Chapter 69

3.6K 370 1
                                    

အပိုင်း (၆၉) သဲလွန်စ


စုလုရီက စုကျစ်ထုံ၏ အကြည့် လမ်းကြောင်းကို သတိထားမိသွားသောအခါ "သေစမ်း၊ သေတော့မှာပဲ" ဟု စိတ်ထဲမှ ရေရွတ်ရင်း "ဘာဖြစ်လို့လဲ၊ ပါးပါး" ဟု ပြန်မေးကာ သူ၏ လည်ပင်းကို လက်ဖြင့် အုပ်ကာလိုက်သည်။

စုကျစ်ထုံက အနားသို့ ကုန်းလာကာ "သားရဲ့ လည်ပင်းမှာ ဘာဖြစ်ထားတာလဲ" ဟု ထပ်မေးလိုက်၏။

ထိုအချိန်တွင် လက်ဖက်ရည် ယူ၍ ပြန်ထွက်လာသော စုချီက ရုတ်တရက် ရပ်သွားကာ ခဏကြာမှ ပုံမှန်အတိုင်း ပြန်လျှောက်လာပြီး စုလုရီ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

ထို့နောက် စုကျစ်ထုံ၏ အကြည့်ကို ကွယ်ကာ "မင်းရဲ့ လည်ပင်းမှာ နီနေလို့" ဟု တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"နီနေတယ် ဟုတ်လား" ဟု စုလုရီက အံ့ဩသွား ဟန်ဆောင်ကာ ပြန်မေးလိုက်သည်။

စုလုရီကမူ စုချီကို ကြည့်ပြီး မျက်လုံးမှ အချက်ပြလိုက်၏။

စုကျစ်ထုံက စိုးရိမ်ပြီး စုချီကို ကြည့်ကာ "မင်း ညီလေးရဲ့ လည်ပင်းက ဘာဖြစ်ထားတာလဲဆိုတာ ကြည့်ပေးလိုက်ပါဦး သူဌေးရေ။ တော်ကြာ အရက်နဲ့ ဓာတ်မတည့်တာ ဖြစ်နေဦးမယ်" ဟု ပြောလိုက်သည်။

စုချီက ပုံမှန် မျက်နှာထားဖြင့် အစ်ကို တစ်ယောက်မှ ညီလေးကို ကြည့်ပေးသည့် ပုံစံမျိုး လုပ်ကာ "ဓာတ်မတည့်တာ မဟုတ်ဘူး အဖေ။ တစ်နေရာရာမှာ ခြစ်မိလာတာ ထင်တယ်" ဟု စုလုရီ၏ လည်ပင်းကို ကိုင်ကာ ပြန်ပြောလိုက်၏။

"ဪ ... ဟုတ်တယ်၊ နေ့လည်က ကစားရင်း ခြစ်မိသွားတာဖြစ်မယ်" ဟု စုလုရီက သတိရသွားဟန်ဆောင်ကာ ထပြောလိုက်သည်။

ထိုအခါမှ စုကျစ်ထုံက စိတ်အေးသွားကာ "ဓာတ်မတည့်တာ မဟုတ်လို့ တော်သေးတာပေါ့။ ပြီးရင် ဆေးလိမ်းလိုက်ဦးနော် သားငယ်လေး" ဟု ပြန်ပြောလိုက်၏။

"ဟုတ် ဟုတ်" ဟု စုလုရီက ခေါင်း တဆတ်ဆတ် ညိတ်ကာ ပြန်ပြောလိုက်သည်။

ဘေးတွင် ထိုင်နေသော လွီချင်းလင်းက လျှို့ဝှက်ခန်းထဲရှိ အချိန်များကို ပြန်တွေးကြည့်ကာ "ဘယ်တုန်းက ခြစ်မိသွားတာပါလိမ့်။ ဪ...အမှောင်ခန်းထဲ ကျသွားတုန်းကများလား။ မဟုတ်သေးပါဘူး။ အဲ့တုန်းကလည်း အစ်ကိုကြီး စုက တစ်ချိန်လုံး ဖက်ထားတာပါ" ဟု တွေးပြီး ရှုပ်ထွေးသွား၏။

