မတူညီမအပ်စပ်သော

By Yin-2323

14.4K 1.7K 134

မတူညီမအပ်စပ်သော [၀ူးကျယ်] More

格格不入 (GeGeBuRu)
အပိုင်း၁
အပိုင်း၈
အပိုင်း၂
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၃
အပိုင်း၁၄
အပိုင်း၄
အပိုင်း၁၅
အပိုင်း၅
အပိုင်း၁၆
အပိုင်း၆
အပိုင်း၁၇
အပိုင်း၇
အပိုင်း၉
အပိုင်း၁၈
အပိုင်း၁၀
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း၂၃
အပိုင်း link များ
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
Paid Gp [Completed]
အပိုင်း၂၇
အပိုင်း၂၈
အပိုင်း၂၉
အပိုင်း၃၀
အပိုင်း၃၁
အပိုင်း၃၂
အပိုင်း၃၃
အပိုင်း၃၄
အပိုင်း၃၅

အပိုင်း၁၁

321 53 8
By Yin-2323

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၁၁

ချိန်ပေါ်ယန်မှာ ခုနကမှ ရိုက်ပြီးသွားသည့် ရှန့်ရှီး၏ဓာတ်မှန်ကို ကိုင်၍ ကြည့်နေမိသည်။နှစ်ပတ်ဆိုသည့် အချိန်အတွင်း ၊ ပြန်ကောင်းလာသည့် အခြေအနေမှာ မဆိုးလှပေ။လူငယ်ဖြစ်တာကြောင့် ၊ ကောင်းကောင်းမွန်မွန်သာ ကြီးထွားလာပါက မကောင်းသည့် အကျိုးဆက်များလည်း ကျန်နေမှာ မဟုတ်ပေ။

ရှန့်ရှီး၏ ဒဏ်ရာက ပေါ့သေးသေး မဟုတ်ပေ။သို့သော်လည်း သူ သူ့ကိုယ်သူကာကွယ်သည့် အနေအထားကို ရွေးချယ်တာ မှန်သွားသည့် ပုံပင်။ဦးခေါင်းနှင့် အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများမှာ ကြီးကြီးမားမား ဒဏ်ရာမရသွားကြပေ။

မျက်နှာကိုလည်း အဓိကထားပြီး ကာကွယ်ခဲ့သည့်ပုံပင်။ခြစ်မိထားသော ဒဏ်ရာများနှင့် အတွင်းကျေ ဒဏ်ရာများသာ ရထားသည်။သိပ်မကြာမီ ရက်အတွင်းမှာပင် ပျောက်သွားကြပြီဖြစ်သည်။

သို့သော်လည်း လက်မောင်း ၊ ခြေထောက်နှင့် နောက်ကျောပေါ်တွင်တော့ ဒဏ်ရာတွေ တော်တော်များသည်ပင်။အရိုးကို ထည့်မတွက်လျှင်တောင် ၊ အရိုက်ခံထားရ၍ ရထားသည့် ဒဏ်ရာများကပင် မနည်းလှပေ။ဒဏ်ရာအကြီး ၊ ဒဏ်ရာအသေးများကို မနည်းမနော ချုပ်ပေးထားရသည်။

ခန္ဓာကိုယ်ပေါ်က တော်တော်လေး နာနေလောက်သည်ပင်။သ်ို့သော်လည်း ရှန့်ရှီးမှာ သတိရလာသည့် ပထမနှစ်ရက်တုန်းကသာ ခန္ဓာကိုယ်က နာသည်ဟု ​သူ့အား အော်ပြောခဲ့ပြီး ၊ နောက်ပိုင်းတွင် ထပ်မပြောလာတော့ပေ။

ဘေးနားရှိ ကုတင်က ကျိုးကျင့် ဆေးရုံမဆင်းသေးခင်က ၊ ရှန့်ရှီးမှာ လုပ်စရာမရှိပါက ၊ ထိုသူနှင့် အတော်ကြာအောင် ပျော်ပျော်ကြီး စကားပြောနေသေးသည်ပင်။

တော်တော်လေး သည်းခံနိုင်လှသည်။

ရှန့်ရှီးမှာ ပုံမှန်အချိန်များတွင်ဆို ဟီးဟီးဟားဟားနှင့် ရှိနေတတ်သည်။သို့သော်လည်း ဒဏ်ရာတွေ ဘယ်လိုရလာတာ ၊ ဘယ်နားမှာ ဒဏ်ရာရလာတာ ဆိုသည်များကိုတော့ တစ်လျှောက်လုံး ပါးစပ်ကို တင်းတင်းစေ့၍ ဘာမှမပြောပြခဲ့ပေ။လျှာချော်ပြီး ပြောပြတာမျိုးပင် မရှိခဲ့ချေ။

သူ တကယ်ပဲ ဘာကိစ္စတွေ ကြုံတွေ့ခဲ့ရတာလဲ ၊ ဘာကိစ္စကများ သူ့ပါးစပ်ကို ဒီလောက် တင်းတင်းကြပ်ကြပ် ပိတ်ထားစေတာလဲ ဆိုသည်ကို ချိန်ပေါ်ယန်မသိပေ။ဒိီလိုပြင်းထန်သည့် ဒဏ်ရာများရထားသော ခန္ဓာကိုယ်ကို ဆေးရုံကားပါကင်ထိ ရောက်လာအောင် ဘယ်လို ဆွဲယူလာခဲ့သလဲဆိုတာကိုလည်း မသ်ိချေ။

ဒီလူဆိုးကောင်လေး၏ ခန္ဓာကိုယ်ပေါ်တွင် သူ့ကိုစိတ်လေးလံစွာ သက်ပြင်းချမိသွားစေသည့် အထူးလက္ခဏာတစ်မျိုး ရှိနေသည်ပင်။ဘာလဲ ဆိုတာကိုတော့ မပြောတတ်ပေ။သေချာပေါက်ကို သေရတော့မည့် သားကောင်က ၊ ထောင်ချောက်ထဲတွင် လက်မလျှော့စတမ်း ကြိုးကြိုးစားစားဖြင့် ရုန်းကန်နေသည်ကို မြင်နေရသလို ခံစားချက်မျိုးပင်။

ထို့အပြင်.......တကယ့်ကို အတော်လေး သည်းခံနိုင်လှသည်။

"ကျွန်တော့်ခြေထောက်ကို ချလို့ရပြီလား?"

ရှန့်ရှီးက ကုတင်ပေါ် လှဲနေရင်း သူ့ကို ကြည့်လာသည်။

"ကျွန်တော့်လည်ပင်းပေါ်က ဒီဟာကိုတောင် ဖြုတ်လိုက်ပြီပဲဟာ"

"ဒီအကာကိုတော့ နောက်ထပ် ရက်နည်းနည်းလောက် ကြာမှ ဖယ်လို့ရမှာ"

ချိန်ပေါ်ယန်က လက်ထဲရှိ လူနာမှတ်တမ်းကို ချလိုက်ပြီး

"ခြေထောက်က အရောင်သက်သာလာရင် တွဲလောင်းချိတ်မထားလည်း ရပြီ ၊ ငါ အရင်ဆုံး ကြည့်ကြည့်လိုက်ဦးမယ်"

"ဒီလို ​တွဲလောင်းချည်ထားတဲ့ ခြေထောက်ကိုသာ အောက်ချလိုက်ရင် ၊ ကျွန်တော့်ရဲ့ ခါးကြွက်သားတွေက တောင့်တင်းသွားတော့မလိုမျိုး ကျွန်တော် ခံစားနေရတယ် ၊ ခင်ဗျား ကြည့်ကြည့်လိုက် ၊ ကျွန်တော့်ဆံပင်တွေ တော်တော်လေး ရှည်လာပြီ မဟုတ်လား?"

ရှန့်ရှီးက သက်ပြင်းချလိုက်သည်။

"မော့ရှီးကန်းဖြစ်ဖို့တော့ စောနေပါသေးတယ်......."

ချိန်ပေါ်ယန်က ရှန့်ရှီး၏ ခေါင်းကို ကြည့်လိုက်သည်။

"သူနာပြုကို လာကြည့်ခိုင်းလိုက်လေ ၊ ခင်ဗျားလက်က ကောင်းသွားပြီလား?"

ရှန့်ရှီးမှာ ချိန်ပေါ်ယန်၏ ညာဘက်လက်ကို ကြည့်လိုက်မိသည်။

"ကောင်းသွားတာ ကြာလှပြီ"

ချိန်ပေါ်ယန်က ခေါင်းငုံ့၍ တွဲလောင်းချိတ်ဆွဲခံထားရသည့် ရှန့်ရှီး၏ ခြေထောက်ကို စစ်ဆေးလိုက်သည်။

"မဆိုးပါဘူး ၊ အရေးကြီးတဲ့အပိုင်းတွေတော့ အရောင်သက်သာနေပြီ ၊ ခဏနေကျရင် မင်းခြေထောက်ကို ချပေးဖို့ သူနာပြုကို ခိုင်းလိုက်မယ် ၊ ဒါပေမယ့် လျှောက်ပြီး မလှုပ်ရှားဖို့ကတော့ သတိထားရဦးမှာနော်"

"အင်း ၊ ကျွန်တော်ဖြင့် လှုပ်တောင်မလှုပ်ရှားတတ်တော့ဘူး"

ရှန့်ရှီးက ရယ်လိုက်ပြီး ၊ စဥ်းစားနေကာ ထပ်ပြောလိုက်သည်။

"ခင်ဗျားရဲ့ အဲ့လက်က......ဘယ်လိုလုပ် ဒဏ်ရာ ရသွားတာလဲ?ကျွန်တော် အရင်တုန်းက.......မမေးရဲလို့"

"မတော်တဆ ဖြစ်သွားတာပါ ၊ ဒီဟာကို ဘာမမေးရဲစရာ ရှိလို့လဲ"

ချိန်ပေါ်ယန်မှာ များများစားစား ပြောပြဖို့ပင် ပျင်းရိနေမိသည်။

"မိသားစု၀င်က မကျေနပ်ဘူးလေ ၊ စိတ်တွေ လောလာပြီး လက်ပါတော့တာပဲ"

ပြင်ပလူနာတစ်ယောက်မှာ ၊ လက်ဖျံအရိုး ကျိုးသွားခဲ့သည်။ကျောက်ပတ်တီး ဖြည်ပြီးသည့်နောက်၌ လက်မောင်းက နာနေသည်ဟု တစ်ချိန်လုံး ပြောနေသည်။သို့သော်လည်း ဆရာ၀န်အချို့မှာ ထိုလူနာအား အလှည့်ကျ စစ်ဆေးပေးခဲ့ကြသည်။ဘာပြဿနာမှ မရှိပေ။မိသားစု၀င်က ဆေးရုံကို ရက်အတော်ကြာအောင် ဆက်တိုက် လာနေရာ ၊ ဒါရိုက်တာလျန်ကိုယ်တိုင် စစ်ဆေးမှုတစ်ခေါက် ထပ်လုပ်ပေးခဲ့သည်။ရလဒ်ကတော့ အရာအားလုံး ပုံမှန်ပင်။

မိသားစု၀င်က သိသွားသည်နှင့် စစ်ဆေးမှုကို မလုပ်တော့ပေ။ချိန်ပေါ်ယန်က ၀င်ခွင့်ပြုခဲ့သည့် ဆရာ၀န် ဖြစ်သည်။သို့ဖြစ်ရာ အထိုးခံလိုက်ရသည်။သူ ရှောင်တာမြန်သွားလို့ တော်သေးသည်ပင်။လွှဲရိုက်လာသည့် ကုလားထိုင်က လက်ဖမိုးပေါ်ကိုသာ တစ်ချက် ထိမိသွားခဲ့သည်။

ရှန့်ရှီးမှာ ဟီးဟီးဟု နှစ်ခေါက်လောက် ရယ်လိုက်ပြီး ၊ တစ်ခြား ဘာမှ ထပ်မပြောမိတော့ပေ။

ထိုစကားကို ကြားလိုက်ရချိန်၌ သူ့စိတ်ထဲတွင် ချက်ချင်းပင် ပေါ့ပါးသွားခဲ့သည်။ထိုနေ့က ချိန်ပေါ်ယန်၏ လက်ပေါ်ရှိ ပိတ်ကျဲစကို မြင်လိုက်ရသည့်အချိန်တွင် သူ အလန့်တကြား ဖြစ်သွားမိသည်။သိပ်မဖြစ်နိုင်ဘူးဟု ထင်မိသော်လည်း ၊ နည်းနည်းတော့ ကြောက်ရွံ့နေခဲ့မိသည်။ဖျင်ရှူး၏ လူတွေ ဆေးရုံကိုလာရှာတာ ဖြစ်မှာ စိုးလို့ပင်။

ချိန်ပေါ်ယန်ကို တွေ့သွားပြီး ၊ သူ့အကြောင်းကို မေးမည်။ချိန်ပေါ်ယန်က မပြောပြတာကြောင့် အထိုးခံလိုက်ရသည်။

တော်တော်လေး ရယ်စရာ ကောင်းလှသည်။တော်တော်လေး ရယ်စရာ ကောင်းသည်ကို သိနေသော်လည်း သူ တစ်လျှောက်လုံး ထုတ်မမေးရဲခဲ့ပေ။

ချိန်ပေါ်ယန်က တစ်ခါတစ်လေဆိုလျှင် သူနာပြုများ ၊ လူနာများနှင့် ပြောဆိုစနောက်တတ်သည်။စကားပြောတာပဲ ဖြစ်ဖြစ် ၊ ကုသတာပဲ ဖြစ်ဖြစ် အရမ်းကို နူးနူးညံ့ညံ့ ရှိလှသည်။သို့သော်လည်း အချိန်အများစုတွင်တော့ အရမ်းကို တည်ကြည်လေးနက်လှသည်။လူတစ်ယောက်၏ လက်မောင်းအား ချိုးခဲ့ခြင်းကို မြင်ခဲ့ဖူးသည်အား ထပ်ပေါင်းထည့်လိုက်ရာ ၊ မသင့်လျော်သည့် စကားတစ်ခွန်းခွန်း ပြောလိုက်မိပါက ၊ ချိန်ပေါ်ယန်၏ ရှင်းလင်းမှုကို ခံလိုက်ရမည်အား ရှန့်ရှီး ကြောက်နေမိသည်။

"ဒီနေ့ မင်းကို ထိုးဆေးတစ်လက် လျှော့ပေးထားတယ်"

ချိန်ပေါ်ယန်က သူ့ခြေထောက်ကို စစ်ဆေးပြီးသွားချိန်တွင် ၊ လူနာမှတ်တမ်းကို ယူလိုက်ပြီး

"မင်းအခု ထမင်းစားလို့ အဆင်ပြေလောက်ပြီပေါ့?အစာအိမ်......"

"အောင့်ထားရတာ စိတ်လောနေပြီလား"

စွင်းတာ့ကျယ်က ရုတ်တရက်ကြီး တံခါးကို တွန်းဖွင့်၍ ၀င်လာခဲ့သည်။အသံက တော်တော် ကျယ်သည်ပင်။ကုတင်ဘေးနား လျှောက်လာခဲ့ပြီး ၊ သွက်သွက်လက်လက်ဖြင့် ကုတင်အောက်ရှိ ဆီးအိုးကို ထုတ်ယူလိုက်ကာ

"လာ ၊ နင် အရင်ဆုံး ဆီးသွားလိုက်"

"ကျွန်တော်......."

ရှန့်ရှီးမှာ ချက်ချင်းဆိုသလို ရှက်လွန်း၍ ခေါင်းကို မြေကြီးထဲသာ ထိုးသွင်းလိုက်ချင်တော့သည်။

"ကျွန်တော် မသွားဘူး"

"ခုနတုန်းက အရမ်းကို လောနေပြီလို့ ပြောတာ မဟုတ်ဘူးလား?"

စွင်းတာ့ကျယ်က ရယ်၍ ပြောလာသည်။

"ငါ ပန်းကန်တောင် မဆေးခဲ့ဘူး ၊ လက္ဖက်ရည်ခန်းထဲမှာ ပစ်ထားခဲ့ပြီး အမြန် ပြန်လာခဲ့ရတာ"

"သွားလိုက်ပါ"

ချိန်ပေါ်ယန်က ရယ်လိုက်ပြီး ၊ လူနာခန်း တံခါးရှိရာဆီ လှည့်ထွက်သွားခဲ့သည်။

ညနေပိုင်းတွင် ချိန်ပေါ်ယန်မှာ လူနာခန်းဆီ တစ်ခေါက် ထပ်လာခဲ့လိုက်သည်။သူနာပြုက ရှန့်ရှီးကို တွဲလောင်းချိတ်ဆွဲထားသည့် ပစ္စည်းများအား ဖယ်ပေးလိုက်သည်။ခြေထောက်အခြေအနေကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ရာ ၊ အရောင်များက သက်သာနေပြီပင်။ဒဏ်ရာတွေ ပြန်ကောင်းလာတာက တော်တော်လေး မဆိုးလှပေ။

သို့သော်လည်း ရှန့်ရှီးက တကယ့်ကို အတော်လေး ပိန်လှသည်။ပုံမှန်ဆို နေ့ရက်များကို ဘယ်လိုဖြတ်သန်းနေလဲ မသိပေ။အစာအိမ် မကောင်းတာ မထူးဆန်းချေ။

"ကောင်းသွားပြီလား?"

