Zawgyi
အပိုင္း (၁၈၆၄) – ေနာက္ဆုံးေတာ့ ေတြ႕ရၿပီ
"ဝူး..."
သူမ ေမ့ေပ်ာက္ျခင္းျမစ္သို႔ ဝင္လိုက္သည္ႏွင့္ စိမ္းသက္သက္ျဖစ္ သလိုလို ရင္းႏွီးေသာခံစားခ်က္ႏွင့္ ႏူးညံ့ေသာ အထိအေတြ႕ကို ခံစားလိုက္ရ၏။
ေရေအာက္နန္းေတာ္တြင္ ဝူလင္းယူ၏ မ်က္လုံးမ်ားသည္ ႐ုတ္တရက္ ပြင့္လာသည္။ ၿပီးေနာက္ မ်က္လုံးမ်ားမွာ အေရာင္ေတာက္လာသည္။
"ယူယူ ေနာက္ဆုံးေတာ့ေရာက္လာၿပီပဲ" သူ ေရ႐ြတ္လိုက္သည္။ ၿပီးေနာက္ သလႅင္ေပၚမွ ေပ်ာက္ကြယ္သြားေလသည္။
ရွီမာယူယူသည္ ေမ့ေပ်ာက္ျခင္းျမစ္ေအာက္ေျခသို႔ အတင္းဖိခံလိုက္ရ သည္ဟု ခံစားလိုက္ရသည္။ သူမသည္ အျမန္ပင္ ခႏၶာကိုယ္မွ ပစၥည္းမ်ားကို ဖယ္ရွားလိုက္ၿပီး မူလအေလးခ်ိန္ျဖစ္ေအာင္ျပဳလုပလိုက္မွပင္ တစ္ခါတည္း သက္ေတာင့္သက္သာျဖစ္သလို ခံစားလိုက္ရသည္။
"ဟင္း မင္းကမ်ား ငါ့ကို ဘယ္လိုေတာင္ ရန္စရဲတာလဲ" သူမအေနာက္မွ အသံတစ္သံထြက္လာသည္။ သူမ ျဖည္းျဖည္းခ်င္းလွည့္လိုက္သည္ႏွင့္ ေရထဲ တြင္ အေငြ႕သားရဲေပၚလာသည္ကို ျမင္လိုက္ရသည္။
အေငြ႕သားရဲသည္ ႀကီးမားေသာပူေဖာင္းႏွင့္ တူသည္။ မီးပုံးႏွင့္တူေသာ မ်က္လုံးႏွစ္လုံးရွိေသာ သူ၏ စက္ဝိုင္းျခမ္းပုံစံဦးေခါင္းသည္ ပူေဖာင္းအထက္ တြင္ေဖာင္းေနသည္။ ထိုသားရဲသည္ ရွီမာယူယူအား စိုက္ၾကည့္ေသနည္။
"မင္းက ဘယ္လိုလုပ္ ငါ့ကိုျမင္ရတာလဲ" အေငြ႕သားရဲ ေမးလိုက္သည္။
"ဒီအတိုင္းပဲျမင္ရတာပဲ" ရွီမာယူယူ၏ ခႏၶာကိုယ္သည္ ပိုးမွ်င္ကဲ့သို႔ အရာ မ်ားႏွင့္ ၿငိတြယ္ေနကာ အခ်ဳပ္ခံေနရသည္။ သူမသည္ အရိပ္မည္းႏွင့္ ဟြမ္တို႔ ၏ အေျခအေနကို သိခ်င္သျဖင့္ နိဗၺာန္ျမစ္ဘက္သို႔ ၾကည့္လိုက္သည္။
"ၾကည့္ေနဖို႔မလိုဘူး အခု သူတို႔မွာ မင္းကိုလာကယ္ဖို႔ စြမ္းအင္မရွိဘူး" အေငြ႕သားရဲသည္ ႐ႊင္လန္းအားရစြာ ေျပာေလသည္။
ရွီမာယူယူသည္ ငါးမ်ား၏ ထိုင္းမႈိင္းေနေသာ မ်က္လုံးမ်ားကို သတိရသြား ကာ ႐ုတ္တရက္ ေျပာလိုက္သည္ "မင္းက အဲဒီငါးေတြရဲ႕ စိတ္ကို ထိန္းခ်ဳပ္ထား တာပဲ"
"ဟုတ္တယ္" အေငြ႕သားရဲသည္ ပိုးမွ်င္၏ အဆုံးတစ္ဖက္ကိုဆြဲလိုက္ရာ ရွီမာယူယူသည္ ပိုတင္းၾကပ္သြားေလသည္။ "တေစၦမ်ိဳးႏြယ္... ငါ မင္းကို လက္စားမေခ်ရေသးဘူး မင္းက ဒီမွာေပၚလာတာပဲ"
ရွီမာယူယူ၏ လက္ေမာင္းကို ရစ္ပတ္ထားေသာ ပိုးမွ်င္မွာ တင္းသြား ေသာေၾကာင့္ နာက်င္လာသည္။ သူမသည္ ေခတၱမွ် ႐ုန္းကန္ေသးသည္။ သို႔ေသာ္ ပိုတင္းၾကပ္႐ုံသာရွိသည္။
