Zawgyi
အပိုင္း (၁၉၀၂) – ျပႆနာႀကီးသြားျခင္း
ေဘးဒုကၡတိမ္တိုက္မ်ားသည္ ေတာ္ဝင္နန္းေတာ္အထက္တြင္ တျဖည္း ျဖည္းစုလာသည္။ ယန္ခ်န္းၿမိဳ႕ေတာ္တြင္ ျဖစ္ခဲ့စဥ္ကႏွင့္ယွဥ္လွ်င္ ညင္သာ သည္ဟု ေျပာ၍ရသည္။ ထိုသို႔ဆိုေသာ္ျငား ေတာ္ဝင္နန္းေတာ္မွလူမ်ားကို ေၾကာက္သြားေစကာ အင္ပါယာၿမိဳ႕ေတာ္မွလူမ်ားမွာ ျဖဴဖတ္ျဖဴေရာ္ျဖစ္သြား ၾကသည္။
"ဘာေတြျဖစ္တာလဲ ဘယ္လိုလုပ္ မိုးႀကိဳးေဘးဒုကၡရွိေနတာလဲ" အင္ပါ ယာၿမိဳ႕ေတာ္မွလူမ်ားသည္ ေဘးဒုကၡတိမ္တိုက္မ်ားကို ေၾကာက္လန႔္တၾကား ၾကည့္ၾကသည္။ သူတို႔သည္ ေၾကာက္႐ြံ႕ၾကကာ ေတာ္ဝင္နန္းေတာ္ႏွင့္ အေဝး သို႔ဆုတ္ၾကသည္။
ေတာ္ဝင္နန္းေတာ္မွ လူမ်ားသည္ ေၾကာက္လြန္းသျဖင့္ ဒူးမ်ား ေပ်ာ့ေခြ သြားၾကသည္။ တစ္ေယာက္ေယာက္သာ ေဘးဒုကၡေတြ႕တယ္ဆိုရင္ သူတို႔ပါ ပါသြားေတာ့မွာလား။
"ျမန္ျမန္ ဒီေနရာကေန ျမန္ျမန္သြားၾက"
လူအမ်ားစုမွာ မိုးႀကိဳးေဘးဒုကၡအတြင္း ပါသြားမည္ကို စိုးသျဖင့္ ျမန္ႏိုင္ သေလာက္ ျမန္ျမန္ေျပးၾကသည္။
ေတာ္ဝင္နန္းေတာ္အတြင္းတြင္ အပ်ိဳေတာ္ႏွင့္ အေစာင့္မ်ားသည္ သူတို႔ ၏ သခင္မ်ားႏွင့္ သခင္ေလးမ်ားတို႔ကို ေခၚကာ အျပင္သို႔ေျပးထြက္ၾကသည္။ သူတို႔သည္ ေဘးဒုကၡတိမ္တိုက္မ်ားကို ျမင္ေသာအခါ ေၾကာက္တတ္သူမ်ား သည္ ခ်က္ခ်င္းပင္ ေမ့လဲၾကေတာ့သည္။
"ဘာေတြျဖစ္ေနတာလဲ"
"ခုနက အေကာင္းႀကီးပါ ဘယ္လိုလုပ္ ေဘးဒုကၡတိမ္တိုက္ျဖစ္လာတာ လဲ"
"အဲေနရာက ငယ္႐ြယ္ျခင္းနန္းေတာ္ျဖစ္ႏိုင္တယ္"
"ငယ္႐ြယ္ျခင္းနန္းေတာ္လား... အခုမွျပန္လာတဲ့ မင္းသမီးေနတဲ့ေနရာ မဟုတ္ဘူးလား"
"အဲဒီရွီမာယူယူ.. ျပန္လာတာနဲ႔ ဘာလို႔ ဒီလိုျပႆနာရွာႏိုင္ရတာလဲ"
"အရွင္ေတာင္ သြားလိုက္ၿပီ ငါတို႔လည္း သြားၾကည့္ၾကမလား"
"သြားရေအာင္ ရွီမာယူယူ ဘာေတြေတြးေနတာလဲ ငါသိခ်င္တယ္"
...
