Zawgyi
အပိုင္း (၁၈၅၃) – အေပ်ာ္ဝင္ပါခ်င္တဲ့ ငွက္ေလး
ခရမ္းေလးကို မည္သူမွထည့္မစဥ္းစားမိေပ။ သို႔ေသာ္ ခရမ္းေလး လက္ ကိုေဝွ႔လိုက္သည္ႏွင့္ မိုးႀကိဳးသြားသည္ အေစခံဆီသို႔ တိုက္႐ိုက္ဝင္သြားၿပီး မီးေသြးခဲတုံးျဖစ္သြားေလသည္။
တျခားသူမ်ားမွာ မွင္တက္သြားေတာ့သည္။ ဒီမိုးႀကိဳးသြားက ဘယ္က ေရာက္လာတာလဲ။
"ဟင္း... လူေတြ ငါ့ကိုအထင္ေသးတာကို မခံႏိုင္ဘူး" ခရမ္းေလးသည္ လက္သည္းမ်ားကို မႈတ္ၿပီး ရွီမာယူယူ၏ ရင္ခြင္ထဲသို႔ ျပန္ထိုင္ေလသည္။
"ဟုတ္ၿပီ... ခရမ္းေလးလႈပ္ရွားတာနဲ႔ ဒီလိုမ်ိဳးျဖစ္မယ္ဆိုတာကို ငါ သိေန တယ္" ေရွာင္ခ်ီသည္ သူမ၏ မိုးႀကိဳးသြားကို ထိုလူမ်ားခိုးသြားသည္ကို စိတ္ အေႏွာင့္အယွက္ျဖစ္သည့္အလား မ်က္လုံးကိုလွိမ့္လိုက္သည္။
"ငါတို႔ေတြကို မမွန္ရင္ၿပီးတာပဲ" မဟူရာသည္ မိုးႀကိဳးသြားကို ေၾကာက္ သျဖင့္ ခရမ္းေလးကို ဘာမွမလုပ္ရဲေပ။
"မင္းမွာ စိတ္ကူးယဥ္ဖို႔အခ်ိန္ရွိရင္ အဲလူႏွစ္ေယာက္ကို ေကာင္းေကာင္း ေလးရွင္းလိုက္" အိပ္မက္ေလးသည္ ထိုကိစၥကို မည္သည့္ခံစားခ်က္မွမရွိေပ။ ေရပန္းစားရန္အတြက္ ရန္ျဖစ္ရန္မလိုေပ။ ထို႔ေၾကာင့္ ျငင္းခုံစရာအေၾကာင္းမရွိ ေပ။
"တေစၦေလာကမွာ ငါတို႔ေတြက အားမသာဘူးပဲ" ငွက္ေလးသည္ လူသား ေလာကတြင္ ကဗ်ာဆန္သည္ဟု သူ႔ကိုယ္သူ ထင္သည္။ သို႔ေသာ္ မည္သူမွ ထိုအရာကို ဂ႐ုမစိုက္ေတာ့ေပ။
ဟာစြန္သည္ အကူအညီမဲ့စြာျဖင့္ ၿပဳံးလိုက္သည္။ ဒီေကာင္ေတြေတာ့...
သားရဲမ်ားသည္ ဆက္လက္တိုက္ခိုက္သည္။ သို႔ေသာ္ ကုန္းဇီယြမ္ႏွင့္ ေရွာင္ေရာ့ပိုင္တို႔သည္ ေတာင့္မခံႏိုင္ေတာ့ေပ။
သူတို႔သည္ တေစၦမ်ိဳးႏြယ္မ်ားျဖစ္သျဖင့္ ခႏၶာကိုယ္ကို မိုးႀကိဳးသြား ႐ိုက္ခတ္သြားမႈေၾကာင့္ ပူေလာင္ျခင္းကိုခံစားေနတုန္းပင္။
သူတို႔သည္ ခရမ္းေလးကို ထာဝရေတာက္ပျခင္းၿမိဳ႕ေတာ္တြင္ရွိစဥ္က ျမင္ဖူးခဲ့သည္။ သူ လက္ကေလးကို ေဝွ႔ယမ္းလိုက္သည္ႏွင့္ မိုးႀကိဳးသြားထြက္ လာႏိုင္ေလာက္ေအာင္ အားႀကီးလိမ့္မည္ဟု သူတို႔ထင္မထား႐ုံသာျဖစ္သည္။
တိစစ္ခုံသည္ ခရမ္းေလးကို အလန႔္တၾကားၾကည့္ေလသည္။ ရွီမာယူယူ ၏ ေဘးတြင္ ခရမ္းေရာင္ေၾကာင္ေလးရွိသည္ကို သူသိသည္။ သို႔ေသာ္ လွ်ပ္စီး ကိုသုံးႏိုင္လိမ့္မည္ကို ထင္မထားေပ။
