Zawgyi
အပိုင္း (၁၉၀၅) – ေယာက္်ားမ်ားကို ကိုယ္တြယ္သည့္နည္းလမ္း
တေစၦၾကင္ယာေတာ္သည္ သက္ျပင္းခ်လိုက္ၿပီး ေျပာေလသည္ "ငါက ဘယ္လိုလုပ္ မသိဘဲေနမလဲ.. ဒါေပမဲ့ သူက ဒူအာရဲ႕တစ္ဦးတည္းေသာသား၊ သူ႔ေသြးသားဆက္ခံသူေလ ဒူအာမရွိေတာ့ အဲကေလးကို သူ႔အျဖစ္ၾကည့္ၿပီး ေတာ့ပဲေနရတာ ဘယ္လိုပဲျဖစ္ျဖစ္ ငါ့မွာအာဏာရွိတယ္.. ဘယ္လိုမ်ိဳးအသက္ ကိုမဆို သူ႔ကိုမေပးႏိုင္စရာမရွိ သူ႔ကို ဒီအတိုင္းပဲထားလိုက္ပါ"
အရင္ကဆိုလွ်င္ ယြိေဟာက္၏ ဆံပင္တစ္မွ်င္ကိုမွ မထိရဲၾကသည္ေတာ့ အမွန္ပင္။ သူ႔နာမည္ကို ၾကားလိုက္သူတိုင္းသည္ ေၾကာက္႐ြံ႕ၾကသည္။
မူလအစတြင္ ဤကဲ့သို႔ဘဝမ်ိဳးသည္ ျဖစ္႐ိုးျဖစ္စဥ္တစ္ခုသာ။ သူမကို လည္း မည္သူမွရန္မစရဲေပ။ သို႔ေသာ္ ႐ုတ္တရက္ ရွီမာယူယူေပၚလာၿပီးေနာက္ တြင္ ပထမဆုံးႀကိမ္အေနႏွင့္ ယခုလိုဆုံးရႈံးမႈႀကီးကို ခံစားလိုက္ရသည္။
ယြိေဟာက္သည္ သူမအတြက္ မည္မွ်တန္ဖိုးရွိသည္ကို ျမစ္ျပာသိသည္။ သူသည္ ဘာမွမေျပာေတာ့ဘဲ ေနာက္ဆုတ္ကာ ေျပာလိုက္သည္ "မိဖုရား ေကာင္းေကာင္းအနားယူပါ ကြၽန္ေတာ္ သြားၿပီး စီစဥ္စရာရွိတာေတြ သြားစီစဥ္ လိုက္ပါဦးမယ္"
"သြားပါ မင္းမွာလည္း လုပ္စရာေတြမ်ားေနမွာပဲ" တေစၦၾကင္ယာေတာ္ သည္ သူ႔ကို အားေပ်ာ့စြာပင္ ၿပဳံးျပလိုက္သည္။ သူမ ခါတိုင္းရွိေနက် ရက္စက္ ၿပီး လႊမ္းမိုးႏိုင္တဲ့ ပုံစံေတြက ဘယ္ေရာက္သြားတာလဲ။
ျမစ္ျပာသည္ သူမကို စူးစူးစိုက္စိုက္ၾကည့္ၿပီးေနာက္ နန္းေတာ္မွထြက္ သြားေလသည္။
"မိဖုရား သခင္ျမစ္ျပာက အရင္ကထက္ပိုၿပီး ေၾကာက္စရာေကာင္းလာ တယ္" ဟဲ့ရွန္း ေျပာလိုက္သည္။
တေစၦၾကင္ယာေတာ္သည္ သူမ၏ မ်က္ႏွာမွ အၿပဳံးကိုထိေတြ႕လိုက္ သည္။ သူမ ခုနက အားနည္းၿပီး က်ိဳးပဲ့လြယ္တဲ့ပုံစံကို ျပလိုက္မိတာလား။
"ေယာက္်ားေတြ.. အထူးသျဖင့္ ကိုယ့္ကိုေလးစားတဲ့သူကို ကိုင္တြယ္ဖို႔ဆို ရင္ တစ္ခါတေလ ကိုယ့္ကိုယ္ကိုယ္ အားနည္းတဲ့ပုံလုပ္ဖို႔လိုတယ္" သူမ ရယ္ ေမာလိုက္သည္ "ျမစ္ျပာက အရည္အခ်င္းရွိပါတယ္ အဲဒါသာ..."
