မပြည့်စုံသော သူဌေးမလေး

By Alice_Yizhan_7012

20K 1.8K 67

Rebirth storyလေး နောက်ထပ်အသစ်တစ်ပုဒ်လေးပါရှင့်။ ဒါလေးကလည်း ဖတ်လို့ကောင်းတဲ့အထဲပါတာကတော့ မင်မင်ဆို တစ်ထိုင်တည်... More

ဇာတ်လမ်းအကျဥ်းချုပ်
အခန်း ၁ ။
အခန်း ၂ ။
အခန်း ၃ ။
အခန်း ၅ ။
အခန်း ၆ မှ ၁၀ ။
အခန်း ၁၁ မှ ၁၅ ။
Birthday promotion
အခန်း ၁၆ မှ ၂၀ ။ (Unicode)
အခန်း ၁၆ မှ ၂၀ ။ (zawgyi)
အခန်း ၂၁ ၊ ၂၂ ။
အခန်း ၂၃ မှ ၂၅ (unicode)
အခန်း ၂၃ မှ ၂၅ (zawgyi)
အခန်း ၂၆
အခန်း ၂၇ မှ ၃၀

အခန်း ၄ ။

1.1K 132 1
By Alice_Yizhan_7012

Unicode

အခန်း ၄ ။ [ အရာအားလုံးက စီစဉ်ထားတဲ့ အတိုင်းပဲ ]

 

ချန်း ကျိုင်ရှင်း၏ စတူဒီယိုမှ ထွက်လာပြီး‌နောက် ငြိမ်း‌ချမ်း‌စေရန် ကောင်းချီးတစ်ချို့နဲ့ လက်ရာမြောက်တဲ့ ကျားရုပ် အဆောင် တစ်ခုကို တုယုံးဝေ ရခဲ့သည် ။

 

“ ဒီ ငြိမ်းချမ်းရေး ကောင်းချီး‌ ပေးထားတာကို သမီးနဲ့ သယ်သွား ၊ အိတ်ထဲမှာပဲ ထည့်ထားထား ချိတ်ထားထား အဓိကက ဘယ်နေသွားသွား ယူသွားဖို့ပဲ အိမ်ပြန်ရောက်တဲ့ အခါကျရင် အမေက ဒီကျားရုပ်လေးကို သမီး အိပ်ရာဘေး ထားပေးထားမယ် “ ကျန်းမန်လင်း တစ်ခုပြီး တစ်ခု ရှင်းပြသွား၏ ။

 

တုယုံးဝေ စိတ်နဲ့လူနဲ့ မကပ်တာကို မြင်တော့ ကျန်းမန်လင်း သူမကိုထပ်ခေါ်ပြီး မေးလိုက်သည် :

“ ဘာဖြစ်နေတာလဲ ?? အမေ သမီးကို စကားပြောနေတယ်လေ အမေပြောတာ ကြားလား ?”

 

တု ယုံးဝေ ခေါင်းညိတ်ပြီး ပြောခဲ့၏ :

 “ သမီး ကြားပါတယ် … ငြိမ်းချမ်းရေး ကောင်းချီး‌ ပေးထားတာကိုက သမီးအိတ်ထဲ ထည့်ရမယ် ဒါမဲ့ ဒီကျားရုပ် ပေါက်စကတော့ သိပ်မကြာခင်ပဲ ကျင်းယင်ကျွမ်း ရဲ့ အရုပ် ဖြစ်လာလောက်တယ် နော် “

ကျန်း မန်လင်း အဲ့အကြောင်းကို တွေးကြည့်လိုက်ပြီး သူမနဲ့ သဘောတူလိုက်သည်။ ‘ အဲ့ဒီ ခွေးကြီးသုံးကောင်က ကြည့်ရတာသာ ငြိမ်ပြီး အေးအေးဆေးဆေး နေတတ်တယ်လို့ ထင်ရတာ တကယ်က တအားကို နောက်တီး နောက်တောက်နဲ့ ' :

“ အဲ့ဒါဆိုလည်း သူတို့ လှမ်းမမှီနိုင်အောင် နည်းနည်း မြင့်တဲ့ နေရာမှာ ထားလိုက်မယ် “

 

“ အမေ အရင် တစ်‌ခေါက်တုန်းက အမေရဲ့ ခရစ်စမတ် ရှားစောင်းပင်ကို အတော်လေးမြင့်အောင် ထားထားတာပဲ မဟုတ်ဘူးလား ? အဲ့ဒါကို သူတို့ ရအောင် ဆွဲချလိုက်နိုင်တယ်လေ သမီးဖြင့် သူတို့သုံးကောင်လုံးက အမြင့်ခုန်သမားတွေ သေလို့ ဝင်စားတာလို့တောင် သံသယရှိနေပြီ “

 

ကျန်းမန်လင်း : “ ….. ”

‘ ကျားရုပ်လေး နေရာချဖို့ကို သေချာ ဂရုစိုက်ပြီး ဆုံးဖြတ်မှရတော့မယ် ‘

 

ကျန်း မန်လင်း က ကျားရုပ်အကြောင်း စိတ်ပူနေပေမဲ့ တု ယုံးဝေ ကတော့ ဆရာ ချန်း အကြောင်း တွေးနေမိ၏ ။

 

‌’ကံကြမ္မာ ဖတ်ပေးတယ် လို့ ပြောတဲ့ ဗေဒင်ဆရာ တော်တော်များများက ကိုယ်နဲ့ စကားပြောနေတုန်းမှာ  ကိုယ် ပြောလိုက်တဲ့စကားလုံး အပြုအမူ တွေကို ကြည့်ပြီး ခန့်မှန်းကြသည် ' ဟု တုယုံးဝေ ကြားဖူးသည်။ ' ဒါပေမဲ့လည်း သူမ ပြန်မွေးဖွားလာတယ် ဆိုသည့် ကိစ္စ က သာမန်လူတွေ အတွက် ခန့်မှန်းဖို့ မလွယ်နိုင်ဘူးလေ …ဟုတ်တယ်မလား ? ‘

 

ဒီ ဆရာ ချန်းက ဘယ်လောက်တောင် သိထားလဲ ဆိုတာ သူမ မသိပေမဲ့ ကံကောင်းစွာနဲ့ပဲ သူ့ကြည့်ရတာ သူမ အပေါ် မကောင်းတဲ့စိတ် ရှိပုံမရ ။

 

“‌ ကောင်မလေးရေ … ဆရာချန်းရဲ့ နေရာကနေ ထွက်လာကတည်းက ဘယ်လိုတောင် စိတ်လွတ်နေရတာလဲ “ တုယုံးဝေ ထပ်ပြီး အတွေးများ နေတာကို မြင်လိုက်ရသောအခါ ကျန်း မန်လင်း က တု ယုံးဝေ ကိုထပ်မေး လိုက်ပြန်၏ ။

 

တု ယုံးဝေသည် သူမ အတွေးတွေကို ရပ်လိုက်ပြီး ပြုံးပြလိုက်သည် : “ မဟုတ်ပါဘူး ၊ သမီးက ဒီတိုင်း တွေးနေတာပါ ဆရာက ကောင်းတာလေးတွေ လုပ်ဖို့ မှာလိုက်တယ်မလား? အဲ့ဒါ ဘယ်‌နေရာသွားပြီး ဘယ်လို ကောင်းမှု‌တွေ ပြုရမလဲ ‌စဥ်းစား‌နေတာ “

 

“ မပူနဲ့ အမေရှိတယ် ” ကျန်း မန်လင်းက မျက်လှည့်ပြလိုက်သလိုမျိုး အိတ်ထဲမှ ဖိတ်စာတစ်စောင်ကို ဆွဲထုတ်လိုက်၏ ။  “ မနက်ဖြန်ည ကျရင်  ချို့တဲ့ တဲ့သူတွေ အတွက် အလှူခံမဲ့ လေလံပွဲတစ်ခု ရှိတယ် အစက အမေ သွားမလို့ စီစဉ်ထားတာ အခု သမီးပဲ သွားလိုက်တော့ “

 

တု ယုံးဝေ : “..…”

 

တု ယုံးဝေ က ဒီလေလံပွဲကို ပုံမှန် လေလံပွဲတစ်ခု ကဲ့သို့  လေလံတင်သည့် ပစ္စည်းတစ်ခုချင်း စီတိုင်းမှ ရရှိသည့် လှူဒါန်းငွေများကို ‌တကယ် လိုအပ်နေသည့် နေရာများတွင် သွားရောက် ပေးအပ်မည့် ‌ရန်ပုံငွေ လေလံပွဲတစ်ခု ဟုသာ နားလည်ထားသည် ။ ဒီလှူဒါန်း‌ ငွေများသည် ဆင်းရဲနွမ်းပါးသည့် နေရာများမှ ကလေးများကို သင်ကြားပေးသော မူလတန်းကျောင်းများဆီသို့ ထည့်သွင်းပေးနေပြီး အဆောက်အဦး ၊ လမ်း ၊ အိမ်များ ဆောက်လုပ်လျက် ကလေးများကို အစားအသောက် ၊ အဝတ်အထည် ၊ ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့နေခြင်း ဖြစ်၏ ။ ကျန်းမန်လင်း က မကြာခဏ အဆိုပါ ရန်ပုံငွေ လှုပ်ရှားမှုပွဲများတွင် ပါဝင်လေ့ရှိသည်ကို တုယုံးဝေ ယခင်က သိပင်မသိခဲ့ ။  

 

“အမေ မပူနဲ့ မနက်ဖြန်ကိစ္စ သမီးကိုသာ အပ်ထားလိုက် ! “ ချို့တဲ့သူများအတွက် လေလံပွဲကို သွားရဖို့အရေး တု ယုံးဝေ အနည်းငယ် စိတ်လှုပ်ရှားမိနေသည် ။

 

ကျန်း မန်လင်း ပြောလိုက်၏ : “ အိုခေပါ သမီးကို ကောင်းတဲ့ ကိစ္စ‌လေးတွေ လုပ်ရမယ် လို့ မှာထား‌တော့ တစ်ခုခု ရ‌အောင် လေလံဆွဲခဲ့မှရမယ် “

 

“ ပြဿနာ မရှိပါဘူး ” ဘယ်လိုရတနာ ကိုများ သူမ လေလံဆွဲဖြစ် မလဲလို့ တု ယုံးဝေ သိချင်နေမိသည် ။

 

