Zawgyi
အပိုင္း (၁၈၇၀) – ကစဥ့္ကလ်ား
ရွီမာယူယူသည္ ေဟးဒီးစ္ကို ၾကည့္လိုက္သည္။ ေနာက္ဆုံးေတာ့ ၿပဳံးျပ လိုက္သည္ "ေဟးဒီးစ္ ရွင့္မွာ နည္းလမ္းရွိမွာေပါ့"
"ငါ့မွာ နည္းလမ္းမရွိဘူး" ေဟးဒီးစ္သည္ ေျပာလိုက္သည္။ အားလုံး မယုံ ေသးသည္ကို ျမင္ေသာအခါ အေလးအနက္ေျပာေလသည္ "ငါ ေျပာတာအမွန္ပဲ နဂါးမ်က္လုံးက အရမ္းထူးဆန္းတာ ငါေတာင္ သူ႔ကိုမကူညီႏိုင္ဘူး"
"ဒါဆို ရွင္က လင္းယူကို... " သည္တစ္ႀကိမ္တြင္ ရွီမာယူယူသည္ သူ႔ကို ေဒါသမထြက္ေပ။ နည္းလမ္းမရွိတာကို သိရဲ႕သားနဲ႔ေတာင္ သူ႔ကို နဂါးမ်က္လုံး နဲ႔ ေပါင္းစပ္ခြင့္ျပဳလိုက္တာလား။
"သခင္မေလး အဲကိစၥအတြက္ ကြၽန္ေတာ့္ကိုသာ အျပစ္တင္လိုက္ပါ ကြၽန္ေတာ္ သြားတာေနာက္က်ၿပီး မတားလိုက္ႏိုင္တာေၾကာင့္သာမဟုတ္ရင္ သူလည္း နဂါးမ်က္လုံးနဲ႔ ပူးေပါင္းဖို႔ ဖိအားေပးခဲ့ရမွာမဟုတ္ဘူး" အရိပ္မည္း သည္ အျပစ္တင္သလို ေျပာေလသည္ "ကြၽန္ေတာ့္ကိုပဲ အျပစ္တင္ပါ ဒီကိစၥက ကြၽန္ေတာ္တို႔အရွင္နဲ႔ ဘာမွမဆိုင္ဘူး... သူက လင္းယူကို ကာကြယ္ဖို႔ အမိန႔္ပဲ ေပးခဲ့တာ"
ရွီမာယူယူ၏ မ်က္လုံးမ်ားသည္ နီရဲလာကာ ငိုခ်င္မိသည္။ သို႔ေသာ္ သူမ တြင္ မ်က္ရည္မ်ားေျခာက္ခမ္းေနသျဖင့္ မ်က္လုံးမ်ားက်ဳံ႕႐ုံသာက်ဳံ႕သြားၾက သည္။
သူမသည္ ဝူလင္းယူ၏ ေပါင္းစပ္ျခင္းအေၾကာင္းကို မေတြးခဲ့ေပ။ သို႔ေသာ္ အခုျပန္ေျပာလိုက္ခ်ိန္တြင္ သူမ၏ ႏွလုံးသားတစ္ခုလုံးမွာ အပ္မ်ားျဖင့္ ထိုးစိုက္ခံရသလို နာက်င္လွသည္။
သူ၏ တိုက္ခိုက္ေရးစြမ္းအားမွာ ခႏၶာကိုယ္ႏွင့္ ဝိညာဥ္မ်ား ေပ်ာက္ကြယ္ သြားသည္အထိ တြန္းအားေပးခဲ့သည္။ ထိုစဥ္က အေျခအေနမွာ အလြန္ဆိုးဝါး ခဲ့လိမ့္မည္။ သူ ဘယ္လိုမ်ိဳး ျပင္းထန္တဲ့ ဒဏ္ရာေတြကို ခံစားခဲ့ရတာလဲ။
"ကဲ... အရင္တုန္းက ကိစၥေတြကို မေတြးေတာ့ပါဘူးလို႔ မေျပာခဲ့ဘူးလား" ဝူလင္းယူသည္ သူမ ဘာမွမေတြးမိေစရန္ သူမကိုဖက္ၿပီး ျပင္းထန္ေသာ အနမ္း မ်ားေပးခ်င္သည္။ သို႔ေသာ္ တျခားလူမ်ားရွိေနသျဖင့္ သူမကို ႏူးညံ့စြာ ေခ်ာ့ေျပာ႐ုံသာ တတ္ႏိုင္သည္။
တျခားသုံးေယာက္သည္ သူမ၏ ႐ုတ္တရက္ ေျပာင္းလဲမႈေၾကာင့္ ထိတ္လန႔္သြားၾကသည္။ သူတို႔သည္ သူမကို ယခုလိုပုံစံအတိုင္း မျမင္ဖူးၾက ေပ။ သူမသည္ ေဒါသမထြက္ေပ။ သို႔ေသာ္ သူမ၏ စိတ္အတြင္းထဲမွ ျဖစ္ေပၚ လာေသာ ဝမ္းနည္းမႈတစ္မ်ိဳးရွိသည္။
