Zawgyi
အပိုင္း (၁၉၀၆) – မိုမ်ိဳးႏြယ္မွ မေတာ္တဆမႈ
ရွီမာယူယူ၊ ဝူလင္းယူ၊ အရိပ္မည္းႏွင့္ ဟြမ္တို႔သည္ စစ္သူႀကီးအိမ္ေတာ္ ဆီသို႔သြားၾကေလသည္။
အရိပ္မည္းႏွင့္ ဟြမ္ကို ဒိက်ဲ႕ ေတြ႕ဖူးသည္မွာ ပထမဆုံးအႀကိမ္ျဖစ္သည္။ သို႔ေသာ္ ဒိဝူႏွင့္ဒီလ်ဴတို႔ဆီမွ အႀကိမ္ေပါင္းမ်ားစြာ ၾကားဖူးၿပီးသားျဖစ္သည္။
"ဘာလို႔ ေရာက္လာတာလဲ" ဒိက်ဲ႕သည္ သူမကို ေမးသည္။
"အစ္ကို႔ကို စုံစမ္းခိုင္းစရာရွိလို႔" ရွီမာယူယူ ေျပာလိုက္သည္ "အလုပ္မ်ား ေနတာလား"
"အဲေလာက္လည္း မဟုတ္ပါဘူး.. ငါ့ကို လုပ္ခိုင္းစရာရွိရင္ လူလႊတ္ၿပီး စကားပါးခိုင္းလိုက္ရင္ရတာပဲ" ဒိက်ဲ႕ ေျပာလိုက္သည္ "ေျပာခ်င္တာရွိတယ္ ဆိုေတာ့လည္း ထိုင္ၿပီးစကားေျပာၾကတာေပါ့"
ရွီမာယူယူသည္ သူတို႔ေလးေယာက္ႏွင့္အတူ ထိုင္လိုက္သည္။ တေစၦ သခင္သည္ အရိပ္မည္းႏွင့္ ဟြမ္တို႔ကိုၾကည့္ကာ ေမးလိုက္သည္ "ဒီႏွစ္ေယာက္ က မင္းသမီး ယန္ခ်န္းၿမိဳ႕အျပင္မွာရွိတုန္းက ကာကြယ္ေပးတဲ့သူေတြလား.. သူတို႔မွာ ထူးဆန္းတဲ့ခႏၶာကိုယ္ရွိတယ္လို႔ ၾကားဖူးတယ္ သူတို႔က ဘယ္သူေတြ လဲမသိဘူး..."
"ဒါက.." ရွီမာယူယူသည္ အနည္းငယ္ ရွက္ကိုးရွက္ကန္းျဖစ္သြားသည္။ သူမ သူတို႔ကို ေခၚထုတ္လာစဥ္က သူတို႔မွာ အရွိန္အဝါနည္းနည္းသာရွိသျဖင့္ သူတို႔၏သ႐ုပ္မွန္ကို လူအမ်ားသတိမထားမိၾကေပ။
"ဘာမွ ဖုံးဖိေနဖို႔မလိုပါဘူး" ဟြမ္ ေျပာလိုက္သည္ "ကြၽန္ေတာ္တို႔က မရဏာေလာကကပါ... ကြၽန္ေတာ္တို႔အရွင့္ရဲ႕အမိန႔္နဲ႔ သခင္မေလးကို ကာကြယ္တာပါ"
"မရဏာေလာက ဟုတ္လား"
"သခင္မေလးလား"
အခန္းထဲမွလူမ်ားသည္ ရွီမာယူယူႏွင့္ အရိပ္မည္းတို႔ကို တအံ့တဩ ၾကည့္ၾကသည္။
"မရဏာေလာကက ဒ႑ာရီထဲက ေနရမလား" တေစၦသခင္သည္ မရဏာေလာက အေၾကာင္းကို သိထားသည္။
"ကြၽန္မ တေစၦေလာကကို မလာခင္တုန္းက မေတာ္တဆ မရဏာေလာ ကကိုေရာက္သြားၿပီး ေဟးဒီးစ္နဲ႔သူတို႔ကိုေတြ႕ခဲ့တယ္.. အရိပ္မည္းနဲ႔ ဟြမ္တို႔က ထူးျခားတဲ့သ႐ုပ္မွန္ရွိေတာ့ လွ်ိဳ႕ဝွက္ထားေပးၾကပါ" ရွီမာယူယူ ေျပာလိုက္ သည္။
"ဟားဟား ဒါက ရွင္းဖို႔လြယ္ပါတယ္ သူတို႔က မင္းရဲ႕လုံၿခဳံေရးအတြက္ ကာကြယ္ေပးေနမွေတာ့ ဘယ္သူ႔ကိုမွမေျပာဘူး မဟုတ္ရင္ မင္းပဲ အခက္ေတြ႕ မွာ ဒါေပမဲ့ အဘိုးသိလား" ဒိက်ဲ႕ ေမးလိုက္သည္။
မရဏာေလာကမွ လူမ်ား တေစၦေလာကတြင္ ေပၚလာသည္မွာ အေရး မႀကီးသည့္ကိစၥမဟုတ္ေပ။