ကားက မြို့လည်ခေါင်ရှိ အမြင့်ဆုံး အဆောက်အအုံကို ပတ်၍ မောင်းထွက်သွားခဲ့သည် ။ တု ယုံးဝေ အာရုံ မစိုက်မိခဲ့။  အဆောက်အဦး၏ ထိပ်ဆုံး အထပ်တွင် ကျန်း ရှောင်ယန် အစည်းအဝေးတစ်ခု တက်နေ၏ ။ ကောင်းယဲ့ က သူ့ကို အစည်းအဝေးခန်း အပြင်ဖက်၌ စောင့်လျှက်ရှိသည် ။ အစည်းအဝေး ပြီးဆုံး၍ သူ ထွက်လာသည်ကို မြင်သောအခါ နောက်မှ လိုက်ကာ သတင်းပို့ခဲ့၏ :

“ ဘော့စ်… လင်းချန် က တရုတ်ပြည် ပြန်ရောက်နေပြီ “

 

“ အိုခေ ” ကျန်း ရှောင်ယန် သူ့ ခြေလှမ်းတွေကို မရပ်တန့်ဘဲ သူ့ရုံးခန်းဆီ ဆက်‌လျှောက်သွားသည် ။ “ လူ‌‌ရော နားပြီးသွားပြီလား ? ”

 

“ နားပြီးပါပြီ  အတွင်းရေးမှူး ဟူ က အခု သူမနဲ့အတူ ရှိနေပါတယ် ”

 

“ အရင်ဆုံး အေးအေး ဆေးဆေး နားခိုင်းလိုက် ပြီးရင် တျန်းရှကျွိ မှာ အခန်းတစ်ခန်း ကြိုစာရင်းပေးထား မနက်ဖြန်ညမှာ ညစာစားဖို့ ခေါ်လာခဲ့လိုက် “

 

ကောင်းယဲ့ သတိပေးလာသည် :

“ ဘော့စ်  မနက်ဖြန် ညနေ ခုနှစ်နာရီမှာ လူမှုကူညီရေး လေလံပွဲတစ်ခု ကို  တက်စရာ ရှိပါတယ် “

 

“ ညစာစားပြီးရင် အဲ့ဒီကို သွားကြမယ် ”

 

“ ကောင်းပါပြီ ဘောစ့် ဒါဆို ကျွန်တော် သွားစီစဉ် လိုက်ပါဦးမယ် ”

 

“ အိုခေ ” ကျန်း ရှောင်ယန် ရုံးခန်းထဲ လမ်းလျှောက် ဝင်သွားတော့၏ ။ ကောင်းယဲ့  သူ့ကို ကူညီပြီး နောက်မှ တံခါးကို ပိတ်ပေးလိုက်သည် ။

လေလံပွဲ ကို မှီဖို့ရန်အတွက် ကောင်းယဲ့ ညစာစားပွဲကို ငါးနာရီခွဲတွင် စီစဉ်လိုက်၏ ။ ကျန်းရှောင်ယန် မှာ မနက်ဖြန် နေ့လည်၌ တွေ့ဆုံပွဲ တစ်ခုသာ ရှိသည် ။ ကုမ္ပဏီမှ စောစောဆင်း နိုင်သည့်အတွက်  အတွင်းရေးမှူး ဟူ နှင့် မနက်ဖြန် လင်းချန်ကို တျန်းရှကျွိသို့ တစ်ခါတည်းခေါ်လာပြီး ကြိုစောင့်ခိုင်းထားဖို့ စီစဉ်ထားသည် ။

 

သူပြောတာ ကြားပြီးနောက် အတွင်းရေးမှူး ဟူ ခေါင်းကိုက်သွား၏ : “လက်ထောက်ကောင်း လင်းချန် က ကိုင်တွယ်ရ အရမ်းခက်တာ လဲရအောင် ၊ ကျွန်မက ပြန်သွားပြီး ဘော့စ်ကို လုပ်ကိုင်ပေးမယ် ၊ ရှင်က ဒီဘိုးဘေးလေးကို တာဝန်ယူပေး “

 

ကောင်းယဲ့ ခေါင်းတစ်ချက် ဆိုးလိုက်ပြီး ဖုန်းရဲ့ အခြားတစ်ဖက်မှ အတွင်းရေးမှူး ဟူ ကိုပြောလိုက်၏ :

“ အဖွဲ့အစည်းက ခင်ဗျားကို ယုံကြည်တယ်လေ  ဒါ‌ကြောင့် ဒီလောက် ခက်ခဲ ကြမ်းတမ်းတဲ့ တာဝန်ကို ခင်ဗျားကို ပုံအပ်ထား တာပေါ့ “

 

အတွင်းရေးမှူး ဟူ လှောင်ရယ်လိုက်မိသည်။ ‘ သူက မလာချင်လို့ ဒီလိုမျိုး ရည်ရွယ်ချက် ရှိရှိနဲ့ ပြောတာလေ သူက လင်းချန် ကို သူမဆီ တွန်းပို့ခဲ့တဲ့သူပဲ ‘ :

“ ဘာနေနေ အေ ၊ သူက ဘော့စ်ကို တွေ့ဖို့‌ တောင်းဆို နေတာ အခုပြော ငါသူ့ကို ဘာပြောလိုက်ရမလဲ “

 

ကောင်းယဲ့ ပြောလိုက်၏ : “အတွင်းရေးမှူး ဟူက ကျွန်တော့ကို ဘာများ ပြောစေချင်သေးတာလဲ ? ဘော့စ်က မနက်ဖြန်ည လို့  ပြောထားရင် မနက်ဖြန်ညပဲပေါ့ “

 

အတွင်းရေးမှူး ဟူ : “ ….. ”

‘ အာ ! ဘဝကြီးက ခက်ခဲလိုက်တာ ‘

 

ခက်ခဲတဲ့ နေ့တစ်နေ့ ကုန်သွားပြီး နောက်ဆုံးမှာတော့ အတွင်းရေးမှူး ဟူ ဘိုးဘေးငယ်လေး လင်းချန် ကို တျန်းရှကျွိ သို့ ပြန်လိုက်ပို့လိုက်သည် ။ ကျန်း ရှောင်ယန် နဲ့ ကောင်းယဲ့တို့ ရောက်သွားသည့် အချိန်တွင် လင်းချန် သီးသန့်အခန်းထဲ ထိုင်စောင့်နေရ သည်မှာ အချိန် တစ်ချို့ပင် ကြာနေပြီဖြစ်၏ ။

 

လင်းချန် က လင်းဟွေ့ရဲ့ ညီမငယ်လေး ဖြစ်သည် ။ အခုနှစ်မှ အသက် ဆယ့်ကိုးနှစ်သာ ရှိသေးပြီး နိုင်ငံခြားမှာ အချိန်တွေ အကြာကြီး သွားကာ ကျောင်းတက်နေခြင်း ဖြစ်၏ ။  ဒီတစ်ကြိမ် သူမ ပြန်လာခြင်းက လင်းဟွေ့ရဲ့ သေဆုံးခြင်း နှစ်ပတ်လည်ကို ဆင်နွှဲဖို့ရာဖြစ်သည် ။

 

ဖုန်းဖြင့် ကစား‌နေသည့် လင်းချန်  တံခါးဖွင့်သံကို ကြားလိုက်ရ‌ ပြီးနောက် ပြာပြာသလဲ မတ်တပ်ထရပ်ကာ  ကျန်းရှောင်ယန် ဆီပြေး၍ :

“ ရှောင်ယန် ‌ကောကော နောက်ဆုံး‌တော့ ရောက်လာပြီ ! ”

 

ကောင်းယဲ့ အလျင်အမြန်ပဲ သူမလက် ကျန်းရှောင်ယန်၏ခန္ဓာကိုယ်ကို မထိဖို့ရာ ဟန့်တား ကာကွယ်လိုက်၏ ။ လင်းချန် ဝင်တိုက်တာကို တားဆီး လိုက်ပြီး‌နောက် လင်းချန် သူမပါးစပ်ကို လက်ဖြင့် အုပ်လိုက်ကာ  ကောင်းယဲ့ ကို မကြည်အကြည့်ဖြင့် ကြည့်လိုက်သည် ။ ထို့နောက် သူမ ကျန်းရှောင်ယန်ထံ မျက်နှာပြန်မူလိုက်ပြီး ပြုံးကာ :

“ ရှောင်ယန် ကောကော … မနေ့က ညီမလေး တရုတ်ကို ပြန်ရောက်ရောက်ချင်း လာရှာချင်တာကို အတွင်းရေးမှူး ဟူက ပြောတယ် အဲ့ဒါ လက်ထောက် ကောင်း က သဘောမတူတာတဲ့ “  

 

ကောင်းယဲ့ : “…..”

 

နိုင်ငံခြား မှာ နှစ်နှစ် နေပြီးတဲ့နောက် သူမ စကေးတွေ ကျွမ်းလာခဲ့၏ ။ ဒီလို‌ တွေ့ဆုံအပြီးတွင် ကောင်းယဲ့ အတွင်းရေးမှူး ဟူ ကို တကယ် ကျိန်ဆဲချင်သွားမိသည် ။ အတွင်းရေးမှူး ဟူ ကလည်း တော်၏ ။ အပြစ်တွေ အကုန်လုံးကို ကောင်းယဲ့ အပေါ်ပဲ ပုံချပေးလိုက်သည် ။

 

ကျန်း ရှောင်ယန် ကောင်းယဲ့ ကို အပြစ်မဖို့လိုက်ဘဲ :

“ ဒီနှစ်ရက်လုံး ငါတအား အလုပ်များနေတာ မင်းကလည်း အိမ်ပြန်‌ရောက်ကာစ ဆိုတော့ အချိန် မတူတာ‌တွေနဲ့ရော ပင်ပန်းနေမှာ ဆိုပြီး အရင် နားခိုင်းလိုက်တာ အဲ့ဒါ မင်းအတွက် ပိုကောင်းမယ် ထင်လို့လေ “

 

သူ ပြောလိုက်ပြီး ထမင်းစားပွဲဆီ လမ်း‌လျှောက်သွားခဲ့၏ ။ စားပွဲထိုးမှ ခုံကို ဆွဲထုတ်ကာ ထိုင်ခိုင်း လိုက်သည် ။

 

ကောင်းယဲ့ သူ့နောက်မှ ကပ်လိုက်ရင်း စားပွဲထိုးကို အစားအစာတွေ တည်ခင်းခိုင်းလိုက်၏ ။ ကျန်း ရှောင်ယန် က သူ့ဘေးမှာရပ်နေတဲ့ လင်းချန်ကို ကြည့်ကာ ပြောလိုက်သည် :  “လွန်ခဲ့တဲ့ နှစ်နှစ်ကထက် အများကြီး ပြောင်းလဲသွားတယ် “

 