"ႏွစ္ဘဝလုံးမွာ အစ္ကိုက လြတ္လပ္ခဲ့တာေလ.. ေက်ာက္တုံးထဲမွာ ႏွစ္ ေတြေသာင္းခ်ီေအာင္ ေနခဲ့ရတာကိုက အစ္ကို႔ကို... အခု ဒီေနရာမွာပဲ ပိတ္မိေန ျပန္ၿပီ... မျဖစ္ဘူး အစ္ကိုျပန္လြတ္လပ္ေအာင္ နည္းလမ္းတစ္ခု ေသခ်ာေပါက္ စဥ္းစားရမယ္" ဝူလင္းယူ၏ က်န္ေန႔ရက္မ်ားတြင္ ဤေနရာတြင္ ပိတ္မိေန ေတာ့မည္ဟု စဥ္းစားလိုက္သည္ႏွင့္ သူမ၏ခႏၶာကိုယ္ကို ထိန္းမႏိုင္ေတာ့ဘဲ တုန္ယင္လာသည္။
ဝူလင္းယူသည္ သူမ၏လက္ကိုဆြဲၿပီး ေျပာေလသည္ "နည္းလမ္းကို အတူရွာၾကတာေပါ့"
သူသည္လည္း ဤေနရာတြင္ တစ္သက္လုံး ပိတ္မိေနရန္ အစီအစဥ္မရွိ ေပ။ ေဟးဒီးစ္တို႔မွာ နည္းလမ္းမရွိဘူးလား... အဲဒါဆိုလည္း သူတို႔ကိုယ္တိုင္ နည္းလမ္းရွာရမွာေပါ့။
သူသာ သူ႔ကံၾကမၼာကို လက္ခံလိုက္လွ်င္ သူမ ပို၍အဆင္မေျပျဖစ္သြား မည္။ ထို႔အျပင္ သူတို႔ႏွစ္ေယာက္လုံးသည္ ထိုကံတရားေၾကာင့္ လက္ေလ်ာ့ လိုက္မည္မဟုတ္ေပ။
ရွီမာယူယူသည္ သူ႔လက္ကို တင္းတင္းဆုပ္ကိုင္ကာ ခပ္ေလးေလး ေခါင္းညိတ္လိုက္သည္။
"မင္းတို႔ႏွစ္ေယာက္က နည္းလမ္းစဥ္းစားခ်င္တာလား.. မင္းတို႔ ႏွစ္ ေယာက္က ဘာစဥ္းစားႏိုင္လို႔လဲ... အဲဒီေခါင္းမာတဲ့ေကာင္ကိုရွင္းမွာလား.. နည္းလမ္းမရွိဘူး" ေဟးဒီးစ္သည္ ေအးစက္စြာ ႏွာမႈတ္လိုက္ၿပီး သူတို႔ႏွစ္ ေယာက္လုံးေပၚသို႔ ေရေအးမ်ား ေလာင္းခ်လိုက္ေလသည္။
"ရွင့္မွာ နည္းလမ္းမရွိတာနဲ႔ တျခားသူေတြက နည္းလမ္းစဥ္းစားလို႔မရ ေတာ့ဘူးလို႔ ဆိုလိုတာမဟုတ္ဘူး" ရွီမာယူယူသည္ သူ႔ကို အမွန္တကယ္ပင္ ေဒါသထြက္သြားကာ အရင္လို မစေနာက္ေတာ့ေပ။
"သခင္မေလး အရွင္က အရင္တုန္းက နဂါးမ်က္လုံးကို သြားရွာဖူးတယ္" အရိပ္မည္းသည္ ေဟးဒီးစ္အတြက္ ကူေျပာေပးသည္။ ဤကိစၥတြင္ သူတို႔ လုပ္ ခဲ့သည္မွာ မေကာင္းေသာ္လည္း သခင္မေလး ေဒါသျဖင့္ သူတို႔အရွင္ကို မျပစ္ မွားေစလိုေပ။
ထိုကိစၥကို ေဟးဒီးစ္ကိုယ္တိုင္ ေျဖရွင္းလိမ့္မည္ဟု ရွီမာယူယူ ထင္မထား ေပ။ အရိပ္မည္းေျပာသည္ကို ၾကားေသာအခါ သူမစိတ္ထဲမွ မီးေတာက္မွာ ေပ်ာက္ကြယ္သြားေလသည္။
"အင္း အခုေတာ့ ဒီအေၾကာင္းကို မေျပာနဲ႔ဦး... ေဟးဒီးစ္ တကယ္ပဲ နည္းလမ္းမရွိဘူးလား" ရွီမာယူယူသည္ ေမးလိုက္သည္ "ေကာလာဟလတို႔ ေရွး႐ိုးအတိုင္းမဟုတ္တဲ့ နည္းလမ္းတို႔ေတာင္ မရွိဘူးလား"
"ငါ့မွာ နည္းလမ္းမရွိဘူး ဒါေပမဲ့ မင္းအဲလိုေျပာလိုက္ေတာ့ အရင္က ၾကားဖူးတဲ့ ဒ႑ာရီကိုေတာင္ သတိရသြားၿပီ" ဒ႑ာရီကို ေတြးမိေသာအခါ သူ မ်က္ေမွာင္အသာၾကဳတ္မိသည္။
"ဘာကိစၥလဲ... ဘာဒ႑ာရီလဲ" ရွီမာယူယူသည္ သူ မ်က္ေမွာင္ၾကဳတ္ သည္ကို မျမင္ဖူးေပ။
