Zawgyi
အပိုင္း (၁၉၂၀) – ဟြားယြင္
အားလုံး ျမင္လိုက္ရသည္။ ေဝ့ရွင္း၏ တိုက္ခ်ဳက္သည္ ဟြားယြိအား ခ်က္က်လက္က် ထိမွန္သြားသည္။ အဲဒီတိုက္ကြက္ေနာက္မွာလည္း စြမ္းအား ပါေသးတာ ဟြားယြိက ဘယ္လိုလုပ္ အသက္ရွင္ႏိုင္ရတာလဲ။
"ဘယ္.. ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ" ေဝ့ရွင္းႏွင့္အတူလာၾကေသာ ေဝ့မ်ိဳးႏြယ္မ်ားသည္ မ်က္စိေရွ႕မွ ျမင္ကြင္းကိုျမင္ေသာအခါ ယုံၾကည္ရခက္စြာ ျဖင့္ ေအာ္မိေလသည္။
ေဝ့ရွင္းပိုင္ဆိုင္ထားေသာ စြမ္းအားကို တျခားသူမ်ား မသိခ်င္မသိဘဲေန လိမ့္မည္။ သို႔ေသာ္ ဤလူအုပ္စုသည္ သူ၏ စြမ္းအားကို မသိစရာအေၾကာင္းမရွိ ေပ။ ဒီေလာက္ အားျပင္းတဲ့ တိုက္ခ်က္နဲတိုက္တာကို ဟြားယြိက ဘယ္လိုလုပ္ အသက္ရွင္ႏိုင္တာလဲ။
ေဝ့ရွင္း ဟြားယြိကိုျမင္လိုက္ခ်ိန္တြင္ တစ္ခုကိုသာ ေတြးမိေလသည္။ မျဖစ္ႏိုင္တာ.. ထိုတိုက္ကြက္လုပ္လိုက္သည္မွာ ဟြားယြိမျဖစ္ႏိုင္သည္ကို သိ လိုက္သည္မွာ စကၠန႔္ပိုင္းမွ်သာၾကာသည္။ သူ႔ကို တစ္ေယာက္ေယာက္က ကူညီေပးေနသည္။
"ေလဟာျပင္ခ်ိပ္ပိတ္တာလား... အဲဒါကို ဘယ္သူလုပ္တာလဲ" သူသည္ ဟြားမ်ိဳးႏြယ္မွလူမ်ားကို ၾကည့္လိုက္ရာ သူတို႔မ်က္ႏွာတြင္လည္း အံ့ဩမႈႏွင့္ သေဘာေတြ႕ေနသည္မ်ားကို ျမင္လိုက္ရာ သူတို႔လက္ခ်က္ မဟုတ္သည္ကို ေျပာေနသလိုပင္။ မည္သို႔ပင္ျဖစ္ေစကာမူ သူတို႔တြင္လည္း တည္ေဆာက္မႈ သခင္ရွိမေနေပ။
သူ မည္သို႔အသက္ရွင္ႏိုင္သည္ကို ဟြားယြိသည္လည္း နားမလည္ေပ။ သူ သည္ ေမွ်ာ္လင့္ခ်က္ကို လက္ေလ်ာ့ၿပီးျဖစ္ကာ ေသရန္အသင့္ျပင္ထားသည္။ ဘယ္လိုလုပ္...
ရွီမာယူယူသည္ ပုန္းကြယ္မေနေတာ့ဘဲ အားလုံးေရွ႕သို႔ ထြက္လိုက္၏။ သူမ ထြက္လိုက္သည္ႏွင့္ တျခားသူမ်ားလည္း ထြက္လာၾကသည္။
"မင္းတို႔က ဘယ္သူေတြလဲ ဘာလို႔ၾကားဝင္တာလဲ" ေဝ့မ်ိဳးႏြယ္မွလူမ်ား သည္ ေအာ္ၾကေလသည္။
ဟြားမ်ိဳးႏြယ္မွလူမ်ားသည္ သူတို႔ကို ေက်းဇူးတင္စြာျဖင့္ ၾကည့္ေနၾက သည္။ သို႔ေသာ္ ထိုအၾကည့္မ်ားမွာ မသကၤာသည့္ အရိပ္အေယာင္လည္း ပါေန သည္။
သူတို႔သည္ ရွီမာယူယူကို မသိၾကသလို သူမအဖြဲ႕မွလူမ်ားကိုလည္း မသိ ၾကကာ သူတို႔၏ သ႐ုပ္မွန္ကိုလည္း မသိၾကေပ။ သူတို႔၏ ရည္႐ြယ္ခ်က္ကို လည္း မသိရေပ။
ရွီမာယူယူသည္ ေဝ့ရွင္းအားၾကည့္ၿပီး အ႐ိုးသားဆုံးေျပာေလသည္ "ကြၽန္မက ကိုယ့္စကားကိုယ္မတည္တဲ့ လူလိမ္ေတြကို အမုန္းဆုံးပဲ... ရွင့္လို မ်ိဳး ျမင္ျပင္းကတ္စရာေကာင္းတဲ့လူကို တိုက္ခိုက္တာ အေၾကာင္းအရင္းေျပာဖို႔ လိုဦးမွာလား"