"အဘိုးက သူတို႔ကိုျမင္လိုက္တာနဲ႔ သိပါတယ္" ရွီမာယူယူ ျပန္ေျဖလိုက္ သည္။
"အင္း ဒါဆိုလည္း ဟုတ္ၿပီေလ.. ေျပာဦး ငါ့ကိုဘာလို႔လာရွာတာလဲ" ဒိက်ဲ႕ ေမးလိုက္သည္။
"ဟင္း.. လူတခ်ိဳ႕ရဲ႕ တည္ေနရာကို ရွာေစခ်င္လို႔ပါ" ရွီမာဘူယူ ေျပာၿပီး ေနာက္ ယြိခဲ့ေလာ့ရွိသည့္ေနရာကို ရွာရန္တပ္သားတခ်ိဳ႕ နန္းေတာ္မွထြက္သြား သည့္အေၾကာင္းကို ေျပာျပလိုက္သည္။ "အစ္ကို႔လူေတြ ေနရာတိုင္းမွာရွိတာ သိပါတယ္ အဲဒါေၾကာင့္ သူတို႔ကိုရွာေတြ႕ႏိုင္မလားလို႔ပါ"
"သူတို႔က ေဒၚေလးကို အရမ္းသစၥာရွိၾကတယ္.. ဒါေပမဲ့ ႏွစ္ေတြအမ်ား ႀကီး သတင္းမၾကားဘူးဆိုေတာ့ ဒါကအရမ္းကို..." ဒိက်ဲ႕သည္ ရွီမာယူယူကို ၾကည့္ၿပီး ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးမားမားမထားရန္ ေျပာလိုက္သည္။
"ကြၽန္မသိပါတယ္" ရွီမာယူယူ ေခါင္းညိတ္လိုက္သည္ "သူတို႔ေတြသာ တကယ္ေသသြားရင္ အနည္းဆုံးေတာ့ လန္းယြင္တို႔ လက္ေလ်ာ့ၿပီး ထပ္ မေစာင့္ေတာ့တာေပါ့"
"ဟုတ္ၿပီ ဒီကိစၥကိုငါ့ကိုသာ အပ္ထားလိုက္ေတာ့" ဒိက်ဲ႕သည္ တည္တည္ ၿငိမ္ၿငိမ္ပင္ တုံ႔ျပန္လိုက္သည္။ သူ၏အေဒၚျဖစ္သူကို စိတ္ရင္းႏွင့္ ဆက္ဆံေပး သူမ်ားအတြက္ျဖစ္သလို သူကာကြယ္ေပးခ်င္သည့္လူအတြက္လည္းျဖစ္ေန သည္။
"ေက်းဇူးတင္ပါတယ္ ဝမ္းကြဲအစ္ကို" ရွီမာယူယူသည္ ေက်းဇူးတင္ စကား ေျပာလိုက္သည္။
"ငါတို႔က မိသားစုေတြဆိုမွေတာ့ ဘာေတြယဥ္ေက်းေနတာလဲ" ဒိက်ဲ႕ သည္ သူမ ေက်းဇူးတင္တာမ်ိဳး အျဖစ္မခံေပ "ဒါနဲ႔ မိုမ်ိဳးႏြယ္ေတာ့ ျပႆနာ ေတြရႈပ္ေနတယ္"
"မိုမ်ိဳးႏြယ္က ျပႆနာျဖစ္တယ္ဟုတ္လား ဘာျဖစ္တာလဲ"
"အဲဒါေတာ့ ငါတို႔လည္း မရွင္းဘူး၊ ဒီႏွစ္ေတြမွာ မိုယြိရဲ႕ ေနရာကို စုံစမ္း ေတာ့ သူ မိုမ်ိဳးႏြယ္ကို ျပန္သြားတာၾကာၿပီတဲ့" ဒိက်ဲ႕ ေျပာေလသည္ "ဒါေပမဲ့ မိုမ်ိဳးႏြယ္ရဲ႕ သတင္းကလည္း စုံစမ္းဖို႔မလြယ္ဘူး အဲဒါေၾကာင့္ ဘာျဖစ္တာလဲ ကို မသိဘူး"
ရွီမာယူယူသည္ မ်က္ခုံးအသာၾကဳတ္လိုက္သည္။ မိုယြိသည္ မ်ိဳးႏြယ္၏ ကိစၥမ်ားေၾကာင့္ ျပန္သြားသည္ဟု မိုက်ိ တစ္ခါသူမကို ေျပာျပဖူးသည္။ ပုံမွန္ ဆိုလွ်င္ သူသည္ ဂ႐ုမစိုက္တတ္သျဖင့္ မ်ိဳးႏြယ္တြင္ ရွိခဲလွသည္။ အခု သူ မိုမ်ိဳးႏြယ္သို႔ ျပန္သည္မွာ မိုမ်ိဳးႏြယ္တြင္ တစ္ခုခုျဖစ္ေနသည္ကို ၫႊန္ျပေန သည္။ ေပါ့ေသးေသးကိစၥေတာ့ ျဖစ္ဟန္မတူေပ။
ယန္ခ်န္းၿမိဳ႕မွကိစၥ မည္မွ်ပင္ ႀကီးေစကာမူ မိုယြိသည္ သူမဆီသို႔ ေရာက္ မလာသလို ဆက္လည္းမဆက္သြယ္လာေပ။ တစ္ခုခုျဖစ္ေနသည္မွာေတာ့ ေသခ်ာေနသည္။
