ဗီလိန်အဖြစ်မွေးဖွားခြင်း (Com...

By Doh_Clover

519K 55K 419

. More

Novel Summary
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
50% Promotion
Noti
Chapter 66
Chapter 67
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88 (End)

Chapter 68

3.5K 381 0
By Doh_Clover

အပိုင်း (၆၈) နမ်းစုပ်ရာ


အမှောင်ထဲတွင် စုချီက စုလုရီက ဖက်လျက်သား ဖြစ်နေခဲ့သည်။

အပြင်ဘက်တွင် ကျန်ခဲ့သော လူများက စုချီ သူ့ကို ဖက်ထားသည်ကို မြင်၊ မမြင်ကိုပင် စုလုရီ မသိတော့ပေ။

စုချီက သူ့ကို လက်မလွှတ်ဘဲ ဖက်ထားရင်း "မင်း ဘာလို့ လျှောက်လျှောက် သွားနေတာလဲ" ဟု ပြောလိုက်သည်။

"ဒီအတိုင်းပဲ ဖြစ်သွားတာကို ဘယ်လိုလုပ် သိမှာလဲ" ဟု စုလုရီက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။

စုချီက စုလုရီ၏ ခါးကို ဖက်ထားရင်း အချစ်စိတ်များ ပြည့်နေသော အကြည့်ဖြင့် ကြည့်နေသည်ကို မဲမှောင်နေသဖြင့် စုလုရီ မမြင်ရပေ။

ထိုအချိန်၌ အပြင်မှ ကျန်ရစ်ခဲ့သော လူများက
ကျောက်တံခါးကို ထုကာ "အစ်ကိုကြီးတို့၊ အဆင်ပြေကြလား" ဟု အော်မေးသံ ထွက်ပေါ်လာခဲ့သည်။

"အဆင်ပြေတယ်" ဟု စုချီက ခတ်ပြတ်ပြတ် ပြန်ဖြေလိုက်ကာ စုလုရီကို ကြည့်ပြီး "မင်း ငါ့ကို အကြွေးတင်သွားပြီနော်" ဟု ပြောလိုက်၏။

စုလုရီက သူ၏ ခေါင်းပေါ်မှ ကျလာသော အသက်ရှူသံ ရှိရာသို့ မော့ကြည့်လိုက်ပြီး "အဲ့ဒါဆို ကျွန်တော် အပြင်ရောက်ရင် ညစာ လိုက်ဝယ်ကျွေးမယ်လေ" ဟု ပြောလိုက်သည်။

"ငါ့ကို မင်းလို အစားမက်တယ်လို့များ ထင်နေတာလား"

"ဒါဆို အစ်ကိုကြီးက ဘာလိုချင်တာလဲ"

"ငါ့ နှုတ်ခမ်းတွေ ခြောက်နေတယ်၊ စုလုရီ"

စုချီ၏ တောင်းဆိုမှုကြောင့် စုလုရီ၏ မျက်နှာမှာ ချက်ချင်း နီရဲလာခဲ့၏။

ကံကောင်းသည်ကား မှောင်လွန်းသဖြင့် စုချီက စုလုရီ၏ မျက်နှာကို မမြင်ရပေ။

"ဒီနေရာမှာ ကင်မရာရှိနေရင် ဘယ်လိုလုပ်မလဲ၊ အစ်ကိုကြီး"

"အဲ့တော့ ဘာဖြစ်လဲ။ နမ်းတာကို မမြင်ဖူးတဲ့ လူတွေ ရှိလို့လား။ ရုပ်ရှင်တွေထဲမှာတောင် နမ်းနေကြသေးတာပဲ"

"ဒါဆို အခုက ရုပ်သံပေါ်မှာ မြင်ရမယ့် ကျွန်တော်တို့ရဲ့ ပထမဆုံး အနမ်းပေါ့၊ ဟုတ်လား"

"..."