"နဂါးမ်က္လုံးက ေကာင္းကင္နဲ႔ေျမႀကီး စျဖစ္ခဲ့တုန္းက ရႈပ္ေထြးမႈေတြ ၾကားက ျဖစ္လာတယ္လို႔ ေကာလာဟလရွီတယ္မလား... ေျပာရမယ္ဆိုရင္ ဒီဟာကို ေျဖရွင္းဖို႔ဆို ကစဥ့္ကလ်ားကိစၥနဲ႔ အမ်ားဆုံးပတ္သက္မွာပဲ" ေဟးဒီးစ္ ေျပာလိုက္သည္ "ဒါေပမဲ့ ကစဥ့္ကလ်ားနဲ႔ပတ္သက္တဲ့ ကိစၥက ကိုင္တြယ္ဖို႔ မလြယ္ဘူး"
"ဘာလို႔ ကိုင္တြယ္ဖို႔မလြယ္တာလဲ"
"ကစဥ့္ကလ်ားကမာၻက ကမာၻလို႔သာေခၚတာ တကယ္ေတာ့ ဘာမွမရွိ ဘူး လုံးဝဟာလာဟင္းလင္းပဲ" ေဟးဒီးစ္ ေျပာေလသည္ "ငါေတာင္မွ ကစဥ့္ ကလ်ားကမာၻကို မျမင္ဖူးဘူး"
"ရွင္ေတာင္မွ ကစဥ့္ကလ်ားကမာၻကို မျမင္ဖူးဘူးလား" ရွီမာယူယူ အံ့ဩ သြားသည္။ "ကြၽန္မကို ပထမဆုံးျမင္တုန္းက ကစဥ့္ကလ်ားကမာၻရဲ႕ေရာင္ဝါရွိ ေနတယ္လို႔ ေျပာခဲ့တာမဟုတ္ဘူးလား.. အဲဒီကိုမေရာက္ဖူးဘဲနဲ႔ ဘယ္လိုသိ တာလဲ"
"ငါ အရင္က သြားဖို႔လုပ္ခဲ့ေသးတယ္ ဒါေပမဲ့ အဲတုန္းက လူတစ္ေယာက္ က ငါ့ကိုတားခဲ့တယ္... ငါလည္း ခိုးႀကီး အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားခဲ့ေသး တယ္... ဒါေပမဲ့ ကစဥ့္ကလ်ားအတားအဆီးကိုေတာင္ မေက်ာ္ႏိုင္ဘူး" ေဟးဒီးစ္ ေျပာလိုက္သည္ "ငါ့ခႏၶာကိုယ္မွာ တာဝန္ေတြရွိလာေတာ့ ငါ မသြား ေတာ့တာပဲ"
"ရွင့္ကို တားႏိုင္တဲ့လူေတာင္ရွိတာလား... အံ့ဩစရာပဲ... ၿပီးေတာ့ ရွင္က တာဝန္ေၾကာင့္နဲ႔ သိခ်င္စိတ္ကို လက္ေလ်ာ့မယ့္လူလို႔ မထင္ဘူး တျခား အေၾကာင္းအရင္း ရွိေသးလား" ရွီမာယူယူသည္ သူ႔ကို ေကာင္းစြာသိသည္။
သူမ၏ မ်က္လုံးမ်ားမွ မလြတ္ေျမာက္ႏိုင္သည္ကို ေဟးဒီးစ္သိသျဖင့္ သက္ျပင္းခ်လိုက္သည္ "ငါ မရဏာေလာကရဲ႕ ဧကရာဇ္အျဖစ္ခံယူတုန္းက အဲဒီကိုမသြားပါဘူးလို႔ သစၥာဆိုဖို႔ တြန္းအားေပးခံရတယ္"
"အဲဒီမွာက မရဏာေလာကလိုမ်ိဳး ေနတဲ့လူေတြရွိလား"
"မရွိဘူး အဲဒီေနရာက သတၱဝါေတြ ေနဖို႔မသင့္ေတာ္ဘူး.. ဒါေပမဲ့ သြားတဲ့ လူေတြလည္း ျပန္မထြက္လာႏိုင္ဘူး... အဲဒီေနရာက ဘယ္လိုေနရာလဲဆိုတာ ကို ဘယ္သူသိမွာလဲ" ေဟးဒီးစ္ ေျပာလိုက္သည္ "မင္း ထြက္လာႏိုင္မယ္လို႔ ငါ ဘယ္ထင္ထားမွာလဲ"
"အဲတုန္းက ကြၽန္မ မထြက္လာႏိုင္ဘူး မိုရွားက ဝင္လာၿပီး ကြၽန္မကို ေခၚထုတ္ေပးသြားတာ" ရွီမာယူယူ ေျပာလိုက္သည္ "ေနာက္ေတာ့ မိုရွားနဲ႔ လင္းယူတို႔ရဲ႕ ဝိညာဥ္တို႔ ေပါင္းသြားခဲ့တယ္... အဲဒါေၾကာင့္ပဲ ကြၽန္မက မရဏာ ေလာကကို တိုက္႐ိုက္ေရာက္သြားၿပီး လင္းယူက တေစၦေလာကကို ေရာက္လာ တာထင္တယ္"
သူတို႔သုံးေယာက္၏ ဝူလင္းယူအေပၚအျမင္မွာ ပိုတိုးတက္လာျပန္သည္။ သူသည္ ကစဥ့္ကလ်ားကမာၻထဲသို႔ ဆႏၵအေလ်ာက္ဝင္ၿပီး ျပန္ေခၚထုတ္လာခဲ့ သည္။ ထိုအက်င့္စ႐ိုက္ အားႏွင့္ သေဘာထားမ်ားသည္ အရည္အခ်င္းျပည့္မွီ သည္။
