ပြန်လည်မွေးဖွားလာသော အမြောက်စ...

By PrettiOcean

143K 15.2K 401

This is not my own story More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-76

744 78 0
By PrettiOcean

Chapter 76

နေ့တိုင်း မော့တိက ခြောက်နာရီခွဲတွင် နိုးလာကာ သန့်ရှင်းရေးလုပ်ပြီး နံနက်စာစားသည်။ သူကတော့ ခုနစ်နာရီထိုးခါနီးမှ စားပြီးကာ မနက်စာကို စာသင်ခန်းသို့ တိုက်ရိုက်ပို့ပေးလေ့ရှိသည်။

ဤနည်းဖြင့် တခြားသူများမှာ ရှစ်နာရီအထိ အိပ်နိုင်ပြီး ဆေးကြောသန့်စင်ပြီးသည်နှင့် စာသင်ခန်းထဲတွင် မနက်စာ စားရုံပင်ဖြစ်သည်။

ချန်ကျောင်းနှင့် ကျန်သူများက မည်မျှပင် ပင်ပန်းသည်ဖြစ်စေ အချိန်မှီနိုးထနိုင်သည့် မော့တိ၏ အံ့သြဖွယ် ဇွဲလုံ့လကို ချီးမွမ်းရန်အတွက် နံနက်စာစားချိန် ချီးမွမ်းထောမနာပြုကာ အမြဲလိုလို သီချင်းဆိုကြသည်။

"ဒီအဖေက အရမ်းကံကောင်းပြီး ရှောင်တိလိုမျိုး ငဲ့ညှာတတ်တဲ့လူရှိလို့ ပျော်တယ်" 

လင်ကျွင်းဖုန်က သူ့ပေါင်မုန့်ကို ကိုက်ပြီး ဇီးသီးခြောက်ဟင်းရည်ကို သောက်လိုက်ကာ

“ကျေနပ်တယ် ဒီဘဝမှာ ရှောင်တိနဲ့တွေ့ဆုံရတာနဲ့တင် လုံလောက်ပါပြီ''

(Jujube soupကို ရှာကြည့်လိုက်တော့ ကြက်သားတွေ၊ဘဲသားတွေကို ဇီးသီးခြောက်နဲ့ချက်ထားတာပါ)

"ပါးစပ်ပိတ်ထား။" ရှန့်ယွီချောင်က

လင်ကျွင်းဖုန်အား ရွံရှာသောအကြည့်ဖြင့် ကြည့်ပြီး

"စားစရာတောင်မှ မင်းပါးစပ်ကို မပိတ်ထားနိုင်ဘူး ရှောင်တိကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာကို ရပ်လိုက်စမ်း ”

ထိုအချိန်တွင် ချန်ကျောင်းက တံတောင်ဖြင့်လှမ်းတွတ်လိုက်ရင်း ဖုန်းကိုစူးစိုက်ကြည့်ပြီး ရုတ်တရက် ထအော်ကာ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

"ချန်ကျောင်း မင်း ရူးနေတာလာ။!" ရှန့်ယွီချောင်က သူ့ပန်ကိတ်ထဲတွင်သိပ်ထားသော အသားများပြုတ်ကျသွားသောကြောင့် အသားများ ဆုံးရှုံးသွားသည့်အတွက် သူ့မျက်နှာက ရှုံ့တွသွားကာ ဝမ်းနည်းစွာငိုကြွေးရင်း

“ငါ့အသား !!! ချန်ကျောင်း ငါ မင်းကို အရှင်မထားဘူး မင်း…”

"ရှင်းဝေ့သောင်က လတ်တလောရှာဖွေမှုအများဆုံးစာရင်းထဲရောက်နေတယ်''

ချန်ကျောင်းက ရှန့်ယွီချောင်၏ စိတ်ဆိုးစွာ ပြောသံကို မကြားရတော့ဘဲ စိတ်လှုပ်ရှားစွာ ခေါင်းမော့လိုက်ပြီး "ရှင်းဝေ့သောင်က  ရှာ ဖွေမှုစာရင်းရဲ့ ထိပ်ဆုံးဆယ်ခုထဲ ရောက်နေပြီ''

မော့တိက codeတွေရိုက်ထည့်နေတာကို ရပ်လိုက်ပြီး weiboကိုဖွင့်လိုက်သည်။

အမှန်ပင် ရှင်းဝေ့သောင် အမည်ရဂိမ်းမှာ ရှာဖွေမှုစာရင်း၏ အဆင့် ၁၁ နေရာတွင် ရှိနေသည်။

မော့တိက ၄င်းကို နှိပ်လိုက်သည်။

ဟွာရှားရှိ အကြီးဆုံးဂိမ်းကုမ္ပဏီတစ်ခု၏သူဌေးက ဂိမ်းနမူနာကို ထပ်ဆင့်မျှဝေပြီး မှတ်ချက်ပေးခဲ့သည်။

“မဆိုးဘူး အခြေခံဂိမ်းကစားပုံကို အရမ်းကောင်းမွန်အောင် ပြုလုပ်ထားတယ် အထူးအင်္ဂါရပ်တွေနဲ့ ကျွမ်းကျင်မှုလည်းရှိပြီး တကယ်စိတ်ဝင်စားဖို့ကောင်းတယ် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်းတွေ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်”

သူ၏ သတင်းကို တင်ပြီးနောက် အခြားမီဒီယာ အမှတ်တံဆိပ်အများအပြားက စိတ်ဆိုးခဲ့ကြပြီး နောက်တွဲသတင်းများကို ထပ်တင်ကာ ဂိမ်းခေါင်းစဉ်ကို ရှာဖွေမှုစာရင်းသို့ တွန်းပို့ခဲ့သည်။ ထို့ကြောင့် ရှင်းဝေ့သောင်က အဆင့်၁၁သို့ တဖြည်းဖြည်း တက်လာသည်။

သို့သော် မော့တိအနေဖြင့် အလွန်အမင်း တုန်လှုပ်ခြင်းမရှိပေ။

သေချာပေါက်ကို ရှင်းဝေ့သောင်က ဤသို့ အခြားသူများ၏ အာရုံများကို ဖမ်းစားနိုင်ခဲ့သောကြောင့် ပျော်မိသော်လည်း နျိုယွီဂိမ်းကုမ္ပဏီ၏သူဌေး ကျောက်လင်ကျစ်က ဂိမ်းပေါ်ထောပတ်သုတ်ကာ သံလွင်ခက်ကို ပေးကမ်းပေးသည့်အတွက် ကျေးဇူးမတင်ပေ။

သူ၏နောက်ဆုံးဘဝ၌ အပေါ်ယံတွင် နွေးထွေးကြင်နာသော အမူအရာရှိသည့် ရှောင်လင်ကျစ်က သစ္စာဖောက်စိတ်ဓာတ်ရှိပြီး ယဲ့ချန်းဖုန်နှင့် ပူးပေါင်းကြံစည်ကာ သူ့ကုမ္ပဏီကို ဖြုတ်ချလုနီးပါးဖြစ်သည်။ ကျောက်လင်ကျစ်မှာ မော့တိ၏ ဂိမ်းကုမ္ပဏီမှ ဝန်ထမ်းတစ်ဝက်ခန့်ကို ဝယ်ယူကာ ဂိမ်းကို သူတတ်နိုင်သမျှ လွှတ်ထားခြင်းဖြင့် သူ့ကိုယ်ပိုင်ဂိမ်းများအား မော့တိကလှည့်စားကာ ခိုးယူသည်ဟု စွပ်စွဲခဲ့သည်။