ရှန့်ရှီးက မေးလိုက်သည်။

"ဘာကို ကောင်းရမှာလဲ ၊ ဘယ်လိုလုပ် ဒီလောက်မြန်မြန်နဲ့ ကောင်းနိုင်မှာလဲ"

ချ်ိန်ပေါ်ယန်က ပြောလိုက်သည်။

"မဟုတ်ဘူးလေ ၊ ကျွန်တော်ပြောတာက ဖယ်တာတွေ ပြီးသွားပြီလားလို့?"

ရှန့်ရှီးက အလောတကြိီးဖြင့် မေးလိုက်သည်။

"အင်း"

ချိန်ပေါ်ယန်က ခေါင်းညိတ်ပြလိုက်သည်။

"မြန်မြန် မြန်မြန် မြန်မြန်......."

ရှန့်ရှီးက ဘေးနားရှိ သူနာပြုနှင့် စွင်းတာ့ကျယ်ဘက် ခေါင်းကို အမြန်လှည့်လိုက်ကာ ၊ တရစပ် အော်ပြောလိုက်သည်။

"ကျယ်ကျယ် ၊ တာ့ကျယ် ကူညီပေးပါဦး ၊ ကျွန်တော့်ကို လှည့်ပေးပါ ၊ ကျွန်တော် ခဏလောက် မှောက်လှဲချင်တယ် ၊ ခဏလောက် မှောက်လှဲမယ် ၊ ခဏလောက် မှောက်လှဲမယ် ! "

"မှောက်လှဲမှာလား?ဒါ မရဘူးလေ ၊ လှည့်လိုက်ရင် လက်မောင်းနဲ့ ခြေထောက်ကို ထိမိသွားမှာပေါ့"

သူနာပြုက ချက်ချင်းပင် ခေါင်းယမ်းပြလာသည်။

"နင့်ရဲ့ ညှပ်ရိုးကလည်း ဒဏ်ရာရှိတယ် ၊ ဘယ်လိုလုပ် ဖိထားလို့ ရမှာလဲ"

"ကျွန်တော့်ကို တစ်စောင်းဖြစ်အောင် တစ်ချက် လှည့်ပေးပါ ၊ ဘယ်ဘက်ကို"

ချိန်ပေါ်ယန်မှာ အလောတကြီး ဖြစ်နေသည့် ရှန့်ရှီး၏ မျက်နှာကို ကြည့်၍ ၊ သူနာပြုကို တစ်ခွန်းပြောလိုက်သည်။

"မိနစ်နည်းနည်းလောက် လှဲပေးလိုက်ပါ"

စွင်းတာ့ကျယ်က ရှန့်ရှီး၏ နောက်ကျောကို တွန်း၍ ၊ တစ်စောင်းလှဲသလို ဖြစ်သွားအောင် ဖြည်းဖြည်းချင်း လုပ်ပေးလိုက်သည်။

"အား....."

ရှန့်ရှီးက မျက်လုံးကို မှိတ်၍ တစ်ချက်အော်လိုက်သည်။

"ဘာဖြစ်လို့လဲ?"

ချိန်ပေါ်ယန်မှာ ရှန့်ရှီး၏ အသံကြောင့် အလန့်တကြား ဖြစ်သွားမိပြီး ၊ လက်ကို အမြန်ဆန့်ထုတ်၍ ရှန့်ရှီး၏ ပခုံးကို ထိန်းပေးလိုက်သည်။

"သက်သောင့်သက်သာ ရှိလို့"

ရှန့်ရှီးက အတော်လေး အနေရခက်စွာဖြင့် ရယ်ပြလိုက်သည်။

"အပေါ်တည့်တည့်ကို မျက်နှာမူပြီး ဒီလိုလှဲနေရတာ အရမ်းကြာနေပြီဆိုတော့ ကျွန်တော်လှဲနေရင်း ပြားကပ်သွားပြီ ၊ အခု ဖြည်းဖြည်းချင်း ပြန်လိပ်လာတဲ့ခံစားချက်က တကယ်ကောင်းတာပဲ"

"........ခဏလောက် တစ်စောင်းလှဲပြီးရင် ရပြီ ၊ လှဲနေရတာ သက်သောင့်သက်သာ မရှိရင် မင်း မှီထိုင်နေလို့ရတယ်"

ချိန်ပေါ်ယန်က မှာကြားနေသည်။

"ဒါပေမယ့် ခြေထောက်ကို မြေကြီးပေါ် ချလို့မရဘူး ၊ ကုတင်အစွန်းနားမှာ ထိုင်လို့လည်း မရဘူး"

"သိပါပြီ သိပါပြီ"

ရှန့်ရှီးက သက်သောင့်သက်သာ ရှိနေသလို မျက်နှာဖြင့် မျက်လုံးကို မှိတ်လိုက်သည်။

"သိပါပြီ......"

-----------

ည အိမ်ပြန်ရောက်လာချိန်တွင် ၊ တံခါးကနေ ၀င်လာသည်နှင့် ချိန်ပေါ်ယန်မှာ မွှေးရနံ့ကို ရှူရှိုက်လိုက်မိသည်။အခန်းထဲတွင် လူမရှိပေ။သို့သော်လည်း ဤသည်မှာ အမေ လာသွားခြင်းဖြစ်ကြောင်း သူ သိသည်ပင်။

သူ အင်္ကျီလဲလိုက်ပြီး လက်ဆေး၍ ၊ မီးဖိုခန်းထဲ ၀င်လာခဲ့လိုက်ရာ ၊ အနွေးခံအိုးထဲတွင် စွပ်ပြုတ်အပြည့်ကို တွေ့လိုက်ရသည်။ထမင်းလည်း ချက်ပြီးသွားပြီ ဖြစ်ပြီး ၊ ဘေးနားတွင် ချထားသည်။

သူ ဇွန်းဖြင့် စွပ်ပြုတ်ထဲ အချက်နည်းငယ်လောက် မွှေလိုက်သည်။တရုတ်၀ဥ ၊ ပြောင်းဖူး ၊ ၀က်နံရိုး စွပ်ပြုတ်ပင်။အနံ့ကို ရှူရှိုက်လိုက်ရာ အရမ်းကို မွှေးလှသည်။ချက်ချင်းပင် ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။

သို့သော်လည်း သူ ပုံမှန်အတိုင်း ပြေးစက်ပေါ် သွား၍ တစ်နာရီကြာအောင် ပြေးလိုက်သည်။တစ်ကိုယ်လုံး ချွေးတွေ ထွက်လာရာ ၊ အတော်လေး စိတ်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

ခဏလောက် အနားယူလိုက်ပြီး ၊ ရေချိုးလိုက်ကာ ၊ စွပ်ပြုတ်တစ်ပန်းကန် ခပ်ယူလိုက်သည်။ဒီအတိုင်းပဲ စားလိုက်တော့ရန် ပြင်လိုက်သည့် အချိန်၌ ၊ ဘေးနားတွင် စာရွက်တစ်ရွက် ချထားသည်ကို တွေ့လိုက်ရသည်။စာရွက်ပေါ်တွင် အမေရေးထားသည့် စာများရှိသည်။ :

"ရေခဲသေတ္တာထဲမှာ လတ်လတ်ဆတ်ဆတ် ဆလတ်ရွက်တွေ ရှိတယ် ၊ ဒုတိယဒေါ်လေး စိုက်ထားတာ"

အစကတော့ သူ ဟင်းရွက်တစ်မျိုးမျိူး ထပ်လုပ်ပြီး စားဖို့ ပျင်းနေမိသည်။သို့သော်လည်း အမေ့၏ဒီအဓိပ္ပါယ်က သူ့ကို စားခိုင်းနေခြင်းပင်။

သို့ဖြစ်ရာ သူ ရေခဲသေတ္တာတံခါးကို ဆွဲဖွင့်လိုက်သည်။ပြောင်စင်နေအောင် ဆေးကြောထားသည့် ဆလတ်ရွက်အိတ်အသေး တစ်လုံးကို တွေ့လိုက်ရသည်။အတော်လေး နူးညံ့ပြီး အတော်လေးလည်း လတ်ဆတ်လှသည်ပင်။သူ ထုတ်ယူလိုက်ပြီး ရေဖြင့် ဆေးလိုက်ကာ ၊ ဆလတ်ရွက်များအား ပါးစပ်ထဲ တန်းထည့်၍ ၀ါးစားလိုက်သည်။

ဒုတိယဒေါ်လေးက ကိုယ့်ဘာသာ ဟင်းရွက်တွေ စိုက်ရခြင်းကို သဘောကျသည်။ပိုးသတ်ဆေး ၊ အညစ်အကျေး ကင်းစင်ပြီး သဘာ၀အတိုင်းစိုက်ခြင်းဖြစ်သည်။

ချိန်ပေါ်ယန်မှာ ဆလတ်ရွက်စားရခြင်းကို တော်တော်လေး ကြိုက်သည်ပင်။

----------

ညရောက်ချိန်တွင်တော့ ရှန့်ရှီးမှာ အရမ်းကို ပျင်းရိလာသလို ခံစားရသည်။ဘေးနားရှိ ကုတင်က ကျိုးကျင့် ဆေးရုံဆင်းသွားသည့်နောက်တွင် ၊ ဦးလေးကြီးတစ်ယောက် ပြောင်းလာခဲ့သည်။ဦးလေးကြီးက ဒေါသတော်တော်ကြီးလှသည်။အကြီးမားဆုံး ၀ါသနာမှာ သူ့သားကို ဆဲဆိုရခြင်းပင်။ညပိုင်းတွင် သူ့သားက အဖော်လာစောင့်ပေးရာ ၊ ညစာ စားသည့်အချိန်ကစပြီး ဆဲဆိုနေသည်မှာ ၊ မီးမှိတ်သွားသည့် အချိန်အထိပင်။

ရှန့်ရှီးမှာ စကားပြောစရာ လူမရှိတော့​တာကြောင့် တီဗွီကြည့်ရုံသာ ရှိတော့သည်။ဆေးရုံက တီဗွီမှာ လိုင်းအများကြီး မရှိပေ။စွင်းတာ့ကျယ်မှာ စီးရီးကြည့်ရတာကို ကြိုက်ပြိီး ၊ တစ်ခုကို ရွေး၍ နေ့တိုင်း ညဆိုလျှင် စိုက်ကြည့်နေတတ်သည်။

ရှန့်ရှီးမှာ အစက သူမနှင့် အတူတူ ကြည့်ချင်ခဲ့မိသည်။သို့သော်လည်း ခဏလောက်ပဲ ကြည့်လိုက် ၊ ဦးလေးကြီးက တစ်ခွန်း ဆဲဆိုလာလိုက် ၊ ထပ်ပြီး ခဏလောက် ကြည့်လိုက် ၊ ဦးလေးကြီးက ထပ်ပြီး တစ်ခွန်း ဆဲဆိုလာလိုက် ရှိနေသည်။အနှစ်ချုပ်ရလျှင် တီဗွီထဲက ဘာတွေပြောနေမှန်းကို သေသေချာချာ မကြားရပေ။

စွင်းတာ့ကျယ်မှာ တီဗွီစက်အရှေ့နားတွင် ရပ်နေတာကြောင့် သေချာကြားရသည်ပင်။သူ ကုတင်ပေါ် လှဲနေရင်း စိတ်တိုကာ အတွေးတွေ ပျံ့လွင့်နေမိသည်။

သူ ငယ်ငယ်ကလေးကတည်းကနေ အရွယ်ရောက်လာသည်အထိ ၊ ဒီလို တိတ်တိတ်ဆိတ်ဆိတ် မနေခဲ့ဖူးပေ။ကုတင်ပေါ်တွင် လှဲနေရသည်မှာ တစ်လလောက် ရှိနေပြီဖြစ်ရာ ၊ သစ်ငုတ်တိုလိုမျိုး တောင့်တောင့်ကြီး ဖြစ်နေလေပြီ။ဘယ်လိုလှဲနေနေ သက်သောင့်သက်သာ မရှိပေ။ခန္ဓာကိုယ်ကို လှည့်ဖို့သာ တစ်ချိန်လုံး တွေးနေမိသည်။တစ်ချိန်လုံး ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်လည်း လုပ်လို့ မရပြန်ပေ။

ထို့အပြင် စွင်းတာ့ကျယ်ကိုလည်း ဟိုဘက်လှည့်ခိုင်းလိုက် ဒီဘက်လှည့်ခိုင်းလိုက် မလုပ်ခိုင်းရဲပြန်ပေ။မနေ့က စွင်းတာ့ကျယ်က တစ်ခြားလူနာစောင့်တစ်ယောက်နှင့် စကားပြောနေသည်ကို ကြားခဲ့ရသည်။အရိုးကုဌာနတွင် လူနာစောင့် လုပ်ရသည်မှာ အား အရမ်းကုန်လှပြီး ၊ ပင်ပမ်းတာကြောင့် မလုပ်ချင်တော့ဘူးဟု ပြောနေသည်။

စွင်းတာ့ကျယ်ကို ထွက်ပြေးသွားအောင် လုပ်လိုက်မိပါက ၊ ချိန်ပေါ်ယန်အတွက် ပြဿနာရှာလိုက်သလို ဖြစ်သွားမှာ သူ ကြောက်မိသည်။

"အိုင်း........"

ရှန့်ရှီးမှာ သက်ပြင်းချ၍ မျက်လုံးကို မှိတ်ချလိုက်မိသည်။

မန်ထိုလည်း ဘယ်လိုနေလဲ မသိပေ။တကယ်ပဲ ပြေးလို့ လွတ်သွားတာလား ၊ ပြေးလို့ မလွတ်သွားဘူးလား။အာ့ဖန်ရဲ့ တပည့်က ထွက်ပြေးသွားခြင်းမှာ ၊ အာ့ဖန်အတွက်မျက်နှာ ပျက်စရာပင်။မြေကြီးကို တစ်ပေလောက် တူးဖို့ကို မပြောနှင့် သုံးပေလောက် တူးရမည်ဆိုလျှင်တောင် အာ့ဖန်က သေချာပေါက် တူးမှာပင်။

အချိန်တွေတောင် ဒီလောက်ကြာသွားပြီပင်။မန်ထိုမှာ တူးထုတ်ခံလိုက်ရပြီလားလည်း မသိပေ။

ပြီးတော့.......လီဟွေ့။

ရှန့်ရှီးမှာ မျက်မှောင်ကြုတ်လိုက်မိသည်။သူ ခါးကိုင်း၍ ခေါင်းကိုဖက်ကာ နှင်းပြင်ထဲရှိ ရွှံ့ထဲ မှောက်နေသည့် အချိန်က ၊ ရုပ်ရှင်တွဲဖက်တီးလုံးလိုမျိုး ကြောက်ရွံ့ထိတ်လန့်စွာ ငိုနေသည့် လီဟွေ့၏ ငိုသံကို သူ မေ့လို့မရပေ။

ဆေးရုံတွင် ရှိနေစဥ် ၊ အိပ်မက်များထဲ၌ အကြိမ်တော်တော်များများ ကြားယောင်နေမိသည်။

သို့သော်လည်း လီဟွေ့ကိုခေါ်၍ ထွက်ပြေးလာခဲ့ခြင်းကို သူ နောင်တ မရပေ။ဖျင်ရှူး၏ သူ့အပေါ် မယုံကြည်မှုကို သူ လျှော့တွက်မိသွားခြင်းသာ။လီဟွေ့လည်း နောင်တမရဘူးဆိုတာ သူ သိသည်ပင်။သူမအား နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးလျှင် ၊ သူမက သူ့နှင့်အတူ လိုက်ပြီး ထွက်ပြေးဦးမှာပင်။

လီဟွေ့က သူ့အား ပထမဆုံးအကြိမ် အကူအညီတောင်းသည့် အချိန်ကစပြီး ၊ မျက်လုံးထဲရှိ အလျှော့မပေးလိုသော ပုံစံက ၊ ကြည့်လိုက်ရုံဖြင့် သိနိုင်သည်ပင်။

ဒီတစ်ခေါက် ပြန်အဖမ်းခံလိုက်ရပြီး ဘယ်လိုဖြစ်သွားမလဲ ဆိုသည်ကိုတော့.......သူ အသေးစိတ် မစဥ်းစားတော့ပေ။

တစ်ရက်ခြား တစ်ခါဆိုသလို ညဘက်မအိပ်ခင်အချိန်၌ စွင်းတာ့ကျယ်က သူ့ခန္ဓာကိုယ်ကို ပွတ်တိုက်ပေးတတ်သည်။သူ အစတုန်းက တကယ်ကို အသားမကျပေ။တစ်ဖြည်းဖြည်းဖြင့် သိပ်ပြီး အနေရ မခက်တော့ချေ။ခန္ဓာကိုယ်ကို ပွတ်တိုက်ပြီး အိပ်လျှင် အတော်လေး သက်သောင့်သက်သာ ရှိလှသည်။ထို့အပြင် ဒီလိုမျိုး လူတစ်ယောက်၏ ဂရုစိုက်ပေးခြင်း ခံရသည့် ခံစားချက်က တော်တော်လေး ကောင်းသည်ပင်။

"ကျေးဇူးပါပဲ ၊ စွင်းတာ့ကျယ်"

သူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အားမနာပါနဲ့"

စွင်းတာ့ကျယ်က မျက်နှာသုတ်ပ၀ါကို ကိုင်ထားပြီး

"ငါ နင့်ကို ပြောမယ် ၊ ငါကလည်း နင့်လိုကလေးမျိုးကို ကြည့်ရတာ သနားလို့ ၊ မဟုတ်လို့ကတော့ ငါ အရင်ရက်တွေကတည်းက မလုပ်တော့ဘူး ၊ ဒေါက်တာချိန်က ငါ့အတွက် ပိုက်ဆံတိုးပေးလည်း ငါ မလုပ်တော့ဘူး"

"သူက ပိုက်ဆံတိုးပေးထားတာလား?"

