မပြည့်စုံသော သူဌေးမလေး

By Alice_Yizhan_7012

23K 2K 75

Rebirth storyလေး နောက်ထပ်အသစ်တစ်ပုဒ်လေးပါရှင့်။ ဒါလေးကလည်း ဖတ်လို့ကောင်းတဲ့အထဲပါတာကတော့ မင်မင်ဆို တစ်ထိုင်တည်... More

ဇာတ်လမ်းအကျဥ်းချုပ်
အခန်း ၁ ။
အခန်း ၃ ။
အခန်း ၄ ။
အခန်း ၅ ။
အခန်း ၆ မှ ၁၀ ။
အခန်း ၁၁ မှ ၁၅ ။
Birthday promotion
အခန်း ၁၆ မှ ၂၀ ။ (Unicode)
အခန်း ၁၆ မှ ၂၀ ။ (zawgyi)
အခန်း ၂၁ ၊ ၂၂ ။
အခန်း ၂၃ မှ ၂၅ (unicode)
အခန်း ၂၃ မှ ၂၅ (zawgyi)
အခန်း ၂၆
အခန်း ၂၇ မှ ၃၀

အခန်း ၂ ။

1.3K 236 1
By Alice_Yizhan_7012

အခန်း ၂ ။ [ လရောင်အောက်က အလှလေး ကျန်းရှောင်ယန် ]

သူမအ‌မေ ပြောတဲ့ဘဝကို ပြောင်းလဲစေမဲ့ အရာက ညကြီးမှာ လီကျယ် ပန်းခြံဆီ‌ ပြေးပြီး ခြင်တွေကို အစာကျွေးရတာမျိုး ဆိုတာကိုသာ ကြိုသိခဲ့ရရင် တု ယုံးဝေတစ်ယောက် နာခံမှုမရှိတဲ့ သမီးမိုက် ပဲ အဖြစ်ခံလိုက်တော့မည်ပင် ။

ကျန်း မန်လင်း  မနေ့က သူမကို လာတွေ့ပြီး ဗေဒင်ဆရာက ကျားနဲ့ နီးနီးကပ်ကပ် နေရမယ် လို့ ဟောလိုက်တဲ့အကြောင်း လာပြောပြသွားသည် ။ ကျားကို ဘယ်နေရာ‌မှာ‌တွေ့ ရနိုင်မလဲဆိုတာ ကျန်း မန်လင်း အကြာကြီး တွေးပြီးတဲ့နောက် တု ယုံးဝေ ကို လီကျယ် ပန်းခြံထဲ လွှတ်လိုက်တော့၏ ။

လီကျယ် ပန်းခြံထဲတွင် ဗိသုကာ ပန်းပုရုပ်တွေ ထားတဲ့ ဟောခန်းတစ်ခု ရှိသည် ။ ဟောခန်း အပြင်ဖက်က လျှောက်လမ်းကြီးမှာ ကျောက်နဲ့ ထွင်းထုထားသည့် ‌ကျားရုပ်ကြီး တစ်ရုပ်ကို ထားထား၏ ။ တု ယုံးဝေက အခုအဲ့ဒီ ကျားရုပ်ကြီး အောက်မှာ ထိုင်ပြီး ခြင်တွေကို အစာကျွေး နေရတာလည်း ဖြစ်သည် ။

“ အ‌မေ... ပြန်လို့ရပြီလား “ တု ယုံးဝေ သူမဖုန်းကို ကိုင်ထားကာ သူမအမေနှင့် ဗီဒီယိုကောလ် ပြောနေရ၏ ။

ကင်မရာထဲမှ ကျန်း မန်လင်း က ခေါင်းကို ယမ်းပြပြီး အလေးအနက်ထားကာ : “ မရဘူး ၊ ဆရာက ပြောလိုက်တာ သမီးက ၈နာရီကနေ ၁၀နာရီအထိ နှစ်နာရီတိတိ နေရမယ်တဲ့ တစ်စက္ကန့် လေးတောင် လျော့လို့ မဖြစ်ဘူး “

တု ယုံးဝေ: “……”

‘ အဲ့ဆရာဆိုတာ ဘယ်သူလဲ သူမ မသိတာ ပိုကောင်းမယ်။ မဟုတ်လို့ ကတော့ အဲ့ဆရာကို ဒီကို ကောက်လွှတ်ပစ်လိုက်ပြီး ခြင်တွေကို အစာကျွေးပစ်လိုက်မယ် '

“ သမီးက လုံခြုံပါတယ် အမေ ဘော်ဒီဂတ်နဲ့ ဒရိုင်ဘာကို ပြောပြီးပြီ ၊ ၁၀နာရီကျရင် သမီးကို အိမ်ပြန်ခေါ်လာ‌ဖို့  ၊ ဒါပဲ ဖုန်းချပြီနော်“ တုံ့ဆိုင်းနေတာလေး တစ်ချက်တောင်မရှိဘဲ ကျန်း မန်လင်းသည် ဗီဒီယိုကို ပိတ်ချလိုက်တော့လေ၏ ။

တု ယုံးဝေ: “……….”  

‘ အမေ '

ထိုနေ့ညက တု ယုံးဝေတစ်ယောက် ည၁၀နာရီအထိ ကျားရုပ်အောက်မှာ ထိုင်ခဲ့ရလေသည် ။ သူမ အိမ်ပြန်‌ရောက်သောအခါ၌ ခြေထောက်တွေတင် နာတာမဟုတ်ဘဲ လေအေးတွေထဲ‌ ‌နေခဲ့ရတာကြောင့် သူမ အသံတွေပါ အက်ရှနေလေ၏ ။

ဒါပေမဲ့လည်း ဒီကိစ္စနဲ့တင် မစ္စ ကျန်း မန်လင်း ရဲ့ သနားကရုဏာကို မရနိုင်သေးပါချေ။ နောက်ရက် မှာလည်း တု ယုံးဝေ ကျားရုပ်အောက် ပစ်ထုတ်ခံလိုက်ရ ပြန်သည် ။ ဗေဒင်ဆရာ‌ ဟောထားသည့် အတိုင်း ဆိုလျှင် သုံးရက် ဆက်တိုက် လာရမည်လည်း ဖြစ်၏။

ဒီ တစ်ကြိမ်တွင်မူ တု ယုံးဝေ သင်ခန်းစာယူပြီး ဖြစ်သည့် အတွက် သူမ ခြင်ဒဏ်က ကာကွယ်ဖို့ ဖြန်းဆေး စပရေးဘူး ၊ ခြင်ဆေးခွေ၊ ခြင်ကိုက်ဖု လိမ်းဖို့ရာ ဆေး အပြည့်အစုံ သယ်လာခဲ့သည် ။ ဖုန်း အားသွင်းကြိုးလည်း အပါသယ်လာ၏ ။ အစားအစာတွေကိုက ဒီမှာခွင့်မပြုရင် စူပါမားကတ် သွားစားလို့ရသည်ပင် ။

“ အဟွတ် ! ” တု ယုံးဝေ သူမ ပါးစပ်ထဲ လည်‌ချောင်း ကို အစိုဓာတ်ပေးမဲ့ ချိုချဉ်တစ်လုံး ပစ်ထည့်လိုက်ပြီး သူမ သူငယ်ချင်းနဲ့ အမျိုးတွေဆီကို မက်ဆေ့ဂ်ျ တစ်စောင် ပို့လိုက်သည် ။

သာမန် ချမ်းသာတဲ့‌ ကောင်မလေး တု ယုံးဝေ: “ လီကျယ် ပန်းခြံရဲ့  ည၈နာရီ မြင်ကွင်းက ဘယ်လိုလဲ သိကြလား ? ငါက ညနေခင်း မြင်ကွင်းကို  ၈နာရီ၊ ၉နာရီမှာရော ၁၀နာရီမှာပါ မြင်ဖူးပြီးသွားပြီ “

မက်ဆေ့ဂျ်ကို သူမမိသားစုဝင်‌တွေ အခင်ဆုံး သူငယ်ချင်းတွေ ရှိသည့် စကားပြော ဂရုထဲ ပို့လိုက်တာ ဖြစ်သည် ။ အဓိကထား ပို့ချင်တာကတော့ သူမအမေ ဆီကိုပေါ့ ။ စွန်း ရှောင်‌ရှောင်လည်း အစက ဒီဂရုထဲမှာ ရှိ၏ ။ သို့သော် တမြန် မနေ့ကတည်းက တု ယုံးဝေ က သူမကို ထုတ်ပစ်လိုက်ပြီး ဖြစ်သည် ။

အမေ : “ ကလေးရေ ဇွဲရှိတဲ့သူက နိုင်တာပဲ ! ”

တု ယုံးဝေ : “……”

‘ မစ္စ ကျန်း မန်လင်းမှာ သနား ကရုဏာစိတ်လေး လုံးဝကို မရှိဘူးပဲ '

တု ယုံးဝေ နှုတ်ခမ်းစူလိုက်ပြီး ကျောင်းဖိုရမ်ထဲကို ဝင် အပေါ်အောက် ဆွဲကြည့်နေ လိုက်တော့သည် ။ သူမ ကျောင်းမသွားတာ သုံးရက်ရှိပြီ ဖြစ်‌ပေမဲ့ သူမအကြောင်း က‌တော့ အခုထိ ကျောင်းမှာ ‌လူ‌ပြောများ ရေပန်းစားနေ တုန်းပင် ။