သူ့လက်များကိုသာ မထိန်းထားပါက သူ့ကုမ္ပဏီ၏နာမည်မှာ မီးတောက်လောင်သွားလိမ့်မည်။

"ရှောင်တိ မင်း ဘယ်လိုလုပ် တည်ငြိမ်နေနိုင်သေးတာလဲ အဲဒါက နျိုယွီရဲ့ သူဌေး ကျောက်လင်ကျစ်လေ”

ချန်ကျောင်းက မော့တိ၏ အကြည့်များ မှုန်မှိုင်းနေသည်ကို မြင်သောအခါ သူ့မျက်လုံးရှေ့ကို လက်ဖြင့် ဝှေ့ယမ်းလိုက်သည်။

"မင်း ငေးငိုင်နေတာ အရမ်းစိတ်လှုပ်ရှားနေလို့လား"

"အမှန်ပဲ ရှောင်တိ သူဒီလိုပြောပြီးကတည်းက ရှင်းဝေ့သောင်ကို ကြော်ငြာဖို့ မင်းနဲ့ပူးပေါင်းချင်တာပဲဖြစ်မယ်!" 

ရှန့်ယွီချောင်က သူ၏ပြုတ်ကျသွားသော အစားအစာများကို လျစ်လျူရှုလိုက်ပြီး

"အချိန်တန်ရင် မင်းနာမည်ကြီးသွားမှာ သေချာတယ် ပြီးတော့ မင်းအဲတာအတွက် ပိုက်ဆံအများကြီးရလိမ့်မယ် ရှောင်တိ မင်းတော့ချမ်းသာတော့မယ်''

“မင်းတို့ အတွေးလွန်နေပြီ၊ အခုက အချိန်ကိုက်မဟုတ်သေးဘူး''

မော့တိက ပြုံးပြီး သူ့ကွန်ပြူတာကို ပိတ်လိုက်သည်။ 

"ကြောင်ပြာဂိမ်းကုမ္ပဏီရဲ့ သူဌေးကလည်း မနေ့က ပြိုင်ဆိုင်မှုမှာ တခြားဂိမ်းသုံးမျိုးကိုလည်း ချီးကျူးတယ်မဟုတ်ဘူးလား သူ့အတွက် သုံးခုလုံးကို တစ်ချိန်တည်း ပံ့ပိုးဖို့ မဖြစ်နိုင်ဘူး သူတို့ စိတ်ဝင်စားတဲ့ ဂိမ်းတွေကို ဒီတိုင်းပဲ ရိုးရိုးရှင်းရှင်း လိုက်ရှာတာ ဖြစ်နိုင်တယ်''

“ဒါပေမယ့် သူတို့က ဒီဂိမ်းတွေကို ပူးပေါင်းပြီး တီထွင်ဖန်တီးချင်တယ်လို့ ငါတကယ်ထင်တယ် ကြောင်ပြာရဲ့သူဌေးက ဖွံ့ဖြိုးဆဲအဖွဲ့တွေကို ဆက်သွယ်နေပြီ ရှောင်တိ မင်း အဆင်သင့်ပြင်ထားသင့်တယ်''

ရှန့်ယွီချောင်က ရှားရှားပါးပါး လေးနက်သော မျက်နှာဖြင့် မော့တိအား ကြည့်လိုက်ကာ “ရှင်းဝေ့သောင်က ထူးခြားတဲ့ ဂိမ်းတစ်ခုပဲ သူ့ရဲ့ ကဏ္ဍတိုင်းက အခြားအွန်လိုင်းဂိမ်းတွေထက် သာလွန်ကောင်းမွန်ပြီး လူကြိုက်များလာမှာ သေချာတယ် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ အဲ့ဒါကို စျေးကွက်ထဲ မိတ်ဆက်ပေးတော့မှာ မင်း ဘယ်သူနဲ့ လက်တွဲချင်လဲ ဆိုတာ သေချာစဉ်းစားပြီး သူတို့ကို အခု ဆက်သွယ်ထားကြည့်ဖို့ လိုတယ်

''ကောင်းပြီ ငါစဉ်းစားထားလိုက်မယ်"

မော့တိက ပြုံးလိုက်သော်လည်း ရှန့်ယွီချောင် အကြံဉာဏ်ပေးသကဲ့သို့ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် စိတ်ထဲ တွေးမထားခဲ့ပေ။

သို့သော်လည်း ရှန့်ယွီချောင်၌ ကောင်းသည့်အချက်တစ်ခုရှိသည်။ ယခု ဂိမ်းက အလွန်ရေပန်းစားလာသောကြောင့် လူထုရှေ့သို့ ဖော်ဆောင်ထုတ်လုပ်ခြင်းမှာ မကြာမီလာမည့် ဖြေရှင်းချက်တစ်ခုဖြစ်ပြီး ၎င်းကို လာမည့် တစ်နှစ်ခွဲ သို့မဟုတ် ထို့ထက်နည်းသည့်အချိန်အတွင်း လုပ်ဆောင်သင့်သည်။

သူက အသင်းခေါင်းဆောင်အဖြစ် ကုမ္ပဏီတစ်ခုအောက်တွင် အလုပ်မလုပ်ချင်ခဲ့ရုံသာဖြစ်သည်။ သူဖြစ်လိုသည်က သူ့ကုမ္ပဏီကို သူတည်ထောင်ပြီး ဟွာရှား၌ သူ့ဂိမ်းများကို အထွတ်အထိပ်အထိ ကြော်ငြာခွင့်ရကာ နောက်ဆုံးတွင် ကမ္ဘာကသိသည်အထိ မြှင့်တင်ဖို့ပင်ဖြစ်သည်။

သူ့ကုမ္ပဏီအတွက် မှတ်ပုံတင်ခြင်းကို အစီအစဉ်တွင် ထည့်သွင်းထားရမည့်ပုံရသည်။

စံချိန်မီဂိမ်းကုမ္ပဏီတစ်ခုအနေဖြင့် မှတ်ပုံတင်ခြင်းအတွက် အရည်အချင်းပြည့်မီရန် လုပ်ငန်းလည်ပတ်ရန် ခွင့်ပြုထားသော လိုင်စင်တစ်ခု လိုအပ်သည်။ ထို့အပြင် ဤလိုင်စင်ရရန် စံသတ်မှတ်ချက်မှာ တစ်ခုကို ခုနစ်ပုံတစ်ပုံ အရင်းအနှီးရှိရမည်ဖြစ်သည်။

မော့တိတွင် ယခုအချိန်၌ ထိုပမာဏမရှိပေ။

မော့တိက နှစ်ခါမျှပြန်စဉ်းစားပြီး နောက်ဆုံးတွင် မုထျန်းဟန်ထံမှ ပိုက်ဆံချေးရန် သို့မဟုတ် သူ့ကုမ္ပဏီတွင် ရှယ်ယာရှင်အဖြစ် တိုက်ရိုက်ရင်းနှီးမြုပ်နှံရန် တောင်းဆိုပြီး ကုမ္ပဏီကို အတူတကွ ထူထောင်ချင်ခဲ့သည်။ ရှယ်ယာအများစုက မုထျန်းထံသို့ ရောက်သွားမည်ဖြစ်သည်။