"ဒါက အံ့ဖြယ္ေရွးေဟာင္းပစၥည္းပဲ မင္း႐ုန္းေလေလ ပိုတင္းေလေလပဲ" အေငြ႕သားရဲသည္ တျဖည္းျဖည္းခ်ဥ္းကပ္လာသည္ "ဟင္း မင္းက ငါ့ကို ထိခိုက္ေအာင္လုပ္ရဲေသးတယ္... ဒီေန႔ ငါမင္းကို စားၿပီး ဒဏ္ရာေတြကို ကုစား ရမယ္"
အေငြ႕သားရဲသည္ ေျပာၿပီးသည္ႏွင့္ ပါးစပ္ဟလာသည္။ ထိုစက္ဝိုင္းျခမ္း ပုံစံပါးစပ္သည္ ဝမ္းဗိုက္အထိဆင္းသြားကာ ရွီမာယူယူ၏ အရပ္နီးပါးအတိုင္း ပြင့္သြားသည္။
ရွီမာယူယူသည္ သူ႔ပါးစပ္အတြင္းမွ စူးရွေသာသြားမ်ားကို ျမင္ေနရၿပီး ပါးစပ္အတြင္းမွ ထြက္လာေသာ ညႇီစို႔စို႔အနံ႔ကို ရလိုက္သည္။ သူမသည္ မီအာကို ေခၚထုတ္မည္အျပဳတြင္ လူတစ္ေယာက္သည္ သူမ၏ပခုံးကိုကိုင္သည္ကို ခံစား မိလိုက္ၿပီး အဆြဲခံလိုက္ရသည္။ တစ္ခ်ိန္တည္းမွာပင္ ဝိညာဥ္စြမ္းအင္လုံးႀကီး သည္ အေငြ႕သားရဲကိုမွန္သြားၿပီး အေငြ႕သားရဲ၏ ပါးစပ္ေအာက္ပိုင္းတစ္ဝက္ မွာ ပ်က္စီးသြားေလသည္။
"မင္း.. မင္းပဲ" အေငြ႕သားရဲသည္ ဝူလင္းယူကိုျမင္ေသာအခါ ေအာ္ေလ သည္။ သူသည္ ထိုလူကိုရန္မစဖူးေသာ္လည္း သူ၏ ဂုဏ္သတင္းကိုသိထား သည္။ သူလာသည္ကိုျမင္သည္ႏွင့္ အေငြ႕သားရဲသည္ နိဗၺာန္ျမစ္ဆီသို႔ ပ်ံေျပး ေလသည္။
"မင္းက ေျပးခ်င္တာလား" အေငြ႕သားရဲ ရွီမာယူယူကို စားေတာ့မည္ကို အေဝးမွျမင္လိုက္ရေသာ အရိပ္မည္းႏွင့္ ဟြမ္တို႔သည္ ကူးလာၾကသည္။ သူတို႔ သည္ အေငြ႕သားရဲကို ဖမ္းမိလုဆဲဆဲျဖစ္ပင္။
ရွီမာယူယူသည္ ပ်ံသြားေသာ အေငြ႕သားရဲကို လ်စ္လ်ဴရႈလိုက္သည္။ သူမသည္ ရင္းႏွီးေသာ အေငြ႕အသက္ကို ခံစားမိသျဖင့္ ငိုမိသည္။
သူမ ဝူလင္းယူကို ၾကည့္လိုက္ခ်ိန္တြင္ ႏႈတ္ခမ္းေထာင့္မ်ားမွာ အၿပဳံး အျဖစ္ ေကြးတက္သြားသည္။ သူမသည္ ထင္ေယာင္ထင္မွားျဖစ္မည္စိုးသျဖင့္ မ်က္ေတာင္ပင္ မခတ္ရဲေပ။
သူမ၏ မ်က္လုံးမွ မ်က္ရည္မ်ားက်လာခ်ိန္တြင္ ျမစ္ေရထဲေမ်ာသြားရာ ဝူလင္းယူ ခံစားမိလိုက္သည္။
"မငိုနဲ႔ေလ" သူ၏ ေဒါသသည္ တစ္ခဏအတြင္း ေပ်ာက္သြားကာ သူမ မ်က္ႏွာႏွင့္ မ်က္လုံးမ်ားကို ထိေတြ႕ပြတ္သပ္လိုက္သည္။
"လင္းယူ ညီမ အိပ္မက္မက္ေနတာလား" သူမသည္ သူ႔ကိုၾကည့္ၿပီး အစစ္အမွန္မဟုတ္သလို မယုံႏိုင္ေပ။
ဝူလင္းယူသည္ သူမကို ဖက္ၿပီး သူမ၏ ခႏၶာကိုယ္သည္ သူ႔ဆီသို႔ ေပ်ာ္က် လာေစရန္ ေမွ်ာ္လင့္မိသည္။
"ယူယူ ေနာက္ဆုံးေတာ့ ေရာက္လာၿပီပဲ" သူသည္ သူမကို ရင္ခြင္ထဲဆြဲ သြင္းထားၿပီး အသံမွာလည္း တုန္ယင္ေသနည္။
ရွီမာယူယူ၏ လက္မ်ားသည္ လႈပ္မရေသာ္လည္း လက္ဖ်ံေတာ့ လႈပ္၍ရ ေသးသည္။ သူမသည္ သူ၏ခါးကိုဖက္ၿပီး ေခါင္းကို သူ႔ရင္ဘတ္ႏွင့္ အပ္လိုက္ သည္။ ထိုအခ်ိန္တြင္ သူမ ဘာမွမေတြးမိေတာ့ဘဲ စိတ္ကိုလႊတ္ခ်လိုက္သည္။ သူမ၏ မ်က္လုံးထဲတြင္ သူတစ္ေယာက္သာ ရွိေတာ့သည္။ ေကာင္းကင္ႏွင့္ ေျမ ႀကီးတြင္ သူတို႔ႏွစ္ေယာက္သာ ရွိေတာ့သည္။
