Zawgyi
အပိုင္း (၁၈၆၃) – ထူးဆန္းတဲ့ျမစ္ၾကမ္းျပင္
နိဗၺာန္ျမစ္ထဲမွေရသည္ ၾကည္လင္ၿပီးေတာက္ပသည္။ ျမစ္ေအာက္ေျခ၌ ပင္ အလင္းရွိလွ်င္ ပတ္ဝန္းက်င္မွအေျခအေနကို ရွင္းရွင္းလင္းလင္းျမင္ႏိုင္၏။
သို႔ေသာ္ ရွီမာယူယူ၏ ခႏၶာကိုယ္မွာ ဝိညာဥ္ခႏၶာကိုယ္ျဖစ္သျဖင့္ အေတာ္ ေပါ့သည္။ ထို႔ေၾကာင့္ ခႏၶာကိုယ္အေလးခ်ိန္ စီးရန္အတြက္ ပစၥည္းမ်ားခ်ိတ္ဆြဲ ကာ ျမစ္ေအာက္ေျခသို႔ဆင္းရသည္။
"အရိပ္မည္း အေငြ႕သားရဲက ဒီနားမွာလား" ရွီမာယူယူ ေမးလိုက္သည္။
"အေငြ႕သားရဲက ျမစ္ႏွစ္ျမစ္ဆုံတဲ့ေနရာမွာ ရွိတယ္... ဒါေပမဲ့ သူက ပို ေကာက္က်စ္ၿပီးေတာ့ ေနရာအႏွံ႔လည္းေနတတ္တယ္ အဲဒါေၾကာင့္ အခု ဘယ္ ေရာက္ေနလဲဆိုတာေတာ့ မသိဘူး" အရိပ္မည္း ျပန္ေျဖေလသည္။
"အဲဒီေနရာေတြကိုေရာ သိလား" ဟြမ္ ေမးလိုက္သည္။
"အဲဒါေတြကိုေတာ့ ေသခ်ာမသိဘူး ငါ သုံးခုေလာက္ပဲသိတယ္" အရိပ္ မည္းသည္ အနည္းငယ္ ရွက္ကိုးရွက္ကန္းျဖစ္သြားသည္။ သူသည္ ျမစ္ေအာက္ ေျခမွ အေျခအေနကို ေကာင္းေကာင္းႀကီးသိသည္ဟု ေလထြားခဲ့ေသာ္လည္း မ်ားမ်ားစားစားမသိေပ။
"မင္းပဲ ခုနက ျမစ္ေအာက္ေျခက အေျခအေနေတြကို အကုန္သိတယ္လို႔ မေျပာခဲ့ဘူးလား" ဟြမ္ ေျပာလိုက္သည္။
"ငါက တျခားဟာေတြသိတာေလ အေငြ႕သားရဲအေၾကာင္းကို အမ်ားႀကီး မသိဘူး" အရိပ္မည္းသည္ ေရ႐ြတ္ေလသည္။ ၿပီးေနာက္ သူ ဟြမ္ကို ေျပာလိုက္ သည္ "အဲဒါက အေငြ႕သားရဲကို အထင္ေသးၿပီး သြားရန္မစတဲ့ အဲလူအမွားေလ အဲဒါေၾကာင့္ ငါက သိပ္ၿပီးအထိအေတြ႕မရွိတာ"
'အဲလူ'ဆိုသည္မွာ မည္သူကို ေျပာသည္ကို ဟြမ္သိသည္။ သူသည္ အျပစ္ မတင္ေသာ္လည္း မ်က္လုံးလွိမ့္ျပလိုက္သည္။
"ရပါတယ္ တျခားဟာေတြသိရင္ကို ျပႆနာေတြအမ်ားႀကီး ေရွာင္လို႔ရ ေသးတယ္" ရွီမာယူယူသည္ သူ႔ကိုႏွစ္သိမ့္ေပးသည္ "အရင္ဆုံး အဲဒီသုံးေနရာ ကို သြားၾကည့္ၾကတာေပါ့"
"ဟုတ္ကဲ့"
အရိပ္မည္းသည္ သူတို႔ကို အေငြ႕သားရဲ၏ သားရဲတြင္းကိုေခၚသြားသည္။ လမ္းတစ္ေလွ်ာက္တြင္ မရဏာသားရဲမ်ားစြာေတြ႕ခဲ့သည္။ သူတို႔သည္ အေဝးမွ ၾကည့္လွ်င္ ၾကမ္းတမ္းပုံေပၚေသာ္လည္း အနားကပ္လာသည့္အခ်ိန္တြင္ ေရွာင္ သြားၾကၿပီး သူတို႔ကို လာမတိုက္ခိုက္ၾကေပ။
ရွီမာယူယူသည္ နားမလည္ႏိုင္ျဖစ္ေနကာ ေမးလိုက္သည္ "နိဗၺာန္ျမစ္က မရဏာသားရဲေတြက ဒီေလာက္ေတာင္ ေဖာ္ေ႐ြတာလား" မရဏာသားရဲ အမ်ားစုမွာ သူတို႔၏ နယ္နိမိတ္အတြင္း ျဖတ္သြားလွ်င္ ေဒါႀကီးမန္ႀကီးျဖင့္ တိုက္ခိုက္တတ္ၾကသည္။ ျမစ္ေအာက္ေျခက မရဏာသားရဲေတြက သူတို႔ကို ျမင္တာနဲ႔ ဘာလို႔ေရွာင္သြားၾကတာလဲ။
