"ကျွမ်းကျင့်အဆင့်....တကယ်ကို ကျွမ်းကျင်အဆင့်ကြီးကွ"
ကျူးယန်ချီသည် လုံးဝသေချာနေသည့်ဟန်တို့ဖြင့် စကားဆိုလာသည် ;
"သူသာ ဆရာမကြီးအဆင့် မဟုတ်ခဲ့ဘူးဆိုရင်....ငါ ကျူးယန်ချီ ဒီနေ့ဒီချိန်ကစပြီး နာမည်ကို ယန်ချီကျူးလို့ပြောင်းပစ်မယ်"
ကျူးယန်ချီ၏အမည်မှာ သူတို့မိသားစုမှ အဘိုးဖြစ်သူကိုယ်တိုင်မှည့်ပေးထားသည့် နာမည်ဖြစ်ပြီး 'ယန်'စကားလုံးမှာ 'လေးစားအားကျခံရသည်'ဟူသောအဓိပ္ပါယ်။ နောက်ပိုင်း မူလတန်းအရွယ်၌ အင်္ဂလိပ်စာသင်ယူရသည့်အခါ အင်္ဂလိပ်နာမည်များတွင် မျိုးရိုးနာမည်အား အနောက်ဘက်၌ထားရကြောင်း သင်ယူလာရသည်။ သို့နှင့် သူငယ်ချင်းများက သူ့အား 'ယန်ချီကျူး'(အနောက်တိုင်းဝက်)ဟု အပြောင်အပျက်ဝိုင်းခေါ်ကြရာ ထိုတစ်နေ့က သူ အကြီးအကျယ်အော်ငိုပြီး အိမ်ပြန်ရောက်သည်နှင့် နာမည်ပြောင်းပေးရန် ပူဆာတော့သည်။ ထိုအချိန်တုန်းက အဘိုးဖြစ်သူသည် မာကျောက်ကစားခုံပေါ်ရှိ လေးဖက်လေးတန်မှကစားသမားများအားလုံးကို အနိုင်ယူနေသည်ဖြစ်ရာ မာကျောက်တုံးတစ်ခုကို မြှောက်ယူပြီး လက်ခုပ်လက်ဝါးတီး၍ အော်ရယ်ပါတော့သည်။
"ကောင်းလိုက်တာကွာ! ကောင်းလိုက်တာကွာ!"
ထိုအချိန်တုန်းက အသက်ငါးနှစ်ခြောက်နှစ်အရွယ်လေး ကျူးယန်ချီသည်တော့ အဘိုးဖြစ်သူက မာကျောက်ကစားကွက်ကောင်းကြောင်းပြောသွားနေသည်ဟု မတွေးနိုင်ခဲ့ဘဲ သူ့သူငယ်ချင်းများ အပြောင်အပျက်ဝိုင်းခေါ်ကြသည့်နာမည်အား 'ကောင်းလိုက်တာကွာ'ဟု ပြောဆိုသည်ဟုသာထင်မှတ်ခဲ့ပြီး အော်ကြီးဟစ်ကျယ်အော်ငိုခဲ့သည်။ အသက်ငယ်ငယ်လေးကတည်းက နက်နက်ရှိုင်းရှိုင်း အသိတရားရသွားခဲ့သည်မှာလည်း - 'လူ့လောကကြီးမှာ အကြောင်းကိစ္စဆယ်ခုရှိရင် ကိုးခုလောက်က စိတ်တိုင်းမကျနေတာမျိုးဖြစ်နိုင်တယ် ၊ ဒါပေမယ့် တစ်ဖက်သားကို ပြောပြလို့ရတာမျိုးကတော့ တစ်ခု နှစ်ခုလောက်ပဲရှိမယ် ၊ အထူးသဖြင့် နာမည်ပြောင်တွေလိုမျိုးပေါ့'။ ထို့ကြောင့် ကျူးယန်ချီသည် 'ယန်ချီကျူး'ဆိုသည့်နာမည်ပြောင်အား အတော်ကြီးကိုမုန်းတီးလေသည်။
( ကျူးယန်ချီ - ယန်ချီကျူး > အသံထွက်ပဲတူပြီး စာလုံးတွေမတူတာကြောင့် အဓိပ္ပါယ်ပြောင်းပါတယ် )
သည်အချိန်တွင် ချန်လုကျိုးက ရေချိုးနေခြင်းဖြစ်ပြီး ရေပန်းအား အရှိန်နည်းနည်းဖြင့်သာဖွင့်ထားရင်း ရေပေါက်ရေစက်များအား ခပ်ပါးပါးအရေပြားထက်သို့ စီးကျလာစေလိုက်သည်။ အသေအချာပုံဖော်ထားသည့် ခါးတစ်ဝိုက်နှင့်ဝမ်းဗိုက်သားထက်မှအဖုအထစ်တို့ဟာလည်း ခွန်အားပြည့်ဝဟန်မျိုး။
လိပ်ပေါက်စလေးမှာ ဘယ်အချိန်ကတည်းက ပုံးထဲမှထွက်လာနိုင်သည်မှန်းမသိ ၊ သူ့ခြေရင်းနား၌ငြိမ်၍ ကြမ်းပြင်ထက်မှရေများကို သောက်ယူနေသည်။ ချန်လုကျိုးက ရွံရှာသည့်အမူအရာမျိုးဖြင့် တွန်းထုတ်လိုက်သော်ငြား လိပ်ပေါက်စလေးက ပင်ပန်းတကြီး ပြန်၍တွားသွားလာပြန်၏။ ချန်လုကျိုး သက်ပြင်းချထားလိုက်၏ ; 'ထားလိုက်ပါတော့ ၊ မနက်ဖြန်ကျမှ ဟိုအရူးကောင် 'ချန်ရှင်းချီ' ကို သွားပေးလိုက်တော့မယ် ၊ အာ မဖြစ်ဘူး ၊ မနက်ဖြန်က တနင်္ဂနွေဆိုတော့ အဖေ အိမ်မှာရှိနေလောက်တယ် ၊ ဟိုကလေးကို သူ့ဘာသာသူပဲ ထွက်လာယူခိုင်းရုံပေါ့'
ချန်လုကျိုး ရေချိုးပြီး တဘက်တစ်ထည်ဖြင့်ထွက်လာသည့်အချိန်တွင် ကျူးယန်ချီတစ်ယောက်က စီးကရက်ကိုခဲ ၊ ဆိုဖာထက်၌ အကျအနထိုင်ကာ သူ့ခေါက်ဆွဲခေါက်ထုပ်နှစ်ထုပ်လုံးအား ပြုတ်ထားနှင့်ပြီးဖြစ်သည်။ ဧည့်ခန်းထဲတွင် မီးရောင်မရှိခြင်းကြောင့်လည်း မည်သည့်နေရာမှ တူးယူလာမှန်းမသိသော ဖယောင်းတိုင်နှစ်တိုင်ကိုပါထွန်းထားသေးသည်။ ယခုတွင်မှ အမှန်တကယ်ကို ဖယောင်းတိုင်နှင့်ညစာစားနေရခြင်းဖြစ်ကာ ဖယောင်းတိုင်မီးလှုပ်တုတ်လှုပ်တုတ်မှာလည်း စိတ်ကူးယဥ်ချင်စရာကောင်းအောင်ပြုနေသလားပင်။
"ဘယ်လိုနေလဲ ၊ microwave မီးရောင်ထက် မိုက်တယ်မလား"
ကျူးယန်ချီက ရွှတ်နောက်နောက်ဖြင့်လှမ်းစလာ၏။
ချန်လုကျိုးသည် ဆံပင်ရေသုတ်လက်စနှင့်ပင် အနားသို့လျှောက်သွားလိုက်ပြီး ဖယောင်းတိုင်မီးအားလုံးကိုမှုတ်ပစ်ကာ ဆိုဖာပေါ်ထိုင်ချရင်း အမှောင်ထဲ၌သာ ဆံပင်ရေသုတ်၍ စကားဆိုလာသည်။
"ကသိကအောက်နိုင်ရတာကတော့ နည်းနည်းဆိုပေမယ့် သူ(မ)နဲ့ဆိုရင်တော့ ငါ လက်ခံနိုင်သေးတယ် ၊ ငါတို့နှစ်ယောက်ဆိုရင်တော့ မေ့သာထားလိုက်....မင်း ငါ့အပေါ်မှာ မရိုးမသားတွေဖြစ်နေမှာ ကြောက်တယ်"
ကျူးယန်ချီမှာ စီးကရက်အား အောက်သို့ချလိုက်ရင်း ကြားလိုက်ရသည့်စကားကြောင့် ချက်ချင်းခွန်းတုံ့မပြန်နိုင်အောင် ဖြစ်သွားခဲ့ရသည်။
"?"
"မင်း ဘာတွေမျှော်လင့်နေတာလဲ ၊ ဟိုတစ်ယောက်ကျတော့ မင်းဆိုတဲ့ချန်သခင်လေးအပေါ် မရိုးမသားအတွေးတွေ ရှိလို့ရတယ်ဆိုတဲ့သဘောလား ၊ သူ့မှာ ရည်းစားကောင်လေးရှိတယ်နော် အေ့!"