အဲ့ဒီနေ့က သူမ ၊ ဖန်းကျင်နဲ့ ကျန်းရှိန်းကျဲ တို့အဖြစ်အပျက်ကို ကျောင်းဖိုရမ်ထဲ ပို့စ်တင်ထားကြ၏ ။ အခုထိတောင် ရှာဖွေမှု အများဆုံး စာရင်းထဲ ဝင်နေဆဲပင် ။ ပူပူ နွေးနွေးသတင်း ဆိုတာကို တု ယုံးဝေ တစ်ချက်ကြည့်လိုက်၏ ။ ဖိုရမ်ထဲမှာ ကွန်မန့်မျိုးစုံ ရေးထားကြသည် ။ ကျောင်းက လူ‌တွေ အားလုံး၏ မျက်လုံးထဲမှာ တု ယုံးဝေ က ရီစရာ ဟာသ‌မြောက် ၊ ဝမ်းနည်း စိတ်ပျက် သနားစရာ‌ကောင်းသော မိန်းမတစ် ယောက်အဖြစ် နာမည်တပ်ခံနေရပြီး တစ်ဖက်မှာတော့ ဖန်းကျင်ကို လူအုပ်ကြီးက ဝိုင်းကူပြော ပေးနေကြတဲ့အတွက် တကယ် အနိုင်ရတဲ့သူ ဖြစ်သွားတော့လေသည် ။

ထိပ်ဆုံးမှာ ရှိနေတဲ့ ပို့စ်‌ တွေထဲက ကွန်မန့် အိုင်ဒီတွေထဲမှာ “ ချိုမြိန်တဲ့ ခေါင်းစည်းကြိုး” နာမည်နှင့် လူတစ်ယောက်က အရမ်းတွေကို တက်ကြွနေသည်ပင် ။ စွန်း ရှောင်ရှောင်ကတော့ အဲ့ဒီအိုင်ဒီ ပိုင်ရှင်က ဖန်းကျင်လို့ ပြောခဲ့‌ပေမဲ့ အခု ကြည့်ရတာ အဲ့တာက စွန်း ရှောင်ရှောင် ကိုယ်တိုင်တောင် ဖြစ်နိုင်တယ် လို့ တု ယုံးဝေ သံသယရှိနေမိ၏ ။

ချိုမြိန်တဲ့ ခေါင်းစည်းကြိုး : “ မကြာခင် ၅၂၀ ကျောင်းကပွဲ က  လာတော့မယ် ကျန်း ရှိန်းကျဲက အခု တု ယုံးဝေ နဲ့ မကလောက်ဘူး ၊ အဲ့တော့ သူ့မှာ တွဲကစရာ ယောက်ျားလေး တွဲဖက် မရှိတော့ဘူး‌ပေါ့ ၊ တစ်ကျောင်းလုံးက သူ့ကို ထပ်ရီကြရဦးမှာပဲ သနားစရာ ကောင်းချက် ! ”

မင်းရဲ့ ကယ်လိုရီလေးများ : “ သူ လာမယ် မလာဘူး‌က မ‌သေချာပါဘူး ဒီရက်‌တွေ မှာတောင် ကျောင်းကို အရှက်မရှိ မျက်နှာလာမပြရဲလို့ အိမ်မှာပဲ ပုန်း‌နေရတာ မလား ?”

ငါးကြော် အသေးလေး : “ သူက ကျန်း ရှိန်းကျဲနဲ့ တွဲကကို ကပါ့မယ်လို့ သတ်မှတ်ထားတာမှ မရှိတာ ၊ ဟုတ်တယ်မလား ? သူက တု မိသားစုရဲ့ သမီးလို့ ပြောထားမှတော့ ယောက်ျားလေး တွဲဖက် ရှာဖို့ဆိုတာက အလွယ်လေး နေမှာ ”

ချိုမြိန်တဲ့ ခေါင်းစည်းကြိုး : ”နင် ဘာသိလို့လဲ ? ယောက်ျားလေး တွဲဖက်ရှာဖို့ လွယ်ရင်တောင် ကျန်း ရှိန်းကျဲ ထက် သာတဲ့ တစ်ယောက်ယောက်ကိုများ နင် တွေ့ဖူးလို့လား ?    ကျန်း ရှိန်းကျဲက ဖန်းကျင်နဲ့ တွဲကနေမှာလေ အဲ့ချိန်မှာ သူကတော့ ကြုံရာ ယောက်ျားလေး တွဲဖက် ရှာ‌နေရတုန်း။ သူ့ကိုသူ မရှက်တတ်ဘူးလား မသိဘူး ”

ရေနွေး များများသောက် : “ မှန်တယ်ဟေ့ နောက်ဆုံး တော့လည်း ကျန်း ရှိန်းကျဲက ကျန်း မိသားစုကပဲလေ ”

ချိုမြိန်တဲ့ ခေါင်းစည်းကြိုး : ” တု ယုံးဝေ နဲ့ တန်တယ် လို့ပဲ ငါ ထင်တယ် ကျန်း ရှိန်းကျဲနဲ့ ဆုံရတိုင်း အမြဲတမ်း ကြွား‌နေတာ အခုတော့ သူ့မျက်နှာ ဖြတ်ရိုက်ခံ လိုက်ရပြီ ”

တု ယုံးဝေ သူမလက်ထဲရှိ ဖုန်းကို တင်းတင်းညှစ် ထားလိုက်သည် ။

‘ ဒီလူတွေ … ဒီပို့စ်ထဲမှာပဲ ကွန်မန့်တွေ ဝင်မန့်ရင်း အချိန်တွေ ဖြုန်းနေကြတာ စာတွေ တအားရ အိမ်စာတွေ ပြီးကုန်ကြပြီ လား ? ’

ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်း ရှိန်ကျဲ က သူမနဲ့ တွဲကရမှာ မိသားစုက အစကတည်းက စီစဉ်ပြီးသားပင်။ စွန်း ရှောင်ရှောင်က အဲ့တာကို သိသွားလို့ ဖန်းကျင်ကို ပါးသွား ရိုက်ခိုင်းပြီး ရည်ရွယ်ချက်ရှိရှိ ဖြန့်လိုက်ခြင်း ဖြစ်၏ ။

မထင်မှတ်ပဲ ပွဲကြီးကြီး ဖြစ်သွားတာပဲ !

သူမဖုန်းကို “ ပလုပ် … ” ခနဲနေအောင် ပစ်ထုတ်လိုက်ပြီး နှစ်စက္ကန့် ကြာတော့ သူမ လမ်းလျှောက်သွားကာ ပြန်ကောက်ယူ လိုက်သည် ။

မိုဘိုင်းဖုန်း ကာဗာ အပေါ်ကို ဖုန်နည်းနည်း ပေသွားတာက လွဲပြီး ဘာမှ ပျက်စီးမသွား‌ပေ ။ တု ယုံးဝေ ဖုန်တွေကို သုတ်ပြီး တွေးလိုက်မိ၏ ။ ‘ ငါတော်တော်ကို စိတ်လိုက်မာန်ပါ ဖြစ်သွားတာပဲ ၊ ဒီ မိုဘိုင်းဖုန်းက နောက်ဆုံးပေါ် မော်ဒယ်လ် ဖြစ်တဲ့အပြင် ဈေးလည်း အရမ်းကြီးတာကို '

ဒါပေမဲ့ ဒီ “ချိုမြိန်တဲ့ ခေါင်းစည်းကြိုး” လို့ ခေါ်တဲ့သူကိုတော့ နောက်ကွယ်က ဘယ်သူလဲဆိုတာ သိ‌အောင် စုံစမ်းဖို့ သူမအခွင့်အ‌ရေး ရှာမည် ဖြစ်သည် ။

သူမ ကျားရုပ်‌ဘေး ပြန်သွားထိုင်နေသည့်အချိန်မှာပဲ ကျောက်လမ်းကို ဖြတ်လျှောက်သွားသောယောက်ျား တစ်‌ယောက်ကို သူမ တွေ့လိုက်၏ ။ အဲ့ဒီလူက အရပ် အရမ်းရှည်ပြီး သူမအစ်ကိုထက်ပင် ပိုရှည်လောက်သည် ။ သူက အမည်းရောင် ခပ်တောင့်တောင့် ဝတ်စုံပြည့်ကို ဝတ်ထား၏ ။ အနောက်ဖက်ကပဲ မြင်ရပေမဲ့ ပိုက်ဆံအများကြီး ကျမည့် ဒီဇိုင်နာချုပ် ဆိုတာကို အင်္ကျီအထည်စ ကြည့်ပြီး သူမ ပြောနိုင်သေးသည် ။ သူရဲ့လက်‌ချောင်း ကြားကနေ ကောက်ကွေးကွေး အဖြူရောင် အငွေ့တန်းတွေ ထွက်နေသည့် အတွက် သူဆေးလိပ် သောက်နေတာဖြစ်ဖို့ များသည် ။ သို့သော် တု ယုံးဝေနှင့် အနည်းငယ် လှမ်းနေသောကြောင့် ဆေးလိပ်နံ့ကို အနံ့မရပေ။

တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေတာကို အာရုံရသလိုမျိုး သူ့ခေါင်းကို လှည့်လာပြီး တု ယုံးဝေ ဖက်ကို ကြည့်လာ၏ ။ လရောင်‌အောက်မှာ သူ‌ ခေါင်းကိုလှည့်လာတာ မြင်လိုက်ရပြီး ပြီးချင်း တု ယုံးဝေ ခဏလောက် ငေးသွားမိသည် ။ အခုခေတ် လူငယ်ကောင်လေးတွေ ကြိုက်ကြသည့် ဆံပင်ပုံစံမျိုး ရှိတာကလွဲပြီး သူမ ဒီလောက် ကြည့်လို့ကောင်းသည့် ယောက်ျား တစ်‌ယောက်ကို မမြင်ဖူးဘူးပါချေ။ သူက သူ့ဆံပင်ရဲ့‌ လေးငါးပုံလောက် အထိကို သိမ်းဖြီးထား၏ ။ ထိုကဲ့သို့ ဖြီးသိမ်းထားသည့် ဆံပင်က တရားလွန် ခန့်ငြားလှသည့် သူ့မျက်နှာ အချိုးအစားတွေကို  အပြည့်အဝ ဖော်ထုတ်ထားပြီး သူ့ရဲ့ ဆွဲ‌ဆောင်မှု ရှိချက်က သူမအား တကယ့်ကို နေမထိထိုင်မသာဖြစ်သွား စေခဲ့သည် ။

အဲ့ဒီလူ ဆံပင်ပုံစံကို ဖြစ်သလိုပဲထားထားတာက သူ့ရဲ့  မျက်နှာအချိုးအစား မျက်နှာကျ ဘယ်လိုပဲ ဖြစ်နေပါစေ သူ့ ပုံရိပ်ကို ပျက်စီးသွား‌စေမှာ မဟုတ်ပါချေ။ သူက တိတိကျကျ တိုင်းချုပ်ထားသည့် အနောက်တိုင်း ဝတ်စုံပြည့် ကို ဝတ်ဆင်ထား၏ ။ သူ့ရဲ့ သားရေဖိနပ် ကလည်း ပေါလစ် တိုက်ထားတာကြောင့် ပြောင်လက်‌ တောက်ပနေလေသည် ။ သူ့ပတ်ပတ်လည်က လေထုကတောင် သူ့ကို လွှမ်းမိုးမှုရှိပြီး ပိုအေးစက်တတ်သယောင် ဖြစ်နေစေ၏ ။ ထိုသူ့ကို နှစ်စက္ကန့်‌ လောက်ကြာအောင် ငေးမိသွားသည့်တု ယုံးဝေတောင်မှ သူ့ရဲ့ အေးစက်တဲ့ အငွေ့အသက်တွေကို ခံစားမိလိုက်သည် ။ သူမမျက်လုံးတွေ မဆိုသလောက်လေး လှုပ်သွားပြီး ပြုံး၍ သူ့ကို နှုတ်ဆက်စကား လှမ်းပြောလိုက်သည် : “ မင်္ဂလာညချမ်းပါ “

သူမ ပါးစပ်ဖွင့်ပြီး စကားဟလိုက်သည့် အချိန်မှာပဲ လည်ချောင်းက နည်းနည်း နာကျင်သွားပြီး အက်ရှနေတဲ့ အသံထွက်လာခဲ့သည်။ တု ယုံးဝေ သူမကိုသူမ လည်ပင်း ညှစ်သတ် ချင်စိတ်တောင် ပေါက်သွားတော့၏ ။

‘ အိုး မိုင်ဂေါ့ ….. ငါ့အသံက ဘာလို့ ဒီအသံကြီး ပေါက်နေရတာလဲ !!? ’

အဲ့ဒီလူကတော့ သူ့ရဲ့ မျက်ခုံးတွေ ကိုတောင် ပင့်လှုပ်မသွားခဲ့ချေ ။ သူ တု ယုံးဝေ ကိုကြည့်လိုက်ပြီး စီးကရက်ကိုပဲ ပါးစပ်အပြည့် ရှိုက်သွင်း ပစ်လိုက်၏ ။ သူ့ရဲ့လက်‌ချောင်းတွေ ကြားက တောက်သွားတဲ့ မီးပွားလေးက မီးရှူး မီးပန်းလေးကို မီးတို့ လိုက်သလိုပင် ။ အဲ့ဒီနောက်မှာတော့ မျက်နှာတစ်ချက် မပြောင်းဘဲ စီးကရက်ဖင်ကို ချေလိုက်ပြီး စီးကရက်ကို အမှိုက်ပုံးထဲ ပစ်ကာ ထွက်သွားတော့သည် ။

တု ယုံးဝေ : “ …… ”

‘ ကျစ် ! သူ့ရုပ်ရည်လေး တစ်ခုတည်းကပဲ အထင်ကြီးစရာ ကောင်းတာ ပါလားး ? ’

တု ယုံးဝေ သူမဖုန်းကို ကိုင်ပြီး ကျားရုပ်ဘေး ပြန်သွား ထိုင်လိုက်၏ ။ ခဏကြာတော့ ဒရိုင်ဘာ က သူမဆီ လျှောက်လာပြီး ပြောခဲ့သည် ။

 “ မမလေး အချိန်ပြည့် သွားပါပြီ ၊ အိမ်ကို ပြန်လို့ရပါပြီ “

တု ယုံးဝေ တစ်ခဏလောက် စိတ်ပျက်သွားသည် : “ မြန်လိုက်တာ အဲ့အချိန်တောင် ရောက်သွားပြီလား “ သူမနာရီကို ကြည့်လိုက် တော့လည်း တကယ်ကို ၁၀နာရီတောင် ရှိပြီ ဖြစ်သည် ။

 ' ….. ကြည့်ရတာ မမျှော်လင့်ဘဲ တွေ့ကြုံ ဆုံရတတ်တဲ့ ညအချိန် လှလှလေးတွေဆို အချိန်တွေက အမြဲ အကုန်မြန်တာပဲ '

သူမ ကားပေါ်ကို ရောက်သွားတဲ့ အချိန်မှာပဲ ကျန်း ရှောင်ယန် ကလည်း သူ့ကား‌ဆီ ပြန်သွားပြီ ဖြစ်၏ ။ လက်ထောက်ဖြစ်သူ ကောင်းယဲ့က သူပြန်လာတာကို တွေ့သည့်အခါ ချက်ချင်း မတ်မတ် ရပ်လိုက်ပြီး ကားတံခါးကို ကူဖွင့် ပေးလိုက်သည် :

“ ဘော့စ် ပြန်လာပြီလား ? “

“ အင်း “ ကျန်း ရှောင်ယန် ကားထဲ ရောက်သွားတဲ့ အခါ လက်ထောက် ကောင်းယဲ့ က ကားတံခါး ပြန်ပိတ် ပေးလိုက်၏ ။

ကျန်း ရှောင်ယန်၏ ခန္ဓာကိုယ်ကနေ စီးကရက်နံ့ ဖျော့ဖျော့လေး ထွက်နေသေးသည် ။ ညခင်း လေပြည်က ဆေးလိပ်နံ့ အကုန် ကုန်စင်သွားအောင် မတိုက်ခတ် နိုင်ခဲ့ပါဘူး ။ ကောင်းယဲ့ က ခရီးသည်တင် ခုံမှာ ဝင်ထိုင်လိုက်ပြီး ဂရုတစိုက်နဲ့ မေးလိုက်၏ ။

“ ဘော့စ် ဗီလာကိုပဲ တန်းပြန်တော့ မှာလား “

“ အင်း ” ကျန်း ရှောင်ယန် က စကားနည်းနည်းသာ ပြောနေ တုန်းပါပဲ ။ ကောင်းယဲ့ က ဘာမှထပ်မပြောတော့ ဒရိုင်ဘာကိုပဲ တစ်ချက် ကြည့်ကာ ကျန်း ရှောင်ယန်ရဲ့ ဗီလာဆီကိုသာ ကားကို မောင်းခိုင်းလိုက်၏ ။

ကားထဲ‌ ရောက်ကတည်းက ကျန်း ရှောင်ယန် ပြတင်းပေါက်အပြင် ကိုပဲ ဆက်ကြည့်နေသည် ။ ကောင်းယဲ့ ကလည်း စကားကို သွားမပြောရဲ‌ပေ ။ ဘော့စ်က အမြဲတမ်းလိုလို အဲ့လို မျက်နှာ‌ အေးစက် တည်တင်းနေတာ ဖြစ်ပေမဲ့ ဘယ်သူမှ သူ့ရှေ့သွားပြီး အမှားတစ်ခုတောင် မလုပ်ရဲကြပေ ။ ဒါပေမဲ့ သူ့မျက်နှာ ကြည့်ရတာ ဒီရက်ပိုင်းမှာ ပုံမှန်ထက်ကို ပိုပြီးတော့ စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည် ။

သူ့ စိတ်အခြေအနေ မကောင်းတာကို ကောင်းယဲ့ မြင်နိုင်၏ ။ ဒီည သူတို့ စီးပွားရေး ညစာစားပွဲ ကို သွားတက်ခဲ့ကြပြီး အပြန်လမ်းမှာ ရုတ်တရပ်ကြီး ဆေးလိပ် သောက်ချင်‌‌ကြောင်း ပြောကာ ကားရပ်ခိုင်းခဲ့သည် ။ ‌ဒါ‌ကြောင့် သူတို့ လီကျယ် ပန်းခြံမှာ ရပ်ခဲ့ခြင်း ဖြစ်၏ ။

ကျန်း ရှောင်ယန် က ဆေးလိပ်သောက်ခဲသည် ။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ သူပုံမှန်ထက် ပိုပြီး မကြာခဏ ဆေးလိပ် သောက်ခဲ့၏ ။ ဒါဟာ မကြာခင် ရောက်တော့မည့် လင်းဟွေရဲ့ သေဆုံးခြင်း နှစ်ပတ်လည်‌ ကြောင့် ဖြစ်မည် ။

