို့ထားသည် ကို တွေ့လိုက် ရသည် ။ 

ကျန်း ရှောင်ယန် : “ ဒီတလော မင်း ရုပ်လွန်ကိစ္စတွေပဲ တအား တင်နေပါလား ? ”

တု ယုံးဝေ : “ … အဲ့ဒီတော့လည်း … ရှင် စိတ်အနှောင့်အယှက်ဖြစ်ရင် ကျွန်မကို ဘလော့လိုက်လို့ရတာပဲ ”

သို့‌သော်လည်း သူမ ဘစ်ဘော့စ် ကြီးက ဘယ်လို ဘလော့ ရမည်မှန်း မသိမှာ စိုးသည့် အတွက် သူမ တွေးတွေး ဆဆ ဖြင့် ထပ်ထည့် ပြောလိုက်၏ ။

“ မဟုတ်ရင် လည်း ကျွန်မဖက်က ဘလော့ ပေးလို့ ရတယ် ”

ကျန်း ရှောင်ယန် : “ မင်းက ငါ့ကို ဘလော့ ရဲ တယ်လား ? ”

တု ယုံးဝေ : “ ..… မဟုတ်ပါဘူး ၊ ဒါက ရှင့်ကို အနှောင့်အယှက် ဖြစ်နေစေတာလေ ?! ”

ကျန်း ရှောင်ယန် : “ မင်းက အနှောင့်အယှက် ဖြစ်တယ်လို့ ငါ ဘယ်တုန်းကများ ပြောလိုက်တာလဲ ? ”

တု ယုံးဝေ : “ ..… ”
‘ ရှင့်ရဲ့ စာကြောင်းက ကျွန်မကို စိတ်အနှောင့်အယှက် ဖြစ်တယ်လို့ ပြောချင်‌နေတာ မဟုတ်ဘူးလား ! ‘
တု ယုံးဝေ စိတ်ထဲမှာသာ တွေးလိုက်ပြီး လက်တွေ့မှာ ဘာမှ မပြောရဲချေ ။ 

သူမ အကြောင်းအရာ ပြောင်းဖို့ ဆုံးဖြတ် လိုက်၏ : “ ရှင်က အိပ်တော့မှာ မဟုတ်ဘူး လား ? အဲ့ဒီဖက်မှာက ညအချိန်ကြီးလေ ”

ကျန်း ရှောင်ယန် : “ မင်း ကိုယ့်ကိုယ်ကို အရင် ဂရုစိုက်သင့်တယ် ၊ တကယ်တမ်းက ငါ့မှာ ဖြေစရာ နောက်ဆုံး စာမေးပွဲရှိမနေဘူးလေ ”

တု ယုံးဝေ : “ ..… ( QAQ ) ရှင်က ဘလိမ်းတာ ပေါ့လေ ? သင်္ချာတွေက တအား ခက်လွန်းတယ် ။ လူတွေအတွက် လေ့လာ စရာကို  မဟုတ်ဘူး ! ”

အဲ့ဒါက ကျန်း ရှောင်ယန် ရဲ့ ခြိမ်းခြောက်မှုအရှိန်အဝါက အင်တာနက်ကို ဖြတ်ပြီး အများကြီး အားပျော့သွားသလို မို့ တု  ရဲ့ သူ့ကို မက်ဆေ့ခ်ျ ပို့သည့် အသုံးအနှုန်းများ ကလည်း ပုံမှန် ဖြစ်လာတော့သည် ။

ကျန်း ရှောင်ယန် : “ အဲ့ဒါကို ပို့လိုက် ”

တု ယုံးဝေ : “ ဘာကို ? ”

ကျန်း ရှောင်ယန် : “ သင်္ချာ ပုစ္ဆာ ”

“ ဟင် ? ” တု ယုံးဝေ မျက်တောင် ခပ်လိုက် မိသွား၏ ။ ‘ ဘော့စ်က သူမကို အွန်လိုင်းလက်ချာပေးတော့မလို့ များလား ? ဘာမှ မဟုတ်တာအတွက်နဲ့ နားမထောင်ဘဲ မနေဘူး ဆိုတဲ့ စည်းမျဥ်းအရ တု ယုံးဝေ စာရွက်ပေါ်က မေးခွန်းကို ဓာတ်ပုံရိုက်ယူလိုက်ပြီး ကျန်း ရှောင်ယန် ကို ပို့လိုက်သည် ။

တစ်မိနစ် ကြာပြီးနောက် …

ကျန်း ရှောင်ယန် : အဖြေတွေကို မေးခွန်းအောက်မှာ‌ ရေးထားတာ ကိုး? အကြံတွေက အရမ်း ဆန်းသစ်နေတာပဲ ။

တု ယုံးဝေ : “ ………[ ချစ်စရာ အီမိုဂျီ ] ”

ကျန်း ရှောင်ယန် : “ ဘယ်လိုများ အလယ်တန်း အဆင့်ကို အောင်လာတာလဲ ? ”

တု ယုံးဝေ : “ ….. ”
‘ ဟေး တော်‌လောက်ပြီ ! ဒီထပ်ပိုပြီး ဒေါသ ထွက်နိုင်ပါဦး မလား လို့တောင် တွေးမိတယ် ! '

တု ယုံးဝေ : [ ချစ်စရာကောင်းသော ရုပ်ပြောင်ပုံ လေး ]

ခဏ ကြာပြီးနောက် ကျန်း ရှောင်ယန်က သူမကို ဒီ ပြဿနာကို ဖြေရှင်းရမည့် တွေးခေါ်ပုံ တစ်ချို့နှင့် အရေးကြီးသည့် အချက်တစ်ချို့ကို ကူညီရှာဖွေပေးထားသည့် စက္ကန့် ၆၀ စာ အသံ မက်‌ဆေ့ချ် ပို့လာခဲ့သည် ။ ကျန်း ရှောင်ယန် ပြောပြခဲ့သည့် နည်းလမ်းက အဖြေကပေးထားသည့်နည်းလမ်းထက်ပင် အများကြီး ပိုလွယ် ရှင်းလင်းနေခဲ့၏ ။ တု ယုံးဝေမှာ အဲ့ဒါကို နှစ်ခေါက်လောက် နားထောင်လိုက်ရုံဖြင့် ရသွား‌တော့သည် ။

တု ယုံးဝေ : “အာ! ရ သွားပြီ ၊ ကျေးဇူးပါ ဘရားသား ! ”

ကျန်း ရှောင်ယန် : “ နောက်ကျရင် ရုပ်လွန်ပညာ လေ့လာတာမျိုးတွေ လျှော့ပြီး အတန်းထဲမှာပဲ စာသေချာ လိုက်လုပ် ၊ ဘုရားတွေ ပတ်ဆုတောင်း ဗုဒ္ဓကို ထိုင်ကိုးကွယ်နေရုံနဲ့ စာမေးပွဲမှာ ဘာလုပ်လို့ရမှာလဲ ? ”

တု ယုံးဝေ : “ နည်းနည်း‌ပါးပါး အသုံးဝင်တယ်လို့ ထင်နေတုန်းပဲ ဒါမဲ့ အခု ဒီမှာ ရှင်ရှိနေတာပဲ ကျွန်မ မကျ‌ လောက်တော့ပါဘူး ! ”

ကျန်း ရှောင်ယန်သည် ထိုမက်ဆေ့ခ်ျ ကို မြင်လိုက်ရသည့်အခိုက်၌ တန့်သွားပြီး နှုတ်ခမ်းများတွန့်ကွေးလာကာ အပြုံးတစ်ခု ပေါ်လာတော့၏ ။

ကျန်း ရှောင်ယန် : “ ငါ မနက်ဖြန် မနက်လေယာဉ် ပေါ်မှာမှ အိပ်ရတော့မှာပဲ ”

တု ယုံးဝေ : “ ကောင်းသော ညလေး ဖြစ်ပါစေ ”

ကျန်း ရှောင်ယန် : “ အမ်း ”

တု ယုံးဝေ သူ့ရဲ့ ဒီ မက်ဆေ့ခ်ျ ကို မြင်တော့ မျက်ခုံးများပင် မြှင့်လိုက်မိ၏ ။ ‘ ဘော့စ်က တရုတ်ကို ပြန်လာ‌ တော့မှာလား ? အိုး ဟုတ်သားပဲ ဒီ စနေ‌ နေ့မှာ ကျန်း မိသားစုရဲ့ စုဝေးပွဲရှိတယ် လေ အဲ့ဒီတော့ သူလည်း အဲ့ဒီကို သွားရမှာပဲ ‘

သူမကို ကျန်း ရှောင်ယန် ပြောပြခဲ့ လိုက်သည့် အဖြေကို ချရေး လိုက်ပြီး သူမ ပစ္စည်းတွေကို သိမ်းကာ အိမ်ပြန်သွားတော့သည် ။

စွန်း ရှောင်ရှောင်က သူမ ဆီ နောက်နှစ်ရက်လောက်အထိ ထပ်လာမလည်တော့ချေ ။ ဒါပေမဲ့ သောကြာနေ့ မနက်၌ တု ယုံးဝေတစ်ယောက် ပုံမှန်အတိုင်း စာကြည့်တိုက်သို့ သွားနေစဉ်  ဖန်း ကျင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည့်ဆိုတဲ့ အကြောင်းအား လူတွေ ဆွေးနွေးနေကြတာကို ကြားလိုက်ရ၏ ။

တု ယုံးဝေ အံ့ဩသွားခဲ့သည် ။ အရင်ဘဝတုန်းက စကင်းကဲ ကြောင့် ဓာတ်မတည့်မှု အလာဂျစ် ဖြစ်သည်က အသေအချာပင် ။ ဒါပေမဲ့ ဒီဘဝ မှာ ရုပ်ပျက်ဆင်းပျက်ကို ဖြစ်သွားသည်လား ?  သူမ လျှောက်သွားရင်း အဲ့ အကြောင်းကို စုံစမ်းခဲ့သောအခါ သူမ အခန်းဖော် ဆိုလိုသည့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခြင်း ဆိုသည်မှာ မျက်နှာ အပြည့် အဆီဖု ဝက်ခြံ များ ပေါက်နေခြင်းကိုသာ ပြောခြင်း ဖြစ်ကြောင်း သူမ တွေ့ရှိလိုက်ရတော့၏ ။

တု ယုံးဝေ : “ ….. ”
‘ ဘန်း ! ‘

ကျန်း ရှိန်းကျဲမှာ အခု သတင်း‌‌ တွေကို ကြားပြီး ကျောင်းကို ဒုန်းဆိုင်း‌ပြေးသွားခဲ့သည် ။ သူ ကြားတာက အခု ဖန်း ကျင်က အဆောင်ခန်း ထဲမှာ ငိုနေပြီး ဘယ်သူမှ သူတို့ အဆောင်ခန်း တံခါးကိုဖြတ်မဝင်နိုင်ချေ ။ အမြဲတမ်း လိုလို ကျောင်းသား တွေမရှိ ၊ ခြောက်ကပ်နေသည့် အဆောင်‌နေရာက ယခုအချိန်၌ တအားတွေပင် သက်ဝင် တက်ကြွ နေကာ လူတွေ အများကြီး ဝိုင်းအုံနေသည်ကို တု ယုံးဝေ ပျော်ရွှင်စွာနှင့် ကြည့်လိုက်၏ ။ သူမလိုမျိုးပဲ လူတွေ ကလည်း စိတ်လှုပ်ရှားစရာလေးတွေ မြင်ရဖို့ လာကြည့်နေကြတာ ဖြစ်သည် ။

တု ယုံးဝေသည် လူအုပ်ထဲမှာ ပုန်းပြီး သိပ်ထင်းမထွက်နေစေရန် ထောင့်တစ်နေရာမှ ကွယ်၍ ကြည့်နေ၏ ။ ဖန်း ကျင် က ကျန်း ရှိန်းကျဲ ဖက်ထားတာကို ခံနေရသည် ။ သူမ ထွက်လာတော့ သူမ တစ်ကိုယ်လုံးကို အုပ်ထားပြီး သူမရဲ့ ဆံပင်တစ်မွှေးပင် မမြင်ရပါချေ ။

ဒီလို ဖုံးထားသည့် အသွင်အပြင်နှင့်ပင် ကျောင်းသား ကျောင်းသူများ ဓာတ်ပုံ ဝိုင်းရိုက် ကြသည်ကို မတားဆီး နိုင်ချေ ။ ကျန်း ရှိန်းကျဲရဲ့ ကား မောင်းထွက်သွားမှ တု ယုံးဝေ ဖိုရမ်ပေါ်  ကြည့်လိုက်၏ ။အခု ဖိုရမ် ၏ မျက်နှာပြင် ပေါ်၌ “ ဖန်း ကျင် ရုပ်ပျက်သွားပြီ ” ဆိုတာတွေနှင့်သာ ပြည့်နေ တော့၏ ။

သူမ အရင်က ဘယ်လိုတောင် စိတ်မသက်မသာ ဖြစ်ခဲ့ရသလဲ။ ပြီးတော့ အခု ဖန်း ကျင်လည်း ဘယ်လောက်တောင် စိတ်မသက်မသာ ဖြစ်နေရပြီလဲ ။

တု ယုံးဝေ ဖိုရမ် ထဲမှ ထွက်ကာ စောင့်ကြည့် ဆော့ဖ်ဝဲ ကို ဖွင့်လိုက်သည် ။ အံသြစရာကို မရှိလောက်အောင် သူမသည် စွန်း ရှောင်ရှောင်နှင့်ဖန်း ကျင် ရဲ့ အဆောင် အခန်းဖော်တို့ တွေ့ဆုံထား ကြသည်ကို တွေ့လိုက် ရတော့၏ ။

ဗီဒီယို မပြီးခင်လေးတင် ဝေ ရွေ က ဖုန်းခေါ် လာခဲ့သည် ။ ဒါက အရင်တစ်ခေါက် သူမ ဝေ ရွေကို စုံစမ်းခိုင်း ထားသည့် ကိစ္စနှင့် သက်ဆိုင်ရမည်ဟု တု ယုံးဝေ အာရုံရလိုက်ပြီး မြန်မြန် ကိုင်လိုက်၏ ။
“ ရွေ ငါ ရှာ ခိုင်းထားတဲ့ သူကို တွေ့ပြီလား ? ”

ဝေ ရွေ အဖြေမပေးလာခဲ့ဘဲ အဲ့ဒီအစား မေးလိုက်၏ : “ တု ယုံးဝေ စွန်း ရှောင်ရှောင် က လူကောင်းမဟုတ်ပါဘူးလို့ ငါ ပြောဖူး တယ် မလား ? ဒါမဲ့ နင် မယုံဘူးလေ အခု သက်သေတွေက အခိုင်အမာ ရှိနေပြီ ၊ အဲ့ဒီ ဖိုရမ်ပေါ်မှာ နင့်ကို အပုပ်ချပြီး ပြောဆိုနေတဲ့  ချိုမြိန်တဲ့ ခေါင်းစည်း ကြိုးလေး ဆိုတာက စွန်း ရှောင်ရှောင် ! ”

ဒီရလဒ်က တု ယုံးဝေ ကို အံ့ဩမသွားစေပေ ။ သူမ ပြုံးကာ ဖုန်းတစ်ဖက်ရှိ ဝေ ရွေ ကို‌ ပြောလိုက်သည် ။ “ ငါ သိပါပြီ ငါက လူတွေကို တကယ် မမြင်တတ်ခဲ့တာပါ ၊ နောက်တစ်ခါကျရင် နင့်ကို ညစာလိုက်ကျွေးဖို့ ဖိတ်ပါ့မယ် ၊ အခုတော့ ငါ့ကို တစ်ခုလောက် လုပ်ဖို့ ကူညီပေးနိုင်မလား ”

“ ဘာဖြစ်လို့လဲ ? ”

“ ဒီမှာ … ငါ့မှာ ဗီဒီယို တစ်ခုရှိတယ် ၊ နင် နင့်ရဲ့ အတော်ဆုံးသူငယ်ချင်းကြီးကို ကျောင်း ဖိုရမ် ပေါ်မှာ ငါ့အတွက် ဒါလေး ပို့စ်တင်ပေးဖို့ အပူကပ်ပေးလို့ ရမလား ? ”

အခန်း ၁၃ ။  [ ဘယ်သူ ငါ့ရဲ့ ဇာတ်ဆောင်မင်းသမီး ရောင်ဝါကို အာခံရဲသလဲ ? ]

တု ယုံးဝေသည် ဝေ ရွေ ကို စောင့်ကြည့်ဗီဒီယို လွှဲမပေးခင် ကင်မရာ ဝှက်ထားသည့် နေရာကို အရင်သွားကာ ပစ္စည်းပစ္စယများကို သွားပြန်သိမ်းခဲ့၏ ။ ဝေ ရွေ ရှာတွေ့ ခဲ့သည့် ကွန်ပြူတာကျွမ်းကျင်တဲ့ သူက အရမ်း အင်အားကြီးသည် ။ အကောင့် တစ်ခု မြန်မြန် ဖွင့်လိုက်ပြီး ကျောင်းဖိုရမ်ပေါ်သို့ ဗီဒီယိုတင်ခဲ့၏ ။ ဘလော့ကာ တစ်ယောက်ရဲ့  နာမည်ကို သုံးပြီး  ပို့စ်တင်ခဲ့သည် ။
“စွန်း ရှောင်ရှောင် က ဖန်း ကျင် ကို အကွက်ချပြီး ရုပ် ပျက် သွားအောင် လုပ်လိုက်တာ ! ငါ့မှာ သံတူကြီး ရှိတယ်(၁)! အပြည့်အဝ နားလည်သွားစေဖို့ အောက်က ဗီဒီယိုကို ကြည့်ရန် နှိပ်ပါ ! ”

တု ယုံးဝေ : “ ..… ”

‘ ဒီ အကိုကြီးက တော်တော် တော်တာပဲ ‘

ဒါပေမဲ့  တု ယုံးဝေကလည်း သူမ ဝင်ပါရမှာ ကိုလည်းပဲ မမေ့ခဲ့ပါချေ။ 

ပို့စ်က သူ့ဘာသူကို နာမည်ကြီး ဟစ် ဖြစ်သွားမှာပေမဲ့ တု ယုံးဝေ က ပရော် ဖက်ရှင်နယ် မားကတ်တင်း အဖွဲ့ကို ငှားကာ ပို့စ်အောက်မှာ ကွန်မန့်တွေ ရေးဖို့ ခိုင်းခဲ့၏ ။ ဒီ မားကတ်တင်း အဖွဲ့တွေက ဖျော်ဖြေရေးလောကမှာ အနုပညာရှင်များ အသုံးများသည့် ဝှက်ဖဲ ဖြစ်သည် ။ နာမည်ကြီး စတား အတော်များများက သူတို့ရဲ့ ဖောက်သည်များဖြစ်ကြပြီး ဈေးကလည်း လုံးဝကို မနိမ့်ပေ ။

တု ယုံးဝေ က စွန်း ရှောင်ရှောင် အပေါ်ကို သူမ ပိုက်ဆံလေးတွေ သုံးလိုက် ရသည့် အတွက် အသဲ နည်းနည်း ကွဲ နေမိသည် ။ သို့သော် ဆရာကျသည့်သူများက အလုပ်လုပ်ရာတွင်လည်း ဆရာကျကျပဲ လုပ်လေ့ရှိ၏ ။  ဘာ မသင်္ကာစရာမှ မပေါ်လာစေဘဲ ဖိုရမ်ပေါ်တွင် ချက်ချင်း ကွန်မန့်တွေ ထောင်ချီ ဖြစ်ကုန်တော့လေသည် ။

စွန်း ရှောင်ရှောင်သည်လည်း သူမဘာသာ အဲ့ဒီ ပို့စ်ကို တွေ့ရ ချိန်တွင် အရမ်းတွေ နာမည်ကြီးနေပြီ ပင် ဖြစ်၏ ။ သူမ ဗီဒီယိုကို ဖွင့်လိုက်‌သောအခါ အဲ့တာက တကယ့်ကို သူမ ဖန်း ကျင် ရဲ့ အခန်းဖော်နှင့် တွေ့နေချိန် ဖြစ်သည်ကို တွေ့လိုက်ရတော့သည် ။

ဒီ ဗီဒီယိုက စောင့်ကြည့်ကင်မရာဖြင့် ရိုက်ထားသည်မှာ အထင်အရှားဖြစ်သော်လည်း ရိုက်ချက်တွေက အရမ်းကို ရှင်းလင်းလှ၏ ။ အသံတောင်ပါ‌သေးသည် ။ ဖန်း ကျင် ရဲ့ အခန်းဖော်ကို ဖန်းကျင်သုံးနေသည့် စကင်းကဲ ပစ္စည်း များအား အစားထိုးဖို့ရန် သူမ ပြောသည့် စကားများမှာ အကုန် မှတ်တမ်းတင်ခံလိုက်ရ၏ ။

“ ဒါက မဖြစ်နိုင်တာ ..… ” စွန်း ရှောင်ရှောင် ကွန်ပျူတာ ရှေ့မှာထိုင်ရင်း သူမ စိတ်တစ်ခုလုံးက ဝီ ဝီ မြည်နေ တော့သည် ။ ကျောင်း အနောက်ရှိ ဒီ တောင်ကုန်း လေးက အရမ်းကိုချောင်ကျသည့်နေရာဖြစ်ပြီး စောင့်ကြည့် ကင်မရာ ထားဖို့ မပြောနှင့်။ ဒိတ် လုပ်ကြသည့် အတွဲ များပင် ထိုနေရာသို့ မသွားကြပေ ။

‘ ကမ္ဘာ‌ ပေါ်က ဘယ်သူကများ အဲ့နေရာကို ကင်မရာ သွားထား ထားတာလဲ ??? ’

စွန်း ရှောင်ရှောင်မှာ သူမခေါင်းသူမ ရိုက်ခွဲမတက် ကြိုးစားလျှင်ပင် ဘယ်သူများ ဖြစ်နိုင်မလဲဆိုတာကို အဖြေရှာမတွေ့ခဲ့ပါချေ ။

သူမ ကွန်ပျူတာထဲမှာ ဗီဒီယိုနှစ်ခေါက် ကြည့်ပြီးသွားပြီးနောက် ‌စွန်း ရှောင်ရှောင် အသိပြန်ရလာပြီး ဒီ ပို့စ် ကို ချက်ချင်း ဖျက်ပစ်ရမည်ဆိုတာကို နောက်ဆုံးမှာ  နားလည်သွားတော့သည် ။

သူမ ချက်ချင်း ဒီ ပို့စ်ကို ဖျက်ပစ်ဖို့ တစ်ယောက်ယောက်ကို မေးလိုက်၏ ။ သို့သော် အကြိမ်များစွာ ကြိုးစား ပြီးနောက် သူမ ထိတ်ထိတ် ပြာပြာနှင့်သာ ကျန်ခဲ့၏ ။
“ ဒီကိစ္စအနောက်မှာ ဆရာကြီး တစ်ယောက်ယောက် ရှိပုံရတယ် သူတို့ကို မရှာနိုင်ဘူးလား ?! ”

“ လုပ်လို့ရတာတစ်ခုခုတော့ ရှိရမယ်လေ မင်းတို့ကောင်တွေ အသုံးကိုမကျဘူး ! ” စွန်း ရှောင်ရှောင်သည် လန့်ဖြန့်လျက် ဖုန်းကိုချလိုက်၏ ။ သူမ ဖုန်းကို ပစ်ပေါက်လိုက်ပြီးပြီးချင်း တခြား ဖုန်းနံပါတ်တစ်ခုက သူမကို ဖုန်း‌ခေါ်လာသည် ။ စွန်း ရှောင်ရှောင် စိတ်မရှည်စွာကြည့်လိုက်သည့်အခါ၌ ထိုသည်က နံပါတ်အစိမ်းတစ်ခု ဖြစ်နေလေ၏ ။ 

တစ်နည်းနည်း ဖြင့် သူမမှာ မကောင်းတဲ့ခံစားချက်တို့ ရလာသည် ။ သူမ အံကြိတ်ပြီး ဖုန်းကို ဖြေလိုက်၏ : “ ဟယ်လို ? ”

“ ငါ .. ကျန်း ရှိန်းကျဲ ”

စွန်း ရှောင်ရှောင်၏နှလုံးခုန်သံတွေ ဗြောင်းဆန်ကုန်တော့လေသည် ။ ကျန်း ရှိန်းကျဲက သူမ ကို မြန်မြန်ကြီး ရှာတွေ့သွားသည်လေ။

“ ကျောင်း ဖိုရမ်ပေါ်က ပို့စ်တွေ မြင်ပြီးသွားပြီ မလား ? အခု ငါ မင်းကို ဗဟိုဆေးရုံကိုလာ‌စေချင်တယ် ၊ တစ်နာရီခွဲ အတွင်း မင်းကို ငါ မတွေ့ရရင် မင်း မင်း‌မြေးတွေကိုတောင် အနာဂတ်မှာ တွေ့ရတော့မယ် မထင်နဲ့ ” သူ စကား ပြောပြီးသွားသည်နှင့် ဖုန်းချလိုက်တော့၏ ။ ဖုန်းက ကျသွားပြီးနောက်မှာ စွန်း ရှောင်ရှောင်၏ ပါးစပ်ကတော့ ဟနေတုန်းပေမဲ့ သူမ စကားတစ်လုံးမှပင် မပြောခဲ့ရချေ ။

‘ ဒီ အပြစ်တွေ အကုန် သူ့ခေါင်းပေါ်တင်လိုက်တဲ့ သူက တု ယုံးဝေ ပဲ ဖြစ်ရမယ် ။ သူမက ဒါကို  အစီအစဥ် ချထား တာပဲ ။ ဘယ်လိုတွေတောင် ဖြစ်လာရတာလဲ ? ‘ စွန်း ရှောင်ရှောင် ပြာသွားခဲ့၏ ။  ကျန်း ရှိန်းကျဲ က သူမကို တိုက်ရိုက် ဖြေရှင်းခဲ့သည် ။ သူမ မှာ စားဖို့ အသီးကောင်းတော့ ရှိမည် မဟုတ်(၂) ။ စီးပွားရေးလုပ်ငန်း လုပ်နေ သည့် သူမ အဖေက သူမကို ကျန်း မိသားစု နဲ့ပတ်သက်မိရင် ဘာမှ ကောင်းတဲ့အရာ‌တွေ ဖြစ်မလာနိုင်ဘူးလို့ မကြာခဏ ပြောဖူးသည် ။

သူမ အမူမဲ့ အမှတ်မဲ့ဖြင့် သူမ လက်ကောက်ဝတ် ရှိ လက်ကောက်လေးကို ထိလိုက်ပြီး ပစ္စည်းတွေ ထုပ်ပိုးဖို့ပင် သတိမရနိုင်ဘဲ ဗဟိုဆေးရုံကို သုတ်ခြေတင်ရတော့သည် ။ 

ဖန်း ကျင် ရဲ့ မျက်နှာမှာ မှားယွင်းသွားပြီးနောက် ကျန်း ရှိန်းကျဲက သူမကို ဗဟိုဆေးရုံသို့ တန်းခေါ်လာခဲ့၏ ။ အရေပြားရောဂါအထူးကုများက သူမကို စစ်ဆေးပြီးသွားသောအခါ အရမ်းကြီးသည့် ပြဿနာမဟုတ်ဘဲ ဓာတ်မတည့်မှုသာဖြစ်ကြောင်း ပြောသည် ။ ဆေးတစ်ချို့ ထိုးပြီး၊သောက်ပြီးပါက ပြန်သက်သာသွားမည် ဆိုသည်ကို ကြားမှသာလျှင် ကျန်း ရှိန်းကျဲ စိတ် သက်သာရာရသွားတော့၏ ။ ဒါပေမဲ့ ဖန်း ကျင် မျက်နှာက သွေးထွက်နေဆဲပင် ။ သူမ က ဒီ အလာ့ဂျစ် ဖြစ်နေသည့် မျက်နှာဖြင့် အတော်ကြာအောင်တော့ နေရဦးမည် ။ ဒါ‌ ကြောင့် မနက်ဖြန် ညမှာ ကျင်းပမည့် ကျန်း မိသားစု ပါတီပွဲသို့ သူမ တက်နိုင်တော့မည် မဟုတ်ပေ။

“ ရှိန်းကျဲ နင်ပြောကြည့် ငါ စွန်း ရှောင်ရှောင်ကို ဘာများလုပ်ခဲ့မိလို့လဲ ? သူမက ငါ့ကို ဒီလို ဆက်ဆံရတဲ့ အထိ ဘာကများ ဒီလောက် ဖြစ်သွား ရတာလဲ ? ” ဖန်း ကျင်သည် ကျန်း ရှိန်းကျဲ ကို သနားစရာ ကောင်းအောင် ကြည့်ကာ ပြောရင်း မျက်ရည်‌တွေ ကျလာသည် ။ ကျန်း ရှိန်းကျဲက သူမ မျက်ရည် တွေကို သုတ်ပေးရင်း သူမကို ချော့လိုက်၏ ။
“ မငိုနဲ့ တော့ … ဆရာဝန်က ပြောသွားတယ်လေ မင်း မျက်နှာ ဒီထပ် ထပ်ယောင်လို့ မရတော့ဘူး တဲ့  ”

ဖန်း ကျင် အဲ့တာကို ကြားလိုက်‌ သောအခါ သူမ မျက်ရည်‌တွေကို ချက်ချင်း ရပ်လိုက်သည် ။ ဒါပေမဲ့ သူမ ဆက်ပြီး တိုင်တန်း နေတုန်းပင် : “ စွန်း ရှောင်ရှောင် ငါ့ကို သူ့ မျက်လုံးထဲ ကြည့်မရဘူး ဆိုတာတော့ သိပါတယ် ဒါမဲ့ သူ ငါ့ကို ဒီလောက် မုန်းနေမယ်လို့တော့ မမျှော်လင့်ထားမိဘူး ”