သူ လင်းချန်ကို ပထမဆုံး စတွေ့တုန်းက  သူမက ကလေးဆန်ဆန် အနက်ရောင် ဆံပင်တိုလေးတွေနှင့် စိတ်ရှုပ်စရာ ကောင်မလေး တစ်ယောက်အဖြစ်သာ ရှိသေး၏ ။ ယခုမူ ဆံပင် အတိုလေးများက ရွှေရောင် ဆံပင်ရှည်များ အဖြစ် ပြောင်းသွားပြီး အရင်ကထက် အများကြီး ပို စွဲမက်စရာ ကောင်းလာသည် ။

 

“ ဆိုရိုးစကား‌ တောင်ရှိတယ်လေ မိန်းကလေး တစ်ယောက်က က‌လေး ဘဝနဲ့ အမျိုးသမီးဘဝ ကြားမှာ ဆယ့်ရှစ်ကြိမ်တောင် ပြောင်းလဲတာတဲ့( ၁ )  ညီမလေးက အရင်ကထက် အများကြီးပိုလှလာတယ် မလား ? “  လင်းချန် က ကျန်း ရှောင်ယန် ဘေးရှိ ထိုင်ခုံမှာထိုင်ပြီး သူမမျက်နှာကို လက်ခုပ်ထဲ ထည့်ကာ မေးလိုက်သည် ။

 

ကျန်းရှောင်ယန် က ရီသာရီ လိုက်ပြီး ဘာမှပြန်မပြောခဲ့ ။ ကောင်းယဲ့ က သူ့စိတ်ထဲမှာ တွေးလိုက်မိသည် ။

‘ အဲ့ဒါ အခုမှ မိတ်ကပ်လိမ်းတတ်လာလို့မလား ’

 

လင်းချန် သူမရဲ့ ခုံကို ကျန်း ရှောင်ယန် ရှိတဲ့ဖက်ကို ထပ်လှည့်လိုက်ပြီး သူ့ကိုကြည့်ကာ ပြောလိုက်၏ :

 “ ရှောင်ယန် ကောကော ညီမအစ်ကိုရဲ့  နှစ်ပတ်လည်ပွဲကို တက်ပြီးရင် နိုင်ငံခြားကို ပြန်မသွားချင်တော့ဘူး ညီမကို တရုတ်မှာပဲ နေခိုင်းပါ့လား ? “

 

ကျန်း ရှောင်ယန် တန့်သွားပြီး သူမကို မေးလိုက်သည်  “ ဘာလို့လဲ ? ”

 

လင်းချန် သနားစရာကောင်းစွာ ပြောလိုက်၏ : “ နိုင်ငံရပ်ခြား မှာ တစ်ယောက်တည်း‌ နေရတာ ညီမက အရမ်း သနားစရာကောင်းတာပဲ ညီမမှာ တခြား ဆွေမျိုး သူငယ်ချင်းလည်း ရှိတာမဟုတ်ဘူး ညီမ အဖေနဲ့အမေကို တွေ့ဖို့ ပိုလွယ်လို့ တရုတ်မှာပဲ နေချင်တာပါ “

 

ကျန်း ရှောင်ယန် ချက်ချင်း မဖြေလိုက်ပေ ။ သူ လင်းချန်ကို နိုင်ငံခြား ပို့လိုက်တာက သူမကို အကောင်းဆုံး ပညာရေး ရစေချင်လို့ ပြီးတော့ အပြင်မှာ အတွေ့အကြုံတွေ အများကြီး တစ်ခါတည်း ရှာနိုင်‌‌ စေရန်ဖြစ်သည် ။

 

သူ စကားမပြောတာ မြင်တော့ လင်းချန်အသံက ခုနက ထက်တောင် ပိုသနားစရာ ကောင်းလာ၏ :

“ တရုတ်မှာနေရင် သူ့ဆီ အချိန်မရွေး သွားလည်လို့ ရတယ် လို့ ညီမ တွေးမိလို့လေ “  

 

သူမ လင်းဟွေ့ နာမည် ထည့်သုံး လိုက်တော့မှသာ ကျန်း ရှောင်ယန် ရဲ့ အမူအရာက ပိုပြီး‌ အေးအေး ဆေးဆေး သက်တောင့် သက်သာ ဖြစ်လာသည် :

“ မင်းက တရုတ်မှာ နေချင်တယ် ဆိုတော့လည်း မင်းရဲ့ဆန္ဒကို လေးစားပေးရမှာပေါ့ “

“ ကောင်းယဲ့ ဒါကို စီစဉ်လိုက် “

 

“ ဟုတ်ကဲ့ ဘော့စ် ”

 

လင်းချန် သူမ တရုတ်မှာ နေလို့ရတယ် ဆိုတာကို  ကြားလိုက်သည့်အခါ သူမမျက်လုံးတို့ အရောင် တောက်သွား၏ :

“  အရမ်း ကြင်နာ တတ်တာပဲ ရှောင်ယန် ကောကောက ! “ သူမ ကျန်းရှောင်ယန် ကို လှမ်းကြည့်လိုက်ပြီး မိန်းမပျိုလေး တစ်ယောက်၏ ရှက်ရွံ့ဟန် တစ်ချို့ပေါ်လာကာ :

“ ရှောင်ယန် ကောကော ဓာတ်ပုံတူတူ ရိုက်ရအောင် ? “

 သူမ ကျန်းရှောင်ယန် နဲ့ နောက်ဆုံး ဓာတ်ပုံရိုက်ခဲ့တာက သူမ နိုင်ငံခြားသွားသည့် နေ့မှာ ဖြစ်သည် ။

 

ဘာ အန္တရာယ်မှ မရှိပါဘူး ဟု တွေးပြီး ကျန်းရှောင်ယန် ခေါင်းညိတ်လိုက်၏ ။ လင်းချန် ပျော်ရွှင်စွာဖြင့် သူမဖုန်းကို ကောက်ယူ ကြည့်လိုက်ရာ ဖုန်းဘတ္တရီအားက တစ် ရာခိုင်နှုန်းသာလျှင် ကျန်တော့သည်ကို တွေ့လိုက်ရသည် ။  

 

“ ညီမဖုန်းက အားကုန်သွားပြီ ရှောင်ယန်ကောကော ရဲ့ ဖုန်းကိုသုံးပြီး ဓာတ်ပုံလေး ရိုက်လို့ရမလား ? “ သူမ ကျန်းရှောင်ယန်ကို လှည့်မေးလိုက်၏ ။ ကျန်းရှောင်ယန် သူ့ဖုန်း ထုတ်၍ လင်းချန်ကို လှမ်းပေးလိုက်သည် :

 “ မင်း ဓာတ်ပုံရိုက်လိုက် “ လင်းချန် ဖုန်းကို ပျော်ပျော်ရွှင်ရွှင်နှင့် ယူလိုက်ပြီး   ရီလိုက်၏ ။  

 

ကျန်းရှောင်ယန် ဖုန်း မျက်နှာပြင်က အသံဖိုင် ဖွင့်ထားဆဲ နေရာမှာ ရှိနေသေးသည်။  နာမည်မပါသည့် သီချင်း တစ်ပုဒ်တည်းကိုပဲ ထပ်ကာ ထပ်ကာ လာစေရန် ချိန်ညှိထား၏ ။ ဒီကို မလာခင်ကပင် ကျန်းရှောင်ယန် ဒီသီချင်းကို နား‌ထောင် ထားသည်မှာ အသိသာပင် ။ ဒီသီချင်းက ဘာတွေများ ထူးပြီး ကောင်းနေလဲ ဆိုတာ သူမ မသိပါ ။ သို့သော် ကျန်းရှောင်ယန် က ဒီသီချင်း သီဆိုသည့် အမျိုးသမီးကို အချိန် အကြာကြီး လိုက်ရှာနေသည် ဆိုသော သတင်းကို သူမ ကြားလိုက်ရသေး၏ ။

 

မနာလိုမှုတို့က စိတ်နှလုံးထဲထိ ပျံ့နှံ့လာပြီး သူမ ဦးနှောက်ထက် သူမ ခန္ဓာကိုယ်က မြန်မြန် လှုပ်ရှားမိသွားကာ လက်ချောင်းထိပ် တို့နှင့် တစ်ချက်ထိရုံဖြင့် သီချင်းကို ဖျက်လိုက်မိတော့၏ ။

 

“ မင်း ဘာလုပ်လိုက်တာလဲ ? ” ကျန်းရှောင်ယန် အနည်းငယ် လန့်သွားပြီး သူ့ဖုန်းကို ပြန်ယူလိုက်သည် ။ သီချင်းက အဖျက်ခံ လိုက်ရပြီးဖြစ်သည်ဆိုတာသိသွား ပြီးနောက် သူ့အမူအရာ လုံးဝ ပြောင်းလဲသွားတော့သည် ။  လင်းချန် အနည်းငယ် ပြာယာခပ်သွား၏ ။ သူမ ရှင်းပြချိန်မရလိုက်ခင် မှာပဲ ကျန်း ရှောင်ယန် သူမကို ဒေါသတကြီး ကြည့်လိုက်ပြီး :

“ ငါ့ ပစ္စည်းတွေကို ဖျက်ပစ်ရဲဖို့ ဘယ်သူကများ မင်းကို သတ္တိတွေ ပေးလိုက်တာလဲ ?! “  

 

ကျန်း ရှောင်ယန် ဒေါသထွက်လာလျှင် လင်းချန်လို ကလေးမလေးကို မဆိုထားနှင့် ကျန်း မိသားစု တစ်ခုလုံးပင် သုံးကြိမ်လောက် သုံးခါလောက် တုန်လှုပ်ရ‌ဖူးသည် ။ သူမ ကြောက်လန့်မှုကြောင့် ရုတ်တရက် ဖြူ‌ဖျော့သွားပြီး သူမ စကား ပြောသောအခါ တုန်ရီနေတော့၏ :

“ ညီမ…….. ညီမ မတော်တဆ ဖျက်လိုက်မိတာပါ “

 

လင်းချန် က မတုံးအပေ။ လူတိုင်းက ကျန်းရှောင်ယန် ကို ကြောက်ကြပြီး သူက သူမနှင့်အတူရှိလျှင် မတူသည်ကို သူမသိသည် ။ သူမ အစ်ကို ဆုံးသွားပြီး နောက်ပိုင်း ကျန်းရှောင်ယန် က သူမကို အရမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည် ။ သူမ ကျောင်းစရိတ် နေထိုင်စရိတ် အကုန်လုံးက ကျန်း ရှောင်ယန် အိတ်ထဲမှသာ ဖြစ်၏ ။ သူက သူမရဲ့  အရေးမပါတဲ့ စိတ်အလိုမကျမှု ၊ ကဂျီကကြောင်ကျမှု တစ်ချို့ကိုလည်း သည်းခံခဲ့သည် ။

 