"မင္းတို႔က ဘယ္သူေတြလဲ" ေဝ့ရွင္းသည္ ရွီမာယူယူကို ၾကည့္ၿပီးေမး ေလသည္။ သူမသည္ သူတို႔ထဲတြင္ အားအနည္းဆုံးပုံစံေပါက္သည္။ သို႔ေသာ္ သူမ ရပ္ေနသည့္ အေနအထားကိုၾကည့္လွ်င္ အေရးအႀကီးဆုံးလူဟု မွတ္ယူရ ေလာက္သည္။
"ကြၽန္မက ရွင့္လိုလူစားမ်ိဳးမဟုတ္ဘူး.. ေသေတာ့မယ့္လူကို ဘာမွရွင္းျပ မေနတတ္ဘူး.. ရွင္တို႔ အေၾကာင္းအရင္းကို မသိလိုက္ဘဲ ေသသြားတာကိုပဲ သေဘာက်တာ" ရွီမာယူယူသည္ ေတာက္ပေသာအၿပဳံးျဖင့္ ေျပာလိုက္ရာ ေဝ့ မ်ိဳးႏြယ္မွလူမ်ား စိတ္ကသိကေအာင့္ျဖစ္သြားေလသည္။
ရန္သူမွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေလေလ သူတို႔ စိတ္မေအးေလေလျဖစ္ သည္။ ဒီအဖြဲ႕က ဘယ္ကေရာက္လာတာလဲ။
"အရိပ္မည္း.. ဒီလူေတြကို မင္းတစ္ေယာက္တည္း ရွင္းႏိုင္မလား" ရွီမာယူယူ ေမးလိုက္သည္။
"ဒီေလာက္ အုပ္စုေသးေသးေလးကို ဘယ္ေလာက္လိုတယ္ထင္လို႔လဲ ကြၽန္ေတာ္ တစ္ေယာက္ဆို ေလာက္ၿပီ" အရိပ္မည္းသည္ ထိုစကားေျပာၿပီး သည္ႏွင့္ ခႏၶာကိုယ္ကို မီးခိုးအမည္းအျဖစ္ေျပာင္းၿပီး ခ်က္ခ်င္းပင္ ေဝ့မ်ိဳးႏြယ္မွ လူမ်ားကို ဝိုင္းလိုက္သည္။
"အာ..."
"မလုပ္ပါနဲ႔"
ေဝ့မ်ိဳးႏြယ္မွလူမ်ား ေအာ္သံမ်ားမွာ ေၾကာက္႐ြံ႕မႈမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး ေမွ်ာ္လင့္ခ်က္ ကင္းမဲ့ေနသည္။ သူတို႔သည္ ထိုလူမ်ားကို မသိေပ။ သို႔ေသာ္ ယေန႔ ဤေနရာမွ မလြတ္ေျမာက္ႏိုင္ေတာ့သည္ကိုေတာ့ သိသည္။
အရိပ္မည္း သူတို႔ကို ရွင္းၿပီးသည္ႏွင့္ ေဝ့မ်ိဳးႏြယ္မ်ား ရပ္ခဲ့သည့္ေနရာ တြင္ တုန္လႈပ္စရာေကာင္းေသာ အ႐ိုးျဖဴျဖဴမ်ားသာ က်န္ခဲ့ေလသည္။ ဟြား မ်ိဳးႏြယ္မွလူမ်ားသည္ အရိပ္မည္း၏ တိုက္ကြက္ကိုျမင္လိုက္ရာ ထိတ္လန႔္ကုန္ ၾကသည္။ သူတို႔ထဲမွ သတၱိအရွိဆုံးလူမ်ားပင္ ဒူးမ်ားေပ်ာ့ေခြသြားေတာ့သည္။
ေဝ့ရွင္းသည္ သူ႔လူမ်ား အလြယ္တကူပင္ အသက္ေပးလိုက္ရကာ အရိပ္ မည္း၏ စြမ္းအားသည္ နက္နဲၿပီး လွ်ိဳ႕ဝွက္ဆန္းၾကယ္သည္ကို ျမင္ေသာအခါ ခ်က္ခ်င္းပင္ ဖေနာင့္ႏွင့္တင္ပါး တစ္သားတည္းက်ေအာင္ေျပးေလသည္။
"ေျပးႏိုင္မယ္ထင္လို႔လား ငါ့ခြင့္ျပဳခ်က္ကို ရၿပီးသြားလို႔လား" အရိပ္မည္း သည္ သေရာ္ကာ ထိုလူကို ဖမ္းရန္အရွိန္ျမႇင့္လိုက္ၿပီး ျမဴခိုးအမည္းႏွင့္ လႊမ္းမိုး လိုက္သည္။ ေၾကာက္လန႔္ေနေသာ ေအာ္သံထြက္လာၿပီး အသံမေပ်ာက္ကြယ္ ခင္မွာပင္ အ႐ိုးျဖဴျဖဴအပုံလိုက္သည္ အေစာက ထိုလူရပ္ေနေသာေနရာတြင္ ပုံက်လာသည္။
"ၿပီးသြားပါၿပီ သခင္မေလး" အရိပ္မည္းသည္ ရွီမာယူယူ၏ နံေဘးသို႔ ျပန္သြားကာ ေတာက္ပေသာအၿပဳံးျဖင့္ သတင္းပို႔ေလသည္။