“ ရတယ် အဲ့ဒါက ငါ သူ့ကို ဆေးရုံ ခေါ်ထားတယ် သူက မင်းကို ဖြေရှင်းချက်ပေးရလိမ့်မယ် “

သူတို့ နှစ်ဦး စကားဆက်ပြောနေစဉ်မှာ ကျန်း ရှိန်းကျဲ၏လူတွေက လာပြီး စွန်း ရှောင်ရှောင် ဒီ ရောက်လာပြီ ဆိုတဲ့ အကြောင်း သတင်းပို့ခဲ့၏ ။ ဖန်း ကျင် သည် စွန်း ရှောင်ရှောင် ရဲ့ မျက်နှာကို သူမလက်တွေနှင့် ကိုယ်တိုင် ဖျက်ဆီးပစ်ဖို့ရာ မစောင့်နိုင်တော့ချေ ။ သို့သော် အခု သူမ မျက်နှာက ဒီလို ဖြစ်နေသည့်အတွက် ထွက်ပြီး တွေ့ဖို့ရန် မဖြစ်‌နိုင်သေးပေ ။

ကျန်း ရှိန်းကျဲ ကလည်း သူမကို အထဲထိ မခေါ်ခဲ့ ။ သူ သူမကို အခန်းထဲသို့ တစ်ယောက်တည်း ထားခဲ့ပြီး သူကိုယ်တိုင် အပြင်ထွက် ဖြေရှင်းတော့သည် ။ 

စွန်း ရှောင်ရှောင် သိပ် မလွယ်ကူနေသည့် အမူအရာဖြင့် အခန်းအပြင်တွင် စောင့်နေခဲ့၏ ။ ကျန်း ရှိန်းကျဲက သူမကို မြင်သောအခါ သူ ‘ ဟွန့် ‘ ခနဲ လှောင် လိုက်သည် ။ 
“အခုတော့ ကြောက်ရကောင်းမှန်း သိပြီပေါ့ ? ”

“ မဟုတ်ပါဘူး ဒါက ငါ့ကို တု ယုံးဝေ လုပ်ခိုင်းတာ ! ” စွန်း ရှောင်ရှောင် ကျန်း ရှိန်းကျဲ ကို မြင်မြင်ချင်း အပြစ်တွေ အကုန် တု ယုံးဝေ ခေါင်းပေါ် လွှဲချ လိုက်တော့၏ ။

ကျန်း ရှိန်းကျဲ သူမကို ကြည့်လိုက်ကာ တစ်ယောက် ယောက်ကို တက်ပလက် ယူလာရန် ခိုင်းလိုက်ပြီး ဖိုရမ်ပေါ်မှ ဗီဒီယိုကို ပြလိုက်သည် ။  “ မင်း ပြောခဲ့တာတွေ မင်းကြားလား ? အစ ကနေ အဆုံးထိ တု ယုံးဝေ လို့တောင် ထည့် ပြောမသွားဘူးလေ ! ”

စွန်း ရှောင်ရှောင်က သူမ နှုတ်ခမ်းကို စေ့လိုက်ပြီး အခိုင်အမာ ပြောလိုက်၏ : “ အဲ့ဒါ တု ယုံးဝေလေ နင် ဖန်း ကျင်ကို ကျန်း မိသားစု ပါတီ ခေါ်သွားမယ် ကြားလိုက်တော့ ငါ့ဆီကို ပြေးလာတိုင်ပြီး ဖန်း ကျင် သွားမှာက‌နေ တားဖို့ နည်းလမ်း ရှာခိုင်းခဲ့တာ ၊ တု ယုံးဝေ နဲ့ ငါက သူငယ်ချင်း ကောင်းတွေဆိုတာ နင် သိတာပဲ ၊ အဲ့ဒီတော့ သူမကို ငြင်းဖို့က မလွယ်ဘူးလေ ငါ မှားသွားပါတယ် ၊ ဒီတစ်ခါလေးတော့ ခွင့်လွှတ်ပေးပါ နောက်ကျရင် ဘယ်တော့မှ သူ့ကို ကူညီပြီး သူများတွေ ထိ‌ခိုက်အောင် မလုပ်တော့ပါဘူး ! ” အခု သူမက တု ယုံးဝေ အပေါ် အပြစ် ပုံချဖို့ ဆုံးဖြတ်လိုက်ပြီး မှတော့ အဆုံးထိ ဆက်သွားရမည်ပင် ။ 

ကျန်း ရှိန်းကျဲ မှာ တု ယုံးဝေ အပေါ် မလိုလားမှု တစ်ချို့ ရှိနေသေး‌သောကြောင့် ဒါက တု ယုံးဝေ အမိန့် ပေးလို့ လုပ်ရတာပါ ဆိုလျှင် သူ ယုံကြည်သွားသင့်၏ ။ စွန်း ရှောင်ရှောင် က သူ ယုံကြည် သွားလောက်အောင်ကို အခိုင်အမာ ပြောနေခဲ့သည် ။ သို့သော် သူမ လုံးဝ မမျှော်လင့်ထားခဲ့သည်ကတော့ တု ယုံးဝေ ရုတ်တရက်ကြီး ဆေးရုံမှာ ပေါ်လာလိမ့်မည် ဆိုတာကိုပင် ။

“ စွန်း ရှောင်ရှောင် ဘာလို့ နင့်မှာ မျက်နှာ နှစ်ဖက် ရှိနေရတာလဲ ? ” တု ယုံးဝေသည် ကော်ရစ်တာ ၏ အခြား တစ်ဖက်မှ လျှောက်လာကာ လီ ရုက သူမ အနောက်မှာ ပါလာ၏ ။ စွန်း ရှောင်ရှောင်သည် စိတ်ပျက် အံ့အားသင့် သွားပြီး ဘာဆက်လုပ်ရမည် မသိတော့ ။ တု ယုံးဝေက သူမဆီ လျှောက်လာပြီး တစ်ချက်သာ နှာ‌ခေါင်းရှုံ့လိုက်၏ ။ ထို့နောက် ကျန်း ရှိန်းကျဲကို လှည့်ကြည့်ကာ : “ ငါ နင့်ကို လူတစ်ယောက်‌နဲ့ မိတ်ဆက်ပေးချင်လို့ .. ဒီ ငါ့ ဘေးက တစ်ယောက်က လီရု တဲ့ ၊ ဖန်းကျင် သုံးခဲ့တဲ့စကင်းကဲ ပစ္စည်းတွေရဲ့ ထုတ်လုပ်သူတွေထဲက တစ်ယောက်လည်း ဖြစ်သလို ကုမ္ပဏီမှာ တာဝန်ယူနေရတဲ့သူ ဆိုလည်း ဟုတ်တယ် ၊ တစ်ယောက်ယောက်က သူတို့ ပစ္စည်းတွေနဲ့ အလာ့ဂျစ် ဖြစ်တယ်ဆိုတာ ကြားလို့ ဒီကိုလာပြီး တစ်ချက် ကြည့်ကြည့်တာ ”

ကျန်း ရှိန်းကျဲမှာ သူမက ပစ္စည်းတွေအတွက် တာဝန်ရှိတဲ့သူဆိုတာ ကြားပြီး‌နောက် စကားပြောဖို့ ပါးစပ်ဟ လိုက်ပေမဲ့ တု ယုံးဝေက စမ်းသပ်ချက် မှတ်တမ်း‌ရလဒ်တွေကို အကုန် သူ့လက်ထဲသိပ်ထည့်ပေးလိုက်ပြီး ပြောခဲ့၏ : “ ဆဲဖို့ရာ အတွက် အာရုံ မနောက်တော့နဲ့ ဒါ သူတို့ ထုတ်ကုန်တွေရဲ့ စမ်းသပ်ချက်တွေပဲ ၊ ပညာရှင်တွေနဲ့ မေးပြီး စစ်ကြည့်ပြီး သွားပြီ သူတို့ထုတ်ကုန်တွေရဲ့ ပါဝင်ပစ္စည်း‌တွေမှာ ဘာ ပြဿနာမှ မရှိဘူး ဖန်းကျင်  အလာ့ဂျစ် ဖြစ်တာက သူ့မှာ အရမ်းကို ထူးခြားတဲ့ အသားအရေမျိုးရှိလို့ပဲ နင် မယုံရင် ဖန်းကျင် သုံးထားတဲ့ ပစ္စည်းတွေက အခုထိ ဒီမှာ ရှိသေးတယ် ၊ ကိုယ့် ဘာသာ ယူသွားပြီး ထပ် စစ်ကြည့်လိုက်ပေါ့ ”   

ကျန်း ရှိန်းကျဲ အဲ့တာကို ကြည့်လိုက်သည် ။ စစ်ဆေးချက် ရလဒ်တွေ သူ့လက်ထဲ ရှိနေတုန်း  လီ ရုက‌ ခြေတလှမ်း ဦးအောင် အရင် ပြောလိုက်၏ ။  
“ မစ္စတာ ကျန်း အလာဂျစ်တွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ဘရန်းက အကုန်လုံးကို စစ်ဆေးပြီးသားပါ ၊ ဒါတွေက ဆက်စပ်နေတဲ့ တင်ပြချက်တွေ ပါ ၊ ဒီတစ်ခါ မစ္စ ဖန်းရဲ့ မျက်နှာ အလာ့ဂျစ် ဖြစ်တော့ ကျွန်မတို့ဖက်က လည်းပဲ အရမ်း စိုးရိမ်မိပါတယ် ၊ ဖြစ်နိုင်မယ်ဆို သူမရဲ့ ဆရာဝန်နဲ့ ဒီကိစ္စအကြောင်း စကားပြောကြည့်ပြီး ပြဿနာကို မြန်နိုင်သမျှ မြန်အောင် ဖြေရှင်းချင်ပါတယ် ၊ မစ္စဖန်းရဲ့ ကုသမှု ကုန်ကျစရိတ်ကို ကျွန်မတို့ဖက်က တာဝန်ယူပေး သွားမှာပါ ”

“ ငါ မင်းတို့ ပိုက်ဆံကို မလိုချင်ဘူး ” ကျန်း ရှိန်းကျဲသည် အချက်အလက်တွေ အားလုံးကို သူ့လူတွေဆီ ပေးလိုက်ပြီး သွားစစ်ဆေးခိုင်းလိုက်၏ ။

“ မင်းတို့ ပစ္စည်းနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု တွေ့မယ်ဆိုရင် ဒီကိစ္စကို ပိုက်ဆံနဲ့ ရှင်းလို့ရမှာ မဟုတ်ဘူးဆိုတာ မှတ်ထား  ”   

တု ယုံးဝေ ပြုံးပြီး သူ့ကို ပြောလိုက်သည် : “ မစွတာ ကျန်း ဖန်း ကျင်ရဲ့ အသားအရေ အမျိုးအစား ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ် ငါ ဒီနေ့  လီ ရု ကို ဒီ ခေါ်လာတာက ဘာလို့လဲဆိုတော့  ဒီ ပစ္စည်း ထုတ်ကုန်တွေ အပေါ် ယုံကြည်လို့ပါပဲ ၊ စကားမစပ် ပြောရရင် ငါက သူတို့ရဲ့ ထုတ်ကုန်တွေ အပေါ် ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ် ထားတာ ငါသာ တကယ် ဖန်း ကျင် ကို ထိခိုက်စေချင်မယ်ဆိုရင် သူတို့အပေါ် ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး ငါက အရူးမှ မဟုတ်တာ “

ကျန်း ရှိန်းကျဲ ဘာမှ မပြောခဲ့ ။ ဖန်း ကျင် မှာ တကယ့်ကို အလာဂျစ် ဖြစ်လွယ်သည့် အသားအရေမျိုး ရှိသည် ။ သူမကို အလာ့ဂျစ် ဖြစ်‌စေရန်အတွက် ဈေးကွက်ထဲမှ ကြုံရာ ပစ္စည်းကို ရှာရုံတင်ရ၏ ။ ဓား တစ်ချောင်းလို အသုံးပြုဖို့ သူမ ရင်းနှီး မြှုပ်နှံမည့် ပစ္စည်းကိုပဲ သုံးစရာ မလိုအပ်ပေ ။ ဒါပေမဲ့ တု ယုံးဝေ မှာက အစကတည်းက မကောင်းတဲ့သတင်းက ရှိပြီးသား ဖြစ်သည့်အတွက် သူမကိုလည်း လွယ်လွယ်နှင့် မယုံချေ : “ မင်း ရင်းနှီး မြှုပ်နှံမဲ့ ပစ္စည်းလေးတစ်ခု ထုတ်ပြလိုက်ရုံနဲ့ ဒီကိစ္စနဲ့ ဘာမှမပတ်သက်ပါဘူး လို့ သက်သေပြပြီးသား ဖြစ်မသွားဘူးနော် မဟုတ်တောင် မင်းက အလွယ်လေး တခြားဟာ ပြောင်းလိုက်နိုင်တာပဲ ”

တု ယုံးဝေက သူ့ကို ရယ်လိုက်ရင်း သူမ အိတ်ကပ် ထဲမှ အသံသွင်းဖောင်တိန်ကို ထုတ်ကာ ဖွင့်သည့် ခလုတ်ကို နှိပ်လိုက်၏ ။

“ ယုံးဝေ နင် ဘာလို့ စိတ်မပူတာလဲ ? ကျန်း ရှိန်းကျဲ က သူမကို ကျန်း မိသားစု ရဲ့ ပါတီပွဲ တက်ဖို့ ခေါ်သွားမှာလေ အဲ့ဒါက သူ့ အနေအထားကို ပြဖို့ပဲ ဥစ္စာ ၊ သူမသာ အဲ့ဒီကို ရောက်သွားရင် အဲ့ဒါ ကျန်း မိသားစုရဲ့ အိမ်တံခါး ထဲကို ခြေတစ်ဝက် လှမ်းနိုင်သွားတဲ့ သဘောပဲဟ နင့်မှာ နောက်ကျ ဘာအခွင့်အရေး မှကို ရှိတော့မှာမဟုတ်ဘူး ! ”

“ ရှောင်ရှောင် ငါ အရင်ကပြောဖူးပြီးသား‌နော် ငါ ကျန်း ရှိန်းကျဲ ရဲ့ ကိစ္စတွေကို စိတ်မဝင်စားဘူး လို့ ၊ သူဟာသူ ဘယ်သူနဲ့ ဖြစ်ဖြစ် လက်ထပ်ချင် တဲ့သူနဲ့ လက်ထပ် ၊ ရတယ် ငါ သူနဲ့ ဖန်း ကျင် အတူတူ အိုအောင် မင်းအောင် ပေါင်းသွား‌ စေနိုင်ဖို့ရာ  ဆန္ဒ ရှိပါတယ် ”

“ ယုံးဝေ ! နင် ဘာဖြစ်နေတာလဲ ? အရင် တစ်ခေါက်က နင့်ကို ကျန်း ရှိန်းကျဲက ကြောက်လန့် သွားအောင်ကို ရိုက်လိုက်မိတာလား ? အခုကျ သူတို့ကို နေ့တိုင်း ရှောင်‌ပုန်းနေတာ အာ! နင်က မျှော်လင့်ချက်ကို မရှိတော့ဘူး ! ”

စကားသံတွေ ပြီးဆုံးသွားသောအခါ တု ယုံးဝေ ခလုတ် ပိတ်ဖို့ နှိပ်လိုက်၏ ။ စွန်း ရှောင်ရှောင်ရဲ့ မျက်နှာက သွေးမရှိသလို ဖြူဖျော့သွား တော့သည် ။

သူမက တု ယုံးဝေ ကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏ ။ သူတို့ရဲ့ စကား အပြောအဆိုတွေကို သူမက မှတ်တမ်း ယူထားမည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ ။

အသံသွင်း ကိရိယာကို ပြဿနာဖြစ်ပြီးသွားလျှင်ပင် စွန်း ရှောင်ရှောင် က သူမကို မမေ့မလျော့ လာကိုက်မှာ ကြောက်သည့်အတွက် တု ယုံးဝေ က ကင်မရာ နှင့်အတူ ဝယ်ခဲ့တာ ဖြစ်သည် ။ စွန်း ရှောင်ရှောင် သူမကို ရှာဖို့ စာကြည့်တိုက်ကို လာတုန်းက သူမ တိတ်တဆိတ် နှင့် အသံသွင်း ခလုတ်ကို ဖွင့်ထားခဲ့၏ ။  ဒါက သူမ အတွက် သူမ ချန်ထား ခဲ့သည့် နောက်ဆုံးပိတ် ဝှက်ဖဲလည်း ဖြစ်သည် ။

အသံသွင်းထားတာကို နားထောင်ပြီးနောက် ကျန်း ရှိန်းကျဲသည် စွန်း ရှောင်ရှောင် ကို စိမ်းဖန့်နေသည့် မျက်နှာထားဖြင့် မေးလိုက်၏ : “ မင်း ဘာထပ် ပြောချင်သေးလဲ ? ”

“ မဟုတ်ဘူး ၊ အဲ့ဒါ ငါ မဟုတ်ဘူး  ..… ” စွန်း ရှောင်ရှောင် တု ယုံးဝေ ကို တုန်တုန် လှုပ်လှုပ်ဖြင့် လက်ညှိုးထိုး လိုက်ပြီး အသံသွင်း ထားသည့် ဘောပင်ကို ဖမ်းဆွဲ ယူချင် သကဲ့သို့ လုပ်ရင်း :
“ သူ ဒီ အသံသွင်းထားကို အတု လုပ်ထားတာ ! ”

တု ယုံးဝေ လှောင် လိုက်ရင်း : “ အိုခေလေ ငါ ဒီ အသံသွင်း ထားတာ ကိုလည်း ကော်ပီကူးပြီး မစ္စတာ ကျန်းကို ပေးမယ် အတု ဟုတ် ၊ မဟုတ် စစ်ကြည့်ပေါ့ ”

“ အဲ့တာ ငါ မဟုတ်ဘူး သူ့ကို မယုံနဲ့ ! ” စွန်း ရှောင်ရှောင် ကျန်း ရှိန်းကျဲ ရဲ့ အဝတ်‌ တွေကို ဆွဲချင်ခဲ့ ပေမဲ့ ကျန်း ရှိန်းကျဲက သူမကို ဘေးဖက်သို့ တွန်းပစ်လိုက်၍ သူမမှာ မြေကြီးပေါ်သို့သာ လဲကျသွားတော့လေ၏ ။ တု ယုံးဝေသည်  ရှုပ်ပွနေသည့် ဆံပင်များနှင့် မြေကြီးပေါ်လဲနေသော စွန်း ရှောင်ရှောင် ကို ကြည့်လိုက်သော်လည်း ကူညီပေးဖို့တော့ ဆန္ဒမရှိ ။

သူမ အရင်ဘဝမှာ ကျန်း ရှိန်းကျဲ က တု မိသားစုကို ကိုင်တွယ်ဖြေရှင်း ခဲ့ပြီး အခု စွန်း မိသားစုရဲ့ ဘဝက သေချာပေါက် လွယ်ကူတော့မည် မဟုတ် ။

တု ယုံးဝေက သူမ အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျန်း ရှိန်းကျဲ ကို ပြောခဲ့၏ : “ ငါ လီ ရု ကို ပြီးရင် အသံသွင်း ကော်ပီ တစ်ခုပါ ပေးဖို့ ပြောထားလိုက်မယ်  သူမက ဖန်း ကျင် ကိစ္စရပ်တွေကို ဆက် ကိုင်တွယ်သွားမှာ … ဆိုတော့ ငါအရင် သွားနှင့်ပြီ ”

ကျန်း ရှိန်းကျဲ အချိန်ခဏ ကြာပြီးနောက် မေးလိုက်သည် : “ သွားတော့မှာလား ? ”

“ ဘာရှိသေး လို့လဲ ? ပြဿနာ‌တွေကို လည်း ရှင်းပြီးသွားပြီ ဆိုတော့ ပြန်သွားပြီး စာလုပ်ရတော့မယ် ” သူမ ဒီ အရှုပ်ထုပ်တွေကို ဖြေရှင်းနေရတာ နဲ့ နောက်ဆုံးစာမေးပွဲ အတွက် ပြန်ကြည့်ဖို့ရာ နှောင့်နှေးကုန်ပြီ ဖြစ်သည် ။

တု ယုံးဝေ စကားဆုံး သွားသည်နှင့် လူတိုင်းကို နောက်မှာ ချန်ထားခဲ့ပြီး ပျော်ရွှင်စွာ ထွက်သွားတော့၏ ။ အဲ့ဒါပြီး‌ တော့ သူမက ကျန်း ရှိန်းကျဲကို  စွန်း ရှောင်ရှောင် နဲ့ ဘယ်လို ဆက်လုပ်မလဲ ဆိုတာမျိုး မမေးခဲ့ပါချေ ။သူမ ပိုက်ဆံတွေကိုပဲ ရက်ရက် ရောရောဖြင့် လီ ရု ထုတ်ကုန်တွေထဲ ရင်းနှီးမြှုပ်နှံလိုက်ပါတော့သည် ။

စနေနေ့၌ ကျန်း မိသားစုက မိသားစု စုဝေးပွဲ အသေးလေးကို စီစဉ်ထားသည့် အချိန်အတိုင်း ကျင်းပနေ ကြ၏ ။ ကျန်း ရှိန်းကျဲမှာ အစက သူ့ ကောင်မလေးကို ခေါ်လာမည်ဟု ပြောထားခဲ့ပြီး တစ်ယောက်တည်းသာ တက်ရောက်ခဲ့သဖြင့် လူ အတော်များများက သူ့ကို ထိုအကြောင်း မေးဖို့ရန် စိတ်အားထက်သန်နေကြသည် ။

“ မင်း ကောင်မလေးက ဘာဖြစ်တာလဲ ? ငါ သူ ဆေးရုံတက် ရတယ်လို့ ကြားတယ် ”

“ အဲ့လောက် အရေးကြီးတာမျိုး မဟုတ်ပါဘူး သူ့မျက်နှာမှာ အလာဂျစ်တစ်ချို့  ဖြစ်သွားတာပါ အဲ့တာ သူက လာဖို့ ရှက်နေလို့ ၊ အခွင့်အရေးရှိမှပဲ သူနဲ့ ထပ်ပြီး မိတ်ဆက်ပေးဖို့ ခေါ်လာပါ့မယ် ”

လူ တော်တော် များများက ဝိုင်နီ ကို သောက်ရင်း စကား စမြည် ပြောဆိုနေကြသည် ။ မျက်နှာချင်းဆိုင်မှ လူက ရုတ်တရက် သူ့မျက်နှာပေါ်ရှိ သမားရိုးကျ အပြုံးကို ဖယ်လိုက်ပြီး သူ့ လေသံက အတည်ဖြစ်လာကာ : “ ချီ ရှု ရောက်လာပြီ ”

[ ဘာသာပြန်သူ၏ ရှင်းလင်းချက် ။
(၁)  石锤 / Shí chuí – ခိုင်မာ တိကျသော သက်သေ ။

(၂)  不会有好果子吃 /  bù huì yǒu hǎo guǒ zi chī – အဆုံးသတ် လှမည် မဟုတ် ။ ]

အခန်း ၁၄ ။ [ ဒီ ကမ္ဘာပေါ်မှာ ငါ မသိတာ ဘာမှကို မရှိဘူး ။ မှ / ကျန်း ရှောင်ယန် ]

ကျန်း ရှောင်ယန် တံခါးမှ အထဲကို လမ်းလျှောက်ဝင်သွားပြီး သူ့ရဲ့ ဘယ်ဖက်လက်‌ကောက်ဝတ် ရှိ လက်အနားသတ်ကို သူ့ ညာဖက်လက်ဖြင့်  ညှိလိုက်သည် ။ အနက်ရောင်ဝတ်စုံမှ အပေါ်ဝတ်အင်္ကျီက အနည်းငယ် ပွင့်ဟသွားပြီး အနက်ရောင်အောက်ခံ ရှပ်အင်္ကျီနှင့် အတွင်းမှ  ငွေရောင် နှင့် မီးခိုးရောင် အရော နက်ကတိုင်ကို ထုတ်ဖော်ပြနေ၏ ။

ကျန်း မိသားစုဝင်များက ကျန်း မိသားစု အဆောက်အအုံကြီး၏ ဧည့်ခန်းကျယ်ထဲ၌ နှစ်ယောက် တစ်စု သုံးယောက် တစ်စု ဖြင့် ရပ်လျက်ရှိနေသည် ။ ကျန်း ရှောင်ယန် ဝင်လာသည်ကို တွေ့သောအခါ လူငယ်များနှင့် အမျိုးသမီးများသာ စကားပြောတာ ရပ်သွားကြသည် မဟုတ် ၊ လူကြီးပိုင်းများကပင် လိုက်ငြိမ်သွားကြ၏ ။

ကျန်း ရှောင်ယန် က ဘယ်သူနှင့်မှ ရပ်မနေဘဲ လှေကားများ ထိပ်သို့ တစ်ယောက်ထဲ လျှောက်သွား ခဲ့၏ ။ အစ်ကို အကြီးဆုံးက ဝိုင်နီကိုကိုင်ထားကာ သူရှိရာ ဖက်သို့ ဖန်ခွက်ကို အနည်းငယ် မြှောက်လိုက်ပြီး : “ ချီ တိ(၁) ရောက်လာပြီလား ? ”

“ အင်း ” ကျန်း ရှောင်ယန် အနည်းအကျဉ်းသာ တုံ့ပြန်လိုက်သည် ။ သူ့‌ လေသံက ပေါ့ပါးမနေသလို လေးလံ၍လည်း မနေ ။ အခြားသူများကလည်း ချီ တိ ၊ ချီ ရှု စသည်ဖြင့် သူ့ကို နှုတ်ဆက်ကြ၏ ။

“ အဖေ လာပြီ ” ကျန်း ရှောင်ယန်သည် တစ်ယောက်ချင်းစီ လိုက်မနှုတ်ဆက်‌တော့ဘဲ အဲ့ဒီအစား အပေါ်ကို ကြည့်လိုက်သည် ။ ကျန်း  မင်းဟယ် က ဒုတိယ ထပ်မှာ ပေါ်လာသင့်တာ ဖြစ်၏ ။ လူတိုင်းက သူရှိရာ လှမ်းကြည့် ကြပြီး ကျန်း ရှောင်ယန်ကို နှုတ်ဆက်ကြသလိုမျိုး သူ့ကို တဖန် နှုတ်ဆက်ကြပြန်သည် ။

ကျန်း  မင်းဟယ် က ဒီနှစ်မှာ အသက် ရှစ်ဆယ် ရှိပြီ ဖြစ်၏ ။ ကလေးတွေကတော့ အများကြီး ရှိသည် ။ အကြီးဆုံး သားနှင့် အကြီးဆုံး သမီးကို ပထမ ဇနီးနှင့် မွေးခဲ့တာ ဖြစ်ပြီး ကျန်ရှိသည့် သား သုံးယောက်နှင့် သမီး တစ်ယောက်ကို ဒုတိယ ဇနီးက မွေးထားတာ ဖြစ်၏ ။

ဒုတိယ ဇနီး ကွယ်လွန်သွားပြီး‌နောက် ကျန်း  မင်းဟယ် ထပ်ပြီး မင်္ဂလာမဆောင်တော့ချေ ။ လူတိုင်းက သူ ဒီလိုပဲ နေသွားတော့မည်ဟု တွေးနေကြသည့်အချိန်တွင် အသက် ၅၀ နှစ်ကျော်နေပြီ ဖြစ်‌သော ကျန်း  မင်းဟယ်က ရုတ်တရက် ‌ကောင်လေးတစ်ယောက်ကို ‌အိမ်ခေါ်လာကာ ဒါက သူ့ အငယ်ဆုံးသား ဟု ပြောခဲ့သည် ။

အငယ်ဆုံး သားက ကျန်း ရှောင်ယန် ဖြစ်ပြီး ခုနှစ်ယောက်မြောက် ကလေး ဖြစ်၏ ။

ဘယ်သူမှ သူ့အမေ ဘယ်သူလဲဆိုတာ မသိကြရသလို ကျန်း  မင်းဟယ်ကလည်း သူမကို  ကျန်း အိမ်သို့ ဘယ်တော့မှ ခေါ်လာခဲ့တာမျိုး မရှိ ။ သို့သော်လည်း ကျန်း ရှောင်ယန်ကို မွေးတုန်းက တစ်ဖက်လူက ကောလိပ်မှ ဘွဲ့ရခါစ အရမ်းကို ငယ်သည့် တက္ကသိုလ် ကျောင်းသူအရွယ် အမျိုးသမီးတစ်ယောက် ဟုသာ သူတို့ကြား ကြရသည် ။ ကျန်း မိသားစုရှေ့မှောက်သို့ ဘယ်တော့မှ မပေါ်လာသလို အဲ့ဒါက သူမရဲ့ ကိုယ်ပိုင်ဆန္ဒလည်း ဖြစ်ခဲ့၏ ။ သူမက ကျန်း  မင်းဟယ်နှင့် သားတစ်ယောက် ရခဲ့သော်လည်း  သူမက ကျန်း အိမ်သို့ ဝင်ချင်ပုံ မရပေ ။

ကျန်း မိသားစုက အဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ကြမှုများကို တိုးတိုး တိတ်တိတ် ပြောဆိုမှုတွေ အများကြီး ရှိခဲ့သည် ။ ကျန်း  မင်းဟယ် နဲ့ ကျန်း ရှောင်ယန် တည်ရှိနေသည့်အတွက် ဘယ်သူမှ ထုတ်ပြောဖို့ မရဲကြ ။ ကျန်း  မင်းဟယ် ရဲ့ ကျန်း ရှောင်ယန်အပေါ် ချစ်မြတ်နိုးမှုကလည်း လူတိုင်းပင် မြင်နိုင်၏ ။ ကျန်း ရှောင်ယန်ကလည်း ကျန်း  မင်းဟယ် ရဲ့ ကျွမ်းကျင်မှုတွေ ၊ စွမ်းရည်တွေကို ဆက်ခံရရှိခဲ့ပြီး ငယ်သေးသည့် အရွယ်ကတည်းကပင် ကျန်း မိသားစုကို လက်လွှဲ ယူ ဦးဆောင်နိုင်ခဲ့သည် ။

သူက ငယ်ငယ်‌လေးထဲက ကျန်း  မင်းဟယ် နဲ့ အရမ်းတူသည်ဟု လူတိုင်းက ပြောကြ၏ ။  ဒေါသထွက်ရင် မျက်မှောင်ကြုတ်တတ်ပြီး လူတွေကို တုန်လှုပ်စေသည့် အရှိန်အဝါကအစတူကြသည် ။ ကျန်း  မင်းဟယ်ကလည်းပဲ ဒီနေ့ အနောက်တိုင်း ဝတ်စုံကို ဝတ်ထားပြီး ငယ်ရွယ်တဲ့ အသွင်အပြင်ပေါက်နေ၏ ။ သူသည် လှေကား အတိုင်း ဆင်းလာပြီး ကျန်း ရှောင်ယန် ဆီ အရင် လမ်းလျှောက်သွားလိုက်ကာ : “ မင်း ပြန်‌ရောက်လာပြီ ပေါ့လေ ? စီးပွားရေးက ဘယ်လိုလဲ ? ”

“ စီးပွားရေးက အဆင်ပြေနေပါတယ် “

“ ဒါဆို ကောင်းတယ် ” ကျန်း  မင်းဟယ် ပြောလိုက်ပြီး လူအုပ်ကြီးထံ ပြုံးကာ : “ ဒီနေ့က ငါတို့ မိသားစု စုဝေးပွဲ ၊ ဒီမှာ ရှိနေတဲ့ လူတိုင်းက မင်းတို့ရဲ့ ကိုယ်ပိုင်မိသားစု တွေပဲ ဒါ‌ ကြောင့် သိပ်ပြီး အနေရကြပ်တဲ့အထိ ချုပ်တည်းမထားကြနဲ့ သွားကြစို့ ! ညစာ စားကြရအောင် ”

ကျန်း မိသားစုမှာ လူတွေ နှစ်ဆယ် ၊ နှစ်ဆယ်ဝန်းကျင်လောက် ရှိသည် ။ ဒီနေ့ စားပွဲဝိုင်းမှာ ထိုင်စားကြဖို့ရန် ဆယ်မီတာ ရှည်သည့် စားပွဲကြီးကို စားသောက်ဆိုင်မှ အထူးတလည် မှာယူထည့်သွင်းထား၏ ။ သဘာဝ ကျကျ ကျန်း  မင်းဟယ်က ထိပ်ဆုံးအဓိက ခုံမှာထိုင်ပြီး ကျန်သည့်သူများက ဝါစဥ် အလိုက် ထိုင်ကြသည် ။ ကျန်း ရှောင်ယန် က သူ့ရဲ့  ခြောက်ယောက် မြောက် အစ်မ‌ နောက်မှာ ထိုင်သင့်ပေမဲ့ ကျန်း  မင်းဟယ်က သူ့ဘေးမှာသာ ထိုင်ပြီး သူနှင့် စကားပြောခိုင်းထား၏ ။ အခြားသူများက သူတို့ကို ကြည့်သာနေကြပြီး ဘာမှ မပြောကြပေ ။ ကျန်း ရှောင်ယန် ကိုယ်တိုင်ကိုက ကျန်း မိသားစုကို ဦးဆောင်နေပြီပဲ ခုံလောက်က ထားလိုက်တော့ !