ညစာ စားပြီးသောအခါ လွီမိသားစုက နှုတ်ဆက်ကာ ပြန်သွားတော့သည်။

စုမိသားစုက တံခါးပေါက်ထိ လိုက်ပို့ကြရာ လွီချင်းလင်းက ကားပေါ် မတက်ခင်၌ စုလုရီ၏ လည်ပင်းမှ ခြစ်ရာကို သတိရသွားပြီး "ဆေးလိမ်းလိုက်ဦးနော် အစ်ကို လုရီ" ဟု ပြောကာ တက်သွားတော့၏။

လွီမိသားစု ပြန်သွားသောအခါ ယုရှင်းရန်က ဆေးသေတ္တာထားသော နေရာကို ပြကာ အပေါ်သို့ တက်သွားခဲ့သည်။

စုကျစ်ထုံကလည်း ယုရှင်းရန်၏ အနောက်မှ လိုက်တက်သွားရာ ဧည့်ခန်းထဲတွင် စုညီအစ်ကို လေးယောက်သာ ကျန်ခဲ့တော့၏။

စုလုရီက အလိမ် ပိရိရန်အတွက် ဧည့်ခန်းထဲတွင် ဆက်ထိုင်နေကာ စုချီက ဆေးသေတ္တာကို ထုတ်ယူလိုက်သည်။

စုကျန်းချန်က ကြည့်ပေးရန် စုလုရီ အနားသို့ လျှောက်လာသောအခါ စုယွီက ပုခုံးမှ ဖက်ပြီး ... "အစ်ကို (၂) ကျွန်တော့် အခန်းထဲမှာ မော်ဒယ် သွားချိုးကြမယ်" ဟု ပြောကာ ဆွဲခေါ်သွားတော့၏။

စုကျန်းချန် : "မင်း အခု တစ်လော ငါ့ အနား အရမ်းကပ်နေသလိုပဲနော်။ ပုံမှန် မဟုတ်ဘူး။ မင်း ငါ့ အပေါ် အပြစ်လုပ်ထားတာ ရှိလား"

စုယွီ : "ဟီး ဟီး"

....

စုချီက ဆေးကို ဂွမ်းပေါ်တွင် သုတ်လိုက်သောအခါ စုလုရီက "တကယ်ကြီး ဆေးလိမ်း ပေးမလို့လား အစ်ကိုကြီး" ဟု အံ့ဩနေဟန်ဖြင့် မေးလိုက်သည်။

"မဟုတ်ဘူး။ ပီပြင်အောင် လုပ်တာ" ဟု စုချီက ပြန်ပြောပြီး ဂွမ်းကို သုံးထားသည့် ပုံစံမျိုး ဖြစ်အောင် လုပ်ကာ သဲလွန်စ အနေဖြင့် အမှိုက်ပုံးထဲသို့ ပစ်ချလိုက်၏။

...

ထိုအချိန်တွင် အခန်းထဲတွင် လှဲနေသော စုကျစ်ထုံက စုလုရီ၏ လည်ပင်းပေါ်မှ အရာကို ပြန်စဉ်းစားကာ တွေးတောနေသည်။

မှန်တင်ခုံ အရှေ့တွင် အလှပြင် ပစ္စည်းများကို လိမ်းနေသော ယုရှင်းရန်က မြင်လိုက်သောအခါ "နေ့လည်က ကစားတာကို ပြန်စဉ်းစား‌နေတာလား" ဟု မေးလိုက်၏။

"မဟုတ်ပါဘူးကွာ။ ရှောင်ရီရဲ့ လည်ပင်းက အရာအကြောင်းကို စဉ်းစားနေတာပါ။ ကိုယ့်အထင် ရှောင်ရီလေးက ရည်းစားများ ရနေပြီလားလို့။ ကိုယ်တို့ကို ဖုံးကွယ်ပြီး ရည်းစား ထားနေ‌တာတော့ မဟုတ်လောက်ပါဘူးနော်"

"ရှင်ကတော့ လုပ်ပြီ။ ဒီနေ့ ရှောင်ရီလေးက သူ့အစ်ကိုတွေနဲ့ အတူ ရှိနေတာကို ဘယ်သူနဲ့ ခိုးတွေ့လို့ရမှာမို့လို့လဲ"

"အိုး၊ ဟုတ်သားပဲ။ ကြည့်ပါဦး။ ကိုယ့် ဦးနှောက်ကလည်း အသက်ကြီးနေပြီဆိုတော့ မေ့တတ်နေပြီ"

"ရှင်ကတော့ တကယ်ပါပဲ"

...