ထိုႏွစ္ကို စဥ္းစားမိလွ်င္ တေစၦၾကင္ယာေတာ္၏ မ်က္လုံးမ်ားသည္ ေမွးမွိန္လာသည္။
သူမသာ နန္းေတာ္ကို မဝင္ခဲ့လွ်င္ သူမ၏ ဘဝသည္ ကြဲျပားသြားမည္။
"မိဖုရား" ဟဲ့ရွန္းသည္ သူမ၏ ငယ္စဥ္ကအပ်ိဳေတာ္ျဖစ္ခဲ့သျဖင့္ သူမ၏ အေတြးကိုသိသည္။ ထို႔ေၾကာင့္ သူမ၏ အသံထဲတြင္ ေသာကပါေနသည္ကို သတိထားမိရာ ေခၚလိုက္ေလသည္။
"ဟုတ္ၿပီ ငါ အနားယူလိုက္ဦးမယ္" တေစၦၾကင္ယာေတာ္သည္ မ်က္လုံး မွိတ္ၿပီး ခံစားခ်က္မ်ားကို ဖုံးကြယ္လိုက္သည္။ ဟဲ့ရွန္းသည္ အ႐ိုအေသျပဳၿပီး ေနာက္ အေဆာင္ထဲမွ အပ်ိဳေတာ္မ်ားႏွင့္အတူ ထြက္သြားေလသည္။
ရွီမာယူယူသည္ နန္းေဆာင္ထဲမွ တေစၦၾကင္ယာေတာ္၏ အေျခအေနကို ၾကားသည္။ ယြိရွီ ပုံမွန္အျပဳအမူမ်ား ေပ်ာက္ရွကာ တက္ႂကြေနသည္ကို ၾကည့္ ၿပီး သူမလည္း ၿပဳံးမိသည္။
"မင္းတို႔ေပ်ာ္မွေတာ့ ဒီေန႔ည အကုန္လုံးကို ဂုဏ္ျပဳခိုင္းလိုက္ၾက.. ဒါေပမဲ့ တံခါးပိတ္ဖို႔မေမ့ၾကနဲ႔ မဟုတ္ရင္ အတင္းေျပာစရာျဖစ္ေနဦးမယ္"
"ဟုတ္ကဲ့ပါ ဒါဆိုရင္ ကြၽန္မ သြားစီစဥ္လိုက္ဦးမယ္ ဒီေန႔ညေတာ့ ပြဲေတာ္ လုပ္ရမွာေပါ့" ယြိရွီသည္ ေျပာၿပီးေနာက္ ေပ်ာ္႐ႊင္စြာ ထြက္သြားေလသည္။
ရွီမာယူယူသည္ သူမကို ၾကည့္ၿပီး ၿပဳံးကာ ေခါင္းခါလိုက္သည္။ သူမ ေခါင္းျပန္လွည့္လာခ်ိန္တြင္ အနည္းငယ္ ရႈပ္ေထြးေနသည့္ တျခားအပ်ိဳေတာ္ လန္းယြင္ကိုျမင္ေသာအခါ ေမးလိုက္သည္ "ဘာျဖစ္လို႔လဲ လန္းယြင္ မေပ်ာ္ဘူး လား"
"မဟုတ္ပါဘူး မင္းသမီးေလး ဒီအေစခံမေလးက နည္းနည္းဝမ္းနည္းလို႔ ပါ" လန္းယြင္သည္ တ႐ိုတေသ ျပန္ေျဖေလသည္။
"ဝမ္းနည္းတယ္ဟုတ္လား ဘာလို႔လဲ" သူမ မ်က္လုံးထဲမွ မ်က္ရည္မ်ား ကို ျမင္ေသာအခါ ရွီမာယူယူသည္ သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။
"အေစခံမေလးက အစ္ကိုႀကီးကိုသြားသတိရလိုက္လို႔ပါ.. သူသာ ဒီမွာ ရွိရင္ မင္းသမီးေလး ဒီေလာက္ေကာင္းတာကို ျမင္ရင္ေပ်ာ္မွာပါ"
"မင္းရဲ႕အစ္ကိုဟုတ္လား သူကလည္း ငယ္႐ြယ္ျခင္းနန္းေတာ္ကလား" ရွီမာယူယူ ေမးလိုက္သည္။
"ဟုတ္ပါတယ္ ဒါေပမဲ့ သူမရွိေတာ့ပါဘူး" လန္းယြင္ ေျပာလိုက္သည္။
"သူဆုံးသြားတာလား"
လန္းယြင္ ေခါင္းခါလိုက္သည္ "မင္းသမီး မေတာ္တဆမႈျဖစ္ၿပီးေတာ့ အစ္ကိုနဲ႔ လူတခ်ိဳ႕က မင္းသမီးရွိတဲ့ေနရာကိုရွာဖို႔ နန္းေတာ္အျပင္ကို သြားၾက တယ္ ဘာသတင္းမွလည္း ျပန္မၾကားရသလို သူတို႔နဲ႔လည္း အဆက္အသြယ္ ျပတ္သြားတယ္... သူတို႔ေတြမရွိေတာ့ဘူးလို႔ ေျပာၾကတာပဲ"
"သူတို႔ အသက္ေက်ာက္စိမ္းေတြေရာ ဘယ္မွာလဲ"
"ကြၽန္မတို႔က အေစခံေတြပါ အဲလိုမ်ိဳး အရည္အေသြးျမင့္တဲ့ပစၥည္းေတြ ဘာမွမရွိပါဘူး" လန္းယြင္သည္ ဝမ္းနည္းစြာ ေျပာေလသည္။