‘ ဒီနေ့  သူမက သူ့သီချင်းတွေထဲက သီချင်းတစ်ပုဒ် … တစ်ပုဒ်ကလေး ဖျက်လိုက်မိတာကို ဒီလောက်ကြီး ဆက်ဆံတယ်‌‌ ပေါ့လေ ?? ‘

 

ကျန်း ရှောင်ယန်၏ မျက်နှာက စိမ်းတောက် နေတုန်းပင်။ သူကထ ရပ်ပြီး ကောင်းယဲ့ကို ပြောလိုက်သည် :

“ လင်းဟွေ့ရဲ့ လွမ်းဆွတ် အောက်မေ့ဖွယ် အခမ်းအနား တက်ပြီးတာနဲ့ လင်းချန် ကို ကျောင်း ပြန်ပို့လိုက်တော့ ဘွဲ့မရသေးခင် အထိ ပြန်လာတာကို ခွင့်မပြုဘူး “

 

“ဟုတ်ကဲ့ ဘော့စ် “  ကောင်းယဲ့ သူ့နောက်မှ လိုက်သွားကာ သီးသန့်ခန်း အပြင်သို့ လမ်းလျှောက်သွားပြီး အခန်းတံခါးကိုပါ ပြန်ပိတ်ခဲ့၏ ။

 

တံခါးပိတ်သွားသံကို ကြားလိုက်ရပြီးနောက် လင်းချန် ကြက်သေသေသွားပြီး ထိုင်ခုံပေါ် ပစ်လဲကျသွားသည် ။

 

ကျန်းရှောင်ယန်၏ ဘန်တလေ ကားထဲတွင် လေထုက  လေးနက်‌ နေသည် ။ ကောင်းယဲ့ က သူ့ဖက်သို့မှီ လိုက်ရင်း  ကျန်း ရှောင်ယန်ကို သတိထားကာ စကားပြောလိုက်၏ :

“ ဘော့စ် သီချင်းကို ပြန်ယူလို့ ရလောက်ပါသေးတယ် ကုမ္ပဏီက နည်းပညာဌာနမှာ ကောလိပ်တုန်းက သူငယ်ချင်းတွေ ရှိတယ် သူတို့ကို ဆက်သွယ်ပြီး ဖြေရှင်းခိုင်းလိုက်မယ်လေ “

 

ကျန်း ရှောင်ယန် နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားသည်မှာ အချိန်ပင် အတော်ကြာနေပြီ ဖြစ်၏ ။ ထို့နောက် အသံနိမ့်နိမ့်ဖြင့် စကားလုံး ခြောက်လုံးမျှသာ ထုတ်ပြောလိုက်သည် :

“ ကုမ္ပဏီ ကို အရင် ပြန် “  

 

“ ဟုတ် ” ကောင်းယဲ့ ပြန်ဖြေလိုက်ပြီး စကားထပ် မပြောတော့ ချေ ။  ဒီနေ့ သီးသန့် အခန်းထဲမှာတုန်းက လင်းချန်ကို ဘော့စ် နေရာမှာတင် ချက်ချင်း သတ်ပစ်တော့မလားလို့ သူစိတ်ပူသွားမိ၏ ။ ကျန်း ရှောင်ယန်၏ ‌နာမကျန်းဖြစ်မှုက အထူး လျှို့ဝှက်ထားသည့်ကိစ္စဖြစ်သည် ။ လင်းချန် မသိသည်ကို မပြောနှင့် ကျန်းမိသားစုပင် မသိကြပေ ။ ကောင်းယဲ့ တစ်ဦးတည်းသာ ထိုကိစ္စကို သိသည့်သူဖြစ်၏ ။

 

ကျန်း ရှောင်ယန်ရဲ့ ခေါင်းကိုက် ဝေဒနာကို ကုသဖို့ရန်အတွက်  အခွင့်အာဏာရှိသည့် ဦးနောက် အထူးကုများ နှင့် နာမည်ကြီး စိတ်ပညာရှင်များကို ခေါ်ပြပြီးပြီ ဖြစ်သည် ။ အတိုပြောလျှင် သူတို့ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံ သုံးကာ ကြိုးစားကြည့်ပြီးပြီ လည်းဖြစ်၏ ။ အဆုံးမှာတော့ ထို ဘယ်သူဆိုမှန်း မသိရသည့် သီချင်းတစ်ပုဒ်တည်း ကသာလျှင် အလုပ်ဖြစ်သွားသည် ။ ကောင်းယဲ့သည်လည်းပဲ ဒီသီချင်းကို ကြားဖူး၏ ။ အသံက ဘာမှ မထူးခြားပေမဲ့ ထိုသီချင်းကသာ ဘော့စ်၏ နာကျင်တာတွေကို သက်သာစေပြီး တည်ငြိမ်သွားစေနိုင်သည် ။  

 

ကုမ္ပဏီကို ရောက်သွား‌သောအခါ ကျန်း ရှောင်ယန် နည်းပညာဌာနရဲ့ လက်ရွေးစင် နည်းပညာရှင်ကို ဖုန်းလွှဲ ပေးလိုက်ပြီး စိုက်ကြည့်ရင်း အချက်အလက်တွေကို နေရာမှာတင် ပြန်ယူခိုင်းလိုက်သည် ။

 

“..…” လက်ရွေးစင် နည်းပညာရှင်မှာ ဖိအားတွေ အတော်ကို ပိနေရှာသည် ။ နဂိုက သူ့ရဲ့ညစာ ကို ပျော်ပျော်ရွှင်ရွှင် နှင့် သီချင်း ညည်းရင်း စားနေခဲ့တာဖြစ်သည် ။

‘ ရုတ်တရက်ကြီး ကိစ္စတွေက ဘာလို့ ဒီလိုဖြစ်ကုန်ရ တာလဲ ? ‘

 

ဥက္ကဌကြီး ဆီမှ စိုက်ကြည့်ခံ နေရသဖြင့် ဆံပင်တွေပင် ပိုပို ပါးလိုက်လာသည် ၊ အိမ်ပြန်ဖို့ရာကို အိပ်မက်သာ မက်နိုင်တော့၏ ၊ သူ့အဖြစ်က သနားစရာ ကောင်းလွန်းလှသည် ။

 

ကျန်း ရှောင်ယန်၏ ခြိမ်းခြောက်မှု အကြည့်တို့‌ အောက်ဝယ် နည်းပညာဌာန၏ လက်ရွေးစင် နည်းပညာရှင်မှာ အရင်ကထက်ပင် ပို၍ တော်လာတော့သည် ။ သီချင်းကို မြန်မြန် ပြန်ယူလိုက်ပြီး :

“ ဥက္ကဌကြီး အချက်အလက် ဒေတာကို ပြန်ယူပြီးပါပြီ ဒါပေမဲ့ အဲ့ဒါက ထိခိုက်သွားပါတယ် “

 

ကျန်းရှောင်ယန် အေးခဲသွား၏ : “ ဘာကိုပြောချင်တာလဲ ? ”

 

“ ကျွန်တော် ပြောချင်တာက ပြန်ရှာတွေ့ပေ‌မဲ့လည်း နားထောင်လို့‌တော့ မရတော့ …….ပေမဲ့ ! “ ဘော့စ်ရဲ့ ဖိအားတွေကြောင့် ပိုပို အေးစက်လာသည်ကို ခံစားလိုက်ရသော လက်ရွေးစင် နည်းပညာရှင်‌လေးက အသက်ရှင်လိုစိတ် ပြင်းပြသွားပြီး အော်လိုက်၏ : “ ကျွန်တော် ရအောင်ပြင်ဖို့ နည်း ရှာလိုက်ပါ့မယ် “

 

ကျန်း ရှောင်ယန် မေးလိုက်၏ : “အဲ့ဒါကို တကယ် ပြင်နိုင်တာလား ? “ လက်ရွေးစင်လေးက ကတိပေး လိုက်သည် : “ ကျွန်တော့ တစ်ဘဝလုံးစာ သင်ကြား ထားခဲ့သမျှ အကုန် သုံးပြီး ရအောင် ပြင်ပေးပါ့မယ် ၊ ဘော့စ် ! အဲ့တာက ဖြစ်.......ဖြစ်နိုင်ပါတယ် ဒါမဲ့ အချိန်လေး နည်းနည်းတော့ လိုပါလိမ့်မယ် “  

 

“ အိုခေ ” ကျန်းရှောင်ယန် ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည် ။ ခေါင်းညိတ် လိုက်ပြီး ‌သူ့‌ဘေးမှ ကောင်းယဲ့ အား :  “ ရှေ့လျှောက် အနာဂတ်မှာ နည်းပညာဌာနနဲ့ အဆက်အဆံ မလုပ်နဲ့ “

 

“…..ဟုတ် ”

 

လက်ရွေးစင် နည်းပညာရှင် :“.…”

 

နည်းပညာဌာနမှ ထွက်လာခဲ့ ပြီးနောက် ကောင်းယဲ့ က နောက်ခရီးစဉ် အတွက် စိတ်ပူနေသေးသည် :

“ ဘော့စ် ရန်ပုံငွေ လေလံပွဲကို သွားဦးမှာလား ? ”

 

ကျန်းရှောင်ယန် ခဏလောက် တိတ်သွားပြီး ပြောလိုက်၏။ “ သွား “

 

 

[ဘာသာပြန်သူ၏ ရှင်းလင်းချက် ။

(၁) မိန်းကလေး တစ်ယောက် ကြီးလာတဲ့ရုပ်က သူမ ငယ်စဉ်ကရုပ်နဲ့ တအား ကွာသွားသည် ။ ]

____

Zawgyi

အခန္း ၄ ။ [ အရာအားလုံးက စီစဥ္ထားတဲ့ အတိုင္းပဲ ]

ခ်န္း က်ိဳင္ရွင္း၏ စတူဒီယိုမွ ထြက္လာၿပီးေနာက္ ၿငိမ္းခ်မ္းေစရန္ ေကာင္းခ်ီးတစ္ခ်ိဳ႕နဲ႕ လက္ရာေျမာက္တဲ့ က်ား႐ုပ္ အေဆာင္ တစ္ခုကို တုယုံးေဝ ရခဲ့သည္ ။

ဒီ ၿငိမ္းခ်မ္းေရး ေကာင္းခ်ီး ေပးထားတာကို သမီးနဲ႕ သယ္သြား ၊ အိတ္ထဲမွာပဲ ထည့္ထားထား ခ်ိတ္ထားထား အဓိကက ဘယ္ေနသြားသြား ယူသြားဖို႔ပဲ အိမ္ျပန္ေရာက္တဲ့ အခါက်ရင္ အေမက ဒီက်ား႐ုပ္ေလးကို သမီး အိပ္ရာေဘး ထားေပးထားမယ္  က်န္းမန္လင္း တစ္ခုၿပီး တစ္ခု ရွင္းျပသြား၏ ။

တုယုံးေဝ စိတ္နဲ႕လူနဲ႕ မကပ္တာကို ျမင္ေတာ့ က်န္းမန္လင္း သူမကိုထပ္ေခၚၿပီး ေမးလိုက္သည္ :

ဘာျဖစ္ေနတာလဲ ?? အေမ သမီးကို စကားေျပာေနတယ္ေလ အေမေျပာတာ ၾကားလား ?