ကျန်း ရှောင်ယန်၏ ဗီလာ က အနောက်ဘက် ဆင်ခြေဖုံးရပ် ရှိ တောင်တစ်တောင် ပေါ်မှာ ဖြစ်ပြီး တောင်တစ်ခုလုံးက ကျန်း ရှောင်ယန် အပိုင် ဖြစ်လေသည် ။ ကားက ဂိတ်ပေါက်ကို ဖြတ် ၊ ဥယျာဥ်ကို ဖြတ်မောင်းသွားကာ ကားဂိုထောင်ထဲမှာ ရပ်တန့်သွားခဲ့၏ ။ ကျန်း ရှောင်ယန် သူ့ရဲ့  ထိုင်ခုံခါးပတ်ကို ဖြေလျှော့လိုက်ကာ အရှေ့ခန်းမှ ကောင်းယဲ့ကို ညွှန်ကြား လိုက်သည် : “ မနက်ဖြန်မနက် ပုံမှန်အချိန်မှာပဲ ငါ့ကိုလာကြို “ ကောင်းယဲ့ တခဏမျှ တုံ့ဆိုင်းနေပြီးနောက် မဝံ့မရဲနှင့် ပြောလာသည် : “ ဘော့စ် ၊ ဒီနှစ်ရက်လုံး ဘော့စ် ကောင်းကောင်း မအိပ်ရသေးဘူးနော် …“

 “ ငါက အဆင်ပြေတယ် ငါခိုင်းတဲ့ အတိုင်းပဲ လုပ် ”

“ ဟုတ်ကဲ့ ”

ကောင်းယဲ့ ခေါင်းညိတ်လိုက်ပြီး သူ ထွက်သွားတာကို ကြည့်နေခဲ့၏ ။

ကျန်း ရှောင်ယန် သူ့အခန်းဆီပဲ တန်းပြန်သွားပြီး ရေချိုးလိုက်သည် ။ ပြီးနောက် ညဝတ်အင်္ကျီ လဲဝတ်လိုက်ပြီး သူ့အိပ်ရာပေါ် လှဲချလိုက်၏။ တဖြည်းဖြည်း ကြာလာပြီးနောက် သူ့ရဲ့ အိပ်ချင်စိတ်တွေကို အခွင့်ကောင်း ယူပြီး မီးကိုမှိတ် မျက်လုံးတွေ ပိတ်လိုက် တော့သည် ။

သူ မြန်မြန် အိပ်ပျော်သွား၏ ။ သို့သော် အေးအေး ချမ်းချမ်း အိပ်စက်ခဲ့ရခြင်းမျိုး မဟုတ်ခဲ့ ။ တစ်ညလုံး အိပ်မက်ဆိုးတွေ မက်နေခဲ့သည် ။ အိပ်မက်ဆိုးကနေ နိုးလာပြီးတဲ့နောက် သူ့ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲတော့မလို ဖြစ်နေကျ ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရ၏ ။ ဘုရားရုပ်ထု‌ကို တင်းတင်း ကြပ်ကြပ်ဖိ ဆုပ်ထားပြီး အသက်ဝဝ ရှုလိုက်ရသည် ။ အိပ်ရာ ဘေးမှာက ဆရာဝန် ညွှန်ကြားထားသည့် ဆေးတွေ ရှိ၏ ။ ဆေးပုလင်းကို ဆွဲယူလိုက်ပြီး အရမ်းပြင်းပြင်း ဖွင့်လိုက်သည့်အတွက် ဆေးတစ်ချို့  အိပ်ရာပေါ်ကို ဖိတ်ကျ သွားခဲ့သည် ။

ကျန်း ရှောင်ယန် ဂရုမစိုက်ခဲ့ပေ ။ အနီနဲ့ အဖြူ ဆေးလုံး နှစ်လုံးကို ရေမပါဘဲ တိုက်ရိုက်ပဲ မြိုချလိုက်သည် ။ မှောင်နေတဲ့ အခန်းထဲ၌ ကျန်း ရှောင်ယန် ၏ လေးလေးပင်ပင် သက်ပြင်းရှိုက်သံ ထွက်လာသည် ။ ဆေးသောက်ပြီးတာတောင် သူ့ရဲ့ ခေါင်းကိုက်ဝေဒနာက သိပ်မပျောက်သေး ။ ခေါင်းဦး အောက်မှ နားကြပ်ကို ခက်ခက်ခဲခဲနှင့် ယူလိုက်ကာ ဖုန်းနှင့်ပလပ်ချိတ်ပြီးနောက် ဖုန်းထဲတွင် သိမ်းထားသည့် သီချင်းတစ်ပုဒ်ကို နှိပ်လိုက်၏ ။  အဲ့ဒီသီချင်းမှာ ခေါင်းစဉ်လည်း မပါသလို အဆိုတော် နာမည်လည်း မပါဘဲ အမျိုးသမီးတစ်ဦးရဲ့ အသံသာ သူ့နားထဲ ကြား‌ နေရသည် ။ ကျန်း ရှောင်ယန် အတွက်တော့ အသက်ကယ် လှေကလေး ကို ဖမ်းဆွဲမိလိုက်သကဲ့သို့ ခံစားလိုက်ရသလိုပင် ။

သီချင်း၏ ကြာချိန်က လေးမိနစ်နှင့် လေးဆယ့်ကိုးစက္ကန့် ဖြစ်၏ ။ သီချင်းပြီး သွားသည့်အခါမှသာ ကျန်း ရှောင်ယန် တဖြည်းဖြည်းချင်း သက်သာလာပြီး အသက်ရှုသံတွေလည်း ခုနကလောက် မလေးပင်တော့ ချေ ။ သူ့မျက်လုံးတွေကို မှိတ်ပြီး ကုတင်ရဲ့ ခေါင်းရင်းဖက်ကို မှီလိုက်မှသာ သူ့တစ်ကိုယ်လုံး ချွေးအေး တွေဖြင့် ပြည့်နေမှန်း သတိထားမိတော့သည် ။ တစ်ညလုံး မိန်းကလေးရဲ့ သီချင်းသံက မမောနိုင်မပန်းနိုင် ထပ်ကာထပ်ကာ အဆက်မပြတ် လာနေတော့၏ ။

ဒါက ကျန်းရှောင်ယန်၏ ဖုန်းထဲမှာ ရှိသည့် တစ်ခုတည်းသော သီချင်းတစ်ပုဒ်လည်း ဖြစ်သည် ။ သူအချိန်တွေ အကြာကြီး လိုက်ရှာခဲ့ပေမဲ့ ဒီသီချင်းကို ဘယ်သူဆိုသလဲ ဆိုတာ မသိခဲ့ရ‌ပေ ။  ကျန်းမိသားစုရဲ့ ခေါင်းဆောင်တစ်ဦး အနေနဲ့ သူ့ကို လူတိုင်းက နတ်ဘုရားလိုလူ ဟုပင် သမုတ်ကြသည် ။ သို့ပေတည်း ကျန်း ရှောင်ယန်ကတော့ အခုထိတိုင် ထိုသီချင်းကိုဆိုသည့် မိန်းကလေးကို တွေ့အောင်ပင် မရှာနိုင်ချေ ။

ဒါကို တွေးလိုက်ပြီး ကျန်းရှောင်ယန် သူ့နှုတ်ခမ်းတွေကို ထူးမခြားနားဖြင့် တွန့်လိုက်မိ၏ ။ ဒီမိန်းကလေးမှာက ကြည်လင်နေသည့် အသံရှိသည် ။ မိုဘိုင်းဖုန်းနှင့် အသံသွင်းထားပြီး တခြား အခြေခံ အသံတွေတောင်မပါဘဲ သီချင်းသပ်သပ်သာ ပါသည် ။ တစ်ခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ ဒီသီချင်းက ဘာမှ ထူးခြားမှာ မဟုတ်ပေမဲ့ ကျန်း ရှောင်ယန် အတွက်တော့ ရှည်လျားပြီး အဆုံးမရှိသလို ညမျိုးမှာ တစ်ခုတည်းသော အဖက်ဆယ်စရာလေး သာဖြစ်သည် ။

....

ကြယ်လေးတွေကော ပေးဖို့မေ့နဲ့နော်။ 😘😘

..