'ထန်ရွှီ'၏အကြောင်းအား အခုလေးတင်ပြောပြထားခြင်းဖြစ်ပါသော်လည်း ချန်လုကျိုးဆိုသောတစ်စုံတစ်ယောက်၏သတ္တိမှာကား မိုးကောင်းကင်ထက်ပင်ကြီးသည့်ဖြစ်ရာ ကျူးယန်ချီ၏စိတ်ထဲ၌ အနည်းငယ် စိုးရိမ်စိတ်မကင်းဖြစ်သွားခဲ့ရသည်။
မှောင်မိုက်မှုများကြီးစိုးနေသည့်အလယ်တွင် နှစ်ဦးသား၏အသွင်အပြင်တို့မှာ ဝေဝါးဝါးဖြစ်နေစေရသည့်တိုင် ပြတင်းပေါက်အပြင်ဘက်မှ ထိုးဖြာပေးနေသည့်လရောင်ကြောင့် တစ်ဖက်သား၏အမူအရာတို့ကိုတော့ ခန့်မှန့်ကြည့်၍ရပါသေးသည်။ ချန်လုကျိုးက ဆံပင်သုတ်နေရာမှ ရပ်တန့်လိုက်ပြီး အခက်တွေ့သွားရဟန်ဖြင့် စကားဆိုလာခဲ့သည်။
"ဒါဆို မင်းက ငါ့ကို ဘယ်လိုလုပ်စေချင်နေတာလဲ ၊ ငါ့ဘက်က လွန်တဲ့စကားတစ်ခွန်းကိုမှလည်း ပြောရသေးတာမဟုတ်ဘူး"
သူ့နှုတ်ခမ်းထောင့်စွန်းတို့ ကွေးတက်သွားခဲ့သည်ကိုပင် ကျူးယန်ချီ မြင်လိုက်ရလေပြီး ;
"ငိုး မင်း သူ့ကို သွားမျှော်လင့်နေတာကိုက လွန်နေပြီ! ၊ မင်း သူ့အပေါ် တကယ်ကြီး ခံစားချက်တွေရှိနေတာလား"
"ငါ မင်းကိုပြောမယ်ကွာ"
တစ်ဖက်လူ၏စကားတို့ကို တစ်ချက်လေးမျှမစောင့်တော့ဘဲ ကျူးယန်ချီသည် 'ငါက ဆရာကြီးပလေးတာခံရဖူးတော့ ငါ အကုန်သိတယ်' ဆိုသောမျက်နှာပေးနှင့် ;
"မင်းက ဘာအတွေ့အကြုံမှမရှိသေးတဲ့လူ ၊ အဲ့ဒီရွှီကျစ်ဆိုတဲ့တစ်ယောက်က သေချာပေါက်ကို ဆရာမကြီးနော် ၊ သူ့ရဲ့သူငယ်ချင်းဆိုတဲ့တစ်ယောက်လည်း ဘာကောင်းတဲ့ဟာလေးမှမဟုတ်ဘူး"
ချန်လုကျိုးမှာ ပြောစရာစကားများပင်မဲ့သွားခဲ့ပြီး ဆိုဖာနောက်မှီပစ်ရင်း အသောမသတ်နိုင်အောင် အော်ရယ်ပစ်မိတော့၏။ နောက်တွင်မှ ရေချိုးတဘက်အား ဘေးဖယ်လိုက်ပြီး ခပ်မတ်မတ်ပြန်ထိုင်ကာ အသင့်စားခေါက်ဆွဲဘူး၏အဖုံးအား အဆုံးထိဆွဲမဖြုတ်ဘဲ ဖွင့်ရုံသာဖွင့်လိုက်သည်။ ခက်ရင်းဖြင့် နှစ်ချက်မျှထိုးမွှေရင်း အလျော့ပေးလိုက်သည့်ဟန်နှင့် စကားဆိုလာခဲ့သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ၊ ကော...မင်း ငါ့ကို ချမ်းသာပေးပါကွာ ၊ နောက်တစ်ခါ ငါ သူ့ကိုတွေ့တဲ့အချိန်ကျရင် သေချာပေါက် ရှောင်ကွင်းသွားပေးမယ်"
ထိုအခါတွင်မှ ကျူးယန်ချီက စိတ်ကျေနပ်သွားသည့်အနေဖြင့် စီးကရက်ကိုချပြီး အသင့်စားခေါက်ဆွဲဘူးကိုဖွင့်ကာ ပလုတ်ပလောင်းဖြင့် စကားဆို၏။
"ဒါနဲ့....မင်းအမေ စကားကိုနားထောင်ပြီး နိုင်ငံခြားထွက်ဖို့ တကယ်စဥ်းစားထားတာလား"
"အင်း"
"မင်း ဘာလို့မငြင်းတာလဲ ၊ 'ပေကျင်း' 'ရှန့်ဟိုင်' မှာလည်း ကျောင်းကောင်းကောင်းတွေ အများကြီးရှိပါတယ် ၊ အခုချိန်မှာ အမှတ်စာရင်းတွေလည်း ထွက်မှမထွက်သေးတာ ၊ ဒီနှစ်သင်္ချာမေးခွန်းလှည့်ထားတာတွေ အရမ်းခက်တာကိုတောင်မှ မင်း အမှတ်ပြည့်နီးပါးဖြေနိုင်ခဲ့တာပဲလေ ၊ ဒီတစ်ဘာသာတည်းနဲ့တင် မင်းအတွက် အမှတ်အများကြီးဆွဲခေါ်နိုင်လောက်တယ် ၊ ငါ့အထင်တော့ မင်းရဲ့အမှတ်ပေါင်းတွေနဲ့ဆိုရင် အခွင့်အရေးတော့ သေချာပေါက်ရှိလောက်မှာ ၊ မင်းအမေ နိုင်ငံခြားထွက်ခိုင်းတဲ့စကားကို မဖြစ်မနေနားထောင်နေစရာမလိုပါဘူးကွာ ၊ မင်းအမေကို မင်း အဲ့လောက်တောင် ကြောက်နေတာလား"
ကျူးယန်ချီက ရယ်သံသဲ့သဲ့ဖြင့်ဆိုလိုက်သည်။
"ကြောက်တယ်ပဲဆိုပါတော့ ၊ ဘယ်လိုပဲကြည့်ပါစေ ငါက မွေးစားသားပဲလေ"
ချန်လုကျိုးက ခက်ရင်းကိုင်ထားသည့်လက်အား တစ်ခဏရပ်လိုက်ပြီးမှ
"ပြီးတော့ ဒါတွေက ငါ့မှာရှိတဲ့ တစ်ခုတည်းသောအိမ်"
ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်ပါသည့်တိုင် ချန်လုကျိုး၏အကျင့်ပေါင်းစွာကို နားလည်နေသည့်ကျူးယန်ချီမှာတော့ အကျယ်ကြီးပင် အော်ရယ်ပစ်လိုက်၏။
"မင်း ငါ့ကို လေကျယ်ပြီးပြောနေတာတွေလျော့လိုက်! ငိုး မင်းက ပျင်းတာကိုအကြောင်းပြချက်လျှောက်ရှာနေတဲ့ကောင် ၊ မင်းမှာ လွမ်းစရာလူတစ်ယောက်မှမရှိလို့ သွားတာမလား ၊ ငါ အပါအဝင် အခြားညီအစ်ကိုတွေအားလုံးကို မင်းမှ ဂရုမစိုက်တာ ၊ မင်းကို အကြာကြီးသဘောကျလာတဲ့မိန်းကလေးကိုလည်း မင်း ဂရုမစိုက်ဘူးလေ ၊ ဘယ်လိုနေနေ မင်းက ဘယ်သူ့မှကို ဂရုမစိုက်တာ"
ချန်လုကျိုးက သက်ပြင်းတစ်ချက်ချ၍
"ငါ့အဖေအမေက ဘယ်လိုလူစားမျိုးတွေလဲဆိုတာကို မင်းလည်း သိရဲ့သားနဲ့ ၊ ဟိုးငယ်ငယ်ကနေ အခုချိန်ထိ ငါ ငြင်းခဲ့ဖူးတဲ့အချိန်တိုင်း အဆုံးသတ်မှာဘာမှမပြောင်းလဲသွားတတ်တာကို မင်း မသိတာလည်းမဟုတ် ၊ ညီအစ်ကိုတွေအကြောင်းကိုပြောရမယ်ဆို....အလယ်တန်းသုံးနှစ်လုံးမှာ ငါတို့နှစ်ယောက်က တစ်ကျောင်းတည်းမဟုတ်ခဲ့တော့ အဆက်အသွယ်လုပ်တာကြလည်း နည်းတယ် ၊ မင်းကျတော့ရော....'ကျန်းနံပါတ်သုံး' 'လီနံပါတ်လေး'တို့နဲ့ကျတော့ ဘောင်းဘီတစ်ထည်တည်းဝတ်တဲ့အထိကို အတူတူကစားခဲ့ပေမယ့် အခုလို အဖေတပြီးငိုတော့မလို အမေတပြီးငိုတော့မလို လုပ်နေတာမျိုးတော့ ငါ မတွေ့ဖူးခဲ့ပါဘူး"
"အဲ့ဒါကတော့ ငါလည်း မတတ်နိုင်ခဲ့လို့"
ကျူးယန်ချီတစ်ယောက်က သေသည့်တိုင် ဝန်မခံတမ်းငြင်းနေမည့်သူ။
ချန်လုကျိုးက ခပ်ရှည်ရှည်နောက်ကျောပြင်အား အသာအယာလေးကွေးလိုက်ပြီး ခေါင်းငုံ့လျက်ထားဖြင့် အသင့်စားခေါက်ဆွဲထဲမှ အမဲသားတုံးလေးများကို တစ်ခုချင်းဖယ်ရင်း လိပ်ပေါက်စလေး စားဖို့ရာအတွက် သီးသန့်အပြင်ထုတ်ထားလိုက်သည်။
"ဒီလိုပါပဲ ၊ ငါ ထွက်သွားပြီးတဲ့နောက် သိပ်မကြာခင်မှာ မင်းအတွက် 'ကျောက်နံပါတ်ငါး'ဆိုပြီး ရှိလာပါလိမ့်မယ်"
သူ့အတွက် ရှင်းလင်းတိကျစွာ သိထားနှင့်ပြီးသည့်အဖြေတစ်ခုမှာ မည်သူ့အတွက်မဆို သူဟာ ဘယ်သောအခါကမှ ယှဥ်ပြိုင်စရာမလိုအပ်သည့်တစ်ဦးတည်းဟုသတ်မှတ်ရသော သီးသန့်ဖြစ်တည်မှုတစ်ခု မဟုတ်ခဲ့၏။
[ ကျန်းနံပါတ်သုံး လီနံပါတ်လေး ကျောက်နံပါတ်ငါး > ဒါက ကျန်းဘယ်သူ လီဘယ်သူ ကျောက်ဘယ်သူ ဆိုပြီး မျိုးရိုးနာမည်ထည့်ပြီး သုံးနှုန်းတာပါ ]
တံတိုင်းနံရံကြီးအောက်ရှိ နေ့ခင်းမိုးဒဏ်များခံပြီးခါစ သစ်ရွက်လေးတို့မှာ ဝါကျင့်ကျင့်လမ်းမီးရောင်အောက်တွင် ရွှေရောင်အချပ်လေးများသဖွယ် တဖျက်ဖျက်လင်းလျက်ရှိသည်။ လမ်းကြားလေးထဲမှ ကျေးငှက်တို့ဟာလည်း အသံဆာဆာလေးများဖြင့်မြည်တွန်နေကြသည့်အပြင် ရေညှိစိမ်းစိမ်းများကပ်ညှိနေသည့်နံရံချပ်များသည်တော့ အချိန်ကြာကြာတည်ရှိနေနှင့်သောစိုထိုင်းထိုင်းရနံ့တစ်မျိုးပင် ထုတ်လွှတ်နေချေပြီ။
".....ကျူးယန်ချီက ပြောသေးတယ် ၊ တိရှောင်းက ချိုင်ကျင်းကျင်းနဲ့ တက္ကသိုလ်တစ်ခုတည်း အတူတူတက်ဖို့ချိန်းထားကြပြီးသားတဲ့ ၊ ဒါပေမယ့် သူက ငါနဲ့ တက္ကသိုလ်တက်မယ့်အကြောင်းကို တစ်ခါမှတောင် မပြောခဲ့ဖူးဘူး ၊ ငါဆို သူ့နဲ့ရင်းနှီးတာ အထက်တန်းဒုတိယနှစ်ကတည်းကလေ....ဒီနေ့ဒီအချိန်ထိတောင် စကားပြောမပြတ်ဖူးခဲ့တဲ့ဟာ...."
ချိုက်ယင်းယင်းက နံရံအောက်ခြေနားတွင် ဆောင့်ကြောင့်ထိုင်ချရင်း အသက်ကိုနိမ့်ချည်မြင့်ချည်ရှိုက်သွင်းပြီး မျက်ရည်စက်လက်ဖြင့် ;
"လွန်ခဲ့တဲ့ငါးမိနစ်တုန်းကတောင် 'မိရွှယ်'ရေခဲမုန့်စားမလားလို့ မေးနေသေးတယ် ၊ နင် ပြောကြည့်ကြည့်....သူ့မှာ အဲ့လောက်အချိန်တွေပိုနေမှာတဲ့လား ၊ ချိုက်ယင်းယင်း ချိုင်ကျင်းကျင်း ဝူး ဝူး ဝူး ဝူး....သူ့ကိုယ်သူများ ကြယ်တာရာအစုအဝေးရုံးကြီးများမှတ်နေလား...."
တစ်ခဏလေးတုန်းကတင် 'ထန်ရွှီ' နှင့် တစ်ပွဲတစ်လမ်းနွှဲခဲ့ရသေးသည့်ဖြစ်ရာ ယခုအခိုက်အတန့်တွင်တော့ ရွှီကျစ်တစ်ယောက်က မကောင်းမကန်းနောက်ဆက်တွဲဖြစ်ရပ်များပေါ်လာမည့်စိုးသောကြောင့် လက်လွတ်စပယ် စကားပြောမထွက်ရဲတော့ချေ။ မျက်မှောက်အခြေအနေကိုကြည့်ရင်း ချန်လုကျိုးကိုလည်း မနေနိုင်အောင် သတိရမိလိုက်သေး၏။ အကယ်၍ သူ့လို ပါးစပ်မျိုးနှင့်သာဆိုလျှင် ပြောထွက်သွားမည့်စကားများက နားထောင်ကောင်းခြင်းရှိမရှိ အရေးစိုက်နေစရာမလို ၊ အနည်းဆုံးတော့ ပတ်ဝန်းကျင်ကြီးက တိတ်ဆိတ်နေမည်မဟုတ်လောက်ပေ။
"ဒါမှမဟုတ် ငါတို့ လူငှားပြီး ရိုက်ခိုင်းရင်ရော"
ရွှီကျစ်က ဤဖြေရှင်းနည်းတစ်မျိုးကိုသာ စဥ်းစားမိခြင်းကြောင့် တည့်တိုးပင်စကားဆိုလိုက်သည်။
"အန်ကယ်ဖု'မှာ လမ်းပေါ်ကအသိတွေဘာတွေရှိတယ်မလား"
'အန်ကယ်ဖု'ဆိုသူမှာ ဖေဖေနှစ်ဦးစလုံးနှင့် ရင်းနှီးသည့်မိတ်ဆွေတစ်ဦးဖြစ်ပြီး ရွှေလင်ဗန်းနှင့် နှစ်ပေါင်းများစွာလက်ဆေးလာသူဖြစ်သည်။ 'အနားယူ'ပြီးနောက်တွင်မှာမှ မှေးမှိန်ပြီးမထင်ရှားတော့သည့်မိစ္ဆာသဖွယ် တောင်အတွင်းဘက်၌ ဂူအောင်း၍နေနေချေပြီး နွေရာသီကာလရောက်တိုင်း လောင်ရွှီ နှင့် လောင်ချိုက်အား အပူရှောင်ရန်အတွက် အထူးဖိတ်ခေါ်သွားတတ်သေး၏။
ချိုက်ယင်းယင်းက ရုတ်တရက်အငိုရပ်သွားပြီး တွေးတွေးဆဆဖြင့်မော့ကြည့်လာ၏။
"...."