“ငါ ကြားထားတာ မင်း ဒီတလောကပဲ ကပွဲတစ်ခု သွားတက်ထားတယ်ဆို  ? ” ကျန်း  မင်းဟယ် က လုံးဝ အသက်ကြီးနေပြီ ဖြစ်တာ‌ကြောင့် အစားအသောက်ကို ချိန်ဆပြီး ဓာတ်စာသဘောမျိုး စားနေရပြီ ဖြစ်သည် ။ သူစားသော အစားအစာများကို သူ့ရဲ့ ကိုယ်ပိုင်အာဟာရပညာရှင်များက ပြင်ဆင်‌ပေးထားပြီး အခြားသူများရဲ့ ဟင်းပွဲများနှင့်‌တော့ အနည်းငယ် ကွာခြားနေ၏ ။ ကျန်း ရှောင်ယန်လည်း သူ့ကို ထိုသို့မေးလာတာကို ကြားလိုက် ရသောအခါ အမဲသားကို ဖြတ်နေသည့် လက်တို့က အနည်းငယ်လေး ရပ်သွားပြီးနောက် ခေါင်းတစ်ချက် ငြိမ့်ကာ ဖြေလိုက်သည် ။
“ ဟုတ်ပါပြီဗျာ ၊ ဒီလိုမျိုးကိစ္စ‌ သေးသေးလေးကလည်း အဖေ့ကို အံဩသွားအောင် လုပ်နိုင်မှန်း ကျွန်တော် မမျှော်လင့်ထားခဲ့မိဘူး ”

ကျန်း  မင်းဟယ် ပြုံးရင်း ပြောလိုက်၏ ။ “ မင်းက‌ ကလေးမလေး တစ်ယောက်နဲ့ ကခဲ့သေးတာလေ ၊ ဒါက ရိုးရိုး တန်းတန်းကိစ္စလေး ဖြစ်ပါ့မလား  ”

ညစာစားပွဲမှ လူများက သူတို့ကိုယ်ပိုင် အစားအသောက်ကိုပဲ စားနေကြသော်လည်း သူတို့ နားတွေကို စွင့်ထားပြီး သားအဖတွေ စကားပြောနေတာကို နားထောင်နေကြ၏ ။ ကျန်း မိသားစု ရဲ့ ခေါင်းဆောင် အနေ နဲ့တော့ ကျန်း ရှောင်ယန်က ငယ်‌သေးပေမဲ့ အိမ်ထောင်ရေး အကြောင်း ပြောရမည်ဆိုလျှင် တော့ သူ့အသက်အရွယ်က မငယ်‌ တော့ပေ ။

ဒီနှစ်တွေမှာ ကျန်း ရှောင်ယန် ဘယ်မိန်းကလေးကိုမှ ကြိုက်သည် ၊ လိုက်သည်ဆိုတာမျိုး သူတို့ မမြင်ဖူးချေ ။ သူနဲ့ လင်းဟွေ့ရဲ့ ညီမလေးက ရင်းနှီးကြသည်ဆိုသော ကောလဟာလများက အပြင်မှာ ပြန့်နေသော်လည်း စိတ်မှန်သည့် လူတိုင်းကတော့ ဒါက လင်းဟွေ့မျက်နှာကြောင့် ကြည့်ရှုစောင့်ရှောက်နေတာမှန်း သိကြသည် ။ 

ကျန်း ရှောင်ယန် ရဲ့ အနာဂတ် ဇနီး …

ကျန်း မိသားစု တစ်ခုလုံးက ဒီ နေရာ နဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေကြ၏ ။ လူတွေ အများကြီး စောင့်ကြည့်ပြီး ငေးနေကြသော်လည်း အဲ့နေရာကို မျက်စောင်းထိုးဖို့ အသာထား ကျန်း ရှောင်ယန်ကိုပင် သူတို့ မမြင်တွေ့ နိုင်ပေ ။

“ ငါကြားတာ အဲ့ ကလေးမလေးက ရှိန်းကျဲရဲ့ ကောင်မလေးနဲ့ ကျောင်းအတူတူပဲဆို? ” ကျန်း  မင်းဟယ် ပြောပြီး အနောက်ဘက်တန်းမှာ ထိုင်နေသည့် ကျန်းရှိန်းကျဲကို မေးလိုက်၏ ။ “ ရှိန်းကျဲ သူ့ကို မင်း သိလား ? ”

ကောင်းကောင်းကြီး စောင့်ကြည့်‌နေသော ကျန်း ရှိန်းကျဲ တစ်‌ယောက် သူ့ပါးစပ်ထဲမှ စွပ်ပြုတ်အရည်များပင် သီး ခါနီး ဖြစ်သွားသည် ။ သူ ချောင်း နည်းနည်းဆိုးလိုက်ပြီး ကျန်း  မင်းဟယ် ကို ပြန်မကြည့်ခင် သူ့လက်ထဲမှ ပဝါနှင့် ပါးစပ်ကို သုတ်လိုက်ကာ : “ ဟုတ် သိပါတယ် ”

“ အိုး ! ကောင်မလေးက ဘယ်လိုလဲ ? ”

ကျန်း ရှိန်းကျဲ သူ့ပါးစပ်ကို ဖွင့်လိုက် ပြီးသည်နှင့် ကျန်း ရှောင်ယန်ရဲ့ စူးရှသည့် မျက်လုံးများက သူ့ကို ဝေ့ ကြည့်လာ၏ ။

“ … လူက အရမ်း ကောင်းပါတယ် ” ကျန်း ရှိန်းကျဲ အပြုံးလေးနှင့် ပြောလိုက်သည် ။

ကျန်း မင်းဟယ် လည်းပဲ ရီခဲ့ပြီး : “ မင်းရဲ့ ချီရှုက မိန်းကလေးတွေနဲ့ သိပ်မနေတတ်ဘူး မင်းက သူ့ထက် စာရင် အများကြီး အတွေ့အကြုံ ရှိတယ် မင်းတို့ကလည်း တစ်ယောက်နဲ့ တစ်ယောက် သိနေကြတာပဲ ချီရှု ကို ပို ကူညီ ပေးလိုက်ဦး ”

ကျန်း ရှောင်ယန် ပြောလိုက်၏ ။ “ အဲ့ဒါက မလိုပါဘူး ၊ အနည်းဆုံး‌တော့ ကျွန်‌တော်က အမျိုးသမီးတွေကို မရိုက် ရဘူး ဆိုတာ သိတယ် ”

ကျန်း ရှိန်းကျဲရဲ့  မျက်နှာပေါ်မှ အပြုံးက အေးခဲ သွားတော့ သည် ။

ကျန်း  မင်းဟယ် ကျန်း ရှောင်ယန်ကို ကြည့်လိုက်ပြီးမှ ကျန်း ရှိန်းကျဲကို ကြည့်လိုက်၏ : “ ဘာလို့လဲ ? ရှိန်းကျဲ မင်း မင်းကောင်မလေးကို လက်ပါခဲ့ တာလား ? ”

“ ကျွန်တော် … မလုပ်ခဲ့ပါဘူး … ”  ဒါပေမဲ့ ကြည့်ရတာ သူ တစ်ယောက်ယောက်ရဲ့ ကောင်မလေးကိုတော့ ရိုက်ခဲ့မိပုံ ရသည် ။  သူ အထိတ်တလန့် ဖြင့် ကြည့်လိုက်ပြီး : “ အဲ့တာတွေ အားလုံးက အထင်လွဲတာပါ ”

ကျန်း ရှောင်ယန် အေးစက်စွာ ပြုံးခဲ့ပြီး “ ဘာလဲ ?အဲ့တော့ ရိုက်လိုက်တာက မင်း မဟုတ်ဘူး ပေါ့ ?”

“ ကျွန်တော်ပါ ၊ ဒါမဲ့ အဲ့တုန်းက …. ”

“ အဲ့တာက တိုက်ခိုက်လိုက်တာပဲ ဘာ ဆင်ခြေမှ ပေးဖို့မလိုဘူး ”

ကျန်း ရှိန်းကျဲ : “ ..… ”

“ ရှောင်ကျဲ .. မင်း သားကို မင်း ဘယ်လို သွန်သင်ထားတာလဲ” ကျန်း  မင်းဟယ် သူ့သား ကျန်း  ရှောင်ကျဲ ကို ဒေါသ အနည်းငယ် ထွက်လျက် ကြည့်လိုက်၏ ။
“ မင်းလည်း အိမ်မှာ မင်းဇနီး ကျီယင် ကို ရိုက်တာပဲလား ? အဲ့တာကြောင့် ရှိန်းကျဲက ဒီလို လုပ်တတ်သွားတာလား ? ”

“ အဖေ သားမှားပါတယ် ၊ ဒါမဲ့ ဒီလောက်နှစ်တွေအကြာကြီး ကျီယင်ကို လက်နဲ့တောင် မရွယ်ဖူးပါဘူး ” မမျှော်လင့်ထားစွာနဲ့ပဲ သူ့သားက  သူ့အဖေရဲ့ ဆုံးမတာ  ခံနေရပြီ ၊ ပြီးတော့ ဒီစက်ကွင်းထဲက သူလည်း မလွတ် မြောက်နိုင်ချေ ။ ကျန်း  ရှောင်ကျဲက သူ့ မိန်းမကို လှမ်းကြည့်လိုက်ကာ စကားပြောပေးရန် အချက်ပြလိုက်၏ ။

လျှို ကျီယင် ပြောလိုက်သည် : “ အဖေ ၊ ရှောင်ကျဲက ပြဿနာတွေ ရှင်းဖို့ အကြမ်းဖက် တတ်တဲ့သူ မဟုတ်ပါဘူး ၊ ပြီးတော့ သူ့အနေနဲ့က အမျိုးသမီးတွေကို လက်ပါဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ပါဘူး ရှိန်းကျဲကို သေချာမသင်ပြ ပေးခဲ့မိတာက ကျွန်မတို့အပြစ်ပါ  တောင်းပန်ပါတယ် ”

ကျန်း  ရှောင်ကျဲလည်းပဲ ပြောလိုက်၏ : “ အဖေ မပူနဲ့ ကျွန်တော်တို့ သူ့ကို ပြန်ရောက်ရင် ကောင်းကောင်းကို ဂရုစိုက်လိုက်ပါ့မယ် ”

ကျန်း ရှိန်းကျဲ ကတော့ သူ့အဖေ အပြစ်ပေးတာခံရတော့မည်ပင် ။ ဒါကြောင့် သူ ဒေါသ ထွက်နေတော့၏ ။ ‘ တု ယုံးဝေက သူမကို နောက်ကနေ ထောက်ပံ့ပေးဖို့ ချီရှုဆီ ပြေးသွားခဲ့တာများလား ? သူ့ ချီရှုကလည်း ဒီကိစ္စကို မိသားစုပွဲမှာ တကယ်ကြီး ထုတ်ပြောပစ်တယ်ပေါ့ ? ‘

‘ ဒီ နှစ်ယောက်ကြားမှာ တကယ် တစ်ခုခုရှိနေတာလား ??? ‘

အဲ့ဒီ အတွေးက ကျန်း ရှိန်းကျဲ ကို ပိုပြီးတောင် စိတ်ဓာတ်ကျစေသည် ။ တု ယုံးဝေ က သူ့ကို ကြိုက်တာ မဟုတ်ဘူးလား ? မိန်းမတွေများနော် အပြောင်းအလဲ မြန်ချက် !

“ မင်းရဲ့ သားက တာဝန်ယူသင့်တယ် ၊ တက္ကသိုလ်ကို နေ့တိုင်း သွားနေတော့ သူ့ကို ကုမ္ပဏီမှာကို မတွေ့ရဘူး သူ့မှာ ဘွဲ့တစ်ခုကရပြီးသားမလား ? ” ကျန်း ရှောင်ယန်သည် ဝိုင်နီကို သောက်လိုက်ရင်း ကျန်း ရှိန်းကျဲ၏ အမှားကို ထောက်လိုက်၏ ။

ကျန်း  ရှောင်ကျဲသည် သူ့သား ကျန်း ရှိန်းကျဲ၏ခေါင်းကို ရိုက်လိုက်ပြီး ငေါက်လိုက်သည် ။
“ မနက်ဖြန်က စပြီး မင်း ကုမ္ပဏီကို လာရမယ် ၊ ကျောင်းကို သွားခွင့်မရှိတော့ဘူး ကြားလား ငါပြောတာ ? ”

“ ကျွန်တော် သိပါပြီ အဖေရာ .. မသွားတော့ပါဘူး ”

ကျန်း ရှောင်ယန် ကျေနပ်သွားတော့၏ ။

ညစာစားပြီးနောက် အချိန်က စောနေသေးသည် ။  သို့သော်လည်း ကျန်း  မင်းဟယ် က အရင်ကလို စိတ်သွားတိုင်း ကိုယ်မပါတော့သည့် အတွက် စားပြီးသည်နှင့် အခန်းပြန် အနားယူရတော့၏ ။ သူ ပြန်သွားသည်နှင့် ညစာ စားပွဲကလည်း ပြီးဆုံးသလောက် ဖြစ်သွား‌တော့သည် ။

ကျန်း ရှောင်ယန်ကလည်း အကြာကြီး မနေဖြစ်ပေ ။ ကျန်း  မင်းဟယ် အပေါ်တက်သွားသွားချင်း သူ ထွက်လာခဲ့ လိုက်တော့၏ ။ ကျန်း  ရှောင်ကျဲသည် သူ ထွက်သွားတာ စောင့်ပြီးခဲ့သည့်နောက် ကျန်း ရှိန်းကျဲကို မေးလိုက်သည် ။
“ မင်း ဘယ်သူ့ကို ရိုက်ခဲ့တာလဲ ? ချီ ရှုက မင်း အဖိုးရှေ့မှာ ထုတ်‌ပြောတဲ့အထိ ဘာကိစ္စ ဖြစ်သွားတာလဲ ? ”

“ … ဘယ်သူရယ်လို့ မဟုတ်ပါဘူး ၊ ဒီတိုင်း ချီ ရှု ရဲ့ ကပွဲပါတနာလေး ပါ ”

ကျန်း  ရှောင်ကျဲ : “ ..… ”

‘ သူ တကယ် သူ့သားကို ရိုက်နှက်ပြီးစုတ်ဖြဲပစ်လိုက်ချင်တယ် ! စိတ်ပျက်အောင် တအားလုပ်တတ်တဲ့‌ကောင် ! ’

“ မင်းက ချစ်မိသွားတာနဲ့ အသိစိတ်ရော တစ်ခါတည်း ပျောက်သွားတာပဲ ! မင်း ချီရှုက မင်းကို ခေါင်းပါ မဖြတ် လိုက်တာ ကံကောင်း ! ”

ကျန်း ရှိန်းကျဲ : “ ..… ”

“ အခုထိ ဘာလုပ်နေသေးတာလဲ ? သွား အိမ်ပြန်ပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေ ! ”

ကျန်း ရှိန်းကျဲမှာ သူ့အပြစ်သူ ပြန်ဆင်ခြင်ရန် အိမ်ကို ဆွဲသွားတာ ခံလိုက်ရ၏ ။ အဲ့ဒီနောက်မှာလည်း ကျောင်းကို ထပ်မသွားရတော့ချေ ။ ဖန်း ကျင် ကလည်း သူမအိမ်မှာပဲ မျက်နှာကို ဂရုစိုက်နေပြီး ကျောင်းကို ပြန်မလာတော့ ။

သူတို့တွေ အကုန် ကျောင်းကို မလာကြသည့်အတွက် ကျောင်းရဲ့ လေထုကပင် ပို သန့်ရှင်းနေသယောင်ယောင် သင်္ချာ ပုစ္ဆာများသည်ပင် အရင်ကထက် ပို လွယ်လာသယောင်ယောင် ဟု တု ယုံးဝေ တွေးမိနေ၏ ။

ဒါပေမဲ့လည်း သူမ ရအောင် မဖြေရှင်းနိုင်သေးပါချေ။

သူမ ဒီရက်ပိုင်း အတွင်း အရမ်း ကြိုးစား‌နေသည် ။ သူမ အမေ တောင်မှ သူမ ကျန်းမာရေးကို စိတ်ပူလာမိ သည်အထိပင် ။ ကျန်း မန်လင်းက တုယုံးဝေကို အလုပ်နှင့် အနားယူတာ မျှအောင် လုပ်လို့ တဖွဖွ ပြောနေရင်း သူမ ခန္ဓာကိုယ်က တောင့်မခံနိုင်တော့မည် ကို စိုးရိမ်နေ၏ ။ သူမ ဒရိုင်ဘာကိုတောင် အထူးတည် မှာထား၏ ။ တု ယုံးဝေကို နေ့တိုင်း ကျောင်းကားဂိတ်ထိသာ လိုက်ပို့ပေးပြီး စာကြည့်တိုက်ကို သူမဘာသာ လမ်းလျှောက် သွားစေဖို့ ဖြစ်သည် ။ ကျောင်းဝင်ပေါက်ကနေ စာကြည့်တိုက်ကို လမ်းလျှောက်ရတာက သူမအတွက် ဆယ်မိနစ် ဒါမှမဟုတ် မိနစ်နှစ်ဆယ်လောက်တော့ ကြာနိုင်ပြီး လမ်းတစ်လျှောက်မှာ တောင်ကုန်းအသေးလေးကိုပါ တက်ဖို့ လိုသေးသောကြောင့် အနည်း နှင့် အများ ဆိုသလို လေ့ကျင့်ခန်းလုပ်ရာ ရောက်သွားပေမည် ။ 

ဒရိုင်ဘာက ကားကို မောင်းထွက်သွားပြီး‌နောက် ကျောင်း ဂိတ်ပေါက်ဝကို မဝင်ခင်  တု ယုံးဝေ လက်ကမ်း စာ‌စောင် ‌တစ်စောင် ရလိုက်၏ ။ သွေးလှူ ဖို့ရန်အတွက် လက်ကမ်း စာစောင်ဖြစ်လေသည်။ ကျောင်းရှေ့ရှိ ပန်းခြံတွင်း၌ သွေးများကို စုဆောင်းရန် သွေးလှူလို့ရသည့် လှည်း‌လေးများ မကြာခဏ ရှိတတ်ပြီး စေတနာ့ ဝန်ထမ်းများက လူတိုင်းကို သွေးလှူရန် ဖိတ်ခေါ်ရင်း လက်ကမ်း စာစောင်များကို ဖြန့်ဝေဖို့ရန် ကူညီပေးကြသည် ။ တု ယုံးဝေ ကြည့်ကာ ဒီနေ့အတွက် သွေးနည်းနည်းထုတ်၍ ကောင်းမှု လုပ်ဖို့ ဆုံးဖြတ်ခဲ့၏ ။

ပန်းခြံက သူတို့ ကျောင်းနှင့် ငါးမီတာမျှ ဝေးသည် ။ ပြီးတော့ သူမက စာကြည့်တိုက်ကိုပင် မရောက်သေးချေ ။ သူမသည် လက်ကမ်းစာစောင်ကို ကောက်လိုက်ကာ ပန်းခြံလေးဆီ သူမဘာသာ လမ်းလျှောက်သွားတော့ ၏ ။ 

သွေးစုဆောင်းနေကြသည့်သူများက ကြော်ငြာဆိုင်းဘုတ်ကြီးဘေးမှာ စုရုံး‌နေကြပြီး အရမ်းကို ထင်ရှားသည့် နေရာတွင် ရှိနေကြသည် ။ တု ယုံးဝေသည် ထိုနေရာသို့ လမ်းလျှောက်သွားလိုက်ပြီး သူမ အရှေ့မှ လူ နှစ်ယောက် အလှည့် ပြီးသွားသည်အထိ စောင့်နေလိုက်၏ ။ သူမ အရှေ့မှ လူများ သွေးလှူပြီးသွားသည် နှင့် သူမ အင်္ကျီ လက်များကို လိပ်တင်ရင်း ထိုင်ချလိုက်တော့သည် ။

“ ကောင်မလေး‌ ရေ ညတွေဆို နောက်ကျတဲ့အထိ နေနေကျ လား ? ဒီ အရွယ်‌‌မှာ‌ဆို သွေးအ‌ရောင်က တောက်နေ ရမှာ ၊ ညနက်တဲ့အထိ မ‌နေနဲ့ ပြီးတော့ ငယ်သေးတဲ့အရွယ်မှာ ကိုယ့် ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ပစ်မထားနဲ့ဦး  ”

သွေး ထုတ်နေစဉ်မှာပဲ မျက်နှာချင်းဆိုင်က သူနာပြုက တု ယုံးဝေ ကို အသိပေးလာ၏ : “ ဒါပေမဲ့လည်း မင်း သွေးကမှ ကောင်းပါသေးတယ် မင်းမတိုင်ခင် အရှေ့က တစ်ယောက်ကဆို လူငယ်‌လေး ဖြစ်နေရက်နဲ့ သွေးအရောင်က အသက် ၆၀ အရွယ် လူကြီးလောက် ဖြစ်နေတယ် ”

“ အိုး ..... နောက်ဆို အိပ်ရာစောစောဝင်ဖို့ အာရုံထားလိုက်ပါတော့မယ် … ” တု ယုံးဝေသည် သူနာပြုကြီး စကားကို လက်ခံလိုက်၏ ။

“ အဲ့ဒါဆို ကောင်းတယ် ၊ အိုခေ ဂွမ်းကို ကိုင်ထား ဒီကို ခဏလောက်ကြာကြာ‌ တင်ထားပေး ” သူနာပြုက အပ်ကို ဆွဲထုတ်လိုက်ပြီး သန့်ရှင်းတဲ့ ဂွမ်းလေးဖြင့် ယုံးဝေရဲ့ လက်မောင်းပေါ်ဖိပေး လိုက်သည် ။ တု ယုံးဝေသည် ဂွမ်းကို ဖိထားရင်းနှင့် ထရပ်လိုက်ပြီး တခြား သွေးလှူဖို့ စောင့်နေသူများကို နေရာဖယ်ပေးလိုက်၏ ။

အခုလေးတင်မှ သွေးတွေထုတ်ခဲ့ရလို့လား မသိ ။ နေရိပ်ထဲမှ ထွက်လိုက် ပြီး နေပူခံလိုက်သည်နှင့် အနည်းငယ် မူးဝေသွားလေ၏ … ။ ကြည့်ရတာ တကယ်ကို သူမ၏ ခန္ဓာကိုယ်ကျန်းမာ‌ရေးအား ပို အာရုံစိုက်ရတော့မည့်ပုံပင် ။

လမ်းမကြီး‌ ဘေးမှ ကပ်လျှောက်ကာ ကျောင်းကို ဖြေးဖြေးသွားနေတုန်း သူမနောက်မှ ကားဟွန်းသံကို ကြားလိုက် ရသည် ။ သူမ လမ်းဖယ်ပေးလိုက်ပြီး သူမ နောက်မှ ကားက သူမဘေးမောင်းလာ၍ ရပ်သွား၏ ။

ဒီ ဘန်တလေ ကားက နေရောင်အောက်မှာ တောက်ပ‌နေသည် ။ တု ယုံးဝေ၏ ပါးစပ်တို့ တွန့်သွားပြီး သူတို့ဆီ ကနေများ ကားကြုံလေး လိုက်လို့ရမလားလို့ မေးရန်ပင် တွေးနေမိ၏ ။

ခရီးသည် ခုံဖက်မှ ကား ပြတင်းပေါက် လျှောကျ လာပြီး ကောင်းယဲ့ မျက်နှာ‌ ပေါ်လာသည် ။ “ မစ္စတု မင်္ဂလာ မနက်ခင်းပါ ”

တု ယုံးဝေ : “ ..… ”
' သူမ သေခါနီးဖြစ်အောင် သွေးတွေထွက်သွားတာပဲ ဖြစ်ရမယ် ဘော့စ် ကားကိုတောင် မမှတ်မိရလောက်အောင် ဆိုတော့ ! ‘

ကား အနောက်မှ ပြတင်းပေါက်ကလည်း ဖြေးဖြေးလေး လျှောကျ လာခဲ့၏ ။ တု ယုံးဝေသည် ထိုပြတင်းပေါက် မှ ထိုင်နေသည့် ကျန်း ရှောင်ယန် ကို အနည်းငယ် အံ့ဩစွာဖြင့် မေးလိုက်သည် ။
“ ကျန်း ရှောင်ယန် ဘာလို့ ဒီမှာ ရှိနေတာလဲ ? ”

ကောင်းယဲ့ မျက်နှာ တွန့်သွား၏ ။ ‘ ကျန်း ရှောင်ယန် ?? ‘

“ ဒီတိုင်း ဖြတ်သွားတာ ” ကျန်း ရှောင်ယန်သည် သူ့မေးကို အနည်းငယ်မော့၍ သူမကို ကြည့်လိုက်သည် ။

“ ကားထဲ ဝင် ”

“ အိုး ကောင်းလိုက်တာ ” တု ယုံးဝေသည် ကား၏ အခြားဖက်ကို ပတ်သွားကာ ကားတံခါး ဖွင့်ပြီး အထဲ ဝင်ထိုင် လိုက်တော့၏ ။ ကျန်း ရှောင်ယန်သည် သူမ ဖိထားသည့် ဂွမ်းစကို ကြည့်လိုက်ရင်း မေးလာခဲ့သည် ။ “ အခုလေးတင် သွေးလှူပြီးတာလား ? ”

“ အွန်း ကျွန်မ ဖြတ်သွားတာနဲ့ သူတို့ ရှိနေတာနဲ့ လမ်းကြုံသွားလို့ ”

ကျန်း ရှောင်ယန် မိမိဘာသာ တွေးလိုက်ပြီး သူ့ခေါင်းကို အရှေ့ခုံဖက်လှည့်ကာ ခိုင်းလိုက်၏ ။ “ ကောင်းယဲ့ နွားနို့ ဘူး သွားဝယ် ”

“ ဟုတ် ဘော့စ် ” ကောင်းယဲ့သည် ကားတံခါးကို ဖွင့်ကာ နွားနို့ဝယ်ရန် ထွက်သွားတော့သည် ။

ကောင်းယဲ့က နွားနို့သွားဝယ်ဖို့ ကိုယ်တိုင်ထွက်သွား တာကို တွေ့ရသောအခါ တု ယုံးဝေမှာ အားတုံ့ အားနာ ဖြစ်သွား၏ ။  “ မဟုတ်ဘူး ရတယ် မနက်က မနက်စာ အဝစားပြီးပြီ ”

ကျန်း ရှောင်ယန် သူမကို လှည့်ကြည့် လိုက်ရင်း : “ ဒါက မင်း ဦးနှောက် အတွက် ”

‘ … အိုခေ…….ဘာ.!!!!!’

ပန်းခြံဘေး ကပ်ရပ်မှာ ၂၄နာရီ ဖွင့်သည့် ကုန်စုံဆိုင် တစ်ခုရှိသည် ။ ကောင်းယဲ့ နွားနို့ကို မြန်မြန် ဝယ်လာပြီး  တု ယုံးဝေ အတွက် ပေါင်မုန့် တစ်ချို့ပါ သယ်လာသေး၏ ။  “ မင်းဘာကို ကြိုက်တာလဲမသိလို့ ဒါတွေပဲ ဝယ်လာခဲ့တယ် “

“ ကူညီ‌ပေးလို့ ကျေးဇူးပါ ” ဒါပေမဲ့ သူမ တကယ်ကို မနက်စာ စားပြီးပြီ ဖြစ်သည် ။ တု ယုံးဝေသည် နွားနို့ကို ဖောက် ပိုက်တပ်၍ သောက်လိုက်ပြီး ကျန်း ရှောင်ယန်ကို အထူးတလည် ကြည့်ကာ ပြုံးလိုက်၏ ' ကြည့် ! ငါ‌ လေးရဲ့ ဦးနှောက်ကို အစာကျွေးဖို့ ရှင့်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီနော် ! ' 

“ မောင်း တော့ ” ကျန်း ရှောင်ယန် ဒါရိုင်ဘာကို မောင်းဖို့ ပြောလိုက်ရင်း တု ယုံးဝေ ကို ကြည့်ကာ မေးလိုက်သည် ။ “ မင်း ဘယ်သွားဖို့ လုပ်နေတာလဲ ?”