"အဆက္အသြယ္ျပတ္႐ုံတင္ဆို သူတို႔ ေသတယ္လို႔ မဆိုလိုပါဘူး.. ငါ ဝမ္းကြဲအစ္ကိုကို စုံစမ္းခိုင္းလိုက္မယ္ ေမွ်ာ္လင့္ခ်က္ရွိမွာပါ" ရွီမာယူယူ ေျပာ လိုက္သည္။
လန္းယြင္သည္ ထိုစကားၾကားေသာအခါ ဒူးေထာက္ၿပီး ဦးၫႊတ္ကာ မ်က္ရည္မ်ားျဖင့္ ေျပာလိုက္သည္ "ေက်းဇူးတင္ပါတယ္ မင္းသမီးေလး ေက်းဇူးတင္ပါတယ္ မင္းသမီး"
"ဟုတ္ၿပီ မင္း မထရင္ ဝမ္းကြဲအစ္ကိုကို မေျပာေပးေတာ့ဘူး" ရွီမာယူယူ ေျပာလိုက္သည္။
လန္းယြင္သည္ ထိုေနရာတြင္ပင္ ေအးခဲသြားသည္။ ထို႔ေနာက္ ရွီမာယူယူ ေနာက္ေနျခင္းမဟုတ္သည္ကို ျမင္သည္ႏွင့္ ခ်က္ခ်င္းထေလသည္။""
"အရင္ဆုံး ဘာေတြျဖစ္ခဲ့တာလဲ ေျပာျပ" ရွီမာယူယူ ေျပာလိုက္သည္။
"မင္းသမီး လူသားေလာက,ကျပန္လာၿပီးေတာ့ သူမက တစ္ေန႔လုံး တစ္ညလုံးငိုခဲ့ပါတယ္.. အဲဒီအျဖစ္အပ်က္ကို ကြၽန္မတို႔သိၿပီးေတာ့ မင္းသမီးက အရွင့္ကိုသြားရွာမယ္လို႔ ေျပာသြားၿပီးကတည္းက ျပန္မလာေတာ့တာပါ.. ကြၽန္မတို႔လည္း မင္းသမီးကို တစ္ခ်ိန္လုံးရွာေနခ်င္ခဲ့တာပါ.. ဒါေပမဲ့ အဲတုန္းက ငယ္႐ြယ္ျခင္းနန္းေတာ္ကေန ထြက္သြားဖို႔ တားျမစ္ထားတယ္.. အဲဒါေၾကာင့္ ကြၽန္မတို႔လည္း ဘာမွစုံစမ္းလို႔မရဘူး.. ေနာက္က်ေတာ့ ငယ္႐ြယ္ျခင္းနန္း ေတာ္ကို တင္းၾကပ္မႈေတြ ျဖည္ေလ်ာ့လိုက္တဲ့အခါမွာ မင္းသမီးတစ္ခုခုျဖစ္ေန ၿပီဆိုတာကို သိလိုက္ရတယ္" လန္းယြင္သည္ ထိုစဥ္က အျဖစ္ကို ေျပာရင္းႏွင့္ မ်က္ရည္မ်ားက်လာသည္။ သူမ၏ မိခင္သည္ အဘိုးျဖစ္သူကို သြားရွာၿပီး အသူရဲငရဲတြင္ အခ်ဳပ္ခံလိုက္သည္ကို ရွီမာယူယူသိသည္။
"အဲတုန္းက မင္းသမီး အသတ္ခံလိုက္ရၿပီလို႔ တခ်ိဳ႕ေတြကေျပာၾကတယ္ တခ်ိဳ႕ကက် မင္းသမီးက အဖမ္းခံလိုက္ရတယ္တဲ့.. ေနာက္ပိုင္းက် အရွင္က ဘယ္သူ႔ကိုမွ ဒီကိစၥကို ေဆြးေႏြးခြင့္မေပးေတာ့ဘူး... ကြၽန္မတို႔လည္း သတင္း ေတြကိုမယုံၾကဘူး.. ဒါေပမဲ့ အစ္ကိုႀကီးက နန္းေတာ္ကေန ထြက္သြားလိုက္ရင္ တစ္ခုခုေတာ့ သိရမွာပဲလို႔ထင္တယ္... ေနာက္က်ေတာ့ နန္းေတာ္ကေန ထြက္ ၿပီးတာဝန္ထမ္းေဆာင္ဖို႔ရွိလာတယ္ သူတို႔လည္း လိုက္သြားဖို႔ နည္းလမ္းရွာၾက ခဲ့ၾကတာ.. နန္းေတာ္ကေန ထြက္သြားၿပီးေတာ့ မင္းသမီးရွိတဲ့ေနရာကို သြားရွာ ၾကတာပဲ အစတုန္းကေတာ့ သတင္းေတြ ျပန္လာေသးတယ္ ဒါေပမဲ့ ႏွစ္ေတြ နည္းနည္းေလာက္ ၾကာသြားေတာ့ သူတို႔ဆီက ဘာမွမၾကားရေတာ့ဘူး" လန္းယြင္ ေျပာေလသည္။