အန်ကယ်ဖုရဲ့လက်ဆနဲ့သာဆိုရင် တိရှောင်း ပွဲချင်းပြီးဖြစ်သွားလောက်တယ်မလား။
"မဖြစ်ဘူး မဖြစ်ဘူး"
ချိုက်ယင်းယင်းက နှာတရှုံ့ရှုံ့နှင့်ပင် လက်ခါပြပြီး ;
"နင် အန်ကယ်ဖုတို့တွေကို သွားပြောပြလို့မဖြစ်ဘူးနော် ၊ လမ်းခွဲရမလား လူငှားရိုက်ရမလားဆိုတာတော့ ငါ့ဘာသာငါပဲ ဆုံးဖြတ်မှာ ၊ နင် ဝင်မပါနဲ့ဦး"
သူမရဲ့လက်ဆကလည်း တယ်ပြင်း!
ရွှီကျစ် သက်ပြင်းနက်နက်ချပြီးသာ စကားဆိုလိုက်တော့၏။
"ကောင်းပြီလေ"
ရွှီကျစ်၏စိတ်ထဲ၌ တိရှောင်း၏ကိစ္စအားထပ်၍အာရုံစိုက်နေဦးမည်ကိုစိုးရိမ်သောကြောင့် ချိုက်ယင်းယင်းသည် ကျလက်စမျက်ရည်များကိုပင် ကပျာကလျာသုတ်ပြီး အိမ်အပြန်လမ်းသို့လက်ဆွဲခေါ်သွားရင်း စကားလမ်းကြောင်းလွှဲရန်ကြိုးစားတော့၏။
"နင်ကရော ဘယ်လိုဖြစ်ပြီး ဟိုအစ်ကိုချောလေးနဲ့ လယ်ကြွက်သွားရိုက်ဖြစ်သွားတာလဲ"
"အာလူးမီးသွားကင်တာပါ ၊ အဘွားက စားချင်တယ်ဆိုလို့ ၊ ဘယ်နေရာမှာမှဝယ်မရတာနဲ့ ချန်လုကျိုးက သူ့အိမ်မှာရှိတယ်လို့ ပြောလာတာကြောင့်"
ရွှီကျစ်က လက်ထဲတွင်ပါလာသည့် မီးကင်ပြီးခါစပူပူနွေးနွေးအာလူးနှစ်လုံးအား လှုပ်ရမ်းပြလာ၏။
"ဘာလဲဟာ ၊ ကျူးယန်ချီ အဲ့ဒီကောင်ရဲ့နားရွက်က ဝက်နားရွက်ကြီးလားမသိဘူး....ပြုတ်စားဖို့ကလွဲ ဘာမှသုံးမရဘူး ၊ သူပြောတာက နင်တို့နှစ်ယောက် လယ်ကြွက်သွားရိုက်ကြတာတဲ့ ၊ ငါတောင်မှ ပြောလိုက်သေးတယ်....နှစ်ယောက်သားက ခဏလေးတွင်းချင်း အတိုင်အဖောက်ညီပြီး ဘယ်လိုလုပ်လယ်ကြွက်ရိုက်တဲ့အထိဖြစ်သွားနိုင်မှာလဲပေါ့"
ချိုက်ယင်းယင်းက ဆက်၍ ;
"ဒါနဲ့ ထင်တောင်မထင်ရဘူးနော် ၊ ချန်လုကျိုးက သဘောကောင်းသားပဲ"
ရွှီကျစ်က ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြ၏။
"သူက အရမ်းခင်ဖို့ကောင်းတယ်လို့ နင်ရော မထင်မိဘူးလား"
ချိုက်ယင်းယင်းက စုတ်တစ်ချက်သပ်လိုက်ရင်း ;
"ကျစ်....ဘဝင်မြင့်နေမှန်း အသိသာကြီးပါနော်"
"ငါ နင့်ကိုပြောပြဖူးတဲ့အမျိုးသမီးကို မှတ်မိသေးလား ၊ အဲ့ဒါ သူ့အမေ"
ချိုက်ယင်းယင်းမှာ တစ်ခဏတာကြောင်အမ်းသွားခဲ့ရ၍ ;
"နင်ပြောတဲ့ အသံရော စကားပြောပုံတွေရောကအစ နင့်အမေနဲ့တစ်ထေရာတည်းတူတဲ့အမျိုးသမီးလား"
"အင်း"
ရွှီကျစ်က ခေါင်းငြိမ့်ပြကာ တဖြည်းဖြည်းတွေးတောရင်းဖြင့် ဆက်၍စကားဆိုသည်။
" 'Woman of The Ganges' ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကားတစ်ကားကို နင်ကြည့်ဖူးလား ၊ ဗိသုကာဒီဇိုင်းဆွဲပညာရှင် ထူးချွန်တဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ရိုက်ကူးဖော်ပြထားတာ ၊ ဒါပေမယ့် အရင်တုန်းက ဘုရားကျောင်းက ဘုန်းတော်ကြီးတွေရဲ့တန်ဆာဖြစ်ခဲ့ဖူးတော့ ဘဝ,က မစင်ကြယ်တော့တဲ့အပြင် အစွန်းအထင်းတွေပါရှိခဲ့ရတယ် ၊ အဲ့ဒါကြောင့် နောက်ပိုင်းမှာ သူ ဘယ်လိုလက်ရာမြောက်တဲ့ဗိသုကာဒီဇိုင်းတွေ ဆွဲပြနိုင်ခဲ့ပါစေ....ဒီလောကကြီးကလူတွေရဲ့အမြင်မှာ သူက စော်ကားမော်ကားပြုနိုင်တဲ့အရာတစ်ခုသာသာပဲ ၊ ဘယ်လိုဆုချီးမြှင့်ပွဲမျိုးကိုမှ တက်ရောက်ခွင့်မရှိခဲ့ဘူး ၊ ဒါပေမယ့် သူ့အရည်အချင်းကို အသိအမှတ်ပြုခဲ့ကြတဲ့လူတွေလည်း အများကြီးရှိတယ် ၊ နောက်ကျတော့ ပိုပြီးဂုဏ်သိက္ခာရှိမယ့်ဘဝတစ်ခုမှာနေနိုင်ဖို့အတွက် သားသမီးနဲ့ခင်ပွန်းကိုထားခဲ့ပြီး သူ့အရည်အချင်းတွေကိုအသုံးချချင်နေခဲ့တဲ့ အရင်းရှင်လူတစ်စုနဲ့ပူးပေါင်းတယ်....မီးလောင်မှုတစ်ခုကို ဖန်တီးပြီး သေချင်ယောင်ဆောင်တယ်....နောက်တော့ တစ်ယောက်ယောက်နဲ့တူတဲ့ ပလက်စတစ်ဆာဂျရီကို လုပ်ပစ်ခဲ့တယ် ၊ သိပ်မကြာပါဘူး....သူ့ရဲ့အလုပ်တွေအားလုံး အောင်မြင်လာတဲ့အပြင် တစ်ကမ္ဘာလုံးဆိုင်ရာဆုတွေအထိပါ ရယူနိုင်ခဲ့တယ် ၊ နှစ်အနည်းငယ်ကြာလာတော့ သူ့ရဲ့အရောင်အဝါတွေကျလာပြီး လူတွေ စိတ်လှုပ်ရှားသွားစေလောက်မယ့်လက်ရာတွေ ထပ်မဖန်တီးနိုင်တော့တဲ့အခါမှာတော့ အသုံးချခဲ့တဲ့အရင်းရှင်တွေကလည်း ချက်ချင်းကိုစွန့်ပစ်ကြပြီး သူ့ရဲ့ကိုယ်ရေးအချက်အလက်အမှန်တွေလည်း ဖော်ထုတ်ခံလိုက်ရတယ်"
( ဘုန်းတော်ကြီးတွေရဲ့တန်ဆာက အင်္ဂလိပ်လို God's maid / Temple prostitutes ဆိုပြီး သုံးကြတယ်။ အိန္ဒိယမှာဆိုရင် ဆင်းရဲတဲ့မိသားစုမိဘတွေက သူတို့သားသမီးတွေကို ဘုရားကျွန် God's maid အဖြစ် ဘုရားကျောင်းမှာ လာလှူကြပါတယ်။ ဒီလိုကနေပြီး အချိန်တွေကြာလာတော့ ဘုန်းတော်ကြီးတွေ ၊ ယုံကြည်သူတွေရဲ့ 'ကိုယ်ပိုင်တန်ဆာပစ္စည်း'လိုဖြစ်လာကြပြီး တစ်ဖက်သားဘဝကိုလည်း အလုံးစုံထိန်းချုပ်လို့ရသွားကြပါတယ် ၊ လိုအပ်လာရင် ယုတ်စွအဆုံး ပြည့်တန်ဆာ/ Sex slave အထိပါ နေပေးရပါတယ်တဲ့။ ရှောင်ချုန်းလည်း ခုမှအလင်းပွင့်သွားတာမလို့ ဂဂဃဃသေချာမပြောပြတတ်ဘူးရယ် ၊ Google မှာတော့ အသေးစိတ်တွေရှိပါတယ် )
ချိုက်ယင်းယင်းက အဓိကဆိုလိုရင်းကို သဘောပေါက်သည့်ဟန်ဖြင့် ;
"သစ်ပင်ပေါ်ဆွဲကြိုးချိတ်မိသွားတုန်းက သူ့အခန်းတံခါးကို နင် ချက်ချင်းပြေးခေါက်တာ မထူးဆန်းမိတော့ဘူး ၊ နင့်စိတ်ထဲမှာ နင့်မေမေက....."