“ ကျောင်းက စာကြည့်တိုက် ”

“ ငါ ဒါရိုင်ဘာကို အဲ့ လိုက်ပို့ ခိုင်းလိုက်မယ် ”

တု ယုံးဝေ ‌မျက်တောင်ခပ်မိသွားသည် ။ ' သူမ အမေက လမ်းလျှောက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ ပြောထားပေမဲ့ ဂုန်းဆင်းလို့ရမဲ့ကား ရှိနေမှတော့ ဘာလို့ လမ်းကြုံမလိုက်ရမှာလဲ ? ‘
“ အဲ့ဒါဆိုလည်း ကျေးဇူးပါ ”

ကျန်း ရှောင်ယန်သည် ခပ်သာသာ ခေါင်းညိတ် ပြလိုက်ပြီး သူမ စာလေ့လာတဲ့ နေရာမှာ ပြဿနာရှိ ၊မရှိ မေးလိုက်၏ ။ “ လတ်တလော စာပြန်လေ့လာနေရတာ အခြေအနေ ဘယ်လိုလဲ ? ”

“ မဆိုးပါဘူး ”

ထိုကဲ့သို့ပြောပြီးနောက် ကျန်း ရှောင်ယန်သည် ရုတ်တရက် ရီလိုက်ပြီး သူမဖက် ခေါင်းလှည့်ကာ “ တကယ်လား ? မင်း ကြည့်ရတာ ဘဝကြီးက အရမ်း စိတ်ချမ်းသာနေပုံရသလိုပဲ အခုတလော ၊ စကင်းကဲ ဘရန်း တစ်ခုကို တောင် ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ ကြားတယ် ? ”

“ ..… ”
‘ ဘစ်ဘော့စ်ကြီးကတော့ တကယ်ဘစ်ဘော့စ်ပါပဲ ဒီလိုကိစ္စတွေကိုတောင်မှ သူသိနေတယ် '

“ ရင်းနှီး မြှုပ်နှံတဲ့ကိစ္စသေးသေးလေးပါ ရှင့် စီးပွားရေးနဲ့ယှဉ်ရင် မြူတစ်မှုံစာကို မရှိပါဘူး ”

“ ကျန်း ရှိန်းကျဲရဲ့ ကောင်မလေးက ဓာတ်မတည့်တဲ့ အလာ့ဂျစ် ဖြစ်ပြီး စွန်း မိသားစု ကို ပြဿနာရှာနေတာ နည်းနည်း ကြာပြီလို့လည်း ကြားထားသေးတယ် ”

တု ယုံးဝေ : “ ..… ”
‘ ရုတ်တရက်ကြီး သူမ ဘာလို့များ အပြစ်ရှိသလို ခံစားလာရတာလဲ မသိဘူး ?? ’

“ စာမေးပွဲကလည်း စတော့မှာ ကိုယ့်စာကိုပဲ ကြည့်‌နေ ဒီလို ကိစ္စတွေထဲ ဝင်ရှုပ်မနေနဲ့ ”

“ … ဥပမာ ပြောရရင် ဘယ်လို ကိစ္စမျိုး ?”

ကျန်း ရှောင်ယန်သည် သူမကို ကြည့်ပြီး သူ့နှုတ်ခမ်းတွေကို ဖြေးဖြေး တွန့်လိုက်ရင်း : “ ဥပမာ ဆိုရင် .. ပို့စ်တွေ တင်ဖို့ လူစုံစမ်းဖို့ ဟက်ကာတွေ ငှားတာတို့ ကွန်မန့်တွေပေး ရီဗျူး ရေးဖို့ ရေတပ်တွေ ရှာတာတို့ပေါ့ ”

တု ယုံးဝေ : “ …… ”
' သူ တကယ်ပဲ နိုင်ငံခြားသွားနေတာရော ဟုတ်ရဲ့လား ? ဘာလို့ အကုန်လုံး သိနေရတာလဲ !!!  ‘

လူတိုင်းက သူ့ကို ဘာလို့ကြောက်ကြလဲဆိုတာ သူမ သေချာပေါက် သိသွားပြီ !

“ မစိုးရိမ်နဲ့ ကျန်း ရှိန်းကျဲ ဘာမှမသိဘူး ဒီကိစ္စတွေကိုရောပဲ ”

“ ဪ ဪ …” တု ယုံးဝေ နွားနို့ကို စုပ်‌သောက်လိုက်ပြီး ဂရုတစိုက် ရှင်းပြလိုက်၏ “ ဒါမဲ့ ဖန်း ကျင် မျက်နှာ အလာ့ဂျစ် ဖြစ်တာက ကျွန်မနဲ့ တကယ် ဘာမှ မဆိုင်ဘူး ”

“ ဟမ် ”

“ ..… ”

‘ ဒါပဲလား ပြီးသွားပြီပေါ့ ? ‘

“ စကားမစပ် ရော့ .. ဒါက မင်းအတွက် ” ကျန်း ရှောင်ယန်သည် ခုံမှ သေတ္တာအသေးလေး ကို ထုတ်လိုက်ပြီး တု ယုံးဝေကို လှမ်းပေးလိုက်သည် ။  သူမလည်း ယူလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်၏ ။ “ ဒါက ဘာလဲ ? ”

“ နိုင်ငံခြားက ဝယ်ခဲ့တဲ့ လက်ဆောင်သေးသေးလေး ”

‘ လက်ဆောင် ပေါက်စလေး ?’ တု ယုံးဝေ သေတ္တာပေါ်မှ တံဆိပ်ကို သိ၏ ။ အဲ့ဒါက နာမည်ကြီး လက်ဝတ်ရတနာ ဘရန်း တစ်ခုဖြစ်သည် ။ သူမမှာလည်း အဲ့ဒီ ဘရန်းက လက်ဝတ်ရတနာ တစ်ချို့ရှိပြီး ဈေးကလည်း မနိမ့်ပေ ။ ဘယ်ပစ္စည်း နေနေ တစ်သန်း မှ နှစ်သန်းအထိ ဈေးရှိ၏ ။

သူမ သေတ္တာကို ဖွင့်လိုက်သည့်အခါ အထဲ၌ ကြောင်ပုံလေးတွေ ပန်းပွင့်‌လေးတွေဖြင့် အလှဆင်ထား‌သော ချစ်စရာ အရမ်းကောင်းသည့် လက်‌ကောက်လေး တစ်ကွင်းရှိနေသည် ။

“ ကျေးဇူးတင်ပါတယ် ဒါလေးကို အရမ်းသဘောကျတာပဲ ! ” ဒါက ဈေး မပေါ့ဘူး ဆိုတာ သိနေသော်လည်း တု ယုံးဝေ လက်ခံနေဆဲ ။ အဘယ့်ကြောင့်ဆိုသော် ဘစ်ဘော့စ်အတွက်မူ တစ်သန်း ၊ နှစ်သန်းက တကယ်ကို လက်ဆောင်သေးသေးလေးသာ ဖြစ်‌သည် ။ 

“ အဲ့ဒီ … ရောင်းတဲ့ ဝန်ထမ်းက ပြောလိုက်တယ် အဲ့ဒီပေါ်မှာ သုံးထားတဲ့ စိန်တွေက ကံကောင်းစေတယ်တဲ့ စာမေးပွဲအောင်ပါ‌စေလို့ ဆုတောင်းပေးပါတယ် ”

တု ယုံးဝေသည် သူပြောတာ နားထောင်ပြီနောက်း အလေးအနက် ပြန်မေးလိုက်၏ ။ “ တကယ်လို့ ကျွန်မ စာမေးပွဲကျသွားရင် ပိုက်ဆံ ပြန်တောင်းလို့ရတယ်လား ??”

[ ဘာသာပြန်သူ၏ ရှင်းလင်းချက် ။

(၁) ညီငယ် ]

အခန်း ၁၅ ။  [ ဥက္ကဌက အစည်းအဝေးခန်းထဲမှာ ဖုန်းစသုံးနေတယ် ]

ကျန်း ရှောင်ယန်သည် ဒီ‌လောက်ထိမျက်နှာပြောင်တဲ့သူမျိုးကို မမြင်ဖူးသေးပေ ။ သူ တု ယုံးဝေကို စာကြည့်တိုက် ပေါက်ထိ လိုက်ပို့ပေးခဲ့၏ ။ တု ယုံးဝေသည် သီချင်းလေး နည်းနည်း ညည်းနေလိုက်ပြီး စာကြည့်တိုက်ထဲ ဝင်သွား တော့သည် ။ တံခါး‌ပေါက်မှာ ထိုင်နေသည့် စာကြည့်တိုက်မှူးက သူမကို မြင်တော့ နှုတ်ဆက် လိုက်ပြီး “ကျောင်းသူ တုယုံးဝေ ဒီနေ့ စိတ်အခြေအနေကောင်းနေတာလား ? ”

တု ယုံးဝေသည် အခုတလော စာကြည့်တိုက်ကို နေ့တိုင်း လာသောကြောင့် စာကြည့်တိုက်မှူးနှင့်သူမတို့ပင် တစ်ယောက် နှင့် တစ်ယောက် ရင်းနှီးနေကြပြီ ဖြစ်၏ ။ တု ယုံးဝေသည် လက်ကောက် ဝတ်ထားသည့် သူမ ဘယ်လက်ကို မြှောက်လိုက်ပြီး သူမ‌ရှေ့ကို လှုပ်ပြလိုက်ကာ : “ ဘယ်လိုလဲ လှတယ်နော် ဟုတ်တယ် မလား ? ”

စာကြည့်တိုက်မှူးက ကြည့်ပြီး လှတယ်လို့ တွေးလိုက်မိရင်း : “ ဒါက တကယ်ကို လှတာပဲ လက်‌ကောက် အသစ်‌ကြောင့်  ဖြစ်‌နေတာကိုး စိတ်အခြေအနေ အရမ်းကောင်းနေတာ အံ့ဩစရာ မရှိတော့ပါဘူး ”

“ အ ဟီး ဟီး ” တု ယုံးဝေသည် သူမ ဒီ လက်ကောက်ကို တစ်ယောက်ယောက်က ပေးတာလို့ မပြောခဲ့တော့ဘဲ ပျော်ရွှင်စွာဖြင့် လက်ကိုပြန်သိမ်းလိုက်ပြီး သူမ၏ ပုံမှန် ထိုင်နေကျ ခုံနေရာကို သွားလိုက်တော့၏ ။

လက်ကောက်ကို ၁၀ မိနစ်လောက် ထိုင်ကြည့်နေပြီး‌ နောက်မှာ တု ယုံးဝေ မှားနေပြီလို့ သတိထားလိုက်မိ သည် ။ ‘ သူမ စာကြည့်တိုက်ကို စာလုပ်ဖို့လာတာလေ ယောက်ျားတွေအကြောင်း စဉ်းစားဖို့မှ မဟုတ်တာ ! ‘

‘ သူက ငါ့ကို လက်ကောက်လေးတစ်ကွင်း ပေးလိုက်တာပဲ မဟုတ်ဘူးလား ? အရင်က မမြင်ဖူးတာလည်း မဟုတ်ဘဲနဲ့ကို ! ‘

တု ယုံးဝေသည် သူမကိုယ်သူမ အကြီးအကျယ် ဆုံးမလိုက်လေသည် ။  ‘လူတစ်ယောက်အနေနဲ့ မင်း ပိုက်ဆံကိုပဲ ကိုးကွယ်သင့်တယ် ၊ ပိုက်ဆံကိုပဲ နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီး ချစ်သင့်တယ် ‘

ဒါက ဘော့စ် ပေးတဲ့ လက်ကောက်ကို သူမ အရမ်း ကြိုက်လို့ပဲ ဖြစ်နိုင်၏ ။ တု ယုံးဝေ သူမ စိတ်အခြေအနေကို ပြန်ချိန်ညှိပြီး နောက်ဆုံးမှာ သူမသည် ဒီနေ့၏စာလေ့လာတာကို စတင်လိုက်တော့လေသည် ။ 

သူမ ရူးလောက်အောင် စာလေ့လာနေသည့်နေ့ရက်တွေက မြန်မြန်ပဲ ကုန်ဆုံးသွားတော့၏ ။ နောက်ဆုံး စာမေးပွဲကြီးသည်လည်း စတင်ပြီ ဖြစ်သည် ။ တု ယုံးဝေရဲ့ ဘဝက စာလုပ် ၊ စာမေးပွဲဖြေ ၊ စာလုပ် ၊ စာမေးပွဲဖြေ ဆိုတာနဲ့ပဲ ပြည့်နေ၏ ။ တစ်ပတ်ကျော် ကြာပြီးနောက် နောက်ဆုံး ဘာသာရပ်သာ ကျန်တော့သည် ။ ဒီ သံသရာထဲမှာ လည်နေခဲ့သည့်  ယုံးဝေတစ်ယောက် ဝေရွေကို အရမ်းတွေ မနာလို ဖြစ်နေမိတော့၏ ။

တု ယုံးဝေ : “ ..… ”

နောက်ဆုံး ဘာသာရပ် ဖြေပြီးလျှင် စာမေးပွဲကာလ မှ လွတ်ကျွတ်‌တော့မည့် တု ယုံးဝေသည် သူမ စိတ်အခြေအနေကောင်းနေသည်ကို ဖော်ပြရန် ပျော်ရွှင်နေကြောင်း မိုမန့်ပေါ် ပို့စ်တင်ခဲ့သည် ။ ဝီချက်မှာ ရှိသည့် သူမ သူငယ်ချင်းတွေနှင့် လူတိုင်းလည်း အဲ့ဒါကို မြင်နိုင်လိမ့်မည် ။ အရင်တစ်ခေါက် ကျန်း ရှောင်ယန်က သူမကို ရုပ်လွန်ပညာရပ်နှင့် ဆိုင်တာတွေ ရှဲခြင်းကို  ရပ်လိုက်ဖို့ပြောပြီးကတည်းက သူမဟာ မိုမန့်တွေအကုန်လုံးကို ‌သူမ တစ်ယောက်တည်းသာ မြင်နိုင်စေရန် ပြောင်းခဲ့သည် ။  

သာမန် လူချမ်းသာ‌‌လေး တု ယုံးဝေ : မနက်ဖြန် တစ်ဘာသာပဲ ကျန်တော့တယ် ၊ နောက်ဆုံးတော့ လွတ်လပ် တော့မယ်ကွ ယေး!!!!!

ကျန်း ရှောင်ယန်သည် သူမ ပို့စ်မှာ ကွန်မန့်ဝင်မန့်လိုက်၏ : “ ဒီ စာမေးပွဲမှာ ကျခဲ့ရင်တောင် ကုစား စာမေးပွဲတွေ ရှိပါသေးတယ်  ”

တု ယုံးဝေ : “ ..… ”

‘ ဘော့စ်က အရမ်းအလုပ်များတာ မဟုတ်ဘူးလား ? ငါ မိုမန့်မှာ ပို့တင်လိုက်တိုင်း ဘာလို့ ချက်ချင်း မြင်မြင်နေရတာလဲ ? ’

တု ယုံးဝေသည် ကျန်း ရှောင်ယန်ကို ရီပလိုင်း ပြန်လိုက်၏ : ‘ … အားတက်စရာလေး တစ်ခုခုလောက်တောင် ပြောမပေးနိုင်ဘူးလား ? ”

ကျန်း ရှောင်ယန်ကလည်း တု ယုံးဝေကို ရီပလိုင်း ပြန်လိုက်သည် : “ကုစားစာမေးပွဲ မှာ မေးတာတွေက နောက်ဆုံး စာမေးပွဲက မေးခွန်း‌တွေထက် အများကြီး ပိုလွယ်တယ် ”

တု ယုံးဝေ : “ …… ”
‘ ဝါး.... တကယ်ကို စိတ်အားတက်စေတယ်‌နော် ‘

သူမ အိပ်ရာထဲ မသွားခင်မှာ သူမသည် ကံကောင်းစေတဲ့ (koi) တစ်ပုံ ကို ပို့စ်တင်လိုက်ပြီး ဖုန်းကို ချထား လိုက်တော့၏ ။ နောက်နေ့မှာ သူမနဲ့ ဖန်းကျင် က အခန်း အတူတူကျသည် ။ ဖန်းကျင်က သူမ မျက်နှာ အလာဂျစ် ဖြစ်ကတည်းက ကျောင်းကို မလာတော့ပေမဲ့ နောက်ဆုံး စာ‌‌မေးပွဲကို‌တော့ ဖြေရဦးမည်ပင် ။ နောက်ဆုံး တော့လည်း သူမက နှစ်တိုင်း ဒီ ပညာသင်ထောက်ပံ့ကြေး ရဖို့ မှီခိုနေရသေးသည့်သူသာ ဖြစ်၏ ။

ဖန်းကျင်က က စာမေးပွဲဖြေတဲ့ အခန်းထဲမှာ ပေါ်လာတော့ သူ့ အတန်းဖော်များကလည်း သဘာဝ ကျကျပင် သူမကို လိုက်ကြည့်နေကြသည် ။ သူမ မျက်နှာ ပြန်ကောင်းသွားပြီလား ဆိုတာကိုတော့ တု ယုံးဝေ မသိရပေ။ သူမက မျက်နှာကို မမြင်ရအောင် တင်းတင်း ကျပ်ကျပ် မက်စ်တပ်ထားလေ၏ ။ ကံကောင်းစွာဖြင့် စာမေးပွဲခန်း ထဲ၌ လေအေး ပေးစက်ရှိသည် ။ မဟုတ်လျှင် ရာသီဥတုကြောင့် ဝက်ခြံမရှိတဲ့သူပင် ဝက်ခြံတွေပေါက်သွား စေနိုင်၏ ။

ဖန်းကျင်ကို မြင်သောအခါ၌ တု ယုံးဝေသည် စွန်း ရှောင်ရှောင်ကို ထပ် တွေးမိသွားသည် ။ သူမကတော့ ‌ဒီတစ်‌ ခေါက် နောက်ဆုံးစာမေးပွဲကိုပင် ဖြေခွင့်မရနိုင်သလောက် ဖြစ်သွားခဲ့လေ၏ ။ ဒီတလော စွန်းမိသားစု စီးပွားရေး လုပ်ငန်းတွေ တစ်ခုခုမှားယွင်းနေသည့်အကြောင်းတို့ကိုလည်း တု ယုံးဝေတစ်ယောက် သူမ အဖေ၏ ပြောစကား များထံမှ ကြားခဲ့ရသည် ။  

“ လူတိုင်း ဖုန်းတွေ စာအုပ်တွေ သိမ်းပြီး စာမေးပွဲဖြေဖို့ အသင့်ပြင်မယ် ” စာမေးပွဲခန်း စောင့်သည့်သူက စာမေးပွဲ မေးခွန်းများနှင့် အခန်းထဲဝင်လာပြီးနောက် လူတိုင်းက အာရုံစိုက်လိုက်တော့၏ ။ တု ယုံးဝေ လည်း သူမ အတွေး တွေကို ပြန်သိမ်းလိုက်ပြီး နောက်ဆုံးဘာသာရပ်ဖြေဖို့ရာ ပြင်လိုက်တော့သည် ။ ဒီ ဘာသာရပ်က တု ယုံးဝေ အတွက် အများဆုံး ကျက်ရသည့်ဘာသာ ဖြစ်ပြီး ပြန်လေ့လာထားပြီးပြီ ဖြစ်၏ ။ ထိုကြောင့် ချုံ့ပြောရလျှင် အဖြေ စာရွက် အလွတ်တွေအကုန် ဖြည့်လိုက်ပြီးသား ဖြစ်သွားတော့သည် ။

ထို့နောက် သူမသည် စာမေးပွဲဖြေချိန် မပြီးသရွေ့ မထွက်ဘဲ အခန်းထဲမှာ ထိုင်နေလိုက်သည် ။  သူမ အခန်းထဲမှ ထွက်လာပြီးနောက် ပျော်ရွှင်စွာဖြင့် သူမဖုန်းကို ထုတ်ကာ ကျန်း ရှောင်ယန် ကို ပထဆုံး စာပို့လိုက်၏ ။ “ စာမေးပွဲ ပြီးသွားပြီ ! ပြီးသွားပြီကွ ! ”   

ကျန်း ရှောင်ယန် : “ ဂုဏ်ယူပါတယ် ”

တု ယုံးဝေ : “ ဟီးဟီးဟီး ”

ရီပြီးနောက် တု ယုံးဝေသည် သူမ အမှားကို ထပ်ပြီး သဘောပေါက်သွားပြန်သည် ။ ' သူမက ဘာလို့  ကျန်း ရှောင်ယန် အရင် အသိပေးသင့်တာလဲ ? ဟွန့် ! ဝေ ရွေ ကို သွားရှာမယ် ၊ ရှော့ပင်း ထွက်ပြီး လျှောက်စားမယ်ကွ! ‘ ,

ကျန်း ရှောင်ယန်ဖက်မှာတော့  ကောင်းယဲ့က သူ့ကို အလေးအနက် သတိပေးလိုက်၏ ။  “ ဘော့စ် ”

ကျန်း ရှောင်ယန်သည် သူ့ဖုန်းကို ချလိုက်ပြီး အစည်း အဝေးခန်းထဲမှ အကြီးတန်းအမှုဆောင် အဖွဲ့ဝင်များကို ကြည့်ကာ မျက်နှာတစ်ချက်မှ မပြောင်းဘဲ ပြောလိုက်သည် ။  “ ဆက်ပြောကြပါ ”

အကြီးတန်း အမှုဆောင်အဖွဲ့ဝင်များ : “ ..… ”

လူတိုင်းက သူတို့ နှလုံးသားထဲတွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားတော့လေသည် ။
‘ဥက္ကဌကြီးက တကယ်ပဲ အစည်းအဝေးထိုင်နေတုန်း ဖုန်းသုံး‌နေခဲ့တာလား ? ဒါက ‌ဆယ်စုနှစ်နဲ့ ချီပြီးတော့ကို အင်မတန် ရှားတဲ့ဖြစ်စဉ်ပဲ ! သူ ဘယ်သူ့ကို စာပို့နေတာ များလဲ ? ပို့နေတဲ့ မက်ဆေ့ခ်ျကရော ဘာအကြောင်းတွေများ ဖြစ်နေမလဲ ? ‘

သူတို့ တကယ်ကို သိချင်နေကြသော်လည်း မမေးရဲကြပေ ။

ကျန်း ရှောင်ယန်၏အစည်းအဝေးက မပြီးသေးပေမဲ့လည်း တု ယုံးဝေကတော့ အိမ်ပြန်ရောက်နေပြီ ဖြစ်၏ ။ ယီ ယီ ၊ အာ့အာ့ နဲ့ ကျင်း ယင်ကျွမ်တို့က သူမ ပြန်လာတာကို မြင်သည်နှင့် သူမဘေး ဝိုင်းလာပြီး ခုန်တက် ကြတော့သည် ။ သူမလည်း အိမ်ထဲမဝင်ခင် သူတို့ တစ်ကောင်ချင်းစီရဲ့ ခေါင်းတွေကို ထိပေးလိုက်ကာ : “ အမေ ၊ သမီး ပြန်လာပြီ ”

“ အိုး အမေ့သမီးလေး ပြန်လာပြီလား ? ” သူမ အိမ်ထဲ ဝင်လာတုန်းက ကျန်း မန်လင်းသည် သူမ ဧည့်ခန်းထဲမှာ စိုက်ထားသည့် ပန်းတွေနှင့်အပင်တွေကို ‌ရေလောင်းနေတာ ဖြစ်သည် ။ အကိုင်းတွေ အခက်တွေကို ညှိနေရင်း သူမက တု ယုံးဝေကို ပြောလိုက်၏ : “ ဒီ စာမေးပွဲတွင်း သမီး တအားတွေ ကြိုးစားထားတာ ဒါကြောင့် အမေ ဒီနေ့ အိမ်မှာ အရသာရှိတာတွေ အများကြီး ချက်ထားတယ် ”   

“ ဝါး ကျေးဇူးတင်ပါတယ်နော် မေမေရေ ! ” တု ယုံးဝေသည် မီးဖိုချောင်ဖက်သို့ စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး ထပ်‌ပြောလိုက်သည် ။ “ အပေါ်ကို အရင်သွားပြီး ရေချိုးလိုက်ဦးမယ် နေ့လည်ကျရင်  ဝေ ရွေ နဲ့ ဈေးဝယ်ထွက်ဖို့ ချိန်းထား‌သေးတယ် ”   

“ ဟုတ်ပါပြီ ဈေးဝယ်ထွက်ရင် သမီးဖို့ ဂါဝန်တစ်ထည်လောက် ဝယ်ခဲ့လိုက်ဦး နောက်ရက်နည်းနည်းလောက်ဆို တက်ရမဲ့ ပါတီပွဲ တစ်ခုရှိတယ် ”

“ ဪ အိုခေပါ ဘာလို့ တက်စရာပါတီတွေက ထပ်ရှိနေရသေး တာလဲ ?” မြို့ တော်အေမှ နာမည်ကျော် ဆယ်လီ များက မကြာခဏ ပါတီပွဲလုပ်‌လေ့ရှိ၏ ။ တု ယုံးဝေမှာ အရင်က ထိုကဲ့သို့သောပွဲတွေကို အများကြီး တက်ဖူးပေမဲ့ နောက်ကျ သူမသွားရတာ ရိုးလာပြီး ပျော်တယ်လို့ မခံစားရတော့ချေ ။

ကျန်း မန်လင်းသည် ခေါင်းတစ်ချက် ညိမ့်ပြီး ပြောလိုက်သည် : “ သမီးက အခုမှ စာမေးပွဲပြီးထားတာ‌လေ ပါတီ ပွဲလေး ဘာလေး တက်ပြီး သွားပျော်ချေ ၊ ဒီတစ်ခေါက် ပွဲတက်မဲ့ အသိုင်းအဝိုင်းက နယ်ပယ်တော်တော် ကြီးတယ် ”   

“ အိုခေ အပေါ် သွားပြီး ရေအရင်ချိုးလိုက်ဦးမယ် ”  

“ အမ်း ”

တု ယုံးဝေ အခန်းဆီ ပြန်ပြီး နေ့လည်ခင်းတွင် သူမ မျက်နှာအလှပြင်ဖို့ရန် အလှပြင်ဆိုင်သို့ ကြိုတင်ချိန်းဆို ထားလိုက်၏ ။ သူမက စာမေးပွဲနှင့် အလုပ်ရှုပ်နေခဲ့ရသည့်အတွက် သူမ၏ အသားအရေက အရင်ကလောက် ဖြူပြီး မနူးညံ့‌နေတော့ချေ! အသားအရေထိန်းသိမ်းမှု လုပ်ပြီးသွားသည့်နောက် ဝေရွေနှင့် အဝတ်အစား ‌ဝယ်ရန် ရှော့ပင် ထွက်ကြပြီး လက်သည်းသွားပြင်ကြသည် ။ ပြည့်စုံချက်ပဲ ။

ဝေရွေ ကို တု ယုံးဝေ မတွေ့ရတာ သူမ မျက်ရစ်နှစ်ထပ် ရှိကတည်းကပါပဲပင် ။ ဒါက ဝေ ရွေ ပထမဆုံးအကြိမ် တု ယုံးဝေရှေ့မှာ မျက်ရစ် နှစ်ထပ်နှင့် ပေါ်လာတာ ဖြစ်သည် ။

တု ယုံးဝေ သူမ၏ မျက်ရစ်နှစ်ထပ်ကို တစ်ခဏလောက် စူးစမ်းလိုက်ပြီး ကျေနပ်သွားသောကြောင့် ခေါင်းညိတ် ထောက်ခံလိုက်၏ ။  “ ကြည့်လို့ကောင်းတယ် တကယ့်ကို အလုပ်ဖြစ်တာပဲ ဒါတွေက ”

“ အင်း ပိုက်ဆံလေး နည်းနည်း ပိုသုံးလိုက်တာနဲ့ အကွာကြီး ကွာသွားတော့တာပဲ တစ်ယောက်ကဆို ငါ့ကို ရူးနေ ပြီတဲ့ ပြောတာ … ”

“ အဲ့တာ နင့် ပိုက်ဆံလေ သူတို့က ဒီတိုင်း မနာလိုနေကြတာ ထားလိုက် ၊ လာ ‌ကိုကာကိုလာ သောက် !” တု ယုံးဝေ အချိုရည်စက်ထဲမှ ကျလာသည့် ကိုကာကိုလာဘူး အေးအေးလေးကို ကောက် လိုက်ပြီး ဝေ ရွေကို လှမ်း‌ ပေးလိုက်သည် ။ ဝေရွေ ပုလင်း အဖုံးကို ဖွင့်လိုက်ပြီး တစ်ငုံစုပ်လိုက်၏ ။ “ အေးလိုက်တာ ”

“ အရမ်းကို လန်းဆန်းသွားတယ်မလား ! သွားကြစို့ ! အလှပြင်ဆိုင်မှာ ကုသတာအရင်သွားခံပြီးမှ ဈေးပတ် ဝယ်မယ် လျှောက်သွား စားမယ် ”

ဝေ ရွေ သူမ လက်မောင်းကို ဆွဲလိုက်ပြီး ကြည့်လာသည် : “ ကြည့်ရတာ နင့်ကို နောက်ဆုံး စာမေးပွဲကြီးက ရှယ် နှိပ်စက်လိုက်ပုံပဲ ”

“ ထုတ်မပြောလာနဲ့ ! စာမေးပွဲ ရလဒ်တွေ မထွက်လာသေးခင် ဒီနေ့တစ်ရက်တော့ ရူးအောင်ကို ပျော်လိုက် ဦးမယ် ”

ဝေ ရွေ : “ ..… ”

နှစ်ယောက်သား အလှပြင်ဆိုင်ကို အရင်သွားကြပြီးနောက် စတားလိုက် စတိုးဆိုင်ကြီးထဲ ဝင်ကာ အဝတ်အစား သွားဝယ်ကြတော့သည် ။ တု ယုံးဝေတစ်ယောက် ဂါဝန်တစ်ထည် ရွေးနေတာကို မြင်သောအခါ ဝေ ရွေက သူမကို မေးလိုက်၏ ။ “ နောက်ထပ် ပါတီတစ်ခု တက်ရမှာလား ?”

