Chapter 7 - မင်း ဘောင်းဘီဝတ်စမ်း
စုချီရဲ့ ကားကို လမ်းဘေးချရပ်ထားလေသည်။ အဲ့တာက အနက်ရောင်ဖျောဖျော့လေးဖြစ်ပြီး သူ့ကိုယ်ထည်က ချောမွေ့ကာ တောက်ပြောင်နေသည်။
စုလုရီက တံခါးကို ဖွင့်ကာ ခရီးသည်ထိုင်ခုံမှာ ထိုင်လိုက်သည်။ ဘေးတိုက်ကြည့်နေရင်း အရိုးတွေထင်းနေတဲ့လက်တစ်စုံက ကားစီယာတိုင်ကို ကိုင်လိုက်တာ တွေ့လိုက်သည်။ လက်က သွေးကြောစမ်းတွေပါမြင်ရပြီး သန့်ရှင်းနေသည်။
ပေါ့ပါးစွာ ထိုင်နေတဲ့ စုချီက ပြင်းထန်လှတဲ့အရှိန်အဝါတွေကို သူခံစားလိုက်ရသည်။ စုလုရီအတွေးများသွားရသည်။ မူလပိုင်ရှင်က သည်လို လူကို ဘယ်နေရာများကြည့်ပြီး ကဲ့ရဲ့အပြစ်တင်နေတာပါလိမ့်။
“အစ်ကိုကြီး“
“ဟမ်“
သူက တောင်းဆိုလိုက်သည်။
“ကျွန်တော် မောင်းမယ်ဆိုရင်ရော“
စုချီ အတွေးထဲမှာ မျက်ခုံးပင့်သွားရသည်။
“ဒါက မင်း နောက်ထပ် လူသတ်မဲ့ ပုံစံလား“
“….”
စုချီက ဂီယာကို လက်တစ်ဖက်နဲ့ဆွဲလိုက်တာကြောင့် စုလုရီ နောက်ဆုတ်သွားရသည်။ သူက လီဗာကို နင်းလိုက်ပြီး ကားကိုလမ်းပေါ်တင်လိုက်သည်။
ကားပြတင်းပေါက်ကနေ လမ်းမြင်ကွင်းကို ဝါးဝါးလေးမြင်နေရသည်။ ကောင်းကင်က မှောင်လာပြီဖြစ်ကာ အချို့ဈေးဆိုင်တွေကလည်း မီးတွေစထွန်းလာကြသည်။ ပိတ်ရက်ဖြစ်နေတာတောင်မှ ရှုပ်ထွေးနေတဲ့အချိန်က မပြောင်းလဲပေ။ အသက်ရှင်ဖို့အတွက်၊ အလုပ်လုပ်နေရသူတွေအတွက် ပိတ်ရက်ဆိုတာ မရှိပေ။
မီးပွိုင့်မိတာကြောင့် လမ်းမှာ ကားတွေ ပိတ်နေကြသည်။ စုလုရီက ပြတင်းပေါက်နား တိုးလိုက်ပြီး လမ်းကို ကြည့်လိုက်သည်။ အသက်ရူထုတ်လိုက်တဲ့ လေပူတွေက ပြတင်းပေါက်မှာ သွားအငွေ့ပြန်လေသည်။
ကားက ရပ်တန့်သွားသည်။
စုလုရီက လက်ကို ထုတ်လိုက်ပြီး ကားပြတင်းပေါက်ပေါ်မှာ အသဲပုံဆွဲနေတာကို စုချီကြည့်နေလိုက်သည်။ အဲ့တာ မညီမညာဖြစ်နေပြီး နည်းနည်းကြည့်ရဆိုးလေသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ပြောတော့မည့် ဆဲဆဲမှာ စုလုရီက အသဲပုံစံလေးထဲ စာလုံးနှစ်လုံးရေးလိုက်သည် ..... အစ်ကိုကြီး