Chapter 11

6.9K 866 2
                                    

CHAPTER 11
- ဝန်ခံခြင်း -

ညစာစားပွဲက စားကောင်း သောက်ဖွယ်တွေနဲ့ သောက်လက်စ ဝိုင်အနီ ပုလင်းတွေနဲ့ ပြည့်နှက်လို့နေတယ်။

စုကျစ်ထုံက သူ့ ဝိုင်ခွက်ကို ပျော်ရွှင်စွာ မြှောက်လိုက်ပြီး "လာကြဟေ့၊ ငါတို့ ဒီနေ့ အပိုဆောင်း ထပ်စားကြမယ်" လို့ ပြောလိုက်တယ်။ ဝိုင်ခွက် အချင်းချင်း ထိခတ်သံတွေနဲ့အတူ ဂုဏ်ပြုသံတွေကလည်း ညံနေရော။

စုလုရီက ဝိုင်ခွက်ကို သူ့ နှုတ်ခမ်းဆီတေ့ကာ ဝိုင်ကိုအနည်းငယ် ငုံလိုက်ရင်း သတ္တိမွေးလိုက်သည်။

သူက အသက်ဝဝ ရှူသွင်းကာ စုကျစ်ထုံကို စကားစပြောဖို့ စိတ်ထဲကနေ ပြင်ဆင်နေလိုက်တယ်။

"ဒီနေ့ ငါ မင်းတို့ဦးလေးဟော်ရဲ့ ကလေးနှစ်ယောက်က တကယ် အမြှော်အမြင် မရှိကြဘူးဆိုတာ သိခဲ့ရတယ်။ အကြီးဆုံးကလည်း မင်းသမီးပေါက်စကို ကောက်မွေးစားတယ်၊ အငယ်လုပ်တဲ့သူကလည်း အဲ့သတင်းတွေကို ဖွတယ်။ သူတို့တွေက ညီအစ်ကိုတွေ ဖြစ်ပြီး ဘာလို့ အဲ့လောက်ဆက်ဆံရေး မကောင်းကြတာလဲ"

သူက ပြောပြီးတော့ စုလုရီရဲ့ ဟောင်းလောင်း ဖြစ်နေတဲ့ ပါးစပ်ကို ကြည့်ရင်း ...
"မင်းလည်း အံ့သြသွားတယ် မလား"

"အင်း...." စုလုရီက သူ့ ပါးစပ်ကို ဖြည်းဖြည်းချင်းပြန်ပိတ်ရင်း သူ့ခေါင်းကို ငုံ့ကာ ပါးစပ်အပြည့် ထမင်းဖြူတွေ ထိုးထည့်လိုက်သည်။

"အကြီးကောင်ကလည်း သူ့အဖေကို အငယ်ကောင်က လှေလှံနှစ်ဖက် နင်းနေတာ၊ သူ့လို မင်းသမီးပေါက်စတစ်ယောက်ထဲကို သစ္စာရှိရှိ ချစ်တာ မဟုတ်ဘူးလို့တောင် ရန်တိုက်သေးတယ်။ ဘယ်လိုညီအစ်ကိုတွေက အချင်းချင်း တိုက်ခိုက်ကြလို့လဲ"
လို့ စုကျစ်ထုံက ဆက်ပြောတယ်။

စုလုရီတစ်ယောက် အပြင်းအထန် ချောင်းထဆိုးပါတော့တယ်။

စုကျန်းချန်က နှာခေါင်းသံနဲ့ လှောင်လိုက်တယ်။ "အဲ့တာ ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက် အတူတူနေကြတဲ့ ညီအစ်ကိုတွေက အဲ့လိုပဲ၊ သူတို့က တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိတာကိုး"

ကျန်တဲ့ ညစာ စားချိန် တစ်ချိန်လုံးရဲ့ပြောစရာ ခေါင်းစဥ်က အဲ့အတုအယောင် ညီအစ်ကိုတွေအကြောင်းချည်းပဲ။ ယုရှင်းရန်တောင် ဆွေးနွေးပွဲထဲ ပါလိုက်သေး။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now