"နဂါးမ်က္လုံးရဲ႕အေျဖက ကစဥ့္ကလ်ားကမာၻနဲ႔ တစ္ခုခုပတ္သက္တယ္ လို႔ ရွင္ေျပာခဲ့တယ္ေနာ္... အဲဒီဒ႑ာရီက ဘယ္လိုလဲ ထပ္ေျပာျပႏိုင္မလား" ရွီမာယူယူ ေမးလိုက္သည္။
"စာအုပ္ေတြအရတေတာ့ ကစဥ့္ကလ်ားရဲ႕ ေရာင္ဝါကပဲ နဂါးမ်က္လုံးကို လႈပ္ရွားေအာင္ လုပ္ႏိုင္တယ္" ေဟးဒီးစ္ ေျပာလိုက္သည္ "သူက နဂါးမ်က္လုံး နဲ႔ေပါင္းႏိုင္မွေတာ့ မင္းရဲ႕ဝိညာဥ္စြမ္းအားမွာ ကစဥ့္ကလ်ားကမာၻရဲ႕ ေရာင္ဝါ ပါလာလို႔ျဖစ္မယ္... မဟုတ္ရင္ နဂါးမ်က္လုံးကို လူအမ်ားႀကီး ေစာင့္ၾကည့္ေန တဲ့ၾကားက သူ ေပါင္းႏိုင္ပါ့မလား"
"အဲဒါျဖစ္ႏိုင္တယ္" ရွီမာယူယူ ေခါင္းညိတ္လိုက္သည္ "ျမန္ျမန္စားၾက ေတာ့ စားၿပီးသြားရင္ နဂါးမ်က္လုံးကို သြားၾကည့္ၾကမယ္"
"အင္း"
"ဟုတ္သားပဲ" ရွီမာယူယူသည္ သူမ၏ လာရင္း ရည္႐ြယ္ခ်က္ကို သတိရ သြားကာ ဝူလင္းယူကို ေမးလိုက္သည္ "အစ္ကိုက ဒီေနရာနဲ႔ ရင္းႏွီးမွေတာ့ ထူးဆန္းတဲ့ရတနာကိုသိလား"
"ထူးဆန္းတဲ့ရတနာလား" ဝူလင္းယူ မွင္တက္သြားသည္ "ဘာထူးဆန္း တဲ့ ရတနာလဲ ကိုယ္က ဘာလို႔ ဘာသတင္းမွ မၾကားရတာလဲ"
ထိုသို႔ေျပာရင္းႏွင့္ သူသည္ မ်က္လုံးပင့္ကာ အရိပ္မည္းကို ၾကည့္လိုက္ သည္။
"အဟမ္း.. ကမ္းစပ္ေပၚက သတင္းေတြကို မင္းမွဂ႐ုမစိုက္တာ ဒီသတင္း ေတြကိုမသိတာ သဘာဝပဲ" အရိပ္မည္း ေျပာေလသည္ "တကယ္ေတာ့ ဒါေတြ ကလည္း မင္းေၾကာင့္ျဖစ္တာေလ... မင္းက တစ္ခါတေလ ျမစ္ေအာက္ေျခကို သြားၿပီး သားရဲေတြကို ျပႆနာသြားရွာမွေတာ့ အေငြ႕အသက္ေတြျဖစ္လာတာ ေပါ့.. အဲဒါနဲ႔ အဲလူေတြက ရတနာေပၚတယ္လို႔ ထင္ေနၾကတာ"
ရွီမာယူယူ မ်က္ေတာင္ခတ္လိုက္သည္။ အဲေတာ့ ဒါေတြအကုန္လုံးက သူ႔ ေၾကာင့္ျဖစ္ေနတာလား။
"အထင္လြဲမႈအႀကီးစားပဲ ငါ့ရတနာေလး... ဘာမွမရွိေတာ့ဘူး" သူမသည္ ရင္နာသြားသည္။ သူမ လာရွာသည္မွာ အလဟႆျဖစ္သြားေလၿပီ။
ဤေနရာသို႔ ဆက္တိုက္လာခ်င္ေနရျခင္း၏ အေၾကာင္းအရင္းကို အခုမွ သူမ နားလည္သြားသည္။ သူမသာ မလာလိုက္လွ်င္ တစ္သက္လုံး ေနာင္တရ သြားေပမည္။ ဤေနရာတြင္ သူရွိေနသျဖင့္ မလာမိမွသာ ေနာင္တရမည္ျဖစ္ သည္။
ထိုအခ်ိန္တြင္ သူမ၏ ေမွာ္ဝင္လက္စြပ္အတြင္းမွ သားအမိေက်ာက္တုံး သည္ တုံ႔ျပန္လာသည္။ မိုက်ိ သူမကို ဆက္သြယ္လာသည္ကို ျမင္မွပင္ သူ႔ကို သတင္းမပို႔မိသည္မွာ ၾကာၿပီျဖစ္ေၾကာင္း သတိရသြားေတာ့သည္။ သူ စိတ္ပူ ေနေတာ့မယ္... ရတနာမရွိသျဖင့္ နဂါးမ်က္လုံးကိုသြားမရွာခင္ ျပန္သြားဖို႔ ဆုံးျဖတ္လိုက္သည္။
Unicode
အပိုင်း (၁၈၇၀) – ကစဥ့်ကလျား