အရိပ္မည္းႏွင့္ ဟြမ္တို႔သည္ အျဖစ္အပ်က္ကို သိထားေသာ္လည္း သူမကို မေျပာၾကေပ။ သူတို႔သည္ ဝိုးတိုးဝါးတားပင္ေျပာေလသည္ "အဲလိုေနမွာေပါ့"
"အင္း ဘယ္လိုပဲျဖစ္ျဖစ္ အဲဒါလည္းေကာင္းတာပဲ ငါတို႔ေတြ ဒုကၡနည္း တာေပါ့" ရွီမာယူယူ ေျပာလိုက္သည္။
"ဟုတ္တယ္ ဒါေကာင္းတယ္" အရိပ္မည္း ၿပဳံးလိုက္သည္။ မရဏာသားရဲ တစ္ေကာင္သည္ သူ႔ကို ေၾကာက္လန႔္တၾကားၾကည့္သည္ကို ျမင္ေသာအခါ ျပန္စိုက္ၾကည့္ေပးလိုက္သည္။ ထိုမရဏာသားရဲသည္ ကိုယ္ပိုင္အသိစိတ္ႏွင့္ ပင္ ျပန္လွည့္ေျပးသြားေလသည္။
သူသည္ ၿပဳံးၿပီး ေမးေစ့ကို ထိလိုက္သည္။ သူက အားေကာင္းတယ္လို႔ ထင္စရာပဲ။
ရွီမာယူယူသည္ အရိပ္မည္းမွ ထိုမရဏာသားရဲကို စိုက္ၾကည့္ေနသည္ကို မျမင္လိုက္ရေပ။ ထိုမရဏာသားရဲ ထြက္ေျပးသြားသည္ကိုသာ ျမင္လိုက္ရကာ ေျပာေလသည္ "မင္းရဲ႕မရဏာေရာင္ဝါက အားေကာင္းလြန္းလို႔ မရဏာသားရဲ ကိုေတာင္မွ ေၾကာက္ၿပီးေျပးသြားေစတာပဲ"
"ဟီးဟီး..." အရိပ္မည္းသည္ ဘာတစ္ခြန္းမွမေျပာဘဲ ရယ္သာေနေလ သည္။
ထိုအရာမွာ မရဏာႏွင့္ ဘာမွမသက္ဆိုင္ေပ။ သူတို႔၏ အသက္ရႈသံမွာ မထုတ္ရေသးသျဖင့္ မရဏာသားရဲမ်ားသည္ သူတို႔၏သ႐ုပ္မွန္ကို မသိၾကေပ။ သူတို႔ေၾကာက္သည္မွာ သူ၏ေနာက္ကြယ္တြင္ ဝူလင္းယူဆိုသည့္လူရွိေနျခင္း ေၾကာင့္သာျဖစ္သည္။ သူတို႔ သူ႔ကိုျမင္ခ်ိန္တြင္ ဝူလင္းယူကို ျမင္လိုက္ရသကဲ့ သို႔ ေၾကာက္႐ြံ႕ၾကသည္။
ထိုအေၾကာင္းေၾကာင့္ပင္ လမ္းတစ္ေလွ်ာက္တြင္ မရဏာသားရဲမ်ား သည္ သူတို႔ကို လမ္းဖယ္ေပးၾကသည္။ မၾကာမီတြင္ သူတို႔သည္ အေငြ႕သားရဲ ၏ အသိုက္သို႔ေရာက္ေလသည္။ သူတို႔ထင္ထားသည့္အတိုင္းပင္ သားရဲတြင္း သုံးခုလုံးမွာ ရွင္းလင္းေနကာ အေငြ႕သားရဲကိုမေတြ႕ရေပ။
"သားရဲတြင္း သုံးခုလုံးမွာမရွိဘူး တျခားသားရဲတြင္းမ်ားရွိမလားလို႔ တစ္ ေယာက္ေယာက္ကို ရွာေမးရမယ္" ရွီမာယူယူ ေျပာလိုက္သည္။
"ကြၽန္ေတာ္ သြားေမးလိုက္မယ္ သခင္မေလးနဲ႔ ဟြမ္က ဒီမွာေစာင့္ေန" အရိပ္မည္း ေျပာလိုက္သည္။
"အတူသြားၾကမလား" ရွီမာယူယူသည္ သူတစ္ေယာက္တည္း သြားသည္ ကိုစိတ္ပူေနကာ အႀကံျပဳလိုက္သည္။
"သူ႔ကို တစ္ေယာက္တည္း သြားခိုင္းလိုက္ပါ" ဟြမ္ ေျပာေလသည္ "ကြၽန္ေတာ္တို႔ ဒီမွာပဲေစာင့္ၾကတာေပါ့"
"ဟုတ္ၿပီေလ တစ္ခုခုအႏၲရာယ္ျဖစ္ၿပီဆိုရင္ ငါတို႔ကို ခ်က္ခ်င္း ဆက္သြယ္ေပး" ရွီမာယူယူ ေျပာလိုက္သည္။
"ဟုတ္ကဲ့ပါ" အရိပ္မည္းသည္ ျပန္ေျဖၿပီးေနာက္ ထြက္သြားေလသည္။ သူသည္ သူတို႔မျမင္ႏိုင္သည့္ အေဝးတစ္ေနရာသို႔ လာၿပီး ေတြ႕သည့္ ငါးတစ္ ေကာင္ကို ရွာေမးလိုက္သည္။