ရှန့်ရှီးမှာ ကြောင်အသွားမိသည်။

"အင်း ၊ ပိုက်ဆံမတိုးပေးရင် တကယ်ကြီး လုပ်ဖို့ အဆင်မပြေဘူး ၊ နင်က ဘယ်နေရာကမှ မလှုပ်ရှားနိုင်ဘူးလေ ၊ နင့်တစ်ယောက်တည်းနဲ့ အလုပ်ရှုပ်ရတာက ၊ သူများအိမ်သွားပြီး လူနာနှစ်ယောက်ကို စောင့်ရှောက်ပေးရတာနဲ့ အတူတူလောက်ပဲ"

စွင်းတာ့ကျယ်က ပြောလာသည်။

Fuck။ရှန့်ရှီးမှာ မျက်လုံးကို မှိတ်ချလိုက်မိသည်။ချိန်ပေါ်ယန်၏ ထိုငွေစာရင်းပေါ်တွင် နောက်တစ်ခု ထပ်များသွားတော့မည်ပင်။

မနက်ခင်းတွင် ရှန့်ရှီးမှာ အစောကြီး နိုးလာခဲ့သည်။ဦးလေးကြီးက နေ့ခင်းဘက်ဆို လူကို သိပ်ပြီး မဆဲဆိုတတ်ပေ။သို့သော်လည်း အိပ်ရာထ စောလှသည်။ကုတင်းခေါင်းရင်းတွင် ဒုန်း ခွမ်း နှင့် ဘာတွေလုပ်နေမှန်း မသိပေ။ရှန့်ရှီးမှာ ဦးလေးကြီး၏ ဇီ၀ဗေဒစနစ်အတိုင်း လိုက်နေနေရသည်။

ဆူညံသံများကြောင့် နိုးလာခဲ့ပြီးနောက်တွက် ၊ မနက်စာ စားလိုက်ပြီး ၊ ထပ်ပြီး အိပ်ချင်လာပြန်သည်။သူ ဆက်အိပ်ဖို့ စီစဥ်လိုက်သည်။ဒီတစ်ဘ၀လုံးအတွက် အိပ်စက်ခြင်းများကို ဆေးရုံမှာပင် အိပ်ရင်း ကုန်ဆုံးသွားတော့မည်ပင်။မအိပ်လျှင်လည်း လုပ်စရာက ဘာမှ ရှိမနေပြန်ပေ။

ဦးလေးကြီးက လူကို မဆဲဆိုသည့်အချိန်တွင် သတင်းစာ ၊ မဂ္ဂဇင်းများ ကြည့်နေနိုင်သေးသည်။သူကတော့ မရပေ။သူနာပြုက သူ့အတွက် မဂ္ဂဇင်းတစ်အုပ် ယူလာပေးခဲ့ဖူးသည်။ဒီအပေါ်က စကားလုံးတွေကို သူ အကုန်မသိဘူးဟု ပြောပြရန်ကလည်း ရှက်နေမိပြန်သည်။

ထို့အပြင် အိပ်နေသည့် အချိန်ဆို ခန္ဓာကိုယ်က နည်းနည်းပိုပြီး သက်သောင့်သက်သာ ရှိသည်ပင်။ဟိုဘက်က ဦးလေးကြီး၏ အသံများကိုလည်း မကြားရတော့ပေ။

တစ်ချိန်လုံး အိပ်နေလိုက်ပြီး ဘယ်လောက်ကြာသွားမှန်း မသိတော့ပေ။ရှန့်ရှီးမှာ အိပ်ရလွန်း၍ တော်တော်လေး ထိုင်းမှိုင်းလာခဲ့သည်။ထိုအချိန်ကျမှသာ စိတ်မပါစွာဖြင့် မျက်လုံးကို ဖွင့်လိုက်သည်။

မျက်လုံး ဖွင့်ဖွင့်ချင်းမှာပင် ၊ သူ့မျက်နှာအရှေ့ရှိ မျက်နှာတစ်ခုကို တွေ့လိုက်ရတာကြောင့် သူ အလန့်တကြား တစ်ခေါက်လောက် ခုန်မိသွားခဲ့သည်။ :

"အိုင်း ၊ ငါလူး ! "

"မင်း ငါလူးလို့ ပြောတာကို ငါ ထပ်ကြားရလို့ကတော့ ၊ ငါ မင်းပါးစပ်ကို ချုပ်ခိုင်းလိုက်မယ်"

ချိန်ပေါ်ယန်က မျက်မှောင်ကြုတ်လိုက်သည်။

"ခင်ဗျားကြောင့် ကျွန်တော်လန့်ပြီး တစ်ခေါက်လောက် ခုန်မိသွားပြီ ! "

ရှန့်ရှီးက ပြောလိုက်သည်။

"ငါ မင်းကို လန့်ပြီး ဆယ်ခါလောက် ခုန်မိအောင် လုပ်တော့ရော ဘာဖြစ်လဲ ၊ မင်းကို တစ်ခေါက်လောက် လန့်ပြီး ခုန်မိအောင် လုပ်ရင် မင်း ကောင်းကောင်းခုန်လိုက်ပေါ့"

ချိန်ပေါ်ယန်က ကုတင်ခြေရင်းနား လျှောက်သွားလိုက်ပြီး ၊ လှုပ်ယမ်းသည့် ကိရိယာကို လှည့်လိုက်ကာ ၊ ကုတင်ခေါင်းရင်းဘက်ကို ထောင်လိုက်သည်။

"တစ်မနက်လုံး အိပ်ပြီးပြီ ၊ အစားနည်းနည်းလောက် စားလိုက်"

"စွင်းတာ့ကျယ်ရော?"

ရှန့်ရှီးက ခေါင်းကိုလှည့်၍ ကြည့်လိုက်သည်။အခု သူ့လက်မောင်းက ကွေးလို့ရနေပြီပင်။ကိုယ့်ဘာသာ ဇွန်းကိုင်၍ အစားစားလို့ ရပြီဖြစ်သည်။သို့သော်လည်း မျက်နှာသစ်ခြင်းလိုမျိုး အားနည်းနည်းသုံးဖို့ လိုသည့်ကိစ္စမျိုးကိုတော့ စွင်းတာ့ကျယ်ကို ကူညီခိုင်းရသည်ပင်။

"သူမက ဒီနေ့မနက် ခွင့်ယူထားတယ် ၊ အိမ်မှာ အရေးကြီးကိစ္စ ရှိလို့တဲ့"

ချိန်ပေါ်ယန်က ရှန့်ရှီး၏ မျက်နှာသုတ်ပ၀ါကို ယူ၍ သန့်စင်ခန်းထဲ ၀င်သွားခဲ့သည်။

"သြော........"

ရှန့်ရှီးမှာ အသံတစ်ချက် ပြန်ပေးလိုက်မိပြီး ၊ ဒီနေ့ ချိန်ပေါ်ယန် ဆရာ၀န်ကုတ်အင်္ကျီ မ၀တ်ထားသည်ကို သတိထားမိလိုက်သည်။

"ကော ၊ ခင်ဗျား ဒီနေ့ နားတယ် မဟုတ်လား?"

"အင်း"

ချိန်ပေါ်ယန်က မျက်နှာသုတ်ပ၀ါကို ပွတ်သုတ်ပြီး၍ ယူလာခဲ့လိုက်သည်။

"ငါ အစက တွေးထားတာ ၊ ညကျမှ စွပ်ပြုတ်ဘူးက်ို ယူလာခဲ့ပြီး မင်းကို လာပေးမလို့ ၊ သူမက ငါ့က်ို ဖုန်းလှမ်းဆက်တာနဲ့ ၊ ငါ လာခဲ့လိုက်တော့တာ"

"တကူးတကကြီး ကျွန်တော့်ဖို့ စွပ်ပြုတ်ပို့ပေးတာလား?"

ရှန့်ရှီးက ခေါင်းလှည့်၍ ၊ ကုတင်ခေါင်းရင်းရှိ ဘီရိုပေါ်တွင် ချိန်ပေါ်ယန် တင်ထားသည့် အနွေးဓာတ်ထိန်းဘူးကို ကြည့်လိုက်သည်။

"တကူးတကကြီးပေါ့?"

"ငါ တကူးတကကြီး လာတာက်ို မင်း အားနာနေရင်လည်း ခဏနေကျရင် ငါ စူပါမားကတ်ဆီ ထပ်သွားပြီး ဟင်းသီးဟင်းရွက် နည်းနည်းလောက် သွား၀ယ်လိုက်မယ် ၊ ငါက ဟင်းသီးဟင်းရွက်သွား၀ယ်ရင်း ၊ အဆင်သင့်နေတာနဲ့ မင်းဖို့ စွပ်ပြုတ်လာပို့ပေးတာ"

ချိန်ပေါ်ယန်က ရှန့်ရှီး၏ ခေါင်းအနောက်ကို ထိန်းကိုင်လိုက်ပြီး ၊ မျက်နှာသုတ်ပ၀ါဖြင့် မျက်နှာပေါ် သုတ်ပေးလာသည်။

"အိုင်း"

ရှန့်ရှီးမှာ မျက်လုံးမှိတ်ပေးလိုက်ပြီး ၊ နည်းနည်း အံ့သြသွားမိသည်။ချိန်ပေါ်ယန်၏ လှုပ်ရှားမှုက ကျွမ်းကျင်နေသည်မှာ စွင့်တာ့ကျယ်နှင့် သိပ်ပြီး မကွာခြားလှပေ။ထို့အပြင် အားအနည်း ၊ အများ ၊ ကိုင်တာ ၊ တွယ်တာတွေက အရမ်းကို သင့်တော်မှု ရှိသည်။ပူပူနွေးနွေး မျက်နှာသုတ်ပ၀ါက မျက်နှာပေါ် ထိကပ်နေသည်မှာ အရမ်းကို ခံစားလို့ ကောင်းလှသည်။သူ မသဲမကွဲဖြင့် ပြောလိုက်သည်။

"ခင်ဗျားမှာ ကလေးရှိတယ် မဟုတ်လား?"

"ဟင်?"

ချိန်ပေါ်ယန်က မျက်နှာသုတ်ပ၀ါကို ဖယ်လိုက်ပြီး

"ဘာပြောတာလဲ?"

"သူများမျက်နှာကို သုတ်ပေးတာ တကယ် ကျွမ်းကျင်တာပဲ ၊ စွင်းတာ့ကျယ်ကို မှီတော့မယ် ၊ တစ်ချက်ကြည့်လိုက်တာနဲ့ လေ့ကျင့်ထားထားတဲ့ သူမှန်း သိသာတယ်"

ရှန့်ရှီးက ပတ်တီးစည်းထားဆဲဖြစ်သည့် လက်မောင်းကို မြှောက်လိုက်ပြီး ၊ ချိန်ပေါ်ယန်အား လက်မ ထောင်ပြလိုက်သည်။

"သက်သောင့်သက်သာရှိတယ်"

"စားတော့"

ချိန်ပေါ်ယန်က ထိုအကြောင်းအရာကို ရှန့်ရှီးနှင့် ဆက်မဆွေးနွေးပဲ ၊ စားပွဲပျဥ်ပြားက်ို ရှန့်ရှီးအရှေ့နား ချပေးလိုက်ပြီး ၊ ထမင်းဘူးထဲ စွပ်ပြုတ်များ လောင်းထည့်၍ ဇွန်းတစ်ချောင်း ယူပေးလိုက်သည်။ပြီးနောက်တွင်တော့ သန့်စင်ခန်းထဲ လှည့်၀င်သွားကာ မျက်နှာသုတ်ပ၀ါကို ပွတ်တိုက်လိုက်သည်။

"ဒါက ဘာစွပ်ပြုတ်လဲ?အရမ်းမွှေးတာပဲ ! "

ရှန့်ရှီးက အပြင်ကနေ တစ်ခွန်း အော်မေးလိုက်သည်။

"Iron rod yam စွပ်ပြုတ်"

ချိန်ပေါ်ယန်က ပြန်ဖြေလိုက်သည်။

"Fuck"

ရှန့်ရှီးမှာ ကြောင်အသွားခဲ့ပြိီး ၊ တစ်ဆက်တည်းမှာပင် အရယ်မရပ်နိုင်တော့ပေ။

"ခင်ဗျား တမင်ပြောနေတာမဟုတ်လား ၊ ဒီIron rod yam က မပြီးနိုင်တော့ဘူးလား"

"တကယ်ကြီး Iron rod yam စွပ်ပြုတ်"

ချိန်ပေါ်ယန်က သန့်စင်ခန်းထဲမှ ထွက်လာပြီး ၊ လက်အလျဥ်းသင့်သလို လူနာခန်းထဲရှိ ပိုးသတ်ဆေးဘူးထဲမှ ပ်ုးသတ်ဆေးအား လက်ပေါ် နည်းနည်းညှစ်ယူ၍ သုတ်လိုက်သည်။

"တရုတ်၀ဥ ၊ ပြောင်းဘူး ၊ နံရိုး ၊ တရုတ်၀ဥက မင်းရဲ့ အစာအိမ်အတွက်လည်း ကောင်းတယ်"

"တော်တော်မွှေးတယ်"

ရှန့်ရှီးက ခေါင်းငုံ့၍ အလုတ်အနည်းငယ်လောင် သောက်လိုက်ပြီး

"ဆားမထည့်ထားတာလေးပဲ"

"မင်း ဆေးရုံကထမင်း စားရတာ ပေါ့လား?"

ချိန်ပေါ်ယန်က ကုတင်ဘေးတွင် ထိုင်၍ တစ်ခွန်းမေးလိုက်သည်။

"ပေါ့တယ်လေ ၊ ဒါပေမယ့် ဆေးရုံက ထမင်းက ပေါ့တာ ၊ ဒီဟာကကျတော့ ဆားမပါတာ ၊ လယ်ဗယ်က မတူဘူး ၊ ခင်ဗျားချက်တာလား?"

ရှန့်ရှီးက နှာခေါင်းကို တွန့်၍ ရယ်ရင်း ပြောလိုက်သည်။

"ဒါပေမယ့် ဆားမထည့်ထားလည်း သေချာပေါက် ကုန်အောင် စားနိုင်တယ် ၊ လူတစ်ယောက်က ကျွန်တော်စားဖို့အတွက် တကူးတက ချက်ပေးထားတာ ပထမဆုံးအကြိမ်ပဲ ၊ ၀အောင် စားရမယ် ၊ တစ်ခေါက်လောက် အမှတ်တရ ဖြစ်တာပေါ့"

"ဆားထည့်ထားပါတယ် ၊ မင်း ပုံမှန်အချိန် စားတာက အရမ်းလေးနေလို့"

ချိန်ပေါ်ယန်မှာ ရှန့်ရှီးကို တစ်ချက် ကြည့်လိုက်မိသည်။ရှန့်ရှီးမျက်နှာပေါ်ရှိ ထိုပျော်ရွှင်နေသည့် အမူအယာ​ကြောင့် ၊ ဒီစွပ်ပြုတ်ကို သူ့ဖို့ ချက်ထားတာ မဟုတ်ဘူးဟု ချိန်ပေါ်ယန်မှာ မပြောမိတော့ပေ။

စွင်းတာ့ကျယ်မှာ နေ့လည်စာ စားပြီးမှ ဆေးရုံကို ပြန်လာနိုင်မှာ ဖြစ်သည်။သူမ ပြန်လာတဲ့အထိ စောင့်ပြီးမှ သွားဖို့ ချိန်ပေါ်ယန် တွေးထားလိုက်သည်။သူနာပြုကို ခေါ်၍ သူ့အတွက် မုထိုထမင်းတစ်ပွဲ ကူ၀ယ်ခိုင်းလိုက်ပြီး ၊ လူနာခန်းထဲမှာပင် စားလိုက်သည်။

"ကျွန်တော်က ခင်ဗျားစားပြီးပြီ ထင်နေတာ"

ရှန့်ရှီးမှာ ချိန်ပေါ်ယန် လက်ထဲရှိ ၀က်သား မုထိုထမင်းကို ကြည့်လိုက်ပြီး

"ခင်ဗျား မစားရသေးဘူးလို့ ခုနတုန်းကသာ ပြောရင် ၊ ကျွန်တော် ဟို Iron rod yamတွေကို အကုန်ကိုက်မစားလိုက်ပါဘူး ၊ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားဖို့ နည်းနည်းလောက် ချန်ပေးရမှာပေါ့"

"မင်း ငါ့ကို စိတ်ပူနေဖို့ မလ်ိုပါဘူး......."