"မင္းမွာရွိေနတာက ဘယ္လိုမရဏာသားရဲမ်ိဳးလဲ အဲဒါက အရမ္းကို..." 'အားေကာင္းတာပဲ' ဆိုသည့္ စကားလုံးသည္ သူ၏လည္ေခ်ာင္းတြင္ တစ္သြား သည္။ သူသည္ မေျပာႏိုင္ေတာ့ေပ။ လက္ရွိအေျခအေနမွာ သူ႔အတြက္ မေကာင္းလွေပ။
"ကြၽန္မက ဒီကိုတစ္ေယာက္တည္းလာရဲမွေတာ့ ကြၽန္မကိုသတၱိေပးႏိုင္ တဲ့ေနာက္ခံတစ္ခုခုရွိလို႔ပဲေပါ့" ရွီမာယူယူသည္ ခရမ္းေလးကိုပြတ္သပ္လိုက္ သည္ "ကြၽန္မတို႔ကို လႊတ္ေပးဖို႔ ရွင့္ကိုအခြင့္အေရးေပးခဲ့တယ္ ဒါေပမဲ့ ကြၽန္မ ဒီနည္းလမ္းကို ထုတ္သုံးရေအာင္လို႔ ရွင္အတင္းဖိအားေပးခဲ့တယ္"
တိစစ္ခုံ၏ မ်က္ႏွာအမူအရာမွာ အလြန္အက်ည္းတန္သြားေလသည္။ ဒီ ကမာၻႀကီးမွာ ဒီလိုပုံမွန္မဟုတ္တဲ့လူရွိမယ္လို႔ သူ ဘယ္လိုလုပ္မွန္းတတ္မွာလဲ။
သူသည္ ရွီမာယူယူ ပထမဆုံးအႀကိမ္ မရဏာေရွးပစၥည္းဆိုင္ေတြကို သြား ကတည္းက သတိထားမိသည္။ ထိုစဥ္က မု႐ုန္ရွီသည္ သာမန္လူမဟုတ္သည္ ကို ခံစားမိသည္။ ထို႔ေၾကာင့္ သူမ၏ ေနာက္ခံကိုစုံစမ္းရန္ အမိန႔္ေပးခဲ့သည္။
တေစၦေလာကရွိ အျမင့္ဆုံးဂိုဏ္းမ်ားထဲမွ တစ္ခုအေနႏွင့္ သူရထားေသာ သတင္းမွာ တျခားသူမ်ားထက္ အေသးစိတ္က်သည္။ ကြဲလြဲမႈမ်ားစြာရွိေန သျဖင့္ သူမသည္ မု႐ုန္ရွီႏွင့္မတူေသာေၾကာင့္ သူ ခန႔္မွန္းႏိုင္ခဲ့သည္။
သူသည္ တျခားသူမ်ားထက္ ျမင္တတ္ခဲ့သည္။ သို႔ေသာ္ အစကိုသာ ခန႔္မွန္းႏိုင္ခဲ့ၿပီး အဆုံးကိုေတာ့ မမွန္းမိခဲ့ေပ။ သူမတြင္ ဤမွ်မ်ားျပားေသာ သားရဲမ်ားရွိက သူမကိုယ္တိုင္လည္း ဤမွ်အားေကာင္းလိမ့္မည္ဟု ထင္မထား ေပ။
"ငါ့ ယူယူကို ထိခိုက္ေအာင္ လုပ္ႏိုင္မယ္လို႔ မင္းထင္ေနလား" မဟူရာ သည္ အၿမီးကိုေဝွ႔ယမ္းလိုက္ရာ တိစစ္ခုံသည္ သူ၏ဘီးတပ္ကုလားထိုင္ႏွင့္ အတူ ေလထဲသို႔လႊင့္သြားၿပီး မလွမ္းမကမ္းတြင္ သြားက်သည္။
တစ္ခ်ိန္တည္းမွာပင္ တပ္သားတခ်ိဳ႕သည္ သူ႔ေဘးသို႔ပ်ံသြားကာ ကာကြယ္ေပးၿပီး မ်ားစြာေသာ တပ္သားမ်ားသည္ မဟူရာကို တိုက္ခိုက္ၾကေလ သည္။
တျခားေသာသားရဲမ်ားသည္ သူတို႔၏ ရန္သူႏွင့္သူတို႔ တိုက္ခိုက္ေနၾက သည္။ သို႔ေသာ္ မဟူရာကို အားေကာင္းေသာလူမ်ား ဝိုင္းေနၾကသျဖင့္ အေၾကာင္းမလွကာ အၿမီးမွာ အႀကိမ္ေပါင္းမ်ားစြာအခုတ္ခံရေတာ့သည္။