ထိုအခိုက္တြင္ ဟြားမ်ိဳးႏြယ္မ်ားအတြက္ အရိပ္မည္းသည္ အေစာက ေၾကာက္မက္ဖြယ္ေကာင္းသည့္ ေသမင္းႏွင့္မတူေတာ့ဘဲ အႏၲရာယ္မျပဳႏိုင္ သည့္ လူတစ္ေယာက္ဟု ခံစားလိုက္ရသည္။ သို႔ေသာ္ ေဝ့မ်ိဳးႏြယ္မ်ားကို မိနစ္ ပိုင္းအတြင္း အသတ္ႏႈတ္ႏိုင္သည့္ အလ်င္ျမန္ဆုံးလုပ္ေဆာင္တတ္သူျဖစ္ေန သည္။
ရွီမာယူယူသည္ ေရွ႕တိုးလိုက္ရာ ဟြားမ်ိဳးႏြယ္မွလူမ်ားသည္ ဒူးေခြသြား ေတာ့မတတ္ျဖစ္ေနကာ သူမကို သတိရွိရွိႏွင့္ ၾကည့္ေနၾကသည္။
ရွီမာယူယူသည္ သူတို႔အားလုံးကို လ်စ္လ်ဴရႈၿပီး ႏွင္းမႈိပြင့္ဆီသို႔ ဆက္ ေလွ်ာက္သြားသည္။ အနီေရာင္ဝတ္ထားေသာ မိန္းကေလးသည္ ထိုအျခင္းအရာကို ျမင္ေသာအခါ ပ်ာယာခတ္သြားၿပီး ခ်က္ခ်င္းပင္ ႏွင္းမႈိပြင့္ ေရွ႕တြင္ ပိတ္ရပ္ကာ လက္ဆန႔္ၿပီး ရွီမာယူယူကိုတားေလသည္။
"ႏွင္းမႈိပြင့္ကို ကြၽန္မတို႔ အရင္ရွာေတြ႕ထားတာ အဲေတာ့ ကြၽန္မတို႔ဆီက ေန လာလုဖို႔ မႀကိဳးစားပါနဲ႔" ဟြားယြင္ ေအာ္ေလသည္။
သူမ၏ အျပဳအမူမ်ားသည္ ဟြားမ်ိဳးႏြယ္မွလူမ်ားကို ေၾကာက္လန႔္သြား ေစသည္။ အဲလူေတြက ႏွင္းမႈိပြင့္ေၾကာင့္ ေရာက္လာတာ ေသခ်ာေနတာပဲ။ သူမက ကိုယ့္ေသတြင္းကိုယ္ တူးေနတာမဟုတ္ဘူးလား။
ဟြားယြိသည္ ေတာင္ထိပ္မွဆင္းျပန္လာၿပီး ဟြားယြင္ကို ေဘးသို႔ဆြဲကာ ေအာ္ေလသည္ "ယြင္အာ မ႐ူးမိုက္နဲ႔ေတာ့"
"ဦးေလး ဒီႏွင္းမႈိပြင့္က ေခါင္းေဆာင္ကို ကယ္ဖို႔ တစ္ခုတည္းေသာ နည္းလမ္းပဲ ဒါသာမရွိရင္ ေခါင္းေဆာင္ေသလိမ့္မယ္" ဟြားယြင္သည္ ဆက္ငို ေသလည္။
ဟြားယြိသည္ သူမ၏ စကားမ်ားကို လ်စ္လ်ဴရႈကာ သူ႔အေနာက္သို႔ သူမ ကို ဆြဲလိုက္သည္။ သူသည္ လက္သီးဆုပ္ျဖင့္ ရွီမာယူယူအား ႏႈတ္ဆက္ၿပီး ေျပာေလသည္ "အေစာက က်ဳပ္အသက္ကို ကယ္ေပးတဲ့အတြက္ သခင္မေလး ကို ေက်းဇူးတင္ပါတယ္.. မင္းတို႔ ဒီႏွင္းမႈိပြင့္ကို ယူလို႔ရပါတယ္.. ဒါေပမဲ့ ဒီက က်ဳပ္တို႔ရဲ႕ အသက္ကိုေတာ့ သက္ညႇာေပးပါ"
ရွီမာယူယူသည္ ဟြားယြိအေနာက္မွ ခံျပင္းေဒါသထြက္ေနသည့္ ဟြားယြင္ ကိုၾကည့္လိုက္သည္။ သူမ၏ မ်က္လုံးမ်ားသည္ မ်က္ရည္မ်ားဝဲေနေသာ္လည္း ႀကိတ္မွိတ္ၿပီး တင္းခံေနရာ ရွီမာယူယူ သူမကို ေမးလိုက္သည္ "ခုနက ရွင္တို႔ အသက္အႏၲရာယ္ျဖစ္ေနတာေတာင္ မငိုဘူး.. အခုမွ ဘာလို႔ငိုတာလဲ.. ရွင္တို႔ ေသသြားရင္ ဒီႏွင္းမႈိပြင့္ကိုေတာင္ ရလိုက္မွာမဟုတ္ဘူး"
"ကြၽန္မေသသြားရင္ေတာင္ အနည္းဆုံးေတာ့ ႀကိဳးစားလိုက္ရေသးတယ္.. ဒါေပမဲ့ ရွင္ ႏွင္းမႈိပြင့္ကို ယူသြားတဲ့ပုံကို ဘာမွမလုပ္လိုက္ဘဲ ၾကည့္ခိုင္းမယ္ဆို ကြၽန္မ..." ဟြားယြင္သည္ ခံျပင္းသည့္ အသံႏွင့္ဆက္ေျပာေလသည္။
"ကြၽန္မက ရွင္တို႔အသက္ကိုကယ္ေပးခဲ့တာေလ.. ဒီႏွင္းမႈိပြင့္ကို လိုလို လားလားေပးသင့္တာမဟုတ္ဘူးလား" ရွီမာယူယူသည္ ဆက္ေမးေလသည္။