ရွီမာယူယူသည္ ေခါင္းမိုးေပၚတြင္ရပ္ေနကာ ေအာက္မွ ပ်ားပန္းခတ္ေန သည္လူမ်ား၏ အမူအရာကိုငုံ႔ၾကည့္ေနသည္။
သူတို႔၏ အသက္အႏၲရာယ္ကို မစိုးရိမ္ရေသာအခါ လူအမ်ားအျပားစုေဝး လာသည္။ သူတို႔သည္ သူမကို ျမင္ေသာအခါ ေအာ္ၾကေလသည္ "မင္း ဘာလုပ္ ေနတာလဲ"
ရွီမာယူယူသည္ ထိုစကားေျပာသူကို ၾကည့္လိုက္သည္။ ထိုလူသည္ နန္းေတာ္မွ ကိုယ္လုပ္ေတာ္ျဖစ္ကာ သူမႏွင့္ ပတ္သက္ရမည့္လူမဟုတ္ေသာ ေၾကာင့္ စိတ္အရႈပ္ခံၿပီး ျပန္မေျဖေတာ့ေပ။
"မိဖုရားလာၿပီ" မည္သူေအာ္လိုက္သည္မသိ၊ မိဖုရားကို လူအုပ္ေရွ႕သို႔ ေလွ်ာက္ရန္ အားလုံးသည္ လမ္းဖယ္ေပးလိုက္ၾကသည္။
ရွီမာယူယူသည္ တေစၦၾကင္ယာေတာ္ကို ျမင္လိုက္ရသည္။ သူတို႔ႏွစ္ ေယာက္ ေတြ႕ၾကသည္မွာ ပထမဆုံးအႀကိမ္ျဖစ္သည္။ သို႔ေသာ္ သူတို႔သည္ အေမွာင္ထဲတြင္ ပြဲေပါင္းမ်ားစြာ ႏႊဲလာၿပီးျဖစ္သည္။ သူတို႔ တစ္ေယာက္ႏွင့္ တစ္ ေယာက္ ၾကည့္လိုက္ခ်ိန္တြင္ မ်က္လုံမ်ားမွာ လူသတ္မည့္အရိပ္အေယာင္မ်ား ျဖင့္ ျပည့္ေနၾကသည္။
"ရွီမာယူယူ ဘာလုပ္တာလဲ မင္းျပန္လာတာနဲ႔ ေတာ္ဝင္နန္းေတာ္တစ္ခု လုံးကို ဖ်က္ဆီးပစ္ေတာ့မလို႔လား"
"ဒါက ဘယ္လိုလုပ္ ေတာ္ဝင္နန္းေတာ္ကို ဖ်က္ဆီးတာျဖစ္ရမွာလဲ ကြၽန္မက ကိုယ့္ကိုယ္ကိုယ္ကာကြယ္တာပဲ" ရွီမာယူယူ ပခုံးတြန႔္လိုက္သည္ "လူတစ္ေယာက္က ကြၽန္မကိုသတ္ခ်င္ေနတယ္.. ဒါေပမဲ့ ကြၽန္မကအားနည္း ၿပီးေတာ့ တစ္ေယာက္တည္းေလ ဒီနန္းေတာ္မွာလည္း အုတ္ျမစ္မရွိဘူး အဲဒါ ေၾကာင့္ မတတ္သာေတာ့ဘဲ ဒီလိုနည္းနဲ႔ပဲ ကာကြယ္ရတာ"
"မဟုတ္တမ္းတရားေတြ မင္းက အခုမွနန္းေတာ္ထဲကို ေရာက္တာ ဘယ္သူက မင္းကိုသတ္ခ်င္ေနတာလဲ" တေစၦၾကင္ယာေတာ္ ျပန္ေခ်ပေလ သည္။ သူမသည္ ထိုမိန္းမကိုသတ္ပစ္ခ်င္ေသာ္လည္း အျပင္ပန္းတြင္ေတာ့ ဟန္ေဆာင္ရေသးသည္။
"ဘာလို႔မရွိရမွာလဲ ယြိရွီ အကုန္လုံးကို ေခၚသြားျပလိုက္" ရွီမာယူယူ ေျပာ လိုက္သည္။ ယြိရွီသည္ ငယ္႐ြယ္ျခင္းနန္းေတာ္မွ အပ်ိဳေတာ္ႏွင့္ အေစာင့္မ်ားကို ဦးေဆာင္ၿပီးထြက္သြားသည္။ တစ္ေယာက္ခ်င္းစီသည္ ဒဏ္ရာမ်ားျဖင့္ ျပည့္ ႏွက္ေနသည္။
တေစၦၾကင္ယာေတာ္ စကားေျပာေတာ့မည္ကို သူမ ျမင္သည္ႏွင့္ အရင္ ဦးေအာင္ ေျပာလိုက္သည္ "ဒီလူေတြက ကြၽန္မနန္းေဆာင္ကလူေတြပါ.. ကြၽန္မ ကပဲ သူတို႔ကိုထိခိုက္ေအာင္လုပ္ၿပီး မိုးႀကိဳးေဘးဒုကၡေခၚဖို႔ ဆင္ေျခေပးေန တယ္လို႔ ရွင္ေျပာမွာေတာ့ မဟုတ္ပါဘူးေနာ္ ကြၽန္မက အဲေလာက္မအားဘူး"
တေစၦၾကင္ယာေတာ္သည္ အစက ထိုအတိုင္းပင္ေျပာခ်င္သည္။ သို႔ေသာ္ ရွီမာယူယူ အရင္ေျပာလိုက္သျဖင့္ သူမ ဘာမွထပ္မေျပာေတာ့ေပ။