ရှီမာယူယူသည် ဟေးဒီးစ်ကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ ပြုံးပြ လိုက်သည် "ဟေးဒီးစ် ရှင့်မှာ နည်းလမ်းရှိမှာပေါ့"
"ငါ့မှာ နည်းလမ်းမရှိဘူး" ဟေးဒီးစ်သည် ပြောလိုက်သည်။ အားလုံး မယုံ သေးသည်ကို မြင်သောအခါ အလေးအနက်ပြောလေသည် "ငါ ပြောတာအမှန်ပဲ နဂါးမျက်လုံးက အရမ်းထူးဆန်းတာ ငါတောင် သူ့ကိုမကူညီနိုင်ဘူး"
"ဒါဆို ရှင်က လင်းယူကို... " သည်တစ်ကြိမ်တွင် ရှီမာယူယူသည် သူ့ကို ဒေါသမထွက်ပေ။ နည်းလမ်းမရှိတာကို သိရဲ့သားနဲ့တောင် သူ့ကို နဂါးမျက်လုံး နဲ့ ပေါင်းစပ်ခွင့်ပြုလိုက်တာလား။
"သခင်မလေး အဲကိစ္စအတွက် ကျွန်တော့်ကိုသာ အပြစ်တင်လိုက်ပါ ကျွန်တော် သွားတာနောက်ကျပြီး မတားလိုက်နိုင်တာကြောင့်သာမဟုတ်ရင် သူလည်း နဂါးမျက်လုံးနဲ့ ပူးပေါင်းဖို့ ဖိအားပေးခဲ့ရမှာမဟုတ်ဘူး" အရိပ်မည်း သည် အပြစ်တင်သလို ပြောလေသည် "ကျွန်တော့်ကိုပဲ အပြစ်တင်ပါ ဒီကိစ္စက ကျွန်တော်တို့အရှင်နဲ့ ဘာမှမဆိုင်ဘူး... သူက လင်းယူကို ကာကွယ်ဖို့ အမိန့်ပဲ ပေးခဲ့တာ"
ရှီမာယူယူ၏ မျက်လုံးများသည် နီရဲလာကာ ငိုချင်မိသည်။ သို့သော် သူမ တွင် မျက်ရည်များခြောက်ခမ်းနေသဖြင့် မျက်လုံးများကျုံ့ရုံသာကျုံ့သွားကြ သည်။
သူမသည် ဝူလင်းယူ၏ ပေါင်းစပ်ခြင်းအကြောင်းကို မတွေးခဲ့ပေ။ သို့သော် အခုပြန်ပြောလိုက်ချိန်တွင် သူမ၏ နှလုံးသားတစ်ခုလုံးမှာ အပ်များဖြင့် ထိုးစိုက်ခံရသလို နာကျင်လှသည်။
သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ပျောက်ကွယ် သွားသည်အထိ တွန်းအားပေးခဲ့သည်။ ထိုစဉ်က အခြေအနေမှာ အလွန်ဆိုးဝါး ခဲ့လိမ့်မည်။ သူ ဘယ်လိုမျိုး ပြင်းထန်တဲ့ ဒဏ်ရာတွေကို ခံစားခဲ့ရတာလဲ။
"ကဲ... အရင်တုန်းက ကိစ္စတွေကို မတွေးတော့ပါဘူးလို့ မပြောခဲ့ဘူးလား" ဝူလင်းယူသည် သူမ ဘာမှမတွေးမိစေရန် သူမကိုဖက်ပြီး ပြင်းထန်သော အနမ်း များပေးချင်သည်။ သို့သော် တခြားလူများရှိနေသဖြင့် သူမကို နူးညံ့စွာ ချော့ပြောရုံသာ တတ်နိုင်သည်။
တခြားသုံးယောက်သည် သူမ၏ ရုတ်တရက် ပြောင်းလဲမှုကြောင့် ထိတ်လန့်သွားကြသည်။ သူတို့သည် သူမကို ယခုလိုပုံစံအတိုင်း မမြင်ဖူးကြ ပေ။ သူမသည် ဒေါသမထွက်ပေ။ သို့သော် သူမ၏ စိတ်အတွင်းထဲမှ ဖြစ်ပေါ် လာသော ဝမ်းနည်းမှုတစ်မျိုးရှိသည်။
"နှစ်ဘဝလုံးမှာ အစ်ကိုက လွတ်လပ်ခဲ့တာလေ.. ကျောက်တုံးထဲမှာ နှစ် တွေသောင်းချီအောင် နေခဲ့ရတာကိုက အစ်ကို့ကို... အခု ဒီနေရာမှာပဲ ပိတ်မိနေ ပြန်ပြီ... မဖြစ်ဘူး အစ်ကိုပြန်လွတ်လပ်အောင် နည်းလမ်းတစ်ခု သေချာပေါက် စဉ်းစားရမယ်" ဝူလင်းယူ၏ ကျန်နေ့ရက်များတွင် ဤနေရာတွင် ပိတ်မိနေ တော့မည်ဟု စဉ်းစားလိုက်သည်နှင့် သူမ၏ခန္ဓာကိုယ်ကို ထိန်းမနိုင်တော့ဘဲ တုန်ယင်လာသည်။