ဟြမ္ႏွင့္ အရိပ္မည္းတို႔သည္ အေငြ႕သားရဲကို ဖမ္းၿပီးျပန္ေခၚလာသည္။ သူတို႔ႏွစ္ေယာက္ ဖက္ေနၾကသည္၊ အတိအက်ေျပာရလွ်င္ ဝူလင္းယူမွ ရွီမာယူယူကို ဖက္ေနသည္ကိုျမင္ေသာအခါ သူတို႔၏ ႏွလုံးသားမ်ား အရည္ ေပ်ာ္က်သြားေလသည္။
ထိုအေျခအေနမ်ိဳးတြင္ သူတို႔သည္ မေႏွာင့္ယွက္သင့္ေပ။ သို႔ေသာ္ ထို ျမင္ကြင္းသည္ သူတို႔ကို မေပ်ာ္႐ႊင္ေစေပ။ ထို႔ေၾကာင့္ တျခားသူ ေပ်ာ္႐ႊင္မည္ကို ခြင့္ျပဳမည္မဟုတ္ေပ။
"ငါေျပာတာက သခင္မေလးကို အရင္ကူညီသင့္တာမဟုတ္ဘူးလား" အရိပ္မည္းသည္ ေျပာလိုက္ၿပီး သူတို႔ျပန္ဆုံမႈကို ေႏွာင့္ယွက္လိုက္သည္။
"သခင္မေလးရဲ႕ လက္က ေသြးထြက္ေတာ့မယ္" ဟြမ္ ထပ္ေျပာလိုက္ သည္။
ဝူလင္းယူသည္ သူတို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနသျဖင့္ သူတို႔ကို စိုက္ ၾကည့္ၿပီး ရွီမာယူယူကို လႊတ္ေပးလိုက္သည္။ သူမ လက္ေမာင္းမွာ အံ့ဖြယ္ ပစၥည္းေၾကာင့္ ေသြးစစထြက္ေနသည္ကို ျမင္ေသာအခါ သူ၏မ်က္လုံးမ်ား မည္းနက္သြားေတာ့သည္။
"ညီမ အဆင္ေျပပါတယ္" ရွီမာယူယူသည္ လက္ကိုကိုင္ၿပီး ႏူးညံ့စြာ ေျပာေလသည္။
"မင္းကို ျဖည္ေပးမယ္" သူသည္ မရဏာေရွးေဟာင္းပစၥည္းကို ဆြဲၿပီး လုံးဝ ဖ်က္ဆီးလိုက္ခ်င္သည္။
"ေနဦး မဖ်က္ဆီးလိုက္နဲ႔" ရွီမာယူယူသည္ သူ႔အေတြးကိုသိသျဖင့္ အျမန္ ပင္တားလိုက္သည္။
"ဘာလို႔လဲ လိုခ်င္လို႔လား" ဝူလင္းယူ ေမးလိုက္သည္။
ရွီမာယူယူ ေခါင္းညိတ္သည္ "ဒီမရဏာေရွးပစၥည္းက စိတ္ဝင္စားဖို႔ ေကာင္းတယ္"
သူမ ႀကိဳတင္စီစဥ္ထားၿပီးျဖစ္သည္။ အေငြ႕သားရဲကို သူမ သတ္လိုက္ သည္ႏွင့္ ဤမရဏာေရွးပစၥည္းမွာ ပိုင္ရွင္မဲ့ျဖစ္သြားမည္ျဖစ္သျဖင့္ သူမ သိမ္း မည္။
"မင္း လိုခ်င္မွေတာ့ ယူလိုက္ပါ" ဝူလင္းယူသည္ မရဏာေရွးပစၥည္းကို ခ်ၿပီး အေငြ႕သားရဲဆီသို႔ အာ႐ုံျပန္ေရာက္သြားသည္။
အေငြ႕သားရဲသည္ သူႏွင့္ အၾကည့္ခ်င္းဆုံသည္ႏွင့္ ခ်က္ခ်င္းပင္ အလန႔္ တၾကားဒူးေထာက္ကာ ငိုေႂကြးေလသည္ "ကိုယ့္သခင္ သခင္ႀကီး အသက္ကို ခ်မ္းသာေပးပါ အသက္ကိုခ်မ္းသာေပးပါသခင္ႀကီး ကြၽန္ေတာ့္ အသက္ကို ခ်မ္းသာေပးပါ သခင္ႀကီး"
ဝူလင္းယူသည္ ရွီမာယူယူ၏ ေရွ႕တြင္ရပ္ၿပီး ေအးစက္စြာ ေျပာေလသည္ "မင္းရဲ႕ ျပစ္မႈက သာမန္သာဆိုရင္ မင္းအသက္ကို ခ်မ္းသာေပးႏိုင္တယ္... ဒါေပမဲ့ မင္းက ယူယူ႔ကို သတ္ဖို႔လုပ္ခဲ့တယ္ သူမကိုထိခိုက္ေအာင္လုပ္ရဲတယ္ မင္းအသက္ကို ကိုယ့္ဘာသာပဲ အဆုံးသတ္မလား မဟုတ္ရင္ ငါပဲသတ္ေပးရ မလား"