"မင္းကို သတ္ခ်င္တာက ဘယ္သူလဲ ေျပာ.. ငါ ဆုံးျဖတ္ေပးမယ္.. ျမန္ျမန္ မိုးႀကိဳးေဘးဒုကၡကိုရပ္လိုက္" သူမသည္ ရွီမာယူယ၏ မ်က္ႏွာေပၚမွ ျဖဴစင္မႈကိုျမင္ေသာအခါ သြားၿပီး႐ိုက္လိုက္ခ်င္မိသည္။
"တေစၦၾကင္ယာေတာ္ ေတာင့္မခံႏိုင္မွာပဲစိုးတာပါ" ရွီမာယူယူ ႏွာမႈတ္ လိုက္သည္။
"ေတာ္ဝင္နန္းေတာ္က စည္းကမ္းရွိတဲ့ေနရာပဲ၊ မင္းကို ျပႆနာလာရွာ တဲ့သူရွိရင္ နန္းေတာ္ရဲ႕သခင္တစ္ေယာက္အေနနဲ႔ ငါ မွ်မွ်တတနဲ႔ ဆုံးျဖတ္ေပး မယ္" တေစၦၾကင္ယာေတာ္ ေျပာေလသည္။
"ဒါဆိုရင္ ကြၽန္မ ရွင့္ကိုေက်းဇူးတင္ပါတယ္" ရွီမာယူယူသည္ တေစၦ ၾကင္ယာေတာ္ကို ဦးၫႊတ္ၿပီးေနာက္ အသံကိုျမႇင့္လိုက္သည္ "အိမ္ထဲမွာ ပုန္း ေနဖို႔မလိုဘူး.. မိဖုရားေရာက္ေနၿပီ အဲေတာ့ ရွင္ ကြၽန္မကို အႏိုင္က်င့္လို႔မရ ေတာ့ဘူး"
အားလုံးသည္ ၿခံဝန္းထဲသို႔ ၾကည့္လိုက္ၾကသည္။ တစ္မိနစ္ခန႔္အၾကာ တြင္ လူတခ်ိဳ႕ထြက္လာၾကသည္။ အေစာင့္မ်ားကို ျမင္လိုက္ခ်ိန္တြင္ တေစၦ ၾကင္ယာေတာ္၏ စိတ္မွာတင္းမာသြားသည္။
"အဘြားေတာ္ ကြၽန္ေတာ့္ကို ကယ္ပါဦး" ယြိေဟာက္သည္ အေစာင့္မ်ား ဘာမွမျဖစ္သည္ကို ျမင္ေသာအခါ ေျပးထြက္ၿပီး တေစၦၾကင္ယာေတာ္အား ေအာ္ငိုေလသည္။
"ေဟာက္အာ" တေစၦၾကင္ယာေတာ္သည္ ယြိေဟာက္ကို ျမင္ေသာအခါ ရင္နာနာျဖင့္ ေအာ္ေလသည္ "ဒီမွာဘာလုပ္ေနတာလဲ"
"အဘြားေတာ္ ကြၽန္ေတာ့္ကိုကယ္ပါ" ယြိေဟာက္သည္ မိုးႀကိဳးေဘးဒုကၡ ကို ေၾကာက္႐ြံ႕ေနသည္။ သူ တေစၦၾကင္ယာေတာ္ကိုျမင္ေသာအခါ ထိုစကားကို သာ ေအာ္ႏိုင္ေတာ့သည္။
တေစၦၾကင္ယာေတာ္သည္ လက္ကိုေဝ့ယမ္းလိုက္ရာ ယြိေဟာက္သည္ သူမေဘးသို႔ ေရာက္လာသည္။ ထို႔ေနာက္ ရွီမာယူယူအားၾကည့္ၿပီး ေအာ္ေလ သည္ "မင္း သူ႔ကိုဘာလုပ္လိုက္တာလဲ"
"ၾကည့္ေလ ကြၽန္မေျပာသားပဲ ရွင့္ကိုေျပာလည္း ဘာမွမထူးပါဘူးလို႔" ရွီမာယူယူသည္ နစ္နာသလိုေျပာသည္ "သူ႔ကို ကြၽန္မက ဘာလုပ္ႏိုင္မွာလဲ.. ကြၽန္မက ေဘးနန္းေဆာင္မွာရွိေနတုန္း သူေရာက္လာၿပီး ကြၽန္မလူေတြကို ႐ိုက္တယ္... ခုနက ထြက္လာတဲ့ကြၽန္မလူေတြရဲ႕ အေျခအေနကိုလည္း ရွင္ ျမင္သားပဲ.. ဒါေပမဲ့ သူတို႔က သူ႔ကိုဘာမွျပန္မလုပ္ခဲ့ဘူး"
အားလုံးသည္ ယြိေဟာက္၏ စ႐ိုက္ကိုသိၾကသည္။ ရွီမာယူယူသည္ သူ၏ ဖခင္ျဖစ္သူကို သတ္ခဲ့သည္ျဖစ္ရာ သူသည္ မုန္းတီးေနမည္ျဖစ္သည္။ သူမ နန္းေတာ္ကို ေရာက္ေနၿပီဟု ၾကားသည္ႏွင့္ သူမကို ျပႆနာသြားရွာမည့္ကိစၥ ကို မည္သူမွတားရမည္မဟုတ္ေပ။ ထို႔အျပင္ တေစၦၾကင္ယာေတာ္၏ အလို လိုက္ျခင္းကိုခံထားရသျဖင့္ သူ သူမကိုျပႆနာရွာလွ်င္ေတာင္ သူမအတြက္ မည္သူမွ လည္စင္းခံမည္မဟုတ္ေပ။ သူမသည္ ခံျပင္းမႈကို မ်ိဳခ်႐ုံသာရွိေတာ့ မည္။
သူမသည္ အေျခအေနကို ေျပာင္းျပန္ျဖစ္ရန္ ဤနည္းလမ္းကိုသုံးလိမ့္ မည္ဟု မည္သူထင္ထားမည္နည္း။ သည္လိုဆိုလွ်င္ တေစၦၾကင္ယာေတာ္သည္ ယြိေဟာက္ကို ကူညီခ်င္လွ်င္ေတာင္ ေ႐ြးခ်ယ္စရာမရွိေတာ့ေပ။ အားလုံး၏ ေစာင့္ၾကည့္ေနေသာ မ်က္လုံးမ်ားေအာက္တြင္ သူမသည္ မိဖုရားဆိုသည့္ ဂုဏ္ပုဒ္ကိုေထာက္ၿပီး ယြိေဟာက္ကို အျပစ္ေပးရေတာ့မည္ပင္။
တေစၦၾကင္ယာေတာ္သည္ ေၾကာက္လြန္း၍တုန္ေနေသာ ေျမးျဖစ္သူကို ၾကည့္ၿပီး ရင္နာေနမိသည္။ သူမသည္ ရွီမာယူယူအား မုန္းတီးေသာ မ်က္လုံး မ်ားျဖင့္ ၾကည့္လိုက္သည္။
"လာၾကစမ္း မင္းသားေလးကို အေမွာင္နန္းေတာ္မွာ ပိတ္ထားလိုက္ၾက" တေစၦၾကင္ယာေတာ္ အမိန႔္ေပးလိုက္သည္။ ခ်က္ခ်င္းပင္ တခ်ိဳ႕လူမ်ားသည္ ေရွ႕ေရာက္လာၿပီး ယြိေဟာက္ကို ေခၚသြားၾကသည္။
"အဘြား ကြၽန္ေတာ္ အေမွာင္နန္းေတာ္ကို မသြားခ်င္ဘူး" ယြိေဟာက္ သည္ သူမလက္ကိုဆုပ္ကိုင္သည္ "အဘြားေတာ္က ဒီေလာက္အားေကာင္းတာ အဲမိန္းမကိုသတ္ႏိုင္ပါတယ္"
"မဟုတ္တာေတြ" တေစၦၾကင္ယာေတာ္သည္ ယြိေဟာက္၏ လက္ကို ဖယ္ထုတ္ၿပီး အမိန႔္ေပးလိုက္သည္ "မင္းသားေလးကို ေခၚသြားၾက"
ယြိေဟာက္သည္ တစ္ခုခုထပ္ေျပာခ်င္ေသာ္လည္း တေစၦဘုရင္သည္ တေစၦၾကင္ယာေတာ္၏ ေဘးတြင္ ႐ုတ္တရက္ေပၚလာသည္ကို ျမင္လိုက္ရ သည္။ ထို႔ေၾကာင့္ ဘာမွမေျပာရဲေတာ့ဘဲ က်ိဳးႏြံစြာပင္ ထြက္သြားေလသည္။ သူ ထြက္မသြားခင္တြင္ ရွီမာယူယူကို ေနာက္ဆုံးၾကည့္သြားကာ မၿပီးေသးဟု ပါးစပ္မွ႐ြတ္သြားေလသည္။
"ဟုတ္ၿပီ သူ႔ကို အျပစ္ေပးၿပီးၿပီ အခု ဒါကိုရပ္ႏိုင္မလား" တေစၦၾကင္ယာ ေတာ္သည္ ေဒါသေၾကာင့္ အံႀကိတ္ထားသည္။ သူသည္ သူမ၏ အခ်စ္ေတာ္ ျဖစ္ေသာ္လည္း ဤကိစၥေၾကာင့္ အျပစ္ေပးလိုက္ရသည္။ သူမသည္ ရွီမာယူယူ ကို အပိုင္းပိုင္းျဖတ္လိုက္ခ်င္သည္။
"သူ႔ကို အေမွာင္နန္းေတာ္ထဲကို ပို႔ဖို႔က အျပစ္ေပးတာလား" ရွီမာယူယူ သည္ ပေဟဠိမ်ားစြာျဖင့္ ၾကည့္လိုက္သည္။
"အေမွာင္နန္းေတာ္က ငါတို႔လူေတြကို အျပစ္ေပးတဲ့ေနရာပဲ... အဲဒီမွာ အရမ္းေအးၿပီးေတာ့ ကာကြယ္ဖို႔ ဝိညာဥ္စြမ္းအားကိုလည္း သုံးလို႔မရဘူး.. သာမန္လူလိုမ်ိဳး ဆာေလာင္ေနရမယ္.. အဲဒီမွာ ထင္ေယာင္ထင္မွား တည္ ေဆာက္မႈလည္းရွိေသးတယ္ တည္ေဆာက္မႈထဲမွာ ဒဏ္ရာရသြားရင္ တစ္ဘဝ လုံးပါသြားမွာ ဒါေပမဲ့ ဒါကကံေပၚမွာလည္းမူတည္ေသးတယ္" တေစၦၾကင္ယာ ေတာ္ ရွင္းျပေလသည္။
သူမ၏ အသံမွာတည္ၿငိမ္ေနေသာ္လည္း ေဒါသသံပါေနသည္။ သူမသည္ မိုးႀကိဳးေဘးဒုကၡကို မေၾကာက္ေပ။
"သူ သူ႔ဘာသာ ထြက္မလာေလာက္ပါဘူးေနာ္" ရွီမာယူယူသည္ တေစၦ ၾကင္ယာေတာ္၏ စကားကတိကို မသကၤာေပ။
"ဝင္သြားရင္ အခ်ိန္မေရာက္ဘဲ ျပန္ထြက္လာလို႔မရဘူး" တေစၦၾကင္ယာ ေတာ္ ရွင္းျပေလသည္ "ယြိေဟာက္ရဲ႕ အျပစ္ဒဏ္က သုံးရက္ပဲ"
"အုန္း" လွိမ့္တက္လာေသာ ေဘးဒုကၡတိမ္တိုက္မ်ားသည္ သူ၏ တည္ရွိ မႈကို အားလုံးကို သတိေပးလိုက္သလိုပင္။
"အရင္ဆုံး အဲဒါႀကီးကို ရပ္လိုက္ပါ" တေစၦၾကင္ယာေတာ္ ေျပာလိုက္ သည္။
"အဲဒါကေတာ့..." ရွီမာယူယူသည္ သူမ၏ ႏွာေခါင္းကို ရွက္ကိုးရွက္ကန္း ျဖင့္ ပြတ္လိုက္သည္။ သူမ ထိုသို႔ျပဳမူသည္ကိုျမင္ေသာအခါ အားလုံး၏ စိတ္ထဲ တြင္ နိမိတ္တစ္ခုေျပးသြားေလသည္။
Unicode
အပိုင်း (၁၉၀၂) – ပြဿနာကြီးသွားခြင်း
ဘေးဒုက္ခတိမ်တိုက်များသည် တော်ဝင်နန်းတော်အထက်တွင် တဖြည်း ဖြည်းစုလာသည်။ ယန်ချန်းမြို့တော်တွင် ဖြစ်ခဲ့စဉ်ကနှင့်ယှဉ်လျှင် ညင်သာ သည်ဟု ပြော၍ရသည်။ ထိုသို့ဆိုသော်ငြား တော်ဝင်နန်းတော်မှလူများကို ကြောက်သွားစေကာ အင်ပါယာမြို့တော်မှလူများမှာ ဖြူဖတ်ဖြူရော်ဖြစ်သွား ကြသည်။
"ဘာတွေဖြစ်တာလဲ ဘယ်လိုလုပ် မိုးကြိုးဘေးဒုက္ခရှိနေတာလဲ" အင်ပါ ယာမြို့တော်မှလူများသည် ဘေးဒုက္ခတိမ်တိုက်များကို ကြောက်လန့်တကြား ကြည့်ကြသည်။ သူတို့သည် ကြောက်ရွံ့ကြကာ တော်ဝင်နန်းတော်နှင့် အဝေး သို့ဆုတ်ကြသည်။
တော်ဝင်နန်းတော်မှ လူများသည် ကြောက်လွန်းသဖြင့် ဒူးများ ပျော့ခွေ သွားကြသည်။ တစ်ယောက်ယောက်သာ ဘေးဒုက္ခတွေ့တယ်ဆိုရင် သူတို့ပါ ပါသွားတော့မှာလား။
"မြန်မြန် ဒီနေရာကနေ မြန်မြန်သွားကြ"
လူအများစုမှာ မိုးကြိုးဘေးဒုက္ခအတွင်း ပါသွားမည်ကို စိုးသဖြင့် မြန်နိုင် သလောက် မြန်မြန်ပြေးကြသည်။
တော်ဝင်နန်းတော်အတွင်းတွင် အပျိုတော်နှင့် အစောင့်များသည် သူတို့ ၏ သခင်များနှင့် သခင်လေးများတို့ကို ခေါ်ကာ အပြင်သို့ပြေးထွက်ကြသည်။ သူတို့သည် ဘေးဒုက္ခတိမ်တိုက်များကို မြင်သောအခါ ကြောက်တတ်သူများ သည် ချက်ချင်းပင် မေ့လဲကြတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
"ခုနက အကောင်းကြီးပါ ဘယ်လိုလုပ် ဘေးဒုက္ခတိမ်တိုက်ဖြစ်လာတာ လဲ"
"အဲနေရာက ငယ်ရွယ်ခြင်းနန်းတော်ဖြစ်နိုင်တယ်"
"ငယ်ရွယ်ခြင်းနန်းတော်လား... အခုမှပြန်လာတဲ့ မင်းသမီးနေတဲ့နေရာ မဟုတ်ဘူးလား"
"အဲဒီရှီမာယူယူ.. ပြန်လာတာနဲ့ ဘာလို့ ဒီလိုပြဿနာရှာနိုင်ရတာလဲ"
"အရှင်တောင် သွားလိုက်ပြီ ငါတို့လည်း သွားကြည့်ကြမလား"
"သွားရအောင် ရှီမာယူယူ ဘာတွေတွေးနေတာလဲ ငါသိချင်တယ်"
...