"လူနှစ်ယောက်က ဘာဖြစ်လို့ ဒီလောက်ထိတူနေရတာလဲဆိုတာကို ငါ စဥ်းစားမရရုံပါ ၊ တစ်ယောက်တည်းဟုတ်နိုင်တာ မဟုတ်နိုင်တာထက် ငါကတော့ အခွင့်အရေးသေးသေးလေးရှိတယ်ဆိုရင်တောင် အတည်ပြုကြည့်ဖို့ကြိုးစားမှာပဲ ၊ အဲ့ဒါမှ ငါ စိတ်အေးနိုင်မှာမလို့ ကြိုးစားကြည့်ချင်ရုံပဲ"
သူမအနေဖြင့် အပြေးလေးပြေးဝင်သွားပြီး ချန်လုကျိုးအား 'နင့်အမေက ငါ့အမေဟုတ်မဟုတ် စစ်ဆေးကြည့်ချင်လို့'ဟု ပြော၍လည်းမရ။ မတော်ကာမှ ချန်လုကျိုးက သူမအား 'အရူးမ' ဟုထင်မှတ်သွားချေဦးမည်။
လင်းချိုးဒြယ် မွေးရပ်ဇာတိမြို့၌ သေဆုံးသွားသည်ဟုသာသတင်းကြားခဲ့ပြီး သင်္ဂြိုလ်မည့်အချိန်တုန်းက ရွှီကျစ်သည် နွေရာသီ Camp ဝင်နေရခြင်းကြောင့် စျာပနာအခမ်းအနားသို့ အချိန်မီသွားရောက်နိုင်ခြင်းမရှိခဲ့။ အဘွားဖြစ်သူသည်လည်း သူမ ရောက်လာမည့်အချိန်ထိ စောင့်မပေးနိုင်။ ရာသီဥတုပူပြင်းလွန်းသည့်အပြင် ခန္ဓာရုပ်ကလပ်အား ရွာထဲတွင် ထား,ထားရသောကြောင့် ရွာသူရွာသားများ စိတ်မကျေမချမ်းဖြစ်စေအောင်လည်း မပြုတန်ရာ။ သည့်ထက်အပြင် အဘွားဖြစ်သူက ဖုန်းရွှေအတတ်ပညာအား အထူးယုံကြည်သဖြင့် ရက်ပိုင်းအတွင်းပင် စျာပနာအခမ်းအနားကို အပြီးအစီးပြုလုပ်လိုက်သည်။ အကယ်၍လွှဲချော်သွားပါက နောက်ထပ် နှစ်ဝက်ကြာစောင့်ရတော့မည်ဖြစ်ကာ စျာပနာအတွက် ပေးရမည့်အရိုးပြာထိန်းသိမ်းထားပေးသည့်အဖိုးအခကိုလည်း ထည့်တွက်ကြရတော့မည်ဖြစ်၏။
ရွှီကွမ်းကျိက ရွှီကျစ် ရောက်လာမည့်အချိန်ထိစောင့်ပေးရန် ခေါင်းမာခဲ့ပါသေးသည်။ သည်ကိစ္စအတွက်ကြောင့်ဖြင့် အမြဲတမ်းအနေအေးခဲ့သည့် ရွှီကွမ်းကျိသည်ပင် အဘွားဖြစ်သူအား ပထမဆုံးအကြိမ် ဒေါသထွက်ခဲ့ရသည်။ သို့သော်လည်း အဘွားဖြစ်သူက အမြဲတစေ သူ့နည်းသူ့ဟန်အတိုင်းသာ ဆက်သွားသည့်လူ။
အကယ်၍ လင်းချိုးဒြယ်၏ရုပ်ကလပ်သင်္ဂြိုလ်သည့်မြင်ကွင်းကိုသာ သူမကိုယ်တိုင် မြင်တွေ့ခဲ့ရလျှင် ယနေ့ကဲ့သို့အဖြစ်အပျက်မျိုး လုံးဝရှိလာလိမ့်မည်မဟုတ်ကြောင်း ရွှီကျစ် တွေးလိုက်မိသည်။
ချိုက်ယင်းယင်းသည်လည်း အကျအနအပီအပြင်ကို တွေးကြည့်ပြီးနောက်တွင် ;
"ဒါပေမယ့် မဟုတ်တာကတော့ မဟုတ်သေးဘူး ၊ အန်တီက လွန်ခဲ့တဲ့သုံးလေးနှစ်လောက်ကမှ.....သူ့လောက်ကြီးတဲ့သားတော့ မရှိနိုင်ဘူးလေ ၊ သူ့အသက်အရွယ်နဲ့ဆိုရင် မကိုက်ညီတော့ဘူးမလား ၊ နင် မနောက်ပါနဲ့တော့ဟာ ၊ ပြောရင်းနဲ့ ထူးဆန်းထွေလာတွေဖြစ်ကုန်ပြီ"
ရွှီကျစ် ;
"သူက မွေးစားခံထားရတာဖြစ်ဖို့များတယ်"
လမ်းကြားလေးမှာ တိတ်ဆိတိငြိမ်သက်လျက်ရှိသည်။ နှစ်ယောက်သားက ဤကျောက်စရစ်ခဲစိမ်းစိမ်းလေးများပြည့်နေသည့်လမ်းထဲ နေ့တိုင်းအသွားအပြန်လျှောက်ဖူးပါသည့်တိုင် ချိုက်ယင်းယင်းမှာ ယခုလောက်ထိတော့ ကျောမစိမ့်ဖူး။ လျှောက်လေ ချမ်းစိမ့်လာရလေဖြစ်ကာ နောက်ဆုံးတွင် နှစ်ယောက်သား လမ်းခွဲနေကြဖြစ်သည့်ပုံမှန်နေရာထံသို့ ရောက်လာခဲ့ကြသည်။
ချိုက်ယင်းယင်းမှာ ဆွံ့အသွားရလွန်း၍ ချက်ချင်းစကားမပြောနိုင်တော့ပါချေ။
"သူ နင့်ကိုပြောပြတာလား"
ရွှီကျစ်က ခေါင်းရမ်းပြပြီး နေ့လည်ခင်းတုန်းက သူမ ကြားခဲ့ရသည့်စကားလုံးတို့အား ချိုက်ယင်းယင်းထံ ရွတ်ပြလိုက်သည်။
--'မင်း စကားပြောရင် အဲ့လောက်ထိပြင်းထန်နေမှကိုဖြစ်မှာလား'
--'အမေ ကျွန်တော့်ကို ပထမဆုံးတွေ့တဲ့နေ့ကတည်းက ဆူးတစ်ချောင်းလို မြင်နေပြီးသားမဟုတ်ဘူးလား'
"အကယ်၍ သွေးသားအရင်းသားအမိတွေသာဆိုရင် ဒီလိုစကားမျိုးပြောတာက အရမ်းထူးဆန်းစရာကောင်းတယ်လို့ နင် မထင်မိဘူးလား"
ရွှီကျစ်မှာ အတွေးများကြောင့် ပင်ပန်းလာပါသည့်တိုင် အကြောင်းအမျိုးမျိုးကြောင့်ဖြင့် စိတ်အစဥ်ဟာ တွေးတောနေခြင်းမှ မရပ်တန့်နိုင်။
"ငါ ပထမဆုံးထင်လိုက်မိတာက မိထွေး ဖြစ်လောက်မယ်ပေါ့ ၊ နောက်တော့ ငါတို့တွေ ထမင်းအတူစားနေကြတုန်းက သူ့ကို တစ်ယောက်ယောက်က Wechatထဲမှာ ဆဲလိုက်သလိုပဲ ၊ ကျူးယန်ချီတောင်မှ မင်း သည်းခံနိုင်တယ်ပေါ့ဆိုပြီး မေးသေးတယ်လေ ၊ အဲ့အချိန်မှာ သူ ကျူးယန်ချီကို ပြန်ပြောလိုက်တဲ့စကားတစ်ခွန်း"
--'သူ့ဘက်က စိတ်ပါလက်ပါနှုတ်ခွန်းဆက်သနေတာကိုကြည့်ရင်းနဲ့ ဒီကောင်က ငါ့ဘိုးဘေးအုတ်ဂူတွေ ဘယ်နားရှိမှန်းတောင် သိနေလောက်မယ်လို့ထင်လာပြီ ၊ ကြည့်လေ စိတ်ဝင်စားစရာမကောင်းဘူးလား ၊ နောက်ဆုံးထိ ဖတ်သွားတာတောင် ဒီကောင်က ငါ့ကို လိပ်စာမပေးသွားဘူး'
ရွှီကျစ်က နံရံကိုမှီလိုက်ရင်းဖြင့် ;
"စကားအသွားအလာကိုကြည့်ရုံနဲ့ မိထွေး မဟုတ်မှန်းသိသာသွားတယ် ၊ ဘာလို့ဆို အဖေကလည်း သူ့အဖေအရင်း ဟုတ်မနေလို့ ၊ ခန့်မှန်းကြည့်ရရင် သူက သူ့မိဘအရင်းတွေက ဘယ်သူမှန်းတောင် သိထားပုံမရဘူး ၊ ဒါလိုဆိုမှတော့ မွေးစားထားတာပဲဖြစ်နိုင်တော့တယ်လေ ၊ နောက်ထပ်တစ်ချက်ရှိသေးတယ်....သက်သေသာဓကအဖြစ် ပြောလို့ရမရတော့မသိဘူး"
ချိုက်ယင်းယင်းက လန့်ဖြန့်ပြီးမေးလာလေ၏။
"ဘာလဲ"
"သူ့အိမ်ခန်းထဲက ဘတ်စကတ်ဘောလုံးတစ်လုံးပေါ်မှာ လက်မှတ်တွေထိုးထားတာကို ငါ တွေ့ခဲ့တယ် ၊ အစက ထင်လိုက်မိတာကတော့ နာမည်ကြီးတွေရဲ့လက်မှတ်ပေါ့ ၊ နောက်မှသေချာလေးကြည့်မိလိုက်တာ လက်မှတ်တွေအားလုံးက တစ်ပုံစံတည်း ၊ သူ့နာမည်ကို လက်မှတ်ထိုးထားတာ ၊ ပြီးတော့ Drone iPadတွေအပေါ်မှာကအစ လက်မှတ်ထိုးထားတာ ၊ ဒါမျိုးလုပ်တတ်တာက ကိုယ့်ကိုကိုယ်အတ္တကြီးတတ်တာကြောင့်တို....ဒါမှမဟုတ် အကျင့်ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်တယ် ၊ အရင်က လူတွေအများကြီးနဲ့ အတူနေထိုင်ခဲ့ရဖူးပြီးတော့ ညစ်ပတ်တာကိုလည်းကြောက်တတ်....အသန့်ကြိုက်တဲ့အကျင့်လည်းရှိတာကြောင့် ကိုယ့်ပစ္စည်းတွေအားလုံးအပေါ်မှာ နာမည်ရေးထားတတ်တာမျိုးလေ ၊ ဥပမာ မိဘမဲ့ဂေဟာလိုမျိုး"
ချိုက်ယင်းယင်းမှာ လုံးလုံးလျားလျားဆွံ့အသွားချေပြီး သူမ၏စကားများအား အကြွင်းမဲ့ယုံကြည်သွားလေတော့သည်။
ရွှီကျစ် သက်ပြင်းချမိရင်း နံရံမြင့်ကြီးထက်ဆီသို့ မော်ကြည့်မိလိုက်သည်။ နီရဲနေသည့်နွယ်သာကီပန်းနွယ်များဟာ ဖြူစွတ်နေသည့်လရောင်အောက်တွင် တွဲလွဲခိုလှပနေကြပြီး ရုတ်တရက်ဆိုသလို သူမ ကလေးအရွယ်တုန်းက သဘောကျခဲ့ရသည့်ရောင်စုံသကြားလုံးဘူးလေးဟုပင် ပြေးမြင်ယောင်ခံစားမိလိုက်ရသည်။ မည်သည့်ကလေးငယ်ကများ သကြားလုံးစားရသည်ကို မနှစ်သက်ဘဲနေပါ့မည်နည်း။ လင်းချိုးဒြယ်က သူမ၏သွားများ ပိုးစားကြွေကျကုန်မည်ကိုစိုး၍ သကြားလုံးဘူးအား လက်လှမ်းမမီနိုင်သည့် အိမ်ထဲမှအမြင့်ဆုံးနေရာများတွင်သာတင်ထားတတ်ပြီး သူမ အော်ဟစ်ငိုယိုသောင်းကျန်းပြလျှင်တောင် အလျော့မပေးတတ်။ လောင်ရွှီတစ်ယောက်ကသာ သူမအား မကြည့်ရက်သဖြင့် အမြဲတမ်းလိုလို သကြားလုံးနှစ်လုံး ခိုးကျွေးခဲ့သည်ပင်။
ရွှီကျစ် ; "ချန်လုကျိုးသာ အကယ်၍ မိဘမဲ့ဂေဟာမှာကြီးပြင်းလာခဲ့တယ်ဆိုရင် သူ့အတွက် သကြားလုံး ခိုးယူပေးမယ့်လူကြီးဆိုတာ မရှိနိုင်ခဲ့ဘူးမလား"
ရွှီကျစ် ; "ဒါဆိုရင် သူ ငယ်ငယ်တုန်းက အများကြီးပျော်ခဲ့ရမှာမဟုတ်ဘူး"
*********
~~Zawgyi~~
"ကြၽမ္းက်င့္အဆင့္....တကယ္ကို ကြၽမ္းက်င္အဆင့္ႀကီးကြ"
က်ဴးယန္ခ်ီသည္ လုံးဝေသခ်ာေနသည့္ဟန္တို႔ျဖင့္ စကားဆိုလာသည္ ;
"သူသာ ဆရာမႀကီးအဆင့္ မဟုတ္ခဲ့ဘူးဆိုရင္....ငါ က်ဴးယန္ခ်ီ ဒီေန႕ဒီခ်ိန္ကစၿပီး နာမည္ကို ယန္ခ်ီက်ဴးလို႔ေျပာင္းပစ္မယ္"
က်ဴးယန္ခ်ီ၏အမည္မွာ သူတို႔မိသားစုမွ အဘိုးျဖစ္သူကိုယ္တိုင္မွည့္ေပးထားသည့္ နာမည္ျဖစ္ၿပီး 'ယန္'စကားလုံးမွာ 'ေလးစားအားက်ခံရသည္'ဟူသောအဓိပ္ပါယ်။ ေနာက္ပိုင္း မူလတန္းအ႐ြယ္၌ အဂၤလိပ္စာသင္ယူရသည့္အခါ အဂၤလိပ္နာမည္မ်ားတြင္ မ်ိဳးရိုးနာမည္အား အေနာက္ဘက္၌ထားရေၾကာင္း သင္ယူလာရသည္။ သို႔ႏွင့္ သူငယ္ခ်င္းမ်ားက သူ႕အား 'ယန္ခ်ီက်ဴး'(အေနာက္တိုင္းဝက္)ဟု အေျပာင္အပ်က္ဝိုင္းေခၚၾကရာ ထိုတစ္ေန႕က သူ အႀကီးအက်ယ္ေအာ္ငိုၿပီး အိမ္ျပန္ေရာက္သည္ႏွင့္ နာမည္ေျပာင္းေပးရန္ ပူဆာေတာ့သည္။ ထိုအခ်ိန္တုန္းက အဘိုးျဖစ္သူသည္ မာေက်ာက္ကစားခုံေပၚရွိ ေလးဖက္ေလးတန္မွကစားသမားမ်ားအားလုံးကို အနိုင္ယူေနသည္ျဖစ္ရာ မာေက်ာက္တုံးတစ္ခုကို ျမႇောက္ယူၿပီး လက္ခုပ္လက္ဝါးတီး၍ ေအာ္ရယ္ပါေတာ့သည္။
"ေကာင္းလိုက္တာကြာ! ေကာင္းလိုက္တာကြာ!"
