စုလုရီ
အပိုင်း (၇၇) စုချီ၏ ပူပန်မှု
စုချီ၏ စကားကြောင့် နျဲ့ယီဟုက လက်မလျှော့သေးဘဲ စုလုရီကို လက်ကမ်းကာ "ကျွန်တော်နဲ့ အတူတူ ကမလား" ဟု ဖိတ်ခေါ်လိုက်သည်။
ထိုအခါ စုလုရီက ထိတ်လန့်သွားပြီး ငြင်းပယ်ဖို့ ဆင်ခြေပြန်ပေးရန် ခဏကြာ စဉ်းစားလိုက်၏။
ထိုအချိန်တွင် စုချီက စုလုရီ၏ ခါးကို ဖက်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး "မင်း ငါနဲ့ အတူတူ ကမလား" ဟု ဖိတ်ခေါ်လိုက်သည်။
စုချီ၏ အပြုအမူကြောင့် အနီးအနားရှိ လူများကပါ ဝိုင်းကြည့်ကြပြီး စွင်းယွဲ့နှင့် ကျိုးချင်းချန်တို့က ကြည့်ကာ ထိတ်လန့်နေကြ၏။
နျဲ့ယီဟုကလည်း "မစ္စတာ စု၊ ကျွန်တော့်ကို လိုက်ပြီး ဆန့်ကျင်နေတာလား" ဟု ထပြောလိုက်သည်။
စုချီက နျဲ့ယီဟု၏ စကားကို ဂရုမစိုက်ဘဲ စုလုရီကို
သာ အကြင်နာ ပြည့်ဝနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်၏။
ရုတ်တရက် အတူ ကရန် တောင်းဆိုခံလိုက်ရသော စုလုရီကလည်း ရင်ခုန်သံများ မြန်လာကာ စုချီကို အဓိပ္ပာယ် လေးနက်သော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
ခဏကြာ စိုက်ကြည့်ပြီးနောက် စုလုရီက လက်တစ်ဖက်ကို ထုတ်ကာ စုချီ၏ လက်ပေါ်တင်လိုက်ပြီး "အင်း၊ ကကြမယ်" ဟု ပြော၍ လက်ခံလိုက်၏။
နျဲ့ယီဟုကမူ နှစ်ယောက်သား၏ အပြုအမူကိုကြည့်ပြီး အံ့ဩမှင်သက်သွားကာ စကားထပ်မပြောတော့ပေ။
စုချီက စုလုရီ၏ ခါးကို ဖက်ပြီး လက်ကိုကိုင်ကာ အက ခန်းမဆီသို့ လျှောက်သွားလိုက်သည်။
ထိုအခါ ကပွဲရှိ လူများက စုချီတို့ဆိီသို့ အကြည့်များ စုပုံရောက်လာကာ သို့လောသို့လော ပြောဆိုနေကြတော့၏။
"ဟဲ့၊ စုမိသားစုက ရေခဲမင်းသား စုချီက စုမိသားစုရဲ့ မွေးစား သားနဲ့လား"
"သူတို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား"
...
စုလုရီက အားလုံး၏ အကြည့်မှာ သူ့ဆီသို့ ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် စုချီ အနားသို့ ကပ်ကာ "သူတို့ ဘယ်လို တွေးကြမယ်လို့ ထင်လဲ၊ အစ်ကိုကြီး" ဟု မေးလိုက်သည်။
"သူတို့က ငါတို့ ညီအစ်ကို နှစ်ယောက်ကို လိုက်ဖက်လိုက်တာလို့ တွေးနေကြမှာ" ဟု စုချီက စုလုရီ အနားသို့ ကပ်ကာ ပြန်ပြောလိုက်သည်။
စုချီ၏ အဓိပ္ပာယ် မရှိသော စကားကြောင့် စုလုရီမှာ ဆွံ့အသွားတော့၏။
စုချီနှင့် စုလုရီက ကပွဲအလယ်သို့ ရောက်သွားသည့် အချိန်တွင် ဂန္တဝင် တေးဂီတ၏ အသံက စတင်
ပေါ်ထွက်လာခဲ့သည်။
စုလုရီက စုချီနှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်ကာ စုချီ၏ ပုခုံးပေါ်သို့ လက်တင်လိုက်၏။
စုချီကလည်း စုလုရီ၏ ခါးကို ဖက်ကာ စုလုရီကို ငုံ့ကြည့်လိုက်ပြီး "ငါ့ ခြေလှမ်းအတိုင်း လိုက်ရွှေ့" ဟု ပြောလိုက်သည်။