တု ယုံးေဝ ေခါင္းညိတ္ၿပီး ေျပာခဲ့၏ :

သမီး ၾကားပါတယ္  ၿငိမ္းခ်မ္းေရး ေကာင္းခ်ီး ေပးထားတာကိုက သမီးအိတ္ထဲ ထည့္ရမယ္ ဒါမဲ့ ဒီက်ား႐ုပ္ ေပါက္စကေတာ့ သိပ္မၾကာခင္ပဲ က်င္းယင္ကြၽမ္း ရဲ႕ အ႐ုပ္ ျဖစ္လာေလာက္တယ္ ေနာ္

က်န္း မန္လင္း အဲ့အေၾကာင္းကို ေတြးၾကည့္လိုက္ၿပီး သူမနဲ႕ သေဘာတူလိုက္သည္။  အဲ့ဒီ ေခြးႀကီးသုံးေကာင္က ၾကည့္ရတာသာ ၿငိမ္ၿပီး ေအးေအးေဆးေဆး ေနတတ္တယ္လို႔ ထင္ရတာ တကယ္က တအားကို ေနာက္တီး ေနာက္ေတာက္နဲ႕ ' :

အဲ့ဒါဆိုလည္း သူတို႔ လွမ္းမမွီနိုင္ေအာင္ နည္းနည္း ျမင့္တဲ့ ေနရာမွာ ထားလိုက္မယ္

အေမ အရင္ တစ္ေခါက္တုန္းက အေမရဲ႕ ခရစ္စမတ္ ရွားေစာင္းပင္ကို အေတာ္ေလးျမင့္ေအာင္ ထားထားတာပဲ မဟုတ္ဘူးလား ? အဲ့ဒါကို သူတို႔ ရေအာင္ ဆြဲခ်လိဳက္နိုင္တယ္ေလ သမီးျဖင့္ သူတို႔သုံးေကာင္လုံးက အျမင့္ခုန္သမားေတြ ေသလို႔ ဝင္စားတာလို႔ေတာင္ သံသယရွိေနၿပီ 

က်န္းမန္လင္း :  .. 

က်ား႐ုပ္ေလး ေနရာခ်ဖိဳ႕ကို ေသခ်ာ ဂ႐ုစိုက္ၿပီး ဆုံးျဖတ္မွရေတာ့မယ္ 

က်န္း မန္လင္း က က်ား႐ုပ္အေၾကာင္း စိတ္ပူေနေပမဲ့ တု ယုံးေဝ ကေတာ့ ဆရာ ခ်န္း အေၾကာင္း ေတြးေနမိ၏ ။

ကံၾကမၼာ ဖတ္ေပးတယ္ လို႔ ေျပာတဲ့ ေဗဒင္ဆရာ ေတာ္ေတာ္မ်ားမ်ားက ကိုယ္နဲ႕ စကားေျပာေနတုန္းမွာ ကိုယ္ ေျပာလိုက္တဲ့စကားလုံး အျပဳအမူ ေတြကို ၾကည့္ၿပီး ခန႔္မွန္းၾကသည္ ' ဟု တုယုံးေဝ ၾကားဖူးသည္။ ' ဒါေပမဲ့လည္း သူမ ျပန္ေမြးဖြားလာတယ္ ဆိုသည့္ ကိစၥ က သာမန္လူေတြ အတြက္ ခန႔္မွန္းဖို႔ မလြယ္နိုင္ဘူးေလ ဟုတ္တယ္မလား ? 

ဒီ ဆရာ ခ်န္းက ဘယ္ေလာက္ေတာင္ သိထားလဲ ဆိုတာ သူမ မသိေပမဲ့ ကံေကာင္းစြာနဲ႕ပဲ သူ႕ၾကည့္ရတာ သူမ အေပၚ မေကာင္းတဲ့စိတ္ ရွိပုံမရ ။

ေကာင္မေလးေရ  ဆရာခ်န္းရဲ႕ ေနရာကေန ထြက္လာကတည္းက ဘယ္လိုေတာင္ စိတ္လြတ္ေနရတာလဲ  တုယုံးေဝ ထပ္ၿပီး အေတြးမ်ား ေနတာကို ျမင္လိုက္ရေသာအခါ က်န္း မန္လင္း က တု ယုံးေဝ ကိုထပ္ေမး လိုက္ျပန္၏ ။

တု ယုံးေဝသည္ သူမ အေတြးေတြကို ရပ္လိုက္ၿပီး ၿပဳံးျပလိုက္သည္ :  မဟုတ္ပါဘူး ၊ သမီးက ဒီတိုင္း ေတြးေနတာပါ ဆရာက ေကာင္းတာေလးေတြ လုပ္ဖို႔ မွာလိုက္တယ္မလား? အဲ့ဒါ ဘယ္ေနရာသြားၿပီး ဘယ္လို ေကာင္းမႈေတြ ျပဳရမလဲ စဥ္းစားေနတာ

မပူနဲ႕ အေမရွိတယ္  က်န္း မန္လင္းက မ်က္လွည့္ျပလိုက္သလိုမ်ိဳး အိတ္ထဲမွ ဖိတ္စာတစ္ေစာင္ကို ဆြဲထုတ္လိုက္၏ ။  မနက္ျဖန္ည က်ရင္ ခ်ိဳ႕တဲ့ တဲ့သူေတြ အတြက္ အလႉခံမဲ့ ေလလံပြဲတစ္ခု ရွိတယ္ အစက အေမ သြားမလို႔ စီစဥ္ထားတာ အခု သမီးပဲ သြားလိုက္ေတာ့ 

တု ယုံးေဝ : ..

တု ယုံးေဝ က ဒီေလလံပြဲကို ပုံမွန္ ေလလံပြဲတစ္ခု ကဲ့သို႔ ေလလံတင္သည့္ ပစၥည္းတစ္ခုခ်င္း စီတိုင္းမွ ရရွိသည့္ လႉဒါန္းေငြမ်ားကို တကယ္ လိုအပ္ေနသည့္ ေနရာမ်ားတြင္ သြားေရာက္ ေပးအပ္မည့္ ရန္ပုံေငြ ေလလံပြဲတစ္ခု ဟုသာ နားလည္ထားသည္ ။ ဒီလႉဒါန္း ေငြမ်ားသည္ ဆင္းရဲႏြမ္းပါးသည့္ ေနရာမ်ားမွ ကေလးမ်ားကို သင္ၾကားေပးေသာ မူလတန္းေက်ာင္းမ်ားဆီသို႔ ထည့္သြင္းေပးေနၿပီး အေဆာက္အဦး ၊ လမ္း ၊ အိမ္မ်ား ေဆာက္လုပ္လ်က္ ကေလးမ်ားကို အစားအေသာက္ ၊ အဝတ္အထည္ ၊ ေက်ာင္းသုံး ပစၥည္းမ်ား ေထာက္ပံ့ေနျခင္း ျဖစ္၏ ။ က်န္းမန္လင္း က မၾကာခဏ အဆိုပါ ရန္ပုံေငြ လႈပ္ရွားမႈပြဲမ်ားတြင္ ပါဝင္ေလ့ရွိသည္ကို တုယုံးေဝ ယခင္က သိပင္မသိခဲ့ ။

အေမ မပူနဲ႕ မနက္ျဖန္ကိစၥ သမီးကိုသာ အပ္ထားလိုက္ !  ခ်ိဳ႕တဲ့သူမ်ားအတြက္ ေလလံပြဲကို သြားရဖို႔အေရး တု ယုံးေဝ အနည္းငယ္ စိတ္လႈပ္ရွားမိေနသည္ ။

က်န္း မန္လင္း ေျပာလိုက္၏ :  အိုေခပါ သမီးကို ေကာင္းတဲ့ ကိစၥေလးေတြ လုပ္ရမယ္ လို႔ မွာထားေတာ့ တစ္ခုခု ရေအာင္ ေလလံဆြဲခဲ့မွရမယ္ 

ျပႆနာ မရွိပါဘူး  ဘယ္လိုရတနာ ကိုမ်ား သူမ ေလလံဆြဲျဖစ္ မလဲလို႔ တု ယုံးေဝ သိခ်င္ေနမိသည္ ။

ကားက ၿမိဳ႕လည္ေခါင္ရွိ အျမင့္ဆုံး အေဆာက္အအုံကို ပတ္၍ ေမာင္းထြက္သြားခဲ့သည္ ။ တု ယုံးေဝ အာ႐ုံ မစိုက္မိခဲ့။ အေဆာက္အဦး၏ ထိပ္ဆုံး အထပ္တြင္ က်န္း ေရွာင္ယန္ အစည္းအေဝးတစ္ခု တက္ေန၏ ။ ေကာင္းယဲ့ က သူ႕ကို အစည္းအေဝးခန္း အျပင္ဖက္၌ ေစာင့္လွ်က္ရွိသည္ ။ အစည္းအေဝး ၿပီးဆုံး၍ သူ ထြက္လာသည္ကို ျမင္ေသာအခါ ေနာက္မွ လိုက္ကာ သတင္းပို႔ခဲ့၏ :

ေဘာ့စ္ လင္းခ်န္ က တ႐ုတ္ျပည္ ျပန္ေရာက္ေနၿပီ 

အိုေခ  က်န္း ေရွာင္ယန္ သူ႕ ေျခလွမ္းေတြကို မရပ္တန့္ဘဲ သူ႕႐ုံးခန္းဆီ ဆက္ေလွ်ာက္သြားသည္ ။  လူေရာ နားၿပီးသြားၿပီလား ?