သူတစ်ခုတည်းသော စိုးရိမ်သည်က မုထျန်းဟန် သဘောမတူမည်ကိုပင်။

မော့တိ ဤကိစ္စကို အကြိမ်ကြိမ်စဉ်းစားခဲ့ပြီး မုထျန်းဟန်မှ သူ၏ကမ်းလှမ်းချက်အားလက်ခံလာအောင် ပုံစံချရန်အတွက် လာမည့်အမျိုးသားအားလပ်ရက်များကို အခွင့်ကောင်းယူရမည်ဟု ခံစားလိုက်ရသည်။ အနည်းဆုံး အစုရှယ်ယာ သုံးဆယ်ရာခိုင်နှုန်းကို ယူဖို့ သဘောတူလျှင် အကောင်းဆုံးပင်။

သို့သော်လည်း မုထျန်းဟန်၏ စရိုက်ကြောင့် ဤသည်မှာ စိန်ခေါ်မှုအနည်းငယ်ဖြစ်နိုင်သည်။

ရှန့်ယွီချောင်နှင့် အခြားသူများမှာ ခဏတာ စိတ်လှုပ်ရှားနေကြသော်လည်း မော့တိ၏ လျစ်လျူရှုမှုကို မြင်ပြီးနောက် သူတို့က တကျီကျီနှင့် အားလပ်ရက်အတွက် အစီအစဉ်များအကြောင်း တဖန်စကားစမြည်ပြောဆိုရင်း မော့တိကြောင့် သူတို့၏ စိတ်အားထက်သန်မှုများ လျော့ပါးသွားသည်။

“အားလပ်ရက်မှာ ပြီးအောင်လုပ်ရမယ့် အလုပ်တွေ အများကြီးရှိတယ် တကယ်လို့ ငါတို့အသင်းက ပြိုင်ပွဲမှာ ရှေ့တန်းရောက်ချင်ရင် ဒီကိုးရက်ကို ခိုင်ခိုင်မာမာ အသုံးချရမယ် မင်းမှာ အချိန်မရှိဘူး အဲ့ဒါကြောင့် ဒီအစီအစဥ်တွေကို အခုမလုပ်သေးဖို့ အကြံပေးလိုက်မယ်''

ရှန့်ယွီချောင်နှင့် အုပ်စုက တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းကြည့်ကာ “မရဘူး''

နောက်တစက္ကန့်၌ ခေါင်းလောင်းသံကြားရပြီး သူတို့ဆရာ ရောက်လာသည်။သူတို့ တိတ်တဆိတ်သာ ငိုနိုင်ကြတော့သည်။

သို့သော် သူတို့သာ မော့တိ၏စကားကို လျစ်လျူရှုပြီး သွားကစားကာ သူ့ကိုတစ်ယောက်တည်း အလုပ်လုပ်ဖို့ ထားခဲ့မည်ဆိုလျှင် သူတို့အနေဖြင့် ပျော်ရွှင်မှုထက် အပြစ်ရှိစိတ်ကို ပိုခံစားကြရလိမ့်မည်။

နောက်ဆုံးတွင် သူတို့က ပရိုဂရမ်ရေးဆွဲခြင်းမှအစပြု၍ မော့တိထံမှ နှစ်သက်မှုများစွာရယူပြီးနောက် သူ၏အဖွဲ့တွင် ပါဝင်ခွင့်ပြုကာ သူတို့အား ဂိမ်းအတွက် အမြတ်ဝေစုတစ်ရာခိုင်နှုန်းပေးလိမ့်မည်။ ဤရွှေပေါင်လုံးနှင့် ထိုက်တန်အောင် သူတို့ ကြိုးစားရမည်။

သက်ပြင်းချလိုက်ကာဖြင့်...

ရှန့်ယွီချောင်နှင့် အခြားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ခေါင်းငိုက်စိုက်ချကာ သူတို့၏ကံကြမ္မာကို လက်ခံလိုက်ကြတော့သည်။

ပိတ်ရက်ရောက်ရန် နှစ်ရက်သာကျန်တော့သည်။မော့တိက ဗီလာသို့ပြန်ရန်မျှော်လင့်နေပြီး မုထျန်းဟန်အား နေ့တိုင်းတွေ့နိုင်မည်ဖြစ်သောကြောင့် စိတ်ရွှင်မြူးနေသည်။

သူက ချန်ကျောင်းနှင့် အခြားလူများကို အလုပ်လုပ်ရန် ဗီလာသို့ ခေါ်လာ၍ရမလားဟုလည်း မုထျန်းဟန်အား မေးချင်သည်။ဤသည်က သူတို့ကို အလုပ်ခွင်မှာ ပိုသက်တောင့်သက်သာဖြစ်စေပြီး အားလပ်ရက်များမှာ ပင်ပန်းစေမိသည့်အတွက် လျော်ကြေးတစ်စိတ်တစ်ပိုင်းလည်း ဖြစ်လိမ့်မည်။

တစ်ချိန်တည်းမှာပင် မော့တိက မော့စစ်လန်အား ဆက်လက်စောင့်ကြည့်ခဲ့သည်။

ကြာသပတေးနေ့ည၌ ကုဒ်ရေးမှုတစ်ပိုင်းကို ပြီးမြောက်ပြီးနောက် သူက မော့မိသားစုအား စောင့်ကြည့်စစ်ဆေးခြင်းသို့ ပြောင်းလိုက်သည်။ မမျှော်လင့်ဘဲ ဒုတိယအဒေါ်နှင့် သူ့ခင်ပွန်း ရန်ပွဲကြီးဖြစ်နေတာကို သူ တွေ့လိုက်ရသည်။။ သူတို့က ဘောင်ကွက်ထဲသို့မ၀င်နေသော်လည်း သူတို့၏ ဒေါသသံများကို ရှင်းရှင်းလင်းလင်းကြားနိုင်ပြီး ငြင်းခုံမှုမှာ မည်မျှ ပြင်းထန်ကြောင်း ပြသနေသည်။

"မော့ရှစ်ချန် ရှင်က လူယုတ်မာပဲ ရှင့်ကို စန်းကျစ်ဆီကို သွားကြည့်စေချင်ပေမယ့် ရှင်ကလျစ်လျူရှုခဲ့တယ် ရှင်ဂရုစိုက်တာက ရှောင်ကွေ့တစ်ယောက်ကိုပဲ ရှင့်ရဲ့သွေးသားအစစ်က ဘယ်သူလဲ သိသရဲ့လား! ဒီနေ့ စန်းကျစ်နဲ့ သွားတွေ့ဖို့ သဘောတူထားပြီး အခုကျ အကြောင်းပြချက်တွေပေးပြီး မသွားဘူးပေါ့ဟုတ်လား''

"မင်းရူးနေလား?! ဒါက ရှောင်ကွေ့နဲ့ ဘာဆိုင်လဲ ပြဿနာရှာတာကို ရပ်နိုင်မလား မင်း ဘယ်လောက် ရူးသွပ်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ် သတိမထားမိဘူးလား''

"မော့ရှစ်ချန်၊ ရှင်တော်တော် အကြင်နာမဲ့ပါလား ကျွန်မကိုတောင် တွန်းရဲတယ်! ကျွန်မပြောတာ မမှားဘူး! ရှောင်ကွေ့မွေးကတည်းက သူ့ကို ရှင့်ဂရုစိုက်မှုအားလုံး ပေးခဲ့တယ် သူမ မူလတန်းကျောင်းစတက်တုန်းကဆို အာ့ချမ်၊ စန်းကျစ်နဲ့ ဝုဟန်တို့ရဲ့ တွေ့ဆုံပွဲတွေကို တစ်ခါမှ မတက်ဖူးတဲ့ ရှင်က ရှောင်ကွေ့ရဲ့ မိဘတွေ့ဆုံပွဲတက်ဖို့ သူ့အဖေ၊ အစ်ကိုကြီးရဲ့ မိသားစုနဲ့ လိုက်သွားခဲ့တယ် ရှင့်ရဲ့သားသုံးယောက်ကိုတော့ ရှင်ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး ကျွန်မမှားလား!"

