True Star – volume_4_ Chapter (26) - ဖွင့်ပြောစရာမလိုသည့် နားလည်မှု
"ရုပ်ရှင်တွေမှာ ရင်းနှီးမြုပ်နှံဖို့ ခင်ဗျား ဘယ်တုန်းက စိတ်ဝင်စားလာတာလဲ။"
ထိုင်ခုံတွင် ဝင်ထိုင်ပြီးနောက် Tang Feng သည် အဲလ်ဘတ်ကို လှမ်းမေးလိုက်သည်။ သီးသန့်ခန်းတံခါးက ပွင့်နေပေမယ့် အဲလ်ဘတ် က ဒါကို စိတ်ထဲမထားပေ။ Tang Feng ကို တစ်ခုခုလုပ်ဖို့ သူ စိတ်မကူးထားဘူး။
အဲလ်ဘတ် ရုတ်တရက် စိတ်ထဖောက်ပြီး တစ်ခုခုလုပ်မလားဆိုတာကို Tang Feng က သိပ်စိတ်မပူပေ။ တကယ်လို့ မင်းသာ တိရိစ္ဆာန်တွေနဲ့ အချိန်အကြာကြီးနေခဲ့ဖူးမယ်ဆိုရင် သူတို့ရဲ့အကျင့်တွေကို အစကတည်းက သိထားလို့ မင်းက သူတို့ကို ကြောက်မှာမဟုတ်တော့ဘူး။
Tang Feng သည် မကြာသေးမီက အဲလ်ဘတ် ကို ကြိမ်းမောင်းခဲ့သော်လည်း တစ်ဖက်လူကို အရမ်း သတိမထားသင့်ဟု သူ ခံစားမိခဲ့သည်။
"ကိုယ်က အမြတ်ရမယ့် ရင်းနှီးမြုပ်နှံဖို့ကို အမြဲတမ်း စိတ်ဝင်စားတယ်လေ။ ရင်းနှီးမြုပ်နှံမှုဆိုတာ ကမ္ဘာပေါ်မှာ အံ့ဖွယ်အကောင်းဆုံးအရာပဲ မဟုတ်လား။ ဒါကို ကန့်သတ်သင့်တယ်လို့ ဘယ်သူမှ မထင်ဘူး။ ဖျော်ဖြေရေးလောကဆိုတာ အနာဂါတ်မှာ အကန့်သတ်မဲ့ ကြီးထွားလာနိုင်ချေရှိတဲ့ လုပ်ငန်းလို့ ကိုယ်မြင်တယ်"
အဲလ်ဘတ် က အနည်းငယ် ပြုံးလိုက်ပြီး ဆက်ရှင်းပြခဲ့သည်။
"ရင်းနှီးမြုပ်နှံမှုနည်းနည်းလုပ်ရုံနဲ့ မင်းက ငြိမ်ငြိမ်လေးထိုင်စောင့်နေရုံပဲ။ အချိန်တန်လာရင် ကိုယ့်ရဲ့ ရင်းနှီးထားတဲ့ လုပ်ငန်းကနေ အကျိုးမြတ်တွေ ရလာလိမ့်မယ်။ ဒီနည်းက သည် ကမ္ဘာပေါ်တွင် ငွေရှာဖို့ အလွယ်ကူဆုံး နည်းလမ်းလည်း ဖြစ်တယ်"
"သူများတွေ နေ့တိုင်း နေဝင်မိုးချုပ် အလုပ်လုပ်နေကြတုန်းမှာ ကိုယ်က ဒီနေရာမှာ ထိုင်နေရုံနဲ့ သူတို့ အိပ်မက်မက်နေတဲ့ အရာတွေ အားလုံးကို ရနိုင်ခဲ့တယ်"
အဲလ်ဘတ် က သူ့ဖန်ခွက်ကို Tang Feng ကို မြှောက်ပြလိုက်ကာ စကားကို အဆုံးသတ်လိုက်သည်။
"ခင်ဗျားရဲ့ ဒီလိုပြောတာကို ကြားတဲ့အခါ ခင်ဗျားကို တကယ်မုန်းသွားမိပြီ"
Tang Feng က ပြောလိုက်သည်။
"အိုး....ဒါနဲ့ မင်းရဲ့အောင်မြင်မှုက တခြားသူတွေရဲ့ မနာလိုစိတ်ကို ဆွဲဆောင်မိခဲ့တာလား။"
ဒီစကားလုံးတွေက သာမန်နဲ့ ရိုးရိုးသားသားပြောလိုက်သည်နှင့် မတူဟု ခံစားလိုက်ရသည်။ Tang Feng သည် လွန်ခဲ့သော ရက်အနည်းငယ်က ကုမ္ပဏီတွင် ဆက်တိုက်ပေါ်လာသည့် သူနှင့်ပတ်သတ်သည့် ကောလာဟလများကို သတိရလိုက်သည်။
ဒါကို အဲလ်ဘတ် သိနေတာလား ? မေ့လိုက်ပါတော့.....
အဲလ်ဘတ်သည် သူ့သမီးကို လိမ်ညာထားပြီး တမင်တကာ သူ့အနားကို ချဉ်းကပ်စေကာ သူ့သမီးမှ တဆင့် သူ့လုပ်ရပ်တိုင်းကို လျှို့ဝှက်စွာ စိုက်ကြည့်နေမလားဆိုတာ မသိနိုင်ဘူး။ ဒီအရူးက သူ့နာမည်တိုင်း ရူးသွပ်စွာနဲ့ပဲ သူ့ဘဝကို နေထိုင်ဖြတ်သန်းနေတာပဲလေ။
" လုထျန်းကျီ က မင်းကို အလုပ်အကြောင်းပြောဖို့ ဖိတ်ခေါ်ထားပေမယ့် ဒီထမင်းပွဲမှာ အလုပ်အကြောင်း မပြောရဖို့ကို ကိုယ် မျှော်လင့်နေတုန်းပဲ၊ ဒီနေ့လည်စာကို စိတ်အေးလက်အေး ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်ပြီး ဖြတ်သန်းကြရအောင်လား"
အဲလ်ဘတ် ၏ ယဉ်ကျေးသိမ်မွေ့သော အသွင်အပြင်သည် လူအများကို စိတ်ချမ်းသာစေအောင် လုပ်ဖို့ လွယ်ကူသည်။ ယဉ်ကျေးသိမ်မွေ့မှုသည် တစ်ဖက်လူထံမှ ရင်းနှီးမှုကို အလွယ်တကူရစေနိုင်သည်။
"ကောင်းပါပြီ" Tang Feng က ကျေကျေနပ်နပ်ကြီးဖြေလိုက်သည်။
ထမင်းစားပွဲက တိတ်တိတ်စွာ ဆက်လက် ကျင်းပခဲ့သည်။ Tang Feng က အဲလ်ဘတ် နဲ့ နေ့လည်စာစားတာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။ အဲလ်ဘတ် သည် အမှန်တကယ်ပင် ကျင့်ဝတ်ကို ထိန်းသိမ်းကြောင်း သူ သေချာသိသည်။ ထမင်းစားချိန်မှာ စကား မပြောပေ။ လေထုကို ပေါ့ပေါ့ပါးပါးဖြစ်စေဖို့ ရယ်မောဖို့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ ရှိပေမယ့် အဲလ်ဘတ်က ဘယ်တော့မှ မပြောပေ။ တကယ်တော့ ဒီအကျင့်က သူနဲ့ တော်တော်တူတာပဲ။
ဟာသနှောပြီး ဟန်ဆောင်ပြောဆိုခြင်းသည် တစ်ယောက်နှင့်တစ်ယောက် အရှက်ရစေရုံမျှသာဖြစ်ပြီး စိတ်အေးလက်အေး ရှိနိုင်မည်မဟုတ်ပေ။ တစ်ဖက်လူ စိတ်ဝင်စားမယ့်အကြောင်းကို စိတ်ထဲက အဆက်မပြတ်တွေးနေရလို့ တကယ် ခင်မင်ရင်းနှီးမှုကို မရနိုင်ပေ။