ထိုအခ်ိန္တုန္းက အသက္ငါးႏွစ္ေျခာက္ႏွစ္အ႐ြယ္ေလး က်ဴးယန္ခ်ီသည္ေတာ့ အဘိုးျဖစ္သူက မာေက်ာက္ကစားကြက္ေကာင္းေၾကာင္းေျပာသြားေနသည္ဟု မေတြးနိုင္ခဲ့ဘဲ သူ႕သူငယ္ခ်င္းမ်ား အေျပာင္အပ်က္ဝိုင္းေခၚၾကသည့္နာမည္အား 'ေကာင္းလိုက္တာကြာ'ဟု ေျပာဆိုသည္ဟုသာထင္မွတ္ခဲ့ၿပီး ေအာ္ႀကီးဟစ္က်ယ္ေအာ္ငိုခဲ့သည္။ အသက္ငယ္ငယ္ေလးကတည္းက နက္နက္ရွိုင္းရွိုင္း အသိတရားရသြားခဲ့သည္မွာလည္း - 'လူ႕ေလာကႀကီးမွာ အေၾကာင္းကိစၥဆယ္ခုရွိရင္ ကိုးခုေလာက္က စိတ္တိုင္းမက်ေနတာမ်ိဳးျဖစ္နိုင္တယ္ ၊ ဒါေပမယ့္ တစ္ဖက္သားကို ေျပာျပလို႔ရတာမ်ိဳးကေတာ့ တစ္ခု ႏွစ္ခုေလာက္ပဲရွိမယ္ ၊ အထူးသျဖင့္ နာမည္ေျပာင္ေတြလိုမ်ိဳးေပါ့'။ ထို႔ေၾကာင့္ က်ဴးယန္ခ်ီသည္ 'ယန္ခ်ီက်ဴး'ဆိုသည့္နာမည္ေျပာင္အား အေတာ္ႀကီးကိုမုန္းတီးေလသည္။
( က်ဴးယန္ခ်ီ - ယန္ခ်ီက်ဴး > အသံထြက္ပဲတူၿပီး စာလုံးေတြမတူတာေၾကာင့္ အဓိပ္ပါယ်ေျပာင္းပါတယ္ )
သည္အခ်ိန္တြင္ ခ်န္လုက်ိဳးက ေရခ်ိဳးေနျခင္းျဖစ္ၿပီး ေရပန္းအား အရွိန္နည္းနည္းျဖင့္သာဖြင့္ထားရင္း ေရေပါက္ေရစက္မ်ားအား ခပ္ပါးပါးအေရျပားထက္သို႔ စီးက်လာေစလိုက္သည္။ အေသအခ်ာပုံေဖာ္ထားသည့္ ခါးတစ္ဝိုက္ႏွင့္ဝမ္းဗိုက္သားထက္မွအဖုအထစ္တို႔ဟာလည္း ခြန္အားျပည့္ဝဟန္မ်ိဳး။
လိပ္ေပါက္စေလးမွာ ဘယ္အခ်ိန္ကတည္းက ပုံးထဲမွထြက္လာနိုင္သည္မွန္းမသိ ၊ သူ႕ေျခရင္းနား၌ၿငိမ္၍ ၾကမ္းျပင္ထက္မွေရမ်ားကို ေသာက္ယူေနသည္။ ခ်န္လုက်ိဳးက ႐ြံရွာသည့္အမူအရာမ်ိဳးျဖင့္ တြန္းထုတ္လိုက္ေသာ္ျငား လိပ္ေပါက္စေလးက ပင္ပန္းတႀကီး ျပန္၍တြားသြားလာျပန္၏။ ခ်န္လုက်ိဳး သက္ျပင္းခ်ထားလိုက္၏ ; 'ထားလိုက္ပါေတာ့ ၊ မနက္ျဖန္က်မွ ဟိုအ႐ူးေကာင္ 'ခ်န္ရွင္းခ်ီ' ကို သြားေပးလိုက္ေတာ့မယ္ ၊ အာ မျဖစ္ဘူး ၊ မနက္ျဖန္က တနဂၤႏြေဆိုေတာ့ အေဖ အိမ္မွာရွိေနေလာက္တယ္ ၊ ဟိုကေလးကို သူ႕ဘာသာသူပဲ ထြက္လာယူခိုင္း႐ုံေပါ့'
ခ်န္လုက်ိဳး ေရခ်ိဳးၿပီး တဘက္တစ္ထည္ျဖင့္ထြက္လာသည့္အခ်ိန္တြင္ က်ဴးယန္ခ်ီတစ္ေယာက္က စီးကရက္ကိုခဲ ၊ ဆိုဖာထက္၌ အက်အနထိုင္ကာ သူ႕ေခါက္ဆြဲေခါက္ထုပ္ႏွစ္ထုပ္လုံးအား ျပဳတ္ထားႏွင့္ၿပီးျဖစ္သည္။ ဧည့္ခန္းထဲတြင္ မီးေရာင္မရွိျခင္းေၾကာင့္လည္း မည္သည့္ေနရာမွ တူးယူလာမွန္းမသိေသာ ဖေယာင္းတိုင္ႏွစ္တိုင္ကိုပါထြန္းထားေသးသည္။ ယခုတြင္မွ အမွန္တကယ္ကို ဖေယာင္းတိုင္ႏွင့္ညစာစားေနရျခင္းျဖစ္ကာ ဖေယာင္းတိုင္မီးလႈပ္တုတ္လႈပ္တုတ္မွာလည္း စိတ္ကူးယဥ္ခ်င္စရာေကာင္းေအာင္ျပဳေနသလားပင္။
"ဘယ္လိုေနလဲ ၊ microwave မီးေရာင္ထက္ မိုက္တယ္မလား"
က်ဴးယန္ခ်ီက ႐ႊတ္ေနာက္ေနာက္ျဖင့္လွမ္းစလာ၏။
ခ်န္လုက်ိဳးသည္ ဆံပင္ေရသုတ္လက္စႏွင့္ပင္ အနားသို႔ေလွ်ာက္သြားလိုက္ၿပီး ဖေယာင္းတိုင္မီးအားလုံးကိုမႈတ္ပစ္ကာ ဆိုဖာေပၚထိုင္ခ်ရင္း အေမွာင္ထဲ၌သာ ဆံပင္ေရသုတ္၍ စကားဆိုလာသည္။
"ကသိကေအာက္နိုင္ရတာကေတာ့ နည္းနည္းဆိုေပမယ့္ သူ(မ)နဲ႕ဆိုရင္ေတာ့ ငါ လက္ခံနိုင္ေသးတယ္ ၊ ငါတို႔ႏွစ္ေယာက္ဆိုရင္ေတာ့ ေမ့သာထားလိုက္....မင္း ငါ့အေပၚမွာ မရိုးမသားေတြျဖစ္ေနမွာ ေၾကာက္တယ္"
က်ဴးယန္ခ်ီမွာ စီးကရက္အား ေအာက္သို႔ခ်လိဳက္ရင္း ၾကားလိုက္ရသည့္စကားေၾကာင့္ ခ်က္ခ်င္းခြန္းတုံ႕မျပန္နိုင္ေအာင္ ျဖစ္သြားခဲ့ရသည္။
"?"
"မင္း ဘာေတြေမွ်ာ္လင့္ေနတာလဲ ၊ ဟိုတစ္ေယာက္က်ေတာ့ မင္းဆိုတဲ့ခ်န္သခင္ေလးအေပၚ မရိုးမသားအေတြးေတြ ရွိလို႔ရတယ္ဆိုတဲ့သေဘာလား ၊ သူ႕မွာ ရည္းစားေကာင္ေလးရွိတယ္ေနာ္ ေအ့!"
'ထန္႐ႊီ'၏အေၾကာင္းအား အခုေလးတင္ေျပာျပထားျခင္းျဖစ္ပါေသာ္လည္း ခ်န္လုက်ိဳးဆိုေသာတစ္စုံတစ္ေယာက္၏သတၱိမွာကား မိုးေကာင္းကင္ထက္ပင္ႀကီးသည့္ျဖစ္ရာ က်ဴးယန္ခ်ီ၏စိတ္ထဲ၌ အနည္းငယ္ စိုးရိမ္စိတ္မကင္းျဖစ္သြားခဲ့ရသည္။
ေမွာင္မိုက္မႈမ်ားႀကီးစိုးေနသည့္အလယ္တြင္ ႏွစ္ဦးသား၏အသြင္အျပင္တို႔မွာ ေဝဝါးဝါးျဖစ္ေနေစရသည့္တိုင္ ျပတင္းေပါက္အျပင္ဘက္မွ ထိုးျဖာေပးေနသည့္လေရာင္ေၾကာင့္ တစ္ဖက္သား၏အမူအရာတို႔ကိုေတာ့ ခန့္မွန့္ၾကည့္၍ရပါေသးသည္။ ခ်န္လုက်ိဳးက ဆံပင္သုတ္ေနရာမွ ရပ္တန့္လိုက္ၿပီး အခက္ေတြ႕သြားရဟန္ျဖင့္ စကားဆိုလာခဲ့သည္။
"ဒါဆို မင္းက ငါ့ကို ဘယ္လိုလုပ္ေစခ်င္ေနတာလဲ ၊ ငါ့ဘက္က လြန္တဲ့စကားတစ္ခြန္းကိုမွလည္း ေျပာရေသးတာမဟုတ္ဘူး"
သူ႕ႏႈတ္ခမ္းေထာင့္စြန္းတို႔ ေကြးတက္သြားခဲ့သည္ကိုပင္ က်ဴးယန္ခ်ီ ျမင္လိုက္ရေလၿပီး ;
"ငိုး မင္း သူ႕ကို သြားေမွ်ာ္လင့္ေနတာကိုက လြန္ေနၿပီ! ၊ မင္း သူ႕အေပၚ တကယ္ႀကီး ခံစားခ်က္ေတြရွိေနတာလား"
"ငါ မင္းကိုေျပာမယ္ကြာ"
တစ္ဖက္လူ၏စကားတို႔ကို တစ္ခ်က္ေလးမွ်မေစာင့္ေတာ့ဘဲ က်ဴးယန္ခ်ီသည္ 'ငါက ဆရာႀကီးပေလးတာခံရဖူးေတာ့ ငါ အကုန္သိတယ္' ဆိုေသာမ်က္ႏွာေပးႏွင့္ ;
"မင္းက ဘာအေတြ႕အႀကဳံမွမရွိေသးတဲ့လူ ၊ အဲ့ဒီ႐ႊီက်စ္ဆိုတဲ့တစ္ေယာက္က ေသခ်ာေပါက္ကို ဆရာမႀကီးေနာ္ ၊ သူ႕ရဲ႕သူငယ္ခ်င္းဆိုတဲ့တစ္ေယာက္လည္း ဘာေကာင္းတဲ့ဟာေလးမွမဟုတ္ဘူး"
ခ်န္လုက်ိဳးမွာ ေျပာစရာစကားမ်ားပင္မဲ့သြားခဲ့ၿပီး ဆိုဖာေနာက္မွီပစ္ရင္း အေသာမသတ္နိုင္ေအာင္ ေအာ္ရယ္ပစ္မိေတာ့၏။ ေနာက္တြင္မွ ေရခ်ိဳးတဘက္အား ေဘးဖယ္လိုက္ၿပီး ခပ္မတ္မတ္ျပန္ထိုင္ကာ အသင့္စားေခါက္ဆြဲဘူး၏အဖုံးအား အဆုံးထိဆြဲမျဖဳတ္ဘဲ ဖြင့္႐ုံသာဖြင့္လိုက္သည္။ ခက္ရင္းျဖင့္ ႏွစ္ခ်က္မွ်ထိုးေမႊရင္း အေလ်ာ့ေပးလိုက္သည့္ဟန္ႏွင့္ စကားဆိုလာခဲ့သည္။
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ ၊ ေကာ...မင္း ငါ့ကို ခ်မ္းသာေပးပါကြာ ၊ ေနာက္တစ္ခါ ငါ သူ႕ကိုေတြ႕တဲ့အခ်ိန္က်ရင္ ေသခ်ာေပါက္ ေရွာင္ကြင္းသြားေပးမယ္"
ထိုအခါတြင္မွ က်ဴးယန္ခ်ီက စိတ္ေက်နပ္သြားသည့္အေနျဖင့္ စီးကရက္ကိုခ်ၿပီး အသင့္စားေခါက္ဆြဲဘူးကိုဖြင့္ကာ ပလုတ္ပေလာင္းျဖင့္ စကားဆို၏။
"ဒါနဲ႕....မင္းအေမ စကားကိုနားေထာင္ၿပီး နိုင္ငံျခားထြက္ဖို႔ တကယ္စဥ္းစားထားတာလား"
"အင္း"