"ရှောင်ကွေ့မွေးနေ့မှာ နှစ်တိုင်း ရှင်သူ့အတွက် ထူးထူးခြားခြား လက်ဆောင်တွေ ပေးလေ့ရှိတယ် တစ်ခါမှ ခြောက်ခုထက် မနည်းဘူး၊ တစ်ခါတလေ အဲဒါထက် ပိုသေးတယ် ဒါပေမယ့် ရှင့်သားတွေကရော ရှင်လုပ်ခဲ့သမျှက ကျွန်မကနေတဆင့် သူတို့ကို ပိုက်ဆံနည်းနည်းလောက်ပေးခိုင်းတာပဲရှိတယ် ရှင်က သူတို့ရဲ့အဖေလား ရှောင်ကွေ့ရဲ့အဖေလား ရှောင်ကွေ့က ရှင့်ရဲ့တရားမ၀င်သမီးများ ဖြစ်နေမလားပဲ''

"ပါးစပ်ပိတ်ထား! မင်းစကားပြောလေလေ ဒေါသထွက်လေပဲ အာ့ချန်နဲ့ စန်းကျစ်တို့ကကျောင်းသားကောင်းတွေဖြစ်လို့ ဘယ်မိဘများအစည်းအဝေးကိုမှ တက်ရောက်ဖို့ မလိုအပ်ဘူး ဝုဟန်နဲ့ ပတ်သတ်ပြီး သူ့အနားမှာ မင်းအမြဲတမ်းရှိတယ် မဟုတ်လား ငါကဘာလို့သွားဖို့လိုသေးလဲ မွေးနေ့လက်ဆောင်အဖြစ် ပိုက်ဆံပေးတာက ဘာမှားနေလဲ အဲ့ဒီတိရစ္ဆာန်ကောင် မော့တိကိုရော ဘာလို့ မကြည့်တာလဲ သူ့မွေးနေ့အတွက် ဘာရခဲ့လဲ ကလေးတွေကို တစ်ယောက်ကို အနည်းဆုံး တစ်သောင်းပေးခဲ့တယ် ဒါတောင် ငါအဖေတစ်ယောက်အဖြစ် အဆင်မပြေဘူးလို့ မင်းပြောရဲသေးလား"

"နင့်ရဲ့သားတွေကို အဲဒီ့တိရစ္ဆာန်ကောင်နဲ့ ဘယ်လိုနှိုင်းယှဉ်နိုင် တာလဲ အဆင့်အတန်းချင်းတူလို့လား!”

"မော့ရှစ်ဟုန် ကျွန်မပြောလိုက်မယ် ရှင် စန်းကျစ်နဲ့တွေ့ဖို့ငြင်းရင် ကျွန်မကွာရှင်းရလိမ့်မယ် ရှင်နဲ့ အတူမနေတော့ဘူး…”

မော့တိက ဖန်သားပြင်ကို ကြည့်ကာ လှောင်ရယ် လိုက်သည်။

ဤလူများက အလွန်စိတ်ကုန်စရာပင်။ သူတို့၏ အိမ်ထောင်ရေးအငြင်းပွားမှု၌ပင် သူ့ကို ဆွဲထည့်ချင်နေကြသည်။

သို့သော် ယင်းကအမှန်ပင် သူ့အတွက်  မွေး နေ့လေးတစ် ကြိမ်မျှပင် မကျင်းပပေးဖူးပေ။ နှစ်သစ်ကူးကာလကသာ သူမုန့်ဖိုးရသည့် တစ်ခုတည်းသောအခွင့်အရေးဖြစ်ခဲ့သည်။ မော့မိသားစုသည် အယူသီးပြီး သူတို့၏မျက်နှာကို တန်ဖိုးထားသောကြောင့် သူတို့သည် သူ့အား ငွေအနည်းငယ်ကိုသာ စိတ်မပါစွာ ပေးခဲ့ကြသည်။ သို့သော် ထိုပမာဏမှာ မော့လျှိုကွေ့၏ တစ်ရာခိုင်နှုန်းအောက်နှင့် အခြားဝမ်းကွဲများ၏ ဆယ်ရာခိုင်နှုန်းအောက်သာ ရှိသည်။

Xxxxxxx

Chapter 76

ေန႕တိုင္း ေမာ့တိက ေျခာက္နာရီခြဲတြင္ နိုးလာကာ သန႔္ရွင္းေရးလုပ္ၿပီး နံနက္စာစားသည္။ သူကေတာ့ ခုနစ္နာရီထိုးခါနီးမွ စားၿပီးကာ မနက္စာကို စာသင္ခန္းသို႔ တိုက္ရိုက္ပို႔ေပးေလ့ရွိသည္။

ဤနည္းျဖင့္ တျခားသူမ်ားမွာ ရွစ္နာရီအထိ အိပ္နိုင္ၿပီး ေဆးေၾကာသန့္စင္ၿပီးသည္ႏွင့္ စာသင္ခန္းထဲတြင္ မနက္စာ စား႐ုံပင္ျဖစ္သည္။

ခ်န္ေက်ာင္းႏွင့္ က်န္သူမ်ားက မည္မွ်ပင္ ပင္ပန္းသည္ျဖစ္ေစ အခ်ိန္မွီနိုးထနိုင္သည့္ ေမာ့တိ၏ အံ့ၾသဖြယ္ ဇြဲလုံ႕လကို ခ်ီးမြမ္းရန္အတြက္ နံနက္စာစားခ်ိန္ ခ်ီးမြမ္းေထာမနာျပဳကာ အၿမဲလိုလို သီခ်င္းဆိုၾကသည္။

"ဒီအေဖက အရမ္းကံေကာင္းၿပီး ေရွာင္တိလိုမ်ိဳး ငဲ့ညွာတတ္တဲ့လူရွိလို႔ ေပ်ာ္တယ္" 

လင္ကြၽင္းဖုန္က သူ႕ေပါင္မုန႔္ကို ကိုက္ၿပီး ဇီးသီးေျခာက္ဟင္းရည္ကို ေသာက္လိုက္ကာ

ေက်နပ္တယ္ ဒီဘဝမွာ ေရွာင္တိနဲ႕ေတြ႕ဆုံရတာနဲ႕တင္ လုံေလာက္ပါၿပီ''