အိမ်မှာ ထမင်းအတူစားတဲ့အခါ ချားလ်စ်က နေ့တိုင်း ထမင်းစားချိန်မှာ လုထျန်းချန်ကို နောက်ပြောင်ကာ ဟာသလုပ်တာတွေ၊ လှောင်ပြောင် ပုတ်ခတ်မှုတွေ ရံဖန်ရံခါလုပ်လေ့ရှိသည်။ ဒါက တိတ်ဆိတ်စွာ စားတတ်သည့်လူကို နည်းနည်းတော့ ခက်ခဲစေတယ်။
Tang Feng သည် ထိုအကြောင်းကို တွေးနေရင်း ခေါင်းငုံ့ကာ ထမင်းကို နှေးနှေးဖြင့် ခပ်အေးအေး စားသောက်နေသည်။ ရံဖန်ရံခါ စိတ်အေးအေးထားပြီး ဖြည်းညှင်းစွာ အစားအစာကို အရသာခံစားရခြင်းကို သူ နှစ်သက်သည် ၊ တကယ်တော့ ဒါက ဘဝရဲ့ ပျော်ရွှင်မှုတစ်မျိုးလည်း ဖြစ်သည်။
Tang Feng ၏ စားသောက်မှု အရှိန်နှင့် ကိုက်ညီစေရန် အဲလ်ဘတ်လည်း အေးဆေးစွာစားသောက်ကာ Tang Feng စားပြီးနောက် မကြာမီ သူ့ တူကို ချလိုက်သည်။
"ဗိုက်ဝပြီ်လား?" အဲလ်ဘတ် က မျက်နှာချင်းဆိုင်မှ ကျက်သရေရှိစွာ စားသောက်နေသည့် လူငယ်လေးကို မေးလိုက်သည်။
"ဗိုက်ပြည့်သွားပါပြီ။ ဒီထမင်းဝိုင်းက အရမ်းကို ကျေနပ်စေပါတယ်။"
"ကော်ဖီတစ်ခွက်လောက် သွားသောက်ရအောင်။ မင်းတို့ ကုမ္ပဏီအကြောင်းကို ကိုယ်သိချင်တယ်။ "
Tang Feng က သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အဲလ်ဘတ်က သူ့ကိုယ်သူ ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ အဖြစ် မှတ်ယူထားပုံရသည်။
အခု သူလည်း ဒီမှာ ရှိနေတော့ Tang Feng က သူ့ကို အဆုံးထိ လိုက်ပို့ပေးဖို့ ဆန္ဒရှိရတော့သည်။
စားသောက်ဆိုင်မှ ထွက်လာပြီးနောက် နှစ်ယောက်သား ကုမ္ပဏီမှ ထွက်မမသွားဘဲ ကုမ္ပဏီကင်တင်းမှာပင် ကော်ဖီ ဆက်သောက်နေသည်။
ပြတင်းပေါက်နံဘေးက ထိုင်ခုံပေါ်တွင် ထိုင်ရင်း Tang Feng သည် ကော်ဖီခွက်ထဲသို့ နို့ကို လောင်းထည့်ကာ တစ်ငုံသောက်လိုက်ပြီး အနည်းငယ် စိတ်လက်ပေါ့ပါးသွားကာ နောက်တစ်ငုံ ထပ်သောက်လိုက်သည်။
အဲလ်ဘတ်သည် သကြား သို့မဟုတ် နို့မပါဘဲ ကော်ဖီခါးခါးကိုသာ သောက်သည်။ သူက ကုမ္ပဏီ အကြောင်းကို သိချင်နေပြီး ကုမ္ပဏီနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ကို တကယ်မေးခဲ့တယ်လို့ ဆိုသည်။
"Tian chen Entertainment ရဲ့ အာရုံစူးစိုက်မှုဟာ သူ့လက်ရှိ လုပ်နေတဲ့ လုပ်ငန်းမှာ ရှိပုံမပေါ်ဘူး။ ကုမ္ပဏီတစ်ခုက ဆက်လက်အောင်မြင်ဖို့ဆိုတာ သူတို့ နာမည်ကို ကျော်ကြားအောင် ထူထောင်ဖို့ လိုအပ်သလို ငွေရှာပေးနိုင်တဲ့ မင်းလို နာမည်ကျော် ကြယ်ပွင့် လိုနေတယ်၊ ဒါပေမယ့်..."
အဲလ်ဘတ် သည် Tang Feng ကို မော့ကြည့်လိုက်ကာ သူ့စကားကို ဆက်ခဲ့သည်။
"လူတော်တွေကို အမြဲထိန်းထားဖို့ မဖြစ်နိုင်ဘူး။"
ဒါက Tang Feng က သူ့ကိုယ်ပိုင် စတူဒီယိုဖွင့်ဖို့ ကုမ္ပဏီကနေ ထွက်တော့မယ်ဆိုတာကို သူ သိနေတဲ့ သဘောလား....
"ဒါနဲ့ပတ်သတ်ပြီး ခင်ဗျားမှာ ဘယ်လို အကြံပြုချက်တွေ ရှိပါသလဲ။ "
Tang Feng က ကော်ဖီခွက်ကို ကိုင်ထားရင်း မျက်နှာချင်းဆိုင်မှ အဲလ်ဘတ်ကို မေးလိုက်သည်။
အဲလ်ဘတ်က သူ့မျက်လုံးတွေကို ရှေ့မှ အမျိုးသားလေးကို မလွဲတမ်းစိုက်ကြည့်ကာ ဖြေခဲ့သည်
"ကောင်းမွန်တဲ့ ပုံရိပ်၊ လုံလောက်တဲ့ ရန်ပုံငွေ၊ လုံလောက်တဲ့ အာရုံစိုက်မှုရှိရင် ကိုယ်ပိုင်လုပ်ငန်း လုပ်တာက အောင်မြင်မှာပါ။"
"ခင်ဗျားက စီးပွားရေးသမားကောင်း တစ်ယောက်ပဲ"
ထျန်းဖုန်းက ချီးကျူးလိုက်သည်။
"ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကိုယ်လည်း ရင်းနှီးမြှုပ်နှံမှုကနေ အမြတ်ထွက်ဖို့ ဆန္ဒရှိပြီး အလားအလာကောင်းတွေရှိတဲ့ လူတချို့ကိုလည်း ရှာဖွေတွေ့ဆုံဖို့ ဆန္ဒရှိပါတယ်"
အဲလ်ဘတ်က Tang Feng ကို အထူးစူးစိုက်ကြည့်ကာ ပြောခဲ့သည်။ တက်သစ်စ သရုပ်ဆောင်သစ်တွေကို ပျိုးထောင်ပြီး အောင်မြင်လာမှ အကျိုးမြတ်ရခြင်းက လက်ရှိအောင်မြင်နေတဲ့ သရုပ်ဆောင်ကို သိမ်းသွင်းတာနှင့်မတူပေ။
"ခင်ဗျား ဒီကို ရင်းနှီးမြှုပ်နှံမှုအတွက် လာခဲ့တာလား။ "
" ဟုတ်တယ် ။ ရင်းနှီးမြုပ်နှံမှု အတွက်သက်သက်ပဲ လာခဲ့တာ"
အဲလ်ဘတ် က အနည်းငယ် ပြုံးနေပေမယ့် သူရင်းနှီးမြှုပ်နှံထားတဲ့အရာက သူ့ကိုယ်ပိုင်လုပ်ငန်းကိုပြောခြင်း ဖြစ်သည်။
"ခင်ဗျားက ကျွန်တော့်ကို အမြဲနှောင့်ယှက်တယ်။"
Tang Feng က ခေါင်းခါကာ ပြန်ပြောလိုက်သည်။
"လူတော်တော်များများက မင်းကို ဘေးကင်းအောင် ကာကွယ်ပေးထားတယ်၊ ငါ့ရဲ့ ဒီ စိုးရိမ်မှုက အနည်းဆုံးတော့ မင်းအပေါ်မှာ ထူးခြားပါတယ်။"
အဲလ်ဘတ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ လူငယ်လေးကို လျှို့ဝှက်စွာဖြင့် ပြောလိုက်သည်။
............