"ရွင္က ကြၽန္မတို႔ အသက္ကိုကယ္ခဲ့တာမွန္ပါတယ္.. ရွင့္ကို ေက်းဇူးဆပ္ ဖို႔က တျခားနည္းလမ္းရွိပါတယ္.. ကြၽန္မတို႔နဲ႔ ဒီႏွင္းမႈိပြင့္ကိုလာမလုဖို႔ ေျပာလို႔ ရမလား.. ရွင္ေျပာတာ ဘာကိုမဆို သေဘာတူႏိုင္ပါတယ္" ရွီမာယူယူမွ ႏွင္း မႈိပြင့္ကို တိုက္႐ိုက္သြားမခူးသည္ကို ဟြားယြင္ျမင္ေသာအခါ အသနားခံေသာ မ်က္လုံးမ်ားျဖင့္ ေတာင္းဆိုရန္ ႀကိဳးစားေလသည္။
ရွီမာယူယူသည္ ေခါင္းဆတ္ၿပီး ေခတၱမွ်စဥ္းစားကာ ေျပာေလသည္ "ဒါက လုံးဝမျဖစ္ႏိုင္ဘူးလို႔ေတာ့ ေျပာလို႔မရဘူး.. ဒါေပမဲ့ ကြၽန္မေတာင္းတာကို ရွင္တို႔ မေပးႏိုင္မွာစိုးတယ္"
"ရွင္က ဘာလိုခ်င္တာလဲ" ဟြားယြင္သည္ ခ်က္ခ်င္းပင္ ေမးေလသည္။
"မင္းရဲ႕ ပိုင္ဆိုင္မႈအကုန္လုံးရဲ႕ တစ္ဝက္" ရွီမာယူယူ ျပန္ေျဖလိုက္သည္။
သူမ ထိုသို႔ေျပာလိုက္သည္ႏွင့္ ဟြားမ်ိဳးႏြယ္မွလူမ်ား တိတ္ဆိတ္ကုန္ၾက သည္။ ရွီမာယူယူသည္ မ်က္ခုံးမ်ားကို ပင့္လိုက္သည္ "ၾကည့္ရတာ ကြၽန္မ ထင္ ထားတာထက္ ပိုခက္ေနတဲ့ပုံပဲ ဒါဆိုရင္ ဒီအတိုင္းပဲ...."
"အဲလိုမဟုတ္ပါဘူး" ဟြားယြိ ၾကားျဖတ္ေျပာေလသည္ "အခု က်ဳပ္တို႔ လက္ရွိအေျခအေနက နည္းနည္းအခက္ေတြ႕ေနလို႔ပါ.. က်ဳပ္တို႔ ပိုင္ဆိုင္မႈ တစ္ဝက္ကို ယူမယ္ဆိုရင္ မင္းအတြက္ ျပႆနာျဖစ္သြားေစႏိုင္တယ္.. ဘာလို႔ တျခားေတာင္းဆိုခ်က္ မလုပ္လဲ.. မဟုတ္ရင္လည္း အခုရင္ဆိုင္ေနရတဲ့ ကိစၥ ေတြကို အရင္ရွင္းတဲ့အထိ ေစာင့္ၿပီးမွ အေျခအေနေတြ တည္ၿငိမ္သြားတဲ့အခ်ိန္ မွ ပိုင္ဆိုင္မႈတစ္ဝက္ကို ေပးမယ္ေလ.. မင္း က်ဳပ္တို႔ကိုမယုံရင္ ဒီမွာ သစၥာဆို လို႔ရတယ္"
ရွီမာယူယူသည္ သူတို႔ႏွစ္ေယာက္ကို ၾကည့္လိုက္သည္။ သူတို႔၏ မ်က္လုံးမ်ားထဲတြင္ ႐ိုးသားမႈႏွင့္ စိတ္အားထက္သန္မႈကိုျမင္ေသာအခါ သူမ ေျပာလိုက္သည္ "ဒါဆိုလည္း ထားလိုက္ပါေတာ့ ကြၽန္မလည္း ျပႆနာမလို ခ်င္ဘူး"
သူမ ျငင္းဆန္လိုက္သည္ကို ျမင္ေသာအခါ ဟြားယြင္သည္ ပိုစိတ္ပူလာ ကာ ပ်ာသြားၿပီး ေျပာေလသည္ "တျခားေတာင္းဆိုခ်က္ လုပ္လို႔ရပါတယ္ ကြၽန္မတို႔ လုပ္ႏိုင္တဲ့ အတိုင္းအတာအတြင္းဆို ေသခ်ာေပါက္ သေဘာတူမွာပါ ႏွင္းမႈိပြင့္ကိုေတာ့ မေတာင္းပါနဲ႔"
"မင္းတို႔က လူ႔အသက္ကို ကယ္ဖို႔ႏွင္းမႈိပြင့္ကို လိုေနတယ္ဆိုတာ သိ တယ္.. ဒီႏွင္းမႈိပြင့္က ဘယ္ေလာက္ႀကီးလဲ ၾကည့္လိုက္ဦး ကြၽန္မ ရွင္တို႔ကို တစ္ပိုင္းေလာက္ ေပးလို႔ရပါတယ္" ရွီမာယူယူ အႀကံျပဳလိုက္သည္။ "အဲထက္ ပိုၿပီးေတာ့ေတာ့ မေပးႏိုင္ဘူး"
"တကယ္လား ေက်းဇူးအမ်ားႀကီးတင္ပါတယ္.. ကြၽန္မတို႔လည္း တစ္ခု လုံးႀကီးမလိုပါဘူး.. ေခါင္းေဆာင္ကို ကယ္လို႔ရ႐ုံဆို ေလာက္ပါၿပီ က်န္တာကို ရွင္ယူလို႔ရပါတယ္" ဟြားယြင္သည္ ေျပာၿပီးေနာက္ ရွီမာယူယူအား ေက်းဇူး တင္စကားေျပာေလသည္။