"မင်း အဲ့လို တွေးချင်လည်း တွေးပေါ့"

ထိုအချိန်တွင် တံခါးမှ ထုရိုက်သံ တစ်ဖန် ထွက်ပေါ်လာကာ "တံခါးဖွင့်ဖို့ သဲလွန်စ ရှာတွေ့လား၊ အစ်ကိုကြီး" ဟု စုကျန်းချန်က အော်မေးလိုက်သည်။

စုချီက ပြန်မဖြေသဖြင့် စုကျန်းချန်က စိတ်ပူလာကာ ...

"ဘာဖြစ်နေတာလဲ အစ်ကိုကြီး" ဟု ထပ်မံ အော်မေးလိုက်သည်။

ထို့ကြောင့် စုလုရီက စုချိီကိုကြည့်ကာ ... "အစ်ကို (၂) မေးနေတယ်လေ၊ အစ်ကိုကြီး" ဟု ပြောလိုက်သည်။

"ငါ့ နှုတ်ခမ်းတွေ ခြောက်နေလို့ ပြန်ပြောလို့ မရဘူး"

"..."

"အစ်ကိုကြီး၊ အဆင်ပြေရဲ့လား။ ဘာလို့ ဘာသံမှ မကြားရတာလဲ။ ညီ (၃)၊ ငါတို့ ဝန်ထမ်းကို လှမ်းခေါ်လိုက်ရင် ကောင်းမလား"

"သေတော့မှာပဲ"

စုလုရီက မနေနိုင်တော့သဖြင့် စုချီ၏ အင်္ကျီကို ဆွဲကာ အလျင်အမြန် နမ်းလိုက်၏။

သို့သော် အမှောင်ထဲတွင် မမြင်ရသဖြင့် စုချီ၏ မေးစေ့ကို နမ်းမိသွားရာ နှုတ်ခမ်းရှိရာသို့ ခန့်မှန်းပြီး နောက်တစ်ခေါက် ပြန်နမ်းလိုက်ရသည်။

"ရပြီလား၊ အစ်ကိုကြီး"

"ရပြီ"

စုချီက ရင်ခုန်သံ မြန်လာရင်း ခံစားချက်ကို ထိန်းချုပ်ကာ "အဆင်ပြေတယ်။ အထဲမှာ သဲလွန်စ ရှာနေလို့ ပြန်မပြောတာ" ဟု စုကျန်းချန်တို့ထံ ပြန်ပြောလိုက်သည်။

ထို့နောက် အခန်းထဲမှ ထွက်လို့ရမည့် သဲလွန်စကို ရှာဖွေရန်အတွက် မတ်တပ် ထရပ်ကာ အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် လျှောက်သွားလိုက်၏။

အခန်း တစ်ပတ်ပြည့်အောင် ပတ်ပြီးသည်အထိ သဲလွန်စ ရှာမတွေ့သဖြင့် စုလုရီက အကူအညီ လှမ်းတောင်းရန် အကြံပေးလိုက်သည်။

စုလုရီ၏ အကြံကို စုချီက လက်ခံလိုက်ကာ စကားပြောစက်မှ တစ်ဆင့် ဝန်ထမ်းကို ဆက်သွယ်လိုက်၏။

ငါးမိနစ်ခန့် အကြာတွင် အခန်းမှ မီးများလင်းလာပြီး ဝန်ထမ်းမှ တံခါးဖွင့်ကာ လာခေါ်လိုက်သည်။

စုယွီက အခန်းတွင်းသို့ ငဲ့ကြည့်လိုက်သောအခါ ကျောက်ကုတင် တစ်လုံးကိုပါ တွေ့လိုက်သဖြင့် ... "အစ်ကိုကြီးနဲ့ ညီ(၃)က နှစ်ယောက်ထဲ အမှောင်ခန်းထဲမှာ။ ပြီးတော့ ကုတင်ကလည်း ရှိသေးတယ်" ဟု တွေးကာ အတွေးများဖြင့် တစ်ယောက်တည်း ရပ်‌ကြည့်နေလိုက်သည်။