Company တွင် အခြေနေတွေ သိပ်ပြီး ဖရိုဖရဲမဖြစ်ဘဲ S မြို့မှာ ရှိတဲ့ သရုပ်ဆောင်အားလုံး စုရုံးလာကြသည်။
Charles က ထျန်းဖုန်းအတွက် အမြဲစိုးရိမ်နေပုံရပေမယ့် ဒီလူငယ်လေးက သူ့ကိုယ်ပိုင်အကြံဉာဏ်တွေ အမြဲရှိနေလို့ သူ ဖြစ်စေချင်သလို လုပ်ဖို့ Tang Feng က မဆွဲဆောင်နိုင်ပေ။ လက်ရှိအချိန်တွင် Tang Feng သည် Tian Chen Company နှင့် အဆက်သွယ် ဖြတ်ရန်နည်းလမ်းမရှိပေ။ ကုမ္ပဏီနဲ့ စာချုပ်ချုပ်မှ ဖြစ်မည်။ ဒီလိုမှမဟုတ်ရင် "Heavenly Son" ရုပ်ရှင်ဟာ ပျက်စီးသွားနိုင်တယ် ဒါမှမဟုတ် လျော်ကြေးငွေ အများကြီး ပေးရနိုင်တယ်။
Charles က စတွေ့ချိန်တုန်းက Tang Feng အတွက် ပိုက်ဆံအကုန်အကျခံဖို့ စိတ်မဝင်စားပေမယ့် နောက်ပိုင်း ကြာလေ ပိုသဘောကျလေဖြစ်သည်။ ထို့အပြင်၊ မယုံနိုင်စရာဖြစ်ရက်မှာ တတိယအဆင့် နာမည်မရှိသည့် သရုပ်ဆောင်ငယ်လေးက ဟောလိဝုဒ်ရုပ်ရှင်လောကထဲ စတင်ဝင်ရောက်ရောက်ချင်း မှာပင် နိုင်ငံတကာထိ ကျော်ကြားသည့် ကြယ်တစ်ပွင့်ဖြစ်လာခြင်းပင်.... ဒါက သူ့အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်မှာ သေချာသည်။
Charles က နေ့တိုင်း လူငယ်လေး နောက်လိုက်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်တာကို Tang Feng က သိပေမယ့် ဒါက ဝက်ဝံကြီးရဲ့ စိုးရိမ်စိတ်ကို နည်းနည်းပိုပြီး လုံခြုံစေသဖြင့် မတားပဲ လွှတ်ထားလိုက်သည်။ တကယ်တော့ Tang Feng က သူ့ပတ်ဝန်းကျင်က paparazzi အနည်းငယ်ကို စိတ်မဝင်စားသလို မမှုပေ။
လုထျန်းချန် ရဲ့ ဒဏ်ရာက ပိုသက်သာလာကာ ပျောက်ကင်းခါနီးလေပြီ။ မကြာသေးမီရက်များအတွင်း၊ Tang Feng သည် ကွန်ပြူတာရှေ့တွင် ထိုင်ကာ စာရိုက်နေသည့် လုထျန်းချန် ကို တွေ့နိုင်ပြီး တစ်ခါတစ်ရံ ညဉ့်နက်ထိပင် ထိုအခန်းထဲရှိ မီးများပွင့်နေသေးသည်။
"ခင်ဗျား အနားမယူသေးဘူးလား?"
ညမအိပ်ခင် Tang Feng သည် ထိုယောက်ျား၏အိပ်ခန်းသို့ ရောက်လာကာ မေးလိုက်သည်။
လုထျန်းချန် သည် လွန်ခဲ့သည့် ရက်အနည်းငယ်က အလုပ်ကို အာရုံစူးစိုက်လုပ်ခဲ့သောကြောင့် ကွန်ပြူတာရှေ့တွင် အမှန်တကယ် ထိုင်နေခဲ့ရသည်။ Tang Feng ဝင်လာတာကို သူမြင်ပြီး လုပ်လက်စ အလုပ်ကို ချထားလိုက်တယ်။
"ကိုယ် ဒီကိစ္စတွေကို ပြေလည်အောင်မလုပ်ဘဲ ကောင်းကောင်း အိပ်မပျော်ဘူး"
"မင်းဟာ ဒဏ်ရာရနေတဲ့သူလေ။ ကောင်းကောင်း နားဖို့လိုတယ်"
Tang Feng က လုထျန်းချန် အတွက် ရေတစ်ခွက်ဌဲ့ပေးကာ ကမ်းပေးလိုက်သည်။
" လူငယ်တွေအတွက် ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုတယ်။ ကျန်းမာရေးသည် အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲလေ"
သူ့ထက်ပင် ငယ်ရွယ်ပေမယ့် လူကြီးသူမကဲ့သို့ ပြောနေသည့် တစ်စုံတစ်ယောက်ရဲ့ အကြံပြုချက်ကို ကြားတော့ လုထျန်းချန် ရယ်မောလိုက်သည်။
"ခင်ဗျား ဒီ coding တွေကို ရိုက်နေတာလား"
Tang Feng သည် ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ အဖြူအမည်း ကုတ်စာလုံးများကို စိုက်ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်–
"ခင်ဗျားက ကွန်ပျူတာ coding ကျွမ်းကျင်သူလား။ ဒါတွေကို ကျွန်တော်လုံးဝကို နားမလည်ဘူးနိုင်ဘူး"
"မင်း နားမလည်တဲ့အရာဆိုတာ တကယ့်ကို ရှားတယ်။"
"ကျွန်တော်က စွယ်စုံရတဲ့သူမှ မဟုတ်တာ။ နားမလည်တာမျိုးတော့ ရှိတာပေါ့။ အခု ခင်ဗျား သုံးနေတဲ့ ကွန်ပြူတာလိုမျိုး၊ ဒီကုဒ်တွေရေးတာမျိုးက ရုပ်ရှင်ထဲမှာ ကြည့်ရရင် အရမ်းမိုက်ပေမယ့် ကျွန်တော်တော့ တော်တော်များများကို နားမလည်ဘူး။"
"ဒီကုဒ်တွေရေးတာက အရမ်းခန့်တာပဲလား?" လုထျန်းချန် သည် Tang Feng ကို ပဟေဠိဆန်သည့် အကြည့်တချို့ဖြင့် ကြည့်လိုက်သည်။
Tang Feng က ခေါင်းငြိမ့်ကာ ဆက်ပြောခဲ့သည်။
"ရုပ်ရှင်တွေထဲမှာ ကွန်ပြူတာ ကျွမ်းကျင်တဲ့ သူတွေက အမြဲတမ်း မှတ်ဉာဏ်အားကောင်းပြီး စကားဝှက် အမျိုးမျိုးကို ဖောက်ထွင်းပြီး သတင်းအချက်အလက် ရှာနိုင်တယ်။ အရင်ကကျွန်တော်လည်း သင်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဘုရား...ဘုရား...ကုဒ် ကိန်းဂဏန်းတွေကို ကြည့်ပြီး အိပ်ချင်လာတယ်။ ဒီဂဏာန်းတွေက အိပ်ဆေးထက် ပိုအသုံးဝင်သေးတယ်။"
"ကုဒ်ရေးနည်းကို သိရင် မခက်ပါဘူး"
လုထျန်းချန်က ညင်သာစွာပြုံးပြီး မီးရောင်အောက်မှ လူငယ်လေး၏ ကြည်လင်ရှင်းသန့်သည့် ပုံကို ငေးကြည့်လိုက်သည်။
"ကျွန်တော့်ဘဝသစ်မှာ အမျိုးမျိုးသော အရာတွေကို စမ်းကြည့်ချင်ပေမယ့် ကွန်ပြူတာဘာသာရပ်ကို ထားလိုက်တာပဲ ကောင်းပါတယ်၊ ကျွန်တော့်မှာ ဒီအရည်အချင်းမရှိဘူးလို့ တယ်"
ထျန်းဖုန်းက စကားစသတ်ကာ လုထျန်းချန် လုပ်နေသည်ကို စပ်စုကာ မေးလိုက်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ၊ စကားဝှက်ကို ဖော်နေတာလား "
"အဲဒါတွေထဲက ကိုယ့်အဖေကို ခြိမ်းခြောက်နိုင်တဲ့ ပစ္စည်းတချို့ရှိနေတယ်၊ ကိုယ့်တစ်ဘဝလုံးကို ဒီအတိုင်း ဆက်ပုန်းနေလို့ မရဘူးလေ"
လုထျန်းချန် ပါးစပ်ဟလိုက်ကာ ပြောလိုက်သည်။
"ခင်ဗျား သူနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား။"
ဒါက လုထျန်းချန် ရဲ့ တကယ့် စရိုက်အမှန်ဖြစ်သည်။ ရင်ဆိုင်တိုက်ခိုက်ခြင်းက သူ့အတွက် ဘာမှမထူးခြားပေ။ သူ့အရိုးများတွင် အနိုင်ယူလိုသော သားရဲကဲ့သို့ ဘယ်သောအခါမှ တိုက်ပွဲဝင်ဖို့ မတွန့်ဆုတ်ပေ။
"စောင့်ရဦးမယ်။ မဟုတ်ရင် အခွင့်ကောင်းမရနိုင်ဘူး"
"ကျွန်တော့် အကူအညီကို လိုသေးလား။ Tang Feng က ဆက်မေးလိုက်သည်။
"မလုပ်နဲ့...."