"ကိုယ့္သခင္ ဘာမ်ားမိန႔္မလို႔လဲ" ငါးေလးသည္ တုန္တုန္ယင္ယင္ပင္ ကူးခတ္လာၿပီး ေမးေလသည္။
"မင္းက အေငြ႕သားရဲနဲ႔ ရင္းႏွီးတဲ့ပုံပဲ... သူ႔ရဲ႕ တျခားသားရဲတြင္းေတြက ဘယ္မွာလဲဆိုတာ သိလား" အရိပ္မည္း ေမးလိုက္သည္။
"အေငြ႕သားရဲလား ေမ့ေပ်ာက္ျခင္းျမစ္နားမွာေတာ့ အသိုက္တစ္ခုရွိတယ္ လို႔ ၾကားဖူးတယ္.. ဒါေပမဲ့ ေနရာအတိအက်ကိုေတာ့ မသိူဘူး" ငါးေလး ျပန္ေျဖ ေလသည္။
"ေမ့ေပ်ာက္ျခင္းျမစ္ကိုေရွာင္ဖို႔ နည္းနည္းေတာ့ လွည့္စားရမယ္" အရိပ္ မည္းသည္ ေျပာၿပီးေနာက္ ေမးေစ့ကို ထိလိုက္သည္။
ဝူလင္းယူသည္ ေမ့ေပ်ာက္ျခင္းျမစ္ႏွင့္ တစ္သားတည္းျဖစ္ေနေလၿပီ။ ရွီမာယူယူ ေမ့ေပ်ာက္ျခင္းျမစ္သို႔ေရာက္သည္ႏွင့္ သူမရွိေနသည္ကို သူ ခ်က္ခ်င္းပင္ အာ႐ုံခံႏိုင္မည္။ အဲလိုဆိုရင္ သူ သိသြားမွာပဲ။
"အဲဒီေနရာအျပင္ တျခားေနရာရွိေသးလား" အရိပ္မည္း ေမးလိုက္သည္။
"ေနာက္ထပ္ ႏွစ္ေနရာေတာ့ရွိတယ္... အဲဒါက ကိုယ့္သခင္တို႔ လာတဲ့ ဘက္မွာရွိတာပဲ၊ ၾကည့္ရတာ အဲဒီေနရာေတြကို ေရာက္ခဲ့ၿပီထင္တယ္" ငါးေလး ေျပာေလသည္။
သူ ေနာက္ထပ္ သတင္းမရႏိုင္ေတာ့သည္ကို သိလိုက္သည္ႏွင့္ အရိပ္ မည္းသည္ သူ၏လက္ကိုေဝ့ယမ္းကာ ငါးေလးကို သြားခိုင္းလိုက္ေတာ့သည္
ၿပီးေနာက္တြင္ သူသည္ ေနာက္ထပ္မရဏာသားရဲ ႏွစ္ေကာင္ကိုတား ကာ ေမးသည္။ ရလဒ္မွာေတာ့ အတူတူပင္။
ထို႔ေၾကာင့္ သူျပန္ၿပီး သိလာသမွ်ကို ရွီမာယူယူအား ေျပာျပလိုက္သည္။
ရွီမာယူယူသည္ စိတ္မပ်က္ေပ။ အေငြ႕သားရဲသည္ အစကတည္းကပင္ ေကာက္က်စ္သည္။ ထို႔ေၾကာင့္ သူ ဒဏ္ရာရၿပီးေနာက္တြင္ အလုံၿခဳံဆုံးဟု ခံစားရသည့္ေနရာသို႔ ျပန္သည္မွာ သံသယျဖစ္ဖြယ္ရာမရွိေပ။ အဲလိုဆိုရင္ ရွာဖို႔ အလြယ္ဆုံးေနရာကို ဘယ္ေ႐ြးမလဲ။
သို႔ေသာ္ ေယဘုယ် ဦးတည္ဘက္ကိုသိလွ်င္ ရွာရန္မခက္ေပ။
သူတို႔သည္ ေမ့ေပ်ာက္ျခင္းျမစ္ဘက္သို႔ ခ်ဥ္းကပ္သြားၿပီး နီးလာေလေလ မရဏာသားရဲမ်ားမွာ ထူးဆန္းေလေလျဖစ္သည္။ အရိပ္မည္းကို ျမင္ေသာအခါ သူတို႔၏ တုံ႔ျပန္ခ်က္မွာ ျပင္းထန္လာေလျဖစ္သည္။ ရွီမာယူယူသည္ သကၤာ မကင္းျဖစ္ကာ သူ႔ကို အႀကိမ္ေပါင္းမ်ားစြာ ၾကည့္လာသည္။
အရိပ္မည္းသည္ မသိခ်င္ေယာင္ေဆာင္ထားသည္။ သို႔ေသာ္ တိတ္တိတ္ ေလး မ်က္လုံးလွိမ့္မိသည္။ ဒါ သူ႔အမွားမဟုတ္ဘူးေလ။ လတ္တေလာမွာ မရဏာသားရဲေတြကို အညႇာအတာမရွိလြန္းတဲ့ လူတစ္ေယာက္ေၾကာင့္ေလ။ သူနဲ႔ ဘာမွမဆိုင္ဘူး... ဒါေပမဲ့ သူပါေရာပါသြားတာပဲ။