အခန္း ၂ ။ [ လေရာင္ေအာက္က အလွေလး က်န္းေရွာင္ယန္ ]

သူမအေမ ေျပာတဲ့ဘဝကို ေျပာင္းလဲေစမဲ့ အရာက ညႀကီးမွာ လီက်ယ္ ပန္းၿခံဆီ ေျပးၿပီး ျခင္ေတြကို အစာေကြၽးရတာမ်ိဳး ဆိုတာကိုသာ ႀကိဳသိခဲ့ရရင္ တု ယုံးေဝတစ္ေယာက္ နာခံမႈမရွိတဲ့ သမီးမိုက္ ပဲ အျဖစ္ခံလိုက္ေတာ့မည္ပင္ ။

က်န္း မန္လင္း မေန႕က သူမကို လာေတြ႕ၿပီး ေဗဒင္ဆရာက က်ားနဲ႕ နီးနီးကပ္ကပ္ ေနရမယ္ လို႔ ေဟာလိုက္တဲ့အေၾကာင္း လာေျပာျပသြားသည္ ။ က်ားကို ဘယ္ေနရာမွာေတြ႕ ရနိုင္မလဲဆိုတာ က်န္း မန္လင္း အၾကာႀကီး ေတြးၿပီးတဲ့ေနာက္ တု ယုံးေဝ ကို လီက်ယ္ ပန္းၿခံထဲ လႊတ္လိုက္ေတာ့၏ ။

လီက်ယ္ ပန္းၿခံထဲတြင္ ဗိသုကာ ပန္းပု႐ုပ္ေတြ ထားတဲ့ ေဟာခန္းတစ္ခု ရွိသည္ ။ ေဟာခန္း အျပင္ဖက္က ေလွ်ာက္လမ္းႀကီးမွာ ေက်ာက္နဲ႕ ထြင္းထုထားသည့္ က်ား႐ုပ္ႀကီး တစ္႐ုပ္ကို ထားထား၏ ။ တု ယုံးေဝက အခုအဲ့ဒီ က်ား႐ုပ္ႀကီး ေအာက္မွာ ထိုင္ၿပီး ျခင္ေတြကို အစာေကြၽး ေနရတာလည္း ျဖစ္သည္ ။

အေမ... ျပန္လို႔ရၿပီလား  တု ယုံးေဝ သူမဖုန္းကို ကိုင္ထားကာ သူမအေမႏွင့္ ဗီဒီယိုေကာလ္ ေျပာေနရ၏ ။

ကင္မရာထဲမွ က်န္း မန္လင္း က ေခါင္းကို ယမ္းျပၿပီး အေလးအနက္ထားကာ :  မရဘူး ၊ ဆရာက ေျပာလိုက္တာ သမီးက ၈နာရီကေန ၁၀နာရီအထိ ႏွစ္နာရီတိတိ ေနရမယ္တဲ့ တစ္စကၠန႔္ ေလးေတာင္ ေလ်ာ့လို႔ မျဖစ္ဘူး

တု ယုံးေဝ:

အဲ့ဆရာဆိုတာ ဘယ္သူလဲ သူမ မသိတာ ပိုေကာင္းမယ္။ မဟုတ္လို႔ ကေတာ့ အဲ့ဆရာကို ဒီကို ေကာက္လႊတ္ပစ္လိုက္ၿပီး ျခင္ေတြကို အစာေကြၽးပစ္လိုက္မယ္ '

သမီးက လုံၿခဳံပါတယ္ အေမ ေဘာ္ဒီဂတ္နဲ႕ ဒရိုင္ဘာကို ေျပာၿပီးၿပီ ၊ ၁၀နာရီက်ရင္ သမီးကို အိမ္ျပန္ေခၚလာဖို႔ ၊ ဒါပဲ ဖုန္းခ်ၿပီေနာ္ တုံ႕ဆိုင္းေနတာေလး တစ္ခ်က္ေတာင္မရွိဘဲ က်န္း မန္လင္းသည္ ဗီဒီယိုကို ပိတ္ခ်လိဳက္ေတာ့ေလ၏ ။

တု ယုံးေဝ: .

အေမ '

ထိုေန႕ညက တု ယုံးေဝတစ္ေယာက္ ည၁၀နာရီအထိ က်ား႐ုပ္ေအာက္မွာ ထိုင္ခဲ့ရေလသည္ ။ သူမ အိမ္ျပန္ေရာက္ေသာအခါ၌ ေျခေထာက္ေတြတင္ နာတာမဟုတ္ဘဲ ေလေအးေတြထဲ ေနခဲ့ရတာေၾကာင့္ သူမ အသံေတြပါ အက္ရွေနေလ၏ ။

ဒါေပမဲ့လည္း ဒီကိစၥနဲ႕တင္ မစၥ က်န္း မန္လင္း ရဲ႕ သနားက႐ုဏာကို မရနိုင္ေသးပါေခ်။ ေနာက္ရက္ မွာလည္း တု ယုံးေဝ က်ား႐ုပ္ေအာက္ ပစ္ထုတ္ခံလိုက္ရ ျပန္သည္ ။ ေဗဒင္ဆရာ ေဟာထားသည့္ အတိုင္း ဆိုလွ်င္ သုံးရက္ ဆက္တိုက္ လာရမည္လည္း ျဖစ္၏။

ဒီ တစ္ႀကိမ္တြင္မူ တု ယုံးေဝ သင္ခန္းစာယူၿပီး ျဖစ္သည့္ အတြက္ သူမ ျခင္ဒဏ္က ကာကြယ္ဖို႔ ျဖန္းေဆး စပေရးဘူး ၊ ျခင္ေဆးေခြ၊ ျခင္ကိုက္ဖု လိမ္းဖို႔ရာ ေဆး အျပည့္အစုံ သယ္လာခဲ့သည္ ။ ဖုန္း အားသြင္းႀကိဳးလည္း အပါသယ္လာ၏ ။ အစားအစာေတြကိုက ဒီမွာခြင့္မျပဳရင္ စူပါမားကတ္ သြားစားလို႔ရသည္ပင္ ။

အဟြတ္ !  တု ယုံးေဝ သူမ ပါးစပ္ထဲ လည္ေခ်ာင္း ကို အစိုဓာတ္ေပးမဲ့ ခ်ိဳခ်ဥ္တစ္လုံး ပစ္ထည့္လိုက္ၿပီး သူမ သူငယ္ခ်င္းနဲ႕ အမ်ိဳးေတြဆီကို မက္ေဆ့ဂ္် တစ္ေစာင္ ပို႔လိုက္သည္ ။

သာမန္ ခ်မ္းသာတဲ့ ေကာင္မေလး တု ယုံးေဝ:  လီက်ယ္ ပန္းၿခံရဲ႕ ည၈နာရီ ျမင္ကြင္းက ဘယ္လိုလဲ သိၾကလား ? ငါက ညေနခင္း ျမင္ကြင္းကို ၈နာရီ၊ ၉နာရီမွာေရာ ၁၀နာရီမွာပါ ျမင္ဖူးၿပီးသြားၿပီ

မက္ေဆ့ဂ်္ကို သူမမိသားစုဝင္ေတြ အခင္ဆုံး သူငယ္ခ်င္းေတြ ရွိသည့္ စကားေျပာ ဂ႐ုထဲ ပို႔လိုက္တာ ျဖစ္သည္ ။ အဓိကထား ပို႔ခ်င္တာကေတာ့ သူမအေမ ဆီကိုေပါ့ ။ စြန္း ေရွာင္ေရွာင္လည္း အစက ဒီဂ႐ုထဲမွာ ရွိ၏ ။ သို႔ေသာ္ တျမန္ မေန႕ကတည္းက တု ယုံးေဝ က သူမကို ထုတ္ပစ္လိုက္ၿပီး ျဖစ္သည္ ။

အေမ :  ကေလးေရ ဇြဲရွိတဲ့သူက နိုင္တာပဲ !

တု ယုံးေဝ : 

မစၥ က်န္း မန္လင္းမွာ သနား က႐ုဏာစိတ္ေလး လုံးဝကို မရွိဘူးပဲ '

တု ယုံးေဝ ႏႈတ္ခမ္းစူလိုက္ၿပီး ေက်ာင္းဖိုရမ္ထဲကို ဝင္ အေပၚေအာက္ ဆြဲၾကည့္ေန လိုက္ေတာ့သည္ ။ သူမ ေက်ာင္းမသြားတာ သုံးရက္ရွိၿပီ ျဖစ္ေပမဲ့ သူမအေၾကာင္း ကေတာ့ အခုထိ ေက်ာင္းမွာ လူေျပာမ်ား ေရပန္းစားေန တုန္းပင္ ။

အဲ့ဒီေန႕က သူမ ၊ ဖန္းက်င္နဲ႕ က်န္းရွိန္းက်ဲ တို႔အျဖစ္အပ်က္ကို ေက်ာင္းဖိုရမ္ထဲ ပို႔စ္တင္ထားၾက၏ ။ အခုထိေတာင္ ရွာေဖြမႈ အမ်ားဆုံး စာရင္းထဲ ဝင္ေနဆဲပင္ ။ ပူပူ ႏြေးႏြေးသတင္း ဆိုတာကို တု ယုံးေဝ တစ္ခ်က္ၾကည့္လိုက္၏ ။ ဖိုရမ္ထဲမွာ ကြန္မန႔္မ်ိဳးစုံ ေရးထားၾကသည္ ။ ေက်ာင္းက လူေတြ အားလုံး၏ မ်က္လုံးထဲမွာ တု ယုံးေဝ က ရီစရာ ဟာသေျမာက္ ၊ ဝမ္းနည္း စိတ္ပ်က္ သနားစရာေကာင္းေသာ မိန္းမတစ္ ေယာက္အျဖစ္ နာမည္တပ္ခံေနရၿပီး တစ္ဖက္မွာေတာ့ ဖန္းက်င္ကို လူအုပ္ႀကီးက ဝိုင္းကူေျပာ ေပးေနၾကတဲ့အတြက္ တကယ္ အနိုင္ရတဲ့သူ ျဖစ္သြားေတာ့ေလသည္ ။

ထိပ္ဆုံးမွာ ရွိေနတဲ့ ပို႔စ္ ေတြထဲက ကြန္မန႔္ အိုင္ဒီေတြထဲမွာ  ခ်ိဳၿမိန္တဲ့ ေခါင္းစည္းႀကိဳး နာမည္ႏွင့္ လူတစ္ေယာက္က အရမ္းေတြကို တက္ႂကြေနသည္ပင္ ။ စြန္း ေရွာင္ေရွာင္ကေတာ့ အဲ့ဒီအိုင္ဒီ ပိုင္ရွင္က ဖန္းက်င္လို႔ ေျပာခဲ့ေပမဲ့ အခု ၾကည့္ရတာ အဲ့တာက စြန္း ေရွာင္ေရွာင္ ကိုယ္တိုင္ေတာင္ ျဖစ္နိုင္တယ္ လို႔ တု ယုံးေဝ သံသယရွိေနမိ၏ ။

ခ်ိဳၿမိန္တဲ့ ေခါင္းစည္းႀကိဳး :  မၾကာခင္ ၅၂၀ ေက်ာင္းကပြဲ က လာေတာ့မယ္ က်န္း ရွိန္းက်ဲက အခု တု ယုံးေဝ နဲ႕ မကေလာက္ဘူး ၊ အဲ့ေတာ့ သူ႕မွာ တြဲကစရာ ေယာက္်ားေလး တြဲဖက္ မရွိေတာ့ဘူးေပါ့ ၊ တစ္ေက်ာင္းလုံးက သူ႕ကို ထပ္ရီၾကရဦးမွာပဲ သနားစရာ ေကာင္းခ်က္ !