အေငြ႕သားရဲ၏ စိတ္ထဲတြင္ ေမွ်ာ္လင့္ခ်က္ကင္းမဲ့သြားသည္။ သူသည္ ယေန႔လို အေျခအေနကို တစ္ခါမွမေမွ်ာ္လင့္ဖူးေပ။ ျမစ္ေအာက္ေျခတြင္ ထိုလူ ႐ုတ္တရက္ ေပၚလာျခင္းကပင္ အေတာ္ဆိုးေနၿပီျဖစ္သည္။ အခု ထိုလူသည္ သူ႔အသက္ကို ႏႈတ္ေတာ့မည္။ ေသမယ့္လမ္းပဲရွိမွေတာ့ ဘာလို႔...
"ဖူး..."
အေငြ႕သားရဲ၏ ခႏၶာကိုယ္ ထမလာခင္တြင္ သူ႔ခႏၶာကိုယ္မွာ ေရမွ်ား ထိုးေဖာက္ဝင္သြားၿပီး လဲက်သြားေလသည္။
ရွီမာယူယူအား ရစ္ပတ္ထားေသာ မရဏာေရွးပစၥည္းသည္ ပိုင္ရွင္ ေသသြားေသာေၾကာင့္ ေျပေလ်ာ့သြားသည္။ ဝူလင္းယူသည္ သူမကို ျဖဳတ္ေပး လိုက္ၿပီး ထိုပစၥည္းကို လက္ထဲသို႔ ထည့္ေပးလိုက္သည္။
ရွီမာယူယူသည္ သူမ၏ ထုံက်ဥ္ေနေသာ လက္ေမာင္းကိုပြတ္ကာ မရဏာေရွးပစၥည္းကို သိမ္းလိုက္သည္။ သူမသည္ ၿပဳံးၿပီး ေျပာေလသည္ "ကမ္းပါးေပၚေရာက္ရင္ေတာ့ ဒီပစၥည္းကို သခင္အျဖစ္ အသိအမွတ္ျပဳခိုင္းရ မယ္"
"ကိုယ္ ဒဏ္ရာကိုၾကည့္ဦးမယ္" ဝူလင္းယူ ေျပာလိုက္သည္။
"ညီမ အဆင္ေျပပါတယ္ လင္းယူ သူတို႔နဲ႔ မိတ္ဆက္ေပးရဦးမယ္ သူတို႔က..." သူမ စကားမဆုံးခင္မွာပင္ ဝူလင္းယူ၏ ဆြဲယူျခင္းကိုခံလိုက္ရ သည္။
"မင္းနဲ႔လာတဲ့လူကိုေတာ့ ကိုယ္မသိဘူး ဒါေပမဲ့ အရိပ္မည္းကိုသိတယ္... သူတို႔ကို ဂ႐ုစိုက္မေနနဲ႔ေတာ့ စကားေျပာဖို႔ေနရာတစ္ေနရာရွာရေအာင္" ဝူလင္းယူ၏ အသံသည္ ႏူးညံ့စြာထြက္လာသည္ "မင္းတို႔ႏွစ္ေယာက္လုံး ငါတို႔ ေနာက္ကို လိုက္ဖို႔မလိုဘူး"
ေသခ်ာသည္မွာ အရိပ္မည္းႏွင့္ ဟြမ္တို႔သည္ သူ႔စကားကို နားမေထာင္ ေပ။ သူတို႔ လႈပ္ရွားမည္အျပဳတြင္ ေရတြင္ပိတ္မိေနသည္ကို သတိထားမိလိုက္ သည္။ ထို႔ေၾကာင့္ သူ ရွီမာယူယူကို ေခၚသြားသည္ကိုသာ ၾကည့္ေနရေတာ့ သည္။
"ကြၽတ္... ခုနက သူတို႔ကိုေႏွာင့္ယွက္မိလို႔ ငါတို႔ကို လက္စားေခ်ေနတာပဲ" အရိပ္မည္း ေအာ္ေလသည္။
ေမ့ေပ်ာက္ျခင္းျမစ္ေရသည္ သူတို႔ကို ထိခိုက္ေအာင္ မလုပ္ႏိုင္ေသာ္ လည္း ယာယီပိတ္ေလွာင္ထားရန္ေတာ့ ျဖစ္ႏိုင္သည္။
ဟြမ္သည္ သူ႔ကိုတစ္ခ်က္ၾကည့ေၿပီး ေဘးမွ ေရမ်ားကိုေလ့လာရင္းႏွင့္ ေျပာေလသည္ "သူ ဒီေလာက္ အားေကာင္းလာလိမ့္မယ္လို႔ထင္မထားဘူး... သူက ေမ့ေပ်ာက္ျခင္းျမစ္ေရနဲ႔ေတာင္ တစ္သားတည္းျဖစ္ေနၿပီပဲ... အရွင္သာ ဒီအေၾကာင္းကိုသိရင္ ေအာ္ေတာ့မယ္"
Unicode
အပိုင်း (၁၈၆၄) – နောက်ဆုံးတော့ တွေ့ရပြီ
"ဝူး..."