"ဒါေပမဲ့ က်ဳပ္တို႔ ဘယ္ေလာက္ လိုလဲဆိုတာကို မသိေသးဘူး.. အရင္ဆုံး က်ဳပ္တို႔နဲ႔ ျပန္လိုက္ခဲ့မလား" ဟြားယြိ ေမးလိုက္သည္။
"ရွင္တို႔က က်န္းမ်ိဳးႏြယ္လက္ကေန ကာကြယ္ဖို႔ ကြၽန္မတို႔ကို အသုံးခ် မလို႔စဥ္းစားေနတာလား" ရွီမာယူယူ၏ မ်က္ႏွာသည္ မည္းနက္သြားသည္။
"အဲလိုမဟုတ္ပါဘူး က်န္းမ်ိဳးႏြယ္ကို က်ဳပ္တို႔ဘာသာ ရွင္းႏိုင္ပါတယ္... က်ဳပ္တို႔ မ်ိဳးႏြယ္ထဲထိ လိုက္ဖို႔မလိုပါဘူး.. အျပင္မွာပဲ ေစာင့္ေပးပါ က်ဳပ္တို႔ ေခါင္းေဆာင္ကို ကုၿပီးရင္ ႏွင္းမႈိပြင့္ကို မင္းဆီကို ျပန္ယူလာေပးပါမယ္" ဟြားယြိသည္ ရွင္းျပေလသည္ "က်ဳပ္တို႔လူေတြက အရည္အခ်င္းျမင့္ၾကတယ္ မ်ိဳးႏြယ္က လက္ရွိအေျခအေနကလည္း အေကာင္းႀကီးမဟုတ္ဘူး.. အဲဒါ ေၾကာင့္ မင္းတို႔ကို ဘာလွည့္ကြက္မွမလုပ္ပါဘူး ဘယ္လိုလဲ"
Unicode
အပိုင်း (၁၉၂၀) – ဟွားယွင်
အားလုံး မြင်လိုက်ရသည်။ ဝေ့ရှင်း၏ တိုက်ချုက်သည် ဟွားယွိအား ချက်ကျလက်ကျ ထိမှန်သွားသည်။ အဲဒီတိုက်ကွက်နောက်မှာလည်း စွမ်းအား ပါသေးတာ ဟွားယွိက ဘယ်လိုလုပ် အသက်ရှင်နိုင်ရတာလဲ။
"ဘယ်.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဝေ့ရှင်းနှင့်အတူလာကြသော ဝေ့မျိုးနွယ်များသည် မျက်စိရှေ့မှ မြင်ကွင်းကိုမြင်သောအခါ ယုံကြည်ရခက်စွာ ဖြင့် အော်မိလေသည်။
ဝေ့ရှင်းပိုင်ဆိုင်ထားသော စွမ်းအားကို တခြားသူများ မသိချင်မသိဘဲနေ လိမ့်မည်။ သို့သော် ဤလူအုပ်စုသည် သူ၏ စွမ်းအားကို မသိစရာအကြောင်းမရှိ ပေ။ ဒီလောက် အားပြင်းတဲ့ တိုက်ချက်နဲတိုက်တာကို ဟွားယွိက ဘယ်လိုလုပ် အသက်ရှင်နိုင်တာလဲ။
ဝေ့ရှင်း ဟွားယွိကိုမြင်လိုက်ချိန်တွင် တစ်ခုကိုသာ တွေးမိလေသည်။ မဖြစ်နိုင်တာ.. ထိုတိုက်ကွက်လုပ်လိုက်သည်မှာ ဟွားယွိမဖြစ်နိုင်သည်ကို သိ လိုက်သည်မှာ စက္ကန့်ပိုင်းမျှသာကြာသည်။ သူ့ကို တစ်ယောက်ယောက်က ကူညီပေးနေသည်။
"လေဟာပြင်ချိပ်ပိတ်တာလား... အဲဒါကို ဘယ်သူလုပ်တာလဲ" သူသည် ဟွားမျိုးနွယ်မှလူများကို ကြည့်လိုက်ရာ သူတို့မျက်နှာတွင်လည်း အံ့ဩမှုနှင့် သဘောတွေ့နေသည်များကို မြင်လိုက်ရာ သူတို့လက်ချက် မဟုတ်သည်ကို ပြောနေသလိုပင်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့တွင်လည်း တည်ဆောက်မှု သခင်ရှိမနေပေ။
သူ မည်သို့အသက်ရှင်နိုင်သည်ကို ဟွားယွိသည်လည်း နားမလည်ပေ။ သူ သည် မျှော်လင့်ချက်ကို လက်လျော့ပြီးဖြစ်ကာ သေရန်အသင့်ပြင်ထားသည်။ ဘယ်လိုလုပ်...