လုထျန်းချန် ၏အဖြေက ထျန်းဖုန်း မမျှော်လင့်ထားသည့်အရာဖြစ်သည်။ တစ်ချို့အရာတွေနဲ့ ပတ်သတ်ပြီး သူတို့နှစ်ယောက်ကြား တစ်ယောက်နဲ့တစ်ယောက် မရှင်းပြထားပေမယ့် Tang Feng ကတော့ လုထျန်းချန် က ဘာကြောင့် Company မှ နုတ်ထွက်ပြီး သူ့ကို အရင်လမ်းခွဲခဲ့သည်ကို မှန်းဆနိုင်ခဲ့သည်။
လုထျန်းကျီနှင့် အဓိတ်က ပတ်သတ်နေလို့ပဲ။ လုထျန်းချန် က ဒီလိုမျိုး အသေးစိတ်တွေးကာ သူ့ကို ဂရုစိုက်ပေးတတ်သဖြင့် ထျန်းဖုန်းအတွက် သူ့ကို လျစ်လျူရှုဖို့ ခက်ခဲလှသည်။
ကူညီချင်ပေမယ့် ဘာမှ မကူညီနိုင်သည့်အတွက် ရုတ်တရက် ကူကယ်ရာမဲ့ ဖြစ်သွားကာ Tang Feng မတ်တပ်ထရပ်ပြီး လုထျန်းချန် ၏ပခုံးကို ညင်သာစွာ ပွတ်သပ်ကာ ပြောခဲ့သည်-
"အရမ်းမပင်ပန်းစေနဲ့၊ တစ်ခါတစ်လေ အဆင်မပြေတဲ့ ခံစားချက်တွေကို တခြားသူတွေကို ဝေမျှတာဟာ ရှက်စရာမဟုတ်ပါဘူး။ အခု လူတိုင်းက တူညီတဲ့ အမိုးအောက်မှာ နေနေတာ့ အခက်အခဲတွေ ကြုံလာရင် တစ်ယောက်တည်း မျိုသိပ်ထားစရာမလိုဘူး။"
လုထျန်းချန် သည် ပခုံးပေါ်တင်ထားသည့် ထျန်းဖုန်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ပွတ်သပ်လိုက်သည်။
"ကိုယ် သိပါတယ်"
ထို့နောက် လုထျန်းချန်ကို ထျန်းဖုန်းက နူတ်ဆက်လိုက်သည်။
"စောစောအိပ်တော့" Tang Feng က သူ့လက်ကို ပြန်ဆွဲလိုက်တယ်။
"Tang Feng"
လုထျန်းချန် က အဲဒီလူငယ်လေးရဲ့ နာမည်ကို ခေါ်ပြီး မော့ကြည့်ကာ သိမ်မွေ့စွာပြောခဲ့သည်။
"မင်းလည်း စောစောအနားယူဦး"
"အိုကေ"
တစ်ယောက်နှင့် တစ်ယောက် စကားအများကြီးမပြောပေမယ့် သူတို့ကြားမှာ အဓိပ္ပါယ်ဖော်လို့မရတဲ့ ခံစားချက်ကို အမြဲတမ်း ဖြစ်ပေါ်လာစမြဲပင်။
Tang Feng သည် လုထျန်းချန် ၏ အိပ်ခန်းမှ ထွက်သွားပြီး မထွက်မီ တံခါးကို စေ့ပေးခဲ့သည်။ မကြာမီ အချိန်ထိ ထိုအခန်းထဲက အလင်းရောင် ထွက်နေဆဲပင်။
********-***********
True Star – volume_4_ Chapter (26) - ဖြင့္ေျပာစရာမလိုသည့္ နားလည္မႈ
"႐ုပ္ရွင္ေတြမွာ ရင္းႏွီးျမဳပ္ႏွံဖို႔ ခင္ဗ်ား ဘယ္တုန္းက စိတ္ဝင္စားလာတာလဲ။"
ထိုင္ခံုတြင္ ဝင္ထိုင္ျပီးေနာက္ Tang Feng သည္ အဲလ္ဘတ္ကို လွမ္းေမးလိုက္သည္။ သီးသန္႕ခန္းတံခါးက ပြင့္ေနေပမယ့္ အဲလ္ဘတ္ က ဒါကို စိတ္ထဲမထားေပ။ Tang Feng ကို တစ္ခုခုလုပ္ဖုိ႕ သူ စိတ္မကူးထားဘူး။
အဲလ္ဘတ္ ႐ုတ္တရက္ စိတ္ထေဖာက္ျပီး တစ္ခုခုလုပ္မလားဆိုတာကို Tang Feng က သိပ္စိတ္မပူေပ။ တကယ္လို႕ မင္းသာ တိရိစာၦန္ေတြနဲ႔ အခ်ိန္အၾကာႀကီးေနခဲ့ဖူးမယ္ဆုိရင္ သူတို႔ရဲ႕အက်င့္ေတြကို အစကတည္းက သိထားလို႕ မင္းက သူတို႕ကို ေၾကာက္မွာမဟုတ္ေတာ့ဘူး။
Tang Feng သည္ မၾကာေသးမီက အဲလ္ဘတ္ ကို ႀကိမ္းေမာင္းခဲ့ေသာ္လည္း တစ္ဖက္လူကို အရမ္း သတိမထားသင့္ဟု သူ ခံစားမိခဲ့သည္။
"ကိုယ္က အျမတ္ရမယ့္ ရင္းႏွီးျမဳပ္ႏွံဖို႔ကို အၿမဲတမ္း စိတ္ဝင္စားတယ္ေလ။ ရင္းႏွီးျမဳပ္ႏွံမႈဆိုတာ ကမာၻေပၚမွာ အံ့ဖြယ္အေကာင္းဆုံးအရာပဲ မဟုတ္လား။ ဒါကို ကန္႕သတ္သင့္တယ္လို႕ ဘယ္သူမွ မထင္ဘူး။ ေဖ်ာ္ေျဖေရးေလာကဆိုတာ အနာဂါတ္မွာ အကန္႕သတ္မဲ့ ႀကီးထြားလာနိုင္ေခ်ရွိတဲ့ လုပ္ငန္းလို႕ ကိုယ္ျမင္တယ္"
အဲလ္ဘတ္ က အနည္းငယ္ ၿပဳံးလိုက္ၿပီး ဆက္ရွင္းျပခဲ့သည္။
"ရင္းႏွီးျမဳပ္ႏွံမႈနည္းနည္းလုပ္ရံုနဲ႕ မင္းက ျငိမ္ျငိမ္ေလးထိုင္ေစာင့္ေနရံုပဲ။ အခ်ိန္တန္လာရင္ ကိုယ့္ရဲ႕ ရင္းနွီးထားတဲ့ လုပ္ငန္းကေန အက်ိဳးျမတ္ေတြ ရလာလိမ့္မယ္။ ဒီနည္းက သည္ ကမာၻေပၚတြင္ ေငြရွာဖို႕ အလြယ္ကူဆုံး နည္းလမ္းလည္း ျဖစ္တယ္"