ဝူလင်းယူသည် သူမ၏လက်ကိုဆွဲပြီး ပြောလေသည် "နည်းလမ်းကို အတူရှာကြတာပေါ့"
သူသည်လည်း ဤနေရာတွင် တစ်သက်လုံး ပိတ်မိနေရန် အစီအစဉ်မရှိ ပေ။ ဟေးဒီးစ်တို့မှာ နည်းလမ်းမရှိဘူးလား... အဲဒါဆိုလည်း သူတို့ကိုယ်တိုင် နည်းလမ်းရှာရမှာပေါ့။
သူသာ သူ့ကံကြမ္မာကို လက်ခံလိုက်လျှင် သူမ ပို၍အဆင်မပြေဖြစ်သွား မည်။ ထို့အပြင် သူတို့နှစ်ယောက်လုံးသည် ထိုကံတရားကြောင့် လက်လျော့ လိုက်မည်မဟုတ်ပေ။
ရှီမာယူယူသည် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ကာ ခပ်လေးလေး ခေါင်းညိတ်လိုက်သည်။
"မင်းတို့နှစ်ယောက်က နည်းလမ်းစဉ်းစားချင်တာလား.. မင်းတို့ နှစ် ယောက်က ဘာစဉ်းစားနိုင်လို့လဲ... အဲဒီခေါင်းမာတဲ့ကောင်ကိုရှင်းမှာလား.. နည်းလမ်းမရှိဘူး" ဟေးဒီးစ်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူတို့နှစ် ယောက်လုံးပေါ်သို့ ရေအေးများ လောင်းချလိုက်လေသည်။
"ရှင့်မှာ နည်းလမ်းမရှိတာနဲ့ တခြားသူတွေက နည်းလမ်းစဉ်းစားလို့မရ တော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူး" ရှီမာယူယူသည် သူ့ကို အမှန်တကယ်ပင် ဒေါသထွက်သွားကာ အရင်လို မစနောက်တော့ပေ။
"သခင်မလေး အရှင်က အရင်တုန်းက နဂါးမျက်လုံးကို သွားရှာဖူးတယ်" အရိပ်မည်းသည် ဟေးဒီးစ်အတွက် ကူပြောပေးသည်။ ဤကိစ္စတွင် သူတို့ လုပ် ခဲ့သည်မှာ မကောင်းသော်လည်း သခင်မလေး ဒေါသဖြင့် သူတို့အရှင်ကို မပြစ် မှားစေလိုပေ။
ထိုကိစ္စကို ဟေးဒီးစ်ကိုယ်တိုင် ဖြေရှင်းလိမ့်မည်ဟု ရှီမာယူယူ ထင်မထား ပေ။ အရိပ်မည်းပြောသည်ကို ကြားသောအခါ သူမစိတ်ထဲမှ မီးတောက်မှာ ပျောက်ကွယ်သွားလေသည်။
"အင်း အခုတော့ ဒီအကြောင်းကို မပြောနဲ့ဦး... ဟေးဒီးစ် တကယ်ပဲ နည်းလမ်းမရှိဘူးလား" ရှီမာယူယူသည် မေးလိုက်သည် "ကောလာဟလတို့ ရှေးရိုးအတိုင်းမဟုတ်တဲ့ နည်းလမ်းတို့တောင် မရှိဘူးလား"
"ငါ့မှာ နည်းလမ်းမရှိဘူး ဒါပေမဲ့ မင်းအဲလိုပြောလိုက်တော့ အရင်က ကြားဖူးတဲ့ ဒဏ္ဍာရီကိုတောင် သတိရသွားပြီ" ဒဏ္ဍာရီကို တွေးမိသောအခါ သူ မျက်မှောင်အသာကြုတ်မိသည်။
"ဘာကိစ္စလဲ... ဘာဒဏ္ဍာရီလဲ" ရှီမာယူယူသည် သူ မျက်မှောင်ကြုတ် သည်ကို မမြင်ဖူးပေ။