ဒိက်ဲ႕သည္ သူမ စကားမေျပာသည္ကို ျမင္ေသာအခါ သူမကို မေႏွာင့္ ယွက္ေတာ့ဘဲ ေခါင္းငုံ႔ၿပီး စဥ္းစားေနလိုက္သည္။
ခဏၾကာေသာအခါ သူမ သူ႔ကိုၾကည့္လာသည္ "မိုမ်ိဳးႏြယ္က ဘယ္မွာရွိ လဲဆိုတာ သိလား"
"မိုမ်ိဳးႏြယ္ကို သြားမလို႔လား" ဒိက်ဲ႕ ေမးလိုက္သည္။
"ကြၽန္မ သြားၿပီးၾကည့္ခ်င္တယ္.. မိုမ်ိဳးႏြယ္ကို မေရာက္ဖူးသလို သူတို႔က လည္း မဖိတ္ဖူးဘူးဆိုေပမဲ့ ဒီတစ္ခါေတာ့ အကူအညီျဖစ္လိုျဖစ္ျငားသြားခ်င္ တယ္" ရွီမာယူယူ ေျပာလိုက္သည္။
မိုယြိႏွင့္ သူမတို႔သည္ လူသားေလာကတြင္ ရွိစဥ္က ဆက္ဆံေရးေကာင္း ခဲ့ၾကသည္။ သူသည္ သူမကို သိုင္းကြက္မ်ားစြာ သင္ေပးခဲ့သည္။ တေစၦေလာက သို႔ေရာက္ၿပီးေနာက္တြင္ သူမကို ကာကြယ္ရန္ မိုက်ိကို လႊတ္ေပးခဲ့သည္။ သူမ သည္ ထိုဆက္ဆံေရးကို အၿမဲတမ္းမွတ္မိသည္။ သည္တစ္ေခါက္ မိုမ်ိဳးႏြယ္၏ ကိစၥမ်ားမွာ မေသးႏိုင္ေပ။ မဟုတ္လွ်င္ သူ႔အက်င့္ႏွင့္ဆိုလွ်င္ မိုမ်ိဳးႏြယ္တြင္ ေနမည္မဟုတ္ေပ။ သူမသည္ အားႀကီးလွသည္မဟုတ္ေသာ္လည္း သြားၾကည့္ လိုက္လွ်င္ အကူအညီေပးႏိုင္သည့္အရာရွိႏိုင္မည္။
ဒိက်ဲ႕သည္ သူမ၏ ဆုံးျဖတ္ခ်က္ကို မအံ့ဩေတာ့ေပ။ သူ သူမကို နားလည္သေလာက္ဆိုလွ်င္ ဤကိစၥကို ဂ႐ုမစိုက္သည္ကသာ ထူးဆန္းေပ မည္။
"တကယ္ေတာ့ မိုမ်ိဳးႏြယ္ရဲ႕ တည္ေနရာကို သိတယ္ ဒါေပမဲ့ အခု ၿမိဳ႕က ေနထြက္သြားမယ္ဆိုရင္ အရမ္းအႏၲရာယ္မ်ားမယ္ထင္တယ္.. ၿပီးေတာ့ ငါသာ အဘိုးဆိုရင္ မင္းကိုထြက္ခြင့္ေပးမွာမဟုတ္ဘူး" ဒိက်ဲ႕ ေျပာလိုက္သည္။
"အဘိုးက အေမ့ကိုမရွာေစခ်င္႐ုံတင္ပါ.. တျခားေနရာကိုသြားရင္ သိပ္ ဂ႐ုစိုက္မွာမဟုတ္ဘူး" ရွီမာယူယူ ေျပာလိုက္သည္ "အင္း သူ မသြားေစခ်င္ရင္ ေတာ့ ျပန္မလာတာေကာင္းတယ္"
ၿခိမ္းေျခာက္တာပဲ... အေသအခ်ာႀကီးကို ၿခိမ္းေျခာက္ေနတာ... သို႔ေသာ္ တေစၦဘုရင္သည္ သူမစကားကို နားေထာင္လိမ့္မည္ဟု ဒိက်ဲ႕ ေသခ်ာေနသည္။
"တေစၦၾကင္ယာေတာ္ဘယ္မွာလဲ... မင္းကို နန္းေတာ္ထဲမွာထိမရရင္ မင္း အင္ပါယာၿမိဳ႕ေတာ္ကေန ထြက္သြားတာနဲ႔ ျပႆနာေတြနဲ႔လာရွာမွာပဲ" ဒိက်ဲ႕သည္ အနည္းငယ္ စိတ္ပူေနတုန္းပင္။
"စိတ္မပူနဲ႔ လင္းယူတို႔ ေဘးမွာရွိတယ္" ရွီမာယူယူ ေျပာလိုက္သည္။