ရှီမာယူယူသည် ပုန်းကွယ်မနေတော့ဘဲ အားလုံးရှေ့သို့ ထွက်လိုက်၏။ သူမ ထွက်လိုက်သည်နှင့် တခြားသူများလည်း ထွက်လာကြသည်။
"မင်းတို့က ဘယ်သူတွေလဲ ဘာလို့ကြားဝင်တာလဲ" ဝေ့မျိုးနွယ်မှလူများ သည် အော်ကြလေသည်။
ဟွားမျိုးနွယ်မှလူများသည် သူတို့ကို ကျေးဇူးတင်စွာဖြင့် ကြည့်နေကြ သည်။ သို့သော် ထိုအကြည့်များမှာ မသင်္ကာသည့် အရိပ်အယောင်လည်း ပါနေ သည်။
သူတို့သည် ရှီမာယူယူကို မသိကြသလို သူမအဖွဲ့မှလူများကိုလည်း မသိ ကြကာ သူတို့၏ သရုပ်မှန်ကိုလည်း မသိကြပေ။ သူတို့၏ ရည်ရွယ်ချက်ကို လည်း မသိရပေ။
ရှီမာယူယူသည် ဝေ့ရှင်းအားကြည့်ပြီး အရိုးသားဆုံးပြောလေသည် "ကျွန်မက ကိုယ့်စကားကိုယ်မတည်တဲ့ လူလိမ်တွေကို အမုန်းဆုံးပဲ... ရှင့်လို မျိုး မြင်ပြင်းကတ်စရာကောင်းတဲ့လူကို တိုက်ခိုက်တာ အကြောင်းအရင်းပြောဖို့ လိုဦးမှာလား"
"မင်းတို့က ဘယ်သူတွေလဲ" ဝေ့ရှင်းသည် ရှီမာယူယူကို ကြည့်ပြီးမေး လေသည်။ သူမသည် သူတို့ထဲတွင် အားအနည်းဆုံးပုံစံပေါက်သည်။ သို့သော် သူမ ရပ်နေသည့် အနေအထားကိုကြည့်လျှင် အရေးအကြီးဆုံးလူဟု မှတ်ယူရ လောက်သည်။
"ကျွန်မက ရှင့်လိုလူစားမျိုးမဟုတ်ဘူး.. သေတော့မယ့်လူကို ဘာမှရှင်းပြ မနေတတ်ဘူး.. ရှင်တို့ အကြောင်းအရင်းကို မသိလိုက်ဘဲ သေသွားတာကိုပဲ သဘောကျတာ" ရှီမာယူယူသည် တောက်ပသောအပြုံးဖြင့် ပြောလိုက်ရာ ဝေ့ မျိုးနွယ်မှလူများ စိတ်ကသိကအောင့်ဖြစ်သွားလေသည်။
ရန်သူမှာ လျှို့ဝှက်ဆန်းကြယ်လေလေ သူတို့ စိတ်မအေးလေလေဖြစ် သည်။ ဒီအဖွဲ့က ဘယ်ကရောက်လာတာလဲ။
"အရိပ်မည်း.. ဒီလူတွေကို မင်းတစ်ယောက်တည်း ရှင်းနိုင်မလား" ရှီမာယူယူ မေးလိုက်သည်။
"ဒီလောက် အုပ်စုသေးသေးလေးကို ဘယ်လောက်လိုတယ်ထင်လို့လဲ ကျွန်တော် တစ်ယောက်ဆို လောက်ပြီ" အရိပ်မည်းသည် ထိုစကားပြောပြီး သည်နှင့် ခန္ဓာကိုယ်ကို မီးခိုးအမည်းအဖြစ်ပြောင်းပြီး ချက်ချင်းပင် ဝေ့မျိုးနွယ်မှ လူများကို ဝိုင်းလိုက်သည်။
"အာ..."
"မလုပ်ပါနဲ့"
ဝေ့မျိုးနွယ်မှလူများ အော်သံများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး မျှော်လင့်ချက် ကင်းမဲ့နေသည်။ သူတို့သည် ထိုလူများကို မသိပေ။ သို့သော် ယနေ့ ဤနေရာမှ မလွတ်မြောက်နိုင်တော့သည်ကိုတော့ သိသည်။
အရိပ်မည်း သူတို့ကို ရှင်းပြီးသည်နှင့် ဝေ့မျိုးနွယ်များ ရပ်ခဲ့သည့်နေရာ တွင် တုန်လှုပ်စရာကောင်းသော အရိုးဖြူဖြူများသာ ကျန်ခဲ့လေသည်။ ဟွား မျိုးနွယ်မှလူများသည် အရိပ်မည်း၏ တိုက်ကွက်ကိုမြင်လိုက်ရာ ထိတ်လန့်ကုန် ကြသည်။ သူတို့ထဲမှ သတ္တိအရှိဆုံးလူများပင် ဒူးများပျော့ခွေသွားတော့သည်။
ဝေ့ရှင်းသည် သူ့လူများ အလွယ်တကူပင် အသက်ပေးလိုက်ရကာ အရိပ် မည်း၏ စွမ်းအားသည် နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သည်ကို မြင်သောအခါ ချက်ချင်းပင် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ပြေးလေသည်။
"ပြေးနိုင်မယ်ထင်လို့လား ငါ့ခွင့်ပြုချက်ကို ရပြီးသွားလို့လား" အရိပ်မည်း သည် သရော်ကာ ထိုလူကို ဖမ်းရန်အရှိန်မြှင့်လိုက်ပြီး မြူခိုးအမည်းနှင့် လွှမ်းမိုး လိုက်သည်။ ကြောက်လန့်နေသော အော်သံထွက်လာပြီး အသံမပျောက်ကွယ် ခင်မှာပင် အရိုးဖြူဖြူအပုံလိုက်သည် အစောက ထိုလူရပ်နေသောနေရာတွင် ပုံကျလာသည်။
"ပြီးသွားပါပြီ သခင်မလေး" အရိပ်မည်းသည် ရှီမာယူယူ၏ နံဘေးသို့ ပြန်သွားကာ တောက်ပသောအပြုံးဖြင့် သတင်းပို့လေသည်။
ထိုအခိုက်တွင် ဟွားမျိုးနွယ်များအတွက် အရိပ်မည်းသည် အစောက ကြောက်မက်ဖွယ်ကောင်းသည့် သေမင်းနှင့်မတူတော့ဘဲ အန္တရာယ်မပြုနိုင် သည့် လူတစ်ယောက်ဟု ခံစားလိုက်ရသည်။ သို့သော် ဝေ့မျိုးနွယ်များကို မိနစ် ပိုင်းအတွင်း အသတ်နှုတ်နိုင်သည့် အလျင်မြန်ဆုံးလုပ်ဆောင်တတ်သူဖြစ်နေ သည်။