ရှီမာယူယူသည် ခေါင်းမိုးပေါ်တွင်ရပ်နေကာ အောက်မှ ပျားပန်းခတ်နေ သည်လူများ၏ အမူအရာကိုငုံ့ကြည့်နေသည်။
သူတို့၏ အသက်အန္တရာယ်ကို မစိုးရိမ်ရသောအခါ လူအများအပြားစုဝေး လာသည်။ သူတို့သည် သူမကို မြင်သောအခါ အော်ကြလေသည် "မင်း ဘာလုပ် နေတာလဲ"
ရှီမာယူယူသည် ထိုစကားပြောသူကို ကြည့်လိုက်သည်။ ထိုလူသည် နန်းတော်မှ ကိုယ်လုပ်တော်ဖြစ်ကာ သူမနှင့် ပတ်သက်ရမည့်လူမဟုတ်သော ကြောင့် စိတ်အရှုပ်ခံပြီး ပြန်မဖြေတော့ပေ။
"မိဖုရားလာပြီ" မည်သူအော်လိုက်သည်မသိ၊ မိဖုရားကို လူအုပ်ရှေ့သို့ လျှောက်ရန် အားလုံးသည် လမ်းဖယ်ပေးလိုက်ကြသည်။
ရှီမာယူယူသည် တစ္ဆေကြင်ယာတော်ကို မြင်လိုက်ရသည်။ သူတို့နှစ် ယောက် တွေ့ကြသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် သူတို့သည် အမှောင်ထဲတွင် ပွဲပေါင်းများစွာ နွှဲလာပြီးဖြစ်သည်။ သူတို့ တစ်ယောက်နှင့် တစ် ယောက် ကြည့်လိုက်ချိန်တွင် မျက်လုံများမှာ လူသတ်မည့်အရိပ်အယောင်များ ဖြင့် ပြည့်နေကြသည်။
"ရှီမာယူယူ ဘာလုပ်တာလဲ မင်းပြန်လာတာနဲ့ တော်ဝင်နန်းတော်တစ်ခု လုံးကို ဖျက်ဆီးပစ်တော့မလို့လား"
"ဒါက ဘယ်လိုလုပ် တော်ဝင်နန်းတော်ကို ဖျက်ဆီးတာဖြစ်ရမှာလဲ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာပဲ" ရှီမာယူယူ ပခုံးတွန့်လိုက်သည် "လူတစ်ယောက်က ကျွန်မကိုသတ်ချင်နေတယ်.. ဒါပေမဲ့ ကျွန်မကအားနည်း ပြီးတော့ တစ်ယောက်တည်းလေ ဒီနန်းတော်မှာလည်း အုတ်မြစ်မရှိဘူး အဲဒါ ကြောင့် မတတ်သာတော့ဘဲ ဒီလိုနည်းနဲ့ပဲ ကာကွယ်ရတာ"
"မဟုတ်တမ်းတရားတွေ မင်းက အခုမှနန်းတော်ထဲကို ရောက်တာ ဘယ်သူက မင်းကိုသတ်ချင်နေတာလဲ" တစ္ဆေကြင်ယာတော် ပြန်ချေပလေ သည်။ သူမသည် ထိုမိန်းမကိုသတ်ပစ်ချင်သော်လည်း အပြင်ပန်းတွင်တော့ ဟန်ဆောင်ရသေးသည်။
"ဘာလို့မရှိရမှာလဲ ယွိရှီ အကုန်လုံးကို ခေါ်သွားပြလိုက်" ရှီမာယူယူ ပြော လိုက်သည်။ ယွိရှီသည် ငယ်ရွယ်ခြင်းနန်းတော်မှ အပျိုတော်နှင့် အစောင့်များကို ဦးဆောင်ပြီးထွက်သွားသည်။ တစ်ယောက်ချင်းစီသည် ဒဏ်ရာများဖြင့် ပြည့် နှက်နေသည်။
တစ္ဆေကြင်ယာတော် စကားပြောတော့မည်ကို သူမ မြင်သည်နှင့် အရင် ဦးအောင် ပြောလိုက်သည် "ဒီလူတွေက ကျွန်မနန်းဆောင်ကလူတွေပါ.. ကျွန်မ ကပဲ သူတို့ကိုထိခိုက်အောင်လုပ်ပြီး မိုးကြိုးဘေးဒုက္ခခေါ်ဖို့ ဆင်ခြေပေးနေ တယ်လို့ ရှင်ပြောမှာတော့ မဟုတ်ပါဘူးနော် ကျွန်မက အဲလောက်မအားဘူး"
တစ္ဆေကြင်ယာတော်သည် အစက ထိုအတိုင်းပင်ပြောချင်သည်။ သို့သော် ရှီမာယူယူ အရင်ပြောလိုက်သဖြင့် သူမ ဘာမှထပ်မပြောတော့ပေ။
"မင်းကို သတ်ချင်တာက ဘယ်သူလဲ ပြော.. ငါ ဆုံးဖြတ်ပေးမယ်.. မြန်မြန် မိုးကြိုးဘေးဒုက္ခကိုရပ်လိုက်" သူမသည် ရှီမာယူယ၏ မျက်နှာပေါ်မှ ဖြူစင်မှုကိုမြင်သောအခါ သွားပြီးရိုက်လိုက်ချင်မိသည်။