လင်မယား နှစ်ယောက် စကားပြောဆိုနေကြရာ ည ဆယ်နာရီကျော်လာသဖြင့် အိပ်ကြရန် ပြင်လိုက်ကြ
တော့သည်။

ယုရှင်းရန်က ညအိပ်မီး ပိတ်တော့မည့်အချိန်တွင် စုကျစ်ထုံက ရုတ်တရက် ပြန်ထထိုင်လိုက်သဖြင့် "ရှင် အိပ်ခါနီး အိမ်သာသွားဖို့ မေ့ပြန်ပြီလား" ဟု စုကျစ်ထုံကို လှမ်းမေးလိုက်၏။

"မဟုတ်ဘူး မိန်းမ။ ရှောင်ရီက အသက်နှစ်ဆယ်ကျော်နေပြီဆိုတော့ ရည်းစား ထားဖို့ အရွယ်ရောက်နေပြီ။ သူ့ အရှေ့က အစ်ကို သုံးယောက်ကိုလည်း ကိုယ်တို့ ရည်းစားထားဖို့ တိုက်တွန်းခဲ့ကြတာပဲ မလား။ သူတို့က စိတ်မဝင်စားလို့သာ ကိုယ်တို့ လက်လျှော့လိုက်တာ။ အခု ရှောင်ရီအလှည့် ရောက်လာပြီဆိုတော့ အချိန်ရရင် သူ့ကို မေးကြည့်ကြရအောင်။ တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ လိုမလားဆိုတာကို"

"အင်း၊ ဟုတ်တယ်။ မေးရမယ်။ အရှေ့က သူ့ အစ်ကို သုံးယောက်ကိုလည်း မေးခဲ့တာဆိုတော့ ရှောင်ရီလေးက သူ့ကို ခွဲခြားဆက်ဆံတယ်လို့ မထင်အောင် မေးရမယ်"

"မိန်းမက တော်တော် စဉ်းစားတတ်တာပဲ"

လင်မယား နှစ်ယောက် ပြောဆို တိုင်ပင်ကြပြီးနောက် ကျေနပ်စွာဖြင့် အိပ်ယာ ဝင်လိုက်ကြသည်။

...

စုလုရီ၏ လည်ပင်းပေါ်ရှိ အရာမှာ နှစ်ရက်ကြာပြီးမှ ပျောက်သွားခဲ့၏။

စုလုရီက စုချီ နမ်းစုပ်၍ လွယ်ကူစေရန်အတွက် ကြယ်သီးပါသော အင်္ကျီများကိုသာ ပြောင်းဝတ်ပြီး လူ မမြင်နိုင်သည့် နေရာများကို ရွေးနမ်းစေခဲ့သည်။

စုချီကလည်း ညစာ စားပွဲ၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် နောက်ပိုင်း စုလုရီထံမှ အရင် ခွင့်တောင်းလာခဲ့၏။

"ဒီနေရာ အဆင်ပြေလား။ ထပ်အောက်ချရဦးမလား"

စုချီ၏ တည်ငြိမ်သော အမူအရာမှာ သူ လုပ်နေသော အရာများနှင့် လားလားမျှ မတူညီပေ။

"အစ်ကိုကြီး၊ အကြီးကြီး ဖြစ်အောင် မစုပ်နဲ့လေ"

စုလုရီက စုချီ နမ်းစုပ်ထားသော အရာများကို ငုံ့ကြည့်လိုက်သောအခါ အနီရောင် အရာများက သူ၏ ပုခုံးပေါ်တွင် ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေတော့သည်။

လတ်တလော စုပ်ထားသော အရာက အရဲဆုံး ဖြစ်ပြီး ရှေ့ရက်များတွင် စုပ်ထားသော အရာများက မှေးမှိန် ဖျော့တော့နေပြီ ဖြစ်၏။