နှစ်‌ယောက်လုံးမှာ အဝတ်အစားတွေ တောင်ပုံ ရာပုံ ရှိကြသော်လည်း ဂါဝန်များကမူ တစ်ခါဝတ်ပြီးသွားပါက ထပ် ဝတ်လို့ မဖြစ်တော့ချေ ။ နောက်ထပ်တစ်ကြိမ် နောက်ပါတီပွဲတစ်ခုကို တက်ရသည့်အခါ အသစ်တစ်ထည်ကိုသာ ဝတ်နိုင်တော့၏ ။ တု ယုံးဝေသည် ဂါဝန် တစ်ထည်ကို ကောက်ကိုင်လိုက်ပြီး မှန်ထဲ၌ ယှဉ်ကြည့်လိုက်သည် ။ : “ ငါ့ အမေက ပြောတာပဲ ဒီရက်ထဲ ပါတီပွဲတစ်ခု ရှိမယ်တဲ့ လုံးဝကို အတော်လေး ခမ်းနားမယ်လို့ ပြောတာပဲ အသေးစိတ်တော့ မမေးလိုက်ရဘူး နင်ရော သွားမှာလား ? ”

ဝေရွေ ခဏလောက် ‌စဉ်းစားနေပြီး သူမကို မေးလိုက်၏ ။: “ ပြဇာတ်ရုံကြီး ထဲမှာ ကျင်းပမယ်ဆိုတဲ့ ပွဲလား ? အရမ်းကို ကြီးကျယ်ခမ်းနားမှာ လို့ ငါ့အဖေ ပြောတာကြားတယ် စီးပွားရေးလောကက ထိပ်သီးတွေအပြင်ကို ဖက်ရှင်နဲ့ အနုပညာလောကက နာမည်ကြီးတွေပါ လာကြမှာ ”

“ ဪ… တော်တော်ကို ကြီးကျယ်မဲ့ပွဲပဲ ဒါဆို ”

“ အစက ငါ မသွားဘဲနေမလို့ ဒါမဲ့ အခုကျ နင် သွားချင်တယ်ဆိုမှတော့ ငါလည်း လာပြီး အဖော်လုပ်ပေးမယ် ”

“ ကောင်းပြီလေ အဲ့ဒါဆို ငါ့ကို တစ်ထည် ရွေးကူဦး “

သူတို့ နှစ်ယောက်က ဆိုင်ထဲ ပတ်သွားနေကြပြီး ဂါဝန် နည်းနည်း ဝတ်ကြည့်ကြပေမဲ့ ကြိုက်တာကို မတွေ့ချေ။ ဒါကြောင့် ဘေးကပ်ရပ်မှ ဘန်နီစတိုးထဲ ဝင်သွားကြသည် ။ တု ယုံးဝေက ဒီ ဘရန်းကို အရမ်းကြိုက်၏ ။ ဆိုင်ထဲမှာ ထိုဘရန်း၏ ဂါဝန်တွေ အမျိုးအစားအများကြီး ရှိနေသည် ။

သူတို့ နှစ်ဦး  ဝင်သွားပြီးပြီးချင်း ဝန်ထမ်းအမျိုးသမီးကိုအော်နေသည့် မိန်းကလေးတစ်ယောက် အသံကို ကြားလိုက်ရ၏ ။ “ ဖြေးဖြေးလေး ဆွဲလေ ငါ့ကို ညှစ်သတ်ချင်နေတာလား ?! ”

ဝယ်သူ၏အင်္ကျီ ဇစ်ဆွဲတာကို ကူညီပေးနေသော ဝန်ထမ်း အမျိုးသမီးက သူမကို ရှက်ဝဲဝဲ ပြုံးပြလိုက်ပြီး : “ မစ္စ ကောင်း ဒီဂါဝန်က ရှင့်အတွက်ဆို နည်းနည်း‌လေး သေးနေတာ ၊ နောက်တစ်ခု ပြောင်းဝတ်ကြည့်ပါလား ? ဂါဝန်လှလှ‌ ကောင်းတာလေးတွေ အများကြီး ကျွန်မတို့ဆိုင်မှာ ရှိပါသေးတယ် ”

“ မလိုချင်ဘူး ငါ ဒီတစ်ခုပဲ ကြိုက်တာ ဒါက သေး‌နေရင် ငါ့ကို ဆိုဒ်ကြီးတာ ရှာလာပေး ”

အမျိုးသမီး ဝန်ထမ်းက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည် ။ “ ရပါတယ် ရှင့် တခြားဆိုဒ် ပြောင်းပေးလို့ ရပါတယ်နော် ဒါပေမဲ့ မြန်မြန်တော့ မရနိုင်ဘူးရှင့် မှာရမှာမလို့ ခဏလောက်လေး စောင့်ပေးပါဦး ”

“ ဂရုမစိုက်ဘူး ဘယ်လို‌နည်းနဲ့ နေနေ ငါ့ကို ဒီပြဿနာရှင်း‌ပေး ၊ မဟုတ်လို့ကတော့ နောက်ဆို ဒီဘရန်းက မဝယ် တော့ဘဲနေမှာ ငါ့ သူငယ်ချင်းတွေကလည်း ဝယ်ကြတော့မှာ မဟုတ်ဘူး ! ” ချောင်းရွှမ် ဂါဝန်က အပေါ်ကို ဆွဲ စိ လို့ မရတော့ပုံပင် ။ ဒါကြောင့် သူမ စကပ်ကို ဆွဲယူလိုက်ကာ အဝတ်လဲခန်းထဲ သွား ချွတ်တော့၏ ။

သူမနှင့် အတူလာကြသည့် သူငယ်ချင်းနှစ်ယောက်ကလည်း အဝတ်လဲခန်း အဝင်ဝကို လျှောက်သွားပြီး ဝန်ထမ်းအမျိုးသမီးကို ပြောလိုက်သည် ။
“ ဆိုဒ်ကလေး ပြောင်းလိုက်ရုံပဲမလား ဘာတွေများ ဖြစ်နေတာလဲ ? အလုပ်မဖြစ်ရင်တော့ နောက် တကယ်မလာတော့ဘူး ”

ဝန်ထမ်းအမျိုးသမီးနှစ်ယောက် အကြည့်ချင်းသာ ဖလှယ်လိုက်ကြ၏ ။ သူတို့ထဲက တစ်ယောက်က ချောင်းရွှမ် လှမ်းပေးလိုက်သည့် ဂါဝန်ကို ကိုင်ထားပြီး သူတို့ကို ပြုံးပြလိုက်ကာ : “ အခုပဲ ဆိုင်မန်နေဂျာကို ဖုန်းဆက်ပြီး မစ္စ ကောင်းအတွက် အဆင်ပြေအောင် လုပ်ပေးပါ့မယ်ရှင့်”

သူမ ထွက်သွား‌ သောအခါ အပေါက်ဝမှာ ရပ်နေသည့် တု ယုံးဝေ နှင့် ဝေ ရွေ ကို မြင်လိုက်ရသည် ။ ခဏလောက် တန့်သွားပြီး သူတို့ကို အပြုံးလေးနှင့် နှုတ်ဆက်လိုက်ရင်း : “ မစ္စတုနဲ့ မစ္စ ဝေ လာတယ် ရှောင်ချောင် ထွက်လာပြီး နှုတ်ဆက်လိုက်ဦး ”   

“ အိုခေ ” ရှောင်‌ ချောင်သည် ရေနှစ်ခွက်သယ်လာခဲ့ပြီး တု ယုံးဝေနှင့်  ဝေ ရွေ ကို ဆိုဖာပေါ် ထိုင်ခိုင်းလိုက်၏ ။ “ ဒီနေ့ မစ္စတု နဲ့ မစ္စဝေက ဘာများဝယ်ချင်လို့လဲ ? ”

တု ယုံးဝေ ဘာမှမပြောရသေးခင်မှာပဲ သူမ အဝတ်တွေကို ပြန်လဲပြီးသွားပြီဖြစ်သည့် ချောင်းရွှမ်က ထွက်လာပြီး သူတို့ကို ပြုံးပြလိုက်သည် ။ “ ဪ … ဘယ်လိုတောင် တိုက်ဆိုင်ကြတာလဲ ? နင်တို့တွေလည်း ဝတ်စုံ လာဝယ်တာပဲလား ” ချောင်းရွှမ် နှင့် တခြားသူတွေက သူမတို့နှင့် အသိုင်းအဝိုင်း တူတူပါပဲပင်။ သူတို့ကို အသိ အကျွမ်းတွေ လို့ပင် ပြောလို့ရသည် ။ သို့သော် သူတို့က အသိုင်းအဝိုင်းတူကြလျှင်တောင် ကိုယ့် အုပ်စု‌လေးနဲ့ကို သီးသန့်နေကြသူများ ဖြစ်၏ ။ တု ယုံးဝေနှင့် ဝေ ရွေက ချောင်းရွှမ်နှင့် သိပ်အဆက်အဆံ မလုပ်ဖြစ်ကြပေ ။

တု ယုံးဝေကတော့ သူမကို ပြုံးသာပြပြီး ဘာမှပြန်မပြောလိုက်ချေ။ ဝေ ရွေ နှင့် ချောင်းရွှမ် တို့၂ယောက်က ဘယ်တော့မှ တစ်ယောက် နှင့် တစ်ယောက် အစေးကပ်ကြတယ် ရယ်လို့ မရှိ ။  “ ငါ ခုလေးတင် နင် ဝတ်စုံစမ်း ဝတ်ကြည့်နေတာကိုလည်း မြင်လိုက်တယ် ၊ တော်တော်လေး ပုံမှန်လိုပါပဲ ၊ အဲ့ဝတ်စုံကို ဘာမှ ကြိုးစားပြင်ပြီး ဖိစွဲနေစရာ မလိုပါဘူး ၊ သူ့ခင်မျာ နင့် ခန္ဓာကိုယ်‌ပေါ်မှားပြီး အဝတ်ခံလိုက်ရတာပဲ ရှိတာ ”

ချောင်းရွှမ် နှုတ်ခမ်းတွေ တင်းတင်း စေ့လိုက်ပြီး ဝေရွေကို သေချာကြည့်လိုက်၏ ။ ထို့နောက် မျက်ခုံးပင့်လိုက်ရင်း : “ဝေ ရွေ နင် မျက်ရစ်နှစ်ထပ်သွားပြင်လာခဲ့တာလား ? ဒီတိုင်း ထားထားလိုက်ပါလို့ အရင်ကတည်းက ပြောနေ တာကို ငါ့ ပြောစကားကို နားမထောင်ဘူးပေါ့လေ ? ”

ဝေ ရွေသည် နှုတ်ခမ်း တွန့်ရင်း လှောင်လိုက်သည် ။ “ ငါက နင့်လို ငကြောက်မှ မဟုတ်တာ ?”

“ ..…… ” မိန်းကလေးတွေ တစ်ယောက် နဲ့ တစ်ယောက် အပြိုင် ဖဲ့နေကြ တာကို ဘေးလူ အနေနဲ့ ကြည့်နေရတာ စိတ်ဝင်စားစရာ ကောင်းသည်ကို တု ယုံးဝေတစ်ယောက် ရှာဖွေတွေ့ရှိသွား‌တော့၏ ။

“ ထားလိုက်တော့ ၊ ဝေ ကိုယ့်အဝတ် အစားကိုပဲ ရွေးရ‌အောင် ” တု ယုံးဝေသည် ဝေရွေ ကို သွားပြီး ဝန်ထမ်း အမျိုးသမီးကို အဝတ်အစားရွေးရန် ခေါ်သွားပေးဖို့ ခိုင်းလိုက်သည် ။ ချောင်းရွှမ် နှင့် သူမ သူငယ်ချင်းတွေက သူတို့ နောက်မှ လိုက်လာပြီး သူတို့ ရွေးတာလာကြည့်နေကြရင်း စကားပြောအချိန်ဖြုန်းနေကြ၏ ။ “ နင်တို့က ဒီ စနေနေ့မှာ လုပ်မဲ့ ပါတီပွဲကို သွားမလို့လား ? ဟက် ! ဒီ တစ်ခေါက် ချီ ယီ လာမယ် လို့ ကြားတာနဲ့ကို လိပ်ပြာလေးတွေအကုန် အရူးအမူး ဝဲလာကြတော့တာ ပဲ ”

တု ယုံးဝေ၏ လက်က ရပ်သွားပြီး ဝေ ရွေ တောင် အနည်းငယ် အံ့ဩသွားသည် ။ “ ဒီတစ်ခါ ချီ ယီ လာမှာ တဲ့လား ?”

ချောင်းရွှမ်သည် သူမကို မယုံသင်္ကာဖြစ်စွာ ကြည့်လိုက်၏ ။ “ နင် ဘာတွေဟန်ဆောင်ပြနေတာလဲ ? နင် မသိဘူး လို့တော့ မပြောနဲ့ ၊ အရင်ကလည်း ဒီလို ပွဲတွေ တက်နေကျ မဟုတ်ဘူးလား ? ဒီ တစ်ကြိမ်ကျမှ ဝတ်စုံတွေ အသေအလဲ ရွေး နေတာ … အဲ့တာ ချီ ယီ ကြောင့် မလား ? ”

“ ..… လူတိုင်းက နင့်လိုချည်း တွေးနေတယ် ထင်မနေနဲ့ ! နင်ဆို မတော်တဲ့ အဝတ်တောင် အတင်း စွတ်နေရတာ ”

တု ယုံးဝေ : “ ..… ”
‘  ဝေ ရွေ က လုံးဝ ရက်စက်တတ်တာပဲ ’

သူမ သာသာလေး ရီလိုက်ပြီး ချောင်းရွှမ် ကို မေးလိုက်သည် ။ “ သူက ဒီလို ပွဲက အရင်က တစ်ခါမှ မတက်ဘူးမလား ?”

“ ဟုတ်တယ် ဒီ တစ်ခေါက်ကျမှ သူ လာမယ်လို့ ကောလဟာလတွေ ထွက်‌နေတော့ လူတိုင်းက ရူးကုန်ကြတော့တာပဲ ” ချောင်းရွှမ်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ အမူအရာက မဆိုစလောက်လေး ပြေလျော့သွား၏ ။ “ နင်တို့ တကယ်ကြီး မသိတာလားဟ ? ငါ့ သူငယ်ချင်း တော်တော်များများက သူ့ကို ချိန်နေကြတာလေ ဟို မြေခွေးမ ထျန်းစစ်ထုံတောင်မှ သွားဖို့ ဆုံးဖြတ်ထားတာ ”

‘ အာ … ‘ တု ယုံးဝေသည် ဘာကြောင့်များ ကျန်း ရှောင်ယန်တစ်ယောက် ဒီလိုမျိုး ပွဲတွေကို ဘယ်‌တော့မှ မတက်‌ရောက်တာလဲဆိုတာ နားလည်သွားတော့သည် ။

“ မေ့လိုက်တော့ ! နင်တို့ နှစ်ယောက်သွားချင်သပဆိုလည်း သွားပေါ့ ” ချောင်းရွှမ်က သူတို့ကို လှောင်ပြောင်သွား၏ ။

“ နင်တို့မှာ သူနဲ့တွဲကဖို့ အခွင့်အရေးလည်း ရှိတာ မဟုတ်ဘူးလေ”

.....

ဖတ်လို့မှကောင်းရဲ့လား မင်ရဲ့အချစ်လေးတွေရေ...😘။

တုယုံးဝေလေးကို ကြိုက်ရင် ကြယ်လေးတွေပေးဖို့လဲမေ့နဲ့နော်။

ဒါလေးကလေ 12.1 12.2 ဆိုပြီး အခန်းတစ်ခန်းကို နှစ်ပိုင်းထွက်ထားတာမျိုးလေးပါ။နောက်ပိုင်းမှာဆို သုံးပိုင်းထိတောင် ရှိပါတယ်ရှင့်။ မင်ကတော့ အပိုင်းခွဲ တစ် အပိုင်းခွဲ နှစ်ဆိုပြီး လိုက်တပ်ရမှာ အလုပ်ရှုပ်လို့ 12 ဆိုပြီးစုတင်ပစ်လိုက်ပါတယ်ရှင့်။
ဒါကြောင့် တစ်ပိုင်းတစ်ပိုင်းက အရှည်ကြီးဖြစ်နေမှာပါ။ သုံးပိုင်းကိုစုပေးထားတာဆို ပိုရှည်သေး ၊ ဖတ်ရတာကတော့ အရမ်းကိုကောင်းသလို အရှည်ကြီးဆိုတော့ဖတ်ရတာရှယ်ပဲ။

မင်ခန့်မှန်းချက်အရတော့ ဒီတစ်လအတွင်း paidပြီးပါမယ်နော်။ ခုဆို တင်တာ တစ်ဝက်ကျော်နေပါပြီရှင့်။ ပြီးဖို့သိပ်မလိုတော့ပါဘူး ။ ဒါကြောင့်paidလေးဝင်ချင်ရင် cbကိုလာခဲ့ပါနော်။ 😘

...

အခန္း ၁၁ ။  [ က်န္း ေရွာင္ယန္ က်န္း ေရွာင္ယန္ က်န္း ေရွာင္ယန္ က်န္း ေရွာင္ယန္ ]

သဘာဝက်စြာပါပဲ လင္း ခ်န္ ကေတာ့ ထိုအေၾကာင္းကို မသိပါေခ် ။ သူမ က အနာဂတ္မွာ က်န္း ေရွာင္ယန္ နဲ႕ ပို အဆင္ေျပေအာင္ အခ်ိန္ေတြကို ဘယ္လိုသုံးရမလဲ ဆိုတာ‌ေတြ ေတြးရင္း အေပ်ာ္ဆို႔ေနရွာသည္ ။

“ ေကာင္းယဲ့ လင္း ခ်န္ကို ကူၿပီး ခရီးျပန္သြားဖို႔ လက္မွတ္ ႀကိဳမွာထား ” လင္း ေဟြ႕ရဲ႕ မိဘ ေတြက မနက္ျဖန္ မနက္မွာ သူတို႔ ဇာတိၿမိဳ႕ကို ျပန္ၾကေတာ့မည္ ျဖစ္၏ ။ က်န္း ေရွာင္ယန္ က လင္း ခ်န္ ကို သူနဲ႕ ေခၚထားပါမယ္ လို႔ မဆိုလိုေခ် ။

လင္း ခ်န္ က သူမ မိဘ‌ ေတြႏွင့္ ဇာတိ ျပန္လိုက္သြားဖို႔ရန္ မေတြးထားသည့္ အတြက္ တစ္ခဏမွ် တန႔္သြားကာ : “ ေရွာင္ယန္‌ ေကာေကာ ဘာလို႔ အကိုက  ညီမအတြက္ပါ လက္မွတ္ ျဖတ္ေစခ်င္‌ေနတာလဲ ? ”

က်န္း ေရွာင္ယန္ ေျပာလိုက္၏  ။
“ တ႐ုတ္မွာ ေနခ်င္တာ မိဘေတြနဲ႕ ေတြ႕ခ်င္လို႔ ဆိုၿပီး မင္း မေျပာခဲ့ဘူးလား ? အခု ေႏြရာသီ အားလပ္ရက္ ရွည္ႀကီး ရထားတာကို မင္း အက်ိဳးရွိရွိ အသုံးခ်သင့္တယ္ ၊ သူတို႔နဲ႕ အေဖာ္ျပဳေပးလိုက္ ”

လင္း ခ်န္ : “ ..… ”
‘ ႐ုတ္တရက္ သူမ ေပးလိုက္သည့္ ဆင္ေျခက မေကာင္းဘူး လို႔ ခံစားေနရသည္ ‘

သူမ တ႐ုတ္မွာ ေနခ်င္တာက က်န္း ေရွာင္ယန္ နဲ႕ အတူရွိေနဖို႔ အခြင့္အေရးေတြ ပိုရလာဖို႔ရန္ ျဖစ္သည္ ။ ဒါေပမဲ့လည္း သူက သူမကို ေနခြင့္ေပးလိုက္ၿပီး ျဖစ္ေသာေၾကာင့္ ထပ္ ေမးဖို႔မသင့္ေတာ့ေခ် ။ 
“ အို‌ေခ ပါ ၊ ေရွာင္ယန္ ေကာေကာ ေသခ်ာ စဥ္းစဥ္းစားစား ေတြးေပးလို႔ ေက်းဇူးပါ ”

လင္း ခ်န္ သူမ မ်က္ႏွာက ၿပဳံးေန ေပမဲ့လည္း သူမ ႏွလုံးသား ထဲမွာေတာ့ မၿပဳံးနိုင္ခဲ့ ။

ေကာင္းယဲ့ က အရမ္းကို လုပ္နိုင္ ကိုင္နိုင္စြမ္း ရွိ၏ ။ မၾကာခင္မွာပင္ လက္မွတ္ေတြ ႀကိဳတင္မွာယူၿပီးသြားၿပီ ျဖစ္သည္ ။ ေန႕လည္ခင္းမွာ က်န္း ေရွာင္ယန္သည္ အတြင္းေရးမႉး ဟူ ကို လင္း မိသားစုအား ၿမိဳ႕ေတာ္ ေအ ကို လိုက္၍ လွည့္ပတ္ျပခိုင္းလိုက္ၿပီး သူနဲ႕ ေကာင္းယဲ့ကေတာ့ ကုမၸဏီကို အရင္ ျပန္သြားခဲ့၏ ။

လင္း ေဟြ႕ရဲ႕ ေသဆုံးျခင္း ႏွစ္ပတ္လည္ေရာက္တိုင္းမွာ က်န္း ေရွာင္ယန္ ရဲ႕ စိတ္ အေျခအေနက ေလးနက္လြန္းေန၏ ။ သူ႕ စိတ္သူ လမ္းလႊဲဖို႔ရာ အတြက္ မိုးခ်ဳပ္ၿပီး ႐ုံးမဆင္းခင္ အထိ ကုမၸဏီမွာပဲ အလုပ္ ေတြထဲ သူ႕ကိုယ္သူ ျမႇပ္ႏွံ ပစ္လိုက္သည္ ။  သို႔ေသာ္ သူ အိမ္ျပန္ေရာက္ၿပီး အိပ္ရာေပၚ တစ္ေယာက္တည္း လွဲေနသည့္ အခ်ိန္မ်ား၌မူ လင္း ေဟြ႕ရဲ႕ ေသဆုံးျခင္းအေၾကာင္း မေတြးမိဘဲ မေနနိုင္ေတာ့ေခ် ။

က်န္း ေရွာင္ယန္သည္ ေခါင္းကိုက္‌ ေဝဒနာ စမလာခင္မွာပဲ  တု ယုံးေဝရဲ႕ ဖုန္းနံပါတ္ကို ေခၚလိုက္၏ ။

တု ယုံးေဝ က သူမ ဖုန္းနဲ႕ ကစား ေနသည့္ အခ်ိန္မွာပဲ ဖုန္းစခရင္ ေပၚတြင္ ' အစ္ကိုႀကီး ' ဆိုေသာ စကားလုံးမ်ား ေပၚလာသည္ကို ျမင္လိုက္ရ ေသာအခါ ဖုန္းကိုပင္ ပစ္ေပါက္ မိေတာ့မတတ္ ျဖစ္သြားေတာ့သည္ ။

‘ ေဘာ့စ္ က သူမကို ဒီေလာက္ အေစာႀကီး အေရာင္းၿပီးဆုံးသြားလို႔ ဆက္ၿပီး ဝန္ေဆာင္မႈအေၾကာင္း ေမးေတာ့မွာ မ်ားလား ဟုတ္တယ္မလား ? ‘

တု ယုံးေဝ ဖုန္းကို စိတ္လႈပ္ရွားစြာနဲ႕ ကိုင္လိုက္ရင္း အျခားတဖက္မွ လူကို ဟယ္လို လို႔ ေျပာလိုက္၏ ။ 
“ မဂၤလာ ညေနခင္းပါ ကြၽန္မ ဘာမ်ား လုပ္ေပးရမလဲ ? ”

“ ….. ” က်န္း ေရွာင္ယန္ တစ္ခဏေလာက္ တိတ္ဆိတ္ေနၿပီးေနာက္ ေျပာလိုက္သည္ ။
“ အဲ့ဒါဆိုရင္ သီခ်င္း တစ္ပုဒ္ ဆို ”

တု ယုံးေဝ ပါးစပ္ေတာင္ တြန႔္သြားသည္ ။ ‘ အၿမဲတမ္း သီခ်င္းဆိုခိုင္းဖို႔ဆိုၿပီး ညမွ သူမကို ဖုန္းေခၚေခၚလာတယ္ သူက ဘာျဖစ္‌ခ်င္‌ ေနတာလဲ ? သူမကို သန္းေခါင္ယံ မွ သီခ်င္းေတြလာတဲ့ ေရဒီယိုႀကီး လို႔ ထင္‌ေနတာလား ? ‘

“ ဟိုဟာေလ .. ကြၽန္မ သီခ်င္းကို အသံသြင္းေပးၿပီးသြားၿပီ မဟုတ္ဘူး လား ? သီခ်င္းက တစ္ခုခု အဆင္မေျပ တာမ်ား ရွိလို႔လား ? ”

“ သီခ်င္းမွာ ဘာျပႆနာမွမရွိပါဘူး ဒီေန႕က စိတ္အေျခအေနမေကာင္းတဲ့ေန႕မလို႔ လူ အစစ္ သီခ်င္း ဆိုတာကိုပဲ နားေထာင္ ခ်င္တာ  ”

တု ယုံးေဝ : “ ..… ”
' သူ႕မွာ တကယ္ကို ဆိုးဝါးတဲ့ ေန႕ေလး ရွိခဲ့ပါေစလို႔ သူမ ေမွ်ာ္လင့္ပါတယ္ ' 

“ အဲ့ဒါဆို ရွင္က ဘယ္သီခ်င္းကို နားေထာင္ခ်င္ တာလဲ ? ”

“ ဘာျဖစ္ျဖစ္ ၊ ငါ ဂ႐ုမစိုက္ဘူး ရတယ္ ”

“ ..… ”

' အခု လက္ရွိ သူမ စိတ္အေျခအေနကို ေဖာ္ျပဖို႔ ' မလြယ္ကူေသာ ' ဆိုတဲ့ သီခ်င္း သူ႕ကို ဆိုျပ လိုက္ရရင္ ေကာင္းမလား ? '

တု ယုံးေဝ ဘာကိုမွ မလုပ္ရဲပါဘူး ။ ေနာက္ဆုံးမွာ သူမက တင္း မုန႔္ရဲ႕ “ ေက်းဇူးပါ “ ဆိုတဲ့ သီခ်င္းကို သီဆိုခဲ့သည္ ။

ဒီ သီခ်င္းက အရမ္း စိတ္ခံစားမႈ ျပင္းထန္ေစတာေၾကာင့္လည္း ပါနိုင္သလို အထူးသျဖင့္ ညေတြမွာဆို အသံက စိတ္ညွို႔ယူေနသလို ျဖစ္တာေၾကာင့္ … သားေခ်ာ့ေတး တစ္ပုဒ္လိုမ်ိဳး ျဖစ္ေန၏ ။   တု ယုံးေဝ သီခ်င္းဆက္ဆို‌ ေနစဥ္မွာပဲ အျခားဖက္မွ အသက္ရႈသံ ကလြဲၿပီး တျခားဘာမွ မၾကားရ ေတာ့ေခ် ။ သူ အိပ္ေမာက်သြားပုံရသည္ ။

သူမ သီခ်င္းဆို ေနတာ ရပ္လိုက္ၿပီး  “ ဘစ္ေဘာ့စ္ ? ” လို႔ မဝံ့မရဲ ေခၚေနစဥ္ ေသခ်ာ ဂ႐ုတစိုက္ နားေထာင္လိုက္၏ ။

တစ္ဖက္လူက တုံ႕ျပန္မလာေပ ။ တု ယုံးေဝ မ်က္လုံးမ်ား လႈပ္သြားၿပီး  သတိထားကာ နာမည္ ေခၚလိုက္သည္ ။
“က်န္း ေရွာင္ယန္ ? ”

သူမ ႏွစ္စကၠန႔္ေလာက္ ေစာင့္ဆိုင္းၿပီး သြားေသာ္လည္း တုံ႕ျပန္မႈတစ္စုံတစ္ရာ မရေသးေပ ။ သူ တကယ္ အိပ္ေပ်ာ္ သြားၿပီဟု ေတြးမိရင္း  တု ယုံးေဝ မ်က္ေတာင္ တဖ်ပ္ဖ်ပ္ ခပ္လိုက္မိ၏ ။ 

က်န္း ေရွာင္ယန္ အိပ္ေပ်ာ္ သြားၿပီဟု သိရၿပီးေနာက္ တု ယုံးေဝ သတၱိတို႔ ရွိလာခဲ့ၿပီး ေပ်ာ္႐ႊင္စြာနဲ႕ ဖုန္းထဲသို႔ ေခၚလိုက္သည္ : “ က်န္း ေရွာင္ယန္ , က်န္း ေရွာင္ယန္ , က်န္း ေရွာင္ယန္ , က်န္း ေရွာင္ယန္ … ”

“ ဘာ လဲ ? ”

တု ယုံးေဝ : “ ..… ”

‘ ေဟး သူက အိပ္သြားၿပီ မဟုတ္ဘူးလား ?! ‘

တု ယုံးေဝ ႏွလုံးက ရင္ဖက္ထဲမွ ခုန္ထြက္လာ‌ေတာ့ မလိုပင္ ! ။ သူမ အသံတို႔က တုန္လႈပ္ေနလ်က္ အၿပဳံး‌ ေသးေသးေလး ကို ညွစ္ထုတ္လိုက္ၿပီး : “ ကြၽန္မ က ရွင္ အိပ္သြားၿပီ ထင္‌ေနလို႔ အဲ့တာေၾကာင့္ ႏွိုးဖို႔ ႀကိဳးစား‌ ေနတာ ! ရာသီဥတုက တအားပူေတာ့ သတိမထားရင္ အဖ်ား ဝင္သြားနိုင္ တယ္ေလ ! “ 

‘ ၿပီးျပည့္စုံခ်က္ ! သူမက တအားေတာ္ ! ‘

က်န္း ေရွာင္ယန္ ေျပာလိုက္၏ : “ ငါက အခု အိပ္ရာေပၚမွာ အေအးေစာင္ ၿခဳံထားရင္း လွဲ‌ ေနတာ ”