"ဒီမွာပဲေနေန ထြက္မလာနဲ႔" ရွီမာယူယူသည္ သူတို႔ႏွစ္ေယာက္ကို ေျပာ လိုက္သည္။ ၿပီးေနာက္ ခရမ္းေလးကို ပခုံးေပၚတင္ကာ အကာအကြယ္ထဲမွ ထြက္ခဲ့လိုက္သည္။
အျပင္တြင္ အလြန္အႏၲရာယ္မ်ားသည္ဟု ကုန္းဇီယြမ္ႏွင့္ ေရွာင္ေရွာ့ပိုင္ တို႔ေျပာခ်င္ေသာ္လည္း သူမသည္ ထြက္သြားၿပီျဖစ္ရာ သူမေနာက္သို႔ လိုက္မရ ေတာ့ေပ။
သူတို႔ အကာအကြယ္အတြင္းေနမွသာ သူမအတြက္ အေႏွာင့္အယွက္ မျဖစ္ေစမည္ပင္။
ရွီမာယူယူ ပ်ံသြားသည္။ ထိုလူမ်ားသည္ သူမ၏ ပခုံးေပၚမွ ခရမ္းေလးကို ျမင္ေသာအခါ ေနာက္ျပန္ဆုတ္ၾကသည္။
"ယူယူ သူတို႔က ငါ့ေက်ာကို မီးနဲ႔ျမႇိဳက္တယ္" မဟူရာသည္ ရွီမာယူယူကို ကေလးသဖြယ္ ငိုေျပာသည္။
"မင္း ေက်ာကို မီးနဲ႔ျမႇိဳက္တယ္ဟုတ္လား... ငါတို႔မွာ မီးမရွိဘူးဆိုၿပီး သူတို႔က အႏိုင္လာက်င့္တာလား" ရွီမာယူယူသည္ ေအးစက္စြာ ႏွာမႈတ္လိုက္ သည္။ သူမ၏ ညာဘက္လက္ေခ်ာင္း ဆန႔္ထုတ္လိုက္သည္ႏွင့္ မီးေတာက္ တစ္ခုသည္ ႐ုတ္တရက္ သူမလက္မွထြက္လာသည္။
ငွက္ေလး ထြက္လာသည္ႏွင့္ ရွီမာယူယူ အေျပာကိုပင္ မေစာင့္ေတာ့ဘဲ ေပ်ာ္႐ႊင္စြာျဖင့္ ေလထဲတြင္ အဆက္မျပတ္ပ်ံသန္းေလသည္။
အတန္ၾကာေအာင္ အိပ္ေမာက်ၿပီးေနာက္ ေနာက္ဆုံးတြင္ ေနရာတိုင္းကို ပ်ံသန္းႏိုင္ေနေလၿပီ။
"ဒါက ဘာမီးေတာက္လဲ ဘာလို႔ဒီေလာက္ပူရတာလဲ" တေစၦမ်ိဳးႏြယ္မွလူ မ်ား ေအာ္ၾကေလသည္။
"ဒါကနိဗၺာန္မီးပဲ ေသခ်ာေပါက္ အပူခ်ိန္ျမင့္တာေပါ့" မဟူရာ ႏွာမႈတ္ေလ သည္ "မင္းတို႔က ငါ့ေက်ာကိုမီးျမႇိဳက္ခဲ့တာမလား ဟားဟား အခုေတာ့ မင္းတို႔ လည္း မီးေလာင္ရတဲ့ အရသာေလးခံစားၾကည့္လိုက္ဦး ငွက္ေလး သူတို႔ ေက်ာ ကိုသြားမီးျမႇိဳက္လိုက္ေတာ့"
ငွက္ေလးသည္ ေပ်ာ္႐ႊင္စြာျဖင့္ ႏွစ္ပတ္ပတ္ၿပီးေနာက္ နဂါးနက္ကို ဝိုင္း ထားေသာလူမ်ားဆီသို႔ ပ်ံသြားေလသည္။ ထိုလူမ်ားသည္ ေအာ္ရန္ အခ်ိန္ပင္ မရွိလိုက္ဘဲ ျပာက်သြားေလသည္။
ထိုျမင္ကြင္းသည္ ထိုေနရာတြင္ရွိေနေသာလူမ်ားကို ထိတ္လန႔္သြားေစ သည္။ ဒီေလာက္ အားေကာင္းတဲ့ မီးေတာက္ရွိေသးတာလား။
"ဒါက အံ့ဖြယ္ပဒါးငွက္ရဲ႕ မီးေတာက္မလား" တိစစ္ခုံသည္ ရွီမာယူယူကို ၾကည့္ၿပီး သူမကို ရန္စမိသည့္အတြက္ ေနာင္တရေနသည္။
"ၾကည့္ရတာ ရွင္က ကြၽန္မအေၾကာင္း အမ်ားႀကီးမသိေသးဘူးပဲ" ရွီမာယူယူ ေျပာလိုက္သည္ "ကြၽန္မအေၾကာင္းကိုသာ ပိုသိလိုက္ရင္ ကြၽန္မရဲ႕ အသက္စာခ်ဳပ္သားရဲက အံ့ဖြယ္ပဒါးငွက္ျဖစ္တာကို သိမွာပဲ"