ရှီမာယူယူသည် ရှေ့တိုးလိုက်ရာ ဟွားမျိုးနွယ်မှလူများသည် ဒူးခွေသွား တော့မတတ်ဖြစ်နေကာ သူမကို သတိရှိရှိနှင့် ကြည့်နေကြသည်။
ရှီမာယူယူသည် သူတို့အားလုံးကို လျစ်လျူရှုပြီး နှင်းမှိုပွင့်ဆီသို့ ဆက် လျှောက်သွားသည်။ အနီရောင်ဝတ်ထားသော မိန်းကလေးသည် ထိုအခြင်းအရာကို မြင်သောအခါ ပျာယာခတ်သွားပြီး ချက်ချင်းပင် နှင်းမှိုပွင့် ရှေ့တွင် ပိတ်ရပ်ကာ လက်ဆန့်ပြီး ရှီမာယူယူကိုတားလေသည်။
"နှင်းမှိုပွင့်ကို ကျွန်မတို့ အရင်ရှာတွေ့ထားတာ အဲတော့ ကျွန်မတို့ဆီက နေ လာလုဖို့ မကြိုးစားပါနဲ့" ဟွားယွင် အော်လေသည်။
သူမ၏ အပြုအမူများသည် ဟွားမျိုးနွယ်မှလူများကို ကြောက်လန့်သွား စေသည်။ အဲလူတွေက နှင်းမှိုပွင့်ကြောင့် ရောက်လာတာ သေချာနေတာပဲ။ သူမက ကိုယ့်သေတွင်းကိုယ် တူးနေတာမဟုတ်ဘူးလား။
ဟွားယွိသည် တောင်ထိပ်မှဆင်းပြန်လာပြီး ဟွားယွင်ကို ဘေးသို့ဆွဲကာ အော်လေသည် "ယွင်အာ မရူးမိုက်နဲ့တော့"
"ဦးလေး ဒီနှင်းမှိုပွင့်က ခေါင်းဆောင်ကို ကယ်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ ဒါသာမရှိရင် ခေါင်းဆောင်သေလိမ့်မယ်" ဟွားယွင်သည် ဆက်ငို သေလည်။
ဟွားယွိသည် သူမ၏ စကားများကို လျစ်လျူရှုကာ သူ့အနောက်သို့ သူမ ကို ဆွဲလိုက်သည်။ သူသည် လက်သီးဆုပ်ဖြင့် ရှီမာယူယူအား နှုတ်ဆက်ပြီး ပြောလေသည် "အစောက ကျုပ်အသက်ကို ကယ်ပေးတဲ့အတွက် သခင်မလေး ကို ကျေးဇူးတင်ပါတယ်.. မင်းတို့ ဒီနှင်းမှိုပွင့်ကို ယူလို့ရပါတယ်.. ဒါပေမဲ့ ဒီက ကျုပ်တို့ရဲ့ အသက်ကိုတော့ သက်ညှာပေးပါ"
ရှီမာယူယူသည် ဟွားယွိအနောက်မှ ခံပြင်းဒေါသထွက်နေသည့် ဟွားယွင် ကိုကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် မျက်ရည်များဝဲနေသော်လည်း ကြိတ်မှိတ်ပြီး တင်းခံနေရာ ရှီမာယူယူ သူမကို မေးလိုက်သည် "ခုနက ရှင်တို့ အသက်အန္တရာယ်ဖြစ်နေတာတောင် မငိုဘူး.. အခုမှ ဘာလို့ငိုတာလဲ.. ရှင်တို့ သေသွားရင် ဒီနှင်းမှိုပွင့်ကိုတောင် ရလိုက်မှာမဟုတ်ဘူး"
"ကျွန်မသေသွားရင်တောင် အနည်းဆုံးတော့ ကြိုးစားလိုက်ရသေးတယ်.. ဒါပေမဲ့ ရှင် နှင်းမှိုပွင့်ကို ယူသွားတဲ့ပုံကို ဘာမှမလုပ်လိုက်ဘဲ ကြည့်ခိုင်းမယ်ဆို ကျွန်မ..." ဟွားယွင်သည် ခံပြင်းသည့် အသံနှင့်ဆက်ပြောလေသည်။
"ကျွန်မက ရှင်တို့အသက်ကိုကယ်ပေးခဲ့တာလေ.. ဒီနှင်းမှိုပွင့်ကို လိုလို လားလားပေးသင့်တာမဟုတ်ဘူးလား" ရှီမာယူယူသည် ဆက်မေးလေသည်။
"ရှင်က ကျွန်မတို့ အသက်ကိုကယ်ခဲ့တာမှန်ပါတယ်.. ရှင့်ကို ကျေးဇူးဆပ် ဖို့က တခြားနည်းလမ်းရှိပါတယ်.. ကျွန်မတို့နဲ့ ဒီနှင်းမှိုပွင့်ကိုလာမလုဖို့ ပြောလို့ ရမလား.. ရှင်ပြောတာ ဘာကိုမဆို သဘောတူနိုင်ပါတယ်" ရှီမာယူယူမှ နှင်း မှိုပွင့်ကို တိုက်ရိုက်သွားမခူးသည်ကို ဟွားယွင်မြင်သောအခါ အသနားခံသော မျက်လုံးများဖြင့် တောင်းဆိုရန် ကြိုးစားလေသည်။
ရှီမာယူယူသည် ခေါင်းဆတ်ပြီး ခေတ္တမျှစဉ်းစားကာ ပြောလေသည် "ဒါက လုံးဝမဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး.. ဒါပေမဲ့ ကျွန်မတောင်းတာကို ရှင်တို့ မပေးနိုင်မှာစိုးတယ်"
"ရှင်က ဘာလိုချင်တာလဲ" ဟွားယွင်သည် ချက်ချင်းပင် မေးလေသည်။
"မင်းရဲ့ ပိုင်ဆိုင်မှုအကုန်လုံးရဲ့ တစ်ဝက်" ရှီမာယူယူ ပြန်ဖြေလိုက်သည်။
သူမ ထိုသို့ပြောလိုက်သည်နှင့် ဟွားမျိုးနွယ်မှလူများ တိတ်ဆိတ်ကုန်ကြ သည်။ ရှီမာယူယူသည် မျက်ခုံးများကို ပင့်လိုက်သည် "ကြည့်ရတာ ကျွန်မ ထင် ထားတာထက် ပိုခက်နေတဲ့ပုံပဲ ဒါဆိုရင် ဒီအတိုင်းပဲ...."