စုလုရီ၏ အသားက ဖြူဖွေးနေသဖြင့် စုချီ၏ နမ်းစုပ်ထားသော အရာများနှင့် ပေါင်းစပ်လိုက်သောအခါ နှင်းပေါ်တွင် ပန်းပွင့်များ ကြွေကျထားသကဲ့သို့ပင် ဖြစ်နေတော့သည်။

နှစ်ယောက်သား အခန်းထဲတွင် ထိုင်နေကြပြီး မားဝူက ညစာ စားရန် ခေါ်မှသာ အောက်သို့ ဆင်းရန် ပြင်လိုက်ကြ၏။

စုလုရီက သူ၏ အခန်းသို့ ပြန်သွားကာ ဘာမှ မဖြစ်
ပျက်ခဲ့သည့်အတိုင်း ဟန်ဆောင်၍ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ထမင်း စားပွဲတွင် စုမိသားစုက ထမင်း စားရင်း စကား ပြောနေကြ၏။

ဖေဖော်ဝါရီလ နောက်ပိုင်းတွင် နွေဦးပွဲတော် ရောက်လာတော့မည် ဖြစ်သဖြင့် စုကျစ်ထုံက အိမ်သို့ ပြန်ရောက်လျှင် ပြင်ဆင်ရမည့် အကြောင်းများကို ပြောဆိုနေသည်။

"နွေဦးပွဲတော် ရောက်တော့မှာဆိုတော့ အိမ်ပြန်ပြီး သစ်ပင်နဲ့ ပန်းပင်တွေကို စောင့်ရှောက်ပေးနိုင်မယ့်လူ တစ်ယောက်လောက် ရှာရမယ်။ ကုမ္ပဏီကလည်း အလုပ်တွေ ပုံနေလောက်ပြီ"

စုကျစ်ထုံက ထိုသို့ ပြောဆို‌ပြိးနောက် ထမင်း ငုံ့စားနေသော စုလုရီကို ကြည့်ကာ "ရှောင်ရီလေးရော၊ ဘယ်လို စဉ်းစားထားလဲ။ အစ်ကိုကြီးနဲ့ပဲ အလုပ်ဆက်လုပ်မှာလား" ဟု မေးလိုက်သည်။

စုကျစ်ထုံ မေးလိုက်မှ စုလုရီက သူ၏ အစမ်းခန့်
ကာလ ကုန်တော့မည့် အကြောင်းကို သတိရသွားကာ "အစ်ကိုကြီး အဆင်ပြေရင်တော့ သား အစ်ကိုကြီးနဲ့ပဲ အတူတူ လုပ်မယ်" ဟု ပြန်ဖြေလိုက်၏။

ထိူအခါ စုကျစ်ထုံက စုချီ ဘက်သို့ လှည့်ကာ "သူဌေးကရော ဘယ်လိုလဲ" ဟု မေးလိုက်သည်။

"သူ လုပ်ချင်ရင်တော့ လက်ခံပေးလို့ရပါတယ်"

စုချီ၏ လေသံက သဘော မတူချင်သည့် ပုံစံမျိုး ဖြစ်နေသဖြင့် စုလုရီက တူကို ချကာ စုချီကို လှမ်းကြည့်လိုက်သည်။

နှစ်ယောက်သား ကြည့်နေကြဆဲတွင် စုကျစ်ထုံက ထပ်မံကာ "အလုပ်ကတော့ အလုပ်ပေါ့လေ။ ဒါပေမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စကိုလည်း စဉ်းစားဦးနော် သားငယ်လေး။ သားငယ်လေးက နှစ်‌ဆယ်လည်း ကျော်နေပြီဆိုတော့ ရည်းစား ထားဖို့ စိတ်ကူး မရှိဘူးလား" ဟု မေးပြော‌ ပြောလိုက်၏။

ထိုအချိန်တွင် ထမင်းစားပွဲ တစ်ခုလုံး ငြိမ်ကျသွားတော့သည်။

"အလျင် မလိုပါနဲ့ ပါးပါးရယ်။ သူ့ အချိန်နဲ့ သူ ဖြစ်လာမှာပါ" ဟု စုလုရီက ချွေးစေးများ ပြန်ကာ ပြောလိုက်၏။

စုကျစ်ထုံနှင့် ယုရှင်းရန်တို့က တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကာ ယုရှင်းရန်က "မရှက်ပါနဲ့၊ သားငယ်လေးရယ်။ အခု သားမှာက အသိတွေ အများကြီး မရှိလို့ ရွေးချယ်စရာ မရှိတာ မလား။ မားမား သားကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမလား" ဟု ပြောလိုက်သည်။

"ဒုန်း ..."