ထို့ကြောင့် နောက်တစ်ဆင့်သို့ တက်ရန် သဲလွန်စ ရှာတွေ့သွားသဖြင့် နောက်တစ်ခန်းသို့ တက်သွားလိုက်ကြ၏။

ထိုအခါ လွီချင်းလင်းက "အစ်ကိုကြီး စု၊ ဒီတစ်ခေါက် ဘာမှ မပြောနဲ့တော့နော်။ ညိိီမတို့ ဘာသာ ကြိုးစားကြည့်မယ်" ဟု ပြောလိုက်သဖြင့် စုချီက လက်ခံလိုက်သည်။

စုလုရီက သဲလွန်စရှာနေကြသော လွီချင်းလင်းတို့နှင့် ပူးပေါင်းချင်သော်လည်း စုချီက ဆွဲထားသဖြင့် စုချီ၏ ဘေးနားတွင်သာ ကပ်နေရင်း ရပ်ကြည့်နေရ
၏။

လွီချင်းလင်းတို့က ဖြေရှင်းပြီးသောအခါ ကျန်နေသည့် အခန်းများကို ဖြေရှင်းရန် အချိန် မလောက်တော့သဖြင့် စုချီကို အကူအညီ တောင်းကြတော့သည်။

"အစ်ကိုကြီး၊ လုပ်ပါဦး"

စုချီက ယုံကြည်မှု အပြည့်ဖြင့် နောက်တစ်ခန်းဆီသို့ လျှောက်သွားကာ စုလုရီတို့က အနောက်မှ လိုက်သွားကြတော့သည်။

စုချီက အချိန်တိုအတွင်း ပဟေဠိများကို ဖြေရှင်းပြီးသောအခါ ထွက်ပေါက်မှ ဝန်ထမ်းက ကြိုဆိုကာ ... "ဂုဏ်ယူပါတယ်၊ ဧည့်သည်တော်တို့။ ကျွန်မ ဧည့်သည်တော်တို့ ကစားတာကို တစ်ချိန်လုံး ကြည့်နေခဲ့တာ အရမ်းမိုက်တာပဲ" ဟု ပြောလိုက်သည်။

ဝန်ထမ်း၏ စကားကြောင့် စုလုရီက လန့်သွားကာ သူနှင့် စုချီ နမ်းနေသည်ကို မြင်သွားမည်ကို စိုးရိမ်သွား၏။

ထို့နောက် ဝန်ထမ်းက အဝတ်လဲခန်းသို့ ပြန်လည် ခေါ်ဆောင်သွားသဖြင့် လွီချင်းလင်းနှင့် အခြားသူများက အဝတ်လဲခန်းသို့ ဝင်သွားကြသည်။

စုလုရီက မဝင်ခင် ဝန်ထမ်းကို ကြည့်လိုက်သောအခါ ဝန်ထမ်းမှ ပြုံးကာ ပြန်ကြည့်နေသဖြင့် သူနှင့် စုချီ နမ်းခဲ့သည်ကို မြင်သွားပြီ ဖြစ်ကြောင်းကို သိလိုက်၏။

"သွားပြီ။ သူမြင်သွားပြီ"

စုလုရီနှင့် ဝန်ထမ်းက အကြည့်ချင်း ဆုံနေကြသဖြင့် အနောက်မှ လိုက်လာသော စုချီက စုလုရီကို "ဘာရှာနေတာလဲ" ဟု ပြောပြီး ဆွဲခေါ်သွားတော့သည်။

...