"ေရွ႕မွာ လႈပ္ရွားမႈရွိတယ္" ဟြမ္သည္ အေရွ႕ကို ၫႊန္ျပေလသည္။
ရွီမာယူယူသည္ ဟြမ္ၫႊန္ျပေသာ ဘက္သို႔ၾကည့္လိုက္ရာ မရဏာသားရဲ ႏွစ္ေကာင္ တိုက္ခိုက္ေနသည္ကို ျမင္လိုက္ရသည္။ ထိုအရာမွာ ထူးျခားလွ သည္ေတာ့မဟုတ္။ သို႔ေသာ္ သူတို႔အေနာက္ကို ျမင္လိုက္ရခ်ိန္တြင္ေတာ့ သူမ ေအာ္မိလိုက္သည္ "အေငြ႕သားရဲက ဒီမွာပဲ"
ထိုသို႔ေျပာရင္းႏွင့္ သူမ ပ်ံသြားလိုက္သည္။ ဟြမ္ႏွင့္ အရိပ္မည္းတို႔သည္ အေငြ႕သားရဲကို မျမင္ရေသာ္လည္း သူမ ေနာက္မွလိုက္လာခဲ့သည္။ သို႔ေသာ္ တိုက္ခိုက္ေနၾကေသာ မရဏာသားရဲမ်ားသည္ အရိပ္မည္းကိုျမင္သည္ႏွင့္ ထြက္ေျပးၾကေလသည္။
အေငြ႕သားရဲသည္ မရဏာသားရဲႏွစ္ေကာင္၏ အေနာက္တြင္ ပုန္းကာ သူတို႔ တိုက္ခိုက္ေနသည္ကို ေလာဘတက္စြာၾကည့္ေနသည္။ သူတို႔ ဒဏ္ရာရ သည္ႏွင့္ သြားစား႐ုံပင္ျဖစ္သည္။ ထိုအခ်ိန္တြင္ သူ႔ဒဏ္ရာမွာ အျမန္သက္သာ လာၿပီး ထိုတေစၦမ်ိဳးႏြယ္ကို လက္စားေခ်ႏိုင္မည္ျဖစ္သည္။
သူ စိတ္အားထက္သန္စြာျဖင့္ ၾကည့္ေနခ်ိန္တြင္ မရဏာသားရဲႏွစ္ေကာင္ မွာ ႐ုတ္တရက္ထေျပးသျဖင့္ သူေၾကာင္သြားသည္။ တစ္ခုခုလြဲမွားေနသည္ကို မစုံစမ္းရေသးခင္မွာပင္ လူသုံးေယာက္ လာေနသည္ကို ျမင္လိုက္ရသည္။
အဲမိန္းမက သူ႔ကို ဒဏ္ရာရေအာင္လုပ္လိုက္တဲ့သူ မဟုတ္ဘူးလား။ သူမ မ်က္လုံးေတြက သူ႔အေပၚေရာက္ေနတာဆိုေတာ့ သူမက ျမင္ႏိုင္တယ္ဆိုတဲ့ သေဘာလား။
"ေသစမ္း ဒီမိန္းမက ဘာလဲဟ" သူသည္ လွည့္ပ်ံကာ စိတ္ထဲမွ က်ိန္ဆဲ လိုက္သည္။ တျခားသူေတြ မျမင္ရတာကို သူမက ဘယ္လိုလုပ္ျမင္ရတာလဲ။ သူမက ဒီအထိလိုက္လာတာဆိုေတာ့ သူ႔ကိုသတ္ဖို႔ဆိုတာ မလြဲဘူးပဲ။ သူတို႔က အခု အစပ္မွာပဲရွိေသးတာ သူ႔နယ္နိမိတ္ထဲေရာက္ရင္ေတာ့ လက္စားေခ်ဖို႔ အခြင့္အေရးပဲ။
အေငြ႕သားရဲ ထြက္ေျပးေတာ့မည္ကို ရွီမာယူယူျမင္ေသာအခါ ထိုေနရာ သို႔ၫႊန္ျပၿပီး ေအာ္လိုက္သည္ "ဟိုမွာပဲ"
အရိပ္မည္းႏွင့္ ဟြမ္တို႔သည္ အတူလုပ္ေဆာင္ေသာ္လည္း သူ ထြက္ေျပး ႏိုင္တုန္းပင္ျဖစ္သည္။ မၾကာမီတြင္ သူတို႔ ေမ့ေပ်ာက္ျခင္းျမစ္သို႔ ေရာက္လာ သည္။
ထိုအခ်ိန္တြင္ ငါးတစ္အုပ္သည္ ႏွစ္ဖက္မွ ကူးခတ္လာၿပီး အရိပ္မည္းႏွင့္ ဟြမ္တို႔ကို ပိတ္လိုက္သည္။ ရွီမာယူယူသည္ လက္ေကာက္ဝတ္တြင္ ရစ္ပတ္ ရႈပ္ေထြးမႈကိုခံစားလိုက္ရၿပီး စကၠန႔္ပိုင္းအတြင္း၌ပင္ ေမ့ေပ်ာက္ျခင္းျမစ္ဆီသို႔ ဆြဲေခၚသြားခံလိုက္ရေတာ့သည္။
Unicode
အပိုင်း (၁၈၆၃) – ထူးဆန်းတဲ့မြစ်ကြမ်းပြင်