"အင္း ဒါဆိုလည္း ေကာင္းၿပီေလ" ဒိက်ဲ႕သည္ သူမကို မိုမ်ိဳးႏြယ္၏ တည္ ေနရာကို ေျပာျပလိုက္သည္ "ဝိညာဥ္နယ္ေျမကလည္း အခုတေလာ မေအးခ်မ္း ဘူး.. အဲေတာ့ ငါ မင္းကို အေဖာ္လိုက္မေပးႏိုင္ေတာ့ဘူး ဘယ္လိုပဲျဖစ္ျဖစ္ ဒိမ်ိဳးႏြယ္ရဲ႕ တပ္နဲ႔ဆက္သြယ္ဖို႔နည္းလမ္း သိတယ္မလား.. တစ္ခုခုဆိုရင္ သူတို႔ ကို ဆက္သြယ္လိုက္.. ၿပီးေတာ့ ဒါကိုယူသြားလိုက္ ဒါနဲ႔ဆိုရင္ ဘယ္ၿမိဳ႕မွာမဆို တပ္ကိုသုံးလို႔ရလိမ့္မယ္"
ရွီမာယူယူသည္ ဒိက်ဲ႕ေပးလိုက္ေသာ တံဆိပ္ျပားကိုယူၿပီး ေျပာလိုက္ သည္ "ဒီအတိုင္း ၿမိဳ႕စားဆီတိုက္႐ိုက္သြားလို႔မရဘူးလား"
"အင္း မင္းသား၊ နယ္စားနဲ႔ ၿမိဳ႕စား ဘယ္ဟာျဖစ္ျဖစ္ အဆင္ေျပပါတယ္" ဒိက်ဲ႕ ေျပာလိုက္သည္။
"ဟုတ္ၿပီ ေက်းဇူးပဲ ဝမ္းကြဲအစ္ကို" ရွီမာယူယူသည္ ၿပဳံးၿပီး တံဆိပ္ျပား ကို သိမ္းလိုက္သည္ "လန္းယြိတို႔ကိစၥကိုေတာ့ သူတို႔သတင္းရရင္ ကြၽန္မကို ေျပာေပးပါ ေက်းဇူးပဲ"
"အင္း"
သူမ စိတ္တြင္ေတြးထားသည္မ်ားရွိသျဖင့္ ရွီမာယူယူသည္ ခဏႏွင့္ပင္ နန္းေတာ္သို႔ျပန္ေလသည္။ ယြိရွီတို႔သည္ စားေသာက္ဖြယ္ရာမ်ားျပင္ဆင္ထား သျဖင့္ သူတို႔ႏွင့္ ဂုဏ္ျပဳရန္ဆုံးျဖတ္ထားၿပီး ေနာက္ရက္အနည္းငယ္ထိေစာင့္ ၿပီးမွ တေစၦဘုရင္ကို အသိေပးရမည္။
ညစာစားရင္း တစ္ဝက္တစ္ပ်က္ႏွင့္ပင္ ယြိရွီတို႔သည္ ႐ုတ္တရက္ ဒူးေထာက္ၿပီး ရွီမာယူယူအား အ႐ိုအေသျပဳၾကသည္။
ရွီမာယူယူသည္ သူမခြက္ကို ကိုင္ထားရင္းႏွင့္ ေမးလိုက္သည္ "မင္းတို႔ ဘာလုပ္ၾကတာလဲ"
"မင္းသမီးေလး... မင္းသမီးေလးက လန္းယြိတို႔ကိုရွာဖို႔ စစ္သူႀကီးဒိကို သြားရွာတာမွန္း ကြၽန္ေတာ္တို႔ သိၾကပါတယ္ မင္းသမီးေလးက ကြၽန္ေတာ္တို႔ အတြက္ မင္းသားေလးကိုေတာင္ ႐ိုက္တယ္.. မင္းသမီးေလးရဲ႕ ၾကင္နာမႈ အတြက္ဆိုရင္ ကြၽန္ေတာ္တို႔မွာရွိသမွ်နဲ႔ အကုန္ေပးဆပ္ပါ့မယ္ ကြၽန္ေတာ္တို႔ ပိုႀကိဳးစားပါ့မယ္" ယန္းေဟြ႕သည္ ဦးေဆာင္ကာ ေျပာေလသည္။
သူ၏ ဒဏ္ရာမွာျပင္းထန္သည္။ ရွီမာယူယူ ေပးေသာ ေဆးေၾကာင့္သာ မဟုတ္လွ်င္ သူ သည္ေလာက္ ျမန္ျမန္သက္သာမည္မဟုတ္ေပ။ သူမ သူတို႔ကို စိတ္ရင္းႏွင့္ ဆက္ဆံေပးသည္မွာ ထင္ရွားလြန္းသည္။
"ဟုတ္ၿပီ စိတ္ေအးေအးထားၾက.. ငါ မင္းတို႔ကို အႀကီးအက်ယ္ေတြ မလုပ္ခိုင္းပါဘူး.. အေမျပန္လာတာနဲ႔ သူမက မင္းတို႔ကိုျမင္ခ်င္မွာပဲေလ" ရွီမာယူယူသည္ သူတို႔ကိုထူလိုက္သည္ "ၿပီးေတာ့ ငါ နန္းေတာ္ထဲမွာ မရွိတုန္း ကို ငယ္႐ြယ္ျခင္းနန္းေတာ္ကို ကာကြယ္ထားရမယ္ ဟုတ္ၿပီလား"
Unicode