"မင္း ဘာလို႔မျငင္းတာလဲ ၊ 'ေပက်င္း' 'ရွန့္ဟိုင္' မွာလည္း ေက်ာင္းေကာင္းေကာင္းေတြ အမ်ားႀကီးရွိပါတယ္ ၊ အခုခ်ိန္မွာ အမွတ္စာရင္းေတြလည္း ထြက္မွမထြက္ေသးတာ ၊ ဒီႏွစ္သခၤ်ာေမးခြန္းလွည့္ထားတာေတြ အရမ္းခက္တာကိုေတာင္မွ မင္း အမွတ္ျပည့္နီးပါးေျဖနိုင္ခဲ့တာပဲေလ ၊ ဒီတစ္ဘာသာတည္းနဲ႕တင္ မင္းအတြက္ အမွတ္အမ်ားႀကီးဆြဲေခၚနိုင္ေလာက္တယ္ ၊ ငါ့အထင္ေတာ့ မင္းရဲ႕အမွတ္ေပါင္းေတြနဲ႕ဆိုရင္ အခြင့္အေရးေတာ့ ေသခ်ာေပါက္ရွိေလာက္မွာ ၊ မင္းအေမ နိုင္ငံျခားထြက္ခိုင္းတဲ့စကားကို မျဖစ္မေနနားေထာင္ေနစရာမလိုပါဘူးကြာ ၊ မင္းအေမကို မင္း အဲ့ေလာက္ေတာင္ ေၾကာက္ေနတာလား"
က်ဴးယန္ခ်ီက ရယ္သံသဲ့သဲ့ျဖင့္ဆိုလိုက္သည္။
"ေၾကာက္တယ္ပဲဆိုပါေတာ့ ၊ ဘယ္လိုပဲၾကည့္ပါေစ ငါက ေမြးစားသားပဲေလ"
ခ်န္လုက်ိဳးက ခက္ရင္းကိုင္ထားသည့္လက္အား တစ္ခဏရပ္လိုက္ၿပီးမွ
"ၿပီးေတာ့ ဒါေတြက ငါ့မွာရွိတဲ့ တစ္ခုတည္းေသာအိမ္"
ဤသည္မွာ အမွန္တရားတစ္ခု ျဖစ္ပါသည့္တိုင္ ခ်န္လုက်ိဳး၏အက်င့္ေပါင္းစြာကို နားလည္ေနသည့္က်ဴးယန္ခ်ီမွာေတာ့ အက်ယ္ႀကီးပင္ ေအာ္ရယ္ပစ္လိုက္၏။
"မင္း ငါ့ကို ေလက်ယ္ၿပီးေျပာေနတာေတြေလ်ာ့လိုက္! ငိုး မင္းက ပ်င္းတာကိုအေၾကာင္းျပခ်က္ေလွ်ာက္ရွာေနတဲ့ေကာင္ ၊ မင္းမွာ လြမ္းစရာလူတစ္ေယာက္မွမရွိလို႔ သြားတာမလား ၊ ငါ အပါအဝင္ အျခားညီအစ္ကိုေတြအားလုံးကို မင္းမွ ဂ႐ုမစိုက္တာ ၊ မင္းကို အၾကာႀကီးသေဘာက်လာတဲ့မိန္းကေလးကိုလည္း မင္း ဂ႐ုမစိုက္ဘူးေလ ၊ ဘယ္လိုေနေန မင္းက ဘယ္သူ႕မွကို ဂ႐ုမစိုက္တာ"
ခ်န္လုက်ိဳးက သက္ျပင္းတစ္ခ်က္ခ်၍
"ငါ့အေဖအေမက ဘယ္လိုလူစားမ်ိဳးေတြလဲဆိုတာကို မင္းလည္း သိရဲ႕သားနဲ႕ ၊ ဟိုးငယ္ငယ္ကေန အခုခ်ိန္ထိ ငါ ျငင္းခဲ့ဖူးတဲ့အခ်ိန္တိုင္း အဆုံးသတ္မွာဘာမွမေျပာင္းလဲသြားတတ္တာကို မင္း မသိတာလည္းမဟုတ္ ၊ ညီအစ္ကိုေတြအေၾကာင္းကိုေျပာရမယ္ဆို....အလယ္တန္းသုံးႏွစ္လုံးမွာ ငါတို႔ႏွစ္ေယာက္က တစ္ေက်ာင္းတည္းမဟုတ္ခဲ့ေတာ့ အဆက္အသြယ္လုပ္တာၾကလည္း နည္းတယ္ ၊ မင္းက်ေတာ့ေရာ....'က်န္းနံပါတ္သုံး' 'လီနံပါတ္ေလး'တို႔နဲ႕က်ေတာ့ ေဘာင္းဘီတစ္ထည္တည္းဝတ္တဲ့အထိကို အတူတူကစားခဲ့ေပမယ့္ အခုလို အေဖတၿပီးငိုေတာ့မလို အေမတၿပီးငိုေတာ့မလို လုပ္ေနတာမ်ိဳးေတာ့ ငါ မေတြ႕ဖူးခဲ့ပါဘူး"
"အဲ့ဒါကေတာ့ ငါလည္း မတတ္နိုင္ခဲ့လို႔"
က်ဴးယန္ခ်ီတစ္ေယာက္က ေသသည့္တိုင္ ဝန္မခံတမ္းျငင္းေနမည့္သူ။
ခ်န္လုက်ိဳးက ခပ္ရွည္ရွည္ေနာက္ေက်ာျပင္အား အသာအယာေလးေကြးလိုက္ၿပီး ေခါင္းငုံ႕လ်က္ထားျဖင့္ အသင့္စားေခါက္ဆြဲထဲမွ အမဲသားတုံးေလးမ်ားကို တစ္ခုခ်င္းဖယ္ရင္း လိပ္ေပါက္စေလး စားဖို႔ရာအတြက္ သီးသန့္အျပင္ထုတ္ထားလိုက္သည္။
"ဒီလိုပါပဲ ၊ ငါ ထြက္သြားၿပီးတဲ့ေနာက္ သိပ္မၾကာခင္မွာ မင္းအတြက္ 'ေက်ာက္နံပါတ္ငါး'ဆိုၿပီး ရွိလာပါလိမ့္မယ္"
သူ႕အတြက္ ရွင္းလင္းတိက်စြာ သိထားႏွင့္ၿပီးသည့္အေျဖတစ္ခုမွာ မည္သူ႕အတြက္မဆို သူဟာ ဘယ္ေသာအခါကမွ ယွဥ္ၿပိဳင္စရာမလိုအပ္သည့္တစ္ဦးတည္းဟုသတ္မွတ္ရေသာ သီးသန့္ျဖစ္တည္မႈတစ္ခု မဟုတ္ခဲ့၏။
[ က်န္းနံပါတ္သုံး လီနံပါတ္ေလး ေက်ာက္နံပါတ္ငါး > ဒါက က်န္းဘယ္သူ လီဘယ္သူ ေက်ာက္ဘယ္သူ ဆိုၿပီး မ်ိဳးရိုးနာမည္ထည့္ၿပီး သုံးႏႈန္းတာပါ ]
တံတိုင္းနံရံႀကီးေအာက္ရွိ ေန႕ခင္းမိုးဒဏ္မ်ားခံၿပီးခါစ သစ္႐ြက္ေလးတို႔မွာ ဝါက်င့္က်င့္လမ္းမီးေရာင္ေအာက္တြင္ ေ႐ႊေရာင္အခ်ပ္ေလးမ်ားသဖြယ္ တဖ်က္ဖ်က္လင္းလ်က္ရွိသည္။ လမ္းၾကားေလးထဲမွ ေက်းငွက္တို႔ဟာလည္း အသံဆာဆာေလးမ်ားျဖင့္ျမည္တြန္ေနၾကသည့္အျပင္ ေရညွိစိမ္းစိမ္းမ်ားကပ္ညွိေနသည့္နံရံခ်ပ္မ်ားသည္ေတာ့ အခ်ိန္ၾကာၾကာတည္ရွိေနႏွင့္ေသာစိုထိုင္းထိုင္းရနံ႕တစ္မ်ိဳးပင္ ထုတ္လႊတ္ေနေခ်ၿပီ။
".....က်ဴးယန္ခ်ီက ေျပာေသးတယ္ ၊ တိေရွာင္းက ခ်ိဳင္က်င္းက်င္းနဲ႕ တကၠသိုလ္တစ္ခုတည္း အတူတူတက္ဖို႔ခ်ိန္းထားၾကၿပီးသားတဲ့ ၊ ဒါေပမယ့္ သူက ငါနဲ႕ တကၠသိုလ္တက္မယ့္အေၾကာင္းကို တစ္ခါမွေတာင္ မေျပာခဲ့ဖူးဘူး ၊ ငါဆို သူ႕နဲ႕ရင္းႏွီးတာ အထက္တန္းဒုတိယႏွစ္ကတည္းကေလ....ဒီေန႕ဒီအခ်ိန္ထိေတာင္ စကားေျပာမျပတ္ဖူးခဲ့တဲ့ဟာ...."
ခ်ိဳက္ယင္းယင္းက နံရံေအာက္ေျခနားတြင္ ေဆာင့္ေၾကာင့္ထိုင္ခ်ရင္း အသက္ကိုနိမ့္ခ်ည္ျမင့္ခ်ည္ရွိုက္သြင္းၿပီး မ်က္ရည္စက္လက္ျဖင့္ ;
"လြန္ခဲ့တဲ့ငါးမိနစ္တုန္းကေတာင္ 'မိ႐ႊယ္'ေရခဲမုန့္စားမလားလို႔ ေမးေနေသးတယ္ ၊ နင္ ေျပာၾကည့္ၾကည့္....သူ႕မွာ အဲ့ေလာက္အခ်ိန္ေတြပိုေနမွာတဲ့လား ၊ ခ်ိဳက္ယင္းယင္း ခ်ိဳင္က်င္းက်င္း ဝူး ဝူး ဝူး ဝူး....သူ႕ကိုယ္သူမ်ား ၾကယ္တာရာအစုအေဝး႐ုံးႀကီးမ်ားမွတ္ေနလား...."
တစ္ခဏေလးတုန္းကတင္ 'ထန္႐ႊီ' ႏွင့္ တစ္ပြဲတစ္လမ္းႏႊဲခဲ့ရေသးသည့္ျဖစ္ရာ ယခုအခိုက္အတန့္တြင္ေတာ့ ႐ႊီက်စ္တစ္ေယာက္က မေကာင္းမကန္းေနာက္ဆက္တြဲျဖစ္ရပ္မ်ားေပၚလာမည့္စိုးေသာေၾကာင့္ လက္လြတ္စပယ္ စကားေျပာမထြက္ရဲေတာ့ေခ်။ မ်က္ေမွာက္အေျခအေနကိုၾကည့္ရင္း ခ်န္လုက်ိဳးကိုလည္း မေနနိုင္ေအာင္ သတိရမိလိုက္ေသး၏။ အကယ္၍ သူ႕လို ပါးစပ္မ်ိဳးႏွင့္သာဆိုလွ်င္ ေျပာထြက္သြားမည့္စကားမ်ားက နားေထာင္ေကာင္းျခင္းရွိမရွိ အေရးစိုက္ေနစရာမလို ၊ အနည္းဆုံးေတာ့ ပတ္ဝန္းက်င္ႀကီးက တိတ္ဆိတ္ေနမည္မဟုတ္ေလာက္ေပ။
"ဒါမွမဟုတ္ ငါတို႔ လူငွားၿပီး ရိုက္ခိုင္းရင္ေရာ"
႐ႊီက်စ္က ဤေျဖရွင္းနည္းတစ္မ်ိဳးကိုသာ စဥ္းစားမိျခင္းေၾကာင့္ တည့္တိုးပင္စကားဆိုလိုက္သည္။
"အန္ကယ္ဖု'မွာ လမ္းေပၚကအသိေတြဘာေတြရွိတယ္မလား"
'အန္ကယ္ဖု'ဆိုသူမွာ ေဖေဖႏွစ္ဦးစလုံးႏွင့္ ရင္းႏွီးသည့္မိတ္ေဆြတစ္ဦးျဖစ္ၿပီး ေ႐ႊလင္ဗန္းႏွင့္ ႏွစ္ေပါင္းမ်ားစြာလက္ေဆးလာသူျဖစ္သည္။ 'အနားယူ'ၿပီးေနာက္တြင္မွာမွ ေမွးမွိန္ၿပီးမထင္ရွားေတာ့သည့္မိစ္ဆာသဖြယ္ ေတာင္အတြင္းဘက္၌ ဂူေအာင္း၍ေနေနေခ်ၿပီး ႏြေရာသီကာလေရာက္တိုင္း ေလာင္႐ႊီ ႏွင့္ ေလာင္ခ်ိဳက္အား အပူေရွာင္ရန္အတြက္ အထူးဖိတ္ေခၚသြားတတ္ေသး၏။
ခ်ိဳက္ယင္းယင္းက ႐ုတ္တရက္အငိုရပ္သြားၿပီး ေတြးေတြးဆဆျဖင့္ေမာ့ၾကည့္လာ၏။
"...."