"မင္းအတြက္ ခက္ခဲမွာပဲ" မိခင္ျဖစ္သူ အခ်ဳပ္ခံရၿပီးေနာက္ ငယ္႐ြယ္ျခင္း နန္းေတာ္မွလူမ်ား မည္မွ်ခက္ခဲခဲ့သည္ကို ရွီမာယူယူသည္ ေတြး၍ရသည္။ ဤ သို႔အေျခအေနမ်ားၾကားတြင္ လန္းယြင္၏ အစ္ကိုႀကီးသည္ နည္းလမ္းရွာၿပီး သူမ၏ မိခင္ျဖစ္သူကို လိုက္ရွာခဲ့သည္။ သူမ၏ မိခင္အေပၚတြင္ ထားရွိသည့္ သူတို႔၏ စိတ္သည္ သက္ေသျဖစ္ေနသည္။
"အဲေလာက္ မခက္ခဲပါဘူး ဒါေပမဲ့ မင္းသမီးရွိတဲ့ေနရာကို ရွာမေတြ႕ႏိုင္ခဲ့ ၾကဘူး" ရွီမာယူယူ ဝမ္းနည္းသြားမည္ကို စိုးသျဖင့္ လန္းယြင္သည္ သူမ မေျပာသင့္ဟု ခံစားမိၿပီး အျမန္ပင္ ထပ္ေျပာလိုက္သည္ "မင္းသမီးေလး သူမ အဆင္ေျပမွာပါ"
"ငါသိပါတယ္" ရွီမာယူယူ ေျပာလိုက္သည္ "အေမက အသက္ရွင္ပါေသး တယ္"
"တကယ္ႀကီးလား" လန္းယြင္သည္ မ်က္ရည္မ်ားကို သုတ္လိုက္သည္ "မင္းသမီးေလး မင္းသမီးဘယ္မွာရွိလဲဆိုတာ သိၾကလား"
"သိတာက သိတာပဲ ဒါေပမဲ့ သိလည္းအသုံးမဝင္ဘူး.. ဒီအေၾကာင္းကို မစဥ္းစားနဲ႔ေတာ့ မင္းရဲ႕အစ္ကိုအေၾကာင္း သတင္းရရ၍္ေျပာမယ္.. ငါ ေသခ်ာ ေပါက္ အေမ့ကိုကယ္ၿပီး မင္းအစ္ကိုတို႔ကိုလည္း ရွာေပးမယ္" ရွီမာယူယူ ေျပာ လိုက္သည္။
"ေက်းဇူးတင္ပါတယ္ မင္းသမီးေလး.." လန္းယြိ၏ မ်က္ရည္မ်ားမွာ ဘယ္ေသာအခါမွ မရပ္တန႔္ေပ။ ယြိရွီျပန္ဝင္လာခ်ိန္တြင္လည္း သူမ၏ မ်က္ရည္မ်ားက်ဆဲပင္ျဖစ္သည္။
ယြိရွီသည္ သံသယျဖင့္ ေမးေလသည္ "ဘာျဖစ္တာလဲ.. မင္းသမီးေလး လန္းယြိက စိတ္ဆိုးေအာင္ လုပ္မိလိုက္တာလား"
"မဟုတ္ဘူး ယြိရွီ မင္းေရာက္လာေတာ့ သူမကို ႏွစ္သိမ့္ေပးလိုက္ပါဦး ငါ နန္းေတာ္အျပင္သြားလိုက္ဦးမယ္" ရွီမာယူယူ ေျပာလိုက္သည္။
"မင္းသမီးေလး အျပင္သြားခ်င္လို႔လား"
"အင္း ဟုတ္တယ္ေလ စစ္သူႀကီးအိမ္ေတာ္ကို သြားမလို႔" ရွီမာယူယူ ေျပာလိုက္သည္။
"ဒီအခ်ိန္မွာ နန္းေတာ္ကေန ထြက္ရင္အႏၲရာယ္မမ်ားဘူးလား" ယြိရွီ သည္ စိုးရိမ္ေနကာ သူတို႔ မျပင္ဆင္ရေသးခင္တြင္ ႐ုတ္တရက္ အျပင္ထြက္ရ ျခင္းအေၾကာင္းအရင္းကို သိခ်င္ေနသည္။
"မဟုတ္ဘူး လင္းယူနဲ႔ တျခားသူေတြကို ေခၚသြားမွာ.. မင္းတို႔ ညစာကို ဆက္ျပင္ထားႏွင့္လိုက္ ငါ အဲမတိုင္ခင္ျပန္လာမယ္" သူမ ေျပာၿပီးေနာက္ ဝူလင္းယူ၊ အရိပ္မည္းႏွင့္ ဟြမ္တို႔ကိုရွာရန္ထြက္သြားၿပီးေနာက္ သူတို႔ႏွင့္အတူ နန္းေတာ္မွ ထြက္ခဲ့လိုက္သည္။
ယြိရွီ ထိုအရာကိုျမင္ေသာအခါ မတားေတာ့ေပ။ သူမ ထြက္သြားၿပီး ေနာက္ လန္းယြင္ကို ေမးၾကည့္သည္။
လန္းယြင္သည္ ရွီမာယူယူ ေျပာခဲ့သည့္စကားမ်ားကို ထပ္ေျပာျပလိုက္ရာ ယြိရွီသည္ အတန္ၾကာ တိတ္ဆိတ္သြားခဲ့သည္။ လန္းယြင္ သူမ၏ ပခုံးကို လာ ပုတ္မွာပင္ သတိျပန္ဝင္လာသည္ "ကြၽန္မတို႔က သခင္ေကာင္းႏွစ္ေယာက္ ေနာက္ကို လိုက္ေနရတာပါ..."