အပိုင်း (၁၉၀၆) – မိုမျိုးနွယ်မှ မတော်တဆမှု
ရှီမာယူယူ၊ ဝူလင်းယူ၊ အရိပ်မည်းနှင့် ဟွမ်တို့သည် စစ်သူကြီးအိမ်တော် ဆီသို့သွားကြလေသည်။
အရိပ်မည်းနှင့် ဟွမ်ကို ဒိကျဲ့ တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် ဒိဝူနှင့်ဒီလျူတို့ဆီမှ အကြိမ်ပေါင်းများစွာ ကြားဖူးပြီးသားဖြစ်သည်။
"ဘာလို့ ရောက်လာတာလဲ" ဒိကျဲ့သည် သူမကို မေးသည်။
"အစ်ကို့ကို စုံစမ်းခိုင်းစရာရှိလို့" ရှီမာယူယူ ပြောလိုက်သည် "အလုပ်များ နေတာလား"
"အဲလောက်လည်း မဟုတ်ပါဘူး.. ငါ့ကို လုပ်ခိုင်းစရာရှိရင် လူလွှတ်ပြီး စကားပါးခိုင်းလိုက်ရင်ရတာပဲ" ဒိကျဲ့ ပြောလိုက်သည် "ပြောချင်တာရှိတယ် ဆိုတော့လည်း ထိုင်ပြီးစကားပြောကြတာပေါ့"
ရှီမာယူယူသည် သူတို့လေးယောက်နှင့်အတူ ထိုင်လိုက်သည်။ တစ္ဆေ သခင်သည် အရိပ်မည်းနှင့် ဟွမ်တို့ကိုကြည့်ကာ မေးလိုက်သည် "ဒီနှစ်ယောက် က မင်းသမီး ယန်ချန်းမြို့အပြင်မှာရှိတုန်းက ကာကွယ်ပေးတဲ့သူတွေလား.. သူတို့မှာ ထူးဆန်းတဲ့ခန္ဓာကိုယ်ရှိတယ်လို့ ကြားဖူးတယ် သူတို့က ဘယ်သူတွေ လဲမသိဘူး..."
"ဒါက.." ရှီမာယူယူသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူမ သူတို့ကို ခေါ်ထုတ်လာစဉ်က သူတို့မှာ အရှိန်အဝါနည်းနည်းသာရှိသဖြင့် သူတို့၏သရုပ်မှန်ကို လူအများသတိမထားမိကြပေ။
"ဘာမှ ဖုံးဖိနေဖို့မလိုပါဘူး" ဟွမ် ပြောလိုက်သည် "ကျွန်တော်တို့က မရဏာလောကကပါ... ကျွန်တော်တို့အရှင့်ရဲ့အမိန့်နဲ့ သခင်မလေးကို ကာကွယ်တာပါ"
"မရဏာလောက ဟုတ်လား"
"သခင်မလေးလား"
အခန်းထဲမှလူများသည် ရှီမာယူယူနှင့် အရိပ်မည်းတို့ကို တအံ့တဩ ကြည့်ကြသည်။
"မရဏာလောကက ဒဏ္ဍာရီထဲက နေရမလား" တစ္ဆေသခင်သည် မရဏာလောက အကြောင်းကို သိထားသည်။
"ကျွန်မ တစ္ဆေလောကကို မလာခင်တုန်းက မတော်တဆ မရဏာလော ကကိုရောက်သွားပြီး ဟေးဒီးစ်နဲ့သူတို့ကိုတွေ့ခဲ့တယ်.. အရိပ်မည်းနဲ့ ဟွမ်တို့က ထူးခြားတဲ့သရုပ်မှန်ရှိတော့ လျှို့ဝှက်ထားပေးကြပါ" ရှီမာယူယူ ပြောလိုက် သည်။
"ဟားဟား ဒါက ရှင်းဖို့လွယ်ပါတယ် သူတို့က မင်းရဲ့လုံခြုံရေးအတွက် ကာကွယ်ပေးနေမှတော့ ဘယ်သူ့ကိုမှမပြောဘူး မဟုတ်ရင် မင်းပဲ အခက်တွေ့ မှာ ဒါပေမဲ့ အဘိုးသိလား" ဒိကျဲ့ မေးလိုက်သည်။
မရဏာလောကမှ လူများ တစ္ဆေလောကတွင် ပေါ်လာသည်မှာ အရေး မကြီးသည့်ကိစ္စမဟုတ်ပေ။