"အဲလိုမဟုတ်ပါဘူး" ဟွားယွိ ကြားဖြတ်ပြောလေသည် "အခု ကျုပ်တို့ လက်ရှိအခြေအနေက နည်းနည်းအခက်တွေ့နေလို့ပါ.. ကျုပ်တို့ ပိုင်ဆိုင်မှု တစ်ဝက်ကို ယူမယ်ဆိုရင် မင်းအတွက် ပြဿနာဖြစ်သွားစေနိုင်တယ်.. ဘာလို့ တခြားတောင်းဆိုချက် မလုပ်လဲ.. မဟုတ်ရင်လည်း အခုရင်ဆိုင်နေရတဲ့ ကိစ္စ တွေကို အရင်ရှင်းတဲ့အထိ စောင့်ပြီးမှ အခြေအနေတွေ တည်ငြိမ်သွားတဲ့အချိန် မှ ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးမယ်လေ.. မင်း ကျုပ်တို့ကိုမယုံရင် ဒီမှာ သစ္စာဆို လို့ရတယ်"
ရှီမာယူယူသည် သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများထဲတွင် ရိုးသားမှုနှင့် စိတ်အားထက်သန်မှုကိုမြင်သောအခါ သူမ ပြောလိုက်သည် "ဒါဆိုလည်း ထားလိုက်ပါတော့ ကျွန်မလည်း ပြဿနာမလို ချင်ဘူး"
သူမ ငြင်းဆန်လိုက်သည်ကို မြင်သောအခါ ဟွားယွင်သည် ပိုစိတ်ပူလာ ကာ ပျာသွားပြီး ပြောလေသည် "တခြားတောင်းဆိုချက် လုပ်လို့ရပါတယ် ကျွန်မတို့ လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းဆို သေချာပေါက် သဘောတူမှာပါ နှင်းမှိုပွင့်ကိုတော့ မတောင်းပါနဲ့"
"မင်းတို့က လူ့အသက်ကို ကယ်ဖို့နှင်းမှိုပွင့်ကို လိုနေတယ်ဆိုတာ သိ တယ်.. ဒီနှင်းမှိုပွင့်က ဘယ်လောက်ကြီးလဲ ကြည့်လိုက်ဦး ကျွန်မ ရှင်တို့ကို တစ်ပိုင်းလောက် ပေးလို့ရပါတယ်" ရှီမာယူယူ အကြံပြုလိုက်သည်။ "အဲထက် ပိုပြီးတော့တော့ မပေးနိုင်ဘူး"
"တကယ်လား ကျေးဇူးအများကြီးတင်ပါတယ်.. ကျွန်မတို့လည်း တစ်ခု လုံးကြီးမလိုပါဘူး.. ခေါင်းဆောင်ကို ကယ်လို့ရရုံဆို လောက်ပါပြီ ကျန်တာကို ရှင်ယူလို့ရပါတယ်" ဟွားယွင်သည် ပြောပြီးနောက် ရှီမာယူယူအား ကျေးဇူး တင်စကားပြောလေသည်။
"ဒါပေမဲ့ ကျုပ်တို့ ဘယ်လောက် လိုလဲဆိုတာကို မသိသေးဘူး.. အရင်ဆုံး ကျုပ်တို့နဲ့ ပြန်လိုက်ခဲ့မလား" ဟွားယွိ မေးလိုက်သည်။
"ရှင်တို့က ကျန်းမျိုးနွယ်လက်ကနေ ကာကွယ်ဖို့ ကျွန်မတို့ကို အသုံးချ မလို့စဉ်းစားနေတာလား" ရှီမာယူယူ၏ မျက်နှာသည် မည်းနက်သွားသည်။
"အဲလိုမဟုတ်ပါဘူး ကျန်းမျိုးနွယ်ကို ကျုပ်တို့ဘာသာ ရှင်းနိုင်ပါတယ်... ကျုပ်တို့ မျိုးနွယ်ထဲထိ လိုက်ဖို့မလိုပါဘူး.. အပြင်မှာပဲ စောင့်ပေးပါ ကျုပ်တို့ ခေါင်းဆောင်ကို ကုပြီးရင် နှင်းမှိုပွင့်ကို မင်းဆီကို ပြန်ယူလာပေးပါမယ်" ဟွားယွိသည် ရှင်းပြလေသည် "ကျုပ်တို့လူတွေက အရည်အချင်းမြင့်ကြတယ် မျိုးနွယ်က လက်ရှိအခြေအနေကလည်း အကောင်းကြီးမဟုတ်ဘူး.. အဲဒါ ကြောင့် မင်းတို့ကို ဘာလှည့်ကွက်မှမလုပ်ပါဘူး ဘယ်လိုလဲ"