အားလုံး အဆင္ေျပၿပီး ေနာက္မက်ေစရန္ကိုသာ သူတို႔ေမွ်ာ္လင့္ရေတာ့ မည္...
Unicode
အပိုင်း (၁၉၀၅) – ယောက်ျားများကို ကိုယ်တွယ်သည့်နည်းလမ်း
တစ္ဆေကြင်ယာတော်သည် သက်ပြင်းချလိုက်ပြီး ပြောလေသည် "ငါက ဘယ်လိုလုပ် မသိဘဲနေမလဲ.. ဒါပေမဲ့ သူက ဒူအာရဲ့တစ်ဦးတည်းသောသား၊ သူ့သွေးသားဆက်ခံသူလေ ဒူအာမရှိတော့ အဲကလေးကို သူ့အဖြစ်ကြည့်ပြီး တော့ပဲနေရတာ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာအာဏာရှိတယ်.. ဘယ်လိုမျိုးအသက် ကိုမဆို သူ့ကိုမပေးနိုင်စရာမရှိ သူ့ကို ဒီအတိုင်းပဲထားလိုက်ပါ"
အရင်ကဆိုလျှင် ယွိဟောက်၏ ဆံပင်တစ်မျှင်ကိုမှ မထိရဲကြသည်တော့ အမှန်ပင်။ သူ့နာမည်ကို ကြားလိုက်သူတိုင်းသည် ကြောက်ရွံ့ကြသည်။
မူလအစတွင် ဤကဲ့သို့ဘဝမျိုးသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ။ သူမကို လည်း မည်သူမှရန်မစရဲပေ။ သို့သော် ရုတ်တရက် ရှီမာယူယူပေါ်လာပြီးနောက် တွင် ပထမဆုံးကြိမ်အနေနှင့် ယခုလိုဆုံးရှုံးမှုကြီးကို ခံစားလိုက်ရသည်။
ယွိဟောက်သည် သူမအတွက် မည်မျှတန်ဖိုးရှိသည်ကို မြစ်ပြာသိသည်။ သူသည် ဘာမှမပြောတော့ဘဲ နောက်ဆုတ်ကာ ပြောလိုက်သည် "မိဖုရား ကောင်းကောင်းအနားယူပါ ကျွန်တော် သွားပြီး စီစဉ်စရာရှိတာတွေ သွားစီစဉ် လိုက်ပါဦးမယ်"
"သွားပါ မင်းမှာလည်း လုပ်စရာတွေများနေမှာပဲ" တစ္ဆေကြင်ယာတော် သည် သူ့ကို အားပျော့စွာပင် ပြုံးပြလိုက်သည်။ သူမ ခါတိုင်းရှိနေကျ ရက်စက် ပြီး လွှမ်းမိုးနိုင်တဲ့ ပုံစံတွေက ဘယ်ရောက်သွားတာလဲ။
မြစ်ပြာသည် သူမကို စူးစူးစိုက်စိုက်ကြည့်ပြီးနောက် နန်းတော်မှထွက် သွားလေသည်။
"မိဖုရား သခင်မြစ်ပြာက အရင်ကထက်ပိုပြီး ကြောက်စရာကောင်းလာ တယ်" ဟဲ့ရှန်း ပြောလိုက်သည်။
တစ္ဆေကြင်ယာတော်သည် သူမ၏ မျက်နှာမှ အပြုံးကိုထိတွေ့လိုက် သည်။ သူမ ခုနက အားနည်းပြီး ကျိုးပဲ့လွယ်တဲ့ပုံစံကို ပြလိုက်မိတာလား။
"ယောက်ျားတွေ.. အထူးသဖြင့် ကိုယ့်ကိုလေးစားတဲ့သူကို ကိုင်တွယ်ဖို့ဆို ရင် တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အားနည်းတဲ့ပုံလုပ်ဖို့လိုတယ်" သူမ ရယ် မောလိုက်သည် "မြစ်ပြာက အရည်အချင်းရှိပါတယ် အဲဒါသာ..."