(Jujube soupကို ရွာၾကည့္လိုက္ေတာ့ ၾကက္သားေတြ၊ဘဲသားေတြကို ဇီးသီးေျခာက္နဲ႕ခ်က္ထားတာပါ)

"ပါးစပ္ပိတ္ထား။" ရွန့္ယြီေခ်ာင္က

လင္ကြၽင္းဖုန္အား ႐ြံရွာေသာအၾကည့္ျဖင့္ ၾကည့္ၿပီး

"စားစရာေတာင္မွ မင္းပါးစပ္ကို မပိတ္ထားနိုင္ဘူး ေရွာင္တိကို အခြင့္ေကာင္းယူဖို႔ ႀကိဳးစားေနတာကို ရပ္လိုက္စမ္း

ထိုအခ်ိန္တြင္ ခ်န္ေက်ာင္းက တံေတာင္ျဖင့္လွမ္းတြတ္လိုက္ရင္း ဖုန္းကိုစူးစိုက္ၾကည့္ၿပီး ႐ုတ္တရက္ ထေအာ္ကာ လူတိုင္းကို ထိတ္လန႔္ေစခဲ့သည္။

"ခ်န္ေက်ာင္း မင္း ႐ူးေနတာလာ။!" ရွန့္ယြီေခ်ာင္က သူ႕ပန္ကိတ္ထဲတြင္သိပ္ထားေသာ အသားမ်ားျပဳတ္က်သြားေသာေၾကာင့္ အသားမ်ား ဆုံးရႈံးသြားသည့္အတြက္ သူ႕မ်က္ႏွာက ရႈံ႕တြသြားကာ ဝမ္းနည္းစြာငိုေႂကြးရင္း

ငါ့အသား !!! ခ်န္ေက်ာင္း ငါ မင္းကို အရွင္မထားဘူး မင္း

"ရွင္းေဝ့ေသာင္က လတ္တေလာရွာေဖြမႈအမ်ားဆုံးစာရင္းထဲေရာက္ေနတယ္''

ခ်န္ေက်ာင္းက ရွန့္ယြီေခ်ာင္၏ စိတ္ဆိုးစြာ ေျပာသံကို မၾကားရေတာ့ဘဲ စိတ္လႈပ္ရွားစြာ ေခါင္းေမာ့လိုက္ၿပီး "ရွင္းေဝ့ေသာင္က  ရွာ ေဖြမႈစာရင္းရဲ႕ ထိပ္ဆုံးဆယ္ခုထဲ ေရာက္ေနၿပီ''

ေမာ့တိက codeေတြရိုက္ထည့္ေနတာကို ရပ္လိုက္ၿပီး weiboကိုဖြင့္လိုက္သည္။

အမွန္ပင္ ရွင္းေဝ့ေသာင္ အမည္ရဂိမ္းမွာ ရွာေဖြမႈစာရင္း၏ အဆင့္ ၁၁ ေနရာတြင္ ရွိေနသည္။

ေမာ့တိက ၄င္းကို ႏွိပ္လိုက္သည္။

ဟြာရွားရွိ အႀကီးဆုံးဂိမ္းကုမၸဏီတစ္ခု၏သူေဌးက ဂိမ္းနမူနာကို ထပ္ဆင့္မွ်ေဝၿပီး မွတ္ခ်က္ေပးခဲ့သည္။

မဆိုးဘူး အေျခခံဂိမ္းကစားပုံကို အရမ္းေကာင္းမြန္ေအာင္ ျပဳလုပ္ထားတယ္ အထူးအဂၤါရပ္ေတြနဲ႕ ကြၽမ္းက်င္မႈလည္းရွိၿပီး တကယ္စိတ္ဝင္စားဖို႔ေကာင္းတယ္ ပူးေပါင္းေဆာင္႐ြက္ဖို႔ အခြင့္အလမ္းေကာင္းေတြ ရနိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္

သူ၏ သတင္းကို တင္ၿပီးေနာက္ အျခားမီဒီယာ အမွတ္တံဆိပ္အမ်ားအျပားက စိတ္ဆိုးခဲ့ၾကၿပီး ေနာက္တြဲသတင္းမ်ားကို ထပ္တင္ကာ ဂိမ္းေခါင္းစဥ္ကို ရွာေဖြမႈစာရင္းသို႔ တြန္းပို႔ခဲ့သည္။ ထို႔ေၾကာင့္ ရွင္းေဝ့ေသာင္က အဆင့္၁၁သို႔ တျဖည္းျဖည္း တက္လာသည္။

သို႔ေသာ္ ေမာ့တိအေနျဖင့္ အလြန္အမင္း တုန္လႈပ္ျခင္းမရွိေပ။

ေသခ်ာေပါက္ကို ရွင္းေဝ့ေသာင္က ဤသို႔ အျခားသူမ်ား၏ အာ႐ုံမ်ားကို ဖမ္းစားနိုင္ခဲ့ေသာေၾကာင့္ ေပ်ာ္မိေသာ္လည္း န်ိဳယြီဂိမ္းကုမၸဏီ၏သူေဌး ေက်ာက္လင္က်စ္က ဂိမ္းေပၚေထာပတ္သုတ္ကာ သံလြင္ခက္ကို ေပးကမ္းေပးသည့္အတြက္ ေက်းဇူးမတင္ေပ။

သူ၏ေနာက္ဆုံးဘဝ၌ အေပၚယံတြင္ ႏြေးေထြးၾကင္နာေသာ အမူအရာရွိသည့္ ေရွာင္လင္က်စ္က သစၥာေဖာက္စိတ္ဓာတ္ရွိၿပီး ယဲ့ခ်န္းဖုန္ႏွင့္ ပူးေပါင္းႀကံစည္ကာ သူ႕ကုမၸဏီကို ျဖဳတ္ခ်လဳနီးပါးျဖစ္သည္။ ေက်ာက္လင္က်စ္မွာ ေမာ့တိ၏ ဂိမ္းကုမၸဏီမွ ဝန္ထမ္းတစ္ဝက္ခန႔္ကို ဝယ္ယူကာ ဂိမ္းကို သူတတ္နိုင္သမွ် လႊတ္ထားျခင္းျဖင့္ သူ႕ကိုယ္ပိုင္ဂိမ္းမ်ားအား ေမာ့တိကလွည့္စားကာ ခိုးယူသည္ဟု စြပ္စြဲခဲ့သည္။

သူ႕လက္မ်ားကိုသာ မထိန္းထားပါက သူ႕ကုမၸဏီ၏နာမည္မွာ မီးေတာက္ေလာင္သြားလိမ့္မည္။

"ေရွာင္တိ မင္း ဘယ္လိုလုပ္ တည္ၿငိမ္ေနနိုင္ေသးတာလဲ အဲဒါက န်ိဳယြီရဲ႕ သူေဌး ေက်ာက္လင္က်စ္ေလ

ခ်န္ေက်ာင္းက ေမာ့တိ၏ အၾကည့္မ်ား မႈန္မွိုင္းေနသည္ကို ျမင္ေသာအခါ သူ႕မ်က္လုံးေရွ႕ကို လက္ျဖင့္ ေဝွ႕ယမ္းလိုက္သည္။

"မင္း ေငးငိုင္ေနတာ အရမ္းစိတ္လႈပ္ရွားေနလို႔လား"

"အမွန္ပဲ ေရွာင္တိ သူဒီလိုေျပာၿပီးကတည္းက ရွင္းေဝ့ေသာင္ကို ေၾကာ္ျငာဖို႔ မင္းနဲ႕ပူးေပါင္းခ်င္တာပဲျဖစ္မယ္!" 