"အဘိုးက သူတို့ကိုမြင်လိုက်တာနဲ့ သိပါတယ်" ရှီမာယူယူ ပြန်ဖြေလိုက် သည်။
"အင်း ဒါဆိုလည်း ဟုတ်ပြီလေ.. ပြောဦး ငါ့ကိုဘာလို့လာရှာတာလဲ" ဒိကျဲ့ မေးလိုက်သည်။
"ဟင်း.. လူတချို့ရဲ့ တည်နေရာကို ရှာစေချင်လို့ပါ" ရှီမာဘူယူ ပြောပြီး နောက် ယွိခဲ့လော့ရှိသည့်နေရာကို ရှာရန်တပ်သားတချို့ နန်းတော်မှထွက်သွား သည့်အကြောင်းကို ပြောပြလိုက်သည်။ "အစ်ကို့လူတွေ နေရာတိုင်းမှာရှိတာ သိပါတယ် အဲဒါကြောင့် သူတို့ကိုရှာတွေ့နိုင်မလားလို့ပါ"
"သူတို့က ဒေါ်လေးကို အရမ်းသစ္စာရှိကြတယ်.. ဒါပေမဲ့ နှစ်တွေအများ ကြီး သတင်းမကြားဘူးဆိုတော့ ဒါကအရမ်းကို..." ဒိကျဲ့သည် ရှီမာယူယူကို ကြည့်ပြီး မျှော်လင့်ချက် ကြီးကြီးမားမားမထားရန် ပြောလိုက်သည်။
"ကျွန်မသိပါတယ်" ရှီမာယူယူ ခေါင်းညိတ်လိုက်သည် "သူတို့တွေသာ တကယ်သေသွားရင် အနည်းဆုံးတော့ လန်းယွင်တို့ လက်လျော့ပြီး ထပ် မစောင့်တော့တာပေါ့"
"ဟုတ်ပြီ ဒီကိစ္စကိုငါ့ကိုသာ အပ်ထားလိုက်တော့" ဒိကျဲ့သည် တည်တည် ငြိမ်ငြိမ်ပင် တုံ့ပြန်လိုက်သည်။ သူ၏အဒေါ်ဖြစ်သူကို စိတ်ရင်းနှင့် ဆက်ဆံပေး သူများအတွက်ဖြစ်သလို သူကာကွယ်ပေးချင်သည့်လူအတွက်လည်းဖြစ်နေ သည်။
"ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်ကို" ရှီမာယူယူသည် ကျေးဇူးတင် စကား ပြောလိုက်သည်။
"ငါတို့က မိသားစုတွေဆိုမှတော့ ဘာတွေယဉ်ကျေးနေတာလဲ" ဒိကျဲ့ သည် သူမ ကျေးဇူးတင်တာမျိုး အဖြစ်မခံပေ "ဒါနဲ့ မိုမျိုးနွယ်တော့ ပြဿနာ တွေရှုပ်နေတယ်"
"မိုမျိုးနွယ်က ပြဿနာဖြစ်တယ်ဟုတ်လား ဘာဖြစ်တာလဲ"
"အဲဒါတော့ ငါတို့လည်း မရှင်းဘူး၊ ဒီနှစ်တွေမှာ မိုယွိရဲ့ နေရာကို စုံစမ်း တော့ သူ မိုမျိုးနွယ်ကို ပြန်သွားတာကြာပြီတဲ့" ဒိကျဲ့ ပြောလေသည် "ဒါပေမဲ့ မိုမျိုးနွယ်ရဲ့ သတင်းကလည်း စုံစမ်းဖို့မလွယ်ဘူး အဲဒါကြောင့် ဘာဖြစ်တာလဲ ကို မသိဘူး"
ရှီမာယူယူသည် မျက်ခုံးအသာကြုတ်လိုက်သည်။ မိုယွိသည် မျိုးနွယ်၏ ကိစ္စများကြောင့် ပြန်သွားသည်ဟု မိုကျိ တစ်ခါသူမကို ပြောပြဖူးသည်။ ပုံမှန် ဆိုလျှင် သူသည် ဂရုမစိုက်တတ်သဖြင့် မျိုးနွယ်တွင် ရှိခဲလှသည်။ အခု သူ မိုမျိုးနွယ်သို့ ပြန်သည်မှာ မိုမျိုးနွယ်တွင် တစ်ခုခုဖြစ်နေသည်ကို ညွှန်ပြနေ သည်။ ပေါ့သေးသေးကိစ္စတော့ ဖြစ်ဟန်မတူပေ။