"တစ္ဆေကြင်ယာတော် တောင့်မခံနိုင်မှာပဲစိုးတာပါ" ရှီမာယူယူ နှာမှုတ် လိုက်သည်။
"တော်ဝင်နန်းတော်က စည်းကမ်းရှိတဲ့နေရာပဲ၊ မင်းကို ပြဿနာလာရှာ တဲ့သူရှိရင် နန်းတော်ရဲ့သခင်တစ်ယောက်အနေနဲ့ ငါ မျှမျှတတနဲ့ ဆုံးဖြတ်ပေး မယ်" တစ္ဆေကြင်ယာတော် ပြောလေသည်။
"ဒါဆိုရင် ကျွန်မ ရှင့်ကိုကျေးဇူးတင်ပါတယ်" ရှီမာယူယူသည် တစ္ဆေ ကြင်ယာတော်ကို ဦးညွှတ်ပြီးနောက် အသံကိုမြှင့်လိုက်သည် "အိမ်ထဲမှာ ပုန်း နေဖို့မလိုဘူး.. မိဖုရားရောက်နေပြီ အဲတော့ ရှင် ကျွန်မကို အနိုင်ကျင့်လို့မရ တော့ဘူး"
အားလုံးသည် ခြံဝန်းထဲသို့ ကြည့်လိုက်ကြသည်။ တစ်မိနစ်ခန့်အကြာ တွင် လူတချို့ထွက်လာကြသည်။ အစောင့်များကို မြင်လိုက်ချိန်တွင် တစ္ဆေ ကြင်ယာတော်၏ စိတ်မှာတင်းမာသွားသည်။
"အဘွားတော် ကျွန်တော့်ကို ကယ်ပါဦး" ယွိဟောက်သည် အစောင့်များ ဘာမှမဖြစ်သည်ကို မြင်သောအခါ ပြေးထွက်ပြီး တစ္ဆေကြင်ယာတော်အား အော်ငိုလေသည်။
"ဟောက်အာ" တစ္ဆေကြင်ယာတော်သည် ယွိဟောက်ကို မြင်သောအခါ ရင်နာနာဖြင့် အော်လေသည် "ဒီမှာဘာလုပ်နေတာလဲ"
"အဘွားတော် ကျွန်တော့်ကိုကယ်ပါ" ယွိဟောက်သည် မိုးကြိုးဘေးဒုက္ခ ကို ကြောက်ရွံ့နေသည်။ သူ တစ္ဆေကြင်ယာတော်ကိုမြင်သောအခါ ထိုစကားကို သာ အော်နိုင်တော့သည်။
တစ္ဆေကြင်ယာတော်သည် လက်ကိုဝေ့ယမ်းလိုက်ရာ ယွိဟောက်သည် သူမဘေးသို့ ရောက်လာသည်။ ထို့နောက် ရှီမာယူယူအားကြည့်ပြီး အော်လေ သည် "မင်း သူ့ကိုဘာလုပ်လိုက်တာလဲ"
"ကြည့်လေ ကျွန်မပြောသားပဲ ရှင့်ကိုပြောလည်း ဘာမှမထူးပါဘူးလို့" ရှီမာယူယူသည် နစ်နာသလိုပြောသည် "သူ့ကို ကျွန်မက ဘာလုပ်နိုင်မှာလဲ.. ကျွန်မက ဘေးနန်းဆောင်မှာရှိနေတုန်း သူရောက်လာပြီး ကျွန်မလူတွေကို ရိုက်တယ်... ခုနက ထွက်လာတဲ့ကျွန်မလူတွေရဲ့ အခြေအနေကိုလည်း ရှင် မြင်သားပဲ.. ဒါပေမဲ့ သူတို့က သူ့ကိုဘာမှပြန်မလုပ်ခဲ့ဘူး"
အားလုံးသည် ယွိဟောက်၏ စရိုက်ကိုသိကြသည်။ ရှီမာယူယူသည် သူ၏ ဖခင်ဖြစ်သူကို သတ်ခဲ့သည်ဖြစ်ရာ သူသည် မုန်းတီးနေမည်ဖြစ်သည်။ သူမ နန်းတော်ကို ရောက်နေပြီဟု ကြားသည်နှင့် သူမကို ပြဿနာသွားရှာမည့်ကိစ္စ ကို မည်သူမှတားရမည်မဟုတ်ပေ။ ထို့အပြင် တစ္ဆေကြင်ယာတော်၏ အလို လိုက်ခြင်းကိုခံထားရသဖြင့် သူ သူမကိုပြဿနာရှာလျှင်တောင် သူမအတွက် မည်သူမှ လည်စင်းခံမည်မဟုတ်ပေ။ သူမသည် ခံပြင်းမှုကို မျိုချရုံသာရှိတော့ မည်။
သူမသည် အခြေအနေကို ပြောင်းပြန်ဖြစ်ရန် ဤနည်းလမ်းကိုသုံးလိမ့် မည်ဟု မည်သူထင်ထားမည်နည်း။ သည်လိုဆိုလျှင် တစ္ဆေကြင်ယာတော်သည် ယွိဟောက်ကို ကူညီချင်လျှင်တောင် ရွေးချယ်စရာမရှိတော့ပေ။ အားလုံး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူမသည် မိဖုရားဆိုသည့် ဂုဏ်ပုဒ်ကိုထောက်ပြီး ယွိဟောက်ကို အပြစ်ပေးရတော့မည်ပင်။