နားၿပီးပါၿပီ အတြင္းေရးမႉး ဟူ က အခု သူမနဲ႕အတူ ရွိေနပါတယ္

အရင္ဆုံး ေအးေအး ေဆးေဆး နားခိုင္းလိုက္ ၿပီးရင္ တ်န္းရွကြၽိ မွာ အခန္းတစ္ခန္း ႀကိဳစာရင္းေပးထား မနက္ျဖန္ညမွာ ညစာစားဖို႔ ေခၚလာခဲ့လိုက္ 

ေကာင္းယဲ့ သတိေပးလာသည္ :

ေဘာ့စ္ မနက္ျဖန္ ညေန ခုႏွစ္နာရီမွာ လူမႈကူညီေရး ေလလံပြဲတစ္ခု ကို တက္စရာ ရွိပါတယ္

ညစာစားၿပီးရင္ အဲ့ဒီကို သြားၾကမယ္

ေကာင္းပါၿပီ ေဘာစ့္ ဒါဆို ကြၽန္ေတာ္ သြားစီစဥ္ လိုက္ပါဦးမယ္

အိုေခ  က်န္း ေရွာင္ယန္ ႐ုံးခန္းထဲ လမ္းေလွ်ာက္ ဝင္သြားေတာ့၏ ။ ေကာင္းယဲ့ သူ႕ကို ကူညီၿပီး ေနာက္မွ တံခါးကို ပိတ္ေပးလိုက္သည္ ။

ေလလံပြဲ ကို မွီဖို႔ရန္အတြက္ ေကာင္းယဲ့ ညစာစားပြဲကို ငါးနာရီခြဲတြင္ စီစဥ္လိုက္၏ ။ က်န္းေရွာင္ယန္ မွာ မနက္ျဖန္ ေန႕လည္၌ ေတြ႕ဆုံပြဲ တစ္ခုသာ ရွိသည္ ။ ကုမၸဏီမွ ေစာေစာဆင္း နိုင္သည့္အတြက္ အတြင္းေရးမႉး ဟူ ႏွင့္ မနက္ျဖန္ လင္းခ်န္ကို တ်န္းရွကြၽိသို႔ တစ္ခါတည္းေခၚလာၿပီး ႀကိဳေစာင့္ခိုင္းထားဖို႔ စီစဥ္ထားသည္ ။

သူေျပာတာ ၾကားၿပီးေနာက္ အတြင္းေရးမႉး ဟူ ေခါင္းကိုက္သြား၏ : လက္ေထာက္ေကာင္း လင္းခ်န္ က ကိုင္တြယ္ရ အရမ္းခက္တာ လဲရေအာင္ ၊ ကြၽန္မက ျပန္သြားၿပီး ေဘာ့စ္ကို လုပ္ကိုင္ေပးမယ္ ၊ ရွင္က ဒီဘိုးေဘးေလးကို တာဝန္ယူေပး 

ေကာင္းယဲ့ ေခါင္းတစ္ခ်က္ ဆိုးလိုက္ၿပီး ဖုန္းရဲ႕ အျခားတစ္ဖက္မွ အတြင္းေရးမႉး ဟူ ကိုေျပာလိုက္၏ :

အဖြဲ႕အစည္းက ခင္ဗ်ားကို ယုံၾကည္တယ္ေလ ဒါေၾကာင့္ ဒီေလာက္ ခက္ခဲ ၾကမ္းတမ္းတဲ့ တာဝန္ကို ခင္ဗ်ားကို ပုံအပ္ထား တာေပါ့ 

အတြင္းေရးမႉး ဟူ ေလွာင္ရယ္လိုက္မိသည္။  သူက မလာခ်င္လို႔ ဒီလိုမ်ိဳး ရည္႐ြယ္ခ်က္ ရွိရွိနဲ႕ ေျပာတာေလ သူက လင္းခ်န္ ကို သူမဆီ တြန္းပို႔ခဲ့တဲ့သူပဲ  :

ဘာေနေန ေအ ၊ သူက ေဘာ့စ္ကို ေတြ႕ဖို႔ ေတာင္းဆို ေနတာ အခုေျပာ ငါသူ႕ကို ဘာေျပာလိုက္ရမလဲ 

ေကာင္းယဲ့ ေျပာလိုက္၏ : အတြင္းေရးမႉး ဟူက ကြၽန္ေတာ့ကို ဘာမ်ား ေျပာေစခ်င္ေသးတာလဲ ? ေဘာ့စ္က မနက္ျဖန္ည လို႔ ေျပာထားရင္ မနက္ျဖန္ညပဲေပါ့ 

အတြင္းေရးမႉး ဟူ :  .. 

အာ ! ဘဝႀကီးက ခက္ခဲလိုက္တာ

ခက္ခဲတဲ့ ေန႕တစ္ေန႕ ကုန္သြားၿပီး ေနာက္ဆုံးမွာေတာ့ အတြင္းေရးမႉး ဟူ ဘိုးေဘးငယ္ေလး လင္းခ်န္ ကို တ်န္းရွကြၽိ သို႔ ျပန္လိုက္ပို႔လိုက္သည္ ။ က်န္း ေရွာင္ယန္ နဲ႕ ေကာင္းယဲ့တို႔ ေရာက္သြားသည့္ အခ်ိန္တြင္ လင္းခ်န္ သီးသန႔္အခန္းထဲ ထိုင္ေစာင့္ေနရ သည္မွာ အခ်ိန္ တစ္ခ်ိဳ႕ပင္ ၾကာေနၿပီျဖစ္၏ ။

လင္းခ်န္ က လင္းေဟြ႕ရဲ႕ ညီမငယ္ေလး ျဖစ္သည္ ။ အခုႏွစ္မွ အသက္ ဆယ့္ကိုးႏွစ္သာ ရွိေသးၿပီး နိုင္ငံျခားမွာ အခ်ိန္ေတြ အၾကာႀကီး သြားကာ ေက်ာင္းတက္ေနျခင္း ျဖစ္၏ ။ ဒီတစ္ႀကိမ္ သူမ ျပန္လာျခင္းက လင္းေဟြ႕ရဲ႕ ေသဆုံးျခင္း ႏွစ္ပတ္လည္ကို ဆင္ႏႊဲဖို႔ရာျဖစ္သည္ ။

ဖုန္းျဖင့္ ကစားေနသည့္ လင္းခ်န္ တံခါးဖြင့္သံကို ၾကားလိုက္ရ ၿပီးေနာက္ ျပာျပာသလဲ မတ္တပ္ထရပ္ကာ က်န္းေရွာင္ယန္ ဆီေျပး၍ :

ေရွာင္ယန္ ေကာေကာ ေနာက္ဆုံးေတာ့ ေရာက္လာၿပီ !

ေကာင္းယဲ့ အလ်င္အျမန္ပဲ သူမလက္ က်န္းေရွာင္ယန္၏ခႏၶာကိုယ္ကို မထိဖို႔ရာ ဟန႔္တား ကာကြယ္လိုက္၏ ။ လင္းခ်န္ ဝင္တိုက္တာကို တားဆီး လိုက္ၿပီးေနာက္ လင္းခ်န္ သူမပါးစပ္ကို လက္ျဖင့္ အုပ္လိုက္ကာ ေကာင္းယဲ့ ကို မၾကည္အၾကည့္ျဖင့္ ၾကည့္လိုက္သည္ ။ ထို႔ေနာက္ သူမ က်န္းေရွာင္ယန္ထံ မ်က္ႏွာျပန္မူလိုက္ၿပီး ၿပဳံးကာ :

ေရွာင္ယန္ ေကာေကာ  မေန႕က ညီမေလး တ႐ုတ္ကို ျပန္ေရာက္ေရာက္ခ်င္း လာရွာခ်င္တာကို အတြင္းေရးမႉး ဟူက ေျပာတယ္ အဲ့ဒါ လက္ေထာက္ ေကာင္း က သေဘာမတူတာတဲ့ 

ေကာင္းယဲ့ : ..

နိုင္ငံျခား မွာ ႏွစ္ႏွစ္ ေနၿပီးတဲ့ေနာက္ သူမ စေကးေတြ ကြၽမ္းလာခဲ့၏ ။ ဒီလို ေတြ႕ဆုံအၿပီးတြင္ ေကာင္းယဲ့ အတြင္းေရးမႉး ဟူ ကို တကယ္ က်ိန္ဆဲခ်င္သြားမိသည္ ။ အတြင္းေရးမႉး ဟူ ကလည္း ေတာ္၏ ။ အျပစ္ေတြ အကုန္လုံးကို ေကာင္းယဲ့ အေပၚပဲ ပုံခ်ေပးလိုက္သည္ ။

က်န္း ေရွာင္ယန္ ေကာင္းယဲ့ ကို အျပစ္မဖို႔လိုက္ဘဲ :

ဒီႏွစ္ရက္လုံး ငါတအား အလုပ္မ်ားေနတာ မင္းကလည္း အိမ္ျပန္ေရာက္ကာစ ဆိုေတာ့ အခ်ိန္ မတူတာေတြနဲ႕ေရာ ပင္ပန္းေနမွာ ဆိုၿပီး အရင္ နားခိုင္းလိုက္တာ အဲ့ဒါ မင္းအတြက္ ပိုေကာင္းမယ္ ထင္လို႔ေလ 

သူ ေျပာလိုက္ၿပီး ထမင္းစားပြဲဆီ လမ္းေလွ်ာက္သြားခဲ့၏ ။ စားပြဲထိုးမွ ခုံကို ဆြဲထုတ္ကာ ထိုင္ခိုင္း လိုက္သည္ ။

ေကာင္းယဲ့ သူ႕ေနာက္မွ ကပ္လိုက္ရင္း စားပြဲထိုးကို အစားအစာေတြ တည္ခင္းခိုင္းလိုက္၏ ။ က်န္း ေရွာင္ယန္ က သူ႕ေဘးမွာရပ္ေနတဲ့ လင္းခ်န္ကို ၾကည့္ကာ ေျပာလိုက္သည္ : လြန္ခဲ့တဲ့ ႏွစ္ႏွစ္ကထက္ အမ်ားႀကီး ေျပာင္းလဲသြားတယ္ 

သူ လင္းခ်န္ကို ပထမဆုံး စေတြ႕တုန္းက သူမက ကေလးဆန္ဆန္ အနက္ေရာင္ ဆံပင္တိုေလးေတြႏွင့္ စိတ္ရႈပ္စရာ ေကာင္မေလး တစ္ေယာက္အျဖစ္သာ ရွိေသး၏ ။ ယခုမူ ဆံပင္ အတိုေလးမ်ားက ေ႐ႊေရာင္ ဆံပင္ရွည္မ်ား အျဖစ္ ေျပာင္းသြားၿပီး အရင္ကထက္ အမ်ားႀကီး ပို စြဲမက္စရာ ေကာင္းလာသည္ ။

ဆိုရိုးစကား ေတာင္ရွိတယ္ေလ မိန္းကေလး တစ္ေယာက္က ကေလး ဘဝနဲ႕ အမ်ိဳးသမီးဘဝ ၾကားမွာ ဆယ့္ရွစ္ႀကိမ္ေတာင္ ေျပာင္းလဲတာတဲ့( ၁ ) ညီမေလးက အရင္ကထက္ အမ်ားႀကီးပိုလွလာတယ္ မလား ?  လင္းခ်န္ က က်န္း ေရွာင္ယန္ ေဘးရွိ ထိုင္ခုံမွာထိုင္ၿပီး သူမမ်က္ႏွာကို လက္ခုပ္ထဲ ထည့္ကာ ေမးလိုက္သည္ ။

က်န္းေရွာင္ယန္ က ရီသာရီ လိုက္ၿပီး ဘာမွျပန္မေျပာခဲ့ ။ ေကာင္းယဲ့ က သူ႕စိတ္ထဲမွာ ေတြးလိုက္မိသည္ ။

အဲ့ဒါ အခုမွ မိတ္ကပ္လိမ္းတတ္လာလို႔မလား

လင္းခ်န္ သူမရဲ႕ ခုံကို က်န္း ေရွာင္ယန္ ရွိတဲ့ဖက္ကို ထပ္လွည့္လိုက္ၿပီး သူ႕ကိုၾကည့္ကာ ေျပာလိုက္၏ :

ေရွာင္ယန္ ေကာေကာ ညီမအစ္ကိုရဲ႕ ႏွစ္ပတ္လည္ပြဲကို တက္ၿပီးရင္ နိုင္ငံျခားကို ျပန္မသြားခ်င္ေတာ့ဘူး ညီမကို တ႐ုတ္မွာပဲ ေနခိုင္းပါ့လား ?