မင္းရဲ႕ ကယ္လိုရီေလးမ်ား :  သူ လာမယ္ မလာဘူးက မေသခ်ာပါဘူး ဒီရက္ေတြ မွာေတာင္ ေက်ာင္းကို အရွက္မရွိ မ်က္ႏွာလာမျပရဲလို႔ အိမ္မွာပဲ ပုန္းေနရတာ မလား ?

ငါးေၾကာ္ အေသးေလး :  သူက က်န္း ရွိန္းက်ဲနဲ႕ တြဲကကို ကပါ့မယ္လို႔ သတ္မွတ္ထားတာမွ မရွိတာ ၊ ဟုတ္တယ္မလား ? သူက တု မိသားစုရဲ႕ သမီးလို႔ ေျပာထားမွေတာ့ ေယာက္်ားေလး တြဲဖက္ ရွာဖို႔ဆိုတာက အလြယ္ေလး ေနမွာ

ခ်ိဳၿမိန္တဲ့ ေခါင္းစည္းႀကိဳး : နင္ ဘာသိလို႔လဲ ? ေယာက္်ားေလး တြဲဖက္ရွာဖို႔ လြယ္ရင္ေတာင္ က်န္း ရွိန္းက်ဲ ထက္ သာတဲ့ တစ္ေယာက္ေယာက္ကိုမ်ား နင္ ေတြ႕ဖူးလို႔လား ? က်န္း ရွိန္းက်ဲက ဖန္းက်င္နဲ႕ တြဲကေနမွာေလ အဲ့ခ်ိန္မွာ သူကေတာ့ ႀကဳံရာ ေယာက္်ားေလး တြဲဖက္ ရွာေနရတုန္း။ သူ႕ကိုသူ မရွက္တတ္ဘူးလား မသိဘူး

ေရႏြေး မ်ားမ်ားေသာက္ :  မွန္တယ္ေဟ့ ေနာက္ဆုံး ေတာ့လည္း က်န္း ရွိန္းက်ဲက က်န္း မိသားစုကပဲေလ

ခ်ိဳၿမိန္တဲ့ ေခါင္းစည္းႀကိဳး :  တု ယုံးေဝ နဲ႕ တန္တယ္ လို႔ပဲ ငါ ထင္တယ္ က်န္း ရွိန္းက်ဲနဲ႕ ဆုံရတိုင္း အၿမဲတမ္း ႂကြားေနတာ အခုေတာ့ သူ႕မ်က္ႏွာ ျဖတ္ရိုက္ခံ လိုက္ရၿပီ

တု ယုံးေဝ သူမလက္ထဲရွိ ဖုန္းကို တင္းတင္းညွစ္ ထားလိုက္သည္ ။

ဒီလူေတြ  ဒီပို႔စ္ထဲမွာပဲ ကြန္မန႔္ေတြ ဝင္မန့္ရင္း အခ်ိန္ေတြ ျဖဳန္းေနၾကတာ စာေတြ တအားရ အိမ္စာေတြ ၿပီးကုန္ၾကၿပီ လား ? 

ဘယ္လိုပဲ ျဖစ္ျဖစ္ က်န္း ရွိန္က်ဲ က သူမနဲ႕ တြဲကရမွာ မိသားစုက အစကတည္းက စီစဥ္ၿပီးသားပင္။ စြန္း ေရွာင္ေရွာင္က အဲ့တာကို သိသြားလို႔ ဖန္းက်င္ကို ပါးသြား ရိုက္ခိုင္းၿပီး ရည္႐ြယ္ခ်က္ရွိရွိ ျဖန႔္လိုက္ျခင္း ျဖစ္၏ ။

မထင္မွတ္ပဲ ပြဲႀကီးႀကီး ျဖစ္သြားတာပဲ !

သူမဖုန္းကို  ပလုပ္   ခနဲေနေအာင္ ပစ္ထုတ္လိုက္ၿပီး ႏွစ္စကၠန႔္ ၾကာေတာ့ သူမ လမ္းေလွ်ာက္သြားကာ ျပန္ေကာက္ယူ လိုက္သည္ ။

မိုဘိုင္းဖုန္း ကာဗာ အေပၚကို ဖုန္နည္းနည္း ေပသြားတာက လြဲၿပီး ဘာမွ ပ်က္စီးမသြားေပ ။ တု ယုံးေဝ ဖုန္ေတြကို သုတ္ၿပီး ေတြးလိုက္မိ၏ ။  ငါေတာ္ေတာ္ကို စိတ္လိုက္မာန္ပါ ျဖစ္သြားတာပဲ ၊ ဒီ မိုဘိုင္းဖုန္းက ေနာက္ဆုံးေပၚ ေမာ္ဒယ္လ္ ျဖစ္တဲ့အျပင္ ေဈးလည္း အရမ္းႀကီးတာကို '

ဒါေပမဲ့ ဒီ ခ်ိဳၿမိန္တဲ့ ေခါင္းစည္းႀကိဳး လို႔ ေခၚတဲ့သူကိုေတာ့ ေနာက္ကြယ္က ဘယ္သူလဲဆိုတာ သိေအာင္ စုံစမ္းဖို႔ သူမအခြင့္အေရး ရွာမည္ ျဖစ္သည္ ။

သူမ က်ား႐ုပ္ေဘး ျပန္သြားထိုင္ေနသည့္အခ်ိန္မွာပဲ ေက်ာက္လမ္းကို ျဖတ္ေလွ်ာက္သြားေသာေယာက္်ား တစ္ေယာက္ကို သူမ ေတြ႕လိုက္၏ ။ အဲ့ဒီလူက အရပ္ အရမ္းရွည္ၿပီး သူမအစ္ကိုထက္ပင္ ပိုရွည္ေလာက္သည္ ။ သူက အမည္းေရာင္ ခပ္ေတာင့္ေတာင့္ ဝတ္စုံျပည့္ကို ဝတ္ထား၏ ။ အေနာက္ဖက္ကပဲ ျမင္ရေပမဲ့ ပိုက္ဆံအမ်ားႀကီး က်မည့္ ဒီဇိုင္နာခ်ဳပ္ ဆိုတာကို အကၤ်ီအထည္စ ၾကည့္ၿပီး သူမ ေျပာနိုင္ေသးသည္ ။ သူရဲ႕လက္ေခ်ာင္း ၾကားကေန ေကာက္ေကြးေကြး အျဖဴေရာင္ အေငြ႕တန္းေတြ ထြက္ေနသည့္ အတြက္ သူေဆးလိပ္ ေသာက္ေနတာျဖစ္ဖို႔ မ်ားသည္ ။ သို႔ေသာ္ တု ယုံးေဝႏွင့္ အနည္းငယ္ လွမ္းေနေသာေၾကာင့္ ေဆးလိပ္နံ႕ကို အနံ႕မရေပ။

တစ္ေယာက္ေယာက္က သူ႕ကို စိုက္ၾကည့္ေနတာကို အာ႐ုံရသလိုမ်ိဳး သူ႕ေခါင္းကို လွည့္လာၿပီး တု ယုံးေဝ ဖက္ကို ၾကည့္လာ၏ ။ လေရာင္ေအာက္မွာ သူ ေခါင္းကိုလွည့္လာတာ ျမင္လိုက္ရၿပီး ၿပီးခ်င္း တု ယုံးေဝ ခဏေလာက္ ေငးသြားမိသည္ ။ အခုေခတ္ လူငယ္ေကာင္ေလးေတြ ႀကိဳက္ၾကသည့္ ဆံပင္ပုံစံမ်ိဳး ရွိတာကလြဲၿပီး သူမ ဒီေလာက္ ၾကည့္လို႔ေကာင္းသည့္ ေယာက္်ား တစ္ေယာက္ကို မျမင္ဖူးဘူးပါေခ်။ သူက သူ႕ဆံပင္ရဲ႕ ေလးငါးပုံေလာက္ အထိကို သိမ္းၿဖီးထား၏ ။ ထိုကဲ့သို႔ ၿဖီးသိမ္းထားသည့္ ဆံပင္က တရားလြန္ ခန့္ျငားလွသည့္ သူ႕မ်က္ႏွာ အခ်ိဳးအစားေတြကို အျပည့္အဝ ေဖာ္ထုတ္ထားၿပီး သူ႕ရဲ႕ ဆြဲေဆာင္မႈ ရွိခ်က္က သူမအား တကယ့္ကို ေနမထိထိုင္မသာျဖစ္သြား ေစခဲ့သည္ ။