ရွန့္ယြီေခ်ာင္က သူ၏ျပဳတ္က်သြားေသာ အစားအစာမ်ားကို လ်စ္လ်ဴရႈလိုက္ၿပီး

"အခ်ိန္တန္ရင္ မင္းနာမည္ႀကီးသြားမွာ ေသခ်ာတယ္ ၿပီးေတာ့ မင္းအဲတာအတြက္ ပိုက္ဆံအမ်ားႀကီးရလိမ့္မယ္ ေရွာင္တိ မင္းေတာ့ခ်မ္းသာေတာ့မယ္''

မင္းတို႔ အေတြးလြန္ေနၿပီ၊ အခုက အခ်ိန္ကိုက္မဟုတ္ေသးဘူး''

ေမာ့တိက ၿပဳံးၿပီး သူ႕ကြန္ျပဴတာကို ပိတ္လိုက္သည္။ 

"ေၾကာင္ျပာဂိမ္းကုမၸဏီရဲ႕ သူေဌးကလည္း မေန႕က ၿပိဳင္ဆိုင္မႈမွာ တျခားဂိမ္းသုံးမ်ိဳးကိုလည္း ခ်ီးက်ဴးတယ္မဟုတ္ဘူးလား သူ႕အတြက္ သုံးခုလုံးကို တစ္ခ်ိန္တည္း ပံ့ပိုးဖို႔ မျဖစ္နိုင္ဘူး သူတို႔ စိတ္ဝင္စားတဲ့ ဂိမ္းေတြကို ဒီတိုင္းပဲ ရိုးရိုးရွင္းရွင္း လိုက္ရွာတာ ျဖစ္နိုင္တယ္''

ဒါေပမယ့္ သူတို႔က ဒီဂိမ္းေတြကို ပူးေပါင္းၿပီး တီထြင္ဖန္တီးခ်င္တယ္လို႔ ငါတကယ္ထင္တယ္ ေၾကာင္ျပာရဲ႕သူေဌးက ဖြံ႕ၿဖိဳးဆဲအဖြဲ႕ေတြကို ဆက္သြယ္ေနၿပီ ေရွာင္တိ မင္း အဆင္သင့္ျပင္ထားသင့္တယ္''

ရွန့္ယြီေခ်ာင္က ရွားရွားပါးပါး ေလးနက္ေသာ မ်က္ႏွာျဖင့္ ေမာ့တိအား ၾကည့္လိုက္ကာ ရွင္းေဝ့ေသာင္က ထူးျခားတဲ့ ဂိမ္းတစ္ခုပဲ သူ႕ရဲ႕ က႑တိုင္းက အျခားအြန္လိုင္းဂိမ္းေတြထက္ သာလြန္ေကာင္းမြန္ၿပီး လူႀကိဳက္မ်ားလာမွာ ေသခ်ာတယ္ မၾကာခင္ ဒါမွမဟုတ္ ေနာက္ပိုင္းမွာ အဲ့ဒါကို ေစ်းကြက္ထဲ မိတ္ဆက္ေပးေတာ့မွာ မင္း ဘယ္သူနဲ႕ လက္တြဲခ်င္လဲ ဆိုတာ ေသခ်ာစဥ္းစားၿပီး သူတို႔ကို အခု ဆက္သြယ္ထားၾကည့္ဖို႔ လိုတယ္

''ေကာင္းၿပီ ငါစဥ္းစားထားလိုက္မယ္"

ေမာ့တိက ၿပဳံးလိုက္ေသာ္လည္း ရွန့္ယြီေခ်ာင္ အႀကံဉာဏ္ေပးသကဲ့သို႔ အျခားသူမ်ားႏွင့္ ပူးေပါင္းလုပ္ေဆာင္ရန္ စိတ္ထဲ ေတြးမထားခဲ့ေပ။

သို႔ေသာ္လည္း ရွန့္ယြီေခ်ာင္၌ ေကာင္းသည့္အခ်က္တစ္ခုရွိသည္။ ယခု ဂိမ္းက အလြန္ေရပန္းစားလာေသာေၾကာင့္ လူထုေရွ႕သို႔ ေဖာ္ေဆာင္ထုတ္လုပ္ျခင္းမွာ မၾကာမီလာမည့္ ေျဖရွင္းခ်က္တစ္ခုျဖစ္ၿပီး ၎ကို လာမည့္ တစ္ႏွစ္ခြဲ သို႔မဟုတ္ ထို႔ထက္နည္းသည့္အခ်ိန္အတြင္း လုပ္ေဆာင္သင့္သည္။

သူက အသင္းေခါင္းေဆာင္အျဖစ္ ကုမၸဏီတစ္ခုေအာက္တြင္ အလုပ္မလုပ္ခ်င္ခဲ့႐ုံသာျဖစ္သည္။ သူျဖစ္လိုသည္က သူ႕ကုမၸဏီကို သူတည္ေထာင္ၿပီး ဟြာရွား၌ သူ႕ဂိမ္းမ်ားကို အထြတ္အထိပ္အထိ ေၾကာ္ျငာခြင့္ရကာ ေနာက္ဆုံးတြင္ ကမၻာကသိသည္အထိ ျမႇင့္တင္ဖို႔ပင္ျဖစ္သည္။

သူ႕ကုမၸဏီအတြက္ မွတ္ပုံတင္ျခင္းကို အစီအစဥ္တြင္ ထည့္သြင္းထားရမည့္ပုံရသည္။

စံခ်ိန္မီဂိမ္းကုမၸဏီတစ္ခုအေနျဖင့္ မွတ္ပုံတင္ျခင္းအတြက္ အရည္အခ်င္းျပည့္မီရန္ လုပ္ငန္းလည္ပတ္ရန္ ခြင့္ျပဳထားေသာ လိုင္စင္တစ္ခု လိုအပ္သည္။ ထို႔အျပင္ ဤလိုင္စင္ရရန္ စံသတ္မွတ္ခ်က္မွာ တစ္ခုကို ခုနစ္ပုံတစ္ပုံ အရင္းအႏွီးရွိရမည္ျဖစ္သည္။

ေမာ့တိတြင္ ယခုအခ်ိန္၌ ထိုပမာဏမရွိေပ။

ေမာ့တိက ႏွစ္ခါမွ်ျပန္စဥ္းစားၿပီး ေနာက္ဆုံးတြင္ မုထ်န္းဟန္ထံမွ ပိုက္ဆံေခ်းရန္ သို႔မဟုတ္ သူ႕ကုမၸဏီတြင္ ရွယ္ယာရွင္အျဖစ္ တိုက္ရိုက္ရင္းႏွီးျမဳပ္ႏွံရန္ ေတာင္းဆိုၿပီး ကုမၸဏီကို အတူတကြ ထူေထာင္ခ်င္ခဲ့သည္။ ရွယ္ယာအမ်ားစုက မုထ်န္းထံသို႔ ေရာက္သြားမည္ျဖစ္သည္။