“ ..… ”

‘ အဲ့ဒီေတာ့လည္း အရမ္းကို ဇိမ္က်ေနမွာပဲ ေနာ္ ' 

“ ေကာင္းတာေပါ့ ဟဟဟ ! ” တု ယုံးေဝ ဒီ စကား လမ္းေၾကာင္းကေန ျပန္ဆုတ္ခြာဖို႔ ဆုံးျဖတ္ လိုက္သည္ ။
“ တျခား အေၾကာင္းလည္း မရွိေတာ့ဘူး ဆိုရင္ ရွင္ အနားယူတာကို မေႏွာင့္ယွက္ေတာ့ပါဘူး ေကာင္းေသာညေလး ျဖစ္ပါေစ ဂြတ္ နိုက္ ! ”

သူ စကားဆုံး သြားသည္ႏွင့္  ဖုန္းကို တန္းခ်ပစ္လိုက္၏ ။ အျခား တစ္ဖက္ က ႐ုတ္တရက္ တိတ္ဆိတ္သြားေတာ့ က်န္း ေရွာင္ယန္ နည္းနည္း လန့္သြားသည္ ။

ဒါက ပထမဆုံး အႀကိမ္ သူ႕ဖုန္းကို အရင္ခ် သြားတာ ခံရျခင္းပါ ။

‘ အရမ္း ‌ဟုတ္‌ေနၿပီ ၾကည့္ရတာ တု ယုံးေဝ မွာ သတၱိေတြ အမ်ားႀကီး ရွိပုံရ တယ္ '

အခုေလးတင္ တစ္စုံတစ္ေယာက္က သူ႕နား နား ကပ္ၿပီး ေခၚေနသည့္ “က်န္း ေရွာင္ယန္” ဆိုတဲ့အသံကို ေတြးေနမိၿပီး သူ႕မ်က္လုံးေတြကို မွိတ္လိုက္ေတာ့သည္ ။ သူ႕ ရဲ႕ ႏႈတ္ခမ္းတို႔ ကေတာ့ သတိမမူ မိစြာပဲ ေကြးၫြတ္ ေနလ်က္ …

ရက္ အနည္းငယ္ ၾကာသြားၿပီး ေနာက္မွာ က်န္း ေရွာင္ယန္ နိုင္ငံျခားကို သြားၿပီး စီးပြားေရး  ေဆြးေႏြးပြဲ တက္ေနရသည့္ အတြက္ တု ယုံးေဝကို ထပ္ မဆက္သြယ္မိ ။ တု ယုံးေဝက ေန႕တိုင္း စာၾကည့္တိုက္ကို ေျပးေနစဥ္ ေနာက္ဆုံး စာေမးပြဲႀကီးကလည္း နီးကပ္လာေတာ့ေလသည္ ။ အခု အခ်ိန္မွာ‌ ေတာ့ သူမ  ဗုဒၶေျခေထာက္ကိုပဲ ဖက္ဖို႔(၁) တတ္နိုင္ေတာ့၏  ။ သို႔ေသာ္ အဲ့တာ အဆင္ေျပပါ့မလားဆိုတာကေတာ့ သူမ မသိေခ် ။

စာၾကည့္တိုက္ထဲမွာ ေနာက္ထပ္ တစ္မနက္ခင္းလုံး စာၾကည့္ၿပီးသြား ၿပီး‌ေနာက္ စာၾကည့္တိုက္ တံခါး‌ေပါက္တြင္ မိဘမဲ့‌ေဂဟာမ်ားအတြက္ ရန္ပုံေငြထည့္ဝင္ရန္ အလႉခံ‌ထား‌ေသာ အလႉခံပုံးတစ္ခုကို သူမေတြ႕လိုက္ရ၏ ။ တု ယုံးေဝ မွာ ေငြစကၠဴအ႐ြက္ေတြ သိပ္မရွိေခ် ။  ကံေကာင္းေထာက္မစြာျဖင့္ အလႉခံပုံးတြင္ ေငြေပးေခ်ရန္ ကုဒ္ တစ္ခု ရွိ၏ ။ တု ယုံးေဝသည္ အဲ့တာကို စကင္န္ ဖတ္လိုက္ၿပီး ယြမ္ တစ္သိန္း လႉခဲ့လိုက္ေလ၏ ။

ဆရာ ခ်န္းက သူမကို ေကာင္းမႈကုသိုလ္ မ်ားမ်ားလုပ္ဖို႔ မွာထား ေသာေၾကာင့္ ခ်ိဳ႕တဲ့သူေတြအတြက္ ရန္ပုံေငြ ေကာက္ခံသည့္ ပရဟိတ ေလလံပြဲေလး တစ္ခု တက္လိုက္႐ုံမွ်ျဖင့္ ၿပီးသြားၿပီဟု ေမွ်ာ္လင့္ရန္မသင့္ ဟု သူမ ေတြးမိသည္ ။ သူမ ဒီလို အလႉခံတာကို ေတြ႕လိုက္လွ်င္ သူမ ေငြတစ္ခ်ိဳ႕လႉ လိုက္မည္ပင္ ။ အဲ့ဒါအျပင္ အင္တာနက္‌ ေပၚ၌ ပြိုင့္တစ္ခ်ိဳ႕ႏွင့္ လႉရသည့္ လႉဒါန္းနည္း အမ်ိဳးအစားမ်ားလည္း ရွိ၏ ။ ခ်က္ခ်င္းပဲ သူမ အိမ္ျပန္ေရာက္ ၿပီးသည္ႏွင့္ လႉဒါန္းမႈေတြ အေၾကာင္း စၿပီး ရွာ‌ေဖြေတာ့သည္ ။

တု ယုံးေဝ အဲ့ဒီအေၾကာင္း ရွာေဖြေနစဥ္မွာပဲ    က်င္း ယင္ကြၽမ္ ရဲ႕ ကသုတ္ကရိုက္ ေဟာင္သံေတြကို ၾကားလိုက္ရ၏ ။

“ ..… ”

‘ ဒါ ….. သူမ စိုးရိမ္တာကေတာ့ စြန္း ေရွာင္ေရွာင္ ထပ္လာတာ ျဖစ္မွာ ကိုပါပဲ '

ၿပီးေတာ့ သူမ မွန္ခဲ့ပါသည္ ။ သူမ ေအာက္ကို ဓာတ္ေလွကားနဲ႕ ဆင္းသြားၿပီး ၾကည့္လိုက္သည့္အခါ တကယ္ကို စြန္း ေရွာင္ေရွာင္ ေရာက္ေနျခင္း ျဖစ္၏ ။

ၿပီးေတာ့ သူစိမ္း မိန္းမတစ္ေယာက္ လည္းပဲ ပါသည္ ။

မရင္းႏွီးဘူး ဟု ေျပာလွ်င္လည္း လုံးဝႀကီး မွန္ကန္ မ‌ေနေခ် ။ အဘယ္ေၾကာင့္ ဆိုေသာ္ ဒီ မိန္းမကို တု ယုံးေဝ အရင္ဘဝတုန္းက ျမင္ဖူး ၿပီးသား ျဖစ္၏ ။

“ ယုံးေဝ ”  စြန္း ေရွာင္ေရွာင္  တု ယုံးေဝ လာေနသည္ကို ျမင္ေသာအခါ ေရွ႕ကို တိုး၍ လာခ်င္ေသာ္လည္း က်င္း ယင္ကြၽမ္ ရဲ႕ ေဟာင္သံေၾကာင့္ ရပ္သာေနရၿပီး ေ႐ႊ႕ဖို႔ရန္ မရဲေတာ့ေပ ။ တု ယုံးေဝ အားခ်ဳံအား က်င္း ယင္ကြၽမ္ကို အေဝးသို႔ ေခၚသြားရန္ ခိုင္းလိုက္ၿပီး ဆိုဖာဆီ ေလွ်ာက္သြားကာ ထိုင္ခ်လိဳက္သည္ ။
“ေရွာင္ေရွာင္ ဒီမွာ ဘာလုပ္ေနတာလဲ ? ”

ေခြးေဟာင္သံ‌ေတြ ေပ်ာက္သြားမွသာ စြန္း ေရွာင္ေရွာင္ရဲ႕ အမူအရာက အမ်ားႀကီး သက္သာသြား‌ေတာ့၏ : “ ယုံးေဝ ငါ နင့္ကို မိတ္ဆက္ေပးမယ္ ၊ ဒါက လီ ႐ု တဲ့ ငါ့ရဲ႕ ေသြးေဝး အမ်ိဳးတစ္ေယာက္ပဲ ”

လီ ႐ုမွာက  အနည္းငယ္ ၾကမ္းတမ္းပုံရသည့္ အရပ္အေမာင္း အရွည္အေနေတာ္ေလာက္ႏွင့္ အနက္ေရာင္ ဆံပင္မ်ားရွိၿပီး ၾကည့္ရတာ သူမက သူမ ဆံပင္ေတြကို ပုံမွန္ ဂ႐ုစိုက္ပုံမရေပ ။  သူမက အေပၚပိုင္းမွာ ရိုးရိုး ရွပ္အကၤ်ီအျဖဴကို ေအာက္ပိုင္းမွာ ေဘာင္းဘီ အနက္ေရာင္ကို ဝတ္ထား၏ ။ အတိုခ်ဳပ္ ေျပာရလွ်င္ အေတြ႕အႀကဳံမ်ားၿပီး အလုပ္လုပ္နိုင္စြမ္း ရွိမည့္ ပုံေပါက္သည္ ။

သူမ  တု ယုံးေဝ ကို ျမင္ၿပီး အၿပဳံးႏွင့္ ႏႈတ္ဆက္လိုက္၏ ။  “ ဟယ္လို မစၥ တု ”

စြန္း ေရွာင္ေရွာင္သည္ သူမကို ၾကည့္လိုက္ၿပီး တု ယုံးေဝ ဆီ ေလွ်ာက္သြားကာ ထိုင္ခ်ရင္း စကားေျပာ လိုက္သည္ ။
“ ကိစၥကေတာ့ ဒီက ငါ့အမ်ိဳးေတြက ကိုယ္တိုင္ ေထာင္ထားတဲ့ စကင္းကဲ ဘရမ္း တစ္ခုမွာ အလုပ္လုပ္‌ ေနၾကတာကြာ ၊ ဒါမဲ့ ေငြရင္းက မေလာက္‌ဘူး ၊ အဲ့ေတာ့ သူက ရင္းႏွီးျမဳပ္ႏွံ‌ေပးနိုင္မဲ့သူကို လိုက္ရွာေနတာ ”

စြန္း ေရွာင္ေရွာင္သည္ ဒီလို မိုင္ေပါင္း ေထာင္ခ်ီ ေဝးတဲ့‌ေနရာက ႏွစ္ေတြအၾကာႀကီး ေနလို႔မွ တစ္ေခါက္ေလာက္ ေတြ႕ျဖစ္ၾကမဲ့ အမ်ိဳးေတြကို ဘယ္က ရွာေတြ႕လာလဲ ဆိုတာေတာ့ တု ယုံး‌‌ေဝ မသိပါေခ် ။ သို႔ေသာ္ သူတို႔ ေတြ႕ေတြ႕ခ်င္းမွာတင္ လီ႐ု က  ပိုက္ဆံအေၾကာင္း ေမးရဲ‌သည္ ပင္ ။ စြန္း ေရွာင္ေရွာင္ က သူမ ပိုက္ဆံ‌ ေတြကို မေပးခ်င္ခဲ့ ။ လီ ႐ု ကလည္း သူမ အိမ္တံခါးေရွ႕ထိ ေရာက္လာတာ ျဖစ္သည့္ အတြက္ တိုက္ရိုက္ႀကီး မေပးဘဲ ျငင္းလို႔ကလည္း မေကာင္းေသာေၾကာင့္ သူမကို ခ်မ္းသာသည့္သခင္တစ္ေယာက္ႏွင့္ ေတြ႕ေပးဖို႔ ေခၚလာတာ ျဖစ္၏ ။

အဲ့ဒီ ' သခင္ ' ဆိုတာကေတာ့ တု ယုံးေဝ ပဲပင္ ။

တု ယုံးေဝ ဒီျမင္ကြင္းကို မွတ္မိသည္ ။ အရင္ ဘဝတုန္းကလည္း စြန္း ေရွာင္ေရွာင္ ဒီ လီ ႐ု လို႔ ေခၚသည့္ အမ်ိဳးသမီးကို သူမဆီ ေခၚလာ၏ ။သူတို႔ ေျပာသည္မ်ားကို သူမ ေသခ်ာ ဂ႐ုတစိုက္နားမေထာင္ခဲ့ဘဲ ပိုက္ဆံမ်ားကိုသာ ရက္ရက္‌ေရာေရာ ထုတ္‌ေပးခဲ့သည္ ။ ဘယ္လိုျဖစ္ျဖစ္ သူမကလည္း ပိုက္ဆံ ျပတ္ေနခ်ိန္ ရယ္လို႔မွ မရွိသည္ကိုး ။ ျပႆနာက ေနာက္ပိုင္းမွာ ေပၚလာတာ ျဖစ္၏ ။ ဖန္း က်င္ က ဒီ စကင္းကဲ ဘရန္းက ထုတ္သည့္ ပစၥည္းမ်ားကို သုံးသည္ ဆိုတာ သူမ မသိခဲ့ေခ် ။ ၿပီးေတာ့ အေရျပား ဓာတ္မတည့္မႈ‌ေတြ ျဖစ္သြားခဲ့ ေသာေၾကာင့္ က်န္း ရွိန္းက်ဲ မွ စစ္ေဆးခဲ့ရာ ဒါက တု ယုံးေဝ ရင္းႏွီး ျမႇပ္ႏွံထားသည့္ ဘရန္း ဆိုတာကို ၾကားလိုက္ရသည္ ။ ႐ုတ္တရက္ ခ်က္ခ်င္း ဆိုသလို အျပစ္မွန္သမွ်က သူမ ေခါင္းေပၚသာ တင္ခံလိုက္ရ ေတာ့၏ ။

ဒီ အျဖစ္အပ်က္က သူတို႔ ဆက္ဆံ‌ေရးကို ေနာက္ထပ္ ထပ္ၿပီးယိုယြင္းလာ‌ေစခဲ့ၿပီး တု မိသားစု ရဲ႕ ေဒဝါလီ ခံရျခင္း အုတ္ျမစ္ အစလည္း ျဖစ္သည္ ။

သဘာဝ က်က်ပါပဲ။  လီ ႐ုရဲ႕ ဘရန္းက ဆက္မလုပ္နိုင္ ခဲ့ပါဘူး ။ ဘာတစ္ခုမွ မထိခိုက္တဲ့သူကေတာ့ စြန္း ေရွာင္ေရွာင္ပဲပင္ ။

“ မစၥ တု ကြၽန္မတို႔ အဖြဲ႕က ကြၽမ္းက်င္ၿပီး အေတြ႕အႀကဳံေတြလည္း ရွိတဲ့ သူေတြ ျဖစ္ပါတယ္၊ ဒါကေတာ့ ကြၽန္မတို႔ အဖြဲ႕ ရဲ႕ အခုခ်ိန္ထိ စမ္းသပ္ထားသမွ် ထုတ္ကုန္မွတ္တမ္းေတြပါ ၊  ၾကည့္ ၾကည့္ပါဦး ရွင့္ ” လီ ႐ုသည္ ရင္းႏွီး ျမႇုပ္ႏွံဖို႔ရန္ အစျပဳလိုက္၏ ။ သူမ မလာခင္ ကတည္းက အေသခ်ာေလး ေကာင္းေကာင္း ျပင္ဆင္ထားခဲ့သည္ ။ ဖိုင္တြဲေတြ ကလည္း စမ္းသပ္ခ်က္ ရလဒ္မ်ား အျပည့္ပါ၏ ။ အဲ့ဒီ ထဲမွာ ေရးထားတာ ေတြကလည္း ကြၽမ္းက်င္ ပညာရွင္ ဆန္ၿပီး မူမမွန္တာ တစ္ခုကိုမွ တု ယုံးေဝ မေတြ႕ရေခ် ။ ဒါေပမဲ့ ဒီတစ္ႀကိမ္ မွာေတာ့ သူမ လီ႐ု ေျပာသမွ်ကို ေသခ်ာ နားေထာင္ ၿပီး‌ေနာက္ သူတို႔ရဲ႕ ဒီ ဘရန္းက အေျခအျမစ္ရွိၿပီး မဆိုးဘူး လို႔ သူမ ခံစား လိုက္ရသည္ ။

ရင္းႏွီးျမႇပ္ႏွံမႈ နဲ႕ ပတ္သက္ၿပီးကေတာ့ တု ယုံးေဝ အမ်ားႀကီး မသိေပမဲ့ ရင္းႏွီးျမႇပ္ႏွံမႈ ပေရာဂ်က္ တစ္ခုက ရင္းႏွီး ျမႇပ္ႏွံတဲ့ သူအေပၚ မူတည္ေနတာကိုေတာ့ သူမ သိ၏ ။  အရင္ ဘဝတုန္းက ျပႆနာေတြျဖစ္အၿပီးတြင္ လီ ႐ု က သူမဘာသာ ထြက္ေျပး သြားၿပီး သူမအေပၚ အျပစ္ ပုံခ်ခဲ့တာမ်ိဳး မရွိခဲ့ ။ အဲ့တာအျပင္ ျပႆနာ ေျဖရွင္းဖို႔ ကိုလည္း တအား ႀကိဳးစားေနခဲ့ ေသးသည္ ။ တု ယုံးေဝ သူမကို အေကာင္း ျမင္ေပးလို႔ ရဆဲပင္ ျဖစ္၏ ။

အဲ့တာက အရင္တစ္ေခါက္ သူမ ရင္းႏွီးျမႇပ္ႏွံလိုက္စဥ္က ေငြအေမာင့္ တစ္ခ်ိဳ႕ကို ဒီတိုင္းပဲ ပစ္ေပးလိုက္ၿပီး စိတ္ထဲ ေသခ်ာ မထားခဲ့ ။ သူမ ဒီတစ္ေခါက္ ေငြေပး၍ ရင္းႏွီး ျမႇပ္ႏွံလွ်င္ေတာ့ အဲ့တာကေန တကယ္ ေငြရွာလို႔ ရနိုင္ဖို႔ရာ ေမွ်ာ္လင့္မိ၏ ။ သူမက လီ ႐ု ရဲ႕ ထုတ္ကုန္ပစၥည္းမ်ားတြင္ ရင္းႏွီးျမႇပ္ႏွံမႈလုပ္ရန္ ဆႏၵ ရွိေသာ္လည္း ေငြ အရင္ ႀကိဳေပး ထား‌ေတာ့မည္ မဟုတ္ ။ 

သူမ လီ ႐ုက ေပးလာသည့္ အခ်က္အလက္ မွန္သမွ်ကို လက္ခံထားလိုက္ၿပီး သူမကို ၿပဳံး ၾကည့္ကာ : ” အခုလို အစ္မ အမ်ားႀကီး ႀကိဳျပင္ဆင္ထားၿပီးတာ ဟုတ္ေပမဲ့ ကြၽန္မကေတာ့ တစ္ခ်က္ ျပန္ၾကည့္ဖို႔ လိုပါေသးတယ္ ဆိုေတာ့ .. ကြၽန္မကို  နမူနာေလးတစ္ခ်ိဳ႕မ်ား ေပးလို႔ ရမလား ? ကြၽန္မ ကြၽန္မ အဖြဲ႕ကို တျခားပစၥည္း ထုတ္ကုန္ အသိေပးခ်က္ေလး လုပ္ထား ခ်င္လို႔ပါ ”

လီ ႐ု သူမ ပစၥည္းမ်ားကို သယ္လာခဲ့သည့္ အတြက္ တု ယုံးေဝ ရဲ႕ စကားမ်ားကို ၾကားၿပီးသည္ႏွင့္ တန္းထုတ္လိုက္ကာ : “ ေလာေလာဆယ္ ကြၽန္မ အဖြဲ႕က မ်က္ႏွာသုံးအားျဖည့္အဆီနဲ႕ လိမ္းဖို႔ ခရမ္ေတြ ထုတ္ထားတာပါ   ဒီႏွစ္ခုက အနာဂတ္မွာ ကြၽန္မတို႔ ရဲ႕ အဓိကထုတ္ကုန္ေတြ ျဖစ္လာမွာပါ ကိုယ္တိုင္သုံး ၾကည့္လို႔လည္း ရပါတယ္ မဟုတ္ရင္လည္း စစ္တဲ့ေနရာ တစ္ခုခုရွာၿပီး ပစၥည္းကို စစ္ၾကည့္လို႔ ရပါတယ္ရွင့္ ကြၽန္မဖက္ကေတာ့ ကြၽန္မတို႔ ထုတ္ကုန္ေတြက စစ္ေဆးမႈကို ေအာင္ျမင္မယ္ ဆိုတာ ေသခ်ာပါတယ္ ”

“ အဲ့တာဆို ေကာင္းတာေပါ့ ” တု ယုံးေဝ နမူနာ ပစၥည္းေတြကို လက္ခံလိုက္ၿပီး လီ ႐ု ကို ေျပာလိုက္၏ ။  
“ ဒါကို လုပ္ဖို႔ အခ်ိန္ေလး နည္းနည္းၾကာမွာေနာ္ တစ္ေယာက္ေယာက္ကို ရွာၿပီး ထပ္ ေဆြးေႏြး ရဦးမွာ ဆိုေတာ့ အစ္မ ေစာင့္နိုင္မလား ? ”

လီ ႐ု ခဏ ေလာက္ ေတြးလိုက္ၿပီး သူမ စိတ္ထဲက အနည္းငယ္ ျငင္းဆန္‌ေနမိေပမဲ့ အဆုံးမွာေတာ့ သူမ ေခါင္းညိတ္လိုက္သည္ : “ ရပါတယ္ ”

တု ယုံးေဝ ေျပာလိုက္၏ :  “ အဲ့တာဆိုရင္ ကြၽန္မကို ဆက္သြယ္ရမဲ့ အခ်က္အလက္ေလးေတြ ေပးထားခဲ့ပါ ကြၽန္မဖက္က ဆုံးျဖတ္ၿပီး သြားတာနဲ႕ တိုက္ရိုက္ဆက္သြယ္ လိုက္ပါ့မယ္ ”

“ ဟုတ္ကဲ့ပါရွင့္” လီ ႐ု လုပ္ငန္းလိပ္စာကဒ္ ကို ထုတ္ၿပီး တု ယုံးေဝ ဆီ လွမ္းလိုက္၏ ။

တု ယုံးေဝ လက္ခံလိုက္ၿပီးေနာက္ လီ ႐ုနဲ႕ စြန္း ေရွာင္ေရွာင္ ကို ျပန္ပို႔ဖို႔ အားခ်ဳံကို ခိုင္းလိုက္သည္ ။ စြန္း ေရွာင္ေရွာင္မွာ တု ယုံးေဝႏွင့္ စကား ေျပာခ်င္ေနေသးေသာ္လည္း သူမက ဧည့္သည္ေတြကို ျပန္ပို႔ဖို႔ တစ္ေယာက္ေယာက္ကို ခိုင္းၿပီးၿပီျဖစ္သည္ကို ေတြ႕ရသည့္အတြက္ ၿပဳံး၍သာ လီ႐ု နဲ႕ ျပန္လိုက္သြား ေတာ့၏ ။

တု ယုံးေဝသည္ လီ႐ု ၏ လုပ္ငန္းလိပ္စာကဒ္ကို ယူလိုက္ၿပီး သူမ အရင္ဘဝက အျဖစ္အပ်က္မ်ားကို အေသးစိတ္ ဂ႐ုတစိုက္ ျပန္စဥ္းစားေနေတာ့သည္ ။ ဖန္း က်င္ ရဲ႕ မ်က္ႏွာ အလာဂ်စ္ ျဖစ္တာက  ရက္‌ေတာ္ေတာ္ ၾကာၿပီးမွ ျဖစ္၏ ။ အဲ့ဒီအခ်ိန္မွာပဲ သူမ အခန္းေဖာ္က တု ယုံးေဝရဲ႕  မ်က္ႏွာလိမ္း ခရမ္ ေၾကာင့္ အလာဂ်စ္ ျဖစ္သည္ဟု ေျပာခဲ့သည္ ။

ဖန္း က်င္ မွာက အလာဂ်စ္ ျဖစ္လြယ္သည့္ အသားအေရ ရွိ၏ ။ ဒါေၾကာင့္ သူမ သုံးနိုင္သည့္ စကင္းကဲ ပစၥည္းမ်ားက အရိုးရွင္းဆုံး ျဖစ္ရင္ျဖစ္ မဟုတ္ရင္ ေဈးအႀကီးဆုံးကိုသာ သူမ သုံးလို႔ရသည္ ။ သူမ က်န္း ရွိန္းက်ဲ ကို မေတြ႕ခင္တုန္းက အေရွ႕တစ္ခု ကိုသာ သုံးနိုင္ၿပီး က်န္း ရွိန္းက်ဲ နဲ႕ ဆုံၿပီး ေနာက္မွာေတာ့ သူမ စကင္းကဲ ပစၥည္း အားလုံးက ေနာက္မွ တစ္ခုႏွင့္ အစားထိုးသြားသည္ ။

သူမ အဲ့ဒီအေၾကာင္းကို ဘယ္လိုပဲ‌ ေတြးၾကည့္ၾကည့္ ဖန္း က်င္ရဲ႕ အခန္းေဖာ္ကသာ ဒီရဲ႕ အဓိက ေသာ့ခ်က္ ျဖစ္၏ ။ အဲ့ဒါက ‘ ဖန္း က်င္ ရဲ႕ စားပြဲေပၚ မွာသာ ရွိေနရမည့္ ဟာျဖစ္သည့္ ဖန္း က်င္ သုံးလက္စ ဘရန္း၏ ပုလင္းက ကြဲသြားခဲ့ၿပီး … ထို႔ေနာက္ လီ ႐ု ရဲ႕ စကင္းကဲ ပစၥည္းမ်ား ရွိလာခဲ့ကာ သုံးျဖစ္သြား၏ …. ‘

သူမ က်န္း ရွိန္းက်ဲ ကိုသာ ေတြးမိေတာ့သည္ ။ ( သုံးလက္စ ပစၥည္းက ကြဲသြားေတာ့ ရည္းစားကို ေဈးႀကီးတဲ့ဟာ ပူဆာ )

အဲ့သည့္ အခ်ိန္တုန္းက က်န္း ရွိန္းက်ဲ က  တု ယုံးေဝ ကို စိတ္ပ်က္ေနတဲ့အခ်ိန္ျဖစ္ၿပီး တု ယုံးေဝ က ဒီ ပစၥည္း‌ ေတြကို ရင္းႏွီး ျမႇပ္ႏွံတဲ့သူ ဆိုတာ သိသြား ေသာအခါ ….
‘ ဒီကိစၥနဲ႕ ပတ္သက္ၿပီး အရမ္းကို ႏွိုက္ႏွိုက္ ခြၽတ္ခြၽတ္ မစစ္ေဆး ျဖစ္ခဲ့ေပမဲ့ တစ္ေယာက္ေယာက္က သူမကို ေခ်ာက္ခ်လိဳက္တာကေတာ့ ေသခ်ာသည္ ။ '

သူမ ကိုယ္တိုင္က လြဲၿပီး စြန္း ေရွာင္ေရွာင္ တစ္ဦးတည္းကသာလွ်င္ ဒီကိစၥ တစ္ခုလုံးကို သိတဲ့သူ ျဖစ္၏ ။ စြန္း ေရွာင္ေရွာင္ က ဖန္း က်င္ရဲ႕ အခန္းေဖာ္ကို လာဘ္ထိုးၿပီး သူမကို အဲ့လိုေတြလုပ္ဖို႔ တမင္ ခိုင္းခဲ့တာပဲ ျဖစ္နိုင္၏ ။ အဲ့တာကို ေတြးလိုက္မိ မွသာ တု ယုံးေဝသည္ ႐ုတ္တရက္ သူမ စြန္း ေရွာင္ေရွာင္ ႏွင့္ ဖန္း က်င္ရဲ႕ အေဆာင္ အခန္းေဖာ္ ကို အတူတူ တြဲျမင္ဖူးေၾကာင္း အမွတ္ရသြား ေတာ့သည္ ……

‘ အိုး !  စြန္း ေရွာင္ေရွာင္ အတြက္ ပတ္ပတ္လည္ လိုက္ၿပီး အကြက္ေ႐ြ႕ ေနတာကို ရပ္ခိုင္းဖို႔ အခ်ိန္ေရာက္ၿပီ ' 

[ ဘာသာျပန္သူ၏ ရွင္းလင္းခ်က္ ။
(၁)  临时抱佛脚/ lín shí bào fó jiǎo – ေနာက္ဆုံး မိနစ္မွသာ ကိစၥေတြကို ၿပီးျပတ္ေအာင္ လုပ္သည္ ။ ]

အခန္း ၁၂ ။

ည အိပ္ခ်ိန္တြင္ တု ယုံးေဝသည္ လီ ႐ု သူမကို ေပးခဲ့သည့္ မ်က္ႏွာလိမ္း ခရမ္ႏွင့္ အသားအေရအတြက္ လိမ္းရန္အဆီ ကို ထုတ္ကာ သုံးၾကည့္ဖို႔ ႀကိဳးစားခဲ့၏ ။ သူမ သုံးေနသည့္ စကင္းကဲပစၥည္းမ်ားက နာမည္ႀကီး ဘရန္းမ်ားမွ အေကာင္းဆုံးႏွင့္ ေဈးအႀကီးဆုံး စီးရီးမ်ား ျဖစ္ၿပီး ေဆးကုသမႈ ႏွင့္ဆိုင္တဲ့ အလွအပေရးရာ ကိစၥမ်ား ကိုလည္း အလ်ဥ္းသင့္သလို လုပ္ျဖစ္ေလ့ရွိသည္ ။ ပစၥည္းတိုင္းမွာ အသိအမွတ္ျပဳလက္မွတ္ေတြ ပါေသာ္လည္းပဲ သူမမ်က္ႏွာ‌ေပၚ တိုက္ရိုက္ တင္ဖို႔ရန္ မရဲေပ ။ စကင္းကဲအဆီ အနည္းငယ္ကို ညွစ္ယူ လိုက္ၿပီး သူမ ၏ ဘယ္ဘက္ လက္ဖမိုးေပၚသို႔ ပြတ္လိမ္းလိုက္သည္ ။