"ဘာ... ဘာ"
"ကြၽန္မရဲ႕ လက္ရွိအားက တိစစ္မိသားစုမ်ိဳးႏြယ္ျဖစ္ျဖစ္ တေစၦၾကင္ယာ ေတာ္တို႔နဲ႔ ယွဥ္ဖို႔ လုံေလာက္ခ်င္မွလုံေလာက္မယ္... ဒါေပမဲ့ ရွင့္ကိုေတာ့ ကိုင္တြယ္ႏိုင္ေသးတယ္" ရွီမာယူယူ ေျပာလိုက္သည္ "တိစစ္ခုံ ရွင္က ကြၽန္မရဲ႕ သ႐ုပ္မွန္ကို ခန႔္မွန္းႏိုင္ေလာက္ေအာင္ အရည္အခ်င္းရွိပါတယ္... ဒါေပမဲ့ တစ္ခ်ိန္တည္းမွာပဲ ရွင္က ေမာက္မာလြန္းတယ္... ရွင့္ကိုယ္ရွင္ ယုံၾကည္မႈ လြန္ကဲေနတာက ကြၽန္မ ဖမ္းတာကိုအလြယ္တကူခံလိုက္ရတာပဲ"
"ၾကည့္ရတာ ငါ အမွားႀကီးလုပ္မိၿပီထင္တယ္" တိစစ္ခုံ ေျပာလိုက္သည္ "ဒါေပမဲ့ မင္းလည္း အမွားလုပ္မိတာပဲ"
ရွီမာယူယူ မ်က္ခုံးမ်ားကို ပင့္လိုက္သည္။
"မင္းက အရမ္းအားေကာင္းၿပီး အဲဒီသားရဲေတြက မင္းရဲ႕စာခ်ဳပ္သားရဲ ျဖစ္ေနေပမဲ့ မင္းေသသြားတာနဲ႔ စာခ်ဳပ္သားရဲေတြက အလိုလိုေပ်ာက္သြားမွာပဲ" သူ ေျပာၿပီးသည္ႏွင့္ တိစစ္ခုံသည္ ဝိညာဥ္စြမ္းအင္ကို အျမန္စုၿပီး ရွီမာယူယူကို တိုက္ခိုက္ေလသည္။
"မရဏာသိုင္းသုံးႏိုင္တာ ရွင္တစ္ေယာက္ပဲရွိတယ္လို႔ ထင္ေနတာလား"
ရွီမာယူယူသည္လည္း လက္ႏွစ္ဖက္ကို ခ်ိတ္ၿပီး ဝိညာဥ္စြမ္းအင္အျဖစ္ ေျပာင္းကာ တိစစ္ခုံ၏ ဝိညာဥ္စြမ္းအင္ကို ပိုက္ကြန္ျဖင့္ ပိတ္ထားလိုက္ရာ ဝိညာဥ္စြမ္းအင္မွာ ေပ်ာက္ကြယ္သြားေလသည္။
"ေကာင္းကင္နဲ႔ေျမႀကီးပိုက္ကြန္... ဒါက သခင္မိုယြိရဲ႕ မရဏာသိုင္းပဲ မင္း ဘယ္လိုသိတာလဲ" တိစစ္ခုံ ေအာ္ေလသည္။
"သူ သင္ေပးလို႔ေပါ့... ကြၽန္မက သူနဲ႔ ဆက္ဆံေရးေကာင္းတာကို ရွင္ မသိဘူးလား" ရွီမာယူယူ ေျပာၿပီးသည္ႏွင့္ တိစစ္ခုံကို ေနာက္ထပ္ပိုက္ကြန္ တစ္ခု ပစ္လိုက္သည္။
ရွီမာယူယူ ဝိညာဥ္သိုင္းမ်ား တစ္ခုၿပီးတစ္ခု ပစ္လႊတ္သည္ကို ကုန္းဇီယြမ္ ႏွင့္ ေရွာင္ေရာ့ပိုင္တို႔ ၾကည့္ေနၾကသည္။ သူမ၏ ဝိညာဥ္စြမ္းအင္မွာ အဆုံးမရွိ သည့္ပုံပင္။
"ငါ သူမကို ပထမဆုံးေတြ႕ခဲ့တုန္းက ဝိညာဥ္စြမ္းအင္မရွိတဲ့ ေကာင္မေလး တစ္ေယာက္ပဲ... အခု သူမက ငါတို႔နဲ႔ အလွမ္းေဝးသြားသလိုပဲ" ကုန္းဇီယြမ္ သက္ျပင္းခ်လိုက္သည္။
"ဟုတ္တယ္ သူမက ယွဥ္ဖို႔ကိုေဝးကြာသြားၿပီ သူမရဲ႕ အားအင္ကေရာ သူမရဲ႕ သ႐ုပ္မွန္ကေရာ" ေရွာင္ေရာ့ပိုင္ ေရ႐ြတ္လိုက္သည္။