နိဗ္ဗာန်မြစ်ထဲမှရေသည် ကြည်လင်ပြီးတောက်ပသည်။ မြစ်အောက်ခြေ၌ ပင် အလင်းရှိလျှင် ပတ်ဝန်းကျင်မှအခြေအနေကို ရှင်းရှင်းလင်းလင်းမြင်နိုင်၏။
သို့သော် ရှီမာယူယူ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်ခန္ဓာကိုယ်ဖြစ်သဖြင့် အတော် ပေါ့သည်။ ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန် စီးရန်အတွက် ပစ္စည်းများချိတ်ဆွဲ ကာ မြစ်အောက်ခြေသို့ဆင်းရသည်။
"အရိပ်မည်း အငွေ့သားရဲက ဒီနားမှာလား" ရှီမာယူယူ မေးလိုက်သည်။
"အငွေ့သားရဲက မြစ်နှစ်မြစ်ဆုံတဲ့နေရာမှာ ရှိတယ်... ဒါပေမဲ့ သူက ပို ကောက်ကျစ်ပြီးတော့ နေရာအနှံ့လည်းနေတတ်တယ် အဲဒါကြောင့် အခု ဘယ် ရောက်နေလဲဆိုတာတော့ မသိဘူး" အရိပ်မည်း ပြန်ဖြေလေသည်။
"အဲဒီနေရာတွေကိုရော သိလား" ဟွမ် မေးလိုက်သည်။
"အဲဒါတွေကိုတော့ သေချာမသိဘူး ငါ သုံးခုလောက်ပဲသိတယ်" အရိပ် မည်းသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူသည် မြစ်အောက် ခြေမှ အခြေအနေကို ကောင်းကောင်းကြီးသိသည်ဟု လေထွားခဲ့သော်လည်း များများစားစားမသိပေ။
"မင်းပဲ ခုနက မြစ်အောက်ခြေက အခြေအနေတွေကို အကုန်သိတယ်လို့ မပြောခဲ့ဘူးလား" ဟွမ် ပြောလိုက်သည်။
"ငါက တခြားဟာတွေသိတာလေ အငွေ့သားရဲအကြောင်းကို အများကြီး မသိဘူး" အရိပ်မည်းသည် ရေရွတ်လေသည်။ ပြီးနောက် သူ ဟွမ်ကို ပြောလိုက် သည် "အဲဒါက အငွေ့သားရဲကို အထင်သေးပြီး သွားရန်မစတဲ့ အဲလူအမှားလေ အဲဒါကြောင့် ငါက သိပ်ပြီးအထိအတွေ့မရှိတာ"
'အဲလူ'ဆိုသည်မှာ မည်သူကို ပြောသည်ကို ဟွမ်သိသည်။ သူသည် အပြစ် မတင်သော်လည်း မျက်လုံးလှိမ့်ပြလိုက်သည်။
"ရပါတယ် တခြားဟာတွေသိရင်ကို ပြဿနာတွေအများကြီး ရှောင်လို့ရ သေးတယ်" ရှီမာယူယူသည် သူ့ကိုနှစ်သိမ့်ပေးသည် "အရင်ဆုံး အဲဒီသုံးနေရာ ကို သွားကြည့်ကြတာပေါ့"
"ဟုတ်ကဲ့"
အရိပ်မည်းသည် သူတို့ကို အငွေ့သားရဲ၏ သားရဲတွင်းကိုခေါ်သွားသည်။ လမ်းတစ်လျှောက်တွင် မရဏာသားရဲများစွာတွေ့ခဲ့သည်။ သူတို့သည် အဝေးမှ ကြည့်လျှင် ကြမ်းတမ်းပုံပေါ်သော်လည်း အနားကပ်လာသည့်အချိန်တွင် ရှောင် သွားကြပြီး သူတို့ကို လာမတိုက်ခိုက်ကြပေ။
ရှီမာယူယူသည် နားမလည်နိုင်ဖြစ်နေကာ မေးလိုက်သည် "နိဗ္ဗာန်မြစ်က မရဏာသားရဲတွေက ဒီလောက်တောင် ဖော်ရွေတာလား" မရဏာသားရဲ အများစုမှာ သူတို့၏ နယ်နိမိတ်အတွင်း ဖြတ်သွားလျှင် ဒေါကြီးမန်ကြီးဖြင့် တိုက်ခိုက်တတ်ကြသည်။ မြစ်အောက်ခြေက မရဏာသားရဲတွေက သူတို့ကို မြင်တာနဲ့ ဘာလို့ရှောင်သွားကြတာလဲ။