ထိုနှစ်ကို စဉ်းစားမိလျှင် တစ္ဆေကြင်ယာတော်၏ မျက်လုံးများသည် မှေးမှိန်လာသည်။
သူမသာ နန်းတော်ကို မဝင်ခဲ့လျှင် သူမ၏ ဘဝသည် ကွဲပြားသွားမည်။
"မိဖုရား" ဟဲ့ရှန်းသည် သူမ၏ ငယ်စဉ်ကအပျိုတော်ဖြစ်ခဲ့သဖြင့် သူမ၏ အတွေးကိုသိသည်။ ထို့ကြောင့် သူမ၏ အသံထဲတွင် သောကပါနေသည်ကို သတိထားမိရာ ခေါ်လိုက်လေသည်။
"ဟုတ်ပြီ ငါ အနားယူလိုက်ဦးမယ်" တစ္ဆေကြင်ယာတော်သည် မျက်လုံး မှိတ်ပြီး ခံစားချက်များကို ဖုံးကွယ်လိုက်သည်။ ဟဲ့ရှန်းသည် အရိုအသေပြုပြီး နောက် အဆောင်ထဲမှ အပျိုတော်များနှင့်အတူ ထွက်သွားလေသည်။
ရှီမာယူယူသည် နန်းဆောင်ထဲမှ တစ္ဆေကြင်ယာတော်၏ အခြေအနေကို ကြားသည်။ ယွိရှီ ပုံမှန်အပြုအမူများ ပျောက်ရှကာ တက်ကြွနေသည်ကို ကြည့် ပြီး သူမလည်း ပြုံးမိသည်။
"မင်းတို့ပျော်မှတော့ ဒီနေ့ည အကုန်လုံးကို ဂုဏ်ပြုခိုင်းလိုက်ကြ.. ဒါပေမဲ့ တံခါးပိတ်ဖို့မမေ့ကြနဲ့ မဟုတ်ရင် အတင်းပြောစရာဖြစ်နေဦးမယ်"
"ဟုတ်ကဲ့ပါ ဒါဆိုရင် ကျွန်မ သွားစီစဉ်လိုက်ဦးမယ် ဒီနေ့ညတော့ ပွဲတော် လုပ်ရမှာပေါ့" ယွိရှီသည် ပြောပြီးနောက် ပျော်ရွှင်စွာ ထွက်သွားလေသည်။
ရှီမာယူယူသည် သူမကို ကြည့်ပြီး ပြုံးကာ ခေါင်းခါလိုက်သည်။ သူမ ခေါင်းပြန်လှည့်လာချိန်တွင် အနည်းငယ် ရှုပ်ထွေးနေသည့် တခြားအပျိုတော် လန်းယွင်ကိုမြင်သောအခါ မေးလိုက်သည် "ဘာဖြစ်လို့လဲ လန်းယွင် မပျော်ဘူး လား"
"မဟုတ်ပါဘူး မင်းသမီးလေး ဒီအစေခံမလေးက နည်းနည်းဝမ်းနည်းလို့ ပါ" လန်းယွင်သည် တရိုတသေ ပြန်ဖြေလေသည်။
"ဝမ်းနည်းတယ်ဟုတ်လား ဘာလို့လဲ" သူမ မျက်လုံးထဲမှ မျက်ရည်များ ကို မြင်သောအခါ ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အစေခံမလေးက အစ်ကိုကြီးကိုသွားသတိရလိုက်လို့ပါ.. သူသာ ဒီမှာ ရှိရင် မင်းသမီးလေး ဒီလောက်ကောင်းတာကို မြင်ရင်ပျော်မှာပါ"
"မင်းရဲ့အစ်ကိုဟုတ်လား သူကလည်း ငယ်ရွယ်ခြင်းနန်းတော်ကလား" ရှီမာယူယူ မေးလိုက်သည်။
"ဟုတ်ပါတယ် ဒါပေမဲ့ သူမရှိတော့ပါဘူး" လန်းယွင် ပြောလိုက်သည်။
"သူဆုံးသွားတာလား"
လန်းယွင် ခေါင်းခါလိုက်သည် "မင်းသမီး မတော်တဆမှုဖြစ်ပြီးတော့ အစ်ကိုနဲ့ လူတချို့က မင်းသမီးရှိတဲ့နေရာကိုရှာဖို့ နန်းတော်အပြင်ကို သွားကြ တယ် ဘာသတင်းမှလည်း ပြန်မကြားရသလို သူတို့နဲ့လည်း အဆက်အသွယ် ပြတ်သွားတယ်... သူတို့တွေမရှိတော့ဘူးလို့ ပြောကြတာပဲ"
"သူတို့ အသက်ကျောက်စိမ်းတွေရော ဘယ်မှာလဲ"
"ကျွန်မတို့က အစေခံတွေပါ အဲလိုမျိုး အရည်အသွေးမြင့်တဲ့ပစ္စည်းတွေ ဘာမှမရှိပါဘူး" လန်းယွင်သည် ဝမ်းနည်းစွာ ပြောလေသည်။