ကုန္းဇီယြမ္သည္ ေရွာင္ေရာ့ပိုင္၏ ေဘးႏွစ္ဖက္ကိုၾကည့္ၿပီး သူမ၏ ပခုံး ကို ပုတ္လိုက္သည္ "နင္နဲ႔ ရွီအာအၾကားမွာ ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့... အကုန္ၿပီး သြားခဲ့ၿပီပဲ... အဲဒါက သူမအမွားမဟုတ္ဘူးဆိုတာ နင္လည္းသိတာပဲ... ၿပီးေတာ့ သူမက နင္နဲ႔ငါအတြက္ အမ်ားႀကီးလုပ္ေပးေနတာပဲ... ဒီအတိုင္း ေက်ာ္သြားလိုက္လို႔မရဘူးလား"
"ေက်ာ္သြားေပးရမယ္ ဟုတ္လား ေရွာင္မိသားစုက ျပန္မလာႏိုင္ေတာ့ ဘူး ငါတို႔က အရင္လိုမ်ိဳး ဘယ္လိုျပန္ေနႏိုင္ေတာ့မွာလဲ" ေရွာင္ေရာ့ပိုင္သည္ ရွီမာယူယူကို ၾကည့္လိုက္သည္ "ငါ ဒီအတိုင္းေက်ာ္မသြားႏိုင္ဘူး ယြမ္ ငါတို႔ ၾကားက ကိစၥေတြက အရင္လိုျပန္မျဖစ္ႏိုင္ဘူး"
Unicode
အပိုင်း (၁၈၅၃) – အပျော်ဝင်ပါချင်တဲ့ ငှက်လေး
ခရမ်းလေးကို မည်သူမှထည့်မစဉ်းစားမိပေ။ သို့သော် ခရမ်းလေး လက် ကိုဝှေ့လိုက်သည်နှင့် မိုးကြိုးသွားသည် အစေခံဆီသို့ တိုက်ရိုက်ဝင်သွားပြီး မီးသွေးခဲတုံးဖြစ်သွားလေသည်။
တခြားသူများမှာ မှင်တက်သွားတော့သည်။ ဒီမိုးကြိုးသွားက ဘယ်က ရောက်လာတာလဲ။
"ဟင်း... လူတွေ ငါ့ကိုအထင်သေးတာကို မခံနိုင်ဘူး" ခရမ်းလေးသည် လက်သည်းများကို မှုတ်ပြီး ရှီမာယူယူ၏ ရင်ခွင်ထဲသို့ ပြန်ထိုင်လေသည်။
"ဟုတ်ပြီ... ခရမ်းလေးလှုပ်ရှားတာနဲ့ ဒီလိုမျိုးဖြစ်မယ်ဆိုတာကို ငါ သိနေ တယ်" ရှောင်ချီသည် သူမ၏ မိုးကြိုးသွားကို ထိုလူများခိုးသွားသည်ကို စိတ် အနှောင့်အယှက်ဖြစ်သည့်အလား မျက်လုံးကိုလှိမ့်လိုက်သည်။
"ငါတို့တွေကို မမှန်ရင်ပြီးတာပဲ" မဟူရာသည် မိုးကြိုးသွားကို ကြောက် သဖြင့် ခရမ်းလေးကို ဘာမှမလုပ်ရဲပေ။
"မင်းမှာ စိတ်ကူးယဉ်ဖို့အချိန်ရှိရင် အဲလူနှစ်ယောက်ကို ကောင်းကောင်း လေးရှင်းလိုက်" အိပ်မက်လေးသည် ထိုကိစ္စကို မည်သည့်ခံစားချက်မှမရှိပေ။ ရေပန်းစားရန်အတွက် ရန်ဖြစ်ရန်မလိုပေ။ ထို့ကြောင့် ငြင်းခုံစရာအကြောင်းမရှိ ပေ။
"တစ္ဆေလောကမှာ ငါတို့တွေက အားမသာဘူးပဲ" ငှက်လေးသည် လူသား လောကတွင် ကဗျာဆန်သည်ဟု သူ့ကိုယ်သူ ထင်သည်။ သို့သော် မည်သူမှ ထိုအရာကို ဂရုမစိုက်တော့ပေ။
ဟာစွန်သည် အကူအညီမဲ့စွာဖြင့် ပြုံးလိုက်သည်။ ဒီကောင်တွေတော့...