"ဒါဆို အစ်ကိုကြီး ခြေထောက်ကို နင်းမိသွားရင် ဘယ်လိုလုပ်မလဲ"
"ရတယ်။ ငါ့ ခြေလှမ်းအတိုင်း လှမ်းရင် နင်းမိမှာ မဟုတ်ဘူး"
စုလုရီက စုချီ၏ မျက်နှာကိုသာ ကြည့်ရင်း စုချီနှင့် အတူ စီးမြော ကခုန်နေလိုက်ရာ ဘေးပတ်ဝန်းကျင်ကိုပါ မေ့သွားပြီး စုချီ တစ်ယောက်တည်းကိုပဲ မြင်တော့သည်။
သီချင်းသံ အဆုံးတွင် စုလုရီက စုချီကို အကြင်နာမျက်ဝန်းများဖြင့် ကြည့်ကာ သတိလွတ်ပြီး စုချီကို
နမ်းမိတော့မလို ဖြစ်သွားခဲ့သည်။
သို့သော် စုချီက လက်ကို လှမ်းဆွဲလိုက်သဖြင့် စုလုရီက အသိစိတ် ပြန်ဝင်ကာ လူအုပ်ကြီးကို ပြန်သတိထားမိသွားသည်။
စုချီက စုလုရီ၏ လက်ကိုဆွဲပြီး အကခန်းမမှ လျှောက်လမ်းဆီသို့ ထွက်လာခဲ့လိုက်၏။
စုချီတို့၏ နောက်ကွယ်၌ တီးတိုး ပြောဆိုနေမှုများကမူ တစ်စထက် တစ်စ ပိုမိုများပြားလာခဲ့သည်။
"အဲ့ဒါ စုချီမလား။ သူ့ ဘေးက ကောင်လေးက ဘယ်သူလဲ"
"သူက စုမိသားစုရဲ့ အငယ်ဆုံးသားလေ"
"ဪ၊ အတွဲတွေ ထင်လို့ လန့်သွားတာပဲဟယ်။ ညီအစ်ကိုမို့လို့ တော်သေးတာပေါ့"
"ဒါပေမယ့် တကယ့် ညီအစ်ကို အရင်းတော့ မဟုတ်ဘူး။ မွေးစားသား"
"မွေးစားသားလည်း ဘာဖြစ်လဲ။ အိမ်ထောင်စုစာရင်း တစ်ခုထဲမှာ ရှိနေရင် တရားဝင်တာပဲ မလား"
စုလုရီက သူ၏ လက်ကို ဆွဲကိုင်ထားသော စုချီ၏ လက်များက တင်းကျပ်လာသဖြင့် စုချိီကို လှမ်းကြည့်လိုက်သောအခါ စုချီ၏ မျက်ဝန်းများက မျက်တောင်ရှည်ကြီးများဖြင့် ဖုံးကွယ်ထားသဖြင့် သေချာ မမြင်လိုက်ရပေ။
လျှောက်လမ်းတွင် လျှောက်လာသော ဝိတ်တာကို တွေ့လိုက်သောအခါ စုချီက "နားနေခန်းက ဘယ်နားမှာလဲ" ဟု မေးလိုက်သည်။
"ဒီတည့်တည့် ဆက်လျှောက်သွားပြီး သုံးခန်းမြောက်ဆို ရောက်ပါပြီ ဆရာ"
စုချီက နားနေခန်းသို့ ရောက်သောအခါ အခန်းတွင်း၌ တစ်ယောက်မှ မရှိကြောင်းကို တွေ့လိုက်ရသည်။
အကြောင်းရင်းမှာ ပါတီပွဲက အခုမှ စသဖြင့် နားနေခန်းဆီသို့ တစ်ယောက်မှ ရောက်မလာကြသေးခြင်း
ဖြစ်၏။
စုချီက နားနေခန်း တံခါးကို ပိတ်ကာ စုလုရီကို သိုင်းဖက်ပြီး နှုတ်ခမ်းများကို ပြင်းပြင်းရှရှ ငုံ့နမ်းတော့သည်။
စုလုရီက စုချီကို ပြန်ဖက်ထားရင်း နမ်းချင်သောသူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်းကို သိလိုက်ရသဖြင့် ဝမ်းသာကျေနပ်သွား၏။
ပင့်ရှိုက်သံများဖြင့် အချိန်တစ်ခုအထိ နမ်းလိုက်ကြပြီးနောက် ပြန်ခွာလိုက်ကြကာ အသက်ဝအောင် ပြန်ရှူလိုက်ကြသည်။
အဝတ်အစားများမှာလည်း ပါတီပွဲသို့ စရောက်လာခါစကဲ့သို့ မဟုတ်တော့ဘဲ ပုံပျက်သွားသဖြင့် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြင်လိုက်ကြသည်။