သူမ မေ့ပျောက်ခြင်းမြစ်သို့ ဝင်လိုက်သည်နှင့် စိမ်းသက်သက်ဖြစ် သလိုလို ရင်းနှီးသောခံစားချက်နှင့် နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရ၏။
ရေအောက်နန်းတော်တွင် ဝူလင်းယူ၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာသည်။ ပြီးနောက် မျက်လုံးများမှာ အရောင်တောက်လာသည်။
"ယူယူ နောက်ဆုံးတော့ရောက်လာပြီပဲ" သူ ရေရွတ်လိုက်သည်။ ပြီးနောက် သလ္လင်ပေါ်မှ ပျောက်ကွယ်သွားလေသည်။
ရှီမာယူယူသည် မေ့ပျောက်ခြင်းမြစ်အောက်ခြေသို့ အတင်းဖိခံလိုက်ရ သည်ဟု ခံစားလိုက်ရသည်။ သူမသည် အမြန်ပင် ခန္ဓာကိုယ်မှ ပစ္စည်းများကို ဖယ်ရှားလိုက်ပြီး မူလအလေးချိန်ဖြစ်အောင်ပြုလုပလိုက်မှပင် တစ်ခါတည်း သက်တောင့်သက်သာဖြစ်သလို ခံစားလိုက်ရသည်။
"ဟင်း မင်းကများ ငါ့ကို ဘယ်လိုတောင် ရန်စရဲတာလဲ" သူမအနောက်မှ အသံတစ်သံထွက်လာသည်။ သူမ ဖြည်းဖြည်းချင်းလှည့်လိုက်သည်နှင့် ရေထဲ တွင် အငွေ့သားရဲပေါ်လာသည်ကို မြင်လိုက်ရသည်။
အငွေ့သားရဲသည် ကြီးမားသောပူဖောင်းနှင့် တူသည်။ မီးပုံးနှင့်တူသော မျက်လုံးနှစ်လုံးရှိသော သူ၏ စက်ဝိုင်းခြမ်းပုံစံဦးခေါင်းသည် ပူဖောင်းအထက် တွင်ဖောင်းနေသည်။ ထိုသားရဲသည် ရှီမာယူယူအား စိုက်ကြည့်သေနည်။
"မင်းက ဘယ်လိုလုပ် ငါ့ကိုမြင်ရတာလဲ" အငွေ့သားရဲ မေးလိုက်သည်။
"ဒီအတိုင်းပဲမြင်ရတာပဲ" ရှီမာယူယူ၏ ခန္ဓာကိုယ်သည် ပိုးမျှင်ကဲ့သို့ အရာ များနှင့် ငြိတွယ်နေကာ အချုပ်ခံနေရသည်။ သူမသည် အရိပ်မည်းနှင့် ဟွမ်တို့ ၏ အခြေအနေကို သိချင်သဖြင့် နိဗ္ဗာန်မြစ်ဘက်သို့ ကြည့်လိုက်သည်။
"ကြည့်နေဖို့မလိုဘူး အခု သူတို့မှာ မင်းကိုလာကယ်ဖို့ စွမ်းအင်မရှိဘူး" အငွေ့သားရဲသည် ရွှင်လန်းအားရစွာ ပြောလေသည်။
ရှီမာယူယူသည် ငါးများ၏ ထိုင်းမှိုင်းနေသော မျက်လုံးများကို သတိရသွား ကာ ရုတ်တရက် ပြောလိုက်သည် "မင်းက အဲဒီငါးတွေရဲ့ စိတ်ကို ထိန်းချုပ်ထား တာပဲ"
"ဟုတ်တယ်" အငွေ့သားရဲသည် ပိုးမျှင်၏ အဆုံးတစ်ဖက်ကိုဆွဲလိုက်ရာ ရှီမာယူယူသည် ပိုတင်းကြပ်သွားလေသည်။ "တစ္ဆေမျိုးနွယ်... ငါ မင်းကို လက်စားမချေရသေးဘူး မင်းက ဒီမှာပေါ်လာတာပဲ"
ရှီမာယူယူ၏ လက်မောင်းကို ရစ်ပတ်ထားသော ပိုးမျှင်မှာ တင်းသွား သောကြောင့် နာကျင်လာသည်။ သူမသည် ခေတ္တမျှ ရုန်းကန်သေးသည်။ သို့သော် ပိုတင်းကြပ်ရုံသာရှိသည်။
"ဒါက အံ့ဖွယ်ရှေးဟောင်းပစ္စည်းပဲ မင်းရုန်းလေလေ ပိုတင်းလေလေပဲ" အငွေ့သားရဲသည် တဖြည်းဖြည်းချဉ်းကပ်လာသည် "ဟင်း မင်းက ငါ့ကို ထိခိုက်အောင်လုပ်ရဲသေးတယ်... ဒီနေ့ ငါမင်းကို စားပြီး ဒဏ်ရာတွေကို ကုစား ရမယ်"