အရိပ်မည်းနှင့် ဟွမ်တို့သည် အဖြစ်အပျက်ကို သိထားသော်လည်း သူမကို မပြောကြပေ။ သူတို့သည် ဝိုးတိုးဝါးတားပင်ပြောလေသည် "အဲလိုနေမှာပေါ့"
"အင်း ဘယ်လိုပဲဖြစ်ဖြစ် အဲဒါလည်းကောင်းတာပဲ ငါတို့တွေ ဒုက္ခနည်း တာပေါ့" ရှီမာယူယူ ပြောလိုက်သည်။
"ဟုတ်တယ် ဒါကောင်းတယ်" အရိပ်မည်း ပြုံးလိုက်သည်။ မရဏာသားရဲ တစ်ကောင်သည် သူ့ကို ကြောက်လန့်တကြားကြည့်သည်ကို မြင်သောအခါ ပြန်စိုက်ကြည့်ပေးလိုက်သည်။ ထိုမရဏာသားရဲသည် ကိုယ်ပိုင်အသိစိတ်နှင့် ပင် ပြန်လှည့်ပြေးသွားလေသည်။
သူသည် ပြုံးပြီး မေးစေ့ကို ထိလိုက်သည်။ သူက အားကောင်းတယ်လို့ ထင်စရာပဲ။
ရှီမာယူယူသည် အရိပ်မည်းမှ ထိုမရဏာသားရဲကို စိုက်ကြည့်နေသည်ကို မမြင်လိုက်ရပေ။ ထိုမရဏာသားရဲ ထွက်ပြေးသွားသည်ကိုသာ မြင်လိုက်ရကာ ပြောလေသည် "မင်းရဲ့မရဏာရောင်ဝါက အားကောင်းလွန်းလို့ မရဏာသားရဲ ကိုတောင်မှ ကြောက်ပြီးပြေးသွားစေတာပဲ"
"ဟီးဟီး..." အရိပ်မည်းသည် ဘာတစ်ခွန်းမှမပြောဘဲ ရယ်သာနေလေ သည်။
ထိုအရာမှာ မရဏာနှင့် ဘာမှမသက်ဆိုင်ပေ။ သူတို့၏ အသက်ရှုသံမှာ မထုတ်ရသေးသဖြင့် မရဏာသားရဲများသည် သူတို့၏သရုပ်မှန်ကို မသိကြပေ။ သူတို့ကြောက်သည်မှာ သူ၏နောက်ကွယ်တွင် ဝူလင်းယူဆိုသည့်လူရှိနေခြင်း ကြောင့်သာဖြစ်သည်။ သူတို့ သူ့ကိုမြင်ချိန်တွင် ဝူလင်းယူကို မြင်လိုက်ရသကဲ့ သို့ ကြောက်ရွံ့ကြသည်။
ထိုအကြောင်းကြောင့်ပင် လမ်းတစ်လျှောက်တွင် မရဏာသားရဲများ သည် သူတို့ကို လမ်းဖယ်ပေးကြသည်။ မကြာမီတွင် သူတို့သည် အငွေ့သားရဲ ၏ အသိုက်သို့ရောက်လေသည်။ သူတို့ထင်ထားသည့်အတိုင်းပင် သားရဲတွင်း သုံးခုလုံးမှာ ရှင်းလင်းနေကာ အငွေ့သားရဲကိုမတွေ့ရပေ။
"သားရဲတွင်း သုံးခုလုံးမှာမရှိဘူး တခြားသားရဲတွင်းများရှိမလားလို့ တစ် ယောက်ယောက်ကို ရှာမေးရမယ်" ရှီမာယူယူ ပြောလိုက်သည်။
"ကျွန်တော် သွားမေးလိုက်မယ် သခင်မလေးနဲ့ ဟွမ်က ဒီမှာစောင့်နေ" အရိပ်မည်း ပြောလိုက်သည်။
"အတူသွားကြမလား" ရှီမာယူယူသည် သူတစ်ယောက်တည်း သွားသည် ကိုစိတ်ပူနေကာ အကြံပြုလိုက်သည်။
"သူ့ကို တစ်ယောက်တည်း သွားခိုင်းလိုက်ပါ" ဟွမ် ပြောလေသည် "ကျွန်တော်တို့ ဒီမှာပဲစောင့်ကြတာပေါ့"
"ဟုတ်ပြီလေ တစ်ခုခုအန္တရာယ်ဖြစ်ပြီဆိုရင် ငါတို့ကို ချက်ချင်း ဆက်သွယ်ပေး" ရှီမာယူယူ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ" အရိပ်မည်းသည် ပြန်ဖြေပြီးနောက် ထွက်သွားလေသည်။ သူသည် သူတို့မမြင်နိုင်သည့် အဝေးတစ်နေရာသို့ လာပြီး တွေ့သည့် ငါးတစ် ကောင်ကို ရှာမေးလိုက်သည်။