"အဆက်အသွယ်ပြတ်ရုံတင်ဆို သူတို့ သေတယ်လို့ မဆိုလိုပါဘူး.. ငါ ဝမ်းကွဲအစ်ကိုကို စုံစမ်းခိုင်းလိုက်မယ် မျှော်လင့်ချက်ရှိမှာပါ" ရှီမာယူယူ ပြော လိုက်သည်။
လန်းယွင်သည် ထိုစကားကြားသောအခါ ဒူးထောက်ပြီး ဦးညွှတ်ကာ မျက်ရည်များဖြင့် ပြောလိုက်သည် "ကျေးဇူးတင်ပါတယ် မင်းသမီးလေး ကျေးဇူးတင်ပါတယ် မင်းသမီး"
"ဟုတ်ပြီ မင်း မထရင် ဝမ်းကွဲအစ်ကိုကို မပြောပေးတော့ဘူး" ရှီမာယူယူ ပြောလိုက်သည်။
လန်းယွင်သည် ထိုနေရာတွင်ပင် အေးခဲသွားသည်။ ထို့နောက် ရှီမာယူယူ နောက်နေခြင်းမဟုတ်သည်ကို မြင်သည်နှင့် ချက်ချင်းထလေသည်။""
"အရင်ဆုံး ဘာတွေဖြစ်ခဲ့တာလဲ ပြောပြ" ရှီမာယူယူ ပြောလိုက်သည်။
"မင်းသမီး လူသားလောက,ကပြန်လာပြီးတော့ သူမက တစ်နေ့လုံး တစ်ညလုံးငိုခဲ့ပါတယ်.. အဲဒီအဖြစ်အပျက်ကို ကျွန်မတို့သိပြီးတော့ မင်းသမီးက အရှင့်ကိုသွားရှာမယ်လို့ ပြောသွားပြီးကတည်းက ပြန်မလာတော့တာပါ.. ကျွန်မတို့လည်း မင်းသမီးကို တစ်ချိန်လုံးရှာနေချင်ခဲ့တာပါ.. ဒါပေမဲ့ အဲတုန်းက ငယ်ရွယ်ခြင်းနန်းတော်ကနေ ထွက်သွားဖို့ တားမြစ်ထားတယ်.. အဲဒါကြောင့် ကျွန်မတို့လည်း ဘာမှစုံစမ်းလို့မရဘူး.. နောက်ကျတော့ ငယ်ရွယ်ခြင်းနန်း တော်ကို တင်းကြပ်မှုတွေ ဖြည်လျော့လိုက်တဲ့အခါမှာ မင်းသမီးတစ်ခုခုဖြစ်နေ ပြီဆိုတာကို သိလိုက်ရတယ်" လန်းယွင်သည် ထိုစဉ်က အဖြစ်ကို ပြောရင်းနှင့် မျက်ရည်များကျလာသည်။ သူမ၏ မိခင်သည် အဘိုးဖြစ်သူကို သွားရှာပြီး အသူရဲငရဲတွင် အချုပ်ခံလိုက်သည်ကို ရှီမာယူယူသိသည်။
"အဲတုန်းက မင်းသမီး အသတ်ခံလိုက်ရပြီလို့ တချို့တွေကပြောကြတယ် တချို့ကကျ မင်းသမီးက အဖမ်းခံလိုက်ရတယ်တဲ့.. နောက်ပိုင်းကျ အရှင်က ဘယ်သူ့ကိုမှ ဒီကိစ္စကို ဆွေးနွေးခွင့်မပေးတော့ဘူး... ကျွန်မတို့လည်း သတင်း တွေကိုမယုံကြဘူး.. ဒါပေမဲ့ အစ်ကိုကြီးက နန်းတော်ကနေ ထွက်သွားလိုက်ရင် တစ်ခုခုတော့ သိရမှာပဲလို့ထင်တယ်... နောက်ကျတော့ နန်းတော်ကနေ ထွက် ပြီးတာဝန်ထမ်းဆောင်ဖို့ရှိလာတယ် သူတို့လည်း လိုက်သွားဖို့ နည်းလမ်းရှာကြ ခဲ့ကြတာ.. နန်းတော်ကနေ ထွက်သွားပြီးတော့ မင်းသမီးရှိတဲ့နေရာကို သွားရှာ ကြတာပဲ အစတုန်းကတော့ သတင်းတွေ ပြန်လာသေးတယ် ဒါပေမဲ့ နှစ်တွေ နည်းနည်းလောက် ကြာသွားတော့ သူတို့ဆီက ဘာမှမကြားရတော့ဘူး" လန်းယွင် ပြောလေသည်။
"မင်းအတွက် ခက်ခဲမှာပဲ" မိခင်ဖြစ်သူ အချုပ်ခံရပြီးနောက် ငယ်ရွယ်ခြင်း နန်းတော်မှလူများ မည်မျှခက်ခဲခဲ့သည်ကို ရှီမာယူယူသည် တွေး၍ရသည်။ ဤ သို့အခြေအနေများကြားတွင် လန်းယွင်၏ အစ်ကိုကြီးသည် နည်းလမ်းရှာပြီး သူမ၏ မိခင်ဖြစ်သူကို လိုက်ရှာခဲ့သည်။ သူမ၏ မိခင်အပေါ်တွင် ထားရှိသည့် သူတို့၏ စိတ်သည် သက်သေဖြစ်နေသည်။