သားရဲများသည် ဆက်လက်တိုက်ခိုက်သည်။ သို့သော် ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် တောင့်မခံနိုင်တော့ပေ။
သူတို့သည် တစ္ဆေမျိုးနွယ်များဖြစ်သဖြင့် ခန္ဓာကိုယ်ကို မိုးကြိုးသွား ရိုက်ခတ်သွားမှုကြောင့် ပူလောင်ခြင်းကိုခံစားနေတုန်းပင်။
သူတို့သည် ခရမ်းလေးကို ထာဝရတောက်ပခြင်းမြို့တော်တွင်ရှိစဉ်က မြင်ဖူးခဲ့သည်။ သူ လက်ကလေးကို ဝှေ့ယမ်းလိုက်သည်နှင့် မိုးကြိုးသွားထွက် လာနိုင်လောက်အောင် အားကြီးလိမ့်မည်ဟု သူတို့ထင်မထားရုံသာဖြစ်သည်။
တိစစ်ခုံသည် ခရမ်းလေးကို အလန့်တကြားကြည့်လေသည်။ ရှီမာယူယူ ၏ ဘေးတွင် ခရမ်းရောင်ကြောင်လေးရှိသည်ကို သူသိသည်။ သို့သော် လျှပ်စီး ကိုသုံးနိုင်လိမ့်မည်ကို ထင်မထားပေ။
"မင်းမှာရှိနေတာက ဘယ်လိုမရဏာသားရဲမျိုးလဲ အဲဒါက အရမ်းကို..." 'အားကောင်းတာပဲ' ဆိုသည့် စကားလုံးသည် သူ၏လည်ချောင်းတွင် တစ်သွား သည်။ သူသည် မပြောနိုင်တော့ပေ။ လက်ရှိအခြေအနေမှာ သူ့အတွက် မကောင်းလှပေ။
"ကျွန်မက ဒီကိုတစ်ယောက်တည်းလာရဲမှတော့ ကျွန်မကိုသတ္တိပေးနိုင် တဲ့နောက်ခံတစ်ခုခုရှိလို့ပဲပေါ့" ရှီမာယူယူသည် ခရမ်းလေးကိုပွတ်သပ်လိုက် သည် "ကျွန်မတို့ကို လွှတ်ပေးဖို့ ရှင့်ကိုအခွင့်အရေးပေးခဲ့တယ် ဒါပေမဲ့ ကျွန်မ ဒီနည်းလမ်းကို ထုတ်သုံးရအောင်လို့ ရှင်အတင်းဖိအားပေးခဲ့တယ်"
တိစစ်ခုံ၏ မျက်နှာအမူအရာမှာ အလွန်အကျည်းတန်သွားလေသည်။ ဒီ ကမ္ဘာကြီးမှာ ဒီလိုပုံမှန်မဟုတ်တဲ့လူရှိမယ်လို့ သူ ဘယ်လိုလုပ်မှန်းတတ်မှာလဲ။
သူသည် ရှီမာယူယူ ပထမဆုံးအကြိမ် မရဏာရှေးပစ္စည်းဆိုင်တွေကို သွား ကတည်းက သတိထားမိသည်။ ထိုစဉ်က မုရုန်ရှီသည် သာမန်လူမဟုတ်သည် ကို ခံစားမိသည်။ ထို့ကြောင့် သူမ၏ နောက်ခံကိုစုံစမ်းရန် အမိန့်ပေးခဲ့သည်။
တစ္ဆေလောကရှိ အမြင့်ဆုံးဂိုဏ်းများထဲမှ တစ်ခုအနေနှင့် သူရထားသော သတင်းမှာ တခြားသူများထက် အသေးစိတ်ကျသည်။ ကွဲလွဲမှုများစွာရှိနေ သဖြင့် သူမသည် မုရုန်ရှီနှင့်မတူသောကြောင့် သူ ခန့်မှန်းနိုင်ခဲ့သည်။
သူသည် တခြားသူများထက် မြင်တတ်ခဲ့သည်။ သို့သော် အစကိုသာ ခန့်မှန်းနိုင်ခဲ့ပြီး အဆုံးကိုတော့ မမှန်းမိခဲ့ပေ။ သူမတွင် ဤမျှများပြားသော သားရဲများရှိက သူမကိုယ်တိုင်လည်း ဤမျှအားကောင်းလိမ့်မည်ဟု ထင်မထား ပေ။
"ငါ့ ယူယူကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ မင်းထင်နေလား" မဟူရာ သည် အမြီးကိုဝှေ့ယမ်းလိုက်ရာ တိစစ်ခုံသည် သူ၏ဘီးတပ်ကုလားထိုင်နှင့် အတူ လေထဲသို့လွှင့်သွားပြီး မလှမ်းမကမ်းတွင် သွားကျသည်။
တစ်ချိန်တည်းမှာပင် တပ်သားတချို့သည် သူ့ဘေးသို့ပျံသွားကာ ကာကွယ်ပေးပြီး များစွာသော တပ်သားများသည် မဟူရာကို တိုက်ခိုက်ကြလေ သည်။