အငွေ့သားရဲသည် ပြောပြီးသည်နှင့် ပါးစပ်ဟလာသည်။ ထိုစက်ဝိုင်းခြမ်း ပုံစံပါးစပ်သည် ဝမ်းဗိုက်အထိဆင်းသွားကာ ရှီမာယူယူ၏ အရပ်နီးပါးအတိုင်း ပွင့်သွားသည်။
ရှီမာယူယူသည် သူ့ပါးစပ်အတွင်းမှ စူးရှသောသွားများကို မြင်နေရပြီး ပါးစပ်အတွင်းမှ ထွက်လာသော ညှီစို့စို့အနံ့ကို ရလိုက်သည်။ သူမသည် မီအာကို ခေါ်ထုတ်မည်အပြုတွင် လူတစ်ယောက်သည် သူမ၏ပခုံးကိုကိုင်သည်ကို ခံစား မိလိုက်ပြီး အဆွဲခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအင်လုံးကြီး သည် အငွေ့သားရဲကိုမှန်သွားပြီး အငွေ့သားရဲ၏ ပါးစပ်အောက်ပိုင်းတစ်ဝက် မှာ ပျက်စီးသွားလေသည်။
"မင်း.. မင်းပဲ" အငွေ့သားရဲသည် ဝူလင်းယူကိုမြင်သောအခါ အော်လေ သည်။ သူသည် ထိုလူကိုရန်မစဖူးသော်လည်း သူ၏ ဂုဏ်သတင်းကိုသိထား သည်။ သူလာသည်ကိုမြင်သည်နှင့် အငွေ့သားရဲသည် နိဗ္ဗာန်မြစ်ဆီသို့ ပျံပြေး လေသည်။
"မင်းက ပြေးချင်တာလား" အငွေ့သားရဲ ရှီမာယူယူကို စားတော့မည်ကို အဝေးမှမြင်လိုက်ရသော အရိပ်မည်းနှင့် ဟွမ်တို့သည် ကူးလာကြသည်။ သူတို့ သည် အငွေ့သားရဲကို ဖမ်းမိလုဆဲဆဲဖြစ်ပင်။
ရှီမာယူယူသည် ပျံသွားသော အငွေ့သားရဲကို လျစ်လျူရှုလိုက်သည်။ သူမသည် ရင်းနှီးသော အငွေ့အသက်ကို ခံစားမိသဖြင့် ငိုမိသည်။
သူမ ဝူလင်းယူကို ကြည့်လိုက်ချိန်တွင် နှုတ်ခမ်းထောင့်များမှာ အပြုံး အဖြစ် ကွေးတက်သွားသည်။ သူမသည် ထင်ယောင်ထင်မှားဖြစ်မည်စိုးသဖြင့် မျက်တောင်ပင် မခတ်ရဲပေ။
သူမ၏ မျက်လုံးမှ မျက်ရည်များကျလာချိန်တွင် မြစ်ရေထဲမျောသွားရာ ဝူလင်းယူ ခံစားမိလိုက်သည်။
"မငိုနဲ့လေ" သူ၏ ဒေါသသည် တစ်ခဏအတွင်း ပျောက်သွားကာ သူမ မျက်နှာနှင့် မျက်လုံးများကို ထိတွေ့ပွတ်သပ်လိုက်သည်။
"လင်းယူ ညီမ အိပ်မက်မက်နေတာလား" သူမသည် သူ့ကိုကြည့်ပြီး အစစ်အမှန်မဟုတ်သလို မယုံနိုင်ပေ။
ဝူလင်းယူသည် သူမကို ဖက်ပြီး သူမ၏ ခန္ဓာကိုယ်သည် သူ့ဆီသို့ ပျော်ကျ လာစေရန် မျှော်လင့်မိသည်။
"ယူယူ နောက်ဆုံးတော့ ရောက်လာပြီပဲ" သူသည် သူမကို ရင်ခွင်ထဲဆွဲ သွင်းထားပြီး အသံမှာလည်း တုန်ယင်သေနည်။
ရှီမာယူယူ၏ လက်များသည် လှုပ်မရသော်လည်း လက်ဖျံတော့ လှုပ်၍ရ သေးသည်။ သူမသည် သူ၏ခါးကိုဖက်ပြီး ခေါင်းကို သူ့ရင်ဘတ်နှင့် အပ်လိုက် သည်။ ထိုအချိန်တွင် သူမ ဘာမှမတွေးမိတော့ဘဲ စိတ်ကိုလွှတ်ချလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် သူတစ်ယောက်သာ ရှိတော့သည်။ ကောင်းကင်နှင့် မြေ ကြီးတွင် သူတို့နှစ်ယောက်သာ ရှိတော့သည်။
ဟွမ်နှင့် အရိပ်မည်းတို့သည် အငွေ့သားရဲကို ဖမ်းပြီးပြန်ခေါ်လာသည်။ သူတို့နှစ်ယောက် ဖက်နေကြသည်၊ အတိအကျပြောရလျှင် ဝူလင်းယူမှ ရှီမာယူယူကို ဖက်နေသည်ကိုမြင်သောအခါ သူတို့၏ နှလုံးသားများ အရည် ပျော်ကျသွားလေသည်။