က်န္း ေရွာင္ယန္ တန႔္သြားၿပီး သူမကို ေမးလိုက္သည္  ဘာလို႔လဲ ?

လင္းခ်န္ သနားစရာေကာင္းစြာ ေျပာလိုက္၏ :  နိုင္ငံရပ္ျခား မွာ တစ္ေယာက္တည္း ေနရတာ ညီမက အရမ္း သနားစရာေကာင္းတာပဲ ညီမမွာ တျခား ေဆြမ်ိဳး သူငယ္ခ်င္းလည္း ရွိတာမဟုတ္ဘူး ညီမ အေဖနဲ႕အေမကို ေတြ႕ဖို႔ ပိုလြယ္လို႔ တ႐ုတ္မွာပဲ ေနခ်င္တာပါ

က်န္း ေရွာင္ယန္ ခ်က္ခ်င္း မေျဖလိုက္ေပ ။ သူ လင္းခ်န္ကို နိုင္ငံျခား ပို႔လိုက္တာက သူမကို အေကာင္းဆုံး ပညာေရး ရေစခ်င္လို႔ ၿပီးေတာ့ အျပင္မွာ အေတြ႕အႀကဳံေတြ အမ်ားႀကီး တစ္ခါတည္း ရွာနိုင္ ေစရန္ျဖစ္သည္ ။

သူ စကားမေျပာတာ ျမင္ေတာ့ လင္းခ်န္အသံက ခုနက ထက္ေတာင္ ပိုသနားစရာ ေကာင္းလာ၏ :

တ႐ုတ္မွာေနရင္ သူ႕ဆီ အခ်ိန္မေ႐ြး သြားလည္လို႔ ရတယ္ လို႔ ညီမ ေတြးမိလို႔ေလ 

သူမ လင္းေဟြ႕ နာမည္ ထည့္သုံး လိုက္ေတာ့မွသာ က်န္း ေရွာင္ယန္ ရဲ႕ အမူအရာက ပိုၿပီး ေအးေအး ေဆးေဆး သက္ေတာင့္ သက္သာ ျဖစ္လာသည္ :

မင္းက တ႐ုတ္မွာ ေနခ်င္တယ္ ဆိုေတာ့လည္း မင္းရဲ႕ဆႏၵကို ေလးစားေပးရမွာေပါ့ 

ေကာင္းယဲ့ ဒါကို စီစဥ္လိုက္ 

ဟုတ္ကဲ့ ေဘာ့စ္

လင္းခ်န္ သူမ တ႐ုတ္မွာ ေနလို႔ရတယ္ ဆိုတာကို ၾကားလိုက္သည့္အခါ သူမမ်က္လုံးတို႔ အေရာင္ ေတာက္သြား၏ :

အရမ္း ၾကင္နာ တတ္တာပဲ ေရွာင္ယန္ ေကာေကာက !  သူမ က်န္းေရွာင္ယန္ ကို လွမ္းၾကည့္လိုက္ၿပီး မိန္းမပ်ိဳေလး တစ္ေယာက္၏ ရွက္႐ြံ႕ဟန္ တစ္ခ်ိဳ႕ေပၚလာကာ :

ေရွာင္ယန္ ေကာေကာ ဓာတ္ပုံတူတူ ရိုက္ရေအာင္ ?

သူမ က်န္းေရွာင္ယန္ နဲ႕ ေနာက္ဆုံး ဓာတ္ပုံရိုက္ခဲ့တာက သူမ နိုင္ငံျခားသြားသည့္ ေန႕မွာ ျဖစ္သည္ ။

ဘာ အႏၱရာယ္မွ မရွိပါဘူး ဟု ေတြးၿပီး က်န္းေရွာင္ယန္ ေခါင္းညိတ္လိုက္၏ ။ လင္းခ်န္ ေပ်ာ္႐ႊင္စြာျဖင့္ သူမဖုန္းကို ေကာက္ယူ ၾကည့္လိုက္ရာ ဖုန္းဘတၱရီအားက တစ္ ရာခိုင္ႏႈန္းသာလွ်င္ က်န္ေတာ့သည္ကို ေတြ႕လိုက္ရသည္ ။

ညီမဖုန္းက အားကုန္သြားၿပီ ေရွာင္ယန္ေကာေကာ ရဲ႕ ဖုန္းကိုသုံးၿပီး ဓာတ္ပုံေလး ရိုက္လို႔ရမလား ?  သူမ က်န္းေရွာင္ယန္ကို လွည့္ေမးလိုက္၏ ။ က်န္းေရွာင္ယန္ သူ႕ဖုန္း ထုတ္၍ လင္းခ်န္ကို လွမ္းေပးလိုက္သည္ :

မင္း ဓာတ္ပုံရိုက္လိုက္  လင္းခ်န္ ဖုန္းကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ ယူလိုက္ၿပီး ရီလိုက္၏ ။

က်န္းေရွာင္ယန္ ဖုန္း မ်က္ႏွာျပင္က အသံဖိုင္ ဖြင့္ထားဆဲ ေနရာမွာ ရွိေနေသးသည္။ နာမည္မပါသည့္ သီခ်င္း တစ္ပုဒ္တည္းကိုပဲ ထပ္ကာ ထပ္ကာ လာေစရန္ ခ်ိန္ညွိထား၏ ။ ဒီကို မလာခင္ကပင္ က်န္းေရွာင္ယန္ ဒီသီခ်င္းကို နားေထာင္ ထားသည္မွာ အသိသာပင္ ။ ဒီသီခ်င္းက ဘာေတြမ်ား ထူးၿပီး ေကာင္းေနလဲ ဆိုတာ သူမ မသိပါ ။ သို႔ေသာ္ က်န္းေရွာင္ယန္ က ဒီသီခ်င္း သီဆိုသည့္ အမ်ိဳးသမီးကို အခ်ိန္ အၾကာႀကီး လိုက္ရွာေနသည္ ဆိုေသာ သတင္းကို သူမ ၾကားလိုက္ရေသး၏ ။

မနာလိုမႈတို႔က စိတ္ႏွလုံးထဲထိ ပ်ံ့ႏွံ႕လာၿပီး သူမ ဦးႏွောက္ထက္ သူမ ခႏၶာကိုယ္က ျမန္ျမန္ လႈပ္ရွားမိသြားကာ လက္ေခ်ာင္းထိပ္ တို႔ႏွင့္ တစ္ခ်က္ထိ႐ုံျဖင့္ သီခ်င္းကို ဖ်က္လိုက္မိေတာ့၏ ။

မင္း ဘာလုပ္လိုက္တာလဲ ?  က်န္းေရွာင္ယန္ အနည္းငယ္ လန႔္သြားၿပီး သူ႕ဖုန္းကို ျပန္ယူလိုက္သည္ ။ သီခ်င္းက အဖ်က္ခံ လိုက္ရၿပီးျဖစ္သည္ဆိုတာသိသြား ၿပီးေနာက္ သူ႕အမူအရာ လုံးဝ ေျပာင္းလဲသြားေတာ့သည္ ။ လင္းခ်န္ အနည္းငယ္ ျပာယာခပ္သြား၏ ။ သူမ ရွင္းျပခ်ိန္မရလိုက္ခင္ မွာပဲ က်န္း ေရွာင္ယန္ သူမကို ေဒါသတႀကီး ၾကည့္လိုက္ၿပီး :

ငါ့ ပစၥည္းေတြကို ဖ်က္ပစ္ရဲဖို႔ ဘယ္သူကမ်ား မင္းကို သတၱိေတြ ေပးလိုက္တာလဲ ?! 

က်န္း ေရွာင္ယန္ ေဒါသထြက္လာလွ်င္ လင္းခ်န္လို ကေလးမေလးကို မဆိုထားႏွင့္ က်န္း မိသားစု တစ္ခုလုံးပင္ သုံးႀကိမ္ေလာက္ သုံးခါေလာက္ တုန္လႈပ္ရဖူးသည္ ။ သူမ ေၾကာက္လန႔္မႈေၾကာင့္ ႐ုတ္တရက္ ျဖဴေဖ်ာ့သြားၿပီး သူမ စကား ေျပာေသာအခါ တုန္ရီေနေတာ့၏ :

ညီမ.. ညီမ မေတာ္တဆ ဖ်က္လိုက္မိတာပါ

လင္းခ်န္ က မတုံးအေပ။ လူတိုင္းက က်န္းေရွာင္ယန္ ကို ေၾကာက္ၾကၿပီး သူက သူမႏွင့္အတူရွိလွ်င္ မတူသည္ကို သူမသိသည္ ။ သူမ အစ္ကို ဆုံးသြားၿပီး ေနာက္ပိုင္း က်န္းေရွာင္ယန္ က သူမကို အရမ္း ေကာင္းေကာင္းမြန္မြန္ ဆက္ဆံခဲ့သည္ ။ သူမ ေက်ာင္းစရိတ္ ေနထိုင္စရိတ္ အကုန္လုံးက က်န္း ေရွာင္ယန္ အိတ္ထဲမွသာ ျဖစ္၏ ။ သူက သူမရဲ႕ အေရးမပါတဲ့ စိတ္အလိုမက်မႈ ၊ ကဂ်ီကေၾကာင္က်မႈ တစ္ခ်ိဳ႕ကိုလည္း သည္းခံခဲ့သည္ ။

ဒီေန႕ သူမက သူ႕သီခ်င္းေတြထဲက သီခ်င္းတစ္ပုဒ္  တစ္ပုဒ္ကေလး ဖ်က္လိုက္မိတာကို ဒီေလာက္ႀကီး ဆက္ဆံတယ္ ေပါ့ေလ ?? 