တခြားသောသားရဲများသည် သူတို့၏ ရန်သူနှင့်သူတို့ တိုက်ခိုက်နေကြ သည်။ သို့သော် မဟူရာကို အားကောင်းသောလူများ ဝိုင်းနေကြသဖြင့် အကြောင်းမလှကာ အမြီးမှာ အကြိမ်ပေါင်းများစွာအခုတ်ခံရတော့သည်။
"ဒီမှာပဲနေနေ ထွက်မလာနဲ့" ရှီမာယူယူသည် သူတို့နှစ်ယောက်ကို ပြော လိုက်သည်။ ပြီးနောက် ခရမ်းလေးကို ပခုံးပေါ်တင်ကာ အကာအကွယ်ထဲမှ ထွက်ခဲ့လိုက်သည်။
အပြင်တွင် အလွန်အန္တရာယ်များသည်ဟု ကုန်းဇီယွမ်နှင့် ရှောင်ရှော့ပိုင် တို့ပြောချင်သော်လည်း သူမသည် ထွက်သွားပြီဖြစ်ရာ သူမနောက်သို့ လိုက်မရ တော့ပေ။
သူတို့ အကာအကွယ်အတွင်းနေမှသာ သူမအတွက် အနှောင့်အယှက် မဖြစ်စေမည်ပင်။
ရှီမာယူယူ ပျံသွားသည်။ ထိုလူများသည် သူမ၏ ပခုံးပေါ်မှ ခရမ်းလေးကို မြင်သောအခါ နောက်ပြန်ဆုတ်ကြသည်။
"ယူယူ သူတို့က ငါ့ကျောကို မီးနဲ့မြှိုက်တယ်" မဟူရာသည် ရှီမာယူယူကို ကလေးသဖွယ် ငိုပြောသည်။
"မင်း ကျောကို မီးနဲ့မြှိုက်တယ်ဟုတ်လား... ငါတို့မှာ မီးမရှိဘူးဆိုပြီး သူတို့က အနိုင်လာကျင့်တာလား" ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက် သည်။ သူမ၏ ညာဘက်လက်ချောင်း ဆန့်ထုတ်လိုက်သည်နှင့် မီးတောက် တစ်ခုသည် ရုတ်တရက် သူမလက်မှထွက်လာသည်။
ငှက်လေး ထွက်လာသည်နှင့် ရှီမာယူယူ အပြောကိုပင် မစောင့်တော့ဘဲ ပျော်ရွှင်စွာဖြင့် လေထဲတွင် အဆက်မပြတ်ပျံသန်းလေသည်။
အတန်ကြာအောင် အိပ်မောကျပြီးနောက် နောက်ဆုံးတွင် နေရာတိုင်းကို ပျံသန်းနိုင်နေလေပြီ။
"ဒါက ဘာမီးတောက်လဲ ဘာလို့ဒီလောက်ပူရတာလဲ" တစ္ဆေမျိုးနွယ်မှလူ များ အော်ကြလေသည်။
"ဒါကနိဗ္ဗာန်မီးပဲ သေချာပေါက် အပူချိန်မြင့်တာပေါ့" မဟူရာ နှာမှုတ်လေ သည် "မင်းတို့က ငါ့ကျောကိုမီးမြှိုက်ခဲ့တာမလား ဟားဟား အခုတော့ မင်းတို့ လည်း မီးလောင်ရတဲ့ အရသာလေးခံစားကြည့်လိုက်ဦး ငှက်လေး သူတို့ ကျော ကိုသွားမီးမြှိုက်လိုက်တော့"
ငှက်လေးသည် ပျော်ရွှင်စွာဖြင့် နှစ်ပတ်ပတ်ပြီးနောက် နဂါးနက်ကို ဝိုင်း ထားသောလူများဆီသို့ ပျံသွားလေသည်။ ထိုလူများသည် အော်ရန် အချိန်ပင် မရှိလိုက်ဘဲ ပြာကျသွားလေသည်။
ထိုမြင်ကွင်းသည် ထိုနေရာတွင်ရှိနေသောလူများကို ထိတ်လန့်သွားစေ သည်။ ဒီလောက် အားကောင်းတဲ့ မီးတောက်ရှိသေးတာလား။
"ဒါက အံ့ဖွယ်ပဒါးငှက်ရဲ့ မီးတောက်မလား" တိစစ်ခုံသည် ရှီမာယူယူကို ကြည့်ပြီး သူမကို ရန်စမိသည့်အတွက် နောင်တရနေသည်။
"ကြည့်ရတာ ရှင်က ကျွန်မအကြောင်း အများကြီးမသိသေးဘူးပဲ" ရှီမာယူယူ ပြောလိုက်သည် "ကျွန်မအကြောင်းကိုသာ ပိုသိလိုက်ရင် ကျွန်မရဲ့ အသက်စာချုပ်သားရဲက အံ့ဖွယ်ပဒါးငှက်ဖြစ်တာကို သိမှာပဲ"
"ဘာ... ဘာ"