ထိုအခြေအနေမျိုးတွင် သူတို့သည် မနှောင့်ယှက်သင့်ပေ။ သို့သော် ထို မြင်ကွင်းသည် သူတို့ကို မပျော်ရွှင်စေပေ။ ထို့ကြောင့် တခြားသူ ပျော်ရွှင်မည်ကို ခွင့်ပြုမည်မဟုတ်ပေ။
"ငါပြောတာက သခင်မလေးကို အရင်ကူညီသင့်တာမဟုတ်ဘူးလား" အရိပ်မည်းသည် ပြောလိုက်ပြီး သူတို့ပြန်ဆုံမှုကို နှောင့်ယှက်လိုက်သည်။
"သခင်မလေးရဲ့ လက်က သွေးထွက်တော့မယ်" ဟွမ် ထပ်ပြောလိုက် သည်။
ဝူလင်းယူသည် သူတို့နှင့် မျက်နှာချင်းဆိုင်ဖြစ်နေသဖြင့် သူတို့ကို စိုက် ကြည့်ပြီး ရှီမာယူယူကို လွှတ်ပေးလိုက်သည်။ သူမ လက်မောင်းမှာ အံ့ဖွယ် ပစ္စည်းကြောင့် သွေးစစထွက်နေသည်ကို မြင်သောအခါ သူ၏မျက်လုံးများ မည်းနက်သွားတော့သည်။
"ညီမ အဆင်ပြေပါတယ်" ရှီမာယူယူသည် လက်ကိုကိုင်ပြီး နူးညံ့စွာ ပြောလေသည်။
"မင်းကို ဖြည်ပေးမယ်" သူသည် မရဏာရှေးဟောင်းပစ္စည်းကို ဆွဲပြီး လုံးဝ ဖျက်ဆီးလိုက်ချင်သည်။
"နေဦး မဖျက်ဆီးလိုက်နဲ့" ရှီမာယူယူသည် သူ့အတွေးကိုသိသဖြင့် အမြန် ပင်တားလိုက်သည်။
"ဘာလို့လဲ လိုချင်လို့လား" ဝူလင်းယူ မေးလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်သည် "ဒီမရဏာရှေးပစ္စည်းက စိတ်ဝင်စားဖို့ ကောင်းတယ်"
သူမ ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။ အငွေ့သားရဲကို သူမ သတ်လိုက် သည်နှင့် ဤမရဏာရှေးပစ္စည်းမှာ ပိုင်ရှင်မဲ့ဖြစ်သွားမည်ဖြစ်သဖြင့် သူမ သိမ်း မည်။
"မင်း လိုချင်မှတော့ ယူလိုက်ပါ" ဝူလင်းယူသည် မရဏာရှေးပစ္စည်းကို ချပြီး အငွေ့သားရဲဆီသို့ အာရုံပြန်ရောက်သွားသည်။
အငွေ့သားရဲသည် သူနှင့် အကြည့်ချင်းဆုံသည်နှင့် ချက်ချင်းပင် အလန့် တကြားဒူးထောက်ကာ ငိုကြွေးလေသည် "ကိုယ့်သခင် သခင်ကြီး အသက်ကို ချမ်းသာပေးပါ အသက်ကိုချမ်းသာပေးပါသခင်ကြီး ကျွန်တော့် အသက်ကို ချမ်းသာပေးပါ သခင်ကြီး"
ဝူလင်းယူသည် ရှီမာယူယူ၏ ရှေ့တွင်ရပ်ပြီး အေးစက်စွာ ပြောလေသည် "မင်းရဲ့ ပြစ်မှုက သာမန်သာဆိုရင် မင်းအသက်ကို ချမ်းသာပေးနိုင်တယ်... ဒါပေမဲ့ မင်းက ယူယူ့ကို သတ်ဖို့လုပ်ခဲ့တယ် သူမကိုထိခိုက်အောင်လုပ်ရဲတယ် မင်းအသက်ကို ကိုယ့်ဘာသာပဲ အဆုံးသတ်မလား မဟုတ်ရင် ငါပဲသတ်ပေးရ မလား"
အငွေ့သားရဲ၏ စိတ်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့သွားသည်။ သူသည် ယနေ့လို အခြေအနေကို တစ်ခါမှမမျှော်လင့်ဖူးပေ။ မြစ်အောက်ခြေတွင် ထိုလူ ရုတ်တရက် ပေါ်လာခြင်းကပင် အတော်ဆိုးနေပြီဖြစ်သည်။ အခု ထိုလူသည် သူ့အသက်ကို နှုတ်တော့မည်။ သေမယ့်လမ်းပဲရှိမှတော့ ဘာလို့...