ယန်ချန်းမြို့မှကိစ္စ မည်မျှပင် ကြီးစေကာမူ မိုယွိသည် သူမဆီသို့ ရောက် မလာသလို ဆက်လည်းမဆက်သွယ်လာပေ။ တစ်ခုခုဖြစ်နေသည်မှာတော့ သေချာနေသည်။
ဒိကျဲ့သည် သူမ စကားမပြောသည်ကို မြင်သောအခါ သူမကို မနှောင့် ယှက်တော့ဘဲ ခေါင်းငုံ့ပြီး စဉ်းစားနေလိုက်သည်။
ခဏကြာသောအခါ သူမ သူ့ကိုကြည့်လာသည် "မိုမျိုးနွယ်က ဘယ်မှာရှိ လဲဆိုတာ သိလား"
"မိုမျိုးနွယ်ကို သွားမလို့လား" ဒိကျဲ့ မေးလိုက်သည်။
"ကျွန်မ သွားပြီးကြည့်ချင်တယ်.. မိုမျိုးနွယ်ကို မရောက်ဖူးသလို သူတို့က လည်း မဖိတ်ဖူးဘူးဆိုပေမဲ့ ဒီတစ်ခါတော့ အကူအညီဖြစ်လိုဖြစ်ငြားသွားချင် တယ်" ရှီမာယူယူ ပြောလိုက်သည်။
မိုယွိနှင့် သူမတို့သည် လူသားလောကတွင် ရှိစဉ်က ဆက်ဆံရေးကောင်း ခဲ့ကြသည်။ သူသည် သူမကို သိုင်းကွက်များစွာ သင်ပေးခဲ့သည်။ တစ္ဆေလောက သို့ရောက်ပြီးနောက်တွင် သူမကို ကာကွယ်ရန် မိုကျိကို လွှတ်ပေးခဲ့သည်။ သူမ သည် ထိုဆက်ဆံရေးကို အမြဲတမ်းမှတ်မိသည်။ သည်တစ်ခေါက် မိုမျိုးနွယ်၏ ကိစ္စများမှာ မသေးနိုင်ပေ။ မဟုတ်လျှင် သူ့အကျင့်နှင့်ဆိုလျှင် မိုမျိုးနွယ်တွင် နေမည်မဟုတ်ပေ။ သူမသည် အားကြီးလှသည်မဟုတ်သော်လည်း သွားကြည့် လိုက်လျှင် အကူအညီပေးနိုင်သည့်အရာရှိနိုင်မည်။
ဒိကျဲ့သည် သူမ၏ ဆုံးဖြတ်ချက်ကို မအံ့ဩတော့ပေ။ သူ သူမကို နားလည်သလောက်ဆိုလျှင် ဤကိစ္စကို ဂရုမစိုက်သည်ကသာ ထူးဆန်းပေ မည်။
"တကယ်တော့ မိုမျိုးနွယ်ရဲ့ တည်နေရာကို သိတယ် ဒါပေမဲ့ အခု မြို့က နေထွက်သွားမယ်ဆိုရင် အရမ်းအန္တရာယ်များမယ်ထင်တယ်.. ပြီးတော့ ငါသာ အဘိုးဆိုရင် မင်းကိုထွက်ခွင့်ပေးမှာမဟုတ်ဘူး" ဒိကျဲ့ ပြောလိုက်သည်။
"အဘိုးက အမေ့ကိုမရှာစေချင်ရုံတင်ပါ.. တခြားနေရာကိုသွားရင် သိပ် ဂရုစိုက်မှာမဟုတ်ဘူး" ရှီမာယူယူ ပြောလိုက်သည် "အင်း သူ မသွားစေချင်ရင် တော့ ပြန်မလာတာကောင်းတယ်"
ခြိမ်းခြောက်တာပဲ... အသေအချာကြီးကို ခြိမ်းခြောက်နေတာ... သို့သော် တစ္ဆေဘုရင်သည် သူမစကားကို နားထောင်လိမ့်မည်ဟု ဒိကျဲ့ သေချာနေသည်။
"တစ္ဆေကြင်ယာတော်ဘယ်မှာလဲ... မင်းကို နန်းတော်ထဲမှာထိမရရင် မင်း အင်ပါယာမြို့တော်ကနေ ထွက်သွားတာနဲ့ ပြဿနာတွေနဲ့လာရှာမှာပဲ" ဒိကျဲ့သည် အနည်းငယ် စိတ်ပူနေတုန်းပင်။
"စိတ်မပူနဲ့ လင်းယူတို့ ဘေးမှာရှိတယ်" ရှီမာယူယူ ပြောလိုက်သည်။