"ကျွန်မရဲ့ လက်ရှိအားက တိစစ်မိသားစုမျိုးနွယ်ဖြစ်ဖြစ် တစ္ဆေကြင်ယာ တော်တို့နဲ့ ယှဉ်ဖို့ လုံလောက်ချင်မှလုံလောက်မယ်... ဒါပေမဲ့ ရှင့်ကိုတော့ ကိုင်တွယ်နိုင်သေးတယ်" ရှီမာယူယူ ပြောလိုက်သည် "တိစစ်ခုံ ရှင်က ကျွန်မရဲ့ သရုပ်မှန်ကို ခန့်မှန်းနိုင်လောက်အောင် အရည်အချင်းရှိပါတယ်... ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရှင်က မောက်မာလွန်းတယ်... ရှင့်ကိုယ်ရှင် ယုံကြည်မှု လွန်ကဲနေတာက ကျွန်မ ဖမ်းတာကိုအလွယ်တကူခံလိုက်ရတာပဲ"
"ကြည့်ရတာ ငါ အမှားကြီးလုပ်မိပြီထင်တယ်" တိစစ်ခုံ ပြောလိုက်သည် "ဒါပေမဲ့ မင်းလည်း အမှားလုပ်မိတာပဲ"
ရှီမာယူယူ မျက်ခုံးများကို ပင့်လိုက်သည်။
"မင်းက အရမ်းအားကောင်းပြီး အဲဒီသားရဲတွေက မင်းရဲ့စာချုပ်သားရဲ ဖြစ်နေပေမဲ့ မင်းသေသွားတာနဲ့ စာချုပ်သားရဲတွေက အလိုလိုပျောက်သွားမှာပဲ" သူ ပြောပြီးသည်နှင့် တိစစ်ခုံသည် ဝိညာဉ်စွမ်းအင်ကို အမြန်စုပြီး ရှီမာယူယူကို တိုက်ခိုက်လေသည်။
"မရဏာသိုင်းသုံးနိုင်တာ ရှင်တစ်ယောက်ပဲရှိတယ်လို့ ထင်နေတာလား"
ရှီမာယူယူသည်လည်း လက်နှစ်ဖက်ကို ချိတ်ပြီး ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းကာ တိစစ်ခုံ၏ ဝိညာဉ်စွမ်းအင်ကို ပိုက်ကွန်ဖြင့် ပိတ်ထားလိုက်ရာ ဝိညာဉ်စွမ်းအင်မှာ ပျောက်ကွယ်သွားလေသည်။
"ကောင်းကင်နဲ့မြေကြီးပိုက်ကွန်... ဒါက သခင်မိုယွိရဲ့ မရဏာသိုင်းပဲ မင်း ဘယ်လိုသိတာလဲ" တိစစ်ခုံ အော်လေသည်။
"သူ သင်ပေးလို့ပေါ့... ကျွန်မက သူနဲ့ ဆက်ဆံရေးကောင်းတာကို ရှင် မသိဘူးလား" ရှီမာယူယူ ပြောပြီးသည်နှင့် တိစစ်ခုံကို နောက်ထပ်ပိုက်ကွန် တစ်ခု ပစ်လိုက်သည်။
ရှီမာယူယူ ဝိညာဉ်သိုင်းများ တစ်ခုပြီးတစ်ခု ပစ်လွှတ်သည်ကို ကုန်းဇီယွမ် နှင့် ရှောင်ရော့ပိုင်တို့ ကြည့်နေကြသည်။ သူမ၏ ဝိညာဉ်စွမ်းအင်မှာ အဆုံးမရှိ သည့်ပုံပင်။
"ငါ သူမကို ပထမဆုံးတွေ့ခဲ့တုန်းက ဝိညာဉ်စွမ်းအင်မရှိတဲ့ ကောင်မလေး တစ်ယောက်ပဲ... အခု သူမက ငါတို့နဲ့ အလှမ်းဝေးသွားသလိုပဲ" ကုန်းဇီယွမ် သက်ပြင်းချလိုက်သည်။
"ဟုတ်တယ် သူမက ယှဉ်ဖို့ကိုဝေးကွာသွားပြီ သူမရဲ့ အားအင်ကရော သူမရဲ့ သရုပ်မှန်ကရော" ရှောင်ရော့ပိုင် ရေရွတ်လိုက်သည်။
ကုန်းဇီယွမ်သည် ရှောင်ရော့ပိုင်၏ ဘေးနှစ်ဖက်ကိုကြည့်ပြီး သူမ၏ ပခုံး ကို ပုတ်လိုက်သည် "နင်နဲ့ ရှီအာအကြားမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့... အကုန်ပြီး သွားခဲ့ပြီပဲ... အဲဒါက သူမအမှားမဟုတ်ဘူးဆိုတာ နင်လည်းသိတာပဲ... ပြီးတော့ သူမက နင်နဲ့ငါအတွက် အများကြီးလုပ်ပေးနေတာပဲ... ဒီအတိုင်း ကျော်သွားလိုက်လို့မရဘူးလား"
"ကျော်သွားပေးရမယ် ဟုတ်လား ရှောင်မိသားစုက ပြန်မလာနိုင်တော့ ဘူး ငါတို့က အရင်လိုမျိုး ဘယ်လိုပြန်နေနိုင်တော့မှာလဲ" ရှောင်ရော့ပိုင်သည် ရှီမာယူယူကို ကြည့်လိုက်သည် "ငါ ဒီအတိုင်းကျော်မသွားနိုင်ဘူး ယွမ် ငါတို့ ကြားက ကိစ္စတွေက အရင်လိုပြန်မဖြစ်နိုင်ဘူး"