စုချီက လက်ထဲမှ ထမင်းပန်းကန်ကိုချလိုက်ကာ မျက်နှာက ဖျော့တော့လာ၏။

ထို့ကြောင့် စုလုရီက လျင်မြန်စွာဖြင့် "မလိုဘူး။ မလိုဘူး။ ရတယ် မားမား။ သားရဲ့ စိတ်အခြေအနေက သိပ်မကောင်းသေးလို့" ဟု ငြင်းဆိုလိုက်သည်။

ထမင်းစားပွဲက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် စုကျစ်ထုံက အစပြုကာ "သားငယ်လေး၊ မကြိုက်ရင်လည်း ဒီအတိုင်း ငြင်းလို့ရပါတယ်ကွယ်။ ကိုယ့်ကိုယ်ကို အဲ့လို ပြောပြီးတော့ မငြင်းပါနဲ့" ဟုပြောလိုက်၏။

ညစာ စားပြီးနောက် စုမိသားစုက လမ်းလျှောက်ထွက်ခဲ့ကြသည်။

အိမ်သို့ ပြန်ရောက်သောအခါ စုလုရီက သူ၏ အခန်းသို့ တန်းသွားပြီး ရေတန်းချိုးလိုက်၏။

ရေချိုးခန်းမှ ထွက်လာသောအခါ စိတ်ညစ်ညူးနေသည့် ပုံစံဖြင့် စုချီက ဝရံတာတံခါးတွင် ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် စုလုရီက သွားဖွင့်ပေးလိုက်သည်။

စုချီက စုလုရီ၏ အခန်းထဲသို့ ဝင်လာပြီးနောက် တံခါးကို လက်နောက်ပြန် ပိတ်ကာ စုလုရီကို ဖက်ပြီး နမ်းစုပ်တော့၏။

ထို့နောက် စုချီက စုလုရီကို ကုတင်ပေါ်သို့ လှဲချကာ စုလုရီကို တင်းကျပ်စွာဖက်ပြီး နမ်းစုပ်တော့သည်။

ခဏကြာ နမ်းစုပ်ပြီးနောက် စုလုရီက ယားယံလာ
သဖြင့် "အစ်ကိုကြီး၊ ဖက်ပဲ ဖက်လေ။ လျှောက်မပွတ်နဲ့၊ ယားတယ်" ဟု ပြောလိုက်၏။

သို့သော် စုချီက နားမထောင်ဘဲ စုလုရီ၏ ခန္ဓာကိုယ်အနှံ့ ပွတ်သပ်နေရာ အပြင်ဘက်ရှိ တံခါးပိတ်သံများ ကြားမှ ရုတ်တရက် ထရပ်လိုက်တော့သည်။

စုလုရီက အခြေအနေကို မရိပ်မိခင်မှာဘဲ စုချီက လက်မောင်းကို ဆွဲထူလိုက်သဖြင့် "အစ်ကိုကြီး၊ ဘာဖြစ်လို့လဲ" ဟု ထိတ်လန့်ကာ မေးလိုက်၏။

"ငလျင်လှုပ်နေတယ်၊ စုလုရီ"

ထိုအခါမှသာ စုလုရီက လန့်ဖြန့်ပြီး စုချီ၏ နောက်မှ လိုက်ပြေးရန် ပြင်လိုက်သည်။

စုလုရီက အင်္ကျီကို ကောက်ဝတ်ကာ ကြယ်သီး တပ်နေရင်းဖြင့် နှစ်ယောက်သား တံခါးမှ အတူ ထွက်လိုက်သောအခါ တတိယထပ်မှ ဆင်းလာကြသော စုကျစ်ထုံတို့နှင့် သွားဆုံမိလေတော့၏။


...…….................................
.........................................


အပိုင်း (၆၉) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now