"နဂါးမျက်လုံးက ကောင်းကင်နဲ့မြေကြီး စဖြစ်ခဲ့တုန်းက ရှုပ်ထွေးမှုတွေ ကြားက ဖြစ်လာတယ်လို့ ကောလာဟလရှီတယ်မလား... ပြောရမယ်ဆိုရင် ဒီဟာကို ဖြေရှင်းဖို့ဆို ကစဥ့်ကလျားကိစ္စနဲ့ အများဆုံးပတ်သက်မှာပဲ" ဟေးဒီးစ် ပြောလိုက်သည် "ဒါပေမဲ့ ကစဥ့်ကလျားနဲ့ပတ်သက်တဲ့ ကိစ္စက ကိုင်တွယ်ဖို့ မလွယ်ဘူး"
"ဘာလို့ ကိုင်တွယ်ဖို့မလွယ်တာလဲ"
"ကစဥ့်ကလျားကမ္ဘာက ကမ္ဘာလို့သာခေါ်တာ တကယ်တော့ ဘာမှမရှိ ဘူး လုံးဝဟာလာဟင်းလင်းပဲ" ဟေးဒီးစ် ပြောလေသည် "ငါတောင်မှ ကစဥ့် ကလျားကမ္ဘာကို မမြင်ဖူးဘူး"
"ရှင်တောင်မှ ကစဥ့်ကလျားကမ္ဘာကို မမြင်ဖူးဘူးလား" ရှီမာယူယူ အံ့ဩ သွားသည်။ "ကျွန်မကို ပထမဆုံးမြင်တုန်းက ကစဥ့်ကလျားကမ္ဘာရဲ့ရောင်ဝါရှိ နေတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား.. အဲဒီကိုမရောက်ဖူးဘဲနဲ့ ဘယ်လိုသိ တာလဲ"
"ငါ အရင်က သွားဖို့လုပ်ခဲ့သေးတယ် ဒါပေမဲ့ အဲတုန်းက လူတစ်ယောက် က ငါ့ကိုတားခဲ့တယ်... ငါလည်း ခိုးကြီး အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သေး တယ်... ဒါပေမဲ့ ကစဥ့်ကလျားအတားအဆီးကိုတောင် မကျော်နိုင်ဘူး" ဟေးဒီးစ် ပြောလိုက်သည် "ငါ့ခန္ဓာကိုယ်မှာ တာဝန်တွေရှိလာတော့ ငါ မသွား တော့တာပဲ"
"ရှင့်ကို တားနိုင်တဲ့လူတောင်ရှိတာလား... အံ့ဩစရာပဲ... ပြီးတော့ ရှင်က တာဝန်ကြောင့်နဲ့ သိချင်စိတ်ကို လက်လျော့မယ့်လူလို့ မထင်ဘူး တခြား အကြောင်းအရင်း ရှိသေးလား" ရှီမာယူယူသည် သူ့ကို ကောင်းစွာသိသည်။
သူမ၏ မျက်လုံးများမှ မလွတ်မြောက်နိုင်သည်ကို ဟေးဒီးစ်သိသဖြင့် သက်ပြင်းချလိုက်သည် "ငါ မရဏာလောကရဲ့ ဧကရာဇ်အဖြစ်ခံယူတုန်းက အဲဒီကိုမသွားပါဘူးလို့ သစ္စာဆိုဖို့ တွန်းအားပေးခံရတယ်"
"အဲဒီမှာက မရဏာလောကလိုမျိုး နေတဲ့လူတွေရှိလား"
"မရှိဘူး အဲဒီနေရာက သတ္တဝါတွေ နေဖို့မသင့်တော်ဘူး.. ဒါပေမဲ့ သွားတဲ့ လူတွေလည်း ပြန်မထွက်လာနိုင်ဘူး... အဲဒီနေရာက ဘယ်လိုနေရာလဲဆိုတာ ကို ဘယ်သူသိမှာလဲ" ဟေးဒီးစ် ပြောလိုက်သည် "မင်း ထွက်လာနိုင်မယ်လို့ ငါ ဘယ်ထင်ထားမှာလဲ"
"အဲတုန်းက ကျွန်မ မထွက်လာနိုင်ဘူး မိုရှားက ဝင်လာပြီး ကျွန်မကို ခေါ်ထုတ်ပေးသွားတာ" ရှီမာယူယူ ပြောလိုက်သည် "နောက်တော့ မိုရှားနဲ့ လင်းယူတို့ရဲ့ ဝိညာဉ်တို့ ပေါင်းသွားခဲ့တယ်... အဲဒါကြောင့်ပဲ ကျွန်မက မရဏာ လောကကို တိုက်ရိုက်ရောက်သွားပြီး လင်းယူက တစ္ဆေလောကကို ရောက်လာ တာထင်တယ်"
သူတို့သုံးယောက်၏ ဝူလင်းယူအပေါ်အမြင်မှာ ပိုတိုးတက်လာပြန်သည်။ သူသည် ကစဥ့်ကလျားကမ္ဘာထဲသို့ ဆန္ဒအလျောက်ဝင်ပြီး ပြန်ခေါ်ထုတ်လာခဲ့ သည်။ ထိုအကျင့်စရိုက် အားနှင့် သဘောထားများသည် အရည်အချင်းပြည့်မှီ သည်။