စုချီက စုလုရီ၏ မျက်နှာကို ကြည့်ကာ "ငါ အရင်သွားမယ်။ မင်း ခဏကြာမှ လိုက်ထွက်လာခဲ့" ဟုပြောလိုက်၏။
"ဘာဖြစ်လို့လဲ အစ်ကိုကြီး"
"မင်းရဲ့ မျက်နှာက အရမ်း သိသာနေတယ်။ ဒီအတိုင်းသာ ထွက်သွားရင် ငါ အတင်းနမ်းထားတယ်ဆိုတာ လူတိုင်းက သိသွားလိမ့်မယ်" ဟု ပြောပြီး စုချီက တံခါးကို ဖွင့်ကာ ထွက်သွားတော့သည်။
လျှောက်လမ်း တစ်လျှောက်တွင်လည်း စုချီ၏ ခေါင်းထဲ၌ "အိမ်ထောင်စု စာရင်း တစ်ခုထဲမှာ ရှိနေရင် တရားဝင်တာပဲ မလား" ဟူသော စကားကို ပြန်ကြားယောင်နေကာ ပူပန်မှုများ ပြည့်နှက်လာတော့သည်။
မိနစ် နှစ်ဆယ် ကြာပြီးနောက် စုလုရီက နားနေခန်းမှ ပြန်ထွက်လာကာ စုချီတို့ဆီသို့ လျှောက်လာခဲ့လိုက်၏။
စုချီက စုကျန်းချန်တို့နှင့်အတူ ရှိနေပြီး စွင်းဟဲ့ယွီနှင့် ကျိုးချင်းချန်တို့ကိုမူ အနားတွင် မတွေ့ရပေ။
စုချီက မျက်လုံးကို မှိတ်ပြီး ဆိုဖာပေါ်တွင် တည်ငြိမ်စွာ မှီထိုင်နေသဖြင့် စုလုရီက "အစ်ကိုကြီး၊ ဘာဖြစ်လို့လဲ" ဟု မေးလိုက်သောအခါ စုယွီက "အနားယူနေတယ်" ဟု ပြန်ဖြေပေးလိုက်သည်။
ပါတီပွဲမှာလည်း ပြီးလုနီးပါး ဖြစ်လာကာ ဧည့်သည်အချို့မှာ ပြန်ကုန်ကြပြီ ဖြစ်သဖြင့် စုလုရီတို့ကလည်း ပြန်ရန် ပြင်လိုက်ကြသည်။
ကျိုးချင်းချန်က စုလုရိီတို့ကို ကားပေါ် မတက်ခင်အထိ လိုက်ပါ နှုတ်ဆက် ပို့ဆောင်ပေးလိုက်၏။
စုလုရီက ကားပေါ်သို့ နောက်ဆုံးမှ တက်လိုက်ကာ ကားပေါ်တွင် စုချီက တည်ငြိမ်စွာ မှီထိုင်နေဆဲ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် ထူးဆန်းသွားသည်။
ဤသို့ဖြင့် စုညီအစ်ကို လေးယောက်က တိတ်ဆိတ်စွာဖြင့် အိမ်သို့ ပြန်ရောက်လာခဲ့ကြ၏။
အိမ်သို့ပြန်ရောက်သည့် အချိန်မှာ မွန်းတည့်ချိန်ဖြစ်ပြီး တစ်ရေးအိပ်ရန် အလွန်ကောင်းမွန်သည့် အချိန်ဖြစ်သဖြင့် စုချီက စောင်အောက်သို့ ဝင်ကာ တစ်ရေးတစ်မော အိပ်စက်လိုက်သည်။
သို့သော် ကောင်းစွာ အိပ်စက်ခြင်း မဟုတ်ဘဲ အတွေးများကို တွေးတောကာ လဲလျောင်းနေခြင်း ဖြစ်၏။
တစ်နာရီ ကြာပြီးနောက် စုချီက ရုတ်တရက် ကုတင်ပေါ်မှ ထကာ သုံးလွှာရှိ စာဖတ်ခန်းသို့ ဦးတည် တက်သွားလိုက်သည်။
စာဖတ်ခန်းထဲတွင် စာအုပ်စင်များနှင့် ရွှေရောင် ကမ္ဘာလုံး တင်ထားသော စားပွဲခုံရှိ၏။
စုချီက စာအုပ်စင်ဆီသို့ တန်းလျှောက်သွားကာ စာအုပ်စင်ပေါ်မှ အိမ်ထောင်စု စာရင်းစာအုပ်ကို ထုတ်ဖတ်လိုက်သည်။
နောက်ဆုံးစာရွက် ရောက်သွားမှသာ စုချီ၏ ရင်ထဲမှ အပူလုံးကြီး ကျသွားတော့၏။
အကြောင်းရင်းမှာ အိမ်ထောင်စု စာရင်း စာအုပ်၌ စုလုရီ၏ နာမည် မပါသောကြောင့် ဖြစ်သည်။
...…….................................
.........................................
အပိုင်း (၇၇) ပြီးပါပြီ။