"သူမ်ားေတြ ေန႔တိုင္း ေနဝင္မိုးခ်ဳပ္ အလုပ္လုပ္ေနၾကတုန္းမွာ ကိုယ္က ဒီေနရာမွာ ထုိင္ေနရံုနဲ႕ သူတို႕ အိပ္မက္မက္ေနတဲ့ အရာေတြ အားလံုးကို ရနိုင္ခဲ့တယ္"
အဲလ္ဘတ္ က သူ႔ဖန္ခြက္ကို Tang Feng ကို ေျမႇာက္ျပလိုက္ကာ စကားကို အဆံုးသတ္လိုက္သည္။
"ခင္ဗ်ားရဲ႕ ဒီလိုေျပာတာကို ႀကားတဲ့အခါ ခင္ဗ်ားကို တကယ္မုန္းသြားမိျပီ"
Tang Feng က ေျပာလိုက္သည္။
"အိုး....ဒါနဲ႕ မင္းရဲ႕ေအာင္ျမင္မႈက တျခားသူေတြရဲ႕ မနာလိုစိတ္ကို ဆြဲေဆာင္မိခဲ့တာလား။"
ဒီစကားလုံးေတြက သာမန္နဲ႕ ရိုးရိုးသားသားေျပာလိုက္သည္နွင့္ မတူဟု ခံစားလိုက္ရသည္။ Tang Feng သည္ လြန္ခဲ့ေသာ ရက္အနည္းငယ္က ကုမၸဏီတြင္ ဆက္တိုက္ေပၚလာသည့္ သူနွင့္ပတ္သတ္သည့္ ေကာလာဟလမ်ားကို သတိရလိုက္သည္။
ဒါကို အဲလ္ဘတ္ သိေနတာလား ? ေမ့လိုက္ပါေတာ့.....
အဲလ္ဘတ္သည္ သူ႔သမီးကို လိမ္ညာထားၿပီး တမင္တကာ သူ႕အနားကို ခ်ဥ္းကပ္ေစကာ သူ႔သမီးမွ တဆင့္ သူ႕လုပ္ရပ္တုိင္းကို လွ်ိဳ႕ဝွက္စြာ စိုက္ၾကည့္ေနမလားဆိုတာ မသိနိုင္ဘူး။ ဒီအရူးက သူ႕နာမည္တုိင္း ရူးသြပ္စြာနဲ႕ပဲ သူ႕ဘဝကို ေနထိုင္ျဖတ္သန္းေနတာပဲေလ။
" လုထ်န္းက်ီ က မင္းကို အလုပ္အေၾကာင္းေျပာဖို႔ ဖိတ္ေခၚထားေပမယ့္ ဒီထမင္းပြဲမွာ အလုပ္အေၾကာင္း မေျပာရဖို႕ကို ကိုယ္ ေမွ်ာ္လင့္ေနတုန္းပဲ၊ ဒီေန႔လည္စာကို စိတ္ေအးလက္ေအး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ စားေသာက္ျပီး ျဖတ္သန္းၾကရေအာင္လား"
အဲလ္ဘတ္ ၏ ယဥ္ေက်းသိမ္ေမြ႕ေသာ အသြင္အျပင္သည္ လူအမ်ားကို စိတ္ခ်မ္းသာေစေအာင္ လုပ္ဖို႕ လြယ္ကူသည္။ ယဥ္ေက်းသိမ္ေမြ႕မႈသည္ တစ္ဖက္လူထံမွ ရင္းနွီးမႈကို အလြယ္တကူရေစနုိင္သည္။
"ေကာင္းပါျပီ" Tang Feng က ေက်ေက်နပ္နပ္ႀကီးေျဖလိုက္သည္။
ထမင္းစားပြဲက တိတ္တိတ္စြာ ဆက္လက္ က်င္းပခဲ့သည္။ Tang Feng က အဲလ္ဘတ္ နဲ႔ ေန႔လည္စာစားတာ ဒါပထမဆုံးအႀကိမ္မဟုတ္ဘူး။ အဲလ္ဘတ္ သည္ အမွန္တကယ္ပင္ က်င့္ဝတ္ကို ထိန္းသိမ္းေႀကာင္း သူ ေသခ်ာသိသည္။ ထမင္းစားခ်ိန္မွာ စကား မေျပာေပ။ ေလထုကို ေပါ့ေပါ့ပါးပါးျဖစ္ေစဖို႕ ရယ္ေမာဖို႔ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာေတြ ရွိေပမယ့္ အဲလ္ဘတ္က ဘယ္ေတာ့မွ မေျပာေပ။ တကယ္ေတာ့ ဒီအက်င့္က သူနဲ႔ ေတာ္ေတာ္တူတာပဲ။
ဟာသေႏွာၿပီး ဟန္ေဆာင္ေျပာဆိုျခင္းသည္ တစ္ေယာက္ႏွင့္တစ္ေယာက္ အရွက္ရေစ႐ုံမွ်သာျဖစ္ၿပီး စိတ္ေအးလက္ေအး ရွိနို္င္မည္မဟုတ္ေပ။ တစ္ဖက္လူ စိတ္ဝင္စားမယ့္အေႀကာင္းကို စိတ္ထဲက အဆက္မျပတ္ေတြးေနရလို႕ တကယ္ ခင္မင္ရင္းနွီးမႈကို မရနိုင္ေပ။
အိမ္မွာ ထမင္းအတူစားတဲ့အခါ ခ်ားလ္စ္က ေန႔တိုင္း ထမင္းစားခ်ိန္မွာ လုထ်န္းခ်န္ကို ေနာက္ေျပာင္ကာ ဟာသလုပ္တာေတြ၊ ေလွာင္ေျပာင္ ပုတ္ခတ္မႈေတြ ရံဖန္ရံခါလုပ္ေလ့ရွိသည္။ ဒါက တိတ္ဆိတ္စြာ စားတတ္သည့္လူကို နည္းနည္းေတာ့ ခက္ခဲေစတယ္။
Tang Feng သည္ ထိုအေႀကာင္းကို ေတြးေနရင္း ေခါင္းငုံ႔ကာ ထမင္းကို ေႏွးေႏွးျဖင့္ ခပ္ေအးေအး စားေသာက္ေနသည္။ ရံဖန္ရံခါ စိတ္ေအးေအးထားၿပီး ျဖည္းညႇင္းစြာ အစားအစာကို အရသာခံစားရျခင္းကို သူ ႏွစ္သက္သည္ ၊ တကယ္ေတာ့ ဒါက ဘဝရဲ႕ ေပ်ာ္႐ႊင္မႈတစ္မ်ိဳးလည္း ျဖစ္သည္။
Tang Feng ၏ စားေသာက္မႈ အရွိန္ႏွင့္ ကိုက္ညီေစရန္ အဲလ္ဘတ္လည္း ေအးေဆးစြာစားေသာက္ကာ Tang Feng စားၿပီးေနာက္ မၾကာမီ သူ႕ တူကို ခ်လိုက္သည္။
"ဗိုက္ဝျပီ္လား?" အဲလ္ဘတ္ က မ်က္နွာခ်င္းဆုိင္မွ က်က္သေရရွိစြာ စားေသာက္ေနသည့္ လူငယ္ေလးကို ေမးလိုက္သည္။