မ်က္ႏွာလိမ္းအဆီ ရဲ႕  ထိေတြ႕ရမႈ အေနအထားက အရမ္းကို ေခ်ာေမြ႕ေနၿပီး အနံ႕ကလည္း အရမ္းကို လန္းဆန္းေစ၏ ။ လက္ေပၚသို႔ လိမ္းၾကည့္ေသာအခါ အစိုဓာတ္ ျပည့္ျပည့္ဝဝ ေပးနိုင္ၿပီး အဆီမ်ားသလိုမ်ိဳး ခြၽဲက်ိက်ိ ျဖစ္မေနေခ် ။   သူမ အရင္ဆုံး ထိုသည္ကို ခုႏွစ္မွတ္ ေပးလိုက္၏ ။ သူမ ရဲ႕ ဘယ္လက္ေပၚသို႔ ညတိုင္း လိမ္းၾကည့္ၿပီး အခ်ိန္တစ္ခု‌ေရာက္လွ်င္ သူမ ညာဖက္လက္ႏွင့္ယွဥ္ၾကည့္ကာ ဘာကြာသြားသလဲ ဆိုတာကို သူမ ၾကည့္ၾကည့္မည္ ျဖစ္သည္ ။

စကင္းကဲ အဆီကို ပြတ္ၿပီးသြားသည့္ေနာက္ သူမ လက္ အေနာက္ဖက္ကို မ်က္ႏွာလိမ္း ခရမ္ တစ္ခ်ိဳ႕  ပြတ္လိုက္၏ ။ အထိအေတြ႕ ႏွင့္ အစိုဓာတ္‌ေပးနိုင္မႈႏႈန္းကလည္းပဲ ေကာင္းသည္ ။ သူမသည္ လီ ႐ုဆီက ဒီ ထုတ္ကုန္ ႏွစ္ခုက အလယ္လတ္တန္းစားသုံးစြဲသူ ေဈးကြက္ကို အဓိက ဦးတည္ထားသည္ဟု ၾကားခဲ့၏ ။ အနာဂတ္ ဒီဘရန္းကို လည္ပတ္‌ေသာအခါ သူတို႔က အမ်ိဳးသမီးမ်ားကို ဦးတည္ထားသည့္  ေရာင္းအား အေကာင္းဆုံး ေဈးကြက္ ျဖစ္လာမည္ ျဖစ္သည္ ။

တု ယုံးေဝ သူမ ေပးခဲ့သည့္ ပလန္ကို ဖတ္ၾကည့္လိုက္၏ ။ သူတို႔ ကုမၸဏီ ရဲ႕ အယူအဆေတြ အေတြးအေခၚေတြ နည္းပညာေတြက တကယ္ကို   ျပည့္စုံလုနီးပါးပင္ ။ အဓိက က သူတို႔ ပိုက္ဆံျပတ္ေနျခင္းသာ ။ ဘရန္းကို ေကာင္းေကာင္းမြန္မြန္ စီမံခန႔္ခြဲနိုင္လွ်င္ ဒါဟာ သူမအတြက္ အနာဂတ္မွာ ေငြရေပါက္ ျဖစ္လာမည္ ျဖစ္သည္ ။

တု ယုံးေဝ အဲ့ဒီ့ပိုက္ဆံေတြကို ေတြးလိုက္မိေသာအခါ ေပ်ာ္႐ႊင္လာ၏ ။ သို႔ေသာ္ ရင္းႏွီး ျမႇပ္ႏွံမည့္ ကိစၥကို  ဖန္း က်င္ရဲ႕  ျပႆနာေျဖရွင္းၿပီးခ်ိန္အထိ ေစာင့္ဆိုင္းထားမည္ ျဖစ္သည္ ။ တု ယုံးေဝ ခဏေလာက္ ေတြးလိုက္ၿပီး ေစာင့္ၾကည့္ကင္မရာ တစ္ခု ဝယ္ရန္ အြန္လိုင္းေပၚသြားၿပီးေနာက္ သူမ၏ ေဆးဝါးဆိုင္ရာ အလွကုန္ အထူးကု သူငယ္ခ်င္း တစ္ေယာက္ကို စကင္းကဲ ပစၥည္း အကဲျဖတ္ သုံးသပ္ေပးသည့္ ေအဂ်င္စီတစ္ခုႏွင့္ သူမကို မိတ္ဆက္ ေပးရန္ သြားေတြ႕ ခဲ့၏ ။

အရာအားလုံးကို စီစဥ္ၿပီးသြားသည့္‌ေနာက္ ေနာက္ဆုံးမွာ‌ေတာ့ သူမသည္ လွပေအာင္ အိပ္စက္လိုက္‌ ေတာ့သည္ ။

ဇြန္လသည္ကား စာေမးပြဲရာသီ ျဖစ္၏ ။ တု ယုံးေဝ မွာလည္း ဒီလ စာေမးပြဲအတြက္ ဘာသာရပ္ အခ်ိန္စာရင္း အေတာ္မ်ားမ်ား ရွိေနသည္ ။ သူမ အရင္က ဘာသာရပ္ေတြ အမ်ားႀကီး လြတ္ထား၏ ။ ဒီအေတာအတြင္းမွာ သူမ ဇြဲ ေကာင္းေကာင္းႏွင့္ စာလုပ္ေနခဲ့ၿပီး စာၾကည့္တိုက္ ထဲ၌သာ ေန႕တစ္ေန႕လုံးနီးပါး ကုန္ခဲ့ေတာ့သည္ ။

ေနာက္ပိုင္းမွာ သူမ ဗုဒၶ ေျခေထာက္ကို ယုံယုံၾကည္ၾကည္ ဖက္ကာ ကိုးကြယ္ေနျခင္းေၾကာင့္ ဘုရားသခင္က သူမကို ေကာင္းခ်ီး ေပးဖို႔ ‌ဆုံးျဖတ္မလားေတာ့ သူမ မသိေပ။

သူမကိုယ္သူမ သခၤ်ာ ပုစာၦ ေတြထဲ ျမႇုပ္ႏွံေနခ်ိန္တြင္ အေႏွာင့္အယွက္‌ေပးတတ္သည့္ မေကာင္းဆိုးဝါးလို စြန္း ေရွာင္ေရွာင္ ေရာက္ခ်လာ၏ ။ စြန္း ေရွာင္ေရွာင္ က စာၾကည့္တိုက္ကို တကၠသိုလ္မွာ သုံးႏွစ္ၾကာတက္ၿပီး ပထမဆုံး အေနျဖင့္ ေရာက္ဖူးျခင္း ျဖစ္သည္ ။ ေထာင့္နားမွာ ထိုင္‌ေနသည့္ တု ယုံးေဝ ကို ေတြ႕ရဖို႔ အခ်ိန္ အၾကာႀကီးပင္ ရွာလိုက္ရ၏ ။

“ ယုံးေဝ  ဘာလို႔ ငါ့ကို စာမျပန္ တာလဲ ? ” စြန္း ေရွာင္ေရွာင္ တု ယုံးေဝကို ျမင္သည္ႏွင့္ ေစာဒက တက္ေတာ့သည္ ။

တု ယုံးေဝရဲ႕ ဖုန္းက အသံပိတ္ထားၿပီး မေႏွာင့္ယွက္ရ မုဒ္ကိုပင္ ဖြင့္ထား၏ ။ စားပြဲ ေပၚ  ဒီတိုင္းသာ သပ္သပ္ တင္ထားျခင္း ျဖစ္သည္ ။ တု ယုံးေဝသည္ သူမကို ၾကည့္လိုက္ၿပီး အမူအရာပင္ မေျပာင္းဘဲ ျပန္ေျဖလိုက္၏ : “ အိုး … ငါက စာလုပ္‌ ေနတာေလ ဖုန္းကို  မၾကည့္ျဖစ္ဘူး ၊ တစ္ခုခု ေျပာခ်င္တာ ရွိလို႔ ? ”

စြန္း ေရွာင္ေရွာင္ တု ယုံးေဝရဲ႕ စာ႐ြက္ေတြ ပစၥည္းေတြ စားပြဲေပၚ ျပန႔္က်ဲေနသည္အား ၾကည့္လိုက္ကာ သူမ ေဘး ဝင္ထိုင္လိုက္၏ ။ “ ဒီ အပတ္ စေနေန႕ညမွာ က်န္း မိသားစုက မိသားစု စုံညီ စုေဝးပြဲ‌ အေသးေလးလုပ္မွာတဲ့ နင္ ၾကားၿပီး ၿပီလား ? ”

တု ယုံးေဝ စိတ္ဝင္စားမႈ မရွိဆဲပင္ : “ အို႔ ! သူတို႔ မိသားစု စုေဝးပြဲက ငါတို႔နဲ႕ ဘာမွ လုပ္စရာ မရွိဘူး‌ေလ ”

စြန္း ေရွာင္ေရွာင္ မေက်မခ်မ္း ေျပာလိုက္၏ : “ ငါ ၾကားတာက က်န္း ရွိန္းက်ဲ က ဖန္း က်င္ကို ဒီတစ္ႀကိမ္မွာ ေခၚသြားမွာတဲ့ ”

“ ဪ … ” တု ယုံးေဝ ေနာက္ဆုံး မွာ‌ေတာ့ သခၤ်ာ ပုစာၦမ်ားမွ သူမရဲ႕ အာ႐ုံ စူးစိုက္ ထားမႈကို လႊတ္ခ်လိဳက္၍ သူမ မ်က္ႏွာကို လွည့္ကာ  စြန္း ေရွာင္ေရွာင္ ကို ၾကည့္လိုက္ေတာ့ေလ၏။ : “ အဲ့ဒီေတာ့ … ? ”

စြန္း ေရွာင္ေရွာင္က ဆႏၵေစာေနလ်က္ : “ ယုံးေဝ နင္ ဘာလို႔ စိတ္မပူတာလဲ ? က်န္း ရွိန္းက်ဲ က သူမကို က်န္း မိသားစု ရဲ႕ ပါတီပြဲ တက္ဖို႔ ေခၚသြားမွာေလ အဲ့ဒါက သူ႕ အေနအထားကို ျပဖို႔ပဲ ဥစၥာ ၊ သူမသာ အဲ့ဒီကို ေရာက္သြားရင္ အဲ့ဒါ က်န္း မိသားစုရဲ႕ အိမ္တံခါးထဲကို ေျခတစ္ဝက္လွမ္းနိုင္သြားတဲ့ သေဘာပဲဟ နင့္မွာ ေနာက္က် ဘာအခြင့္အေရးမွကို ရွိေတာ့မွာ မဟုတ္ဘူး ! ”

တု ယုံးေဝသည္ စြန္း ေရွာင္ေရွာင္ကို ခဏေလာက္ ၾကည့္ေနခဲ့ၿပီး သူမ ေခါင္းကို ငုံကာ သူမ ေျဖရွင္းမရေနသည့္ သခၤ်ာပုစာၦကိုသာ ျပန္တြက္ေနလိုက္ေတာ့သည္ ။
“ ေရွာင္ေရွာင္ ငါ အရင္ကေျပာဖူးၿပီးသား‌ေနာ္ ငါ က်န္း ရွိန္းက် ရဲ႕ကိစၥေတြကို စိတ္မဝင္စားဘူးလို႔ ၊ သူဟာသူ ဘယ္သူနဲ႕ ျဖစ္ျဖစ္ လက္ထပ္ခ်င္တဲ့သူနဲ႕လက္ထပ္ ၊ ရတယ္ ငါ သူနဲ႕ ဖန္း က်င္ အတူတူ အိုေအာင္ မင္းေအာင္ ေပါင္းသြား‌ေစနိုင္ဖို႔  ဆႏၵ ရွိပါတယ္ ”

“ ယုံးေဝ ! ” စြန္း ေရွာင္ေရွာင္ သည္းႀကီးမည္းႀကီး ျဖစ္‌‌ ေန႐ုံမကပဲ ေဒါသပါ ထြက္လာေတာ့၏ ။ သူမ မ်က္ႏွာ ရဲ တက္လာကာ “ နင္ ဘာျဖစ္ေနတာလဲ ? အရင္ တစ္ေခါက္က နင့္ကို က်န္း ရွိန္းက်ဲက ေၾကာက္လန႔္ သြားေအာင္ကို ရိုက္လိုက္မိတာလား ? အခုက် သူတို႔ကို ေန႕တိုင္း ေရွာင္‌ပုန္းေနတာ နင္က ေမွ်ာ္လင့္ခ်က္ကို မရွိေတာ့ဘူး ! ” တု ယုံးေဝသည္ သူမကို ၾကည့္လိုက္ၿပီး ျဖည္းညွင္းစြာ ေျပာလိုက္သည္ : “ နင္ ေတာ္ေတာ္ သိေနတာပဲ ၊ သြားေတာ့ ! ”

“ ငါ ….. ငါ ! ” စြန္း ေရွာင္ေရွာင္ သူမ ႏႈတ္ခမ္း‌ ေတြကို ဟလိုက္ေပမဲ့ ဘာေျပာရမယ္ မွန္းမသိေတာ့ပါေခ်။ တု ယုံးေဝသည္ ခဏ ေစာင့္ေနခဲ့ၿပီးေနာက္၌ သူမကိုယ္သူမ သခၤ်ာထဲသာ အာ႐ုံစိုက္လိုက္ေတာ့၏ ။ စြန္း ေရွာင္ေရွာင္သည္ ေနရာမွာတင္ ေဆာင့္ေအာင့္လိုက္ၿပီး သူမ အိတ္ကို ေကာက္လြယ္ကာ ထြက္သြားေတာ့သည္ ။ တု ယုံးေဝကေတာ့ သူမ ထြက္သြားသည္ကို ‌ၾကည့္လိုက္ရင္း ႏႈတ္ခမ္းမ်ားတြန႔္ကာ ေလွာင္ရီလိုက္မိ၏ ။

စြန္း ေရွာင္ေရွာင္ ဒီတိုင္း ေတာ့ ထိုင္ေနမည္မဟုတ္ေပ ။ သူမ က်န္း ရွိန္းက်ဲနဲ႕ ပတ္သက္ၿပီး ဘာေတြ သေဘာက် ေနသည္ ကိုေတာ့ သူမ ( တု ယုံးေဝ ) မသိေသာ္လည္း သူမက က်န္း ရွိန္းက်ဲ အေပၚတြင္ သိသိသာသာကို အေကာင္းျမင္တတ္သည္ ။ သူမက က်န္း မိသားစု စုံညီစု‌‌ေဝးပြဲကို ဖန္း က်င္ တက္မဲ့ အေရးအား ေသခ်ာေပါက္ကို နည္းလမ္းရွာၿပီး တားလိမ့္မည္ ။ ထို႔အတြက္ မ်က္ႏွာ အလာ့ဂ်စ္ က တကယ့္ကို အေၾကာင္း ျပခ်က္ေကာင္း တစ္ခုပင္ ျဖစ္သည္ ။

အရာအားလုံးက ခ်ိတ္ဆက္မိသြားေတာ့၏ ။ အရင္ ဘဝကေတာ့ သူမဟာ စြန္း ေရွာင္ေရွာင္၏ ေသြးထိုးမႈ ေတြႏွင့္ က်န္း ရွိန္းက်ဲ ဆီ သြားကာ စကားမ်ား ျငင္းခုံခဲ့သည္ ။ ဒါေပမဲ့ အဲ့ဒါက က်န္း ရွိန္းက်ဲ ရဲ႕ ဖန္း က်င္ အား ပါတီဆီ ေခၚသြားမဲ့ အစီအစဥ္ကို မေျပာင္းေစခဲ့ေခ် ။ အဲ့ဒီအစား သဘာဝက်စြာပင္ ဖန္း က်င္ရဲ႕ မ်က္ႏွာ အလာဂ်စ္ အတြက္ အျပစ္ဖို႔ ခံလိုက္ရေတာ့သည္ ။

ဒီ တစ္ႀကိမ္မွာေတာ့ သူမက ၾကားထဲမွ ေျမစာပင္ အျဖစ္ခံေတာ့မည္ မဟုတ္ေခ် ။ သူမ အရင္ဘဝကလိုပင္ စြန္း ေရွာင္ေရွာင္က ဒီျပႆနာကို စတင္ရန္ တစ္ေယာက္ေယာက္ကို တိတ္တဆိတ္ ရွာေပလိမ့္မည္ ။ အရင္ဘဝက သူမမွာ ဘာသက္ေသမွ မရွိသည့္အတြက္ မည္သူကမွ သူမကို မယုံၾက ၊ လူတိုင္းက သူမ လုပ္သည္ ဟုသာ သံသယ ရွိၾက၏ ။ ဒီ တစ္ခါမွာေတာ့ စြန္း ေရွာင္ေရွာင္ အရမ္းေတြ  ကံေကာင္းနိုင္ေတာ့မည္ မဟုတ္ေပ။

တု ယုံးေဝ ၿပဳံးလိုက္ၿပီး ဖုန္းထဲမွ ေဆာ့ဖ္ဝဲ တစ္ခုကို ဖြင့္လိုက္‌၏ ။

ဒါက သူမ ဝယ္ထားခဲ့သည့္ ေစာင့္ၾကည့္ကင္မရာအတြက္ ေဆာ့ဖ္ဝဲျဖစ္သည္ ။ ဖုန္းထဲမွ ေန၍ ေစာင့္ၾကည့္ေနရာတစ္ဝိုက္ ဝန္းက်င္၌ အမွန္တကယ္ ျဖစ္‌ေနသည္မ်ားကို ဗီဒီယို သေဘာမ်ိဳးျဖင့္ ၾကည့္နိုင္၏ ။ ဒီ‌ေန႕ သူမ စာၾကည့္တိုက္ မလာခင္ သူမ၏ ကင္မရာကို  စြန္း ေရွာင္ေရွာင္ႏွင့္ ဖန္း က်င္ရဲ႕ အခန္းေဖာ္တို႔ ဆုံမည့္ ေနရာကို ထားထားခဲ့သည္ ။

စြန္း ေရွာင္ေရွာင္ က အရမ္း ဂ႐ုစိုက္သည္ ။  ေက်ာင္းထဲမွ အမ်ားနဲ႕ဆိုင္သည့္ ေနရာမ်ားတြင္ ကင္မရာမ်ားရွိ၏ ။သူမက ဖန္း က်င္ရဲ႕ အခန္းေဖာ္ကို ေတြ႕ဖို႔ရန္ ေစာင့္ၾကည့္ကင္မရာ မရွိသည့္ေနရာကို အေသအခ်ာကို စစ္ေဆးၿပီး ေ႐ြးခ်ယ္ခဲ့သည္ ။ သူတို႔ ႏွစ္ေယာက္ ဒီ ရည္႐ြယ္ခ်က္နဲ႕ ေတြ႕ၾကတာလားဆိုတာကို တု ယုံးေဝ မေသခ်ာေပမဲ့ ကင္မရာကို အရင္ ထားၿပီး ဖုန္းႏွင့္ ခ်ိတ္ထားျခင္းက အၿမဲတမ္းအတြက္ မွန္ကန္သည့္ ေ႐ြးခ်ယ္မႈ ျဖစ္၏ ။

ေစာင့္ၾကည့္သည့္ ေဆာ့ဖ္ဝဲထဲမွ ထြက္ၿပီးေနာက္ တု ယုံးေဝသည္ ဖုန္းမွ အခ်ိန္ကို ၾကည့္လိုက္သည္ ။ ၁၁နာရီပင္ ထိုးေတာ့မည္ ျဖစ္သည့္အတြက္ အျခားေသာ ပုစာၦမ်ားကို ျမန္ျမန္ ေျဖရွင္းလိုက္၏ ။ သို႔မွသာ အိမ္ျပန္ ေန႕လည္စာ ျမန္ျမန္ စားလို႔ ရမည္ ျဖစ္သည္ ။

ေက်ာင္းထဲမွ ေက်ာင္းသား ၊ ေက်ာင္းသူ အမ်ားစုက ခ်မ္းသာသည့္ မိသားစုမွ ကေလးမ်ား ျဖစ္ၾက၏ ။ ထို႔ေၾကာင့္ စာေလ့လာရသည္ကို ႀကိဳက္သည့္ ကေလးမ်ား သိပ္မရွိၾကေပ ။ အခ်ိန္တျဖတ္ကုန္ခါနီးတြင္ စာၾကည့္တိုက္ထဲရွိ ထိုင္ခုံေနရာ တဝက္မက လြတ္ေနၿပီပင္ ျဖစ္သည္ ။ ဒါေပမဲ့ ဒါက အဆင္ေျပပါ၏ ။ အိမ္ျပန္ ေန႕လည္စာစားၿပီး ေန႕လည္ခင္း ျပန္လာခ်ိန္တြင္ ထိုင္စရာ‌ေနရာ မရွိမည္ကို   တု ယုံးေဝ စိတ္မပူမိေတာ့ေခ်။

သူမသည္ ေဖာင္တိန္ ကို ထပ္မံ ေကာက္ယူလိုက္ကာ တစ္ဝက္တစ္ပ်က္ တြက္လက္စ သခၤ်ာ ပုစာၦ အေပၚ ဆက္ တြက္ဖို႔ ႀကိဳးစားလိုက္၏ ။

ဆယ္မိနစ္ ၾကာသြားၿပီးေနာက္ ….. အလုပ္ မျဖစ္ေသးေပ ။

သူမသည္ စြန္း ေရွာင္ေရွာင္ ကို သူမ အေတြးေတြထဲ ဝင္လာေႏွာင့္ယွက္သည့္အတြက္ အျပစ္တင္လိုက္သည္ ။ ဒါေပမဲ့လည္း အဲ့ဒါေတြကို ေျဖရွင္းဖို႔ရန္ အစကတည္းက သူမမွာ ဘာ အႀကံဉာဏ္မွကို ရွိမေနေခ် ။

တု ယုံးေဝသည္ သက္ျပင္းခ်လိဳက္ကာ အေျဖကို ခဏ ၾကည့္လိုက္ေသာ္လည္း ဘာမွကို နားမလည္ေသးေပ ။  သူမ သူမရဲ႕ႏႈတ္ခမ္း မ်ားကို တြန႔္လိုက္ရင္း ေနာက္ဆုံး နည္းလမ္းကို ႀကိဳးစား ၾကည့္ဖို႔ ဆုံးျဖတ္ လိုက္၏ ။ ဖုန္းကို ေကာက္ယူ လိုက္ကာ ႐ုပ္လြန္ ပညာရပ္ဆိုင္ရာ မ်ားကို လိုက္လံရွဲ ျခင္း …

ဒီကာလအတြင္း၌ သူမရဲ႕ ေဝ့ေပၚ နဲ႕ မိုမန႔္ ေတြမွာ သူမ စာေမးပြဲ က်မွာကို ကယ္တင္ၿပီး ေဆာင္မ ၾကည့္ရႈ ေပးနိုင္မည့္ ႐ုပ္လြန္ ပညာရပ္ မ်ားစြာကို ျပန္လည္ ပို႔စ္တင္ခဲ့သည္ ။ သူမ ပို႔စ္ တင္ၿပီး သိပ္မၾကာခင္မွာပဲ က်န္း ေရွာင္ယန္ဆီမွ ကြန္မန႔္တစ္ခုကို သူမ ရခဲ့၏ : “ မင္း ကိုယ့္ ကိုယ္ကိုလည္း ကိုးကြယ္ဦးေလ ”

တု ယုံးေဝ : “ ..… ”

နိုင္ငံျခားေရာက္လွ်င္ ဝီခ်က္ႏွင့္ ဆက္သြယ္သည္က ပို အဆင္ေျပသည္ ဟု ေျပာကာ သူမရဲ႕ ဝီခ်က္ထဲသို႔ က်န္း ေရွာင္ယန္ နိုင္ငံျခား မသြားခင္ သူ႕ကို ထည့္ထားခဲ့သည္ ။ ေန႕ေတြ အမ်ားႀကီးၾကာသြားၿပီးေနာက္ သူမကို သူ ဆက္သြယ္ လာသည္ကို သူမ မေတြ႕ရ ။ ဆက္သြယ္ျပန္ေတာ့လည္း စိတ္အေႏွာင့္အယွက္သာ လာေပးသည္ ။

တု ယုံးေဝ သူ႕ကို ခ်စ္စရာေကာင္းသည့္ ဝီခ်က္ အီမိုဂ်ီ တစ္ခုႏွင့္ ရီပလိုင္း ျပန္လိုက္၏ ။ ဖုန္းကို ခ်ၿပီးေနာက္ သူက သူမကို မက္ေဆ့ခ္် တစ္ေစာင္ ပို႔ထားသည္ ကို ေတြ႕လိုက္ ရသည္ ။ 

က်န္း ေရွာင္ယန္ : “ ဒီတေလာ မင္း ႐ုပ္လြန္ကိစၥေတြပဲ တအား တင္ေနပါလား ? ”

တု ယုံးေဝ : “ … အဲ့ဒီေတာ့လည္း … ရွင္ စိတ္အေႏွာင့္အယွက္ျဖစ္ရင္ ကြၽန္မကို ဘေလာ့လိုက္လို႔ရတာပဲ ”

သို႔‌ေသာ္လည္း သူမ ဘစ္ေဘာ့စ္ ႀကီးက ဘယ္လို ဘေလာ့ ရမည္မွန္း မသိမွာ စိုးသည့္ အတြက္ သူမ ေတြးေတြး ဆဆ ျဖင့္ ထပ္ထည့္ ေျပာလိုက္၏ ။

“ မဟုတ္ရင္ လည္း ကြၽန္မဖက္က ဘေလာ့ ေပးလို႔ ရတယ္ ”

က်န္း ေရွာင္ယန္ : “ မင္းက ငါ့ကို ဘေလာ့ ရဲ တယ္လား ? ”

တု ယုံးေဝ : “ ..… မဟုတ္ပါဘူး ၊ ဒါက ရွင့္ကို အေႏွာင့္အယွက္ ျဖစ္ေနေစတာေလ ?! ”

က်န္း ေရွာင္ယန္ : “ မင္းက အေႏွာင့္အယွက္ ျဖစ္တယ္လို႔ ငါ ဘယ္တုန္းကမ်ား ေျပာလိုက္တာလဲ ? ”

တု ယုံးေဝ : “ ..… ”
‘ ရွင့္ရဲ႕ စာေၾကာင္းက ကြၽန္မကို စိတ္အေႏွာင့္အယွက္ ျဖစ္တယ္လို႔ ေျပာခ်င္‌ေနတာ မဟုတ္ဘူးလား ! ‘
တု ယုံးေဝ စိတ္ထဲမွာသာ ေတြးလိုက္ၿပီး လက္ေတြ႕မွာ ဘာမွ မေျပာရဲေခ် ။ 

သူမ အေၾကာင္းအရာ ေျပာင္းဖို႔ ဆုံးျဖတ္ လိုက္၏ : “ ရွင္က အိပ္ေတာ့မွာ မဟုတ္ဘူး လား ? အဲ့ဒီဖက္မွာက ညအခ်ိန္ႀကီးေလ ”

က်န္း ေရွာင္ယန္ : “ မင္း ကိုယ့္ကိုယ္ကို အရင္ ဂ႐ုစိုက္သင့္တယ္ ၊ တကယ္တမ္းက ငါ့မွာ ေျဖစရာ ေနာက္ဆုံး စာေမးပြဲရွိမေနဘူးေလ ”

တု ယုံးေဝ : “ ..… ( QAQ ) ရွင္က ဘလိမ္းတာ ေပါ့ေလ ? သခၤ်ာေတြက တအား ခက္လြန္းတယ္ ။ လူေတြအတြက္ ေလ့လာ စရာကို  မဟုတ္ဘူး ! ”

အဲ့ဒါက က်န္း ေရွာင္ယန္ ရဲ႕ ၿခိမ္းေျခာက္မႈအရွိန္အဝါက အင္တာနက္ကို ျဖတ္ၿပီး အမ်ားႀကီး အားေပ်ာ့သြားသလို မို႔ တု  ရဲ႕ သူ႕ကို မက္ေဆ့ခ္် ပို႔သည့္ အသုံးအႏႈန္းမ်ား ကလည္း ပုံမွန္ ျဖစ္လာေတာ့သည္ ။

က်န္း ေရွာင္ယန္ : “ အဲ့ဒါကို ပို႔လိုက္ ”

တု ယုံးေဝ : “ ဘာကို ? ”

က်န္း ေရွာင္ယန္ : “ သခၤ်ာ ပုစာၦ ”

“ ဟင္ ? ” တု ယုံးေဝ မ်က္ေတာင္ ခပ္လိုက္ မိသြား၏ ။ ‘ ေဘာ့စ္က သူမကို အြန္လိုင္းလက္ခ်ာေပးေတာ့မလို႔ မ်ားလား ? ဘာမွ မဟုတ္တာအတြက္နဲ႕ နားမေထာင္ဘဲ မေနဘူး ဆိုတဲ့ စည္းမ်ဥ္းအရ တု ယုံးေဝ စာ႐ြက္ေပၚက ေမးခြန္းကို ဓာတ္ပုံရိုက္ယူလိုက္ၿပီး က်န္း ေရွာင္ယန္ ကို ပို႔လိုက္သည္ ။

တစ္မိနစ္ ၾကာၿပီးေနာက္ …

က်န္း ေရွာင္ယန္ : အေျဖေတြကို ေမးခြန္းေအာက္မွာ‌ ေရးထားတာ ကိုး? အႀကံေတြက အရမ္း ဆန္းသစ္ေနတာပဲ ။

တု ယုံးေဝ : “ ………[ ခ်စ္စရာ အီမိုဂ်ီ ] ”

က်န္း ေရွာင္ယန္ : “ ဘယ္လိုမ်ား အလယ္တန္း အဆင့္ကို ေအာင္လာတာလဲ ? ”

တု ယုံးေဝ : “ ….. ”
‘ ေဟး ေတာ္‌ေလာက္ၿပီ ! ဒီထပ္ပိုၿပီး ေဒါသ ထြက္နိုင္ပါဦး မလား လို႔ေတာင္ ေတြးမိတယ္ ! '

တု ယုံးေဝ : [ ခ်စ္စရာေကာင္းေသာ ႐ုပ္ေျပာင္ပုံ ေလး ]