"ကိုယ့်သခင် ဘာများမိန့်မလို့လဲ" ငါးလေးသည် တုန်တုန်ယင်ယင်ပင် ကူးခတ်လာပြီး မေးလေသည်။
"မင်းက အငွေ့သားရဲနဲ့ ရင်းနှီးတဲ့ပုံပဲ... သူ့ရဲ့ တခြားသားရဲတွင်းတွေက ဘယ်မှာလဲဆိုတာ သိလား" အရိပ်မည်း မေးလိုက်သည်။
"အငွေ့သားရဲလား မေ့ပျောက်ခြင်းမြစ်နားမှာတော့ အသိုက်တစ်ခုရှိတယ် လို့ ကြားဖူးတယ်.. ဒါပေမဲ့ နေရာအတိအကျကိုတော့ မသိူဘူး" ငါးလေး ပြန်ဖြေ လေသည်။
"မေ့ပျောက်ခြင်းမြစ်ကိုရှောင်ဖို့ နည်းနည်းတော့ လှည့်စားရမယ်" အရိပ် မည်းသည် ပြောပြီးနောက် မေးစေ့ကို ထိလိုက်သည်။
ဝူလင်းယူသည် မေ့ပျောက်ခြင်းမြစ်နှင့် တစ်သားတည်းဖြစ်နေလေပြီ။ ရှီမာယူယူ မေ့ပျောက်ခြင်းမြစ်သို့ရောက်သည်နှင့် သူမရှိနေသည်ကို သူ ချက်ချင်းပင် အာရုံခံနိုင်မည်။ အဲလိုဆိုရင် သူ သိသွားမှာပဲ။
"အဲဒီနေရာအပြင် တခြားနေရာရှိသေးလား" အရိပ်မည်း မေးလိုက်သည်။
"နောက်ထပ် နှစ်နေရာတော့ရှိတယ်... အဲဒါက ကိုယ့်သခင်တို့ လာတဲ့ ဘက်မှာရှိတာပဲ၊ ကြည့်ရတာ အဲဒီနေရာတွေကို ရောက်ခဲ့ပြီထင်တယ်" ငါးလေး ပြောလေသည်။
သူ နောက်ထပ် သတင်းမရနိုင်တော့သည်ကို သိလိုက်သည်နှင့် အရိပ် မည်းသည် သူ၏လက်ကိုဝေ့ယမ်းကာ ငါးလေးကို သွားခိုင်းလိုက်တော့သည်
ပြီးနောက်တွင် သူသည် နောက်ထပ်မရဏာသားရဲ နှစ်ကောင်ကိုတား ကာ မေးသည်။ ရလဒ်မှာတော့ အတူတူပင်။
ထို့ကြောင့် သူပြန်ပြီး သိလာသမျှကို ရှီမာယူယူအား ပြောပြလိုက်သည်။
ရှီမာယူယူသည် စိတ်မပျက်ပေ။ အငွေ့သားရဲသည် အစကတည်းကပင် ကောက်ကျစ်သည်။ ထို့ကြောင့် သူ ဒဏ်ရာရပြီးနောက်တွင် အလုံခြုံဆုံးဟု ခံစားရသည့်နေရာသို့ ပြန်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။ အဲလိုဆိုရင် ရှာဖို့ အလွယ်ဆုံးနေရာကို ဘယ်ရွေးမလဲ။
သို့သော် ယေဘုယျ ဦးတည်ဘက်ကိုသိလျှင် ရှာရန်မခက်ပေ။
သူတို့သည် မေ့ပျောက်ခြင်းမြစ်ဘက်သို့ ချဉ်းကပ်သွားပြီး နီးလာလေလေ မရဏာသားရဲများမှာ ထူးဆန်းလေလေဖြစ်သည်။ အရိပ်မည်းကို မြင်သောအခါ သူတို့၏ တုံ့ပြန်ချက်မှာ ပြင်းထန်လာလေဖြစ်သည်။ ရှီမာယူယူသည် သင်္ကာ မကင်းဖြစ်ကာ သူ့ကို အကြိမ်ပေါင်းများစွာ ကြည့်လာသည်။
အရိပ်မည်းသည် မသိချင်ယောင်ဆောင်ထားသည်။ သို့သော် တိတ်တိတ် လေး မျက်လုံးလှိမ့်မိသည်။ ဒါ သူ့အမှားမဟုတ်ဘူးလေ။ လတ်တလောမှာ မရဏာသားရဲတွေကို အညှာအတာမရှိလွန်းတဲ့ လူတစ်ယောက်ကြောင့်လေ။ သူနဲ့ ဘာမှမဆိုင်ဘူး... ဒါပေမဲ့ သူပါရောပါသွားတာပဲ။