"ဖူး..."
အငွေ့သားရဲ၏ ခန္ဓာကိုယ် ထမလာခင်တွင် သူ့ခန္ဓာကိုယ်မှာ ရေမျှား ထိုးဖောက်ဝင်သွားပြီး လဲကျသွားလေသည်။
ရှီမာယူယူအား ရစ်ပတ်ထားသော မရဏာရှေးပစ္စည်းသည် ပိုင်ရှင် သေသွားသောကြောင့် ပြေလျော့သွားသည်။ ဝူလင်းယူသည် သူမကို ဖြုတ်ပေး လိုက်ပြီး ထိုပစ္စည်းကို လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရှီမာယူယူသည် သူမ၏ ထုံကျဉ်နေသော လက်မောင်းကိုပွတ်ကာ မရဏာရှေးပစ္စည်းကို သိမ်းလိုက်သည်။ သူမသည် ပြုံးပြီး ပြောလေသည် "ကမ်းပါးပေါ်ရောက်ရင်တော့ ဒီပစ္စည်းကို သခင်အဖြစ် အသိအမှတ်ပြုခိုင်းရ မယ်"
"ကိုယ် ဒဏ်ရာကိုကြည့်ဦးမယ်" ဝူလင်းယူ ပြောလိုက်သည်။
"ညီမ အဆင်ပြေပါတယ် လင်းယူ သူတို့နဲ့ မိတ်ဆက်ပေးရဦးမယ် သူတို့က..." သူမ စကားမဆုံးခင်မှာပင် ဝူလင်းယူ၏ ဆွဲယူခြင်းကိုခံလိုက်ရ သည်။
"မင်းနဲ့လာတဲ့လူကိုတော့ ကိုယ်မသိဘူး ဒါပေမဲ့ အရိပ်မည်းကိုသိတယ်... သူတို့ကို ဂရုစိုက်မနေနဲ့တော့ စကားပြောဖို့နေရာတစ်နေရာရှာရအောင်" ဝူလင်းယူ၏ အသံသည် နူးညံ့စွာထွက်လာသည် "မင်းတို့နှစ်ယောက်လုံး ငါတို့ နောက်ကို လိုက်ဖို့မလိုဘူး"
သေချာသည်မှာ အရိပ်မည်းနှင့် ဟွမ်တို့သည် သူ့စကားကို နားမထောင် ပေ။ သူတို့ လှုပ်ရှားမည်အပြုတွင် ရေတွင်ပိတ်မိနေသည်ကို သတိထားမိလိုက် သည်။ ထို့ကြောင့် သူ ရှီမာယူယူကို ခေါ်သွားသည်ကိုသာ ကြည့်နေရတော့ သည်။
"ကျွတ်... ခုနက သူတို့ကိုနှောင့်ယှက်မိလို့ ငါတို့ကို လက်စားချေနေတာပဲ" အရိပ်မည်း အော်လေသည်။
မေ့ပျောက်ခြင်းမြစ်ရေသည် သူတို့ကို ထိခိုက်အောင် မလုပ်နိုင်သော် လည်း ယာယီပိတ်လှောင်ထားရန်တော့ ဖြစ်နိုင်သည်။
ဟွမ်သည် သူ့ကိုတစ်ချက်ကြည့ပြေီး ဘေးမှ ရေများကိုလေ့လာရင်းနှင့် ပြောလေသည် "သူ ဒီလောက် အားကောင်းလာလိမ့်မယ်လို့ထင်မထားဘူး... သူက မေ့ပျောက်ခြင်းမြစ်ရေနဲ့တောင် တစ်သားတည်းဖြစ်နေပြီပဲ... အရှင်သာ ဒီအကြောင်းကိုသိရင် အော်တော့မယ်"