"အဲလောက် မခက်ခဲပါဘူး ဒါပေမဲ့ မင်းသမီးရှိတဲ့နေရာကို ရှာမတွေ့နိုင်ခဲ့ ကြဘူး" ရှီမာယူယူ ဝမ်းနည်းသွားမည်ကို စိုးသဖြင့် လန်းယွင်သည် သူမ မပြောသင့်ဟု ခံစားမိပြီး အမြန်ပင် ထပ်ပြောလိုက်သည် "မင်းသမီးလေး သူမ အဆင်ပြေမှာပါ"
"ငါသိပါတယ်" ရှီမာယူယူ ပြောလိုက်သည် "အမေက အသက်ရှင်ပါသေး တယ်"
"တကယ်ကြီးလား" လန်းယွင်သည် မျက်ရည်များကို သုတ်လိုက်သည် "မင်းသမီးလေး မင်းသမီးဘယ်မှာရှိလဲဆိုတာ သိကြလား"
"သိတာက သိတာပဲ ဒါပေမဲ့ သိလည်းအသုံးမဝင်ဘူး.. ဒီအကြောင်းကို မစဉ်းစားနဲ့တော့ မင်းရဲ့အစ်ကိုအကြောင်း သတင်းရရ၍်ပြောမယ်.. ငါ သေချာ ပေါက် အမေ့ကိုကယ်ပြီး မင်းအစ်ကိုတို့ကိုလည်း ရှာပေးမယ်" ရှီမာယူယူ ပြော လိုက်သည်။
"ကျေးဇူးတင်ပါတယ် မင်းသမီးလေး.." လန်းယွိ၏ မျက်ရည်များမှာ ဘယ်သောအခါမှ မရပ်တန့်ပေ။ ယွိရှီပြန်ဝင်လာချိန်တွင်လည်း သူမ၏ မျက်ရည်များကျဆဲပင်ဖြစ်သည်။
ယွိရှီသည် သံသယဖြင့် မေးလေသည် "ဘာဖြစ်တာလဲ.. မင်းသမီးလေး လန်းယွိက စိတ်ဆိုးအောင် လုပ်မိလိုက်တာလား"
"မဟုတ်ဘူး ယွိရှီ မင်းရောက်လာတော့ သူမကို နှစ်သိမ့်ပေးလိုက်ပါဦး ငါ နန်းတော်အပြင်သွားလိုက်ဦးမယ်" ရှီမာယူယူ ပြောလိုက်သည်။
"မင်းသမီးလေး အပြင်သွားချင်လို့လား"
"အင်း ဟုတ်တယ်လေ စစ်သူကြီးအိမ်တော်ကို သွားမလို့" ရှီမာယူယူ ပြောလိုက်သည်။
"ဒီအချိန်မှာ နန်းတော်ကနေ ထွက်ရင်အန္တရာယ်မများဘူးလား" ယွိရှီ သည် စိုးရိမ်နေကာ သူတို့ မပြင်ဆင်ရသေးခင်တွင် ရုတ်တရက် အပြင်ထွက်ရ ခြင်းအကြောင်းအရင်းကို သိချင်နေသည်။
"မဟုတ်ဘူး လင်းယူနဲ့ တခြားသူတွေကို ခေါ်သွားမှာ.. မင်းတို့ ညစာကို ဆက်ပြင်ထားနှင့်လိုက် ငါ အဲမတိုင်ခင်ပြန်လာမယ်" သူမ ပြောပြီးနောက် ဝူလင်းယူ၊ အရိပ်မည်းနှင့် ဟွမ်တို့ကိုရှာရန်ထွက်သွားပြီးနောက် သူတို့နှင့်အတူ နန်းတော်မှ ထွက်ခဲ့လိုက်သည်။
ယွိရှီ ထိုအရာကိုမြင်သောအခါ မတားတော့ပေ။ သူမ ထွက်သွားပြီး နောက် လန်းယွင်ကို မေးကြည့်သည်။
လန်းယွင်သည် ရှီမာယူယူ ပြောခဲ့သည့်စကားများကို ထပ်ပြောပြလိုက်ရာ ယွိရှီသည် အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။ လန်းယွင် သူမ၏ ပခုံးကို လာ ပုတ်မှာပင် သတိပြန်ဝင်လာသည် "ကျွန်မတို့က သခင်ကောင်းနှစ်ယောက် နောက်ကို လိုက်နေရတာပါ..."
အားလုံး အဆင်ပြေပြီး နောက်မကျစေရန်ကိုသာ သူတို့မျှော်လင့်ရတော့ မည်...