"ဗိုက္ျပည့္သြားပါျပီ။ ဒီထမင္းဝိုင္းက အရမ္းကို ေက်နပ္ေစပါတယ္။"
"ေကာ္ဖီတစ္ခြက္ေလာက္ သြားေသာက္ရေအာင္။ မင္းတို႕ ကုမၸဏီအေၾကာင္းကို ကိုယ္သိခ်င္တယ္။ "
Tang Feng က သေဘာတူသည္ျဖစ္ေစ မတူသည္ျဖစ္ေစ အဲလ္ဘတ္က သူ႔ကိုယ္သူ ကုမၸဏီ၏ မန္ေနးဂ်င္း ဒါရိုက္တာ အျဖစ္ မွတ္ယူထားပုံရသည္။
အခု သူလည္း ဒီမွာ ရွိေနေတာ့ Tang Feng က သူ႔ကို အဆုံးထိ လိုက္ပို႕ေပးဖို႔ ဆႏၵရွိရေတာ့သည္။
စားေသာက္ဆိုင္မွ ထြက္လာၿပီးေနာက္ ႏွစ္ေယာက္သား ကုမၸဏီမွ ထြက္မမသြားဘဲ ကုမၸဏီကင္တင္းမွာပင္ ေကာ္ဖီ ဆက္ေသာက္ေနသည္။
ျပတင္းေပါက္နံေဘးက ထိုင္ခုံေပၚတြင္ ထိုင္ရင္း Tang Feng သည္ ေကာ္ဖီခြက္ထဲသို႔ ႏို႔ကို ေလာင္းထည့္ကာ တစ္ငုံေသာက္လိုက္ၿပီး အနည္းငယ္ စိတ္လက္ေပါ့ပါးသြားကာ ေနာက္တစ္ငံု ထပ္ေသာက္လိုက္သည္။
အဲလ္ဘတ္သည္ သၾကား သို႔မဟုတ္ ႏို႔မပါဘဲ ေကာ္ဖီခါးခါးကိုသာ ေသာက္သည္။ သူက ကုမၸဏီ အေၿကာင္းကို သိခ်င္ေနၿပီး ကုမၸဏီနဲ႔ ပတ္သက္တဲ့ ေမးခြန္းတခ်ိဳ႕ကို တကယ္ေမးခဲ့တယ္လို႔ ဆိုသည္။
"Tian chen Entertainment ရဲ႕ အာ႐ုံစူးစိုက္မႈဟာ သူ႔လက္ရွိ လုပ္ေနတဲ့ လုပ္ငန္းမွာ ရွိပုံမေပၚဘူး။ ကုမၸဏီတစ္ခုက ဆက္လက္ေအာင္ျမင္ဖို႕ဆိုတာ သူတို႕ နာမည္ကို ေက်ာ္ႀကားေအာင္ ထူေထာင္ဖို႕ လိုအပ္သလို ေငြရွာေပးနုိ္င္တဲ့ မင္းလို နာမည္ေက်ာ္ ၾကယ္ပြင့္ လိုေနတယ္၊ ဒါေပမယ့္..."
အဲလ္ဘတ္ သည္ Tang Feng ကို ေမာ့ၾကည့္လိုက္ကာ သူ႕စကားကို ဆက္ခဲ့သည္။
"လူေတာ္ေတြကို အၿမဲထိန္းထားဖို႔ မျဖစ္ႏိုင္ဘူး။"
ဒါက Tang Feng က သူ႔ကိုယ္ပိုင္ စတူဒီယိုဖြင့္ဖို႔ ကုမၸဏီကေန ထြက္ေတာ့မယ္ဆိုတာကို သူ သိေနတဲ့ သေဘာလား....
"ဒါနဲ႕ပတ္သတ္ျပီး ခင္ဗ်ားမွာ ဘယ္လို အႀကံျပဳခ်က္ေတြ ရွိပါသလဲ။ "
Tang Feng က ေကာ္ဖီခြက္ကို ကိုင္ထားရင္း မ်က္နွာခ်င္းဆုိင္မွ အဲလ္ဘတ္ကို ေမးလိုက္သည္။
အဲလ္ဘတ္က သူ႔မ်က္လုံးေတြကို ေရွ႕မွ အမ်ိဳးသားေလးကို မလြဲတမ္းစိုက္ႀကည့္ကာ ေျဖခဲ့သည္
"ေကာင္းမြန္တဲ့ ပံုရိပ္၊ လုံေလာက္တဲ့ ရန္ပုံေငြ၊ လုံေလာက္တဲ့ အာ႐ုံစိုက္မႈရွိရင္ ကိုယ္ပိုင္လုပ္ငန္း လုပ္တာက ေအာင္ျမင္မွာပါ။"
"ခင္ဗ်ားက စီးပြားေရးသမားေကာင္း တစ္ေယာက္ပဲ"
ထ်န္းဖုန္းက ခ်ီးက်ဴးလိုက္သည္။
"ခ်ီးက်ဴးမႈအတြက္ ေက်းဇူးတင္ပါတယ္၊ ကိုယ္လည္း ရင္းႏွီးျမႇဳပ္ႏွံမႈကေန အျမတ္ထြက္ဖို႔ ဆႏၵရွိၿပီး အလားအလာေကာင္းေတြရွိတဲ့ လူတခ်ိဳ႕ကိုလည္း ရွာေဖြေတြ႕ဆံုဖို႕ ဆႏၵရွိပါတယ္"
အဲလ္ဘတ္က Tang Feng ကို အထူးစူးစိုက္ႀကည့္ကာ ေျပာခဲ့သည္။ တက္သစ္စ သရုပ္ေဆာင္သစ္ေတြကို ပ်ိဳးေထာင္ျပီး ေအာင္ျမင္လာမွ အက်ိဳးျမတ္ရျခင္းက လက္ရွိေအာင္ျမင္ေနတဲ့ သရုပ္ေဆာင္ကို သိမ္းသြင္းတာနွင့္မတူေပ။
"ခင္ဗ်ား ဒီကို ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ လာခဲ့တာလား။ "
" ဟုတ္တယ္ ။ ရင္းႏွီးျမဳပ္ႏွံမႈ အတြက္သက္သက္ပဲ လာခဲ့တာ"
အဲလ္ဘတ္ က အနည္းငယ္ ၿပဳံးေနေပမယ့္ သူရင္းႏွီးျမႇဳပ္ႏွံထားတဲ့အရာက သူ႔ကိုယ္ပိုင္လုပ္ငန္းကိုေျပာျခင္း ျဖစ္သည္။
"ခင္ဗ်ားက ကြ်န္ေတာ့္ကို အၿမဲေႏွာင့္ယွက္တယ္။"
Tang Feng က ေခါင္းခါကာ ျပန္ေျပာလိုက္သည္။
"လူေတာ္ေတာ္မ်ားမ်ားက မင္းကို ေဘးကင္းေအာင္ ကာကြယ္ေပးထားတယ္၊ ငါ့ရဲ႕ ဒီ စိုးရိမ္မႈက အနည္းဆုံးေတာ့ မင္းအေပၚမွာ ထူးျခားပါတယ္။"
အဲလ္ဘတ္၏ မ်က္လုံးမ်ား က်ဥ္းေျမာင္းသြားကာ လူငယ္ေလးကို လွ်ိဳ႕ဝွက္စြာျဖင့္ ေျပာလိုက္သည္။
............