အန္ကယ္ဖုရဲ႕လက္ဆနဲ႕သာဆိုရင္ တိေရွာင္း ပြဲခ်င္းၿပီးျဖစ္သြားေလာက္တယ္မလား။
"မျဖစ္ဘူး မျဖစ္ဘူး"
ခ်ိဳက္ယင္းယင္းက ႏွာတရႈံ႕ရႈံ႕ႏွင့္ပင္ လက္ခါျပၿပီး ;
"နင္ အန္ကယ္ဖုတို႔ေတြကို သြားေျပာျပလို႔မျဖစ္ဘူးေနာ္ ၊ လမ္းခြဲရမလား လူငွားရိုက္ရမလားဆိုတာေတာ့ ငါ့ဘာသာငါပဲ ဆုံးျဖတ္မွာ ၊ နင္ ဝင္မပါနဲ႕ဦး"
သူမရဲ႕လက္ဆကလည္း တယ္ျပင္း!
႐ႊီက်စ္ သက္ျပင္းနက္နက္ခ်ၿပီးသာ စကားဆိုလိုက္ေတာ့၏။
"ေကာင္းၿပီေလ"
႐ႊီက်စ္၏စိတ္ထဲ၌ တိေရွာင္း၏ကိစၥအားထပ္၍အာ႐ုံစိုက္ေနဦးမည္ကိုစိုးရိမ္ေသာေၾကာင့္ ခ်ိဳက္ယင္းယင္းသည္ က်လက္စမ်က္ရည္မ်ားကိုပင္ ကပ်ာကလ်ာသုတ္ၿပီး အိမ္အျပန္လမ္းသို႔လက္ဆြဲေခၚသြားရင္း စကားလမ္းေၾကာင္းလႊဲရန္ႀကိဳးစားေတာ့၏။
"နင္ကေရာ ဘယ္လိုျဖစ္ၿပီး ဟိုအစ္ကိုေခ်ာေလးနဲ႕ လယ္ႂကြက္သြားရိုက္ျဖစ္သြားတာလဲ"
"အာလူးမီးသြားကင္တာပါ ၊ အဘြားက စားခ်င္တယ္ဆိုလို႔ ၊ ဘယ္ေနရာမွာမွဝယ္မရတာနဲ႕ ခ်န္လုက်ိဳးက သူ႕အိမ္မွာရွိတယ္လို႔ ေျပာလာတာေၾကာင့္"
႐ႊီက်စ္က လက္ထဲတြင္ပါလာသည့္ မီးကင္ၿပီးခါစပူပူႏြေးႏြေးအာလူးႏွစ္လုံးအား လႈပ္ရမ္းျပလာ၏။
"ဘာလဲဟာ ၊ က်ဴးယန္ခ်ီ အဲ့ဒီေကာင္ရဲ႕နား႐ြက္က ဝက္နား႐ြက္ႀကီးလားမသိဘူး....ျပဳတ္စားဖို႔ကလြဲ ဘာမွသုံးမရဘူး ၊ သူေျပာတာက နင္တို႔ႏွစ္ေယာက္ လယ္ႂကြက္သြားရိုက္ၾကတာတဲ့ ၊ ငါေတာင္မွ ေျပာလိုက္ေသးတယ္....ႏွစ္ေယာက္သားက ခဏေလးတြင္းခ်င္း အတိုင္အေဖာက္ညီၿပီး ဘယ္လိုလုပ္လယ္ႂကြက္ရိုက္တဲ့အထိျဖစ္သြားနိုင္မွာလဲေပါ့"
ခ်ိဳက္ယင္းယင္းက ဆက္၍ ;
"ဒါနဲ႕ ထင္ေတာင္မထင္ရဘူးေနာ္ ၊ ခ်န္လုက်ိဳးက သေဘာေကာင္းသားပဲ"
႐ႊီက်စ္က ေထာက္ခံသည့္အေနျဖင့္ ေခါင္းၿငိမ့္ျပ၏။
"သူက အရမ္းခင္ဖို႔ေကာင္းတယ္လို႔ နင္ေရာ မထင္မိဘူးလား"
ခ်ိဳက္ယင္းယင္းက စုတ္တစ္ခ်က္သပ္လိုက္ရင္း ;
"က်စ္....ဘဝင္ျမင့္ေနမွန္း အသိသာႀကီးပါေနာ္"
"ငါ နင့္ကိုေျပာျပဖူးတဲ့အမ်ိဳးသမီးကို မွတ္မိေသးလား ၊ အဲ့ဒါ သူ႕အေမ"
ခ်ိဳက္ယင္းယင္းမွာ တစ္ခဏတာေၾကာင္အမ္းသြားခဲ့ရ၍ ;
"နင္ေျပာတဲ့ အသံေရာ စကားေျပာပုံေတြေရာကအစ နင့္အေမနဲ႕တစ္ေထရာတည္းတူတဲ့အမ်ိဳးသမီးလား"
"အင္း"
႐ႊီက်စ္က ေခါင္းၿငိမ့္ျပကာ တျဖည္းျဖည္းေတြးေတာရင္းျဖင့္ ဆက္၍စကားဆိုသည္။
" 'Woman of The Ganges' ဆိုတဲ့ အိႏၵိယ႐ုပ္ရွင္ကားတစ္ကားကို နင္ၾကည့္ဖူးလား ၊ ဗိသုကာဒီဇိုင္းဆြဲပညာရွင္ ထူးခြၽန္တဲ့အမ်ိဳးသမီးတစ္ေယာက္အေၾကာင္းကို ရိုက္ကူးေဖာ္ျပထားတာ ၊ ဒါေပမယ့္ အရင္တုန္းက ဘုရားေက်ာင္းက ဘုန္းေတာ္ႀကီးေတြရဲ႕တန္ဆာျဖစ္ခဲ့ဖူးေတာ့ ဘဝ,က မစင္ၾကယ္ေတာ့တဲ့အျပင္ အစြန္းအထင္းေတြပါရွိခဲ့ရတယ္ ၊ အဲ့ဒါေၾကာင့္ ေနာက္ပိုင္းမွာ သူ ဘယ္လိုလက္ရာေျမာက္တဲ့ဗိသုကာဒီဇိုင္းေတြ ဆြဲျပနိုင္ခဲ့ပါေစ....ဒီေလာကႀကီးကလူေတြရဲ႕အျမင္မွာ သူက ေစာ္ကားေမာ္ကားျပဳနိုင္တဲ့အရာတစ္ခုသာသာပဲ ၊ ဘယ္လိုဆုခ်ီးျမႇင့္ပြဲမ်ိဳးကိုမွ တက္ေရာက္ခြင့္မရွိခဲ့ဘူး ၊ ဒါေပမယ့္ သူ႕အရည္အခ်င္းကို အသိအမွတ္ျပဳခဲ့ၾကတဲ့လူေတြလည္း အမ်ားႀကီးရွိတယ္ ၊ ေနာက္က်ေတာ့ ပိုၿပီးဂုဏ္သိကၡာရွိမယ့္ဘဝတစ္ခုမွာေနနိုင္ဖို႔အတြက္ သားသမီးနဲ႕ခင္ပြန္းကိုထားခဲ့ၿပီး သူ႕အရည္အခ်င္းေတြကိုအသုံးခ်ခ်င္ေနခဲ့တဲ့ အရင္းရွင္လူတစ္စုနဲ႕ပူးေပါင္းတယ္....မီးေလာင္မႈတစ္ခုကို ဖန္တီးၿပီး ေသခ်င္ေယာင္ေဆာင္တယ္....ေနာက္ေတာ့ တစ္ေယာက္ေယာက္နဲ႕တူတဲ့ ပလက္စတစ္ဆာဂ်ရီကို လုပ္ပစ္ခဲ့တယ္ ၊ သိပ္မၾကာပါဘူး....သူ႕ရဲ႕အလုပ္ေတြအားလုံး ေအာင္ျမင္လာတဲ့အျပင္ တစ္ကမၻာလုံးဆိုင္ရာဆုေတြအထိပါ ရယူနိုင္ခဲ့တယ္ ၊ ႏွစ္အနည္းငယ္ၾကာလာေတာ့ သူ႕ရဲ႕အေရာင္အဝါေတြက်လာၿပီး လူေတြ စိတ္လႈပ္ရွားသြားေစေလာက္မယ့္လက္ရာေတြ ထပ္မဖန္တီးနိုင္ေတာ့တဲ့အခါမွာေတာ့ အသုံးခ်ခဲ့တဲ့အရင္းရွင္ေတြကလည္း ခ်က္ခ်င္းကိုစြန့္ပစ္ၾကၿပီး သူ႕ရဲ႕ကိုယ္ေရးအခ်က္အလက္အမွန္ေတြလည္း ေဖာ္ထုတ္ခံလိုက္ရတယ္"
( ဘုန္းေတာ္ႀကီးေတြရဲ႕တန္ဆာက အဂၤလိပ္လို God's maid / Temple prostitutes ဆိုၿပီး သုံးၾကတယ္။ အိႏၵိယမွာဆိုရင္ ဆင္းရဲတဲ့မိသားစုမိဘေတြက သူတို႔သားသမီးေတြကို ဘုရားကြၽန္ God's maid အျဖစ္ ဘုရားေက်ာင္းမွာ လာလႉၾကပါတယ္။ ဒီလိုကေနၿပီး အခ်ိန္ေတြၾကာလာေတာ့ ဘုန္းေတာ္ႀကီးေတြ ၊ ယုံၾကည္သူေတြရဲ႕ 'ကိုယ္ပိုင္တန္ဆာပစၥည္း'လိုျဖစ္လာၾကၿပီး တစ္ဖက္သားဘဝကိုလည္း အလုံးစုံထိန္းခ်ဳပ္လို႔ရသြားၾကပါတယ္ ၊ လိုအပ္လာရင္ ယုတ္စြအဆုံး ျပည့္တန္ဆာ/ Sex slave အထိပါ ေနေပးရပါတယ္တဲ့။ ေရွာင္ခ်ဳန္းလည္း ခုမွအလင္းပြင့္သြားတာမလို႔ ဂဂဃဃေသခ်ာမေျပာျပတတ္ဘူးရယ္ ၊ Google မွာေတာ့ အေသးစိတ္ေတြရွိပါတယ္ )
ခ်ိဳက္ယင္းယင္းက အဓိကဆိုလိုရင္းကို သေဘာေပါက္သည့္ဟန္ျဖင့္ ;
"သစ္ပင္ေပၚဆြဲႀကိဳးခ်ိတ္မိသြားတုန္းက သူ႕အခန္းတံခါးကို နင္ ခ်က္ခ်င္းေျပးေခါက္တာ မထူးဆန္းမိေတာ့ဘူး ၊ နင့္စိတ္ထဲမွာ နင့္ေမေမက....."