သူတစ္ခုတည္းေသာ စိုးရိမ္သည္က မုထ်န္းဟန္ သေဘာမတူမည္ကိုပင္။

ေမာ့တိ ဤကိစၥကို အႀကိမ္ႀကိမ္စဥ္းစားခဲ့ၿပီး မုထ်န္းဟန္မွ သူ၏ကမ္းလွမ္းခ်က္အားလက္ခံလာေအာင္ ပုံစံခ်ရန္အတြက္ လာမည့္အမ်ိဳးသားအားလပ္ရက္မ်ားကို အခြင့္ေကာင္းယူရမည္ဟု ခံစားလိုက္ရသည္။ အနည္းဆုံး အစုရွယ္ယာ သုံးဆယ္ရာခိုင္ႏႈန္းကို ယူဖို႔ သေဘာတူလွ်င္ အေကာင္းဆုံးပင္။

သို႔ေသာ္လည္း မုထ်န္းဟန္၏ စရိုက္ေၾကာင့္ ဤသည္မွာ စိန္ေခၚမႈအနည္းငယ္ျဖစ္နိုင္သည္။

ရွန့္ယြီေခ်ာင္ႏွင့္ အျခားသူမ်ားမွာ ခဏတာ စိတ္လႈပ္ရွားေနၾကေသာ္လည္း ေမာ့တိ၏ လ်စ္လ်ဴရႈမႈကို ျမင္ၿပီးေနာက္ သူတို႔က တက်ီက်ီႏွင့္ အားလပ္ရက္အတြက္ အစီအစဥ္မ်ားအေၾကာင္း တဖန္စကားစျမည္ေျပာဆိုရင္း ေမာ့တိေၾကာင့္ သူတို႔၏ စိတ္အားထက္သန္မႈမ်ား ေလ်ာ့ပါးသြားသည္။

အားလပ္ရက္မွာ ၿပီးေအာင္လုပ္ရမယ့္ အလုပ္ေတြ အမ်ားႀကီးရွိတယ္ တကယ္လို႔ ငါတို႔အသင္းက ၿပိဳင္ပြဲမွာ ေရွ႕တန္းေရာက္ခ်င္ရင္ ဒီကိုးရက္ကို ခိုင္ခိုင္မာမာ အသုံးခ်ရမယ္ မင္းမွာ အခ်ိန္မရွိဘူး အဲ့ဒါေၾကာင့္ ဒီအစီအစဥ္ေတြကို အခုမလုပ္ေသးဖို႔ အႀကံေပးလိုက္မယ္''

ရွန့္ယြီေခ်ာင္ႏွင့္ အုပ္စုက တစ္ေယာက္ကိုတစ္ေယာက္ မ်က္လုံးခ်င္းၾကည့္ကာ မရဘူး''

ေနာက္တစကၠန႔္၌ ေခါင္းေလာင္းသံၾကားရၿပီး သူတို႔ဆရာ ေရာက္လာသည္။သူတို႔ တိတ္တဆိတ္သာ ငိုနိုင္ၾကေတာ့သည္။

သို႔ေသာ္ သူတို႔သာ ေမာ့တိ၏စကားကို လ်စ္လ်ဴရႈၿပီး သြားကစားကာ သူ႕ကိုတစ္ေယာက္တည္း အလုပ္လုပ္ဖို႔ ထားခဲ့မည္ဆိုလွ်င္ သူတို႔အေနျဖင့္ ေပ်ာ္႐ႊင္မႈထက္ အျပစ္ရွိစိတ္ကို ပိုခံစားၾကရလိမ့္မည္။

ေနာက္ဆုံးတြင္ သူတို႔က ပရိုဂရမ္ေရးဆြဲျခင္းမွအစျပဳ၍ ေမာ့တိထံမွ ႏွစ္သက္မႈမ်ားစြာရယူၿပီးေနာက္ သူ၏အဖြဲ႕တြင္ ပါဝင္ခြင့္ျပဳကာ သူတို႔အား ဂိမ္းအတြက္ အျမတ္ေဝစုတစ္ရာခိုင္ႏႈန္းေပးလိမ့္မည္။ ဤေ႐ႊေပါင္လုံးႏွင့္ ထိုက္တန္ေအာင္ သူတို႔ ႀကိဳးစားရမည္။

သက္ျပင္းခ်လိဳက္ကာျဖင့္...

ရွန့္ယြီေခ်ာင္ႏွင့္ အျခားႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ၾကည့္၍ ေခါင္းငိုက္စိုက္ခ်ကာ သူတို႔၏ကံၾကမၼာကို လက္ခံလိုက္ၾကေတာ့သည္။

ပိတ္ရက္ေရာက္ရန္ ႏွစ္ရက္သာက်န္ေတာ့သည္။ေမာ့တိက ဗီလာသို႔ျပန္ရန္ေမွ်ာ္လင့္ေနၿပီး မုထ်န္းဟန္အား ေန႕တိုင္းေတြ႕နိုင္မည္ျဖစ္ေသာေၾကာင့္ စိတ္႐ႊင္ျမဴးေနသည္။

သူက ခ်န္ေက်ာင္းႏွင့္ အျခားလူမ်ားကို အလုပ္လုပ္ရန္ ဗီလာသို႔ ေခၚလာ၍ရမလားဟုလည္း မုထ်န္းဟန္အား ေမးခ်င္သည္။ဤသည္က သူတို႔ကို အလုပ္ခြင္မွာ ပိုသက္ေတာင့္သက္သာျဖစ္ေစၿပီး အားလပ္ရက္မ်ားမွာ ပင္ပန္းေစမိသည့္အတြက္ ေလ်ာ္ေၾကးတစ္စိတ္တစ္ပိုင္းလည္း ျဖစ္လိမ့္မည္။

တစ္ခ်ိန္တည္းမွာပင္ ေမာ့တိက ေမာ့စစ္လန္အား ဆက္လက္ေစာင့္ၾကည့္ခဲ့သည္။

ၾကာသပေတးေန႕ည၌ ကုဒ္ေရးမႈတစ္ပိုင္းကို ၿပီးေျမာက္ၿပီးေနာက္ သူက ေမာ့မိသားစုအား ေစာင့္ၾကည့္စစ္ေဆးျခင္းသို႔ ေျပာင္းလိုက္သည္။ မေမွ်ာ္လင့္ဘဲ ဒုတိယအေဒၚႏွင့္ သူ႕ခင္ပြန္း ရန္ပြဲႀကီးျဖစ္ေနတာကို သူ ေတြ႕လိုက္ရသည္။။ သူတို႔က ေဘာင္ကြက္ထဲသို႔မ၀င္ေနေသာ္လည္း သူတို႔၏ ေဒါသသံမ်ားကို ရွင္းရွင္းလင္းလင္းၾကားနိုင္ၿပီး ျငင္းခုံမႈမွာ မည္မွ် ျပင္းထန္ေၾကာင္း ျပသေနသည္။

"ေမာ့ရွစ္ခ်န္ ရွင္က လူယုတ္မာပဲ ရွင့္ကို စန္းက်စ္ဆီကို သြားၾကည့္ေစခ်င္ေပမယ့္ ရွင္ကလ်စ္လ်ဴရႈခဲ့တယ္ ရွင္ဂ႐ုစိုက္တာက ေရွာင္ေကြ႕တစ္ေယာက္ကိုပဲ ရွင့္ရဲ႕ေသြးသားအစစ္က ဘယ္သူလဲ သိသရဲ႕လား! ဒီေန႕ စန္းက်စ္နဲ႕ သြားေတြ႕ဖို႔ သေဘာတူထားၿပီး အခုက် အေၾကာင္းျပခ်က္ေတြေပးၿပီး မသြားဘူးေပါ့ဟုတ္လား''