ခဏ ၾကာၿပီးေနာက္ က်န္း ေရွာင္ယန္က သူမကို ဒီ ျပႆနာကို ေျဖရွင္းရမည့္ ေတြးေခၚပုံ တစ္ခ်ိဳ႕ႏွင့္ အေရးႀကီးသည့္ အခ်က္တစ္ခ်ိဳ႕ကို ကူညီရွာေဖြေပးထားသည့္ စကၠန႔္ ၆၀ စာ အသံ မက္‌ေဆ့ခ်္ ပို႔လာခဲ့သည္ ။ က်န္း ေရွာင္ယန္ ေျပာျပခဲ့သည့္ နည္းလမ္းက အေျဖကေပးထားသည့္နည္းလမ္းထက္ပင္ အမ်ားႀကီး ပိုလြယ္ ရွင္းလင္းေနခဲ့၏ ။ တု ယုံးေဝမွာ အဲ့ဒါကို ႏွစ္ေခါက္ေလာက္ နားေထာင္လိုက္႐ုံျဖင့္ ရသြား‌ေတာ့သည္ ။

တု ယုံးေဝ : “အာ! ရ သြားၿပီ ၊ ေက်းဇူးပါ ဘရားသား ! ”

က်န္း ေရွာင္ယန္ : “ ေနာက္က်ရင္ ႐ုပ္လြန္ပညာ ေလ့လာတာမ်ိဳးေတြ ေလွ်ာ့ၿပီး အတန္းထဲမွာပဲ စာေသခ်ာ လိုက္လုပ္ ၊ ဘုရားေတြ ပတ္ဆုေတာင္း ဗုဒၶကို ထိုင္ကိုးကြယ္ေန႐ုံနဲ႕ စာေမးပြဲမွာ ဘာလုပ္လို႔ရမွာလဲ ? ”

တု ယုံးေဝ : “ နည္းနည္း‌ပါးပါး အသုံးဝင္တယ္လို႔ ထင္ေနတုန္းပဲ ဒါမဲ့ အခု ဒီမွာ ရွင္ရွိေနတာပဲ ကြၽန္မ မက်‌ ေလာက္ေတာ့ပါဘူး ! ”

က်န္း ေရွာင္ယန္သည္ ထိုမက္ေဆ့ခ္် ကို ျမင္လိုက္ရသည့္အခိုက္၌ တန႔္သြားၿပီး ႏႈတ္ခမ္းမ်ားတြန႔္ေကြးလာကာ အၿပဳံးတစ္ခု ေပၚလာေတာ့၏ ။

က်န္း ေရွာင္ယန္ : “ ငါ မနက္ျဖန္ မနက္ေလယာဥ္ ေပၚမွာမွ အိပ္ရေတာ့မွာပဲ ”

တု ယုံးေဝ : “ ေကာင္းေသာ ညေလး ျဖစ္ပါေစ ”

က်န္း ေရွာင္ယန္ : “ အမ္း ”

တု ယုံးေဝ သူ႕ရဲ႕ ဒီ မက္ေဆ့ခ္် ကို ျမင္ေတာ့ မ်က္ခုံးမ်ားပင္ ျမႇင့္လိုက္မိ၏ ။ ‘ ေဘာ့စ္က တ႐ုတ္ကို ျပန္လာ‌ ေတာ့မွာလား ? အိုး ဟုတ္သားပဲ ဒီ စေန‌ ေန႕မွာ က်န္း မိသားစုရဲ႕ စုေဝးပြဲရွိတယ္ ေလ အဲ့ဒီေတာ့ သူလည္း အဲ့ဒီကို သြားရမွာပဲ ‘

သူမကို က်န္း ေရွာင္ယန္ ေျပာျပခဲ့ လိုက္သည့္ အေျဖကို ခ်ေရး လိုက္ၿပီး သူမ ပစၥည္းေတြကို သိမ္းကာ အိမ္ျပန္သြားေတာ့သည္ ။

စြန္း ေရွာင္ေရွာင္က သူမ ဆီ ေနာက္ႏွစ္ရက္ေလာက္အထိ ထပ္လာမလည္ေတာ့ေခ် ။ ဒါေပမဲ့ ေသာၾကာေန႕ မနက္၌ တု ယုံးေဝတစ္ေယာက္ ပုံမွန္အတိုင္း စာၾကည့္တိုက္သို႔ သြားေနစဥ္  ဖန္း က်င္ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္သြားသည့္ဆိုတဲ့ အေၾကာင္းအား လူေတြ ေဆြးေႏြးေနၾကတာကို ၾကားလိုက္ရ၏ ။

တု ယုံးေဝ အံ့ဩသြားခဲ့သည္ ။ အရင္ဘဝတုန္းက စကင္းကဲ ေၾကာင့္ ဓာတ္မတည့္မႈ အလာဂ်စ္ ျဖစ္သည္က အေသအခ်ာပင္ ။ ဒါေပမဲ့ ဒီဘဝ မွာ ႐ုပ္ပ်က္ဆင္းပ်က္ကို ျဖစ္သြားသည္လား ?  သူမ ေလွ်ာက္သြားရင္း အဲ့ အေၾကာင္းကို စုံစမ္းခဲ့ေသာအခါ သူမ အခန္းေဖာ္ ဆိုလိုသည့္ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္သြားျခင္း ဆိုသည္မွာ မ်က္ႏွာ အျပည့္ အဆီဖု ဝက္ၿခံ မ်ား ေပါက္ေနျခင္းကိုသာ ေျပာျခင္း ျဖစ္ေၾကာင္း သူမ ေတြ႕ရွိလိုက္ရေတာ့၏ ။

တု ယုံးေဝ : “ ….. ”
‘ ဘန္း ! ‘

က်န္း ရွိန္းက်ဲမွာ အခု သတင္း‌‌ ေတြကို ၾကားၿပီး ေက်ာင္းကို ဒုန္းဆိုင္း‌ေျပးသြားခဲ့သည္ ။ သူ ၾကားတာက အခု ဖန္း က်င္က အေဆာင္ခန္း ထဲမွာ ငိုေနၿပီး ဘယ္သူမွ သူတို႔ အေဆာင္ခန္း တံခါးကိုျဖတ္မဝင္နိုင္ေခ် ။ အၿမဲတမ္း လိုလို ေက်ာင္းသား ေတြမရွိ ၊ ေျခာက္ကပ္ေနသည့္ အေဆာင္‌ေနရာက ယခုအခ်ိန္၌ တအားေတြပင္ သက္ဝင္ တက္ႂကြ ေနကာ လူေတြ အမ်ားႀကီး ဝိုင္းအုံေနသည္ကို တု ယုံးေဝ ေပ်ာ္႐ႊင္စြာႏွင့္ ၾကည့္လိုက္၏ ။ သူမလိုမ်ိဳးပဲ လူေတြ ကလည္း စိတ္လႈပ္ရွားစရာေလးေတြ ျမင္ရဖို႔ လာၾကည့္ေနၾကတာ ျဖစ္သည္ ။

တု ယုံးေဝသည္ လူအုပ္ထဲမွာ ပုန္းၿပီး သိပ္ထင္းမထြက္ေနေစရန္ ေထာင့္တစ္ေနရာမွ ကြယ္၍ ၾကည့္ေန၏ ။ ဖန္း က်င္ က က်န္း ရွိန္းက်ဲ ဖက္ထားတာကို ခံေနရသည္ ။ သူမ ထြက္လာေတာ့ သူမ တစ္ကိုယ္လုံးကို အုပ္ထားၿပီး သူမရဲ႕ ဆံပင္တစ္ေမႊးပင္ မျမင္ရပါေခ် ။

ဒီလို ဖုံးထားသည့္ အသြင္အျပင္ႏွင့္ပင္ ေက်ာင္းသား ေက်ာင္းသူမ်ား ဓာတ္ပုံ ဝိုင္းရိုက္ ၾကသည္ကို မတားဆီး နိုင္ေခ် ။ က်န္း ရွိန္းက်ဲရဲ႕ ကား ေမာင္းထြက္သြားမွ တု ယုံးေဝ ဖိုရမ္ေပၚ  ၾကည့္လိုက္၏ ။အခု ဖိုရမ္ ၏ မ်က္ႏွာျပင္ ေပၚ၌ “ ဖန္း က်င္ ႐ုပ္ပ်က္သြားၿပီ ” ဆိုတာေတြႏွင့္သာ ျပည့္ေန ေတာ့၏ ။

သူမ အရင္က ဘယ္လိုေတာင္ စိတ္မသက္မသာ ျဖစ္ခဲ့ရသလဲ။ ၿပီးေတာ့ အခု ဖန္း က်င္လည္း ဘယ္ေလာက္ေတာင္ စိတ္မသက္မသာ ျဖစ္ေနရၿပီလဲ ။

တု ယုံးေဝ ဖိုရမ္ ထဲမွ ထြက္ကာ ေစာင့္ၾကည့္ ေဆာ့ဖ္ဝဲ ကို ဖြင့္လိုက္သည္ ။ အံၾသစရာကို မရွိေလာက္ေအာင္ သူမသည္ စြန္း ေရွာင္ေရွာင္ႏွင့္ဖန္း က်င္ ရဲ႕ အေဆာင္ အခန္းေဖာ္တို႔ ေတြ႕ဆုံထား ၾကသည္ကို ေတြ႕လိုက္ ရေတာ့၏ ။

ဗီဒီယို မၿပီးခင္ေလးတင္ ေဝ ေ႐ြ က ဖုန္းေခၚ လာခဲ့သည္ ။ ဒါက အရင္တစ္ေခါက္ သူမ ေဝ ေ႐ြကို စုံစမ္းခိုင္း ထားသည့္ ကိစၥႏွင့္ သက္ဆိုင္ရမည္ဟု တု ယုံးေဝ အာ႐ုံရလိုက္ၿပီး ျမန္ျမန္ ကိုင္လိုက္၏ ။
“ ေ႐ြ ငါ ရွာ ခိုင္းထားတဲ့ သူကို ေတြ႕ၿပီလား ? ”

ေဝ ေ႐ြ အေျဖမေပးလာခဲ့ဘဲ အဲ့ဒီအစား ေမးလိုက္၏ : “ တု ယုံးေဝ စြန္း ေရွာင္ေရွာင္ က လူေကာင္းမဟုတ္ပါဘူးလို႔ ငါ ေျပာဖူး တယ္ မလား ? ဒါမဲ့ နင္ မယုံဘူးေလ အခု သက္ေသေတြက အခိုင္အမာ ရွိေနၿပီ ၊ အဲ့ဒီ ဖိုရမ္ေပၚမွာ နင့္ကို အပုပ္ခ်ၿပီး ေျပာဆိုေနတဲ့  ခ်ိဳၿမိန္တဲ့ ေခါင္းစည္း ႀကိဳးေလး ဆိုတာက စြန္း ေရွာင္ေရွာင္ ! ”

ဒီရလဒ္က တု ယုံးေဝ ကို အံ့ဩမသြားေစေပ ။ သူမ ၿပဳံးကာ ဖုန္းတစ္ဖက္ရွိ ေဝ ေ႐ြ ကို‌ ေျပာလိုက္သည္ ။ “ ငါ သိပါၿပီ ငါက လူေတြကို တကယ္ မျမင္တတ္ခဲ့တာပါ ၊ ေနာက္တစ္ခါက်ရင္ နင့္ကို ညစာလိုက္ေကြၽးဖို႔ ဖိတ္ပါ့မယ္ ၊ အခုေတာ့ ငါ့ကို တစ္ခုေလာက္ လုပ္ဖို႔ ကူညီေပးနိုင္မလား ”

“ ဘာျဖစ္လို႔လဲ ? ”

“ ဒီမွာ … ငါ့မွာ ဗီဒီယို တစ္ခုရွိတယ္ ၊ နင္ နင့္ရဲ႕ အေတာ္ဆုံးသူငယ္ခ်င္းႀကီးကို ေက်ာင္း ဖိုရမ္ ေပၚမွာ ငါ့အတြက္ ဒါေလး ပို႔စ္တင္ေပးဖို႔ အပူကပ္ေပးလို႔ ရမလား ? ”

အခန္း ၁၃ ။  [ ဘယ္သူ ငါ့ရဲ႕ ဇာတ္ေဆာင္မင္းသမီး ေရာင္ဝါကို အာခံရဲသလဲ ? ]

တု ယုံးေဝသည္ ေဝ ေ႐ြ ကို ေစာင့္ၾကည့္ဗီဒီယို လႊဲမေပးခင္ ကင္မရာ ဝွက္ထားသည့္ ေနရာကို အရင္သြားကာ ပစၥည္းပစၥယမ်ားကို သြားျပန္သိမ္းခဲ့၏ ။ ေဝ ေ႐ြ ရွာေတြ႕ ခဲ့သည့္ ကြန္ျပဴတာကြၽမ္းက်င္တဲ့ သူက အရမ္း အင္အားႀကီးသည္ ။ အေကာင့္ တစ္ခု ျမန္ျမန္ ဖြင့္လိုက္ၿပီး ေက်ာင္းဖိုရမ္ေပၚသို႔ ဗီဒီယိုတင္ခဲ့၏ ။ ဘေလာ့ကာ တစ္ေယာက္ရဲ႕  နာမည္ကို သုံးၿပီး  ပို႔စ္တင္ခဲ့သည္ ။
“စြန္း ေရွာင္ေရွာင္ က ဖန္း က်င္ ကို အကြက္ခ်ၿပီး ႐ုပ္ ပ်က္ သြားေအာင္ လုပ္လိုက္တာ ! ငါ့မွာ သံတူႀကီး ရွိတယ္(၁)! အျပည့္အဝ နားလည္သြားေစဖို႔ ေအာက္က ဗီဒီယိုကို ၾကည့္ရန္ ႏွိပ္ပါ ! ”

တု ယုံးေဝ : “ ..… ”

‘ ဒီ အကိုႀကီးက ေတာ္ေတာ္ ေတာ္တာပဲ ‘

ဒါေပမဲ့  တု ယုံးေဝကလည္း သူမ ဝင္ပါရမွာ ကိုလည္းပဲ မေမ့ခဲ့ပါေခ်။ 

ပို႔စ္က သူ႕ဘာသူကို နာမည္ႀကီး ဟစ္ ျဖစ္သြားမွာေပမဲ့ တု ယုံးေဝ က ပေရာ္ ဖက္ရွင္နယ္ မားကတ္တင္း အဖြဲ႕ကို ငွားကာ ပို႔စ္ေအာက္မွာ ကြန္မန႔္ေတြ ေရးဖို႔ ခိုင္းခဲ့၏ ။ ဒီ မားကတ္တင္း အဖြဲ႕ေတြက ေဖ်ာ္ေျဖေရးေလာကမွာ အႏုပညာရွင္မ်ား အသုံးမ်ားသည့္ ဝွက္ဖဲ ျဖစ္သည္ ။ နာမည္ႀကီး စတား အေတာ္မ်ားမ်ားက သူတို႔ရဲ႕ ေဖာက္သည္မ်ားျဖစ္ၾကၿပီး ေဈးကလည္း လုံးဝကို မနိမ့္ေပ ။

တု ယုံးေဝ က စြန္း ေရွာင္ေရွာင္ အေပၚကို သူမ ပိုက္ဆံေလးေတြ သုံးလိုက္ ရသည့္ အတြက္ အသဲ နည္းနည္း ကြဲ ေနမိသည္ ။ သို႔ေသာ္ ဆရာက်သည့္သူမ်ားက အလုပ္လုပ္ရာတြင္လည္း ဆရာက်က်ပဲ လုပ္ေလ့ရွိ၏ ။  ဘာ မသကၤာစရာမွ မေပၚလာေစဘဲ ဖိုရမ္ေပၚတြင္ ခ်က္ခ်င္း ကြန္မန႔္ေတြ ေထာင္ခ်ီ ျဖစ္ကုန္ေတာ့ေလသည္ ။

စြန္း ေရွာင္ေရွာင္သည္လည္း သူမဘာသာ အဲ့ဒီ ပို႔စ္ကို ေတြ႕ရ ခ်ိန္တြင္ အရမ္းေတြ နာမည္ႀကီးေနၿပီ ပင္ ျဖစ္၏ ။ သူမ ဗီဒီယိုကို ဖြင့္လိုက္‌ေသာအခါ အဲ့တာက တကယ့္ကို သူမ ဖန္း က်င္ ရဲ႕ အခန္းေဖာ္ႏွင့္ ေတြ႕ေနခ်ိန္ ျဖစ္သည္ကို ေတြ႕လိုက္ရေတာ့သည္ ။

ဒီ ဗီဒီယိုက ေစာင့္ၾကည့္ကင္မရာျဖင့္ ရိုက္ထားသည္မွာ အထင္အရွားျဖစ္ေသာ္လည္း ရိုက္ခ်က္ေတြက အရမ္းကို ရွင္းလင္းလွ၏ ။ အသံေတာင္ပါ‌ေသးသည္ ။ ဖန္း က်င္ ရဲ႕ အခန္းေဖာ္ကို ဖန္းက်င္သုံးေနသည့္ စကင္းကဲ ပစၥည္း မ်ားအား အစားထိုးဖို႔ရန္ သူမ ေျပာသည့္ စကားမ်ားမွာ အကုန္ မွတ္တမ္းတင္ခံလိုက္ရ၏ ။

“ ဒါက မျဖစ္နိုင္တာ ..… ” စြန္း ေရွာင္ေရွာင္ ကြန္ပ်ဴတာ ေရွ႕မွာထိုင္ရင္း သူမ စိတ္တစ္ခုလုံးက ဝီ ဝီ ျမည္ေန ေတာ့သည္ ။ ေက်ာင္း အေနာက္ရွိ ဒီ ေတာင္ကုန္း ေလးက အရမ္းကိုေခ်ာင္က်သည့္ေနရာျဖစ္ၿပီး ေစာင့္ၾကည့္ ကင္မရာ ထားဖို႔ မေျပာႏွင့္။ ဒိတ္ လုပ္ၾကသည့္ အတြဲ မ်ားပင္ ထိုေနရာသို႔ မသြားၾကေပ ။

‘ ကမာၻ‌ ေပၚက ဘယ္သူကမ်ား အဲ့ေနရာကို ကင္မရာ သြားထား ထားတာလဲ ??? ’

စြန္း ေရွာင္ေရွာင္မွာ သူမေခါင္းသူမ ရိုက္ခြဲမတက္ ႀကိဳးစားလွ်င္ပင္ ဘယ္သူမ်ား ျဖစ္နိုင္မလဲဆိုတာကို အေျဖရွာမေတြ႕ခဲ့ပါေခ် ။

သူမ ကြန္ပ်ဴတာထဲမွာ ဗီဒီယိုႏွစ္ေခါက္ ၾကည့္ၿပီးသြားၿပီးေနာက္ ‌စြန္း ေရွာင္ေရွာင္ အသိျပန္ရလာၿပီး ဒီ ပို႔စ္ ကို ခ်က္ခ်င္း ဖ်က္ပစ္ရမည္ဆိုတာကို ေနာက္ဆုံးမွာ  နားလည္သြားေတာ့သည္ ။

သူမ ခ်က္ခ်င္း ဒီ ပို႔စ္ကို ဖ်က္ပစ္ဖို႔ တစ္ေယာက္ေယာက္ကို ေမးလိုက္၏ ။ သို႔ေသာ္ အႀကိမ္မ်ားစြာ ႀကိဳးစား ၿပီးေနာက္ သူမ ထိတ္ထိတ္ ျပာျပာႏွင့္သာ က်န္ခဲ့၏ ။
“ ဒီကိစၥအေနာက္မွာ ဆရာႀကီး တစ္ေယာက္ေယာက္ ရွိပုံရတယ္ သူတို႔ကို မရွာနိုင္ဘူးလား ?! ”

“ လုပ္လို႔ရတာတစ္ခုခုေတာ့ ရွိရမယ္ေလ မင္းတို႔ေကာင္ေတြ အသုံးကိုမက်ဘဴး ! ” စြန္း ေရွာင္ေရွာင္သည္ လန႔္ျဖန႔္လ်က္ ဖုန္းကိုခ်လိဳက္၏ ။ သူမ ဖုန္းကို ပစ္ေပါက္လိုက္ၿပီးၿပီးခ်င္း တျခား ဖုန္းနံပါတ္တစ္ခုက သူမကို ဖုန္း‌ေခၚလာသည္ ။ စြန္း ေရွာင္ေရွာင္ စိတ္မရွည္စြာၾကည့္လိုက္သည့္အခါ၌ ထိုသည္က နံပါတ္အစိမ္းတစ္ခု ျဖစ္ေနေလ၏ ။ 

တစ္နည္းနည္း ျဖင့္ သူမမွာ မေကာင္းတဲ့ခံစားခ်က္တို႔ ရလာသည္ ။ သူမ အံႀကိတ္ၿပီး ဖုန္းကို ေျဖလိုက္၏ : “ ဟယ္လို ? ”

“ ငါ .. က်န္း ရွိန္းက်ဲ ”

စြန္း ေရွာင္ေရွာင္၏ႏွလုံးခုန္သံေတြ ေျဗာင္းဆန္ကုန္ေတာ့ေလသည္ ။ က်န္း ရွိန္းက်ဲက သူမ ကို ျမန္ျမန္ႀကီး ရွာေတြ႕သြားသည္ေလ။

“ ေက်ာင္း ဖိုရမ္ေပၚက ပို႔စ္ေတြ ျမင္ၿပီးသြားၿပီ မလား ? အခု ငါ မင္းကို ဗဟိုေဆး႐ုံကိုလာ‌ေစခ်င္တယ္ ၊ တစ္နာရီခြဲ အတြင္း မင္းကို ငါ မေတြ႕ရရင္ မင္း မင္း‌ေျမးေတြကိုေတာင္ အနာဂတ္မွာ ေတြ႕ရေတာ့မယ္ မထင္နဲ႕ ” သူ စကား ေျပာၿပီးသြားသည္ႏွင့္ ဖုန္းခ်လိဳက္ေတာ့၏ ။ ဖုန္းက က်သြားၿပီးေနာက္မွာ စြန္း ေရွာင္ေရွာင္၏ ပါးစပ္ကေတာ့ ဟေနတုန္းေပမဲ့ သူမ စကားတစ္လုံးမွပင္ မေျပာခဲ့ရေခ် ။

‘ ဒီ အျပစ္ေတြ အကုန္ သူ႕ေခါင္းေပၚတင္လိုက္တဲ့ သူက တု ယုံးေဝ ပဲ ျဖစ္ရမယ္ ။ သူမက ဒါကို  အစီအစဥ္ ခ်ထား တာပဲ ။ ဘယ္လိုေတြေတာင္ ျဖစ္လာရတာလဲ ? ‘ စြန္း ေရွာင္ေရွာင္ ျပာသြားခဲ့၏ ။  က်န္း ရွိန္းက်ဲ က သူမကို တိုက္ရိုက္ ေျဖရွင္းခဲ့သည္ ။ သူမ မွာ စားဖို႔ အသီးေကာင္းေတာ့ ရွိမည္ မဟုတ္(၂) ။ စီးပြားေရးလုပ္ငန္း လုပ္ေန သည့္ သူမ အေဖက သူမကို က်န္း မိသားစု နဲ႕ပတ္သက္မိရင္ ဘာမွ ေကာင္းတဲ့အရာ‌ေတြ ျဖစ္မလာနိုင္ဘူးလို႔ မၾကာခဏ ေျပာဖူးသည္ ။

သူမ အမူမဲ့ အမွတ္မဲ့ျဖင့္ သူမ လက္ေကာက္ဝတ္ ရွိ လက္ေကာက္ေလးကို ထိလိုက္ၿပီး ပစၥည္းေတြ ထုပ္ပိုးဖို႔ပင္ သတိမရနိုင္ဘဲ ဗဟိုေဆး႐ုံကို သုတ္ေျခတင္ရေတာ့သည္ ။ 

ဖန္း က်င္ ရဲ႕ မ်က္ႏွာမွာ မွားယြင္းသြားၿပီးေနာက္ က်န္း ရွိန္းက်ဲက သူမကို ဗဟိုေဆး႐ုံသို႔ တန္းေခၚလာခဲ့၏ ။ အေရျပားေရာဂါအထူးကုမ်ားက သူမကို စစ္ေဆးၿပီးသြားေသာအခါ အရမ္းႀကီးသည့္ ျပႆနာမဟုတ္ဘဲ ဓာတ္မတည့္မႈသာျဖစ္ေၾကာင္း ေျပာသည္ ။ ေဆးတစ္ခ်ိဳ႕ ထိုးၿပီး၊ေသာက္ၿပီးပါက ျပန္သက္သာသြားမည္ ဆိုသည္ကို ၾကားမွသာလွ်င္ က်န္း ရွိန္းက်ဲ စိတ္ သက္သာရာရသြားေတာ့၏ ။ ဒါေပမဲ့ ဖန္း က်င္ မ်က္ႏွာက ေသြးထြက္ေနဆဲပင္ ။ သူမ က ဒီ အလာ့ဂ်စ္ ျဖစ္ေနသည့္ မ်က္ႏွာျဖင့္ အေတာ္ၾကာေအာင္ေတာ့ ေနရဦးမည္ ။ ဒါ‌ ေၾကာင့္ မနက္ျဖန္ ညမွာ က်င္းပမည့္ က်န္း မိသားစု ပါတီပြဲသို႔ သူမ တက္နိုင္ေတာ့မည္ မဟုတ္ေပ။

“ ရွိန္းက်ဲ နင္ေျပာၾကည့္ ငါ စြန္း ေရွာင္ေရွာင္ကို ဘာမ်ားလုပ္ခဲ့မိလို႔လဲ ? သူမက ငါ့ကို ဒီလို ဆက္ဆံရတဲ့ အထိ ဘာကမ်ား ဒီေလာက္ ျဖစ္သြား ရတာလဲ ? ” ဖန္း က်င္သည္ က်န္း ရွိန္းက်ဲ ကို သနားစရာ ေကာင္းေအာင္ ၾကည့္ကာ ေျပာရင္း မ်က္ရည္‌ေတြ က်လာသည္ ။ က်န္း ရွိန္းက်ဲက သူမ မ်က္ရည္ ေတြကို သုတ္ေပးရင္း သူမကို ေခ်ာ့လိုက္၏ ။
“ မငိုနဲ႕ ေတာ့ … ဆရာဝန္က ေျပာသြားတယ္ေလ မင္း မ်က္ႏွာ ဒီထပ္ ထပ္ေယာင္လို႔ မရေတာ့ဘူး တဲ့  ”

ဖန္း က်င္ အဲ့တာကို ၾကားလိုက္‌ ေသာအခါ သူမ မ်က္ရည္‌ေတြကို ခ်က္ခ်င္း ရပ္လိုက္သည္ ။ ဒါေပမဲ့ သူမ ဆက္ၿပီး တိုင္တန္း ေနတုန္းပင္ : “ စြန္း ေရွာင္ေရွာင္ ငါ့ကို သူ႕ မ်က္လုံးထဲ ၾကည့္မရဘူး ဆိုတာေတာ့ သိပါတယ္ ဒါမဲ့ သူ ငါ့ကို ဒီေလာက္ မုန္းေနမယ္လို႔ေတာ့ မေမွ်ာ္လင့္ထားမိဘူး ”

“ ရတယ္ အဲ့ဒါက ငါ သူ႕ကို ေဆး႐ုံ ေခၚထားတယ္ သူက မင္းကို ေျဖရွင္းခ်က္ေပးရလိမ့္မယ္ “

သူတို႔ ႏွစ္ဦး စကားဆက္ေျပာေနစဥ္မွာ က်န္း ရွိန္းက်ဲ၏လူေတြက လာၿပီး စြန္း ေရွာင္ေရွာင္ ဒီ ေရာက္လာၿပီ ဆိုတဲ့ အေၾကာင္း သတင္းပို႔ခဲ့၏ ။ ဖန္း က်င္ သည္ စြန္း ေရွာင္ေရွာင္ ရဲ႕ မ်က္ႏွာကို သူမလက္ေတြႏွင့္ ကိုယ္တိုင္ ဖ်က္ဆီးပစ္ဖို႔ရာ မေစာင့္နိုင္ေတာ့ေခ် ။ သို႔ေသာ္ အခု သူမ မ်က္ႏွာက ဒီလို ျဖစ္ေနသည့္အတြက္ ထြက္ၿပီး ေတြ႕ဖို႔ရန္ မျဖစ္‌နိုင္ေသးေပ ။

က်န္း ရွိန္းက်ဲ ကလည္း သူမကို အထဲထိ မေခၚခဲ့ ။ သူ သူမကို အခန္းထဲသို႔ တစ္ေယာက္တည္း ထားခဲ့ၿပီး သူကိုယ္တိုင္ အျပင္ထြက္ ေျဖရွင္းေတာ့သည္ ။ 

စြန္း ေရွာင္ေရွာင္ သိပ္ မလြယ္ကူေနသည့္ အမူအရာျဖင့္ အခန္းအျပင္တြင္ ေစာင့္ေနခဲ့၏ ။ က်န္း ရွိန္းက်ဲက သူမကို ျမင္ေသာအခါ သူ ‘ ဟြန႔္ ‘ ခနဲ ေလွာင္ လိုက္သည္ ။ 
“အခုေတာ့ ေၾကာက္ရေကာင္းမွန္း သိၿပီေပါ့ ? ”

“ မဟုတ္ပါဘူး ဒါက ငါ့ကို တု ယုံးေဝ လုပ္ခိုင္းတာ ! ” စြန္း ေရွာင္ေရွာင္ က်န္း ရွိန္းက်ဲ ကို ျမင္ျမင္ခ်င္း အျပစ္ေတြ အကုန္ တု ယုံးေဝ ေခါင္းေပၚ လႊဲခ် လိုက္ေတာ့၏ ။

က်န္း ရွိန္းက်ဲ သူမကို ၾကည့္လိုက္ကာ တစ္ေယ)

Continue Reading

You'll Also Like

8.3K 427 22
Title The Former Wife of Invisible Wealthy Man Author - Bixia Bù Shàng Cháo 陛下不上朝 Genre Comedy Romance Shoujo Supernatural Total Chapters - 145chapte...
100K 5K 18
စာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Transl...
76K 8.9K 57
[ Uni & Zawgi] Title : I'm Not Your Female Lead ! Type : Web Novel Language : Chinese Original Publisher : jjwxc English Publisher : Word Excerpt S...
192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...