"ရှေ့မှာ လှုပ်ရှားမှုရှိတယ်" ဟွမ်သည် အရှေ့ကို ညွှန်ပြလေသည်။
ရှီမာယူယူသည် ဟွမ်ညွှန်ပြသော ဘက်သို့ကြည့်လိုက်ရာ မရဏာသားရဲ နှစ်ကောင် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ ထိုအရာမှာ ထူးခြားလှ သည်တော့မဟုတ်။ သို့သော် သူတို့အနောက်ကို မြင်လိုက်ရချိန်တွင်တော့ သူမ အော်မိလိုက်သည် "အငွေ့သားရဲက ဒီမှာပဲ"
ထိုသို့ပြောရင်းနှင့် သူမ ပျံသွားလိုက်သည်။ ဟွမ်နှင့် အရိပ်မည်းတို့သည် အငွေ့သားရဲကို မမြင်ရသော်လည်း သူမ နောက်မှလိုက်လာခဲ့သည်။ သို့သော် တိုက်ခိုက်နေကြသော မရဏာသားရဲများသည် အရိပ်မည်းကိုမြင်သည်နှင့် ထွက်ပြေးကြလေသည်။
အငွေ့သားရဲသည် မရဏာသားရဲနှစ်ကောင်၏ အနောက်တွင် ပုန်းကာ သူတို့ တိုက်ခိုက်နေသည်ကို လောဘတက်စွာကြည့်နေသည်။ သူတို့ ဒဏ်ရာရ သည်နှင့် သွားစားရုံပင်ဖြစ်သည်။ ထိုအချိန်တွင် သူ့ဒဏ်ရာမှာ အမြန်သက်သာ လာပြီး ထိုတစ္ဆေမျိုးနွယ်ကို လက်စားချေနိုင်မည်ဖြစ်သည်။
သူ စိတ်အားထက်သန်စွာဖြင့် ကြည့်နေချိန်တွင် မရဏာသားရဲနှစ်ကောင် မှာ ရုတ်တရက်ထပြေးသဖြင့် သူကြောင်သွားသည်။ တစ်ခုခုလွဲမှားနေသည်ကို မစုံစမ်းရသေးခင်မှာပင် လူသုံးယောက် လာနေသည်ကို မြင်လိုက်ရသည်။
အဲမိန်းမက သူ့ကို ဒဏ်ရာရအောင်လုပ်လိုက်တဲ့သူ မဟုတ်ဘူးလား။ သူမ မျက်လုံးတွေက သူ့အပေါ်ရောက်နေတာဆိုတော့ သူမက မြင်နိုင်တယ်ဆိုတဲ့ သဘောလား။
"သေစမ်း ဒီမိန်းမက ဘာလဲဟ" သူသည် လှည့်ပျံကာ စိတ်ထဲမှ ကျိန်ဆဲ လိုက်သည်။ တခြားသူတွေ မမြင်ရတာကို သူမက ဘယ်လိုလုပ်မြင်ရတာလဲ။ သူမက ဒီအထိလိုက်လာတာဆိုတော့ သူ့ကိုသတ်ဖို့ဆိုတာ မလွဲဘူးပဲ။ သူတို့က အခု အစပ်မှာပဲရှိသေးတာ သူ့နယ်နိမိတ်ထဲရောက်ရင်တော့ လက်စားချေဖို့ အခွင့်အရေးပဲ။
အငွေ့သားရဲ ထွက်ပြေးတော့မည်ကို ရှီမာယူယူမြင်သောအခါ ထိုနေရာ သို့ညွှန်ပြပြီး အော်လိုက်သည် "ဟိုမှာပဲ"
အရိပ်မည်းနှင့် ဟွမ်တို့သည် အတူလုပ်ဆောင်သော်လည်း သူ ထွက်ပြေး နိုင်တုန်းပင်ဖြစ်သည်။ မကြာမီတွင် သူတို့ မေ့ပျောက်ခြင်းမြစ်သို့ ရောက်လာ သည်။
ထိုအချိန်တွင် ငါးတစ်အုပ်သည် နှစ်ဖက်မှ ကူးခတ်လာပြီး အရိပ်မည်းနှင့် ဟွမ်တို့ကို ပိတ်လိုက်သည်။ ရှီမာယူယူသည် လက်ကောက်ဝတ်တွင် ရစ်ပတ် ရှုပ်ထွေးမှုကိုခံစားလိုက်ရပြီး စက္ကန့်ပိုင်းအတွင်း၌ပင် မေ့ပျောက်ခြင်းမြစ်ဆီသို့ ဆွဲခေါ်သွားခံလိုက်ရတော့သည်။