အဲ့ဒီလူ ဆံပင္ပုံစံကို ျဖစ္သလိုပဲထားထားတာက သူ႕ရဲ႕ မ်က္ႏွာအခ်ိဳးအစား မ်က္ႏွာက် ဘယ္လိုပဲ ျဖစ္ေနပါေစ သူ႕ ပုံရိပ္ကို ပ်က္စီးသြားေစမွာ မဟုတ္ပါေခ်။ သူက တိတိက်က် တိုင္းခ်ဳပ္ထားသည့္ အေနာက္တိုင္း ဝတ္စုံျပည့္ ကို ဝတ္ဆင္ထား၏ ။ သူ႕ရဲ႕ သားေရဖိနပ္ ကလည္း ေပါလစ္ တိုက္ထားတာေၾကာင့္ ေျပာင္လက္ ေတာက္ပေနေလသည္ ။ သူ႕ပတ္ပတ္လည္က ေလထုကေတာင္ သူ႕ကို လႊမ္းမိုးမႈရွိၿပီး ပိုေအးစက္တတ္သေယာင္ ျဖစ္ေနေစ၏ ။ ထိုသူ႕ကို ႏွစ္စကၠန့္ ေလာက္ၾကာေအာင္ ေငးမိသြားသည့္တု ယုံးေဝေတာင္မွ သူ႕ရဲ႕ ေအးစက္တဲ့ အေငြ႕အသက္ေတြကို ခံစားမိလိုက္သည္ ။ သူမမ်က္လုံးေတြ မဆိုသေလာက္ေလး လႈပ္သြားၿပီး ၿပဳံး၍ သူ႕ကို ႏႈတ္ဆက္စကား လွမ္းေျပာလိုက္သည္ :  မဂၤလာညခ်မ္းပါ

သူမ ပါးစပ္ဖြင့္ၿပီး စကားဟလိုက္သည့္ အခ်ိန္မွာပဲ လည္ေခ်ာင္းက နည္းနည္း နာက်င္သြားၿပီး အက္ရွေနတဲ့ အသံထြက္လာခဲ့သည္။ တု ယုံးေဝ သူမကိုသူမ လည္ပင္း ညွစ္သတ္ ခ်င္စိတ္ေတာင္ ေပါက္သြားေတာ့၏ ။

အိုး မိုင္ေဂါ့ .. ငါ့အသံက ဘာလို႔ ဒီအသံႀကီး ေပါက္ေနရတာလဲ !!?

အဲ့ဒီလူကေတာ့ သူ႕ရဲ႕ မ်က္ခုံးေတြ ကိုေတာင္ ပင့္လႈပ္မသြားခဲ့ေခ် ။ သူ တု ယုံးေဝ ကိုၾကည့္လိုက္ၿပီး စီးကရက္ကိုပဲ ပါးစပ္အျပည့္ ရွိုက္သြင္း ပစ္လိုက္၏ ။ သူ႕ရဲ႕လက္ေခ်ာင္းေတြ ၾကားက ေတာက္သြားတဲ့ မီးပြားေလးက မီးရႉး မီးပန္းေလးကို မီးတို႔ လိုက္သလိုပင္ ။ အဲ့ဒီေနာက္မွာေတာ့ မ်က္ႏွာတစ္ခ်က္ မေျပာင္းဘဲ စီးကရက္ဖင္ကို ေခ်လိဳက္ၿပီး စီးကရက္ကို အမွိုက္ပုံးထဲ ပစ္ကာ ထြက္သြားေတာ့သည္ ။

တု ယုံးေဝ :   

က်စ္ ! သူ႕႐ုပ္ရည္ေလး တစ္ခုတည္းကပဲ အထင္ႀကီးစရာ ေကာင္းတာ ပါလားး ?

တု ယုံးေဝ သူမဖုန္းကို ကိုင္ၿပီး က်ား႐ုပ္ေဘး ျပန္သြား ထိုင္လိုက္၏ ။ ခဏၾကာေတာ့ ဒရိုင္ဘာ က သူမဆီ ေလွ်ာက္လာၿပီး ေျပာခဲ့သည္ ။

မမေလး အခ်ိန္ျပည့္ သြားပါၿပီ ၊ အိမ္ကို ျပန္လို႔ရပါၿပီ 

တု ယုံးေဝ တစ္ခဏေလာက္ စိတ္ပ်က္သြားသည္ :  ျမန္လိုက္တာ အဲ့အခ်ိန္ေတာင္ ေရာက္သြားၿပီလား  သူမနာရီကို ၾကည့္လိုက္ ေတာ့လည္း တကယ္ကို ၁၀နာရီေတာင္ ရွိၿပီ ျဖစ္သည္ ။

' .. ၾကည့္ရတာ မေမွ်ာ္လင့္ဘဲ ေတြ႕ႀကဳံ ဆုံရတတ္တဲ့ ညအခ်ိန္ လွလွေလးေတြဆို အခ်ိန္ေတြက အၿမဲ အကုန္ျမန္တာပဲ '

သူမ ကားေပၚကို ေရာက္သြားတဲ့ အခ်ိန္မွာပဲ က်န္း ေရွာင္ယန္ ကလည္း သူ႕ကားဆီ ျပန္သြားၿပီ ျဖစ္၏ ။ လက္ေထာက္ျဖစ္သူ ေကာင္းယဲ့က သူျပန္လာတာကို ေတြ႕သည့္အခါ ခ်က္ခ်င္း မတ္မတ္ ရပ္လိုက္ၿပီး ကားတံခါးကို ကူဖြင့္ ေပးလိုက္သည္ :

ေဘာ့စ္ ျပန္လာၿပီလား ? 

အင္း  က်န္း ေရွာင္ယန္ ကားထဲ ေရာက္သြားတဲ့ အခါ လက္ေထာက္ ေကာင္းယဲ့ က ကားတံခါး ျပန္ပိတ္ ေပးလိုက္၏ ။

က်န္း ေရွာင္ယန္၏ ခႏၶာကိုယ္ကေန စီးကရက္နံ႕ ေဖ်ာ့ေဖ်ာ့ေလး ထြက္ေနေသးသည္ ။ ညခင္း ေလျပည္က ေဆးလိပ္နံ႕ အကုန္ ကုန္စင္သြားေအာင္ မတိုက္ခတ္ နိုင္ခဲ့ပါဘူး ။ ေကာင္းယဲ့ က ခရီးသည္တင္ ခုံမွာ ဝင္ထိုင္လိုက္ၿပီး ဂ႐ုတစိုက္နဲ႕ ေမးလိုက္၏ ။

ေဘာ့စ္ ဗီလာကိုပဲ တန္းျပန္ေတာ့ မွာလား 

အင္း  က်န္း ေရွာင္ယန္ က စကားနည္းနည္းသာ ေျပာေန တုန္းပါပဲ ။ ေကာင္းယဲ့ က ဘာမွထပ္မေျပာေတာ့ ဒရိုင္ဘာကိုပဲ တစ္ခ်က္ ၾကည့္ကာ က်န္း ေရွာင္ယန္ရဲ႕ ဗီလာဆီကိုသာ ကားကို ေမာင္းခိုင္းလိုက္၏ ။

ကားထဲ ေရာက္ကတည္းက က်န္း ေရွာင္ယန္ ျပတင္းေပါက္အျပင္ ကိုပဲ ဆက္ၾကည့္ေနသည္ ။ ေကာင္းယဲ့ ကလည္း စကားကို သြားမေျပာရဲေပ ။ ေဘာ့စ္က အၿမဲတမ္းလိုလို အဲ့လို မ်က္ႏွာ ေအးစက္ တည္တင္းေနတာ ျဖစ္ေပမဲ့ ဘယ္သူမွ သူ႕ေရွ႕သြားၿပီး အမွားတစ္ခုေတာင္ မလုပ္ရဲၾကေပ ။ ဒါေပမဲ့ သူ႕မ်က္ႏွာ ၾကည့္ရတာ ဒီရက္ပိုင္းမွာ ပုံမွန္ထက္ကို ပိုၿပီးေတာ့ စိတ္အႏွောင့္အယွက္ ျဖစ္ေနပုံရသည္ ။

သူ႕ စိတ္အေျခအေန မေကာင္းတာကို ေကာင္းယဲ့ ျမင္နိုင္၏ ။ ဒီည သူတို႔ စီးပြားေရး ညစာစားပြဲ ကို သြားတက္ခဲ့ၾကၿပီး အျပန္လမ္းမွာ ႐ုတ္တရပ္ႀကီး ေဆးလိပ္ ေသာက္ခ်င္ေၾကာင္း ေျပာကာ ကားရပ္ခိုင္းခဲ့သည္ ။ ဒါေၾကာင့္ သူတို႔ လီက်ယ္ ပန္းၿခံမွာ ရပ္ခဲ့ျခင္း ျဖစ္၏ ။

က်န္း ေရွာင္ယန္ က ေဆးလိပ္ေသာက္ခဲသည္ ။ ၿပီးေတာ့ လြန္ခဲ့တဲ့ ႏွစ္ရက္အတြင္းမွာ သူပုံမွန္ထက္ ပိုၿပီး မၾကာခဏ ေဆးလိပ္ ေသာက္ခဲ့၏ ။ ဒါဟာ မၾကာခင္ ေရာက္ေတာ့မည့္ လင္းေဟြရဲ႕ ေသဆုံးျခင္း ႏွစ္ပတ္လည္ ေၾကာင့္ ျဖစ္မည္ ။