တစ္ဆေကြင်ယာတော်သည် ကြောက်လွန်း၍တုန်နေသော မြေးဖြစ်သူကို ကြည့်ပြီး ရင်နာနေမိသည်။ သူမသည် ရှီမာယူယူအား မုန်းတီးသော မျက်လုံး များဖြင့် ကြည့်လိုက်သည်။
"လာကြစမ်း မင်းသားလေးကို အမှောင်နန်းတော်မှာ ပိတ်ထားလိုက်ကြ" တစ္ဆေကြင်ယာတော် အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် တချို့လူများသည် ရှေ့ရောက်လာပြီး ယွိဟောက်ကို ခေါ်သွားကြသည်။
"အဘွား ကျွန်တော် အမှောင်နန်းတော်ကို မသွားချင်ဘူး" ယွိဟောက် သည် သူမလက်ကိုဆုပ်ကိုင်သည် "အဘွားတော်က ဒီလောက်အားကောင်းတာ အဲမိန်းမကိုသတ်နိုင်ပါတယ်"
"မဟုတ်တာတွေ" တစ္ဆေကြင်ယာတော်သည် ယွိဟောက်၏ လက်ကို ဖယ်ထုတ်ပြီး အမိန့်ပေးလိုက်သည် "မင်းသားလေးကို ခေါ်သွားကြ"
ယွိဟောက်သည် တစ်ခုခုထပ်ပြောချင်သော်လည်း တစ္ဆေဘုရင်သည် တစ္ဆေကြင်ယာတော်၏ ဘေးတွင် ရုတ်တရက်ပေါ်လာသည်ကို မြင်လိုက်ရ သည်။ ထို့ကြောင့် ဘာမှမပြောရဲတော့ဘဲ ကျိုးနွံစွာပင် ထွက်သွားလေသည်။ သူ ထွက်မသွားခင်တွင် ရှီမာယူယူကို နောက်ဆုံးကြည့်သွားကာ မပြီးသေးဟု ပါးစပ်မှရွတ်သွားလေသည်။
"ဟုတ်ပြီ သူ့ကို အပြစ်ပေးပြီးပြီ အခု ဒါကိုရပ်နိုင်မလား" တစ္ဆေကြင်ယာ တော်သည် ဒေါသကြောင့် အံကြိတ်ထားသည်။ သူသည် သူမ၏ အချစ်တော် ဖြစ်သော်လည်း ဤကိစ္စကြောင့် အပြစ်ပေးလိုက်ရသည်။ သူမသည် ရှီမာယူယူ ကို အပိုင်းပိုင်းဖြတ်လိုက်ချင်သည်။
"သူ့ကို အမှောင်နန်းတော်ထဲကို ပို့ဖို့က အပြစ်ပေးတာလား" ရှီမာယူယူ သည် ပဟေဠိများစွာဖြင့် ကြည့်လိုက်သည်။
"အမှောင်နန်းတော်က ငါတို့လူတွေကို အပြစ်ပေးတဲ့နေရာပဲ... အဲဒီမှာ အရမ်းအေးပြီးတော့ ကာကွယ်ဖို့ ဝိညာဉ်စွမ်းအားကိုလည်း သုံးလို့မရဘူး.. သာမန်လူလိုမျိုး ဆာလောင်နေရမယ်.. အဲဒီမှာ ထင်ယောင်ထင်မှား တည် ဆောက်မှုလည်းရှိသေးတယ် တည်ဆောက်မှုထဲမှာ ဒဏ်ရာရသွားရင် တစ်ဘဝ လုံးပါသွားမှာ ဒါပေမဲ့ ဒါကကံပေါ်မှာလည်းမူတည်သေးတယ်" တစ္ဆေကြင်ယာ တော် ရှင်းပြလေသည်။
သူမ၏ အသံမှာတည်ငြိမ်နေသော်လည်း ဒေါသသံပါနေသည်။ သူမသည် မိုးကြိုးဘေးဒုက္ခကို မကြောက်ပေ။
"သူ သူ့ဘာသာ ထွက်မလာလောက်ပါဘူးနော်" ရှီမာယူယူသည် တစ္ဆေ ကြင်ယာတော်၏ စကားကတိကို မသင်္ကာပေ။
"ဝင်သွားရင် အချိန်မရောက်ဘဲ ပြန်ထွက်လာလို့မရဘူး" တစ္ဆေကြင်ယာ တော် ရှင်းပြလေသည် "ယွိဟောက်ရဲ့ အပြစ်ဒဏ်က သုံးရက်ပဲ"
"အုန်း" လှိမ့်တက်လာသော ဘေးဒုက္ခတိမ်တိုက်များသည် သူ၏ တည်ရှိ မှုကို အားလုံးကို သတိပေးလိုက်သလိုပင်။
"အရင်ဆုံး အဲဒါကြီးကို ရပ်လိုက်ပါ" တစ္ဆေကြင်ယာတော် ပြောလိုက် သည်။
"အဲဒါကတော့..." ရှီမာယူယူသည် သူမ၏ နှာခေါင်းကို ရှက်ကိုးရှက်ကန်း ဖြင့် ပွတ်လိုက်သည်။ သူမ ထိုသို့ပြုမူသည်ကိုမြင်သောအခါ အားလုံး၏ စိတ်ထဲ တွင် နိမိတ်တစ်ခုပြေးသွားလေသည်။