က်န္း ေရွာင္ယန္၏ မ်က္ႏွာက စိမ္းေတာက္ ေနတုန္းပင္။ သူကထ ရပ္ၿပီး ေကာင္းယဲ့ကို ေျပာလိုက္သည္ :

လင္းေဟြ႕ရဲ႕ လြမ္းဆြတ္ ေအာက္ေမ့ဖြယ္ အခမ္းအနား တက္ၿပီးတာနဲ႕ လင္းခ်န္ ကို ေက်ာင္း ျပန္ပို႔လိုက္ေတာ့ ဘြဲ႕မရေသးခင္ အထိ ျပန္လာတာကို ခြင့္မျပဳဘူး 

ဟုတ္ကဲ့ ေဘာ့စ္  ေကာင္းယဲ့ သူ႕ေနာက္မွ လိုက္သြားကာ သီးသန႔္ခန္း အျပင္သို႔ လမ္းေလွ်ာက္သြားၿပီး အခန္းတံခါးကိုပါ ျပန္ပိတ္ခဲ့၏ ။

တံခါးပိတ္သြားသံကို ၾကားလိုက္ရၿပီးေနာက္ လင္းခ်န္ ၾကက္ေသေသသြားၿပီး ထိုင္ခုံေပၚ ပစ္လဲက်သြားသည္ ။

က်န္းေရွာင္ယန္၏ ဘန္တေလ ကားထဲတြင္ ေလထုက ေလးနက္ ေနသည္ ။ ေကာင္းယဲ့ က သူ႕ဖက္သို႔မွီ လိုက္ရင္း က်န္း ေရွာင္ယန္ကို သတိထားကာ စကားေျပာလိုက္၏ :

ေဘာ့စ္ သီခ်င္းကို ျပန္ယူလို႔ ရေလာက္ပါေသးတယ္ ကုမၸဏီက နည္းပညာဌာနမွာ ေကာလိပ္တုန္းက သူငယ္ခ်င္းေတြ ရွိတယ္ သူတို႔ကို ဆက္သြယ္ၿပီး ေျဖရွင္းခိုင္းလိုက္မယ္ေလ

က်န္း ေရွာင္ယန္ ႏႈတ္ခမ္းတို႔ကို တင္းတင္းေစ့ထားသည္မွာ အခ်ိန္ပင္ အေတာ္ၾကာေနၿပီ ျဖစ္၏ ။ ထို႔ေနာက္ အသံနိမ့္နိမ့္ျဖင့္ စကားလုံး ေျခာက္လုံးမွ်သာ ထုတ္ေျပာလိုက္သည္ :

ကုမၸဏီ ကို အရင္ ျပန္ 

ဟုတ္  ေကာင္းယဲ့ ျပန္ေျဖလိုက္ၿပီး စကားထပ္ မေျပာေတာ့ ေခ် ။ ဒီေန႕ သီးသန႔္ အခန္းထဲမွာတုန္းက လင္းခ်န္ကို ေဘာ့စ္ ေနရာမွာတင္ ခ်က္ခ်င္း သတ္ပစ္ေတာ့မလားလို႔ သူစိတ္ပူသြားမိ၏ ။ က်န္း ေရွာင္ယန္၏ နာမက်န္းျဖစ္မႈက အထူး လွ်ို႔ဝွက္ထားသည့္ကိစၥျဖစ္သည္ ။ လင္းခ်န္ မသိသည္ကို မေျပာႏွင့္ က်န္းမိသားစုပင္ မသိၾကေပ ။ ေကာင္းယဲ့ တစ္ဦးတည္းသာ ထိုကိစၥကို သိသည့္သူျဖစ္၏ ။

က်န္း ေရွာင္ယန္ရဲ႕ ေခါင္းကိုက္ ေဝဒနာကို ကုသဖို႔ရန္အတြက္ အခြင့္အာဏာရွိသည့္ ဦးေနာက္ အထူးကုမ်ား ႏွင့္ နာမည္ႀကီး စိတ္ပညာရွင္မ်ားကို ေခၚျပၿပီးၿပီ ျဖစ္သည္ ။ အတိုေျပာလွ်င္ သူတို႔ တတ္နိုင္သမွ် နည္းလမ္းေပါင္းစုံ သုံးကာ ႀကိဳးစားၾကည့္ၿပီးၿပီ လည္းျဖစ္၏ ။ အဆုံးမွာေတာ့ ထို ဘယ္သူဆိုမွန္း မသိရသည့္ သီခ်င္းတစ္ပုဒ္တည္း ကသာလွ်င္ အလုပ္ျဖစ္သြားသည္ ။ ေကာင္းယဲ့သည္လည္းပဲ ဒီသီခ်င္းကို ၾကားဖူး၏ ။ အသံက ဘာမွ မထူးျခားေပမဲ့ ထိုသီခ်င္းကသာ ေဘာ့စ္၏ နာက်င္တာေတြကို သက္သာေစၿပီး တည္ၿငိမ္သြားေစနိုင္သည္ ။

ကုမၸဏီကို ေရာက္သြားေသာအခါ က်န္း ေရွာင္ယန္ နည္းပညာဌာနရဲ႕ လက္ေ႐ြးစင္ နည္းပညာရွင္ကို ဖုန္းလႊဲ ေပးလိုက္ၿပီး စိုက္ၾကည့္ရင္း အခ်က္အလက္ေတြကို ေနရာမွာတင္ ျပန္ယူခိုင္းလိုက္သည္ ။

.. လက္ေ႐ြးစင္ နည္းပညာရွင္မွာ ဖိအားေတြ အေတာ္ကို ပိေနရွာသည္ ။ နဂိုက သူ႕ရဲ႕ညစာ ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ႏွင့္ သီခ်င္း ညည္းရင္း စားေနခဲ့တာျဖစ္သည္ ။

႐ုတ္တရက္ႀကီး ကိစၥေတြက ဘာလို႔ ဒီလိုျဖစ္ကုန္ရ တာလဲ ?

ဥကၠဌႀကီး ဆီမွ စိုက္ၾကည့္ခံ ေနရသျဖင့္ ဆံပင္ေတြပင္ ပိုပို ပါးလိုက္လာသည္ ၊ အိမ္ျပန္ဖို႔ရာကို အိပ္မက္သာ မက္နိုင္ေတာ့၏ ၊ သူ႕အျဖစ္က သနားစရာ ေကာင္းလြန္းလွသည္ ။

က်န္း ေရွာင္ယန္၏ ၿခိမ္းေျခာက္မႈ အၾကည့္တို႔ ေအာက္ဝယ္ နည္းပညာဌာန၏ လက္ေ႐ြးစင္ နည္းပညာရွင္မွာ အရင္ကထက္ပင္ ပို၍ ေတာ္လာေတာ့သည္ ။ သီခ်င္းကို ျမန္ျမန္ ျပန္ယူလိုက္ၿပီး :

ဥကၠဌႀကီး အခ်က္အလက္ ေဒတာကို ျပန္ယူၿပီးပါၿပီ ဒါေပမဲ့ အဲ့ဒါက ထိခိုက္သြားပါတယ္ 

က်န္းေရွာင္ယန္ ေအးခဲသြား၏ :  ဘာကိုေျပာခ်င္တာလဲ ?

ကြၽန္ေတာ္ ေျပာခ်င္တာက ျပန္ရွာေတြ႕ေပမဲ့လည္း နားေထာင္လို႔ေတာ့ မရေတာ့ .ေပမဲ့ !  ေဘာ့စ္ရဲ႕ ဖိအားေတြေၾကာင့္ ပိုပို ေအးစက္လာသည္ကို ခံစားလိုက္ရေသာ လက္ေ႐ြးစင္ နည္းပညာရွင္ေလးက အသက္ရွင္လိုစိတ္ ျပင္းျပသြားၿပီး ေအာ္လိုက္၏ :  ကြၽန္ေတာ္ ရေအာင္ျပင္ဖို႔ နည္း ရွာလိုက္ပါ့မယ္ 

က်န္း ေရွာင္ယန္ ေမးလိုက္၏ : အဲ့ဒါကို တကယ္ ျပင္နိုင္တာလား ?  လက္ေ႐ြးစင္ေလးက ကတိေပး လိုက္သည္ :  ကြၽန္ေတာ့ တစ္ဘဝလုံးစာ သင္ၾကား ထားခဲ့သမွ် အကုန္ သုံးၿပီး ရေအာင္ ျပင္ေပးပါ့မယ္ ၊ ေဘာ့စ္ ! အဲ့တာက ျဖစ္.......ျဖစ္နိုင္ပါတယ္ ဒါမဲ့ အခ်ိန္ေလး နည္းနည္းေတာ့ လိုပါလိမ့္မယ္ 

အိုေခ  က်န္းေရွာင္ယန္ ေပါ့ေပါ့ပါးပါးေလး ေျပာလိုက္သည္ ။ ေခါင္းညိတ္ လိုက္ၿပီး သူ႕ေဘးမွ ေကာင္းယဲ့ အား :  ေရွ႕ေလွ်ာက္ အနာဂတ္မွာ နည္းပညာဌာနနဲ႕ အဆက္အဆံ မလုပ္နဲ႕ 

..ဟုတ္

လက္ေ႐ြးစင္ နည္းပညာရွင္ :.

နည္းပညာဌာနမွ ထြက္လာခဲ့ ၿပီးေနာက္ ေကာင္းယဲ့ က ေနာက္ခရီးစဥ္ အတြက္ စိတ္ပူေနေသးသည္ :

ေဘာ့စ္ ရန္ပုံေငြ ေလလံပြဲကို သြားဦးမွာလား ?

က်န္းေရွာင္ယန္ ခဏေလာက္ တိတ္သြားၿပီး ေျပာလိုက္၏။  သြား 

[ဘာသာျပန္သူ၏ ရွင္းလင္းခ်က္ ။

(၁) မိန္းကေလး တစ္ေယာက္ ႀကီးလာတဲ့႐ုပ္က သူမ ငယ္စဥ္က႐ုပ္နဲ႕ တအား ကြာသြားသည္ ။ ]

____

Continue Reading

You'll Also Like

353K 11.9K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
10.6K 972 5
ကျွန်တော်က systemနဲ့အတူ တာဝန်ထမ်းဆောင်တဲ့ Hostတစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ ဘာလဲ။ ကျွန်တော် ဘယ်သူနဲ့တွေ့ခဲ့တာတဲ့လဲ ကၽြန္ေတာ္က systemနဲ႔အတူ တာဝန္ထမ္းေဆာင္...
429K 16.2K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...