"လူႏွစ္ေယာက္က ဘာျဖစ္လို႔ ဒီေလာက္ထိတူေနရတာလဲဆိုတာကို ငါ စဥ္းစားမရ႐ုံပါ ၊ တစ္ေယာက္တည္းဟုတ္နိုင္တာ မဟုတ္နိုင္တာထက္ ငါကေတာ့ အခြင့္အေရးေသးေသးေလးရွိတယ္ဆိုရင္ေတာင္ အတည္ျပဳၾကည့္ဖို႔ႀကိဳးစားမွာပဲ ၊ အဲ့ဒါမွ ငါ စိတ္ေအးနိုင္မွာမလို႔ ႀကိဳးစားၾကည့္ခ်င္႐ုံပဲ"
သူမအေနျဖင့္ အေျပးေလးေျပးဝင္သြားၿပီး ခ်န္လုက်ိဳးအား 'နင့္အေမက ငါ့အေမဟုတ္မဟုတ္ စစ္ေဆးၾကည့္ခ်င္လို႔'ဟု ေျပာ၍လည္းမရ။ မေတာ္ကာမွ ခ်န္လုက်ိဳးက သူမအား 'အ႐ူးမ' ဟုထင္မွတ္သြားေခ်ဦးမည္။
လင္းခ်ိဳးျဒယ္ ေမြးရပ္ဇာတိၿမိဳ႕၌ ေသဆုံးသြားသည္ဟုသာသတင္းၾကားခဲ့ၿပီး သျဂၤိုလ္မည့္အခ်ိန္တုန္းက ႐ႊီက်စ္သည္ ႏြေရာသီ Camp ဝင္ေနရျခင္းေၾကာင့္ စ်ာပနာအခမ္းအနားသို႔ အခ်ိန္မီသြားေရာက္နိုင္ျခင္းမရွိခဲ့။ အဘြားျဖစ္သူသည္လည္း သူမ ေရာက္လာမည့္အခ်ိန္ထိ ေစာင့္မေပးနိုင္။ ရာသီဥတုပူျပင္းလြန္းသည့္အျပင္ ခႏၶာ႐ုပ္ကလပ္အား ႐ြာထဲတြင္ ထား,ထားရေသာေၾကာင့္ ႐ြာသူ႐ြာသားမ်ား စိတ္မေက်မခ်မ္းျဖစ္ေစေအာင္လည္း မျပဳတန္ရာ။ သည့္ထက္အျပင္ အဘြားျဖစ္သူက ဖုန္းေ႐ႊအတတ္ပညာအား အထူးယုံၾကည္သျဖင့္ ရက္ပိုင္းအတြင္းပင္ စ်ာပနာအခမ္းအနားကို အၿပီးအစီးျပဳလုပ္လိုက္သည္။ အကယ္၍လႊဲေခ်ာ္သြားပါက ေနာက္ထပ္ ႏွစ္ဝက္ၾကာေစာင့္ရေတာ့မည္ျဖစ္ကာ စ်ာပနာအတြက္ ေပးရမည့္အရိုးျပာထိန္းသိမ္းထားေပးသည့္အဖိုးအခကိုလည္း ထည့္တြက္ၾကရေတာ့မည္ျဖစ္၏။
႐ႊီကြမ္းက်ိက ႐ႊီက်စ္ ေရာက္လာမည့္အခ်ိန္ထိေစာင့္ေပးရန္ ေခါင္းမာခဲ့ပါေသးသည္။ သည္ကိစၥအတြက္ေၾကာင့္ျဖင့္ အၿမဲတမ္းအေနေအးခဲ့သည့္ ႐ႊီကြမ္းက်ိသည္ပင္ အဘြားျဖစ္သူအား ပထမဆုံးအႀကိမ္ ေဒါသထြက္ခဲ့ရသည္။ သို႔ေသာ္လည္း အဘြားျဖစ္သူက အၿမဲတေစ သူ႕နည္းသူ႕ဟန္အတိုင္းသာ ဆက္သြားသည့္လူ။
အကယ္၍ လင္းခ်ိဳးျဒယ္၏႐ုပ္ကလပ္သျဂၤိုလ္သည့္ျမင္ကြင္းကိုသာ သူမကိုယ္တိုင္ ျမင္ေတြ႕ခဲ့ရလွ်င္ ယေန႕ကဲ့သို႔အျဖစ္အပ်က္မ်ိဳး လုံးဝရွိလာလိမ့္မည္မဟုတ္ေၾကာင္း ႐ႊီက်စ္ ေတြးလိုက္မိသည္။
ခ်ိဳက္ယင္းယင္းသည္လည္း အက်အနအပီအျပင္ကို ေတြးၾကည့္ၿပီးေနာက္တြင္ ;
"ဒါေပမယ့္ မဟုတ္တာကေတာ့ မဟုတ္ေသးဘူး ၊ အန္တီက လြန္ခဲ့တဲ့သုံးေလးႏွစ္ေလာက္ကမွ.....သူ႕ေလာက္ႀကီးတဲ့သားေတာ့ မရွိနိုင္ဘူးေလ ၊ သူ႕အသက္အ႐ြယ္နဲ႕ဆိုရင္ မကိုက္ညီေတာ့ဘူးမလား ၊ နင္ မေနာက္ပါနဲ႕ေတာ့ဟာ ၊ ေျပာရင္းနဲ႕ ထူးဆန္းေထြလာေတြျဖစ္ကုန္ၿပီ"
႐ႊီက်စ္ ;
"သူက ေမြးစားခံထားရတာျဖစ္ဖို႔မ်ားတယ္"
လမ္းၾကားေလးမွာ တိတ္ဆိတိၿငိမ္သက္လ်က္ရွိသည္။ ႏွစ္ေယာက္သားက ဤေက်ာက္စရစ္ခဲစိမ္းစိမ္းေလးမ်ားျပည့္ေနသည့္လမ္းထဲ ေန႕တိုင္းအသြားအျပန္ေလွ်ာက္ဖူးပါသည့္တိုင္ ခ်ိဳက္ယင္းယင္းမွာ ယခုေလာက္ထိေတာ့ ေက်ာမစိမ့္ဖူး။ ေလွ်ာက္ေလ ခ်မ္းစိမ့္လာရေလျဖစ္ကာ ေနာက္ဆုံးတြင္ ႏွစ္ေယာက္သား လမ္းခြဲေနၾကျဖစ္သည့္ပုံမွန္ေနရာထံသို႔ ေရာက္လာခဲ့ၾကသည္။
ခ်ိဳက္ယင္းယင္းမွာ ဆြံ႕အသြားရလြန္း၍ ခ်က္ခ်င္းစကားမေျပာနိုင္ေတာ့ပါေခ်။
"သူ နင့္ကိုေျပာျပတာလား"
႐ႊီက်စ္က ေခါင္းရမ္းျပၿပီး ေန႕လည္ခင္းတုန္းက သူမ ၾကားခဲ့ရသည့္စကားလုံးတို႔အား ခ်ိဳက္ယင္းယင္းထံ ႐ြတ္ျပလိုက္သည္။
--'မင္း စကားေျပာရင္ အဲ့ေလာက္ထိျပင္းထန္ေနမွကိုျဖစ္မွာလား'
--'အေမ ကြၽန္ေတာ့္ကို ပထမဆုံးေတြ႕တဲ့ေန႕ကတည္းက ဆူးတစ္ေခ်ာင္းလို ျမင္ေနၿပီးသားမဟုတ္ဘူးလား'
"အကယ္၍ ေသြးသားအရင္းသားအမိေတြသာဆိုရင္ ဒီလိုစကားမ်ိဳးေျပာတာက အရမ္းထူးဆန္းစရာေကာင္းတယ္လို႔ နင္ မထင္မိဘူးလား"
႐ႊီက်စ္မွာ အေတြးမ်ားေၾကာင့္ ပင္ပန္းလာပါသည့္တိုင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖင့္ စိတ္အစဥ္ဟာ ေတြးေတာေနျခင္းမွ မရပ္တန့္နိုင္။
"ငါ ပထမဆုံးထင္လိုက္မိတာက မိေထြး ျဖစ္ေလာက္မယ္ေပါ့ ၊ ေနာက္ေတာ့ ငါတို႔ေတြ ထမင္းအတူစားေနၾကတုန္းက သူ႕ကို တစ္ေယာက္ေယာက္က Wechatထဲမွာ ဆဲလိုက္သလိုပဲ ၊ က်ဴးယန္ခ်ီေတာင္မွ မင္း သည္းခံနိုင္တယ္ေပါ့ဆိုၿပီး ေမးေသးတယ္ေလ ၊ အဲ့အခ်ိန္မွာ သူ က်ဴးယန္ခ်ီကို ျပန္ေျပာလိုက္တဲ့စကားတစ္ခြန္း"
--'သူ႕ဘက္က စိတ္ပါလက္ပါႏႈတ္ခြန္းဆက္သေနတာကိုၾကည့္ရင္းနဲ႕ ဒီေကာင္က ငါ့ဘိုးေဘးအုတ္ဂူေတြ ဘယ္နားရွိမွန္းေတာင္ သိေနေလာက္မယ္လို႔ထင္လာၿပီ ၊ ၾကည့္ေလ စိတ္ဝင္စားစရာမေကာင္းဘူးလား ၊ ေနာက္ဆုံးထိ ဖတ္သြားတာေတာင္ ဒီေကာင္က ငါ့ကို လိပ္စာမေပးသြားဘူး'
႐ႊီက်စ္က နံရံကိုမွီလိုက္ရင္းျဖင့္ ;
"စကားအသြားအလာကိုၾကည့္႐ုံနဲ႕ မိေထြး မဟုတ္မွန္းသိသာသြားတယ္ ၊ ဘာလို႔ဆို အေဖကလည္း သူ႕အေဖအရင္း ဟုတ္မေနလို႔ ၊ ခန့္မွန္းၾကည့္ရရင္ သူက သူ႕မိဘအရင္းေတြက ဘယ္သူမွန္းေတာင္ သိထားပုံမရဘူး ၊ ဒါလိုဆိုမွေတာ့ ေမြးစားထားတာပဲျဖစ္နိုင္ေတာ့တယ္ေလ ၊ ေနာက္ထပ္တစ္ခ်က္ရွိေသးတယ္....သက္ေသသာဓကအျဖစ္ ေျပာလို႔ရမရေတာ့မသိဘူး"
ခ်ိဳက္ယင္းယင္းက လန့္ျဖန့္ၿပီးေမးလာေလ၏။
"ဘာလဲ"
"သူ႕အိမ္ခန္းထဲက ဘတ္စကတ္ေဘာလုံးတစ္လုံးေပၚမွာ လက္မွတ္ေတြထိုးထားတာကို ငါ ေတြ႕ခဲ့တယ္ ၊ အစက ထင္လိုက္မိတာကေတာ့ နာမည္ႀကီးေတြရဲ႕လက္မွတ္ေပါ့ ၊ ေနာက္မွေသခ်ာေလးၾကည့္မိလိုက္တာ လက္မွတ္ေတြအားလုံးက တစ္ပုံစံတည္း ၊ သူ႕နာမည္ကို လက္မွတ္ထိုးထားတာ ၊ ၿပီးေတာ့ Drone iPadေတြအေပၚမွာကအစ လက္မွတ္ထိုးထားတာ ၊ ဒါမ်ိဳးလုပ္တတ္တာက ကိုယ့္ကိုကိုယ္အတၱႀကီးတတ္တာေၾကာင့္တို....ဒါမွမဟုတ္ အက်င့္ျဖစ္ေနတာေၾကာင့္လည္း ျဖစ္နိုင္တယ္ ၊ အရင္က လူေတြအမ်ားႀကီးနဲ႕ အတူေနထိုင္ခဲ့ရဖူးၿပီးေတာ့ ညစ္ပတ္တာကိုလည္းေၾကာက္တတ္....အသန့္ႀကိဳက္တဲ့အက်င့္လည္းရွိတာေၾကာင့္ ကိုယ့္ပစၥည္းေတြအားလုံးအေပၚမွာ နာမည္ေရးထားတတ္တာမ်ိဳးေလ ၊ ဥပမာ မိဘမဲ့ေဂဟာလိုမ်ိဳး"
ခ်ိဳက္ယင္းယင္းမွာ လုံးလုံးလ်ားလ်ားဆြံ႕အသြားေခ်ၿပီး သူမ၏စကားမ်ားအား အႂကြင္းမဲ့ယုံၾကည္သြားေလေတာ့သည္။
႐ႊီက်စ္ သက္ျပင္းခ်မိရင္း နံရံျမင့္ႀကီးထက္ဆီသို႔ ေမာ္ၾကည့္မိလိုက္သည္။ နီရဲေနသည့္ႏြယ္သာကီပန္းႏြယ္မ်ားဟာ ျဖဴစြတ္ေနသည့္လေရာင္ေအာက္တြင္ တြဲလြဲခိုလွပေနၾကၿပီး ႐ုတ္တရက္ဆိုသလို သူမ ကေလးအ႐ြယ္တုန္းက သေဘာက်ခဲ့ရသည့္ေရာင္စုံသၾကားလုံးဘူးေလးဟုပင္ ေျပးျမင္ေယာင္ခံစားမိလိုက္ရသည္။ မည္သည့္ကေလးငယ္ကမ်ား သၾကားလုံးစားရသည္ကို မႏွစ္သက္ဘဲေနပါ့မည္နည္း။ လင္းခ်ိဳးျဒယ္က သူမ၏သြားမ်ား ပိုးစားေႂကြက်ကဳန္မည္ကိုစိုး၍ သၾကားလုံးဘူးအား လက္လွမ္းမမီနိုင္သည့္ အိမ္ထဲမွအျမင့္ဆုံးေနရာမ်ားတြင္သာတင္ထားတတ္ၿပီး သူမ ေအာ္ဟစ္ငိုယိုေသာင္းက်န္းျပလွ်င္ေတာင္ အေလ်ာ့မေပးတတ္။ ေလာင္႐ႊီတစ္ေယာက္ကသာ သူမအား မၾကည့္ရက္သျဖင့္ အၿမဲတမ္းလိုလို သၾကားလုံးႏွစ္လုံး ခိုးေကြၽးခဲ့သည္ပင္။
႐ႊီက်စ္ ; "ခ်န္လုက်ိဳးသာ အကယ္၍ မိဘမဲ့ေဂဟာမွာႀကီးျပင္းလာခဲ့တယ္ဆိုရင္ သူ႕အတြက္ သၾကားလုံး ခိုးယူေပးမယ့္လူႀကီးဆိုတာ မရွိနိုင္ခဲ့ဘူးမလား"
႐ႊီက်စ္ ; "ဒါဆိုရင္ သူ ငယ္ငယ္တုန္းက အမ်ားႀကီးေပ်ာ္ခဲ့ရမွာမဟုတ္ဘူး"
*********