"နဂါးမျက်လုံးရဲ့အဖြေက ကစဥ့်ကလျားကမ္ဘာနဲ့ တစ်ခုခုပတ်သက်တယ် လို့ ရှင်ပြောခဲ့တယ်နော်... အဲဒီဒဏ္ဍာရီက ဘယ်လိုလဲ ထပ်ပြောပြနိုင်မလား" ရှီမာယူယူ မေးလိုက်သည်။
"စာအုပ်တွေအရတတော့ ကစဥ့်ကလျားရဲ့ ရောင်ဝါကပဲ နဂါးမျက်လုံးကို လှုပ်ရှားအောင် လုပ်နိုင်တယ်" ဟေးဒီးစ် ပြောလိုက်သည် "သူက နဂါးမျက်လုံး နဲ့ပေါင်းနိုင်မှတော့ မင်းရဲ့ဝိညာဉ်စွမ်းအားမှာ ကစဥ့်ကလျားကမ္ဘာရဲ့ ရောင်ဝါ ပါလာလို့ဖြစ်မယ်... မဟုတ်ရင် နဂါးမျက်လုံးကို လူအများကြီး စောင့်ကြည့်နေ တဲ့ကြားက သူ ပေါင်းနိုင်ပါ့မလား"
"အဲဒါဖြစ်နိုင်တယ်" ရှီမာယူယူ ခေါင်းညိတ်လိုက်သည် "မြန်မြန်စားကြ တော့ စားပြီးသွားရင် နဂါးမျက်လုံးကို သွားကြည့်ကြမယ်"
"အင်း"
"ဟုတ်သားပဲ" ရှီမာယူယူသည် သူမ၏ လာရင်း ရည်ရွယ်ချက်ကို သတိရ သွားကာ ဝူလင်းယူကို မေးလိုက်သည် "အစ်ကိုက ဒီနေရာနဲ့ ရင်းနှီးမှတော့ ထူးဆန်းတဲ့ရတနာကိုသိလား"
"ထူးဆန်းတဲ့ရတနာလား" ဝူလင်းယူ မှင်တက်သွားသည် "ဘာထူးဆန်း တဲ့ ရတနာလဲ ကိုယ်က ဘာလို့ ဘာသတင်းမှ မကြားရတာလဲ"
ထိုသို့ပြောရင်းနှင့် သူသည် မျက်လုံးပင့်ကာ အရိပ်မည်းကို ကြည့်လိုက် သည်။
"အဟမ်း.. ကမ်းစပ်ပေါ်က သတင်းတွေကို မင်းမှဂရုမစိုက်တာ ဒီသတင်း တွေကိုမသိတာ သဘာဝပဲ" အရိပ်မည်း ပြောလေသည် "တကယ်တော့ ဒါတွေ ကလည်း မင်းကြောင့်ဖြစ်တာလေ... မင်းက တစ်ခါတလေ မြစ်အောက်ခြေကို သွားပြီး သားရဲတွေကို ပြဿနာသွားရှာမှတော့ အငွေ့အသက်တွေဖြစ်လာတာ ပေါ့.. အဲဒါနဲ့ အဲလူတွေက ရတနာပေါ်တယ်လို့ ထင်နေကြတာ"
ရှီမာယူယူ မျက်တောင်ခတ်လိုက်သည်။ အဲတော့ ဒါတွေအကုန်လုံးက သူ့ ကြောင့်ဖြစ်နေတာလား။
"အထင်လွဲမှုအကြီးစားပဲ ငါ့ရတနာလေး... ဘာမှမရှိတော့ဘူး" သူမသည် ရင်နာသွားသည်။ သူမ လာရှာသည်မှာ အလဟဿဖြစ်သွားလေပြီ။
ဤနေရာသို့ ဆက်တိုက်လာချင်နေရခြင်း၏ အကြောင်းအရင်းကို အခုမှ သူမ နားလည်သွားသည်။ သူမသာ မလာလိုက်လျှင် တစ်သက်လုံး နောင်တရ သွားပေမည်။ ဤနေရာတွင် သူရှိနေသဖြင့် မလာမိမှသာ နောင်တရမည်ဖြစ် သည်။
ထိုအချိန်တွင် သူမ၏ မှော်ဝင်လက်စွပ်အတွင်းမှ သားအမိကျောက်တုံး သည် တုံ့ပြန်လာသည်။ မိုကျိ သူမကို ဆက်သွယ်လာသည်ကို မြင်မှပင် သူ့ကို သတင်းမပို့မိသည်မှာ ကြာပြီဖြစ်ကြောင်း သတိရသွားတော့သည်။ သူ စိတ်ပူ နေတော့မယ်... ရတနာမရှိသဖြင့် နဂါးမျက်လုံးကိုသွားမရှာခင် ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်။