အမှန်မှာတော့ ချိန်ပေါ်ယန်မှာ ဒီထမင်းအပေါ် သိပ်ပြိီး စိတ်မ၀င်စားပေ။အရမ်းငန်ပြီး ၊ ဆီလည်း များသည်။တစ်ခွန်းပြောလိုက်ပြီး ခေါင်းမော့၍ ရှန့်ရှီးကို တစ်ချက် ကြည့်မိလိုက်ရာ သူ ထိန်းမထားနိုင်တော့ပဲ ရယ်ချလိုက်မိသည်။

"မင်း ငါ့ထမင်းကို အရမ်းစားချင်နေတာ မဟုတ်လား?"

"အိုင်း"

ရှန့်ရှီးက အတော်လေး အနေရခက်နေသည့် ပုံစံဖြင့် မျက်နှာကို တစ်ဖက်လှည့်လိုက်သည်။

"ကျွန်တော် ဗိုက်၀နေပြီ"

"တကယ် မစားဘူးနော်?"

ချိန်ပေါ်ယန်က အသားတစ်တုံးကို ညှပ်ယူ၍ ရှန့်ရှီးကို မေးလိုက်သည်။

"ကျွန်တော်......."

ရှန့်ရှီးက ထိုဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ၊ မျက်နှာကို ပြန်လှည့်လာကာ ၊ ပါးစပ်ဟလိုက်သည်။

"ဒါဆိုလည်း ကျွန်တော် အသားတစ်တုံးလောက် မြည်းမယ် ! "

ချိန်ပေါ်ယန်က အသားကို ပါးစပ်ထဲ ထည့်လိုက်ပြီး :

"စိတ်ကူးယဥ်နေလိုက်"

"ခင်ဗျားက ဆရာ၀န်တစ်ယောက် ဖြစ်နေပြီး ! "

ရှန့်ရှီးမှာ လုံး၀က်ို ပြောစရာစကား မဲ့သွားမိသည်။နှာခေါင်းထဲတွင် ၀က်သားအနံ့တွေချည်းပင်။ပါးစပ်ထဲ ထည့်မစားလိုက်ရတာ ထားလိုက်တော့။အလှည့်စား ခံလိုက်ရသေးသည်။

"ခင်ဗျား ဆရာ၀န်တစ်ယောက် ဖြစ်နေပြိီး လူနာကို ဒိီလိုဖျားယောင်းတယ်ပေါ့ ! "

"နေနေလိုက်ဦး ၊ မင်းက အခု ပေါ့တာတွေပဲ စားရဦးမှာ ၊ ဒီဟာက ဆီအရမ်းများတယ်"

ချိန်ပေါ်ယန်က မတ်တပ်ထရပ်လိုက်ပြီး ၊ လူနာခန်းထဲမှ လှည့်ထွက်လာခဲ့လိုက်ကာ ၊ စင်္ကြံလမ်းပေါ်တွင် ထွက်စားလိုက်သည်။

ချိန်ပေါ်ယန် ထမင်းစားပြီး၍ လူနာခန်းထဲ ပြန်၀င်လာသည့် အချိန်တွင် ၊ ရှန့်ရှီးက ကုတင်ခေါင်းရင်းရှိ ဘီရိုပေါ်မှ ရေဘူးကို ယူ၍ ရေသောက်ရန် ကြိုးစားနေလေသည်။

"ငါ့ကို တစ်ခွန်းလှမ်းခေါ်လိုက်ရင် ရပြီကို"

ချိန်ပေါ်ယန်က အနားကို လျှောက်သွားလိုက်ပြီး ရေခွက်ကိုယူ၍ ရှန့်ရှီးလက်ထဲ ထည့်ပေးလိုက်သည်။ရေဘူးက စွင်းတာ့ကျယ် သွား၀ယ်ပေးထားခြင်း ဖြစ်သည်။ပိုက်ပါတာကြောင့် သောက်ရတာ အဆင်ပြေသည်။

"ခင်ဗျားက ထမင်းစားနေတာ မဟုတ်လား ၊ တစ်ကိုယ်လုံး အသားနံ့တွေနဲ့ ၀င်လာပြီး ကျွေးလည်း မကျွေးဘူး ၊ ကျွန်တော် ခံစားရခက်လို့"

ရှန့်ရှီးက ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်ပြီး

"ကျွန်တော်လည်း ရေနည်းနည်းသောက်ပြီး စားချင်စိတ် ပျောက်သွားအောင် လုပ်မလို့"

ချိန်ပေါ်ယန်မှာ ရယ်သာ ရယ်၍ ဘာမှပြန်မပြောမိပေ။ကုလားထိုင်ပေါ် ထိုင်၍ တီဗွီကြည့်နေချိန်တွင် ၊ ဘေးနားရှိ ကုတင်က ဦးလေးကြီးမှာ အိပ်ပျော်နေလေပြီ။ချိန်ပေါ်ယန်မှာ ခေါင်းလှည့်၍ ရှန့်ရှီးကို ကြည့်လိုက်ပြီး :

"မင်း ခဏလောက် အိပ်ချင်လား"

"တော်ပါပြီ ၊ ကျွန်တော် တစ်နေ့လုံး မိုးလင်းကနေ မိုးချုပ် အိပ်နေရတာ ၊ အိပ်ရေး တော်တော်၀နေပြီ"

ရှန့်ရှီးမှာ သက်ပြင်းချလိုက်မိသည်။

"ငါကြည့်နေတာ ၊ သူနာပြုက မင်းအတွက် မဂ္ဂဇင်း ယူလာပေးတာပဲ ၊ စာဖတ်နေလေ"

ချိန်ပေါ်ယန်က မဂ္ဂဇင်းတစ်အုပ်ကို ယူ၍ လှန်လိုက်သည်။

"ကော"

ရှန့်ရှီးမှာ တစ်ချက် တုံ့ဆိုင်းသွားခဲ့ပြီး ၊ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကျွန်တော် စာလုံးတွေ သိပ်မသိဘူး ၊ ဒီအတိုင်း ပုံတွေပဲ ကြည့်နေရတာ စိတ်၀င်စားစရာ မကောင်းဘူး"

ချိန်ပေါ်ယန်မှာ မျက်ခုံးပင့်လိုက်မိပြီး :

"စာလုံးတွေ အကုန်မသိဘူး?မင်း ကျောင်းမတက်ဖူးဘူးလား?"

"မတက်ဖူးဘူး ၊ ဘာကျောင်းကို တက်ရမှာလဲ ၊ တောရိုင်းမြေကျက်ထဲမှာ မသေသွားတာပဲ မဆိုးလှဘူး ၊ ဘာကျောင်းကို တက်ရဦးမှာလဲ"

ရှန့်ရှီးက ရယ်လိုက်ပြီး

"အရင်တစ်ခေါက်က.......ခင်ဗျားရဲ့ID ကဒ်ကို ယူတုန်းက ၊ ခင်ဗျားရဲ့ အဲ့နာမည်ကို ကျွန်တော် မသိသလို ဖြစ်သွားသေးတယ်"

"ချိန်ဖူးယန်မဟုတ်လား?"

ချိန်ပေါ်ယန်က ခေါင်းငုံ့၍ မဂ္ဂဇင်းကို ကြည့်လိုက်ပြီး

"ဒါက ဘာမှမဟုတ်ပါဘူး ၊ ငါ့နာမည်ကို မှားကြည့်တဲ့လူတွေ များတယ်"

"ကျွန်တော်က မှားကြည့်တာ မဟုတ်ဘူး ၊ ကျွန်တော်က.....အိုင်း ၊ ထားလိုက်တော့"

ရှန့်ရှီးက ရေတစ်ငုံသောက်၍ အတော်လေး စိတ်လေးစွာ ပြောလိုက်သည်။

"ခင်ဗျားရဲ့ အဖေနဲ့အမေက အရမ်း ယဥ်ကျေးမှု ရှိကြမှာ သေချာတယ် ၊ ဒီနာမည်က တစ်ချက်ကြည့်လိုက်တာနဲ့ ယဥ်ကျေးမှုရှိတဲ့သူတွေမှည့်ထားပေးမှန်း သိသာတယ်"

"ဟုတ်လား?"

ချိန်ပေါ်ယန်က ရှန့်ရှီးလက်ထဲရှိ ရေဘူးကို ယူလိုက်ပြီး ၊ ကုတင်ခေါင်းရင်းရှိ ဘီရိုပေါ် ပြန်တင်လိုက်သည်။

ရှန့်ရှီးက ခေါင်းညိတ်ပြလိုက်ပြီး :

"ဟုတ်တယ်လေ ၊ ခင်ဗျားကြည့်လိုက် ၊ ချိန်ပေါ်ယန် ချိန်ပေါ်ယန် ၊ အရမ်းယဥ်ကျေးမှု ရှိတယ် ၊ ကျွန်တော်သာ ခင်ဗျားရဲ့ အဖေဆိုရင် ၊ အများဆုံးမှ ခင်ဗျားကို ချိန်ပေါ်ချီလို့ ပေး......."

[T/N : 勃起-ပေါ်ချီ(ထောင်မတ်နေသည်)။]

"ပါးစပ်ပိတ်ထား"

ချိန်ပေါ်ယန်မှာ မျက်မှောင်ကြုတ်ထားရင်း ရှန့်ရှီး၏ စကားကို ဖြတ်ပြောလိုက်သည်။

ရှန့်ရှီးက ဟီးဟီးဟု နှစ်ခေါက်လောက် ရယ်လိုက်ပြီး ၊ ဘာမှ ထပ်မပြောတော့ပဲ ၊ ကုတင်ကိုမှီ၍ တီဗွီကြည့်နေလိုက်သည်။

တီဗွီကြည့်လို့ ဘယ်နှစ်မိနစ်မှ မကြာသေးမီမှာပင် ၊ ဗိုက်ပေါ် ခြုံထားသည့် စောင်ကို သူ ဆွဲလိုက်မိသည်။မိနစ်အနည်းငယ် ထပ်ကြာသွားချ်ိန်၌ ၊ သူ ထပ်ပြီး နေရာရွေ့လိုက်မိပြန်သည်။ကြော်ငြာတစ်ခု လွှင့်လို့ မပြီးသေးမီမှာပင် ၊ သူ အနောက်ကိုမှီ၍ နေရာထပ်ရွှေ့လိုက်ပြန်သည်။

"လျှောက်လှုပ်မနေနဲ့"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

"ကျွန်တော် မလှုပ်ချင်ပါဘူး......"

ရှန့်ရှီးက ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်ပြီး

"ကော ၊ ခင်ဗျား ပြောကြည့် ၊ စွင်းတာ့ကျယ်က ဘာလို့ ပြန်မလာသေးတာလဲ?"

"အခုမှ ဘယ်လောက်ပဲ ကြာသေးလို့လဲ"

ချိန်ပေါ်ယန်က မဂ္ဂဇင်းကို ပိတ်လိုက်ပြိီး ၊ မတ်တပ်ထရပ်လိုက်သည်။

"ဆီးသွားချင်တာ ငါ့ကိုခေါ်လည်း ရတယ်"

"အိုင်း?"

ရှန့်ရှီးမှာ ကြောင်အသွားမိပြိီး ၊ ချက်ချင်းပင် တော်တော်လေး အနေရ ခက်သွားမိသည်။

"ကျွန်တော် မ.....ကျွန်တော် ၊ ဟို ဘာလဲ ၊ အလျင်မလိုပါဘူး.....ကျွန်တော်......."

"မင်း လှည့်နေတာ ငါတောင် သန့်စင်ခန်း သွားချင်လာပြီ"

ချိန်ပေါ်ယန်က သက်ပြင်းချလိုက်သည်။

"ထားလိုက်တော့"

ရှန့်ရှီးကလည်း သက်ပြင်းချလိုက်ပြီး

"ခင်ဗျားကဖြင့် မျက်နှာသုတ်ပ၀ါပွတ်တိုက်ပြီးရင်တောင် ပိုးသတ်ဆေးနဲ့ လက်ကို ပွတ်နေတာ ၊ ဟိုတစ်နေ့က ဆီးအိတ်ကို ကိုင်တော့ လက်က်ို သုံးခါတောင် ဆေးတယ် ၊ ခဏနေ ဆီးဘူးက်ို ထိမိလို့ ၊ ခင်ဗျား ရေဖွင့်ပြီး လက်အရေပြားတစ်ထပ်လောက် အပူလောင်သွားမှ ရပ်နေရဦးမယ်"

"မင်း ဆီးသွားမှာလား မသွားဘူးလား?"

ချိန်ပေါ်ယန်က ခါးကိုင်းလိုက်ပြီး ၊ ကုတင်အောက်မှ ဆီးဘူးကို ထုတ်ယူလိုက်သည်။

"အိုင်းရိုး ၊ အစက အောင့်ထားနိုင်သေးတယ် ၊ ဒီဟာကို မြင်လိုက်ရတော့ မရတော့ဘူး"

ရှန့်ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး

"သွားမယ် ! "

*** *** ***

Iron rod yam စွပ်ပြုတ်

မုထိုထမင်း

×××× ××× ××× ××× ××× ××× ×××

Yin's note : ဒီဘက်ကို ပစ်ထားသလို မဖြစ်ရအောင် paid gpမှာ ငါးပိုင်း ပြည့်သွားတိုင်း ဒီမှာ တစ်ပိုင်း update ပေးသွားပါမယ်နော်။

*** *** *** *** *** *** *** ***

格格不入(GeGeBuRu)

စာေရးသူ : ဝူးက်ယ္

ဘာသာျပန္သူ : ယင္း

အပိုင္း ၁၁

ခ်ိန္ေပၚယန္မွာ ခုနကမွ ရိုက္ၿပီးသြားသည့္ ရွန္႔ရွီး၏ဓာတ္မွန္ကို ကိုင္၍ ၾကည့္ေနမိသည္။ႏွစ္ပတ္ဆိုသည့္ အခ်ိန္အတြင္း ၊ ျပန္ေကာင္းလာသည့္ အေျခအေနမွာ မဆိုးလွေပ။လူငယ္ျဖစ္တာေၾကာင့္ ၊ ေကာင္းေကာင္းမြန္မြန္သာ ႀကီးထြားလာပါက မေကာင္းသည့္ အက်ိဳးဆက္မ်ားလည္း က်န္ေနမွာ မဟုတ္ေပ။

ရွန္႔ရွီး၏ ဒဏ္ရာက ေပါ့ေသးေသး မဟုတ္ေပ။သို႔ေသာ္လည္း သူ သူ႔ကိုယ္သူကာကြယ္သည့္ အေနအထားကို ေရြးခ်ယ္တာ မွန္သြားသည့္ ပံုပင္။ၪီးေခါင္းႏွင့္ အေရးႀကီးသည့္ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းမ်ားမွာ ႀကီးႀကီးမားမား ဒဏ္ရာမရသြားၾကေပ။

မ်က္ႏွာကိုလည္း အဓိကထားၿပီး ကာကြယ္ခဲ့သည့္ပံုပင္။ျခစ္မိထားေသာ ဒဏ္ရာမ်ားႏွင့္ အတြင္းေက် ဒဏ္ရာမ်ားသာ ရထားသည္။သိပ္မၾကာမီ ရက္အတြင္းမွာပင္ ေပ်ာက္သြားၾကၿပီျဖစ္သည္။

သို႔ေသာ္လည္း လက္ေမာင္း ၊ ေျခေထာက္ႏွင့္ ေနာက္ေက်ာေပၚတြင္ေတာ့ ဒဏ္ရာေတြ ေတာ္ေတာ္မ်ားသည္ပင္။အရိုးကို ထည့္မတြက္လ်ွင္ေတာင္ ၊ အရိုက္ခံထားရ၍ ရထားသည့္ ဒဏ္ရာမ်ားကပင္ မနည္းလွေပ။ဒဏ္ရာအႀကီး ၊ ဒဏ္ရာအေသးမ်ားကို မနည္းမေနာ ခ်ဳပ္ေပးထားရသည္။

ခႏၶာကိုယ္ေပၚက ေတာ္ေတာ္ေလး နာေနေလာက္သည္ပင္။သ္ို႔ေသာ္လည္း ရွန္႔ရွီးမွာ သတိရလာသည့္ ပထမႏွစ္ရက္တုန္းကသာ ခႏၶာကိုယ္က နာသည္ဟု ​သူ႔အား ေအာ္ေျပာခဲ့ၿပီး ၊ ေနာက္ပိုင္းတြင္ ထပ္မေျပာလာေတာ့ေပ။

ေဘးနားရိွ ကုတင္က က်ိဳးက်င့္ ေဆးရံုမဆင္းေသးခင္က ၊ ရွန္႔ရွီးမွာ လုပ္စရာမရိွပါက ၊ ထိုသူႏွင့္ အေတာ္ၾကာေအာင္ ေပ်ာ္ေပ်ာ္ႀကီး စကားေျပာေနေသးသည္ပင္။

ေတာ္ေတာ္ေလး သည္းခံႏိုင္လွသည္။

ရွန္႔ရွီးမွာ ပံုမွန္အခ်ိန္မ်ားတြင္ဆို ဟီးဟီးဟားဟားႏွင့္ ရိွေနတတ္သည္။သို႔ေသာ္လည္း ဒဏ္ရာေတြ ဘယ္လိုရလာတာ ၊ ဘယ္နားမွာ ဒဏ္ရာရလာတာ ဆိုသည္မ်ားကိုေတာ့ တစ္ေလ်ွာက္လံုး ပါးစပ္ကို တင္းတင္းေစ့၍ ဘာမွမေျပာျပခဲ့ေပ။လ်ွာေခ်ာ္ၿပီး ေျပာျပတာမ်ိဳးပင္ မရိွခဲ့ေခ်။

သူ တကယ္ပဲ ဘာကိစၥေတြ ႀကံဳေတြ့ခဲ့ရတာလဲ ၊ ဘာကိစၥကမ်ား သူ႔ပါးစပ္ကို ဒီေလာက္ တင္းတင္းၾကပ္ၾကပ္ ပိတ္ထားေစတာလဲ ဆိုသည္ကို ခ်ိန္ေပၚယန္မသိေပ။ဒီလိုျပင္းထန္သည့္ ဒဏ္ရာမ်ားရထားေသာ ခႏၶာကိုယ္ကို ေဆးရံုကားပါကင္ထိ ေရာက္လာေအာင္ ဘယ္လို ဆြဲယူလာခဲ့သလဲဆိုတာကိုလည္း မသ္ိေခ်။

ဒီလူဆိုးေကာင္ေလး၏ ခႏၶာကိုယ္ေပၚတြင္ သူ႔ကိုစိတ္ေလးလံစြာ သက္ျပင္းခ်မိသြားေစသည့္ အထူးလကၡဏာတစ္မ်ိဳး ရိွေနသည္ပင္။ဘာလဲ ဆိုတာကိုေတာ့ မေျပာတတ္ေပ။ေသခ်ာေပါက္ကို ေသရေတာ့မည့္ သားေကာင္က ၊ ေထာင္ေခ်ာက္ထဲတြင္ လက္မေလ်ွာ့စတမ္း ႀကိဳးႀကိဳးစားစားျဖင့္ ရုန္းကန္ေနသည္ကို ျမင္ေနရသလို ခံစားခ်က္မ်ိဳးပင္။

ထို႔အျပင္.......တကယ့္ကို အေတာ္ေလး သည္းခံႏိုင္လွသည္။

"ကြၽန္ေတာ့္ေျခေထာက္ကို ခ်လို႔ရၿပီလား?"

ရွန္႔ရွီးက ကုတင္ေပၚ လွဲေနရင္း သူ႔ကို ၾကည့္လာသည္။

"ကြၽန္ေတာ့္လည္ပင္းေပၚက ဒီဟာကိုေတာင္ ျဖဳတ္လိုက္ၿပီပဲဟာ"

"ဒီအကာကိုေတာ့ ေနာက္ထပ္ ရက္နည္းနည္းေလာက္ ၾကာမွ ဖယ္လို႔ရမွာ"

ခ်ိန္ေပၚယန္က လက္ထဲရိွ လူနာမွတ္တမ္းကို ခ်လိုက္ၿပီး

"ေျခေထာက္က အေရာင္သက္သာလာရင္ တြဲေလာင္းခ်ိတ္မထားလည္း ရၿပီ ၊ ငါ အရင္ဆံုး ၾကည့္ၾကည့္လိုက္ၪီးမယ္"

"ဒီလို ​တြဲေလာင္းခ်ည္ထားတဲ့ ေျခေထာက္ကိုသာ ေအာက္ခ်လိုက္ရင္ ၊ ကြၽန္ေတာ့္ရဲ့ ခါးႂကြက္သားေတြက ေတာင့္တင္းသြားေတာ့မလိုမ်ိဳး ကြၽန္ေတာ္ ခံစားေနရတယ္ ၊ ခင္ဗ်ား ၾကည့္ၾကည့္လိုက္ ၊ ကြၽန္ေတာ့္ဆံပင္ေတြ ေတာ္ေတာ္ေလး ရွည္လာၿပီ မဟုတ္လား?"

ရွန္႔ရွီးက သက္ျပင္းခ်လိုက္သည္။

"ေမာ့ရွီးကန္းျဖစ္ဖို႔ေတာ့ ေစာေနပါေသးတယ္......."

ခ်ိန္ေပၚယန္က ရွန္႔ရွီး၏ ေခါင္းကို ၾကည့္လိုက္သည္။

"သူနာျပဳကို လာၾကည့္ခိုင္းလိုက္ေလ ၊ ခင္ဗ်ားလက္က ေကာင္းသြားၿပီလား?"

ရွန္႔ရွီးမွာ ခ်ိန္ေပၚယန္၏ ညာဘက္လက္ကို ၾကည့္လိုက္မိသည္။

"ေကာင္းသြားတာ ၾကာလွၿပီ"

ခ်ိန္ေပၚယန္က ေခါင္းငံု႔၍ တြဲေလာင္းခ်ိတ္ဆြဲခံထားရသည့္ ရွန္႔ရွီး၏ ေျခေထာက္ကို စစ္ေဆးလိုက္သည္။

"မဆိုးပါဘူး ၊ အေရးႀကီးတဲ့အပိုင္းေတြေတာ့ အေရာင္သက္သာေနၿပီ ၊ ခဏေနက်ရင္ မင္းေျခေထာက္ကို ခ်ေပးဖို႔ သူနာျပဳကို ခိုင္းလိုက္မယ္ ၊ ဒါေပမယ့္ ေလ်ွာက္ၿပီး မလႈပ္ရွားဖို႔ကေတာ့ သတိထားရၪီးမွာေနာ္"

"အင္း ၊ ကြၽန္ေတာ္ျဖင့္ လႈပ္ေတာင္မလႈပ္ရွားတတ္ေတာ့ဘူး"

ရွန္႔ရွီးက ရယ္လိုက္ၿပီး ၊ စဥ္းစားေနကာ ထပ္ေျပာလိုက္သည္။

"ခင္ဗ်ားရဲ့ အဲ့လက္က......ဘယ္လိုလုပ္ ဒဏ္ရာ ရသြားတာလဲ?ကြၽန္ေတာ္ အရင္တုန္းက.......မေမးရဲလို႔"

"မေတာ္တဆ ျဖစ္သြားတာပါ ၊ ဒီဟာကို ဘာမေမးရဲစရာ ရိွလို႔လဲ"

ခ်ိန္ေပၚယန္မွာ မ်ားမ်ားစားစား ေျပာျပဖို႔ပင္ ပ်င္းရိေနမိသည္။

"မိသားစု၀င္က မေက်နပ္ဘူးေလ ၊ စိတ္ေတြ ေလာလာၿပီး လက္ပါေတာ့တာပဲ"

ျပင္ပလူနာတစ္ေယာက္မွာ ၊ လက္ဖ်ံအရိုး က်ိဳးသြားခဲ့သည္။ေက်ာက္ပတ္တီး ျဖည္ၿပီးသည့္ေနာက္၌ လက္ေမာင္းက နာေနသည္ဟု တစ္ခ်ိန္လံုး ေျပာေနသည္။သို႔ေသာ္လည္း ဆရာ၀န္အခ်ိဳ႕မွာ ထိုလူနာအား အလွည့္က် စစ္ေဆးေပးခဲ့ၾကသည္။ဘာျပႆနာမွ မရိွေပ။မိသားစု၀င္က ေဆးရံုကို ရက္အေတာ္ၾကာေအာင္ ဆက္တိုက္ လာေနရာ ၊ ဒါရိုက္တာလ်န္ကိုယ္တိုင္ စစ္ေဆးမႈတစ္ေခါက္ ထပ္လုပ္ေပးခဲ့သည္။ရလဒ္ကေတာ့ အရာအားလံုး ပံုမွန္ပင္။

မိသားစု၀င္က သိသြားသည္ႏွင့္ စစ္ေဆးမႈကို မလုပ္ေတာ့ေပ။ခ်ိန္ေပၚယန္က ၀င္ခြင့္ျပဳခဲ့သည့္ ဆရာ၀န္ ျဖစ္သည္။သို႔ျဖစ္ရာ အထိုးခံလိုက္ရသည္။သူ ေရွာင္တာျမန္သြားလို႔ ေတာ္ေသးသည္ပင္။လႊဲရိုက္လာသည့္ ကုလားထိုင္က လက္ဖမိုးေပၚကိုသာ တစ္ခ်က္ ထိမိသြားခဲ့သည္။

ရွန္႔ရွီးမွာ ဟီးဟီးဟု ႏွစ္ေခါက္ေလာက္ ရယ္လိုက္ၿပီး ၊ တစ္ျခား ဘာမွ ထပ္မေျပာမိေတာ့ေပ။

ထိုစကားကို ၾကားလိုက္ရခ်ိန္၌ သူ႔စိတ္ထဲတြင္ ခ်က္ခ်င္းပင္ ေပါ့ပါးသြားခဲ့သည္။ထိုေန့က ခ်ိန္ေပၚယန္၏ လက္ေပၚရိွ ပိတ္က်ဲစကို ျမင္လိုက္ရသည့္အခ်ိန္တြင္ သူ အလန္႔တၾကား ျဖစ္သြားမိသည္။သိပ္မျဖစ္ႏိုင္ဘူးဟု ထင္မိေသာ္လည္း ၊ နည္းနည္းေတာ့ ေၾကာက္ရြံ႔ေနခဲ့မိသည္။ဖ်င္ရႉး၏ လူေတြ ေဆးရံုကိုလာရွာတာ ျဖစ္မွာ စိုးလို႔ပင္။

ခ်ိန္ေပၚယန္ကို ေတြ့သြားၿပီး ၊ သူ႔အေၾကာင္းကို ေမးမည္။ခ်ိန္ေပၚယန္က မေျပာျပတာေၾကာင့္ အထိုးခံလိုက္ရသည္။

ေတာ္ေတာ္ေလး ရယ္စရာ ေကာင္းလွသည္။ေတာ္ေတာ္ေလး ရယ္စရာ ေကာင္းသည္ကို သိေနေသာ္လည္း သူ တစ္ေလ်ွာက္လံုး ထုတ္မေမးရဲခဲ့ေပ။

ခ်ိန္ေပၚယန္က တစ္ခါတစ္ေလဆိုလ်ွင္ သူနာျပဳမ်ား ၊ လူနာမ်ားႏွင့္ ေျပာဆိုစေနာက္တတ္သည္။စကားေျပာတာပဲ ျဖစ္ျဖစ္ ၊ ကုသတာပဲ ျဖစ္ျဖစ္ အရမ္းကို ႏူးႏူးညံ့ညံ့ ရိွလွသည္။သို႔ေသာ္လည္း အခ်ိန္အမ်ားစုတြင္ေတာ့ အရမ္းကို တည္ၾကည္ေလးနက္လွသည္။လူတစ္ေယာက္၏ လက္ေမာင္းအား ခ်ိဳးခဲ့ျခင္းကို ျမင္ခဲ့ဖူးသည္အား ထပ္ေပါင္းထည့္လိုက္ရာ ၊ မသင့္ေလ်ာ္သည့္ စကားတစ္ခြန္းခြန္း ေျပာလိုက္မိပါက ၊ ခ်ိန္ေပၚယန္၏ ရွင္းလင္းမႈကို ခံလိုက္ရမည္အား ရွန္႔ရွီး ေၾကာက္ေနမိသည္။

"ဒီေန့ မင္းကို ထိုးေဆးတစ္လက္ ေလ်ွာ့ေပးထားတယ္"

ခ်ိန္ေပၚယန္က သူ႔ေျခေထာက္ကို စစ္ေဆးၿပီးသြားခ်ိန္တြင္ ၊ လူနာမွတ္တမ္းကို ယူလိုက္ၿပီး

"မင္းအခု ထမင္းစားလို႔ အဆင္ေျပေလာက္ၿပီေပါ့?အစာအိမ္......"

"ေအာင့္ထားရတာ စိတ္ေလာေနၿပီလား"

စြင္းတာ့က်ယ္က ရုတ္တရက္ႀကီး တံခါးကို တြန္းဖြင့္၍ ၀င္လာခဲ့သည္။အသံက ေတာ္ေတာ္ က်ယ္သည္ပင္။ကုတင္ေဘးနား ေလ်ွာက္လာခဲ့ၿပီး ၊ သြက္သြက္လက္လက္ျဖင့္ ကုတင္ေအာက္ရိွ ဆီးအိုးကို ထုတ္ယူလိုက္ကာ

"လာ ၊ နင္ အရင္ဆံုး ဆီးသြားလိုက္"

"ကြၽန္ေတာ္......."

ရွန္႔ရွီးမွာ ခ်က္ခ်င္းဆိုသလို ရွက္လြန္း၍ ေခါင္းကို ေျမၾကီးထဲသာ ထိုးသြင္းလိုက္ခ်င္ေတာ့သည္။

"ကြၽန္ေတာ္ မသြားဘူး"

"ခုနတုန္းက အရမ္းကို ေလာေနၿပီလို႔ ေျပာတာ မဟုတ္ဘူးလား?"

စြင္းတာ့က်ယ္က ရယ္၍ ေျပာလာသည္။

"ငါ ပန္းကန္ေတာင္ မေဆးခဲ့ဘူး ၊ လကၹက္ရည္ခန္းထဲမွာ ပစ္ထားခဲ့ၿပီး အျမန္ ျပန္လာခဲ့ရတာ"

"သြားလိုက္ပါ"

ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး ၊ လူနာခန္း တံခါးရိွရာဆီ လွည့္ထြက္သြားခဲ့သည္။

ညေနပိုင္းတြင္ ခ်ိန္ေပၚယန္မွာ လူနာခန္းဆီ တစ္ေခါက္ ထပ္လာခဲ့လိုက္သည္။သူနာျပဳက ရွန္႔ရွီးကို တြဲေလာင္းခ်ိတ္ဆြဲထားသည့္ ပစၥည္းမ်ားအား ဖယ္ေပးလိုက္သည္။ေျခေထာက္အေျခအေနကို ေနာက္တစ္ႀကိမ္ စစ္ေဆးၾကည့္လိုက္ရာ ၊ အေရာင္မ်ားက သက္သာေနၿပီပင္။ဒဏ္ရာေတြ ျပန္ေကာင္းလာတာက ေတာ္ေတာ္ေလး မဆိုးလွေပ။

သို႔ေသာ္လည္း ရွန္႔ရွီးက တကယ့္ကို အေတာ္ေလး ပိန္လွသည္။ပံုမွန္ဆို ေန့ရက္မ်ားကို ဘယ္လိုျဖတ္သန္းေနလဲ မသိေပ။အစာအိမ္ မေကာင္းတာ မထူးဆန္းေခ်။

"ေကာင္းသြားၿပီလား?"

ရွန္႔ရွီးက ေမးလိုက္သည္။

"ဘာကို ေကာင္းရမွာလဲ ၊ ဘယ္လိုလုပ္ ဒီေလာက္ျမန္ျမန္နဲ႔ ေကာင္းႏိုင္မွာလဲ"

ခ်္ိန္ေပၚယန္က ေျပာလိုက္သည္။

"မဟုတ္ဘူးေလ ၊ ကြၽန္ေတာ္ေျပာတာက ဖယ္တာေတြ ၿပီးသြားၿပီလားလို႔?"

ရွန္႔ရွီးက အေလာတႀကီးျဖင့္ ေမးလိုက္သည္။

"အင္း"

ခ်ိန္ေပၚယန္က ေခါင္းညိတ္ျပလိုက္သည္။

"ျမန္ျမန္ ျမန္ျမန္ ျမန္ျမန္......."

ရွန္႔ရွီးက ေဘးနားရိွ သူနာျပဳႏွင့္ စြင္းတာ့က်ယ္ဘက္ ေခါင္းကို အျမန္လွည့္လိုက္ကာ ၊ တရစပ္ ေအာ္ေျပာလိုက္သည္။

"က်ယ္က်ယ္ ၊ တာ့က်ယ္ ကူညီေပးပါၪီး ၊ ကြၽန္ေတာ့္ကို လွည့္ေပးပါ ၊ ကြၽန္ေတာ္ ခဏေလာက္ ေမွာက္လွဲခ်င္တယ္ ၊ ခဏေလာက္ ေမွာက္လွဲမယ္ ၊ ခဏေလာက္ ေမွာက္လွဲမယ္ ! "

"ေမွာက္လွဲမွာလား?ဒါ မရဘူးေလ ၊ လွည့္လိုက္ရင္ လက္ေမာင္းနဲ႔ ေျခေထာက္ကို ထိမိသြားမွာေပါ့"

သူနာျပဳက ခ်က္ခ်င္းပင္ ေခါင္းယမ္းျပလာသည္။

"နင့္ရဲ့ ၫွပ္ရိုးကလည္း ဒဏ္ရာရိွတယ္ ၊ ဘယ္လိုလုပ္ ဖိထားလို႔ ရမွာလဲ"

"ကြၽန္ေတာ့္ကို တစ္ေစာင္းျဖစ္ေအာင္ တစ္ခ်က္ လွည့္ေပးပါ ၊ ဘယ္ဘက္ကို"

ခ်ိန္ေပၚယန္မွာ အေလာတႀကီး ျဖစ္ေနသည့္ ရွန္႔ရွီး၏ မ်က္ႏွာကို ၾကည့္၍ ၊ သူနာျပဳကို တစ္ခြန္းေျပာလိုက္သည္။

"မိနစ္နည္းနည္းေလာက္ လွဲေပးလိုက္ပါ"

စြင္းတာ့က်ယ္က ရွန္႔ရွီး၏ ေနာက္ေက်ာကို တြန္း၍ ၊ တစ္ေစာင္းလွဲသလို ျဖစ္သြားေအာင္ ျဖည္းျဖည္းခ်င္း လုပ္ေပးလိုက္သည္။

"အား....."

ရွန္႔ရွီးက မ်က္လံုးကို မိွတ္၍ တစ္ခ်က္ေအာ္လိုက္သည္။

"ဘာျဖစ္လို႔လဲ?"

ခ်ိန္ေပၚယန္မွာ ရွန္႔ရွီး၏ အသံေၾကာင့္ အလန္႔တၾကား ျဖစ္သြားမိၿပီး ၊ လက္ကို အျမန္ဆန္႔ထုတ္၍ ရွန္႔ရွီး၏ ပခံုးကို ထိန္းေပးလိုက္သည္။

"သက္ေသာင့္သက္သာ ရိွလို႔"

ရွန္႔ရွီးက အေတာ္ေလး အေနရခက္စြာျဖင့္ ရယ္ျပလိုက္သည္။

"အေပၚတည့္တည့္ကို မ်က္ႏွာမူၿပီး ဒီလိုလွဲေနရတာ အရမ္းၾကာေနၿပီဆိုေတာ့ ကြၽန္ေတာ္လွဲေနရင္း ျပားကပ္သြားၿပီ ၊ အခု ျဖည္းျဖည္းခ်င္း ျပန္လိပ္လာတဲ့ခံစားခ်က္က တကယ္ေကာင္းတာပဲ"

"........ခဏေလာက္ တစ္ေစာင္းလွဲၿပီးရင္ ရၿပီ ၊ လွဲေနရတာ သက္ေသာင့္သက္သာ မရိွရင္ မင္း မွီထိုင္ေနလို႔ရတယ္"

ခ်ိန္ေပၚယန္က မွာၾကားေနသည္။

"ဒါေပမယ့္ ေျခေထာက္ကို ေျမၾကီးေပၚ ခ်လို႔မရဘူး ၊ ကုတင္အစြန္းနားမွာ ထိုင္လို႔လည္း မရဘူး"

"သိပါၿပီ သိပါၿပီ"

ရွန္႔ရွီးက သက္ေသာင့္သက္သာ ရိွေနသလို မ်က္ႏွာျဖင့္ မ်က္လံုးကို မိွတ္လိုက္သည္။

"သိပါၿပီ......"

-----------

ည အိမ္ျပန္ေရာက္လာခ်ိန္တြင္ ၊ တံခါးကေန ၀င္လာသည္ႏွင့္ ခ်ိန္ေပၚယန္မွာ ေမႊးရနံ႔ကို ရႉရိႈက္လိုက္မိသည္။အခန္းထဲတြင္ လူမရိွေပ။သို႔ေသာ္လည္း ဤသည္မွာ အေမ လာသြားျခင္းျဖစ္ေၾကာင္း သူ သိသည္ပင္။

သူ အက်ႌလဲလိုက္ၿပီး လက္ေဆး၍ ၊ မီးဖိုခန္းထဲ ၀င္လာခဲ့လိုက္ရာ ၊ အေနြးခံအိုးထဲတြင္ စြပ္ျပဳတ္အျပည့္ကို ေတြ့လိုက္ရသည္။ထမင္းလည္း ခ်က္ၿပီးသြားၿပီ ျဖစ္ၿပီး ၊ ေဘးနားတြင္ ခ်ထားသည္။

သူ ဇြန္းျဖင့္ စြပ္ျပဳတ္ထဲ အခ်က္နည္းငယ္ေလာက္ ေမႊလိုက္သည္။တရုတ္၀ဥ ၊ ေျပာင္းဖူး ၊ ၀က္နံရိုး စြပ္ျပဳတ္ပင္။အနံ႔ကို ရႉရိႈက္လိုက္ရာ အရမ္းကို ေမႊးလွသည္။ခ်က္ခ်င္းပင္ ဗိုက္ဆာလာသလို ခံစားလိုက္ရသည္။

သို႔ေသာ္လည္း သူ ပံုမွန္အတိုင္း ေျပးစက္ေပၚ သြား၍ တစ္နာရီၾကာေအာင္ ေျပးလိုက္သည္။တစ္ကိုယ္လံုး ေခြၽးေတြ ထြက္လာရာ ၊ အေတာ္ေလး စိတ္ေပါ့ပါးသြားသလို ခံစားလိုက္ရသည္။

ခဏေလာက္ အနားယူလိုက္ၿပီး ၊ ေရခ်ိဳးလိုက္ကာ ၊ စြပ္ျပဳတ္တစ္ပန္းကန္ ခပ္ယူလိုက္သည္။ဒီအတိုင္းပဲ စားလိုက္ေတာ့ရန္ ျပင္လိုက္သည့္ အခ်ိန္၌ ၊ ေဘးနားတြင္ စာရြက္တစ္ရြက္ ခ်ထားသည္ကို ေတြ့လိုက္ရသည္။စာရြက္ေပၚတြင္ အေမေရးထားသည့္ စာမ်ားရိွသည္။ :

"ေရခဲေသတၲာထဲမွာ လတ္လတ္ဆတ္ဆတ္ ဆလတ္ရြက္ေတြ ရိွတယ္ ၊ ဒုတိယေဒၚေလး စိုက္ထားတာ"

အစကေတာ့ သူ ဟင္းရြက္တစ္မ်ိဳးမ်ိူး ထပ္လုပ္ၿပီး စားဖို႔ ပ်င္းေနမိသည္။သို႔ေသာ္လည္း အေမ့၏ဒီအဓိပၸါယ္က သူ႔ကို စားခိုင္းေနျခင္းပင္။

သို႔ျဖစ္ရာ သူ ေရခဲေသတၲာတံခါးကို ဆြဲဖြင့္လိုက္သည္။ေျပာင္စင္ေနေအာင္ ေဆးေၾကာထားသည့္ ဆလတ္ရြက္အိတ္အေသး တစ္လံုးကို ေတြ့လိုက္ရသည္။အေတာ္ေလး ႏူးညံ့ၿပီး အေတာ္ေလးလည္း လတ္ဆတ္လွသည္ပင္။သူ ထုတ္ယူလိုက္ၿပီး ေရျဖင့္ ေဆးလိုက္ကာ ၊ ဆလတ္ရြက္မ်ားအား ပါးစပ္ထဲ တန္းထည့္၍ ဝါးစားလိုက္သည္။

ဒုတိယေဒၚေလးက ကိုယ့္ဘာသာ ဟင္းရြက္ေတြ စိုက္ရျခင္းကို သေဘာက်သည္။ပိုးသတ္ေဆး ၊ အညစ္အေက်း ကင္းစင္ၿပီး သဘာ၀အတိုင္းစိုက္ျခင္းျဖစ္သည္။

ခ်ိန္ေပၚယန္မွာ ဆလတ္ရြက္စားရျခင္းကို ေတာ္ေတာ္ေလး ႀကိဳက္သည္ပင္။

----------

ညေရာက္ခ်ိန္တြင္ေတာ့ ရွန္႔ရွီးမွာ အရမ္းကို ပ်င္းရိလာသလို ခံစားရသည္။ေဘးနားရိွ ကုတင္က က်ိဳးက်င့္ ေဆးရံုဆင္းသြားသည့္ေနာက္တြင္ ၊ ၪီးေလးႀကီးတစ္ေယာက္ ေျပာင္းလာခဲ့သည္။ၪီးေလးႀကီးက ေဒါသေတာ္ေတာ္ႀကီးလွသည္။အႀကီးမားဆံုး ဝါသနာမွာ သူ႔သားကို ဆဲဆိုရျခင္းပင္။ညပိုင္းတြင္ သူ႔သားက အေဖာ္လာေစာင့္ေပးရာ ၊ ညစာ စားသည့္အခ်ိန္ကစၿပီး ဆဲဆိုေနသည္မွာ ၊ မီးမိွတ္သြားသည့္ အခ်ိန္အထိပင္။

ရွန္႔ရွီးမွာ စကားေျပာစရာ လူမရိွေတာ့​တာေၾကာင့္ တီဗြီၾကည့္ရံုသာ ရိွေတာ့သည္။ေဆးရံုက တီဗြီမွာ လိုင္းအမ်ားႀကီး မရိွေပ။စြင္းတာ့က်ယ္မွာ စီးရီးၾကည့္ရတာကို ႀကိဳက္ၿပီး ၊ တစ္ခုကို ေရြး၍ ေန့တိုင္း ညဆိုလ်ွင္ စိုက္ၾကည့္ေနတတ္သည္။

ရွန္႔ရွီးမွာ အစက သူမႏွင့္ အတူတူ ၾကည့္ခ်င္ခဲ့မိသည္။သို႔ေသာ္လည္း ခဏေလာက္ပဲ ၾကည့္လိုက္ ၊ ၪီးေလးႀကီးက တစ္ခြန္း ဆဲဆိုလာလိုက္ ၊ ထပ္ၿပီး ခဏေလာက္ ၾကည့္လိုက္ ၊ ၪီးေလးႀကီးက ထပ္ၿပီး တစ္ခြန္း ဆဲဆိုလာလိုက္ ရိွေနသည္။အႏွစ္ခ်ဳပ္ရလ်ွင္ တီဗြီထဲက ဘာေတြေျပာေနမွန္းကို ေသေသခ်ာခ်ာ မၾကားရေပ။

စြင္းတာ့က်ယ္မွာ တီဗြီစက္အေရ႔ွနားတြင္ ရပ္ေနတာေၾကာင့္ ေသခ်ာၾကားရသည္ပင္။သူ ကုတင္ေပၚ လွဲေနရင္း စိတ္တိုကာ အေတြးေတြ ပ်ံ့လြင့္ေနမိသည္။

သူ ငယ္ငယ္ကေလးကတည္းကေန အရြယ္ေရာက္လာသည္အထိ ၊ ဒီလို တိတ္တိတ္ဆိတ္ဆိတ္ မေနခဲ့ဖူးေပ။ကုတင္ေပၚတြင္ လွဲေနရသည္မွာ တစ္လေလာက္ ရိွေနၿပီျဖစ္ရာ ၊ သစ္ငုတ္တိုလိုမ်ိဳး ေတာင့္ေတာင့္ႀကီး ျဖစ္ေနေလၿပီ။ဘယ္လိုလွဲေနေန သက္ေသာင့္သက္သာ မရိွေပ။ခႏၶာကိုယ္ကို လွည့္ဖို႔သာ တစ္ခ်ိန္လံုး ေတြးေနမိသည္။တစ္ခ်ိန္လံုး ဟိုဘက္လွည့္လိုက္ ဒီဘက္လွည့္လိုက္လည္း လုပ္လို႔ မရျပန္ေပ။

ထို႔အျပင္ စြင္းတာ့က်ယ္ကိုလည္း ဟိုဘက္လွည့္ခိုင္းလိုက္ ဒီဘက္လွည့္ခိုင္းလိုက္ မလုပ္ခိုင္းရဲျပန္ေပ။မေန့က စြင္းတာ့က်ယ္က တစ္ျခားလူနာေစာင့္တစ္ေယာက္ႏွင့္ စကားေျပာေနသည္ကို ၾကားခဲ့ရသည္။အရိုးကုဌာနတြင္ လူနာေစာင့္ လုပ္ရသည္မွာ အား အရမ္းကုန္လွၿပီး ၊ ပင္ပမ္းတာေၾကာင့္ မလုပ္ခ်င္ေတာ့ဘူးဟု ေျပာေနသည္။

စြင္းတာ့က်ယ္ကို ထြက္ေျပးသြားေအာင္ လုပ္လိုက္မိပါက ၊ ခ်ိန္ေပၚယန္အတြက္ ျပႆနာရွာလိုက္သလို ျဖစ္သြားမွာ သူ ေၾကာက္မိသည္။

"အိုင္း........"

ရွန္႔ရွီးမွာ သက္ျပင္းခ်၍ မ်က္လံုးကို မိွတ္ခ်လိုက္မိသည္။

မန္ထိုလည္း ဘယ္လိုေနလဲ မသိေပ။တကယ္ပဲ ေျပးလို႔ လြတ္သြားတာလား ၊ ေျပးလို႔ မလြတ္သြားဘူးလား။အာ့ဖန္ရဲ့ တပည့္က ထြက္ေျပးသြားျခင္းမွာ ၊ အာ့ဖန္အတြက္မ်က္ႏွာ ပ်က္စရာပင္။ေျမၾကီးကို တစ္ေပေလာက္ တူးဖို႔ကို မေျပာႏွင့္ သံုးေပေလာက္ တူးရမည္ဆိုလ်ွင္ေတာင္ အာ့ဖန္က ေသခ်ာေပါက္ တူးမွာပင္။

အခ်ိန္ေတြေတာင္ ဒီေလာက္ၾကာသြားၿပီပင္။မန္ထိုမွာ တူးထုတ္ခံလိုက္ရၿပီလားလည္း မသိေပ။

ၿပီးေတာ့.......လီေဟြ့။

ရွန္႔ရွီးမွာ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။သူ ခါးကိုင္း၍ ေခါင္းကိုဖက္ကာ ႏွင္းျပင္ထဲရိွ ရႊံ႔ထဲ ေမွာက္ေနသည့္ အခ်ိန္က ၊ ရုပ္ရွင္တြဲဖက္တီးလံုးလိုမ်ိဳး ေၾကာက္ရြံ႔ထိတ္လန္႔စြာ ငိုေနသည့္ လီေဟြ့၏ ငိုသံကို သူ ေမ့လို႔မရေပ။

ေဆးရံုတြင္ ရိွေနစဥ္ ၊ အိပ္မက္မ်ားထဲ၌ အႀကိမ္ေတာ္ေတာ္မ်ားမ်ား ၾကားေယာင္ေနမိသည္။

သို႔ေသာ္လည္း လီေဟြ့ကိုေခၚ၍ ထြက္ေျပးလာခဲ့ျခင္းကို သူ ေနာင္တ မရေပ။ဖ်င္ရႉး၏ သူ႔အေပၚ မယံုၾကည္မႈကို သူ ေလ်ွာ့တြက္မိသြားျခင္းသာ။လီေဟြ့လည္း ေနာင္တမရဘူးဆိုတာ သူ သိသည္ပင္။သူမအား ေနာက္တစ္ႀကိမ္ အခြင့္အေရး ထပ္ေပးလ်ွင္ ၊ သူမက သူ႔ႏွင့္အတူ လိုက္ၿပီး ထြက္ေျပးၪီးမွာပင္။

လီေဟြ့က သူ႔အား ပထမဆံုးအႀကိမ္ အကူအညီေတာင္းသည့္ အခ်ိန္ကစၿပီး ၊ မ်က္လံုးထဲရိွ အေလ်ွာ့မေပးလိုေသာ ပံုစံက ၊ ၾကည့္လိုက္ရံုျဖင့္ သိႏိုင္သည္ပင္။

ဒီတစ္ေခါက္ ျပန္အဖမ္းခံလိုက္ရၿပီး ဘယ္လိုျဖစ္သြားမလဲ ဆိုသည္ကိုေတာ့.......သူ အေသးစိတ္ မစဥ္းစားေတာ့ေပ။

တစ္ရက္ျခား တစ္ခါဆိုသလို ညဘက္မအိပ္ခင္အခ်ိန္၌ စြင္းတာ့က်ယ္က သူ႔ခႏၶာကိုယ္ကို ပြတ္တိုက္ေပးတတ္သည္။သူ အစတုန္းက တကယ္ကို အသားမက်ေပ။တစ္ျဖည္းျဖည္းျဖင့္ သိပ္ၿပီး အေနရ မခက္ေတာ့ေခ်။ခႏၶာကိုယ္ကို ပြတ္တိုက္ၿပီး အိပ္လ်ွင္ အေတာ္ေလး သက္ေသာင့္သက္သာ ရိွလွသည္။ထို႔အျပင္ ဒီလိုမ်ိဳး လူတစ္ေယာက္၏ ဂရုစိုက္ေပးျခင္း ခံရသည့္ ခံစားခ်က္က ေတာ္ေတာ္ေလး ေကာင္းသည္ပင္။

"ေက်းဇူးပါပဲ ၊ စြင္းတာ့က်ယ္"

သူ အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။

"အားမနာပါနဲ႔"

စြင္းတာ့က်ယ္က မ်က္ႏွာသုတ္ပဝါကို ကိုင္ထားၿပီး

"ငါ နင့္ကို ေျပာမယ္ ၊ ငါကလည္း နင့္လိုကေလးမ်ိဳးကို ၾကည့္ရတာ သနားလို႔ ၊ မဟုတ္လို႔ကေတာ့ ငါ အရင္ရက္ေတြကတည္းက မလုပ္ေတာ့ဘူး ၊ ေဒါက္တာခ်ိန္က ငါ့အတြက္ ပိုက္ဆံတိုးေပးလည္း ငါ မလုပ္ေတာ့ဘူး"

"သူက ပိုက္ဆံတိုးေပးထားတာလား?"

ရွန္႔ရွီးမွာ ေၾကာင္အသြားမိသည္။

"အင္း ၊ ပိုက္ဆံမတိုးေပးရင္ တကယ္ႀကီး လုပ္ဖို႔ အဆင္မေျပဘူး ၊ နင္က ဘယ္ေနရာကမွ မလႈပ္ရွားႏိုင္ဘူးေလ ၊ နင့္တစ္ေယာက္တည္းနဲ႔ အလုပ္ရႈပ္ရတာက ၊ သူမ်ားအိမ္သြားၿပီး လူနာႏွစ္ေယာက္ကို ေစာင့္ေရွာက္ေပးရတာနဲ႔ အတူတူေလာက္ပဲ"

စြင္းတာ့က်ယ္က ေျပာလာသည္။

Fuck။ရွန္႔ရွီးမွာ မ်က္လံုးကို မိွတ္ခ်လိုက္မိသည္။ခ်ိန္ေပၚယန္၏ ထိုေငြစာရင္းေပၚတြင္ ေနာက္တစ္ခု ထပ္မ်ားသြားေတာ့မည္ပင္။

မနက္ခင္းတြင္ ရွန္႔ရွီးမွာ အေစာႀကီး ႏိုးလာခဲ့သည္။ၪီးေလးႀကီးက ေန့ခင္းဘက္ဆို လူကို သိပ္ၿပီး မဆဲဆိုတတ္ေပ။သို႔ေသာ္လည္း အိပ္ရာထ ေစာလွသည္။ကုတင္းေခါင္းရင္းတြင္ ဒုန္း ခြမ္း ႏွင့္ ဘာေတြလုပ္ေနမွန္း မသိေပ။ရွန္႔ရွီးမွာ ၪီးေလးႀကီး၏ ဇီ၀ေဗဒစနစ္အတိုင္း လိုက္ေနေနရသည္။

ဆူညံသံမ်ားေၾကာင့္ ႏိုးလာခဲ့ၿပီးေနာက္တြက္ ၊ မနက္စာ စားလိုက္ၿပီး ၊ ထပ္ၿပီး အိပ္ခ်င္လာျပန္သည္။သူ ဆက္အိပ္ဖို႔ စီစဥ္လိုက္သည္။ဒီတစ္ဘ၀လံုးအတြက္ အိပ္စက္ျခင္းမ်ားကို ေဆးရံုမွာပင္ အိပ္ရင္း ကုန္ဆံုးသြားေတာ့မည္ပင္။မအိပ္လ်ွင္လည္း လုပ္စရာက ဘာမွ ရိွမေနျပန္ေပ။

ၪီးေလးႀကီးက လူကို မဆဲဆိုသည့္အခ်ိန္တြင္ သတင္းစာ ၊ မဂၢဇင္းမ်ား ၾကည့္ေနႏိုင္ေသးသည္။သူကေတာ့ မရေပ။သူနာျပဳက သူ႔အတြက္ မဂၢဇင္းတစ္အုပ္ ယူလာေပးခဲ့ဖူးသည္။ဒီအေပၚက စကားလံုးေတြကို သူ အကုန္မသိဘူးဟု ေျပာျပရန္ကလည္း ရွက္ေနမိျပန္သည္။

ထို႔အျပင္ အိပ္ေနသည့္ အခ်ိန္ဆို ခႏၶာကိုယ္က နည္းနည္းပိုၿပီး သက္ေသာင့္သက္သာ ရိွသည္ပင္။ဟိုဘက္က ၪီးေလးႀကီး၏ အသံမ်ားကိုလည္း မၾကားရေတာ့ေပ။

တစ္ခ်ိန္လံုး အိပ္ေနလိုက္ၿပီး ဘယ္ေလာက္ၾကာသြားမွန္း မသိေတာ့ေပ။ရွန္႔ရွီးမွာ အိပ္ရလြန္း၍ ေတာ္ေတာ္ေလး ထိုင္းမိႈင္းလာခဲ့သည္။ထိုအခ်ိန္က်မွသာ စိတ္မပါစြာျဖင့္ မ်က္လံုးကို ဖြင့္လိုက္သည္။

မ်က္လံုး ဖြင့္ဖြင့္ခ်င္းမွာပင္ ၊ သူ႔မ်က္ႏွာအေရ႔ွရိွ မ်က္ႏွာတစ္ခုကို ေတြ့လိုက္ရတာေၾကာင့္ သူ အလန္႔တၾကား တစ္ေခါက္ေလာက္ ခုန္မိသြားခဲ့သည္။ :

"အိုင္း ၊ ငါလူး ! "

"မင္း ငါလူးလို႔ ေျပာတာကို ငါ ထပ္ၾကားရလို႔ကေတာ့ ၊ ငါ မင္းပါးစပ္ကို ခ်ဳပ္ခိုင္းလိုက္မယ္"

ခ်ိန္ေပၚယန္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ခင္ဗ်ားေၾကာင့္ ကြၽန္ေတာ္လန္႔ၿပီး တစ္ေခါက္ေလာက္ ခုန္မိသြားၿပီ ! "

ရွန္႔ရွီးက ေျပာလိုက္သည္။

"ငါ မင္းကို လန္႔ၿပီး ဆယ္ခါေလာက္ ခုန္မိေအာင္ လုပ္ေတာ့ေရာ ဘာျဖစ္လဲ ၊ မင္းကို တစ္ေခါက္ေလာက္ လန္႔ၿပီး ခုန္မိေအာင္ လုပ္ရင္ မင္း ေကာင္းေကာင္းခုန္လိုက္ေပါ့"

ခ်ိန္ေပၚယန္က ကုတင္ေျခရင္းနား ေလ်ွာက္သြားလိုက္ၿပီး ၊ လႈပ္ယမ္းသည့္ ကိရိယာကို လွည့္လိုက္ကာ ၊ ကုတင္ေခါင္းရင္းဘက္ကို ေထာင္လိုက္သည္။

"တစ္မနက္လံုး အိပ္ၿပီးၿပီ ၊ အစားနည္းနည္းေလာက္ စားလိုက္"

"စြင္းတာ့က်ယ္ေရာ?"

ရွန္႔ရွီးက ေခါင္းကိုလွည့္၍ ၾကည့္လိုက္သည္။အခု သူ႔လက္ေမာင္းက ေကြးလို႔ရေနၿပီပင္။ကိုယ့္ဘာသာ ဇြန္းကိုင္၍ အစားစားလို႔ ရၿပီျဖစ္သည္။သို႔ေသာ္လည္း မ်က္ႏွာသစ္ျခင္းလိုမ်ိဳး အားနည္းနည္းသံုးဖို႔ လိုသည့္ကိစၥမ်ိဳးကိုေတာ့ စြင္းတာ့က်ယ္ကို ကူညီခိုင္းရသည္ပင္။

"သူမက ဒီေန့မနက္ ခြင့္ယူထားတယ္ ၊ အိမ္မွာ အေရးႀကီးကိစၥ ရိွလို႔တဲ့"

ခ်ိန္ေပၚယန္က ရွန္႔ရွီး၏ မ်က္ႏွာသုတ္ပဝါကို ယူ၍ သန္႔စင္ခန္းထဲ ၀င္သြားခဲ့သည္။

"ေၾသာ........"

ရွန္႔ရွီးမွာ အသံတစ္ခ်က္ ျပန္ေပးလိုက္မိၿပီး ၊ ဒီေန့ ခ်ိန္ေပၚယန္ ဆရာ၀န္ကုတ္အက်ႌ မ၀တ္ထားသည္ကို သတိထားမိလိုက္သည္။

"ေကာ ၊ ခင္ဗ်ား ဒီေန့ နားတယ္ မဟုတ္လား?"

"အင္း"

ခ်ိန္ေပၚယန္က မ်က္ႏွာသုတ္ပဝါကို ပြတ္သုတ္ၿပီး၍ ယူလာခဲ့လိုက္သည္။

"ငါ အစက ေတြးထားတာ ၊ ညက်မွ စြပ္ျပဳတ္ဘူးက္ို ယူလာခဲ့ၿပီး မင္းကို လာေပးမလို႔ ၊ သူမက ငါ့က္ို ဖုန္းလွမ္းဆက္တာနဲ႔ ၊ ငါ လာခဲ့လိုက္ေတာ့တာ"

"တကူးတကႀကီး ကြၽန္ေတာ့္ဖို႔ စြပ္ျပဳတ္ပို႔ေပးတာလား?"

ရွန္႔ရွီးက ေခါင္းလွည့္၍ ၊ ကုတင္ေခါင္းရင္းရိွ ဘီရိုေပၚတြင္ ခ်ိန္ေပၚယန္ တင္ထားသည့္ အေနြးဓာတ္ထိန္းဘူးကို ၾကည့္လိုက္သည္။

"တကူးတကႀကီးေပါ့?"

"ငါ တကူးတကႀကီး လာတာက္ို မင္း အားနာေနရင္လည္း ခဏေနက်ရင္ ငါ စူပါမားကတ္ဆီ ထပ္သြားၿပီး ဟင္းသီးဟင္းရြက္ နည္းနည္းေလာက္ သြား၀ယ္လိုက္မယ္ ၊ ငါက ဟင္းသီးဟင္းရြက္သြား၀ယ္ရင္း ၊ အဆင္သင့္ေနတာနဲ႔ မင္းဖို႔ စြပ္ျပဳတ္လာပို႔ေပးတာ"

ခ်ိန္ေပၚယန္က ရွန္႔ရွီး၏ ေခါင္းအေနာက္ကို ထိန္းကိုင္လိုက္ၿပီး ၊ မ်က္ႏွာသုတ္ပဝါျဖင့္ မ်က္ႏွာေပၚ သုတ္ေပးလာသည္။

"အိုင္း"

ရွန္႔ရွီးမွာ မ်က္လံုးမိွတ္ေပးလိုက္ၿပီး ၊ နည္းနည္း အံ့ၾသသြားမိသည္။ခ်ိန္ေပၚယန္၏ လႈပ္ရွားမႈက ကြၽမ္းက်င္ေနသည္မွာ စြင့္တာ့က်ယ္ႏွင့္ သိပ္ၿပီး မကြာျခားလွေပ။ထို႔အျပင္ အားအနည္း ၊ အမ်ား ၊ ကိုင္တာ ၊ တြယ္တာေတြက အရမ္းကို သင့္ေတာ္မႈ ရိွသည္။ပူပူေနြးေနြး မ်က္ႏွာသုတ္ပဝါက မ်က္ႏွာေပၚ ထိကပ္ေနသည္မွာ အရမ္းကို ခံစားလို႔ ေကာင္းလွသည္။သူ မသဲမကြဲျဖင့္ ေျပာလိုက္သည္။

"ခင္ဗ်ားမွာ ကေလးရိွတယ္ မဟုတ္လား?"

"ဟင္?"

ခ်ိန္ေပၚယန္က မ်က္ႏွာသုတ္ပဝါကို ဖယ္လိုက္ၿပီး

"ဘာေျပာတာလဲ?"

"သူမ်ားမ်က္ႏွာကို သုတ္ေပးတာ တကယ္ ကြၽမ္းက်င္တာပဲ ၊ စြင္းတာ့က်ယ္ကို မွီေတာ့မယ္ ၊ တစ္ခ်က္ၾကည့္လိုက္တာနဲ႔ ေလ့က်င့္ထားထားတဲ့ သူမွန္း သိသာတယ္"

ရွန္႔ရွီးက ပတ္တီးစည္းထားဆဲျဖစ္သည့္ လက္ေမာင္းကို ေျမႇာက္လိုက္ၿပီး ၊ ခ်ိန္ေပၚယန္အား လက္မ ေထာင္ျပလိုက္သည္။

"သက္ေသာင့္သက္သာရိွတယ္"

"စားေတာ့"

ခ်ိန္ေပၚယန္က ထိုအေၾကာင္းအရာကို ရွန္႔ရွီးႏွင့္ ဆက္မေဆြးေနြးပဲ ၊ စားပြဲပ်ဥ္ျပားက္ို ရွန္႔ရွီးအေရ႔ွနား ခ်ေပးလိုက္ၿပီး ၊ ထမင္းဘူးထဲ စြပ္ျပဳတ္မ်ား ေလာင္းထည့္၍ ဇြန္းတစ္ေခ်ာင္း ယူေပးလိုက္သည္။ၿပီးေနာက္တြင္ေတာ့ သန္႔စင္ခန္းထဲ လွည့္၀င္သြားကာ မ်က္ႏွာသုတ္ပဝါကို ပြတ္တိုက္လိုက္သည္။

"ဒါက ဘာစြပ္ျပဳတ္လဲ?အရမ္းေမႊးတာပဲ ! "

ရွန္႔ရွီးက အျပင္ကေန တစ္ခြန္း ေအာ္ေမးလိုက္သည္။

"Iron rod yam စြပ္ျပဳတ္"

ခ်ိန္ေပၚယန္က ျပန္ေျဖလိုက္သည္။

"Fuck"

ရွန္႔ရွီးမွာ ေၾကာင္အသြားခဲ့ၿပီး ၊ တစ္ဆက္တည္းမွာပင္ အရယ္မရပ္ႏိုင္ေတာ့ေပ။

"ခင္ဗ်ား တမင္ေျပာေနတာမဟုတ္လား ၊ ဒီIron rod yam က မၿပီးႏိုင္ေတာ့ဘူးလား"

"တကယ္ႀကီး Iron rod yam စြပ္ျပဳတ္"

ခ်ိန္ေပၚယန္က သန္႔စင္ခန္းထဲမွ ထြက္လာၿပီး ၊ လက္အလ်ဥ္းသင့္သလို လူနာခန္းထဲရိွ ပိုးသတ္ေဆးဘူးထဲမွ ပ္ုးသတ္ေဆးအား လက္ေပၚ နည္းနည္းၫွစ္ယူ၍ သုတ္လိုက္သည္။

"တရုတ္၀ဥ ၊ ေျပာင္းဘူး ၊ နံရိုး ၊ တရုတ္၀ဥက မင္းရဲ့ အစာအိမ္အတြက္လည္း ေကာင္းတယ္"

"ေတာ္ေတာ္ေမႊးတယ္"

ရွန္႔ရွီးက ေခါင္းငံု႔၍ အလုတ္အနည္းငယ္ေလာင္ ေသာက္လိုက္ၿပီး

"ဆားမထည့္ထားတာေလးပဲ"

"မင္း ေဆးရံုကထမင္း စားရတာ ေပါ့လား?"

ခ်ိန္ေပၚယန္က ကုတင္ေဘးတြင္ ထိုင္၍ တစ္ခြန္းေမးလိုက္သည္။

"ေပါ့တယ္ေလ ၊ ဒါေပမယ့္ ေဆးရံုက ထမင္းက ေပါ့တာ ၊ ဒီဟာကက်ေတာ့ ဆားမပါတာ ၊ လယ္ဗယ္က မတူဘူး ၊ ခင္ဗ်ားခ်က္တာလား?"

ရွန္႔ရွီးက ႏွာေခါင္းကို တြန္႔၍ ရယ္ရင္း ေျပာလိုက္သည္။

"ဒါေပမယ့္ ဆားမထည့္ထားလည္း ေသခ်ာေပါက္ ကုန္ေအာင္ စားႏိုင္တယ္ ၊ လူတစ္ေယာက္က ကြၽန္ေတာ္စားဖို႔အတြက္ တကူးတက ခ်က္ေပးထားတာ ပထမဆံုးအႀကိမ္ပဲ ၊ ၀ေအာင္ စားရမယ္ ၊ တစ္ေခါက္ေလာက္ အမွတ္တရ ျဖစ္တာေပါ့"

"ဆားထည့္ထားပါတယ္ ၊ မင္း ပံုမွန္အခ်ိန္ စားတာက အရမ္းေလးေနလို႔"

ခ်ိန္ေပၚယန္မွာ ရွန္႔ရွီးကို တစ္ခ်က္ ၾကည့္လိုက္မိသည္။ရွန္႔ရွီးမ်က္ႏွာေပၚရိွ ထိုေပ်ာ္ရႊင္ေနသည့္ အမူအယာ​ေၾကာင့္ ၊ ဒီစြပ္ျပဳတ္ကို သူ႔ဖို႔ ခ်က္ထားတာ မဟုတ္ဘူးဟု ခ်ိန္ေပၚယန္မွာ မေျပာမိေတာ့ေပ။

စြင္းတာ့က်ယ္မွာ ေန့လည္စာ စားၿပီးမွ ေဆးရံုကို ျပန္လာႏိုင္မွာ ျဖစ္သည္။သူမ ျပန္လာတဲ့အထိ ေစာင့္ၿပီးမွ သြားဖို႔ ခ်ိန္ေပၚယန္ ေတြးထားလိုက္သည္။သူနာျပဳကို ေခၚ၍ သူ႔အတြက္ မုထိုထမင္းတစ္ပြဲ ကူ၀ယ္ခိုင္းလိုက္ၿပီး ၊ လူနာခန္းထဲမွာပင္ စားလိုက္သည္။

"ကြၽန္ေတာ္က ခင္ဗ်ားစားၿပီးၿပီ ထင္ေနတာ"

ရွန္႔ရွီးမွာ ခ်ိန္ေပၚယန္ လက္ထဲရိွ ၀က္သား မုထိုထမင္းကို ၾကည့္လိုက္ၿပီး

"ခင္ဗ်ား မစားရေသးဘူးလို႔ ခုနတုန္းကသာ ေျပာရင္ ၊ ကြၽန္ေတာ္ ဟို Iron rod yamေတြကို အကုန္ကိုက္မစားလိုက္ပါဘူး ၊ ဘယ္လိုပဲျဖစ္ျဖစ္ ခင္ဗ်ားဖို႔ နည္းနည္းေလာက္ ခ်န္ေပးရမွာေပါ့"

"မင္း ငါ့ကို စိတ္ပူေနဖို႔ မလ္ိုပါဘူး......."

အမွန္မွာေတာ့ ခ်ိန္ေပၚယန္မွာ ဒီထမင္းအေပၚ သိပ္ၿပီး စိတ္မ၀င္စားေပ။အရမ္းငန္ၿပီး ၊ ဆီလည္း မ်ားသည္။တစ္ခြန္းေျပာလိုက္ၿပီး ေခါင္းေမာ့၍ ရွန္႔ရွီးကို တစ္ခ်က္ ၾကည့္မိလိုက္ရာ သူ ထိန္းမထားႏိုင္ေတာ့ပဲ ရယ္ခ်လိုက္မိသည္။

"မင္း ငါ့ထမင္းကို အရမ္းစားခ်င္ေနတာ မဟုတ္လား?"

"အိုင္း"

ရွန္႔ရွီးက အေတာ္ေလး အေနရခက္ေနသည့္ ပံုစံျဖင့္ မ်က္ႏွာကို တစ္ဖက္လွည့္လိုက္သည္။

"ကြၽန္ေတာ္ ဗိုက္၀ေနၿပီ"

"တကယ္ မစားဘူးေနာ္?"

ခ်ိန္ေပၚယန္က အသားတစ္တံုးကို ၫွပ္ယူ၍ ရွန္႔ရွီးကို ေမးလိုက္သည္။

"ကြၽန္ေတာ္......."

ရွန္႔ရွီးက ထိုဘက္ကို တစ္ခ်က္ လွမ္းၾကည့္လိုက္ၿပီး ၊ မ်က္ႏွာကို ျပန္လွည့္လာကာ ၊ ပါးစပ္ဟလိုက္သည္။

"ဒါဆိုလည္း ကြၽန္ေတာ္ အသားတစ္တံုးေလာက္ ျမည္းမယ္ ! "

ခ်ိန္ေပၚယန္က အသားကို ပါးစပ္ထဲ ထည့္လိုက္ၿပီး :

"စိတ္ကူးယဥ္ေနလိုက္"

"ခင္ဗ်ားက ဆရာ၀န္တစ္ေယာက္ ျဖစ္ေနၿပီး ! "

ရွန္႔ရွီးမွာ လံုး၀က္ို ေျပာစရာစကား မဲ့သြားမိသည္။ႏွာေခါင္းထဲတြင္ ၀က္သားအနံ႔ေတြခ်ည္းပင္။ပါးစပ္ထဲ ထည့္မစားလိုက္ရတာ ထားလိုက္ေတာ့။အလွည့္စား ခံလိုက္ရေသးသည္။

"ခင္ဗ်ား ဆရာ၀န္တစ္ေယာက္ ျဖစ္ေနၿပီး လူနာကို ဒီလိုဖ်ားေယာင္းတယ္ေပါ့ ! "

"ေနေနလိုက္ၪီး ၊ မင္းက အခု ေပါ့တာေတြပဲ စားရၪီးမွာ ၊ ဒီဟာက ဆီအရမ္းမ်ားတယ္"

ခ်ိန္ေပၚယန္က မတ္တပ္ထရပ္လိုက္ၿပီး ၊ လူနာခန္းထဲမွ လွည့္ထြက္လာခဲ့လိုက္ကာ ၊ စႄကၤံလမ္းေပၚတြင္ ထြက္စားလိုက္သည္။

ခ်ိန္ေပၚယန္ ထမင္းစားၿပီး၍ လူနာခန္းထဲ ျပန္၀င္လာသည့္ အခ်ိန္တြင္ ၊ ရွန္႔ရွီးက ကုတင္ေခါင္းရင္းရိွ ဘီရိုေပၚမွ ေရဘူးကို ယူ၍ ေရေသာက္ရန္ ႀကိဳးစားေနေလသည္။

"ငါ့ကို တစ္ခြန္းလွမ္းေခၚလိုက္ရင္ ရၿပီကို"

ခ်ိန္ေပၚယန္က အနားကို ေလ်ွာက္သြားလိုက္ၿပီး ေရခြက္ကိုယူ၍ ရွန္႔ရွီးလက္ထဲ ထည့္ေပးလိုက္သည္။ေရဘူးက စြင္းတာ့က်ယ္ သြား၀ယ္ေပးထားျခင္း ျဖစ္သည္။ပိုက္ပါတာေၾကာင့္ ေသာက္ရတာ အဆင္ေျပသည္။

"ခင္ဗ်ားက ထမင္းစားေနတာ မဟုတ္လား ၊ တစ္ကိုယ္လံုး အသားနံ႔ေတြနဲ႔ ၀င္လာၿပီး ေကြၽးလည္း မေကြၽးဘူး ၊ ကြၽန္ေတာ္ ခံစားရခက္လို႔"

ရွန္႔ရွီးက က်စ္ခနဲ တစ္ခ်က္ စုတ္သတ္လိုက္ၿပီး

"ကြၽန္ေတာ္လည္း ေရနည္းနည္းေသာက္ၿပီး စားခ်င္စိတ္ ေပ်ာက္သြားေအာင္ လုပ္မလို႔"

ခ်ိန္ေပၚယန္မွာ ရယ္သာ ရယ္၍ ဘာမျွပန္မေျပာမိေပ။ကုလားထိုင္ေပၚ ထိုင္၍ တီဗြီၾကည့္ေနခ်ိန္တြင္ ၊ ေဘးနားရိွ ကုတင္က ၪီးေလးႀကီးမွာ အိပ္ေပ်ာ္ေနေလၿပီ။ခ်ိန္ေပၚယန္မွာ ေခါင္းလွည့္၍ ရွန္႔ရွီးကို ၾကည့္လိုက္ၿပီး :

"မင္း ခဏေလာက္ အိပ္ခ်င္လား"

"ေတာ္ပါၿပီ ၊ ကြၽန္ေတာ္ တစ္ေန့လံုး မိုးလင္းကေန မိုးခ်ဳပ္ အိပ္ေနရတာ ၊ အိပ္ေရး ေတာ္ေတာ္၀ေနၿပီ"

ရွန္႔ရွီးမွာ သက္ျပင္းခ်လိုက္မိသည္။

"ငါၾကည့္ေနတာ ၊ သူနာျပဳက မင္းအတြက္ မဂၢဇင္း ယူလာေပးတာပဲ ၊ စာဖတ္ေနေလ"

ခ်ိန္ေပၚယန္က မဂၢဇင္းတစ္အုပ္ကို ယူ၍ လွန္လိုက္သည္။

"ေကာ"

ရွန္႔ရွီးမွာ တစ္ခ်က္ တံု႔ဆိုင္းသြားခဲ့ၿပီး ၊ အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။

"ကြၽန္ေတာ္ စာလံုးေတြ သိပ္မသိဘူး ၊ ဒီအတိုင္း ပံုေတြပဲ ၾကည့္ေနရတာ စိတ္၀င္စားစရာ မေကာင္းဘူး"

ခ်ိန္ေပၚယန္မွာ မ်က္ခံုးပင့္လိုက္မိၿပီး :

"စာလံုးေတြ အကုန္မသိဘူး?မင္း ေက်ာင္းမတက္ဖူးဘူးလား?"

"မတက္ဖူးဘူး ၊ ဘာေက်ာင္းကို တက္ရမွာလဲ ၊ ေတာရိုင္းေျမက်က္ထဲမွာ မေသသြားတာပဲ မဆိုးလွဘူး ၊ ဘာေက်ာင္းကို တက္ရၪီးမွာလဲ"

ရွန္႔ရွီးက ရယ္လိုက္ၿပီး

"အရင္တစ္ေခါက္က.......ခင္ဗ်ားရဲ့ID ကဒ္ကို ယူတုန္းက ၊ ခင္ဗ်ားရဲ့ အဲ့နာမည္ကို ကြၽန္ေတာ္ မသိသလို ျဖစ္သြားေသးတယ္"

"ခ်ိန္ဖူးယန္မဟုတ္လား?"

ခ်ိန္ေပၚယန္က ေခါင္းငံု႔၍ မဂၢဇင္းကို ၾကည့္လိုက္ၿပီး

"ဒါက ဘာမွမဟုတ္ပါဘူး ၊ ငါ့နာမည္ကို မွားၾကည့္တဲ့လူေတြ မ်ားတယ္"

"ကြၽန္ေတာ္က မွားၾကည့္တာ မဟုတ္ဘူး ၊ ကြၽန္ေတာ္က.....အိုင္း ၊ ထားလိုက္ေတာ့"

ရွန္႔ရွီးက ေရတစ္ငံုေသာက္၍ အေတာ္ေလး စိတ္ေလးစြာ ေျပာလိုက္သည္။

"ခင္ဗ်ားရဲ့ အေဖနဲ႔အေမက အရမ္း ယဥ္ေက်းမႈ ရိွၾကမွာ ေသခ်ာတယ္ ၊ ဒီနာမည္က တစ္ခ်က္ၾကည့္လိုက္တာနဲ႔ ယဥ္ေက်းမႈရိွတဲ့သူေတြမွည့္ထားေပးမွန္း သိသာတယ္"

"ဟုတ္လား?"

ခ်ိန္ေပၚယန္က ရွန္႔ရွီးလက္ထဲရိွ ေရဘူးကို ယူလိုက္ၿပီး ၊ ကုတင္ေခါင္းရင္းရိွ ဘီရိုေပၚ ျပန္တင္လိုက္သည္။

ရွန္႔ရွီးက ေခါင္းညိတ္ျပလိုက္ၿပီး :

"ဟုတ္တယ္ေလ ၊ ခင္ဗ်ားၾကည့္လိုက္ ၊ ခ်ိန္ေပၚယန္ ခ်ိန္ေပၚယန္ ၊ အရမ္းယဥ္ေက်းမႈ ရိွတယ္ ၊ ကြၽန္ေတာ္သာ ခင္ဗ်ားရဲ့ အေဖဆိုရင္ ၊ အမ်ားဆံုးမွ ခင္ဗ်ားကို ခ်ိန္ေပၚခ်ီလို႔ ေပး......."

[T/N : 勃起-ေပၚခ်ီ(ေထာင္မတ္ေနသည္)။]

"ပါးစပ္ပိတ္ထား"

ခ်ိန္ေပၚယန္မွာ မ်က္ေမွာင္ၾကဳတ္ထားရင္း ရွန္႔ရွီး၏ စကားကို ျဖတ္ေျပာလိုက္သည္။

ရွန္႔ရွီးက ဟီးဟီးဟု ႏွစ္ေခါက္ေလာက္ ရယ္လိုက္ၿပီး ၊ ဘာမွ ထပ္မေျပာေတာ့ပဲ ၊ ကုတင္ကိုမွီ၍ တီဗြီၾကည့္ေနလိုက္သည္။

တီဗြီၾကည့္လို႔ ဘယ္ႏွစ္မိနစ္မွ မၾကာေသးမီမွာပင္ ၊ ဗိုက္ေပၚ ၿခံဳထားသည့္ ေစာင္ကို သူ ဆြဲလိုက္မိသည္။မိနစ္အနည္းငယ္ ထပ္ၾကာသြားခ်္ိန္၌ ၊ သူ ထပ္ၿပီး ေနရာေရြ့လိုက္မိျပန္သည္။ေၾကာ္ျငာတစ္ခု လႊင့္လို႔ မၿပီးေသးမီမွာပင္ ၊ သူ အေနာက္ကိုမွီ၍ ေနရာထပ္ေရႊ့လိုက္ျပန္သည္။

"ေလ်ွာက္လႈပ္မေနနဲ႔"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

"ကြၽန္ေတာ္ မလႈပ္ခ်င္ပါဘူး......"

ရွန္႔ရွီးက က်စ္ခနဲ တစ္ခ်က္ စုတ္သတ္လိုက္ၿပီး

"ေကာ ၊ ခင္ဗ်ား ေျပာၾကည့္ ၊ စြင္းတာ့က်ယ္က ဘာလို႔ ျပန္မလာေသးတာလဲ?"

"အခုမွ ဘယ္ေလာက္ပဲ ၾကာေသးလို႔လဲ"

ခ်ိန္ေပၚယန္က မဂၢဇင္းကို ပိတ္လိုက္ၿပီး ၊ မတ္တပ္ထရပ္လိုက္သည္။

"ဆီးသြားခ်င္တာ ငါ့ကိုေခၚလည္း ရတယ္"

"အိုင္း?"

ရွန္႔ရွီးမွာ ေၾကာင္အသြားမိၿပီး ၊ ခ်က္ခ်င္းပင္ ေတာ္ေတာ္ေလး အေနရ ခက္သြားမိသည္။

"ကြၽန္ေတာ္ မ.....ကြၽန္ေတာ္ ၊ ဟို ဘာလဲ ၊ အလ်င္မလိုပါဘူး.....ကြၽန္ေတာ္......."

"မင္း လွည့္ေနတာ ငါေတာင္ သန္႔စင္ခန္း သြားခ်င္လာၿပီ"

ခ်ိန္ေပၚယန္က သက္ျပင္းခ်လိုက္သည္။

"ထားလိုက္ေတာ့"

ရွန္႔ရွီးကလည္း သက္ျပင္းခ်လိုက္ၿပီး

"ခင္ဗ်ားကျဖင့္ မ်က္ႏွာသုတ္ပဝါပြတ္တိုက္ၿပီးရင္ေတာင္ ပိုးသတ္ေဆးနဲ႔ လက္ကို ပြတ္ေနတာ ၊ ဟိုတစ္ေန့က ဆီးအိတ္ကို ကိုင္ေတာ့ လက္က္ို သံုးခါေတာင္ ေဆးတယ္ ၊ ခဏေန ဆီးဘူးက္ို ထိမိလို႔ ၊ ခင္ဗ်ား ေရဖြင့္ၿပီး လက္အေရျပားတစ္ထပ္ေလာက္ အပူေလာင္သြားမွ ရပ္ေနရၪီးမယ္"

"မင္း ဆီးသြားမွာလား မသြားဘူးလား?"

ခ်ိန္ေပၚယန္က ခါးကိုင္းလိုက္ၿပီး ၊ ကုတင္ေအာက္မွ ဆီးဘူးကို ထုတ္ယူလိုက္သည္။

"အိုင္းရိုး ၊ အစက ေအာင့္ထားႏိုင္ေသးတယ္ ၊ ဒီဟာကို ျမင္လိုက္ရေတာ့ မရေတာ့ဘူး"

ရွန္႔ရွီးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

"သြားမယ္ ! "

*** *** ***

Iron rod yam စြပ္ျပဳတ္

မုထိုထမင္း

×××× ××× ××× ××× ××× ××× ×××

Yin's note : paid gpမွာ ငါးပိုင္း ျပည့္သြားတိုင္း ဒီမွာ တစ္ပိုင္း update ေပးသြားပါမယ္ေနာ္။

Continue Reading

You'll Also Like

631K 22.7K 22
Nezuko thought it was over for her; sunlight began to touch her, burning and peeling off her delicate skin. She thought that was it. She's going to d...
7.7K 965 25
Novel name-情终(End of love) Original author- 孤君(lonely king) total chapter- 113 chapters update schedule- Sat,Sun I don't own this work. All credit to...
15.5K 588 19
Jisung a typical college student who was forced into an arrange marriage with non other than the famous lee Minho the CEO of the biggest company in S...
10.5K 1.5K 31
Title : Replacing the Evil Way | 置换凶途 Author : Cat Tea Beaver | 猫茶海狸 Chapter : 99 + 5 Extras (Completed)