Company တြင္ အေျခေနေတြ သိပ္ၿပီး ဖ႐ိုဖရဲမျဖစ္ဘဲ S ၿမိဳ႕မွာ ရွိတဲ့ သရုပ္ေဆာင္အားလံုး စု႐ုံးလာၾကသည္။
Charles က ထ်န္းဖုန္းအတြက္ အၿမဲစိုးရိမ္ေနပုံရေပမယ့္ ဒီလူငယ္ေလးက သူ႔ကိုယ္ပိုင္အႀကံဉာဏ္ေတြ အၿမဲရွိေနလို႕ သူ ျဖစ္ေစခ်င္သလို လုပ္ဖို႕ Tang Feng က မဆြဲေဆာင္ႏိုင္ေပ။ လက္ရွိအခ်ိန္တြင္ Tang Feng သည္ Tian Chen Company နွင့္ အဆက္သြယ္ ျဖတ္ရန္နည္းလမ္းမရွိေပ။ ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္မွ ျဖစ္မည္။ ဒီလိုမွမဟုတ္ရင္ "Heavenly Son" ႐ုပ္ရွင္ဟာ ပ်က္စီးသြားႏိုင္တယ္ ဒါမွမဟုတ္ ေလ်ာ္ေၾကးေငြ အမ်ားႀကီး ေပးရနိုင္တယ္။
Charles က စေတြ႕ခ်ိန္တုန္းက Tang Feng အတြက္ ပိုက္ဆံအကုန္အက်ခံဖို႔ စိတ္မဝင္စားေပမယ့္ ေနာက္ပိုင္း ႀကာေလ ပိုသေဘာက်ေလျဖစ္သည္။ ထို႔အျပင္၊ မယုံႏိုင္စရာျဖစ္ရက္မွာ တတိယအဆင့္ နာမည္မရွိသည့္ သရုပ္ေဆာင္ငယ္ေလးက ေဟာလိဝုဒ္ရုပ္ရွင္ေလာကထဲ စတင္ဝင္ေရာက္ေရာက္ခ်င္း မွာပင္ နုိင္ငံတကာထိ ေက်ာ္ႀကားသည့္ ၾကယ္တစ္ပြင့္ျဖစ္လာျခင္းပင္.... ဒါက သူ႕အတြက္ ႀကီးမားေသာ ထိုးႏွက္ခ်က္ျဖစ္သည္မွာ ေသခ်ာသည္။
Charles က ေန႔တိုင္း လူငယ္ေလး ေနာက္လိုက္ဖို႔ တစ္ေယာက္ေယာက္ကို ေစလႊတ္တာကို Tang Feng က သိေပမယ့္ ဒါက ဝက္ဝံႀကီးရဲ႕ စိုးရိမ္စိတ္ကို နည္းနည္းပိုၿပီး လုံၿခဳံေစသျဖင့္ မတားပဲ လႊတ္ထားလိုက္သည္။ တကယ္ေတာ့ Tang Feng က သူ႔ပတ္ဝန္းက်င္က paparazzi အနည္းငယ္ကို စိတ္မဝင္စားသလို မမႈေပ။
လုထ်န္းခ်န္ ရဲ႕ ဒဏ္ရာက ပိုသက္သာလာကာ ေပ်ာက္ကင္းခါနီးေလျပီ။ မၾကာေသးမီရက္မ်ားအတြင္း၊ Tang Feng သည္ ကြန္ျပဴတာေရွ႕တြင္ ထိုင္ကာ စာ႐ိုက္ေနသည့္ လုထ်န္းခ်န္ ကို ေတြ႕ႏိုင္ၿပီး တစ္ခါတစ္ရံ ညဥ့္နက္ထိပင္ ထိုအခန္းထဲရွိ မီးမ်ားပြင့္ေနေသးသည္။
"ခင္ဗ်ား အနားမယူေသးဘူးလား?"
ညမအိပ္ခင္ Tang Feng သည္ ထိုေယာက္်ား၏အိပ္ခန္းသို႔ ေရာက္လာကာ ေမးလိုက္သည္။
လုထ်န္းခ်န္ သည္ လြန္ခဲ့သည့္ ရက္အနည္းငယ္က အလုပ္ကို အာ႐ုံစူးစိုက္လုပ္ခဲ့ေသာေၾကာင့္ ကြန္ျပဴတာေရွ႕တြင္ အမွန္တကယ္ ထိုင္ေနခဲ့ရသည္။ Tang Feng ဝင္လာတာကို သူျမင္ၿပီး လုပ္လက္စ အလုပ္ကို ခ်ထားလိုက္တယ္။
"ကိုယ္ ဒီကိစၥေတြကို ေျပလည္ေအာင္မလုပ္ဘဲ ေကာင္းေကာင္း အိပ္မေပ်ာ္ဘူး"
"မင္းဟာ ဒဏ္ရာရေနတဲ့သူေလ။ ေကာင္းေကာင္း နားဖို႕လုိတယ္"
Tang Feng က လုထ်န္းခ်န္ အတြက္ ေရတစ္ခြက္ဌဲ႕ေပးကာ ကမ္းေပးလိုက္သည္။
" လူငယ္ေတြအတြက္ က်န္းမာေရးကို ဂ႐ုစိုက္ဖို႔ လိုတယ္။ က်န္းမာေရးသည္ အဖိုးမျဖတ္ႏိုင္တဲ့ ရတနာပဲေလ"
သူ႕ထက္ပင္ ငယ္ရြယ္ေပမယ့္ လူႀကီးသူမကဲ့သို႕ ေျပာေနသည့္ တစ္စုံတစ္ေယာက္ရဲ႕ အႀကံျပဳခ်က္ကို ႀကားေတာ့ လုထ်န္းခ်န္ ရယ္ေမာလိုက္သည္။
"ခင္ဗ်ား ဒီ coding ေတြကို ရိုက္ေနတာလား"
Tang Feng သည္ ကြန္ပ်ဴတာဖန္သားျပင္ေပၚရွိ အျဖဴအမည္း ကုတ္စာလံုးမ်ားကို စိုက္ၾကည့္ကာ စူးစမ္းလိုစိတ္ျဖင့္ ေမးလိုက္သည္–
"ခင္ဗ်ားက ကြန္ပ်ဴတာ coding ကြၽမ္းက်င္သူလား။ ဒါေတြကို ကြၽန္ေတာ္လံုးဝကို နားမလည္ဘူးနိုင္ဘူး"
"မင္း နားမလည္တဲ့အရာဆုိတာ တကယ့္ကို ရွားတယ္။"
"ကြ်န္ေတာ္က စြယ္စုံရတဲ့သူမွ မဟုတ္တာ။ နားမလည္တာမ်ိဳးေတာ့ ရွိတာေပါ့။ အခု ခင္ဗ်ား သုံးေနတဲ့ ကြန္ျပဴတာလိုမ်ိဳး၊ ဒီကုဒ္ေတြေရးတာမ်ိဳးက ႐ုပ္ရွင္ထဲမွာ ႀကည့္ရရင္ အရမ္းမိုက္ေပမယ့္ ကြ်န္ေတာ္ေတာ့ ေတာ္ေတာ္မ်ားမ်ားကို နားမလည္ဘူး။"
"ဒီကုဒ္ေတြေရးတာက အရမ္းခန႔္တာပဲလား?" လုထ်န္းခ်န္ သည္ Tang Feng ကို ပေဟဠိဆန္သည့္ အႀကည့္တခ်ိဳ႕ျဖင့္ ၾကည့္လိုက္သည္။