"အင်း ဒါဆိုလည်း ကောင်းပြီလေ" ဒိကျဲ့သည် သူမကို မိုမျိုးနွယ်၏ တည် နေရာကို ပြောပြလိုက်သည် "ဝိညာဉ်နယ်မြေကလည်း အခုတလော မအေးချမ်း ဘူး.. အဲတော့ ငါ မင်းကို အဖော်လိုက်မပေးနိုင်တော့ဘူး ဘယ်လိုပဲဖြစ်ဖြစ် ဒိမျိုးနွယ်ရဲ့ တပ်နဲ့ဆက်သွယ်ဖို့နည်းလမ်း သိတယ်မလား.. တစ်ခုခုဆိုရင် သူတို့ ကို ဆက်သွယ်လိုက်.. ပြီးတော့ ဒါကိုယူသွားလိုက် ဒါနဲ့ဆိုရင် ဘယ်မြို့မှာမဆို တပ်ကိုသုံးလို့ရလိမ့်မယ်"
ရှီမာယူယူသည် ဒိကျဲ့ပေးလိုက်သော တံဆိပ်ပြားကိုယူပြီး ပြောလိုက် သည် "ဒီအတိုင်း မြို့စားဆီတိုက်ရိုက်သွားလို့မရဘူးလား"
"အင်း မင်းသား၊ နယ်စားနဲ့ မြို့စား ဘယ်ဟာဖြစ်ဖြစ် အဆင်ပြေပါတယ်" ဒိကျဲ့ ပြောလိုက်သည်။
"ဟုတ်ပြီ ကျေးဇူးပဲ ဝမ်းကွဲအစ်ကို" ရှီမာယူယူသည် ပြုံးပြီး တံဆိပ်ပြား ကို သိမ်းလိုက်သည် "လန်းယွိတို့ကိစ္စကိုတော့ သူတို့သတင်းရရင် ကျွန်မကို ပြောပေးပါ ကျေးဇူးပဲ"
"အင်း"
သူမ စိတ်တွင်တွေးထားသည်များရှိသဖြင့် ရှီမာယူယူသည် ခဏနှင့်ပင် နန်းတော်သို့ပြန်လေသည်။ ယွိရှီတို့သည် စားသောက်ဖွယ်ရာများပြင်ဆင်ထား သဖြင့် သူတို့နှင့် ဂုဏ်ပြုရန်ဆုံးဖြတ်ထားပြီး နောက်ရက်အနည်းငယ်ထိစောင့် ပြီးမှ တစ္ဆေဘုရင်ကို အသိပေးရမည်။
ညစာစားရင်း တစ်ဝက်တစ်ပျက်နှင့်ပင် ယွိရှီတို့သည် ရုတ်တရက် ဒူးထောက်ပြီး ရှီမာယူယူအား အရိုအသေပြုကြသည်။
ရှီမာယူယူသည် သူမခွက်ကို ကိုင်ထားရင်းနှင့် မေးလိုက်သည် "မင်းတို့ ဘာလုပ်ကြတာလဲ"
"မင်းသမီးလေး... မင်းသမီးလေးက လန်းယွိတို့ကိုရှာဖို့ စစ်သူကြီးဒိကို သွားရှာတာမှန်း ကျွန်တော်တို့ သိကြပါတယ် မင်းသမီးလေးက ကျွန်တော်တို့ အတွက် မင်းသားလေးကိုတောင် ရိုက်တယ်.. မင်းသမီးလေးရဲ့ ကြင်နာမှု အတွက်ဆိုရင် ကျွန်တော်တို့မှာရှိသမျှနဲ့ အကုန်ပေးဆပ်ပါ့မယ် ကျွန်တော်တို့ ပိုကြိုးစားပါ့မယ်" ယန်းဟွေ့သည် ဦးဆောင်ကာ ပြောလေသည်။
သူ၏ ဒဏ်ရာမှာပြင်းထန်သည်။ ရှီမာယူယူ ပေးသော ဆေးကြောင့်သာ မဟုတ်လျှင် သူ သည်လောက် မြန်မြန်သက်သာမည်မဟုတ်ပေ။ သူမ သူတို့ကို စိတ်ရင်းနှင့် ဆက်ဆံပေးသည်မှာ ထင်ရှားလွန်းသည်။
"ဟုတ်ပြီ စိတ်အေးအေးထားကြ.. ငါ မင်းတို့ကို အကြီးအကျယ်တွေ မလုပ်ခိုင်းပါဘူး.. အမေပြန်လာတာနဲ့ သူမက မင်းတို့ကိုမြင်ချင်မှာပဲလေ" ရှီမာယူယူသည် သူတို့ကိုထူလိုက်သည် "ပြီးတော့ ငါ နန်းတော်ထဲမှာ မရှိတုန်း ကို ငယ်ရွယ်ခြင်းနန်းတော်ကို ကာကွယ်ထားရမယ် ဟုတ်ပြီလား"