"မင္း႐ူးေနလား?! ဒါက ေရွာင္ေကြ႕နဲ႕ ဘာဆိုင္လဲ ျပႆနာရွာတာကို ရပ္နိုင္မလား မင္း ဘယ္ေလာက္ ႐ူးသြပ္ေနတယ္ဆိုတာ ကိုယ့္ကိုကိုယ္ သတိမထားမိဘူးလား''

"ေမာ့ရွစ္ခ်န္၊ ရွင္ေတာ္ေတာ္ အၾကင္နာမဲ့ပါလား ကြၽန္မကိုေတာင္ တြန္းရဲတယ္! ကြၽန္မေျပာတာ မမွားဘူး! ေရွာင္ေကြ႕ေမြးကတည္းက သူ႕ကို ရွင့္ဂ႐ုစိုက္မႈအားလုံး ေပးခဲ့တယ္ သူမ မူလတန္းေက်ာင္းစတက္တုန္းကဆို အာ့ခ်မ္၊ စန္းက်စ္နဲ႕ ဝုဟန္တို႔ရဲ႕ ေတြ႕ဆုံပြဲေတြကို တစ္ခါမွ မတက္ဖူးတဲ့ ရွင္က ေရွာင္ေကြ႕ရဲ႕ မိဘေတြ႕ဆုံပြဲတက္ဖို႔ သူ႕အေဖ၊ အစ္ကိုႀကီးရဲ႕ မိသားစုနဲ႕ လိုက္သြားခဲ့တယ္ ရွင့္ရဲ႕သားသုံးေယာက္ကိုေတာ့ ရွင္ဘယ္တုန္းကမွ ဂ႐ုမစိုက္ခဲ့ဘူး ကြၽန္မမွားလား!"

"ေရွာင္ေကြ႕ေမြးေန႕မွာ ႏွစ္တိုင္း ရွင္သူ႕အတြက္ ထူးထူးျခားျခား လက္ေဆာင္ေတြ ေပးေလ့ရွိတယ္ တစ္ခါမွ ေျခာက္ခုထက္ မနည္းဘူး၊ တစ္ခါတေလ အဲဒါထက္ ပိုေသးတယ္ ဒါေပမယ့္ ရွင့္သားေတြကေရာ ရွင္လုပ္ခဲ့သမွ်က ကြၽန္မကေနတဆင့္ သူတို႔ကို ပိုက္ဆံနည္းနည္းေလာက္ေပးခိုင္းတာပဲရွိတယ္ ရွင္က သူတို႔ရဲ႕အေဖလား ေရွာင္ေကြ႕ရဲ႕အေဖလား ေရွာင္ေကြ႕က ရွင့္ရဲ႕တရားမ၀င္သမီးမ်ား ျဖစ္ေနမလားပဲ''

"ပါးစပ္ပိတ္ထား! မင္းစကားေျပာေလေလ ေဒါသထြက္ေလပဲ အာ့ခ်န္နဲ႕ စန္းက်စ္တို႔ကေက်ာင္းသားေကာင္းေတြျဖစ္လို႔ ဘယ္မိဘမ်ားအစည္းအေဝးကိုမွ တက္ေရာက္ဖို႔ မလိုအပ္ဘူး ဝုဟန္နဲ႕ ပတ္သတ္ၿပီး သူ႕အနားမွာ မင္းအၿမဲတမ္းရွိတယ္ မဟုတ္လား ငါကဘာလို႔သြားဖို႔လိုေသးလဲ ေမြးေန႕လက္ေဆာင္အျဖစ္ ပိုက္ဆံေပးတာက ဘာမွားေနလဲ အဲ့ဒီတိရစ္ဆာန္ေကာင္ ေမာ့တိကိုေရာ ဘာလို႔ မၾကည့္တာလဲ သူ႕ေမြးေန႕အတြက္ ဘာရခဲ့လဲ ကေလးေတြကို တစ္ေယာက္ကို အနည္းဆုံး တစ္ေသာင္းေပးခဲ့တယ္ ဒါေတာင္ ငါအေဖတစ္ေယာက္အျဖစ္ အဆင္မေျပဘူးလို႔ မင္းေျပာရဲေသးလား"

"နင့္ရဲ႕သားေတြကို အဲဒီ့တိရစ္ဆာန္ေကာင္နဲ႕ ဘယ္လိုႏွိုင္းယွဥ္နိုင္ တာလဲ အဆင့္အတန္းခ်င္းတူလို႔လား!

"ေမာ့ရွစ္ဟုန္ ကြၽန္မေျပာလိုက္မယ္ ရွင္ စန္းက်စ္နဲ႕ေတြ႕ဖို႔ျငင္းရင္ ကြၽန္မကြာရွင္းရလိမ့္မယ္ ရွင္နဲ႕ အတူမေနေတာ့ဘူး

ေမာ့တိက ဖန္သားျပင္ကို ၾကည့္ကာ ေလွာင္ရယ္ လိုက္သည္။

ဤလူမ်ားက အလြန္စိတ္ကုန္စရာပင္။ သူတို႔၏ အိမ္ေထာင္ေရးအျငင္းပြားမႈ၌ပင္ သူ႕ကို ဆြဲထည့္ခ်င္ေနၾကသည္။

သို႔ေသာ္ ယင္းကအမွန္ပင္ သူ႕အတြက္  ေမြး ေန႕ေလးတစ္ ႀကိမ္မွ်ပင္ မက်င္းပေပးဖူးေပ။ ႏွစ္သစ္ကူးကာလကသာ သူမုန့္ဖိုးရသည့္ တစ္ခုတည္းေသာအခြင့္အေရးျဖစ္ခဲ့သည္။ ေမာ့မိသားစုသည္ အယူသီးၿပီး သူတို႔၏မ်က္ႏွာကို တန္ဖိုးထားေသာေၾကာင့္ သူတို႔သည္ သူ႕အား ေငြအနည္းငယ္ကိုသာ စိတ္မပါစြာ ေပးခဲ့ၾကသည္။ သို႔ေသာ္ ထိုပမာဏမွာ ေမာ့လွ်ိုေကြ႕၏ တစ္ရာခိုင္ႏႈန္းေအာက္ႏွင့္ အျခားဝမ္းကြဲမ်ား၏ ဆယ္ရာခိုင္ႏႈန္းေအာက္သာ ရွိသည္။

Xxxxxxx

Continue Reading

You'll Also Like

191K 33K 123
story title လေးကို Description မှာထည့်ပေးထားမယ် တစ်ပတ် သုံးပိုင်း တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး???????? all credit to original author & e translator
My Boy By Taehyun

Non-Fiction

4.2K 453 23
تهیونگ کیم، تازه‌ وارد دبیرستان تاونسند هریس ایالات متحده، فکرش رو نمی‌کرد پسری که توی پیست مسابقه شکستش داده یکی از دانش‌آموزهای اون مدرسه باشه. جون...
248K 12.5K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...