Tang Feng က ေခါင္းျငိမ့္ကာ ဆက္ေျပာခဲ့သည္။
"႐ုပ္ရွင္ေတြထဲမွာ ကြန္ျပဴတာ ကြၽမ္းက်င္တဲ့ သူေတြက အၿမဲတမ္း မွတ္ဥာဏ္အားေကာင္းၿပီး စကားဝွက္ အမ်ိဳးမ်ိဳးကို ေဖာက္ထြင္းၿပီး သတင္းအခ်က္အလက္ ရွာႏိုင္တယ္။ အရင္ကကြ်န္ေတာ္လည္း သင္ယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဘုရား...ဘုရား...ကုဒ္ ကိန္းဂဏန္းေတြကို ၾကည့္ၿပီး အိပ္ခ်င္လာတယ္။ ဒီဂဏာန္းေတြက အိပ္ေဆးထက္ ပိုအသုံးဝင္ေသးတယ္။"
"ကုဒ္ေရးနည္းကို သိရင္ မခက္ပါဘူး"
လုထ်န္းခ်န္က ညင္သာစြာျပံဳးျပီး မီးေရာင္ေအာက္မွ လူငယ္ေလး၏ ႀကည္လင္ရွင္းသန္႕သည့္ ပံုကို ေငးႀကည့္လိုက္သည္။
"ကြ်န္ေတာ့္ဘဝသစ္မွာ အမ်ိဳးမ်ိဳးေသာ အရာေတြကို စမ္းၾကည့္ခ်င္ေပမယ့္ ကြန္ျပဴတာဘာသာရပ္ကို ထားလိုက္တာပဲ ေကာင္းပါတယ္၊ ကြ်န္ေတာ့္မွာ ဒီအရည္အခ်င္းမရွိဘူးလို႔ တယ္"
ထ်န္းဖုန္းက စကားစသတ္ကာ လုထ်န္းခ်န္ လုပ္ေနသည္ကို စပ္စုကာ ေမးလိုက္သည္။
"ခင္ဗ်ား ဘာလုပ္ေနတာလဲ၊ စကားဝွက္ကို ေဖာ္ေနတာလား "
"အဲဒါေတြထဲက ကိုယ့္အေဖကို ၿခိမ္းေျခာက္ႏိုင္တဲ့ ပစၥည္းတခ်ိဳ႕ရွိေနတယ္၊ ကိုယ့္တစ္ဘဝလံုးကို ဒီအတုိင္း ဆက္ပုန္းေနလို႕ မရဘူးေလ"
လုထ်န္းခ်န္ ပါးစပ္ဟလိုက္ကာ ေျပာလိုက္သည္။
"ခင္ဗ်ား သူနဲ႕ ရင္ဆိုင္ဖို႕ အဆင္သင့္ျဖစ္ၿပီလား။"
ဒါက လုထ်န္းခ်န္ ရဲ႕ တကယ့္ စ႐ိုက္အမွန္ျဖစ္သည္။ ရင္ဆုိင္တိုက္ခိုက္ျခင္းက သူ႕အတြက္ ဘာမွမထူးျခားေပ။ သူ႔အ႐ိုးမ်ားတြင္ အႏိုင္ယူလိုေသာ သားရဲကဲ့သို႔ ဘယ္ေသာအခါမွ တိိုက္ပြဲဝင္ဖို႕ မတြန္႕ဆုတ္ေပ။
"ေစာင့္ရဦးမယ္။ မဟုတ္ရင္ အခြင့္ေကာင္းမရနုိင္ဘူး"
"ကြ်န္ေတာ့္ အကူအညီကို လိုေသးလား။ Tang Feng က ဆက္ေမးလိုက္သည္။
"မလုပ္နဲ႕...."
လုထ်န္းခ်န္ ၏အေျဖက ထ်န္းဖုန္း မေမွ်ာ္လင့္ထားသည့္အရာျဖစ္သည္။ တစ္ခ်ိဳ႕အရာေတြနဲ႕ ပတ္သတ္ျပီး သူတို႕နွစ္ေယာက္ႀကား တစ္ေယာက္နဲ႔တစ္ေယာက္ မရွင္းျပထားေပမယ့္ Tang Feng ကေတာ့ လုထ်န္းခ်န္ က ဘာေၾကာင့္ Company မွ နုတ္ထြက္ျပီး သူ႕ကို အရင္လမ္းခြဲခဲ့သည္ကို မွန္းဆႏိုင္ခဲ့သည္။
လုထ်န္းက်ီႏွင့္ အဓိတ္က ပတ္သတ္ေနလို႕ပဲ။ လုထ်န္းခ်န္ က ဒီလိုမ်ိဳး အေသးစိတ္ေတြးကာ သူ႕ကို ဂရုစိုက္ေပးတတ္သျဖင့္ ထ်န္းဖုန္းအတြက္ သူ႔ကို လ်စ္လ်ဴရႈဖို႔ ခက္ခဲလွသည္။
ကူညီခ်င္ေပမယ့္ ဘာမွ မကူညီနုိင္သည့္အတြက္ ႐ုတ္တရက္ ကူကယ္ရာမဲ့ ျဖစ္သြားကာ Tang Feng မတ္တပ္ထရပ္ျပီး လုထ်န္းခ်န္ ၏ပခုံးကို ညင္သာစြာ ပြတ္သပ္ကာ ေျပာခဲ့သည္-
"အရမ္းမပင္ပန္းေစနဲ႔၊ တစ္ခါတစ္ေလ အဆင္မေျပတဲ့ ခံစားခ်က္ေတြကို တျခားသူေတြကို ေဝမွ်တာဟာ ရွက္စရာမဟုတ္ပါဘူး။ အခု လူတိုင္းက တူညီတဲ့ အမိုးေအာက္မွာ ေနေနတာ့ အခက္အခဲေတြ ႀကဳံလာရင္ တစ္ေယာက္တည္း မ်ိဳသိပ္ထားစရာမလိုဘူး။"
လုထ်န္းခ်န္ သည္ ပခုံးေပၚတင္ထားသည့္ ထ်န္းဖုန္း၏ လက္ကို ဆုပ္ကိုင္လိုက္ၿပီး ညင္သာစြာ ပြတ္သပ္လိုက္သည္။
"ကိုယ္ သိပါတယ္"
ထို႕ေနာက္ လုထ်န္းခ်န္ကို ထ်န္းဖုန္းက နူတ္ဆက္လိုက္သည္။
"ေစာေစာအိပ္ေတာ့" Tang Feng က သူ႔လက္ကို ျပန္ဆြဲလိုက္တယ္။
"Tang Feng"
လုထ်န္းခ်န္ က အဲဒီလူငယ္ေလးရဲ႕ နာမည္ကို ေခၚၿပီး ေမာ့ၾကည့္ကာ သိမ္ေမြ႕စြာေျပာခဲ့သည္။
"မင္းလည္း ေစာေစာအနားယူဦး"
"အိုေက"
တစ္ေယာက္နွင့္ တစ္ေယာက္ စကားအမ်ားႀကီးမေျပာေပမယ့္ သူတုိ႕ႀကားမွာ အဓိပၸါယ္ေဖာ္လို႔မရတဲ့ ခံစားခ်က္ကို အၿမဲတမ္း ျဖစ္ေပၚလာစျမဲပင္။
Tang Feng သည္ လုထ်န္းခ်န္ ၏ အိပ္ခန္းမွ ထြက္သြားၿပီး မထြက္မီ တံခါးကို ေစ့ေပးခဲ့သည္။ မၾကာမီ အခ်ိန္ထိ ထိုအခန္းထဲက အလင္းေရာင္ ထြက္ေနဆဲပင္။
********-***********