အားလုံး အဝတ်လဲပြီးကြသောအခါ ဒရိုက်ဘာ လင်းက စုအိမ်တော်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

အိမ်သို့ ပြန်ရောက်သောအခါ စုညီအစ်ကိုများက
လျှို့ဝှက်ခန်း၌ လှုပ်ရှားထားခဲ့ရသဖြင့် ရေချိုးရန် အခန်းကိုယ်စီ ပြန်သွားကြတော့၏။

ထို့ကြောင့် လွီချင်းလင်းက လက်ပြကာ သူမ၏ မိဘများ ရှိရာသို့ သွားလိုက်တော့သည်။

စုလုရီက သူ၏ အခန်းသို့ ပြန်ကာ ရေချိုးခန်းထဲသို့ တန်းဝင်ပြီး ရေချိုးလိုက်၏။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ရေချိုးခန်းမှ ပြန်ထွက်လာကာ အဝတ်အစားလဲပြီး စုချီ၏ အခန်းသို့ ဝရံတာမှ တစ်ဆင့် သွားလိုက်သည်။

စုချီက ဆိုဖာပေါ်တွင် ထိုင်နေပြီး စုလုရီကို ပေါင်ပေါ်သို့ ဆွဲခေါ်ကာ ထိုင်ခိုင်းလိုက်၏။

"အစ်ကိုကြီးနဲ့ သဘောတူထားချင်တာ ရှိတယ်"

"ဘာလဲ"

"နောက်ဆို အပြင်မှာ မနမ်းပါဘူးလို့ ကတိပေး"

"ဘာလို့လဲ မင်းက ငါနဲ့ တွဲနေတာကို လူသိမှာ ကြောက်လို့လား"

"မဟုတ်ဘူး။ ကျွန်တော် ရှက်လို့"

"မင်း အရင်က ရှက်တတ်လို့လား"

"မသိဘူး။ အခု ရှက်တယ်"

စုလုရီက စကား‌ပြောပြီးနောက် ထသွားမည် အပြုတွင် စုချီက ပြန်ဆွဲထားလိုက်ပြီး စုလုရီ၏ လည်ပင်းကို နမ်းစုပ်လိုက်၏။

"ဘာလုပ်တာလဲ၊ အစ်ကိုကြီး"

"ဒီနေ့အတွက် အနမ်းလေ"

"နောက်ဆို ဒိီလိုမျိုးလည်း မစုပ်ရဘူးနော်၊ ကြားလား"

စုလုရီ၏ စကားကို စုချီက နားမထောင်ဘဲ ထပ်စုပ်လိုက်သဖြင့် စုလုရီက စုချီကို တွန်းကာ ထွက်ပြေးသွားတော့သည်။

ညစာ စားချိန်ရောက်သောအခါ စုညီအစ်ကိုများက ထမင်းစားခန်းသို့ ရောက်လာကာ စုကျစ်ထုံက လွီမိသားစုအတွက် ဝိုင်အရက်များပါ ပြင်ဆင်ထားလေသည်။

စုလုရီက လည်ပင်းတွင် ရှိသော နမ်းစုပ်ရာကို လူမမြင်စေရန် အင်္ကျီကော်လံကို ထောင်ကာ ဝတ်ထားလိုက်၏။

စုလုရီက တစ်ခွက် သောက်လိုက်ပြီးနောက် မျက်နှာများ ရဲကာ ပူလာတော့သည်။

စုချီက စုလုရီအတွက် ရေနွေးကြမ်း ယူရန် ထွက်သွားသောအခါ စုလုရီက အရမ်း ပူလာသောကြောင့် အင်္ကျီကော်လံကို ဆွဲချလိုက်တော့၏။

ထိုအခါ စုချီနေရာမှ လွတ်နေသဖြင့် ဘေးတွင် ရှိသော စုကျစ်ထုံက စုလုရီ၏ လည်ပင်းမှ အရာကို မြင်သွားကာ "ဘာဖြစ်ထားတာလဲ၊ ရှောင်ရီ" ဟု မေးလိုက်တော့သည်။


...…….................................
.........................................


အပိုင်း (၆၈) ပြီးပါပြီ။

Continue Reading

You'll Also Like

212K 17.6K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...
2.4M 175K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
462K 9.4K 9
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke