True Star – volume _4 _Chapter (28) - အဲလ်ဘတ်အကူညီဖြင့် လူကယ်ခြင်း
ပုံမှန်အခြေအနေဆိုရင် Tang Feng သည် သူ့ဖုန်းထဲမှာ ဖျက်ဖို့မေ့နေတဲ့ လူကို ဖုန်းခေါ်မည် မဟုတ်ပေ။ အခုတော့ သူ့ကို ချက်ချင်းကူညီနိုင်သူမှာ အဲလ်ဘတ်သာလျှင် ဖြစ်သည်။ 13 လွှာ၏ လှေကားထိပ်တွင် ရပ်နေရင်း အဲလ်ဘတ်က သူ့ ဖုန်းနံပါတ်ကို ပြောင်းထားသလားလို့ ထင်နေပေမယ့် သူတစ်ခါမှ မခေါ်ဆိုဖူးသော ဖုန်းနံပါတ်ကို ခေါ်ဆိုရန် ကြိုးစားလိုက်သည်။
နှစ်စက္ကန့်မကြာခင်မှာပဲ တစ်ဖက်က ဖုန်းပြန်ဖြေလာခဲ့သည်။
[တကယ်ယုံဖို့ ခက်လောက်အောင်ပဲ.... မင်းက ငါ့ကို တကယ် ဖုန်းခေါ်ခဲ့တယ်၊ ငါဒီနေ့ကို စောင့်နေတာ ဘယ်လောက်ကြာနေပြီလဲ ဆိုတာ မင်း သိရဲ့လား]
ဖုန်းတစ်ဖက်မှ အဲလ်ဘတ် ရဲ့ ထူးထူးခြားခြား လေးနက်တဲ့ အသံထွက်ပေါ်လာပြီး အသံက ထိုအသံက လျှပ်စစ်ဓါတ်ပါသလို လူကို ဆွဲဆောင်နိုင်စွမ်းရှိလှသည်။
Tang Feng သည် အဲလ်ဘတ် ၏ အသံကို အလေးထားချိန် မရှိပေ။ အနည်းငယ် ရိုင်းစိုင်းပေမယ့် သူ တဲ့တိုးပဲ ပြောလိုက်သည်။
"အဲလ်ဘတ်၊ ခင်ဗျား ကျွန်တော့်ကို ကျေးဇူးပြုကူညီပေးနိုင်မလား။ အခုချက်ချင်း ဥက္ကဌရုံးခန်းရှိတဲ့ အလွှာကို ချက်ချင်း လာပေးပါလား၊ လှေကားထိပ်မှာ ခင်ဗျားကို စောင့်နေတယ်။"
အပိုစကားတွေ၊ အပိုမေးခွန်းတွေ တစ်ခွန်းမှမမေးပဲ အဲလ်ဘတ်က ရိုးရှင်းစွာ ပြန်ဖြေခဲ့သည်။
[ကိုယ့်ကို တစ်မိနစ်လောက်စောင့်]
သူ သဘောတူပြီးနောက် တစ်ဖက်က ဖုန်းကို ပြတ်ပြတ်သားသား ချလိုက်သည်။
Tang Feng က ဖုန်းကို ခဏလောက် စိုက်ကြည့်ရင်း အဲလ်ဘတ် က သူ့ကို ထောင်ချောက်ဆင်ထားမှာ မကြောက်ဘူးလားဟု တွေးနေသည်။ ဒါမှမဟုတ် တစ်ဖက်လူက သူ့ကို ခြိမ်းခြောက်နိုင်တဲ့ အရာမရှိဘူးလို့ သေချာ ယုံကြည်နေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသူ၏ ပုံစံဖြစ်သည်။
ဖုန်းပြောပြီး ခဏလောက်ပဲ စောင့်လိုက်ရသည်။ Tang Feng ဖုန်းကို ချလိုက်ပြီး မကြာခင် အဲလ်ဘတ်က လှေကားပေါက်ဝတွင် ပေါ်လာခဲ့သည်။ သူ့ရဲ့ လုပ်နိုင်စွမ်းက တကယ့်ကို အံ့မခန်းပါပဲ။ Tang Feng မှ အဲလ်ဘတ်ကို ဖုန်း ခေါ်ပြီး လူကိုယ်တိုင် ရောက်လာခြင်းအထိ၊ လုပ်ငန်းစဉ်တစ်ခုလုံးသည် သုံးမိနစ်ထက်မပိုပေ။
Tang Feng က အဲလ်ဘတ် က သူ့ကို ဘာကြောင့် လာခိုင်းတာလဲလို့ မေးမှာကို စိုးရိမ်နေပေမယ့် တစ်ဖက်လူကို ကြည့်ရတာ အဲ့ဒါကို စိတ်ထဲရှိပုံမပေါ်ပေ။
"ပြောလေ၊ မင်း ငါ့ကို အကူအညီတောင်းတာ ရှားတယ်။"
အဲလ်ဘတ် က တိုက်ရိုက်မေးလာခဲ့သည်။ သူတို့နှစ်ယောက်လုံးက တဲ့တိုးသမားတွေဖြစ်လို့ Tang Feng က ဝေ့ဝိုက်မနေတော့ပဲ မေးလိုက်သည်။
"ခင်ဗျား ဥက္ကဌရုံးခန်းထဲကို ဝင်လို့ရလား။ ကျွန်တော်နဲ့ အတူလိုက်ခဲ့ပေးပါလား။"
သူက ဘာအကြောင်းပြချက်မှ မပေးပဲ ပြောလိုက်ပေမယ့် အဲလ်ဘတ် က ပြုံးပြီး Tang Feng ကို အပြုံးလေးနဲ့ ပြောခဲ့သည်။
" မင်းရဲ့ လက် ငါ့ကိုပေးပါ။"
အခုက ရှက်ရွံ့ရမည့်အချိန် ချီတုံချတုံဖြစ်ရမည့်အချိန်မဟုတ်ပေ။ Tang Feng သည် ချက်ချင်းပင် သူ့လက်ကို ကမ်းပေးလိုက်သည်။ အဲလ်ဘတ် သည် ထိုလူငယ်လေး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ဥက္ကဌရုံးခန်းဆီသို့ လျှောက်သွားလိုက်သည်။
Tang Feng သည် ဥက္ကဌရုံးခန်းသို့ လျှောက်လာစဉ် အခန်းအပြင်ဘက် စားပွဲခုံတွင် ထိုင်နေသည့် အတွင်းရေးမှုးက ချက်ချင်းထရပ်ကာ အဲလ်ဘတ် ကို ကြည့်ပြီး အလျင်အမြန် ပြောခဲ့သည်။
"မစ္စတာ အဲလ်ဘတ်၊ခင်ဗျား ဥက္ကဌလုကို ရှာနေတာလား၊ သူ ဒီနေ့ ဒီမှာ မရှိဘူး။"
အတွင်းရေးမှုးက အဲလ်ဘတ် ကို မတားဝံ့သဖြင့် အပြေးလေး သူ့နောက်ကနေ ခပ်ချပ်မခွာ လိုက်လာသည်။ အဲလ်ဘတ် သည် ရုံးခန်းထိ တိုက်ရိုက်လျှောက်လာပြီး အမိန့်ပေးလိုက်သည်။
"တံခါးဖွင့်လိုက်"
"တောင်းပန်ပါတယ် ဥက္ကဌခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အထဲ ဝင်လို့မရပါဘူး။"
အတွင်းရေးမှူးက တရားဝင်နည်းလမ်းနဲ့ တားဖို့ ကြိုးစားပေမယ့် စည်းမျဉ်းကို လိုက်နာလေ့မရှိသည့် အဲလ်ဘတ်ကို မတားနိုင်ခဲ့ပေ။
"တံခါးဖွင့်။"
ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ ထပ်ပြောလိုက်သည့် အဲလ်ဘတ် ရဲ့ အသံက အနည်းငယ် အေးစက်နေပြီး စကားလုံးတွေထဲမှာ ခြိမ်းခြောက်မှုတွေပါဝင်နေပြီး ကြားရသူကို ကြောက်စရာကောင်းတဲ့ ခံစားချက်ကို ဖြစ်စေခဲ့သည်။
Tang Feng က သူ့ကျောရိုးတစ်လျှောက်မှာ ရေအေး စီးကြောင်းလေးတစ်ခု စီးဆင်းနေသလို ခံစားလိုက်ရပြီး အနည်းငယ်တောင် မလှုပ်နိုင်သလို ဖြစ်လာခဲ့သည်။ အဲလ်ဘတ် သည် Tang Feng ၏ လက်ကို အနည်းငယ် ယမ်းလိုက်ကာ အဲလ်ဘတ်က သူ့ကို နှစ်သိမ့်ပေးနေသလို ခံစားရစေသည်။ .
အိုး...ဘုရားရေ......
Tang Feng က ဒီလောက် အသေးစိတ်ကအစ အလိုလိုက်သည့်နှယ် လုပ်တတ်သည့် အပြုမူကို တောင့်မခံနိုင်တော့သလို ခံစားမိလာသည်။
"ကျွန်တော်..."
အတွင်းရေးမှုး ၏အမူအယာက မတုန်မလှုပ်ဆက်ရှိနေဆဲပင်။ အဲလ်ဘတ်၏ ကြီးမားသည့် အရှိန်ဝါ၏ဖိနှိပ်မှုအောက်တွင် သူ ဆက်ပြောသင့်သည့် စကားကို မေးသွားခဲ့သည်။
"တတိယအကြိမ် ထပ် မပြောရစေနဲ့"
အဲလ်ဘတ်က နူးညံ့သိမ်မွေ့တဲ့လူ မဟုတ်ဘူးဆိုတာ သေချာတယ်။ Tang Feng က သူ့မျက်လုံးတွေကို ပင့်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည့် အတွင်းရေးမှုးရဲ့ လည်ပင်းကို ဘာမှမဟုတ်သလို ဆုပ်ကိုင်လိုက်သည့် အဲလ်ဘတ် ကို ကြည့်လိုက်သည်။ ဒီလို လုပ်ရပ်က သူ့အတွက် ဘာမှမထူးခြားသလိုပင်...သူ့ပုံစံက ကျက်သရေရှိနေဆဲဖြစ်ကာ အေးဆေးစွာပြုံးနေဆဲဖြစ်သည်
ထိုအရာအားလုံးသည် Tang Fengကို ထိတ်လန့်သွားစေပြီး အတွင်းရေးမှုးကတော့ ပြောစရာပင် မလိုအောင် ကြောက်ဒူးတုန်သွားစေသည်။
Tang Feng သည် အတွင်းရေးမှုးကို တောင်းပန်ဟန် ကြည့်လိုက်သည်။ လုထျန်းချန် နဲ့ စကားပြောပြီး အတွင်းရေးမှုးကို ဘောနပ်စ်နည်းနည်း ပေးခိုင်းရမည်။
အတွင်းရေးမှူးက တုန်လှုပ်သွားပြီး ဥက္ကဌရုံးခန်း၏ တံခါးသော့ခတ်ထားတဲ့ စကားဝှက်ကို နှိပ်လိုက်တာနဲ့ တံခါးပွင့်သွားတော့သည်။
အဲလ်ဘတ်သည် သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့်အမူယာ အစား တစ်ဖက်လူကို အနည်းငယ်ထိမိသလိုမျိုး အတွင်းရေးမှုး၏ လည်ပင်းကို လွှတ်ပေးကာ ပြုံးလျက် ပြောခဲ့သည်။
"လုထျန်းကျီမှာ ဝန်ထမ်းကောင်းတစ်ယောက်ရှိနေတာပဲ "
ပြီးတော့ သူက တံခါးကိုဖွင့်ပြီး Tang Feng ကို ဆွဲကာ အထဲကို ဝင်လိုက်သည်။ အခန်းထဲရောက်တော့ တံခါးကိုပိတ်လိုက်သောအခါတွင် ဖုန်းကိုင်ထားသော အတွင်းရေးမှုးန်၏လက်သည် တုန်ယင်နေပြီး လုထျန်းကျီကို ဖုန်းနေသည်ကို မြင်လိုက်ရသည်။
ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် လုထျန်းကျီတက်လာဖို့အချိန်လိုသေးသည်။ သူ့အတွက် အချိန် လုံလောက်ပါသည်။
ရုံးခန်းကို အသံလုံအောင် တည်ဆောက်ထားသော်လည်း တံခါးဖွင့်သံကို သေချာပေါက်ကြားရမည် ဖြစ်ပြီး Tang Feng ဝင်လာသည်နှင့် နတ်ဆိုးလေး၏ ခြေရာလက်ရာကို ရှာဖွေလိုက်သည်။
သူသည် လုထျန်းချန် ၏ရုံးခန်းနှင့် မစိမ်းပေ။ နည်းနည်းလောက် ခန့်မှန်းကြည့်ပြီးနောက် နတ်ဆိုးလေး ဘယ်မှာ ပုန်းနေနိုင်တယ်ဆိုတာလည်း သိလိုက်သည်။ နောက်တစ်ချက်က ရုံးခန်းက အရမ်းကြီးတာမှ မဟုတ်ပဲ။
"နတ်ဆိုးလေး၊ မင်းဒီကိုရောက်နေတယ်ဆိုတာ ငါ သိတယ်။ မြန်မြန်ထွက်လာပါ၊ ငါက Tang Feng ပါ။"
အော်ခေါ်ပေမယ့် နတ်ဆိုးလေးထံမှ မတုံ့ပြန်ခဲ့ပေ။
ဒီကလေးက ထွက်သွားပြီလား။ သူ အံ့သြနေချိန်တွင် အနက်ရောင်အရိပ်က မလှုပ်မယှက်ရပ်နေသော အဲလ်ဘတ် ဆီသို့ ရုတ်တရက် ပြေးလာပြီး အဲလ်ဘတ် ၏လည်ပင်းကို ဓားဖြင့်ဖိလိုက်သည်-
"မလှုပ်နဲ့။"
"တကယ်ပဲ မင်း ဘာလုပ်ချင်တာလဲ။ လက်ထဲက ဓားကို အရင်ချလိုက်ပါ။" Tang Feng က အော်လိုက်တယ်။
"Tang Feng မင်းက ဘာလို့ဒီကောင်နဲ့တွဲနေတာလဲ"
နတ်ဆိုးလေး Tang Feng ၏စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူ့လက်ထဲကဓားကို ချရန် ငြင်းဆန်ခဲ့သည်။
"လုထျန်းကျီလာနေပြီ၊ မင်း အရင်ပုန်းလိုက်ဦး"
Tang Feng သည် နတ်ဆိုးလေးက ရုတ်တရက် ဓားဖြင့်ဆွဲကိုင်ကာ ရုံးခန်းဘေးရှိ ဧည့်ခန်းငယ်လေးထဲမှ ပြေးထွက်လာစဉ် တစ်ဖက်လူ အံ့အားသင့်သွားချိန်တွင် Tang Feng လည်း လန့်သွားသည်။
ဤနေရာသည် အများအားဖြင့် လုထျန်းချန် အနားယူရာနေရာဖြစ်သည်။ Tang Feng သည် ယခင်က ထိုနေရာတွင် အိပ်ခဲ့ဖူးသည်။ နတ်ဆိုးလေးက ပုန်းခိုရန်နေရာကို ရှာမတွေ့မည်ကို သူ မကြောက်ပေ။ နတ်ဆိုးလေးနှင့် လုထျန်းကျီသို့ မတော်တဆ တွေ့သွားမည်ကိုသာ သူကြောက်သည်။
သူသည် နတ်ဆိုးလေး၏ စွမ်းရည်ကို ယုံကြည်သော်လည်း ဒီကမ္ဘာတွင် ဘာကိုမှ ပုံသေတွက်ထားလို့ မရပေ။ လုပ်ကြံရေးအဖွဲ့စည်းကို ဦးဆောင်နေသည့် ဂိုဏ်းခေါင်းဆောင်ဖြစ်သည့် လုထျန်းကျီက သေချာပေါက် ထူးချွန်သည့် စွမ်းရည်ရှိနေလိမ့်မည်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ နတ်ဆိုးလေး တခုခုဖြစ်မည်ကို မမြင်ယောင်ဆောင်လို့ မရပေ။
"ပုန်းလိုက်စမ်းပါ"
Tang Feng က နတ်ဆိုးလေးကို အိပ်ရာထဲ တိုက်ရိုက်ထိုးထည့်သည့် အရိုးရှင်းဆုံးနည်းလမ်းကို အသုံးပြုခဲ့သည်။
နတ်ဆိုးလေးကို ဝှက်ပြီးနောက်ပြန်ကြည့်လိုက်ကာ အဲလ်ဘတ် ကို မေးလိုက်သည်။
"နေ့လည်မှာ လုထျန်းကျီနဲ့ ဘာ စကားပြောစရာရှိလဲ?"
" လုပ်ငန်းကိစ္စတချို့ပေါ့။"
အဲလ်ဘတ် က ထျန်းဖုန်းကို ကြည့်ကာ နည်းနည်းပြုံးပြီး မေးလိုက်သည်။
" မင်းက သူ့ကို ကူညီချင်တာလား။"
"ဟုတ်တယ်။" Tang Feng က ဝန်ခံလိုက်သည်။
"လုထျန်းကျီကို တပတ်ရိုက်တာ သိပ်တော့ မလွယ်ဘူး၊ ငါ မင်းကို ကူညီပေးမယ်။"
အဲလ်ဘတ် ဘာလုပ်ချင်သည်ကို ထျန်းဖုန်းသိသည်။ ဒါပေမယ့် ထားလိုက်ပါတော့......
Tang Feng က အနည်းငယ် အကူအညီမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ အခုချန် သူက လုထျန်းကျီ၏စိတ်ထဲ အထင်မြင် သိပ်မကောင်းပေ။ သူနဲ့ အဲလ်ဘတ် က ဘာကြောင့် ဥက္ကဌရုံးကို လာတာလဲဆိုတာ လုထျန်းကျီကို ယုံလာအောင်ပြောဖို့မလွယ်လှပေ။ အဲလ်ဘတ်ကို ပြောခိုင်းတာ အကောင်းဆုံးနည်းလမ်းပါပဲ။
............
ငါးမိနစ် ခြောက်မိနစ်လောက်ကြာတော့ ဥက္ကဌရုံးတံခါးက ပြန်ပွင့်လာပြီး လုထျန်းကျီဝင်လာသည်။ သူက အတွင်းရေးမှုးထံမှ တုန်တုန်ယင်ယင်အသံဖြင့် ဖုန်းခေါ်ဆိုသည်ကို လက်ခံရရှိပြီးနောက် သံသယအချို့ဖြင့် ရုံးခန်းသို့ ရောက်လာခဲ့သည်။ အတွင်းရေးမှုးက စိတ်လှုပ်ရှားနေပေမယ့် အဲလ်ဘတ်နှင့်အတူ ထျန်းဖုန်းလည်း ရုံးခန်းထဲ ဝင်ရောက်သွားကြောင်း မမေ့မလျော့ပြောလိုက်သည်။
Tang Feng ဆိုတဲ့လူက ဘာလုပ်ချင်တာလဲ။
တံခါးဖွင့်လိုက်တာနဲ့ လုထျန်းကျီဟာ နားနေခန်း ကျဉ်းကျဉ်းလေးထဲက အသံတစ်ချို့ကို ကြားလိုက်ရတယ်။ ယောက်ျားတစ်ယောက်အနေနဲ့ လျစ်လျူရှုထားရင်တောင် ဒီအသံတွေကို နားမလည်နိုင်စရာမရှိဘူး။
အတွင်းရေးမှုးက ရုံးခန်း အပြင်မှာစောင့်ရင်း လုထျန်းကျီတစ်ယောက်တည်း ဧည့်ခန်းအဝင်ပေါက်နားကို လျှောက်သွားပြီး အဲ့ဒီမှာ ရပ်လိုက်ပြီး ကုတင်ပေါ်က လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တယ်။
ကုတင်ပေါ်က လူနှစ်ယောက်က ပွဲကောင်းစနေပြီဟု ထင်ရသည်။ မြေပြင်ပေါ်တွင် အပေါ်ဝတ်အကျီနှင့် ဘောင်းဘီရှည်များ ပြန့်ကျဲနေသည်။ Tang Feng သည် ရှပ်အင်္ကျီတစ်ထည်သာ ဝတ်ထားပြီး ကုတင်ပေါ်တွင် တစ်ဝက်ခန့် လှဲနေသည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို စောင်ထဲမှာ ဝှက်ထားတယ်။ ဘောင်းဘီရှည်ဝတ်ထားသလား မသိရပေ။
"ခင်ဗျားရဲ့ ရုံးခန်းကို ငှားပေးပါ။"
ကုတင်ထက်မှ နောက်ပြန်လှည့်ကြည့်လိုက်ကာ ပြောလိုက်သည့် အဲလ်ဘတ် က လုထျန်းကျီရဲ့အကြည့်တွေကို စိတ်မဝင်စားဘဲ ပြောပြီး ခေါင်းငုံ့ကာ Tang Feng ရဲ့ ပုခုံးကို နမ်းလိုက်သည်။
သောက်ရူးကောင်....တကယ်ကြီး နမ်းရသလား....သရုပ်ဆောင်တာကို မသိတာလား....
Tang Feng သည် ဆန့်ကျင်ဘက်သို့ ခေါင်းလှည့်လိုက်ပြီး သူ့ပုံစံက လုထျန်းကျီကို မြင်သော် မျက်နှာချင်းမဆိုင်ရဲဟန်ဖြင့် ခေါင်းကို စောင်ထဲတွင် မြှုပ်ထားလိုက်သည်။
"မင်းတို့ အေးအေးဆေးဆေး ပျော်လိုက်ကြဦး... ငါ့မှာ နောက်ထပ်ချိန်းထားတာရှိတယ်။"
အချိန်ကိုကြည့်လိုက်ပြီးနောက် လုထျန်းကျီက ခုတင်ထက်က ချစ်တင်းနှောပွဲကို လာကြည့်တဲ့ ပရိသတ်ဖြစ်ချင်စိတ်မရှိသလို သံသယမရှိဘဲ စက်ဆုပ်ရွံရှာတဲ့စိတ်နဲ့ လှည့်ထွက်သွားတော့သည်။
ဒီလိုမြင်ကွင်းမျိုးကို လုထျန်းကျီ အမုန်းဆုံးပဲ...ဒါကြောင့် သူ့ကို ဒီလိုမြင်ကွင်းမျိုးကို လာပြသည်ကို သူ လုံးဝသည်းမခံနိုင်ပေ။
တံခါးပိတ်သံကြားတော့မှTang Feng က ခေါင်းကို စောင်အောက်မှ ထွက်ကာ အပြင်ဘက်ကို လှမ်းကြည့်သည်။
"သူထွက်သွားပြီလား။"
"သူ သွားတာနဲ့ မသွားတာက ဘာကွာခြားလို့လဲ"
အဲလ်ဘတ် သည် လူတစ်ကိုယ်လုံးကို Tang Feng ပေါ်အုပ်မိုးကာ ခေါင်းကို ငုံ့ချပြီး ပြောလိုက်သည်။
ယောက်ျားတစ်ယောက်ကို နမ်းဖို့၊ တစ်ချို့သောနည်းတွေက အင်မတန်ကို ရိုးရှင်းလွန်းပါတယ်။ ဥပမာအားဖြင့်၊ ယခု အဲလ်ဘတ်က တစ်ဖက်လူကို ဆွဲဆောင်ဖို့ သူ၏လက်များကို ဆန့်ထုတ်ပြီး စောင်အောက်မှ Tang Feng ၏ခြေထောက်များကို ပွတ်သပ်နေသည်။
လုထျန်းကျီ ရုံးခန်းထဲကို မဝင်လာခင်ကတည်းက အဲလ်ဘတ် က ဒါကို လုပ်ခဲ့တာဖြစ်သည်။
"ငါလိုး....မင်းရဲ့ သောက်နှာဘူး လုပ်ရပ်ကို မထိန်းနိုင်ဘူးလား !"
နတ်ဆိုးလေးသည် ကုတင်အောက်မှ ချက်ချင်းလှိမ့်ထွက်ကာ Tang Feng ဘေးတွင် လှဲကာ ပြုံးရယ်နေသည့် အဲလ်ဘတ် ကို လက်လှမ်း လိုက်သည်။
"ဒုက္ခမပေးနဲ့။"
Tang Feng က နတ်ဆိုးလေးကို တွန်းထုတ်လိုက်ပြီး အိပ်ယာပေါ်ကနေ ဆင်းပြီး မြေပြင်ပေါ်ရှိအဝတ်အစားတွေကို ကောက်ဝတ်လိုက်သည်
" သတိထားဦး...ဟိုလူ နောက်ပြန်လှည့်လာရင် ဘယ်လိုလုပ်မလဲ "
အဲလ်ဘတ် အခန်းထဲမှ ထွက်လာစဉ် တစ်ဖက်လူထံမှ အသံထွက်လာသည်-
"ကျွန်တော် တံခါးကို သော့ခတ်ထားတယ်။"
ကောင်းပြီ၊ အခု လုထျန်းကျီ အခန်းထဲကို ဝင်မလာနိုင်တော့ဘူး....
********-************
True Star – volume _4 _Chapter (28) - အဲလ္ဘတ္အကူညီျဖင့္ လူကယ္ျခင္း
ပုံမွန္အေျခအေနဆိုရင္ Tang Feng သည္ သူ႔ဖုန္းထဲမွာ ဖ်က္ဖို႔ေမ့ေနတဲ့ လူကို ဖုန္းေခၚမည္ မဟုတ္ေပ။ အခုေတာ့ သူ႔ကို ခ်က္ခ်င္းကူညီႏိုင္သူမွာ အဲလ္ဘတ္သာလွ်င္ ျဖစ္သည္။ 13 လႊာ၏ ေလွကားထိပ္တြင္ ရပ္ေနရင္း အဲလ္ဘတ္က သူ႔ ဖုန္းနံပါတ္ကို ေျပာင္းထားသလားလို႔ ထင္ေနေပမယ့္ သူတစ္ခါမွ မေခၚဆိုဖူးေသာ ဖုန္းနံပါတ္ကို ေခၚဆိုရန္ ႀကိဳးစားလိုက္သည္။
ႏွစ္စကၠန႔္မၾကာခင္မွာပဲ တစ္ဖက္က ဖုန္းျပန္ေျဖလာခဲ့သည္။
[တကယ္ယုံဖို႔ ခက္ေလာက္ေအာင္ပဲ.... မင္းက ငါ့ကို တကယ္ ဖုန္းေခၚခဲ့တယ္၊ ငါဒီေန႔ကို ေစာင့္ေနတာ ဘယ္ေလာက္ၾကာေနၿပီလဲ ဆိုတာ မင္း သိရဲ႕လား]
ဖုန္းတစ္ဖက္မွ အဲလ္ဘတ္ ရဲ႕ ထူးထူးျခားျခား ေလးနက္တဲ့ အသံထြက္ေပၚလာၿပီး အသံက ထိုအသံက လွ်ပ္စစ္ဓါတ္ပါသလို လူကို ဆြဲေဆာင္ႏိုင္စြမ္းရွိလွသည္။
Tang Feng သည္ အဲလ္ဘတ္ ၏ အသံကို အေလးထားခ်ိန္ မရွိေပ။ အနည္းငယ္ ႐ိုင္းစိုင္းေပမယ့္ သူ တဲ့တိုးပဲ ေျပာလိုက္သည္။
"အဲလ္ဘတ္၊ ခင္ဗ်ား ကြၽန္ေတာ့္ကို ေက်းဇူးျပဳကူညီေပးႏိုင္မလား။ အခုခ်က္ခ်င္း ဥကၠဌ႐ုံးခန္းရွိတဲ့ အလႊာကို ခ်က္ခ်င္း လာေပးပါလား၊ ေလွကားထိပ္မွာ ခင္ဗ်ားကို ေစာင့္ေနတယ္။"
အပိုစကားေတြ၊ အပိုေမးခြန္းေတြ တစ္ခြန္းမွမေမးပဲ အဲလ္ဘတ္က ႐ိုးရွင္းစြာ ျပန္ေျဖခဲ့သည္။
[ကိုယ့္ကို တစ္မိနစ္ေလာက္ေစာင့္]
သူ သေဘာတူၿပီးေနာက္ တစ္ဖက္က ဖုန္းကို ျပတ္ျပတ္သားသား ခ်လိုက္သည္။
Tang Feng က ဖုန္းကို ခဏေလာက္ စိုက္ၾကည့္ရင္း အဲလ္ဘတ္ က သူ႔ကို ေထာင္ေခ်ာက္ဆင္ထားမွာ မေၾကာက္ဘူးလားဟု ေတြးေနသည္။ ဒါမွမဟုတ္ တစ္ဖက္လူက သူ႔ကို ၿခိမ္းေျခာက္ႏိုင္တဲ့ အရာမရွိဘူးလို႔ ေသခ်ာ ယုံၾကည္ေနတာလား။ ဘယ္လိုပဲျဖစ္ျဖစ္ ဒါက ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္ရွိသူ၏ ပုံစံျဖစ္သည္။
ဖုန္းေျပာၿပီး ခဏေလာက္ပဲ ေစာင့္လိုက္ရသည္။ Tang Feng ဖုန္းကို ခ်လိုက္ၿပီး မၾကာခင္ အဲလ္ဘတ္က ေလွကားေပါက္ဝတြင္ ေပၚလာခဲ့သည္။ သူ႔ရဲ႕ လုပ္ႏိုင္စြမ္းက တကယ့္ကို အံ့မခန္းပါပဲ။ Tang Feng မွ အဲလ္ဘတ္ကို ဖုန္း ေခၚၿပီး လူကိုယ္တိုင္ ေရာက္လာျခင္းအထိ၊ လုပ္ငန္းစဥ္တစ္ခုလုံးသည္ သုံးမိနစ္ထက္မပိုေပ။
Tang Feng က အဲလ္ဘတ္ က သူ႔ကို ဘာေၾကာင့္ လာခိုင္းတာလဲလို႔ ေမးမွာကို စိုးရိမ္ေနေပမယ့္ တစ္ဖက္လူကို ၾကည့္ရတာ အဲ့ဒါကို စိတ္ထဲရွိပုံမေပၚေပ။
"ေျပာေလ၊ မင္း ငါ့ကို အကူအညီေတာင္းတာ ရွားတယ္။"
အဲလ္ဘတ္ က တိုက္႐ိုက္ေမးလာခဲ့သည္။ သူတို႔ႏွစ္ေယာက္လုံးက တဲ့တိုးသမားေတြျဖစ္လို႔ Tang Feng က ေဝ့ဝိုက္မေနေတာ့ပဲ ေမးလိုက္သည္။
"ခင္ဗ်ား ဥကၠဌ႐ုံးခန္းထဲကို ဝင္လို႔ရလား။ ကြၽန္ေတာ္နဲ႔ အတူလိုက္ခဲ့ေပးပါလား။"
သူက ဘာအေၾကာင္းျပခ်က္မွ မေပးပဲ ေျပာလိုက္ေပမယ့္ အဲလ္ဘတ္ က ၿပဳံးၿပီး Tang Feng ကို အၿပဳံးေလးနဲ႔ ေျပာခဲ့သည္။
" မင္းရဲ႕ လက္ ငါ့ကိုေပးပါ။"
အခုက ရွက္႐ြံ႕ရမည့္အခ်ိန္ ခ်ီတုံခ်တုံျဖစ္ရမည့္အခ်ိန္မဟုတ္ေပ။ Tang Feng သည္ ခ်က္ခ်င္းပင္ သူ႔လက္ကို ကမ္းေပးလိုက္သည္။ အဲလ္ဘတ္ သည္ ထိုလူငယ္ေလး၏လက္ကို ဆုပ္ကိုင္လိုက္ၿပီး ဥကၠဌ႐ုံးခန္းဆီသို႔ ေလွ်ာက္သြားလိုက္သည္။
Tang Feng သည္ ဥကၠဌ႐ုံးခန္းသို႔ ေလွ်ာက္လာစဥ္ အခန္းအျပင္ဘက္ စားပြဲခုံတြင္ ထိုင္ေနသည့္ အတြင္းေရးမႈးက ခ်က္ခ်င္းထရပ္ကာ အဲလ္ဘတ္ ကို ၾကည့္ၿပီး အလ်င္အျမန္ ေျပာခဲ့သည္။
"မစၥတာ အဲလ္ဘတ္၊ခင္ဗ်ား ဥကၠဌလုကို ရွာေနတာလား၊ သူ ဒီေန႔ ဒီမွာ မရွိဘူး။"
အတြင္းေရးမႈးက အဲလ္ဘတ္ ကို မတားဝံ့သျဖင့္ အေျပးေလး သူ႔ေနာက္ကေန ခပ္ခ်ပ္မခြာ လိုက္လာသည္။ အဲလ္ဘတ္ သည္ ႐ုံးခန္းထိ တိုက္႐ိုက္ေလွ်ာက္လာၿပီး အမိန႔္ေပးလိုက္သည္။
"တံခါးဖြင့္လိုက္"
"ေတာင္းပန္ပါတယ္ ဥကၠဌခြင့္ျပဳခ်က္မရွိဘဲ ဘယ္သူမွ အထဲ ဝင္လို႔မရပါဘူး။"
အတြင္းေရးမႉးက တရားဝင္နည္းလမ္းနဲ႔ တားဖို႔ ႀကိဳးစားေပမယ့္ စည္းမ်ဥ္းကို လိုက္နာေလ့မရွိသည့္ အဲလ္ဘတ္ကို မတားႏိုင္ခဲ့ေပ။
"တံခါးဖြင့္။"
ေခါင္းကို အနည္းငယ္ ေစာင္းလိုက္ကာ ထပ္ေျပာလိုက္သည့္ အဲလ္ဘတ္ ရဲ႕ အသံက အနည္းငယ္ ေအးစက္ေနၿပီး စကားလုံးေတြထဲမွာ ၿခိမ္းေျခာက္မႈေတြပါဝင္ေနၿပီး ၾကားရသူကို ေၾကာက္စရာေကာင္းတဲ့ ခံစားခ်က္ကို ျဖစ္ေစခဲ့သည္။
Tang Feng က သူ႔ေက်ာ႐ိုးတစ္ေလွ်ာက္မွာ ေရေအး စီးေၾကာင္းေလးတစ္ခု စီးဆင္းေနသလို ခံစားလိုက္ရၿပီး အနည္းငယ္ေတာင္ မလႈပ္ႏိုင္သလို ျဖစ္လာခဲ့သည္။ အဲလ္ဘတ္ သည္ Tang Feng ၏ လက္ကို အနည္းငယ္ ယမ္းလိုက္ကာ အဲလ္ဘတ္က သူ႔ကို ႏွစ္သိမ့္ေပးေနသလို ခံစားရေစသည္။ .
အိုး...ဘုရားေရ......
Tang Feng က ဒီေလာက္ အေသးစိတ္ကအစ အလိုလိုက္သည့္ႏွယ္ လုပ္တတ္သည့္ အျပဳမူကို ေတာင့္မခံႏိုင္ေတာ့သလို ခံစားမိလာသည္။
"ကြၽန္ေတာ္..."
အတြင္းေရးမႈး ၏အမူအယာက မတုန္မလႈပ္ဆက္ရွိေနဆဲပင္။ အဲလ္ဘတ္၏ ႀကီးမားသည့္ အရွိန္ဝါ၏ဖိႏွိပ္မႈေအာက္တြင္ သူ ဆက္ေျပာသင့္သည့္ စကားကို ေမးသြားခဲ့သည္။
"တတိယအႀကိမ္ ထပ္ မေျပာရေစနဲ႔"
အဲလ္ဘတ္က ႏူးညံ့သိမ္ေမြ႕တဲ့လူ မဟုတ္ဘူးဆိုတာ ေသခ်ာတယ္။ Tang Feng က သူ႔မ်က္လုံးေတြကို ပင့္ကာ ဘာလုပ္ရမွန္းမသိျဖစ္ေနသည့္ အတြင္းေရးမႈးရဲ႕ လည္ပင္းကို ဘာမွမဟုတ္သလို ဆုပ္ကိုင္လိုက္သည့္ အဲလ္ဘတ္ ကို ၾကည့္လိုက္သည္။ ဒီလို လုပ္ရပ္က သူ႔အတြက္ ဘာမွမထူးျခားသလိုပင္...သူ႔ပုံစံက က်က္သေရရွိေနဆဲျဖစ္ကာ ေအးေဆးစြာၿပဳံးေနဆဲျဖစ္သည္
ထိုအရာအားလုံးသည္ Tang Fengကို ထိတ္လန႔္သြားေစၿပီး အတြင္းေရးမႈးကေတာ့ ေျပာစရာပင္ မလိုေအာင္ ေၾကာက္ဒူးတုန္သြားေစသည္။
Tang Feng သည္ အတြင္းေရးမႈးကို ေတာင္းပန္ဟန္ ၾကည့္လိုက္သည္။ လုထ်န္းခ်န္ နဲ႔ စကားေျပာၿပီး အတြင္းေရးမႈးကို ေဘာနပ္စ္နည္းနည္း ေပးခိုင္းရမည္။
အတြင္းေရးမႉးက တုန္လႈပ္သြားၿပီး ဥကၠဌ႐ုံးခန္း၏ တံခါးေသာ့ခတ္ထားတဲ့ စကားဝွက္ကို ႏွိပ္လိုက္တာနဲ႔ တံခါးပြင့္သြားေတာ့သည္။
အဲလ္ဘတ္သည္ သူ႔အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ေနသည့္အမူယာ အစား တစ္ဖက္လူကို အနည္းငယ္ထိမိသလိုမ်ိဳး အတြင္းေရးမႈး၏ လည္ပင္းကို လႊတ္ေပးကာ ၿပဳံးလ်က္ ေျပာခဲ့သည္။
"လုထ်န္းက်ီမွာ ဝန္ထမ္းေကာင္းတစ္ေယာက္ရွိေနတာပဲ "
ၿပီးေတာ့ သူက တံခါးကိုဖြင့္ၿပီး Tang Feng ကို ဆြဲကာ အထဲကို ဝင္လိုက္သည္။ အခန္းထဲေရာက္ေတာ့ တံခါးကိုပိတ္လိုက္ေသာအခါတြင္ ဖုန္းကိုင္ထားေသာ အတြင္းေရးမႈးန္၏လက္သည္ တုန္ယင္ေနၿပီး လုထ်န္းက်ီကို ဖုန္းေနသည္ကို ျမင္လိုက္ရသည္။
ဒါေပမယ့္ ကိစၥမရွိပါဘူး၊ ဘာပဲျဖစ္ျဖစ္ လုထ်န္းက်ီတက္လာဖို႔အခ်ိန္လိုေသးသည္။ သူ႔အတြက္ အခ်ိန္ လုံေလာက္ပါသည္။
႐ုံးခန္းကို အသံလုံေအာင္ တည္ေဆာက္ထားေသာ္လည္း တံခါးဖြင့္သံကို ေသခ်ာေပါက္ၾကားရမည္ ျဖစ္ၿပီး Tang Feng ဝင္လာသည္ႏွင့္ နတ္ဆိုးေလး၏ ေျခရာလက္ရာကို ရွာေဖြလိုက္သည္။
သူသည္ လုထ်န္းခ်န္ ၏႐ုံးခန္းႏွင့္ မစိမ္းေပ။ နည္းနည္းေလာက္ ခန႔္မွန္းၾကည့္ၿပီးေနာက္ နတ္ဆိုးေလး ဘယ္မွာ ပုန္းေနႏိုင္တယ္ဆိုတာလည္း သိလိုက္သည္။ ေနာက္တစ္ခ်က္က ႐ုံးခန္းက အရမ္းႀကီးတာမွ မဟုတ္ပဲ။
"နတ္ဆိုးေလး၊ မင္းဒီကိုေရာက္ေနတယ္ဆိုတာ ငါ သိတယ္။ ျမန္ျမန္ထြက္လာပါ၊ ငါက Tang Feng ပါ။"
ေအာ္ေခၚေပမယ့္ နတ္ဆိုးေလးထံမွ မတုံ႔ျပန္ခဲ့ေပ။
ဒီကေလးက ထြက္သြားၿပီလား။ သူ အံ့ၾသေနခ်ိန္တြင္ အနက္ေရာင္အရိပ္က မလႈပ္မယွက္ရပ္ေနေသာ အဲလ္ဘတ္ ဆီသို႔ ႐ုတ္တရက္ ေျပးလာၿပီး အဲလ္ဘတ္ ၏လည္ပင္းကို ဓားျဖင့္ဖိလိုက္သည္-
"မလႈပ္နဲ႔။"
"တကယ္ပဲ မင္း ဘာလုပ္ခ်င္တာလဲ။ လက္ထဲက ဓားကို အရင္ခ်လိုက္ပါ။" Tang Feng က ေအာ္လိုက္တယ္။
"Tang Feng မင္းက ဘာလို႔ဒီေကာင္နဲ႔တြဲေနတာလဲ"
နတ္ဆိုးေလး Tang Feng ၏စကားေၾကာင့္ ထိတ္လန႔္တုန္လႈပ္သြားေသာ္လည္း သူ႔လက္ထဲကဓားကို ခ်ရန္ ျငင္းဆန္ခဲ့သည္။
"လုထ်န္းက်ီလာေနၿပီ၊ မင္း အရင္ပုန္းလိုက္ဦး"
Tang Feng သည္ နတ္ဆိုးေလးက ႐ုတ္တရက္ ဓားျဖင့္ဆြဲကိုင္ကာ ႐ုံးခန္းေဘးရွိ ဧည့္ခန္းငယ္ေလးထဲမွ ေျပးထြက္လာစဥ္ တစ္ဖက္လူ အံ့အားသင့္သြားခ်ိန္တြင္ Tang Feng လည္း လန႔္သြားသည္။
ဤေနရာသည္ အမ်ားအားျဖင့္ လုထ်န္းခ်န္ အနားယူရာေနရာျဖစ္သည္။ Tang Feng သည္ ယခင္က ထိုေနရာတြင္ အိပ္ခဲ့ဖူးသည္။ နတ္ဆိုးေလးက ပုန္းခိုရန္ေနရာကို ရွာမေတြ႕မည္ကို သူ မေၾကာက္ေပ။ နတ္ဆိုးေလးႏွင့္ လုထ်န္းက်ီသို႔ မေတာ္တဆ ေတြ႕သြားမည္ကိုသာ သူေၾကာက္သည္။
သူသည္ နတ္ဆိုးေလး၏ စြမ္းရည္ကို ယုံၾကည္ေသာ္လည္း ဒီကမာၻတြင္ ဘာကိုမွ ပုံေသတြက္ထားလို႔ မရေပ။ လုပ္ႀကံေရးအဖြဲ႕စည္းကို ဦးေဆာင္ေနသည့္ ဂိုဏ္းေခါင္းေဆာင္ျဖစ္သည့္ လုထ်န္းက်ီက ေသခ်ာေပါက္ ထူးခြၽန္သည့္ စြမ္းရည္ရွိေနလိမ့္မည္။ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ နတ္ဆိုးေလး တခုခုျဖစ္မည္ကို မျမင္ေယာင္ေဆာင္လို႔ မရေပ။
"ပုန္းလိုက္စမ္းပါ"
Tang Feng က နတ္ဆိုးေလးကို အိပ္ရာထဲ တိုက္႐ိုက္ထိုးထည့္သည့္ အ႐ိုးရွင္းဆုံးနည္းလမ္းကို အသုံးျပဳခဲ့သည္။
နတ္ဆိုးေလးကို ဝွက္ၿပီးေနာက္ျပန္ၾကည့္လိုက္ကာ အဲလ္ဘတ္ ကို ေမးလိုက္သည္။
"ေန႔လည္မွာ လုထ်န္းက်ီနဲ႔ ဘာ စကားေျပာစရာရွိလဲ?"
" လုပ္ငန္းကိစၥတခ်ိဳ႕ေပါ့။"
အဲလ္ဘတ္ က ထ်န္းဖုန္းကို ၾကည့္ကာ နည္းနည္းၿပဳံးၿပီး ေမးလိုက္သည္။
" မင္းက သူ႔ကို ကူညီခ်င္တာလား။"
"ဟုတ္တယ္။" Tang Feng က ဝန္ခံလိုက္သည္။
"လုထ်န္းက်ီကို တပတ္႐ိုက္တာ သိပ္ေတာ့ မလြယ္ဘူး၊ ငါ မင္းကို ကူညီေပးမယ္။"
အဲလ္ဘတ္ ဘာလုပ္ခ်င္သည္ကို ထ်န္းဖုန္းသိသည္။ ဒါေပမယ့္ ထားလိုက္ပါေတာ့......
Tang Feng က အနည္းငယ္ အကူအညီမဲ့စြာျဖင့္ ေခါင္းခါလိုက္သည္။ အခုခ်န္ သူက လုထ်န္းက်ီ၏စိတ္ထဲ အထင္ျမင္ သိပ္မေကာင္းေပ။ သူနဲ႔ အဲလ္ဘတ္ က ဘာေၾကာင့္ ဥကၠဌ႐ုံးကို လာတာလဲဆိုတာ လုထ်န္းက်ီကို ယုံလာေအာင္ေျပာဖို႔မလြယ္လွေပ။ အဲလ္ဘတ္ကို ေျပာခိုင္းတာ အေကာင္းဆုံးနည္းလမ္းပါပဲ။
............
ငါးမိနစ္ ေျခာက္မိနစ္ေလာက္ၾကာေတာ့ ဥကၠဌ႐ုံးတံခါးက ျပန္ပြင့္လာၿပီး လုထ်န္းက်ီဝင္လာသည္။ သူက အတြင္းေရးမႈးထံမွ တုန္တုန္ယင္ယင္အသံျဖင့္ ဖုန္းေခၚဆိုသည္ကို လက္ခံရရွိၿပီးေနာက္ သံသယအခ်ိဳ႕ျဖင့္ ႐ုံးခန္းသို႔ ေရာက္လာခဲ့သည္။ အတြင္းေရးမႈးက စိတ္လႈပ္ရွားေနေပမယ့္ အဲလ္ဘတ္ႏွင့္အတူ ထ်န္းဖုန္းလည္း ႐ုံးခန္းထဲ ဝင္ေရာက္သြားေၾကာင္း မေမ့မေလ်ာ့ေျပာလိုက္သည္။
Tang Feng ဆိုတဲ့လူက ဘာလုပ္ခ်င္တာလဲ။
တံခါးဖြင့္လိုက္တာနဲ႔ လုထ်န္းက်ီဟာ နားေနခန္း က်ဥ္းက်ဥ္းေလးထဲက အသံတစ္ခ်ိဳ႕ကို ၾကားလိုက္ရတယ္။ ေယာက္်ားတစ္ေယာက္အေနနဲ႔ လ်စ္လ်ဴရႈထားရင္ေတာင္ ဒီအသံေတြကို နားမလည္ႏိုင္စရာမရွိဘူး။
အတြင္းေရးမႈးက ႐ုံးခန္း အျပင္မွာေစာင့္ရင္း လုထ်န္းက်ီတစ္ေယာက္တည္း ဧည့္ခန္းအဝင္ေပါက္နားကို ေလွ်ာက္သြားၿပီး အဲ့ဒီမွာ ရပ္လိုက္ၿပီး ကုတင္ေပၚက လူႏွစ္ေယာက္ကို တစ္ခ်က္ၾကည့္လိုက္တယ္။
ကုတင္ေပၚက လူႏွစ္ေယာက္က ပြဲေကာင္းစေနၿပီဟု ထင္ရသည္။ ေျမျပင္ေပၚတြင္ အေပၚဝတ္အက်ီႏွင့္ ေဘာင္းဘီရွည္မ်ား ျပန႔္က်ဲေနသည္။ Tang Feng သည္ ရွပ္အက်ႌတစ္ထည္သာ ဝတ္ထားၿပီး ကုတင္ေပၚတြင္ တစ္ဝက္ခန႔္ လွဲေနသည္။ သူ႔ခႏၶာကိုယ္ေအာက္ပိုင္းကို ေစာင္ထဲမွာ ဝွက္ထားတယ္။ ေဘာင္းဘီရွည္ဝတ္ထားသလား မသိရေပ။
"ခင္ဗ်ားရဲ႕ ႐ုံးခန္းကို ငွားေပးပါ။"
ကုတင္ထက္မွ ေနာက္ျပန္လွည့္ၾကည့္လိုက္ကာ ေျပာလိုက္သည့္ အဲလ္ဘတ္ က လုထ်န္းက်ီရဲ႕အၾကည့္ေတြကို စိတ္မဝင္စားဘဲ ေျပာၿပီး ေခါင္းငုံ႔ကာ Tang Feng ရဲ႕ ပုခုံးကို နမ္းလိုက္သည္။
ေသာက္႐ူးေကာင္....တကယ္ႀကီး နမ္းရသလား....သ႐ုပ္ေဆာင္တာကို မသိတာလား....
Tang Feng သည္ ဆန႔္က်င္ဘက္သို႔ ေခါင္းလွည့္လိုက္ၿပီး သူ႔ပုံစံက လုထ်န္းက်ီကို ျမင္ေသာ္ မ်က္ႏွာခ်င္းမဆိုင္ရဲဟန္ျဖင့္ ေခါင္းကို ေစာင္ထဲတြင္ ျမႇဳပ္ထားလိုက္သည္။
"မင္းတို႔ ေအးေအးေဆးေဆး ေပ်ာ္လိုက္ၾကဦး... ငါ့မွာ ေနာက္ထပ္ခ်ိန္းထားတာရွိတယ္။"
အခ်ိန္ကိုၾကည့္လိုက္ၿပီးေနာက္ လုထ်န္းက်ီက ခုတင္ထက္က ခ်စ္တင္းေႏွာပြဲကို လာၾကည့္တဲ့ ပရိသတ္ျဖစ္ခ်င္စိတ္မရွိသလို သံသယမရွိဘဲ စက္ဆုပ္႐ြံရွာတဲ့စိတ္နဲ႔ လွည့္ထြက္သြားေတာ့သည္။
ဒီလိုျမင္ကြင္းမ်ိဳးကို လုထ်န္းက်ီ အမုန္းဆုံးပဲ...ဒါေၾကာင့္ သူ႔ကို ဒီလိုျမင္ကြင္းမ်ိဳးကို လာျပသည္ကို သူ လုံးဝသည္းမခံႏိုင္ေပ။
တံခါးပိတ္သံၾကားေတာ့မွTang Feng က ေခါင္းကို ေစာင္ေအာက္မွ ထြက္ကာ အျပင္ဘက္ကို လွမ္းၾကည့္သည္။
"သူထြက္သြားၿပီလား။"
"သူ သြားတာနဲ႔ မသြားတာက ဘာကြာျခားလို႔လဲ"
အဲလ္ဘတ္ သည္ လူတစ္ကိုယ္လုံးကို Tang Feng ေပၚအုပ္မိုးကာ ေခါင္းကို ငုံ႔ခ်ၿပီး ေျပာလိုက္သည္။
ေယာက္်ားတစ္ေယာက္ကို နမ္းဖို႔၊ တစ္ခ်ိဳ႕ေသာနည္းေတြက အင္မတန္ကို ႐ိုးရွင္းလြန္းပါတယ္။ ဥပမာအားျဖင့္၊ ယခု အဲလ္ဘတ္က တစ္ဖက္လူကို ဆြဲေဆာင္ဖို႔ သူ၏လက္မ်ားကို ဆန႔္ထုတ္ၿပီး ေစာင္ေအာက္မွ Tang Feng ၏ေျခေထာက္မ်ားကို ပြတ္သပ္ေနသည္။
လုထ်န္းက်ီ ႐ုံးခန္းထဲကို မဝင္လာခင္ကတည္းက အဲလ္ဘတ္ က ဒါကို လုပ္ခဲ့တာျဖစ္သည္။
"ငါလိုး....မင္းရဲ႕ ေသာက္ႏွာဘူး လုပ္ရပ္ကို မထိန္းႏိုင္ဘူးလား !"
နတ္ဆိုးေလးသည္ ကုတင္ေအာက္မွ ခ်က္ခ်င္းလွိမ့္ထြက္ကာ Tang Feng ေဘးတြင္ လွဲကာ ၿပဳံးရယ္ေနသည့္ အဲလ္ဘတ္ ကို လက္လွမ္း လိုက္သည္။
"ဒုကၡမေပးနဲ႔။"
Tang Feng က နတ္ဆိုးေလးကို တြန္းထုတ္လိုက္ၿပီး အိပ္ယာေပၚကေန ဆင္းၿပီး ေျမျပင္ေပၚရွိအဝတ္အစားေတြကို ေကာက္ဝတ္လိုက္သည္
" သတိထားဦး...ဟိုလူ ေနာက္ျပန္လွည့္လာရင္ ဘယ္လိုလုပ္မလဲ "
အဲလ္ဘတ္ အခန္းထဲမွ ထြက္လာစဥ္ တစ္ဖက္လူထံမွ အသံထြက္လာသည္-
"ကြၽန္ေတာ္ တံခါးကို ေသာ့ခတ္ထားတယ္။"
ေကာင္းၿပီ၊ အခု လုထ်န္းက်ီ အခန္းထဲကို ဝင္မလာႏိုင္ေတာ့ဘူး....
********-************