က်န္း ေရွာင္ယန္၏ ဗီလာ က အေနာက္ဘက္ ဆင္ေျခဖုံးရပ္ ရွိ ေတာင္တစ္ေတာင္ ေပၚမွာ ျဖစ္ၿပီး ေတာင္တစ္ခုလုံးက က်န္း ေရွာင္ယန္ အပိုင္ ျဖစ္ေလသည္ ။ ကားက ဂိတ္ေပါက္ကို ျဖတ္ ၊ ဥယ်ာဥ္ကို ျဖတ္ေမာင္းသြားကာ ကားဂိုေထာင္ထဲမွာ ရပ္တန႔္သြားခဲ့၏ ။ က်န္း ေရွာင္ယန္ သူ႕ရဲ႕ ထိုင္ခုံခါးပတ္ကို ေျဖေလွ်ာ့လိုက္ကာ အေရွ႕ခန္းမွ ေကာင္းယဲ့ကို ၫႊန္ၾကား လိုက္သည္ :  မနက္ျဖန္မနက္ ပုံမွန္အခ်ိန္မွာပဲ ငါ့ကိုလာႀကိဳ  ေကာင္းယဲ့ တခဏမွ် တုံ႕ဆိုင္းေနၿပီးေနာက္ မဝံ့မရဲႏွင့္ ေျပာလာသည္ :  ေဘာ့စ္ ၊ ဒီႏွစ္ရက္လုံး ေဘာ့စ္ ေကာင္းေကာင္း မအိပ္ရေသးဘူးေနာ္

ငါက အဆင္ေျပတယ္ ငါခိုင္းတဲ့ အတိုင္းပဲ လုပ္

ဟုတ္ကဲ့ 

ေကာင္းယဲ့ ေခါင္းညိတ္လိုက္ၿပီး သူ ထြက္သြားတာကို ၾကည့္ေနခဲ့၏ ။

က်န္း ေရွာင္ယန္ သူ႕အခန္းဆီပဲ တန္းျပန္သြားၿပီး ေရခ်ိဳးလိုက္သည္ ။ ၿပီးေနာက္ ညဝတ္အကၤ်ီ လဲဝတ္လိုက္ၿပီး သူ႕အိပ္ရာေပၚ လွဲခ်လိဳက္၏။ တျဖည္းျဖည္း ၾကာလာၿပီးေနာက္ သူ႕ရဲ႕ အိပ္ခ်င္စိတ္ေတြကို အခြင့္ေကာင္း ယူၿပီး မီးကိုမွိတ္ မ်က္လုံးေတြ ပိတ္လိုက္ ေတာ့သည္ ။

သူ ျမန္ျမန္ အိပ္ေပ်ာ္သြား၏ ။ သို႔ေသာ္ ေအးေအး ခ်မ္းခ်မ္း အိပ္စက္ခဲ့ရျခင္းမ်ိဳး မဟုတ္ခဲ့ ။ တစ္ညလုံး အိပ္မက္ဆိုးေတြ မက္ေနခဲ့သည္ ။ အိပ္မက္ဆိုးကေန နိုးလာၿပီးတဲ့ေနာက္ သူ႕ ဦးႏွောက္တစ္ခုလုံး ေပါက္ကြဲေတာ့မလို ျဖစ္ေနက် ေခါင္းကိုက္ေဝဒနာကို ခံစားလိုက္ရ၏ ။ ဘုရား႐ုပ္ထုကို တင္းတင္း ၾကပ္ၾကပ္ဖိ ဆုပ္ထားၿပီး အသက္ဝဝ ရႈလိုက္ရသည္ ။ အိပ္ရာ ေဘးမွာက ဆရာဝန္ ၫႊန္ၾကားထားသည့္ ေဆးေတြ ရွိ၏ ။ ေဆးပုလင္းကို ဆြဲယူလိုက္ၿပီး အရမ္းျပင္းျပင္း ဖြင့္လိုက္သည့္အတြက္ ေဆးတစ္ခ်ိဳ႕ အိပ္ရာေပၚကို ဖိတ္က် သြားခဲ့သည္ ။

က်န္း ေရွာင္ယန္ ဂ႐ုမစိုက္ခဲ့ေပ ။ အနီနဲ႕ အျဖဴ ေဆးလုံး ႏွစ္လုံးကို ေရမပါဘဲ တိုက္ရိုက္ပဲ ၿမိဳခ်လိဳက္သည္ ။ ေမွာင္ေနတဲ့ အခန္းထဲ၌ က်န္း ေရွာင္ယန္ ၏ ေလးေလးပင္ပင္ သက္ျပင္းရွိုက္သံ ထြက္လာသည္ ။ ေဆးေသာက္ၿပီးတာေတာင္ သူ႕ရဲ႕ ေခါင္းကိုက္ေဝဒနာက သိပ္မေပ်ာက္ေသး ။ ေခါင္းဦး ေအာက္မွ နားၾကပ္ကို ခက္ခက္ခဲခဲႏွင့္ ယူလိုက္ကာ ဖုန္းႏွင့္ပလပ္ခ်ိတ္ၿပီးေနာက္ ဖုန္းထဲတြင္ သိမ္းထားသည့္ သီခ်င္းတစ္ပုဒ္ကို ႏွိပ္လိုက္၏ ။ အဲ့ဒီသီခ်င္းမွာ ေခါင္းစဥ္လည္း မပါသလို အဆိုေတာ္ နာမည္လည္း မပါဘဲ အမ်ိဳးသမီးတစ္ဦးရဲ႕ အသံသာ သူ႕နားထဲ ၾကား ေနရသည္ ။ က်န္း ေရွာင္ယန္ အတြက္ေတာ့ အသက္ကယ္ ေလွကေလး ကို ဖမ္းဆြဲမိလိုက္သကဲ့သို႔ ခံစားလိုက္ရသလိုပင္ ။

သီခ်င္း၏ ၾကာခ်ိန္က ေလးမိနစ္ႏွင့္ ေလးဆယ့္ကိုးစကၠန့္ ျဖစ္၏ ။ သီခ်င္းၿပီး သြားသည့္အခါမွသာ က်န္း ေရွာင္ယန္ တျဖည္းျဖည္းခ်င္း သက္သာလာၿပီး အသက္ရႈသံေတြလည္း ခုနကေလာက္ မေလးပင္ေတာ့ ေခ် ။ သူ႕မ်က္လုံးေတြကို မွိတ္ၿပီး ကုတင္ရဲ႕ ေခါင္းရင္းဖက္ကို မွီလိုက္မွသာ သူ႕တစ္ကိုယ္လုံး ေခြၽးေအး ေတြျဖင့္ ျပည့္ေနမွန္း သတိထားမိေတာ့သည္ ။ တစ္ညလုံး မိန္းကေလးရဲ႕ သီခ်င္းသံက မေမာနိုင္မပန္းနိုင္ ထပ္ကာထပ္ကာ အဆက္မျပတ္ လာေနေတာ့၏ ။

ဒါက က်န္းေရွာင္ယန္၏ ဖုန္းထဲမွာ ရွိသည့္ တစ္ခုတည္းေသာ သီခ်င္းတစ္ပုဒ္လည္း ျဖစ္သည္ ။ သူအခ်ိန္ေတြ အၾကာႀကီး လိုက္ရွာခဲ့ေပမဲ့ ဒီသီခ်င္းကို ဘယ္သူဆိုသလဲ ဆိုတာ မသိခဲ့ရေပ ။ က်န္းမိသားစုရဲ႕ ေခါင္းေဆာင္တစ္ဦး အေနနဲ႕ သူ႕ကို လူတိုင္းက နတ္ဘုရားလိုလူ ဟုပင္ သမုတ္ၾကသည္ ။ သို႔ေပတည္း က်န္း ေရွာင္ယန္ကေတာ့ အခုထိတိုင္ ထိုသီခ်င္းကိုဆိုသည့္ မိန္းကေလးကို ေတြ႕ေအာင္ပင္ မရွာနိုင္ေခ် ။

ဒါကို ေတြးလိုက္ၿပီး က်န္းေရွာင္ယန္ သူ႕ႏႈတ္ခမ္းေတြကို ထူးမျခားနားျဖင့္ တြန႔္လိုက္မိ၏ ။ ဒီမိန္းကေလးမွာက ၾကည္လင္ေနသည့္ အသံရွိသည္ ။ မိုဘိုင္းဖုန္းႏွင့္ အသံသြင္းထားၿပီး တျခား အေျခခံ အသံေတြေတာင္မပါဘဲ သီခ်င္းသပ္သပ္သာ ပါသည္ ။ တစ္ျခားသူေတြရဲ႕ မ်က္လုံးထဲမွာေတာ့ ဒီသီခ်င္းက ဘာမွ ထူးျခားမွာ မဟုတ္ေပမဲ့ က်န္း ေရွာင္ယန္ အတြက္ေတာ့ ရွည္လ်ားၿပီး အဆုံးမရွိသလို ညမ်ိဳးမွာ တစ္ခုတည္းေသာ အဖက္ဆယ္စရာေလး သာျဖစ္သည္ ။

....

ၾကယ္ေလးေတြေကာ ေပးဖို႔ေမ့နဲ႕ေနာ္။ 😘😘

Continue Reading

You'll Also Like

530K 47.8K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
3.7M 276K 72
၁၉၄၀ နှောင်းပိုင်း ကာလ... မြို့အုပ်မင်း+မြို့အုပ်ကတော်
116K 2.5K 40
အဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)